Love and Hate

By KoeChittsawangdee

1K 113 39

Married life ဖြစ်မှာပါ ဒါပေမယ့် warning ထည့်ရလောက်စရာပါမှာ မဟုတ်ပါဘူး More

One
Three
Four
Five
Six
Seven

Two

149 18 0
By KoeChittsawangdee

ဒုန်း

"ဟာ သွားပါပြီ"

ဂျောင်ဝူးရဲ့ ကံဆိုးမှုတွေကမဆုံးတော့ဘူးထင်ပါသည်။ အလုပ်ကိစ္စအရေးကြီးလို့ hyungရဲ့ကားကို ငှါးမောင်းလာခါမှ နောက်ကတိုက်တာ ခံရသည်။

"ခင်ဗျားဘယ်လိုလုပ်"

"ကျွန်တော်တောင်းပန်"

တဖက်လူကို မမြင်ရသေး နှစ်ယောက်သားတပြိုင်နက်ပြောမိရင်းမှ မော့ကြည့်မိတော့

"ဟာရုတို"

"မင်း"

"မင်း တမင်လုပ်တာမလား ဟိုနေ့က ကိစ္စကိုမကျေနပ်တာနဲ့ပဲ"

"မဟုတ်ဘူး"

"လာညာမနေနဲ့ မင်းအကြောင်းကို ငါသိတာပေါ့ အခုလည်း အငြိုးနဲ့ငါ့ကိုလုပ်တာ"

"မဟုတ်ဘူးလို့ပြောနေတယ်လေ ပတ်ဂျောင်ဝူး မင်းငါ့ကိုသိသလိုလာပြောမနေနဲ့"

"ဘာ"

"ငါတမင်လုပ်တာ မဟုတ်ဘူး မင်းကားအတွက်ငါလျော်ပေးမယ် ကျတဲ့ငွေတွက်ပြီး ငါ့ကိုပြောလိုက်"

"တောက်"

အရင်စိတ်နဲ့ဆို ပြသနာတွေက ဒီနေရာမှာတင်ပြီးမှာ မဟုတ်ပေမယ့် အခုတော့လျော်ကြေးရဖို့က ပိုအရေးကြီးနေတာမို့

"ဒီမှာ မင်းဖုန်းနံပါတ်ကိုရေးလိုက် အာမခံနဲ့ပြောပြီးတာနဲ့ ပိုက်ဆံရှင်းလိုက်"

ဂျောင်ဝူးပေးသည့်စာရွက်ကို ယူကာ ရုတိုလည်းအသင့်ဆောင်ထားသည့် အိတ်ထောင်ထဲမှ ဘောပင်ဖြင့် ဖုန်းနံပါတ်ဖြည့်ရေးလိုက်သည်။

"ဟက် ဘယ်ဆိုးလို့လဲ မင်းစီးပွါးပျက်နေပြီကြားတာ နောက်ဆုံးပေါ်ကားတော့ စီးနိုင်သားပဲနော်"

"မင်းကိစ္စမဟုတ်ဘူး ငါ့ကိုအရမ်းစိတ်ဝင်စားမနေနဲ့"

ခပ်တင်းတင်းဂျောင်ဝူးစကားကြောင့် ရုတိုမျက်နှာပျက်သွားရကာ

"မင်းက ကိုယ့်ကိုယ်ကိုယ်သိပ်အထင်ကြီးနေတာပဲ မင်းက ငါ့အတွက် ဘာမှအရေးပါမနေဘူး "

"ဟက် အခု အရေးမပါလည်း တချိန်တုန်းက အရမ်းအရေးပါခဲ့တယ် မဟုတ်လား ဒူးထောက်ပြီး ပြန်ကြိုက်ဖို့ပြောရလောက်အောင်လေ"

"ပတ်ဂျောင်ဝူး"

ဂျောင်ဝူးရဲ့အပြောကြောင့် ရုတိုရဲ့မျက်နှာနီမြန်းသည်အထိ ဒေါသထွက်လာရကာ

"စိတ်မပူနဲ့ မင်းက ငါ့အတွက်တော့ အရင်လို အမှုန်အမွှားပဲ"

"အဲ့လိုကောင်ဆီ မင်းပြန်ဒူးထောက်ရမယ့် နေ့တွေရောက်လာမယ် ဆိုရင်ရော"

"ဆုတောင်းနေလိုက်ပေါ့ ဘုရားကျောင်းသွားဖြစ်ရင်လေ ငါ့ဘဝဘယ်လိုပျက်နေရင်တောင် မင်းလိုကောင်နဲ့တော့ မပက်သတ်ဘူး"

"ငါ့လိုကောင် ဟုတ်လား စောင့်ကြည့်လိုက်မယ်လေ ဘယ်သူက ဒူးထောက်ရမလဲဆိုတာ"

