Unicode ✅
-HOW TO DATE WITH SINGLE FATHER-
သားတော်မောင်က အမေလုပ်သူဆီ ရောက်နေတာဆိုတော့ သူ့အတွက်က လွတ်လပ်ရေးရလိုက်သလိုပင်။ ယူကိုလေးရှိရင် မလွတ်လပ်တာမျိုး မဟုတ်သော်လည်း တချို့နေရာတွေက ကလေးကိုခေါ်သွားဖို့ အဆင်မပြေတာကြောင့် ဒီနေ့တော့ တနေကုန်အပြင်မှာ လျှောက်သွားဖို့ သူအစီစဉ်ဆွဲထားလေသည်။
ယူကိုလေးလည်း သူ့အဖွားဆီမှာ အချိန်ကုန်နေမှာဆိုတော့ သူတော့ ဒီနေ့ ပြင်သစ်က သူငယ်ချင်းတွေနဲ့ ချိန်းထားပြီး တနေကုန်အပြတ်ကဲဖို့ တွေးထားလေ၏။
ထို့နောက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကာ စီးနေကြ ဆိုင်ကယ်လေးကို ထုတ်လိုက်သည်။ ဘယ်လောက်ပဲ ယူကိုလေးမရှိရင် လွတ်လပ်ပါတယ်ပြောပြော ဆိုင်ကယ်ကိုကြည့်ပြီး ယူကိုလေးထိုင်နေကြ နေရာလေးကို ကြည့်မိပြန်တော့ သူ့စိတ်ထဲတစ်မျိုးပင်။
ဒါဟာလည်း သားသမီးနှင့် မိဘကြားက မေတ္တာတရားသာ ဖြစ်လိမ့်မည်။
“လူဆိုးလေး ဒီနေ့တစ်ရက်တော့ ခဏခွဲကြတာပေါ့ နောက်ရက်တွေတော့ မင်းကိုဘယ်သူ့ဆီမှ မလွတ်တော့ဘူး ဒီကောင်ကြီးဆီမှာပဲ ဆိုးဖို့ပြင်ထား”
ကိုးလ်ကထိုသို့ ခပ်နောက်နောက်ဆိုရင် ဆိုင်ကယ်ပေါ်ကိုတက်လိုက်တာ သူငယ်ချင်းတွေနှင့် ချိန်းထားသည့်နေရာသို့ သွားဖို့ပြင်တော့သည်။
ဆိုင်ကယ်မောင်းနေရင်း ကိုးလ်အတွေးထဲရောက်လာသည်မှာ ဖင်လ်အကြောင်းပင်။
ကိုးလ်မနက်ကတည်းက ဖင်လ်ဆီကို ဖုန်းဆက်ကြည့်ပေမဲ့ ဖင်လ်ကဖုန်းမကိုင်ခဲ့ချေ။ အလုပ်များနေမယ် အထင်နဲ့ Message တွေ ပို့ကြည့်ပြန်တော့လည်း စာမပြန်တာကြောင့် ဖင်လ်တစ်ခုခုဖြစ်နေသလား ကိုးလ်တွေးတောနေမိလေ၏။
သို့သော် ဖင်လ် အလုပ်ကိစ္စကြောင့်သာ သူ့အား ပြန်မဆက်သွယ်မှန်း ကိုးလ်ယုံကြည်ထားတာကြောင့် ကိုးလ် ဖင်လ်ဆီ ထပ်ပြီး စာမပို့ဖြစ်တော့ပေ။
“Hey ကိုးလ် ရောက်လာပြီလား”
“Sorry Nick နည်းနည်းနောက်ကျသွားတယ်”
ကိုးလ်က တောင်းပန်းစကား ခပ်ဟဟဆိုရင် ဆိုင်ကယ်ဦးထုပ်အား ဆွဲချွတ်လိုက်သည်။ ပြီးသည်နှင့် ဝဲကျနေသည့် ဆံပင်ရှည်တွေအား လက်မှာစည်းထားသည့် ခေါင်းစီးကွင်းဖြင့် စုချည်ကာ ဆိုင်ကယ်ပေါ်ကနေ ဆင်းလာလေရဲ့။
“ကိုးလ် မင်းကတော့ အမြဲကြည့်ကောင်းနေတော့တာပဲ”
“ကိုးလ် မင်းငါ့ကို လက်ထပ်မလား ငါမင်းကိုရော ယူကိုလေးကိုရော ရှာကျွေးနိုင်ပါတယ်ကွာ”
နစ်ခ်ရဲ့စကားကြောင့် ကိုးလ်ခပ်ဟဟရယ်တော့သည်။ နစ်ခ်ကသူ့ကိုတွေ့တာနဲ့ ဒီလိုစနေကြဖြစ်ပြီး ယူကိုရှေ့မှာဆို ပိုလို့တောင် စတက်သေး၏။ ပြီးရင် နှစ်ယောက်သား ရန်ဖြစ်ကာ သိပ်မကြာခင်မှာပဲ ပြန်ပြီး တည့်သွားကြပြန်သည်။
“နစ်ခ် အခုနေ ဒီစကားကို ဘော့စ်ယူကိုကြားရင် မင်းတော့သေပြီပဲ”
“သူမရှိလို့ သူ့ဒယ်ဒီကို ကြူးနေတာလေ ဟားဟား”
ကိုးလ်ရယ် နစ်ခ်ရယ် နောက်ထပ် သူငယ်ချင်း နှစ်ယောက်ရယ် စုံလိုက်ပြီဆို ပြင်သစ်နိုင်ငံကြီးကို ဇောက်ထိုးဖြစ်အောင် လုပ်နိုင်သူတွေပင်။ သူတို့လေးယောက်အား ယူကိုလေးရှိရင် ထိန်းလို့ရသေးပေမဲ့ အခု ယူကိုလေးမရှိတော့ လေးယောက်သား အကြိုက်တွေ့နေလေ၏။
“ဘယ်ကိုစသွားကြမလဲ ဒီလို အခွင့်အရေးမျိုးက ဘော့စ်ယူကို မရှိတုန်းလေးပဲ ရတာနော် အချိန်တွေမဖြုန်းကြနဲ့”
“စိတ်မပူနဲ့ မင်းတို့ဘော့စ်က မနက်ဖြန်ပြန်ရောက်ပြီ”
“အေးပါကွာ”
