MY Crush Is My Step-Father
By bhonesittthaw8
750K 30K 448
ဒုတိယအကြိမ် ပြန်တင်ခြင်း.... More
အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
ep.28
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်
ep.29
11K 516 7
By bhonesittthaw8
Part 29
Unicode...
ငူငူငိုင်ငိုင်လေးထိုင်နေတဲ့ ဆေးရုံကုတင်ပေါ်ကကောင်လေးကို ရတုမောင် မနည်းချော့လိုက်ရသည်ကြောင့် စောနကအထိ အားကိုးတကြီးအော်ငိုနေတဲ့ကောင်ဘေးက ယခုတော့လည်း အေးစက်ဖျော့တော့သွားပြန်သည်..။
ညီသု့ကတော့ အပြင်ကနေပြန်လာပြီး အထုတ်တစ်ထုတ်ဆွဲလို့ ဖော့ဘူးထဲက ထမင်းပေါင်းကို အခြားပန်းကန်ထဲ ထည့်ပြောင်းနေသည်.. ပြီးရင်တော့ ရတုမောင်လက်ထဲထိုးပေးလိုက်သည်..။ သဘောက သူတို့သခင်လေးကို ထမင်းလေးကူကြွေးပေးပါဟူသည့်သဘောမျိုး... ထိုအကြောင်းအရာကား ရတုမောင်သည် နွေဦးအားအငိုတိတ်အောင် ချော့နိုင်စွမ်းကြောင့် နောက်ထပ် အကူအညီတောင်းတာထင်၏..။
"နွေဦး ဘာမှ မစားရသေးဘူးမို့လား.. နည်းနည်းလောက်ဝင်အောင် စားလိုက်အုံး.."
နွေဦးက ထမင်းပန်းကန်ကိုကြည့်ခါ မျက်နှာရှုံ့သည်..။ ဗိုက်က စာနေပေမဲ့လည်း သူဘာမှစားမဝင်ပါလေ.. ထမင်းပေါင်း ပန်းကန်ကို အကြည့်လွှဲရင်း ခေါင်းခါသည်။ ရတုမောင်သက်ပြင်းတစ်ချက်ချရင်း...
"မင်းစားမှ အားရှိမှာ .. အားရှိမှ ဟိုဘဲကြီးကို ပြန်ဖြဲလို့ရမှာ.. စားစမ်းပါကွာ အပျိုးဖြန်းလေးကို ထမင်းကျွေးနေရသလိုဘဲ..."
အရွှန်းဖောက်သော ရတု စကားက ဒီအခြေအနေမှာ မပြောသင့်တာသိပေမဲ့လည်း တဖတ်သူ ခဏတာ စိတ်ကျေနပ်ပျော်ရွှင်အောင်တော့ ပြောသင့်ပါသည်။ ညီသု့က ရတု စကားကြောင့် မျက်လုံးအကြည့်ဆွေလာသည်....။ ဒင်းက သူ့ဆရာသခင်ကား မကောင်းကြောင်းပြောသည်ကိုး.. ။
"နော်.. တစ်လုတ်ဖြစ်ဖြစ် ဝင်အောင်စားစမ်းပါ.. မင်းဟိုဘဲကြီးကိုမကြေနပ်ရင် စိတ်ထဲတော့ ခဏတေးမှတ်ထား မင်းအားရှိနေတဲ့အခါကျမှ ဒေါသတွေပေါင်းပြီးဖြေရှင်းလိုက်ပေါ့.. အဲ့ကျရင် ငါမင်းနဲ့အတူ အလောင်းဖြစ်ဖြစ် ဖြောက်ပေးမယ် အိုခီ.."
