Dearest : Baby Yujinnie

By 99_paradise_834

9K 1.1K 177

Do you like sweet candy? Then, read this! Kim Gyuvin ♡̷̷̷ Han Yujin GyuJin<3 More

1 : ဘယ်သူပါလဲဗျ?
2 : မင်းကကိုယ့်ရဲ့ Destiny
3 : စီနီယာကထူးခြားတယ်
4 : စီနီယာမချစ်တော့မှာကြောက်တယ်
6 : 24/7ချစ်ရတဲ့မင်း
7 : စီနီယာ့နှလုံးသားလေးကျွန်တော်
8 : ချစ်ရင်ကိုကိုလို့ခေါ်ပေးမလား

5 : Babyကပြောတယ် အင်းတဲ့

1K 174 26
By 99_paradise_834

"" ယူဂျင်းနီး! ""

သူအနောက်ကနေလှမ်းအော်နေတာတောင် ယူဂျင်းကနည်းနည်းလေးတောင်မရပ်ဘဲ ပြေးသွားလိုက်တာ တက္ကသိုလ်အပြင်ဘက်ကိုတောင်ရောက်သွားခဲ့သည်။

ထို့ကြောင့် ဂယူဗင်း ' နောက်ကျတဲ့ခြေထောက်သစ္စာဖောက်'ထုံး နှလုံးမူကာ
ရှိသမျှအားအင်အကုန်စိုက်ထုတ်ပြီး
ပြေးလိုက်,လိုက်တော့မှ တက္ကသိုလ်နားက Busမှတ်တိုင်ရှေ့အရောက်တွင်
ယူဂျင်းလက်ကိုလှမ်းဆွဲနိုင်ခဲ့သည်။

"" ယူဂျင်းနီး... ခဏလေး.. ""

"" ကျွန်တော့်လက်ကိုလွှတ် ""

ယူဂျင်းကလက်ကိုအတင်းရုန်းလာသည်မို့ လမ်းပေါ်ကလူတွေကလည်းသူတို့ကိုကွက်ကြည့်ကွက်ကြည့်လုပ်လာကြတာကြောင့်
ဂယူဗင်း လက်လွှတ်ပေးလိုက်ရသည်။

"" အင်းပါ အင်းပါ မင်းမကြိုက်ရင်ကိုယ်မကိုင်တော့ပါဘူး ကိုယ်လွှတ်လိုက်ပြီနော် ""

ထိုအခါ ယူဂျင်းက ဘာမှပြန်မပြောလာဘဲ
မှုန်ကုပ်ကုပ်မျက်နှာနဲ့ပဲဒီအတိုင်းရပ်နေလေ၏။

"" ယူဂျင်းနီး ကိုယ့်ကို
စိတ်ဆိုးသွားတာလားဟင် ""

ဂယူဗင်း ယူဂျင်းနဲ့အရပ်တူသွားစေရန် ကိုယ်ကိုကိုင်းရင်း ယူဂျင်းမျက်လုံးလေးတွေကိုသေချာစိုက်ကြည့်ပြီးမေးလိုက်ပေမဲ့ ယူဂျင်းကဘာမှပြန်ဖြေမလာတဲ့အပြင် အကြည့်တောင်လွှဲသွားလိုက်သေးသည်။

"" ကိုယ် ယူမီနဲ့စကားပြောတာကို ယူဂျင်းနီးကမကြိုက်တာလား? ဟုတ်ပြီ ဒါဆို နောက်နေ့ကစပြီး ယူမီနဲ့စကားမပြောတော့ဘူး အပေါင်းအသင်းလည်းမလုပ်တော့ဘူး ဘယ်လိုလဲ? ""

ထိုအခါမှ ယူဂျင်း မျက်လုံးလေးတွေ
ဂယူဗင်းကိုကြည့်လာခဲ့ကာ တစ်ခုခုကိုပြောဖို့ဟန်ပြင်လိုက်ပြီးမှ ချက်ချင်းဆိုသလို မျက်နှာအမူအရာပြောင်းသွားပါရင်း
ဆူအောင့်အောင့်ပြောလာပါ၏။

"" ကျွန်တော်ကအဲ့လောက်ထိသဘောထားသေးသိမ်တဲ့လူမဟုတ်ဘူး! ""

"" ကိုယ်ပြောချင်တာလည်းအဲ့လိုအဓိပ္ပာယ်မျိုးမဟုတ်ပါဘူး ယူဂျင်းရယ်.. ယူဂျင်းနီးသာမကြိုက်ဘူးဆိုရင် ယူမီမှမဟုတ်ဘူး တစ်လောကလုံးနဲ့အဆက်အသွယ်ဖြတ်ရမယ်ဆိုရင်လည်းဖြတ်နိုင်တဲ့အကြောင်းပြောပြတာပါ.. ကိုယ့်ဘဝမှာယူဂျင်းနီးကအရေးအကြီးဆုံးပဲ ""

"" အပိုတွေ ""