ဒီလိုနဲ့ လေးကောင်သာ မိုးလင်းကတည်းက နေရာအစုံပတ်သွားပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းတော့သည်။ ပုံမှန်ဆိုရင် ယူကိုလေးရှိရင် သူတို့လုပ်ချင်တိုင်း လုပ်လို့မရပေမဲ့ ယူကိုလေးမရှိတော့ လေးကောင်သာ ကမ္ဘာပျက်အောင် သောင်းကျန်းတော့၏။
တနေကုန်ရှောင်ပတ်သွားပြီး အချိန်မှာတော့ ညနေစောင်းကိုရောက်လေပြီ။ နေဝင်ကာ အပြင်ဘက်မှာလည်း အမှောင်နည်းနည်းကျနေပြီမို့ ကိုးလ်တို့ဟာ Bar တစ်ခုမှာ အရင်အချိန်ဖြုန်းပြီး နည်းနည်း မိုးချုပ်လောက်မှ Club ကိုသွားဖို့ ဆုံးဖြတ်လိုက်ကြလေ၏။
“ကိုးလ် မင်းတို့ဒီရက်ပိုင်း ငါတို့ဆီသိပ်မရောက်လာဘဲ သားအဖ နှစ်ယောက် ဘယ်တွေ သွားနေတာလဲ”
နစ်ခ်အမေးကြောင့် ကိုးလ်က တစ်ချက်တွေဝေသွားသည်။ သူ့အနေနဲ့ ဖင်လ်နဲ့ကိစ္စအား သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြချင်ပေမဲ့လည်း သူ့အား နားလည်မပေးနိုင်မှာလည်း ကိုးလ်စိတ်ပူနေလေ၏။
“နစ်ခ် မင်းယောင်္ကျားလေးတွေကို ကြိုက်လား”
ရုတ်တရက် ကိုးလ်အမေးကြောင့် နစ်ခ်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ခပ်ဟဟရယ်တော့၏။
“ကိုးလ် မင်းကမထူးဆန်းတာကို ထူးဆန်းတဲ့ပုံစံကြီးနဲ့ လာမေးနေတာပဲ”
“လီအို မင်းဘာကိုဆိုတာလဲ”
“Damm မင်းကဂျပန်နိုင်ငံသားဆိုတော့ နည်းနည်းတော့ ထူးဆန်းနေနိုင်ပေမဲ့ ငါတို့အားလုံးက ယောင်္ကျားလေးတစ်ယောက်နဲ့ ဒိတ်လုပ်ဖို့ ဘာမှခက်ခဲမနေဘူးလေ ဥပမာ မင်းလိုရုပ်ရည်မျိုးနဲ့ ကောင်လေးဆိုရင် ဘယ်ကောင်က ဒိတ်လုပ်ဖို့ ငြင်းနိုင်မှာလဲ”
လီအိုရဲ့အဖြေစကားကြောင့် ကိုးလ်က စိတ်အေးသွားဟန် ဖင်လ်နဲ့ပတ်သတ်သမျှ အကြောင်စုံအား ပြောပြဖို့ကြံတော့၏။
သို့သော် ။
“ကိုးလ်!”
အနောက်ဘက်ကနေ ကြားလိုက်ရသည့် အသံနက်နက်ကြောင့် ကိုးလ် ကျောပြင်တွေ အေးစိမ့်လာဟန် သူ့အနောက်ဘက်သို့ ဖြေးဖြေးချင်း လှည့်ကြည့်လေရဲ့။
“ဟင် ဖင်လ်”
တနေကုန် သူ့အားပြစ်ထားပြီး အခုမှ ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိတဲ့ ဖင်လ်ကြောင့် ကိုးလ် မျက်နှာဟာ အနည်းငယ် ဆူပုတ်နေခဲ့လေသည်။ ဒါကိုရိပ်မိသည့် ဖင်လ်ဟာလည်း နစ်ခ်တို့ဆီ ဝင်ထိုင်ဖို့ ခွင့်တောင်းကာ ကိုးလ်ဘေးမှာ အသာဝင်ထိုင်လေ၏။
“ကိုးလ်....”
“ဘာတုန်း ခင်ဗျားအခုမှ ဘယ်ကနေ ရောက်လာတာလဲ”
ဖင်လ် ပုံစံဟာ မျက်နှာသည် ခပ်မဲ့မဲ့။ အသံသည် ခပ်ဖျော့ဖျော့။ ကိုးလ် ပုံစံကတော့ မျက်နှာထား ခပ်တင်းတင်းနှင့် နှုတ်ခမ်းလေးမှာ အနည်းငယ် ရှေ့သို့ ပိုထားပြန်ရဲ့။
နစ်ခ်တို့အမြင်မှာတော့ ကိုးလ်တို့ဟာ ရည်းစားတွေဖြစ်ပြီး တစ်ယောက်ကစိတ်ကောက်ကာ တစ်ယောက်က ချော့နေသည့်ဟန်နှင့်တူ၏။
“ကိုယ်ကုမ္ပဏီမှာ ပြဿနာလေး နည်းနည်းတက်နေလို့ မင်းကိုပြန်မဆက်သွယ်မိတာပါ ပြစ်ထားမိလို့ တောင်းပန်ပါတယ်”
ဖင်လ်ကအသံသေးသေးနဲ့ တောင်းပန်တော့ ကိုးလ် ထပ်ပြီးမရစ်နိုင်ပေ။ သို့သော် မျက်နှာကတော့ အခုထိဆူပုတ်နေဆဲပင်။
“ထားပါ ခင်ဗျားမှာလည်း ခင်ဗျား အခက်ခဲနဲ့ ခင်ဗျားဆိုတော့”
“ကိုယ့်ဆီ အခုလေးတင် ဘေဘီလေး ဖုန်းဆက်တယ် မင်းဒီမှာရှိနေတယ် ဆိုတဲ့ အကြောင်းနဲ့ မင်းကိုအဖော်လုပ်ပေးဖို့ ကိုယ့်ကိုလှမ်းပြောတယ်”
ယူကိုတို့မွှေပြီ။ ဒီနေ့မှလွတ်လပ်ရေး ရပါတယ်ဆိုကာမှ ချက်ချင်း ဖင်လ်ကို သူ့ဆီရောက်အောင် ပို့ပြစ်လိုက်တယ်။ ပြီးတော့ ဘာတဲ့ အဖော်လုပ်ပေးဆိုပဲ။ မလိုပါဘူးနော်။ တနေကုန်ပြစ်ထားပြီးတော့မှ။
