Part 25
Unicode...
"ညီသု့.."
"ဟုတ် ဆရာ.."
"နွေဦးကို သူ့အမေ ကိစ္စကို ထုတ်ပြောပြလိုက်.."
"ဒါပေမဲ့...." ဟုဆိုသော ညီသု့ ရဲ့စကားဆက်လေးက နွေဦးအား စိတ်ပူနေသယောင်ရှိသည်..။
ညီသု့ရဲ့ စကားသံအား ဟံသာဦးက ကြိုသိနေသလိုမျိုး စုံလည်ကုလားထိုင်ပေါ်မှကျောမှီခါ လက်တစ်ဖတ်ထောင်ပြရင်း စကားတို့ကို ရပ်တန့်စေသည်..။
ထို့နောက် ဟံသာဦးရဲ့ လည်ချောင်းမှလာသော ကွဲအက်နေတဲ့ ရယ်သံကမူ ရုံခန်းတစ်ခုလုံးအား ပို၍ စိတ်ခြောက်ခြားသွားစေသည်။
" ပြောပြလိုက်ပါ သူသိသင့်တာပေါ့.. "
"ဆရာ...နွေဦးက ဆရာကို ပိုမုန်းသွားရင်....." ဆိုတဲ့ စကားကလေးက မရဲတရဲ...
ဟံသာဦး မျက်လွှာပင့်လို့ ညီသု့ရဲ့ စကားအား နားမလည်သလို မျက်မှောင်တစ်ချက်ကြုတ်ကြည့်တော့ ညီသု့ဘက်က ဖြေရှင်းချက် ပြန်ပေးလာသည်။
"ဆရာ.. နွေဦးကို စိတ်ဝင်စားနေပြီ မဟုတ်လား.."
ခပ်ညိုညိုနှုတ်ခမ်းနှစ်လွှာက ခပ်ဟဟ... ညီသု့စကားအား မယုံကြည်နိုင်သော ဟံသာဦးရဲ့ အကြည့်က ငြင်းပယ်ခြင်းမရှိသလို လက်ခံခြင်းလည်းမရှိ...
ချက်ခြင်းဆိုသလို ညီသု့ဆီမှ အကြည့်တို့ကို ခပ်မြန်မြန် ဖယ်ခွာပစ်လိုက်သည်..။
" မဟုတ်ဘူး.." ဟူသော တုံးတိဆန်သော ငြင်းပယ်ချက်ကို ညီသု့အား အသိပေးသည်..။ ညီသု့ကတော့ သူ့အား ခပ်ပြုံးပြုံးသာ ကြည့်လို့..
ဟံသာဦး နောက်တစ်ကြိမ် ခေါင်းပြန်မော့လာခါ ညီသု့အား ဘုကျကျ ကြည့်သည်..။ မျက်ခုံးတို့ကို တွန့်ကွေးရင်း " ဘာလုပ်နေတာလဲ သွားတော့လေ." ဆိုတဲ့ အရှက်ပြေ စကားတစ်ခွန်းနဲ့ အမိန့်ပေးလိုက်ရလေသည်..။ ညီသု့ကတော့ ပြုံးစိစိနဲ့သာ လုပ်ရင်း ဟံသာဦးအား ဦးညွှတ်အရိုအသေပေးလို့ ရုံးခန်းထဲမှ ထွက်သွားလေပြီ။
ညီသု့ ထွက်သွားတာကို အတည်ပြုပြီးမှ ဟံသာဦး သက်ပြင်းချခါ ဆုံလည်ကုလားထိုင်ပေါ်မှ ကျောပြန်မတ်လိုက်သည်...။ ထို့နောက် လက်ချောင်းတွေ အချင်းချင်း ပူးတွဲ ဆုတ်ထွေးခါ စားပွဲပေါ် လက်ထောက်ရင်း အညိုရောင်ဘက် ယှက်ပြေးသော နှုတ်ခမ်းသားတွေနှင့် ထိတွေ့မိရင်း တစ်စုံတစ်ရာအား နင့်နင့်နဲနဲ စဉ်းစားနေမိသည်။
.........................................................
ဒုတ်!
"အာ့ အမေ့ သေပါပြီ.."
