MY Crush Is My Step-Father

By vv_kit2002

771K 31.1K 492

ဒုတိယအကြိမ် ပြန်တင်ခြင်း.... More

အမှာစာ
ep.1
ep.2
ep.3
ep.4
ep.5
ep.6
ep.7
ep.8
ep.9
ep.10
ep.11
ep.12
ep.13
ep.14
ep.15
ep.16
ep.18
ep.19
ep.20
ep.21
ep.22
ep.23
ep.24
ep.25
ep.26
ep.27
ep.28
ep.29
ep.30
story time (side story)
ep.31
ep.32
ep.33
ep.34
ep.35
ep.36
ep.37
ep.38
ep.39
ep.40
Ep. ( 41.1 + 41.2)
Ep. 42
Ep. 43
Ep. 44
Ep. 45
(( Final ))
Extra......
အမှတ်တရလေးတဖြတ်

ep.17

13.6K 650 15
By vv_kit2002

Part17

Unicode...

"ကိုယ်က မင်းကိုလာရှာတာလေ..."

"ဗျာ...."

ပြူးဝိုင်းသွားသော မျက်ဝန်းတစ်စုံက ငွေမှင်ရောင် အရည်ကြည်လဲ့လဲ့များကိုပင် ဦးခတစ်ယောက် မြင်နိုင်လောက်ပေသည်...။

ဦးခကတော့ ပြုံးပြုံးကလေးနှင့်ပင် ကိုယ့်အားကြည့်လို့...

"စတာပါကွာ..တကယ်က ဦးခ ဒီနားမှာ အသိမိတ်ဆွေတယောက် နေတယ်ကြားလို့ လာကြည့်ရုံပါ.."

"ဪ.." ထိုအခါမှ ခေါင်းကလေး ညှိမ့်ခါညှိမ့်ခါ အဖြေပြန်ပေးရှာသည်။

"ဒါနဲ့ ခြေထောက်က ကောင်းပြီလား.."

နွေဦး ကိုယ့်ခြေထောက်ကိုယ်ပြန်ကြည့်ခါ...

"အရင်ကထက်တော့ သက်သာ နေပါပြီ..."

"ကဲ... အခု ဆေးခန်းလိုက်ပို့ပေးမယ်...အာ..မဟုတ်ဘူး မဟုတ်ဘူး ဖိနပ်အရင်ဝယ်ပေးရမလား..."

"ဟီး ကြိုက်တာ အရင်လုပ်..."

ပေါက်စက အူယားစရာကောင်းအောင် လုပ်ပြနေတော့ ဦးခတယောက် အလိုလို ပြုံးမိရပြန်ပြီ...

..............

ဟံသာဦး၏ မူလအိမ်၌...

ညှို့မှောင်ပြီး မီးရောင်ဖျော့ဖျော့တို့နှင့် လှပနေသော ဧည့်ခန်းမအတွင်း လှပခိုင်ခန့်စွာ တည်ရှိနေသော ကိန္နရီကိန္နရာပန်းပုရုပ်ထုကြီးနှစ်ခုသည် ဟံသာဦး ထိုင်နေသော ပုလ္လင်ဿဏ္ဍာန်ကျွန်းစတီကြီးရဲ့ တစ်ဖတ်တစ်ချက်စီတွင် ... ထိုနတ်သမီးရုပ်ထုတွေရဲ့ခြေရင်းနားတွင် ကနုတ်ပန်းတို့နှင့်အနုစိတ်ဖော်ခါ ပေါ်လစ်သုတ်ထားခြင်းခံရသော ယွန်းအုပ်နှစ်လုံးကို ထပ်မံတွေ့ရလိမ့်မည်....။

နံရံပေါ်က မြန်မာ့ ထီးနန်းတို့ စိုးစံခဲ့စဉ်အခါက ညီလာခံတက်နေသော ရှင်ဘုရင် မိဖုရား မောင်းမတော် အမတ် စစ်သူကြီး ဝန်ကြီး ဝန်ကြီးချုပ် ပုဏ္ဏား တို့နဲ့ ရဲမတ်တို့အား လှပစွာ ပုံဖော်ထားသော နန်းဆောင် ပန်းချီကားချပ်အား လှပကျော့ရှင်းလို့ မူလအတိုင်း တည်ရှိနေသည်...။

ပြီးတွင်တော့ မျက်နှာကျပ်တစ်လျှောက် လှပသော ဝါးကြိမ်ပုံစံ မီးဆိုင်းတွဲကြီးကလည်း အရောင်တလဲ့လဲ့နှင့် ခန့်ညားသေသပ်လှပစွာ...

မြန်မာ့ လက်မှုပညာပေါင်းများစွာ တည်ရှိနေသော ထိုအိမ်ကြီးသည် အင်မတန်မှ လှပသော်လည်း ထိုအလှတို့ကို ဖျတ်ပစ်နေသော ဟံသာဦးရဲ့မျက်နှာကြောင့် အရာအားလုံးက ရုပ်ဆိုးအကျည်းတန်သွားရသည်..