ထိုအချိန်မှာပဲ ယူဂျင်းဗိုက်ထဲကနေ 'ဂွီ'ခနဲမြည်လာခဲ့တာကြောင့် ဂယူဗင်း ဆက်ပြောဖို့ပြင်နေ‌တဲ့စကားတွေကိုမျိုချလိုက်ရပြီး စကားလမ်းကြောင်းပြောင်းလိုက်ရသည်။

"" ဟုတ်သားပဲ ကိုယ်တို့နှစ်ယောက်အခုထိဘာမှမစားရသေးဘူးနော် ဟိုရှေ့ကဆိုင်မှာတစ်ခုခုသွားစားကြမလား ""

"" ကျွန်တော့်မှာပိုက်ဆံမပါဘူး ""

"" ကိုယ်ဝယ်ကျွေးမှာပေါ့
လာပါ တစ်ခုခုသွားစားရအောင် ""

ပခုံးကနေဆွဲဖက်ကာ ခေါ်လိုက်တော့မှ
ယူဂျင်းက အလိုက်သင့်လေးပါလာတော့သည်။

"" အင့်.. Babyကြိုက်တဲ့ဖက်ထုပ် ""

သို့ရာတွင် ယူဂျင်းက ဂယူဗင်းထည့်ပေးလာတဲ့ဖက်ထုပ်လေးကို တူနဲ့ ချက်ချင်းကောက်ညှပ်လိုက်ကာ ဂယူဗင်းပန်းကန်ထဲပြန်ထည့်ပေးလာပါသည်။

"" ကိုယ့်ဘာသာစား ""

"" ဘာလို့မစားတာလဲ
Babyကြိုက်တယ်မဟုတ်ဘူးလား ""

"" ကြိုက်ပေမဲ့ ကျွန်တော်အခု
စီနီယာ့ကိုစိတ်ဆိုးနေတာလေ ""

ယူဂျင်းရဲ့ စိတ်ထဲမှာရှိတဲ့အတိုင်း ဖြေလာပုံလေးက အသည်းယားစရာကောင်းလွန်းတာကြောင့် ဂယူဗင်း သဘောတွေကျပြီး
တခစ်ခစ်ရယ်မိတော့သည်။

သို့ပေမဲ့...

"" စီနီယာ ဘာလို့ရယ်နေတာလဲ
ကျွန်တော်စိတ်ဆိုးတာကိုပျော်နေတာလား ""

ဆိုတဲ့ ယူဂျင်းစကားအဆုံးမှာတော့
ဂယူဗင်း ချက်ချင်းမျက်နှာပိုးသတ်လိုက်ရသည်။

"" အဲ့လိုမဟုတ်ပါဘူး.. ""

ဂယူဗင်းရုပ်တည်နဲ့ငြင်းလိုက်ပေမဲ့
ယူဂျင်းက သူ့ကို မယုံသလိုနဲ့ မျက်မှောင်ကြီးကျုံ့ပြီးစိုက်ကြည့်နေတုန်းပင်။

"" ချစ်စရာကောင်းလွန်းလို့ရူးတော့မှာပဲ ""

ထိုအခါမှ ယူဂျင်းမျက်နှာလေး ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ တဆက်တည်းမှာပဲ ဂယူဗင်းဆွဲညှစ်နေကျပါးအိအိလေးက ခရမ်းချဉ်သီးလေးလိုရဲတက်လာလေသည်။

ထိုကဲ့သို့ ယူဂျင်း အငိုက်မိနေချိန်မှာပဲ
ဂယူဗင်းက အခွင့်အရေးကို
အမိအရဖမ်းဆုပ်၏။

"" ဒီနေ့လည်းကိုယ်မင်းကိုချစ်တယ်
မင်းကိုယ့်ကိုလက်ခံပေးနိုင်မလားဟင် ""

သို့ပါသော်လည်း...
ကြားလိုက်ရတဲ့အဖြေကတော့ဖြင့်...

"" ဂိုယူမီကိုသွားပြောလေ
ကျွန်တော်ကဟန်ယူဂျင်း ""

ယူဂျင်းရဲ့စကားကြောင့် ဂယူဗင်းနှလုံးသားလေးမှာတော့ ခွမ်းခနဲကွဲသွားရပြန်သည်။ ဒါနဲ့ဆို ၇၆ကြိမ်။

"" ဘာလို့အဲ့လိုပြောရတာလဲ Babyရယ်
ကိုယ်ချစ်တာဟန်ယူဂျင်းလေ ဂိုယူမီမှမဟုတ်တာ ""

သူပြောလိုက်တော့ ယူဂျင်းက မကြားချင်ယောင်ဆောင်ကာ ထမင်းကိုပဲငုံ့စားနေတော့သည်။

အဲ့အချိန်ကစပြီး သူဘာပြောပြော ယူဂျင်းကဘာမှပြန်မပြောတော့သလို အပြန်ကျတော့လည်း သူ့ကိုမစောင့်ဘဲ Taxiငှားပြန်သွားလေသည်။