ညီသု့တယောက်ရဲ့ တာဝန်က ဟံသာဦးနှင့်အတူ ကုမ္ပဏီတွင် နေ့လည်အထိ ရှိပေးရသည်..။ ထမင်းစားနားချိန်က စလို့ အိမ်ပြန်ခါ နွေဦးအား စောင့်ကြည့်ရေးတာဝန်လုပ်ရသည်..။ အခုလည်း ထမင်းစားနားချိန်ရောက်လို့ အိမ်ပြန်ခါ စားစရာဝယ်ပြီး မီးဖိုချောင်ထဲအဝင် အမှတ်မထင်စွာ ထိုရှပ်ပြာစိန်နဲ့ ဝင်တိုက်မိပြန်သည်။
ရတုမောင်ကမူ မျက်ခုံးကလေး ကြုတ်ဝင်စွာ ညီသု့အား ပေစောင်စောင်ကြည့်လို့...သူ့ သံမဏိ ကိုယ်ထည်နှင့် ဝင်ဆောင့်ခါ နာသွားသည့် နှဖူးကလေးအား လက်ဖဝါးဖြင့်ပွတ်လို့... လက်ထဲက colaဘူးနဲ့ အသီးခြောက်အထုတ်ကလေးကိုတော့ မိမိရရဆုတ်ကိုင်ထားလို့...
"Sorry Sorry! "
ဖြစ်ကတက်စမ်း ဝတ်ကျေတမ်းကျေသာ တောင်းပန်ရင်းကောင်လေးက သူ့ရှေ့မှ ပြောက်သွားလေသည်..။ ထိုကောင်ကလေးက ဒီအိမ်ပေါ် အဝင်အထွက်လုပ်နေတာ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက..ဝင်လွန်းလို့ ခြံတံခါးလည်း ကျိုးတော့မည်..။ သူ့အိမ် သူ့ယာများ မှတ်နေသလားမသိ...။
ညီသု့ စိတ်ရှုတ်ဟန် ခေါင်းတစ်ချက်ခါရင်း နေ့လည်စာ စားရန် ဝယ်လာသော ကော်ရည်ခေါက်ဆွဲအား ပါးကန်ထဲ ပြောင်းလှယ်ရင်း နေရာ၌ ဝင်ခိုင်ခါ ဆာလောင်နေပြီဖြစ်သော ဗိုက်ကို ဖြည့်စွက်ရတော့သည်...။
..........
အခန်းထဲ ပြန်ဝင်လာသော ရတုမောင်ရဲ့ နှဖူးက စောနက ညီသု့အင်္ကျီက ကြယ်သီးနှင့်ခြစ်ခါ ခိုက်မိလာလို့ နီရဲနေလေသည်..။
...."ဟေ့ယျောင်... soda မရှိဘူး cola ဘဲတွေ့တယ်..." ဆိုပြီး cola ဘူးလား အသင့်အနေအထားဖမ်းရန် လက်လှမ်းနေသော နွေဦးလက်ထဲ လှမ်းပစ်လိုက်တာ cola ဘူးက နွေဦး လက်ထဲ ကွက်တိ...
ဖောက်!
ရှဲ!
ကလစ် ဖောက်လိုက်သော နေရာမှ ရှဲခနဲ တက်လာသော အမြှုပ်တွေကို နွေဦး ပါးစပ်ဖြင့်အမြန်ဆုပ်ယူ ဖမ်းထည့်လိုက်လေသည်..။
"အား ပြင်းရှနေတာဘဲ.. အဟမ်း မင်းနှဖူးက ဘာဖြစ်တာလဲ..."
ရတုက မျက်နှာကလေး ဆူပုတ်လို့..
"ဘာဖြစ်ရမှာလဲ.. မင့်အိမ်က ငါ့ကို ဆွဲလားရမ်းလားလုပ်တဲ့ ဟို Bodyguard လုပ်တာ.."
"အမ်!"
ရတုစကားကြောင့် နွေဦး အနည်းငယ် ကြောင် အ သွားတာ အမှန်ပါ..
"ဘယ်လို... အကိုညီသု့ ပြန်ရောက်နေပြီလား သူမင်းကို တခုခု လုပ်လိုက်လို့လား.."
"ဟဲဟဲ ဝင်ဆောင့်မိတာ..."
နွေဦးက ခပ်ကျယ်ကျယ် ရီတော့ ရတုက မျက်မှောင်ကြုတ်ခါ အသီးခြောက် အထုတ်အားဖောက်ရင်း လက်ခလယ်ထောင်ပြလာသည်။
"ဟေ့ကောင် fuck ဘဲ.. သဘောကျနေတယ်ဟုတ်လား..."