"တောင်းပန်ပါတယ် ဥက္ကဋ္ဌ... ကျွန်တော်တို့ သေချာစောင့်ကြည့်နေတဲ့ကြားထဲကနေ ဖြစ်သွားရတာပါ.."

ကြမ်းပြင်ပေါ် ဒူးထောက်ခါ အကြိမ်ကြိမ် တောင်းပန်နေသော ဟံသာဦးရဲ့ လူယုံ ညီသု့....

"ပါးစပ်ကိုပိတ်ထားလိုက်တော့.."

"တောင်းပန်ပါတယ်..."

ထပ်မံကြားလိုက်ရသော အလိုက်မသိသည့် နောက်လိုက်ရဲ့ တောင်းပန်သံကြောင့် မျက်စိရှေ့က ဧည့်ခန်းမစားပွဲပေါ်တွင် တင်ထားသော အလှပန်းအိုးနဲ့ ကောက်ပစ်ထုလိုက်တော့သည်...။

ခလွမ်း !

ချင်းချင်းတောက်သွားသော သွေးတို့က ကြမ်းပြင်ပေါ်တွင် ရေစီးနှင့်အတူ နေရာယူသွားသည်...။ ဟံသာဦးရဲ့ ဒေါသကို မည်သူမှ မလွန်ဆန်ရဲသည်ကြောင့် အပ်ကျသံပင် ထပ်မကြားရလောက်အောင်အထိကိုပင် တိတ်ဆိတ် ခြောက်ကပ်သွားရသည်...။

"ညီသု့..."

"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌ..."

ဟံသာဦးရဲ့ ခေါ်သံအောက်မှာ တပည့်ကျော် ညီသု့က သွေးများကျနေသည့်ကြားမှ ပြာပြာသလဲ ထူးလာသည်..။

"နွေဦးရဲ့ အိမ်ကိုသွားမယ် အခုချက်ချင်း..."

"ဟုတ်ကဲ့.."

နွေဦး မင်း ထွက်ပြေးရဲတယ်ပေါ့လေ ရှာတွေ့ရင်ငါ့အဆိုးမဆိုနဲ့...

စိတ်ထဲမှ ကြိမ်းဝါးသံတစ်ခုသည် အမှန်အကန်ပင် နွေဦးရဲ့ ကိုယ်၌ ကြက်သီးဖြန်းဖြန်းထသွားစေသည်အထိ စွမ်းသည်။

"အား... ကြက်သီးထလိုက်တာ..."

"ချမ်းလို့လား.."

"မဟုတ်ဘူး ဦးခ ကျွန်တော် အိမ်ပြန်လို့ရမလားဟင်... အိမ်မှာ အခုချိန်လောက်ဆိုရင် ဟံသာဦး လိုက်ရှာနေလောက်ပြီ..."

"ဟံသာဦး..... ဘယ်သူလဲ.."

နေမင်းခ မျက်မှောင်တစ်ချက်ကြုတ်ရင်း မေးလာသည်မို့ နွေဦးလေးက ခပ်ရွံ့ရွံ့အပြုံးကလေးနှင့်...

"ဒီလိုဘဲ အမျိုးမတော်ချင်ဘဲ အမျိုးတော်နေတဲ့လူ့ကပ်ပါးကောင်...."

နေမင်းခ ဟက်ဟက်ပက်ပက်ရယ်လိုက်တော့ နွေဦးက ကြောင်ကြည့်သည်..။

နွေဦး အိမ်မပြန်ဖြစ်တာလည်း မနေ့ကတည်းက အခုဆိုရင် ဟံသာဦး အိမ်မှာ ဘယ်လောက်တောင် သောင်းကြမ်းနေလောက်မလဲဆိုတာ နွေဦး တွေးကြည့်ရုံနဲ့တင် သိနိုင်သည်...။

အမှန်ကတော့ အိမ်က ထွက်ပြေးလာတဲ့ နေ့က မကောင်းသေးတဲ့ခြေထောက်တွေကို အားပြုလိုက်ရလို့ အရွတ်ယောင်သွားသည်ကြောင့် ဆေးရုံ၌ အိပ်ခဲ့ရခြင်းဖြစ်သည်။

"ဟုတ်ပါပြီ ဦးခ ပြန်လိုက်ပို့ပေးမယ် ဟုတ်ပြီလား.."

"ကျေးဇူးပါ ဦးခ..."

