LS : AMITY

By kummarii

1.3K 74 0

ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ သူစိမ်းတစ်ယောက်အပေါ် မေတ္တာဓာတ်တွေ ငုံ ။ ချစ်ခြင်းမေတ္တာ ကြီးမားလိုက်ပုံ ငေးက... More

1 : 22
2 : 22
3 : 22
4 : 22
5 : 22
6 : 22
7 : 22
8 : 22
9 : 22
10 : 22
11 : 22
12 : 22
13 : 22
14 : 22
15 : 22
16 : 22
18 : 22
19 : 22
20 : 22
21 : 22
22 : 22
AMITY
1 : 4
2 : 4
3 : 4
4 : 4

17 : 22

22 2 0
By kummarii

" စုန်းမ နင် အိမ်ထဲက ထွက်ခဲ့စမ်း "

" အခု ထွက်လာမလား ။ အိမ်ကို မီးနဲ့ ရှို့လိုက်ရမလား ဟမ် "

" စုန်းမ ငါတို့ခေါ်နေတယ် အခု ထွက်ခဲ့ "

မီးတုတ်များ တဝင်းဝင်းနှင့် တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသော လူအုပ်ကြီး၏အသံများသည် ဧကရီ တောထဲသို့ ခပ်လှမ်းလှမ်း ရောက်နေသည့်တိုင်အောင် ခပ်သဲ့သဲ့ ကြားနေရ၏ ။ အိမ်ကို ပတ်ပတ်လည်ဝိုင်းနေသည့် မီးရောင်များကိုလည်း  လှမ်းမြင်နေရသေးသည် ။ ထိုကဲ့သို့ ကြေကွဲဖွယ်ကောင်းလှသော မြင်ကွင်းကို ဧကရီသည် နာကျင်မှုများစွာနှင့် အတန်ကြာ ငေးကြည့်နေမိ၏ ။ ယခင်အချိန်က ဖော်ရွေခဲ့ကြသော လူများသည် ယခုတွင်တော့ အဘယ့်ကြောင့် ဤကဲ့သို့ပြောင်းလဲသွားကြသနည်း ။ ဆရာမကြီးသာ ဧကရီ့ကို ဤကဲ့သို့ မလုပ်ခဲ့လျှင် ဤအကြောင်းအရာများ ဖြစ်ပေါ်လာဖို့ လမ်းစပင် ရှိမည်မဟုတ်ပါ ။ ယခုတော့... ။
ဧကရီသည် သူတို့တောထဲအထိ လိုက်မရှာသေးခင်အချိန်တွင် ဝေးနိုင်သမျှ ဝေးအောင်ပြေးထားရမည်ဖြစ်၍ အကြည့်များကို ခပ်မြန်မြန် လွှဲပစ်လိုက်ရင်း မှုန်ဝါးဝါး တောနက်ထဲသို့ ဆက်တိုးသွားမိသည် ။ ကျောပေါ်တွင် မိမိထက် ပိုသောလူတစ်ယောက်၏အလေးချိန်ကို ထမ်းထားရခြင်းက လိုသည်ထက် ပို၍ ပင်ပန်းသကဲ့သို့ ခရီးလည်း များများ မတွင်ပါ ။ မိမိကိုယ်တိုင်ကလည်း အားအင် သိပ်မရှိသည့်အချိန်ဖြစ်သည်ကြောင့် မောမောဟိုက်ဟိုက်ဖြင့် တစ်လှမ်းချင်း တောတိုးနေရသည် ။ တစ်ခါတစ်ရံ ဆူးနွယ်များက ဧကရီ့ကို ခြေထောက်ကို ကြမ်းတမ်းစွာ ဆွဲခြစ်လိုက်လျှင် နာကျင်မှုဓာတ်ကို တိုးတိတ်စွာသာ ညည်းညူနေရသည် ။ တောထဲသို့ ပိုနက်နက် ရောက်လာလေလေ ဧကရီ့ခြေထောက်များသည် ပို၍ သွေးအလိမ်းလိမ်း ဖြစ်လာသည်ကို ဧကရီ သတိထားမိသည် ။ လရောင်ပင် မတိုးနိုင်သော မှောင်ပိန်းနေသည့် တောထဲတွင် မည်သည့်နေရာ၌ အနားယူရမည်မှန်း ဧကရီ မသိပါ ။ သို့နှင့် အရှိန်ကို မလျှော့ဘဲ လူတစ်ယောက်ကို ထမ်း၍ ဆက်လျှောက်လာရင်းက ဧကရီ၏စိတ်ဓာတ်ကဲ့သို့ တောင့်မခံနိုင်တော့သော ခြေထောက်သည် အဆင်းတစ်ခုတွင် ခေါက်ခနဲ ဖြစ်သွားလျှင် တောင်စောင်းဟု ထင်ရသောနေရာမှ ဧကရီသည် ပစ်လဲ၍ အရှိန်ဖြင့် လှိမ့်ကျသွားသည် ။ အပတ်ပတ်အခါခါ လှိမ့်သွားသော ခန္ဓာကိုယ်၏အရှိန်ကြောင့် အခြားလူကိုပင် မစိုးရိမ်နိုင်သည့် အခြေအနေတွင် တစ်စုံတစ်ခုနှင့် အရှိန်ပြင်းပြင်း ဝင်တိုက်လိုက်မိသည့်အခါ အသွေးအသားအတွင်းထိ လှိုက်ခတ်သွားသည့် နာကျင်မှုဒဏ်ကို ခံစားရကြောင်း အသံထွက်၍ပင် မဖော်ပြနိုင်တော့ဘဲ အသိစိတ်နှင့်ခန္ဓာကိုယ် ဝေးကွာသွားရသည် ။ တစ်စုံတစ်ယောက်သည်တော့ မိမိကဲ့သို့ မဖြစ်စေဖို့ ဧကရီ ဆုတောင်းပြုမိသည် ။