- ဒီညကျွန်တော့်အိမ်လာမအိပ်ပါနဲ့😡⚔️ -

ယူဂျင်းပို့ထားတဲ့ messageလေးကိုဖတ်ရင်း
ဂယူဗင်းငိုင်ကျသွားတော့၏။

ထိုအခါ ဘေးမှာထိုင်နေတဲ့ရစ်ခီက သူ့ကိုလှည့်ကြည့်ရင်းတွေးစစ မေးလာလေသည်။

"" ဒီပုရွတ်ဆိတ်လက်ဖဝါးသာသာလောက်ပဲကျန်တော့တဲ့မျက်နှာလေးက.. ဘာပါလိမ့်? မင်းတစ်ခုခုဖြစ်နေတာမလား? ""

"" ငါဘယ်လိုလုပ်ရမလဲ ရစ်ခီ
Baby ငါ့ကိုတကယ်ကြီးစိတ်ဆိုးနေတာ ""

"" ဪ ဘာများလဲလို့ စိတ်ဆိုးရင်ချော့လိုက်‌ပေါ့ လွယ်လွယ်လေးကို ""

"" ဒီညသူ့အိမ်မှာလာမအိပ်နဲ့တဲ့လေ ""

"" အဲ့ဒါဆိုမနက်ဖြန်မှချော့လေ
ဘာခက်လို့လဲ ""

ရစ်ခီ့စကားအဆုံး ဂယူဗင်းက မှုန်ကုပ်ကုပ်လှည့်ကြည့်ကာ ဝေဖန်လာ၏။


"" အဲ့ဒါကြောင့် မင်းမှာရည်းစားမရှိတာ ""

ရစ်ခီကလည်းမခံ။ ပြန်ပက်သည်။

"" မင်းမှာရောရည်းစားရှိလို့လား
နေ့တိုင်းအငြင်းခံနေရတဲ့ကောင်လေးရဲ့ ""

ရစ်ခီ့စကားက ဂယူဗင်းအရှိုက်တည့်တည့်ကို
လာထိကာ ဘာအသံမှမထွက်နိုင်တော့ပေ။

_________________🐶

ယူဂျင်း ဖုန်းက notiဝင်လာလို့
ကြည့်လိုက်ရာ...

စီနီယာ🐶 sent a photo.


- ကိုယ်မှားသွားပါတယ်ယူဂျင်းနီး နောက်ဆို ဘယ်မိန်းကလေးနဲ့မှစကားမပြောတော့ပါဘူး ကိုယ့်ကိုခွင့်လွှတ်ပါ -

ဂယူဗင်းပို့ထားတဲ့စာကိုဖတ်ပြီးတာနဲ့ ယူဂျင်းမျက်နှာ စူပုပ်ပုပ်လေးဖြစ်သွားကာ ချက်ချင်းဆိုသလို nicknameကိုပါ editလိုက်တော့သည်။

Past : စီနီယာ🐶
Now : အမြင်ကပ်တယ်😠

___________________ 🐰

Tee!!

၁၅မိနစ်လောက်ကြာတော့မှ ယူဂျင်းဆီက message notiသံလေးကြားလိုက်ရတာကြောင့် ဂယူဗင်းဝမ်းသာအားရနဲ့ဖုန်းဖွင့်ကြည့်လိုက်ရာ....

Baby🐰 sent a photo.


ပုံကိုမြင်မြင်ချင်း ဂယူဗင်း စိတ်ဓာတ်ကျသွားရသည်။ ဒီပုံစံဆို Babyသူ့ကိုတော်တော်လေးစိတ်ဆိုးနေတာပဲ။ ခက်တာက သူဘယ်လိုဆက်ချော့ရမှန်းမသိတော့တာ။

ထို့ကြောင့် သူလုပ်နိုင်တာ တစ်နည်းပဲရှိတော့သည်။

ဘာနည်းလဲဆို.. ဒရမ်မာခင်းတဲ့နည်း။

- အင်းပါ ကိုယ်သိပါပြီ Babyကမှကိုယ့်ကိုမချစ်တာ ဘယ်ခွင့်လွှတ်နိုင်ပါ့မလဲ ကိုယ်နားလည်ပါတယ် -

သူပို့ပြီး သိပ်မကြာ..
ယူဂျင်းဘက်ကစာပြန်လာခဲ့သည်။

- မဆိုင်တာတွေမပြောပါနဲ့ ကျွန်တော်ဘာလို့စိတ်ဆိုးနေတာလဲဆိုတာတောင်မသိဘဲနဲ့များ👊🔥 -

"" ကျွန်တော်ဘာလို့စိတ်ဆိုးနေတာလဲဆိုတာတောင်မသိဘဲနဲ့များ??? ""

ဂယူဗင်း နည်းနည်းတွေဝေသွားရသည်။

- ကိုယ်ယူမီနဲ့စကားပြောနေလို့ Babyစိတ်ဆိုးသွားတာမဟုတ်ဘူးလား?? -

သူတွေးမိတဲ့အတိုင်းမေးကြည့်လိုက်ရာ
ပြန်ရလိုက်တဲ့ replyက ...