နွေဦးက အရယ်ရပ်ရင်း ချောင်းဟန့်လိုက်သည်။
"အဟမ်း... အကိုညီသု့က အရယ်အပြုံးမရှိဘူး.. ပြီးတော့ စစချင်းတော့ ငါလည်း မင်းလိုဘဲ တအားအမြင်ကပ်တာ.. နောက်ကျတော့ သူက သဘောကောင်းတယ် ငါ စားချင်တာ လုပ်ခိုင်းလိုက်ရင် အကုန်လုပ်ပေးတယ် ဟဲဟဲ "
"ဘာလို့ ငါ့ကိုလာပြောပြနေတာလဲ ဟွန်း.."
" ငါတို့ ကျောက်ရုပ်ကြီးကို သိများ သိချင်မလားလို့ပါ"
"ဟ.. မဆီမဆိုင် ဘာတုန်း! "
နွေဦးက ကြေနပ်ဟန်ပါသော အပြုံးကလေးနဲ့ ရယ်ရင်း ရုတ်တရက် အလိုမကျသော မျက်ထားဖြစ်သွားလေသည်...။
" အကိုညီသု့က ဟို ဘော်ကျော့ အကောင်နဲ့တော့ ကွာတယ်.. ဘယ်လိုမှ နားလည်ပေးလို့မရတဲ့ လူစားမျိုး..."
"အမ်း အခုနောက်ပိုင်း မင်းကို အများကြီး အလျော့ပေးလာတယ်မို့လား..."
နွေဦးက ခေါင်းကို တွင်တွင်ခါလို့ ငြင်းသည်။
"သူငြိမ်နေရင်ကြောက်ရတယ်.. မကောင်းတာ တစ်ခုခုဖြစ်လာတော့မယ်လို့တောင် ငါအခုကတည်းက ခံစားနေရပြီ..."
နွေဦးက ကုတင်ပေါ်တွင် ခြေဆင်းထိုင်ရင်းမှ ပြူတင်းပေါက်အပြင်ဘက်တနေရာဆီကို ခပ်ငေးငေးလေး ကြည့်ရင်း ဆိုလာသည်..။
ရတုကတော့ ရေခဲသေတ္တာထဲမှ ယူလာသော အသီးခြောက်တို့အား စားလျှက် ခေါင်းတစ်ညှိမ့်ညှိမ့် ဖြစ်နေသည်။
ရုတ်တရက် အမေ့ကို သတိရလိုက်တာ... အမေ ဖုန်းမဆက်တာတောင် တစ်ပတ်ရှိနေပြီ နေမှကောင်းရဲ့လား....
မျက်ရည်ဝိုင်းလာသော နွေဦးက ရတုမမြင်အောင်လည်း မျက်ရည်စတွေ ခိုးသုတ်ပစ်လိုက်သည်။
ညနေစောင်းတော့ ရတုကို ခြံဝအထိ လိုက်ပို့ရင်း အိမ်ထဲပြန်ဝင်လာခဲ့လေသည်..။ အိမ်ထဲမှ သူ့အား စီးကြိုနေသော ညီသု့က မျက်နှာ ပျက်လှသည်။
နွေဦးက စိတ်ထဲဇဝေဇဝါနှင့်မို့ ညီသု့ထံ လျှောက်လှမ်းခါ မေးခွန်းထုတ်မိလေသည်။
"အကိုညီသု့ ကျွန်တော့်ကို ပြောစရာ တစ်ခုခုများ ရှိလို့လား.."
ညီသု့က ခေါင်းညှိမ့်လို့ ဧည့်ခန်းထဲက Sofa ဆီ အေးဆေး ထိုင်စကားပြောရန် ညွှန်ပြလာသည်..။ ထို့နောက်တွင်တော့ ညီသု့က လည်ချောင်းထဲ တစ်နေသော စကားတို့အား အကျအန စီလို့
"ပြောလေ အကူအညီများလိုလို့လား.."
နွေဦးက ပြောထွက်မလာသေးသော ညီသု့အား စကားလမ်းကြောင်း စ ပေးသော်လည်း ညီသု့ မျက်နှာမှာ စိုးရိမ်စိတ်များလှသည်..။နွေဦးက ရယ်ကျဲကျဲလေးဖြင့် ညီသု့အား "အားမနာနဲ့ ပြောပါ" ဟူသော ပုံစံဖြင့် ခေါင်းတစ်ချက်ညှိမ့်ပြမိသည်..