" ဟန်နီ... "

တိုးသျှလွန်းသည့် သူ၏အသံကို ဧကရီ ကြားနေရသည် ။ မည်သည့်နေရာကနေ ဧကရီ့ကို လှမ်းခေါ်နေသည်လည်း ဧကရီ မသိရပါ ။ ဤသည်က အိမ်မက်လား ။ အိမ်မက်ထဲထိတိုင်အောင် သူ၏အသံက တိုးတိတ်လွန်းပြီး အားမရှိသည့်ပုံ ပေါက်နေသည် ။ ဧကရီ နည်းနည်းမျှ မလှုပ်နိုင်အောင်ပင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည် ။ ခန္ဓာကိုယ်တစ်ခုလုံးမှ ဒဏ်ရာဒဏ်ကြီးများက အသွေးအသားတစ်လျှောက် တစိမ့်စိမ့် ကိုက်ခဲနေသည် ။ ရှင်လျက်နှင့် သေနေသကဲ့သို့ ခံစားနေရ၏ ။

" ဟန်နီ "

ဒုတိယအကြိမ်မြောက် သူ၏အသံကို ကြားလိုက်ရသောအခါ ဧကရီသည် ယောင်ယောင်ဝါးဝါးဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်မိသည် ။ ထိုအခါ တောက်ပနေသော အလင်းရောင်က မျက်လုံးများကို ဒဏ်ပြုသောအခါ ဧကရီ မျက်ခုံးများကို ကျုံ့၍ မျက်လုံးများကို ပြန်မှိတ်ပစ်လိုက်သည် ။ ထို့နောက် အလင်းရောင်နှင့် အသားကျအောင် မျက်လုံးကို ကျင့်ယူပြီး ပြန်ဖွင့်လိုက်မှ မိမိကို စိုးရိမ်တကြီး ငုံ့ကြည့်နေသည့် မိမိ လွမ်းမောနေရသော ထိုမျက်နှာအသွင်အပြင်ကို မြင်လိုက်ရသည် ။ ဤသည်ကလည်း အိမ်မက်ပဲလား ။

" ရှင်ရေ... "

အံ့သြတကြီး ခေါ်လိုက်မိသည့် နာမ်စားသည် ဧကရီ၏ခြောက်ကပ်နေသော လည်ချောင်းမှတစ်ဆင့် လေထုထဲတွင် တိုးတိတ်စွာသာ ပျံ့နှံ့သွားသည် ။ ထို့နောက် အလန့်တကြားဖြင့် ထထိုင်မည်ပြုလိုက်သော်လည်း အားကုန်နေသည့် ခန္ဓာကိုယ်က ဘုတ်ခနဲ ပြန်လဲကျသွားရသည် ။ ဤသည်ကို ယူကျုံးမရသည့် မျက်ဝန်းများနှင့် ကြေကွဲစွာ ကြည့်နေသော သူသည် ဧကရီ့ကို ကူညီ၍ ထထိုင်စေပြီးလျှင် သူ၏ရင်ခွင်ကို မှီထားစေ၏ ။ ယခုမှ အနွေးထွေးဆုံးနှင့် အလုံခြုံဆုံးသော ခံစားချက်ကို ရရှိလိုက်သော ဧကရီသည် စတင်၍ ရှိုက်ကာ ငိုညည်း၏ ။