- ငတုံးကြီး👎💥 -

Baby🐰 sent a photo.

ပုံကိုမြင်မြင်ချင်း
ဂယူဗင်း နေရင်းထိုင်ရင်း
ခေါင်းကျိန်းသွားရသည်။

ဒီလောက်ဆို စာပို့ပြီးပဲပြောနေလို့
အဆင်မပြေတော့မှန်းသိလိုက်ရတာကြောင့်
ယူဂျင်းဆီဖုန်းခေါ်လိုက်တော့သည်။

"" Babyကိုယ့်ကိုဘာလို့စိတ်ဆိုးနေတာလဲဟင် ""

"" ကိုယ့်ဘာသာစဉ်းစား ""

"" ယူမီနဲ့တော့ပတ်သက်တယ်မလား ""

"" အွန်း ""

"" ယူမီနဲ့စကားပြောလိုက်လို့လည်းမဟုတ်ဘူးဆိုတော့.. အာ ကိုယ်သိပြီ! ကိုယ်ယူမီ့ကိုလှတယ်လို့ပြောလိုက်လို့! ဟုတ်တယ်မလား? ""

"" ချစ်ဖို့ကောင်းလားလို့မေးတော့လည်း အင်းလို့ဖြေသေးတယ် ""

စိတ်ဆိုးနေတာတောင်မှ သူ့စိတ်ထဲကအတိုင်း မချွင်းမချန်ပြန်ပြောပြနေတဲ့ ယူဂျင်းကို အသည်းတွေယားပြီး ဂယူဗင်းကြိတ်ရယ်လိုက်မိသည်။

အဲ့လိုရယ်လိုက်မိတဲ့ အကျိုးဆက်အနေနဲ့
ပြန်ရလိုက်တာကတော့....

"" စီနီယာ အခု ရယ်နေတာလား? ရယ်နိုင်တယ်ပေါ့? ကျွန်တော့်ကိုလှောင်နေတာပေါ့? ""

"" မဟုတ်ပါဘူး အဲ့လိုမဟုတ်...
ဟယ်လို! Baby.. ဟယ်လို!! ""

ဖုန်းလည်းထပ်ဆက်လို့မရတော့သလို
messageပို့ဖို့ conversationထဲဝင်ကြည့်လိုက်တော့လည်း keyboardပျောက်သွားတာကိုတွေ့လိုက်ရကာ ဂယူဗင်းငိုင်ကျသွားတော့သည်။

ယူဂျင်းသူ့ကို blockသွားခဲ့ပြီ။

___________________🐶🐰


စတော်ဘယ်ရီနို့ကိုသောက်ရင်းပြုံးစိစိနဲ့မြူးနေတဲ့ရစ်ခီ့အား ဂယူဗင်း မြင်ပြင်းကပ်စွာကြည့်ရင်း ဝေဖန်လိုက်၏။

"" အိုက်ဂူး... စတော်ဘယ်ရီရှိရင်မင်းဘဝကြီးကသာယာနေတာပဲနော် အဲ့စတော်ဘယ်ရီကိုပဲဘဝကြီးတစ်ခုလိုလုပ်နေ သိလား ""

"" ဘဝကြီးပဲလေ ""

"" ဒါဆိုငါမေးမယ်
ငါလား စတော်ဘယ်ရီလား ""

ဂယူဗင်း မေးခွန်းဆုံးတာနဲ့
ရစ်ခီကမဆိုင်းမတွဖြေလာပါသည်။

"" စတော်ဘယ်ရီ ""

crushလေးဆီက blockခံထားရတဲ့အပြင် အချစ်ဆုံးသူငယ်ချင်းလေးကပါ သူ့ထက်
စတော်ဘယ်ရီကိုပိုချစ်နေကြောင်းသိလိုက်ရတဲ့အခါမှာတော့ ဂယူဗင်း ဘာစကားမှထပ်
မပြောနိုင်တော့ဘဲ ငြိမ်ကျသွားတော့သည်။

ဒါက သူ့ဘဝပါပဲ...
crushနဲ့ဆို အငြင်းခံ၊blockခံလေး။
bffနဲ့ဆိုစတော်ဘယ်ရီလောက်တောင်
ဘောင်မဝင်။


"" ဂယူဗင်းနီးးး ""

အနောက်ကနေ ကျောကိုပုတ်ရင်း နာမည်ခေါ်လာလို့လှည့်ကြည့်လိုက်တော့ သူ့ကိုပြုံးပြနေတဲ့ဟန်ဘင်းဟျောင်းကိုတွေ့လိုက်ရသည်။

ပုံမှန်ဆို ထွက်ပြေးမိမှာဆိုပေမဲ့
အခုတော့ ဂယူဗင်း ထွက်ပြေးဖို့အားမရှိပေ။

ရစ်ခီလား? ဟန်ဘင်းဟျောင်းအသံကြားကတည်းကထပြေးသွားပြီလေ။

"" ငါတို့ဂယူဗင်းနီး ဘာစားနေတာလဲ
ကျန်းမာရေးနဲ့ရောညီညွတ်ရဲ့လား ""

