MY Crush Is My Step-Father

By bhonesittthaw8

748K 30K 446

ဒုတိယအကြိမ် ပြန်တင်ခြင်း.... More

အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.28
ep.29
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်

ep.27

11.7K 517 6
By bhonesittthaw8

Part 27

Unicode...

"ဟ လွှတ်.. အင့်.. လည်ပင်းအစ်နေပြီ..."

ကောင်လေး ဝတ်ထားတဲ့ ခေါင်းစွပ်ပါတဲ့ hoodie အင်္ကျီခရမ်းနုအား ဂုတ်မှ ဆွဲချုပ်ကိုင်ထားသောကြောင့် သူ့အား လည်ပင်းညှစ်ထားသလိုဖြစ်နေမိသည်။ လက်ကားယား ခြေကားယားနဲ့ အမူအရာပါပြနေပြီမို့ ညီသု့ သူ့လက်ကို ထိုအင်္ကျီပေါ်မှ အမြန် ဖယ်ခွာပေးလိုက်မိသည်။ ထိုအခါမှ ထိုလူသားက သူ့လည်ပင်းလေးကို ဖမ်းဆုတ်ကိုင်လို့ ကိုယ့်အား မျက်စောင်းထိုးပြီး လှည့်ကြည့်လာသည်..။

"လူကို သေအောင်သတ်နေတာလား ခင်ဗျား ကျုပ်ကို တမင်သေစေချင်နေတာမှလား.. ဒါ လူသတ်ရန်ကြံစည်မှုနော်... "

"အဟမ်း.."

ချောင်းတစ်ချက်ဟန့်လို့ ရတုရှေ့မှရှောင်ထွက်သွားသော ညီသု့က ထိုကောင်လေးစကားအား အရေးမစိုက်ပုံ...

"နေအုံး ဘယ်သွားမလို့လဲ လူလိုပြောနေတာကို လူဆိုရင် ခင်ဗျား တောင်းပန်ပါတယ်ဆိုတဲ့ စကားလေးတော့ ပြန်ပြောလို့ရပါတယ်..."

ထွက်သွားမည်ပြုနေသော  ညီသု့လက်ကို မရမက ဖမ်းဆွဲခါ ညီသု့ဆီက အဖြေမရမချင်း ရတုမောင် ဈေးဝယ်သူလိုမျိုး ဈေးစစ်နေလေသည်..။

"တောင်းပန်လေ.. လူဆိုတာ ကျေးဇူးတင်ပါတယ် နဲ့ တောင်းပန်ပါတယ် ဆိုတဲ့ စကားနှစ်ခွန်းကို မွေးကတည်းက မသင်ဘဲ တက်ထားရတယ်.. ပြောလေ မြန်မြန်......."

"............"

ညီသု့ဆီမှ ပြန်ရလာသည်က ခပ်ဆူးဆူးအကြည့်တစ်ခုသာဖြစ်လေသည်..။ အလိုမရှိသော စိတ်ပျက်သော အာရုံနောက်သော စသည့် အဓိပ္ပါယ်ပေါင်းများစွာ သက်ရောက်နေ့သည့်အကြည့်က ရတုမောင်အား မကြာခင်အတွင်းမှာဘဲ ကြက်သီးအဖြန်းဖြန်း ထစေသည်အထိ...။

ညီသု့က စကားမပါဘဲ ရတုမောင် ကိုင်ထားတဲ့ သူ့လက်ကို မျက်မှောင်ကြုတ်ရင်း ငုံ့ကြည့်လာလျှင်
သူ ဖမ်းဆုတ်ထားတဲ့ ညီသု့လက်ကို ခပ်မြန်မြန်ပင် လွှတ်ပေးလိုက်ရတော့သည်..။ ထို့နောက် ပါးစပ်ကလည်းပွစိပွစိ...

"သူ့ကို တောင်းပန်တယ်လို့ ပြောခိုင်းရတာ ချစ်တီးခေါင်းမှာ သန်းရှာထွက်နေရသလိုဘဲ.. ဟွန်း နေပါ.. မပြောချင်လည်းနေ.. " ဆိုပြီးကျောပိုးအိတ်ကလေး ပုခုံးပေါ် ပြန်မတင်ခါ ထွက်သွားသော ကောင်လေးက ညီသု့အား တကယ့်ကို အာရုံနောက်စေသည်။

