မငá€ēးက ငá€Ģ့မိနá€ēးမဖá€ŧစá€ēလá€Ŧမယá€ē့သူ (...

By Zphoowai

374K 19.3K 2.4K

Redflag- Beauty M-preg More

Intro
Profile
á€Ąá€•á€­á€¯á€„á€ēး (၁)
á€Ąá€•á€­á€¯á€„á€ēး (၃)
á€Ąá€•á€­á€¯á€„á€ēး (၄)
á€Ąá€•á€­á€¯á€„á€ēး (၅)
á€Ąá€•á€­á€¯á€„á€ēး (၆)
á€Ąá€•á€­á€¯á€„á€ēး (၇)
á€Ąá€•á€­á€¯á€„á€ēး (၈)
á€Ąá€•á€­á€¯á€„á€ēး (၉)
🌱
á€Ąá€•á€­á€¯á€„á€ēး (၁၀)
Emergency foods
Ice CREAM
🍃
á€Ąá€•á€­á€¯á€„á€ēး (၁၁)
á€Ąá€•á€­á€¯á€„á€ēး (၁၂)
á€Ąá€•á€­á€¯á€„á€ēး (၁၃)
á€Ąá€•á€­á€¯á€„á€ēး (၁၄)
á€Ąá€•á€­á€¯á€„á€ēး (၁၅)
á€Ąá€•á€­á€¯á€„á€ēး (၁၆)
á€Ąá€•á€­á€¯á€„á€ēး(၁၇)
á€Ąá€•á€­á€¯á€„á€ēး (၁၈)
á€Ąá€•á€­á€¯á€„á€ēး (၁၉)
á€Ąá€•á€­á€¯á€„á€ēး (၂၀)
á€Ąá€•á€­á€¯á€„á€ēး (၂၁)
á€Ąá€•á€­á€¯á€„á€ēး (၂၂)
á€Ąá€•á€­á€¯á€„á€ēး (၂၃)
á€Ąá€•á€­á€¯á€„á€ēး (၂၄)
á€Ąá€•á€­á€¯á€„á€ēး (၂၅)
á€Ąá€•á€­á€¯á€„á€ēး (၂၆)
á€Ąá€•á€­á€¯á€„á€ēး (၂၇)
á€Ąá€•á€­á€¯á€„á€ēး (၂၈)
á€Ąá€•á€­á€¯á€„á€ēး (၂၉)
á€Ąá€•á€­á€¯á€„á€ēး (၃၀)
á€Ąá€•á€­á€¯á€„á€ēး (၃၁)
á€Ąá€•á€­á€¯á€„á€ēး (၃၂)
á€Ąá€•á€­á€¯á€„á€ēး (၃၃)
á€Ąá€•á€­á€¯á€„á€ēး (၃၄)
á€Ąá€•á€­á€¯á€„á€ēး (၃၅)

á€Ąá€•á€­á€¯á€„á€ēး (၂)

15.9K 745 14
By Zphoowai


{Unicode}

မင်း မရှိတဲ့ အတွေးနဲ့...
မင်း ပုံရိပ် မရှိတဲ့ နေရာနဲ့...
ငါ နေသား မကျဘူး.... ပျိုးငယ်။

***

သင်္ကြန်အကျနေ့....

မနေ့ညက မိုးဖွဲနှင့်အတူ ပွင့်ခဲ့သည့် ပိတောက်ပန်းများက တစ်ပင်လုံး၀ါကာ သစ်ရွက်အချို့တောင် မမြင်ရတော့။ ကျွန်တော် ဒီနေ့ မနက် ၈နာရီလောက်မှပင် အိပ်ရာ ထနိုင်ခဲ့ပါသည်။ အစ်ကိုက ဒီနေ့ အိပ်ရာက စော ထသွားပြီး ကျွန်တော် မျက်နှာသစ်နေချိန်မှာတော့ အစ်ကိုက ဧည့်ခန်းမှာ ခပ်တည်တည်ဖြင့် ထိုင်နေသည်။

ထင်သည်တော့ အစ်ကိုက မနေ့က အဖြစ်အပျက်အတွက် အတော်လေး စိတ်ဆိုးနေပုံရသည်။ ကျွန်တော်လည်း အစ်ကို့ကို ဘယ်လိုဘယ်ပုံ ချော့ရမလဲ မသိ ဖြစ်နေမိသည်။

ထိုအချိန်မှာပင်....

"ပျိုးငယ်လေး... သီလယူ မလိုက်ဘူးလား?"

ဧည့်ခန်းမှ မမသဇင်ဦး အသံကို ကြားနေရသည်။
ကျွန်တော်လည်း ဧည်ခန်းမှာ ရှိနေသည့် အစ်ကို့ကို တစ်ချက်ကြည့်မိလိုက်သည်။ အစ်ကိုက လက်ထဲက ဖုန်းကို ကြည့်နေရာမှ ရပ်လိုက်ပြီး အိမ်ပေါ်သို့ တက်သွားတာမို့ ကျွန်တော်လည်း အလျင်အမြန်ပင် အစ်ကို့နောက်မှ လိုက်ပါ၍....။

မမသဇင်ဦးကတော့ ကျွန်တော်နှင့် သူ့မောင် အခြေအနေကို တစ်ချက်ကြည့်နေပြီး သက်ပြင်းချကာ ခေါင်းကို ခါရမ်းသည်။ ကျွန်တော်လည်း လှေကားထစ်များအတိုင်း အစ်ကိုရှိနေရာ အိမ်ပေါ်သို့ လိုက်တက်မိသည်။

အိမ်ပေါ်ကို ရောက်တော့ အစ်ကိုက သူ့အင်္ကျီများကို လဲဖယ်ဖို့ ပြင်နေသည်မို့ ကျွန်တော်လည်း အလိုက်တသိ အစ်ကို့အင်္ကျီမှ ကြယ်သီးများကို တပ်ပေးဖို့ ပြင်မိသည်။ အစ်ကိုကတော့ ကျွန်တော့်ကို ကြည့်မလာပေမယ့် ကျွန်တော် ကြယ်သီးတပ်ပေးနေသည်ကိုတော့ မတားခဲ့ပါလေ။ အစ်ကိုက ဘုန်းကြီးကျောင်းသွားပြီး သီလယူဖို့ ပြင်ဆင်ပြီးသည့် အချိန်မှာတော့ ကျွန်တော်လည်း ....

"ပျိုးငယ်... မြန်မြန် လဲလိုက်မယ်နော်... အစ်ကို..."

အစ်ကိုက ခေါင်းလည်း မခါ... ခေါင်းလည်း မညိမ့်ပါ။ သို့ပေမယ့် အောက်သို့ ဆင်းမသွားသေးဘဲ ရှိနေပုံ ရရင်တော့ ကျွန်တော့်ကို အသေအချာစောင့်နေတာမျိုးပေါ့...။ ကျွန်တော်လည်း မြန်မြန်ဆန်ဆန်ပင် အင်္ကျီလဲပြီး နောက်မှာတော့ အစ်ကိုရှိနေသည့် နေရာသို့။ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီးသည့်နောက် အိမ်အောက်သို့ လှေကားထစ်များအတိုင်း ဆင်းမိသည်။ ထိုအချိန်မှာတော့ ဘုန်းကြီးကျောင်းသွားဖို့ အသင့်ဖြစ်နေသည့် မမသဇင်ဦးက ကျွန်တော်တို့ နှစ်ယောက်ကို ကြည့်လာပြီး....

"ဟိုနေ့ကလည်း သီလရပုံ မပေါ်ဘူး...။ ဒီနေ့ရော သီလရအောင် ယူမှာလား? မောင်လေး... မမ ... ကိုဟန်မြင့်ဆီ ခဏ ပြန်ဦးမယ်။ ကိုဟန်မြင့် အမေကလည်း စခန်းပတ်၀င်နေတာ။ အဲ့ဒါ မမ အိမ်ကို ခဏပြန်မယ်နော်။ အိမ်မှာက သားလေးနဲ့ သူ့အဖေ ကိုဟန်မြင့်ပဲ ရှိတာဆိုတော့။ အစ်မ မုန့်ဖတ်ထုပ်တွေ ကူထုပ်ပြီးမှ ပြန်ရမလား?"

"........"

အစ်ကိုကတော့ မမသဇင်ဦး စကားကို အင်းမလုပ် အဲမလုပ်ပါလေ။ ကျွန်တော်လည်း အစ်ကို့မျက်နှာကို တစ်ချက်ကြည့်ပြီးသည်နှင့် ....

"ရတယ်... မမ ပြန်လိုက်နော်။ မုန့်ကိစ္စက အစ်ကိုနဲ့ ပျိုးငယ် ရှိတယ်။"

ထိုအချိန်မှာတော့ မမသဇင်ဦးက အစ်ကို့ကို တစ်ချက်ကြည့်ကာ .....

"ဟုတ်ပြီ... ဒါဆို သီလ ယူပြီးတာနဲ့ မမ ပြန်မယ်နော်။"

"ဟုတ်ကဲ့မမ...."

ထို့နောက် မမသဇင်ဦးက အစ်ကိုနှင့် ကျွန်တော့်ကို တစ်ချက်ကြည့်ကာ ဆွမ်းချိုင့်ယူ ရှေ့မှ ထွက်သွားလေပြီ။ ထိုအချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့လက်ကို ချိတ်ဆွဲလိုက်ပြီး ..... သီလယူဖို့ ရွာဦးဘုန်းကြီးကျောင်း ရှိရာသို့...။

နေ့လယ်ပိုင်း....

သီလယူပြီး ပြန်လာချိန်မှာတော့ ရွာလယ်မှာ မဏ္ဍပ်ဆောက်ပြီး ပျော်ပွဲရွှင်ပွဲ နေရာဆီက သီချင်းသံများကို ကြားနေရသည်။ အစ်ကိုကတော့ သီလယူပြီး အိမ်ရောက်သည်နှင့် ခဏပဲ နေကာ ပြန်ထွက်သွားလေပြီ။ ကျွန်တော်လည်း အိမ်မှာ လုပ်စရာရှိသည့် ကိစ္စများကိုသာ ပြီးအောင်လုပ်ဖို့ အားစိုက်နေမိသည်။

ညနေ ၅နာရီ....

မမသဇင်ဦးက နေ့လယ်ပိုင်းက ပြန်သွားတာမို့ ညနေထမင်းချက် ပြီးသည်နှင့် ရေချိုးပြီး အစ်ကို့နောက်သို့ လိုက်ဖို့ ပြင်မိသည်။ အစ်ကိုက ရွာလယ်မဏ္ဍပ်မှာ ရှိဖို့ မျှော်လင့်မိပါသည်။

ရွာလယ်မဏ္ဍပ်...

ခပ်မြူးမြူး သင်္ကြန် နှစ်သစ်ကူး သီချင်းများက လှိုင်ထ နေပြီး ရေကစားသူများနှင့် စည်ကားနေသည်။ ကျွန်တော်လည်း မဏ္ဍပ်ဆီက အခြေအနေကို အ​ေ၀းကနေပင် ကြည့်လိုက်မိသည်။ အစ်ကို့ နောက်သို့ လိုက်ပေမယ့် အစ်ကို ဆူမှာလည်း ကြောက်မိပါသည်။ အစ်ကိုက ဒီလိုမျိုး လူများသည့် အချိန်ဆို ကျွန်တော့်ကို အပြင်ထွက်တာမျိုး မကြိုက်ပါ။

ကျွန်တော်လည်း မပြတ်မသား ဒွိဟများဖြင့် ထိုမဏ္ဍပ်ရှိရာသို့ တဖြည်းဖြည်း တိုးကပ်ပြီး အစ်ကို့ကို ရှာမိသည်။ ဒီလူအုပ်က ဒီရွာကပဲမို့ အစ်ကို့အကြောင်းသိပြီး ကျွန်တော့်ကို ဘယ်သူမှ အကြည့်တစ်ချို့နဲ့တောင် ကြာကြာ သီခ နိုင်တာမျိုး မရှိပါ။ အစ်ကိုက အဲ့လောက်ထိကို ကြောက်ဖို့ ကောင်းတာမျိုးပင်။

ထိုလူအုပ်က ကျွန်တော့်ကို ခဏမျှသာ ကြည့်ပြီး ဆက်ပြီး မကြည့်ရဲတော့။ ဒီလိုအခြေအနေဆို ဒီမဏ္ဍပ် တစ်နေရာရာမှာ အစ်ကို ရှိနိုင်ပါသည်။ ဒီအတိုင်း တရွေ့ရွေ့ တိုးကပ်သွားပြီးသည့် နောက်မှာတော့ မဏ္ဍပ်ထောင့်တစ်ခုမှာ ထိုင်ကာ ရှိနေသည့် အစ်ကို....။

အစ်ကို့ပုံစံက ပုံမှန်နှင့်မတူတာမို့ အနည်းငယ်တော့ သောက်နေတာမျိုးလား? သူ့ဘေးနားမှာလည်း သူ့သူငယ်ချင်း ကို​ေ၀ကြီးလည်း ရှိနေသည်။ နှစ်ယောက်လုံးက ဆောင့်ဆောင့်ထိုင် ဒူးခေါင်းနှစ်ဖက်အပေါ် လက်နှစ်ဖက်ကို ဆန့်တန်းပြီး တင်ထားသည်။

အစ်ကိုကတော့ အခုထက်ထိ ကျွန်တော့်ကို မြင်ပုံ မရသေးပါ။ ကျွန်တော်လည်း အစ်ကို့အနားသို့ ခပ်သွက်သွက် သွားမိလိုက်သည်။ ထိုအချိန်မှာတော့ ကို​ေ၀ကြီးက ကျွန်တော့်ဘက်သို့ လှည့်ကြည့်ပြီး ကျွန်တော့်ကို မြင်ချိန်မှာတော့ တိုးတိုးနေဖို့ နူတ်ခမ်းပေါ် လက်ညှိုးတင်ကာ လုပ်ပြမိသည်။ ထိုအချိန်မှာတော့ ကို​ေ၀ကြီးက ခေါင်းကို ညိမ့်ပြပြီး.... နံဘေးမှ အစ်ကို့ကို တစ်ချက်ကြည့်ကာ ....