" နောက်ဆုံးတော့ ရှင် သတိရလာပြီပေါ့ ။ နောက်ဆုံးတော့ ရှင် သတိရလာပြီ ဟင့် "

ထိုစကားမှလွဲ၍ မည်သည့်စကားမျှ မဆိုဘဲ ရှိုက်ကာ ငိုသော ဧကရီသည် မငိုဖို့ရာကို အနှစ်နှစ်အလလ တောင့်ခံခဲ့သော ကလေးငယ်ကလေးနှင့် တူနေ၏ ။ ထိုလူသည် သက်ပြင်းမောကို အကြိမ်ကြိမ် ချကာ လက်တစ်ဖက်က ဧကရီ ပခုံးကို ဖက်ထား၍ ကျန်လက်တစ်ဖက်က ဧကရီ့ခေါင်းကို အသာ ပုတ်ပေး၍ နှစ်သိမ့်ပေးလေသည် ။ သူတို့နှစ်ဦးသည် အခြားမည်သည့်စကားမျှ ထပ်မပြောကြဘဲ ထိုအခြေအနေအတိုင်းလေးသာ အတန်ကြာ ငြိမ်နေခဲ့ကြပြီး ဧကရီသည် ယခုမှ စိတ်ပေါ့ပါးသွားကာ မျက်ရည်များကို လက်ခုံဖြင့် ဖိသုတ်လိုက်ပြီးလျှင် ထိုလူ၏ရင်ခွင်ကို မှီထားရာမှ မတ်ထိုင်၍...

" နောက်တစ်ခါ ကျွန်မကို ထားမသွားနဲ့နော်...နော် "

အသနားခံ တောင်းဆိုနေသည့် ဧကရီ့ကို ထိုလူက ရင်လေးစွာ ကြည့်ပြီး သက်ပြင်းမောတစ်ခုကို အရင် ချသည် ။ ထို့နောက် ဧကရီ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရုပ်ပျက်ဆင်းပျက် သွေးအလိမ်းလိမ်းဖြင့် ပွထနေသော ဒဏ်ရာများကို ထိုလူက စေ့စေ့စပ်စပ် လိုက်ကြည့်ရင်းက စိတ်မကောင်းစွာ စကားဆိုလေ၏ ။

" ဘယ်လောက်တောင် ပင်ပန်းခဲ့တာလဲ အချစ်ရယ် "

ထို့နောက် ဧကရီ၏သစ်ရွက်ခြောက်များတွဲခိုကာ ဖွာလန်ကျဲနေသော ဆံနွယ်များကို ထိုလူက ကြင်နာစွာ နမ်းရှိုက်လိုက်ပြီး ဧကရီ၏နဖူးပေါ်တွင် အနမ်းတစ်ပွင့် ခြွေချလိုက်လျှင် ဧကရီ၏တစ်ကိုယ်လုံးတွင် ပျံ့နှံ့နေသော နာကျင်ကိုက်ခဲမှုများသည် စုပ်ယူခံလိုက်သကဲ့သို့ ရှင်းရှင်း ပျောက်ကွယ်သွားကြလေ၏ ။ သွေးများ ပေကျံ့နေသည့် ဒဏ်ရာများသည်လည်း တဖြည်းဖြည်း အနာကျက်သွားသကဲ့သို့ သက်သာသွားကာ နောက်ဆုံး အမာရွတ်ပင် မကျန်တော့သည်အထိ ပျောက်ကွယ်သွားကြသည် ။ ခန္ဓာကိုယ်သည် ပုံမှန် အခြေအနေသို့ ချက်ချင်းဆိုသလို ရောက်ရှိသွားသော်လည်း ဧကရီ့ထံတွင် ပင်ပန်းမှုတချို့တော့ ကိန်းအောင်းနေရစ်ခဲ့၏ ။

" ဒါနဲ့ ရှင် သက်သာလာပြီလား ။ သတိမေ့နေတဲ့အတောအတွင်း ဘာမှထပ်မခံစားရဘူးလား "

ထိုလူသည် ခပ်ပြေပြေလေး ပြုံးလျက် ခေါင်းကို အသာလွှဲပြသည် ။

" ကိုယ် ကောင်းကောင်း အနားယူခဲ့ရပါတယ် ဟန်နီ "

