မင်းက α€„α€«α€·α€™α€­α€”α€Ία€Έα€™α€–α€Όα€…α€Ία€œα€¬α€™α€šα€Ία€·α€žα€° (...

By Zphoowai

376K 19.4K 2.4K

Redflag- Beauty M-preg More

Intro
Profile
ထပိုင်း (၁)
ထပိုင်း (၂)
ထပိုင်း (၄)
ထပိုင်း (၅)
ထပိုင်း (၆)
ထပိုင်း (၇)
ထပိုင်း (၈)
ထပိုင်း (၉)
🌱
ထပိုင်း (၁၀)
Emergency foods
Ice CREAM
πŸƒ
ထပိုင်း (၁၁)
ထပိုင်း (၁၂)
ထပိုင်း (၁၃)
ထပိုင်း (၁၄)
ထပိုင်း (၁၅)
ထပိုင်း (၁၆)
ထပိုင်း(၁၇)
ထပိုင်း (၁၈)
ထပိုင်း (၁၉)
ထပိုင်း (၂၀)
ထပိုင်း (၂၁)
ထပိုင်း (၂၂)
ထပိုင်း (၂၃)
ထပိုင်း (၂၄)
ထပိုင်း (၂၅)
ထပိုင်း (၂၆)
ထပိုင်း (၂၇)
ထပိုင်း (α‚αˆ)
ထပိုင်း (၂၉)
ထပိုင်း (၃၀)
ထပိုင်း (၃၁)
ထပိုင်း (၃၂)
ထပိုင်း (၃၃)
ထပိုင်း (၃၄)
ထပိုင်း (၃၅)
😎

ထပိုင်း (၃)

13.5K 726 27
By Zphoowai

{Unicode}

.. သူ ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော
ပျိုးငယ်ကိုတော့
အသေချစ်တာမျိုးပါ...။

***

တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန်တဲ့...။
သိပ်ကို ပူပြင်းလှသည့် ဒီကာလအပိုင်းမှာတော့ သစ်ရွက်များက ညှာတံမှကြွေ... ရွက်ဟောင်းကြွေ... ရွက်သစ်များ လောင်းနေသည့် အချိန်ပင်...။

သိပ်ကို ပူပြင်းသည်​့ ရာသီမှာတော့ အစ်ကိုက ကျွန်တော်နှင့်သူရဲ့ သီးသန့်ကမ္ဘာကို ကိုယ့်ဘာသာ ဖန်တီးတာမျိုးပင်...။

"ပျိုးငယ်... ရေမချိုးသေးဘူးလား?"

အခုလည်း မနက်စာအတွက် မီးဖိုခန်းထဲ ရှိနေရင်းမှ အစ်ကိုက မေးလာသည်။ ကျွန်တော်လည်း ချွေးတပျံပျံ အကြားကပင်...

"ဟုတ်... ပျိုးငယ်... မပြီးသေးဘူး အစ်ကို...။ ဒီဟင်း ကျန်သေးတယ် ဟီးဟီး..."

မီးဖိုခန်းထဲမှ ချက်လက်က အိုးကတော့ အနံ့လှိုင်လှိုင် ထနေပြီး တဗွက်ဗွက်ဆူညံသံနှင့်အတူ ပွက်ထ နေသည်။ အပြုံးလေးဖြင့် ပြောလာသည့် ပျိုးငယ်ကတော့ ခေါင်းပေါ်မှ ထုံးတင်ထားသည့် ဆံပင်များက အနည်းငယ် ပြေလျော့ဟန်ဖြင့် ချွေးစတို့က မေးဖျားမှ တွဲလဲခိုလျက်...။

ဒါကိုပင် သုတ်ကြားမရဘဲ ဟင်းအိုးအပေါ်ကိုသာ အာရုံစိုက်နေဟန် ရှိသည်...။ သူ့အပေါ်မှ ရှပ်ဖျင်အကျီ်အပါးလေးက ချွေးများဖြင့် စို့လျက်...။ သူ့ကြည့်ရတာ အရမ်းကို ပူနေဟန် ရှိပြီး ချွေးတမြိုက်မြိုက်ဖြင့်....။

ဒီအကောင်အထည်ကို နံဘေးမှ မွေးညှင်းတစ်ခုစီက အစ စစ်ကြည့်နေမိပြီး...

"တော်တော့... မချက်တော့နဲ့...။ တောထဲ သွားရအောင်...."

ထိုအချိိန်မှာတော့ ပျိုးငယ်က ကျွန်တော့်ကို ပြုံးကာ ကြည့်လာပြီး သူ့လက်ထဲက ယောင်းမကို ကိုင်ကာ...

"ဒါပြီးရင် ပြီးပါပြီ အစ်ကိုရဲ့...။ မဟုတ်ရင်... အမေက ချက်နေရမှာပေါ့... ငရဲကြီးလိမ့်မယ်...။"

သူကိုင်ထားသည့် သစ်သားယောင်းမလေးကို နံဘေးသို့ ချကာ... သူ့ဘေးနားက လက်သုတ်ပုဝါလေးဖြင့် သူ့လက်ကို သုတ်ရင်း ပြောလာသည်။ အပြုံးနုနုလေးဖြင့် လူပျိုဘဝကတည်းက ရူးသွပ်လာခဲ့သည့် ဒီအလှလေးက ကျုပ်ရဲ့ အရွယ်သုံးပါးလုံး သူ့ကို ရူးလို့တောင် မဝနိုင်လောက်တော့....။

"ပျိုးငယ်... သွား...
ရေချိုးတော့..."

တစ်ခွန်းတည်း ပြောလိုက်ပေမယ့် အခုနောက်ပိုင်း အလှလေးက ကျွန်တော့်စကားကို အရင်လို ကြောက်ရွံ့တာမျိုး မဟုတ်တော့...။ တကယ်စိတ်တိုနေရင်တော့ နားထောင်တတ်ပြီး နည်းနည်း လေသံtoneက ပျော့ရင်တော့ သူ့ဘက်က ယူဆချက်ကိုပါ ပြောတတ်သေးတာ....။

"ပြီးပါပြီ... အစ်ကိုရယ်... ခဏလေး...။ ဒါပြီးရင် ရေချိုးမယ်လို့...."

ကျွန်တော့်ကို ပြုံးကာပြောပြီးသည်နှင့် နံဘေးမှ သစ်သားထိုင်ခုံပေါ် ထိုင်လိုက်ပြီး စားပွဲပေါ်က ဟင်းရွက်တစ်ချို့ကို စိတ်နွှာဖို့ လုပ်နေသေးတာ....။ ကြာတော့ စကားနားမထောင်သည့် ဒီအလှလေးကို စိတ်မရှည်တော့....

"ပျိုးငယ်...
ရေချိုးတော့...."

ထို့နောက် ပျိုးငယ်က မော့ကြည့်လာပြီး လက်ထဲမှ အရွက်ကို မချနိုင်သေးဘဲ ရှိနေပြီ။ စိတ်က လုံးဝ ရှည်မလာတော့သည်မို့...။

"ပျိုးငယ်...
မင်း ယောကျာ်းက... မင်းကို ပြောနေတာဟ!
မင်းယောကျ်ား ငါက မင်းကို ပြောနေတာ....။"

အစ်ကို့အသံက အတော်လေး ​ကျယ်သွားသည်မို​့ အိမ်အောက်မှ အရီးလေးရီကို ကူလုပ်ပေးနေသည့် လူတစ်ချို့က ကြည့်လာသည်။ ကျွန်တော်က အစ်ကို့ကို ကြည့်ပြီး ပြောဖို့ ပြင်လိုက်ပေမယ့် အစ်ကိုက စားပွဲဘေးမှာ ထိုင်နေသည့် ကျွန်တော့်ကို ဇွတ်ပွေ့ချီထုတ်လိုက်တာမို့.....။

ကျွန်တော်လည်း အိမ်အောက်မှ လူများကို တစ်ချက်ကြည့်လိုက်ကာ အစ်ကို့ပွေ့ချီမှုမှ အနည်းငယ် ရုန်းကန်လိုက်ပြီး....

"အိမ်အောက်မှာ လူတွေ ရှိတယ် အစ်ကို...။"

"ရှိရှိလေ.... မင်း ငါပြောတုန်းက နားထောင်လို့လား..?"

အစ်ကိုကတော့ ကျွန်တော့်စကားကို နားထောင်ဟန် မရှိဘဲ ကျွန်တော့်ကို ပွေ့ဖက်ထားဆဲမို့....။

"အစ်ကို... သူများတွေရှေ့မှာ... အဲ့လိုကြီးကျ မကောင်းဘူးလေ...။"

"မကောင်းတာက... သူတို့ပဲ မကောင်းမှာ...။ အိမ်ထောင်သည်တွေ ဒီလိုပြုမူတာ မဆန်းဘူး...။ ငါကတော့ မင်းနဲ့ ပတ်သတ်ပြီး ဘာကိုမှ သိပ်ဂရုမစိုက်တတ်ဘူး ပျိုးငယ်...။"

အစ်ကိုကတော့ လုံးဝ ဂရုစိုက်ဟန် မရှိလေတော့ ကျွန်တော်လည်း အိမ်အောက်မှ လူများကို မကြည့်တော့ဘဲ အစ်ကို့ရင်ဘတ်ကျယ်ဖြင့်သာ ပုန်းကွယ် လိုက်မိတော့သည်....။

"အစ်ကို... ဟင်းအိုးက ဒီအတိုင်း တင်ထားခဲ့တာ... တူးကုန်တော့မယ်...။"

ကျွန်တော်က မီးဖိုခန်းထဲမှ ဟင်းအိုးကို သတိရကာ ပြောလိုက်ပေမယ့် အစ်ကိုကတော့....