" ဘာဘဲဖြစ်နေနေ အရမ်းမလန့်သွားနဲ့ အခု ပြောမှာက အမှန်တော့ မင်းအမေ အင်း မင်းအမေ ဆုံးပြီ..." ညီသု့က နွေဦးကို လူသတ်လို့ သေသည်ဟု မပြောဘဲ ဒီအတိုင်း ရိုးရိုးသေဆုံးသည်ဟုသာ အမည်ခံစေသည်။ ့နို့မို့ဆို ဒီကောင်လေး အခြေအနေက ပိုဆိုးသွားနိုင်သည်မို့လား
"ဘာ! ဘာဖြစ်တယ်.. အမေက ဘာဖြစ်တယ်..." ရယ်နေရာမှ အမေဆုံးပြီဟူသော စကားကြောင့် ပြန်လည် တည်တင်းလာပြီး မျက်လုံးတို့ပြူးကျယ်ကုန်လေပြီ... လက်ရှိအနေအထားအား နွေဦး နည်းနည်းလေးမှမယုံကြည်နိုင်ပါ...
"စိတ်အေးအေးထားပါ နွေဦး.."
"ဘာကို စိတ်အေးအေးထားရမှာလဲ အဲ့တာ အဲ့တာ ဟံသာဦး လက်ချက်ဘဲ သူက ကျုပ်အမေကို သေစေချင်နေတာ... ဟံသာဦး ဘယ်မှာလဲ သတ်မယ် သတ်ပစ်မယ်..."
အရူးတယောက်လိုမျိုး ကြုံးဝါး ဟစ်အော်နေသော နွေဦးသည် ညီသု့စကားအား မယုံကြည်နိုင်စွာဖြင့် ဟံသာဦးအား လှမ်းမေးမိသည်..။ညီသု့ကတော့ နွေဦးအား အကြည့်ချင်းပင် မစုံစေဘဲ ခေါင်းငုံ့ထားလို့..
"ဘယ်မှာလဲ သတ်မယ်.. အဲ့ခွေးကောင်ကို ဒီနေ့ သတ်မယ်.. "
မျက်ရည်တွေနှင့် ပေပွနေသော နွေဦးက ဟံသာဦးကိုပင် လက်ရှိ အလိုရှိနေမိသည်..။ ပြီးရင် သူ့စကားအတိုင်း သတ်ပစ်မည်တဲ့...
"ငါ ဒီမှာ...." ဟု ဧည့်ခန်းအပေါက်ဝမှ ဆိုလာသော ဟံသာဦးက နွေဦးအား ကြည့်ခါ မျက်မှောင်ကြုတ်လို့...
"မင်း သတ်နိုင်ရင် လာသတ်ချည်..."
ထိုသို့ ပြောနေသော ဟံသာသည် နေကာမျက်မှန်အား မျက်နှာမှ ဖယ်ခွာယူစေပြီး အင်္ကျီ၌ ချိတ်ပစ်ရင်း မချိပြုံး ပြုံးလာသည်...။
"လူသတ်သမား! " ဟုဆိုခါ ဟံသာဦး အနား ဝရုန်းသုန်းကားရောက်လာရင်း အင်္ကျီကော်လံစကို မမှီ့တမှီမရပ်နှင့် ဆောင့်ဆွဲပစ်လိုက်သည်...။
"ဒီနေ့ ခင်ဗျားသေရမယ်... ပြီးတော့ ကျုပ် လက်နဲ့ဘဲ သေရမယ်.."
"ကောင်းပြီ သတ်လေ..."
မဲ့ပြုံး ကလေးပြုံးနေတဲ့ ဟံသာဦးဟာ အမှန်အကန်ကိုပင် နွေဦးအား မုန်းချင်စရာ.....
.
.
.
.
.
.
.
Next Chapter - ရော့ သတ်နတ် ပစ်... မင်းမပစ်ရင် ငါပစ်မှာနော်
Zawgyi....
Part 25
Unicode...
"ညီသု႔.."
"ဟုတ္ ဆရာ.."
"ႏြေဦးကို သူ႕အေမ ကိစၥကို ထုတ္ေျပာျပလိုက္.."
"ဒါေပမဲ့...." ဟုဆိုေသာ ညီသု႔ ရဲ႕စကားဆက္ေလးက ႏြေဦးအား စိတ္ပူေနသေယာင္ရွိသည္..။
ညီသု႔ရဲ႕ စကားသံအား ဟံသာဦးက ႀကိဳသိေနသလိုမ်ိဳး စုံလည္ကုလားထိုင္ေပၚမွေက်ာမွီခါ လက္တစ္ဖတ္ေထာင္ျပရင္း စကားတို႔ကို ရပ္တန႔္ေစသည္..။
ထို႔ေနာက္ ဟံသာဦးရဲ႕ လည္ေခ်ာင္းမွလာေသာ ကြဲအက္ေနတဲ့ ရယ္သံကမူ ႐ုံခန္းတစ္ခုလုံးအား ပို၍ စိတ္ေျခာက္ျခားသြားေစသည္။
" ေျပာျပလိုက္ပါ သူသိသင့္တာေပါ့.. "
"ဆရာ...ႏြေဦးက ဆရာကို ပိုမုန္းသြားရင္....." ဆိုတဲ့ စကားကေလးက မရဲတရဲ...