ထိုစကားကို ကြားကာမှ ဧကရီသည် စိတ်အေးနိုင်တော့၏ ။ မိမိကို အကြင်နာတရားများ ပြည့်လျှံနေသော မျက်ဝန်းများနှင့် ငေးကြည့်နေသော ထိုလူ့ကို ဧကရီလည်း ပြန်ကြည့်နေလိုက်မိသည် ။ ကပို့ကရို့ ကျနေတတ်သည့် ဆံနွယ်တွေကို ဤကဲ့သို့ သပ်တင်ထားပုံကို မမြင်ရသည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ။ ဤကဲ့သို့ ဆွဲဆောင်နိုင်လွန်းသည့် မျက်ဝန်းတွေက ခံစားချက်မျိုးစုံ ပြောင်းလဲနေတတ်တာကို မမြင်ခဲ့ရသည်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ။ ဤ ဝင်သက်ထွက်သက်တွေ ၊ ထို့နောက် အကော့အညွှတ်မျိုးစုံနဲ့ လှုပ်ရှားနေတတ်သည့် ဤအနက်ရောင်နှုတ်ခမ်းပါးတွေကို မမြင်ခဲ့ရသည့်မှာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ။ ဤသည်က ရက်ပိုင်းခန့်သာ ကြာချင်ကြာမည် ။ သို့သော် ဤလှုပ်ရှားမှုများ ရပ်တန့်နေသည်မှာ ဧကရီ့အတွက်တော့ နှစ်အတော်အတန် ကြာနေလေပြီ ။
အတွေးတွင် နှစ်မြော၍ နည်းနည်းမျှ မလှုပ်ဘဲ ထို့လူနှင့် အကြည့်ချင်းဆုံနေသည်မှာ အတန်ကြာသွားလျှင် ဧကရီသည် ရှက်ရွံ့စိတ်ကလေး အနည်းငယ် ဖြတ်ပြေးသွား၍ အရှက်ပြေစေရန် ထိုလူ့ထံမှ အကြည့်လွှဲ၍ ပတ်ဝန်းကျင်ကို အာရုံပို့လိုက်သည် ။

" ကျွန်မ ဘယ်ရောက်နေတာလဲဟင် "

စကားအဆုံး ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်မိလျှင် ဧကရီတို့ နှစ်ဦးသည် အရိပ်ကောင်းသည့် သစ်ပင်ကြီးအောက်တွင် ပတ်ပတ်လည် ဝိုင်းထားသည့် ကွပ်ပျစ်ပေါ်တွင် ထိုင်လျက် ရှိနေကြပြီး ဧကရီတို့ ပတ်ပတ်လည်တွင်တော့ မြက်ခင်းစိမ်းများနှင့် နေရောင်အောက်တွင် ထိုးထိုးထောင်ထောင် ပွင့်လန်းနေကြသည့် နေကြာပန်းရုံကြီး ရှိနေသည် ။ ဧကရီသည် အံ့အားသင့်သွားရင်းမှ ဆက်၍ အကဲခတ်လျှင် ခပ်လှမ်းလှမ်း သစ်ပင်ရိပ်ပေါသည့် နေရာတွင် နွယ်ပင်များနှင့် ဖုံးအုပ်နေသော အိမ်ကလေးတစ်လုံးကို မြင်လိုက်ရ၏ ။ အနီးအနားတွင် မည်သည့်အိမ်မှ အဖော်မရှိဘဲ တစ်ဦးတည်း တည်နေသော အိမ်ကလေးသည် သူ့ဟာနှင့်သူ အေးချမ်းနေသဖွယ် ။ ထို့အပြင် ထိုအိမ်ကလေး၏အနီးအနားတစ်ဝှိုက်တွင် အမည်မသိရသော ရောင်စုံပန်းပင်ငယ်ကလေးများကိုလည်း လှမ်းမြင်နေရ၏ ။ ဤကဲ့သို့ ငြိမ်းချမ်းလှသော ပတ်ဝန်းကျင်တွင် ရှိနေရသည့် ခံစားချက်သည် ဧကရီ့ကိုယ်တွင် ကိန်းအောင်းနေသည့် လက်ကျန် ပင်ပန်းမှုများကိုပါ ဆွဲထုတ်သွားလေသည် ။ ထိုအခါမှ မြူးကြွသွားဟန်ရှိသော ဧကရီ၏မျက်နှာသည် သိသိသာသာ ရွှင်လန်းလာလေသည် ။ ပတ်ဝန်းကျင်ကို အကဲခတ်နေရင်းကမှ ဧကရီသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...