"နေပါစေ.... အမေ့လူ တစ်ယောက်ယောက် ဝင်ကြည့်လိမ့်မယ်...။"

စိတ်မရှည်တတ်သည့် အစ်ကိုက အခုတော့ ကျွန်တော့်ကို တစ်ခွန်းပြီး တစ်ခွန်း ေဖြနေသည်မို့ သဘောကျစွာ ပြုံးလိုက်မိတော့သည်...။

အစ်ကိုက ကျွန်တော့်ကို အိမ်ရှ့စွန်းစွန်းမှ ကျောက်ရေကန်ဆီသို့ ချပေးသည်။ ထို့နောက် ကျွန်တော့်ကို ရေချိုးဖို့ ပြောလေသည်မို့ ကျွန်တော်လည်း ရေချိုးဖို့ ပြင်လိုက်မိတော့သည့်။

နံနက် ၉နာရီ...

ရေချိုးပြီးသည်နှင့် အကျီ်လဲကာ နွေရာသီအပူဒဏ်ကို ခံဖို့ သနပ်ခါးလိမ်းဖို့ မှန်ရှေ့မှာ ထိုင်နေတုန်းပင် အစ်ကိုက ကျွန်တော် ရှိနေသည့် အိမ်ပေါ်သို့ တက်လာသည်။

အိမ်ပေါ်ရောက်သည်နှင့် ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး ဘုရားခန်း နံဘေးမှ လေသာခန်းမှာ ထိုင်ကာ သူ့လက်ထဲမှ ဖုန်းကို မျက်မှောင်ကျုံ့ကာ ကစားနေသည်....။

ကျွန်တော်လည်း အစ်ကို့ကို ကြည့်ကာ ပြုံးလိုက်မိပြီး နေအပူဒဏ်ကို ခံနိူင်ဖို့ သနပ်ခါးရေကျဲကို မြန်မြန်လေးပင် လိမ်းလိုက်မိတော့သည်...။ ခေါင်းလျှော်ထားသည်မို့ ထုံးတင်ထားသည့် ဆံပင်များက မခြောက်တခြောက်....။

အစ်ကိုက ကျွန်တော့်ကို ကြည့်လိုက် ၊ သူ့ဖုန်းထဲက ဂိမ်းကို အာရုံစိုက်လိုက်ဖြင့်ပင်....။ ကျွန်တော်လည်း အားလုံးပြင်ဆင်ပြီးသွားသည်နှင့် အစ်ကို့အနားသို့ သွားလိုက်ပြီး... စ လိုစိတ်ဖြင့်....

"အစ်ကိုက ဖုန်းထဲက ဂိမ်းကို ကစားနေတာ... ပျိုးငယ်ကိုတောင် ပစ်ထားသလိုပဲ...။"

ထိုအချိန်မှာတော့ ဖုန်းကို ကြည့်နေသည့် အစ်ကိုက ကျွန်တော့်ကို တစ်ချက် ကြည့်လာသည်။ ထို့နောက် ဖုန်းကို သူ့နံဘေးသို့ ချကာ ဘာမပြော ညာမပြောဖြင့်ပင် ထိုဖုန်းပေါ်သို့ သူ့လက်သီးဖြင့် ထိုးချလိုက်သည်။

လက်သီးရဲ့ အရှိန် အားပါမှုကြောင့် အစောနက ဂိမ်းသံဖြင့် ရှိနေသည့် ဖုန်းကတော့ ချက်ချင်းဆိုသလို ခွက်ဝင်ပြီး အထဲမှ ပစ္စည်းတစ်ချို့ အပြင်သို့ ကန်ထွက်နေသည်။ ကျွန်တော်က အစ်ကို့ကို အံ့သြကာ ကြည့်နေတုန်း ရှိသေးသည်....။

"မင်းကို ဘယ်တော့မှ ငါ့စိတ်ထဲ မရှိတဲ့ အချိန်မရှိဘူး...။ ဖုန်းက ငါ့စိတ်ထဲ မင်းပုံရိပ်က အပြင်မှာ အစားမထိုးနိုင်တဲ့ အချိန် ဒီအတိုင်း လှည့်သုံးခဲ့တဲ့ အရာပဲ...။ ပျိုးငယ်... မင်း ရှိနေရင် ငါ အကြည့်တွေ လွှဲစရာမလိုဘူး...။"

အစ်ကိုကတော့ အစောနက ကျွန်တော်ပြောသည့် စကားတစ်ခွန်းကို ထိသွားဟန် ရှိသည်မို့...။

"အစ်ကိုကလည်း... ပျိုးငယ်က ဒီအတိုင်း စ လိုက်တာပါ...။ ဖုန်းလေးက နှမျောစရာကြီး...ပျိုးငယ် ဇာတ်ကား မကြည့်ရတော့ဘူး...။"

အနည်းငယ် စိတ်မကောင်းဟန် ပြောလာလိုက်လေတော့....

"ဒီနေ့ နေ့လည် ဝေကြီးတို့ကို ဝယ်ခိုင်းလိုက်မယ်...။ လိုချင်တဲ့ အမျိုးအစားကို ပြောလိုက်ရင် ရတယ်...။"

အစ်ကိုကတော့ သူ့စကားအတိုင်း အမှန်တကယ် တည်တတ်သူမို့ ဒီနေ့မကူးခင် ဖုန်းက အသေအချာ ရမည် ဖြစ်သည်။ အစ်ကိုအနား ရှိနေရင်းမှ...

"တောထဲ သွားမယ်လေ... အစ်ကို...။ နေပူလာရင် ပိုပူလိမ့်မယ်..."

ထိုအချိန်မှာတော့ အစ်ကိုက ခေါင်းကို ညိမ့်ကာ ကျွန်တော်နှင့်အတူ...။ ကျွန်တော်လည်း အပူရှောင်ဖို့အတွက် အစ်ကိုနှင့်အတူ တောထဲက သစ်ပင်ရိပ်များအကြား ခိုဖို့....။ ကိုယ်ပေါ်မှ အစ်ကို့အကျီ်လက်ရှည်တစ်ထည်ကို ထပ်ဝတ်လိုက်မိသည်။ ခေါင်းပေါ်မှ ဂျုံခမောက်လေးကို ဆောင်းလိုက်မိသည်။ ထို့နောက် မီးဖိုခန်းထဲမှ ထမင်းကိုပါ တစ်ခါတည်း ထုတ်ယူလိုက်မိပြီး အပြင်သို့ ထွက်လေတော့ အစ်ကိုက အပြင်မှ ဆိုင်ကယ်ကို စက်နိူးကာ ကျွန်တော့်ကို စောင့်နေသည်။

ကျွန်တော့်ကို တစ်ချက် အစ်ကိုက စူးစမ်းနေဟန်ဖြင့်... ဒါက အမြဲတမ်း သူ ဂရုစိုက်တတ်တဲ့ အကျင့်...။ ကျွန်တော် နေမကောင်းဖြစ်မှာကို သူအရမ်းကြောက်တာပင်...။

အစ်ကိုက ဘာစကားမှ ထွက်မလာလေတော့ အစ်ကို့ဆိုင်ကယ်နောက်ခုံပေါ်သို့ ထိုင်လိုက်ပြီး...

"အမေ... သားတို့ ဥယျာဥ်ဘက် ခဏသွားမယ်နော်..."

"သြော်... အေးအေး... အငယ်လေး...။ နှစ်ယောက်သား နေပူထဲသွားလိုက် ၊ နေရိပ်ထဲ ဝင်လိုက် မလုပ်နဲ့... အပူရှပ်နေမယ်....။"

အရီးလေးရီကတော့ အိမ်ထဲကနေ အစ်ကိုနှင့် ကျွန်တော့်ကို ကြည့်ကာ ပြောလေတော့...

"ဟုတ်ကဲ့... မေမေ...."

ထို့နောက် အစ်ကို့နောက်မှ အစ်ကိုနှင့်အတူ ဆိုင်ကယ်စီး၍ တောထဲသို့....။

၂၅မိနစ် အကြာ....

ဒီနှစ် နွေလယ်များကိုတော့ ကျွန်တော်တို့ မလုပ်မိ...။ လယ်ဧကများသည်မို့ သီးသန့်ရိတ်သိမ်းသည့် ကိစ္စ အဝဝ စီစဥ်နေရသည်မို့ လယ်များကို ဒီအတိုင်း ထွန်ရေးခံထားရုံသာ....။ တစ်ခြားဘက်မှာ... လယ်ကွက်များက ရိတ်သိမ်းပြီးကာစမို့ ကျွန်တော်လည်း ထုံးစံအတိုင်း သူများတွေလို ကောက်သင်းကောက်ချင်သည့် စိတ်ဆန္ဒရှိသည်မို့....။

ဥယျာဥ်ဘက် ရောက်သည်နှင့် ဆိုင်ကယ်ကို သေချာ ဒေါက်ထောက်ကာ ရပ်နေသည့် အစ်ကို့ကို ပြည့်လိုက်မိပြီး...

"အစ်ကို...
ပျိုးငယ်... ကောက်သင်းကောက်ချင်တယ်...။"

ထိုအချိန်မှာတော့ ချက်ချင်း ကျွန်တော့်ဘက်သို့ ကြည့်လာသည့် အစ်ကို...။ မျက်မှောင်ကျုံ့ကာ ရှိနေပြီး...

"စပါး ရောင်းချင်လို့လား? အိမ်က စပါးကျီထဲက ကြိုက်သလောက် ရောင်းလိုက်...။"

အစ်ကိုကတော​့ ကျွန်တော် ကောက်သင်းပေါက်ချင်တာ စပါးလိုချင်လို့ ဆိုသည့် အနေအထားဖြင့် ပြောလာသည်။ ကျွန်တော်က ခေါင်းကို ခါရမ်းကာ...

