ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့က...

By PannKhattWaiio

126K 17.2K 561

fun translation not my own More

မိတ်ဆက် မိတ္ဆက္
၂အဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
သတိပေးချက်
၁၈
၁၉
၂၀
၂၁
tele
၂၂
၂၃
၂၄
Let's try
ss
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၂+၃၃
၃၄+၃၅
၃၆
၃၇+၃၈
၃၉+၄၀
၄၁
၄၂
၄၃
၄၄
၄၅
၄၆+၄၇
၄၈+၄၉
၅၀+၅၁
၅၂..၅၃
၅၄.၅၅.၅၆
၅၇..၅၈
၅၉.၆၀
၆၁ ၆၂

၃၁

1.5K 251 0
By PannKhattWaiio


အပိုင်း ၃၁

ဖေးရွှီက ကျိုင်ရှင်းချန်၏ အနားသို့လျှောက်သွားပြီးနောက် ပြောလိုက်သည်။

“ငါလာမယ်မှန်း သိနေတာလား”

ကျိုင်ရှင်းချန်ကပြောသည်။

“ရှိုးအဖွဲ့က ကျွန်တော့်ကို စကားလာပြောနေတဲ့အချိန်မှာ ဒီကျောင်းကို ထည့်ပြောပြတာပဲ၊ ဒါနဲ့ ဖေးကောက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ကျွန်တော်တို့ရဲ့ကျောင်းကိုလာဖို့ တွေးမိသွားတာလဲ”

“ငါ့မှာလုပ်စရာမရှိဘူး၊ ဒါကြောင့် ကျောင်းကိုလာပြီး လမ်းလျှောက်တာ”
ဖေးရွှီက ကျိုင်ရှင်းချန်ကိုကြည့်သည်။ ကျိုင်ရှင်းချန်ကလည်း သူ့ကိုကြည့်နေကြောင်း မြင်သောအခါ တိတ်တဆိတ် သူ၏အကြည့်ကို တစ်ခြားဘက်သို့ ရွှေ့လိုက်ပြီးနောက် တံထွေးမြိုချလိုက်သည်။

“ငါတို့တွေ့ပြီဆိုမှတော့ မင်း ငါ့ကို ဒီပတ်ဝန်းကျင်ကို လိုက်မပြချင်ဘူးလား”
ကျိုင်ရှင်းချန်ကပြောသည်။

“ကျွန်တော်တို့ရဲ့ကျောင်းက အရမ်းကျယ်တာ”

စကားပြောနေရင်း ကျိုင်ရှင်းချန်နှင့်ဖေးရွှီတို့က သူတို့အနီးအနားတွင်ရှိသည့် ချန်းမင်ရေကန်တောက်လျှောက်သွားလိုက်ကြသည်။ ကျိုင်ရှင်းချန်က နောက်ပြန် လှည့်ကြည့်ပြီးနောက် ရုတ်တရက် ရယ်သည်။ ဖေးရွှီက နောက်ပြန်လှည့်ကြည့် လိုက်သောအခါ အနောက်မှ ကုတ်ချောင်းကုတ်ချောင်းနှင့် လိုက်ရိုက်နေသည့် ပရိုဂရမ်အဖွဲ့ကိုမြင်လိုက်ရသည်။ တစ်ဖက်က သူတို့နှင့်အကွာအဝေးခြားထားသည်။

“သူတို့ကို အနားခေါ်လိုက်ချင်လား”
ကျိုင်ရှင်းချန်ကမေးသည်။

“မခေါ်နဲ့”

ဖေးရွှီကပြောသည်။

“မင်းလည်းစိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသင့်တယ်၊ ငါက  အရမ်းပျင်းစရာကောင်းတယ်၊ နောက်ပြီး ပြောစရာစကားလည်းမရှိဘူး”

ပရိုဂရမ်အဖွဲ့က လာပြီးရိုက်မည်ဆိုလျှင်ပင် အသုံးဝင်သောအရာများကို မရိုက်နိုင်လောက်ချေ။ သူကိုယ်တိုင်လည်း ပရိုဂရမ်အဖွဲ့က မည်သည့်အတွက်ကြောင့် သူ့ကို အာရုံစိုက်ထားကြောင်းနားလည်သည်။ ကျိုင်ရှင်းချန်ကရယ်သည်။ သူက ခေါင်းငြိမ့်သည်။

“ကျွန်တော် သိပါတယ်”

ဖေးရွှီက စကားများတတ်သောသူမျိုး မဟုတ်ချေ၊ သူ၏အချစ်နှင့်အတွေးများက အညှောင့်ပေါက်လာသောအခါ ကျိုင်ရှင်းချန်ကိုကြည့်သည့်အချိန်တိုင်း သူ၏နှလုံးသားက နွေးထွေးသွားလေ့ရှိသည်။ သို့သော် ဘာပြောရမှန်းမသိသေးချေ။ သို့သော် ကျိုင်ရှင်းချန်၏အလှတရားက သူနှင့်အတူရှိသောမည်သူ့ကိုမဆို အလွန်သက်တောင့် သက်သာရှိစေခြင်းဖြစ်သည်။ သူက ဘာပြောရမှန်းမသိနေသည့်တိုင်အောင် အလွန်သက်တောင့်သက်သာရှိနေသည်။

ကျိုင်ရှင်းချန်က ဖေးရွှီကို  ကျုံးဝူ၊ချန်းမင်ရေကန်၊ စာကြည့်တိုက်၊ စာသင်ဆောင်၊ အိပ်ဆောင်၊ အစားအသောက်၊ လမ်း၊ ပင်လယ်နားမှ ကစားကွင်း စသည်ဖြင့် နေရာတိုင်းသို့ခေါ်သွားပေးသည်။ နေ့လည်စာစားချိန်ဖြစ်သောကြောင့် ကစားကွင်းထဲတွင် လူရှင်းနေပြီး ရှင်းလင်းသောကွင်းပြင်ထဲတွင် ဘတ်စကတ်ဘော ကစားနေသော ကောင်လေးအချို့သာရှိသည်။
သည်နေ့ရာသီဥတုက အလွန်ကောင်းသည်။ ကောင်းကင်က အပြာရောင်သန်းနေသည်မှာ Anime ထဲမှ ရုပ်ပုံအလားထင်ရသည်။

ဖေးရွှီက ခြေလှမ်းကျယ်ကြီးလှမ်းပြီး သူ၏ဘေးနားရှိပွဲကြည့်စင်တွင် တိုက်ရိုက်ဝင်ရပ်သည်။ ကျိုင်ရှင်းချန်က အနီးကပ်လိုက်ပါသွားသည်။ သူတို့နှစ်ယောက်က ပွဲကြည့်စင်၏အမြင့်ဆုံးနေရာတွင်ရပ်လျက် အဆုံးအစမဲ့သော ပင်လယ်ကမ်းစပ်ကြီးကို မြင်နိုင်သောနေရာမျိုးအထိ လျှောက်သွားလိုက်ကြသည်။

ပရိုဂရမ်အဖွဲ့မှလူများက အမီမလိုက်နိုင်ကြချေ။ သူတို့က ကင်မရာသုံးလုံးနှင့်အတူ ကစားကွင်းထဲတွင် ချန်ရစ်ထားသည်။ တစ်လုံးကို ကျိုင်ရှင်းချန်ကိုချိန်ထားပြီး အခြားတစ်လုံးကို ဖေးရွှီကိုချိန်သည်။ အခြားတစ်လုံးကမူ ရှု့ခင်းများကို ချိန်ရွယ်ထားခြင်းဖြစ်သည်။
ကျိုင်ရှင်းချန်က ဘာကိုပြောနေမှန်းမသိသော်လည်း ဖေးရွှီက အလွန်တိတ်ဆိတ်နေပြီး အချိန်တိုင်းလိုလို ခေါင်းကိုသာငြိမ့်နေသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက်က ဘေးဘက်ရှိ ခုံတန်းတစ်နေရာတွင် ဝင်ထိုင်လိုက်ကြသည်။ နွေးထွေးသောနေအလင်းရောင်က သူတို့နှစ်ယောက်အပေါ် ဖြာကျလာသည်။ သူတို့နှစ်ယောက်ကမူ ပင်လယ်ပြင်ကိုသာ တိတ်တဆိတ်ငေးနေကြသည်။

ထိုခုံက ဟောင်းနေပြီဖြစ်ပြီး အနည်းငယ်ကျိုးပဲ့နေသေးသည်။ သို့သော် နေရောင်က အလွန်ကောင်းလေရာ သူတို့နှစ်ယောက်က သည်အတိုင်း ပင်လယ်ပြင်ကိုကြည့်ကာ ထိုင်နေရုံဖြင့်ရုပ်ရှင်ထဲမှ အခန်းတစ်ခုအလား ထင်ရသည်။ သူတို့နှစ်ယောက်က ထိုနေရာတွင် နာရီဝက်ကြာအောင်ထိုင်နေခဲ့ကြသည်။ သူတို့ ဘာပြောနေမှန်းမသိကြချေ။ ပရိုဂရမ်အဖွဲ့ကလည်း ဆက်သည်းမခံနိုင်တော့ဘဲ ဒရုန်းကို လွှတ်လိုက်ရသည်။ ဒရုန်းက သူတို့၏ခေါင်းပေါ်တွင် တဝှီဝှီမြည်လာသောအခါ ကျိုင်ရှင်းချန်က အချိန်ကို တစ်ချက်ကြည့်ပြီးနောက် မတ်တပ်ထရပ်လိုက်ကာပြောသည်။

“ကျွန်တော် ရီဟာဇယ်သွားလုပ်ရတော့မယ်”

ဖေးရွှီက ခေါင်းငြိမ့်သည်။ သို့သော် သူက လိုက်ပြီးမထရပ်ဘဲ ဆက်ထိုင်နေကာ မေးသည်။
“မင်း အရင်တစ်ခေါက်က လေ့ကျင့်တဲ့နေရာမှာလား”

ကျိုင်ရှင်းချန်က ခေါင်းငြိမ့်သည်။
“ဖေးကော လိုက်ကြည့်ချင်လား”

ဖေးရွှီကပြောသည်။
“ငါ ဒီနေရာမှာ ခဏလောက်ထိုင်ပြီးမှ လာကြည့်လိုက်မယ်”

“ဒါဆို ကျွန်တော် အရင်သွားတော့မယ်”
ကျိုင်ရှင်းချန်ကပြောသည်။

“ယန်ကျစ်က ဒီညနေ မင်းကို လာကြိုအုံးမှာလား”
ဖေးရွှီကမေးသည်။ ကျိုင်ရှင်းချန်က ခေါင်းငြိမ့်သည်။

“၆ နာရီထိုးရင် လာခေါ်မယ်လို့ပြောတယ်”

ဖေးရွှီက အောက်သို့ပြေးဆင်းသွားသော ကျိုင်ရှင်းချန်ကိုကြည့်သည်။ ဝန်ထမ်းအနားသို့ ရောက်သွားသောအခါ ကျိုင်ရှင်းချန်က ရပ်တန့်ပြီးနောက် နှုတ်ဆက်သွားသေးသည်။ ဖေးရွှီက သက်ပြင်းရှည်ကြီးကိုချသည်။ သည်နေ့က ပူပြင်းသောနေ့တစ်နေ့ မဟုတ်သော်လည်း သူက ချွေးပြန်နေသည်။ သူ၏နားအောက်ခြေပိုင်းများက နီရဲနေပြီး ချွေးများကလည်း ကျောပြင်တောက်လျှောက် စီးကျနေသည်။ ခြေထောက်ပေါ်တင်ထားသော လက်ဝါးများက အနည်းငယ် ကွေးနေသည်။ လက်ခုံပေါ်ရှိ အပြာရောင်သွေးကြောများကလည်း ထောင်ထနေသေးသည်။
ဖေးရွှီက ရီဟာဇယ်ခန်းမထဲသို့ ရောက်သွားသောအခါ တိတ်တဆိတ်သာ ဝင်သွားလိုက်သည်။ အချိန်ကလည်း အလွန်နောက်ကျနေလေပြီ။ ထို့ကြောင့် သူ ဝင်သွားသောအခါ ကျိုင်ရှင်းချန်က သူ မလာတော့ဟုပင် ထင်နေခြင်းဖြစ်သည်။ ဖေးရွှီက အမှောင်ထဲတွင် တိတ်တဆိတ်ထိုင်ကာ လူအုပ်ထဲမှ ကျိုင်ရှင်းချန်ကိုကြည့်သည်။

သူက သည်ညနေကုမ္ပဏီသို့ပြန်သွားရအုံးမည်ဖြစ်သည်။ သို့သော် ထိုနေရာတွင် တစ်နာရီကျော်သည်အထိ ဆက်ထိုင်နေသေးသည်။

ကျိုင်ရှင်းချန်တို့က ရှေးဟောင်းဝတ်စုံများကို မဝတ်ဆင်ထားကြတော့ချေ။ သည်အတိုင်း အဖြူရောင်အင်္ကျီနှင့်ဘောင်းဘီရှည်များကိုသာ ဝတ်ဆင်ထားကြသည်။ ကျိုင်ရှင်းချန်က သုံးကြိမ်လေးကြိမ်ခန့်အထိ လှုပ်ရှားရန်လိုအပ်သည်။ ထို့ကြောင့် ကျယ်သောစကတ်မရှိလေရာ သူ၏ကကွက်များကို ပို၍ရှင်းလင်းပြတ်သားစွာ မြင်နိုင်လာသည်။ သူက ခုန်လိုက်သည့်အချိန်တိုင်း သူ၏ခြေထောက်ကို ပြန်ကပ်လိုက်ချိန်တိုင်း သူ တစ်ပတ်ပတ်လိုက်ချိန်တိုင်း သူက ခြေထောက်ကို တစ်ချက်ကန်လိုက်ချိန်တိုင်း … အဝတ်၏အလှတရားက ပျောက်ကွယ်သွားကာ ကျန်ရစ်ခဲ့သည်မှာ သူ၏ခန္ဓာကိုယ်မှ အလှတရားများသာဖြစ်သည်။ သူက စင်မြင့်အတွက် မွေးဖွားလာသလိုမျိုး အလွန်အမင်းတောက်ပလွန်းသည်။

စင်မြင့်ပေါ်တွင်လည်း အလွန်အမင်းလှပသည့် ကောင်ငယ်လေးပေါင်းများစွာ ရှိသည်။ ထို့ကြောင့် သူတစ်ယောက်တည်းကသာ စင်မြင့်နှင့် အလိုက်ဖက်ဆုံးဖြစ်နေ သည်။

ကျိုင်ရှင်းချန်က အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည်။ သူက အပြာအနီစံအိမ်တွင်ဆိုလျှင် အလွန်ညင်သာသိမ်မွေ့ပြီးတက်ကြွသည်။ အိမ်တွင်နေရသော နွေးထွေးသည့်ခံစားချက်မျိုးကို ပေးစွမ်းသည်။ သို့သော် စင်မြင့်ပေါ်သို့ ရောက်သွားသည်နှင့် ကျိုင်ရှင်းချန်က မျက်စိကျိန်းမတတ်တောက်ပလာပြီး မည်သူကမဆို သူ့ကို တည့်တည့်မကြည့်ရဲလောက်အောင် စူးရှသည်။ တစ်ချိန်တည်းတွင်ပင် သူ့ထံမှ အကြည့်မလွှဲလောက်အောင် ဆွဲဆောင်မှု ပြင်းထန်သေးလေသည်။