“မိတ်ဆက်ပေးရဦးမယ် ဒါကျွန်တော် သူငယ်ချင်းတွေ သူက နစ်ခ် သူက လီအို သူကတော့ ဂျိတ်ခ်”
အားလုံးက ဖင်လ်ကိုပြုံးပြပြီး ခေါင်းညိတ်ပြလေတော့ ။
“ကိုယ်ကတော့ ဖင်လ်ပါ မင်းတို့ထက် ကြီးတယ်ဆိုပေမဲ့ အဆင်ပြေသလို ခေါ်လို့ရတယ်”
“အစ်ကိုအကြောင်းကို ကိုးလ်က ကျွန်တော်တို့ကို လုံးဝမပြောပြထားဘူး”
“ကိုးလ် ဒီရက်ပိုင်း မင်းတို့သားအဖ ပျောက်နေတာ ဒီအစ်ကိုဆီရောက်နေတာပေါ့”
နစ်ခ်အမေးကြောင့် ကိုးလ်က ခေါင်းတစ်ချက် ညိတ်ပြကာ ။
“မင်းတို့ ဘော့စ်ယူကိုက ဖင်လ်မှဖင်လ် ဖြစ်နေတာနဲ့ ဖင်လ်ဆီပဲရောက်ဖြစ်နေတာ”
ကိုးလ်ပြောကြောင့် ဖင်လ်က သဘောကျဟန် ပြုံးနေပေမဲ့ နောက်ဆက်တွဲ ကြားလိုက်ရတဲ့ စကားကြောင့် ဖင်လ် မပြုံးနိုင်တော့။ အကြောင်းမှာတော့ နစ်ခ်စလိုက်တဲ့ စကားကြောင့်ပင်။
“ဘာပဲဖြစ်ဖြစ် အနာဂတ် အမျိုးသားနဲ့ သားလေးကို ဒီတစ်ကြိမ်တော့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်”
“မင်းကတော့ လုပ်ပြန်ပြီကွာ”
“ကိုးလ်နဲ့သာ ဒိတ်ခွင့်ရရင် ဘော့စ်ယူကိုက ပမွှားလေးပါကွ”
“ဟားဟား မင်းတို့ကောင်တွေကတော့ ဆူညံနေတော့တာပဲ”
ကိုးလ်တို့က ထုံးစံအတိုင်း စနောက်ပြီး ပျော်ပါးနေကြပေမဲ့ ဖင်လ်ကတော့ သူတို့ကြားထဲ ငြိမ်နေလေသည်။ နစ်ခ်စပြီး ပြောလိုက်တဲ့ စကားတွေကလည်း ဖင်လ်နားထဲက အခုထိ မထွက်သေးပေ။
ဖင်လ် စိတ်ခံစားချက်ဟာ ကိုးလ်အပေါ်မှာဆို သူကိုယ်တိုင်တောင် နားလည်ရခက်လှသည်။ ကိုးလ် တခြားသူတွေနဲ့ ရှိနေတာမျိုး ဖင်လ် သိပ်သဘောမကျသလို ကိုးလ်ကို တခြားသူဆီ မြင်ရမှာကိုလည်း ဖင်လ်မလိုချင်ပေ။
“ဖင်လ် ဘာသောက်မလဲ”
“ကိုးလ် အဆင်ပြေတာပဲ မှာလိုက်ပါ ကိုယ်ကဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်”
“ဒါဆို ခဏစောင့်”
ကိုးလ် ဖင်လ်အတွက် ကော့တေးကို သူ့ကိုယ်တိုင် မှာပေးရန် ထိုင်ရာကနေ ထသွားလေရဲ့။ အခုတော့ဝိုင်းမှာ နစ်ခ်တို့နဲ့ ဖင်လ်သာ ကျန်ခဲ့တာမို့ ဖင်လ်အကြည့်တွေက စောနကစနောက်နေသည့် နစ်ခ်ဆီရောက်နေလေ၏။
“CEO Griffin အစ်ကိုအကြောင်းကို ကျွန်တော် ဝမ်းကွဲ အစ်ကိုဆီကနေ ကြားဖူးတယ် အစ်ကိုက တကယ်တော်တဲ့သူပဲ”
လီအို အပြောကြောင့် ဖင်လ်က ခပ်ဖွဖွပြုံးကာ ။
“ကိုယ့်ကို ကိုးလ်ကိုခင်သလိုပဲ ခင်နိုင်ပါတယ် ဒါနဲ့ မင်းတို့က ကိုးလ်နဲ့သိတာ ကြာပြီလား”
“ကြာပြီပေါ့ ကိုးလ်တို့သားအဖက ဂျပန်ကနေ ဒီကိုခဏခဏ လာနေကြဆိုတော့ ကျွန်တော်တို့နဲ့ သိတာလည်း ကြာပြီ ဒါပေမဲ့ ကိုးလ်က နစ်ခ်နဲ့အရင်သိပြီး ကျွန်တော်တို့နဲ့ကတော့ နစ်ခ် မိတ်ဆက်ပေးလို့ သိကြတာ”
လီအို အပြောကြောင့် ဖင်လ်က နစ်ခ်ကို အကဲခတ်သလို ကြည့်လေသည်။ နစ်ခ်က Body ဖြောင့်ပြီး ဆံပင်ကိုလည်း အနီရောင်ဆိုးထားသေးသည်။ ထို့အပြင် မျက်နှာသည်လည်း အတော်လေး ချောမောသလို လူမှုဆက်ဆံရေးလည်း ကောင်းမည့်ပုံပင်။
“ဖင်လ်အတွက်”
ပြန်ရောက်လာပြီဖြစ်တဲ့ ကိုးလ်က ဖင်လ်အတွက် ကော့တေးတစ်ခွက်ချပေးကာ ဝိုင်းမှာပြန်ဝင်ထိုင်လေသည်။
“ကိုးလ် နောက်နာရီဝက်လောက်နေရင် Club လစ်မယ် ငါ့အသိက သူ့ Club ကိုလာဖို့ လိပ်စာပို့ပေးထားတယ်”
“ကောင်းပြီ ဖင်လ်ရော လိုက်ခဲ့ချင်လား”
ကိုးလ်ကပြုံးကာ ဖင်လ်ဘက်ကိုလှည့်ပြီး မေးလေတော့ ။
“အင်း ကိုယ်လည်းလိုက်ခဲ့မယ်”