"ပျိုးငယ်က သူများတွေလို ကောက်နှံ ကောက်ကြည့်ချင်တာ....။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့် ရပ်ကာ ကြည့်နေပြီး...

"ငါ့ကို သေအောင်မသတ်နဲ့.... ငါ့မျက်စိအောက်ဆိုရင်တောင် မင်းကို စိတ်မချဘူး...။ လာ... ငါရူးသွားအောင် မလုပ်နဲ့...။"

အစ်ကိုက ကျွန်တော့်လက်ကို ဆွဲကာ ဥယျာဥ်ဘက်သို့..။ သိသည် ဒါက အစ်ကို့ရဲ့ စိတ်ပူတဲ့ အနေအထား.... တကယ်တော့ နွေရာသီရဲ့ ဆယ်နာရီနေက ကြွပ်မတတ် ပူသည်...။ အစ်ကိုက ကျွန်တော့်ကို နေပူထဲ မသွားခိုင်းချင်သလို... လယ်ကွက်ထဲမှ ခြေခင်းလက်ခင်း အခြေအနေကို ကြောက်လို့ ဖြစ်သည်။ အစ်ကိုက ကျွန်တော် တစ်ခုခုဖြစ်မှာကို အရမ်းကြောက်တာပင်....။

ကျွန်တော်တို့ ဥယျာဥ်ထဲမှ ရေစပ်အနား အရိပ်ကောင်းသည့် သရက်ပင်ကြီးအောက်၌ ရှိနေသည်။ သစ်ရွက်လှုပ်ခပ်သံများနှင့်အတူ လေတဖြူးဖြူးကြောင့် အစောနက နေပူထဲ ဒီကို လာခဲ့သည့် ချွေးတစ်ချို့နှင့် ပူလောင်မှု အကုန်လုံးက လွှင့်ပျောက်သွားလေသည်...။

နွေရာသီ... သစ်ရိပ်ဝါးရိပ်တွေအောက် ခိုနားရာမှ အေးမြမှုက သဘာဝလေးအတိုင်းနဲ့ လိုက်လျောညီထွေ ရှိနေသည်။ ကျွန်တော်လည်း နွေရာသီလေရူးလေပူဆိုပေမယ့် တောတောင်ဖြတ်ပြီး တိုက်ခတ်ရသည့် လေမို့ အေးတမြမြရှိနေသည့် လေကို ရှုရှိုက်ပြီး သရက်ပင်အောက်မှ မြက်ခင်းနုနုလေးပေါ် ထိုင်ဖို့ ကြိုးစားတေဆဲပင်...အစ်ကိုက ကျွန်တော့်ကို ပွေ့ကာ သူ့ပုဆိုးလုံကွင်း ရင်ခွင်ထဲသို့ ထည့်လာသည်။

ထို့နောက် သူ့လက်နှစ်ဖက်က သိုင်းဖက်လာပြီး... တင်းကြပ်စွာ သိုင်းဖက်လာပြီး ကျွန်တော့်မျက်နှာအနံ့ အကြမ်းပတမ်း နမ်းရှိုက်တော့သည်။

ကျွန်တော့်လည်တိုင်...
ဆံပင်နှင့် ထိယှက်ရာ နားသယ်ပိုင်း၊ လည်ကုပ်ပိုင်း၊ ရင်ဘတ်ပိုင်းများ၊ လက်မောင်းသားများပါ မကျန်... တစ်ကိုယ်လုံးကို ပွေ့ပိုက်ပြီး ကျွန်တော် မျက်နှာတစ်ပြင်လုံး နေရာလပ်မရှိ ပွတ်တိုက် နမ်းရှိုက်နေတော့သည်။

အစ်ကိုက အဲ့လိုမျိုးပင်။
အမြဲတမ်းလိုလို သူ့ရင်ခွင်ထဲ ထိုးသိပ် ပွေ့ဖက်ပြီး နမ်းတတ်တာမျိုးပင်....။

အနေအထားကတော့ ကျွန်တော်က သူ့ရင်ခွင်ထဲ အထူးသဖြင့် သူ့ပုဆိုးလုံကွင်းထဲ ထည့်ခံထားရသည့် အဖြစ်....။ အစောနကမှ လိမ်းခဲ့သည့် သနပ်ခါးများကလည်း အစ်ကို့နမ်းရှိုက်မှုကြောင့် ပါးပြင်ပေါ် ဟိုတစ်ကွက် ဒီတစ်ကွက်....။

အစ်ကိုက နံဘေးမှ စပါးအနှံများကို ဆွဲနှုတ်ကာ ကျွန်တော့်ရှေ့သို့ ချပေးလေသည်။ ကျွန်တော်လည်း အစ်ကို့ကို သူ့ရင်ခွင်ထဲမှ မေးကြည့်လိုက်မိတော့....

"အဲ့လိုပဲ ကောက်... အပြင်မသွားနဲ့... ပူတယ်...။"

"အစ်ကိုကလည်း ပျိုးငယ်က ဒီအတိုင်းကြီး ဘာမှမလုပ်ရဘဲ အစ်ကို့ရင်ခွင်ထဲ ထိုင်နေရတာ ပျင်းတယ်....။"

"မပျင်းနဲ့... အခုချိန် ဟိုဘက်က လယ်ကွက်က ခြွေလှေ့စက် ရောက်နေတာ...။ ဘယ်မှ မသွားဘူး....။"

အစ်ကို ပြောမှပင် ကျွန်တော်လည်း မြောက်ဘက်ကို ကြည့်မိတော့.... ဟုတ်ပါရဲ့... စပါးရိတ်သိမ်းသည့် နေရာမှာ လူတစ်ချို့ ရှိနေသည်။ အစ်ကိုက ကျွန်တော့်ကို ထိုသူများ မြင်သွားမှာ စိုးသည့် အနေအထားမို့... ကျွန်တော်လည်း ပြုံးမိကာ....

"အစ်ကို... ပျိုးငယ် လှတာကို သူတို့ကိုရော မပြချင်ဘူးလား? အလှတရားကို ခံစားရင် အသက်ရှည်တယ်တဲ့....။"

ထိုအချိန်မှာတော့ အစ်ကိုက ထင်ထားခဲ့သလိုပင် ကျွန်တော့်ကို ကြည့်လာပြီး... ကျွန်တော့်မျက်နှာသို့ သူ့လက်သီးဖြင့် ချိန်ရွယ်ကာ...

"မျက်နှာတစ်ပြင်လုံး စုတ်ပြတ်သတ်အောင် ထိုးပစ်မှာ...။"

အကြောပြိုင်းပြိုင်း အရိုးအဆစ်သန်မာသည့် သူ့လက်သီး ချိန်ရွယ်မှုနောက်မှာတော့ကျွန်တော် အစ်ကို့ကို တစ်ချက်ကြည့်ကာ....

"ပျိုးငယ်က စ တာကို...။ ပျိုးငယ် ချောချော မချောချော အစ်ကို့မိန်းမ... အစ်ကိုပိုင်ထားတာပဲကို....။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး ကျွန်တော့်မျက်နှာအနှံ့ နောက်တစ်ကြိမ် ပွတ်တိုက် နမ်းရှိုက်ပြန်သည်။ ကျွန်တော်လည်း အစ်ကို့အနမ်းမှ ရှောင်ဖယ်လိုက်ပြီး မျက်နှာပြန်ထက် လက်ကို ကွယ်ကာ....

"ပျိုးငယ်... သနပ်ခါးတွေ ပျက်ကုန်ပြီ... မနမ်းတော့နဲ့...။ ပျိုးငယ် ပူလို့ လိမ်းထားတာပါဆို...။"

ထိုအချိန်မှာတော့ အစ်ကိုက ကာထားသည့် ကျွန်တော့်လက်နှစ်ဖက်ကိုပါ သိုင်းချုပ်လိုက်ပြီး နောက်တစ်ကြိမ် နမ်းပြန်သည်...။ ထို့နောက် အံကြိတ်သံနှင့်အတူ...

"မင်းက သတ်ပစ်ချင်စရာလောက်အောင် လှနေလို့...."

ကျွန်တော်လည်း အစ်ကို့အနမ်းမှ မလွတ်မြောက်ခင် ကျွန်တော်တို့ဆီ တရွေ့ရွေ့ လျှောက်ထားသည့် လူတစ်ယောက်....။

နီးကပ်လာသော အနေအထားအရောက်မှာတော့ အစ်ကို့အနမ်းတစ်ချို့ကို တွန်းဖယ်လိုက်မိသည်။ ဒါကိုပင် အစ်ကိုက နမ်းရှိုက်ဖို့ ပြင်နေတာမို​့ အစ်ကို့ရင်ဘတ်ပေါ်သို့ လက်တစ်ဖက်၊ ကျန်တစ်ဖက်က အစ်ကို့မျက်နှာပေါ်မှ နူတ်ခမ်းပေါ်သို့....။

"အစ်ကို... ကိုဝေကြီး လာနေတယ်....။"

လယ်ကန်သင်းရိုးများအတိုင်း လျှောက်လာသည့် သူက ကိုဝေကြီးပင်....။ ကိုဝေကြီးကတော့ အစ်ကို့ရင်ခွင်ထဲမှ ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး...

"ငါ အဝေးကနေကြည့်တာ...ငဦးတစ်ယောက်တည်းမြင်လို့ အံ့သြနေတာ...။ လက်စသတ်တော့ ပျိုးငယ်က ငဦးရင်ခွင်ထဲ မြှုပ်နေတာကို...။ ဘယ်လိုလဲ ပျိုးငယ်ရေ... အတော်လေး နှယ်ခံထားပုံရတယ်... ဆံပင်တွေ ဖရိုဖရဲနဲ့ သနပ်ခါးတွေလည်း ပျက်လို့ပါလား..."