အမှောင်ထဲမှာ အကြာကြီးနေခဲ့သောကြောင့်ဖြစ်လောက်သည်။ ဖေးရွှီက အပြင်သို့ ထွက်လာသောအခါ နေရောင်က သူ့အပေါ်ဖြာကျလာချိန်တွင် အနည်းငယ် မူးဝေသွားသည်။

“စီနီယာ…”

သူက နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ဖုန်းတစ်လုံးကိုင်ပြီး သူ့ထံ အပြေးလာနေသော အလွန်လှပသည့်မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရသည်။

“ကျွန်မကို ဝီချက်အပ်ပေးနိုင်မလား”

ဖေးရွှီက ပြောသည်။
“စိတ်မရှိပါနဲ့ မအပ်ပေးနိုင်ဘူး”

တစ်ဖက်သူက တစ်ခဏခန့်ကြောင်သွားသည်။ သည်နည်းအားဖြင့် အပြင်သို့ထွက်သွားသော ဖေးရွှီကိုကြည့်နေလိုက်ရသည်။

ခေတ်မီအကအကယ်ဒမီမှ ကျောင်းသားကျောင်းသူတိုင်းက ရီဟာဇယ်ခန်းမထဲသို့ ဝင်လာကြသည်။ ဖေးရွှီက လူအုပ်နှင့်ဆန့်ကျင်ဘက်သို့ လျှောက်နေရခြင်းဖြစ်သည်။ သူ၏အရပ်ရှည်မြင့်မားပြီး ထူးချွန်ပြောင်မြောက်လွန်းသော စိတ်နေသဘောထား၊ အရှိန်အဝါ၊ ရုပ်ရည်က လူတိုင်း၏အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် လမ်းကို ကျော်ဖြတ်သွားပြီးသည့်တိုင်အောင် အားလုံးက သူ့ကိုလှည့်ကြည့်နေကြသေးသည်။
သူ့နောက်မှ ကောင်မလေးသုံးယောက်နှင့်ကောင်လေးတစ်ယောက်က လိုက်ပြီး ဆက်သွယ်ရမည့်အချက်အလက်ကို တောင်းခံသည်။

ပလပ်ဖောင်းအမြင့်တစ်ခုပေါ်မှ ဝန်ထမ်းကလှမ်းပြောသည်။

“ဖေးရွှီက ရှာနိုင်တဲ့ပြဿနာတွေကို ကြည့်ပါအုံး”

ဒါပေမယ့် သူက အထီးကျန်ဆန်ပြီး ဆုံးဖြတ်ချက် ပြတ်သားနေတုန်းပဲ။
ကျိုင်ရှင်းချန်က အကလေ့ကျင့်ပြီးသွားသောအခါ ယန်ကျစ်မလာသေးခင် ပန်းဆိုင်သို့ အလျင်သွားလိုက်သည်။ အိမ်တွင် ဂျစ်ဆိုဖီလာရှိနေပြီး သူက ဂျစ်ဆိုဖီလာ မဝယ်နိုင်တော့ချေ။ ပန်းဆိုင်တွင် ပန်းအမျိုးအစားအမျိုးမျိုးရှိသည်။ သူက ပန်းရောင်နှင်းဆီတစ်စီးသာ ဝယ်လိုက်သည်။

ယန်ကျစ်က မြင်သောအခါ အံ့ဩသွားပြီးမေးသည်။

“မင်းက နှင်းဆီကြိုက်တာလား”

ကျိုင်ရှင်းချန်ကပြောသည်။
“ကျွန်တော်လည်း ဘာဝယ်ရမှန်းမသိတာနဲ့ ဒီအတိုင်း ဘာဖြစ်ဖြစ်ဆိုပြီး ဝယ်လိုက်တာပါပဲ၊ ကျွန်တော် ယန်ကောနဲ့ပြိုင်ဆိုင်ချင်တာ မဟုတ်ပါဘူး၊ ပြောရရင် ကျွန်တော် သဘောကျရင် ကျွန်တော့်အနေနဲ့ဂျစ်ဆိုဖီလာကို သဘောအကျဆုံးပါပဲ”

ယန်ကျစ်က ထိုစကားကိုကြားသောအခါ ရယ်လိုက်သည်။

“ယန်ကော ဘာလို့ အဝတ်အစားလဲထားပြန်တာလဲ”

ကျိုင်ရှင်းချန်ကပြောသည်။
သူ့ရဲ့အဝတ်အစားတွေက အရမ်းကိုသန့်ရှင်းလွန်းတယ်။

“ကိုယ်က နေ့လည်စာစားပြီးတာနဲ့ အဝတ်အစားလဲတတ်တယ်လေ”
ယန်ကျစ်ကပြောသည်။

သူက ဖြူဖွေးစွတ်နေသော တီရှပ်နှင့်မီးခိုးရောင်ထသွားထလာ Suit ကို ဝတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ပုံစံက အလွန်အထက်တန်းကျနေသည်။ ထိုအမျိုးသားက ကောင်းကောင်းဝတ်စားတတ်သည်။ သူ၏အရပ်ရှည်သောပုံစံနှင့် ရွှေကိုင်းမျက်မှန်အရ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကျော့ရှင်းကြည့်ကောင်းသော မင်းသားလေးလို အရှိန်အဝါမျိုးကို

စာလုံးရေးထွင်းထားမတတ် ထုတ်လွှင့်နေသည်။
ကျိုင်ရှင်းချန်က တစ်နေ့ခင်းလုံးကခုန်ထားလေရာ ချွေးအလွန်ထွက်နေသည်။ သူက မနက်က ရေချိုးလာသောကြောင့် စေးကပ်မနေသည့်တိုင်အောင် တစ်ဖက်က အလွန်အသန့်ကြိုက်သောသူဖြစ်နေလေသည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း အသန့်အပြန့်ကြိုက်သည်။ ထို့အပြင် ယန်ကျစ်က ချွေးရွှဲနေသော ဟူရင်းကို အနားမကပ်စေချင်သော အမူအရာမျိုးပြခဲ့ဖူးကြောင်း သတိရသွားသည်။ ထို့ကြောင့် သူက ယန်ကျစ်နှင့် အတတ်နိုင်ဆုံးဝေးဝေးနေသည်။ ကားထဲသို့ဝင်ပြီးနောက် သူက ယန်ကျစ်ကိုပြောလိုက်သည်။

“ကျွန်တော့်ကိုယ်ပေါ်က ချွေးနံ့နံနေလောက်တယ်”

“တကယ်လား”

ယန်ကျစ်က သူ့ကိုလှည့်ကြည့်သည်။

ကျိုင်ရှင်းချန်ကပြောလိုက်သည်။
“ယန်ကောချွေးနံ့ရလောက်တယ်၊ ကျွန်တော် ဒီနေ့ ချွေးတော်တော်ထွက်နေတာ”

မမျှော်လင့်ထားစွာပင် ယန်ကျစ်ကရုတ်တရက် သူ၏အနားသို့ အနည်းငယ်ငုံ့ကိုင်းလာပြီးနောက် အနံ့ခံကြည့်သည်။ ကျိုင်ရှင်းချန်က နှုတ်ခမ်းကို ခပ်တင်းတင်းစေ့လိုက်ပြီး ယန်ကျစ်ကိုကြည့်သည်။

သို့သော် ယန်ကျစ်က ထိုသို့ပြောလာမည်ဟု မထင်ထားမိချေ။
“မွှေးတယ်”

“ဟမ်”

ယန်ကျစ်ကပြောသည်။
“နည်းနည်းမွှေးနေတယ်”

တိတိကျကျပြောရမည်ဆိုလျှင် ယန်ကျစ်ကိုယ်တိုင်ကပင် အလွန်ရှက်နေမိ လေသည်။ သူက အကြောင်းအရာကို ချက်ချင်းပြောင်းသည်။

“ခါးပတ် ပတ်လိုက်အုံး”

ကျိုင်ရှင်းချန်က ခါးပတ်ပတ်လိုက်သည်။ ယန်ကျစ်က နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး ကားကိုစမောင်းတော့သည်။

တကယ်တော့ သူက အခြားလူတွေရဲ့ကိုယ်ပေါ်က ချွေးအနံ့ကိုအရမ်းမုန်းတာ၊ အထူးသဖြင့် အမျိုးသားတွေရဲ့ကိုယ်ပေါ်က အဲ့ဒီချွေးနံ့မျိုးပဲ၊ သူက အနံ့တွေကို အထိမခံဖြစ်တယ်၊ တိရိစ္ဆာန်အထီnnးတွေက သူတို့ရဲ့ကိုယ်ပေါ်မှာ အနီအနံ့ပိုပြင်းသလိုမျိုး ယောက်ျားတွေရဲ့ချွေးနံ့က အမျိုးသမီးတွေရဲ့ချွေးနံ့ထက်ပိုပြင်းတယ်၊ ဒါ့အပြင် သူ ကျောင်းတက်နေတုန်းက သူ ဂိမ်းပွဲက ပြန်လာတဲ့အချိန်တိုင်းလိုလို အဆောင်မှာ မည်သူမျှမရှိတော့သည်အထိစောင့်ပြီးမှ ဝင်ရတဲ့အထိ အနံ့အသက်တွေက ပြင်းထန်ခဲ့ဖူးတယ်။

ဟူရင်းလိုချောမောလွန်းတဲ့လူတောင်မှ ချွေးအနံ့က နည်းနည်းရွံစရာကောင်းနေ သေးတယ်။

သို့သော် လူတိုင်းတွင် ခွဲခြားဆက်ဆံမှုက ရှိပြီးသားဖြစ်သည်။ ကျိုင်ရှင်းချန်၏ ကိုယ်ပေါ်မှ ချွေးနံ့ကမူ အလွန်မွှေးနေသည်။ ထိုမွှေးရနံ့က သူ၏ sexual ပိုင်းဆိုင်ရာ စိတ်ဆန္ဒကို နှိုးဆွပေးနိုင်စွမ်းပင်ရှိနေသေးသည်။

ကျိုင်ရှင်းချန်က ချွေးထွက်နေလောက်သောပုံစံမျိုးကို မြင်ယောင်မိသောအခါ ရုတ်တရက် မီးတောက်က ထတောက်လာသည်။ သူ ကျိုင်ရှင်းချန်၏လည်တိုင်တွင် ခေါင်းမြှုပ်ကာ အနံ့ခံလိုက်ချင်သည်။ သူတို့က အပြာအနီသင်္ကေတစံအိမ်သို့ ရောက်သွားသောအခါ ဝမ်နော့နှင့်အခြားလူများက ညစာပြင်နေကြပြီဖြစ်သည်။

ဟော့ချန်းက သည်နေ့စောစောပြန်ရောက်လာသည်။ သူက အလုပ်စောစော ဆင်းလာခဲ့ခြင်းဖြစ်သည်။ သူက မိတ်ဆွေဟောင်းတစ်ယောက်က ညစာဖိတ်သည့်တိုင်အောင် မသွားခဲ့ချေ။ သူက အလျင်လက်ဦးမှုယူပြီး ဝမ်နော့တို့နှင့်အတူ ညစာပြင်နေသည်။ သူ့အနေနှင့် ကျိုင်ရှင်းချန်၏ဝန်ထုပ်ဝန်ပိုးကို တစ်စိတ်တစ်ပိုင်းဝင်မျှပေးလိုသည်။
ကျိုင်ရှင်းချန်က လူပေါင်းများစွာအတွက် အချိန်တိုင်းညစာ နေ့လည်စာများကို တာဝန်ယူပေးခဲ့သည်။ ထိုအလုပ်က အလုပ်ရှုပ်နိုင်သလို ဒုက္ခလည်းများသည်။

ဝမ်နော့နှင့်လင်းချင်နင်တို့က ယဉ်ကျေးသိမ်မွေ့သောလူများဖြစ်ကြသည်။ ဟော့ချန်းက စကားပြောကောင်းသည်။

ထို့ကြောင့် သူတို့သုံးယောက် အတူစုနေလိုက်သည့်အခါ လေထုက အလွန်နွေးထွေးသွားပြီး ရယ်သံများက ထွက်လာသည်။ သို့သော် ဟော့ချန်းက အလွန်တိတ်ဆိတ်နေသည်မှာ ထိုအနီဘက်မှ ဧည့်သည်များနှင့်စည်းတားထားလိုသည်လား မသေချာချေ။ သူတို့သုံးယောက်က တိတ်တဆိတ်ညစာကို ပြင်ဆင်လို
က်ကြသည်။

“တစ်ယောက်ယောက် ပြန်လာပြီ”

ဝမ်နော့က တံခါးဖွင့်သံကို ကြားလိုက်ရသည်။

“ကျိုင်ရှင်းချန်လား”

ဟော့ချန်းက လှမ်းအော်သည်။

“ဟေး မင်္ဂလာညနေခင်းပါ ဟော့ကော”

အသံကြားသည်နှင့် ကျိုင်ရှင်းချန်က သူ့ကိုလှည့်ပြီးပြန်ဖြေသည်။

ကျိုင်ရှင်းချန်၏ကြည်လင်သောအသံကို ကြားလိုက်ရသည်နှင့် တစ်ချိန်လုံး တိတ်နေသည့် ဟော့ချန်းက ရုတ်တရက်ထရယ်သည်။

“နောက်ဆုံးတော့ စားဖိုမှူး ပြန်လာပါပြီ”

ရုတ်တရက် ဟော့ချန်း၏ခန္ဓာကိုယ်ထဲသို့ စွမ်းအင်များက အပြည့်အလုံးအရင်းနှင့် ဝင်လာသလိုမျိုး တက်ကြွသွားခြင်းဖြစ်သည်။

သို့သော် ဟော့ချန်းက ယန်ကျစ်နှင့်အတူ လက်ထဲတွင် ပန်းရောင်နှင်းဆီတစ်စည်းကို ကိုင်လျက်ဝင်လာကြောင်း မြင်လိုက်ရချိန်တွင် သူ၏မျက်နှာရှိအပြုံးက တိုက်ရိုက်အေးခဲသွားသည်။
ဝမ်နော့နှင့်လင်းချင်နင်တို့ကပင် ကြောင်သွားသည်။

ကျိုင်ရှင်းချန်က ပန်းစည်းကို ထမင်းစားပွဲပေါ်ချသည်။

“မီးဖိုခန်းက ကျွန်တော့်ရဲ့နယ်မြေလို့ ကျွန်တော် မပြောထားဘူးလား၊ ဘာလို့ ထပ်ပြီးပြင်ဆင်နေကြပြန်တာလဲ”

“ဟူရင်းက မင်းဒီနေ့ ညဘက်အထိ လေ့ကျင့်ရမယ်လို့ပြောထားတယ်၊ ငါတို့လည်း လုပ်စရာရှိမနေမှတော့ အရင်ဆုံးသန့်ရှင်းရေးလုပ်ထားတာပေါ့”

လင်းချင်နင်က အပြုံးနှင့်ပြောသည်။

“အဲ့ဒါကို ဘယ်သူဝယ်လာတာလဲ ယန်ကျစ်လား”