အိမ်၌သာ နားရန် ဆရာဝန်နှင့် တိုင်ပင်ပြီး ညနေစောင်းသည်နှင့် နေမင်းခ ဆေးရုံကောင်တာမှာ ငွေရှင်းပြီး နွေဦးအား အိမ်ပြန်လိုက်ပို့ရသည်..။

ယနေ့အတွက် တိုက်ပွဲပြင်ဆင်ရအုံးမည် နွေးနွေးထွေးထွေးနှင့် ကြိုဆိုမည့်သူမရှိသည့် ထိုအိမ်ကလေးသည် ညနေစောင်းလာတိုင်း ဆူညံမှုတို့နှင့်အတူ နေသားကျနေပြီ....

အိမ်နားရောက်ခါနီးလေလေ နွေဦးစိတ်တွေ ပိုပြီး တင်းမာလာလေလေ ဖြစ်သည်ကြောင့် ရင်ထဲ ဂဲဆွဲထားသလို ပူပင်လေးလံလှပြီ...

"ကောင်လေး..."

.... ခေါ်နေသည်ကို ပြန်မထူးသည်ကြောင့် နေမင်းခ နောက်တစ်ခေါက် နွေဦးအား ထပ်မံအသိပေးမိသည်...။

"နွေဦး !...."

"အမ်.. ဟမ်.. ဗျာ..."

အရောင်ရောင်အမှားမှားနဲ့ ထူးမိသွားသည်ကြောင့် ဦးခက သူ့အား အူလည်လည်လေးကြည့်သည်..။

"ဘာတွေ တွေးနေတာလဲ...နေမကောင်းဘူးလား.."

"မဟုတ်ပါဘူး ဦးခ ကျွန်တော် အတွေးလွန်သွားလို့ပါ..."

"အာ ဟုတ်ပြီ... ဦးခ ကောင်လေး အတွေးကို မဖြတ်တော့ပါဘူး ဆက်တွေးပါ.."

"ဟားဟား.. ဦးခက အရမ်းနောက်တာဘဲ..."

"ဟတ်လား အဲ့လို ဖြစ်သွားတာလား.."

"အင်း..."

မကြာခင်မှာဘဲ အိမ်ကလေးဆီရောက်လာပြီမို့ နွေဦး စိတ်နဲ့လူ ပြန်ကပ်ထားလိုက်မိသည်။

"ပြန်လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါ ဦးခ.."

"အင်း အိမ်သိသွားပြီမို့ နောက်မကြာမကြာ လာလည်ရမလား..."

"အယ်..... !.."

ခဏတာ စိုးရိမ်စိတ်တို့နှင့်ကြီးစိုးသွားသော နွေဦးသည် အဖြေပြန်မပေးမိဘဲ အစ် နေမိသည်။

"ကဲပါ အိမ်ရှင်က ဖိတ်မှ ဧည့်သည်လာလို့ရမှာပေါ့.. ဦးခ သွားပြီနော်..."

နေမင်းခ အိမ်ကြီးထံ အကြည့်တစ်ချက်ပို့ပြီး နွေဦးအား ပြုံးပြခါ နှုတ်ဆက်သွားလေသည်...။ ထို့နောက် နွေဦးလဲ အိမ်ထဲကို သတိကြီးစွာ ဝင်လာမိသည်... ပြီးလို့ စကားများရင် သူချ ကိုယ်ချဟုသာ စိတ်ဆုံးဖြတ်ရင်း ခြေလှမ်းလှမ်းမိသည်...။

မဲမှောင်နေသော အိမ်ကြီးသည် မီးအလင်းရောင်တို့ မရှိသေးသဖြင့် စိတ်ခြောက်ခြားဖွယ်ရာ အနေအထားတွင်.. နွေဦးလက်ကလေးက မရဲတရဲ အိမ်အပေါက်ဝ နံရံက မီးခလုတ်အား လက်စမ်းတက်ခါ ဖိချတော့ ...

လင်းထိန်သွားသော အိမ်ကလေး၌ ပွပြဲနေသော ဖန်ကွဲစတွေ နံရံပေါ်က ဓာတ်ပုံတွေ ပန်းအိုးအကွဲတွေ အစရှိတဲ့ ကွဲလွယ်ထိရှအပ်သော ပစ္စည်းတွေချည်းသာ..

"ပြန် လာပြီ လာ့...အစ်.."

လေးတိလေးကန်သံနှင့်အတူ ဆိုဖာပေါ်အရက်ဘူးခွံ ပုလင်းပေါင်းများစွာနှင့် လဲလျောင်းနေသော ဟံသာဦးရဲ့ လက်တစ်လုံးလဲ သွေးတို့နှင့်ခြောက်ကပ်နေပြီ..

မရှိမဲ့ ရှိမဲ့အားတို့ကို သုံးရင်း ထလာနေသော ဟံသာဦးသည် သူမရှိသည့် အတောအတွင်း ဒီအိမ်၌ ဘာတွေများ ဖြစ်သွားခဲ့တာလဲ...