လက်မလေးနဲ့ လက်ညှိုးကလေးကွေးလို့ ရယ်ရယ်မောမောနဲ့ လက်တစ်ဖတ်ထောင်ပြလာသောကြောင့် နွေဦးပြုံးမိသည်..။ ပြီးတော့ ထမင်းပေါင်းအား စိတ်လိုလက်ရ စားမိသည်..။
ဘေးက ညီသု့ကတော့ အတော်လေး အမြက်ထွက်လှပြီထင်သည်..။ ရတုခမျာ ပြောသာပြောရတာ ဘေးက ကျောက်ရုပ်ကြီး သူ့ကိုစိုက်ကြည့်နေမှန်းတော့ မသိစိတ်က အလိုလိုသိသည်ကြောင် လိပ်ပြာပင်မလုံ ကျောအေးလှသည်..။ထို့နောက်တော့ ထမင်းပေါင်းပန်းကန်ထဲမှာ ထမင်းပေါင်း တစ်ဝက်ကျိုးသည်...။
"တော်ပြီလား.."
"အင်း..."
ထိုအခါမှ ရတုမောင်က ထမင်းပန်းကန်အားဆွဲယူခါ ဘေးက ကျောက်ရုပ်ကြီးထံအကြည့်ပို့မိသည်..။
ရတုမောင်ဆိုတာကလည်း ပေါတောတော နေတက်သူဆိုပေမဲ့ ဂျစ်တစ်တစ်တော့ကျသေးသည်..။
ညီသု့လက်ထဲကို ထမင်းပေါင်းပန်းကန်ကို လှမ်းပေးတော့ သူက လှမ်းယူသည်.. သို့သော်လည်း ရတုမောင်က ပြန်ဆွဲထားလျှက်ပင် စကားတိုးတိုးဆိုသည်..။
"ထမင်းကျွေးပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ လို့တော့ ပြောလို့ရတယ် သိလား မြွေမကိုက်ဘူး ငရဲလည်းမကြီးဘူး..."
ညီသု့က နဂါးမျက်စောင်းနဲ့ တစ်ချက်ထိုးလို့ပန်းကန်ကို မရမက ဆွဲလုသွားသည်..။ ရတုရဲ့ ဘာမဟုတ်တဲ့စကားလေးတစ်ခွန်းကြောင့် စိတ်ဆိုးမာန်ဆိုးဖြစ်သွားသော ညီသု့ကိုကြည့်ခါ  ရယ်ချင်ပတ်ကျိ ဖြစ်သွားရသည်..။
..............................................
ညနေလောက်ကျ ဟံသာဦး အပြေးတစ်ပိုင်းနဲ့ နွေဦးဆီ ပြန်ရောက်လာမိသည်..။ အခြေအနေအရ တင်းကျပ်မှန်းသိသော်လည်း သူ ထိုကောင်လေးရဲ့ ပုံရိပ်လေးကို ခဏတာ မြင်ချင်မိသေးသည်..။
ဟံသာဦးမှာ ကုတင်ပေါ်ထိုင်ရင်း အိပဲ့အိပဲ့နှင့်ပါးစပ်ထဲ  အသီးဝါးနေသော နွေဦးရဲ့ပုံလေးကိုမြင်လျှင် ပါးစပ်ထဲ တ,နေသော နာမည်လေးအား အဖျားဆွတ်၍ နူးနူးည့ံည့ံကလေး ခေါ်မိသည်..။
"နွေဦး..."
ကြားလိုက်ရသော အသံကြောင့် နွေဦးခမျာ ကုလားသိုက်ကျားဝင်ကိုက်သလို စိတ်ထဲ ဝုန်းတိုင်းကျဲသွားရသည်..။ သတ်ပစ်ချင်လောက်အောင် မုန်းရသော ထိုလူသားကို နွေဦး နည်းနည်းလေးမှ အသက်ရှင်လျက်မထားချင်တော့ပေ..
ကုတင်ဘေးမှာ ထိုင်ခါ အသီးနွှာပေးနေသော ရတုလက်ထဲက ဓားကို ဆွဲလုလို့ ဟံသာဦးဆီ ပြေးနေသောခြေထောက်တွေကို အရှိန်တင်လိုက်သည်..။
ရတု လက်ထဲက အလုခံလိုက်ရသော ဓားကလေးသည် နွေဦးလက်ထဲနေရာယူလို့.. ရတုမှာ ပြန်ဆွဲယူဖို့ပင် မေ့လျော့နေခဲ့သည်..။ အဖြစ်အပျက်က အင်မတန်မှ  မြန်သွားသည်ကိုး...