ညီသု့ သည် တောင်းပန်ပါတယ် ဆိုသော စကားနဲ့ ကျေးဇူးတင်ပါတယ်ဆိုသောစကားအား ပြောဖြစ်ခဲ့သူမှာ သူ့အသက်သခင် ကျေးဇူးရှင်ဖြစ်သော ဟံသာဦးတို့မိသားစုအပေါ်တွင်သာဖြစ်သည်..။ နေစရာ စားစရာမရှိသော သူတို့မိသားစုသည် တနေ့တော့ ထိုအိမ်ကြီးတွင် အစေခံအလုပ်ဖြင့် အလုပ်လုပ်ရန် ကံပါလာသည်မို့ ... ယခုတွင် သူ့အသက်ထက်ဆုံး ကာကွယ်ပေးမည့်သူမှာ သူ့ဆရာသခင်ဖြစ်ဟန်တူသော ဟံသာဦးတယောက်ထဲသာ...

အကယ်၍ သူ့ဘဝမှာ တွယ်တာစရာ အပိုလူတစ်ယောက် ထပ်မပါလာဘူးဆိုရင်ပေါ့လေ........

ကျယ်ပြောလှသော ပုဂ္ဂလိဂ ဆေးရုံကြီးတစ်ခုရဲ့ အခန်းငယ်တစ်ခန်းတွင်တော့ ကောင်လေးတယောက်က မေ့မျောနေသော အခြားကောင်လေးမျက်နှာအား စေ့စေ့ကြည့်လို့....

" နွေဦး... ဒါက မင်းရဲ့ ကံတရားဘဲ ဒါကို မင်းလက်ခံရမယ်... မင်းမိဘတွေရဲ့ ပေါ့ဆမှုကြောင့် မသေသင့်ဘဲ သေဆုံးသွားရတဲ့ လူတစ်ဦးရဲ့ အနက်နဲဆုံးဒဏ်ရာလို့ဘဲ မှတ်ပေါ့... "

ဆေးရုံကုတင်ပေါ်မှာ အိပ်ပျော်နေသော ကောင်လေးအား မျက်ရည်ကြည်များစွာဖြင့် ဝမ်းနည်းရိပ်သမ်းစွာ တယောက်ထဲစကားပြောနေသော ဟံသာဦးက ထိုကောင်လေးရဲ့ လက်ဖဝါးကိုပါ တင်းတင်းကျပ်ကျပ် ဆုတ်ကိုင်ထားသေးသည်...။

ဦးနေမင်းခ ခင်ဗျားဘဝ အဆုံးသတ်ပြီဘဲ!
မထိသင့်တဲ့သူကိုမှ လာထိရတယ်လို့!

............................................................

"ဟားဟားဟား... ထိချက်က ဗဟိုတည့်တည့်ဘဲ.."

လက်တစ်ထွာသာသာ ရှိသော စူးမြှားကလေးက ဦးနေမင်းခရဲ့ အရှိန်ပါပါ ပစ်ချက်အောက်မှာ နံရံ၌ ချိတ်တွဲ ထားသော စက်ဝိုင်းပုံ စည်းချထားသော သရေပြားချက်ရဲ့ အလယ်တည့်တည့်ကို ထိမှန်ပြီး ပန်းဝင်သွားသဖြင့် တဟားဟားရယ်နေမိသည်...။

"ရဲနောင်မိုး မြင်လား မြင်လား... ဟားဟားဟား... "

ဘေးတွင် ထီးထီးကြီး မလှုပ်မယှက်ရပ်နေသော သူ့လက်ထောက် ရဲနောင်မိုးအား ဂုတ်မှဖတ်သိုင်းရင်း သူဗဟိုချက်တိတိကို ထိမှန်သွားကြောင်း ဂုဏ်ဖော်ပြနေသည်...။

"ဟင်း.......ပျော်စရာလည်းမကောင်းဘူး...."

အားတက်သယောရယ်နေသည့် ဦးနေမင်းခက ရှိုက်သံတစ်ချက်ဆွဲရင်း ရဲနောင်မိုးဘက်တစ်ချက်လှည့်ကြည့်ခါ ရယ်နေရာမှတိခနဲရပ်ရင်း ဆိုလာသည်..။ ရဲနောင်မိုးကတော့ သူ့ဆရာအား အမှားလုပ်မိသယောင် ခါးအားကွေးညွှတ်လို့ တောင်းပန်ရှာသည်..။

ဦးနေမင်းခကတော့ သူ့နေရာ ထိုင်ခုံ၌ ပြန်ထိုင်လို့ ငှဲ့ပြီးသား ဝီစကီခွက်အား လည်ချောင်းထဲပို့ချသည်။ခါးသက်သက်နှင့် ပူနွေးပြင်းရှစွာ အဝင်ဆိုးလှသည့် ထိုအရည်က သူ့အားအကောင်းဆုံးအဖြစ် အဖော်ပြုပေးနေသည်..။