“ကျွန်တော် ဝယ်လာတာပါ”
ကျိုင်ရှင်းချန်က ပြောသည်။

ထိုအခါမှသာ ဟော့ချန်း၏သုန်မှုန်နေသော မျက်နှာက ချက်ချင်းဆိုသလို တောက်ပသွားပြီး လန်းဆန်းသွားသည်။ ဝမ်နော့က ဟော့ချန်းကို တစ်ချက်ခိုးကြည့်လိုက်ပြီးနောက် သူ၏နှုတ်ခမ်းက ခပ်တင်းတင်းမဲ့သွားသည်။

“မင်းက ဘာလို့ပန်းတွေဝယ်လာတာလဲ”
ဟော့ချန်းက အပြုံးနှင့်ပြောသည်။

“ငါ မနေ့က မဝယ်ခဲ့ဘူးလား၊ ငါ့ကိုပြောစမ်းပါ၊ ငါ ဒီနေ့ထပ်ဝယ်ပေးလို့ရတယ်”

“ဟော့ကောတစ်ယောက်တည်း ပိုက်ဆံဖြုန်းနေလို့ဘယ်ရပါ့မလဲ”

ကျိုင်ရှင်းချန်ကရယ်သည်။

“ကျွန်တော်ဝယ်လာတဲ့ ပန်းရောင်နှင်းဆီကို ကြိုက်တဲ့သူရှိရင် သဘောကျသလို ယူနိုင်တယ်”

“ဟူရင်းတော့ ကြိုက်လိမ့်မယ်”

လင်းချင်နင်က ရယ်လျက်ဝင်ပြောသည်။

“အခြားသူတွေ ဘယ်မှာလဲ”

“အပေါ်မှာရေချိုးနေကြမှာပေါ့”

သူတို့မနေ့ညက စကားပြောရင်း ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ ဟူရင်းက သည်နေ့စောစောပြန်လာကောင်း ပြန်လာနိုင်လောက်သည်။ ထို့ကြောင့် သူက ကျိုင်ရှင်းချန်ကို စာရင်းတစ်ခုရေးခိုင်းထားပြီး ညနေမှသာ ဆူပါမားကတ်ကိုသွားကာ အရွက်များဝယ်ရန်ပြောထားသည်။
သည်တစ်ခဏက သူ့အပေါ် ကြီးမားသောအရိပ်ကြီးလွှမ်းမိုးလာသလို ခံစားချက်မျိုးဖြစ်သည်။ ကျိုင်ရှင်းချန်ကိုင်လာသည့် ထိုပန်းစည်းကို ယန်ကျစ်က ပေးခဲ့ခြင်းဟု သူကထင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့သာဆိုလျှင် ထိုအခြေအနေကို ဆက်ဖြစ်နေခွင့်ပေးလို့မရတော့ချေ။ ထို့ကြောင့် သူက ယန်ကျစ်ကိုပြောလိုက်သည်။

“မင်း မနက်ဖြန်အားရဲ့လား၊ မနက်ဖြန် ရှင်းချန်ကို သွားကြိုအုံးမှာလား”

ယန်ကျစ်ကလည်း ဟော့ချန်းကိုကြည့်ပြီး အင်းအသံပေးသည်။

ဟော့ချန်းက ထိုသို့စပြောလာကတည်းက အခြေအနေ မကောင်းကြောင်း သူသည်လည်း နားလည်သည်။ သေချာစွာပင် ဟော့ချန်းကရယ်လျက်ဝင်ပြောသည်။

“ရှင်းချန်ကိုပဲကြည့်မနေပါနဲ့၊ ငါတို့ဆီမှာ ကားမရှိတဲ့ အခြားဧည့်သည် တစ်ယောက်လည်း ရှိနေသေးတယ်”

ဝမ်နော့က ထိုစကားကိုကြားသောအခါ ချက်ချင်းပြောသည်။

“ကျွန်တော်က ဘတ်စ်ကားစီးလို့ရပါတယ်၊ တက္ကစီစီးတာလည်း အဆင်ပြေတာပဲ”

ယန်ကျစ်က လင်းချင်နင်နှင့် ကျိုင်ရှင်းချန်တို့ကလည်း သူ့ကို ကြည့်လာကြောင်း မြင်သောအခါ သူက မည်သို့ပင်ဆန္ဒမရှိနေစေကာမူ ပြန်ဖြေလိုက်ရသည်။

“ဟုတ်တယ် ဝမ်နော့ကိုလည်း ဝင်ပို့ပေးလို့ရတယ်”

ဟော့ချန်းကပြုံးသည်။

ယန်ကျစ်က သူ၏မျက်နှာတွင် ညင်သာသောအမူအရာကိုဆွဲထားပြီး ဟော့ချန်းကို လှည့်ကြည့်လိုက်သည်။ သို့သော် ဟော့ချန်းက သူ့ကိုကြည့်မနေတော့ဘဲ ကျိုင်ရှင်းချန်ဝယ်လာသည့် ပန်းရောင်နှင်းဆီများကိုကြည့်သည်။

တကယ်တော့ မနက်ပိုင်းအလုပ်သွားတဲ့အချိန်မှာ ဟော့ချန်ကလည်း မကျေမနပ် ဖြစ်နေခဲ့တာ၊ ယန်ကျစ်က အလုပ်မသွားရတာနဲ့ပဲ ကျိုင်ရှင်းချန်ရဲ့ အချိန်ပြည့်ဒရိုင်ဘာ ဖြစ်တော့မယ်လို့ ခံစားနေရတယ်။
ထို့ကြောင့် သူက သည်နေ့အလုပ်မှပြန်လာသောအခါ အနည်းငယ်စိတ်အခြေအနေ မကောင်းနေခြင်းဖြစ်သည်။

ယန်ကျစ်ကဲ့သို့ လူကြီးလူကောင်းပီသပြီး ယဉ်ကျေးသောဟန်အမူအရာပုံစံများနှင့် ယှဉ်သော် သူကမူ ရုန့်ရင်းကြမ်းတမ်းသလို ခပ်ကြမ်းကြမ်းပုံစံဖြစ်နေလောက်သည်။

အကြောင်းမူကား သူကဆင်းရဲသောကောင်ငယ်လေးဘဝမှ သန်းရာကျေ'ာ်တန်ကြေး ရှိသည့် သူဌေးကြီးတစ်ယောက် ဖြစ်လာသောကြောင့်လည်း ဖြစ်သည်။ ဒါတွေအားလုံးက သူ၏ထိုခွန်အားကြောင့်ဖြစ်သည်။

သို့သော် အချစ်ကမူ အစစ်အမှန်လက်တွေ့ဘဝနှင့်ကွာခြားသည်။ ထို့အပြင် သူတို့၏လှုပ်ရှားမှုတိုင်းကိုလည်း ကင်မရာကဖမ်းယူထားလေသည်။ သူက ကျိုင်ရှင်းချန်၏သဘောကျခြင်းခံရခြင်း မခံရခြင်းအခြေအနေကို ရင်ဆိုင်ရအုံးမည့်အပြင် အပြင်ဘက်မှ ကြည့်ရှုနေသူများ၏သဘောကျခြင်း သဘောမကျခြင်းများကြောင့် ကိုယ့်ကိုယ်ကိုထိန်းသိမ်းရန် လိုအပ်နေသေးပြန်သည်။

“ငါတို့ရဲ့ရသစုံရှိုးက ဘယ်တော့လွှင့်မှာလဲ”

“ဒီသောကြာပဲ၊ ဂြိုလ်ထုတီဗွီက ၈ နာရီမှာစလိမ့်မယ်၊ အင်တာနက်မှာတော့ ၁၀ နာရီမှပေါ့”

“ဒီသောကြာပြီးရင် ရက်အနည်းငယ်လောက်အထိ ခွဲရမှာမဟုတ်လား”

ဟော့ချန်းကမေးသည်။

“ဒီနန်ချန်းက ကြာသပတေး သောကြာ စနေ တနင်္ဂနွေက အားလပ်ချိန်တွေလေ၊ ဒီတော့ လူတိုင်း ကိုယ့်အလုပ်ကိုယ်လုပ်လို့ရတယ်၊ နောက် တနင်္လာနေ့မှာ ပေ့ချန်းမှာဆုံကြမှာ၊ အဲ့ဒီနေ့ကစပြီး တစ်နေ့လုံး ရိုက်ကူးရေးလုပ်မှာပါ”

လင်းချင်နင်ကလည်းဝင်ပြောသည်။

“မင်း ရှိုးကိုလာတုန်းက ရှင်းရှင်းလင်းလင်းမမေးထားဘူးလား”

အလုပ်ရှိသောလူများကမူ ကြိုတင်ကာ ပူးပေါင်းထားရမည်ဖြစ်သည်။

“ငါ့ရဲ့လက်ထောက်က ညှိနှိုင်းပေးထားတာ”

ဟော့ချန်းကပြောသည်။ ဝမ်နော့က‌ ခေါင်းကိုခါပြီးဝင်ပြောသည်။

“ကျွန်တော် ဒီရှိုးမှာပါလို့ရတယ်လို့ကြားတော့ ကျွန်တော် ဘာမှမတွေးဘဲ တန်းလာလိုက်တာပဲ”

သူသည်လည်း နှစ်ကြိမ်အင်တာဗျူးခဲ့ရသည်။ သူတို့က ဖေးရွှီကလက်ထဲတွင် သေးငယ်သည့် ခရီးဆောင်အိတ်လေးကိုကိုင်ကာ ဝင်လာကြောင်းမြင်လိုက်ရသည်။

“ဘာလို့ မင်း ဒီနေ့ပြန်လာတာ နောက်ကျနေတာလဲ”
ဟော့ချန်းက မေးလိုက်သည်။

ဖေးရွှီကပြောသည်။
“ငါ အိမ်ပြန်ပြီးယူစရာရှိလို့”

ဖေးရွှီက ချက်ချင်းဆိုသလို ထိုခရီးဆောင်အိတ်လေးကိုကိုင်လျက် အိပ်ခန်းထဲသို့ ဝင်သွားသည်။ ဝမ်နော့က ခပ်တိုးတိုးပြောသည်။

“ကောတို့ သတင်းကြည့်ပြီးပြီလား၊ ဖေးရွှီရဲ့မိသားစုမှာ တစ်ခုခုဖြစ်နေတဲ့ပုံပဲ”

ကျိုင်ရှင်းချန်ကမေးသည်။

“ဘာဖြစ်တာလဲ”

လင်းချင်နင်က ဝင်ပြောသည်။

“ဖေးရွှီရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ၊ ငါတို့ အသေးစိတ်ဆွေးနွေးလို့ မဖြစ်နိုင်ဘူး”

ကျိုးမိသားစု၏ကိစ္စများက ရှုပ်ထွေးသည်။ ကျိုင်ရှင်းချန်ကလည်း ဒါကိုသိသည်။

ကျင်းကျန်း၏အဓိက အမျိုးသားများ၏သာမန်မိသားစုနောက်ခံအရ တရားဝင် ဇနီးမယားပင်ဖြစ်စေ၊ နောက်ဇနီးပင်ဖြစ်စေ သားများက မျိုးရိုးနာမည်မတူဘဲ ကြွယ်ဝသောမိသားစုထဲ ဝင်ရောက်သောအခြေအနေမျိုးမှာလည်းရှိသည်။ အတိုချုံးဆိုရသော် အဓိကအမျိုးသားဇာတ်လိုက်၏ နေထိုင်မှုပတ်ဝန်းကျင်က အလွန်အမင်း ဆိုးရွားနေရပေမည်။ ဖေးရွှီ၏ဘဝပုံစံကလည်း အလားတူဖြစ်ရပေမည်။ သူ၏မိခင် ဖေးဟွားရုန်က သားဖြစ်သူကိုခေါ်ကာ အလွန်ကြွယ်ဝကာ အာဏာရှိသည့် အမျိုးသားကျိုးကျန်းပိုင်ကို လက်ထပ်ခဲ့သည်။ ကျိုးကျန်းပိုင်က ဖေးဟွားရုန်ကို အလွန်ချစ်သည်။ ဖေးရွှီကိုလည်း သားအရင်းလိုဆက်ဆံသည်။ ထို့အပြင် အလွန်အမင်းချစ်ကာ အလိုလိုက်သည်။
ဖေးရွှီကလည်း တက်တက်ကြွကြွရှိသူဖြစ်ပြီး အလွန်ထူးချွန်သည်။
သူ၏အထောက်အပံ့များက အပြည့်အဝဖြစ်သည်။ ကျိုးကျန်းပိုင်က မကြာခဏဆိုသလို အင်တာဗျူးများတွင် ဖေးရွှီအကြောင်းကိုထည့်ပြောလေ့ရှိသလို သူက ချီးကျူးရာတွင်လည်း မတွန့်ဆုတ်ချေ။ ကျိုးကျန်းပိုင်က ဖေးဟွားရုန်နှင့် လက်မထပ်ခင်က သူနှင့်ဇနီးဟောင်းတွင် သားသုံးယောက်၊ သမီးတစ်ယောက်ဆိုပြီး ကလေးလေးယောက်ရှိသည်။ ကျိုးမိသားစုက မျိုးဆက်သုံးဆက်ကျော်ကြာအောင် ကြွယ်ဝလာခဲ့သောမိသားစုကြီးဖြစ်လေပြီး နန်ချန်းတွင် အခြေအလွန်ခိုင်လာကာ ရှေးကျသည်။ ကျိုးကျန်းပိုင်က သည်နှစ်တွင် အသက် ၇၀ ရောက်တော့မည်ဖြစ်သည်။ သူက အငြိမ်းစားယူရမည့် အဆင့်အနေအထားသို့ ရောက်နေလေပြီ။ သို့တိုင်အောင် သူက သည်လိုအခြေအနေမျိုးတွင် ဖေးရွှီကို အလွန်ချီးကျူးနေသောကိစ္စက သူ၏ဆွေမျိုးအရင်းများကို သဘာဝအလျောက်ပင်ကြောက်လန့်လာစေသည်။

သူတို့တွင် ပိုက်ဆံရှိသော်လည်း မည်သူကမျှ သူတို့၏ပိုက်ဆံများလွန်းနေသည်ဟု မထင်လောက်ကြချေ။

ကျိုးကျန်းပိုင်က သည်နှစ်နွေရာသီတွင် မိသားစုတွေ့ဆုံပွဲကိုကျင်းပခဲ့ပြီး ကုမ္ပဏီတွင် သားများကိုနေရာချထားပေးခဲ့သည်။ ထိုသို့လှုပ်ရှားလိုက်သောကိစ္စက အပြင်လောက၏သုံးသပ်ချက်အရ သူက ဖေးရွှီကို သူ၏ဆက်ခံသူအဖြစ် သတ်မှတ်တော့မည်ဆို၍ ကောလဟာလကို ပေါ်ထွက်လာစေပြီး အတွင်းပိုင်းအတွင်း ကြီးမားသည့်လှုပ်ခတ်မှုကြီးကို ဖြစ်ပေါ်စေခဲ့သည်။

ထို့ကြောင့် အကြီးဆုံးသားဖြစ်သူက ကျိုးကျန်းပိုင်ကို ပြန်လည်ရင်ဆိုင်ပြီး တရားစွဲသည်။

