Part 30
Unicode...
"ဆရာ .... !!..."
ဟံသာဦးရဲ့ ရင်အုံဝဲဘက် နှလုံးတည့်တည့်က ထိုးသွင်းချက်ကြောင့် အဆက်မပျက် ယိုစိမ့်နေသော သွေးတို့က ရေကာတာကျိုးပျက်သလို....
ဟံသာဦးမှာ ညီသု့ အော်ခေါ်သံအဆုံး အေးစက်သော ကြမ်းပြင်ပေါ် ခွေခွေးကလေးလဲသည်။
နွေဦးမှာ ခဏတာ သွေးပျက်သွားရပေမဲ့ သိပ်မကြာခင်မှာဘဲ အောင်နိုင်သူတစ်ယောက်လိုသာ ဆက်လက်၍ ပြုံးလိုက်မိသည်... နွေဦးဘေးက ရတုမောင်က အဖြစ်အပျက်အလုံးစုံကို မယုံကြည်နိုင်စွာရှိသည်။
...................................................
အရေးပေါ်ခန်းဝင်နေတဲ့ ဟံသာဦးက နာရီပေါင်းများစွာ ကြာမြင့်သည်အထိ ဘာသံမှ မကြားရသေး.. ညီသု့ သူ့ဆရာကိုသာ စိတ်ပူစွာ အခန်းရှေ့ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်နှင့် ဂနာမငြိမ်ပေ...။
ထို့နောက် နောက်ထပ် နာရီဝက်လောက်စောင့်လိုက်ရပြီးမကြာပါ အခန်းထဲမှ ဆရာဝန်တယောက်ထွက်လာလေသည်..။
"လူနာရှင် ဘယ်မှာလဲ..."
"ကျွန်တော်......"
အသဲအသန်ဖြစ်နေသော ဆရာဝန်မလေးကြောင့် ညီသု့ရင်ထဲ ဒိုင်းခနဲ အချက်ပေးသည်သံက ကမ္ဘာပျက်သယောင်...
"သွေးအိတ်လိုတယ် အမှားအယွင်းဖြစ်သွားလို့ အတော်လေး စိုးရိမ်ရတဲ့အခြေအနေဘဲ...နောက်ထပ် ခွဲစိတ်မှတ်တမ်းအတွက် လက်မှတ်ထိုးစေချင်တယ်..."
ညီသု့ လက်သီးစုတ်ကို နှုတ်ခမ်းနားတေ့လို့ ဘာလုပ်လို့လုပ်ရမှန်းမသိ.. ထိုစာရွက်ကိုကြည့်ခါ နွေဦးဆီဘဲ အပြေးပေးရမလိုလို သူကိုယ်တိုင်ဘဲ လူနာရှင်အနေနဲ့ ထိုးရတော့မလိုလို
"လူနာရှင် အဲ့လိုလုပ်နေရင် ခွဲခန်းထဲလူနာ အခြေအနေ ပိုဆိုးလာလိမ့်မယ်..."
"အာ... ဟုတ်... ဟုတ်ကဲ့.."
ညီသု့ sign နေရာလေးမှာ သူ့လက်မှတ်ကလေး ထိုးချလိုက်သည်..။ပြီးမှ ဆရာဝန်မလေးအားကြည့်လို့ စိတ်ပူစွာ မှာမိသည်..။
"ကျွန်တော်တို့ဆရာကို သေချာလေး ကုပေးပါ..."
ဆရာဝန်မလေးက ခေါင်းညှိမ့်၍ အထဲပြန်ဝင်သွားသည်။ ထို့နောက် ခွဲခန်းထဲ လှည်းဖြင့်သယ်လာသော သွေးအိတ်တွေကို အခြားအကူဆရာဝန်က သယ်ဆောင်၍ ဝင်သွားလေပြီ..။
နောက်ထပ်၂နာရီကြာမြင့်တဲ့အခါမှာတော့ သွေးတွေ ပေကျံနေတဲ့ဆရာဝန်ကြီးတယောက်ထွက်လာလေသည်။
"လူနာရှင်..."
"ဟုတ်ကဲ့...ဒေါက်တာ ကျွန်တော့် ဆရာ့အခြေအနေ..."
"သွေးတွေ တော်တော်လေးဆုံးရှုံးထားတာမို့ အန္တရာယ်ရှိပေမဲ့ အခုတော့ စိတ်မပူရတော့ပါဘူး..ဒါနဲ့ လူနာက တော်တော်လေး ကံကောင်းတယ်လို့ဘဲပြောရမလားဘဲ.. ထိုးသွင်း ဒဏ်ရာက နှလုံးနဲ့ အတော်လေး နီးနေပြီ.. နောက်တစ်လက်မသာ ထပ်တိုးလိုက်ရင် နတ်ဘုရားတောင် ဆင်းကယ်နိုင်မှာမဟုတ်ဘူး..." ဟူသည့် စိတ်ပျက်သံဖြင့် ဆူပူသွားသယောင်ရှိ၏..။
"အာ.....ကျေးဇူးတင်ပါတယ် ဒေါက်တာ ..."