သူဆိုဖာပေါ် ကျောမှီချခါ ရဲနောင်မိုးအား လည်ပြန်နှင့် မော့ကြည့်သည်..။ ရဲနောင်မိုးကတော့ ရှေ့တူရုတည့်တည့်ဆီသာ အကြည့်ပို့လို့.... သူ့တာဝန်က သူ့သူဠေးနှင့်အနီးဆုံးတနေရာမှာ မတ်တပ်ရပ်လို့ ရန်သူကိုသာ စောင့်ကြည့်ပေးရမည်သာဖြစ်သည်..။ ဦးနေမင်းခ သဘောကျစွာ ပြုံးလိုက်မိသည်...။

"အဟင်း... အခုလောက်ဆို သောကတပြင်းနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလောက်ရောပေါ့..."

ကျေနပ်သဘောကျနေသော ဦးနေမင်းခက ရဲနောင်မိုး လက်ကို လှမ်းခါ ဆောင့်ဆွဲရင်း သူ့ပေါင်ပေါ်တွင် ခွလျက်သား ထိုင်စေလိုက်သည်..။ အရှိန်ကမြန်သည်မို့ ရဲနောင်မိုး မျက်လုံးပြူးသွားရသည်..။

"ရဲနောင် ငါ့ရဲ့ နီရဲနေတဲ့ ပန်းသီးလေး...မင်းရဲ့ အတိတ်ကို မင်းသတိရောရသေးရဲ့လား... "

ရဲနောင်မိုးက နာကြည်းစွာ မျက်နှာတစ်ဖတ်လွှဲသွားလျှင် ဦးနေမင်းခက အလျှင်အမြန်လိုက်ဆွဲသည်..။

"ပြောစမ်းပါ....အော့... ဟုတ်သားဘဲ မင်းမှ စကားမပြောတက်ဘဲ ဟားဟားဟား..."

ရဲနောင်မိုး ရဲ့ ပါးကို သူ့လက်တွေနှင့် ခပ်ကြမ်းကြမ်း ဖိညှစ်ထားသည်မှာ နှုတ်ခမ်းတွေပင် ဆူချွန်လျှက်ရှိသည်..။

"မင်းက တာဝန်သိတက်တဲ့ ကောင်လေးတယောက်ပါ... ပြီးတော့ ငါယုံကြည်ရတဲ့သူ..မင်း လွန်ခဲ့တဲ့ နှစ်တွေက ငါ့ဆီကို ဘယ်လိုပုံစံနဲ့ရောက်လာခဲ့လဲဆိုတာ မင်းမှတ်မိတယ်မှလား..."

ရဲနောင်မိုးမှာ ခပ်တွေတွေနဲ့ အကြောင်းအရာတချို့အား စဉ်းစားနေမိသည်...။ ထိုအကြောင်းအရာကား လွန်ခဲ့သည့် ၄နှစ်ကျော်၅နှစ်နီးပါးလောက်ကဖြစ်လိမ့်မည်။

ရဲနောင်မိုးဟု မခေါ်ဝေါ်ခင်က သူ့အမည်နာမသည် စိုင်းမင်းမောင် ဟူ၍ ဖြစ်တည်ခဲ့ဖူးပါသည်..။

(A/N- မှတ်မိလား စိုင်းမင်းမောင်ကို နွေဦးကို နှိပ်စက်တဲ့ ကျောင်းနေဘက် ကောင်လေးလေ )

အဲ့အချိန်က သူကျောင်းတွင် ပျော်လို့ပါးလို့ကောင်းတုန်း.. ကျောင်းကြီးရဲ့ ၁၀တန်းစာမေးပွဲပြီးသည့်နေ့ကဖြစ်လောက်မည်...။ သူနွေဦးဆိုသော ကောင်လေးကို အနုနည်းရော အကြမ်းနည်းနဲ့ပါ နှိပ်စက်ပြီး ပိုက်ဆံလုခါ သူငယ်ချင်းတွေနှင့် ကာရာအိုကေ ခန်းသွားရန်ထွက်လာခဲ့လေသည်..။ နွေဦးတို့က ပိုက်ဆံချမ်းသာတော့ စိုင်းမင်းမောင်တို့အတွက် တကယ့်ကို ပိုက်ဆံအိတ်တစ်လုံးဖြစ်နေခဲ့တာ မထူးဆန်းပေ...။