ကိုဝေကြီး စကားအနောက်မှာတော့ ကျွန်တော့်ဆံပင်ကို ကိုင်ကြည့်လိုက်ပြီး အစ်ကို့ရင်ဘတ်ပိုင်း... ထို့နောက် အစ်ကို့နှာခေါင်းမှာ သနပ်ခါးဝါဝါတို့က ပေကျံလျက်ပင်....။ ကျွန်တော်က ကိုဝေကြီးကို ဘာဖြေရမှန်း မသိစဥ်မှာပင်.... အစ်ကိုက...

"ဝေကြီး... ဒီနေ့ မြို့သွားရင် ဖုန်းတစ်လုံးလောက် ပျိုးငယ် အတွက် ဝယ်ပေးခဲ့စမ်းပါ..."

"ဟမ်? ပျိုးငယ် ဖုန်းက ဘာဖြစ်လို့လဲ? ပျက်သွားလို့လား?"

ထိုအချိန်မှာတော့ ကျွန်တော်က အစ်ကို့ကို ကြည့်လိုက်မိတော့..

"အင်း ငါ့ကြောင့်ဖြစ်တာ...။"

ထိုအချိန်မှာတော့ တဟားဟား ရယ်လိုက်ပြီး..

"ငဦး မင်းကလဲ အလှလေးကို ရတာတောင် လောင်နေတုန်းပဲလားကွ...။ စိတ်ချပါ... အလှလေးက မင်းလူပါ...။ ခေတ်သစ် ဒဿပါကွာ...အာခံတွင်းထဲ မငုံဘဲ ပုဆိုးလုံကွင်းထဲ ထည့်ထားရတယ်လို့....။ ဒါနဲ့ မင်းဟာလေးကို အဲ့ဒီပုဆိုးကွင်းထဲကနေရော အပြင်ဘက်ကို ထွက်ခိုင်းဦးမှာလား? မင်းဟာက ကဲလွန်းပါတယ်ကွာ... ဒီအတိုင်း ပစ္စည်းတွေ ထုတ်သလို ပုဆိုးနဲ့ ထုတ်ထားပါလား... မင်းဟာလေးကို...။"

ထိုအချိန်မှာတော့ အစ်ကိုက ကိုဝေကြီးကို မျက်နှာတည်ဖြင့် ကြည့်လိုက်မိတော့ ကိုဝေကြီးက နောက်သို့ နည်းနည်းအလန့်တကြား ဆုတ်သွားသည်။ ထို့နောက် ကိုဝေကြီးက ကျွန်တော့်ကို ကြည့်လာပြီး....

"ပျိုးငယ်... ဒီမှာ ကြာပန်းလေး...။ ရေခမ်းနေတဲ့ အိုင်ထဲက တွေ့လို့ ခူးလာတာ... ယူမလား?"

ကိုဝေကြီးက ကျွန်တော့်ဘက်သို့ ပန်းကို ကမ်းကာ အစ်ကို့ကို ကြည့်လိုက် ဖြစ်နေသည်။ အစ်ကိုကတော့ ဘာမှမပြောဘဲ သူ့ရင်ခွင်ထဲမှ ကိုဝေကြီးလက်ထဲမှ ပန်းကို လှမ်းယူနေသည့် ကျွန်တော့်ကို အောက်သို့ ပြုတ်ကျမည် ဆိုးသဖြင့် ကျွန်တော့်ခါးမှ သူ့လက်တစ်ဖက်က ခပ်တင်းတင်း ပွေ့ဖက်ထားသည်။ ကျန်တစ်ဖက်ကတော့ ထောင်လျက်ထားသည့် သူ့ဒူးပေါ်သို့....။

ကျွန်တော်ကတော့ ကိုဝေကြီး လက်ထဲမှ ပန်းကို သဘောကျယူမိရုံပဲ ရှိသေးသည် ခေါင်းပေါ်မှ ဆံထုံးက အစ်ကိုပွေ့ပိုက်ထားကတည်းက လျော့ရဲရဲ ဖြစ်နေသည်မို့ ပြေကျသွားသည့် အခါမှာတော့ အစ်ကိုက ချက်ချင်းဆိုသလို ကျွန်တော့်ဆံပင်တို့ကို ကျွန်တော် ပုံမှန်ထုံးနေကျအတိုင်း ထုံးပေးလေသည်။

ကျွန်တော်လည်း ဆံပင်ထုံးပေးပြီးသည့် ကျွန်တော့်ခါးမှ ပွေ့ပိုက်ထားသည့် အစ်ကို့လက်တစ်ဖက် ပြန်ရောက်ရှိချိန်မှာတော့....

"အဟင်း...
ဘယ်လိုလဲ? ပျိုးငယ် လှလားဟင်.... "

ပျိုးငယ်ကတော့ သူ့နားရွက်တစ်ဖက်ထဲသို့ ထိုကြာပန်းလေးကို ညှပ်ကာ ငဦးကို ပြုံးပြဆဲ ရှိချိန်မှာတော့ ငဦးက ချက်ချင်းဆိုသလို ပျိုးငယ် မျက်ခွံလေးပေါ်သို့ နမ်းရှိုက်သည်....။ ပျိုးငယ်ကတော့ မျက်ခွံလေး တစ်ဖက်မှိတ်ကာ ပြုံးရယ်နေသည်။ ပျိုးငယ်က ပြုံးရယ်မှုနှင့်အတူ အနည်းငယ် လှုပ်လှုပ် ရှိနေချိန်မှာတော့ လက်နှစ်ဖက်က မတင်းကြပ်ဘဲ အရန်သင့် ကာကွယ်ဖို့ ရှိ​နေသည်။

"ကြာရင် သွေးအေးတဲ့ အတွဲတွေပဲ ကြားဖူးတာ...။ ငဦး မင်းကျမှ.. ကြာရင် ကဲလေဆိုတာမျိုး တွေးမိတယ်...။ ငဦး ပျိုးငယ်လည်း... ပုဆိုးပုခက်ထဲက ကလေးလေးလို ဖြစ်နေပြီ... ။ မင်း ကြာရင် ပျိုးငယ်ကို ဖျစ်ညှစ်သတ်ဖို့များ စဥ်းစားနေသလား...?"

ထိုအချိန်မှာတော့ အစ်ကိုက ကိုဝေကြီးကို တစ်ချက် ကြည့်လိုက်ပြီး...

"ဝေကြီး...
ငါ့ ဓားမပါလည်း ငါ့လက်သီးက မင်းကို သအောင် ထိုးသတ်နိုင်တယ်နော်...။ ထပ်ထွက်မလာတော့နဲ့..."

ပြောတော့လည်း ကိုယ့်အဆိုး...
အခု ပျိုးငယ်ကို ဖျစ်ညှစ်သတ်ဖို့အထိ ဖက်ထားတာ သူမဟုတ်ဘူးလား?
ငဦး...
ငဦး... တကယ် တကယ်...
ပျိုးငယ်များ တစ်ခုခု ဖြစ်သွားရင်တော့.... မတွေးရဲစရာ...။

Friday:07:July:2023:12:44PM

{Zawgyi}

... သူ ဘယ္ေလာက္ပဲ ဆိုးတယ္ေျပာေျပာ
ပ်ိဳးငယ္ကိုေတာ့
အေသခ်စ္တာမ်ိဳးပါ...။

***

တန္ခူး ကဆုန္ ေဆြ႕ေဆြ႕ခုန္တဲ့...။
သိပ္ကို ပူျပင္းလွသည့္ ဒီကာလအပိုင္းမွာေတာ့ သစ္႐ြက္မ်ားက ညွာတံမွေႂကြ... ႐ြက္ေဟာင္းေႂကြ... ႐ြက္သစ္မ်ား ေလာင္းေနသည့္ အခ်ိန္ပင္...။

သိပ္ကို ပူျပင္းသည့္ ရာသီမွာေတာ့ အစ္ကိုက ကြၽန္ေတာ္ႏွင့္သူရဲ႕ သီးသန့္ကမၻာကို ကိုယ့္ဘာသာ ဖန္တီးတာမ်ိဳးပင္...။

"ပ်ိဳးငယ္... ေရမခ်ိဳးေသးဘူးလား?"

အခုလည္း မနက္စာအတြက္ မီးဖိုခန္းထဲ ရွိေနရင္းမွ အစ္ကိုက ေမးလာသည္။ ကြၽန္ေတာ္လည္း ေခြၽးတပ်ံပ်ံ အၾကားကပင္...

"ဟုတ္... ပ်ိဳးငယ္... မၿပီးေသးဘူး အစ္ကို...။ ဒီဟင္း က်န္ေသးတယ္ ဟီးဟီး..."

မီးဖိုခန္းထဲမွ ခ်က္လက္က အိုးကေတာ့ အနံ႕လွိုင္လွိုင္ ထေနၿပီး တဗြက္ဗြက္ဆူညံသံႏွင့္အတူ ပြက္ထ ေနသည္။ အၿပဳံးေလးျဖင့္ ေျပာလာသည့္ ပ်ိဳးငယ္ကေတာ့ ေခါင္းေပၚမွ ထုံးတင္ထားသည့္ ဆံပင္မ်ားက အနည္းငယ္ ေျပေလ်ာ့ဟန္ျဖင့္ ေခြၽးစတို႔က ေမးဖ်ားမွ တြဲလဲခိုလ်က္...။

ဒါကိုပင္ သုတ္ၾကားမရဘဲ ဟင္းအိုးအေပၚကိုသာ အာ႐ုံစိုက္ေနဟန္ ရွိသည္...။ သူ႕အေပၚမွ ရွပ္ဖ်င္အက်ီ္အပါးေလးက ေခြၽးမ်ားျဖင့္ စို႔လ်က္...။ သူ႕ၾကည့္ရတာ အရမ္းကို ပူေနဟန္ ရွိၿပီး ေခြၽးတၿမိဳက္ၿမိဳက္ျဖင့္....။

ဒီအေကာင္အထည္ကို နံေဘးမွ ေမြးညွင္းတစ္ခုစီက အစ စစ္ၾကည့္ေနမိၿပီး...