ခေါင်းငုံ့အရိုအသေပေးတော့ ခွဲခန်းထဲက ဆရာဝန်က ကိုယ်လက်သန့်စင်ရန် ထွက်သွားပြီ..။
"တော်သေးတာပေါ့.."ဟူသည့် ညီသု့ ရေရွတ်သံ...
အရေးပေါ်ခန်းကနေ အရေးပေါ် စောင့်ကြည့်လူနာဆောင်ကို ရွှေ့ပြောင်းထားရသော ဟံသာဦးသည် နွေဦးနှင့် ဘေးချင်းကပ်ရပ် အခန်းတွင်ဖြစ်သည်..။
ကုတင်ပေါ်တွင် လဲလျောင်းနေသော သူ့ဆရာအား ညီသု့ကြည့်ခါ ခေါင်းတွင်တွင်ခါမိသည်..။
"ဆရာ ဘာတွေများ လျှောက်လုပ်နေရတာလဲ.. ဒီကလေးကိုရော ပြောပြဖို့ အစီအစဉ်မရှိတော့ဘူးလား ပြဿနာက ဒီအတိုင်းထားရင် ပိုကြီးလာလိမ့်မယ်....ဟင်း......"
စိတ်ကူးထဲ၌ သာပြောဖြစ်ခဲ့ပေမဲ့ သက်ပြင်းချသံကတော့ ခပ်ကျယ်ကျယ် သူကိုယ်တိုင်ပင် ပြန်၍ ကြားနေရသော အသံဖြစ်သည်..။
မေ့ဆေးအရှိန်ကြောင့်မို့ ညနေလောက်မှ ဟံသာဦး နိုးလာခဲ့ရသည်...။
"ဟင်း.. ဟင်း..."
"ဆရာ နိုးပြီလား.. " ဆိုသည့် ခပ်ပြာပြာအသံ..
" အင့် ညီသုရေ.. နွေဦးရော အဆင်ပြေရဲ့လား.."
ညီသု့က မျက်မှောင်ကုတ်လျက် ...
"နွေဦးက ဘာမှမဖြစ်ပါဘူး သူအဆင်ပြေပါတယ်.. ဆရာကသာ...."
"အင်းအင်း.. ထိခိုက်ရာရော မရှိဘူးမှလား..."
ညီသု့က အံ့အားသင့်ရသည်..။ အရေးပေါ်ခန်းက ထွက်လာပြီး အရေးပေါ်ဆောင်မှာ စောင့်ကြည့်ခံထားရတဲ့ ဆရာက ဆေးရုံကတင်ပေါ်မှာ နည်းနည်းတောင် လှုပ်လို့မရတဲ့ အနေအထား.. ဒါကို နိုးနိုးချင်း ဘာမှ မဖြစ်သွားတဲ့ နွေဦးကို သတင်းမေးသတဲ့လား...
ဒါနဲ့များ ဒီကလေးကို သူ့ဆရာက ဘယ်လိုနည်းနဲ့များ နှိပ်စက်ခဲ့သလဲ... သူ့ဆရာအား သူ ပို၍ နားမလည်ဖြစ်ရပေမဲ့လည်း ညီသု့ သူ့ဆရာလုပ်ရက်တွေကို တားရမည့်အစား ပို၍ အလိုလိုက်ချင်ပါသေးသည်..။
ညီသု့သက်ပြင်းဖွဖွချလို့ " ဆရာ အခု နွေဦးကို ပြောပြလိုက်သင့်ပြီထင်တယ်.. အခုလိုလုပ်နေတာ ဆရာဘဲ ပိုပိုပြီးအခက်တွေ့တယ်မို့လား.."
ညီသု့က ထိုသို့ဆိုလျှင်... ဟံသာဦးက မျက်လွှာတွေ ဖိချပစ်ရင်း ခဏတာ အသံတို့ တိတ်ဆိတ်နေသည်။
" အချိန်မတန်သေးဘူး ညီသု့... ငါတို့ စုံစမ်းသင့်တာ ဦးနေမင်းခကိုဘဲ.. သူ့လုပ်ရက်အတွက် သူပိုပြီး ပစ်ဒဏ်ခံရမယ်..."
"အခု ဆရာရော နွေဦးရော ပိုပြီးခံစားရမှာဘဲရှိတယ် ရှေ့ဆက်ပြီးတော့လည်း ပန်းခင်းလမ်းမရှိဘူး.. ဦးနေမင်းခက ဆရာ့ကို အရင်က ဘယ်လိုနည်းလမ်းနဲ့ လိုက်နှောက်ယှက်နေခဲ့သလဲဆိုတာ ကျွန်တော် ပြန်တွေးတိုင်းလန့်မိတယ်... ဦးနေမင်းခ ဆိုတဲ့လူက လူမှမဟုတ်ဘဲ... ဒီတော့ ဆရာ နွေဦးနဲ့ တလှေထဲစီးသင့်တယ် ဘာလို့လဲဆိုတော့ ဦးနေမင်းခက ဆရာနဲ့ နွေဦးကို ပြန်တိုက်ပေးနေတာအသိသာကြီးကို..."