"ငါ ဟိုဘက် ခဏ သွားလိုက်ဦးမယ်။ မင်း ထပ်မသောက်တော့နဲ့နော်။"

"......."

ထိုအချိန်မှတော့ အစ်ကိုက ခေါင်းကို ညိမ့်ပြသည်။ ကို​ေ၀ကြီးက ကျွန်တော့်ကို အဆင်ပြေကြောင်း အမူအရာတစ်ချို့ပြပြီး သူက ရှောင်သည့်အနေဖြင့် ထွက်သွားလေပြီ။

ထိုအချိန်မှာပင် ကျွန်တော်လည်း.... အစ်ကို့အနားသို့ အလျင်အမြန်သွားကာ.... အစ်ကို့ရင်ခွင်ထဲသို့ တိုး၀င် ၀င်ထိုင်မိသည်။ ထိုအချိန်မှာတော့ အစ်ကိုက အနည်းငယ် ​ကြောင်သွားဟန် ရှိပြီး ရင်ခွင်ထဲက အကောင်အထည်က သူ့လူမှန်း သိသည့် အခါမှာတော့.... လက်တစ်ဖက်ဖြင့် ကျွန်တော့်ကို သူ့လက်တစ်ဖက်ဖြင့် ပွေ့ဖက်လာသည်။

ထို့နောက် သူ့ဘေးနား ချထားသည့် ဘီယာဗူးကို ကိုင်ကာ မော့သောက်လိုက်ပြီး....

"ဘာလို့ လိုက်လာတာလဲ? အိမ်မှာ မနေဘဲနဲ့...."

အစ်ကို့ဆီက ပထမဆုံး ကြားရသည့် စကား။ အစ်ကို့ထံမှ စကားတစ်ချို့ကြားရပြီးဆိုတော့ အစ်ကိုသိပ်ပြီး စိတ်ဆိုးဟန် မရှိတော့သည်မို့ အနည်းငယ် စိတ်အေးသက်သာမှု ရခဲ့ပါသည်။ ကျွန်တော်လည်း အစ်ကို့ရင်ခွင်ထဲ ပိုတိုးနစ်မြှုပ်အောင် ထိုင်လိုက်မိပြီး အစ်ကို့မေးစေ့အောက်သို့ ကျွန်တော့်ခေါင်းကို တိုး၀င်မိသည်။ အစ်ကို့မျက်နှာကို မော့ကြည့်ပြီး မြင်နေရသည့် မေးဖျားကို ကျွန်တော့်နဖူးနှင့် ပွတ်တိုက်မိသည်။

"အစ်ကို့ကို မတွေ့ရလို့လေ.... ပျိုးငယ် မနေတတ်ဘူး။"

"အဟင်း...."

အစ်ကိုက ကျွန်တော့်စကားအတွက် ခပ်ထေ့ထေ့ သဘောကျစွာ ပြုံးသည်။

"အဲ့ဒီတော့ ဒီကိုလာပြီး ချော့တယ်ပေါ့.... ကိုယ်က အဲ့လိုလုပ်တော့ ပြေမယ်ထင်လား? ဒီလိုလူများတဲ့ နေရာကို လာတာ မင်း ကိုယ့်အသက်ကို မနှမြောဘူးလား?"

"ဟင့်အင်း....
ပျိုးငယ်က အစ်ကိုမှ မရှိရင် မနေနိုင်တာ...."

ထိုအချိန်မှာတော့ အစ်ကိုက သဘောကျစွာ ရယ်လာပြီး လက်ကျန်ဘီယာကို မော့ချကာ လက်နှစ်ဖက်ဖြင့် သူ့ရင်ခွင်ထဲမှ အကောင်အထည်ကို တင်းကြပ်စွာ ပွေ့ဖက်လာပြီး....

"ဒီဟာလေးကတော့ ငါ သတ်ရင် သေဦးမယ်...."

ည ၇နာရီ....

၆နာရီကျော်ပြီးသည်နှင့် အစ်ကိုနှင့်ကျွန်တော် မဏ္ဍပ်ကနေ အိမ်သို့ ပြန်လာမိသည်။ အိမ်ရောက်သည့် အချိန်မှာတော့ မမသဇင်ဦး လုပ်ပေးခဲ့သည့် မုန့်နယ်များဖြင့် မုန့်ဖက်ထုပ် ထုပ်ဖို့ ပြင်မိသည်။

ကျွန်တော်လည်း ရေနွေး ရေဆူအိုးကို ထုပ်ပြီးသား မုန့်ထုပ်များ ပြုတ်နိုင်ဖို့ လုပ်မိသည်။ ထို့နောက် ရေဆူအိုးကို တစ်ချက်ကြည့်ပြီး... အစ်ကို့ဘက်သို့ ပြန်လှည့်ကြည့်မိတော့....

ငှက်​ပျောဖက် ၊ ပေါက်ဖက်ကို ဆီအနည်းငယ် ဆွတ်ကာ မုန့်နယ်များကို ထည့်သည်။ ထို့နောက် အထဲမှာ ပဲလွန်းနှင့်ထန်းညှက် ရောလျက် ထောင်းထားသော အဆာများကို ထည့်ကာ စိတ်ရှည်လက်ရှည်ဖြင့် ထုပ်နေသည်။ အရာရာကို ဇိုးဇိုးဇက်ဇက်ဖြင့် ရှိသည့် အစ်ကိုက တကယ်ကို ဒီလိုစိတ်ရှည်မယ်လို့လည်း မထင်ခဲ့ပါ။

လင်ပန်းတစ်ချပ်အပြည့်ရသည့် ထုပ်ပြီးသား မုန့်များကို ယူပြီး.... ရေဆူအိုးထဲသို့ ထည့်ပြုတ်သည်။ ထို့နောက် ထုပ်လိုက် ပြုတ်လိုက် ကျက်ပြီးသား မုန့်ထုပ်ကို ဆယ်လိုက်ဖြင့်ပင် အချိန်တစ်ခု ရှိနေသည်။

ည ၁၀နာရီ....

မုန့်ထုပ်များ အကုန် ထုပ်ပြီး ပြီးစီးသွားလေပြီ။ ကျွန်တော်လည်း နောက်ဆုံးလက်ကျန် မုန့်ထုပ်လေးကို ကြည့်ပြီး အစ်ကို့ကို ရေအရင်ချိုးခိုင်းလိုက်မိသည်။

ထို့နောက် အချိန်တစ်ခု ကြာပြီးသည့် အချိန်မှာတော့...

"အမလေး..."

အနည်းငယ် လန့်သွားမိသည်။ မုန့်ဖက်ထုပ် ပြုတ်ထားသည့် အိုးကို တစ်ချက်ကြည့်ပြီး နောက်သို့ တစ်ချက် လှည့်ကြည့်စဥ်မှာတော့ အနားမှာ ဘယ်အချိန်ကတည်းက ရောက်လားသလဲ မသိ။ အစ်ကိုက ရေချိုးပြီးသား ဖြစ်နေသည်။ ကျွန်တော့်အနားမှာ ထိုင်ပြီး ငြိမ်ကာ ကျွန်တော့်ကို ကြည့်နေသည်။

"အစ်ကိုရယ်.... ဘယ်လိုဖြစ်ပြီး... အသံမပေး ဘာမပေးနဲ့...။ ဒီတစ်အိုးပြီးရင် ပြီးပြီနော်။ အစ်ကို ထမင်းစားဦးမှာ မလား?"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ခေါင်းကို ညိမ့်ကာ အနည်းငယ် ပြုံးပြသည်။ ထို့နောက် သူနှင့် ကျွန်တော့်အကြား အကွာအ​ေ၀းတစ်ခု၌ ကျွန်တော့်ခါးကို ဆွဲယူသိမ်းကာ သူ့ဘက်သို့....။ ရုတ်တရက်မို့ လန့်သွားချိန်မှာပဲ အစ်ကိုက ကျွန်တော့် ခန္ဓာကိုယ်ကို တင်းကြပ်စွာ ပွေ့ဖက်ပြီးသား....။ ကျွန်တော့်လည်တိုင်သို့ သူ့မျက်နှာကို ထိကပ်နမ်းရှိုက်လေတော့.... ကျွန်တော်လည်း အနည်းငယ် ခန္ဓာကိုယ်ကို တွန့်ကာ ရုန်းလိုက်မိသည်။

ထိုအချိန်မှာတော့ အစ်ကိုက လျော့ရဲသွားသည့် အကွာအဟကို ပြန်လည်တင်းကြပ်စေပြီး...

"ပျိုးငယ်...
မင်း ချွေးတွေ ထွက်နေချိန်ဆို အရမ်းဆွဲဆောင်မှုရှိတယ်။ အဓိက က မေးဖျားကနေ ချွေးစတို့ တွဲခိုနေတဲ့အချိန်၊ နဖူးအနားတစ်၀ိုက် နားအနားတစ်၀ိုက်က ဆံပင်လေးတွေ ချွေးစတို့ ကပ်ညှိနေတဲ့ အချိန်ပဲ...."

"အစ်ကို..."

အစ်ကို့အခြေအနေကို အနည်းငယ် တားလိုက်မိသည်။ တကယ်တော့ ပြုတ်ထားသည့် အိုးအနား ကပ်ရသည်မို့ မီးအရှိန်ကြောင့် ထွက်နေသည့် ချွေးစများသာ....။

"... ပျိုးငယ်...
မင်းက ချောလည်း ချောသလို... ဆွဲဆောင်မှုလည်း အရမ်းရှိတယ်..."

"အင့်.... အစ်ကို..."

ထို့နောက်မှာတော့ အစ်ကိုက ရုတ်တရက်ဆိုသလို တင်းကြပ်စွာ ပွေ့ဖက်လာသည်။ ကျွန်တော့်ခန္ဓာကိုယ် တစ်ခုလုံး အစ်ကိုက သူ့ရင်ခွင်ထဲ ထည့်ကာ ပွေ့ထိန်းလိုက်သည်။ ပွေ့ထိန်းလိုက်တာထက် ချုပ်လိုက်တာမျိုး။ ထို့နောက်...

အစ်ကိုက ထုံးစံအတိုင်း ကျွန်တော့်မျက်နှာကို သူ့လက်ဖြင့် ကိုင်ကာ သူ့စိတ်ကြိုက်....။
အစ်ကို....

ကျွန်တော့် ခန္ဓာကိုယ်တစ်ခုလုံး အစ်ကို့ရင်ခွင်ထဲ ချုပ်ပြီး အစ်ကို ပြုသမျှ လက်ခံလိုက်ရတာမျိုးပင်။

ည ၁၁နာရီ...

ကျွန်တော် ရေမြန်မြန်ချိုးပြီးသည်နှင့်... ဘုရားခန်းထောင့်တစ်ဖက်မှာ ရှိနေသည့် အစ်ကို့အနားသို့...။ အစ်ကို့လက်အောက်မှာ အလိုက်သင့် တိုး၀င်အိပ်ချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို ထွေးဖက်လာပြီး ကျွန်တော့် နားသယ်စပ်ဘက်သို့ သူ့နှာခေါင်းဖြင့် ထိယှက်၍...။

"ပျိုးငယ်...
မင်း ရှိနေသရွေ့... ငါ့ယစ်မူးမှုက... အဆုံးသတ်တော့မှာ မဟုတ်ဘူး။"

ထို့နောက် အစ်ကိုက ထုံးစံအတိုင်း ပြင်းရှသော အနမ်းများက ကျွန်တော့်မျက်နှာပေါ်သို့ နေရာယူခဲ့လေပြီ...။

သင်္ကြန်အကြတ်နှင့် အတက်နေ့မှာလည်း ဒီအတိုင်း ရှိနေသည်။ အခု ဒီနေ့ နှစ်ဆန်း တစ်ရက်နေ့....

တစ်နေ့လုံး အစ်ကိုနှင့်အတူ ကောင်းမှုကုသိုလ်အပြည့် ယူဖို့ ကြိုးစားမိသည်။ မနက်ကတည်းက သီလယူ... အဘိုးအဘွားများကို ရေကုသိုလ်ပြုသည်။ လက်သည်းခြေသည်းများကို ညှပ်ပေးသည်။ ကိုယ်ခန္ဓာမှာ ကပ်ညှိနေသည့် ချေးညှော်များကို ခဏတာ သန့်စင်ဖို့ လုပ်ပေးမိသည်။ ထို့နောက် ဘုရားဆင်းတု စေတီများကို ရေသပ္ပာယ်သည်။

တစ်ချို့နှစ်များမှာတော့ ဒီနယ်ဘက်မှာ ဒီနေ့မှာ သတ္တ၀ါ တိရစ္ဆာန်များကို ဘေးမဲ့ပေးပြီး လွှတ်ပေးတာမျိုး ရှိသည်။ ဥပမာ ငါးများကို ရေကန်ထဲသို့ လွှတ်ပေးတာမျိုး... သတ်လုဆဲဆဲ ဖြစ်နေသည့် နွားများကို လွှတ်ပေးတာမျိုးပေါ့...။

အခုလည်း နေ့လည်ပိုင်း ဥပုသ် သီလသည်များကို မုန့်လှူဖို့ ကြိုးစားမိသည်။ မုန့်လုံးများကို တက်ညီလက်ညီ လုံးနေမိသည်။ သင်္ကြန်အကြတ်နေ့က ရွာထဲက ကာလသား အမျိုးသမီးများ စုရုံးကာ စတုဒိတာ ကျွေးမည့် နေ့ကလည်း ကူလုပ်ပေးရသည်။ ဒီနေ့တော့ အိမ်မှာ အိမ်နီးချင်းတစ်ချို့နှင့် စုရုံးနေသည်။

ကျန်တာမဟုတ် မုန့်လုံး ကူလုံးကြတာပင်။ မုန့်လုံး လုံးသူက လုံး၊ ပြုတ်သူက ပြုတ်၊ ဆယ်သူက ဆယ်ဖြင့် ရှိနေသည်။ ကျွန်တော်ကတော့ အစ်ကို့အနားမှာပဲ ရှိနေသည်။ ရှိနေဆို အစ်ကိုက သူ့အနားက လွဲပြီး ဘယ်အနားကိုမှ သွားခိုင်းတာ မဟုတ်သည်မို့....။

အိမ်မှာ လာပြီး ကူလုပ်ပေးသည့် သူများတော့ အစ်ကိုနှင့် ကျွန်တော့်အကြောင်းကို သိသူများမို့ ရင်းရင်းနှီးနှီး ရှိပါသည်။ အစ်ကို့ရင်ခွင်ထဲ ရှိနေပြီး အစ်ကို့ပေါင်တစ်ဖက်ပေါ်သို့ ကျွန်တော့်ပေါင်ပါ ထပ်နေသည့် အပြုအမူက သူတို့အတွက် ရိုးနေပြီး ဖြစ်သည်။

ရွာဦးကျောင်း....