ထိုသို့ဆိုကာ ဖင်လ်ဟာ ခုံအောက်က ကိုးလ်လက်တစ်ဖက်ကို ယူလိုက်ပြီး ဆုပ်ကိုင်လာလေသည်။ ရုတ်တရက် ဖင်လ်လုပ်ရက်ကြောင့် ကိုးလ်လန့်သွားသလို ဖင်လ်မျက်နှာအား လှည့်ကြည့်လိုက်ပေမဲ့ ဖင်လ်ဟာ ပုံမှန်အတိုင်း လီအိုတို့နဲ့စကားပြောနေလေ၏။
“ကိုးလ် မင်းသိလား ဒီကောင်နစ်ခ်လေ ဟိုစော်လေး ဒိတ်ဖို့ပြောတာကို ငြင်းလိုက်တယ်တဲ့”
“Ohhoo နစ်ခ် မင်းကတော့ စော်ကြည်ချက်ပဲ”
“Ara Ara ငါကသူတို့နဲ့ မဒိတ်ချင်ပါဘူး မင်းနဲ့ပဥဒိတ်ချင်တာ ဘယ်လိုလဲ ဘေဘီ ကိုယ်နဲ့ဒိတ်မလား”
နစ်ခ်ကစနောက်ပြီး ဆိုလေတော့ အားလုံးက ထရယ်တော့သည်။ နစ်ခ်အကြောင်းက အားလုံးက သိနေပြီးသား ဖြစ်သလို နစ်ခ် ကိုးလ်အပေါ် ဘာစိတ်မှမရှိတာလည်း အားလုံးသိကြလေ၏။
သို့သော် ဖင်လ်ကတော့ နစ်ခ် အတည်ကြံနေသည်ဟု ထင်နေသည့်ပုံပါပင်။
“Humm...ဘာလို့လဲ ဖင်လ်”
ဘာကိုဒေါသထွက်နေမှန်းမသိတဲ့ ဖင်လ်ဟာ နစ်ခ်ကိုကြည့်နေရင်း စိတ်လွတ်သွားကာ ကိုးလ် လက်အားဆွဲညှစ်မိလေသည်။
“မဖြစ်ပါဘူး အများကြီး မသောက်နဲ့နော် ကိုးလ် ဘေဘီလေးက ကိုးလ်ကို အများကြီး မသောက်ခိုင်းဖို့ ကိုယ့်ကို သေချာမှာလိုက်တယ် ပြီးတော့ ကိုယ်လည်း မင်းအရမ်းမူးသွားမှာကို မမြင်ချင်ဘူး”
ဖင်လ်ကပြုံးကာ ထိုစကားတွေဆိုနေရင်း ခုံအောက်က ကိုးလ်လက်ကလေးအား ခပ်တင်းတင်းလေး ပိုပြီး ဆုပ်ကိုင်လာလေသည်။ ကိုးလ်သည်လည်း ဖင်လ်လက်တွေအား ပြန်ပြီး ဆုပ်ကိုင်လာကာ ပြုံးရင်း ခေါင်းညိတ်ပြလေ၏။
ဒီလိုနှင့် Bar ကနေ Club ကို သူတို့အားလုံး ချီတက်ကြပြီး Club ရောက်တော့ အားလုံးကပျော်ပါးနေကြပေမဲ့ ဖင်လ်ကတော့ ဝိုင်းထက်သာ ထိုင်နေရင်း ကိုးလ်အား မျက်တောင်မခတ်တန်း လိုက်ကြည့်နေလေ၏။
ဒါဟာ ယူကိုမှာထားလို့ လိုက်ကြည့်နေတာ မဟုတ်ဘဲ သူ့အသိစိတ်ကိုကပင် ကိုးလ်အား ကာကွယ် စောင့်ရှောက်ပေးချင်တာမို့ ကိုးလ်အနား ဘယ်သူမှကပ်မရအောင် မျက်စိအောက်ပျောက်မခံ စိုက်ကြည့်နေတော့သည်။
ခဏကြာတော့ ကိုးလ်ဟာ ကလို့မောသွားပြီထင် ဖင်လ်ဆီ ပြန်ရောက်လာသည်။ ဖင်လ်အနားကို မရောက်ခင်အထိ လျှောက်နေသည့် ကိုးလ်ခြေလှမ်းတွေဟာ မူမမှန်တော့ဘဲ အတော်လေး ရေချိန်ကိုက်နေသည့် ပုံပါပင်။
“ဖင်လ်...”
အနားရောက်သည်နှင့် ဖင်ပုခုံးပေါ် လက်တွေကောက်တင်ကာ ပြုံးပြလာတဲ့ ကိုးလ်။
“ကိုးလ် ကိုယ်သတိပေးထားရဲ့သားနဲ့ မင်းအများကြီး သောက်လိုက်တာပဲ”
“ဖင်လ်က ဆူနေတာလားဟင်”
မျက်နှာငယ်လေးနဲ့ သူ့အား ဆူရကောင်းလားဆိုပြီး ပြန်မေးလာတဲ့ ကိုးလ်ပုံစံဟာ ဖင်လ်မမြင်ဖူးသည့် ပုံစံမျိုးပင်။ Alcohol အရှိန်ကြောင့် မျက်နှာနုနုလေးဟာ အနည်းငယ် နီရဲနေပြီး မျက်ဝန်းလေးတွေဟာလည်း မှေးဆင်းနေပြီ ဖြစ်လေသည်။
“ကိုယ်မင်းကို ဆူနေတာ မဟုတ်ပါဘူး အများကြီး သောက်ပြီးရင် မင်းခေါင်းကိုက်မှာကို ကိုယ်မလိုလားလို့ ပြောနေတာပါ”
ဖင်လ်က ကလေးချော့သလို ပြောလေတော့ ကိုးလ်ဟာ ခပ်ယေးယေးပြုံးကာ ။
“ကျွန်တော် အခုလိုအများကြီးသောက်ပြီး မူးနေရတာကို သဘောကျတယ် ဖင်လ် ဘာလို့လဲဆိုတော့ အခုချိန်မှာ ကျွန်တော် အတွေးမှာ ဘာမှမရှိဘူး သူနဲ့ပတ်သတ်တာ ဘာမှမတွေးနိုင်တာ ဒီလိုအချိန်တစ်ချိန်ပဲရှိတယ်”
သူနဲ့ပတ်သတ်တာ။ သူဆိုဘယ်သူလဲ။ ကိုးလ်ပြောလိုက်တဲ့ သူဆိုတာ ဘယ်သူလဲ။ မဟုတ်မှလွဲရော ကိုးလ်မှာ သဘောကျရမဲ့သူ တွေ့နေပြီလား။ အဲ့ဒီသူကရော ဘယ်သူလဲ။ မပြောနဲ့နော် ကိုးလ်။ အဲ့ဒီသူက နစ်ခ်ပါလို့။