ရုတိုမျက်နှာကို စေ့စေ့ကြည့်ကာ လှောင်ပြုံးဖြင့် ကားပေါ်သို့တက်ကာ မောင်းထွက်သွားသော ဂျောင်ဝူး
ကားအမဲလေးကို မျက်စိတဆုံးကြည့်ရင်း လက်ထဲက ဘောပင်လေးက ၂ပိုင်းကျိုးကာ လက်ကိုပြန်စိုက်ကာ သွေးစက်တို့ကလည်း မြေပြင်သို့

~~~~~~~~~~~~

"ဟျောင်း ပတ်ဂျောင်ဝူးအကြောင်းစုံစမ်းပေး သူဘာလုပ်နေလဲ ဘယ်မှာနေလဲကအစ သိချင်တယ်"

"ဂျောင်ဝူးဆိုတာက မင်းကျောင်းတုန်းက"

"ဟုတ်တယ် သူပဲ ကျွန်တော့်ကို အနာကျင်ရဆုံးဖြစ်အောင်လုပ်ခဲ့တဲ့သူ အခုလည်း ကျွန်တော့်ကို အမှိုက်လိုမျိုးဆက်ဆံလိုက်တယ်"

"စိတ်လျော့ပါဦးကွာ မင်းတို့က အရင်က"

"မဟုတ်ဘူး အရင်ကလည်း ကျွန်တော့်ကို သူညှာတာခဲ့တာမဟုတ်ဘူး ကျွန်တော်လည်း သူလုပ်သလိုပြန်လုပ်မယ် သူ့ကို ကျွန်တော်စိတ်ဆင်းရဲခဲ့ရသလို စိတ်ဆင်းရဲစေချင်တယ်"

"ရုတို"

"ဟျောင်း မကူညီရင် ကျွန်တော်ကူညီမယ့်သူဆီ သွားမှာနော်"

"အေးပါကွာ ငါစုံစမ်းပေးပါ့မယ်"

ရုတိုရဲ့ လက်ကပတ်တီးကို ကြည့်ရင်း ရင်ထဲကပိုနာကျင်လာရသည်။ ဒီလူဟာ သူ့ကိုဆို ဘယ်တုန်းကမှ အထင်မကြီးခဲ့သည့်သူ သူဘယ်လောက် အစွမ်းထက်နေပြီဆိုတာ သည်လူကို ပြချင်သည်။ အဲ့တာကြောင့်လည်း ပိုက်ဆံကို ကုန်းကြုံးရှာခဲ့တာဖြစ်သည်။

~~~~~~~~~~~~~~

"ရော့ ဒီမှာ ဂျောင်ဝူးရဲ့ bio
ကျောင်းနားထားတယ် အခုတော့ high jack ဆိုတဲ့ club မှာ အလုပ်လုပ်နေတယ် ဘာအလုပ်လဲတော့ သေချာမသိဘူး နေတာကတော့ club ရှိတဲ့ ရပ်ကွက်ထဲက တိုက်ခန်းမှာငှါးနေတယ် အဲ့ထဲမှာ လိပ်စာအတိအကျပါတယ် အကြွေးတချို့တော့ရှိတယ် အရမ်းအများကြီးတော့ မဟုတ်ဘူး သူ့အဖေရော အမေရော ရှေ့ဆင့်နောက်ဆင့်သေပြီး အိမ်ရော ပိုင်ဆိုင်တာတွေရောရောင်းပြီး အလုပ်အရှုံးပေါ်တာရော သူ့မိဘတွေရဲ့ ဆေးရုံစရိတ်ပါဆပ်လိုက်တယ် သူ့အကိုကတော့ လောင်းကစားမှုနဲ့ထောင်ကျနေတယ် နောက်လဆိုလွတ်ပြီ"

"ကျေးဇူးပဲ ဟျောင်း"

"ရုတို သူ့ဘဝက အခုတောင် မလွယ်ပါဘူးကွာ အရမ်းကြီးလည်း မလုပ်ပါနဲ့"

"အဲ့တာတော့ အာမ မခံနိုင်ဘူး"

"မင်းကတော့ကွာ နောက်အရေးကြီးတာ တခုကျန်သေးတယ် သူ့မှာ ရည်းစားရှိတယ် ဆိုဂျောင်ဟွမ်တဲ့ ဆေးကျောင်းတက်နေတာ"

"ဘာ ဘာလို့အခုမှပြောတာလဲ"

"မင်းက ရည်းစားရှိမရှိ မစုံစမ်းခိုင်းဘူးလေ ငါက အပိုစုံစမ်းလာတာ"

"သူ့ရည်းစားအခြေနေကရော"

"ကောင်လေးက သူ့ထက်ငယ်တယ် မိဘအသိုင်းအဝိုင်းကောင်းတယ် silent တွဲကြတဲ့ ပုံပါပဲ
ကောင်လေးနဲ့ တခါတခါအပြင်သွားတာမျိုးတွေရှိတယ် သူတို့သူငယ်ချင်းတွေလောက်ပဲ တွဲနေတာကိုသိတာတဲ့ ကောင်လေးကတော့ သူ့အပေါ်အရမ်းချစ်တယ်ပြောတယ်"

"မသိချင်ဘူး ကျွန်တော်ဒီနေ့ GK group နဲ့ ဂေါက်ကွင်းကိစ္စသွားရမယ် ဟျောင်းအလုပ်ပြီးရင်ပြန်နှင့်တော့"

"အေး"

ဂျောင်ဝူးရည်းစားအကြောင်းလည်း ပြောလိုက်ရော ရူးရူးရှားရှားနဲ့ ဒေါသထွက်သွားတဲ့ ရုတိုကို ကြည့်ပြီး ဂျီဟွန်းသက်ပြင်းချမိသည်။ ရုတိုကမာနလည်းကြီးကာ အငြိုးလည်းကြီးသည်။ ကျိကျိတက်ချမ်းသာသည့် မိဘရဲ့ အကူအညီမယူပဲ သူ့အစွမ်းအစနဲ့ ကြိုးစားပြမယ်ဆိုပြီး ငယ်ငယ်ကတည်းက အလုပ်အရမ်းကြိုးစားသည့် ကောင်လေးက ရင်ထဲမှာတော့ ဒဏ်ရာပလပွနှင့် သနားစရာလူငယ်လေး

Continue Reading

You'll Also Like

913K 21K 49
In wich a one night stand turns out to be a lot more than that.
193K 4K 46
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
1M 40.6K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
548K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...