မုန့်များ ကျက်ပြီးသည့် အချိန်မှာတော့ ထိုမုန့်များကို လင်ဗန်းထဲ ငှက်ပျောရွက်ခင်းကာ ထည့်ထားပြီး ကျောင်းသို့။ ကျောင်းရောက်သည်နှင့် ဥပုသ်သည်များကို ကုသိုလ်ပြုသည်။ အချိုရည်များလည်း တိုက်သည်။ ဒီလိုပဲ သင်္ကြန်အခါကာလအတွင်းမှာတော့ ဒီလိုမျိုး စတုဒိသာက တစ်ရက်မှ မပျက်။ ဖရဲသီး ၊ မုန့်အမျိုးမျိုးနှင့် အချိုရည်များ... တစ်မျိုးပြီးတစ်မျိုး ကျောင်းသို့ လာပြီး စတုဒိသာအဖြစ် လှူကြသည်။

အခုလည်း ကျွန်တော်နှင့်အစ်ကိုကတော့ မုန့်လုံး၊ မုန့်ဖက်ထုပ်၊ အသင့်ဖျော် ဘာလီအချိုရည်များဖြင့် ကျောင်းမှာ ရှိနေသည့် သီလယူသည့် ဥပုသ်သည်များကို ကုသိုလ်ပြုပြီးသည်နှင့် ရွာထဲက သက်ကြီးရွယ်အိုများဆီသို့....။

ဒီနေ့မျိုးဆို ကာလသားများ အမျိုးသမီးများက အဖွဲ့တစ်ခု စုပြီး အိမ်တိုင်ရာရောက် ရေလောင်းတက်တာမျိုး ရှိသည်။ သို့ပေမယ့် လူပျို အပျို ရှိနေသည့် အိမ်များသာ ဖြစ်ပါသည်။

ကျွန်တော်တို့လည်း ကျောင်းက ပြန်ပြီးသည်နှင့် မနက်ဖြန်အတွက် ပရိတ်တရား ပရိတ်ရေအိုးနှင့် ပရိတ်ပန်းများ ပရိတ်သဲများ စီစဥ်မိသည်။ ထို့နောက် တောဘုရားဆီသို့ သွားပြီး ရေသပ္ပာယ်သည်။ ထီးဖြူ ၊ တံခွန်လုံးအပြည့်ပါသည့် အတာအိုးများကို အတာသင့်သည့် နေ့နာမ်များက လှူထားသည်မို့ ဘုရားပစ္စယံအထပ်များ၌ အတာအိုးလေးများဖြင့် ....။

ဒီနေ့အတွက် အစ်ကိုနှင့်အတူ ကုသိုလ်ပြုပြီး နှစ်တစ်နှစ်အစကို ကြိုဆိုလိုက်ရသည်မို့ ကျွန်တော် ပျော်နေမိသည်။ ထို့နောက် ဘုရားမုဥ်တစ်ဖက်က  လှေကားအဆင့်အပေါ် ထိုင်နေမိပြီး အခုချိန် ဖွေဖွေးလှုပ် ပွင့်နေသည့် တမာပင်များ နှင့် ၀ါထွေးနေသည့် သင်္ကြန်၏ သရုပ် ပိတောက်ပန်းများနှင့် ငု၀ါပန်းများကို ကြည့်နေမိသည်။

ထို့နောက် အတာပန်း လှူနေသော အဖွဲ့နှင့်အတူ ဗောဒိညောင်ပင်ကို ၀ိုင်းကာ တည်ထားသည့် ထောင့်ရှစ်ထောင့် ပါသည့် ဂြိုဟ်ပြေ နံပြေ ဘုရား တစ်ဆူချင်းဆီ၌ ရေသပ္ပာယ်တာမျိုး ၊ ပန်းလှူတာမျိုး ပြုလုပ်နေမိသည်။ အစ်ကိုကတော့ ကျောင်းပေါ်က ​ေ၀ယျာ၀စ္စအဖွဲ့နှင့်အတူ ရှိနေတော့ အနည်းငယ်တော့ ကျွန်တော့် အစ်ကို့ဆီက ပွေ့ဖက်မှု လွှတ်ကင်းမှု ရနေပါသည်။

အတော်ကြာတော့ ပန်းကို လှူအပြီး ရေသပ္ပာယ်နောက်မှာတော့ နှစ်သစ်ကူး၏ နောက်ဆုံးနေ့အဖြစ် ဘုရားပေါ်မှ ပန်းလှူ ရေလဲသည့် သူများ၏ ရေပက်တာကို ကြည့်နေမိသည်။ ကျွန်တော့်ဘေးနားမှာလည်း အသိဉာဏ် နုနယ်သေးသည့် ကလေးများက ၀ိုင်းပင်ကြတာမို့ ရေအနည်းငယ်စိုလျက်....။ ကျွန်တော်လည်း သူတို့နှင့်အတူ အချင်းချင်း ရေပက်မိနေကြသည်။

ထို ရေပက်သည့် တစ်ခဏမှာပဲ တဒင်္ဂ ပွေ့ဖက်မှုနှင့်အတူ ပွေ့ချီမှု...။ ကျွန်တော်လည်း တိုး၀င်နေသည့် ရင်ခွင်ကျယ်ကို ရင်းနှီးနေပြီးသည့် နောက်မှာတော့....

"အစ်ကို..."

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်မျက်နှာကို နစ်နာစွာ ရှုကြည့်ပြီးသည့် နောက်မှာ...

"ပျောက် ပျောက် မသွားနဲ့...
ငါအနားမှာပဲ နေပါကွာ ကလေးလေးရာ..."

မိနစ်အနည်းငယ် အကြာ....

အစ်ကိုက ကျွန်တော့်အင်္ကျီအစိုကို အရင်လဲဖို့ ကြိုးစားပေမယ့် ကျွန်တော်ကတော့ ဘုရားက ပြန်ရမည် စိုး၍ ပေကပ်နေမိသည်။ ကြာတော့ အစ်ကိုကလည်း ကျွန်တော့်ဘေးအနား ရှိနေခဲ့သည်။ ကျွန်တော်လည်း တမာပင်အောက်မှာ ရှိနေပြီး တမာရနံ့သင်းသင်းလေးကို ရှုရှိုက်မိသည်။ ပင်ယံအပြည့် ပွင့်နေသည့် ပိတောက်ပန်းများနှင့် ငု၀ါပန်းများကို ငေးကြည့်မိသည်။ ထိုအချိန်မှာပင် အစ်ကိုက ကျွန်တော့်လက်ကို ဆွဲပြီး ပိတောက်ပွင့်များဖြင့် ၀င်း၀ါနေသည့် ပိတောက်ပင်အောက်သို့ ခေါ်လာသည်။

ထိုအချိန်မှာတော့ ပိတောက်ပင်အောက်မှာ အစ်ကိုက ရပ်တန့်ပြီး ကျွန်တော့်ကို ငေးကြည့်သည်။ ထို့နောက် ကျွန်တော့်နားရွက်အနားမှ ဆံပင်များကို နားရွက်နောက်သို့ ထိညှပ်ပေးသည်။ ထို့နောက် အစ်ကိုက သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို ထုတ်လာသည်။

ပု၀ါလေး...
ကြက်သွေးရောင်....
အ၀တ်စက လုံး၀ကို အရည်အသွေးရှိတာမို့လား မသိ... အရောင်လေးက တောက်နေသည်။ ထိုပု၀ါလေးကို အစ်ကိုက ဖြန့်ပြသည်။

ထိုအချိန်မှာပင် ကျွန်တော် ဟာခနဲ....
ဟုတ်ပါသည်။ လက်ကိုင်ပု၀ါ အစွန်းတစ်ဖက်၌ ငွေပန်းပွင့်လေးများနှင့်အတူ ...

'ပျိုး' ဟူသော အမည်နာမလေး...
အရုပ်သဘောမျိုး ၊ ဆေးရိုက်ထားတာမျိုးမဟုတ်ဘဲ သေချာချည်ဖြင့် အနုစိတ်လုပ်ထားတာမျိုး။ ကြက်သွေးရောင်ပေါ် ချည်ဖြင့် ထိုးထားသည့် ငွေပန်းပွင့်လေးများက အသက်၀င်ရုံသာမက.... ပျိုး ဟူသော ကျွန်တော့်နာမည်က မြန်မာဖောင့် လှလှလေးဖြင့် ရှိနေပြီး ဖက်ဖူးစိမ်းရောင် ချည်လေးနဲ့ဆိုတော့.... ပြောစရာမရှိတော့။

အစ်ကိုကတော့ သူ့ပု၀ါလေးကို မှင်တက်စွာ ငေးကြည့်ပြီး ထိနေသည့် ကျွန်တော့်လက်ထဲသို့ ထိုပု၀ါလေးကို ပေးလာသည်။ ထို့နောက် အစ်ကိုက ကျွန်တော့်ပုံစံကို သဘောကျစွာ ကြည့်လာပြီး ထိုလက်ကိုင်ပု၀ါ၏ အစွန်းတစ်ဖက်ကို လှည့်ပြလာပြန်သည်။ ထိုအချိန်မှာတော့ ကျွန်တော်ပိုပြီး အံ့သြမှင်တက်မိသည်။

'မိန်းမ....'

ထိုစာသားလေးကလည်း ချည်ဖြင့် ထိုးထားတာတောင် သပ်ရပ်ပြီး ရှိနေသည်။ ကျွန်တော်လည်း ထိုနာမည်လေးကို လက်ဖြင့် သဘောကျစွာ ဖွဖွ ထိနေမိသည်။

"သဘောကျလား?"

"ဟုတ် အရမ်းသဘောကျတယ်... အစ်ကို"

သဘောကျမှုက မျက်ရည်ပင် ၀ဲလာသည့် အထိပင်။ ခေါင်းကို တဆတ်ဆတ်ညိမ့်ကာ သဘောကျကြောင်း ပြောမိသည်။ ထိုအချိန်မှာတော့ အစ်ကိုက ထိုပု၀ါလေးကို ယူကာ... ကျွန်တော့်ခပ်ပြေပြေ ဆံထုံးလေးကို သိုင်းချည်သည်။

"ဒီကောင်ကြီးရဲ့ မိန်းမအဖြစ် ကိုယ့်ကို ယဥ်ပါးအောင် ထိန်းကျောင်းပေးခဲ့လို့.... ကျေးဇူးအများကြီး တင်ပါတယ်... ပျိုးငယ်..."

"......."

"သိပ်ချစ်လွန်းလို့ ရူးသွပ်နေတဲ့ ဒီလူ့အနား ရှိနေပေးခဲ့လို့..."

ထိုအချိန်မှာတော့ လေညှင်းနှင့်အတူ မိုးဖွဲအနည်းငယ်က ဆော်သွေးလာသည်။ မိုးသက်လေ ကျီဆယ်မှုနောက်မှာတော့ ပိတောက်ပွင့်ဖတ်များက လေနှင့်အတူ မျှောလွှင့်၍....
ထို့အတူ....

မိနစ်အနည်းငယ်အကြာ...

ကျွန်တော်တို့ တောဘုရားဘက်မှ အနည်းငယ် နေပြီးသည့်အချိန်မှာတော့ အိမ်သို့ ပြန်လာမိသည်။
အစ်ကိုက ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ချီကာဖြင့် အိမ်ပေါ်သို့ လှေကားထစ်တစ်ချင်းစီ တက်သည်။

အစ်ကိုက အိမ်ပေါ်သို့ ရောက်လာသည်နှင့် ကျွန်တော့်ကို အောက်သို့ ချကာ တံခါးကို ချက်(ဂျက်)ချကာ ပိတ်လိုက်သည်။ ထို့နောက် ကျွန်တော်က အစ်ကိုပွေ့ချီရာနောက် ပြန်လည် ရောက်ရှိပြီး နောက်မှာတော့ အစ်ကိုက အိပ်ခန်းရှိရာသို့....

ထို့နောက်မှာတော့ အိပ်ခန်းတံခါးကိုပါ ပိတ်လိုက်ပြီးသည့် နောက်.... ကျွန်တော့်ကို ကုတင်ပေါ်သို့ တင်ပေးသည်။ ထို့နောက် ကျွန်တော့်ကို နမ်းရှိုက်နေရင်းပင် ကျွန်တော့်ခေါင်းထက်မှ ပု၀ါစ ကို ဖြည်ကာ ကျွန်တော့်လက်နှစ်ဖက်ကို ဖွဖွ တုပ်သည်။ ထို့နောက်... အစ်ကိုက သူ့အိတ်ကပ်ထဲက တစ်စုံတစ်ရာကိုပါ ထုတ်လာသည်။

ဟုတ်ပါသည်...
ကျွန်တော့်ကို အစ်ကိုပေးထားသည့် ပု၀ါလေးနှင့် ဆင်တူပင်။ ထိုအရာကိုပါ ကျွန်တော့်လက်မှာ ရစ်နှောင်သည်။ ထို့နောက်....

မိုးသက်လေပြင်းများနှင့် သင်္ကြန်မိုးတို့က နှစ်ဆန်းတစ်ရက်နေ့ ညမှာ အသည်းအသည် ရွာသွန်းနေ​လေပြီ။

ထို့အတူ ပု၀ါနှစ်ခုက အချိန်ကာလတစ်ခု၌ ပြေလျော့၍....
ထိုပု၀ါတစ်ထည်က လျှပ်စီး တစ်ပြက်အတွင်း မြင်လိုက်ရသည်က...
အနက်ရောင် ချည်နှင့်အတူ ထိုးထားသည့်.... စာတန်းလေး...