" ဒါနဲ့ တစ်သက်လုံး ကျွန်မ အိမ်ကို ပြန်လို့ မရ... "

ထိုစကားကို ပြောနေရင်း ထိုလူရှိရာ တစ်ဖက်သို့ မျက်နှာလှည့်လိုက်လျှင် ချက်ချင်းဆိုသလို ဧကရီ့အနားကပ်လာပြီး ဧကရီ့နှုတ်ခမ်းတွေကို သိမ်းပိုက်လိုက်သော သူ၏အပြုအမူကြောင့် ဧကရီ၏စကားသည် ဆုံးခန်းမတိုင်လိုက်ပါ ။ ထိတ်ခနဲ ဖြစ်သွားသည့် နှလုံးခုန်သံ၏အစသည် ဆက်တိုက်ဆိုသလို မြန်လာခဲ့၏ ။ သူ၏နူးညံ့သော အသွားအလာများကို ဧကရီသည် ငြင်းဆန်ခြင်း မပြုမိပါ ။ မိမိ၏ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ထိန်းကိုင်ကာ အနမ်းနယ်ချဲ့နေသော သူ၏ဖမ်းစားမှုများကို ဧကရီသည် မျက်လုံးများ မှိုတ်ထား၍သာ အတူခံစားလိုက်မိသည် ။ အကြင်နာဓာတ်များသည် သူ၏လျှာဖျားအတွင်းမှ ဧကရီ၏နှလုံးသားထံ စီးဆင်းနေသကဲ့သို့ ဧကရီ၏ရင်ဘတ်မှာ နွေးထွေးနေရသည် ။ ဤကဲ့သို့ ဧကရီ့ကို လွှမ်းမိုးနိုင်သော လူတစ်ယောက်ကို ဆုံးရှုံးရမှာ ဧကရီ သိပ်ကြောက်မိသည် ။ အတန်ကြာ ဧကရီ၏နှုတ်ခမ်းနှင့် သူ၏နှုတ်ခမ်းကြား အကွာအဝေးတစ်ခု ခြားသွားသော သူသည် ဧကရီ့ကို ကြည့်လဲ့နေသော မျက်လုံးများနှင့် အလေးအနက် စိုက်ကြည့်၍...

" ဘယ်အိမ်မှ မပြန်ရဘူး ။ ပြန်စရာလဲ မလိုဘူး ။ ကိုယ်တို့ ဒီမှာပဲ နေကြမယ် ။ နှောင့်ယှက်မဲ့လူ မရှိဘဲ ကိုယ်တို့ နှစ်ယောက်တည်းပေါ့ ဟန်နီ "

ထိုအခါ သဘောကျသွားလျက် မျက်လုံးကလေးများ မှေးသွားသည်အထိ နှစ်ခြိုက်စွာ ပြုံးပြလာသော ဧကရီ့ကို ထိုလူက သူ၏ရင်ခွင်ထဲသို့ ထိုးသွင်းရင်း တင်းကျပ်စွာ ဖက်ထားလျက် စိတ်မောမှုများ ရောယှက်နေသည့် သက်ပြင်းတစ်ခုကို ဆွဲချပြန်၍ လေပူတွေကို ထုတ်လွှင့်လိုက်လေသည် ။

" ရှင်ရေ... "

ဧကရီသည် အိမ်အတွင်းရှိ အခန်းတစ်ခန်း၏တံခါးကို တွန်းဖွင့်၍ ရှာနေသူများ ရှိနေမလားဟု ဝေ့ကြည့်လိုက်မိသည် ။ သို့သော် ထူးသံလည်း မကြားရ ၊ အရိပ်လည်း မမြင်ရဘဲ ပျောက်နေ၏ ။ ဧကရီ သူ့ကို တစ်အိမ်လုံး၌ ရှာနေသည်မှာ နှံ့နေပြီဖြစ်သည် ။ ရေမချိုးသေးခင်က ရှိနေပါရက်နှင့် ယခု ဘယ်ကိုရောက်နေသလဲ မသိရပါ ။ အိမ်၏အပြင်ဘက်ကို ထွက်၍ ခြံဝင်းထဲတွင် လိုက်ရှာသော်လည်း မရှိပြန် ။ ထို့ကြောင့် နေကြာခင်းထဲက ကွပ်ပျစ်မှာများ ရှိလေမလားဟု လိုက်ရှာပြန်တော့ ဗလာဖြစ်နေသည့် ကွပ်ပျစ်ကိုသာ တွေ့သည် ။

" ဘယ်ကိုများ ရောက်သွားပါလိမ့် "

ဧကရီသည် တီးတိုးဆို၍ ကွပ်ပျစ်ပေါ်သို့ ဖြည်းညှင်းစွာ ထိုင်လိုက်သည် ။ အကယ်၍သာ အရင်တစ်ခါကကဲ့သို့ ပျောက်သွားပြီး ပြန်မပေါ်လာတော့လျှင် မည်သို့လုပ်ရမည်နည်း ။ ထိုသို့ တွေးမိပြန်တော့ ဧကရီ စိုးရိမ်သွားရသည် ။ သည်တစ်ခါ တစ်ခုခု ဖြစ်၍ ဧကရီ့ဆီသို့ ပြန်မလာနိုင်တော့ဘဲ နေရာမှာပင် သတိမေ့သွားလျှင် ဧကရီ မည်သို့လုပ်ရမည်နည်း ။ ထိုကဲ့သို့ အတွေးပေါင်းစုံက ဧကရီ့ကို ပို၍ဝမ်းနည်းလာစေရန် စွမ်းဆောင်နေသည် ။