"ေတာ္ေတာ့... မခ်က္ေတာ့နဲ႕...။ ေတာထဲ သြားရေအာင္...."

ထိုအခ်ိိန္မွာေတာ့ ပ်ိဳးငယ္က ကြၽန္ေတာ့္ကို ၿပဳံးကာ ၾကည့္လာၿပီး သူ႕လက္ထဲက ေယာင္းမကို ကိုင္ကာ...

"ဒါၿပီးရင္ ၿပီးပါၿပီ အစ္ကိုရဲ႕...။ မဟုတ္ရင္... အေမက ခ်က္ေနရမွာေပါ့... ငရဲႀကီးလိမ့္မယ္...။"

သူကိုင္ထားသည့္ သစ္သားေယာင္းမေလးကို နံေဘးသို႔ ခ်ကာ... သူ႕ေဘးနားက လက္သုတ္ပုဝါေလးျဖင့္ သူ႕လက္ကို သုတ္ရင္း ေျပာလာသည္။ အၿပဳံးႏုႏုေလးျဖင့္ လူပ်ိဳဘဝကတည္းက ႐ူးသြပ္လာခဲ့သည့္ ဒီအလွေလးက က်ဳပ္ရဲ႕ အ႐ြယ္သုံးပါးလုံး သူ႕ကို ႐ူးလို႔ေတာင္ မဝနိုင္ေလာက္ေတာ့....။

"ပ်ိဳးငယ္... သြား...
ေရခ်ိဳးေတာ့..."

တစ္ခြန္းတည္း ေျပာလိုက္ေပမယ့္ အခုေနာက္ပိုင္း အလွေလးက ကြၽန္ေတာ့္စကားကို အရင္လို ေၾကာက္႐ြံ႕တာမ်ိဳး မဟုတ္ေတာ့...။ တကယ္စိတ္တိုေနရင္ေတာ့ နားေထာင္တတ္ၿပီး နည္းနည္း ေလသံtoneက ေပ်ာ့ရင္ေတာ့ သူ႕ဘက္က ယူဆခ်က္ကိုပါ ေျပာတတ္ေသးတာ....။

"ၿပီးပါၿပီ... အစ္ကိုရယ္... ခဏေလး...။ ဒါၿပီးရင္ ေရခ်ိဳးမယ္လို႔...."

ကြၽန္ေတာ့္ကို ၿပဳံးကာေျပာၿပီးသည္ႏွင့္ နံေဘးမွ သစ္သားထိုင္ခုံေပၚ ထိုင္လိုက္ၿပီး စားပြဲေပၚက ဟင္း႐ြက္တစ္ခ်ိဳ႕ကို စိတ္ႏႊာဖို႔ လုပ္ေနေသးတာ....။ ၾကာေတာ့ စကားနားမေထာင္သည့္ ဒီအလွေလးကို စိတ္မရွည္ေတာ့....

"ပ်ိဳးငယ္...
ေရခ်ိဳးေတာ့...."

ထို႔ေနာက္ ပ်ိဳးငယ္က ေမာ့ၾကည့္လာၿပီး လက္ထဲမွ အ႐ြက္ကို မခ်နိဳင္ေသးဘဲ ရွိေနၿပီ။ စိတ္က လုံးဝ ရွည္မလာေတာ့သည္မို႔...။

"ပ်ိဳးငယ္...
မင္း ေယာက်ာ္းက... မင္းကို ေျပာေနတာဟ!
မင္းေယာက်္ား ငါက မင္းကို ေျပာေနတာ....။"

အစ္ကို႔အသံက အေတာ္ေလး က်ယ္သြားသည္မို့ အိမ္ေအာက္မွ အရီးေလးရီကို ကူလုပ္ေပးေနသည့္ လူတစ္ခ်ိဳ႕က ၾကည့္လာသည္။ ကြၽန္ေတာ္က အစ္ကို႔ကို ၾကည့္ၿပီး ေျပာဖို႔ ျပင္လိုက္ေပမယ့္ အစ္ကိုက စားပြဲေဘးမွာ ထိုင္ေနသည့္ ကြၽန္ေတာ့္ကို ဇြတ္ေပြ႕ခ်ီထုတ္လိုက္တာမို႔.....။

ကြၽန္ေတာ္လည္း အိမ္ေအာက္မွ လူမ်ားကို တစ္ခ်က္ၾကည့္လိုက္ကာ အစ္ကို႔ေပြ႕ခ်ီမႈမွ အနည္းငယ္ ႐ုန္းကန္လိုက္ၿပီး....

"အိမ္ေအာက္မွာ လူေတြ ရွိတယ္ အစ္ကို...။"

"ရွိရွိေလ.... မင္း ငါေျပာတုန္းက နားေထာင္လို႔လား..?"

အစ္ကိုကေတာ့ ကြၽန္ေတာ့္စကားကို နားေထာင္ဟန္ မရွိဘဲ ကြၽန္ေတာ့္ကို ေပြ႕ဖက္ထားဆဲမို႔....။

"အစ္ကို... သူမ်ားေတြေရွ႕မွာ... အဲ့လိုႀကီးက် မေကာင္းဘူးေလ...။"

"မေကာင္းတာက... သူတို႔ပဲ မေကာင္းမွာ...။ အိမ္ေထာင္သည္ေတြ ဒီလိုျပဳမူတာ မဆန္းဘူး...။ ငါကေတာ့ မင္းနဲ႕ ပတ္သတ္ၿပီး ဘာကိုမွ သိပ္ဂ႐ုမစိုက္တတ္ဘူး ပ်ိဳးငယ္...။"

အစ္ကိုကေတာ့ လုံးဝ ဂ႐ုစိုက္ဟန္ မရွိေလေတာ့ ကြၽန္ေတာ္လည္း အိမ္ေအာက္မွ လူမ်ားကို မၾကည့္ေတာ့ဘဲ အစ္ကို႔ရင္ဘတ္က်ယ္ျဖင့္သာ ပုန္းကြယ္ လိုက္မိေတာ့သည္....။

"အစ္ကို... ဟင္းအိုးက ဒီအတိုင္း တင္ထားခဲ့တာ... တူးကုန္ေတာ့မယ္...။"

ကြၽန္ေတာ္က မီးဖိုခန္းထဲမွ ဟင္းအိုးကို သတိရကာ ေျပာလိုက္ေပမယ့္ အစ္ကိုကေတာ့....

"ေနပါေစ.... အေမ့လူ တစ္ေယာက္ေယာက္ ဝင္ၾကည့္လိမ့္မယ္...။"

စိတ္မရွည္တတ္သည့္ အစ္ကိုက အခုေတာ့ ကြၽန္ေတာ့္ကို တစ္ခြန္းၿပီး တစ္ခြန္း ေဖြနေသည်မို့ သေဘာက်စြာ ၿပဳံးလိုက္မိေတာ့သည္...။

အစ္ကိုက ကြၽန္ေတာ့္ကို အိမ္ရွ႕စြန္းစြန္းမွ ေက်ာက္ေရကန္ဆီသို႔ ခ်ေပးသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ကို ေရခ်ိဳးဖို႔ ေျပာေလသည္မို႔ ကြၽန္ေတာ္လည္း ေရခ်ိဳးဖို႔ ျပင္လိုက္မိေတာ့သည့္။

နံနက္ ၉နာရီ...

ေရခ်ိဳးၿပီးသည္ႏွင့္ အက်ီ္လဲကာ ႏြေရာသီအပူဒဏ္ကို ခံဖို႔ သနပ္ခါးလိမ္းဖို႔ မွန္ေရွ႕မွာ ထိုင္ေနတုန္းပင္ အစ္ကိုက ကြၽန္ေတာ္ ရွိေနသည့္ အိမ္ေပၚသို႔ တက္လာသည္။

အိမ္ေပၚေရာက္သည္ႏွင့္ ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လာၿပီး ဘုရားခန္း နံေဘးမွ ေလသာခန္းမွာ ထိုင္ကာ သူ႕လက္ထဲမွ ဖုန္းကို မ်က္ေမွာင္က်ဳံ႕ကာ ကစားေနသည္....။

ကြၽန္ေတာ္လည္း အစ္ကို႔ကို ၾကည့္ကာ ၿပဳံးလိုက္မိၿပီး ေနအပူဒဏ္ကို ခံနိူင္ဖို႔ သနပ္ခါးေရက်ဲကို ျမန္ျမန္ေလးပင္ လိမ္းလိုက္မိေတာ့သည္...။ ေခါင္းေလွ်ာ္ထားသည္မို႔ ထုံးတင္ထားသည့္ ဆံပင္မ်ားက မေျခာက္တေျခာက္....။

အစ္ကိုက ကြၽန္ေတာ့္ကို ၾကည့္လိုက္ ၊ သူ႕ဖုန္းထဲက ဂိမ္းကို အာ႐ုံစိုက္လိုက္ျဖင့္ပင္....။ ကြၽန္ေတာ္လည္း အားလုံးျပင္ဆင္ၿပီးသြားသည္ႏွင့္ အစ္ကို႔အနားသို႔ သြားလိုက္ၿပီး... စ လိုစိတ္ျဖင့္....