ကြီးမားကာလွှမ်းမိုးမှုပြင်းထန်သည့် စီးပွားရေးအင်ပါယာကြီးက သည်လိုအရေးကြီးပြီး အသင့်အနေအထားမျိုးဖြင့် ပြောင်းလဲတော့မည့် အနေအထားမျိုးသို့ ရောက်သွားသည်။ မရေမတွက်နိုင်သောလူပေါင်းများစွာက ကျိုးမိသားစုကို စောင့်ကြည့်နေကြသည်။ ထိုအကြောင်းပြချက်ကြောင့်လည်း လူပေါင်းမြောက်မြားစွာက ဖေးရွှီ၏အပြာအနီသင်္ကေတကို အာရုံစိုက်နေကြခြင်း ဖြစ်သည်။

ဖေးရွှီကအခန်းထဲမှ အနက်ရောင်နှင့်မီးခိုးရောင်ရောယှက်နေသည့် ရှပ်ကိုဝတ်ပြီး ပြန်ထွက်လာချိန်တွင် ကျိုင်ရှင်းချန်က ချက်ချင်းမတ်တပ်ထရပ်လိုက်ကာ လှမ်းပြောလိုက်သည်။

“အာ”

ဖေးရွှီက သူ့ကိုကြည့်သည်။ ကျိုင်ရှင်းချန်ကရယ်သည်။

“အနက်သီးသန့် မဟုတ်တော့ဘူး”

ဝမ်နော့နှင့်လင်းချင်နင်တို့ကလည်း ထိုစကားကိုကြားသောအခါ ဖေးရွှီကို အံ့အားတကြီးကြည့်ကြသည်။

ဖေးရွှီက ဝတ်ထားသော ထိုအနက်ရောင်နှင့်မီးခိုးရောင်ရောသည့် ရှပ်အင်္ကျီဟာ ရင်ဘတ်နားတွင် အနက်ရောင်အပ်ချည်များနှင့် သေသပ်စွာချုပ်ထားသော်လည်း လက်ရာပြောင်မြောက်လွန်းသည့် လက်ရာကိုကြည့်ရုံဖြင့်ပင် ဈေးကြီးကြောင်း တစ်ချက်တည်းသိနိုင်သည်။ မီးအလင်းရောင်ကပင် ထိုရှပ်အင်္ကျီထက်အနည်းငယ်သာ ထိန်လောက်သည်။ မည်သည့်တံဆိပ်မှမပါဝင်သည့်တိုင်အောင် သိုသိပ်နှိမ့်ချစွာ နေတတ်သည့် အပြီးပြည့်စုံဆုံး အဆင့်အတန်းမြင့်ဝတ်စုံဖြစ်နေသေးသည်။

သူတို့နှစ်ယောက်လုံးက အရပ်ရှည်ပြီးကြွယ်ဝကာ ချမ်းသာသော်လည်း ဖေးရွှီ၏အဝတ်အစားပုံစံနှင့် အထက်တန်းလွှာဆန်ကာ မြင့်မြတ်ကျော့ရှင်းသော သပ်ရပ်မှုများက မတူသောပုံစံများဖြစ်နေသည်။ သူက အမြဲတစေ နာမည်ကြီးဆွယ်တာဘောင်းဘီ၊ ဖိနပ်များကိုသာ သာမန်အတိုင်းတွဲယှက်ပြီး ဝတ်ဆင်လေ့ရှိသည်။ ထို့ကြောင့်အဖြူအမဲက နည်းပါးသည်။ ဆွယ်တာဆိုလျှင် သူ မကြာခဏဝတ်သည့်ကုတ်အမျိုးအစား ဖြစ်နေသေးသည်။

ကျိုင်ရှင်းချန်နှင့်အခြားသူများသာ မကသေးလေဘဲ ဟူရင်းကပင် အောက်ထပ်သို့ ဆင်းလာချိန်တွင် ထိုမြင်ကွင်းကြောင့် အံ့ဩသွားသည်။

“မင်း ဆံပင်ညှပ်ထားတာလား”

ဟူရင်းက အနီးကပ်ကြည့်လိုက်ပြီးမေးလိုက်သည်။ ဖေးရွှီက အင်းဟုဖြေသည်။
ကျိုင်ရှင်းချန်က ထိုစကားကြားမှသာ ပြန်ကြည့်လိုက်သည်။

“ဖေးကောက ဆံပင်ညှပ်ထားတာလား၊ ဘာလို့ ကျွန်တော့်တော့ သတိမထားမိတာလဲ”

“ငါလည်း သတိမထားမိဘူး”

ဟော့ချန်းကလည်းဝင်ပြောသည်။

“နည်းနည်းတိုသွားတယ်”

လင်းချင်နင်က မျက်မှန်ကိုတစ်ချက်တွန်းသည်။ သူ၏လည်ဇလုတ်က အနည်းငယ်ပင် လှုပ်သွားသေးသည်။

ကျိုင်ရှင်းချန်က အလေးအနက်ထားကာ စိုက်ကြည့်လိုက်သည်။

အာ ငါ တကယ်ကိုမခွဲခြားနိုင်ဘူး။

သို့ရာတွင် လူချမ်းသာများက ယခု သူ့လိုတစ်လမှတစ်ကြိမ်သာ ဆံပင်ညှပ်ခြင်း မျိုး မဟုတ်လောက်ချေ။ သူတို့က တစ်လလျှင် သုံးလေးငါးကြိမ်လောက်ဆံပင်ကို ပြုပြင်နေလောက်သည်။ ထို့ကြောင့် ၁ မီလီမီတာလောက်တိုသွားလျှင်ပင် ကွာခြားချက်ကို မြင်နိုင်ကြလောက်သည်။

လင်းချင်နင်က ဖေးရွှီကိုကြည့်ကာမေးသည်။

“ရှင်းချန်က နှင်းဆီတွေဝယ်လာတယ်၊ မင်းလိုချင်လား”

ယန်ကျစ်ကလည်း ထိုအချိန်တွင် အပြင်သို့ထွက်လာသည်။

ဒီတစ်ကြိမ်မှာတော့ အလျင်စလိုလုပ်လို့မရဘူး၊ နောက်ကျတဲ့အထိစောင့်ရမယ်။
ကျိုင်ရှင်းချန်က သူ့ကိုပရိုဂရမ်အဖွဲ့က ပေးထားသောတာဝန်ကို သတိရသွားပြီးနောက် ခပ်မြန်မြန်မေးလိုက်သည်။

“အာ အကုန်တော့မခွဲလိုက်နဲ့အုံး၊ ကျွန်တော့်အတွက် နည်းနည်းချန်ထားအုံး၊ ကျွန်တော် သုံးစရာရှိတယ်”

လင်းချင်နင်က ဖေးရွှီကို နှစ်ပွင့် ယူပေးလိုက်သည်။ နှင်းဆီပန်းများက နူးညံ့သောပန်းရောင်ဖြစ်ပြီး မြင်ရရုံဖြင့်ပင် စိတ်ကိုတက်ကြွသွားစေသည်။

ကောပင်းတို့အားလုံးက ဖန်သားပြင်ကိုစိုက်ကြည့်နေကြသည်။ ဖေးရွှီ၏တုန့်ပြန်မှုကို သူတို့က မြင်လိုကြသည်။

“သူ့ရဲ့မျက်နှာကို အနီးကပ်ရိုက် သူ ဘယ်လိုမျက်နှာအမူအရာ ပြောင်းသွားလဲ ငါ သိချင်တယ်”

ကောပင်းက ပြောသည်။

ကင်မရာက အကျယ်ချဲ့လိုက်ပြီးနောက် ဖေးရွှီ၏ချောမောလွန်းသောမျက်နှာက ဖန်သားပြင်တွင်ပေါ်လာသည်။ သူက အနည်းငယ်မျက်လွှာချလိုက်ပြီးနောက် နှုတ်ခမ်းကို အနည်းငယ်စေ့ပိတ်လိုက်သည်။ ထို့နောက် ရုတ်တရက်ခေါင်းလှည့်ကာ မကြာခဏ သူတို့ ရိုက်မိနေသမျှ သာမန်မျက်နှာသေရုပ်ရည်က ပြန်ပေါ်လာသည်။

“သောက်ကျိုးနည်း”

ကောပင်းက ပေါက်ကွဲတော့သည်။

“ဒါရိုက်တာ ကျွန်တော်တို့တွေသတိထားမှရမယ်၊ သူက မြင်သွားလိမ့်မယ် …”
ဇာတ်ညွှန်းရေးဆရာလျှိုကလည်း နှုတ်ခမ်းကိုမဲ့သည်။

“အရေးမကြီးဘူး၊ သူ ဘယ်လိုရွေးမလဲဆိုတာက သူ့အပေါ်ပဲမူတည်တယ်”

“မဟုတ်ရင်”

လင်းချင်နင်က မေးသည်။

ဖေးရွှီက ကျိုင်ရှင်းချန်ကိုမေးသည်။
“မင်း ဘယ်လိုဖြစ်ပြီး ပန်းဝယ်ဖို့သတိရတာလဲ၊ ပရိုဂရမ်အဖွဲ့က မင်းကို ဝယ်ခိုင်းလိုက်တာလား”

ကျိုင်ရှင်းချန်က ကြောင်သွားသည်။
သည်လူတွေထဲမှာ ငါက တော်တော်လေးကို အိုင်ကျူမြင့်တယ်လို့ထင်နေတာ၊ ဒါတောင် ဒီလောက်အထိ ခန့်မှန်းရလွယ်ကူနေတုန်းလား၊ ဒါပေါ့ အသုံးချခံ အမျိုးသားအနေနဲ့ ပေးထားတဲ့တာဝန်ကို လျစ်လျူရှုပြီး ဝန်ခံလို့တော့ ဘယ်ဖြစ်ပါ့မလဲ။

သူက ရယ်လိုက်သည်။

“ကျွန်တော်က ယန်ကောနဲ့ဟော့ကောတို့ဆီက သင်ယူထားတာပါ၊ လူတိုင်းက ပန်းတွေဝယ်လာကြမှတော့ ကျွန်တော်က နောက်ကျန်ရစ်လို့ ဘယ်ဖြစ်ပါ့မလဲ၊ ကျွန်တော်သာ အမြန်မလုပ်ရင် ဒုက္ခရောက်သွားလိမ့်မယ်လေ”

သူက ထိုသို့ပြောလိုက်ပြီးနောက် ရှက်ရွံ့ဟန်ပြသည်

လင်းချင်နင်က ရယ်သည်။

“အာ ဒါဆိုရင် ဒီပန်းတွေက ငါတို့အတွက်တော ့မဟုတ်လောက်ဘူး”

ကျိုင်ရှင်းချန်က ထိုစကားကိုကြားသောအခါ လင်းချင်နင်ကိုမော့ကြည့်သည်။ သူ၏မျက်နှာက ပူရှက်သွားသလိုဖြစ်သွားသည်။ ထိုအမူအရာက ဟော့ချန်း၏မျက်နှာကို အေးစက်သွားစေသည်။ ယန်ကျစ်ကလည်း သူ၏လက်များကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်သည်။ သူက သည်အတိုင်း ရပ်ကြည့်နေသည်။
ဝမ်နော့က လက်ထဲမှပန်းကိုပြန်ထားလိုက်ပြီး သူ၏အမူအရာက အထီးကျန်သလို သနားစရာကောင်းသွားသလိုဖြစ်သွားသည်။ သို့သော် သူက ပြုံးရန်ကြိုးစားနေသေး ပြီးနောက် စိတ်သက်သာရာရသွားသလိုသက်ပြင်းချသည်။ ထို့နောက် လက်ကို ကျောအနောက်သို့ပို့လိုက်ပြီးနောက် ထမင်းစားပွဲကိုသာ မှီနေတော့သည်။

အပိုင္း ၃၁

ေဖး႐ႊီက က်ိဳင္ရွင္းခ်န္၏ အနားသို႔ေလွ်ာက္သြားၿပီးေနာက္ ေျပာလိုက္သည္။

“ငါလာမယ္မွန္း သိေနတာလား”

က်ိဳင္ရွင္းခ်န္ကေျပာသည္။

“ရွိုးအဖြဲ႕က ကြၽန္ေတာ့္ကို စကားလာေျပာေနတဲ့အခ်ိန္မွာ ဒီေက်ာင္းကို ထည့္ေျပာျပတာပဲ၊ ဒါနဲ႕ ေဖးေကာက ဘယ္လိုျဖစ္ၿပီး ႐ုတ္တရက္ ကြၽန္ေတာ္တို႔ရဲ႕ေက်ာင္းကိုလာဖို႔ ေတြးမိသြားတာလဲ”

“ငါ့မွာလုပ္စရာမရွိဘူး၊ ဒါေၾကာင့္ ေက်ာင္းကိုလာၿပီး လမ္းေလွ်ာက္တာ”
ေဖး႐ႊီက က်ိဳင္ရွင္းခ်န္ကိုၾကည့္သည္။ က်ိဳင္ရွင္းခ်န္ကလည္း သူ႕ကိုၾကည့္ေနေၾကာင္း ျမင္ေသာအခါ တိတ္တဆိတ္ သူ၏အၾကည့္ကို တစ္ျခားဘက္သို႔ ေ႐ႊ႕လိုက္ၿပီးေနာက္ တံေထြးၿမိဳခ်လိဳက္သည္။

“ငါတို႔ေတြ႕ၿပီဆိုမွေတာ့ မင္း ငါ့ကို ဒီပတ္ဝန္းက်င္ကို လိုက္မျပခ်င္ဘူးလား”
က်ိဳင္ရွင္းခ်န္ကေျပာသည္။

“ကြၽန္ေတာ္တို႔ရဲ႕ေက်ာင္းက အရမ္းက်ယ္တာ”

စကားေျပာေနရင္း က်ိဳင္ရွင္းခ်န္ႏွင့္ေဖး႐ႊီတို႔က သူတို႔အနီးအနားတြင္ရွိသည့္ ခ်န္းမင္ေရကန္ေတာက္ေလွ်ာက္သြားလိုက္ၾကသည္။ က်ိဳင္ရွင္းခ်န္က ေနာက္ျပန္ လွည့္ၾကည့္ၿပီးေနာက္ ႐ုတ္တရက္ ရယ္သည္။ ေဖး႐ႊီက ေနာက္ျပန္လွည့္ၾကည့္ လိုက္ေသာအခါ အေနာက္မွ ကုတ္ေခ်ာင္းကုတ္ေခ်ာင္းႏွင့္ လိုက္ရိုက္ေနသည့္ ပရိုဂရမ္အဖြဲ႕ကိုျမင္လိုက္ရသည္။ တစ္ဖက္က သူတို႔ႏွင့္အကြာအေဝးျခားထားသည္။

“သူတို႔ကို အနားေခၚလိုက္ခ်င္လား”
က်ိဳင္ရွင္းခ်န္ကေမးသည္။

“မေခၚနဲ႕”

ေဖး႐ႊီကေျပာသည္။

“မင္းလည္းစိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္ထားသင့္တယ္၊ ငါက  အရမ္းပ်င္းစရာေကာင္းတယ္၊ ေနာက္ၿပီး ေျပာစရာစကားလည္းမရွိဘူး”

ပရိုဂရမ္အဖြဲ႕က လာၿပီးရိုက္မည္ဆိုလွ်င္ပင္ အသုံးဝင္ေသာအရာမ်ားကို မရိုက္နိုင္ေလာက္ေခ်။ သူကိုယ္တိုင္လည္း ပရိုဂရမ္အဖြဲ႕က မည္သည့္အတြက္ေၾကာင့္ သူ႕ကို အာ႐ုံစိုက္ထားေၾကာင္းနားလည္သည္။ က်ိဳင္ရွင္းခ်န္ကရယ္သည္။ သူက ေခါင္းၿငိမ့္သည္။