" ရှင်ရေ... "

ငိုသံစွက်နေသော ခေါ်သံသည် အဆုံးသတ်တွင် မျှော်လင့်ချက် ပျောက်သွားသည့်နှယ် တိမ်ဝင်သွား၏ ။ သူ မရှိလျှင် ဤပတ်ဝန်းကျင်၌ ဧကရီ မည်သို့အသက်ဆက်ရမည်နည်း ။ အတိုက်အခိုက်တွေ ရှိသည်ဟု သိထားသည် ။ အကယ်၍ သူတို့က ဧကရီ မျှော်နေသူကို တစ်ခုခု လုပ်လိုက်လျှင် ဧကရီ မည်သို့သိနိုင်မည်နည်း ။ သူသည် ယခုအချိန်အထိ သာမန်အခြေအနေသို့ ပြန်ရောက်သေးသည့် လူမဟုတ်ပေ ။ အားနည်းနေသေးသည် ။ ဤသည်ကို အခွင့်ကောင်းယူ၍ တစ်စုံတစ်ယောက်က တစ်ခုခု လုပ်လိုက်လျှင်... ။

" ဟင့်...ထားမသွားပါနဲ့လို့ သေချာ ပြောထားခဲ့တာကို "

ဒူးပေါ်တွင် မျက်နှာအပ်ရင်း ရှိုက်ငိုနေသည့် ဧကရီသည် မိမိကွယ်ရာတွင် တစ်ခုခုဖြစ်လာလျှင် ဘာမှမစွမ်းသာသည့် မိမိကိုယ်ကိုယ် အားမရဖြစ်၍ သိမ်ငယ်စိတ်လည်း ဝင်သည် ။ ထိုအခါ သိလိုက်ရသည်က သူ မရှိလျှင် ဧကရီ၏ဘဝသည် မည်သည့်အဖြစ်မျှ မရှိတော့သည်ကိုသာ ။ ယခုတွင်လည်း မည်သည်ကိုမျှ လုပ်မပေးနိုင်ဘဲ ဤနေရာတွင် လာငိုနေသည်ကိုသာ တတ်နိုင်သည် ။ သူသည် ဧကရီ့ကို တစ်လျှောက်လုံး ကာကွယ်ပေးခဲ့ပါသော်လည်း ဧကရီကတော့ သူ သတိမေ့နေသည့်အချိန်တွင်တောင် သူ့ကို ကောင်းကောင်း မကာကွယ်ပေးနိုင်ခဲ့ပါ ။ ထိုသည်ကို တွေးကြည့်မိလျှင် မိမိကိုယ်ကိုယ် အားမရဖြစ်မိသည် ။

" ကျွန်မ ကာကွယ်ပေးနိုင်ဖို့ ကြိုးစားပါ့မယ် ။ ကျွန်မကိုတော့ ထားမသွားပါနဲ့ ဟင့် "

" ဟာ...ဟန်နီရေ ။ ဘာလို့ ငိုနေတာလဲ ။ ကိုယ် မင်းကို လိုက်ရှာနေတာ "

နေကြာခင်းတွေ အလွန်က လှမ်းအော်ပြောလာသည့် သူ၏အသံကို ကြားလျှင် ငိုချင်ရက် လက်တို့ဖြစ်သွား၍ ဧကရီ ပို၍ ငိုချလိုက်မိသည် ။ တော်သေးသည်...သူ ပြန်လာလို့ တော်ပါသေးသည် ။ ဧကရီက အသည်းအသန် ပို၍ ငိုချလိုက်လျှင် ထိုလူမှာ ပြာပြာသလဲဖြင့် ဧကရီ့ဆီ ပြေးလာလေသည် ။ ထိုတွင် သူ မမေးခင် ဧကရီက ဦးအောင် စကားဆိုလိုက်၏ ။

" ဟင့် ဘာလို့ ဘာမှမပြောဘဲ ထွက်သွားတာလဲ ။ ကျွန်မကို မထားခဲ့ပါနဲ့လို့ ပြောထားတာကို ။ ကျွန်မကို စိတ်ပူအောင် လုပ်တယ် "

သူ၏ဝမ်းဗိုက်ကို လက်သီးဆုပ်ကလေးဖြင့် မနာအောင် ထုကာ ငိုနေသော ဧကရီ့ကို သူက ကြည်နူးရိပ်ဖြာသော အကြည့်များနှင့် ငုံ့ကြည့်နေလေသည် ။ ထို့နောက် သူ၏ဝမ်းဗိုက်ကို ထုနေသော ဧကရီ၏လက်ကလေးကို နူးညံ့စွာ ဆုပ်ကိုင်ပြီး ဧကရီ၏ဘေးသို့ ဝင်ထိုင်လျက်...

