MY Crush Is My Step-Father
By vv_kit2002
992K 37.7K 694
ဒုတိယအကြိမ် ပြန်တင်ခြင်း.... More
အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.19
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
ep.28
ep.29
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်
ep.20
18.4K 765 3
By vv_kit2002
Part 20
Unicode...
"မင်းဟာမ နန်းသျှစ်ဝေလွန်း မဟုတ်ဘူး.."
ဖြောင်း !
လေပေါ်မြောက်တက်သွားသော ဟံသာဦး လက်ဖဝါးတွေက ကြမ်းတမ်းစွာပင် နွေဦးရဲ့ ပါးပြင်ပေါ် ဖြတ်ပြေးသွားလေသည်...။
"ပါးစပ်ပိတ်..."
"ငါက ဘာလို့ ပိတ်ရမှာလဲ..."
"ပိတ်လို့ ပြောနေတယ်လေ..."
"ဟံသာဦး ငါပြောပြီးသားဆိုပေမဲ့ ထပ်ပြောမယ်... ငါမင်းကို သိပ်သနားတာဘဲ..."
ဟံသာဦး မျက်ခုံးတွေကို စုကြုတ်လိုက်စဉ်မှာဘဲ လူက နောက်ထပ် ထပ်၍ မလှုပ်နိုင်အောင်ကိုဘဲ တအားမူးလာပြီမို့ အိပ်ယာပေါ်ကျောပြန်ချလိုက်မိသည်။
"မင်း မကောင်းတဲ့အကောင်... မင်းကို မုန်းတယ်... "
ဟံသာဦးကိုယ်ပေါ်၌ နေရာယူလျှက်ပင် ရင်ဘက်ပေါ် ကိုယ်ကို မှောက်ချရင်း တအင့်အင့် ရှိုက်ငို မိသည်..။လက်ဖဝါး သေးသေးလေးတို့ကလည်း ရင်ဘက်အား အဆက်မပျက် ခပ်နာနာကလေး ထုနှက်လို့....
"ပင်ပန်းနေပြီ တော်တော့..."
ခါးမှ သိုင်းဖတ်လာသည့် ဟံသာဦး၏ လက်တွေက အနည်းငယ် နွေးထွေးနေပြန်သည်ကြောင့် နွေဦး ငိုနေရင်းမှ နှုတ်ခမ်းကလေးတွေ စုချွန်ခါ ...
" ငါ အဲ့မိန်းမ မဟုတ်ဘူး ငါ့ကို ထပ်မမှားနဲ့... "
လက်တွေကို ဖယ်ခွာပစ်ရင်း ဟံသာဦးကိုယ်ပေါ် ခွထိုင်ထားသော ဝတ်လစ်စလစ်နှင့် နွေဦးမှာ တစ်ခဏအတွင်း မတ်တပ်ရပ်လိုက်သည်..။ ကြမ်းပြင်ပေါ်မှ တစ်စဆီ ပွကျဲနေသော အဝတ်တို့ကို လိုက်လံကောက်ခါ သူ့အနားမှနေခါ တရွေ့ရွေ့ပြန်ထွက်သွားချေပြီ..။
နွေဦး ပြန်ထွက်သွားမှ ဟံသာဦး သက်ပြင်းအား ခပ်ကျယ်ကျယ် ချပစ်လိုက်တော့သည်။ပြီးမှ သူ့လက်နှစ်ဖတ်ပေါ်နေရာယူနေသော ပတ်တီးတို့ကိုကြည့်ခါ စကားအချို့ကို ဆိုမိသည်..။
"မင်း ဘာရည်ရွယ်ချက်တွေနဲ့ ဒီလိုလုပ်ထားရတာလဲ...ဒါက မင်းရဲ့ စိတ်ရင်းအမှန်လား... ဒါမှမဟုတ် ဟန်ဆောင်နေတာလား.... "
ဟံသာဦး ပြန်တွေးကြည့်မိတော့ နွေဦး အိမ်ပြန်မလာသည့် ရက်တွေမှာ သူ့ခံစားချက်ပြင်းပြစွာ လိုက်ရှာခဲ့ရသေးသည်..။ အဆုံးသတ်မှာ နွေဦး ဆိုသော ကောင်လေးက သူမလိုမျိုး နှုတ်ဆက်ခြင်းမရှိဘဲ သူ့အနားမှ အဝေးဆုံးသို့ ထွက်ပြေးသွားသည် ဟူသော အတွေးနဲ့တင် စိတ်တွေ အလိုလို ခြောက်ခြားခဲ့ရသည် မဟုတ်ပါလား... ဘေးနားမှာ နွေဦး မရှိတော့ဘူးဆိုသော အသိနဲ့တင် တစ်ယောက်ထဲ လုံးပတ်ချာလည် တွေးပူရင်း အရက်တွေထဲ ခေါင်းနစ်ခဲ့ပြန်သည်..။
"မဟုတ်မှ လွဲရော.. ငါက အဲ့ကောင်လေးကို ဟား..မဖြစ်နိုင်လိုက်တာ... "
အခန်းတစ်ဖတ်မှာတော့ တအင့်အင့်နှင့် ကြိတ်ငိုခါ ခံစားချက်တွေ ဖွင့်ထုတ်နေသော နွေဦးသည် နန်းသျှစ်ဝေလွန်း နှင့်ပတ်သတ်လို့ ရင်ထဲမကောင်းတော့ပေ..။
ထိုနေ့ညက နွေဦးရဲ့ အိပ်မက်ထဲတွင် သူနှင့် အခြားကောင်လေးတစ်ယောက်ဟာ ညပွဲဈေးကြီးအတွင်း ပျော်ရွှင်စွာ လည်ပတ်လျှက်ရှိခဲ့သည်။
..........