ဒီလို introတွေကနေ နောက်ဆုံး ဘယ်ဘူတာဆိုက်မလဲဆိုတာ သိနေတာကြောင့် သူကပဲ
အရင် ဦးအောင်ပြောလိုက်တော့သည်။

"" ကျောင်းဆေးခန်းပို့ပေးပါဟျောင်း ""

ထိုအခါ ဟန်ဘင်းက ပါးစပ်အဟောင်းသားနဲ့ မယုံနိုင်သလိုကြည့်လာပါရင်း ဝမ်းသာအားရပြောလာခဲ့သည်။

"" မင်းနေမကောင်းဘူးပေါ့??
ဝမ်းသာလိုက်တာငါ့ညီရာ..
လာ.. အခုပဲသွားကြစို့!!!! ""

ဟန်ဘင်းစကားအဆုံး ဂယူဗင်း၏ reaction:


_________________🐶🐹

"" ဟာအိုဟျောင်း!! ကျွန်တော်လာတယ် ""

ဟန်ဘင်းအသံကြားတာနဲ့ ဟာအိုကလည်း
သူကြိုသိနေတယ်ဆိုတဲ့ပုံစံနဲ့မေးလာပါ၏။

"" လာလေ ဟန်ဘင်းနီး
ဒီတစ်ခါရော ဘယ်သူ့ကိုခေါ်လာပြန်တာလဲ ""

"" ဂယူဗင်းနီး‌လေ နေမကောင်းဘူးဆိုလို့
ခေါ်လာခဲ့တာ ကျွန်တော့်လောက်ဂျူနီယာတွေကိုဂရုစိုက်တာ ကျွန်တော်ပဲရှိတယ်ဆိုတဲ့စကားက ဒီအတိုင်းလျှောက်ပြောတဲ့စကားမဟုတ်မှန်း ဟျောင်းလည်းသိပါတယ် ""

ဟန်ဘင်း ဟာအို့ကို သူ့မူပိုင် ဟမ်းစတားအပြုံးလေးနဲ့ ချစ်စရာကောင်းအောင်ပြုံးပြလိုက်ပြီး ဂယူဗင်းကိုလှည့်ကြည့်မိရာ....


ထူးဆန်းထွေလာတစ်ခုကိုကြားလိုက်ရသလိုမျိုး သူ့ကိုတအံ့တဩလှည့်ကြည့်နေတဲ့
ဂယူဗင်းမျက်နှာပေးကိုမြင်လိုက်ရတာကြောင့် ဟန်ဘင်းမသိမသာအံကြိတ်ရင်း တံတောင်နဲ့လှမ်းတွတ်လိုက်ရသည်။

"" ကဲ ဂယူဗင်းနီး ဘယ်နားကနေမကောင်းတာလဲ ဟျောင်းကိုပြော ""

ဟာအိုမေးလိုက်တော့ ဂယူဗင်းက
မျက်နှာငယ်လေးနဲ့ပြောလာပါသည်။

"" ရင်ဘတ်ထဲကအောင့်နေလို့ ဟျောင်း ""

ထိုအခါ ဟာအိုလည်း မျက်စိမျက်နှာပျက်သွားကာ စိုးရိမ်စွာနဲ့ပြောလာတော့၏။

"" ရင်ဘတ်ထဲကအောင့်တာဆိုပေါ့လို့မရဘူး
လာ မြန်မြန် ကုတင်ပေါ်မှာလှဲအိပ်လိုက်
ဟျောင်းစမ်းသပ်ကြည့်ပေးမယ် ""

"" ဟုတ်ကဲ့ ""

ဟာအို stethoscope( နားကြပ် )ကိုတပ်လိုက်ပြီး ရင်ဘတ်ပေါ်စမ်းနေတုန်းမှာပဲ...
ဂယူဗင်းကပြောလာခဲ့သည်။

"" ဟျောင်း ကြားရတယ်မလား
ယူဂျင်းနီး ယူဂျင်းနီးလို့မြည်နေတဲ့
ကျွန်တော့်ရင်ခုန်သံတွေကိုလေ ""

ဂယူဗင်းစကားအဆုံး ဟာအို့မှာ
ဘာစကားမှပြန်မပြောနိုင်တော့လောက်အောင် ဆွံ့အ,သွားရကာ ကြောင်ကြည့်နေမိသည်။


ဟန်ဘင်းကတော့ ဂယူဗင်းကို
အထင်ကြီးလေးစားသွားတဲ့မျက်လုံးတွေနဲ့အတူတအံ့တဩငေးကြည့်လို့နေသည်။


ဘာလို့ဆို သူသာ ဂယူဗင်းလောက်နီးနီး
တော်ကီကြွယ်ခဲ့ရင် အခုချိန်လောက်ဆို
ဟာအိုဟျောင်းကသူ့ကောင်လေးဖြစ်နေလောက်ပြီဟု တွေးမိသွားတာကြောင့်ပင်။