ဟံသာဦး မ်က္လႊာပင့္လို႔ ညီသု႔ရဲ႕ စကားအား နားမလည္သလို မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ၾကည့္ေတာ့ ညီသု႔ဘက္က ေျဖရွင္းခ်က္ ျပန္ေပးလာသည္။
"ဆရာ.. ႏြေဦးကို စိတ္ဝင္စားေနၿပီ မဟုတ္လား.."
ခပ္ညိုညိုႏႈတ္ခမ္းႏွစ္လႊာက ခပ္ဟဟ... ညီသု႔စကားအား မယုံၾကည္နိုင္ေသာ ဟံသာဦးရဲ႕ အၾကည့္က ျငင္းပယ္ျခင္းမရွိသလို လက္ခံျခင္းလည္းမရွိ...
ခ်က္ျခင္းဆိုသလို ညီသု႔ဆီမွ အၾကည့္တို႔ကို ခပ္ျမန္ျမန္ ဖယ္ခြာပစ္လိုက္သည္..။
" မဟုတ္ဘူး.." ဟူေသာ တုံးတိဆန္ေသာ ျငင္းပယ္ခ်က္ကို ညီသု႔အား အသိေပးသည္..။ ညီသု႔ကေတာ့ သူ႕အား ခပ္ၿပဳံးၿပဳံးသာ ၾကည့္လို႔..
ဟံသာဦး ေနာက္တစ္ႀကိမ္ ေခါင္းျပန္ေမာ့လာခါ ညီသု႔အား ဘုက်က် ၾကည့္သည္..။ မ်က္ခုံးတို႔ကို တြန႔္ေကြးရင္း " ဘာလုပ္ေနတာလဲ သြားေတာ့ေလ." ဆိုတဲ့ အရွက္ေျပ စကားတစ္ခြန္းနဲ႕ အမိန႔္ေပးလိုက္ရေလသည္..။ ညီသု႔ကေတာ့ ၿပဳံးစိစိနဲ႕သာ လုပ္ရင္း ဟံသာဦးအား ဦးၫႊတ္အရိုအေသေပးလို႔ ႐ုံးခန္းထဲမွ ထြက္သြားေလၿပီ။
ညီသု႔ ထြက္သြားတာကို အတည္ျပဳၿပီးမွ ဟံသာဦး သက္ျပင္းခ်ခါ ဆုံလည္ကုလားထိုင္ေပၚမွ ေက်ာျပန္မတ္လိုက္သည္...။ ထို႔ေနာက္ လက္ေခ်ာင္းေတြ အခ်င္းခ်င္း ပူးတြဲ ဆုတ္ေထြးခါ စားပြဲေပၚ လက္ေထာက္ရင္း အညိုေရာင္ဘက္ ယွက္ေျပးေသာ ႏႈတ္ခမ္းသားေတြႏွင့္ ထိေတြ႕မိရင္း တစ္စုံတစ္ရာအား နင့္နင့္နဲနဲ စဥ္းစားေနမိသည္။
.........................................................
ဒုတ္!
"အာ့ အေမ့ ေသပါၿပီ.."
ညီသု႔တေယာက္ရဲ႕ တာဝန္က ဟံသာဦးႏွင့္အတူ ကုမၸဏီတြင္ ေန႕လည္အထိ ရွိေပးရသည္..။ ထမင္းစားနားခ်ိန္က စလို႔ အိမ္ျပန္ခါ ႏြေဦးအား ေစာင့္ၾကည့္ေရးတာဝန္လုပ္ရသည္..။ အခုလည္း ထမင္းစားနားခ်ိန္ေရာက္လို႔ အိမ္ျပန္ခါ စားစရာဝယ္ၿပီး မီးဖိုေခ်ာင္ထဲအဝင္ အမွတ္မထင္စြာ ထိုရွပ္ျပာစိန္နဲ႕ ဝင္တိုက္မိျပန္သည္။
ရတုေမာင္ကမူ မ်က္ခုံးကေလး ၾကဳတ္ဝင္စြာ ညီသု႔အား ေပေစာင္ေစာင္ၾကည့္လို႔...သူ႕ သံမဏိ ကိုယ္ထည္ႏွင့္ ဝင္ေဆာင့္ခါ နာသြားသည့္ ႏွဖူးကေလးအား လက္ဖဝါးျဖင့္ပြတ္လို႔... လက္ထဲက colaဘူးနဲ႕ အသီးေျခာက္အထုတ္ကေလးကိုေတာ့ မိမိရရဆုတ္ကိုင္ထားလို႔...
