Story time(side story)
Unicode...
"ကိုကို..."
"ဗျာ... "
"ဟင်း... ဒီနေ့ သီတင်းကျွတ်ပြီလေ...."
"အဲ့တော့..."
"လာ ခိုး ပါ ဟီးဟီး..."
ဖုန်းတစ်ဖတ်က ကြားလိုက်ရသော အသံက သူ့ကလေး ရဲ့အသံမှ ဟုတ်ပါရဲ့လား...
"ဘာ ဘာ.."
ဟံသာဦး မယုံသင်ခါ မေးခွန်းပြန်ထုတ်မိသည်..။
"လာခိုးပါလို့ဆို..." ဟူ၍ ဆူဆူဆောင့်ဆောင့် ပြောလာသည့် ဖုန်းတစ်ဖတ်က ကောင်လေး..
"ဘယ်သူက မြှောက်ပေးလိုက်တာလဲ.. ဟိုကောင် ညီသု့ရည်းစား ရတုမောင်ဆိုတဲ့ ကောင်လား.."
"ဟွန်...."" ခိ ခိ.. ဟ.. ရှူးတိုးတိုး.."
ဖုန်းတဖတ်မှ ရယ်သံထွက်ပေါ်လာသည်ကြောင့် ဟံသာဦး အကြီးအကျယ် ရှက်ရမ်းယမ်းသွားရပြီ..။
"ဖြေလေ..."
"ဟို ဟို.. ဟီး.. ဒါဘဲနော် ကိုကို... ကလေး ဖုန်းချလိုက်တော့မယ်..."
တီ ခနဲနေအောင် ဖုန်းက အဆက်အသွယ်ပိက်သွားသော တတူတူ အသံသာ အဆက်မပျက်ထွက်လာတော့သည်..။
ထို့နောက် ဟံသာဦးလည်း သူ့အပူနှင့်သူ သူ့ဦးလေးအနား ကပ်ရပ်ခါ ခြေထောက်ဖတ်ထားရသည်..။
"လေးလေးခ,ရာ လုပ်ပါနော် မုန့်ဖိုးလေး ဟိဟိ.."
သူ့လေးလေး နေမင်းခက ဆိုဖာပေါ် ခြေချိတ်ထိုင်လျှက် ဟံသာဦးကို အသိကျိုးနွံပြုခါ သတင်းစာ ဖတ်နေလေသည်..။
"နော် နော်.. သိပ်မများပါဘူး နှစ်ဆယ်ထဲပါဗျာ.."
နှစ်ဆယ်ဆိုတဲ့အသံလည်းကြားရော ဦးနေမင်းခ လက်ထဲက သတင်းစာကြီးခေါက်ခါ ဟံသာဦး ကျောပြင်ကို ချသည်..။
"ခွေးသားလေး..မင်း ဓားပြတိုက်နေတာလား ငါ့ကို ငွေပုံကြီးကို ဖန်တီးတဲ့ ဖန်တီးရှင်ကြီးများ ထင်နေလား လ လေးလုံးလာလုပ်မနေနဲ့ သွား သွား.."
ဟံသာဦးက ဆူပုတ်ပုတ် ရုပ်ကလေးနဲ့ " တစ်ခွန်းထဲဖြေ ပေးမှာလား ပေးမှာလား..."
"လာမစားစမ်းပါနဲ့ကွာ သွား.."
"ရတယ်လေ မပေးလည်းနေ ကန်တော့ထားတဲ့ မုန့်တွေ ပြန်ယူသွားပြီ..."
ဟံသာဦး ကန်တော့သည့်မုန့်မှာ ဦးနေမင်းခရဲ့ ချစ်ဇနီးခင်ပွန်းလေး သိပ်ကြိုက်ပါသော ပုဇွန်မုန့်ဖြစ်သည်..။ သူတနေ့လုံး ဆိုင်တွေ ပတ်ရှာနေတာတောင် မရသည့် ထိုမုန့်အား ဟံသာဦးက ဘယ်လိုရခဲ့ပါသနည်း..။
"နေတော့.. ပြန်တော့မယ် ဒါဘဲ..."
ထပြန်ရန်လုပ်နေသော ဟံသာဦးလက်ထဲက မုန့်ကိုလိုချင်သည်မှာ သူ့အား စိတ်ဆိုးနေသည့် သူ့ခင်ပွန်း မိုး ကို ချော့ချင်သည်..။
"အဟမ်း! .. ခဏ.."
ချောင်းသတ်ရင်း အချိန်ဆွဲထားမိလိုက်သည်..။
"ဘာလဲ..."
"မုန့်ထားခဲ့..."
အမိန့်ပေးသံဟုထင်ရသော အမိန့်စကားကြောင့် ဟံသာဦးရယ်သည်..။
"တရားတယ်နော်.. မုန့်ကျ လိုချင်တယ် မုန့်ဖိုးကျတော့မပေးဘူး... ဟဟ ဘဲရမယ် ဟဟ.."