မနက်မိုးလင်းကတည်းက အိမ်အောက်ထပ်မှာ ဆူညံနေသော အသံကြောင့် ဟန်သာဦး အိပ်ယာမှ နိုးထခဲ့ရသည်..။
အလုပ်ပိတ်ရက်ဖြစ်သည်ကြောင့်ရော ညက အရက်နာ ကျထားသည်ကြောင့်ရော လူက မနက်၉နာရီကျော်မှ ထခဲ့ရသည့်အဖြစ်...
အိပ်ချင်မူးတူးနှင့်ပင် မျက်နှာပင် မသစ်နိုင်ပါဘဲ အောက်ထပ်က ဆူညံခြင်းဆီ စိတ်က အလိုလို ရောက်နေသည်မို့ အပေါ်ထပ် ဝရံတာစတီးတန်းပေါ် လက်ထောက်တင်ခါ  အိမ်အောက်ထပ်သို့ ငုံ့ကြည့်မိတော့...
တကုတ်ကုတ်နှင့် ညက သူဖွထားခဲ့သည့် ပစ္စည်းတွေအား သန့်ရှင်းရေးလုပ်နေသော နွေဦးမှာ ဆံပင်တွေကို အပေါ်တစ်လွှာကို ကြိုးနှင့်စီးနှောင်လို့ အရိုးရှင်းဆုံး အနေချောင်သည့် တီရှပ်အပွနှင့် ဘောင်းဘီတိုကိုပင် အပေါ်ထပ်မှနောက်တစ်ထပ် အပရွန်ပန်းနုရောင်လေးနှင့် ပိုလာဝက်ဝံဖြူလေးလို ဘာကောင်လေးမှန်းမသိပေ။
အခန်းစီးတွေအားလုံး ဖြုတ်ချထားလို့ နေရောင်က အခန်းပတ်လည်တွင် တည်ရှိနေပြီး အိမ်အလယ်ဗဟိုက နွေဦးအား ခစားနေသယောင်ရှိသည်..။
ဟံသာဦး ကြည့်နေသည့် မြင်ကွင်းလေးမှာ ထိုအလှလေးက ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ လှုပ်ရှားသက်ဝင်နေချိန် ဟံသာဦးတယောက်သာ ကျောက်ရုပ်ကြီးပမာ ငြိမ်သက်လို့...
"အဟွတ်.."
တံတွေးမြိုချချိန် တံတွေးသီးသွားသည်ကြောင့် ချောင်းသီးမိရာ နွေဦးက အသံလာရာသို့ မော့ကြည့်မိသည်..။
နွေဦး မျက်နှာက ဘာမှမဖြစ်ခဲ့သလိုမျိုး ဟံသာဦးအား လှမ်းကြည့်ခါပင် "နိုးရင်လည်း ဆင်းခဲ့တော့ မနက်စာပြင်ထားတယ် " ဆိုသည့် စကားစုလေးအား ပြန်ပြောရင်း သူ့အလုပ် သူပြန်လုပ်နေသည်..။
အလိုလို မျက်မှောင်ကြုတ်သွားရသော ဟံသာဦးမှာ သူ့အား အရေးတစ်ယူ မရှိလှသည်ကြောင့် အခန်းထဲ ပြန်ဝင်ခါ အိပ်ယာပေါ် ပြန်လှဲမိသည်..။
"ကျစ်...ဘာလို့ သူ့အကြည့်တွေက ပုံမှန်ထက် အေးစက်နေရတာလဲ..."