ညီသု့စကားအဆုံးမှာ ဟံသာဦး ငြိမ်သက်လို့...
"အဟွတ် အဟွတ်.. အင့်..ဟင်း..."
"ဆရာ ဘာဖြစ်လို့လဲ မသက်သာဘူးလား ကျွန်တော် ဆရာဝန်သွားခေါ်....."
"ညီသု့...နေ.. ရတယ် ရေးကြီးခွင်ကျယ်မလုပ်နဲ့.."
ရေးကြီးခွင်ကျယ်တဲ့လား... မျက်စိရှေ့မှာ ဒီလောက်အထိ သေမလိုဖြစ်ခဲ့တာ ကျွန်တော်က စိတ်မပူပေးပိုင်ခွင့်နည်းနည်းလေးတောင် မရဘူးလား။
ခေါင်းကလေး အောက်ဆိုဒ်လို့ကြမ်းပြင်ပေါ် အကြည့်ပို့မိသည်..။ ဟုတ်ပါတယ် ဆရာမှ မသိဘဲ..ကျွန်တော် အလျော့ပေးခဲ့ရတာ ဘယ်လောက်တောင်များသလဲ... ပြန်တွေးကြည့်ရင် ကိစ္စတွေက ဆက်တိုက်ဖြစ်သွားတာဘဲလေ...
ကျွန်တော် စစချင်း ကိုယ့်ကိုကိုယ် gay လို့ လက်ခံမိချိန်မှာ ဆရာက မမလေး နန်းသျှစ်ဝေလွန်းနဲ့ ပြီးတော့ နွေဦးနဲ့ နောက် နွေဦးအမေ အထိပါ.. ကျွန်တော် ပူးတွဲလုပ်ကြံသူတယောက်အနေနဲ့ပါ ပါဝင်ပတ်သက်ပေးခဲ့တာလေ.. ဒါတောင် ဆရာက ကျွန်တော့်ကို တစ်ခါလေးမှတောင် အသိအမှတ်မပြုပေးခဲ့ဖူးဘူး.. နာကျင်လိုက်တာ.. ဆရာ့ရဲ့ အတိတ်တွေကပါ ဦးနေမင်းခက နှိပ်စက်နေတော့ ကျွန်တော် ပိုနာကျင်ရနေရတယ်... ခက်များဗျာ ......
"ဘာရပ်လုပ်နေတာလဲ... ကုမ္ပဏီကိုသွား လုပ်ရမဲ့အလုပ်တွေကို သေချာ စီစစ်ခဲ့ ပြီးရင် ဦးမင်းဓနကို သေချာစောင့်ကြည့်ထား... လိုရမယ်ရ ဖြစ်အောင် သူ့သမီးကိုပါ ငါတို့ဘက်ပါလာအောင် မဲဆွယ်ထား...ငါ ဘာပြောချင်လဲ သိတယ်မှလား.."
"ဟုတ်ကဲ့"
တိုတိုတုပ်တုပ်သာ အဖြေပြန်ပေးပြီး စောင့်ကြည့်ခန်းထဲမှ ထွက်လာမိသည်..။ညီသု့ ခပ်ဝေးဝေး အပြင်က တနေရာရောက်မှ တေးခံထားတဲ့ မျက်ရည်တွေ သွန်ချမိသည်...။
အမှန်တကယ်ပင် ညီသု့ ဟံသားဦးအပေါ် သူငယ်ချင်းအဆင့်မှကျော်လွန်၍ စည်းတစ်ခုထက်ကျော်လွန်နေမိခဲ့တာဘဲ။။။ အခုတော့ လွှတ်ချဖို့ အချိန်တန်နေပြီမှလား...။
"ဟင်.. ခင်ဗျား ငိုနေတာလား.."
ထိုသို့လာမေးသောသူက ရတုမောင် ... နွေဦး သူငယ်ချင်း ရတုမောင်က ကုတ်ချောင်းကုတ်ချောင်းနှင့် အနားတိုးလာနေတာကြောင့် ညီသု့ အမြန် မျက်ရည် တို့ကို ပြန်လည်သိမ်းဆည်းမိသော်လည်း အကဲခက်မြန်သည့် ရတုမောင်က လျှင်စွာသိသည်..။
"ဘာဖြစ်လို့လဲ ဆုံးပြီလား.."