“ကြၽန္ေတာ္ သိပါတယ္”

ေဖး႐ႊီက စကားမ်ားတတ္ေသာသူမ်ိဳး မဟုတ္ေခ်၊ သူ၏အခ်စ္ႏွင့္အေတြးမ်ားက အေညွာင့္ေပါက္လာေသာအခါ က်ိဳင္ရွင္းခ်န္ကိုၾကည့္သည့္အခ်ိန္တိုင္း သူ၏ႏွလုံးသားက ေႏြးေထြးသြားေလ့ရွိသည္။ သို႔ေသာ္ ဘာေျပာရမွန္းမသိေသးေခ်။ သို႔ေသာ္ က်ိဳင္ရွင္းခ်န္၏အလွတရားက သူႏွင့္အတူရွိေသာမည္သူ႕ကိုမဆို အလြန္သက္ေတာင့္ သက္သာရွိေစျခင္းျဖစ္သည္။ သူက ဘာေျပာရမွန္းမသိေနသည့္တိုင္ေအာင္ အလြန္သက္ေတာင့္သက္သာရွိေနသည္။

က်ိဳင္ရွင္းခ်န္က ေဖး႐ႊီကို  က်ဳံးဝူ၊ခ်န္းမင္ေရကန္၊ စာၾကည့္တိုက္၊ စာသင္ေဆာင္၊ အိပ္ေဆာင္၊ အစားအေသာက္၊ လမ္း၊ ပင္လယ္နားမွ ကစားကြင္း စသည္ျဖင့္ ေနရာတိုင္းသို႔ေခၚသြားေပးသည္။ ေန႕လည္စာစားခ်ိန္ျဖစ္ေသာေၾကာင့္ ကစားကြင္းထဲတြင္ လူရွင္းေနၿပီး ရွင္းလင္းေသာကြင္းျပင္ထဲတြင္ ဘတ္စကတ္ေဘာ ကစားေနေသာ ေကာင္ေလးအခ်ိဳ႕သာရွိသည္။
သည္ေန႕ရာသီဥတုက အလြန္ေကာင္းသည္။ ေကာင္းကင္က အျပာေရာင္သန္းေနသည္မွာ Anime ထဲမွ ႐ုပ္ပုံအလားထင္ရသည္။

ေဖး႐ႊီက ေျခလွမ္းက်ယ္ႀကီးလွမ္းၿပီး သူ၏ေဘးနားရွိပြဲၾကည့္စင္တြင္ တိုက္ရိုက္ဝင္ရပ္သည္။ က်ိဳင္ရွင္းခ်န္က အနီးကပ္လိုက္ပါသြားသည္။ သူတို႔ႏွစ္ေယာက္က ပြဲၾကည့္စင္၏အျမင့္ဆုံးေနရာတြင္ရပ္လ်က္ အဆုံးအစမဲ့ေသာ ပင္လယ္ကမ္းစပ္ႀကီးကို ျမင္နိုင္ေသာေနရာမ်ိဳးအထိ ေလွ်ာက္သြားလိုက္ၾကသည္။

ပရိုဂရမ္အဖြဲ႕မွလူမ်ားက အမီမလိုက္နိုင္ၾကေခ်။ သူတို႔က ကင္မရာသုံးလုံးႏွင့္အတူ ကစားကြင္းထဲတြင္ ခ်န္ရစ္ထားသည္။ တစ္လုံးကို က်ိဳင္ရွင္းခ်န္ကိုခ်ိန္ထားၿပီး အျခားတစ္လုံးကို ေဖး႐ႊီကိုခ်ိန္သည္။ အျခားတစ္လုံးကမူ ရႈ႕ခင္းမ်ားကို ခ်ိန္႐ြယ္ထားျခင္းျဖစ္သည္။
က်ိဳင္ရွင္းခ်န္က ဘာကိုေျပာေနမွန္းမသိေသာ္လည္း ေဖး႐ႊီက အလြန္တိတ္ဆိတ္ေနၿပီး အခ်ိန္တိုင္းလိုလို ေခါင္းကိုသာၿငိမ့္ေနသည္။ ေနာက္ဆုံးတြင္ သူတို႔ႏွစ္ေယာက္က ေဘးဘက္ရွိ ခုံတန္းတစ္ေနရာတြင္ ဝင္ထိုင္လိုက္ၾကသည္။ ေႏြးေထြးေသာေနအလင္းေရာင္က သူတို႔ႏွစ္ေယာက္အေပၚ ျဖာက်လာသည္။ သူတို႔ႏွစ္ေယာက္ကမူ ပင္လယ္ျပင္ကိုသာ တိတ္တဆိတ္ေငးေနၾကသည္။

ထိုခုံက ေဟာင္းေနၿပီျဖစ္ၿပီး အနည္းငယ္က်ိဳးပဲ့ေနေသးသည္။ သို႔ေသာ္ ေနေရာင္က အလြန္ေကာင္းေလရာ သူတို႔ႏွစ္ေယာက္က သည္အတိုင္း ပင္လယ္ျပင္ကိုၾကည့္ကာ ထိုင္ေန႐ုံျဖင့္႐ုပ္ရွင္ထဲမွ အခန္းတစ္ခုအလား ထင္ရသည္။ သူတို႔ႏွစ္ေယာက္က ထိုေနရာတြင္ နာရီဝက္ၾကာေအာင္ထိုင္ေနခဲ့ၾကသည္။ သူတို႔ ဘာေျပာေနမွန္းမသိၾကေခ်။ ပရိုဂရမ္အဖြဲ႕ကလည္း ဆက္သည္းမခံနိုင္ေတာ့ဘဲ ဒ႐ုန္းကို လႊတ္လိုက္ရသည္။ ဒ႐ုန္းက သူတို႔၏ေခါင္းေပၚတြင္ တဝွီဝွီျမည္လာေသာအခါ က်ိဳင္ရွင္းခ်န္က အခ်ိန္ကို တစ္ခ်က္ၾကည့္ၿပီးေနာက္ မတ္တပ္ထရပ္လိုက္ကာေျပာသည္။

“ကြၽန္ေတာ္ ရီဟာဇယ္သြားလုပ္ရေတာ့မယ္”

ေဖး႐ႊီက ေခါင္းၿငိမ့္သည္။ သို႔ေသာ္ သူက လိုက္ၿပီးမထရပ္ဘဲ ဆက္ထိုင္ေနကာ ေမးသည္။
“မင္း အရင္တစ္ေခါက္က ေလ့က်င့္တဲ့ေနရာမွာလား”

က်ိဳင္ရွင္းခ်န္က ေခါင္းၿငိမ့္သည္။
“ေဖးေကာ လိုက္ၾကည့္ခ်င္လား”

ေဖး႐ႊီကေျပာသည္။
“ငါ ဒီေနရာမွာ ခဏေလာက္ထိုင္ၿပီးမွ လာၾကည့္လိုက္မယ္”

“ဒါဆို ကြၽန္ေတာ္ အရင္သြားေတာ့မယ္”
က်ိဳင္ရွင္းခ်န္ကေျပာသည္။

“ယန္က်စ္က ဒီညေန မင္းကို လာႀကိဳအုံးမွာလား”
ေဖး႐ႊီကေမးသည္။ က်ိဳင္ရွင္းခ်န္က ေခါင္းၿငိမ့္သည္။

“၆ နာရီထိုးရင္ လာေခၚမယ္လို႔ေျပာတယ္”

ေဖး႐ႊီက ေအာက္သို႔ေျပးဆင္းသြားေသာ က်ိဳင္ရွင္းခ်န္ကိုၾကည့္သည္။ ဝန္ထမ္းအနားသို႔ ေရာက္သြားေသာအခါ က်ိဳင္ရွင္းခ်န္က ရပ္တန႔္ၿပီးေနာက္ ႏႈတ္ဆက္သြားေသးသည္။ ေဖး႐ႊီက သက္ျပင္းရွည္ႀကီးကိုခ်သည္။ သည္ေန႕က ပူျပင္းေသာေန႕တစ္ေန႕ မဟုတ္ေသာ္လည္း သူက ေခြၽးျပန္ေနသည္။ သူ၏နားေအာက္ေျခပိုင္းမ်ားက နီရဲေနၿပီး ေခြၽးမ်ားကလည္း ေက်ာျပင္ေတာက္ေလွ်ာက္ စီးက်ေနသည္။ ေျခေထာက္ေပၚတင္ထားေသာ လက္ဝါးမ်ားက အနည္းငယ္ ေကြးေနသည္။ လက္ခုံေပၚရွိ အျပာေရာင္ေသြးေၾကာမ်ားကလည္း ေထာင္ထေနေသးသည္။
ေဖး႐ႊီက ရီဟာဇယ္ခန္းမထဲသို႔ ေရာက္သြားေသာအခါ တိတ္တဆိတ္သာ ဝင္သြားလိုက္သည္။ အခ်ိန္ကလည္း အလြန္ေနာက္က်ေနေလၿပီ။ ထို႔ေၾကာင့္ သူ ဝင္သြားေသာအခါ က်ိဳင္ရွင္းခ်န္က သူ မလာေတာ့ဟုပင္ ထင္ေနျခင္းျဖစ္သည္။ ေဖး႐ႊီက အေမွာင္ထဲတြင္ တိတ္တဆိတ္ထိုင္ကာ လူအုပ္ထဲမွ က်ိဳင္ရွင္းခ်န္ကိုၾကည့္သည္။

သူက သည္ညေနကုမၸဏီသို႔ျပန္သြားရအုံးမည္ျဖစ္သည္။ သို႔ေသာ္ ထိုေနရာတြင္ တစ္နာရီေက်ာ္သည္အထိ ဆက္ထိုင္ေနေသးသည္။

က်ိဳင္ရွင္းခ်န္တို႔က ေရွးေဟာင္းဝတ္စုံမ်ားကို မဝတ္ဆင္ထားၾကေတာ့ေခ်။ သည္အတိုင္း အျဖဴေရာင္အကၤ်ီႏွင့္ေဘာင္းဘီရွည္မ်ားကိုသာ ဝတ္ဆင္ထားၾကသည္။ က်ိဳင္ရွင္းခ်န္က သုံးႀကိမ္ေလးႀကိမ္ခန႔္အထိ လႈပ္ရွားရန္လိုအပ္သည္။ ထို႔ေၾကာင့္ က်ယ္ေသာစကတ္မရွိေလရာ သူ၏ကကြက္မ်ားကို ပို၍ရွင္းလင္းျပတ္သားစြာ ျမင္နိုင္လာသည္။ သူက ခုန္လိုက္သည့္အခ်ိန္တိုင္း သူ၏ေျခေထာက္ကို ျပန္ကပ္လိုက္ခ်ိန္တိုင္း သူ တစ္ပတ္ပတ္လိုက္ခ်ိန္တိုင္း သူက ေျခေထာက္ကို တစ္ခ်က္ကန္လိုက္ခ်ိန္တိုင္း … အဝတ္၏အလွတရားက ေပ်ာက္ကြယ္သြားကာ က်န္ရစ္ခဲ့သည္မွာ သူ၏ခႏၶာကိုယ္မွ အလွတရားမ်ားသာျဖစ္သည္။ သူက စင္ျမင့္အတြက္ ေမြးဖြားလာသလိုမ်ိဳး အလြန္အမင္းေတာက္ပလြန္းသည္။

စင္ျမင့္ေပၚတြင္လည္း အလြန္အမင္းလွပသည့္ ေကာင္ငယ္ေလးေပါင္းမ်ားစြာ ရွိသည္။ ထို႔ေၾကာင့္ သူတစ္ေယာက္တည္းကသာ စင္ျမင့္ႏွင့္ အလိုက္ဖက္ဆုံးျဖစ္ေန သည္။

က်ိဳင္ရွင္းခ်န္က အျခားလူတစ္ေယာက္ကဲ့သို႔ ေျပာင္းလဲသြားသည္။ သူက အျပာအနီစံအိမ္တြင္ဆိုလွ်င္ အလြန္ညင္သာသိမ္ေမြ႕ၿပီးတက္ႂကြသည္။ အိမ္တြင္ေနရေသာ ေႏြးေထြးသည့္ခံစားခ်က္မ်ိဳးကို ေပးစြမ္းသည္။ သို႔ေသာ္ စင္ျမင့္ေပၚသို႔ ေရာက္သြားသည္ႏွင့္ က်ိဳင္ရွင္းခ်န္က မ်က္စိက်ိန္းမတတ္ေတာက္ပလာၿပီး မည္သူကမဆို သူ႕ကို တည့္တည့္မၾကည့္ရဲေလာက္ေအာင္ စူးရွသည္။ တစ္ခ်ိန္တည္းတြင္ပင္ သူ႕ထံမွ အၾကည့္မလႊဲေလာက္ေအာင္ ဆြဲေဆာင္မႈ ျပင္းထန္ေသးေလသည္။

အေမွာင္ထဲမွာ အၾကာႀကီးေနခဲ့ေသာေၾကာင့္ျဖစ္ေလာက္သည္။ ေဖး႐ႊီက အျပင္သို႔ ထြက္လာေသာအခါ ေနေရာင္က သူ႕အေပၚျဖာက်လာခ်ိန္တြင္ အနည္းငယ္ မူးေဝသြားသည္။

“စီနီယာ…”

သူက ေနာက္ျပန္လွည့္ၾကည့္လိုက္ေသာအခါ ဖုန္းတစ္လုံးကိုင္ၿပီး သူ႕ထံ အေျပးလာေနေသာ အလြန္လွပသည့္မိန္းကေလးတစ္ေယာက္ကို ျမင္လိုက္ရသည္။

“ကြၽန္မကို ဝီခ်က္အပ္ေပးနိုင္မလား”

ေဖး႐ႊီက ေျပာသည္။
“စိတ္မရွိပါနဲ႕ မအပ္ေပးနိုင္ဘူး”

တစ္ဖက္သူက တစ္ခဏခန႔္ေၾကာင္သြားသည္။ သည္နည္းအားျဖင့္ အျပင္သို႔ထြက္သြားေသာ ေဖး႐ႊီကိုၾကည့္ေနလိုက္ရသည္။

ေခတ္မီအကအကယ္ဒမီမွ ေက်ာင္းသားေက်ာင္းသူတိုင္းက ရီဟာဇယ္ခန္းမထဲသို႔ ဝင္လာၾကသည္။ ေဖး႐ႊီက လူအုပ္ႏွင့္ဆန႔္က်င္ဘက္သို႔ ေလွ်ာက္ေနရျခင္းျဖစ္သည္။ သူ၏အရပ္ရွည္ျမင့္မားၿပီး ထူးခြၽန္ေျပာင္ေျမာက္လြန္းေသာ စိတ္ေနသေဘာထား၊ အရွိန္အဝါ၊ ႐ုပ္ရည္က လူတိုင္း၏အာ႐ုံကိုဆြဲေဆာင္နိုင္ခဲ့သည္။ ထို႔ေၾကာင့္ လမ္းကို ေက်ာ္ျဖတ္သြားၿပီးသည့္တိုင္ေအာင္ အားလုံးက သူ႕ကိုလွည့္ၾကည့္ေနၾကေသးသည္။
သူ႕ေနာက္မွ ေကာင္မေလးသုံးေယာက္ႏွင့္ေကာင္ေလးတစ္ေယာက္က လိုက္ၿပီး ဆက္သြယ္ရမည့္အခ်က္အလက္ကို ေတာင္းခံသည္။