" ဟန်နီ့ကို မထားခဲ့ပါဘူး ။ ကိုယ်က မင်းအတွက် လိုအပ်မဲ့ပစ္စည်းတွေ သွားယူတာပါ ။ နောက်တစ်ခါဆို ပြောပြီးမှ သွားမယ်နော် "

" ဟင့်အင်း ပြောပြီးလည်း မသွားရဘူး ။ ကျွန်မ အနားကနေ ဘယ်မှကို မသွားရဘူး "

" ဟောဗျာ "

ရွှတ်နောက်နောက် ဆိုလာသော ထိုလူကြောင့် ဧကရီ တရှုံ့ရှုံ့လုပ်နေရင်းမှ ရယ်လိုက်မိသည် ။ ထိုအခါ သူသည်လည်း ပြိုင်တူလိုက်ရယ်၍ ဧကရီ၏မျက်နှာကို သူ၏ဘက်သို့ လှည့်ယူကာ မျက်ရည်များကို လက်ချောင်းများဖြင့် ဖယ်ရှားပေးလေ၏ ။ ထို့နောက် ငိုထားသည့်အရှိန်ကြောင့် ရဲနေသည့် ဧကရီ၏ပါးတစ်ဖက်ကို ထိုလူက ရွှက်ခနဲ နမ်းလိုက်လျှင် ဧကရီသည် နှုတ်ခမ်းကို မသိမသာ ဆူလိုက်မိသည် ။

" ဒါနဲ့ ပစ္စည်းတွေက ဘယ်ကိုသွားယူတာလဲဟင် "

" အရင်အိမ်ကိုပေါ့ "

" ဟင်...အဲ့ဒီအိမ်ကို သူတို့ မီးရှို့လိုက်ကြပြီ မဟုတ်ဘူးလား "

" ဘာမှမလုပ်ပါဘူး ဟန်နီရဲ့ ။ အကုန်လုံး အရင်အတိုင်းပဲ "

" သြော် "

ဧကရီသည် နားလည်သည့်ပုံဖြင့် ခေါင်းတဆက်ဆက် ငြိမ့်ကာ တုံ့ပြန်သည် ။ ထိုတွင် ဧကရီ၏မျက်နှာပေါ်မှ ထိုလူ၏လက်များသည် ဧကရီ၏လက်ဖဝါးများဆီသို့ ဆင်းသက်လာပြီး အပေါ်ယံမှ အုပ်ကိုင်လိုက်လေသည် ။ သူသည် တစ်စုံတစ်ခုကို ပြောရန်အတွက် ဝန်လေးနေသည်ဟု ဧကရီ ခံစားနေရ၏ ။ ထို့ကြောင့် ဧကရီသည် စူးစမ်းသည့်အကြည့်များဖြင့် ထိုလူ့ကို ကြည့်လိုက်လျှင် သူသည် တစ်ခုခုကို ပြောဖို့ စကားလမ်းကြောင်း ဖော်နေပုံရသည် ။ ဧကရီလည်း မနှောင့်ယှက်ချင်၍ ငြိမ်နေလိုက်လျှင် နောက်ဆုံတော့ သူ့ဘက်က စပြီး ပြောလာလေ၏ ။

" ဟန်နီ သိလား ။ ဟန်နီ့အိမ်မှာ ဂျိမ်းစ်တို့ ၊ မာရီယာတို့ ရောက်နေတယ် "

" ဟုတ်လား ။ သူတို့ ဘာကိစ္စများ ရှိလို့ပါလိမ့် "

" ဟန်နီ ပြန်လာတာကို စောင့်နေကြတာ "

ဧကရီ၏မျက်နှာတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည် ။ ဧကရီ့ကို အလိုမရှိကြသူများက အဘယ့်ကြောင့် ဧကရီ့ကို စောင့်နေကြသနည်း ။ ဂျိမ်းစ်ကတော့ ဧကရီ့ကို ကူညီပေးခဲ့လို့ သံသယ ကင်းသော်လည်း မာရီယာ့ကိုတော့ ဧကရီ နားမလည်နိုင်ပါ ။