"အစ္ကိုက ဖုန္းထဲက ဂိမ္းကို ကစားေနတာ... ပ်ိဳးငယ္ကိုေတာင္ ပစ္ထားသလိုပဲ...။"

ထိုအခ်ိန္မွာေတာ့ ဖုန္းကို ၾကည့္ေနသည့္ အစ္ကိုက ကြၽန္ေတာ့္ကို တစ္ခ်က္ ၾကည့္လာသည္။ ထို႔ေနာက္ ဖုန္းကို သူ႕နံေဘးသို႔ ခ်ကာ ဘာမေျပာ ညာမေျပာျဖင့္ပင္ ထိုဖုန္းေပၚသို႔ သူ႕လက္သီးျဖင့္ ထိုးခ်လိဳက္သည္။

လက္သီးရဲ႕ အရွိန္ အားပါမႈေၾကာင့္ အေစာနက ဂိမ္းသံျဖင့္ ရွိေနသည့္ ဖုန္းကေတာ့ ခ်က္ခ်င္းဆိုသလို ခြက္ဝင္ၿပီး အထဲမွ ပစၥည္းတစ္ခ်ိဳ႕ အျပင္သို႔ ကန္ထြက္ေနသည္။ ကြၽန္ေတာ္က အစ္ကို႔ကို အံ့ၾသကာ ၾကည့္ေနတုန္း ရွိေသးသည္....။

"မင္းကို ဘယ္ေတာ့မွ ငါ့စိတ္ထဲ မရွိတဲ့ အခ်ိန္မရွိဘူး...။ ဖုန္းက ငါ့စိတ္ထဲ မင္းပုံရိပ္က အျပင္မွာ အစားမထိုးနိုင္တဲ့ အခ်ိန္ ဒီအတိုင္း လွည့္သုံးခဲ့တဲ့ အရာပဲ...။ ပ်ိဳးငယ္... မင္း ရွိေနရင္ ငါ အၾကည့္ေတြ လႊဲစရာမလိုဘူး...။"

အစ္ကိုကေတာ့ အေစာနက ကြၽန္ေတာ္ေျပာသည့္ စကားတစ္ခြန္းကို ထိသြားဟန္ ရွိသည္မို႔...။

"အစ္ကိုကလည္း... ပ်ိဳးငယ္က ဒီအတိုင္း စ လိုက္တာပါ...။ ဖုန္းေလးက ႏွေမ်ာစရာႀကီး...ပ်ိဳးငယ္ ဇာတ္ကား မၾကည့္ရေတာ့ဘူး...။"

အနည္းငယ္ စိတ္မေကာင္းဟန္ ေျပာလာလိုက္ေလေတာ့....

"ဒီေန႕ ေန႕လည္ ေဝႀကီးတို႔ကို ဝယ္ခိုင္းလိုက္မယ္...။ လိုခ်င္တဲ့ အမ်ိဳးအစားကို ေျပာလိုက္ရင္ ရတယ္...။"

အစ္ကိုကေတာ့ သူ႕စကားအတိုင္း အမွန္တကယ္ တည္တတ္သူမို႔ ဒီေန႕မကူးခင္ ဖုန္းက အေသအခ်ာ ရမည္ ျဖစ္သည္။ အစ္ကိုအနား ရွိေနရင္းမွ...

"ေတာထဲ သြားမယ္ေလ... အစ္ကို...။ ေနပူလာရင္ ပိုပူလိမ့္မယ္..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ေခါင္းကို ညိမ့္ကာ ကြၽန္ေတာ္ႏွင့္အတူ...။ ကြၽန္ေတာ္လည္း အပူေရွာင္ဖို႔အတြက္ အစ္ကိုႏွင့္အတူ ေတာထဲက သစ္ပင္ရိပ္မ်ားအၾကား ခိုဖို႔....။ ကိုယ္ေပၚမွ အစ္ကို႔အက်ီ္လက္ရွည္တစ္ထည္ကို ထပ္ဝတ္လိုက္မိသည္။ ေခါင္းေပၚမွ ဂ်ဳံခေမာက္ေလးကို ေဆာင္းလိုက္မိသည္။ ထို႔ေနာက္ မီးဖိုခန္းထဲမွ ထမင္းကိုပါ တစ္ခါတည္း ထုတ္ယူလိုက္မိၿပီး အျပင္သို႔ ထြက္ေလေတာ့ အစ္ကိုက အျပင္မွ ဆိုင္ကယ္ကို စက္နိူးကာ ကြၽန္ေတာ့္ကို ေစာင့္ေနသည္။

ကြၽန္ေတာ့္ကို တစ္ခ်က္ အစ္ကိုက စူးစမ္းေနဟန္ျဖင့္... ဒါက အၿမဲတမ္း သူ ဂ႐ုစိုက္တတ္တဲ့ အက်င့္...။ ကြၽန္ေတာ္ ေနမေကာင္းျဖစ္မွာကို သူအရမ္းေၾကာက္တာပင္...။

အစ္ကိုက ဘာစကားမွ ထြက္မလာေလေတာ့ အစ္ကို႔ဆိုင္ကယ္ေနာက္ခုံေပၚသို႔ ထိုင္လိုက္ၿပီး...

"အေမ... သားတို႔ ဥယ်ာဥ္ဘက္ ခဏသြားမယ္ေနာ္..."

"ေၾသာ္... ေအးေအး... အငယ္ေလး...။ ႏွစ္ေယာက္သား ေနပူထဲသြားလိုက္ ၊ ေနရိပ္ထဲ ဝင္လိုက္ မလုပ္နဲ႕... အပူရွပ္ေနမယ္....။"

အရီးေလးရီကေတာ့ အိမ္ထဲကေန အစ္ကိုႏွင့္ ကြၽန္ေတာ့္ကို ၾကည့္ကာ ေျပာေလေတာ့...

"ဟုတ္ကဲ့... ေမေမ...."

ထို႔ေနာက္ အစ္ကို႔ေနာက္မွ အစ္ကိုႏွင့္အတူ ဆိုင္ကယ္စီး၍ ေတာထဲသို႔....။

၂၅မိနစ္ အၾကာ....

ဒီႏွစ္ ႏြေလယ္မ်ားကိုေတာ့ ကြၽန္ေတာ္တို႔ မလုပ္မိ...။ လယ္ဧကမ်ားသည္မို႔ သီးသန့္ရိတ္သိမ္းသည့္ ကိစၥ အဝဝ စီစဥ္ေနရသည္မို႔ လယ္မ်ားကို ဒီအတိုင္း ထြန္ေရးခံထား႐ုံသာ....။ တစ္ျခားဘက္မွာ... လယ္ကြက္မ်ားက ရိတ္သိမ္းၿပီးကာစမို႔ ကြၽန္ေတာ္လည္း ထုံးစံအတိုင္း သူမ်ားေတြလို ေကာက္သင္းေကာက္ခ်င္သည့္ စိတ္ဆႏၵရွိသည္မို႔....။

ဥယ်ာဥ္ဘက္ ေရာက္သည္ႏွင့္ ဆိုင္ကယ္ကို ေသခ်ာ ေဒါက္ေထာက္ကာ ရပ္ေနသည့္ အစ္ကို႔ကို ျပည့္လိုက္မိၿပီး...

"အစ္ကို...
ပ်ိဳးငယ္... ေကာက္သင္းေကာက္ခ်င္တယ္...။"

ထိုအခ်ိန္မွာေတာ့ ခ်က္ခ်င္း ကြၽန္ေတာ့္ဘက္သို႔ ၾကည့္လာသည့္ အစ္ကို...။ မ်က္ေမွာင္က်ဳံ႕ကာ ရွိေနၿပီး...

"စပါး ေရာင္းခ်င္လို႔လား? အိမ္က စပါးက်ီထဲက ႀကိဳက္သေလာက္ ေရာင္းလိုက္...။"

အစ္ကိုကေတာ့ ကြၽန္ေတာ္ ေကာက္သင္းေပါက္ခ်င္တာ စပါးလိုခ်င္လို႔ ဆိုသည့္ အေနအထားျဖင့္ ေျပာလာသည္။ ကြၽန္ေတာ္က ေခါင္းကို ခါရမ္းကာ...

"ပ်ိဳးငယ္က သူမ်ားေတြလို ေကာက္ႏွံ ေကာက္ၾကည့္ခ်င္တာ....။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ ရပ္ကာ ၾကည့္ေနၿပီး...

"ငါ့ကို ေသေအာင္မသတ္နဲ႕.... ငါ့မ်က္စိေအာက္ဆိုရင္ေတာင္ မင္းကို စိတ္မခ်ဘဴး...။ လာ... ငါ႐ူးသြားေအာင္ မလုပ္နဲ႕...။"

အစ္ကိုက ကြၽန္ေတာ့္လက္ကို ဆြဲကာ ဥယ်ာဥ္ဘက္သို႔..။ သိသည္ ဒါက အစ္ကို႔ရဲ႕ စိတ္ပူတဲ့ အေနအထား.... တကယ္ေတာ့ ႏြေရာသီရဲ႕ ဆယ္နာရီေနက ႂကြပ္မတတ္ ပူသည္...။ အစ္ကိုက ကြၽန္ေတာ့္ကို ေနပူထဲ မသြားခိုင္းခ်င္သလို... လယ္ကြက္ထဲမွ ေျခခင္းလက္ခင္း အေျခအေနကို ေၾကာက္လို႔ ျဖစ္သည္။ အစ္ကိုက ကြၽန္ေတာ္ တစ္ခုခုျဖစ္မွာကို အရမ္းေၾကာက္တာပင္....။

ကြၽန္ေတာ္တို႔ ဥယ်ာဥ္ထဲမွ ေရစပ္အနား အရိပ္ေကာင္းသည့္ သရက္ပင္ႀကီးေအာက္၌ ရွိေနသည္။ သစ္႐ြက္လႈပ္ခပ္သံမ်ားႏွင့္အတူ ေလတျဖဴးျဖဴးေၾကာင့္ အေစာနက ေနပူထဲ ဒီကို လာခဲ့သည့္ ေခြၽးတစ္ခ်ိဳ႕ႏွင့္ ပူေလာင္မႈ အကုန္လုံးက လႊင့္ေပ်ာက္သြားေလသည္...။