ထိုနေ့က ကာရာအိုကေ ခန်းတွင် သူတို့ အရိုက်ခံခဲ့ရသည်..။ ရိုက်တဲ့သူမှာ ဟံသာဦးဖြစ်ပြီး စိုင်းမင်းမောင်တို့အဖွဲ့မှာ မူးရူးနေသဖြင့် အတော်လေးအထိနာခဲ့သည်..။ ဟံသာဦး ဆိုသော ကောင်ရဲ့ လက်ချက်ဖြင့် စိုင်းမင်းမောင်စကားပြောစွမ်းရည်ကို ဆုံးရှုံးခဲ့ရသည်...။

"မင်းတို့ကို ဘယ်သူက ထိခိုင်းလို့ ထိရတာလဲ...ဟမ်! ခွေးမသားတွေ... မင်းတို့ ဒီနေ့အကုန်သေပြီသာမှတ်..."

"တောင်းပန်ပါတယ်.. မရိုက်ပါနဲ့တော့..." ဟု လက်အုပ်ချီလို့ တောင်းပန်သူက တောင်းပန် ခြေသလုံးဖတ်သူက ဖတ်နှင့် အခန်းသည် အတော်လေး ဗရုတ်ဆန်လှသည်..။

"မင်း ဟံသာဦးမှလား ဘာလို့လဲ ဘာလို့ဒီလိုလုပ်တာလဲ.." ဆိုခါ စိုင်းမင်းမောင်ကမေးလျှင်

ဟံသာဦးတစ်ချက်ပြုံးရင်း..." ဘာရယ် ဘာလို့လုပ်လဲဟုတ်လား... မင်းတို့ ငါ့ နွေဦးကိုထိခဲ့လို့ အပစ်ပေးတာ..."

"နွေဦး....မင်းက အဲ့ကောင်ဘတ်တော်သားလား.."

"သိခွင့်မရှိဘူး..."

ထိုနေ့ညက လူရိုက်သံ အော်ဟစ်သံတွေ ပြည့်နေပေမဲ့လည်း အခန်းက အတော်လေး လုံသည်ကြောင့် သူတို့အော်ဟစ်ဆူညံသံတွေကို အပြင်မှ မည်သူမှမကြားခဲ့ကြပေ... ဟံသာဦး ရဲ့ လုပ်ရပ်အချို့ကြောင့် စိုင်းမင်းမောင်ထိုနေ့ညက အတော်လေး ထိပ်ထိပ်ပြာပြာဖြစ်သွားခဲ့ရသည်..။

လဲလျောင်းနေသော ကာရာအိုကေခန်းထဲမှ ဟံသာဦး ထွက်သွားပြီးမကြာခင်မှာ အခြား လူတယောက်ဝင်လာခဲ့သည်..။ တိုက်ရိုက်ပြောရမယ်ဆိုရင် ထိုလူက ဦးနေမင်းခဖြစ်ခဲ့သည်..။ ထွေပြားနေသောအာရုံကြားမှ ကြားသိခဲ့ရသောထိုသူ့ဆီက စကားတစ်ခွန်းမှာ...

"ငါနဲ့ ပူးပေါင်းပြီး လက်စားခြေမလား " တဲ့လေ......

အဲ့လိုနဲ့ စိုင်းမင်းဟာ ဦးနေမင်းခရဲ့ ဘက်တော်သားတယောက်ဖြစ်လာခဲ့သည်ဘဲဆိုပါတော့...။

...........................................................

Zawgyi

Part 27

Unicode...

"ဟ လႊတ္.. အင့္.. လည္ပင္းအစ္ေနၿပီ..."

ေကာင္ေလး ဝတ္ထားတဲ့ ေခါင္းစြပ္ပါတဲ့ hoodie အကၤ်ီခရမ္းႏုအား ဂုတ္မွ ဆြဲခ်ဳပ္ကိုင္ထားေသာေၾကာင့္ သူ႕အား လည္ပင္းညွစ္ထားသလိုျဖစ္ေနမိသည္။ လက္ကားယား ေျခကားယားနဲ႕ အမူအရာပါျပေနၿပီမို႔ ညီသု႔ သူ႕လက္ကို ထိုအကၤ်ီေပၚမွ အျမန္ ဖယ္ခြာေပးလိုက္မိသည္။ ထိုအခါမွ ထိုလူသားက သူ႕လည္ပင္းေလးကို ဖမ္းဆုတ္ကိုင္လို႔ ကိုယ့္အား မ်က္ေစာင္းထိုးၿပီး လွည့္ၾကည့္လာသည္..။

"လူကို ေသေအာင္သတ္ေနတာလား ခင္ဗ်ား က်ဳပ္ကို တမင္ေသေစခ်င္ေနတာမွလား.. ဒါ လူသတ္ရန္ႀကံစည္မႈေနာ္... "

"အဟမ္း.."