ဂယူဗင်းကတော့ ဟာအိုတို့ကိုလှည့်မကြည့်ဘဲ မျက်နှာကျက်ကိုသာငေးရင်း သူ့အာရုံနဲ့သူ လွမ်းလွမ်းဆွေးဆွေးဆက်ပြောလာပါသည်။

"" ဒါပေမဲ့ ကျွန်တော့်ရင်ခုန်သံလေးက ကျွန်တော့်ကို အဖက်မလုပ်တော့ဘူး ဟျောင်းရယ်... ကျွန်တော်အရမ်းခံစားရတာပဲ... အရမ်းလည်းနာကျင်ရတယ်... ဒီလိုမျိုးသာ သုံးရက်လောက်ဆက်ဖြစ်နေမယ်ဆို ကျွန်တော်တောင့်ခံနိုင်တော့မယ်မထင်ဘူး.. လူမသေပေမဲ့နှလုံးသားလေးသေသွားတော့မှာလေ ""

ပြောပြီးတော့မှ ဂယူဗင်း ဟာအို့ကိုလှည့်ကြည့်လိုက်မိရာ... ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်ပြီး သူ့ကိုမျက်နှာသေနဲ့စိုက်ကြည့်နေတာကိုမြင်လိုက်ရတော့၏။

"" ဘာလို့လဲ ဟျောင်း...
ကျွန်တော့်ဝေဒနာကိုကုပေးဖို့အတွက်
ဆေးမရှိလို့လား ""

"" အေး ငါ့ဆီမှာတော့အဲ့လိုဆေးမရှိဘူး
မင်းရဲ့ယူဂျင်းနီးဆီမှာတော့ရှိရင်ရှိမှာပေါ့ ""

ဟာအိုကပြောပြောဆိုဆိုနဲ့ မတ်တပ်ထရပ်ကာ ခေါင်းတခါခါနဲ့ရေရွတ်လာပါသည်။

"" ဒီအရွယ်လေးနဲ့အချစ်မှာကျရှုံးနေလိုက်တာ.. ငါတို့တုန်းကများအဲ့ဒီအရွယ်မှာ စာမှစာပဲ.. မလွယ်ပါဘူး အခုခေတ်ကလေးတွေများ ""

ဟန်ဘင်းကလည်း ဟာအို့နောက်က
သံယောင်လိုက်သည်။


"" ဟုတ်ပါ့ဗျာ ကျွန်တော်နဲ့များကွာပါ့..
ကျွန်တော်ဆိုလည်း ၂၄နာရီမှာ ၂၃နာရီကစာပဲလုပ်ချင်နေတာ ""

"" စာပဲလုပ်ချင်နေတဲ့သူက ဘာလို့အတန်းလစ်ပြီးကျွန်တော့်ကိုကျောင်းဆေးခန်းလိုက်ပို့ပေးရတာလဲမသိဘူးနော်.. စဉ်းစားစရာပဲ ""

ထပြောလာတဲ့ ဂယူဗင်းစကားက
ဟန်ဘင်းမျက်နှာကိုဖြတ်ရိုက်လိုက်သလိုပင်။

"" ပါးစပ်ပိတ်ထား ဂင်ဂယူဗင်း!
မင်းနေမကောင်းမဖြစ်ဘူးဆိုလည်းပြန်တော့
ဟာအိုဟျောင်းကိုအနှောင့်အယှက်မပေးနဲ့ ""

ထိုစဉ်.. ဟာအိုကလည်းဝင်ပြောလာလေသည်။

"" ဟန်ဘင်းနီးလည်းပြန်လိုက်တော့လေ
အတန်းချိန်ရှိသေးတယ်မလား စာလုပ်ရမှာပေါ့ ""


ဟာအို့စကားကြောင့် နာကျင်ဆွံ့အ,သွားပုံရတဲ့ဟန်ဘင်းမျက်နှာကိုကြည့်ကာ ဂယူဗင်း
ထရယ်မိတော့သည်။

ထိုအခါ ဟန်ဘင်းမျက်စောင်းကြီးက
သူ့ဆီတန်းခနဲပါပဲ။

"" ရယ်မနေနဲ့ ဂင်ဂယူဗင်း! လာ ပြန်မယ်..
ဟာအိုဟျောင်း ကျွန်တော်တို့သွားပြီနော် အနှောင့်အယှက်ပေးမိသလိုဖြစ်သွားရင်တောင်းပန်ပါတယ် ""

"" ရပါတယ်
နေ့တိုင်းအနှောင့်အယှက်ပေးနေကျပဲဟာ ""

"" ဗျာ? ""


"" အာ.. နေ့တိုင်းအနှောင့်အယှက်ပေးလည်းရပါတယ်လို့ပြောတာ ""