ပလပ္ေဖာင္းအျမင့္တစ္ခုေပၚမွ ဝန္ထမ္းကလွမ္းေျပာသည္။

“ေဖး႐ႊီက ရွာနိုင္တဲ့ျပႆနာေတြကို ၾကည့္ပါအုံး”

ဒါေပမယ့္ သူက အထီးက်န္ဆန္ၿပီး ဆုံးျဖတ္ခ်က္ ျပတ္သားေနတုန္းပဲ။
က်ိဳင္ရွင္းခ်န္က အကေလ့က်င့္ၿပီးသြားေသာအခါ ယန္က်စ္မလာေသးခင္ ပန္းဆိုင္သို႔ အလ်င္သြားလိုက္သည္။ အိမ္တြင္ ဂ်စ္ဆိုဖီလာရွိေနၿပီး သူက ဂ်စ္ဆိုဖီလာ မဝယ္နိုင္ေတာ့ေခ်။ ပန္းဆိုင္တြင္ ပန္းအမ်ိဳးအစားအမ်ိဳးမ်ိဳးရွိသည္။ သူက ပန္းေရာင္ႏွင္းဆီတစ္စီးသာ ဝယ္လိုက္သည္။

ယန္က်စ္က ျမင္ေသာအခါ အံ့ဩသြားၿပီးေမးသည္။

“မင္းက ႏွင္းဆီႀကိဳက္တာလား”

က်ိဳင္ရွင္းခ်န္ကေျပာသည္။
“ကြၽန္ေတာ္လည္း ဘာဝယ္ရမွန္းမသိတာနဲ႕ ဒီအတိုင္း ဘာျဖစ္ျဖစ္ဆိုၿပီး ဝယ္လိုက္တာပါပဲ၊ ကြၽန္ေတာ္ ယန္ေကာနဲ႕ၿပိဳင္ဆိုင္ခ်င္တာ မဟုတ္ပါဘူး၊ ေျပာရရင္ ကြၽန္ေတာ္ သေဘာက်ရင္ ကြၽန္ေတာ့္အေနနဲ႕ဂ်စ္ဆိုဖီလာကို သေဘာအက်ဆဳံးပါပဲ”

ယန္က်စ္က ထိုစကားကိုၾကားေသာအခါ ရယ္လိုက္သည္။

“ယန္ေကာ ဘာလို႔ အဝတ္အစားလဲထားျပန္တာလဲ”

က်ိဳင္ရွင္းခ်န္ကေျပာသည္။
သူ႕ရဲ႕အဝတ္အစားေတြက အရမ္းကိုသန႔္ရွင္းလြန္းတယ္။

“ကိုယ္က ေန႕လည္စာစားၿပီးတာနဲ႕ အဝတ္အစားလဲတတ္တယ္ေလ”
ယန္က်စ္ကေျပာသည္။

သူက ျဖဴေဖြးစြတ္ေနေသာ တီရွပ္ႏွင့္မီးခိုးေရာင္ထသြားထလာ Suit ကို ဝတ္ထားျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူ၏ပုံစံက အလြန္အထက္တန္းက်ေနသည္။ ထိုအမ်ိဳးသားက ေကာင္းေကာင္းဝတ္စားတတ္သည္။ သူ၏အရပ္ရွည္ေသာပုံစံႏွင့္ ေ႐ႊကိုင္းမ်က္မွန္အရ သူ၏ခႏၶာကိုယ္တစ္ခုလုံးမွ ေက်ာ့ရွင္းၾကည့္ေကာင္းေသာ မင္းသားေလးလို အရွိန္အဝါမ်ိဳးကို

စာလုံးေရးထြင္းထားမတတ္ ထုတ္လႊင့္ေနသည္။
က်ိဳင္ရွင္းခ်န္က တစ္ေန႕ခင္းလုံးကခုန္ထားေလရာ ေခြၽးအလြန္ထြက္ေနသည္။ သူက မနက္က ေရခ်ိဳးလာေသာေၾကာင့္ ေစးကပ္မေနသည့္တိုင္ေအာင္ တစ္ဖက္က အလြန္အသန႔္ႀကိဳက္ေသာသူျဖစ္ေနေလသည္။ ထို႔အျပင္ သူကိုယ္တိုင္ကလည္း အသန႔္အျပန႔္ႀကိဳက္သည္။ ထို႔အျပင္ ယန္က်စ္က ေခြၽး႐ႊဲေနေသာ ဟူရင္းကို အနားမကပ္ေစခ်င္ေသာ အမူအရာမ်ိဳးျပခဲ့ဖူးေၾကာင္း သတိရသြားသည္။ ထို႔ေၾကာင့္ သူက ယန္က်စ္ႏွင့္ အတတ္နိုင္ဆုံးေဝးေဝးေနသည္။ ကားထဲသို႔ဝင္ၿပီးေနာက္ သူက ယန္က်စ္ကိုေျပာလိုက္သည္။

“ကြၽန္ေတာ့္ကိုယ္ေပၚက ေခြၽးနံ႕နံေနေလာက္တယ္”

“တကယ္လား”

ယန္က်စ္က သူ႕ကိုလွည့္ၾကည့္သည္။

က်ိဳင္ရွင္းခ်န္ကေျပာလိုက္သည္။
“ယန္ေကာေခြၽးနံ႕ရေလာက္တယ္၊ ကြၽန္ေတာ္ ဒီေန႕ ေခြၽးေတာ္ေတာ္ထြက္ေနတာ”

မေမွ်ာ္လင့္ထားစြာပင္ ယန္က်စ္က႐ုတ္တရက္ သူ၏အနားသို႔ အနည္းငယ္ငုံ႕ကိုင္းလာၿပီးေနာက္ အနံ႕ခံၾကည့္သည္။ က်ိဳင္ရွင္းခ်န္က ႏႈတ္ခမ္းကို ခပ္တင္းတင္းေစ့လိုက္ၿပီး ယန္က်စ္ကိုၾကည့္သည္။

သို႔ေသာ္ ယန္က်စ္က ထိုသို႔ေျပာလာမည္ဟု မထင္ထားမိေခ်။
“ေမႊးတယ္”

“ဟမ္”

ယန္က်စ္ကေျပာသည္။
“နည္းနည္းေမႊးေနတယ္”

တိတိက်က်ေျပာရမည္ဆိုလွ်င္ ယန္က်စ္ကိုယ္တိုင္ကပင္ အလြန္ရွက္ေနမိ ေလသည္။ သူက အေၾကာင္းအရာကို ခ်က္ခ်င္းေျပာင္းသည္။

“ခါးပတ္ ပတ္လိုက္အုံး”

က်ိဳင္ရွင္းခ်န္က ခါးပတ္ပတ္လိုက္သည္။ ယန္က်စ္က ႏႈတ္ခမ္းကို ခပ္တင္းတင္းေစ့ၿပီး ကားကိုစေမာင္းေတာ့သည္။

တကယ္ေတာ့ သူက အျခားလူေတြရဲ႕ကိုယ္ေပၚက ေခြၽးအနံ႕ကိုအရမ္းမုန္းတာ၊ အထူးသျဖင့္ အမ်ိဳးသားေတြရဲ႕ကိုယ္ေပၚက အဲ့ဒီေခြၽးနံ႕မ်ိဳးပဲ၊ သူက အနံ႕ေတြကို အထိမခံျဖစ္တယ္၊ တိရိစာၦန္အထီnnးေတြက သူတို႔ရဲ႕ကိုယ္ေပၚမွာ အနီအနံ႕ပိုျပင္းသလိုမ်ိဳး ေယာက္်ားေတြရဲ႕ေခြၽးနံ႕က အမ်ိဳးသမီးေတြရဲ႕ေခြၽးနံ႕ထက္ပိုျပင္းတယ္၊ ဒါ့အျပင္ သူ ေက်ာင္းတက္ေနတုန္းက သူ ဂိမ္းပြဲက ျပန္လာတဲ့အခ်ိန္တိုင္းလိုလို အေဆာင္မွာ မည္သူမွ်မရွိေတာ့သည္အထိေစာင့္ၿပီးမွ ဝင္ရတဲ့အထိ အနံ႕အသက္ေတြက ျပင္းထန္ခဲ့ဖူးတယ္။

ဟူရင္းလိုေခ်ာေမာလြန္းတဲ့လူေတာင္မွ ေခြၽးအနံ႕က နည္းနည္း႐ြံစရာေကာင္းေန ေသးတယ္။

သို႔ေသာ္ လူတိုင္းတြင္ ခြဲျခားဆက္ဆံမႈက ရွိၿပီးသားျဖစ္သည္။ က်ိဳင္ရွင္းခ်န္၏ ကိုယ္ေပၚမွ ေခြၽးနံ႕ကမူ အလြန္ေမႊးေနသည္။ ထိုေမႊးရနံ႕က သူ၏ sexual ပိုင္းဆိုင္ရာ စိတ္ဆႏၵကို ႏွိုးဆြေပးနိုင္စြမ္းပင္ရွိေနေသးသည္။

က်ိဳင္ရွင္းခ်န္က ေခြၽးထြက္ေနေလာက္ေသာပုံစံမ်ိဳးကို ျမင္ေယာင္မိေသာအခါ ႐ုတ္တရက္ မီးေတာက္က ထေတာက္လာသည္။ သူ က်ိဳင္ရွင္းခ်န္၏လည္တိုင္တြင္ ေခါင္းျမႇုပ္ကာ အနံ႕ခံလိုက္ခ်င္သည္။ သူတို႔က အျပာအနီသေကၤတစံအိမ္သို႔ ေရာက္သြားေသာအခါ ဝမ္ေနာ့ႏွင့္အျခားလူမ်ားက ညစာျပင္ေနၾကၿပီျဖစ္သည္။

ေဟာ့ခ်န္းက သည္ေန႕ေစာေစာျပန္ေရာက္လာသည္။ သူက အလုပ္ေစာေစာ ဆင္းလာခဲ့ျခင္းျဖစ္သည္။ သူက မိတ္ေဆြေဟာင္းတစ္ေယာက္က ညစာဖိတ္သည့္တိုင္ေအာင္ မသြားခဲ့ေခ်။ သူက အလ်င္လက္ဦးမႈယူၿပီး ဝမ္ေနာ့တို႔ႏွင့္အတူ ညစာျပင္ေနသည္။ သူ႕အေနႏွင့္ က်ိဳင္ရွင္းခ်န္၏ဝန္ထုပ္ဝန္ပိုးကို တစ္စိတ္တစ္ပိုင္းဝင္မွ်ေပးလိုသည္။
က်ိဳင္ရွင္းခ်န္က လူေပါင္းမ်ားစြာအတြက္ အခ်ိန္တိုင္းညစာ ေန႕လည္စာမ်ားကို တာဝန္ယူေပးခဲ့သည္။ ထိုအလုပ္က အလုပ္ရႈပ္နိုင္သလို ဒုကၡလည္းမ်ားသည္။

ဝမ္ေနာ့ႏွင့္လင္းခ်င္နင္တို႔က ယဥ္ေက်းသိမ္ေမြ႕ေသာလူမ်ားျဖစ္ၾကသည္။ ေဟာ့ခ်န္းက စကားေျပာေကာင္းသည္။

ထို႔ေၾကာင့္ သူတို႔သုံးေယာက္ အတူစုေနလိုက္သည့္အခါ ေလထုက အလြန္ေႏြးေထြးသြားၿပီး ရယ္သံမ်ားက ထြက္လာသည္။ သို႔ေသာ္ ေဟာ့ခ်န္းက အလြန္တိတ္ဆိတ္ေနသည္မွာ ထိုအနီဘက္မွ ဧည့္သည္မ်ားႏွင့္စည္းတားထားလိုသည္လား မေသခ်ာေခ်။ သူတို႔သုံးေယာက္က တိတ္တဆိတ္ညစာကို ျပင္ဆင္လို
က္ၾကသည္။

“တစ္ေယာက္ေယာက္ ျပန္လာၿပီ”

ဝမ္ေနာ့က တံခါးဖြင့္သံကို ၾကားလိုက္ရသည္။

“က်ိဳင္ရွင္းခ်န္လား”

ေဟာ့ခ်န္းက လွမ္းေအာ္သည္။

“ေဟး မဂၤလာညေနခင္းပါ ေဟာ့ေကာ”

အသံၾကားသည္ႏွင့္ က်ိဳင္ရွင္းခ်န္က သူ႕ကိုလွည့္ၿပီးျပန္ေျဖသည္။

က်ိဳင္ရွင္းခ်န္၏ၾကည္လင္ေသာအသံကို ၾကားလိုက္ရသည္ႏွင့္ တစ္ခ်ိန္လုံး တိတ္ေနသည့္ ေဟာ့ခ်န္းက ႐ုတ္တရက္ထရယ္သည္။

“ေနာက္ဆုံးေတာ့ စားဖိုမႉး ျပန္လာပါၿပီ”

႐ုတ္တရက္ ေဟာ့ခ်န္း၏ခႏၶာကိုယ္ထဲသို႔ စြမ္းအင္မ်ားက အျပည့္အလုံးအရင္းႏွင့္ ဝင္လာသလိုမ်ိဳး တက္ႂကြသြားျခင္းျဖစ္သည္။

သို႔ေသာ္ ေဟာ့ခ်န္းက ယန္က်စ္ႏွင့္အတူ လက္ထဲတြင္ ပန္းေရာင္ႏွင္းဆီတစ္စည္းကို ကိုင္လ်က္ဝင္လာေၾကာင္း ျမင္လိုက္ရခ်ိန္တြင္ သူ၏မ်က္ႏွာရွိအၿပဳံးက တိုက္ရိုက္ေအးခဲသြားသည္။
ဝမ္ေနာ့ႏွင့္လင္းခ်င္နင္တို႔ကပင္ ေၾကာင္သြားသည္။

က်ိဳင္ရွင္းခ်န္က ပန္းစည္းကို ထမင္းစားပြဲေပၚခ်သည္။

“မီးဖိုခန္းက ကြၽန္ေတာ့္ရဲ႕နယ္ေျမလို႔ ကြၽန္ေတာ္ မေျပာထားဘူးလား၊ ဘာလို႔ ထပ္ၿပီးျပင္ဆင္ေနၾကျပန္တာလဲ”

“ဟူရင္းက မင္းဒီေန႕ ညဘက္အထိ ေလ့က်င့္ရမယ္လို႔ေျပာထားတယ္၊ ငါတို႔လည္း လုပ္စရာရွိမေနမွေတာ့ အရင္ဆုံးသန႔္ရွင္းေရးလုပ္ထားတာေပါ့”

လင္းခ်င္နင္က အၿပဳံးႏွင့္ေျပာသည္။

“အဲ့ဒါကို ဘယ္သူဝယ္လာတာလဲ ယန္က်စ္လား”

“ကြၽန္ေတာ္ ဝယ္လာတာပါ”
က်ိဳင္ရွင္းခ်န္က ေျပာသည္။

ထိုအခါမွသာ ေဟာ့ခ်န္း၏သုန္မႈန္ေနေသာ မ်က္ႏွာက ခ်က္ခ်င္းဆိုသလို ေတာက္ပသြားၿပီး လန္းဆန္းသြားသည္။ ဝမ္ေနာ့က ေဟာ့ခ်န္းကို တစ္ခ်က္ခိုးၾကည့္လိုက္ၿပီးေနာက္ သူ၏ႏႈတ္ခမ္းက ခပ္တင္းတင္းမဲ့သြားသည္။