....ငါ ပိုင်တဲ့... ငါ့ရဲ့လူ
ငါ့ရဲ့ မဟေသီ....

မနက် တစ်နာရီ...

နှစ်ဆန်း နှစ်ရက်နေ့...

ကျွန်တော်လည်း အိပ်ရာမှ နိုးလာမိသည်။ ကျွန်တော် အိပ်ရာမှ နိူးလာမိတော့ မှောင်မိုက်နေသော ညအတွင်း လျှပ်နွယ်သဲ့သဲ့ကြောင့် ၀င်းထိန်လျက် ရှိနေလေပြီ။ ကျွန်တော်လည်း လျှပ်နွယ်အရှိန်ဖြင့် ပတ်၀န်းကျင်ကို သတိထားကြည့်မိတော့.... ကျွန်တော့်ဘေးအနားမှာ အိပ်ပျော်နေသည့် အစ်ကို။

ချက်ချင်း နားထဲ ကြားနေရသည်က အသံနှင့်အတူ ချမ်းအေးမှုကြောင့် မသိမ်းဆည်းရသေးသည့် ပစ္စည်းများကို သတိထားမိတာမို့။ အစ်ကို့ရင်ခွင်ထဲမှ အသာဖွဖွ ထွက်လိုက်ပြီး... လှေကားအတိုင်း အောက်သို့ ဆင်းလာမိသည်။

ထင်သည့်အတိုင်း သိမ်းဆည်းရမည့် ပစ္စည်းများက အနည်းငယ်တောင် စိုစွတ်နေလေပြီ။ ကျွန်တော်လည်း ကပျာကယာပင် သိမ်းဆည်းနေသည်အချိန် လျပ်နွယ်များက တပြိုးပြိုး တပျက်ပျက်...။

ကျွန်တော်လည်း ပြေကျသွားသည့် ဆံပင်များကို ထုံးတင်နေတုန်း ရှိသေးသည်... ရုတ်တရက် ခါးမှ တင်းကြပ်သော ပွေ့ဖက်မှု...
ထိုပွေ့ဖက်မှုက အင်္ကျီနှင့် လွှတ်သွားသော မိမိအသားစိုင်များအား အနွေးဓာတ်က ကူးလူးလာသည်။ ကျွန်တော်လည်း ခါးမှ တင်းကြပ်စွာ ပွေ့ဖက် တွေ့ထိမှုကို ခံစားရပြီးနောက် အထိအတွေ့နောက် ...

"အစ်ကို..."

ရုတ်တရက် အံ့သြမှုနှင့်အတူ ကျွန်တော်လည်း အစ်ကို့ကို ကြည့်ကာ ပြုံးပြလိုက်မိသည်။ ထိုအချိန်မှာတော့ အစ်ကို့က ကျွန်တော့်ကို ပွေ့ဖက်ကာ ကျွန်တော့်ကို သူနှင့်မျက်နှာချင်းဆိုင်သို့...။ ထို့နောက် အင်္ကျီနှင့် လွှတ်နေသော ခါးစပ်မှ ပွေ့ဖက်က အင်္ကျီအောက်က ကျောပြင်ဆီသို့....။

ထို့နောက် ကောင်းကင်က ပြိုးပြိုးပြက်ပြက် အလင်းနှင့်အတူ ....

"ပြော... မင်းရဲ့ ဘယ်နေရာက ငါနဲ့ မရင်းနှီးတာလဲ?"

"အစ်ကို..."

ကျောဖြင့် နံရံကို မှေးမှီလိုက်သည့် တစ်ခဏ၌ ... ကျွန်တော့်အသိတရားထဲ အစ်ကို့ပွေ့ဖက်မှုများထဲ အနမ်းတရားနှင့် တပ်မက်ခြင်းများက ရော၍...။

"အစ်ကို့ကို ချစ်တယ်..."

အစ်ကို့ပွေ့ဖက်မှု ၊ အနမ်းတရားတို့မှ လွှတ်မြောက်သွားသည့် တစ်ခဏ၌... ကျွန်တော့်ပါးပြင်ကို ထွေးအုပ်ကာ ကိုင်ထားသည့် အစ်ကို့လက်ကို ထပ်အုပ် ဆုပ်ကိုင်ပြီး ပြောလိုက်မိသည်။

ထိုအချိန်မှာတော့ အစ်ကို့ထံမှ အသက်ရှုသံ တစ်ချက်နှင့်အတူ အစ်ကိုက ကျွန်တော့်ခါးကို ဆွဲ၍ သူ့အနားသို့ ဆွဲယူသည်။ ကြာလေသွေးသည့် နေရာတောင် မရှိစေသလိုမျိုး ။ ကျွန်တော့်က အစ်ကို့ရင်ခွင်ထဲ တစောင်း အနေအထားဖြင့် ရှိနေပြီးသည့်နောက်.... အစ်ကိုကတော့ ကျွန်တော့်ကျောပြင်နှင့် ခါးမှ သိုင်းလျက်... တင်းကြပ်ပိုင်နိုင်စွာ ပွေ့ဖက်ထားသည်။

"ငါတော့ မင်းကို ချစ်လွန်းလို့ ရူးတော့မယ် ထင်တယ်..."

"အ~
အစ်ကို..."

နှစ်ဆန်း သုံးရက်နေ့....

"အစ်ကို...
အစ်ကို့အပေါ်မှာ ကာယကံ ၀စီကံ မနေကံနှင့်အတူ ပြစ်မှားခဲ့တာရှိရင် တောင်းပန်ပါတယ်နော်။ ခွင့်လွှတ်ပေးပါ အစ်ကို..."

အခုမှ ဘာစိတ်ကူးပေါက်သည်လဲ မသိ။ တစ်ခြားသူများ ဓလေ့အတိုင်း ရေတစ်ခွက်နှင့်အတူ အင်္ကျီ၊ ပုဆိုးတစ်ထည်ဖြင့် လက်အုပ်ချီကာ ကန်တော့လာတဲ့သူ...။

ဆံပင်လေးက ထုံးဖွဲ့ထားပြီး ခပ်သွယ်သွယ်ဖွေးဖွေး လည်တိုင်လေးမှာတော့ ငါ၏ လွန်ကျူးမှုတွေ...

"အစ်ကို ဆုပေးဦးလေ...။ ပြီးတော့ ဟီး... မု့န်ဖိုးလည်း ပေးဦး..."

ဒီအလှလေး ဒီနေ့ကျမှ ဘာဖြစ်နေသည်လဲ မသိ။ တစ်ခြားသူတွေလို ရေနှင့် ကန်တော့တာတဲ့လား? သူ့ပုံစံကြည့်ရတာ တကယ် အတည်လိုမျိုးမို့...။

"ဒီနားကို လာခဲ့..."

"ဟုတ်..."

လက်အုပ်ချီတာကို မဖြည်ဘဲ ဒူးထောက်ကာ ကျွန်တော့်အနားသို့ တရွေ့ရွေ့ လျှောက်လာသည့် သူ။

"လက်အုပ် ဖြည်ပါ...."

ထို့နောက် တစ်ခဏမှာတော့ လက်အုပ်ကို ဖြည်ကာ အနားသို့ ရောက်လာသည်။ အနားကို ရောက်လာသည်နှင့် သိမ်းကျုံးဖက်လိုက်သည်။

"Babe...
ငါ မင်းကို စ လိုက်ကတည်းက .... ငါ့မိန်းမအဖြစ် လိုက်ခဲ့တာ။ ငါ့ကို လေးစားပေးစရာ မလိုဘူး။ ဒီယောင်္ကျားက မင်း လေးစားစရာ မလိုဘူး..."

"အာ... အစ်ကို လွှတ်မပေးတော့ဘူးလား? ပျိုးငယ်... အလုပ်လုပ်ရဦးမှာလို့...."

"Babe..."

"ဗျာ...?"

"ငါ့ကို ချစ်လား?"

"ဟုတ်... အစ်ကို့ကို အရမ်းချစ်တယ်လေ... ဘာဖြစ်လို့လဲ?"

"ရပြီ.... ဒီလောက်ဆို ရပြီ။"

အစ်ကိုက ပြောပြောဆိုဆိုဖြင့် ကျွန်တော့်ခန္ဓာကိုယ်ကို ကျွန်တော်နှင့်သူ ရှိနေသည့် ဧည့်ခန်းက ကုတင်ပေါ်မှ ပွေ့ချီဖို့ ဟန်ပြင်လာသည်မို့...

"အစ်ကို...
ပျိုးငယ်ကို မုန့်ဖိုး မပေးရသေးဘူးလေ...။ ပျိုးငယ်ကို မုန့်ဖိုးပေး..."

ထိုအချိန်မှာပဲ ကျွန်တော့်ခန္ဓာကိုယ်က အစ်ကို့ပွေ့ချီမှုနောက်...။ အစ်ကိုကတော့ ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ချီရင်းမှ ကျွန်တော့်အင်္ကျီနှင့်စပ်လျက် ခါးတစ်နေရာကို တင်းကြပ်စွာ ပွေ့ဖက်ထားရင်းမှ...

"... ဘယ်မိန်းမက သူတို့ယောင်္ကျားဆီက မုန့်ဖိုးဆိုပြီး ရလို့လဲ? ရရင်းရ_"

"ဟင့်အင်း မဟုတ်ဘူးနော် အစ်ကို...
ပျိုးငယ်က... ဒီအတိုင်း..."

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို နင့်နဲစွာ ကြည့်လာရင်းမှ...

"Babe...
မင်း ခါးပိုင်းက ...."

"အစ်ကို..."

ကျွန်တော့်မှာ အစ်ကို့နာမည်ကိုပဲ သီးသန့်ရေရွတ်လိုက်မိသည်။ အစ်ကိုက အသက်ရှုသံပြင်းပြင်းဖြင့် ကျွန်တော့်ခါးပိုင်းမှ အ၀တ်ကတော့ သူ့လက်အားဖြင့် ဆုပ်ချေရာနောက် ပြဲကာ ပါသွားခဲ့တာမို့....။

"ပျိုးငယ်...
ကြာရင် မင်းကို တစ်ခုခု လုပ်မိတော့မယ်... ငါ့ကို ထိန်းတော့...."

"အစ်ကို...
ပျိုးငယ်လေ... အစ်ကို့မိန်းမလေ..."

ထို့နောက်မှာတော့ အစ်ကိုက ခေါင်းကို တဆတ်ဆတ်ညိမ့်ကာဖြင့်....

"အင်း...
မင်း ငါ့မျက်စိရှေ့က မပျောက်နိုင်အောင် လုပ်ဖို့ဆိုရင်...
မင်း လမ်းမလျှောက်နိုင်မှပဲ ရမယ်ထင်တယ်..."

အစ်ကို့ရဲ့ ကြောက်စရာ စကားတစ်ခွန်းနောက်မှာတော့ ကျွန်တော့်မျက်လုံးများ ပြူးကျယ်ကာ ကြောက်စိတ်နှင့်အတူ မျက်ရည်တို့က ၀ိုင်းလျက်....။
ထိုအချိန်မှာတော့ အစ်ကိုက...

"... ချစ်တာ ... babeရဲ့...
ကိုယ့်မိန်းမလေးကို လုပ်ရက်ပါ့မလား? မြင်နေရရင်တောင် ရူးနေတဲ့ ဒီကောင်က...
babe...
မင်းမရှိတော့တဲ့ ဘ၀မှာ... အတွေးနဲ့တောင် ...
ငါ အသက်မရှင်ချင်ဘူး...

Babe..."

Edit time :Tuesday : 27:June:20:06PM

{Zawgyi}

မင္း မရိွတဲ့ အေတြးနဲ႔...
မင္း ပံုရိပ္ မရိွတဲ့ ေနရာနဲ႔...
ငါ ေနသား မက်ဘူး.... ပ်ိဳးငယ္။

***

သႂကၤန္အက်ေန့....

မေန့ညက မိုးဖြဲႏွင့္အတူ ပြင့္ခဲ့သည့္ ပိေတာက္ပန္းမ်ားက တစ္ပင္လံုးဝါကာ သစ္ရြက္အခ်ိဳ႕ေတာင္ မျမင္ရေတာ့။ ကြၽန္ေတာ္ ဒီေန့ မနက္ ၈နာရီေလာက္မွပင္ အိပ္ရာ ထႏိုင္ခဲ့ပါသည္။ အစ္ကိုက ဒီေန့ အိပ္ရာက ေစာ ထသြားၿပီး ကြၽန္ေတာ္ မ်က္ႏွာသစ္ေနခ်ိန္မွာေတာ့ အစ္ကိုက ဧည့္ခန္းမွာ ခပ္တည္တည္ျဖင့္ ထိုင္ေနသည္။

ထင္သည္ေတာ့ အစ္ကိုက မေန့က အျဖစ္အပ်က္အတြက္ အေတာ္ေလး စိတ္ဆိုးေနပံုရသည္။ ကြၽန္ေတာ္လည္း အစ္ကို႔ကို ဘယ္လိုဘယ္ပံု ေခ်ာ့ရမလဲ မသိ ျဖစ္ေနမိသည္။

ထိုအခ်ိန္မွာပင္....

"ပ်ိဳးငယ္ေလး... သီလယူ မလိုက္ဘူးလား?"