"Sorry Sorry! "
ျဖစ္ကတက္စမ္း ဝတ္ေက်တမ္းေက်သာ ေတာင္းပန္ရင္းေကာင္ေလးက သူ႕ေရွ႕မွ ေျပာက္သြားေလသည္..။ ထိုေကာင္ကေလးက ဒီအိမ္ေပၚ အဝင္အထြက္လုပ္ေနတာ လြန္ခဲ့တဲ့ တစ္ပတ္ကတည္းက..ဝင္လြန္းလို႔ ၿခံတံခါးလည္း က်ိဳးေတာ့မည္..။ သူ႕အိမ္ သူ႕ယာမ်ား မွတ္ေနသလားမသိ...။
ညီသု႔ စိတ္ရႈတ္ဟန္ ေခါင္းတစ္ခ်က္ခါရင္း ေန႕လည္စာ စားရန္ ဝယ္လာေသာ ေကာ္ရည္ေခါက္ဆြဲအား ပါးကန္ထဲ ေျပာင္းလွယ္ရင္း ေနရာ၌ ဝင္ခိုင္ခါ ဆာေလာင္ေနၿပီျဖစ္ေသာ ဗိုက္ကို ျဖည့္စြက္ရေတာ့သည္...။
..........
အခန္းထဲ ျပန္ဝင္လာေသာ ရတုေမာင္ရဲ႕ ႏွဖူးက ေစာနက ညီသု႔အကၤ်ီက ၾကယ္သီးႏွင့္ျခစ္ခါ ခိုက္မိလာလို႔ နီရဲေနေလသည္..။
...."ေဟ့ေယ်ာင္... soda မရွိဘူး cola ဘဲေတြ႕တယ္..." ဆိုၿပီး cola ဘူးလား အသင့္အေနအထားဖမ္းရန္ လက္လွမ္းေနေသာ ႏြေဦးလက္ထဲ လွမ္းပစ္လိုက္တာ cola ဘူးက ႏြေဦး လက္ထဲ ကြက္တိ...
ေဖာက္!
ရွဲ!
ကလစ္ ေဖာက္လိုက္ေသာ ေနရာမွ ရွဲခနဲ တက္လာေသာ အျမႇုပ္ေတြကို ႏြေဦး ပါးစပ္ျဖင့္အျမန္ဆုပ္ယူ ဖမ္းထည့္လိုက္ေလသည္..။
"အား ျပင္းရွေနတာဘဲ.. အဟမ္း မင္းႏွဖူးက ဘာျဖစ္တာလဲ..."
ရတုက မ်က္ႏွာကေလး ဆူပုတ္လို႔..
"ဘာျဖစ္ရမွာလဲ.. မင့္အိမ္က ငါ့ကို ဆြဲလားရမ္းလားလုပ္တဲ့ ဟို Bodyguard လုပ္တာ.."
"အမ္!"
ရတုစကားေၾကာင့္ ႏြေဦး အနည္းငယ္ ေၾကာင္ အ သြားတာ အမွန္ပါ..
"ဘယ္လို... အကိုညီသု႔ ျပန္ေရာက္ေနၿပီလား သူမင္းကို တခုခု လုပ္လိုက္လို႔လား.."
"ဟဲဟဲ ဝင္ေဆာင့္မိတာ..."
ႏြေဦးက ခပ္က်ယ္က်ယ္ ရီေတာ့ ရတုက မ်က္ေမွာင္ၾကဳတ္ခါ အသီးေျခာက္ အထုတ္အားေဖာက္ရင္း လက္ခလယ္ေထာင္ျပလာသည္။
"ေဟ့ေကာင္ fuck ဘဲ.. သေဘာက်ေနတယ္ဟုတ္လား..."