“မင္းက ဘာလို႔ပန္းေတြဝယ္လာတာလဲ”
ေဟာ့ခ်န္းက အၿပဳံးႏွင့္ေျပာသည္။

“ငါ မေန႕က မဝယ္ခဲ့ဘူးလား၊ ငါ့ကိုေျပာစမ္းပါ၊ ငါ ဒီေန႕ထပ္ဝယ္ေပးလို႔ရတယ္”

“ေဟာ့ေကာတစ္ေယာက္တည္း ပိုက္ဆံျဖဳန္းေနလို႔ဘယ္ရပါ့မလဲ”

က်ိဳင္ရွင္းခ်န္ကရယ္သည္။

“ကြၽန္ေတာ္ဝယ္လာတဲ့ ပန္းေရာင္ႏွင္းဆီကို ႀကိဳက္တဲ့သူရွိရင္ သေဘာက်သလို ယူနိုင္တယ္”

“ဟူရင္းေတာ့ ႀကိဳက္လိမ့္မယ္”

လင္းခ်င္နင္က ရယ္လ်က္ဝင္ေျပာသည္။

“အျခားသူေတြ ဘယ္မွာလဲ”

“အေပၚမွာေရခ်ိဳးေနၾကမွာေပါ့”

သူတို႔မေန႕ညက စကားေျပာရင္း ခ်ိန္းဆိုခဲ့ျခင္းျဖစ္သည္။ ဟူရင္းက သည္ေန႕ေစာေစာျပန္လာေကာင္း ျပန္လာနိုင္ေလာက္သည္။ ထို႔ေၾကာင့္ သူက က်ိဳင္ရွင္းခ်န္ကို စာရင္းတစ္ခုေရးခိုင္းထားၿပီး ညေနမွသာ ဆူပါမားကတ္ကိုသြားကာ အ႐ြက္မ်ားဝယ္ရန္ေျပာထားသည္။
သည္တစ္ခဏက သူ႕အေပၚ ႀကီးမားေသာအရိပ္ႀကီးလႊမ္းမိုးလာသလို ခံစားခ်က္မ်ိဳးျဖစ္သည္။ က်ိဳင္ရွင္းခ်န္ကိုင္လာသည့္ ထိုပန္းစည္းကို ယန္က်စ္က ေပးခဲ့ျခင္းဟု သူကထင္ခဲ့ျခင္းျဖစ္သည္။ ထိုသို႔သာဆိုလွ်င္ ထိုအေျခအေနကို ဆက္ျဖစ္ေနခြင့္ေပးလို႔မရေတာ့ေခ်။ ထို႔ေၾကာင့္ သူက ယန္က်စ္ကိုေျပာလိုက္သည္။

“မင္း မနက္ျဖန္အားရဲ႕လား၊ မနက္ျဖန္ ရွင္းခ်န္ကို သြားႀကိဳအုံးမွာလား”

ယန္က်စ္ကလည္း ေဟာ့ခ်န္းကိုၾကည့္ၿပီး အင္းအသံေပးသည္။

ေဟာ့ခ်န္းက ထိုသို႔စေျပာလာကတည္းက အေျခအေန မေကာင္းေၾကာင္း သူသည္လည္း နားလည္သည္။ ေသခ်ာစြာပင္ ေဟာ့ခ်န္းကရယ္လ်က္ဝင္ေျပာသည္။

“ရွင္းခ်န္ကိုပဲၾကည့္မေနပါနဲ႕၊ ငါတို႔ဆီမွာ ကားမရွိတဲ့ အျခားဧည့္သည္ တစ္ေယာက္လည္း ရွိေနေသးတယ္”

ဝမ္ေနာ့က ထိုစကားကိုၾကားေသာအခါ ခ်က္ခ်င္းေျပာသည္။

“ကြၽန္ေတာ္က ဘတ္စ္ကားစီးလို႔ရပါတယ္၊ တကၠစီစီးတာလည္း အဆင္ေျပတာပဲ”

ယန္က်စ္က လင္းခ်င္နင္ႏွင့္ က်ိဳင္ရွင္းခ်န္တို႔ကလည္း သူ႕ကို ၾကည့္လာေၾကာင္း ျမင္ေသာအခါ သူက မည္သို႔ပင္ဆႏၵမရွိေနေစကာမူ ျပန္ေျဖလိုက္ရသည္။

“ဟုတ္တယ္ ဝမ္ေနာ့ကိုလည္း ဝင္ပို႔ေပးလို႔ရတယ္”

ေဟာ့ခ်န္းကၿပဳံးသည္။

ယန္က်စ္က သူ၏မ်က္ႏွာတြင္ ညင္သာေသာအမူအရာကိုဆြဲထားၿပီး ေဟာ့ခ်န္းကို လွည့္ၾကည့္လိုက္သည္။ သို႔ေသာ္ ေဟာ့ခ်န္းက သူ႕ကိုၾကည့္မေနေတာ့ဘဲ က်ိဳင္ရွင္းခ်န္ဝယ္လာသည့္ ပန္းေရာင္ႏွင္းဆီမ်ားကိုၾကည့္သည္။

တကယ္ေတာ့ မနက္ပိုင္းအလုပ္သြားတဲ့အခ်ိန္မွာ ေဟာ့ခ်န္ကလည္း မေက်မနပ္ ျဖစ္ေနခဲ့တာ၊ ယန္က်စ္က အလုပ္မသြားရတာနဲ႕ပဲ က်ိဳင္ရွင္းခ်န္ရဲ႕ အခ်ိန္ျပည့္ဒရိုင္ဘာ ျဖစ္ေတာ့မယ္လို႔ ခံစားေနရတယ္။
ထို႔ေၾကာင့္ သူက သည္ေန႕အလုပ္မွျပန္လာေသာအခါ အနည္းငယ္စိတ္အေျခအေန မေကာင္းေနျခင္းျဖစ္သည္။

ယန္က်စ္ကဲ့သို႔ လူႀကီးလူေကာင္းပီသၿပီး ယဥ္ေက်းေသာဟန္အမူအရာပုံစံမ်ားႏွင့္ ယွဥ္ေသာ္ သူကမူ ႐ုန႔္ရင္းၾကမ္းတမ္းသလို ခပ္ၾကမ္းၾကမ္းပုံစံျဖစ္ေနေလာက္သည္။

အေၾကာင္းမူကား သူကဆင္းရဲေသာေကာင္ငယ္ေလးဘဝမွ သန္းရာေက်'ာ္တန္ေၾကး ရွိသည့္ သူေဌးႀကီးတစ္ေယာက္ ျဖစ္လာေသာေၾကာင့္လည္း ျဖစ္သည္။ ဒါေတြအားလုံးက သူ၏ထိုခြန္အားေၾကာင့္ျဖစ္သည္။

သို႔ေသာ္ အခ်စ္ကမူ အစစ္အမွန္လက္ေတြ႕ဘဝႏွင့္ကြာျခားသည္။ ထို႔အျပင္ သူတို႔၏လႈပ္ရွားမႈတိုင္းကိုလည္း ကင္မရာကဖမ္းယူထားေလသည္။ သူက က်ိဳင္ရွင္းခ်န္၏သေဘာက်ျခင္းခံရျခင္း မခံရျခင္းအေျခအေနကို ရင္ဆိုင္ရအုံးမည့္အျပင္ အျပင္ဘက္မွ ၾကည့္ရႈေနသူမ်ား၏သေဘာက်ျခင္း သေဘာမက်ျခင္းမ်ားေၾကာင့္ ကိုယ့္ကိုယ္ကိုထိန္းသိမ္းရန္ လိုအပ္ေနေသးျပန္သည္။

“ငါတို႔ရဲ႕ရသစုံရွိုးက ဘယ္ေတာ့လႊင့္မွာလဲ”

“ဒီေသာၾကာပဲ၊ ၿဂိဳလ္ထုတီဗြီက ၈ နာရီမွာစလိမ့္မယ္၊ အင္တာနက္မွာေတာ့ ၁၀ နာရီမွေပါ့”

“ဒီေသာၾကာၿပီးရင္ ရက္အနည္းငယ္ေလာက္အထိ ခြဲရမွာမဟုတ္လား”

ေဟာ့ခ်န္းကေမးသည္။

“ဒီနန္ခ်န္းက ၾကာသပေတး ေသာၾကာ စေန တနဂၤေႏြက အားလပ္ခ်ိန္ေတြေလ၊ ဒီေတာ့ လူတိုင္း ကိုယ့္အလုပ္ကိုယ္လုပ္လို႔ရတယ္၊ ေနာက္ တနလၤာေန႕မွာ ေပ့ခ်န္းမွာဆုံၾကမွာ၊ အဲ့ဒီေန႕ကစၿပီး တစ္ေန႕လုံး ရိုက္ကူးေရးလုပ္မွာပါ”

လင္းခ်င္နင္ကလည္းဝင္ေျပာသည္။

“မင္း ရွိုးကိုလာတုန္းက ရွင္းရွင္းလင္းလင္းမေမးထားဘူးလား”

အလုပ္ရွိေသာလူမ်ားကမူ ႀကိဳတင္ကာ ပူးေပါင္းထားရမည္ျဖစ္သည္။

“ငါ့ရဲ႕လက္ေထာက္က ညွိႏွိုင္းေပးထားတာ”

ေဟာ့ခ်န္းကေျပာသည္။ ဝမ္ေနာ့က‌ ေခါင္းကိုခါၿပီးဝင္ေျပာသည္။

“ကြၽန္ေတာ္ ဒီရွိုးမွာပါလို႔ရတယ္လို႔ၾကားေတာ့ ကြၽန္ေတာ္ ဘာမွမေတြးဘဲ တန္းလာလိုက္တာပဲ”

သူသည္လည္း ႏွစ္ႀကိမ္အင္တာဗ်ဴးခဲ့ရသည္။ သူတို႔က ေဖး႐ႊီကလက္ထဲတြင္ ေသးငယ္သည့္ ခရီးေဆာင္အိတ္ေလးကိုကိုင္ကာ ဝင္လာေၾကာင္းျမင္လိုက္ရသည္။

“ဘာလို႔ မင္း ဒီေန႕ျပန္လာတာ ေနာက္က်ေနတာလဲ”
ေဟာ့ခ်န္းက ေမးလိုက္သည္။

ေဖး႐ႊီကေျပာသည္။
“ငါ အိမ္ျပန္ၿပီးယူစရာရွိလို႔”

ေဖး႐ႊီက ခ်က္ခ်င္းဆိုသလို ထိုခရီးေဆာင္အိတ္ေလးကိုကိုင္လ်က္ အိပ္ခန္းထဲသို႔ ဝင္သြားသည္။ ဝမ္ေနာ့က ခပ္တိုးတိုးေျပာသည္။

“ေကာတို႔ သတင္းၾကည့္ၿပီးၿပီလား၊ ေဖး႐ႊီရဲ႕မိသားစုမွာ တစ္ခုခုျဖစ္ေနတဲ့ပုံပဲ”

က်ိဳင္ရွင္းခ်န္ကေမးသည္။

“ဘာျဖစ္တာလဲ”

လင္းခ်င္နင္က ဝင္ေျပာသည္။

“ေဖး႐ႊီရဲ႕ကိုယ္ေရးကိုယ္တာကိစၥပါ၊ ငါတို႔ အေသးစိတ္ေဆြးေႏြးလို႔ မျဖစ္နိုင္ဘူး”

က်ိဳးမိသားစု၏ကိစၥမ်ားက ရႈပ္ေထြးသည္။ က်ိဳင္ရွင္းခ်န္ကလည္း ဒါကိုသိသည္။

က်င္းက်န္း၏အဓိက အမ်ိဳးသားမ်ား၏သာမန္မိသားစုေနာက္ခံအရ တရားဝင္ ဇနီးမယားပင္ျဖစ္ေစ၊ ေနာက္ဇနီးပင္ျဖစ္ေစ သားမ်ားက မ်ိဳးရိုးနာမည္မတူဘဲ ႂကြယ္ဝေသာမိသားစုထဲ ဝင္ေရာက္ေသာအေျခအေနမ်ိဳးမွာလည္းရွိသည္။ အတိုခ်ဳံးဆိုရေသာ္ အဓိကအမ်ိဳးသားဇာတ္လိုက္၏ ေနထိုင္မႈပတ္ဝန္းက်င္က အလြန္အမင္း ဆိုး႐ြားေနရေပမည္။ ေဖး႐ႊီ၏ဘဝပုံစံကလည္း အလားတူျဖစ္ရေပမည္။ သူ၏မိခင္ ေဖးဟြား႐ုန္က သားျဖစ္သူကိုေခၚကာ အလြန္ႂကြယ္ဝကာ အာဏာရွိသည့္ အမ်ိဳးသားက်ိဳးက်န္းပိုင္ကို လက္ထပ္ခဲ့သည္။ က်ိဳးက်န္းပိုင္က ေဖးဟြား႐ုန္ကို အလြန္ခ်စ္သည္။ ေဖး႐ႊီကိုလည္း သားအရင္းလိုဆက္ဆံသည္။ ထို႔အျပင္ အလြန္အမင္းခ်စ္ကာ အလိုလိုက္သည္။
ေဖး႐ႊီကလည္း တက္တက္ႂကြႂကြရွိသူျဖစ္ၿပီး အလြန္ထူးခြၽန္သည္။
သူ၏အေထာက္အပံ့မ်ားက အျပည့္အဝျဖစ္သည္။ က်ိဳးက်န္းပိုင္က မၾကာခဏဆိုသလို အင္တာဗ်ဴးမ်ားတြင္ ေဖး႐ႊီအေၾကာင္းကိုထည့္ေျပာေလ့ရွိသလို သူက ခ်ီးက်ဴးရာတြင္လည္း မတြန႔္ဆုတ္ေခ်။ က်ိဳးက်န္းပိုင္က ေဖးဟြား႐ုန္ႏွင့္ လက္မထပ္ခင္က သူႏွင့္ဇနီးေဟာင္းတြင္ သားသုံးေယာက္၊ သမီးတစ္ေယာက္ဆိုၿပီး ကေလးေလးေယာက္ရွိသည္။ က်ိဳးမိသားစုက မ်ိဳးဆက္သုံးဆက္ေက်ာ္ၾကာေအာင္ ႂကြယ္ဝလာခဲ့ေသာမိသားစုႀကီးျဖစ္ေလၿပီး နန္ခ်န္းတြင္ အေျခအလြန္ခိုင္လာကာ ေရွးက်သည္။ က်ိဳးက်န္းပိုင္က သည္ႏွစ္တြင္ အသက္ ၇၀ ေရာက္ေတာ့မည္ျဖစ္သည္။ သူက အၿငိမ္းစားယူရမည့္ အဆင့္အေနအထားသို႔ ေရာက္ေနေလၿပီ။ သို႔တိုင္ေအာင္ သူက သည္လိုအေျခအေနမ်ိဳးတြင္ ေဖး႐ႊီကို အလြန္ခ်ီးက်ဴးေနေသာကိစၥက သူ၏ေဆြမ်ိဳးအရင္းမ်ားကို သဘာဝအေလ်ာက္ပင္ေၾကာက္လန႔္လာေစသည္။

