MY Crush Is My Step-Father
By vv_kit2002
772K 31.1K 501
ဒုတိယအကြိမ် ပြန်တင်ခြင်း.... More
အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.17
ep.18
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
ep.28
ep.29
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်
ep.19
13.2K 598 2
By vv_kit2002
Part 19
Unicide...
"ကိုကို..."
ခပ်ချွဲချွဲအသံလေးနဲ့ လက်မောင်းတစ်ဖတ်အား သူ့မပါးလေးအပ်ခါ ကြောင်လေးလိုချွဲနေသော ကျွန်တော်သိပ်ချစ်ရတဲ့ ရည်းစားဦးလေး...
"ဗျာ..." ဟုဆိုခါ ဟံသာဦး သံရှည်ဆွဲမိသည်..။
"ဒီနှစ်ကျောင်းပြန်တက်ရမယ်မှလား.. "
"အင်းလေ.."
"ကိုကို ဂတိပေး..နောက်တစ်ခါရန်မဖြစ်ရဘူးနော်..."
သူမကစိုးရိမ်တကြီးနဲ့ သတိပေးလာပုံထောက် ဟံသာဦးသူ့အမှားသူသိသလိုမျိုး အပြုံးလေးနဲ့ သူ့လက်မောင်းအားမှီတင်းနေသော ချစ်ရသူအား စောင်းငဲ့ကြည့်လိုက်တော့ ဆူပုတ်ပုတ်မျက်နှာထားလေးနဲ့ သူမ...
"အင်းပါ..ကိုယ်နောက်တစ်ခါရန်မဖြစ်တော့ပါဘူး" ဆိုသော ဂတိအား သူမလေးကြားအောင် ပြန်ဖြေမိသည်...။
တကယ်က ၁၀တန်းတုန်းကလွန်းလွန်းကို လာကြောင်တဲ့ကောင်ကြောင့် ဟံသာဦး နဲ့ရန်ဖြစ်ခဲ့ရာမှ တစ်ဖတ်လူ ဆေးရုံတင်လိုက်ရသည်အထိ လူရိုက်မှုအထိကျူးလွန်ခဲ့ပြီး ကျောင်းလေးနှစ်နားခဲ့ရသည်...။အခု လေးနှစ်ကလည်း ပြည့်ခါနီးပြီ.. ကျောင်းလည်း ပြန်တက်ရတော့မည် အဲ့တာကြောင့်ဘဲ လွန်းလွန်း သူ့ကို စိတ်မချ ဖြစ်နေတာပါ..
"လွန်းလွန်း..."
"ပြော..."
"လွန်းလွန်း တက္ကသိုလ်ဆက်တက်ပါ ကိုယ့်ကိုစောင့်မနေနဲ့ လွန်းလွန်း ပညာရေး ကိုယ့်ကြောင့်နဲ့ နှောင့်နှေးတယ်.."
"ကျစ်...ကိုကို.. လွန်းလွန်း ဘယ်နှခါပြောရမလဲ ကိုကိုနဲ့ဘဲကျောင်းဆက်တက်ချင်တာပါလို့ဆို အခု တစ်နှစ်ဘဲ စောင့်ရတော့မှာလေ.. "
ဟံသာဦးသည် နန်းသျှစ်ဝေလွန်းရဲ့ လက်ဖဝါးတွေကိုဆုတ်ကိုင်ရင်း..."ကျောင်းပြီးရင် ကိုယ်တို့လက်ထပ်ကြမယ်လေ နော်..."
"ကိုကို လွန်းက ကိုကို့ကို ချစ်ပါတယ် ဒါပေမဲ့ လွန်းကဆင်းရဲတယ်.. ကိုကို့မိဘတွေဆီမှာ လွန်း မျက်နှာမငယ်ချင်ဘူး ပြီးတော့ လွန်းရဲ့ အလုပ်တွေလည်း အောင်မြင်လုနီးပါဘဲ လွန်းကို အချိန်ပေးပါအုံး ကိုကိုရယ်.."
"လွန်းလွန်း..."