အခုမှပဲဟန်ဘင်းမှာပြန်ရယ်နိုင်တော့သည်။
သူခုနကနားကြားမှားသွားတာနေမှာပါလေ။


"" အာ.. အဲ့လိုပြောလိုက်တာကိုး ဟားဟား နေ့တိုင်းတော့ အနှောင့်အယှက်မပေးပါရစေနဲ့ဗျာ ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးနော် ""

"" ကောင်းပါပြီ ကောင်းပါပြီ ""

__________________🐶🐹

အိမ်ပြန်ရောက်ကတည်းက
လှေကားမှာတက်လိုက်ဆင်းလိုက်လုပ်နေတဲ့
သားဖြစ်သူကြောင့် ဂယူဗင်းမေမေ မျက်စိနောက်လာပြီး ထအော်တော့သည်။

"" ကဲ အပေါ်ထပ်မှာနေမှာလား
အောက်ထပ်မှာနေမှာလား တစ်ခုခုရွေးလိုက်တော့! မဟုတ်ရင်ငါနင့်ကိုလာဆော်မိတော့မယ် မျက်စိ‌ကိုနောက်နေတာပဲ ""

"" အမေကလည်း .. ကျွန်တော်အိမ်မှာမနေတော့လည်းမနေလို့.. အခုနေနေပြန်တော့လည်း ငြိုငြင်နေပြန်ပြီ ""

"" ဟဲ့ ငြိုငြင်မှာပေါ့ နင်ကငြိမ်ငြိမ်မှမနေတာ..
မသိရင် မျောက်နဲ့လောက်စပ်ပြီးမွေးထားတာကျလို့ ""

"" ဒါဆို အဖေကမျောက် အမေကလောက်ပေါ့နော် ""

သူ့စကားအဆုံး "" ဂင်ဂယူဗင်း!!"" ဆိုတဲ့အသံနက်ကြီးထွက်လာကာ တံမြက်စည်းကိုင်ပြီးအနားပြေးလာတဲ့ အမေဖြစ်သူကြောင့်
ဂယူဗင်းမှာကြောက်အားလန့်အားနဲ့ပြေးထွက်လာရသည်။

လွတ်အောင်ပြေးမှ..
မဟုတ်ရင် အမေကတကယ်ဆော်တာ။

"" အေးအေး အိမ်ပြန်လာရဲပြန်လာကြည့်
ဒီတံမြက်စည်းစားပြီးမှအိမ်ပေါ်တက်ရမယ်မှတ်! ""

"" မလာဘူးဗျာ မလာဘူး
ယူဂျင်းနီးအိမ်မှာသွားနေလို့ရတယ်!! ""

အမေ့ကို အသံကောင်းဟစ်ပြီး ခြံအပြင်ထွက်လာပြီးမှ ယူဂျင်းနီးသူ့ကို အခုထိအခေါ်အပြောမလုပ်သေးတာကိုသွားသတိရပြီး ဂယူဗင်း ခြေလှမ်းတွေရပ်တန့်သွားရသည်။

ယူဂျင်းနီးကသူ့ကို ဖုန်းမှာ blockထားရုံသာမက ဒီနေ့ကျောင်းမှာတွေ့တော့လည်း ကြည့်လည်းမကြည့်၊စကားလည်းမပြောသလိုနည်းနည်းလေးမှအဖက်မလုပ်ခဲ့ပေ။

အခုသူအိမ်ပေါ်ကနှင်ချခံလိုက်ရပြီဆိုတော့..
ဘယ်လိုလုပ်ရမလဲ.... သူနဲ့စတော်ဘယ်ရီမှာ စတော်ဘယ်ရီကိုပဲရွေးခဲ့တဲ့ အမြင်ကပ်စရာ သူငယ်ချင်းလေးအိမ်ကိုပဲသွားလိုက်ရမလား... ဒါမှမဟုတ်တံမြက်စည်းစာအမိခံပြီးအိမ်ထဲပဲပြန်ဝင်လိုက်ရမလား...

အဲ့လို သူကြံရာမရဖြစ်ပြီး ခြံရှေ့မှာ ဟိုလျှောက်ဒီလျှောက်လုပ်နေချိန်မှာပဲ တစ်ဖက်အိမ်ကခြံတံခါးပွင့်လာခဲ့တာကြောင့် ဘာရယ်မဟုတ် လှည့်ကြည့်လိုက်မိရာ ယုန်ရုပ် stickerလေးတွေပါတဲ့ pajamas လေးကိုဝတ်ထားတဲ့ ယူဂျင်းကိုတွေ့လိုက်ရပါ၏။

"" Baby!! ""

သို့ရာတွင် ထင်မှတ်မထားဘဲ.. ယူဂျင်းက သူ့အသံကြားတာနဲ့ အနားကိုတဟုန်ထိုးပြေးလာတဲ့အပြင် သူ့ရင်ဘတ်ကိုပါ တဖုံးဖုံးထုလာလေသည်။

"" အ! အ! အ! အ! Baby.. အ! နာတယ် အ!!!
Baby တော်ပါတော့ အ!! ""