ရှေ့မကြည့် နောက်မကြည့် ပြောရင်း အခန်းထဲကိုလည်း ခြေဖျားလေးထောက်ခါ ချောင်းကြည့်ပြန်သည်..။ ညီသု့က မျက်မှောင်ကြုတ်ခါ ရတုမောင်ကို ပုခုံးမှ စောင့်တွန်းမိတော့ ရတု မထင်ထားတဲ့အားကြောင့် ကြမ်းပြင်ပေါ် ဖင်ထိုင်လျက်ပြုတ်ကျသည်...။ အားကပြင်သည်ထင်၏.. မျက်နှာကလေး ရှုံ့မဲ့လို့...
"ဟာ.. ခင်ဗျား... အား.. ကျွတ် ကျွတ် နာလိုက်တာ.."
လုပ်ပြီးမှ စိတ်မကောင်းဖြစ်သွားသော ညီသု့က မျက်နှာပျက်စွာ မျက်ရည်တွေ လက်ဖြင့်သိမ်းရင်း ရတုရှေ့မှ ရှောင်ထွက်သွားသည်..။
"ဒီအရူး... စေတနာနဲ့လည်း သတင်းမေးရသေးတယ်.. ကျစ်..."
.............................................
" ဒေါက် ဒေါက် ဒေါက်..."
ထိုသို့ အသံလာရာက တံခါးခေါက်သံမဟုတ်! ပါးစပ်ဖြင့် တီးခေါက်သော အသံတုသာ !
ဟံသာဦးက ကုတင်ပေါ် လှဲနေရင်းမှ အပေါက်ဝက နွေဦးဆီအကြည့်ပို့သည်..။
"အဟမ်း.. ပြန်နိုးမလာလောက်တော့ဘူးထင်နေတာ.."
"နွေဦး ဘာလာလုပ်တာလဲ နေကောင်းသေးတာလည်း မဟုတ်သေးဘဲနဲ့.. ပြန်ပါ အခန်းထဲ.."
"အဟက်ဟက်ဟက်... ဟံသာဦးရယ် ခင်ဗျားဆိုသည်မှာလည်းနော်..အဟင်းဟင်း တယ်လည်း ရယ်ရပါ့လား.."
ဟံသာဦးက တိတ်တိတ်ကလေး နေလို့ ငြိမ်သက်နေသည်...။
"ကောင်းပါတယ် မသေတာလည်း.. ကျွန်တော် ရှေ့လျောက် များများ နှိပ်စက်လို့ရတာပေါ့... မိုးကောင်းတုန်းက ရွာထားပြီးပြီ အခု ကျုပ်ကလှည့်ဘဲ.. " ဟုဆိုကာ အနားကပ်ရင်း ဟံသာဦး လည်ပင်းပေါ် လက်ဖြင့်ဖိညှစ်သည်..။
အစ်!
"အဟင်းဟင်း.. ကျုပ်မသတ်ပါဘူး.. ခင်ဗျားကို အများကြီး အများကြီး ပြုစုအုံးမှာ.. ဟက်..."
"........."
ဟစ်... အစ်!
နွေဦး ဟံသာဦးလည်ပင်းပေါ်မှ လက်ကိုဖယ်ရင်း သူ့လက်ဖဝါးလေးကို လေဖြင့် ဟူးခနဲ မှုတ်ထုတ်မိသည်။
"ဒီနေ့တော့ ဒီလောက်ဘဲ သတင်းမေးလာတာမို့လို့..ပြန်လိုက်ပါအုံးမယ်... အေးအေး ချမ်းချမ်း နေ ရစ် ခဲ့ ပါ...အဟားဟား..."
စကားကို တစ်လုံးချင်းပြတ်သားစွာ ပြောပြီး အခန်းထဲမှ ပြန်ထွက်သွားသော နွေဦး ကျောပြင်ကလေးအားကြည့်ခါ ဟံသာဦး ပြုံးမိသည်..။
"ကောင်းတယ်.. ရှေ့လျောက် အတူတူ နေပြီး ကိုယ့်ကို စိတ်ကြိုက်နှိပ်စက်လိုက်စမ်းပါ.. " ဆိုသည့် တီးတိုးစကား....
........................................
zawgyi....
Part 30
Unicode...
"ဆရာ .... !!..."
ဟံသာဦးရဲ႕ ရင္အုံဝဲဘက္ ႏွလုံးတည့္တည့္က ထိုးသြင္းခ်က္ေၾကာင့္ အဆက္မပ်က္ ယိုစိမ့္ေနေသာ ေသြးတို႔က ေရကာတာက်ိဳးပ်က္သလို....
ဟံသာဦးမွာ ညီသု႔ ေအာ္ေခၚသံအဆုံး ေအးစက္ေသာ ၾကမ္းျပင္ေပၚ ေခြေခြးကေလးလဲသည္။
ႏြေဦးမွာ ခဏတာ ေသြးပ်က္သြားရေပမဲ့ သိပ္မၾကာခင္မွာဘဲ ေအာင္နိုင္သူတစ္ေယာက္လိုသာ ဆက္လက္၍ ၿပဳံးလိုက္မိသည္... ႏြေဦးေဘးက ရတုေမာင္က အျဖစ္အပ်က္အလုံးစုံကို မယုံၾကည္နိုင္စြာရွိသည္။
...................................................