“ကိုးလ်-”
“ကိုးလ် မင်းရေချိန်ကိုက်နေပြီလား”
ဖင်လ်မေးမလိုကြံနေသေး။ သူတို့ဆီရောက်လာတဲ့ လီအိုကြောင့် ဖင်လ်ဆက်မမေးဖြစ်လိုက်ပေ။
“ငါသိပ်မမူးသေးပါဘူး”
ကိုးလ်က ဖင်လ်လက်ပေါ်က သူ့လက်တွေကိုဖြုတ်လိုက်ပြီး ခုံပေါ်ကခွက်ကိုယူလိုက်ကာ ထပ်သောက်ပြန်သည်။
“တော်ပြီ ကိုးလ် ရပ်လိုက်တော့”
ဖင်လ်က သည်းမခံနိုင်တော့သလို ကိုးလ် လက်ထဲက ခွက်ကိုချပြစ်လိုက်ပြီး ကိုးလ်ကိုလည်း ရုတ်တရက်ဆိုသလို ပွေ့ချီပြစ်လိုက်လေ၏။
“အားနာပေမဲ့လည်း ကိုးလ်ကို ကိုယ်ပြန်ခေါ်သွားပါရစေ ယူကိုလေးက ကိုးလ်ကို ကိုယ့်ဆီ အပ်ထားတာဆိုတော့ ကိုယ့်ကိုနားလည်ပေးပါ”
“မဟုတ်တာဘဲ ခေါ်သွားပါဗျာ ကျွန်တော်တို့ကို အားမနာပါနဲ့ ပြီးတော့ ကိုးလ်လည်း အရမ်းမူးနေပြီ”
“ကောင်းပြီ ဒါဆို ကိုယ်တို့ကို သွားခွင့်ပြုပါဦး”
ဖင်လ်က ကိုးလ်ကိုပွေ့ချီရင်း Club ထဲကနေ ထွက်လာသည်။ ပြီးသည်နှင့် ကိုးလ်ဆိုင်ကယ်အား သူ့ကိုယ်တိုင်မောင်းကာ ကိုးလ်အိမ်ကိုလည်း သူကိုယ်တိုင်လိုက်ပို့ပေးလေသည်။
အိမ်ရောက်တော့လည်း ကိုးလ်အားပြန်ပွေ့ချီကာ ဧည့်ခန်းထက်က ဆိုဖာထက်ဝင်ထိုင်လိုက်ပြီး ကိုးလ်ကိုတော့ သူ့ပေါင်ပေါ်၌သာ တင်ထားလေ၏။
“မင်းကမလိမ်မာတဲ့ လူဆိုးလေးပဲ သတိပေးနေတဲ့ကြားက အများကြီး သောက်ပြစ်တယ်”
ဖင်လ်က ကိုးလ်နှာခေါင်းလေးအား အသာလေးဆွဲညှစ်ကာ ဆိုလေတော့ ကိုးလ်ဟာဆူပုတ်သွားပြီး ဖင်လ်ပါးနှစ်ဖက်အား ဆုပ်ကိုင်လာလေရဲ့။
“ရုပ်လေးချောသလောက် အရမ်း ဆူတာပဲ”
ကိုးလ် စကားကြောင့် ဖင်လ်ကတစ်ခုခုအား သတိရသွားသလို ကိုးလ်မျက်ဝန်းတွေအား စိုက်ကြည့်ကာ သူသိချင်တာကို မေးတော့သည်။
“ကိုးလ် ကိုယ်နဲ့ နစ်ခ် ဘယ်သူကပိုချောတယ်လို့ မင်းမြင်လဲ ကိုယ့်ကို အမှန်အတိုင်းပြော”
ဖင်လ်အမေးအား မူးနေသည့် ကိုးလ်ဟာ စဉ်းစားဟန်ဖြင့် မျက်မှောင်လေး အနည်းငယ် ကြုတ်သွားလေသည်။ ဖင်လ်ကတော့ ကိုးလ်ပြန်ဖြေလာမဲ့ အဖြေအား စိတ်ဝင်တစားဖြင့် မျှော်နေရှာ၏။
“နှစ်ယောက်လုံးကချောတယ် ဖင်လ်က လူကြီးဆန်ပြီး နစ်ခ်ကလူငယ်ဆန်တယ် ပြီးတော့ နစ်ခ်ဆံပင်အနီရောင်ဆိုးထားတာ ကျွန်တော်ကြိုက်တာမို့ ဟီး နစ်ခ်ကပိုချောတယ်လို့ မြင်တယ်”
ကိုးလ်ကမူးနေပေမဲ့ သူ့စိတ်ထဲရှိတဲ့အတိုင်း အမှန်အတိုင်းပြန်ဖြေကာ ရယ်နေပေမဲ့ မရယ်နိုင်သူမှာတော့ ဖင်လ်ပင်။ ဖင်လ်ဟာ သူကြားချင်သည့် အဖြေအား မကြားလိုက်ရတာမို့ စိတ်ထဲမကျေမနပ်ဖြစ်နေကာ ကိုးလ်ကိုလည်း ဘာကြောင့် ဒီလိုဖြေရသလဲဆိုပြီး ပြဿနာရှာချင်နေပုံပါပင်။
“ဟင် ဖင်လ်မျက်နှာကြီးကလည်း ကြောက်စရာကြီး”
သူ့အား ခပ်စူးစူးစိုက်ကြည့်နေတဲ့ ဖင်လ်ကြောင့် ကိုးလ်ဟာ ထိုသို့ပြောလေတော့ ဖင်လ်ဟာ ချက်ချင်းဆိုသလို ကိုးလ်ခါးတွေအား ခပ်တင်းတင်း ဆွဲဖက်လာပြီး ကျန်တဲ့လက်တစ်ဖက်ကိုလည်း ကိုးလ်းပါးနှစ်ဖက်အား ခပ်တင်းတင်းဆွဲညှစ်လာလေ၏။
“အင့်! ဖင်လ်”
“ဘာဖြစ်လို့ ကိုယ်က နစ်ခ်ထက် ပိုမချောရတာလဲ ဘာလဲ မင်းအမြင်မှာ နစ်ခ်ကပဲ ပြီးပြည့်စုံနေတာလား”
ဖင်လ် ဘာတွေပြောနေသလဲ မူးနေသည့် ကိုးလ်ဟာ နားမလည်ရှာပေ။ အဲ့ဒီအစား ခါးကိုရော ပါးကိုရော ခပ်တင်းတင်း ဆွဲညှစ်ထားသည့် ဖင်လ်လက်တွေကြောင့် ကိုးလ်ဟာ ဖင်လ်အပေါ် ကြောက်စပြုလာသည်။
“ဖင်လ် လွှတ်...”