ဧည့္ခန္းမွ မမသဇင္ၪီး အသံကို ၾကားေနရသည္။
ကြၽန္ေတာ္လည္း ဧည္ခန္းမွာ ရိွေနသည့္ အစ္ကို႔ကို တစ္ခ်က္ၾကည့္မိလိုက္သည္။ အစ္ကိုက လက္ထဲက ဖုန္းကို ၾကည့္ေနရာမွ ရပ္လိုက္ၿပီး အိမ္ေပၚသို႔ တက္သြားတာမို႔ ကြၽန္ေတာ္လည္း အလ်င္အျမန္ပင္ အစ္ကို႔ေနာက္မွ လိုက္ပါ၍....။

မမသဇင္ၪီးကေတာ့ ကြၽန္ေတာ္ႏွင့္ သူ႔ေမာင္ အေျခအေနကို တစ္ခ်က္ၾကည့္ေနၿပီး သက္ျပင္းခ်ကာ ေခါင္းကို ခါရမ္းသည္။ ကြၽန္ေတာ္လည္း ေလွကားထစ္မ်ားအတိုင္း အစ္ကိုရိွေနရာ အိမ္ေပၚသို႔ လိုက္တက္မိသည္။

အိမ္ေပၚကို ေရာက္ေတာ့ အစ္ကိုက သူ႔အက်ႌမ်ားကို လဲဖယ္ဖို႔ ျပင္ေနသည္မို႔ ကြၽန္ေတာ္လည္း အလိုက္တသိ အစ္ကို႔အက်ႌမွ ၾကယ္သီးမ်ားကို တပ္ေပးဖို႔ ျပင္မိသည္။ အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို ၾကည့္မလာေပမယ့္ ကြၽန္ေတာ္ ၾကယ္သီးတပ္ေပးေနသည္ကိုေတာ့ မတားခဲ့ပါေလ။ အစ္ကိုက ဘုန္းႀကီးေက်ာင္းသြားၿပီး သီလယူဖို႔ ျပင္ဆင္ၿပီးသည့္ အခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ....

"ပ်ိဳးငယ္... ျမန္ျမန္ လဲလိုက္မယ္ေနာ္... အစ္ကို..."

အစ္ကိုက ေခါင္းလည္း မခါ... ေခါင္းလည္း မညိမ့္ပါ။ သို႔ေပမယ့္ ေအာက္သို႔ ဆင္းမသြားေသးဘဲ ရိွေနပံု ရရင္ေတာ့ ကြၽန္ေတာ့္ကို အေသအခ်ာေစာင့္ေနတာမ်ိဳးေပါ့...။ ကြၽန္ေတာ္လည္း ျမန္ျမန္ဆန္ဆန္ပင္ အက်ႌလဲၿပီး ေနာက္မွာေတာ့ အစ္ကိုရိွေနသည့္ ေနရာသို႔။ အစ္ကိုက ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္လာၿပီးသည့္ေနာက္ အိမ္ေအာက္သို႔ ေလွကားထစ္မ်ားအတိုင္း ဆင္းမိသည္။ ထိုအခ်ိန္မွာေတာ့ ဘုန္းႀကီးေက်ာင္းသြားဖို႔ အသင့္ျဖစ္ေနသည့္ မမသဇင္ၪီးက ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ကို ၾကည့္လာၿပီး....

"ဟိုေန့ကလည္း သီလရပံု မေပၚဘူး...။ ဒီေန့ေရာ သီလရေအာင္ ယူမွာလား? ေမာင္ေလး... မမ ... ကိုဟန္ျမင့္ဆီ ခဏ ျပန္ၪီးမယ္။ ကိုဟန္ျမင့္ အေမကလည္း စခန္းပတ္၀င္ေနတာ။ အဲ့ဒါ မမ အိမ္ကို ခဏျပန္မယ္ေနာ္။ အိမ္မွာက သားေလးနဲ႔ သူ႔အေဖ ကိုဟန္ျမင့္ပဲ ရိွတာဆိုေတာ့။ အစ္မ မုန္႔ဖတ္ထုပ္ေတြ ကူထုပ္ၿပီးမွ ျပန္ရမလား?"

"........"

အစ္ကိုကေတာ့ မမသဇင္ၪီး စကားကို အင္းမလုပ္ အဲမလုပ္ပါေလ။ ကြၽန္ေတာ္လည္း အစ္ကို႔မ်က္ႏွာကို တစ္ခ်က္ၾကည့္ၿပီးသည္ႏွင့္ ....

"ရတယ္... မမ ျပန္လိုက္ေနာ္။ မုန္႔ကိစၥက အစ္ကိုနဲ႔ ပ်ိဳးငယ္ ရိွတယ္။"

ထိုအခ်ိန္မွာေတာ့ မမသဇင္ၪီးက အစ္ကို႔ကို တစ္ခ်က္ၾကည့္ကာ .....

"ဟုတ္ၿပီ... ဒါဆို သီလ ယူၿပီးတာနဲ႔ မမ ျပန္မယ္ေနာ္။"

"ဟုတ္ကဲ့မမ...."

ထို႔ေနာက္ မမသဇင္ၪီးက အစ္ကိုႏွင့္ ကြၽန္ေတာ့္ကို တစ္ခ်က္ၾကည့္ကာ ဆြမ္းခ်ိဳင့္ယူ ေရ႔ွမွ ထြက္သြားေလၿပီ။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔လက္ကို ခ်ိတ္ဆြဲလိုက္ၿပီး ..... သီလယူဖို႔ ရြာၪီးဘုန္းႀကီးေက်ာင္း ရိွရာသို႔...။

ေန့လယ္ပိုင္း....

သီလယူၿပီး ျပန္လာခ်ိန္မွာေတာ့ ရြာလယ္မွာ မ႑ပ္ေဆာက္ၿပီး ေပ်ာ္ပြဲရႊင္ပြဲ ေနရာဆီက သီခ်င္းသံမ်ားကို ၾကားေနရသည္။ အစ္ကိုကေတာ့ သီလယူၿပီး အိမ္ေရာက္သည္ႏွင့္ ခဏပဲ ေနကာ ျပန္ထြက္သြားေလၿပီ။ ကြၽန္ေတာ္လည္း အိမ္မွာ လုပ္စရာရိွသည့္ ကိစၥမ်ားကိုသာ ၿပီးေအာင္လုပ္ဖို႔ အားစိုက္ေနမိသည္။

ညေန ၅နာရီ....

မမသဇင္ၪီးက ေန့လယ္ပိုင္းက ျပန္သြားတာမို႔ ညေနထမင္းခ်က္ ၿပီးသည္ႏွင့္ ေရခ်ိဳးၿပီး အစ္ကို႔ေနာက္သို႔ လိုက္ဖို႔ ျပင္မိသည္။ အစ္ကိုက ရြာလယ္မ႑ပ္မွာ ရိွဖို႔ ေမ်ွာ္လင့္မိပါသည္။

ရြာလယ္မ႑ပ္...

ခပ္ျမဴးျမဴး သႂကၤန္ ႏွစ္သစ္ကူး သီခ်င္းမ်ားက လိႈင္ထ ေနၿပီး ေရကစားသူမ်ားႏွင့္ စည္ကားေနသည္။ ကြၽန္ေတာ္လည္း မ႑ပ္ဆီက အေျခအေနကို အ​ေဝးကေနပင္ ၾကည့္လိုက္မိသည္။ အစ္ကို႔ ေနာက္သို႔ လိုက္ေပမယ့္ အစ္ကို ဆူမွာလည္း ေၾကာက္မိပါသည္။ အစ္ကိုက ဒီလိုမ်ိဳး လူမ်ားသည့္ အခ်ိန္ဆို ကြၽန္ေတာ့္ကို အျပင္ထြက္တာမ်ိဳး မႀကိဳက္ပါ။

ကြၽန္ေတာ္လည္း မျပတ္မသား ဒြိဟမ်ားျဖင့္ ထိုမ႑ပ္ရိွရာသို႔ တျဖည္းျဖည္း တိုးကပ္ၿပီး အစ္ကို႔ကို ရွာမိသည္။ ဒီလူအုပ္က ဒီရြာကပဲမို႔ အစ္ကို႔အေၾကာင္းသိၿပီး ကြၽန္ေတာ့္ကို ဘယ္သူမွ အၾကည့္တစ္ခ်ိဳ႕နဲ႔ေတာင္ ၾကာၾကာ သီခ ႏိုင္တာမ်ိဳး မရိွပါ။ အစ္ကိုက အဲ့ေလာက္ထိကို ေၾကာက္ဖို႔ ေကာင္းတာမ်ိဳးပင္။

ထိုလူအုပ္က ကြၽန္ေတာ့္ကို ခဏမ်ွသာ ၾကည့္ၿပီး ဆက္ၿပီး မၾကည့္ရဲေတာ့။ ဒီလိုအေျခအေနဆို ဒီမ႑ပ္ တစ္ေနရာရာမွာ အစ္ကို ရိွႏိုင္ပါသည္။ ဒီအတိုင္း တေရြ့ေရြ့ တိုးကပ္သြားၿပီးသည့္ ေနာက္မွာေတာ့ မ႑ပ္ေထာင့္တစ္ခုမွာ ထိုင္ကာ ရိွေနသည့္ အစ္ကို....။

အစ္ကို႔ပံုစံက ပံုမွန္ႏွင့္မတူတာမို႔ အနည္းငယ္ေတာ့ ေသာက္ေနတာမ်ိဳးလား? သူ႔ေဘးနားမွာလည္း သူ႔သူငယ္ခ်င္း ကို​ေဝကျီးလည္း ရိွေနသည္။ ႏွစ္ေယာက္လံုးက ေဆာင့္ေဆာင့္ထိုင္ ဒူးေခါင္းႏွစ္ဖက္အေပၚ လက္ႏွစ္ဖက္ကို ဆန္႔တန္းၿပီး တင္ထားသည္။

အစ္ကိုကေတာ့ အခုထက္ထိ ကြၽန္ေတာ့္ကို ျမင္ပံု မရေသးပါ။ ကြၽန္ေတာ္လည္း အစ္ကို႔အနားသို႔ ခပ္သြက္သြက္ သြားမိလိုက္သည္။ ထိုအခ်ိန္မွာေတာ့ ကို​ေဝကျီးက ကြၽန္ေတာ့္ဘက္သို႔ လွည့္ၾကည့္ၿပီး ကြၽန္ေတာ့္ကို ျမင္ခ်ိန္မွာေတာ့ တိုးတိုးေနဖို႔ ႏူတ္ခမ္းေပၚ လက္ၫွိုးတင္ကာ လုပ္ျပမိသည္။ ထိုအခ်ိန္မွာေတာ့ ကို​ေဝကျီးက ေခါင္းကို ညိမ့္ျပၿပီး.... နံေဘးမွ အစ္ကို႔ကို တစ္ခ်က္ၾကည့္ကာ ....

"ငါ ဟိုဘက္ ခဏ သြားလိုက္ၪီးမယ္။ မင္း ထပ္မေသာက္ေတာ့နဲ႔ေနာ္။"

"......."

ထိုအခ်ိန္မွေတာ့ အစ္ကိုက ေခါင္းကို ညိမ့္ျပသည္။ ကို​ေဝကျီးက ကြၽန္ေတာ့္ကို အဆင္ေျပၾကောင္း အမူအရာတစ္ခ်ိဳ႕ျပၿပီး သူက ေရွာင္သည့္အေနျဖင့္ ထြက္သြားေလၿပီ။

ထိုအခ်ိန္မွာပင္ ကြၽန္ေတာ္လည္း.... အစ္ကို႔အနားသို႔ အလ်င္အျမန္သြားကာ.... အစ္ကို႔ရင္ခြင္ထဲသို႔ တိုး၀င္ ၀င္ထိုင္မိသည္။ ထိုအခ်ိန္မွာေတာ့ အစ္ကိုက အနည္းငယ္ ​ေၾကာင္သြားဟန္ ရိွၿပီး ရင္ခြင္ထဲက အေကာင္အထည္က သူ႔လူမွန္း သိသည့္ အခါမွာေတာ့.... လက္တစ္ဖက္ျဖင့္ ကြၽန္ေတာ့္ကို သူ႔လက္တစ္ဖက္ျဖင့္ ေပြ့ဖက္လာသည္။

ထို႔ေနာက္ သူ႔ေဘးနား ခ်ထားသည့္ ဘီယာဗူးကို ကိုင္ကာ ေမာ့ေသာက္လိုက္ၿပီး....

"ဘာလို႔ လိုက္လာတာလဲ? အိမ္မွာ မေနဘဲနဲ႔...."

အစ္ကို႔ဆီက ပထမဆံုး ၾကားရသည့္ စကား။ အစ္ကို႔ထံမွ စကားတစ္ခ်ိဳ႕ၾကားရၿပီးဆိုေတာ့ အစ္ကိုသိပ္ၿပီး စိတ္ဆိုးဟန္ မရိွေတာ့သည္မို႔ အနည္းငယ္ စိတ္ေအးသက္သာမႈ ရခဲ့ပါသည္။ ကြၽန္ေတာ္လည္း အစ္ကို႔ရင္ခြင္ထဲ ပိုတိုးနစ္ျမႇဳပ္ေအာင္ ထိုင္လိုက္မိၿပီး အစ္ကို႔ေမးေစ့ေအာက္သို႔ ကြၽန္ေတာ့္ေခါင္းကို တိုး၀င္မိသည္။ အစ္ကို႔မ်က္ႏွာကို ေမာ့ၾကည့္ၿပီး ျမင္ေနရသည့္ ေမးဖ်ားကို ကြၽန္ေတာ့္နဖူးႏွင့္ ပြတ္တိုက္မိသည္။

"အစ္ကို႔ကို မေတြ့ရလို႔ေလ.... ပ်ိဳးငယ္ မေနတတ္ဘူး။"

"အဟင္း...."

အစ္ကိုက ကြၽန္ေတာ့္စကားအတြက္ ခပ္ေထ့ေထ့ သေဘာက်စြာ ၿပံဳးသည္။

"အဲ့ဒီေတာ့ ဒီကိုလာၿပီး ေခ်ာ့တယ္ေပါ့.... ကိုယ္က အဲ့လိုလုပ္ေတာ့ ေျပမယ္ထင္လား? ဒီလိုလူမ်ားတဲ့ ေနရာကို လာတာ မင္း ကိုယ့္အသက္ကို မႏွေျမာဘူးလား?"

"ဟင့္အင္း....
ပ်ိဳးငယ္က အစ္ကိုမွ မရိွရင္ မေနႏိုင္တာ...."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက သေဘာက်စြာ ရယ္လာၿပီး လက္က်န္ဘီယာကို ေမာ့ခ်ကာ လက္ႏွစ္ဖက္ျဖင့္ သူ႔ရင္ခြင္ထဲမွ အေကာင္အထည္ကို တင္းၾကပ္စြာ ေပြ့ဖက္လာၿပီး....

"ဒီဟာေလးကေတာ့ ငါ သတ္ရင္ ေသၪီးမယ္...."