သူ့ဆီ ပြေးသည်မဟုတ်သော်လည်း အပြေးတစ်ပိုင်းနဲ့လာနေသော ကောင်လေးရဲ့ လက်ထဲတွင် ဓားတစ်လက်ပါသည်..။သူ့ကို ထိုးဖို့တဲ့လေ... ဗိုက်ထဲ ထိုးထည့်ဖို့ပြင်နေသော ၅လက်မ ဓားအရှည်ချွန်ချွန်သည် ဟံသာဦးကိုယ်ထဲ မရောက်ခက်တစ်လက်မအလိုမှာ ရပ်တန့်သွားသည်..။
ခန္ဓာကိုယ်ချင်းနှစ်ခု နီးကပ်နေသောအနေအထားနှင့် နွေဦးမျက်မှာ ဒေါသရိပ်သန်းနေသော်လည်း တစ်ဖတ်က ဟံသာဦးမျက်နှာတွင်တော့ အပြုံးလေးတစ်ခု ဆင်မြန်းထားသည်..။
ပေါက်!
ပေါက်! ပေါက်!
တပေါက်ပေါက်ပြုတ်ကျလာနေသော သွေးစက်လို့က ဟံသာဦး သူ့ဗိုက်ထဲ နေရာယူရန်အတင်းလာသောဓားကို လက်ဖြင့် ဖမ်းဆွဲဟန့်တားလိုက်မှုကြောင့် လက်ထဲမှ အပြေးအလွှားကျလာသည်ထင်၏..။
"အဲ့လောက်တောင်မုန်းလား..." ဟုဆိုသည့် အေးစက်သည့် စကားတစ်ခွန်း.. နွေဦးက အခုထိ စူးစူးဝါးဝါး မျက်ဝန်းတွေမှ ဒေါသတွေက လျော့မလာသည့်အပြင် ပိုလို့ပင်တိုးလာနေသေးသည်..။
"မုန်းတာထက်ပိုတာ.. မုန်းတာကမှ အချိန်တန်ရင် ပြန်ပြင်လို့ရသေးတယ် ခင်ဗျားကို စိတ်ပျက်တာ.. လူတယောက်ကို စိတ်ပျက်အောင်လုပ်ပြီးရင် ဘယ်တော့မှ ဘယ်ပြန်လာလို့မရဘူး... ခင်ဗျားက သေသင့်တဲ့သူ.. ဒီနေ့ ခင်ဗျား သေရမယ်.."
ထိုအခါ ဟံသာဦး လက်တို့က နွေဦးဓားကို ဖမ်းဆုတ်ရင်းမှ အလိုအလျောက် သူ့ရင်ဘက်အနားကို တိုးဝှေ့ရင်း ချိန်ကပ်ပေးလာသည်..။
"ထိုးရင်လည်း ဒီနေရာကိုထိုး.. သေမဲ့သေတော့လည်း တကယ်သေမဲ့နေရာကိုဘဲ ရွေးသင့်တယ်မို့လား နွေဦးလေးရဲ့..."
နွေဦးရဲ့အကြည့်တို့က ပို၍ပို၍ ဒေါသပြင်းပြလာနေတာကို ဟံသာဦးတွေ့ရတော့ ကြေနပ်နေသော အပြုံးလေးတစ်ခုနှင့်ပင် စောနကအတိုင်း ပြုံးထားမြဲ...လက်တို့က နွေဦးဓားထက်မှ ရွှေ့လျားခါ ဓားရိုးကိုဆုတ်ကိုင်ထားသော နွေဦးလက်အပေါ်မှ ဆုပ်ထွေးအုပ်ကိုင်လို့ သူ့ရင်ဘက် နှလုံးတည့်တည့်သို့ တဖြည်းဖြည့်စိုက်ထည့်နေသည်..။
ထိုအချိန် အခန်းထဲ ပြန်ဝင်လာသော ညီသုကမြင်လျှင် စိုစွတ်နေသော သူ့ဆရာ ရင်ဘက်က သွေးကွက်က အကွက်လိုက်.. ဟံသာဦးက ဘယ်မှုမှ အာရုံထားမနေတဲ့ပုံနဲ့ သူ့အလုပ်ကိုသာ ဆက်လုပ်လို့...