၁၅ချက်လောက်ထုပြီးသွားတော့မှ
ယူဂျင်းရပ်သွားခဲ့ကာ... တဆက်တည်းမှာပဲ
သူ့ကိုစိုက်ကြည့်ရင်း မျက်ရည်တွေဝဲတက်လာတာကြောင့် ဂယူဗင်းမှာလန့်ဖြန့်သွားရသည်။

"" ဟောဗျာ.... အထုခံရတာက ကိုယ်လေ
ငိုတာကျ Babyတဲ့လား... ""

သူပြောနေတုန်းမှာပဲ ယူဂျင်းကတရှုံ့ရှုံ့ငိုလာခဲ့သည်ဖြစ်ရာ ဂယူဗင်း ပျာပျာသလဲ မျက်ရည်ပြေးသုတ်ပေးရင်း ‌ပြန်ချော့ရတော့သည်။

"" အင်းပါ အင်းပါ ကိုယ်မှားတာ ကိုယ်မှားတာ
Babyဘယ်လောက်ထုထုငြိမ်ငြိမ်လေးနေပေးရမှာကို အာပြဲကြီးနဲ့ထအော်မိတာ ကိုယ့်အမှားပါ ကိုယ်တောင်းပန်ပါတယ် မငိုနဲ့တော့နော် ""

"" စီနီယာ..... ""

"" အင်း ပြော Baby ပြော ""

"" ကျွန်တော့်ကို... မချစ်တော့လို့...
ဒီနေ့.... ချစ်တယ်လို့.... လာမပြောတော့တာမလား.....ဟုတ်တယ်မလား ""

"" ဟင် ""

နောက်ဆုံးတော့ ဂယူဗင်း ယူဂျင်းငိုရတဲ့အကြောင်းအရင်းကို သဘောပေါက်သွားရကာ ငိုနေတဲ့ကလေးလေးအား ရင်ခွင်ထဲ
ဆွဲဖက်ထားလိုက်တော့သည်။

"" အဲ့လိုမဟုတ်ရပါဘူး Babyရယ်..Babyပဲကိုယ့်ကိုစိတ်ကောက်ပြီးစကားမပြောတာလေ.. ကိုယ့်ကိုတွေ့တာနဲ့ထွက်လည်းပြေးသေးတယ်..ကိုယ့်ဖုန်းနဲ့ accountကိုလည်းblockထားသေးတယ်... အဲ့တော့ကိုယ်ကဘယ်လိုလုပ်ပြောလို့ရတော့မှာလဲ ""

"" Emailကနေပို့လို့ရသေးတယ်လေ....
ဘာလို့ဘာမှမပို့တာလဲ ""

ယူဂျင်းစကားကြောင့်
ဂယူဗင်းမှာ ရယ်ရအခက်ငိုရအခက်ပင်။

စိတ်ရှိတိုင်းသာဆို
ဒီမမူးဘဲရစ်နေတဲ့ကောင်လေးကို
ဖက်နမ်းမိတော့မှာ။

သို့ပေမဲ့လည်း ဂယူဗင်း
ဆန္ဒကိုသိက္ခာနဲ့ထိန်းလိုက်ပါသည်။

"" အာ ဟုတ်သားပဲ Emailရှိသေးတာကို ကိုယ်မေ့သွားခဲ့တာ .. ဟုတ်တယ် ဟုတ်တယ် ကိုယ်မှားသွားတာ... ကိုယ်မှားသွားတာမလို့ အမှားပြင်ခွင့်ပေးနော်.. ကိုယ်မင်းကိုအများကြီးချစ်တယ် ယူဂျင်းနီး.. တကယ်ပြောမပြတတ်လောက်အောင်ကိုချစ်တာပါ.. ယူဂျင်းနီးရော ကိုယ့်ကိုပြန်ချစ်ပေးနိုင်မလားဟင် ""

ထုံးစံအတိုင်း အငြင်းခံရမယ်လို့ပဲ
အပိုင်တွက်ထားခဲ့ပေမဲ့ .... စက္ကန့်ပိုင်းလောက်
အကြာမှာပဲ ယူဂျင်းဆီကအဖြေစကားအား
အိပ်မက်ဆန်ဆန်ကြားလိုက်ရပါ၏။

"" အင်း ""

"" !!!!!!!!!! ""

____________________________________

🐶To be continued🐰

A.N :: 77ကြိမ်မြောက်မှာတော့ သူအဖြေပြန်ရသွားခဲ့ပါပြီ အားလုံးပဲ လက်ခုပ်တီးပေးလိုက်ကြပါ 👏🏻👏🏻👏🏻










Continue Reading

You'll Also Like

1M 39.7K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
252K 16.5K 21
"you might not be my lover, but you still belong to me" "crazy, you don't even love me but you want to claim me as yours? have you lost your mind jeo...
133K 5.5K 99
a sister who's actions are untamed, and a brother who's feelings are untamed. With complete different personalities, yet an awesome bond, the sibling...
388K 18.7K 80
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...