နွေဦးသည် ဟံသာဦးအား ကြောင်ကြည့်နေတုန်းမှာပင် ပြိုလဲသွားသော ဟံသာဦးအားမသိစိတ်ကနေ အမြန်ပြေးခါ အပြေးထိန်းထားလိုက်မိပြန်သည်။ သေချာ အနီးကပ်ကြည့်မိမှ ဟံသာဦး လက်တွေက ကြမ်းပြင်ပေါ်က ပွစာလန်ကြဲနေသည့် ပစ္စည်းတွေကြောင့်ပင် ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်..။

"ဟံသာဦး... အရူးကောင် မင်း ဘာတွေလုပ်ထားတာလဲ..."

.."အားဟား... ဒါကဘယ်သူ လေးလဲ ဟ.. ကလေးလေး ...ဟားဟား တော်သေးတာပေါ့ အိမ် ပြန်လာလို့ ကိုယ် ဘယ်လောက်ထိ စိတ် ပူနေ လဲဆိုတာ သိလား ဟမ်! သိလားလို့..."

ကိုယ့်အား လက်မောင်းနှစ်ဖတ်မှတင်းတင်းဖတ်ကိုင်လာ နံရံဆီသို့ တွန်းထုတ်ပစ်လိုက်သည်.. အောင့်မြတ်သွားသော ကျောပြင်ကြောင့် နွေဦး အီစလန်ဝေသွားရသည်...။

"ဟံသာဦး မင်းမူးနေပြီ.. ဘာလို့ အရက်တွေ သောက်ထားရတာလဲ... လက်မှာလည်း ဒဏ်ရာတွေနဲ့ ဟင့်.."

ပိကျလာသော သူ့ကိုယ်ကြီးသည် ကျွန်တော့်အား ဖိညှစ်ပြီး သတ်နေသလို အသက်ရှူကျပ်လာသည်မို့ သူ့ကျောပြင်အား လက်ဝါးနှင့် တဖက်ဖက် ရိုက်ပစ်လိုက်သည်..။

"အရင်ဆုံး ဒဏ်ရာ သန့်ရှင်းပြီးဆေးထည့်ရအောင်.."

"ကိုယ်မင်းကို ထပ်မတွေ့ရတော့ဘူး ထင်နေတာ.."

ဟံသာဦးရဲ့စကားကြောင့် နွေဦး တစ်ကိုယ်လုံး အေးစက်သွားရသည်... သူက ဘာလဲ ဟူ၍ပင် မျက်နှာကလေး ရှုံ့လိုက်မိသည်အထိ။

"ရူးနေတာလား ငါပြန်မလာတာ တစ်ရက်တောင်မပြည့်သေးဘူး ကျစ် ဖယ်စမ်းပါကွာ အဲ့လိုလုပ်နေရင် ဒဏ်ရာပိုးဝင်လိမ့်မယ်..."

"ပိုးသတ်ရင် နာမှာ မလုပ်ချင်ဘူး အီးဟီး.."

မူးရူးခါ ကလေးတယောက်လို ဆိုးနွဲ့လို့ ကြမ်းပြင်ပေါ်ထိုင်ချခါ မျက်ရည်လေးတွေဝဲနေသောသူသည် ဟံသာဦးတဲ့လား...

"ခစ်... မင်း ဟံသာဦးလား...."

ကြိတ်ရယ်လိုက်သည်မို့ အသံကဗလုံးဗထွေးသာ...

"နွေဦးလေးကမှ ဂရုမစိုက်တာ ဒဏ်ရာရပြီပေါ့.."

တကယ့် ဟံသာဦးအစစ်အမှန်ကမှ အခုလက်ရှိပုံစံဖြစ်လိမ့်မည်ဟုတွေးမိရင်း နွေဦး ဗိုက်နှပ်ခါ အကြီးအကျယ်သာအော်ရယ်မိသည်...။

"ဖွီး..... ကြောင်လိုလို ခွေးလိုလိုနဲ့ ရုပ်ကိုက....သူငယ်နာမစင်တဲ့ရုပ် ဟားဟားဟား...."

............

Zawgyi....

"ကိုယ္က မင္းကိုလာရွာတာေလ..."

"ဗ်ာ...."

ျပဴးဝိုင္းသြားေသာ မ်က္ဝန္းတစ္စုံက ေငြမွင္ေရာင္ အရည္ၾကည္လဲ့လဲ့မ်ားကိုပင္ ဦးခတစ္ေယာက္ ျမင္နိုင္ေလာက္ေပသည္...။

ဦးခကေတာ့ ၿပဳံးၿပဳံးကေလးႏွင့္ပင္ ကိုယ့္အားၾကည့္လို႔...

"စတာပါကြာ..တကယ္က ဦးခ ဒီနားမွာ အသိမိတ္ေဆြတေယာက္ ေနတယ္ၾကားလို႔ လာၾကည့္႐ုံပါ.."