ႏြေဦးက အရယ္ရပ္ရင္း ေခ်ာင္းဟန႔္လိုက္သည္။
"အဟမ္း... အကိုညီသု႔က အရယ္အၿပဳံးမရွိဘူး.. ၿပီးေတာ့ စစခ်င္းေတာ့ ငါလည္း မင္းလိုဘဲ တအားအျမင္ကပ္တာ.. ေနာက္က်ေတာ့ သူက သေဘာေကာင္းတယ္ ငါ စားခ်င္တာ လုပ္ခိုင္းလိုက္ရင္ အကုန္လုပ္ေပးတယ္ ဟဲဟဲ "
"ဘာလို႔ ငါ့ကိုလာေျပာျပေနတာလဲ ဟြန္း.."
" ငါတို႔ ေက်ာက္႐ုပ္ႀကီးကို သိမ်ား သိခ်င္မလားလို႔ပါ"
"ဟ.. မဆီမဆိုင္ ဘာတုန္း! "
ႏြေဦးက ေၾကနပ္ဟန္ပါေသာ အၿပဳံးကေလးနဲ႕ ရယ္ရင္း ႐ုတ္တရက္ အလိုမက်ေသာ မ်က္ထားျဖစ္သြားေလသည္...။
" အကိုညီသု႔က ဟို ေဘာ္ေက်ာ့ အေကာင္နဲ႕ေတာ့ ကြာတယ္.. ဘယ္လိုမွ နားလည္ေပးလို႔မရတဲ့ လူစားမ်ိဳး..."
"အမ္း အခုေနာက္ပိုင္း မင္းကို အမ်ားႀကီး အေလ်ာ့ေပးလာတယ္မို႔လား..."
ႏြေဦးက ေခါင္းကို တြင္တြင္ခါလို႔ ျငင္းသည္။
"သူၿငိမ္ေနရင္ေၾကာက္ရတယ္.. မေကာင္းတာ တစ္ခုခုျဖစ္လာေတာ့မယ္လို႔ေတာင္ ငါအခုကတည္းက ခံစားေနရၿပီ..."
ႏြေဦးက ကုတင္ေပၚတြင္ ေျခဆင္းထိုင္ရင္းမွ ျပဴတင္းေပါက္အျပင္ဘက္တေနရာဆီကို ခပ္ေငးေငးေလး ၾကည့္ရင္း ဆိုလာသည္..။
ရတုကေတာ့ ေရခဲေသတၱာထဲမွ ယူလာေသာ အသီးေျခာက္တို႔အား စားလွ်က္ ေခါင္းတစ္ညွိမ့္ညွိမ့္ ျဖစ္ေနသည္။
႐ုတ္တရက္ အေမ့ကို သတိရလိုက္တာ... အေမ ဖုန္းမဆက္တာေတာင္ တစ္ပတ္ရွိေနၿပီ ေနမွေကာင္းရဲ႕လား....
မ်က္ရည္ဝိုင္းလာေသာ ႏြေဦးက ရတုမျမင္ေအာင္လည္း မ်က္ရည္စေတြ ခိုးသုတ္ပစ္လိုက္သည္။
ညေနေစာင္းေတာ့ ရတုကို ၿခံဝအထိ လိုက္ပို႔ရင္း အိမ္ထဲျပန္ဝင္လာခဲ့ေလသည္..။ အိမ္ထဲမွ သူ႕အား စီးႀကိဳေနေသာ ညီသု႔က မ်က္ႏွာ ပ်က္လွသည္။
ႏြေဦးက စိတ္ထဲဇေဝဇဝါႏွင့္မို႔ ညီသု႔ထံ ေလွ်ာက္လွမ္းခါ ေမးခြန္းထုတ္မိေလသည္။
"အကိုညီသု႔ ကြၽန္ေတာ့္ကို ေျပာစရာ တစ္ခုခုမ်ား ရွိလို႔လား.."
ညီသု႔က ေခါင္းညွိမ့္လို႔ ဧည့္ခန္းထဲက Sofa ဆီ ေအးေဆး ထိုင္စကားေျပာရန္ ၫႊန္ျပလာသည္..။ ထို႔ေနာက္တြင္ေတာ့ ညီသု႔က လည္ေခ်ာင္းထဲ တစ္ေနေသာ စကားတို႔အား အက်အန စီလို႔
"ေျပာေလ အကူအညီမ်ားလိုလို႔လား.."
ႏြေဦးက ေျပာထြက္မလာေသးေသာ ညီသု႔အား စကားလမ္းေၾကာင္း စ ေပးေသာ္လည္း ညီသု႔ မ်က္ႏွာမွာ စိုးရိမ္စိတ္မ်ားလွသည္..။ႏြေဦးက ရယ္က်ဲက်ဲေလးျဖင့္ ညီသု႔အား "အားမနာနဲ႕ ေျပာပါ" ဟူေသာ ပုံစံျဖင့္ ေခါင္းတစ္ခ်က္ညွိမ့္ျပမိသည္..