ေခ်ာင္းတစ္ခ်က္ဟန႔္လို႔ ရတုေရွ႕မွေရွာင္ထြက္သြားေသာ ညီသု႔က ထိုေကာင္ေလးစကားအား အေရးမစိုက္ပုံ...

"ေနအုံး ဘယ္သြားမလို႔လဲ လူလိုေျပာေနတာကို လူဆိုရင္ ခင္ဗ်ား ေတာင္းပန္ပါတယ္ဆိုတဲ့ စကားေလးေတာ့ ျပန္ေျပာလို႔ရပါတယ္..."

ထြက္သြားမည္ျပဳေနေသာ  ညီသု႔လက္ကို မရမက ဖမ္းဆြဲခါ ညီသု႔ဆီက အေျဖမရမခ်င္း ရတုေမာင္ ေဈးဝယ္သူလိုမ်ိဳး ေဈးစစ္ေနေလသည္..။

"ေတာင္းပန္ေလ.. လူဆိုတာ ေက်းဇူးတင္ပါတယ္ နဲ႕ ေတာင္းပန္ပါတယ္ ဆိုတဲ့ စကားႏွစ္ခြန္းကို ေမြးကတည္းက မသင္ဘဲ တက္ထားရတယ္.. ေျပာေလ ျမန္ျမန္......."

"............"

ညီသု႔ဆီမွ ျပန္ရလာသည္က ခပ္ဆူးဆူးအၾကည့္တစ္ခုသာျဖစ္ေလသည္..။ အလိုမရွိေသာ စိတ္ပ်က္ေသာ အာ႐ုံေနာက္ေသာ စသည့္ အဓိပ္ပါယ်ပေါင်းများစွာ သက္ေရာက္ေန႕သည့္အၾကည့္က ရတုေမာင္အား မၾကာခင္အတြင္းမွာဘဲ ၾကက္သီးအျဖန္းျဖန္း ထေစသည္အထိ...။

ညီသု႔က စကားမပါဘဲ ရတုေမာင္ ကိုင္ထားတဲ့ သူ႕လက္ကို မ်က္ေမွာင္ၾကဳတ္ရင္း ငုံ႕ၾကည့္လာလွ်င္
သူ ဖမ္းဆုတ္ထားတဲ့ ညီသု႔လက္ကို ခပ္ျမန္ျမန္ပင္ လႊတ္ေပးလိုက္ရေတာ့သည္..။ ထို႔ေနာက္ ပါးစပ္ကလည္းပြစိပြစိ...

"သူ႕ကို ေတာင္းပန္တယ္လို႔ ေျပာခိုင္းရတာ ခ်စ္တီးေခါင္းမွာ သန္းရွာထြက္ေနရသလိုဘဲ.. ဟြန္း ေနပါ.. မေျပာခ်င္လည္းေန.. " ဆိုၿပီးေက်ာပိုးအိတ္ကေလး ပုခုံးေပၚ ျပန္မတင္ခါ ထြက္သြားေသာ ေကာင္ေလးက ညီသု႔အား တကယ့္ကို အာ႐ုံေနာက္ေစသည္။

ညီသု႔ သည္ ေတာင္းပန္ပါတယ္ ဆိုေသာ စကားနဲ႕ ေက်းဇူးတင္ပါတယ္ဆိုေသာစကားအား ေျပာျဖစ္ခဲ့သူမွာ သူ႕အသက္သခင္ ေက်းဇူးရွင္ျဖစ္ေသာ ဟံသာဦးတို႔မိသားစုအေပၚတြင္သာျဖစ္သည္..။ ေနစရာ စားစရာမရွိေသာ သူတို႔မိသားစုသည္ တေန႕ေတာ့ ထိုအိမ္ႀကီးတြင္ အေစခံအလုပ္ျဖင့္ အလုပ္လုပ္ရန္ ကံပါလာသည္မို႔ ... ယခုတြင္ သူ႕အသက္ထက္ဆုံး ကာကြယ္ေပးမည့္သူမွာ သူ႕ဆရာသခင္ျဖစ္ဟန္တူေသာ ဟံသာဦးတေယာက္ထဲသာ...

အကယ္၍ သူ႕ဘဝမွာ တြယ္တာစရာ အပိုလူတစ္ေယာက္ ထပ္မပါလာဘူးဆိုရင္ေပါ့ေလ........