"ဪ.." ထိုအခါမွ ေခါင္းကေလး ညွိမ့္ခါညွိမ့္ခါ အေျဖျပန္ေပးရွာသည္။

"ဒါနဲ႕ ေျခေထာက္က ေကာင္းၿပီလား.."

ႏြေဦး ကိုယ့္ေျခေထာက္ကိုယ္ျပန္ၾကည့္ခါ...

"အရင္ကထက္ေတာ့ သက္သာ ေနပါၿပီ..."

"ကဲ... အခု ေဆးခန္းလိုက္ပို႔ေပးမယ္...အာ..မဟုတ္ဘူး မဟုတ္ဘူး ဖိနပ္အရင္ဝယ္ေပးရမလား..."

"ဟီး ႀကိဳက္တာ အရင္လုပ္..."

ေပါက္စက အူယားစရာေကာင္းေအာင္ လုပ္ျပေနေတာ့ ဦးခတေယာက္ အလိုလို ၿပဳံးမိရျပန္ၿပီ...

..............

ဟံသာဦး၏ မူလအိမ္၌...

ညွို႔ေမွာင္ၿပီး မီးေရာင္ေဖ်ာ့ေဖ်ာ့တို႔ႏွင့္ လွပေနေသာ ဧည့္ခန္းမအတြင္း လွပခိုင္ခန႔္စြာ တည္ရွိေနေသာ ကိႏၷရီကိႏၷရာပန္းပု႐ုပ္ထုႀကီးႏွစ္ခုသည္ ဟံသာဦး ထိုင္ေနေသာ ပုလႅင္ႆ႑ာန္ကြၽန္းစတီႀကီးရဲ႕ တစ္ဖတ္တစ္ခ်က္စီတြင္ ... ထိုနတ္သမီး႐ုပ္ထုေတြရဲ႕ေျခရင္းနားတြင္ ကႏုတ္ပန္းတို႔ႏွင့္အႏုစိတ္ေဖာ္ခါ ေပၚလစ္သုတ္ထားျခင္းခံရေသာ ယြန္းအုပ္ႏွစ္လုံးကို ထပ္မံေတြ႕ရလိမ့္မည္....။

နံရံေပၚက ျမန္မာ့ ထီးနန္းတို႔ စိုးစံခဲ့စဥ္အခါက ညီလာခံတက္ေနေသာ ရွင္ဘုရင္ မိဖုရား ေမာင္းမေတာ္ အမတ္ စစ္သူႀကီး ဝန္ႀကီး ဝန္ႀကီးခ်ဳပ္ ပုဏၰား တို႔နဲ႕ ရဲမတ္တို႔အား လွပစြာ ပုံေဖာ္ထားေသာ နန္းေဆာင္ ပန္းခ်ီကားခ်ပ္အား လွပေက်ာ့ရွင္းလို႔ မူလအတိုင္း တည္ရွိေနသည္...။

ၿပီးတြင္ေတာ့ မ်က္ႏွာက်ပ္တစ္ေလွ်ာက္ လွပေသာ ဝါးႀကိမ္ပုံစံ မီးဆိုင္းတြဲႀကီးကလည္း အေရာင္တလဲ့လဲ့ႏွင့္ ခန႔္ညားေသသပ္လွပစြာ...

ျမန္မာ့ လက္မႈပညာေပါင္းမ်ားစြာ တည္ရွိေနေသာ ထိုအိမ္ႀကီးသည္ အင္မတန္မွ လွပေသာ္လည္း ထိုအလွတို႔ကို ဖ်တ္ပစ္ေနေသာ ဟံသာဦးရဲ႕မ်က္ႏွာေၾကာင့္ အရာအားလုံးက ႐ုပ္ဆိုးအက်ည္းတန္သြားရသည္..

"ေတာင္းပန္ပါတယ္ ဥကၠဠ... ကြၽန္ေတာ္တို႔ ေသခ်ာေစာင့္ၾကည့္ေနတဲ့ၾကားထဲကေန ျဖစ္သြားရတာပါ.."

ၾကမ္းျပင္ေပၚ ဒူးေထာက္ခါ အႀကိမ္ႀကိမ္ ေတာင္းပန္ေနေသာ ဟံသာဦးရဲ႕ လူယုံ ညီသု႔....

"ပါးစပ္ကိုပိတ္ထားလိုက္ေတာ့.."

"ေတာင္းပန္ပါတယ္..."

ထပ္မံၾကားလိုက္ရေသာ အလိုက္မသိသည့္ ေနာက္လိုက္ရဲ႕ ေတာင္းပန္သံေၾကာင့္ မ်က္စိေရွ႕က ဧည့္ခန္းမစားပြဲေပၚတြင္ တင္ထားေသာ အလွပန္းအိုးနဲ႕ ေကာက္ပစ္ထုလိုက္ေတာ့သည္...။

ခလြမ္း !