ဟံသာဦးက သဘောမကျစွာ သူမ နာမည်အား ခပ်ဖြေးဖြေး အော်ခေါ်လိုက်လျှင် လွန်းကလည်း ကိုကို ဟု ဟန့်တားသံနှင့် စကားပြန်ထောက်သည်..။
ထိုအခါမှ ဟံသာဦးက ခေါင်းညှိမ့်ခါ လွန်း ပုခုံးကို ဆုတ်ကိုင်လိုက်သည်။ လွန်းကလည်း ဟံသာဦး ရင်ခွင်ထဲ မှီဝင်လျှက် ညနေဆည်းဆာသည် လှပသော ရောင်စဉ်တို့နှင့် သူတို့နှစ်ယောက်အား ထောက်ပံ့ပေးလျှက်ရှိသည်...။
တစ်နေ့တော့ သူတို့နှစ်ယောက်ကြား ကံကြမ္မာဆိုးက ဝင်ရောက်လာခဲ့တော့သည်...။
လွန်းရဲ့ အလုပ်ချိန်အပြန်ကို ဟံသာဦး နေ့တိုင်း အချိန်မှီစွာ စောင့်ကြိုလျှက်ရှိသည်..။ ဒါပေမဲ့ ဒီနေ့တော့ ဟံသာဦး အိမ်မှာ နေမကောင်းလို့ အိပ်ပျော်သွားခဲ့သည်ကြောင့် လွန်း အလုပ်ချိန်အပြန်ကို နောက်ကျမှ ရောက်ခဲ့ရသည်..။
"ကိုကို..."
ကားလမ်းတစ်ဖတ်မှ လက်ပြခေါ်နေသော လွန်းသည် ဟံသာဦးအလာကို စောင့်နေခဲ့ပုံရသည်..။ သူ့ကိုမြင်တော့ ပျော်သွားသည့်လွန်းက ထိုင်နေရာမှ ထခါ ကားလမ်းမတစ်ဖတ်က ဆိုင်ကယ်နှင့် ဟံသာဦးကို လက်ပြန်ပြပေးသည်... ဟံသာဦးကတော့ Helmet ကာထားသော ဦးထုပ်မှန်နောက်မှ ပြန်ပြုံးပြလို့...
ဘာလို့မှန်းမသိ လွန်းကို ဒီနေ့ကျမှ သူ သိပ်လွမ်းနေသလိုလိုရှိသည်..။ အိပ်မက်တွေလည်းမကောင်းတာမို့ စိတ်ထဲ တခုခုက ထင့်နေ၏။ ပြီးမှဘဲ လွန်းကို ဖတ်ခါ သူနေမကောင်းသည်ကို ပြောရင်း ဂရုစိုက်မှုတွေယူခါ အဝချွဲပစ်မည်ဟု စိတ်ထဲ၌သာ ကြွေးကြော်ထားမိသည်..။
ဟံသာဦး သူမဆီက ခဏတာ အကြည့်လွှဲခါ ကားအရှင်းကို စောင့်ရသည်မို့ ဆိုင်ကယ်ကို တစ်ဖတ်လမ်းက သူမဆီသို့ ဖြတ်ကူးမလာသေးဘဲ စောင့်နေတုန်းပင်ရှိသေး..
ထိုအချိန် ဒုန်း ဟူသော အသံက ပြင်းတာကြောင့် စိတ်ထဲ လူက မြောက်ကြွခါ အသံလာရာသို့ လျှင်မြန်စွာကြည့်မိတော့ ခွေခွေကလေး လဲနေသော ကားလမ်းမထက်က လွန်းဟာ လွန်းမှ ဟုတ်ပါရဲ့လား သွေးတွေနဲ့ ချင်းချင်းတောက်လို့လေ...။
ဟံသာဦး သူ့ခေါင်းပေါ်က Helmet ကို အဝေးသို့ချွတ်ပစ်ရင်း ဆိုင်ကယ်ပေါ်မှအပြေးဆင်းလာခါ ကားတွေ တဝှီးဝှီးသွားနေတဲ့ လမ်းတွေကြားမှ သူမဆီအပြေးရောက်ချလာမိသည်..။
"လွန်း... လွန်း....ကိုကို့ကိုကြည့်ပါအုံး..."
ဘယ်လောက်ဘဲ အော်ခေါ်နေပါစေ မျက်လုံးပင်ပြန်၍ ပွင့်မလာသော လွန်းက မြေပြင်ပေါ်၌ အေးစက်စွာ လဲလျောင်းလို့...
"အား...လူတိုက်သွားပြီ..."
"ဟယ် တိုက်သွားပြီ..ကြည့်စမ်း.."
"ကောင်မလေးက ပွဲချင်းပြီးနဲ့တူပါရဲ့..."
"ကားမောင်းသမားကရော ဟိုမှာ ဟိုမှာ ဟား သူတို့လည်း အထိနာသွားပုံရတယ်... အကုန်လုံး ကားထဲမှာ သတိလစ်နေကျတယ်..."