က်ယ္ေျပာလွေသာ ပုဂၢလိဂ ေဆး႐ုံႀကီးတစ္ခုရဲ႕ အခန္းငယ္တစ္ခန္းတြင္ေတာ့ ေကာင္ေလးတေယာက္က ေမ့ေမ်ာေနေသာ အျခားေကာင္ေလးမ်က္ႏွာအား ေစ့ေစ့ၾကည့္လို႔....

" ႏြေဦး... ဒါက မင္းရဲ႕ ကံတရားဘဲ ဒါကို မင္းလက္ခံရမယ္... မင္းမိဘေတြရဲ႕ ေပါ့ဆမႈေၾကာင့္ မေသသင့္ဘဲ ေသဆုံးသြားရတဲ့ လူတစ္ဦးရဲ႕ အနက္နဲဆုံးဒဏ္ရာလို႔ဘဲ မွတ္ေပါ့... "

ေဆး႐ုံကုတင္ေပၚမွာ အိပ္ေပ်ာ္ေနေသာ ေကာင္ေလးအား မ်က္ရည္ၾကည္မ်ားစြာျဖင့္ ဝမ္းနည္းရိပ္သမ္းစြာ တေယာက္ထဲစကားေျပာေနေသာ ဟံသာဦးက ထိုေကာင္ေလးရဲ႕ လက္ဖဝါးကိုပါ တင္းတင္းက်ပ္က်ပ္ ဆုတ္ကိုင္ထားေသးသည္...။

ဦးေနမင္းခ ခင္ဗ်ားဘဝ အဆုံးသတ္ၿပီဘဲ!
မထိသင့္တဲ့သူကိုမွ လာထိရတယ္လို႔!

............................................................

"ဟားဟားဟား... ထိခ်က္က ဗဟိုတည့္တည့္ဘဲ.."

လက္တစ္ထြာသာသာ ရွိေသာ စူးျမႇားကေလးက ဦးေနမင္းခရဲ႕ အရွိန္ပါပါ ပစ္ခ်က္ေအာက္မွာ နံရံ၌ ခ်ိတ္တြဲ ထားေသာ စက္ဝိုင္းပုံ စည္းခ်ထားေသာ သေရျပားခ်က္ရဲ႕ အလယ္တည့္တည့္ကို ထိမွန္ၿပီး ပန္းဝင္သြားသျဖင့္ တဟားဟားရယ္ေနမိသည္...။

"ရဲေနာင္မိုး ျမင္လား ျမင္လား... ဟားဟားဟား... "

ေဘးတြင္ ထီးထီးႀကီး မလႈပ္မယွက္ရပ္ေနေသာ သူ႕လက္ေထာက္ ရဲေနာင္မိုးအား ဂုတ္မွဖတ္သိုင္းရင္း သူဗဟိုခ်က္တိတိကို ထိမွန္သြားေၾကာင္း ဂုဏ္ေဖာ္ျပေနသည္...။

"ဟင္း.......ေပ်ာ္စရာလည္းမေကာင္းဘူး...."

အားတက္သေယာရယ္ေနသည့္ ဦးေနမင္းခက ရွိုက္သံတစ္ခ်က္ဆြဲရင္း ရဲေနာင္မိုးဘက္တစ္ခ်က္လွည့္ၾကည့္ခါ ရယ္ေနရာမွတိခနဲရပ္ရင္း ဆိုလာသည္..။ ရဲေနာင္မိုးကေတာ့ သူ႕ဆရာအား အမွားလုပ္မိသေယာင္ ခါးအားေကြးၫႊတ္လို႔ ေတာင္းပန္ရွာသည္..။

ဦးေနမင္းခကေတာ့ သူ႕ေနရာ ထိုင္ခုံ၌ ျပန္ထိုင္လို႔ ငွဲ႕ၿပီးသား ဝီစကီခြက္အား လည္ေခ်ာင္းထဲပို႔ခ်သည္။ခါးသက္သက္ႏွင့္ ပူႏြေးျပင္းရွစြာ အဝင္ဆိုးလွသည့္ ထိုအရည္က သူ႕အားအေကာင္းဆုံးအျဖစ္ အေဖာ္ျပဳေပးေနသည္..။

သူဆိုဖာေပၚ ေက်ာမွီခ်ခါ ရဲေနာင္မိုးအား လည္ျပန္ႏွင့္ ေမာ့ၾကည့္သည္..။ ရဲေနာင္မိုးကေတာ့ ေရွ႕တူ႐ုတည့္တည့္ဆီသာ အၾကည့္ပို႔လို႔.... သူ႕တာဝန္က သူ႕သူေဠးႏွင့္အနီးဆုံးတေနရာမွာ မတ္တပ္ရပ္လို႔ ရန္သူကိုသာ ေစာင့္ၾကည့္ေပးရမည္သာျဖစ္သည္..။ ဦးေနမင္းခ သေဘာက်စြာ ၿပဳံးလိုက္မိသည္...။

"အဟင္း... အခုေလာက္ဆို ေသာကတျပင္းနဲ႕ ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ေနေလာက္ေရာေပါ့..."