ခ်င္းခ်င္းေတာက္သြားေသာ ေသြးတို႔က ၾကမ္းျပင္ေပၚတြင္ ေရစီးႏွင့္အတူ ေနရာယူသြားသည္...။ ဟံသာဦးရဲ႕ ေဒါသကို မည္သူမွ မလြန္ဆန္ရဲသည္ေၾကာင့္ အပ္က်သံပင္ ထပ္မၾကားရေလာက္ေအာင္အထိကိုပင္ တိတ္ဆိတ္ ေျခာက္ကပ္သြားရသည္...။

"ညီသု႔..."

"ဟုတ္ကဲ့ပါ ဥကၠဠ..."

ဟံသာဦးရဲ႕ ေခၚသံေအာက္မွာ တပည့္ေက်ာ္ ညီသု႔က ေသြးမ်ားက်ေနသည့္ၾကားမွ ျပာျပာသလဲ ထူးလာသည္..။

"ႏြေဦးရဲ႕ အိမ္ကိုသြားမယ္ အခုခ်က္ခ်င္း..."

"ဟုတ္ကဲ့.."

ႏြေဦး မင္း ထြက္ေျပးရဲတယ္ေပါ့ေလ ရွာေတြ႕ရင္ငါ့အဆိုးမဆိုနဲ႕...

စိတ္ထဲမွ ႀကိမ္းဝါးသံတစ္ခုသည္ အမွန္အကန္ပင္ ႏြေဦးရဲ႕ ကိုယ္၌ ၾကက္သီးျဖန္းျဖန္းထသြားေစသည္အထိ စြမ္းသည္။

"အား... ၾကက္သီးထလိုက္တာ..."

"ခ်မ္းလို႔လား.."

"မဟုတ္ဘူး ဦးခ ကြၽန္ေတာ္ အိမ္ျပန္လို႔ရမလားဟင္... အိမ္မွာ အခုခ်ိန္ေလာက္ဆိုရင္ ဟံသာဦး လိုက္ရွာေနေလာက္ၿပီ..."

"ဟံသာဦး..... ဘယ္သူလဲ.."

ေနမင္းခ မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ရင္း ေမးလာသည္မို႔ ႏြေဦးေလးက ခပ္႐ြံ႕႐ြံ႕အၿပဳံးကေလးႏွင့္...

"ဒီလိုဘဲ အမ်ိဳးမေတာ္ခ်င္ဘဲ အမ်ိဳးေတာ္ေနတဲ့လူ႕ကပ္ပါးေကာင္...."

ေနမင္းခ ဟက္ဟက္ပက္ပက္ရယ္လိုက္ေတာ့ ႏြေဦးက ေၾကာင္ၾကည့္သည္..။

ႏြေဦး အိမ္မျပန္ျဖစ္တာလည္း မေန႕ကတည္းက အခုဆိုရင္ ဟံသာဦး အိမ္မွာ ဘယ္ေလာက္ေတာင္ ေသာင္းၾကမ္းေနေလာက္မလဲဆိုတာ ႏြေဦး ေတြးၾကည့္႐ုံနဲ႕တင္ သိနိုင္သည္...။

အမွန္ကေတာ့ အိမ္က ထြက္ေျပးလာတဲ့ ေန႕က မေကာင္းေသးတဲ့ေျခေထာက္ေတြကို အားျပဳလိုက္ရလို႔ အ႐ြတ္ေယာင္သြားသည္ေၾကာင့္ ေဆး႐ုံ၌ အိပ္ခဲ့ရျခင္းျဖစ္သည္။

"ဟုတ္ပါၿပီ ဦးခ ျပန္လိုက္ပို႔ေပးမယ္ ဟုတ္ၿပီလား.."

"ေက်းဇူးပါ ဦးခ..."

အိမ္၌သာ နားရန္ ဆရာဝန္ႏွင့္ တိုင္ပင္ၿပီး ညေနေစာင္းသည္ႏွင့္ ေနမင္းခ ေဆး႐ုံေကာင္တာမွာ ေငြရွင္းၿပီး ႏြေဦးအား အိမ္ျပန္လိုက္ပို႔ရသည္..။

ယေန႕အတြက္ တိုက္ပြဲျပင္ဆင္ရအုံးမည္ ႏြေးႏြေးေထြးေထြးႏွင့္ ႀကိဳဆိုမည့္သူမရွိသည့္ ထိုအိမ္ကေလးသည္ ညေနေစာင္းလာတိုင္း ဆူညံမႈတို႔ႏွင့္အတူ ေနသားက်ေနၿပီ....

အိမ္နားေရာက္ခါနီးေလေလ ႏြေဦးစိတ္ေတြ ပိုၿပီး တင္းမာလာေလေလ ျဖစ္သည္ေၾကာင့္ ရင္ထဲ ဂဲဆြဲထားသလို ပူပင္ေလးလံလွၿပီ...