သူတို႔တြင္ ပိုက္ဆံရွိေသာ္လည္း မည္သူကမွ် သူတို႔၏ပိုက္ဆံမ်ားလြန္းေနသည္ဟု မထင္ေလာက္ၾကေခ်။

က်ိဳးက်န္းပိုင္က သည္ႏွစ္ေႏြရာသီတြင္ မိသားစုေတြ႕ဆုံပြဲကိုက်င္းပခဲ့ၿပီး ကုမၸဏီတြင္ သားမ်ားကိုေနရာခ်ထားေပးခဲ့သည္။ ထိုသို႔လႈပ္ရွားလိုက္ေသာကိစၥက အျပင္ေလာက၏သုံးသပ္ခ်က္အရ သူက ေဖး႐ႊီကို သူ၏ဆက္ခံသူအျဖစ္ သတ္မွတ္ေတာ့မည္ဆို၍ ေကာလဟာလကို ေပၚထြက္လာေစၿပီး အတြင္းပိုင္းအတြင္း ႀကီးမားသည့္လႈပ္ခတ္မႈႀကီးကို ျဖစ္ေပၚေစခဲ့သည္။

ထို႔ေၾကာင့္ အႀကီးဆုံးသားျဖစ္သူက က်ိဳးက်န္းပိုင္ကို ျပန္လည္ရင္ဆိုင္ၿပီး တရားစြဲသည္။

ႀကီးမားကာလႊမ္းမိုးမႈျပင္းထန္သည့္ စီးပြားေရးအင္ပါယာႀကီးက သည္လိုအေရးႀကီးၿပီး အသင့္အေနအထားမ်ိဳးျဖင့္ ေျပာင္းလဲေတာ့မည့္ အေနအထားမ်ိဳးသို႔ ေရာက္သြားသည္။ မေရမတြက္နိုင္ေသာလူေပါင္းမ်ားစြာက က်ိဳးမိသားစုကို ေစာင့္ၾကည့္ေနၾကသည္။ ထိုအေၾကာင္းျပခ်က္ေၾကာင့္လည္း လူေပါင္းေျမာက္ျမားစြာက ေဖး႐ႊီ၏အျပာအနီသေကၤတကို အာ႐ုံစိုက္ေနၾကျခင္း ျဖစ္သည္။

ေဖး႐ႊီကအခန္းထဲမွ အနက္ေရာင္ႏွင့္မီးခိုးေရာင္ေရာယွက္ေနသည့္ ရွပ္ကိုဝတ္ၿပီး ျပန္ထြက္လာခ်ိန္တြင္ က်ိဳင္ရွင္းခ်န္က ခ်က္ခ်င္းမတ္တပ္ထရပ္လိုက္ကာ လွမ္းေျပာလိုက္သည္။

“အာ”

ေဖး႐ႊီက သူ႕ကိုၾကည့္သည္။ က်ိဳင္ရွင္းခ်န္ကရယ္သည္။

“အနက္သီးသန႔္ မဟုတ္ေတာ့ဘူး”

ဝမ္ေနာ့ႏွင့္လင္းခ်င္နင္တို႔ကလည္း ထိုစကားကိုၾကားေသာအခါ ေဖး႐ႊီကို အံ့အားတႀကီးၾကည့္ၾကသည္။

ေဖး႐ႊီက ဝတ္ထားေသာ ထိုအနက္ေရာင္ႏွင့္မီးခိုးေရာင္ေရာသည့္ ရွပ္အကၤ်ီဟာ ရင္ဘတ္နားတြင္ အနက္ေရာင္အပ္ခ်ည္မ်ားႏွင့္ ေသသပ္စြာခ်ဳပ္ထားေသာ္လည္း လက္ရာေျပာင္ေျမာက္လြန္းသည့္ လက္ရာကိုၾကည့္႐ုံျဖင့္ပင္ ေဈးႀကီးေၾကာင္း တစ္ခ်က္တည္းသိနိုင္သည္။ မီးအလင္းေရာင္ကပင္ ထိုရွပ္အကၤ်ီထက္အနည္းငယ္သာ ထိန္ေလာက္သည္။ မည္သည့္တံဆိပ္မွမပါဝင္သည့္တိုင္ေအာင္ သိုသိပ္ႏွိမ့္ခ်စြာ ေနတတ္သည့္ အၿပီးျပည့္စုံဆုံး အဆင့္အတန္းျမင့္ဝတ္စုံျဖစ္ေနေသးသည္။

သူတို႔ႏွစ္ေယာက္လုံးက အရပ္ရွည္ၿပီးႂကြယ္ဝကာ ခ်မ္းသာေသာ္လည္း ေဖး႐ႊီ၏အဝတ္အစားပုံစံႏွင့္ အထက္တန္းလႊာဆန္ကာ ျမင့္ျမတ္ေက်ာ့ရွင္းေသာ သပ္ရပ္မႈမ်ားက မတူေသာပုံစံမ်ားျဖစ္ေနသည္။ သူက အၿမဲတေစ နာမည္ႀကီးဆြယ္တာေဘာင္းဘီ၊ ဖိနပ္မ်ားကိုသာ သာမန္အတိုင္းတြဲယွက္ၿပီး ဝတ္ဆင္ေလ့ရွိသည္။ ထို႔ေၾကာင့္အျဖဴအမဲက နည္းပါးသည္။ ဆြယ္တာဆိုလွ်င္ သူ မၾကာခဏဝတ္သည့္ကုတ္အမ်ိဳးအစား ျဖစ္ေနေသးသည္။

က်ိဳင္ရွင္းခ်န္ႏွင့္အျခားသူမ်ားသာ မကေသးေလဘဲ ဟူရင္းကပင္ ေအာက္ထပ္သို႔ ဆင္းလာခ်ိန္တြင္ ထိုျမင္ကြင္းေၾကာင့္ အံ့ဩသြားသည္။

“မင္း ဆံပင္ညွပ္ထားတာလား”

ဟူရင္းက အနီးကပ္ၾကည့္လိုက္ၿပီးေမးလိုက္သည္။ ေဖး႐ႊီက အင္းဟုေျဖသည္။
က်ိဳင္ရွင္းခ်န္က ထိုစကားၾကားမွသာ ျပန္ၾကည့္လိုက္သည္။

“ေဖးေကာက ဆံပင္ညွပ္ထားတာလား၊ ဘာလို႔ ကြၽန္ေတာ့္ေတာ့ သတိမထားမိတာလဲ”

“ငါလည္း သတိမထားမိဘူး”

ေဟာ့ခ်န္းကလည္းဝင္ေျပာသည္။

“နည္းနည္းတိုသြားတယ္”

လင္းခ်င္နင္က မ်က္မွန္ကိုတစ္ခ်က္တြန္းသည္။ သူ၏လည္ဇလုတ္က အနည္းငယ္ပင္ လႈပ္သြားေသးသည္။

က်ိဳင္ရွင္းခ်န္က အေလးအနက္ထားကာ စိုက္ၾကည့္လိုက္သည္။

အာ ငါ တကယ္ကိုမခြဲျခားနိုင္ဘူး။

သို႔ရာတြင္ လူခ်မ္းသာမ်ားက ယခု သူ႕လိုတစ္လမွတစ္ႀကိမ္သာ ဆံပင္ညွပ္ျခင္း မ်ိဳး မဟုတ္ေလာက္ေခ်။ သူတို႔က တစ္လလွ်င္ သုံးေလးငါးႀကိမ္ေလာက္ဆံပင္ကို ျပဳျပင္ေနေလာက္သည္။ ထို႔ေၾကာင့္ ၁ မီလီမီတာေလာက္တိုသြားလွ်င္ပင္ ကြာျခားခ်က္ကို ျမင္နိုင္ၾကေလာက္သည္။

လင္းခ်င္နင္က ေဖး႐ႊီကိုၾကည့္ကာေမးသည္။

“ရွင္းခ်န္က ႏွင္းဆီေတြဝယ္လာတယ္၊ မင္းလိုခ်င္လား”

ယန္က်စ္ကလည္း ထိုအခ်ိန္တြင္ အျပင္သို႔ထြက္လာသည္။

ဒီတစ္ႀကိမ္မွာေတာ့ အလ်င္စလိုလုပ္လို႔မရဘူး၊ ေနာက္က်တဲ့အထိေစာင့္ရမယ္။
က်ိဳင္ရွင္းခ်န္က သူ႕ကိုပရိုဂရမ္အဖြဲ႕က ေပးထားေသာတာဝန္ကို သတိရသြားၿပီးေနာက္ ခပ္ျမန္ျမန္ေမးလိုက္သည္။

“အာ အကုန္ေတာ့မခြဲလိုက္နဲ႕အုံး၊ ကြၽန္ေတာ့္အတြက္ နည္းနည္းခ်န္ထားအုံး၊ ကြၽန္ေတာ္ သုံးစရာရွိတယ္”

လင္းခ်င္နင္က ေဖး႐ႊီကို ႏွစ္ပြင့္ ယူေပးလိုက္သည္။ ႏွင္းဆီပန္းမ်ားက ႏူးညံ့ေသာပန္းေရာင္ျဖစ္ၿပီး ျမင္ရ႐ုံျဖင့္ပင္ စိတ္ကိုတက္ႂကြသြားေစသည္။

ေကာပင္းတို႔အားလုံးက ဖန္သားျပင္ကိုစိုက္ၾကည့္ေနၾကသည္။ ေဖး႐ႊီ၏တုန႔္ျပန္မႈကို သူတို႔က ျမင္လိုၾကသည္။

“သူ႕ရဲ႕မ်က္ႏွာကို အနီးကပ္ရိုက္ သူ ဘယ္လိုမ်က္ႏွာအမူအရာ ေျပာင္းသြားလဲ ငါ သိခ်င္တယ္”

ေကာပင္းက ေျပာသည္။

ကင္မရာက အက်ယ္ခ်ဲ့လိုက္ၿပီးေနာက္ ေဖး႐ႊီ၏ေခ်ာေမာလြန္းေသာမ်က္ႏွာက ဖန္သားျပင္တြင္ေပၚလာသည္။ သူက အနည္းငယ္မ်က္လႊာခ်လိဳက္ၿပီးေနာက္ ႏႈတ္ခမ္းကို အနည္းငယ္ေစ့ပိတ္လိုက္သည္။ ထို႔ေနာက္ ႐ုတ္တရက္ေခါင္းလွည့္ကာ မၾကာခဏ သူတို႔ ရိုက္မိေနသမွ် သာမန္မ်က္ႏွာေသ႐ုပ္ရည္က ျပန္ေပၚလာသည္။

“ေသာက္က်ိဳးနည္း”

ေကာပင္းက ေပါက္ကြဲေတာ့သည္။

“ဒါရိုက္တာ ကြၽန္ေတာ္တို႔ေတြသတိထားမွရမယ္၊ သူက ျမင္သြားလိမ့္မယ္ …”
ဇာတ္ၫႊန္းေရးဆရာလွ်ိုကလည္း ႏႈတ္ခမ္းကိုမဲ့သည္။

“အေရးမႀကီးဘူး၊ သူ ဘယ္လိုေ႐ြးမလဲဆိုတာက သူ႕အေပၚပဲမူတည္တယ္”

“မဟုတ္ရင္”

လင္းခ်င္နင္က ေမးသည္။

ေဖး႐ႊီက က်ိဳင္ရွင္းခ်န္ကိုေမးသည္။
“မင္း ဘယ္လိုျဖစ္ၿပီး ပန္းဝယ္ဖို႔သတိရတာလဲ၊ ပရိုဂရမ္အဖြဲ႕က မင္းကို ဝယ္ခိုင္းလိုက္တာလား”

က်ိဳင္ရွင္းခ်န္က ေၾကာင္သြားသည္။
သည္လူေတြထဲမွာ ငါက ေတာ္ေတာ္ေလးကို အိုင္က်ဴျမင့္တယ္လို႔ထင္ေနတာ၊ ဒါေတာင္ ဒီေလာက္အထိ ခန႔္မွန္းရလြယ္ကူေနတုန္းလား၊ ဒါေပါ့ အသုံးခ်ခံ အမ်ိဳးသားအေနနဲ႕ ေပးထားတဲ့တာဝန္ကို လ်စ္လ်ဴရႈၿပီး ဝန္ခံလို႔ေတာ့ ဘယ္ျဖစ္ပါ့မလဲ။

သူက ရယ္လိုက္သည္။

“ကြၽန္ေတာ္က ယန္ေကာနဲ႕ေဟာ့ေကာတို႔ဆီက သင္ယူထားတာပါ၊ လူတိုင္းက ပန္းေတြဝယ္လာၾကမွေတာ့ ကြၽန္ေတာ္က ေနာက္က်န္ရစ္လို႔ ဘယ္ျဖစ္ပါ့မလဲ၊ ကြၽန္ေတာ္သာ အျမန္မလုပ္ရင္ ဒုကၡေရာက္သြားလိမ့္မယ္ေလ”

သူက ထိုသို႔ေျပာလိုက္ၿပီးေနာက္ ရွက္႐ြံ႕ဟန္ျပသည္

လင္းခ်င္နင္က ရယ္သည္။

“အာ ဒါဆိုရင္ ဒီပန္းေတြက ငါတို႔အတြက္ေတာ ့မဟုတ္ေလာက္ဘူး”

က်ိဳင္ရွင္းခ်န္က ထိုစကားကိုၾကားေသာအခါ လင္းခ်င္နင္ကိုေမာ့ၾကည့္သည္။ သူ၏မ်က္ႏွာက ပူရွက္သြားသလိုျဖစ္သြားသည္။ ထိုအမူအရာက ေဟာ့ခ်န္း၏မ်က္ႏွာကို ေအးစက္သြားေစသည္။ ယန္က်စ္ကလည္း သူ၏လက္မ်ားကို ေဘာင္းဘီအိတ္ကပ္ထဲသို႔ ထည့္သည္။ သူက သည္အတိုင္း ရပ္ၾကည့္ေနသည္။
ဝမ္ေနာ့က လက္ထဲမွပန္းကိုျပန္ထားလိုက္ၿပီး သူ၏အမူအရာက အထီးက်န္သလို သနားစရာေကာင္းသြားသလိုျဖစ္သြားသည္။ သို႔ေသာ္ သူက ၿပဳံးရန္ႀကိဳးစားေနေသး ၿပီးေနာက္ စိတ္သက္သာရာရသြားသလိုသက္ျပင္းခ်သည္။ ထို႔ေနာက္ လက္ကို ေက်ာအေနာက္သို႔ပို႔လိုက္ၿပီးေနာက္ ထမင္းစားပြဲကိုသာ မွီေနေတာ့သည္။

Continue Reading

You'll Also Like

92.8K 15.9K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
22.5K 2.3K 39
Zhu Zhixin မှာအမှတ်မထင် စာအုပ်ထဲသို့ ကူးပြောင်းသွားပြီး ပိုဆိုးသည်မှာ သူက မွေးရာပါရောဂါရှိသည့်အပြင် ရာသီမရွေးအားနည်းသည့် ခန္ဓာကိုယ်ရှိသည့်အပြင် အဆို...
1.2M 52K 63
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
16.6M 526K 77
Enid is moving across the world to attend university. Away from all that she knows, she soon finds herself at the center of three men's unyielding a...