ေက်နပ္သေဘာက်ေနေသာ ဦးေနမင္းခက ရဲေနာင္မိုး လက္ကို လွမ္းခါ ေဆာင့္ဆြဲရင္း သူ႕ေပါင္ေပၚတြင္ ခြလ်က္သား ထိုင္ေစလိုက္သည္..။ အရွိန္ကျမန္သည္မို႔ ရဲေနာင္မိုး မ်က္လုံးျပဴးသြားရသည္..။

"ရဲေနာင္ ငါ့ရဲ႕ နီရဲေနတဲ့ ပန္းသီးေလး...မင္းရဲ႕ အတိတ္ကို မင္းသတိေရာရေသးရဲ႕လား... "

ရဲေနာင္မိုးက နာၾကည္းစြာ မ်က္ႏွာတစ္ဖတ္လႊဲသြားလွ်င္ ဦးေနမင္းခက အလွ်င္အျမန္လိုက္ဆြဲသည္..။

"ေျပာစမ္းပါ....ေအာ့... ဟုတ္သားဘဲ မင္းမွ စကားမေျပာတက္ဘဲ ဟားဟားဟား..."

ရဲေနာင္မိုး ရဲ႕ ပါးကို သူ႕လက္ေတြႏွင့္ ခပ္ၾကမ္းၾကမ္း ဖိညွစ္ထားသည္မွာ ႏႈတ္ခမ္းေတြပင္ ဆူခြၽန္လွ်က္ရွိသည္..။

"မင္းက တာဝန္သိတက္တဲ့ ေကာင္ေလးတေယာက္ပါ... ၿပီးေတာ့ ငါယုံၾကည္ရတဲ့သူ..မင္း လြန္ခဲ့တဲ့ ႏွစ္ေတြက ငါ့ဆီကို ဘယ္လိုပုံစံနဲ႕ေရာက္လာခဲ့လဲဆိုတာ မင္းမွတ္မိတယ္မွလား..."

ရဲေနာင္မိုးမွာ ခပ္ေတြေတြနဲ႕ အေၾကာင္းအရာတခ်ိဳ႕အား စဥ္းစားေနမိသည္...။ ထိုအေၾကာင္းအရာကား လြန္ခဲ့သည့္ ၄ႏွစ္ေက်ာ္၅ႏွစ္နီးပါးေလာက္ကျဖစ္လိမ့္မည္။

ရဲေနာင္မိုးဟု မေခၚေဝၚခင္က သူ႕အမည္နာမသည္ စိုင္းမင္းေမာင္ ဟူ၍ ျဖစ္တည္ခဲ့ဖူးပါသည္..။

(A/N- မွတ္မိလား စိုင္းမင္းေမာင္ကို ႏြေဦးကို ႏွိပ္စက္တဲ့ ေက်ာင္းေနဘက္ ေကာင္ေလးေလ )

အဲ့အခ်ိန္က သူေက်ာင္းတြင္ ေပ်ာ္လို႔ပါးလို႔ေကာင္းတုန္း.. ေက်ာင္းႀကီးရဲ႕ ၁၀တန္းစာေမးပြဲၿပီးသည့္ေန႕ကျဖစ္ေလာက္မည္...။ သူႏြေဦးဆိုေသာ ေကာင္ေလးကို အႏုနည္းေရာ အၾကမ္းနည္းနဲ႕ပါ ႏွိပ္စက္ၿပီး ပိုက္ဆံလုခါ သူငယ္ခ်င္းေတြႏွင့္ ကာရာအိုေက ခန္းသြားရန္ထြက္လာခဲ့ေလသည္..။ ႏြေဦးတို႔က ပိုက္ဆံခ်မ္းသာေတာ့ စိုင္းမင္းေမာင္တို႔အတြက္ တကယ့္ကို ပိုက္ဆံအိတ္တစ္လုံးျဖစ္ေနခဲ့တာ မထူးဆန္းေပ...။