" ပြီးတော့ သူတို့တွေ ကိုယ်တို့ လက်ထပ်ထိမ်းမြားထားတာ သိကုန်ကြပြီလေ ။ ဒါကြောင့် နောင်တရပြီး ဧကရီ့ကို ပြန်လာနေစေချင်ကြတယ် "

" အို...သူတို့ သိသွားကြပြီလား ။ အင်းလေ...သိသွားတော့လည်း ကောင်းတာပါပဲ ဟင်း "

" ဒါပဲလား ဟန်နီ ။ သူတို့ အလိုရှိနေတာတောင် သူတို့ဆီ ပြန်မသွားဘူးလား "

ဧကရီ၏တုံ့ပြန်မှုကို အားမရသည့် ပုံမျိုးဖြင့် ပြောလာသော ထိုလူ့ကို ဧကရီ ပြုံး၍ ကြည့်လိုက်သည် ။ ထို့နောက် မိမိ၏လက်ပေါ်ကို အုပ်မိုးထားသည့် သူ၏လက်ကို ပြန်လည်အုပ်မိုးလိုက်ရင်း...

" ကျွန်မက သူတို့အနားမှာ နေချင်တာမှ မဟုတ်ဘဲ ။ ပြီးတော့ သူတို့ ဘယ်လောက်ပဲ နောင်တ ရနေပါစေ ရှင့်ကို ကောင်းကောင်းမွန်မွန် လက်ခံပေးကြမှာ မဟုတ်ဘူး ။ ကျွန်မကတော့ ဒီအတိုင်းလေး နေရတာကိုပဲ ကြိုက်ပါတယ် "

ထိုအခါ တစ်စုံတစ်ရာကို စိတ်အေးသွားဟန်ရှိသည့် သူသည် အမှန်တကယ်တော့ ဧကရီ ထိုအရပ်ကို ပြန်သွားမည်ကို စိုးရိမ်နေခဲ့ပုံပေါ်သည် ။ ယခုကဲ့သို့ သူ စိတ်အေးသွားသည်ကို မြင်ကာမှ ဧကရီလည်း ပြုံးနိုင်၏ ။

" ဒါဆို ကိုယ်တို့ ဒီနေရာမှာပဲ ထာဝရ နေသွားကြမယ်နော် "

" ဒါပေါ့ ဒါပေါ့ "

ဧကရီသည် ခေါင်းတဆက်ဆက် ငြိမ့်၍ တက်ကြွစွာ ထောက်ခံလျှင် သူသည် အကျေနပ်ကြီး ကျေနပ်စွာ ပြုံးလေသည် ။ ထို့နောက် ထိုင်ရာက ထကာ ဧကရီ့ကိုလည်း လက်ကနေ ဆွဲ၍ တစ်နေရာသို့ သွားရန် ခေါ်လေသည် ။

" လာ...ဟန်နီ ကြိုက်တဲ့ မုန့်တွေ ကိုယ် ယူလာခဲ့တယ် "

" ဟမ် တကယ် "

ဧကရီသည် အမှန်တကယ်ပင် အံ့အားသင့်သွားရသည် ။ မိမိကြိုက်တတ်သည့် မုန့်များကို သူက မည်သို့သတိထားမိသနည်းဟု တွေးရင်း စိတ်လှုပ်ရှားစွာဖြင့် သူ၏နောက်သို့ လိုက်သွားမိ၏ ။ ထိုတွင် ဧကရီတို့ နှစ်ဦးထံမှ ထွက်လာသော ရယ်မောသံကလေးများသည် ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားလျက် အရင်အတိတ်က အချိန်များကို ပြန်၍ သတိရစေသည် ။ အရာရာသည် အစဦးပိုင်းကတည်းက ဤကဲ့သို့ ရယ်မောပျော်ရွှင်ဖွယ်ကောင်းနေလျှင် မည်မျှကောင်းလိမ့်မည်နည်း ။ သို့သော်လည်း အကောင်းဘက်က တွေးကြည့်လျှင် ဤကဲ့သို့ အခြေအနေများကြောင့် သူတို့နှစ်ဦး ရင်ဘတ်ချင်း ပို၍ရင်းနှီးလာရသည်မို့ ကျေနပ်မိပါသည် ။

Continue Reading

You'll Also Like

62.5M 2.7K 6
Brielle Newman A 21-year-old girl who was struggling to make life comfortable for herself and her niece, Delilah. Her sister left the baby the minute...
297K 15K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
192M 4.6M 100
[COMPLETE][EDITING] Ace Hernandez, the Mafia King, known as the Devil. Sofia Diaz, known as an angel. The two are arranged to be married, forced by...
341K 8.4K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်