အိပ်ယာထက် တစ်ပတ်လူးလိမ့်ရင်း တစ်ကိုယ်တော် မကြေနပ်ပွဲ အစီစဉ်အား စီစဉ်ကျင်းပလို့..
ဘုတ် ! ခနဲမည်အောင် ကုတင်ပေါ်မှ ပြုတ်ကျသွားသော ဟံသာဦးသည် အကျမသေးလှပေ... ခါးစောင်းနာသွားသည်မို့ ကြမ်းပြင်ပေါ်မှ ခပ်ဖြေးဖြေးပြန်ထရင်း ရေချိုးခန်းထဲ ဝင်ရတော့သည်..။ သူ့အဖြစ်ကို သူလည်း ပြန်တွေးခါ ရှက်လှပြီမို့ မျက်နှာတွေပင် ရဲလှပြီ။
ရေချိုးပြီးတာနှင့် မနက်စာစားရန် အောက်ထပ်သို့ဆင်းလာတော့ နွေဦး ခင်မျာ တောင်ပြေး မြောက်ပြေး အလုပ်တွေ ယခုထိမပြီးမြောက်သေးပေ..
ဟံသာဦး မျက်ခုံးတွေ ကြုတ်ရင်း နွေဦးအား လှမ်းခေါ်လိုက်သည်..။
"နွေဦး.."
"အင်း ပြောလေ.." ဆိုပြီး လှည့်ကြည့်လာတဲ့ နွေဦးက သူ့အနား ခပ်ဝေးဝေးမှ ရပ်ခါ ဆိုလာသည်..။
ထိုအခါ ဟံသာဦးက သူ့လက်တွေထုတ်ပြခါ ဆေးလိမ်းပေးရန် ဆိုလာသည်ကြောင့် နွေဦး ခေါင်းကိုညှိမ့်ပြရင်း ခဏစောင့်နေပေးရန် ပြောကြားလာသည်..။ ပြီးတော့ အကောင်ပေါက်က ဘေစင်မှာ လက်သွားဆေးပြီး သူ့ဆီ ဆေးထုတ်နှက့်အတူ ပြန်လာသည်..။
ဒါကို တစ်ဆုံးလိုက်ကြည့်နေသော ဟံသာဦးက ယခုထိ နွေဦးအား အလိုမကျသေးပေ.. သက်ပြင်းကိုလည်း ခဏ ခဏချလို့...
"လက်တွေ ထုပ်ပေး.." ဟုဆိုလာသည့် အေးတိအေးစက်အသံပိုင်ရှင် နွေဦးက ဗီတာဒိုင်းအား ဂွမ်းစ၌ ဆွတ်ခါ ပြောနေေသာကြောင့် ဟံသာဦး လက်တွေကို အလိုတူစွာ ကမ်းပေးလိုက်မိသည်။
"အင့်..."
"စပ်မယ်နော်.. "
"ရတယ် ကိစ္စမရှိဘူး.." ဟုဆိုလိုက်သော်ညားလည်း ဆေးရဲ့အစွမ်းက တကယ်စပ်လှသည်မို့ အသံထွက်ခါ ယောင်မိသည်..။ ယောင်သွားသော သူ့ရဲ့ပါးစပ်ကိုလည်း သွားဖြင့်ဖိကိုက်ရင်း ထိန်းထားရသည်..။ ဒါကို သိသော နွေဦးက နှုတ်ခမ်းတွေ စုချွန်ခါ လေအေးအေးဖြင့် မှုတ်ပေးတော့ စောနကလောက်အထိ မစပ်တော့ပေ..။
တကယ်ပင် တော်သေးသည်..။
နေရာယူထားသော နှဖူးစပ်က ချွေးစလေးတို့က နေရောင်အောက် တလဲ့လဲ့နှင့် စိတ်အမှန်သာဆိုရင် ကိုယ်တိုင် ကိုယ်ချ ဖိသုတ်လိုက်ပေးချင်ပေမဲ့ သူနှင့်ကိုယ့်ကြားက စည်းတွေက ကောင်းသောရလဒ်တွေမှမဟုတ်ခဲ့ဘဲလေ...
သူတို့မိသားစုကို ပျိုကွဲသွားအောင် လုပ်ခဲ့တဲ့သူဟာ ကိုယ်ပါလို့ ပြောလိုက်ရင် သေချာပေါက် မျက်စိရှေ့က ဒီကလေး ဘယ်လိုပုံစံဖြစ်သွားလိမ့်မလဲ...