အေရးေပၚခန္းဝင္ေနတဲ့ ဟံသာဦးက နာရီေပါင္းမ်ားစြာ ၾကာျမင့္သည္အထိ ဘာသံမွ မၾကားရေသး.. ညီသု႔ သူ႕ဆရာကိုသာ စိတ္ပူစြာ အခန္းေရွ႕ေခါက္တုန႔္ေခါက္ျပန္ ေလွ်ာက္လိုက္ႏွင့္ ဂနာမၿငိမ္ေပ...။
ထို႔ေနာက္ ေနာက္ထပ္ နာရီဝက္ေလာက္ေစာင့္လိုက္ရၿပီးမၾကာပါ အခန္းထဲမွ ဆရာဝန္တေယာက္ထြက္လာေလသည္..။
"လူနာရွင္ ဘယ္မွာလဲ..."
"ကြၽန္ေတာ္......"
အသဲအသန္ျဖစ္ေနေသာ ဆရာဝန္မေလးေၾကာင့္ ညီသု႔ရင္ထဲ ဒိုင္းခနဲ အခ်က္ေပးသည္သံက ကမၻာပ်က္သေယာင္...
"ေသြးအိတ္လိုတယ္ အမွားအယြင္းျဖစ္သြားလို႔ အေတာ္ေလး စိုးရိမ္ရတဲ့အေျခအေနဘဲ...ေနာက္ထပ္ ခြဲစိတ္မွတ္တမ္းအတြက္ လက္မွတ္ထိုးေစခ်င္တယ္..."
ညီသု႔ လက္သီးစုတ္ကို ႏႈတ္ခမ္းနားေတ့လို႔ ဘာလုပ္လို႔လုပ္ရမွန္းမသိ.. ထိုစာ႐ြက္ကိုၾကည့္ခါ ႏြေဦးဆီဘဲ အေျပးေပးရမလိုလို သူကိုယ္တိုင္ဘဲ လူနာရွင္အေနနဲ႕ ထိုးရေတာ့မလိုလို
"လူနာရွင္ အဲ့လိုလုပ္ေနရင္ ခြဲခန္းထဲလူနာ အေျခအေန ပိုဆိုးလာလိမ့္မယ္..."
"အာ... ဟုတ္... ဟုတ္ကဲ့.."
ညီသု႔ sign ေနရာေလးမွာ သူ႕လက္မွတ္ကေလး ထိုးခ်လိဳက္သည္..။ၿပီးမွ ဆရာဝန္မေလးအားၾကည့္လို႔ စိတ္ပူစြာ မွာမိသည္..။
"ကြၽန္ေတာ္တို႔ဆရာကို ေသခ်ာေလး ကုေပးပါ..."
ဆရာဝန္မေလးက ေခါင္းညွိမ့္၍ အထဲျပန္ဝင္သြားသည္။ ထို႔ေနာက္ ခြဲခန္းထဲ လွည္းျဖင့္သယ္လာေသာ ေသြးအိတ္ေတြကို အျခားအကူဆရာဝန္က သယ္ေဆာင္၍ ဝင္သြားေလၿပီ..။
ေနာက္ထပ္၂နာရီၾကာျမင့္တဲ့အခါမွာေတာ့ ေသြးေတြ ေပက်ံေနတဲ့ဆရာဝန္ႀကီးတေယာက္ထြက္လာေလသည္။
"လူနာရွင္..."
"ဟုတ္ကဲ့...ေဒါက္တာ ကြၽန္ေတာ့္ ဆရာ့အေျခအေန..."
"ေသြးေတြ ေတာ္ေတာ္ေလးဆုံးရႈံးထားတာမို႔ အႏၱရာယ္ရွိေပမဲ့ အခုေတာ့ စိတ္မပူရေတာ့ပါဘူး..ဒါနဲ႕ လူနာက ေတာ္ေတာ္ေလး ကံေကာင္းတယ္လို႔ဘဲေျပာရမလားဘဲ.. ထိုးသြင္း ဒဏ္ရာက ႏွလုံးနဲ႕ အေတာ္ေလး နီးေနၿပီ.. ေနာက္တစ္လက္မသာ ထပ္တိုးလိုက္ရင္ နတ္ဘုရားေတာင္ ဆင္းကယ္နိုင္မွာမဟုတ္ဘူး..." ဟူသည့္ စိတ္ပ်က္သံျဖင့္ ဆူပူသြားသေယာင္ရွိ၏..။
"အာ.....ေက်းဇူးတင္ပါတယ္ ေဒါက္တာ ..."
ေခါင္းငုံ႕အရိုအေသေပးေတာ့ ခြဲခန္းထဲက ဆရာဝန္က ကိုယ္လက္သန႔္စင္ရန္ ထြက္သြားၿပီ..။
"ေတာ္ေသးတာေပါ့.."ဟူသည့္ ညီသု႔ ေရ႐ြတ္သံ...