နွေဦးပုံကလည်း အတော်လေးလန့်နေသယောင်.. ဘေးက ရတုမောင်က အခုမှ အသိတရားဝင်လာသလို ပုံနဲ့ မတ်တပ်ထရပ်ပစ်လိုက်သည်...။
"နွေဦး! ."
ညီသု့က မြန်သော အရှိန်တစ်ခုနဲ့အတူ ထိုဓားကို ဆွဲယူခါ နွေဦးတို့လက်တွေကို ဖြတ်ရိုက်ပစ်လိုက်တော့ လက်နာသွားသော နွေဦးက လက်ထဲမှ ဓားကလေးက ကြမ်းပြင်ထက် ချွင်ခနဲ အသံထွက်လာအောင် ခပ်ကြမ်းကြမ်း ပြုတ်ကျသွားလေသည်..။
ရတုမောင်က ထိုအခါမှ ကြောင်တောင်တောင်ဖြစ်သွားသော နွေဦးကို ဖမ်းဆွဲသလို ညီသု့ကလည်း သူ့ဆရာအကြောင်းသိစွာ ကြမ်းပြင်ပေါ်က ဓားကို ဟံသာဦးထပ်မကောက်နိုင်အောင် ခြေထောက်ဖြင့်အဝေးတနေရာကို ကန်ထုတ်ပစ်လိုက်သည်..။
ပြီးရင်တော့ မျက်နှာသွေးမလျောက်တော့သော ဟံသာဦးမျက်နှာက ဖြူဖျော့စွာ အခန်းတံခါးဘက်ဆီပြန်လျှောက်လှမ်းနေသော ခြေထောက်တွေက ယိုင်နဲ့သွားလျှင် ဟံသာဦး ဆေးရုံကြမ်းပြင်နှင့် သူ့တစ်ကိုယ်လုံး မိတ်ဆက်သွားလေပြီ...။
"ဆရာ .... !!..."
ပျက်ရှရှ အသံတစ်ခုက နားထဲ ဝင်တစ်ချက်မဝင်တစ်ချက်.. တဆစ်ဆစ်ထုံကြင်ကိုက်ခဲနေသော ဝဲဘက် နှလုံးသားက ဒဏ်ရာကနာနေသည်မဟုတ်ဘဲ ခံစားချက်ကပို၍ နာနေသည်..။ အမှန်က ဟံသာဦး လက်တင်ပေးထားယုံဘဲ အမှန်တကယ် ထိုးချသွားသည့် နွေဦးလက်ထဲက ဓားသည် နှလုံးသားလေးထဲ အတင်းတိုးဝင်ချင်နေပုံရသည်..။
Zawgyi....
Part 29
Unicode...
"နွဦေး ဘာမှ မစားရသေးဘူးမို့လား.. နည်းနည်းလောက်ဝင်အောင် စားလိုက်အုံး.."
"တော်ပြီလား.."
"အင်း..."
..............................................
ဟံသာဦးမှာ ကုတင်ပေါ်ထိုင်ရင်း အိပဲ့အိပဲ့နှင့်ပါးစပ်ထဲ  အသီးဝါးနေသော နွဦေးရဲ့ပုံလေးကိုမြင်လျှင် ပါးစပ်ထဲ တ,နေသော နာမည်လေးအား အဖျားဆွတ်၍ နူးနူးညံ့ညံ့ကလေး ခေါ်မိသည်..။
"နွဦေး..."
ကြားလိုက်ရသော အသံကြောင့် နွဦေးခမျာ ကုလားသိုက်ကျားဝင်ကိုက်သလို စိတ်ထဲ ဝုန်းတိုင်းကျဲသွားရသည်..။ သတ်ပစ်ချင်လောက်အောင် မုန်းရသော ထိုလူသားကို နွဦေး နည်းနည်းလေးမှ အသက်ရှင်လျက်မထားချင်တော့ပေ..