“ကိုယ်မေးတာကိုဖြေ ကိုးလ် နစ်ခ်ကကိုယ့်ထက် ဘာတွေများ သာနေလို့လဲ”
“လွှတ်ပေး”
“ကိုးလ် ကိုယ်မေးနေတယ်လေ နစ်ခ်က-”
“ဟင့် ကြောက်တယ် ဖင်လ်ကို ကြောက်တယ်”
အရိုင်းစိတ်ဝင်နေသည့် ဖင်လ်ပုံစံအား ကိုးလ်ဟာ အတည်ကြောက်သွားဟန် ငိုယိုပြီး ထုတ်ပြောတော့မှ ဖင်လ်ဟာ အသိစိတ်ပြန်ဝင်လာသည်။ ဒါကြောင့် ချက်ချင်းဆိုသလို အကြမ်းပတမ်း ဆွဲညှစ်ထားသည့် သူ့လက်တွေအား လွှတ်ပေးပြီး ကိုးလ်အား ခပ်ဖွဖွ ပွေ့ဖက်လာလေ၏။
“ကိုယ်တောင်းပန်ပါတယ် ကိုးလ် ကိုယ်စိတ်လွှတ်သွားလို့ပါ”
ဖင်လ်က သက်ပြင်းဖွဖွချကာ တောင်းပန်စကားဆိုလေတော့ ကိုးလ်ဟာ ဖင်လ်ဖက်ထားတာကို တွန်းထုတ်လိုက်ပြီး ဖင်လ်လက်တွေကိုယူလိုက်ကာ သူ့ပါးပြင်ထက် ကပ်ထားလေသည်။
ပြီးသည်နှင့် ။
“စောနက ဖင်လ်ပုံစံကို ကျွန်တော် ကြောက်တယ်”
“ကိုယ်တောင်းပန်ပါတယ်”
ဖင်လ်ကနောင်တအကြီးကြီးရသလို မှိုင်သွားသည့် မျက်နှာဖြင့် တောင်းပန်စကား ဆိုပြန်တော့ ကိုးလ်ဟာ ခပ်ဖွဖွပြုံးလေသည်။
“နစ်ခ်က ဖင်လ်ထက်ပိုချောတယ်လို့ ကျွန်တော်ထင်ပေမဲ့ ကျွန်တော် နစ်ခ်ထက် ဖင်လ်ကို ပိုသဘောကျတယ်”
ထိုသို့ဆိုကာ ကိုးလ်ဟာ ဖင်နှုတ်ခမ်းအား ထိရုံမျှ တစ်ချက်လာနမ်းလေသည်။
“ဖင်လ်ကိုပိုသဘောကျတယ်”
နှုတ်ခမ်းချင်း ထိရုံမျှနမ်းသွားပြီး အဲ့ဒီစကားပဲ ထပ်ဆိုလာတာကြောင့် ဖင်လ်ဟာ ကိုးလ်ကိုစိုက်ကြည့်သည်။ အခုချိန်မှာ ဖင်လ်ခေါင်းတွေဟာ မူးလောက်အောင် မသောက်ထားဘဲ မူးနောက်နေပြီး ရင်ဘတ်တစ်ခုလုံးလည်း ဘာကြောင့်မှန်းမသိ လှုပ်ခတ်နေခဲ့လေသည်။
ထို့အပြင် ဖင်လ်အကြည့်တွေဟာ ကိုးလ် နှုတ်ခမ်းပါးတွေဆီကိုသာ ရောက်နေပြီး အကြည့်မလွှဲနိုင်ဖြစ်နေကာ ဒုက္ခရောက်နေလေ၏။
“နစ်ခ်ရဲ့ ဆံပင်အနီရောင်ကို ကြိုက်ပေမဲ့ ဖင်လ်ရဲ့ ဆံပင်အမဲရောင်ကို ပိုသဘောကျတယ် ဘယ်သူကပိုသာတယ်ဆိုတာ မသိပေမဲ့ ကျွန်တော် မျက်လုံးထဲမှာတော့ ဖင်လ်က ပြီးပြည့်စုံတဲ့ ယောင်္ကျားတစ်ယောက်ပဲ”
“ကိုးလ်”
“ဟင်”
“မင်းအမူးပြေသွားတဲ့အခါ ဒီကိစ္စကို ပြန်မမှတ်မိဖို့ ကိုယ်ဆုတောင်းတယ်”
ထိုစကားကိုဆိုပြီးချိန်မှာတော့ ဖင်လ်ဟာ မထင်ထားသည့် လုပ်ရက်တစ်ခုအား လုပ်လိုက်လေသည်။
ဤသည်မှာတော့ ကိုးလ်နှုတ်ခမ်းတွေအား သူကိုယ်တိုင် လိုလိုလားလားဖြင့် နမ်းရှိုက်လာတာပင်။
End ....
ဖတ်ပြီးရင် Vote နှိပ်နော်။ ရှေ့အပိုင်းက ဖတ်သာဖတ်ပြီး Vote မနှိပ်ကြလို့ ဆက်ရေးဖို့ မိုတီပျောက်သွားတာ။ အဲ့ဒါကြောင့် အခုလိုကြားသွားတော့တာပါပဲ။ Gomen
_________________________________________
Zawgyi ✅
-HOW TO DATE WITH SINGLE FATHER-
သားေတာ္ေမာင္က အေမလုပ္သူဆီ ေရာက္ေနတာဆိုေတာ့ သူ႔အတြက္က လြတ္လပ္ေရးရလိုက္သလိုပင္။ ယူကိုေလးရွိရင္ မလြတ္လပ္တာမ်ိဳး မဟုတ္ေသာ္လည္း တခ်ိဳ႕ေနရာေတြက ကေလးကိုေခၚသြားဖို႔ အဆင္မေျပတာေၾကာင့္ ဒီေန႔ေတာ့ တေနကုန္အျပင္မွာ ေလွ်ာက္သြားဖို႔ သူအစီစဥ္ဆြဲထားေလသည္။
ယူကိုေလးလည္း သူ႔အဖြားဆီမွာ အခ်ိန္ကုန္ေနမွာဆိုေတာ့ သူေတာ့ ဒီေန႔ ျပင္သစ္က သူငယ္ခ်င္းေတြနဲ႔ ခ်ိန္းထားၿပီး တေနကုန္အျပတ္ကဲဖို႔ ေတြးထားေလ၏။
ထို႔ေနာက္ ျပင္ဆင္စရာရွိတာ ျပင္ဆင္ကာ စီးေနၾက ဆိုင္ကယ္ေလးကို ထုတ္လိုက္သည္။ ဘယ္ေလာက္ပဲ ယူကိုေလးမရွိရင္ လြတ္လပ္ပါတယ္ေျပာေျပာ ဆိုင္ကယ္ကိုၾကည့္ၿပီး ယူကိုေလးထိုင္ေနၾက ေနရာေလးကို ၾကည့္မိျပန္ေတာ့ သူ႔စိတ္ထဲတစ္မ်ိဳးပင္။
ဒါဟာလည္း သားသမီးႏွင့္ မိဘၾကားက ေမတၱာတရားသာ ျဖစ္လိမ့္မည္။
“လူဆိုးေလး ဒီေန႔တစ္ရက္ေတာ့ ခဏခြဲၾကတာေပါ့ ေနာက္ရက္ေတြေတာ့ မင္းကိုဘယ္သူ႔ဆီမွ မလြတ္ေတာ့ဘူး ဒီေကာင္ႀကီးဆီမွာပဲ ဆိုးဖို႔ျပင္ထား”
ကိုးလ္ကထိုသို႔ ခပ္ေနာက္ေနာက္ဆိုရင္ ဆိုင္ကယ္ေပၚကိုတက္လိုက္တာ သူငယ္ခ်င္းေတြႏွင့္ ခ်ိန္းထားသည့္ေနရာသို႔ သြားဖို႔ျပင္ေတာ့သည္။