အေရးေပၚခန္းကေန အေရးေပၚ ေစာင့္ၾကည့္လူနာေဆာင္ကို ေ႐ႊ႕ေျပာင္းထားရေသာ ဟံသာဦးသည္ ႏြေဦးႏွင့္ ေဘးခ်င္းကပ္ရပ္ အခန္းတြင္ျဖစ္သည္..။
ကုတင္ေပၚတြင္ လဲေလ်ာင္းေနေသာ သူ႕ဆရာအား ညီသု႔ၾကည့္ခါ ေခါင္းတြင္တြင္ခါမိသည္..။
"ဆရာ ဘာေတြမ်ား ေလွ်ာက္လုပ္ေနရတာလဲ.. ဒီကေလးကိုေရာ ေျပာျပဖို႔ အစီအစဥ္မရွိေတာ့ဘူးလား ျပႆနာက ဒီအတိုင္းထားရင္ ပိုႀကီးလာလိမ့္မယ္....ဟင္း......"
စိတ္ကူးထဲ၌ သာေျပာျဖစ္ခဲ့ေပမဲ့ သက္ျပင္းခ်သံကေတာ့ ခပ္က်ယ္က်ယ္ သူကိုယ္တိုင္ပင္ ျပန္၍ ၾကားေနရေသာ အသံျဖစ္သည္..။
ေမ့ေဆးအရွိန္ေၾကာင့္မို႔ ညေနေလာက္မွ ဟံသာဦး နိုးလာခဲ့ရသည္...။
"ဟင္း.. ဟင္း..."
"ဆရာ နိုးၿပီလား.. " ဆိုသည့္ ခပ္ျပာျပာအသံ..
" အင့္ ညီသုေရ.. ႏြေဦးေရာ အဆင္ေျပရဲ႕လား.."
ညီသု႔က မ်က္ေမွာင္ကုတ္လ်က္ ...
"ႏြေဦးက ဘာမွမျဖစ္ပါဘူး သူအဆင္ေျပပါတယ္.. ဆရာကသာ...."
"အင္းအင္း.. ထိခိုက္ရာေရာ မရွိဘူးမွလား..."
ညီသု႔က အံ့အားသင့္ရသည္..။ အေရးေပၚခန္းက ထြက္လာၿပီး အေရးေပၚေဆာင္မွာ ေစာင့္ၾကည့္ခံထားရတဲ့ ဆရာက ေဆး႐ုံကတင္ေပၚမွာ နည္းနည္းေတာင္ လႈပ္လို႔မရတဲ့ အေနအထား.. ဒါကို နိုးနိုးခ်င္း ဘာမွ မျဖစ္သြားတဲ့ ႏြေဦးကို သတင္းေမးသတဲ့လား...
ဒါနဲ႕မ်ား ဒီကေလးကို သူ႕ဆရာက ဘယ္လိုနည္းနဲ႕မ်ား ႏွိပ္စက္ခဲ့သလဲ... သူ႕ဆရာအား သူ ပို၍ နားမလည္ျဖစ္ရေပမဲ့လည္း ညီသု႔ သူ႕ဆရာလုပ္ရက္ေတြကို တားရမည့္အစား ပို၍ အလိုလိုက္ခ်င္ပါေသးသည္..။
ညီသု႔သက္ျပင္းဖြဖြခ်လိဳ႕ " ဆရာ အခု ႏြေဦးကို ေျပာျပလိုက္သင့္ၿပီထင္တယ္.. အခုလိုလုပ္ေနတာ ဆရာဘဲ ပိုပိုၿပီးအခက္ေတြ႕တယ္မို႔လား.."
ညီသု႔က ထိုသို႔ဆိုလွ်င္... ဟံသာဦးက မ်က္လႊာေတြ ဖိခ်ပစ္ရင္း ခဏတာ အသံတို႔ တိတ္ဆိတ္ေနသည္။
" အခ်ိန္မတန္ေသးဘူး ညီသု႔... ငါတို႔ စုံစမ္းသင့္တာ ဦးေနမင္းခကိုဘဲ.. သူ႕လုပ္ရက္အတြက္ သူပိုၿပီး ပစ္ဒဏ္ခံရမယ္..."
"အခု ဆရာေရာ ႏြေဦးေရာ ပိုၿပီးခံစားရမွာဘဲရွိတယ္ ေရွ႕ဆက္ၿပီးေတာ့လည္း ပန္းခင္းလမ္းမရွိဘူး.. ဦးေနမင္းခက ဆရာ့ကို အရင္က ဘယ္လိုနည္းလမ္းနဲ႕ လိုက္ႏွောက္ယွက္ေနခဲ့သလဲဆိုတာ ကြၽန္ေတာ္ ျပန္ေတြးတိုင္းလန႔္မိတယ္... ဦးေနမင္းခ ဆိုတဲ့လူက လူမွမဟုတ္ဘဲ... ဒီေတာ့ ဆရာ ႏြေဦးနဲ႕ တေလွထဲစီးသင့္တယ္ ဘာလို႔လဲဆိုေတာ့ ဦးေနမင္းခက ဆရာနဲ႕ ႏြေဦးကို ျပန္တိုက္ေပးေနတာအသိသာႀကီးကို..."