စသည့် စကားသံတွေကြောင့် ဟံသာဦး မျက်ရည်စတွေနဲ့ ထိုကားအဖြူလေးထဲကြည့်မိတော့ လွန်းအား တိုက်မိပြီးမှ ကားကို တစ်ဖတ်သို့ ရှောင်လိုက်တာ ဓာတ်တိုင်ကို ပြန်၍ တိုက်မိသွားပုံရသည်... ကားကလည်း ဓာတ်တိုင်းထဲ ခေါင်းထိုးဝင်လို့ ရှေ့ခေါင်းတစ်ခုလုံး ဆုတ်ပြတ်သတ်သွား၏။
ကားပြူတင်းပေါက်မှ မှန်ကွဲများကြား သွေးအလူးလူးနဲ့ လဲနေသော ဖြူဖြူဖွေးဖွေး ကောင်လေးဟာလည်း သတိမေ့နေပုံ သူ့မိဘတွေဟုထင်ရသည့် လူနှစ်ယောက်ကလည်း ရှေ့ခေါင်းခန်းထဲ သတိလက်လွတ်နဲ့ လဲနေကြသည်...။
ငါ မှတ်ထားမယ်... မင်းတို့တွေ အခုမသေသေးရင် နောင်တစ်ချိန် ငါ့လက်နဲ့သတ်ပစ်မယ်...။
တိုးတိုးတိတ်တိတ်ဆိုနေသော စကားသည် မည်သူမှ ကြားလိုက်မည့်ပုံမဟုတ်တာကြောင့် ဟံသာဦး သူမကိုဆွဲပွေ့ခါ ဆေးရုံပေါ်သို့ အငှါးကားနဲ့ မောင်းထွက်လာခဲ့လိုက်သည်..
သို့ပေမဲ့လည်း နန်းသျှစ်ဝေလွန်းကမူ လွန်ခဲ့တဲ့ နာရီတွေထဲက ထိုနေရာမှာတင် ပွဲချင်းပြီးဆုံးသွားခဲ့ရသည်ကို သိလိုက်ရသည်..။အမှန်ဆိုပေမဲ့လည်း ဟံသာဦး လက်မခံနိုင်ခဲ့ပေ...
ဆုံးရှုံးရမှာစိုးလို့တောင် တနေ့တနေ့ မျက်စိအောက်က အပျောက်မခံခဲ့သည့် ကလေးမက ဒီနေ့တော့ သူ့ဘဝထဲမှ မဆိုင်သည့်လူလိုမျိုး ထွက်ခွာသွားခဲ့ပြီလေ...။
ချစ်လွန်းလို့ အာခေါင်ထဲ ငုံထားမတပ် ချစ်ခဲ့ရတဲ့ ဟံသာဦးခင်မျာ ရက်ပေါင်းချီသည်အထိ စိတ်ကို အနားပေးခဲ့ရသည်...။ ဟံသာဦး မိဘတွေသည်လည်း ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာသံမှမထွက်ခဲ့ပေမဲ့ သူတို့ကိုယ်တိုင် ဟံသာဦးကို မလိုချင်လို့ စွန့်ပစ်ခဲ့တာ မွေးကတည်းကပင်... မကောင်းတက်လို့သာ တိုက်အိမ်ကြီးထဲ ငွေတွေ ပုံထည့်ပေးရင်း ဝတ်ကျေတမ်းကျေပုံစံသာ ဆက်ဆံခဲ့သည်..။ ဘာလို့လဲဆိုတော့ ဒီကောင်လေးဟာ သူတို့ရဲ့သားအရင်းမှမဟုတ်ဘဲလေ....။
အစကတည်းက သူဠေးကြီးလင်မယားက ကလေးမရလို့ မိဘမဲ့ဂေဟာမှာ ဟံသာဦးကိုခေါ်ခါ တုန်တုန်နေအောင်ချစ်ပြီး မွေးစားခဲ့ပေမဲ့ တစ်နှစ်ကျော်အကြာမှာ သူတို့သူဠေးကြီး လင်မယားထံ ခက်ခက်ခဲခဲနဲ့ကလေးရလာသည်ကြောင့် အခုလို ဟံသာဦးကို အရေးမစိုက်တော့ဘဲ  ကလေးထိန်းနှင့်အတူ အခြားတစ်နေရာသို့ စွန့်ပစ်ထားခဲ့သည်မှာ ဟံသာဦး အသက် ၇နှစ်အရွယ်ခန့်ကပင်ဖြစ်လေသည်။
အခက်အခဲပေါင်းများစွာကြားထဲမှနေခါ ဟံသာဦးတစ်ယောက်တည်း နာကျင်စွာနဲ့ ကြီးပြင်းလာခဲ့ရသည်မှာ ဧကန်ပင်..။ လှည့်ပင် မကြည့်ဘဲ တစ်နှစ်တစ်ခါ သုံးငွေသာ ဟံသာဦးလက်ထဲရောက်လာခဲ့ပေမဲ့ မွေးစားမိဘတွေကတော့ အရိပ်အယောင်တောင် လုံးလုံး ထွက်မပြခဲ့ကြချေ...။
ဒါကြောင့်လည်း လွန်းလွန်းအား လက်ထပ်ယူမည်ဟု ပြောခဲ့စဉ်က လွန်းလွန်း အတင်းငြင်းသောကြောင့် မည်သည့်စကားမှတောင် မထွက်လာဘဲ သူ့ဘက်ကသာ သူမဘဝ အောင်မြင်သည်အထိ ပေးစောင့်နေခဲ့သူဖြစ်၏။...