ဆိုင္ကယ္ေမာင္းေနရင္း ကိုးလ္အေတြးထဲေရာက္လာသည္မွာ ဖင္လ္အေၾကာင္းပင္။
ကိုးလ္မနက္ကတည္းက ဖင္လ္ဆီကို ဖုန္းဆက္ၾကည့္ေပမဲ့ ဖင္လ္ကဖုန္းမကိုင္ခဲ့ေခ်။ အလုပ္မ်ားေနမယ္ အထင္နဲ႔ Message ေတြ ပို႔ၾကည့္ျပန္ေတာ့လည္း စာမျပန္တာေၾကာင့္ ဖင္လ္တစ္ခုခုျဖစ္ေနသလား ကိုးလ္ေတြးေတာေနမိေလ၏။
သို႔ေသာ္ ဖင္လ္ အလုပ္ကိစၥေၾကာင့္သာ သူ႔အား ျပန္မဆက္သြယ္မွန္း ကိုးလ္ယုံၾကည္ထားတာေၾကာင့္ ကိုးလ္ ဖင္လ္ဆီ ထပ္ၿပီး စာမပို႔ျဖစ္ေတာ့ေပ။
“Hey ကိုးလ္ ေရာက္လာၿပီလား”
“Sorry Nick နည္းနည္းေနာက္က်သြားတယ္”
ကိုးလ္က ေတာင္းပန္းစကား ခပ္ဟဟဆိုရင္ ဆိုင္ကယ္ဦးထုပ္အား ဆြဲခြၽတ္လိုက္သည္။ ၿပီးသည္ႏွင့္ ဝဲက်ေနသည့္ ဆံပင္ရွည္ေတြအား လက္မွာစည္းထားသည့္ ေခါင္းစီးကြင္းျဖင့္ စုခ်ည္ကာ ဆိုင္ကယ္ေပၚကေန ဆင္းလာေလရဲ႕။
“ကိုးလ္ မင္းကေတာ့ အၿမဲၾကည့္ေကာင္းေနေတာ့တာပဲ”
“ကိုးလ္ မင္းငါ့ကို လက္ထပ္မလား ငါမင္းကိုေရာ ယူကိုေလးကိုေရာ ရွာေကြၽးႏိုင္ပါတယ္ကြာ”
နစ္ခ္ရဲ႕စကားေၾကာင့္ ကိုးလ္ခပ္ဟဟရယ္ေတာ့သည္။ နစ္ခ္ကသူ႔ကိုေတြ႕တာနဲ႔ ဒီလိုစေနၾကျဖစ္ၿပီး ယူကိုေရွ႕မွာဆို ပိုလို႔ေတာင္ စတက္ေသး၏။ ၿပီးရင္ ႏွစ္ေယာက္သား ရန္ျဖစ္ကာ သိပ္မၾကာခင္မွာပဲ ျပန္ၿပီး တည့္သြားၾကျပန္သည္။
“နစ္ခ္ အခုေန ဒီစကားကို ေဘာ့စ္ယူကိုၾကားရင္ မင္းေတာ့ေသၿပီပဲ”
“သူမရွိလို႔ သူ႔ဒယ္ဒီကို ၾကဴးေနတာေလ ဟားဟား”
ကိုးလ္ရယ္ နစ္ခ္ရယ္ ေနာက္ထပ္ သူငယ္ခ်င္း ႏွစ္ေယာက္ရယ္ စုံလိုက္ၿပီဆို ျပင္သစ္ႏိုင္ငံႀကီးကို ေဇာက္ထိုးျဖစ္ေအာင္ လုပ္ႏိုင္သူေတြပင္။ သူတို႔ေလးေယာက္အား ယူကိုေလးရွိရင္ ထိန္းလို႔ရေသးေပမဲ့ အခု ယူကိုေလးမရွိေတာ့ ေလးေယာက္သား အႀကိဳက္ေတြ႕ေနေလ၏။
“ဘယ္ကိုစသြားၾကမလဲ ဒီလို အခြင့္အေရးမ်ိဳးက ေဘာ့စ္ယူကို မရွိတုန္းေလးပဲ ရတာေနာ္ အခ်ိန္ေတြမျဖဳန္းၾကနဲ႔”
“စိတ္မပူနဲ႔ မင္းတို႔ေဘာ့စ္က မနက္ျဖန္ျပန္ေရာက္ၿပီ”
“ေအးပါကြာ”
ဒီလိုနဲ႔ ေလးေကာင္သာ မိုးလင္းကတည္းက ေနရာအစုံပတ္သြားၿပီး ေသာင္းက်န္းခ်င္တိုင္း ေသာင္းက်န္းေတာ့သည္။ ပုံမွန္ဆိုရင္ ယူကိုေလးရွိရင္ သူတို႔လုပ္ခ်င္တိုင္း လုပ္လို႔မရေပမဲ့ ယူကိုေလးမရွိေတာ့ ေလးေကာင္သာ ကမာၻပ်က္ေအာင္ ေသာင္းက်န္းေတာ့၏။
တေနကုန္ေရွာင္ပတ္သြားၿပီး အခ်ိန္မွာေတာ့ ညေနေစာင္းကိုေရာက္ေလၿပီ။ ေနဝင္ကာ အျပင္ဘက္မွာလည္း အေမွာင္နည္းနည္းက်ေနၿပီမို႔ ကိုးလ္တို႔ဟာ Bar တစ္ခုမွာ အရင္အခ်ိန္ျဖဳန္းၿပီး နည္းနည္း မိုးခ်ဳပ္ေလာက္မွ Club ကိုသြားဖို႔ ဆုံးျဖတ္လိုက္ၾကေလ၏။
“ကိုးလ္ မင္းတို႔ဒီရက္ပိုင္း ငါတို႔ဆီသိပ္မေရာက္လာဘဲ သားအဖ ႏွစ္ေယာက္ ဘယ္ေတြ သြားေနတာလဲ”
နစ္ခ္အေမးေၾကာင့္ ကိုးလ္က တစ္ခ်က္ေတြေဝသြားသည္။ သူ႔အေနနဲ႔ ဖင္လ္နဲ႔ကိစၥအား သူငယ္ခ်င္းေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပခ်င္ေပမဲ့လည္း သူ႔အား နားလည္မေပးႏိုင္မွာလည္း ကိုးလ္စိတ္ပူေနေလ၏။
“နစ္ခ္ မင္းေယာက်ၤားေလးေတြကို ႀကိဳက္လား”
႐ုတ္တရက္ ကိုးလ္အေမးေၾကာင့္ နစ္ခ္တို႔က တစ္ေယာက္ကို တစ္ေယာက္ၾကည့္ၿပီး ခပ္ဟဟရယ္ေတာ့၏။
“ကိုးလ္ မင္းကမထူးဆန္းတာကို ထူးဆန္းတဲ့ပုံစံႀကီးနဲ႔ လာေမးေနတာပဲ”
“လီအို မင္းဘာကိုဆိုတာလဲ”
“Damm မင္းကဂ်ပန္ႏိုင္ငံသားဆိုေတာ့ နည္းနည္းေတာ့ ထူးဆန္းေနႏိုင္ေပမဲ့ ငါတို႔အားလုံးက ေယာက်ၤားေလးတစ္ေယာက္နဲ႔ ဒိတ္လုပ္ဖို႔ ဘာမွခက္ခဲမေနဘူးေလ ဥပမာ မင္းလို႐ုပ္ရည္မ်ိဳးနဲ႔ ေကာင္ေလးဆိုရင္ ဘယ္ေကာင္က ဒိတ္လုပ္ဖို႔ ျငင္းႏိုင္မွာလဲ”
လီအိုရဲ႕အေျဖစကားေၾကာင့္ ကိုးလ္က စိတ္ေအးသြားဟန္ ဖင္လ္နဲ႔ပတ္သတ္သမွ် အေၾကာင္စုံအား ေျပာျပဖို႔ႀကံေတာ့၏။
သို႔ေသာ္ ။
“ကိုးလ္!”