ညီသု႔စကားအဆုံးမွာ ဟံသာဦး ၿငိမ္သက္လို႔...
"အဟြတ္ အဟြတ္.. အင့္..ဟင္း..."
"ဆရာ ဘာျဖစ္လို႔လဲ မသက္သာဘူးလား ကြၽန္ေတာ္ ဆရာဝန္သြားေခၚ....."
"ညီသု႔...ေန.. ရတယ္ ေရးႀကီးခြင္က်ယ္မလုပ္နဲ႕.."
ေရးႀကီးခြင္က်ယ္တဲ့လား... မ်က္စိေရွ႕မွာ ဒီေလာက္အထိ ေသမလိုျဖစ္ခဲ့တာ ကြၽန္ေတာ္က စိတ္မပူေပးပိုင္ခြင့္နည္းနည္းေလးေတာင္ မရဘူးလား။
ေခါင္းကေလး ေအာက္ဆိုဒ္လို႔ၾကမ္းျပင္ေပၚ အၾကည့္ပို႔မိသည္..။ ဟုတ္ပါတယ္ ဆရာမွ မသိဘဲ..ကြၽန္ေတာ္ အေလ်ာ့ေပးခဲ့ရတာ ဘယ္ေလာက္ေတာင္မ်ားသလဲ... ျပန္ေတြးၾကည့္ရင္ ကိစၥေတြက ဆက္တိုက္ျဖစ္သြားတာဘဲေလ...
ကြၽန္ေတာ္ စစခ်င္း ကိုယ့္ကိုကိုယ္ gay လို႔ လက္ခံမိခ်ိန္မွာ ဆရာက မမေလး နန္းသွ်စ္ေဝလြန္းနဲ႕ ၿပီးေတာ့ ႏြေဦးနဲ႕ ေနာက္ ႏြေဦးအေမ အထိပါ.. ကြၽန္ေတာ္ ပူးတြဲလုပ္ႀကံသူတေယာက္အေနနဲ႕ပါ ပါဝင္ပတ္သက္ေပးခဲ့တာေလ.. ဒါေတာင္ ဆရာက ကြၽန္ေတာ့္ကို တစ္ခါေလးမွေတာင္ အသိအမွတ္မျပဳေပးခဲ့ဖူးဘူး.. နာက်င္လိုက္တာ.. ဆရာ့ရဲ႕ အတိတ္ေတြကပါ ဦးေနမင္းခက ႏွိပ္စက္ေနေတာ့ ကြၽန္ေတာ္ ပိုနာက်င္ရေနရတယ္... ခက္မ်ားဗ်ာ ......
"ဘာရပ္လုပ္ေနတာလဲ... ကုမၸဏီကိုသြား လုပ္ရမဲ့အလုပ္ေတြကို ေသခ်ာ စီစစ္ခဲ့ ၿပီးရင္ ဦးမင္းဓနကို ေသခ်ာေစာင့္ၾကည့္ထား... လိုရမယ္ရ ျဖစ္ေအာင္ သူ႕သမီးကိုပါ ငါတို႔ဘက္ပါလာေအာင္ မဲဆြယ္ထား...ငါ ဘာေျပာခ်င္လဲ သိတယ္မွလား.."
"ဟုတ္ကဲ့"
တိုတိုတုပ္တုပ္သာ အေျဖျပန္ေပးၿပီး ေစာင့္ၾကည့္ခန္းထဲမွ ထြက္လာမိသည္..။ညီသု႔ ခပ္ေဝးေဝး အျပင္က တေနရာေရာက္မွ ေတးခံထားတဲ့ မ်က္ရည္ေတြ သြန္ခ်မိသည္...။
အမွန္တကယ္ပင္ ညီသု႔ ဟံသားဦးအေပၚ သူငယ္ခ်င္းအဆင့္မွေက်ာ္လြန္၍ စည္းတစ္ခုထက္ေက်ာ္လြန္ေနမိခဲ့တာဘဲ။။။ အခုေတာ့ လႊတ္ခ်ဖိဳ႕ အခ်ိန္တန္ေနၿပီမွလား...။
"ဟင္.. ခင္ဗ်ား ငိုေနတာလား.."
ထိုသို႔လာေမးေသာသူက ရတုေမာင္ ... ႏြေဦး သူငယ္ခ်င္း ရတုေမာင္က ကုတ္ေခ်ာင္းကုတ္ေခ်ာင္းႏွင့္ အနားတိုးလာေနတာေၾကာင့္ ညီသု႔ အျမန္ မ်က္ရည္ တို႔ကို ျပန္လည္သိမ္းဆည္းမိေသာ္လည္း အကဲခက္ျမန္သည့္ ရတုေမာင္က လွ်င္စြာသိသည္..။
"ဘာျဖစ္လို႔လဲ ဆုံးၿပီလား.."