ႏြေရာသီ... သစ္ရိပ္ဝါးရိပ္ေတြေအာက္ ခိုနားရာမွ ေအးျမမႈက သဘာဝေလးအတိုင္းနဲ႕ လိုက္ေလ်ာညီေထြ ရွိေနသည္။ ကြၽန္ေတာ္လည္း ႏြေရာသီေလ႐ူးေလပူဆိုေပမယ့္ ေတာေတာင္ျဖတ္ၿပီး တိုက္ခတ္ရသည့္ ေလမို႔ ေအးတျမျမရွိေနသည့္ ေလကို ရႈရွိုက္ၿပီး သရက္ပင္ေအာက္မွ ျမက္ခင္းႏုႏုေလးေပၚ ထိုင္ဖို႔ ႀကိဳးစားေတဆဲပင္...အစ္ကိုက ကြၽန္ေတာ့္ကို ေပြ႕ကာ သူ႕ပုဆိုးလုံကြင္း ရင္ခြင္ထဲသို႔ ထည့္လာသည္။

ထို႔ေနာက္ သူ႕လက္ႏွစ္ဖက္က သိုင္းဖက္လာၿပီး... တင္းၾကပ္စြာ သိုင္းဖက္လာၿပီး ကြၽန္ေတာ့္မ်က္ႏွာအနံ႕ အၾကမ္းပတမ္း နမ္းရွိုက္ေတာ့သည္။

ကြၽန္ေတာ့္လည္တိုင္...
ဆံပင္ႏွင့္ ထိယွက္ရာ နားသယ္ပိုင္း၊ လည္ကုပ္ပိုင္း၊ ရင္ဘတ္ပိုင္းမ်ား၊ လက္ေမာင္းသားမ်ားပါ မက်န္... တစ္ကိုယ္လုံးကို ေပြ႕ပိုက္ၿပီး ကြၽန္ေတာ္ မ်က္ႏွာတစ္ျပင္လုံး ေနရာလပ္မရွိ ပြတ္တိုက္ နမ္းရွိုက္ေနေတာ့သည္။

အစ္ကိုက အဲ့လိုမ်ိဳးပင္။
အၿမဲတမ္းလိုလို သူ႕ရင္ခြင္ထဲ ထိုးသိပ္ ေပြ႕ဖက္ၿပီး နမ္းတတ္တာမ်ိဳးပင္....။

အေနအထားကေတာ့ ကြၽန္ေတာ္က သူ႕ရင္ခြင္ထဲ အထူးသျဖင့္ သူ႕ပုဆိုးလုံကြင္းထဲ ထည့္ခံထားရသည့္ အျဖစ္....။ အေစာနကမွ လိမ္းခဲ့သည့္ သနပ္ခါးမ်ားကလည္း အစ္ကို႔နမ္းရွိုက္မႈေၾကာင့္ ပါးျပင္ေပၚ ဟိုတစ္ကြက္ ဒီတစ္ကြက္....။

အစ္ကိုက နံေဘးမွ စပါးအႏွံမ်ားကို ဆြဲႏႈတ္ကာ ကြၽန္ေတာ့္ေရွ႕သို႔ ခ်ေပးေလသည္။ ကြၽန္ေတာ္လည္း အစ္ကို႔ကို သူ႕ရင္ခြင္ထဲမွ ေမးၾကည့္လိုက္မိေတာ့....

"အဲ့လိုပဲ ေကာက္... အျပင္မသြားနဲ႕... ပူတယ္...။"

"အစ္ကိုကလည္း ပ်ိဳးငယ္က ဒီအတိုင္းႀကီး ဘာမွမလုပ္ရဘဲ အစ္ကို႔ရင္ခြင္ထဲ ထိုင္ေနရတာ ပ်င္းတယ္....။"

"မပ်င္းနဲ႕... အခုခ်ိန္ ဟိုဘက္က လယ္ကြက္က ေႁခြေလွ႕စက္ ေရာက္ေနတာ...။ ဘယ္မွ မသြားဘူး....။"

အစ္ကို ေျပာမွပင္ ကြၽန္ေတာ္လည္း ေျမာက္ဘက္ကို ၾကည့္မိေတာ့.... ဟုတ္ပါရဲ႕... စပါးရိတ္သိမ္းသည့္ ေနရာမွာ လူတစ္ခ်ိဳ႕ ရွိေနသည္။ အစ္ကိုက ကြၽန္ေတာ့္ကို ထိုသူမ်ား ျမင္သြားမွာ စိုးသည့္ အေနအထားမို႔... ကြၽန္ေတာ္လည္း ၿပဳံးမိကာ....

"အစ္ကို... ပ်ိဳးငယ္ လွတာကို သူတို႔ကိုေရာ မျပခ်င္ဘူးလား? အလွတရားကို ခံစားရင္ အသက္ရွည္တယ္တဲ့....။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ထင္ထားခဲ့သလိုပင္ ကြၽန္ေတာ့္ကို ၾကည့္လာၿပီး... ကြၽန္ေတာ့္မ်က္ႏွာသို႔ သူ႕လက္သီးျဖင့္ ခ်ိန္႐ြယ္ကာ...

"မ်က္ႏွာတစ္ျပင္လုံး စုတ္ျပတ္သတ္ေအာင္ ထိုးပစ္မွာ...။"

အေၾကာၿပိဳင္းၿပိဳင္း အရိုးအဆစ္သန္မာသည့္ သူ႕လက္သီး ခ်ိန္႐ြယ္မႈေနာက္မွာေတာ့ကြၽန္ေတာ္ အစ္ကို႔ကို တစ္ခ်က္ၾကည့္ကာ....

"ပ်ိဳးငယ္က စ တာကို...။ ပ်ိဳးငယ္ ေခ်ာေခ်ာ မေခ်ာေခ်ာ အစ္ကို႔မိန္းမ... အစ္ကိုပိုင္ထားတာပဲကို....။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ကြၽန္ေတာ့္မ်က္ႏွာအႏွံ႕ ေနာက္တစ္ႀကိမ္ ပြတ္တိုက္ နမ္းရွိုက္ျပန္သည္။ ကြၽန္ေတာ္လည္း အစ္ကို႔အနမ္းမွ ေရွာင္ဖယ္လိုက္ၿပီး မ်က္ႏွာျပန္ထက္ လက္ကို ကြယ္ကာ....

"ပ်ိဳးငယ္... သနပ္ခါးေတြ ပ်က္ကုန္ၿပီ... မနမ္းေတာ့နဲ႕...။ ပ်ိဳးငယ္ ပူလို႔ လိမ္းထားတာပါဆို...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကာထားသည့္ ကြၽန္ေတာ့္လက္ႏွစ္ဖက္ကိုပါ သိုင္းခ်ဳပ္လိုက္ၿပီး ေနာက္တစ္ႀကိမ္ နမ္းျပန္သည္...။ ထို႔ေနာက္ အံႀကိတ္သံႏွင့္အတူ...

"မင္းက သတ္ပစ္ခ်င္စရာေလာက္ေအာင္ လွေနလို႔...."

ကြၽန္ေတာ္လည္း အစ္ကို႔အနမ္းမွ မလြတ္ေျမာက္ခင္ ကြၽန္ေတာ္တို႔ဆီ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္ထားသည့္ လူတစ္ေယာက္....။

နီးကပ္လာေသာ အေနအထားအေရာက္မွာေတာ့ အစ္ကို႔အနမ္းတစ္ခ်ိဳ႕ကို တြန္းဖယ္လိုက္မိသည္။ ဒါကိုပင္ အစ္ကိုက နမ္းရွိုက္ဖို႔ ျပင္ေနတာမို့ အစ္ကို႔ရင္ဘတ္ေပၚသို႔ လက္တစ္ဖက္၊ က်န္တစ္ဖက္က အစ္ကို႔မ်က္ႏွာေပၚမွ ႏူတ္ခမ္းေပၚသို႔....။

"အစ္ကို... ကိုေဝႀကီး လာေနတယ္....။"

လယ္ကန္သင္းရိုးမ်ားအတိုင္း ေလွ်ာက္လာသည့္ သူက ကိုေဝႀကီးပင္....။ ကိုေဝႀကီးကေတာ့ အစ္ကို႔ရင္ခြင္ထဲမွ ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး...

"ငါ အေဝးကေနၾကည့္တာ...ငဦးတစ္ေယာက္တည္းျမင္လို႔ အံ့ၾသေနတာ...။ လက္စသတ္ေတာ့ ပ်ိဳးငယ္က ငဦးရင္ခြင္ထဲ ျမႇုပ္ေနတာကို...။ ဘယ္လိုလဲ ပ်ိဳးငယ္ေရ... အေတာ္ေလး ႏွယ္ခံထားပုံရတယ္... ဆံပင္ေတြ ဖရိုဖရဲနဲ႕ သနပ္ခါးေတြလည္း ပ်က္လို႔ပါလား..."

ကိုေဝႀကီး စကားအေနာက္မွာေတာ့ ကြၽန္ေတာ့္ဆံပင္ကို ကိုင္ၾကည့္လိုက္ၿပီး အစ္ကို႔ရင္ဘတ္ပိုင္း... ထို႔ေနာက္ အစ္ကို႔ႏွာေခါင္းမွာ သနပ္ခါးဝါဝါတို႔က ေပက်ံလ်က္ပင္....။ ကြၽန္ေတာ္က ကိုေဝႀကီးကို ဘာေျဖရမွန္း မသိစဥ္မွာပင္.... အစ္ကိုက...