ထိုေန႕က ကာရာအိုေက ခန္းတြင္ သူတို႔ အရိုက္ခံခဲ့ရသည္..။ ရိုက္တဲ့သူမွာ ဟံသာဦးျဖစ္ၿပီး စိုင္းမင္းေမာင္တို႔အဖြဲ႕မွာ မူး႐ူးေနသျဖင့္ အေတာ္ေလးအထိနာခဲ့သည္..။ ဟံသာဦး ဆိုေသာ ေကာင္ရဲ႕ လက္ခ်က္ျဖင့္ စိုင္းမင္းေမာင္စကားေျပာစြမ္းရည္ကို ဆုံးရႈံးခဲ့ရသည္...။

"မင္းတို႔ကို ဘယ္သူက ထိခိုင္းလို႔ ထိရတာလဲ...ဟမ္! ေခြးမသားေတြ... မင္းတို႔ ဒီေန႕အကုန္ေသၿပီသာမွတ္..."

"ေတာင္းပန္ပါတယ္.. မရိုက္ပါနဲ႕ေတာ့..." ဟု လက္အုပ္ခ်ီလို႔ ေတာင္းပန္သူက ေတာင္းပန္ ေျခသလုံးဖတ္သူက ဖတ္ႏွင့္ အခန္းသည္ အေတာ္ေလး ဗ႐ုတ္ဆန္လွသည္..။

"မင္း ဟံသာဦးမွလား ဘာလို႔လဲ ဘာလို႔ဒီလိုလုပ္တာလဲ.." ဆိုခါ စိုင္းမင္းေမာင္ကေမးလွ်င္

ဟံသာဦးတစ္ခ်က္ၿပဳံးရင္း..." ဘာရယ္ ဘာလို႔လုပ္လဲဟုတ္လား... မင္းတို႔ ငါ့ ႏြေဦးကိုထိခဲ့လို႔ အပစ္ေပးတာ..."

"ႏြေဦး....မင္းက အဲ့ေကာင္ဘတ္ေတာ္သားလား.."

"သိခြင့္မရွိဘူး..."

ထိုေန႕ညက လူရိုက္သံ ေအာ္ဟစ္သံေတြ ျပည့္ေနေပမဲ့လည္း အခန္းက အေတာ္ေလး လုံသည္ေၾကာင့္ သူတို႔ေအာ္ဟစ္ဆူညံသံေတြကို အျပင္မွ မည္သူမွမၾကားခဲ့ၾကေပ... ဟံသာဦး ရဲ႕ လုပ္ရပ္အခ်ိဳ႕ေၾကာင့္ စိုင္းမင္းေမာင္ထိုေန႕ညက အေတာ္ေလး ထိပ္ထိပ္ျပာျပာျဖစ္သြားခဲ့ရသည္..။

လဲေလ်ာင္းေနေသာ ကာရာအိုေကခန္းထဲမွ ဟံသာဦး ထြက္သြားၿပီးမၾကာခင္မွာ အျခား လူတေယာက္ဝင္လာခဲ့သည္..။ တိုက္ရိုက္ေျပာရမယ္ဆိုရင္ ထိုလူက ဦးေနမင္းချဖစ္ခဲ့သည္..။ ေထြျပားေနေသာအာ႐ုံၾကားမွ ၾကားသိခဲ့ရေသာထိုသူ႕ဆီက စကားတစ္ခြန္းမွာ...

"ငါနဲ႕ ပူးေပါင္းၿပီး လက္စားေျခမလား " တဲ့ေလ......

အဲ့လိုနဲ႕ စိုင္းမင္းဟာ ဦးေနမင္းခရဲ႕ ဘက္ေတာ္သားတေယာက္ျဖစ္လာခဲ့သည္ဘဲဆိုပါေတာ့...။

...........................................................

Continue Reading

You'll Also Like

3.6M 536K 118
Title - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CRE...
748K 30K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.2M 78.1K 47
အသက်တမျှချစ်ပါသော်လည်း ထုတ်ဖော်မပြတတ် ရင် ကိုယ်ချစ်တဲ့အချစ်က ချစ်ရသူကို နာကျင်မှုတွေသာ ပေးသလိုဖြစ်နေတတ်သည်။ အသက္တမ်ွခ်စ္ပါေသာ္လည္း ထုတ္ေဖာ္မျပတတ္ ရ...
12.9K 539 6
ခင်များ သမီးကြောင့်အက်ကွဲသွားတဲ့နှလုံးသားကို.... ခင်များလက်နဲ့ကိုယ်တိုင်ပြန်ဆက်ပေးရမယ်... အဲ့မိန်းမ မျက်ရည်ပေါက်ပေါက်ကျတဲ့နေ့​တွေကို ကျွန်တော် တစ်ဝကြ...