ေရွ႕မၾကည့္ ေနာက္မၾကည့္ ေျပာရင္း အခန္းထဲကိုလည္း ေျခဖ်ားေလးေထာက္ခါ ေခ်ာင္းၾကည့္ျပန္သည္..။ ညီသု႔က မ်က္ေမွာင္ၾကဳတ္ခါ ရတုေမာင္ကို ပုခုံးမွ ေစာင့္တြန္းမိေတာ့ ရတု မထင္ထားတဲ့အားေၾကာင့္ ၾကမ္းျပင္ေပၚ ဖင္ထိုင္လ်က္ျပဳတ္က်သည္...။ အားကျပင္သည္ထင္၏.. မ်က္ႏွာကေလး ရႈံ႕မဲ့လို႔...
"ဟာ.. ခင္ဗ်ား... အား.. ကြၽတ္ ကြၽတ္ နာလိုက္တာ.."
လုပ္ၿပီးမွ စိတ္မေကာင္းျဖစ္သြားေသာ ညီသု႔က မ်က္ႏွာပ်က္စြာ မ်က္ရည္ေတြ လက္ျဖင့္သိမ္းရင္း ရတုေရွ႕မွ ေရွာင္ထြက္သြားသည္..။
"ဒီအ႐ူး... ေစတနာနဲ႕လည္း သတင္းေမးရေသးတယ္.. က်စ္..."
.............................................
" ေဒါက္ ေဒါက္ ေဒါက္..."
ထိုသို႔ အသံလာရာက တံခါးေခါက္သံမဟုတ္! ပါးစပ္ျဖင့္ တီးေခါက္ေသာ အသံတုသာ !
ဟံသာဦးက ကုတင္ေပၚ လွဲေနရင္းမွ အေပါက္ဝက ႏြေဦးဆီအၾကည့္ပို႔သည္..။
"အဟမ္း.. ျပန္နိုးမလာေလာက္ေတာ့ဘူးထင္ေနတာ.."
"ႏြေဦး ဘာလာလုပ္တာလဲ ေနေကာင္းေသးတာလည္း မဟုတ္ေသးဘဲနဲ႕.. ျပန္ပါ အခန္းထဲ.."
"အဟက္ဟက္ဟက္... ဟံသာဦးရယ္ ခင္ဗ်ားဆိုသည္မွာလည္းေနာ္..အဟင္းဟင္း တယ္လည္း ရယ္ရပါ့လား.."
ဟံသာဦးက တိတ္တိတ္ကေလး ေနလို႔ ၿငိမ္သက္ေနသည္...။
"ေကာင္းပါတယ္ မေသတာလည္း.. ကြၽန္ေတာ္ ေရွ႕ေလ်ာက္ မ်ားမ်ား ႏွိပ္စက္လို႔ရတာေပါ့... မိုးေကာင္းတုန္းက ႐ြာထားၿပီးၿပီ အခု က်ဳပ္ကလွည့္ဘဲ.. " ဟုဆိုကာ အနားကပ္ရင္း ဟံသာဦး လည္ပင္းေပၚ လက္ျဖင့္ဖိညွစ္သည္..။
အစ္!
"အဟင္းဟင္း.. က်ဳပ္မသတ္ပါဘူး.. ခင္ဗ်ားကို အမ်ားႀကီး အမ်ားႀကီး ျပဳစုအုံးမွာ.. ဟက္..."
"........."
ဟစ္... အစ္!
ႏြေဦး ဟံသာဦးလည္ပင္းေပၚမွ လက္ကိုဖယ္ရင္း သူ႕လက္ဖဝါးေလးကို ေလျဖင့္ ဟူးခနဲ မႈတ္ထုတ္မိသည္။
"ဒီေန႕ေတာ့ ဒီေလာက္ဘဲ သတင္းေမးလာတာမို႔လို႔..ျပန္လိုက္ပါအုံးမယ္... ေအးေအး ခ်မ္းခ်မ္း ေန ရစ္ ခဲ့ ပါ...အဟားဟား..."
စကားကို တစ္လုံးခ်င္းျပတ္သားစြာ ေျပာၿပီး အခန္းထဲမွ ျပန္ထြက္သြားေသာ ႏြေဦး ေက်ာျပင္ကေလးအားၾကည့္ခါ ဟံသာဦး ၿပဳံးမိသည္..။
"ေကာင္းတယ္.. ေရွ႕ေလ်ာက္ အတူတူ ေနၿပီး ကိုယ့္ကို စိတ္ႀကိဳက္ႏွိပ္စက္လိုက္စမ္းပါ.. " ဆိုသည့္ တီးတိုးစကား....
........................................