ခန္ဓာကိုယ်ချင်းနှစ်ခု နီးကပ်နေသောအနေအထားနှင့် နွဦေးမျက်မှာ ဒေါသရိပ်သန်းနေသော်လည်း တစ်ဖတ်က ဟံသာဦးမျက်နှာတွင်တော့ အပြုံးလေးတစ်ခု ဆင်မြန်းထားသည်..။
ပေါက်!
ပေါက်! ပေါက်!
"အဲ့လောက်တောင်မုန်းလား..." ဟုဆိုသည့် အေးစက်သည့် စကားတစ်ခွန်း.. နွဦေးက အခုထိ စူးစူးဝါးဝါး မျက်ဝန်းတွေမှ ဒေါသတွေက လျော့မလာသည့်အပြင် ပိုလို့ပင်တိုးလာနေသေးသည်..။
ထိုအခါ ဟံသာဦး လက်တို့က နွဦေးဓားကို ဖမ်းဆုတ်ရင်းမှ အလိုအလျောက် သူ့ရင်ဘက်အနားကို တိုးဝှေ့ရင်း ချိန်ကပ်ပေးလာသည်..။
"ထိုးရင်လည်း ဒီနေရာကိုထိုး.. သေမဲ့သေတော့လည်း တကယ်သေမဲ့နေရာကိုဘဲ ရွေးသင့်တယ်မို့လား နွဦေးလေးရဲ့..."
နွဦေးရဲ့အကြည့်တို့က ပို၍ပို၍ ဒေါသပြင်းပြလာနေတာကို ဟံသာဦးတွေ့ရတော့ ကြေနပ်နေသော အပြုံးလေးတစ်ခုနှင့်ပင် စောနကအတိုင်း ပြုံးထားမြဲ...လက်တို့က နွဦေးဓားထက်မှ ရွှေ့လျားခါ ဓားရိုးကိုဆုတ်ကိုင်ထားသော နွဦေးလက်အပေါ်မှ ဆုပ်ထွေးအုပ်ကိုင်လို့ သူ့ရင်ဘက် နှလုံးတည့်တည့်သို့ တဖြည်းဖြည့်စိုက်ထည့်နေသည်..။
နွဦေးပုံကလည်း အတော်လေးလန့်နေသယောင်.. ဘေးက ရတုမောင်က အခုမှ အသိတရားဝင်လာသလို ပုံနဲ့ မတ်တပ်ထရပ်ပစ်လိုက်သည်...။
"နွဦေး! ."
ညီသု့က မြန်သော အရှိန်တစ်ခုနဲ့အတူ ထိုဓားကို ဆွဲယူခါ နွဦေးတို့လက်တွေကို ဖြတ်ရိုက်ပစ်လိုက်တော့ လက်နာသွားသော နွဦေးက လက်ထဲမှ ဓားကလေးက ကြမ်းပြင်ထက် ချွင်ခနဲ အသံထွက်လာအောင် ခပ်ကြမ်းကြမ်း ပြုတ်ကျသွားလေသည်..။
ရတုမောင်က ထိုအခါမှ ကြောင်တောင်တောင်ဖြစ်သွားသော နွဦေးကို ဖမ်းဆွဲသလို ညီသု့ကလည်း သူ့ဆရာအကြောင်းသိစွာ ကြမ်းပြင်ပေါ်က ဓားကို ဟံသာဦးထပ်မကောက်နိုင်အောင် ခြေထောက်ဖြင့်အဝေးတနေရာကို ကန်ထုတ်ပစ်လိုက်သည်..။
"ဆရာ .... !!..."
Continue Reading
You'll Also Like
655K 88.4K 159
Unicode + Zawgyi ကိုယ်တိုင်ဖတ်ချင်မိတဲ့အတွက် ဘာသာပြန်ခြင်း ဖြစ်ပါတယ် ပျော်စရာကောင်းသော နေ့ရက်လေးများ ပိုင်ဆိုင်ကြပါစေ
3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
21.7K 1.2K 10
Artist - Alien's Art Writer - JeonYiMon ©Yote Pya - ရုပ်ပြ
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022