" ဘာဘဲျဖစ္ေနေန အရမ္းမလန႔္သြားနဲ႕ အခု ေျပာမွာက အမွန္ေတာ့ မင္းအေမ အင္း မင္းအေမ ဆုံးၿပီ..." ညီသု႔က ႏြေဦးကို လူသတ္လို႔ ေသသည္ဟု မေျပာဘဲ ဒီအတိုင္း ရိုးရိုးေသဆုံးသည္ဟုသာ အမည္ခံေစသည္။ ့နို႔မို႔ဆို ဒီေကာင္ေလး အေျခအေနက ပိုဆိုးသြားနိုင္သည္မို႔လား
"ဘာ! ဘာျဖစ္တယ္.. အေမက ဘာျဖစ္တယ္..." ရယ္ေနရာမွ အေမဆုံးၿပီဟူေသာ စကားေၾကာင့္ ျပန္လည္ တည္တင္းလာၿပီး မ်က္လုံးတို႔ျပဴးက်ယ္ကုန္ေလၿပီ... လက္ရွိအေနအထားအား ႏြေဦး နည္းနည္းေလးမွမယုံၾကည္နိုင္ပါ...
"စိတ္ေအးေအးထားပါ ႏြေဦး.."
"ဘာကို စိတ္ေအးေအးထားရမွာလဲ အဲ့တာ အဲ့တာ ဟံသာဦး လက္ခ်က္ဘဲ သူက က်ဳပ္အေမကို ေသေစခ်င္ေနတာ... ဟံသာဦး ဘယ္မွာလဲ သတ္မယ္ သတ္ပစ္မယ္..."
အ႐ူးတေယာက္လိုမ်ိဳး ႀကဳံးဝါး ဟစ္ေအာ္ေနေသာ ႏြေဦးသည္ ညီသု႔စကားအား မယုံၾကည္နိုင္စြာျဖင့္ ဟံသာဦးအား လွမ္းေမးမိသည္..။ညီသု႔ကေတာ့ ႏြေဦးအား အၾကည့္ခ်င္းပင္ မစုံေစဘဲ ေခါင္းငုံ႕ထားလို႔..
"ဘယ္မွာလဲ သတ္မယ္.. အဲ့ေခြးေကာင္ကို ဒီေန႕ သတ္မယ္.. "
မ်က္ရည္ေတြႏွင့္ ေပပြေနေသာ ႏြေဦးက ဟံသာဦးကိုပင္ လက္ရွိ အလိုရွိေနမိသည္..။ ၿပီးရင္ သူ႕စကားအတိုင္း သတ္ပစ္မည္တဲ့...
"ငါ ဒီမွာ...." ဟု ဧည့္ခန္းအေပါက္ဝမွ ဆိုလာေသာ ဟံသာဦးက ႏြေဦးအား ၾကည့္ခါ မ်က္ေမွာင္ၾကဳတ္လို႔...
"မင္း သတ္နိုင္ရင္ လာသတ္ခ်ည္..."
ထိုသို႔ ေျပာေနေသာ ဟံသာသည္ ေနကာမ်က္မွန္အား မ်က္ႏွာမွ ဖယ္ခြာယူေစၿပီး အကၤ်ီ၌ ခ်ိတ္ပစ္ရင္း မခ်ိၿပဳံး ၿပဳံးလာသည္...။
"လူသတ္သမား! " ဟုဆိုခါ ဟံသာဦး အနား ဝ႐ုန္းသုန္းကားေရာက္လာရင္း အကၤ်ီေကာ္လံစကို မမွီ့တမွီမရပ္ႏွင့္ ေဆာင့္ဆြဲပစ္လိုက္သည္...။
"ဒီေန႕ ခင္ဗ်ားေသရမယ္... ၿပီးေတာ့ က်ဳပ္ လက္နဲ႕ဘဲ ေသရမယ္.."
"ေကာင္းၿပီ သတ္ေလ..."
မဲ့ၿပဳံး ကေလးၿပဳံးေနတဲ့ ဟံသာဦးဟာ အမွန္အကန္ကိုပင္ ႏြေဦးအား မုန္းခ်င္စရာ.....
.
.
.
.
.
.
.
Next Chapter - ေရာ့ သတ္နတ္ ပစ္... မင္းမပစ္ရင္ ငါပစ္မွာေနာ္