ည ၇နာရီ....

၆နာရီေက်ာ္ၿပီးသည္ႏွင့္ အစ္ကိုႏွင့္ကြၽန္ေတာ္ မ႑ပ္ကေန အိမ္သို႔ ျပန္လာမိသည္။ အိမ္ေရာက္သည့္ အခ်ိန္မွာေတာ့ မမသဇင္ၪီး လုပ္ေပးခဲ့သည့္ မုန္႔နယ္မ်ားျဖင့္ မုန္႔ဖက္ထုပ္ ထုပ္ဖို႔ ျပင္မိသည္။

ကြၽန္ေတာ္လည္း ေရႏြေး ေရဆူအိုးကို ထုပ္ၿပီးသား မုန္႔ထုပ္မ်ား ျပဳတ္ႏိုင္ဖို႔ လုပ္မိသည္။ ထို႔ေနာက္ ေရဆူအိုးကို တစ္ခ်က္ၾကည့္ၿပီး... အစ္ကို႔ဘက္သို႔ ျပန္လွည့္ၾကည့္မိေတာ့....

ငွက္​ေပ်ာဖက္ ၊ ေပါက္ဖက္ကို ဆီအနည္းငယ္ ဆြတ္ကာ မုန္႔နယ္မ်ားကို ထည့္သည္။ ထို႔ေနာက္ အထဲမွာ ပဲလြန္းႏွင့္ထန္းၫွက္ ေရာလ်က္ ေထာင္းထားေသာ အဆာမ်ားကို ထည့္ကာ စိတ္ရွည္လက္ရွည္ျဖင့္ ထုပ္ေနသည္။ အရာရာကို ဇိုးဇိုးဇက္ဇက္ျဖင့္ ရိွသည့္ အစ္ကိုက တကယ္ကို ဒီလိုစိတ္ရွည္မယ္လို႔လည္း မထင္ခဲ့ပါ။

လင္ပန္းတစ္ခ်ပ္အျပည့္ရသည့္ ထုပ္ၿပီးသား မုန္႔မ်ားကို ယူၿပီး.... ေရဆူအိုးထဲသို႔ ထည့္ျပဳတ္သည္။ ထို႔ေနာက္ ထုပ္လိုက္ ျပဳတ္လိုက္ က်က္ၿပီးသား မုန္႔ထုပ္ကို ဆယ္လိုက္ျဖင့္ပင္ အခ်ိန္တစ္ခု ရိွေနသည္။

ည ၁၀နာရီ....

မုန္႔ထုပ္မ်ား အကုန္ ထုပ္ၿပီး ၿပီးစီးသြားေလၿပီ။ ကြၽန္ေတာ္လည္း ေနာက္ဆံုးလက္က်န္ မုန္႔ထုပ္ေလးကို ၾကည့္ၿပီး အစ္ကို႔ကို ေရအရင္ခ်ိဳးခိုင္းလိုက္မိသည္။

ထို႔ေနာက္ အခ်ိန္တစ္ခု ၾကာၿပီးသည့္ အခ်ိန္မွာေတာ့...

"အမေလး..."

အနည္းငယ္ လန္႔သြားမိသည္။ မုန္႔ဖက္ထုပ္ ျပဳတ္ထားသည့္ အိုးကို တစ္ခ်က္ၾကည့္ၿပီး ေနာက္သို႔ တစ္ခ်က္ လွည့္ၾကည့္စဥ္မွာေတာ့ အနားမွာ ဘယ္အခ်ိန္ကတည္းက ေရာက္လားသလဲ မသိ။ အစ္ကိုက ေရခ်ိဳးၿပီးသား ျဖစ္ေနသည္။ ကြၽန္ေတာ့္အနားမွာ ထိုင္ၿပီး ၿငိမ္ကာ ကြၽန္ေတာ့္ကို ၾကည့္ေနသည္။

"အစ္ကိုရယ္.... ဘယ္လိုျဖစ္ၿပီး... အသံမေပး ဘာမေပးနဲ႔...။ ဒီတစ္အိုးၿပီးရင္ ၿပီးၿပီေနာ္။ အစ္ကို ထမင္းစားၪီးမွာ မလား?"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို ေခါင္းကို ညိမ့္ကာ အနည္းငယ္ ၿပံဳးျပသည္။ ထို႔ေနာက္ သူႏွင့္ ကြၽန္ေတာ့္အၾကား အကြာအ​ေဝးတစ္ခု၌ ကြၽန္ေတာ့္ခါးကို ဆြဲယူသိမ္းကာ သူ႔ဘက္သို႔....။ ရုတ္တရက္မို႔ လန္႔သြားခ်ိန္မွာပဲ အစ္ကိုက ကြၽန္ေတာ့္ ခႏၶာကိုယ္ကို တင္းၾကပ္စြာ ေပြ့ဖက္ၿပီးသား....။ ကြၽန္ေတာ့္လည္တိုင္သို႔ သူ႔မ်က္ႏွာကို ထိကပ္နမ္းရိႈက္ေလေတာ့.... ကြၽန္ေတာ္လည္း အနည္းငယ္ ခႏၶာကိုယ္ကို တြန္႔ကာ ရုန္းလိုက္မိသည္။

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ေလ်ာ့ရဲသြားသည့္ အကြာအဟကို ျပန္လည္တင္းၾကပ္ေစၿပီး...

"ပ်ိဳးငယ္...
မင္း ေခြၽးေတြ ထြက္ေနခ်ိန္ဆို အရမ္းဆြဲေဆာင္မႈရိွတယ္။ အဓိက က ေမးဖ်ားကေန ေခြၽးစတို႔ တြဲခိုေနတဲ့အခ်ိန္၊ နဖူးအနားတစ္ဝိုက္ နားအနားတစ္ဝိုက္က ဆံပင္ေလးေတြ ေခြၽးစတို႔ ကပ္ၫွိေနတဲ့ အခ်ိန္ပဲ...."

"အစ္ကို..."

အစ္ကို႔အေျခအေနကို အနည္းငယ္ တားလိုက္မိသည္။ တကယ္ေတာ့ ျပဳတ္ထားသည့္ အိုးအနား ကပ္ရသည္မို႔ မီးအရိွန္ေၾကာင့္ ထြက္ေနသည့္ ေခြၽးစမ်ားသာ....။

"... ပ်ိဳးငယ္...
မင္းက ေခ်ာလည္း ေခ်ာသလို... ဆြဲေဆာင္မႈလည္း အရမ္းရိွတယ္..."

"အင့္.... အစ္ကို..."

ထို႔ေနာက္မွာေတာ့ အစ္ကိုက ရုတ္တရက္ဆိုသလို တင္းၾကပ္စြာ ေပြ့ဖက္လာသည္။ ကြၽန္ေတာ့္ခႏၶာကိုယ္ တစ္ခုလံုး အစ္ကိုက သူ႔ရင္ခြင္ထဲ ထည့္ကာ ေပြ့ထိန္းလိုက္သည္။ ေပြ့ထိန္းလိုက္တာထက္ ခ်ဳပ္လိုက္တာမ်ိဳး။ ထို႔ေနာက္...

အစ္ကိုက ထံုးစံအတိုင္း ကြၽန္ေတာ့္မ်က္ႏွာကို သူ႔လက္ျဖင့္ ကိုင္ကာ သူ႔စိတ္ႀကိဳက္....။
အစ္ကို....

ကြၽန္ေတာ့္ ခႏၶာကိုယ္တစ္ခုလံုး အစ္ကို႔ရင္ခြင္ထဲ ခ်ဳပ္ၿပီး အစ္ကို ျပဳသမ်ွ လက္ခံလိုက္ရတာမ်ိဳးပင္။

ည ၁၁နာရီ...

ကြၽန္ေတာ္ ေရျမန္ျမန္ခ်ိဳးၿပီးသည္ႏွင့္... ဘုရားခန္းေထာင့္တစ္ဖက္မွာ ရိွေနသည့္ အစ္ကို႔အနားသို႔...။ အစ္ကို႔လက္ေအာက္မွာ အလိုက္သင့္ တိုး၀င္အိပ္ခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို ေထြးဖက္လာၿပီး ကြၽန္ေတာ့္ နားသယ္စပ္ဘက္သို႔ သူ႔ႏွာေခါင္းျဖင့္ ထိယွက္၍...။

"ပ်ိဳးငယ္...
မင္း ရိွေနသေရြ့... ငါ့ယစ္မူးမႈက... အဆံုးသတ္ေတာ့မွာ မဟုတ္ဘူး။"

ထို႔ေနာက္ အစ္ကိုက ထံုးစံအတိုင္း ျပင္းရွေသာ အနမ္းမ်ားက ကြၽန္ေတာ့္မ်က္ႏွာေပၚသို႔ ေနရာယူခဲ့ေလၿပီ...။

သႂကၤန္အၾကတ္ႏွင့္ အတက္ေန့မွာလည္း ဒီအတိုင္း ရိွေနသည္။ အခု ဒီေန့ ႏွစ္ဆန္း တစ္ရက္ေန့....

တစ္ေန့လံုး အစ္ကိုႏွင့္အတူ ေကာင္းမႈကုသိုလ္အျပည့္ ယူဖို႔ ႀကိဳးစားမိသည္။ မနက္ကတည္းက သီလယူ... အဘိုးအဘြားမ်ားကို ေရကုသိုလ္ျပဳသည္။ လက္သည္းေျခသည္းမ်ားကို ၫွပ္ေပးသည္။ ကိုယ္ခႏၶာမွာ ကပ္ၫွိေနသည့္ ေခ်းေၫွာ္မ်ားကို ခဏတာ သန္႔စင္ဖို႔ လုပ္ေပးမိသည္။ ထို႔ေနာက္ ဘုရားဆင္းတု ေစတီမ်ားကို ေရသပၸာယ္သည္။

တစ္ခ်ိဳ႕ႏွစ္မ်ားမွာေတာ့ ဒီနယ္ဘက္မွာ ဒီေန့မွာ သတၲဝါ တိရစၧာန္မ်ားကို ေဘးမဲ့ေပးၿပီး လႊတ္ေပးတာမ်ိဳး ရိွသည္။ ဥပမာ ငါးမ်ားကို ေရကန္ထဲသို႔ လႊတ္ေပးတာမ်ိဳး... သတ္လုဆဲဆဲ ျဖစ္ေနသည့္ ႏြားမ်ားကို လႊတ္ေပးတာမ်ိဳးေပါ့...။

အခုလည္း ေန့လည္ပိုင္း ဥပုသ္ သီလသည္မ်ားကို မုန္႔လႉဖို႔ ႀကိဳးစားမိသည္။ မုန္႔လံုးမ်ားကို တက္ညီလက္ညီ လံုးေနမိသည္။ သႂကၤန္အၾကတ္ေန့က ရြာထဲက ကာလသား အမ်ိဳးသမီးမ်ား စုရံုးကာ စတုဒိတာ ေကြၽးမည့္ ေန့ကလည္း ကူလုပ္ေပးရသည္။ ဒီေန့ေတာ့ အိမ္မွာ အိမ္နီးခ်င္းတစ္ခ်ိဳ႕ႏွင့္ စုရံုးေနသည္။

က်န္တာမဟုတ္ မုန္႔လံုး ကူလံုးၾကတာပင္။ မုန္႔လံုး လံုးသူက လံုး၊ ျပဳတ္သူက ျပဳတ္၊ ဆယ္သူက ဆယ္ျဖင့္ ရိွေနသည္။ ကြၽန္ေတာ္ကေတာ့ အစ္ကို႔အနားမွာပဲ ရိွေနသည္။ ရိွေနဆို အစ္ကိုက သူ႔အနားက လြဲၿပီး ဘယ္အနားကိုမွ သြားခိုင္းတာ မဟုတ္သည္မို႔....။

အိမ္မွာ လာၿပီး ကူလုပ္ေပးသည့္ သူမ်ားေတာ့ အစ္ကိုႏွင့္ ကြၽန္ေတာ့္အေၾကာင္းကို သိသူမ်ားမို႔ ရင္းရင္းႏွီးႏွီး ရိွပါသည္။ အစ္ကို႔ရင္ခြင္ထဲ ရိွေနၿပီး အစ္ကို႔ေပါင္တစ္ဖက္ေပၚသို႔ ကြၽန္ေတာ့္ေပါင္ပါ ထပ္ေနသည့္ အျပဳအမူက သူတို႔အတြက္ ရိုးေနၿပီး ျဖစ္သည္။

ရြာၪီးေက်ာင္း....