မုန့်ဘူးကိုင်ခါ ပြန်ထွက်သွားသော ဟံသာဦးကြောင့် နေမင်းခ စိတ်ထဲ ရင်တုန်ပန်းတုန်ထြစ်သွားရသည်လေ။
"ပေး.. ပေးမယ်...မုန့်သာထားခဲ့.."
"အမ် ဒါမျိုးလာမကျောနဲ့ မရဘူးလေ.. အဟမ်းဟမ်း ငွေလွှဲပြီးကြောင်း သက်သေလေးပြပါခင်ဗျာ..."
ဦးနေမင်းခဆိုသော ကတ်စေးကုတ်ကြီးက မျက်နှာကြီးရှုံတွလို့ သူ့ဖုန်းအား တတပ်တပ်ရိုက်နှိပ်နေသည်..။
"ဒီမှာနော် လွှဲပြီးပြီ..."
"ဟဲဟဲ ဒါမှပေါ့ ရော.. ဒီမှာမုန့် "
ငွေရပြီဆိုသော အတွေးကလေးနဲ့ ဟံသာဦး အပျော်ကြီး ပျော်လို့ ပြီးတော့ သူ့ကလေးလေးနှင့် ညနေ ချိန်းထားတာကို သွားရအုံးမည်မို့လား... အခုကတည်းက ရေမိုးချိုးခါ ပြင်ဆင်နေပြီ...။
ညနေရောက်တာနှင့် လေးလေးပေးတဲ့ ပိုက်ဆံတပွေ့တပိုက်နှင့်အတူ ကလေးလေးဆီ ရောက်လာခဲ့ပြီ...
"ကိုကို..."
ချိန်းဆိုထားရာ နေရာတွင် ဟို နှစ်ကောင်ကိုပါ ပူးတွဲမြင်လိုပ်ရတာကြောင့် အနည်းငယ်တော့ စိတ်ပျက်မိသွားသည်..။ သူတို့က ဘာလာလုပ်တာလဲ သူများတကာ ချိန်းတွေ့ကြပါတယ်ဆိုမှ..
"ကလေး.. ဒီအရှုတ်အထုတ်နှစ်ကောင်က...."
နွေဦးက နှုတ်ခမ်းကလေးဆူလို့...
"သူတို့က ကလေးနဲ့အတူ ညနေစာ စားမှာလေ.."
"ဟာ မရပါဘူး.. လုံးဝမရဘူး.. "
ဟိုနှစ်ကောင်က မျက်နှာကြီးမဲ့လို့ လက်တရွယ်ရွယ်ဖြစ်နေသည်..။
"ကလေးနော် ကိုကို စိတ်ဆိုးမှာ.. ပြီးတော့ သူတို့က ကလေးကို မကောင်းတဲ့ အတက်တွေ သင်ပေးနေတာ ကြည့်လေ နေ့ခင်းက... ကိုကို ဆူပေးရမလား.."
အော့!
ဝေါ့!
ကိုယ်စီ အံပြနေကြသည်မို့ ဟံသာဦး မျက်စောင်းထိုးပစ်လိုက်သည်.. ဒါပေမဲ့ သူ့ကလေးကိုတော့ ပြုံးပြမြဲ...
"ဟေးဟေး..သူများတကာ ကြည်နူးနေတာနော်.. မင်းတို့တခြားတနေရာသွားကြ..."
"အံ့ဩ စကွဲယား ဘဲ ဟံသာဦး.. "
" အကို ... သူက တအား ရိုင်းတာဘဲနော်.."
ညီသု့ ကပါ နှာခေါင်းရှုံ့တဲ့အပြင် သူ့ရဲ့ အလိုတူ အလိုပါကပါ စကားဝင်ထောက်သည်မို့ ဟံသာဦး ငိုချင်သွားသည်..။
"ကလေး လာ ကိုယ်တို့ ဟိုတယ်ဘဲသွားကြတာပေါ့.."
"ဟမ်..ဟိုတယ် ဘာလုပ်ဖို့လဲ.."
"စားမယ်လေ.. "
"ဘာ..."
အဆုံးမရှိ အစမရှိသော ဟံသာဦးစကားကြောင့် ဘေးက နှစ်ကောင် နင်သွားရသည်။
"ဟဲဟဲ... ကလေးဘဲ နေ့လည်က လာခိုးပါဆို.. "
"ဟုတ်ဖူး အဲ့တာ ရတု မြှောက်ပေးတာ.."
"မရဘူးနော် မရဘူး ပြောပြီးစလစ် နံပါတ်တစ် အမှန်ခြစ် ဂျစ်ဂျစ်ဂျစ် ဘဲ.."
"ကိုကိုက ကလေးလား..."