ဟုတ်တာပေါ့ သူ ဒီမိသားစုထံချည်းကပ်ခဲ့တာ သူတို့မိသားစု ပြိုကွဲသွားဖို့ဘဲ သေပြီးနာကျင်ရသည်ထက် အသက်ရှင်လျှက် နာကျင်ရသည်က ပို၍ ဆိုးကြောင်း သက်သေပြချင်လို့ နွေဦး မိဘတွေကြားထဲ တတိယလူ အပိုထည့်ပေးလိုက်ခါ အိမ်ထောင်စုကို ဖရိုဖရဲဖြစ်အောင် လုပ်ပစ်ခဲ့လေသည်..။
ထို့နောက် ဆေးပတ်တီး ပတ်ပေးခါ ဆေးတွေအား နေရာတစ်ကျ ပြန်သိမ်းနေသော နွေဦးက ထိုင်ရာမှထ လာသည်မို့ ဟံသာဦး အတွေးစတို့ ပြောက်သွားရသည်..။ ကလေးငယ်ကတော့ သူ့အလုပ်လုပ်နေသော နေရာသို့ ပြန်သွားလေပြီ.။
ဒါကို အစအဆုံးလိုက်ကြည့်နေသော ဟံသာဦးက တကယ်ကို အလိုမကျတော့ပေ...မနက်စာဝိုင်းသို့ ပြောင်းထိုင်ခါ အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်နေသော နွေဦးကိုသာ လိုက်ကြည့်နေမိပါသည်.။
ငါတို့အတိတ်တွေက မလှပခဲ့တော့ မင်းနဲ့ငါ့ရဲ့ဆက်ဆံရေးက အဆိပ် အကြွင်းလိုဘဲ...  ငါဘယ်လိုမျိုး မင်းကို ရှင်သန်ခွင့်ပေးရမလဲ...
.........
Zawgyi....
Part 20
ဖြောင်း !
လေပေါ်မြောက်တက်သွားသော ဟံသာဦး လက်ဖဝါးတွေက ကြမ်းတမ်းစွာပင် နွဦေးရဲ့ ပါးပြင်ပေါ် ဖြတ်ပြေးသွားလေသည်...။
"ပါးစပ်ပိတ်..."
"ငါက ဘာလို့ ပိတ်ရမှာလဲ..."
"ပိတ်လို့ ပြောနေတယ်လေ..."
ခါးမှ သိုင်းဖတ်လာသည့် ဟံသာဦး၏ လက်တွေက အနည်းငယ် နွေးထွေးနေပြန်သည်ကြောင့် နွဦေး ငိုနေရင်းမှ နှုတ်ခမ်းကလေးတွေ စုချွန်ခါ ...
ဟံသာဦး ပြန်တွေးကြည့်မိတော့ နွဦေး အိမ်ပြန်မလာသည့် ရက်တွေမှာ သူ့ခံစားချက်ပြင်းပြစွာ လိုက်ရှာခဲ့ရသေးသည်..။ အဆုံးသတ်မှာ နွဦေး ဆိုသော ကောင်လေးက သူမလိုမျိုး နှုတ်ဆက်ခြင်းမရှိဘဲ သူ့အနားမှ အဝေးဆုံးသို့ ထွက်ပြေးသွားသည် ဟူသော အတွေးနဲ့တင် စိတ်တွေ အလိုလို ခြောက်ခြားခဲ့ရသည် မဟုတ်ပါလား... ဘေးနားမှာ နွဦေး မရှိတော့ဘူးဆိုသော အသိနဲ့တင် တစ်ယောက်ထဲ လုံးပတ်ချာလည် တွေးပူရင်း အရက်တွေထဲ ခေါင်းနစ်ခဲ့ပြန်သည်..။
အခန်းတစ်ဖတ်မှာတော့ တအင့်အင့်နှင့် ကြိတ်ငိုခါ ခံစားချက်တွေ ဖွင့်ထုတ်နေသော နွဦေးသည် နန်းသျှစ်ဝေလွန်း နှင့်ပတ်သတ်လို့ ရင်ထဲမကောင်းတော့ပေ..။
ထိုနေ့ညက နွဦေးရဲ့ အိပ်မက်ထဲတွင် သူနှင့် အခြားကောင်လေးတစ်ယောက်ဟာ ညပွဲဈေးကြီးအတွင်း ပျော်ရွှင်စွာ လည်ပတ်လျှက်ရှိခဲ့သည်။
..........