"ေဝႀကီး... ဒီေန႕ ၿမိဳ႕သြားရင္ ဖုန္းတစ္လုံးေလာက္ ပ်ိဳးငယ္ အတြက္ ဝယ္ေပးခဲ့စမ္းပါ..."

"ဟမ္? ပ်ိဳးငယ္ ဖုန္းက ဘာျဖစ္လို႔လဲ? ပ်က္သြားလို႔လား?"

ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္က အစ္ကို႔ကို ၾကည့္လိုက္မိေတာ့..

"အင္း ငါ့ေၾကာင့္ျဖစ္တာ...။"

ထိုအခ်ိန္မွာေတာ့ တဟားဟား ရယ္လိုက္ၿပီး..

"ငဦး မင္းကလဲ အလွေလးကို ရတာေတာင္ ေလာင္ေနတုန္းပဲလားကြ...။ စိတ္ခ်ပါ... အလွေလးက မင္းလူပါ...။ ေခတ္သစ္ ဒႆပါကြာ...အာခံတြင္းထဲ မငုံဘဲ ပုဆိုးလုံကြင္းထဲ ထည့္ထားရတယ္လို႔....။ ဒါနဲ႕ မင္းဟာေလးကို အဲ့ဒီပုဆိုးကြင္းထဲကေနေရာ အျပင္ဘက္ကို ထြက္ခိုင္းဦးမွာလား? မင္းဟာက ကဲလြန္းပါတယ္ကြာ... ဒီအတိုင္း ပစၥည္းေတြ ထုတ္သလို ပုဆိုးနဲ႕ ထုတ္ထားပါလား... မင္းဟာေလးကို...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကိုေဝႀကီးကို မ်က္ႏွာတည္ျဖင့္ ၾကည့္လိုက္မိေတာ့ ကိုေဝႀကီးက ေနာက္သို႔ နည္းနည္းအလန့္တၾကား ဆုတ္သြားသည္။ ထို႔ေနာက္ ကိုေဝႀကီးက ကြၽန္ေတာ့္ကို ၾကည့္လာၿပီး....

"ပ်ိဳးငယ္... ဒီမွာ ၾကာပန္းေလး...။ ေရခမ္းေနတဲ့ အိုင္ထဲက ေတြ႕လို႔ ခူးလာတာ... ယူမလား?"

ကိုေဝႀကီးက ကြၽန္ေတာ့္ဘက္သို႔ ပန္းကို ကမ္းကာ အစ္ကို႔ကို ၾကည့္လိုက္ ျဖစ္ေနသည္။ အစ္ကိုကေတာ့ ဘာမွမေျပာဘဲ သူ႕ရင္ခြင္ထဲမွ ကိုေဝႀကီးလက္ထဲမွ ပန္းကို လွမ္းယူေနသည့္ ကြၽန္ေတာ့္ကို ေအာက္သို႔ ျပဳတ္က်မည္ ဆိုးသျဖင့္ ကြၽန္ေတာ့္ခါးမွ သူ႕လက္တစ္ဖက္က ခပ္တင္းတင္း ေပြ႕ဖက္ထားသည္။ က်န္တစ္ဖက္ကေတာ့ ေထာင္လ်က္ထားသည့္ သူ႕ဒူးေပၚသို႔....။

ကြၽန္ေတာ္ကေတာ့ ကိုေဝႀကီး လက္ထဲမွ ပန္းကို သေဘာက်ယဴမိ႐ုံပဲ ရွိေသးသည္ ေခါင္းေပၚမွ ဆံထုံးက အစ္ကိုေပြ႕ပိုက္ထားကတည္းက ေလ်ာ့ရဲရဲ ျဖစ္ေနသည္မို႔ ေျပက်သြားသည့္ အခါမွာေတာ့ အစ္ကိုက ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ့္ဆံပင္တို႔ကို ကြၽန္ေတာ္ ပုံမွန္ထုံးေနက်အတိုင္း ထုံးေပးေလသည္။

ကြၽန္ေတာ္လည္း ဆံပင္ထုံးေပးၿပီးသည့္ ကြၽန္ေတာ့္ခါးမွ ေပြ႕ပိုက္ထားသည့္ အစ္ကို႔လက္တစ္ဖက္ ျပန္ေရာက္ရွိခ်ိန္မွာေတာ့....

"အဟင္း...
ဘယ္လိုလဲ? ပ်ိဳးငယ္ လွလားဟင္.... "

ပ်ိဳးငယ္ကေတာ့ သူ႕နား႐ြက္တစ္ဖက္ထဲသို႔ ထိုၾကာပန္းေလးကို ညွပ္ကာ ငဦးကို ၿပဳံးျပဆဲ ရွိခ်ိန္မွာေတာ့ ငဦးက ခ်က္ခ်င္းဆိုသလို ပ်ိဳးငယ္ မ်က္ခြံေလးေပၚသို႔ နမ္းရွိုက္သည္....။ ပ်ိဳးငယ္ကေတာ့ မ်က္ခြံေလး တစ္ဖက္မွိတ္ကာ ၿပဳံးရယ္ေနသည္။ ပ်ိဳးငယ္က ၿပဳံးရယ္မႈႏွင့္အတူ အနည္းငယ္ လႈပ္လႈပ္ ရွိေနခ်ိန္မွာေတာ့ လက္ႏွစ္ဖက္က မတင္းၾကပ္ဘဲ အရန္သင့္ ကာကြယ္ဖို႔ ရွိေနသည္။

"ၾကာရင္ ေသြးေအးတဲ့ အတြဲေတြပဲ ၾကားဖူးတာ...။ ငဦး မင္းက်မွ.. ၾကာရင္ ကဲေလဆိုတာမ်ိဳး ေတြးမိတယ္...။ ငဦး ပ်ိဳးငယ္လည္း... ပုဆိုးပုခက္ထဲက ကေလးေလးလို ျဖစ္ေနၿပီ... ။ မင္း ၾကာရင္ ပ်ိဳးငယ္ကို ဖ်စ္ညွစ္သတ္ဖို႔မ်ား စဥ္းစားေနသလား...?"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကိုေဝႀကီးကို တစ္ခ်က္ ၾကည့္လိုက္ၿပီး...

"ေဝႀကီး...
ငါ့ ဓားမပါလည္း ငါ့လက္သီးက မင္းကို သေအာင္ ထိုးသတ္နိုင္တယ္ေနာ္...။ ထပ္ထြက္မလာေတာ့နဲ႕..."

ေျပာေတာ့လည္း ကိုယ့္အဆိုး...
အခု ပ်ိဳးငယ္ကို ဖ်စ္ညွစ္သတ္ဖို႔အထိ ဖက္ထားတာ သူမဟုတ္ဘူးလား?
ငဦး...
ငဦး... တကယ္ တကယ္...
ပ်ိဳးငယ္မ်ား တစ္ခုခု ျဖစ္သြားရင္ေတာ့.... မေတြးရဲစရာ...။

Friday:07:July:2023:12:44PM

Continue Reading

You'll Also Like

700K 37.7K 46
α€€α€‡α€¬α€α€Ία€œα€™α€Ία€Έα€α€½α€„α€Ί α€•α€«α€α€„α€Ία€žα€±α€¬ α€‡α€¬α€α€Ία€œα€™α€Ία€ΈαŠα€‡α€¬α€α€Ία€€α€½α€€α€ΊαŠα€‡α€¬α€α€Ία€€α€±α€¬α€„α€Ία€™α€»α€¬α€Έα€žα€Šα€Ί α€…α€¬α€›α€±α€Έα€žα€°α€›α€²α€· α€…α€­α€α€Ία€€α€°α€Έα€‰α€¬α€α€Ίβ€Œα€±α€žα€Έβ€Œα€±α€žα€Έα€–α€Όα€„α€·α€Ία€žα€¬ α€•α€―α€Άα€–α€±α€¬α€Ία€‘α€¬α€Έα€α€Όα€„α€Ία€Έα€–α€Όα€…α€Ία€œα€­α€―α€· တိုက်ဆိုင်မှု တွေရှိခဲ့ရင် ခွ...
404K 78.3K 130
🍁 සුࢯුࢴාࢧ ΰΆ΄ΰ·ΰ·ƒΰΆ½ΰ·Š ΰΆ‡ΰΆ³ΰ·”ΰΆΈΰ·š ΰΆ­ΰΆ»ΰ·”ΰΆ« ΰ·ƒΰ·”ΰ·€ΰΆ³ ΰΆ‘ΰΆšΰ·ŠΰΆš ΰΆšΰ·ΰΆšΰ·’ ΰΆ‡ΰΆ³ΰ·”ΰΆΈΰ·š ΰ·ƒΰ·”ΰ·€ΰΆ³ ΰΆΈΰ·”ΰ·„ΰ·” ࢚ࢻࢱ් ࢭේ ࢯࢽ්ࢽ࢚ ΰΆšΰ·„ΰΆ§ ΰ·ƒΰ·”ΰ·€ΰΆ³ ΰΆ‘ΰΆšΰ·ŠΰΆš ΰΆ‘ΰΆš ࢺාࢺࢧ ΰΆ΄ΰ·™ΰΆ±ΰ·™ΰΆ± ࢻࢢࢻ් ΰΆΊΰ·ΰΆΊΰ·€ΰΆ½ΰ·Š, ΰΆ‡ΰ·… ࢯොࢽ ΰ·€ΰΆ½ ΰ·ƒΰ·“ΰΆ­ΰΆ½ ΰΆ―ΰΆ»ΰ·ΰΆœΰ·™ΰΆ± ΰ·„ΰ·’ΰΆ­ΰ·”ΰ·€ΰΆšΰ·ŠΰΆšΰ·ΰΆ» ΰΆΊ...
38K 2.5K 42
krisho xingdae (yaoi) written by - SMA