မုန္႔မ်ား က်က္ၿပီးသည့္ အခ်ိန္မွာေတာ့ ထိုမုန္႔မ်ားကို လင္ဗန္းထဲ ငွက္ေပ်ာရြက္ခင္းကာ ထည့္ထားၿပီး ေက်ာင္းသို႔။ ေက်ာင္းေရာက္သည္ႏွင့္ ဥပုသ္သည္မ်ားကို ကုသိုလ္ျပဳသည္။ အခ်ိဳရည္မ်ားလည္း တိုက္သည္။ ဒီလိုပဲ သႂကၤန္အခါကာလအတြင္းမွာေတာ့ ဒီလိုမ်ိဳး စတုဒိသာက တစ္ရက္မွ မပ်က္။ ဖရဲသီး ၊ မုန္႔အမ်ိဳးမ်ိဳးႏွင့္ အခ်ိဳရည္မ်ား... တစ္မ်ိဳးၿပီးတစ္မ်ိဳး ေက်ာင္းသို႔ လာၿပီး စတုဒိသာအျဖစ္ လႉၾကသည္။

အခုလည္း ကြၽန္ေတာ္ႏွင့္အစ္ကိုကေတာ့ မုန္႔လံုး၊ မုန္႔ဖက္ထုပ္၊ အသင့္ေဖ်ာ္ ဘာလီအခ်ိဳရည္မ်ားျဖင့္ ေက်ာင္းမွာ ရိွေနသည့္ သီလယူသည့္ ဥပုသ္သည္မ်ားကို ကုသိုလ္ျပဳျပီးသည္ႏွင့္ ရြာထဲက သက္ႀကီးရြယ္အိုမ်ားဆီသို႔....။

ဒီေန့မ်ိဳးဆို ကာလသားမ်ား အမ်ိဳးသမီးမ်ားက အဖြဲ႔တစ္ခု စုၿပီး အိမ္တိုင္ရာေရာက္ ေရေလာင္းတက္တာမ်ိဳး ရိွသည္။ သို႔ေပမယ့္ လူပ်ိဳ အပ်ိဳ ရိွေနသည့္ အိမ္မ်ားသာ ျဖစ္ပါသည္။

ကြၽန္ေတာ္တို႔လည္း ေက်ာင္းက ျပန္ၿပီးသည္ႏွင့္ မနက္ျဖန္အတြက္ ပရိတ္တရား ပရိတ္ေရအိုးႏွင့္ ပရိတ္ပန္းမ်ား ပရိတ္သဲမ်ား စီစဥ္မိသည္။ ထို႔ေနာက္ ေတာဘုရားဆီသို႔ သြားၿပီး ေရသပၸာယ္သည္။ ထီးျဖဴ ၊ တံခြန္လံုးအျပည့္ပါသည့္ အတာအိုးမ်ားကို အတာသင့္သည့္ ေန့နာမ္မ်ားက လႉထားသည္မို႔ ဘုရားပစၥယံအထပ္မ်ား၌ အတာအိုးေလးမ်ားျဖင့္ ....။

ဒီေန့အတြက္ အစ္ကိုႏွင့္အတူ ကုသိုလ္ျပဳျပီး ႏွစ္တစ္ႏွစ္အစကို ႀကိဳဆိုလိုက္ရသည္မို႔ ကြၽန္ေတာ္ ေပ်ာ္ေနမိသည္။ ထို႔ေနာက္ ဘုရားမုဥ္တစ္ဖက္က  ေလွကားအဆင့္အေပၚ ထိုင္ေနမိၿပီး အခုခ်ိန္ ေဖြေဖြးလႈပ္ ပြင့္ေနသည့္ တမာပင္မ်ား ႏွင့္ ဝါေထြးေနသည့္ သႂကၤန္၏ သရုပ္ ပိေတာက္ပန္းမ်ားႏွင့္ ငုဝါပန္းမ်ားကို ၾကည့္ေနမိသည္။

ထို႔ေနာက္ အတာပန္း လႉေနေသာ အဖြဲ႔ႏွင့္အတူ ေဗာဒိေညာင္ပင္ကို ဝိုင္းကာ တည္ထားသည့္ ေထာင့္ရွစ္ေထာင့္ ပါသည့္ ၿဂိဳဟ္ေျပ နံေျပ ဘုရား တစ္ဆူခ်င္းဆီ၌ ေရသပၸာယ္တာမ်ိဳး ၊ ပန္းလႉတာမ်ိဳး ျပဳလုပ္ေနမိသည္။ အစ္ကိုကေတာ့ ေက်ာင္းေပၚက ​ေဝယ်ာ၀စၥအဖြဲ႔ႏွင့္အတူ ရိွေနေတာ့ အနည္းငယ္ေတာ့ ကြၽန္ေတာ့္ အစ္ကို႔ဆီက ေပြ့ဖက္မႈ လႊတ္ကင္းမႈ ရေနပါသည္။

အေတာ္ၾကာေတာ့ ပန္းကို လႉအၿပီး ေရသပၸာယ္ေနာက္မွာေတာ့ ႏွစ္သစ္ကူး၏ ေနာက္ဆံုးေန့အျဖစ္ ဘုရားေပၚမွ ပန္းလႉ ေရလဲသည့္ သူမ်ား၏ ေရပက္တာကို ၾကည့္ေနမိသည္။ ကြၽန္ေတာ့္ေဘးနားမွာလည္း အသိဉာဏ္ ႏုနယ္ေသးသည့္ ကေလးမ်ားက ဝိုင္းပင္ၾကတာမို႔ ေရအနည္းငယ္စိုလ်က္....။ ကြၽန္ေတာ္လည္း သူတို႔ႏွင့္အတူ အခ်င္းခ်င္း ေရပက္မိေနၾကသည္။

ထို ေရပက္သည့္ တစ္ခဏမွာပဲ တဒဂၤ ေပြ့ဖက္မႈႏွင့္အတူ ေပြ့ခ်ီမႈ...။ ကြၽန္ေတာ္လည္း တိုး၀င္ေနသည့္ ရင္ခြင္က်ယ္ကို ရင္းႏွီးေနၿပီးသည့္ ေနာက္မွာေတာ့....

"အစ္ကို..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္မ်က္ႏွာကို နစ္နာစြာ ရႈၾကည့္ၿပီးသည့္ ေနာက္မွာ...

"ေပ်ာက္ ေပ်ာက္ မသြားနဲ႔...
ငါအနားမွာပဲ ေနပါကြာ ကေလးေလးရာ..."

မိနစ္အနည္းငယ္ အၾကာ....

အစ္ကိုက ကြၽန္ေတာ့္အက်ႌအစိုကို အရင္လဲဖို႔ ႀကိဳးစားေပမယ့္ ကြၽန္ေတာ္ကေတာ့ ဘုရားက ျပန္ရမည္ စိုး၍ ေပကပ္ေနမိသည္။ ၾကာေတာ့ အစ္ကိုကလည္း ကြၽန္ေတာ့္ေဘးအနား ရိွေနခဲ့သည္။ ကြၽန္ေတာ္လည္း တမာပင္ေအာက္မွာ ရိွေနၿပီး တမာရနံ႔သင္းသင္းေလးကို ရႈရိႈက္မိသည္။ ပင္ယံအျပည့္ ပြင့္ေနသည့္ ပိေတာက္ပန္းမ်ားႏွင့္ ငုဝါပန္းမ်ားကို ေငးၾကည့္မိသည္။ ထိုအခ်ိန္မွာပင္ အစ္ကိုက ကြၽန္ေတာ့္လက္ကို ဆြဲၿပီး ပိေတာက္ပြင့္မ်ားျဖင့္ ၀င္းဝါေနသည့္ ပိေတာက္ပင္ေအာက္သို႔ ေခၚလာသည္။

ထိုအခ်ိန္မွာေတာ့ ပိေတာက္ပင္ေအာက္မွာ အစ္ကိုက ရပ္တန္႔ၿပီး ကြၽန္ေတာ့္ကို ေငးၾကည့္သည္။ ထို႔ေနာက္ ကြၽန္ေတာ့္နားရြက္အနားမွ ဆံပင္မ်ားကို နားရြက္ေနာက္သို႔ ထိၫွပ္ေပးသည္။ ထို႔ေနာက္ အစ္ကိုက သူ႔အိတ္ကပ္ထဲမွ တစ္စံုတစ္ခုကို ထုတ္လာသည္။

ပုဝါေလး...
ၾကက္ေသြးေရာင္....
အ၀တ္စက လံုး၀ကို အရည္အေသြးရိွတာမို႔လား မသိ... အေရာင္ေလးက ေတာက္ေနသည္။ ထိုပုဝါေလးကို အစ္ကိုက ျဖန္႔ျပသည္။

ထိုအခ်ိန္မွာပင္ ကြၽန္ေတာ္ ဟာခနဲ....
ဟုတ္ပါသည္။ လက္ကိုင္ပုဝါ အစြန္းတစ္ဖက္၌ ေငြပန္းပြင့္ေလးမ်ားႏွင့္အတူ ...

'ပ်ိဳး' ဟူေသာ အမည္နာမေလး...
အရုပ္သေဘာမ်ိဳး ၊ ေဆးရိုက္ထားတာမ်ိဳးမဟုတ္ဘဲ ေသခ်ာခ်ည္ျဖင့္ အႏုစိတ္လုပ္ထားတာမ်ိဳး။ ၾကက္ေသြးေရာင္ေပၚ ခ်ည္ျဖင့္ ထိုးထားသည့္ ေငြပန္းပြင့္ေလးမ်ားက အသက္၀င္ရံုသာမက.... ပ်ိဳး ဟူေသာ ကြၽန္ေတာ့္နာမည္က ျမန္မာေဖာင့္ လွလွေလးျဖင့္ ရိွေနၿပီး ဖက္ဖူးစိမ္းေရာင္ ခ်ည္ေလးနဲ႔ဆိုေတာ့.... ေျပာစရာမရိွေတာ့။

အစ္ကိုကေတာ့ သူ႔ပုဝါေလးကို မွင္တက္စြာ ေငးၾကည့္ၿပီး ထိေနသည့္ ကြၽန္ေတာ့္လက္ထဲသို႔ ထိုပုဝါေလးကို ေပးလာသည္။ ထို႔ေနာက္ အစ္ကိုက ကြၽန္ေတာ့္ပံုစံကို သေဘာက်စြာ ၾကည့္လာၿပီး ထိုလက္ကိုင္ပုဝါ၏ အစြန္းတစ္ဖက္ကို လွည့္ျပလာျပန္သည္။ ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္ပိုၿပီး အံ့ၾသမွင္တက္မိသည္။

'မိန္းမ....'

ထိုစာသားေလးကလည္း ခ်ည္ျဖင့္ ထိုးထားတာေတာင္ သပ္ရပ္ၿပီး ရိွေနသည္။ ကြၽန္ေတာ္လည္း ထိုနာမည္ေလးကို လက္ျဖင့္ သေဘာက်စြာ ဖြဖြ ထိေနမိသည္။

"သေဘာက်လား?"

"ဟုတ္ အရမ္းသေဘာက်တယ္... အစ္ကို"

သေဘာက်မႈက မ်က္ရည္ပင္ ဝဲလာသည့္ အထိပင္။ ေခါင္းကို တဆတ္ဆတ္ညိမ့္ကာ သေဘာက်ေၾကာင္း ေျပာမိသည္။ ထိုအခ်ိန္မွာေတာ့ အစ္ကိုက ထိုပုဝါေလးကို ယူကာ... ကြၽန္ေတာ့္ခပ္ေျပျပေ ဆံထံုးေလးကို သိုင္းခ်ည္သည္။

"ဒီေကာင္ႀကီးရဲ့ မိန္းမအျဖစ္ ကိုယ့္ကို ယဥ္ပါးေအာင္ ထိန္းေက်ာင္းေပးခဲ့လို႔.... ေက်းဇူးအမ်ားႀကီး တင္ပါတယ္... ပ်ိဳးငယ္..."

"......."

"သိပ္ခ်စ္လြန္းလို႔ ရူးသြပ္ေနတဲ့ ဒီလူ႔အနား ရိွေနေပးခဲ့လို႔..."

ထိုအခ်ိန္မွာေတာ့ ေလၫွင္းႏွင့္အတူ မိုးဖြဲအနည္းငယ္က ေဆာ္ေသြးလာသည္။ မိုးသက္ေလ က်ီဆယ္မႈေနာက္မွာေတာ့ ပိေတာက္ပြင့္ဖတ္မ်ားက ေလႏွင့္အတူ ေမ်ွာလႊင့္၍....
ထို႔အတူ....

မိနစ္အနည္းငယ္အၾကာ...

ကြၽန္ေတာ္တို႔ ေတာဘုရားဘက္မွ အနည္းငယ္ ေနၿပီးသည့္အခ်ိန္မွာေတာ့ အိမ္သို႔ ျပန္လာမိသည္။
အစ္ကိုက ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေပြ့ခ်ီကာျဖင့္ အိမ္ေပၚသို႔ ေလွကားထစ္တစ္ခ်င္းစီ တက္သည္။

အစ္ကိုက အိမ္ေပၚသို႔ ေရာက္လာသည္ႏွင့္ ကြၽန္ေတာ့္ကို ေအာက္သို႔ ခ်ကာ တံခါးကို ခ်က္(ဂ်က္)ခ်ကာ ပိတ္လိုက္သည္။ ထို႔ေနာက္ ကြၽန္ေတာ္က အစ္ကိုေပြ့ခ်ီရာေနာက္ ျပန္လည္ ေရာက္ရိွၿပီး ေနာက္မွာေတာ့ အစ္ကိုက အိပ္ခန္းရိွရာသို႔....

ထို႔ေနာက္မွာေတာ့ အိပ္ခန္းတံခါးကိုပါ ပိတ္လိုက္ၿပီးသည့္ ေနာက္.... ကြၽန္ေတာ့္ကို ကုတင္ေပၚသို႔ တင္ေပးသည္။ ထို႔ေနာက္ ကြၽန္ေတာ့္ကို နမ္းရိႈက္ေနရင္းပင္ ကြၽန္ေတာ့္ေခါင္းထက္မွ ပုဝါစ ကို ျဖည္ကာ ကြၽန္ေတာ့္လက္ႏွစ္ဖက္ကို ဖြဖြ တုပ္သည္။ ထို႔ေနာက္... အစ္ကိုက သူ႔အိတ္ကပ္ထဲက တစ္စံုတစ္ရာကိုပါ ထုတ္လာသည္။

ဟုတ္ပါသည္...
ကြၽန္ေတာ့္ကို အစ္ကိုေပးထားသည့္ ပုဝါေလးႏွင့္ ဆင္တူပင္။ ထိုအရာကိုပါ ကြၽန္ေတာ့္လက္မွာ ရစ္ေနွာင္သည္။ ထို႔ေနာက္....

မိုးသက္ေလျပင္းမ်ားႏွင့္ သႂကၤန္မိုးတို႔က ႏွစ္ဆန္းတစ္ရက္ေန့ ညမွာ အသည္းအသည္ ရြာသြန္းေန​ေလၿပီ။

ထို႔အတူ ပုဝါႏွစ္ခုက အခ်ိန္ကာလတစ္ခု၌ ေျပေလ်ာ့၍....
ထိုပုဝါတစ္ထည္က လ်ွပ္စီး တစ္ျပက္အတြင္း ျမင္လိုက္ရသည္က...
အနက္ေရာင္ ခ်ည္ႏွင့္အတူ ထိုးထားသည့္.... စာတန္းေလး...

....ငါ ပိုင္တဲ့... ငါ့ရဲ့လူ
ငါ့ရဲ့ မေဟသီ....

မနက္ တစ္နာရီ...

ႏွစ္ဆန္း ႏွစ္ရက္ေန့...