တကုတ်ကုတ်နှင့် ညက သူဖွထားခဲ့သည့် ပစ္စည်းတွေအား သန့်ရှင်းရေးလုပ်နေသော နွဦေးမှာ ဆံပင်တွေကို အပေါ်တစ်လွှာကို ကြိုးနှင့်စီးနှောင်လို့ အရိုးရှင်းဆုံး အနေချောင်သည့် တီရှပ်အပွနှင့် ဘောင်းဘီတိုကိုပင် အပေါ်ထပ်မှနောက်တစ်ထပ် အပရွန်ပန်းနုရောင်လေးနှင့် ပိုလာဝက်ဝံဖြူလေးလို ဘာကောင်လေးမှန်းမသိပေ။
အခန်းစီးတွေအားလုံး ဖြုတ်ချထားလို့ နေရောင်က အခန်းပတ်လည်တွင် တည်ရှိနေပြီး အိမ်အလယ်ဗဟိုက နွဦေးအား ခစားနေသယောင်ရှိသည်..။
"အဟွတ်.."
တံတွေးမြိုချချိန် တံတွေးသီးသွားသည်ကြောင့် ချောင်းသီးမိရာ နွဦေးက အသံလာရာသို့ မော့ကြည့်မိသည်..။
နွဦေး မျက်နှာက ဘာမှမဖြစ်ခဲ့သလိုမျိုး ဟံသာဦးအား လှမ်းကြည့်ခါပင် "နိုးရင်လည်း ဆင်းခဲ့တော့ မနက်စာပြင်ထားတယ် " ဆိုသည့် စကားစုလေးအား ပြန်ပြောရင်း သူ့အလုပ် သူပြန်လုပ်နေသည်..။
ရေချိုးပြီးတာနှင့် မနက်စာစားရန် အောက်ထပ်သို့ဆင်းလာတော့ နွဦေး ခင်မျာ တောင်ပြေး မြောက်ပြေး အလုပ်တွေ ယခုထိမပြီးမြောက်သေးပေ..
ဟံသာဦး မျက်ခုံးတွေ ကြုတ်ရင်း နွဦေးအား လှမ်းခေါ်လိုက်သည်..။
"နွဦေး.."
"အင်း ပြောလေ.." ဆိုပြီး လှည့်ကြည့်လာတဲ့ နွဦေးက သူ့အနား ခပ်ဝေးဝေးမှ ရပ်ခါ ဆိုလာသည်..။
ဒါကို တစ်ဆုံးလိုက်ကြည့်နေသော ဟံသာဦးက ယခုထိ နွဦေးအား အလိုမကျသေးပေ.. သက်ပြင်းကိုလည်း ခဏ ခဏချလို့...
"လက်တွေ ထုပ်ပေး.." ဟုဆိုလာသည့် အေးတိအေးစက်အသံပိုင်ရှင် နွဦေးက ဗီတာဒိုင်းအား ဂွမ်းစ၌ ဆွတ်ခါ ပြောနေသောကြောင့် ဟံသာဦး လက်တွေကို အလိုတူစွာ ကမ်းပေးလိုက်မိသည်။
"အင့်..."
"စပ်မယ်နော်.. "
တကယ်ပင် တော်သေးသည်..။
ဟုတ်တာပေါ့ သူ ဒီမိသားစုထံချည်းကပ်ခဲ့တာ သူတို့မိသားစု ပြိုကွဲသွားဖို့ဘဲ သေပြီးနာကျင်ရသည်ထက် အသက်ရှင်လျှက် နာကျင်ရသည်က ပို၍ ဆိုးကြောင်း သက်သေပြချင်လို့ နွဦေး မိဘတွေကြားထဲ တတိယလူ အပိုထည့်ပေးလိုက်ခါ အိမ်ထောင်စုကို ဖရိုဖရဲဖြစ်အောင် လုပ်ပစ်ခဲ့လေသည်..။
ဒါကို အစအဆုံးလိုက်ကြည့်နေသော ဟံသာဦးက တကယ်ကို အလိုမကျတော့ပေ...မနက်စာဝိုင်းသို့ ပြောင်းထိုင်ခါ အလုပ်တွေ တစ်ခုပြီးတစ်ခု လုပ်နေသော နွဦေးကိုသာ လိုက်ကြည့်နေမိပါသည်.။
.........
Continue Reading
You'll Also Like
1.3M 67K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
3.3M 206K 92
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.8M 300K 198
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...