"ေကာင္ေလး..."

.... ေခၚေနသည္ကို ျပန္မထူးသည္ေၾကာင့္ ေနမင္းခ ေနာက္တစ္ေခါက္ ႏြေဦးအား ထပ္မံအသိေပးမိသည္...။

"ႏြေဦး !...."

"အမ္.. ဟမ္.. ဗ်ာ..."

အေရာင္ေရာင္အမွားမွားနဲ႕ ထူးမိသြားသည္ေၾကာင့္ ဦးခက သူ႕အား အူလည္လည္ေလးၾကည့္သည္..။

"ဘာေတြ ေတြးေနတာလဲ...ေနမေကာင္းဘူးလား.."

"မဟုတ္ပါဘူး ဦးခ ကြၽန္ေတာ္ အေတြးလြန္သြားလို႔ပါ..."

"အာ ဟုတ္ၿပီ... ဦးခ ေကာင္ေလး အေတြးကို မျဖတ္ေတာ့ပါဘူး ဆက္ေတြးပါ.."

"ဟားဟား.. ဦးခက အရမ္းေနာက္တာဘဲ..."

"ဟတ္လား အဲ့လို ျဖစ္သြားတာလား.."

"အင္း..."

မၾကာခင္မွာဘဲ အိမ္ကေလးဆီေရာက္လာၿပီမို႔ ႏြေဦး စိတ္နဲ႕လူ ျပန္ကပ္ထားလိုက္မိသည္။

"ျပန္လိုက္ပို႔ေပးတဲ့အတြက္ေက်းဇူးပါ ဦးခ.."

"အင္း အိမ္သိသြားၿပီမို႔ ေနာက္မၾကာမၾကာ လာလည္ရမလား..."

"အယ္..... !.."

ခဏတာ စိုးရိမ္စိတ္တို႔ႏွင့္ႀကီးစိုးသြားေသာ ႏြေဦးသည္ အေျဖျပန္မေပးမိဘဲ အစ္ ေနမိသည္။

"ကဲပါ အိမ္ရွင္က ဖိတ္မွ ဧည့္သည္လာလို႔ရမွာေပါ့.. ဦးခ သြားၿပီေနာ္..."

ေနမင္းခ အိမ္ႀကီးထံ အၾကည့္တစ္ခ်က္ပို႔ၿပီး ႏြေဦးအား ၿပဳံးျပခါ ႏႈတ္ဆက္သြားေလသည္...။ ထို႔ေနာက္ ႏြေဦးလဲ အိမ္ထဲကို သတိႀကီးစြာ ဝင္လာမိသည္... ၿပီးလို႔ စကားမ်ားရင္ သူခ် ကိုယ္ခ်ဟဳသာ စိတ္ဆုံးျဖတ္ရင္း ေျခလွမ္းလွမ္းမိသည္...။

မဲေမွာင္ေနေသာ အိမ္ႀကီးသည္ မီးအလင္းေရာင္တို႔ မရွိေသးသျဖင့္ စိတ္ေျခာက္ျခားဖြယ္ရာ အေနအထားတြင္.. ႏြေဦးလက္ကေလးက မရဲတရဲ အိမ္အေပါက္ဝ နံရံက မီးခလုတ္အား လက္စမ္းတက္ခါ ဖိခ်ေတာ့ ...

လင္းထိန္သြားေသာ အိမ္ကေလး၌ ပြၿပဲေနေသာ ဖန္ကြဲစေတြ နံရံေပၚက ဓာတ္ပုံေတြ ပန္းအိုးအကြဲေတြ အစရွိတဲ့ ကြဲလြယ္ထိရွအပ္ေသာ ပစၥည္းေတြခ်ည္းသာ..

"ျပန္ လာၿပီ လာ့...အစ္.."

ေလးတိေလးကန္သံႏွင့္အတူ ဆိုဖာေပၚအရက္ဘူးခြံ ပုလင္းေပါင္းမ်ားစြာႏွင့္ လဲေလ်ာင္းေနေသာ ဟံသာဦးရဲ႕ လက္တစ္လုံးလဲ ေသြးတို႔ႏွင့္ေျခာက္ကပ္ေနၿပီ..

မရွိမဲ့ ရွိမဲ့အားတို႔ကို သုံးရင္း ထလာေနေသာ ဟံသာဦးသည္ သူမရွိသည့္ အေတာအတြင္း ဒီအိမ္၌ ဘာေတြမ်ား ျဖစ္သြားခဲ့တာလဲ...