ကြၽန္ေတာ္လည္း အိပ္ရာမွ ႏိုးလာမိသည္။ ကြၽန္ေတာ္ အိပ္ရာမွ ႏိူးလာမိေတာ့ ေမွာင္မိုက္ေနေသာ ညအတြင္း လ်ွပ္ႏြယ္သဲ့သဲ့ေၾကာင့္ ၀င္းထိန္လ်က္ ရိွေနေလၿပီ။ ကြၽန္ေတာ္လည္း လ်ွပ္ႏြယ္အရိွန္ျဖင့္ ပတ္၀န္းက်င္ကို သတိထားၾကည့္မိေတာ့.... ကြၽန္ေတာ့္ေဘးအနားမွာ အိပ္ေပ်ာ္ေနသည့္ အစ္ကို။

ခ်က္ခ်င္း နားထဲ ၾကားေနရသည္က အသံႏွင့္အတူ ခ်မ္းေအးမႈေၾကာင့္ မသိမ္းဆည္းရေသးသည့္ ပစၥည္းမ်ားကို သတိထားမိတာမို႔။ အစ္ကို႔ရင္ခြင္ထဲမွ အသာဖြဖြ ထြက္လိုက္ၿပီး... ေလွကားအတိုင္း ေအာက္သို႔ ဆင္းလာမိသည္။

ထင္သည့္အတိုင္း သိမ္းဆည္းရမည့္ ပစၥည္းမ်ားက အနည္းငယ္ေတာင္ စိုစြတ္ေနေလၿပီ။ ကြၽန္ေတာ္လည္း ကပ်ာကယာပင္ သိမ္းဆည္းေနသည္အခ်ိန္ လ်ပ္ႏြယ္မ်ားက တၿပိဳးၿပိဳး တပ်က္ပ်က္...။

ကြၽန္ေတာ္လည္း ေျပက်သြားသည့္ ဆံပင္မ်ားကို ထံုးတင္ေနတုန္း ရိွေသးသည္... ရုတ္တရက္ ခါးမွ တင္းၾကပ္ေသာ ေပြ့ဖက္မႈ...
ထိုေပြ့ဖက္မႈက အက်ႌႏွင့္ လႊတ္သြားေသာ မိမိအသားစိုင္မ်ားအား အေနြးဓာတ္က ကူးလူးလာသည္။ ကြၽန္ေတာ္လည္း ခါးမွ တင္းၾကပ္စြာ ေပြ့ဖက္ ေတြ့ထိမႈကို ခံစားရၿပီးေနာက္ အထိအေတြ့ေနာက္ ...

"အစ္ကို..."

ရုတ္တရက္ အံ့ၾသမႈႏွင့္အတူ ကြၽန္ေတာ္လည္း အစ္ကို႔ကို ၾကည့္ကာ ၿပံဳးျပလိုက္မိသည္။ ထိုအခ်ိန္မွာေတာ့ အစ္ကို႔က ကြၽန္ေတာ့္ကို ေပြ့ဖက္ကာ ကြၽန္ေတာ့္ကို သူႏွင့္မ်က္ႏွာခ်င္းဆိုင္သို႔...။ ထို႔ေနာက္ အက်ႌႏွင့္ လႊတ္ေနေသာ ခါးစပ္မွ ေပြ့ဖက္က အက်ႌေအာက္က ေက်ာျပင္ဆီသို႔....။

ထို႔ေနာက္ ေကာင္းကင္က ၿပိဳးၿပိဳးျပက္ျပက္ အလင္းႏွင့္အတူ ....

"ေျပာ... မင္းရဲ့ ဘယ္ေနရာက ငါနဲ႔ မရင္းႏွီးတာလဲ?"

"အစ္ကို..."

ေက်ာျဖင့္ နံရံကို ေမွးမွီလိုက္သည့္ တစ္ခဏ၌ ... ကြၽန္ေတာ့္အသိတရားထဲ အစ္ကို႔ေပြ့ဖက္မႈမ်ားထဲ အနမ္းတရားႏွင့္ တပ္မက္ျခင္းမ်ားက ေရာ၍...။

"အစ္ကို႔ကို ခ်စ္တယ္..."

အစ္ကို႔ေပြ့ဖက္မႈ ၊ အနမ္းတရားတို႔မွ လႊတ္ေျမာက္သြားသည့္ တစ္ခဏ၌... ကြၽန္ေတာ့္ပါးျပင္ကို ေထြးအုပ္ကာ ကိုင္ထားသည့္ အစ္ကို႔လက္ကို ထပ္အုပ္ ဆုပ္ကိုင္ၿပီး ေျပာလိုက္မိသည္။

ထိုအခ်ိန္မွာေတာ့ အစ္ကို႔ထံမွ အသက္ရႈသံ တစ္ခ်က္ႏွင့္အတူ အစ္ကိုက ကြၽန္ေတာ့္ခါးကို ဆြဲ၍ သူ႔အနားသို႔ ဆြဲယူသည္။ ၾကာေလေသြးသည့္ ေနရာေတာင္ မရိွေစသလိုမ်ိဳး ။ ကြၽန္ေတာ့္က အစ္ကို႔ရင္ခြင္ထဲ တေစာင္း အေနအထားျဖင့္ ရိွေနၿပီးသည့္ေနာက္.... အစ္ကိုကေတာ့ ကြၽန္ေတာ့္ေက်ာျပင္ႏွင့္ ခါးမွ သိုင္းလ်က္... တင္းၾကပ္ပိုင္ႏိုင္စြာ ေပြ့ဖက္ထားသည္။

"ငါေတာ့ မင္းကို ခ်စ္လြန္းလို႔ ရူးေတာ့မယ္ ထင္တယ္..."

"အ~
အစ္ကို..."

ႏွစ္ဆန္း သံုးရက္ေန့....

"အစ္ကို...
အစ္ကို႔အေပၚမွာ ကာယကံ ၀စီကံ မေနကံႏွင့္အတူ ျပစ္မွားခဲ့တာရိွရင္ ေတာင္းပန္ပါတယ္ေနာ္။ ခြင့္လႊတ္ေပးပါ အစ္ကို..."

အခုမွ ဘာစိတ္ကူးေပါက္သည္လဲ မသိ။ တစ္ျခားသူမ်ား ဓေလ့အတိုင္း ေရတစ္ခြက္ႏွင့္အတူ အက်ႌ၊ ပုဆိုးတစ္ထည္ျဖင့္ လက္အုပ္ခ်ီကာ ကန္ေတာ့လာတဲ့သူ...။

ဆံပင္ေလးက ထံုးဖြဲ႔ထားၿပီး ခပ္သြယ္သြယ္ေဖြးေဖြး လည္တိုင္ေလးမွာေတာ့ ငါ၏ လြန္က်ူးမႈေတြ...

"အစ္ကို ဆုေပးၪီးေလ...။ ၿပီးေတာ့ ဟီး... မု႔န္ဖိုးလည္း ေပးၪီး..."

ဒီအလွေလး ဒီေန့က်မွ ဘာျဖစ္ေနသည္လဲ မသိ။ တစ္ျခားသူေတြလို ေရႏွင့္ ကန္ေတာ့တာတဲ့လား? သူ႔ပံုစံၾကည့္ရတာ တကယ္ အတည္လိုမ်ိဳးမို႔...။

"ဒီနားကို လာခဲ့..."

"ဟုတ္..."

လက္အုပ္ခ်ီတာကို မျဖည္ဘဲ ဒူးေထာက္ကာ ကြၽန္ေတာ့္အနားသို႔ တေရြ့ေရြ့ ေလ်ွာက္လာသည့္ သူ။

"လက္အုပ္ ျဖည္ပါ...."

ထို႔ေနာက္ တစ္ခဏမွာေတာ့ လက္အုပ္ကို ျဖည္ကာ အနားသို႔ ေရာက္လာသည္။ အနားကို ေရာက္လာသည္ႏွင့္ သိမ္းက်ံဳးဖက္လိုက္သည္။

"Babe...
ငါ မင္းကို စ လိုက္ကတည္းက .... ငါ့မိန္းမအျဖစ္ လိုက္ခဲ့တာ။ ငါ့ကို ေလးစားေပးစရာ မလိုဘူး။ ဒီေယာက်ၤားက မင္း ေလးစားစရာ မလိုဘူး..."

"အာ... အစ္ကို လႊတ္မေပးေတာ့ဘူးလား? ပ်ိဳးငယ္... အလုပ္လုပ္ရၪီးမွာလို႔...."

"Babe..."

"ဗ်ာ...?"

"ငါ့ကို ခ်စ္လား?"

"ဟုတ္... အစ္ကို႔ကို အရမ္းခ်စ္တယ္ေလ... ဘာျဖစ္လို႔လဲ?"

"ရၿပီ.... ဒီေလာက္ဆို ရၿပီ။"

အစ္ကိုက ေျပာေျပာဆိုဆိုျဖင့္ ကြၽန္ေတာ့္ခႏၶာကိုယ္ကို ကြၽန္ေတာ္ႏွင့္သူ ရိွေနသည့္ ဧည့္ခန္းက ကုတင္ေပၚမွ ေပြ့ခ်ီဖို႔ ဟန္ျပင္လာသည္မို႔...

"အစ္ကို...
ပ်ိဳးငယ္ကို မုန္႔ဖိုး မေပးရေသးဘူးေလ...။ ပ်ိဳးငယ္ကို မုန္႔ဖိုးေပး..."

ထိုအခ်ိန္မွာပဲ ကြၽန္ေတာ့္ခႏၶာကိုယ္က အစ္ကို႔ေပြ့ခ်ီမႈေနာက္...။ အစ္ကိုကေတာ့ ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေပြ့ခ်ီရင္းမွ ကြၽန္ေတာ့္အက်ႌႏွင့္စပ္လ်က္ ခါးတစ္ေနရာကို တင္းၾကပ္စြာ ေပြ့ဖက္ထားရင္းမွ...

"... ဘယ္မိန္းမက သူတို႔ေယာက်ၤားဆီက မုန္႔ဖိုးဆိုၿပီး ရလို႔လဲ? ရရင္းရ_"

"ဟင့္အင္း မဟုတ္ဘူးေနာ္ အစ္ကို...
ပ်ိဳးငယ္က... ဒီအတိုင္း..."

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို နင့္နဲစြာ ၾကည့္လာရင္းမွ...

"Babe...
မင္း ခါးပိုင္းက ...."

"အစ္ကို..."

ကြၽန္ေတာ့္မွာ အစ္ကို႔နာမည္ကိုပဲ သီးသန္႔ေရရြတ္လိုက္မိသည္။ အစ္ကိုက အသက္ရႈသံျပင္းျပင္းျဖင့္ ကြၽန္ေတာ့္ခါးပိုင္းမွ အ၀တ္ကေတာ့ သူ႔လက္အားျဖင့္ ဆုပ္ေခ်ရာေနာက္ ၿပဲကာ ပါသြားခဲ့တာမို႔....။

"ပ်ိဳးငယ္...
ၾကာရင္ မင္းကို တစ္ခုခု လုပ္မိေတာ့မယ္... ငါ့ကို ထိန္းေတာ့...."

"အစ္ကို...
ပ်ိဳးငယ္ေလ... အစ္ကို႔မိန္းမေလ..."

ထို႔ေနာက္မွာေတာ့ အစ္ကိုက ေခါင္းကို တဆတ္ဆတ္ညိမ့္ကာျဖင့္....

"အင္း...
မင္း ငါ့မ်က္စိေရ႔ွက မေပ်ာက္ႏိုင္ေအာင္ လုပ္ဖို႔ဆိုရင္...
မင္း လမ္းမေလ်ွာက္ႏိုင္မွပဲ ရမယ္ထင္တယ္..."

အစ္ကို႔ရဲ့ ေၾကာက္စရာ စကားတစ္ခြန္းေနာက္မွာေတာ့ ကြၽန္ေတာ့္မ်က္လံုးမ်ား ျပဴးက်ယ္ကာ ေၾကာက္စိတ္ႏွင့္အတူ မ်က္ရည္တို႔က ဝိုင္းလ်က္....။
ထိုအခ်ိန္မွာေတာ့ အစ္ကိုက...

"... ခ်စ္တာ ... babeရဲ့...
ကိုယ့္မိန္းမေလးကို လုပ္ရက္ပါ့မလား? ျမင္ေနရရင္ေတာင္ ရူးေနတဲ့ ဒီေကာင္က...
babe...
မင္းမရိွေတာ့တဲ့ ဘ၀မွာ... အေတြးနဲ႔ေတာင္ ...
ငါ အသက္မရွင္ခ်င္ဘူး...

Babe..."

Edit time :Tuesday : 27:June:20:06PM

Continue Reading

You'll Also Like

698K 37.6K 46
ဤဇá€Ŧတá€ēလမá€ēးတá€Ŋငá€ē ပá€Ģဝငá€ēသေá€Ŧ ဇá€Ŧတá€ēလမá€ēး၊ဇá€Ŧတá€ēကá€Ŋကá€ē၊ဇá€Ŧတá€ēကေá€Ŧငá€ēမá€ģá€Ŧးသညá€ē စá€Ŧရေးသူရဲ့ စိတá€ēကူးဉá€Ŧဏá€ē‌ေသး‌ေသးဖá€ŧင့á€ēသá€Ŧ ပုá€ļဖေá€Ŧá€ēထá€Ŧးခá€ŧငá€ēးဖá€ŧစá€ēá€œá€­á€¯á€ˇ တိုကá€ēဆိုငá€ēမသု တá€Ŋေရှိခဲ့ရငá€ē ခá€Ŋ...
245K 14.8K 40
My priority /property/privacy
644K 32.8K 82
ဤဘဝအတá€Ŋကá€ē တá€Ŧဝနá€ēဟá€Ŧ မေá€Ŧငá€ē့ထá€ļပá€Ģး ခá€ģစá€ēခá€ŧငá€ēá€¸á€á€­á€¯á€ˇá€”á€žá€„á€ē့ ခစá€Ŧး၍သá€Ŧ á€Ąá€†á€¯á€ļးသတá€ēပေလိမá€ē့မညá€ē။ ............. Start - 19.2.2022 End - 25.8.2022