ဒီနှစ်တွေထဲ သူ့ရဲ့ အဖော်ဆိုလို့ လွန်းလွန်းသာ ရှိခဲ့သည်..။ လွန်းလွန်းတစ်မျက်နှာကြောင့်သာ သူအရာရာ သည်းခံထားခဲ့သမျှ ငြိမ်သက်နေတာ...ယခုတွင်တော့ ဟံသာဦး အညှိုးအတေးတွေက အထိန်းအကွတ်မဲ့စွာ ပြိုမည့်မိုးလို ဝုန်းဒိုင်းကျဲထွက်ကြလာတော့မည်...။
"တစ်မိသားစုလုံး ငါ့လက်က မလွတ်စေရဘူး. ဟားဟားဟား... "
"သခင်လေး...စိတ်ထိန်းပါအုံး..."
ညီသု့ရဲ့အသံကြောင့် ဟံသာဦး မျက်နှာကို ခပ်ပြုံးပြုံးသာ ဆက်၍ပြုံးထားရင်း ခေါင်းကိုတွင်တွင်ခါပစ်လိုက်သည်။
ညီသု့ ဆိုတာက ငယ်ငယ်ကတည်းက သူ့အား ဖေးဖေးမမနဲ့ စောင့်ရှောက်ခဲ့သည့် အိမ်ထိန်း လင်မယားရဲ့သား... သူ့ဘဝထဲတွင် သူငယ်ချင်းကောင်းဆိုလို့ ညီသု့သာရှိခဲ့သည်.. ။ ညီသု့ဟာလည်း သူ့အပေါ် အလွန်အမင်းကို ခင်တွယ်ခါ အားကိုးခဲ့ရသည့်အနေအထားတွင် ရှိခဲ့သည်မို့လား..
"ညီသု့ မင်း နုပါသေးတယ်ကွာ... မင်းမသိတာတွေ အများကြီးဘဲ... မင်းက ငါခိုင်းတာကိုသာလုပ်.. ဟုတ်ပြီလား..."
ထိုအခါ ညီသု့က လျော့ရဲရဲကျနေသော မျက်မှန်ကလေးကို ပြန်ပင့်တင်ရင်း ခေါင်းညှိမ့်အဖြေပြန်ပေးမိသည်။
"သခင်လေး ခိုင်းသမျှ ဘာမဆို ကျွန်တော် နာခံပါ့မယ်.. "
"ကောင်းတယ်.. ငါလိုချင်တာ ဒါဘဲ..."
ဟံသာဦး ကြိတ်ပြုံးခါ ထိုမိသားစုအား လက်စားချေရတော့မည့် အရသာကို သူသိပ်သုံးဆောင်ချင်နေပြီ....
နာကျင်မှုတစ်ခုမှာ လက်စားချေတာ မပါဘဲနဲ့တော့ ဘယ်လိုမှ အရာမမြောက်ဘူး
ရေတွေလား စီးဆင်းပါစေ ...
သူ့စီးဝင်ရမဲ့ နေရာရောက်သည်အထိ ...
တစ်ခါလောက် ရေစီးတွေနဲ့အတူ ကိုယ် မျောပစ်လိုက်မယ် ...
ပြီးရင်တော့ မင်းလိုချင်တဲ့ ကိုယ့်ပုံစံကို ကိုယ်ပြန်ဖန်တီးပေးမယ် ...
ကိုယ် ဂတိပေးတယ် ...
.........•••••••..........
Zawgyi....
"ကိုကို..."
"အင်းလေ.."
"လွန်းလွန်း..."
"ပြော..."
"လွန်းလွန်း..."
"ကိုကို..."
"အား...လူတိုက်သွားပြီ..."
ရေတွေလား စီးဆင်းပါစေ ...
ကိုယ် ဂတိပေးတယ် ...
...................
Continue Reading
You'll Also Like
377K 26.9K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
21.9K 1.2K 10
Artist - Alien's Art Writer - JeonYiMon ©Yote Pya - ရုပ်ပြ
1.6M 200K 162
122K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။