"ဟုတ်ဖူး ဒီကလေးလေးကို ထိန်းပေးမဲ့ sugar daddy ကြီး... ငွေထုတ်ပိုက်ပြီး လက်ညှိုးညွှန်ရာ ရေဖြစ်အောင် လုပ်ပေးအုံးမှာ... "
"ဟွန့်... အပိုတွေ.."
"ပိုလား မပိုလား သိချင်ရင် ဒီည အရင်စားမယ်လေ ပြီးကျ ဒီက sugar daddy ကြီးက တိမ်တွေပေါ်မှာ မိုးမျှော်တိုက်ကြီးတွေပါ ဆောက်ပေးအုံးမှာ..."
"အမ် ဘာလို့ ရင်းရမှာလဲ မသေချာ မရေရာတာကြီးကို..ကလေးရင်းလို့ အရင်းလွန်သွားရင် ဘယ့်နှယ့်လုပ်ရပါ့မလဲ..."
"ကိုကို စစဦးချင်းမှာ ညှင်သာပေးပါ့မယ် နော်.. နော်.."
ယိုသူမရှက် မြင်သူရှက်တဲ့ ဘေးက နှစ်ကောင်ကတော့ အီလည်လည်နဲ့ သူတို့စကားတွေကြား တကယ်ကို အော့အန်ချင်နေမိသည်..။
"ညီ လာ တော်ပြီ အကိုတို့ အခြားဆိုင်ဘဲသွားကြမယ် ဒီနားနေရတာ ချီးစော်နံတယ် ပျော့ပေိာ့လေးနဲ့နံတဲ့ ကြောင်ချီး...လာ ညီ...၊ လာ..."
ညီသု့ကတော့ သူ့ ညီ ရတု ရဲ့ လက်ကိုဆွဲလို့ ထိုဆိုင်ခန်းမှ ထထွက်သွားလေပြီ...။ ပျော်ရွှင်သွားသော ဟံသာဦးကလည်း " ဟေ့ရောင်တွေ မထိုင်တော့ဘူးလား.." ဟု မျက်နှာပြောင်တိုက်သည်..။
"လိ့ကို ထိုင်ရမှာလား ငါလိုးမအတွဲ ကြာရင် သွေးတက်ပြီး ငါတို့သေတော့မယ် လီးလီးလားလားနဲ့ စောက်ရူး ကြပ်မပြည့်ဟာတွေ..."
နွေဦးကတော့ မျက်နှာကလေး တည်လို့...ရှက်နေပြန်ပါရောလေ... ဟံသာဦးက ရှည်ရှည်ဝေးဝေးပြောမနေဘဲ လက်ခလယ်သာ ထောင်ပြလိုက်သည်..။ပြိးမှ နွေဦး ဘက်ပြန်လှည့်ခါ..
"ကလေး လာ ကိုယ်တို့လည်း သွားကြမယ်...."
"ဟမ်.. ဒီမှာ ဟင်းတွေ မှားထားပြီး........"
"ကျစ်... ဟင်းက အရေးကြီးသလား လာ.. ဟိုတယ်ရောက်ရင် အဝစားရမယ်..."
"ကိုကိုနော်..."
"သွားမယ်မှလား...."
"ဟီး......"
"သီတင်းကျွတ်မှာ မှတ်မှတ်ရရလေးဖြစ်သွားအောင် ကိုယ်တို့ စားစရာမဟုတ်တဲ့ အခြားတစ်ခုကို စားကြတာပေါ့လေ....."
ထို့နောက် စားပွဲပေါ်မှာ ကျန်ခဲ့တဲ့ ဟင်းခွက်ကလေးတွေမှာတော့ ပိုင်ရှင်မဲ့စွာ......
......................
zawgyi...
Story time(side story)
Unicode...
"ကိုကို..."
"ဗ်ာ... "
"အဲ့တော့..."
"လာ ခိုး ပါ ဟီးဟီး..."
"ဘာ ဘာ.."
"ဖြေလေ..."
"အဟမ်း! .. ခဏ.."
"ဘာလဲ..."
"မုန့်ထားခဲ့..."
"ကိုကို..."
နွဦေးက နှုတ်ခမ်းကလေးဆူလို့...
"ဟာ မရပါဘူး.. လုံးဝမရဘူး.. "
အော့!
ဝေါ့!
"အံ့ဩ စကွဲယား ဘဲ ဟံသာဦး.. "
"စားမယ်လေ.. "
"ဘာ..."
"ကိုကိုက ကလေးလား..."
"ဟွန့်... အပိုတွေ.."
နွဦေးကတော့ မျက်နှာကလေး တည်လို့...ရှက်နေပြန်ပါရောလေ... ဟံသာဦးက ရှည်ရှည်ဝေးဝေးပြောမနေဘဲ လက်ခလယ်သာ ထောင်ပြလိုက်သည်..။ပြိးမှ နွဦေး ဘက်ပြန်လှည့်ခါ..
"ကိုကိုနော်..."
"သွားမယ်မှလား...."
"ဟီး......"
......................