ႏြေဦးသည္ ဟံသာဦးအား ေၾကာင္ၾကည့္ေနတုန္းမွာပင္ ၿပိဳလဲသြားေသာ ဟံသာဦးအားမသိစိတ္ကေန အျမန္ေျပးခါ အေျပးထိန္းထားလိုက္မိျပန္သည္။ ေသခ်ာ အနီးကပ္ၾကည့္မိမွ ဟံသာဦး လက္ေတြက ၾကမ္းျပင္ေပၚက ပြစာလန္ႀကဲေနသည့္ ပစၥည္းေတြေၾကာင့္ပင္ ျဖစ္လိမ့္မည္ဟု ေတြးလိုက္မိသည္..။

"ဟံသာဦး... အ႐ူးေကာင္ မင္း ဘာေတြလုပ္ထားတာလဲ..."

.."အားဟား... ဒါကဘယ္သူ ေလးလဲ ဟ.. ကေလးေလး ...ဟားဟား ေတာ္ေသးတာေပါ့ အိမ္ ျပန္လာလို႔ ကိုယ္ ဘယ္ေလာက္ထိ စိတ္ ပူေန လဲဆိုတာ သိလား ဟမ္! သိလားလို႔..."

ကိုယ့္အား လက္ေမာင္းႏွစ္ဖတ္မွတင္းတင္းဖတ္ကိုင္လာ နံရံဆီသို႔ တြန္းထုတ္ပစ္လိုက္သည္.. ေအာင့္ျမတ္သြားေသာ ေက်ာျပင္ေၾကာင့္ ႏြေဦး အီစလန္ေဝသြားရသည္...။

"ဟံသာဦး မင္းမူးေနၿပီ.. ဘာလို႔ အရက္ေတြ ေသာက္ထားရတာလဲ... လက္မွာလည္း ဒဏ္ရာေတြနဲ႕ ဟင့္.."

ပိက်လာေသာ သူ႕ကိုယ္ႀကီးသည္ ကြၽန္ေတာ့္အား ဖိညွစ္ၿပီး သတ္ေနသလို အသက္ရႉက်ပ္လာသည္မို႔ သူ႕ေက်ာျပင္အား လက္ဝါးႏွင့္ တဖက္ဖက္ ရိုက္ပစ္လိုက္သည္..။

"အရင္ဆုံး ဒဏ္ရာ သန႔္ရွင္းၿပီးေဆးထည့္ရေအာင္.."

"ကိုယ္မင္းကို ထပ္မေတြ႕ရေတာ့ဘူး ထင္ေနတာ.."

ဟံသာဦးရဲ႕စကားေၾကာင့္ ႏြေဦး တစ္ကိုယ္လုံး ေအးစက္သြားရသည္... သူက ဘာလဲ ဟူ၍ပင္ မ်က္ႏွာကေလး ရႈံ႕လိုက္မိသည္အထိ။

"႐ူးေနတာလား ငါျပန္မလာတာ တစ္ရက္ေတာင္မျပည့္ေသးဘူး က်စ္ ဖယ္စမ္းပါကြာ အဲ့လိုလုပ္ေနရင္ ဒဏ္ရာပိုးဝင္လိမ့္မယ္..."

"ပိုးသတ္ရင္ နာမွာ မလုပ္ခ်င္ဘူး အီးဟီး.."

မူး႐ူးခါ ကေလးတေယာက္လို ဆိုးႏြဲ႕လို႔ ၾကမ္းျပင္ေပၚထိုင္ခ်ခါ မ်က္ရည္ေလးေတြဝဲေနေသာသူသည္ ဟံသာဦးတဲ့လား...

"ခစ္... မင္း ဟံသာဦးလား...."

ႀကိတ္ရယ္လိုက္သည္မို႔ အသံကဗလုံးဗေထြးသာ...

"ႏြေဦးေလးကမွ ဂ႐ုမစိုက္တာ ဒဏ္ရာရၿပီေပါ့.."

တကယ့္ ဟံသာဦးအစစ္အမွန္ကမွ အခုလက္ရွိပုံစံျဖစ္လိမ့္မည္ဟုေတြးမိရင္း ႏြေဦး ဗိုက္ႏွပ္ခါ အႀကီးအက်ယ္သာေအာ္ရယ္မိသည္...။

"ဖြီး..... ေၾကာင္လိုလို ေခြးလိုလိုနဲ႕ ႐ုပ္ကိုက....သူငယ္နာမစင္တဲ့႐ုပ္ ဟားဟားဟား...."

............

Continue Reading

You'll Also Like

684K 47.7K 101
နန်းတွင်း ပုံစံရေးပေးသွားမှာပါ စိတ်ကူးယဥ်သက်သက်ပါ။🚫++အနည်းငယ်ပါဝင်ပါတယ်။ ဇာတ်လမ်းပါအကြောင်းအရာများသည်စာရေးသူ၏စိတ်ကူများသာဖြစ်သည်။တစုံတစ်ဦးထိခိုက်နစ...
121K 5.4K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
377K 26.8K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.