အေနာက္ဘက္ကေန ၾကားလိုက္ရသည့္ အသံနက္နက္ေၾကာင့္ ကိုးလ္ ေက်ာျပင္ေတြ ေအးစိမ့္လာဟန္ သူ႔အေနာက္ဘက္သို႔ ေျဖးေျဖးခ်င္း လွည့္ၾကည့္ေလရဲ႕။
“ဟင္ ဖင္လ္”
တေနကုန္ သူ႔အားျပစ္ထားၿပီး အခုမွ ဘယ္ကေနဘယ္လို ေရာက္လာမွန္းမသိတဲ့ ဖင္လ္ေၾကာင့္ ကိုးလ္ မ်က္ႏွာဟာ အနည္းငယ္ ဆူပုတ္ေနခဲ့ေလသည္။ ဒါကိုရိပ္မိသည့္ ဖင္လ္ဟာလည္း နစ္ခ္တို႔ဆီ ဝင္ထိုင္ဖို႔ ခြင့္ေတာင္းကာ ကိုးလ္ေဘးမွာ အသာဝင္ထိုင္ေလ၏။
“ကိုးလ္....”
“ဘာတုန္း ခင္ဗ်ားအခုမွ ဘယ္ကေန ေရာက္လာတာလဲ”
ဖင္လ္ ပုံစံဟာ မ်က္ႏွာသည္ ခပ္မဲ့မဲ့။ အသံသည္ ခပ္ေဖ်ာ့ေဖ်ာ့။ ကိုးလ္ ပုံစံကေတာ့ မ်က္ႏွာထား ခပ္တင္းတင္းႏွင့္ ႏႈတ္ခမ္းေလးမွာ အနည္းငယ္ ေရွ႕သို႔ ပိုထားျပန္ရဲ႕။
နစ္ခ္တို႔အျမင္မွာေတာ့ ကိုးလ္တို႔ဟာ ရည္းစားေတြျဖစ္ၿပီး တစ္ေယာက္ကစိတ္ေကာက္ကာ တစ္ေယာက္က ေခ်ာ့ေနသည့္ဟန္ႏွင့္တူ၏။
“ကိုယ္ကုမၸဏီမွာ ျပႆနာေလး နည္းနည္းတက္ေနလို႔ မင္းကိုျပန္မဆက္သြယ္မိတာပါ ျပစ္ထားမိလို႔ ေတာင္းပန္ပါတယ္”
ဖင္လ္ကအသံေသးေသးနဲ႔ ေတာင္းပန္ေတာ့ ကိုးလ္ ထပ္ၿပီးမရစ္ႏိုင္ေပ။ သို႔ေသာ္ မ်က္ႏွာကေတာ့ အခုထိဆူပုတ္ေနဆဲပင္။
“ထားပါ ခင္ဗ်ားမွာလည္း ခင္ဗ်ား အခက္ခဲနဲ႔ ခင္ဗ်ားဆိုေတာ့”
“ကိုယ့္ဆီ အခုေလးတင္ ေဘဘီေလး ဖုန္းဆက္တယ္ မင္းဒီမွာရွိေနတယ္ ဆိုတဲ့ အေၾကာင္းနဲ႔ မင္းကိုအေဖာ္လုပ္ေပးဖို႔ ကိုယ့္ကိုလွမ္းေျပာတယ္”
ယူကိုတို႔ေမႊၿပီ။ ဒီေန႔မွလြတ္လပ္ေရး ရပါတယ္ဆိုကာမွ ခ်က္ခ်င္း ဖင္လ္ကို သူ႔ဆီေရာက္ေအာင္ ပို႔ျပစ္လိုက္တယ္။ ၿပီးေတာ့ ဘာတဲ့ အေဖာ္လုပ္ေပးဆိုပဲ။ မလိုပါဘူးေနာ္။ တေနကုန္ျပစ္ထားၿပီးေတာ့မွ။
“မိတ္ဆက္ေပးရဦးမယ္ ဒါကြၽန္ေတာ္ သူငယ္ခ်င္းေတြ သူက နစ္ခ္ သူက လီအို သူကေတာ့ ဂ်ိတ္ခ္”
အားလုံးက ဖင္လ္ကိုၿပဳံးျပၿပီး ေခါင္းညိတ္ျပေလေတာ့ ။
“ကိုယ္ကေတာ့ ဖင္လ္ပါ မင္းတို႔ထက္ ႀကီးတယ္ဆိုေပမဲ့ အဆင္ေျပသလို ေခၚလို႔ရတယ္”
“အစ္ကိုအေၾကာင္းကို ကိုးလ္က ကြၽန္ေတာ္တို႔ကို လုံးဝမေျပာျပထားဘူး”
“ကိုးလ္ ဒီရက္ပိုင္း မင္းတို႔သားအဖ ေပ်ာက္ေနတာ ဒီအစ္ကိုဆီေရာက္ေနတာေပါ့”
နစ္ခ္အေမးေၾကာင့္ ကိုးလ္က ေခါင္းတစ္ခ်က္ ညိတ္ျပကာ ။
“မင္းတို႔ ေဘာ့စ္ယူကိုက ဖင္လ္မွဖင္လ္ ျဖစ္ေနတာနဲ႔ ဖင္လ္ဆီပဲေရာက္ျဖစ္ေနတာ”
ကိုးလ္ေျပာေၾကာင့္ ဖင္လ္က သေဘာက်ဟန္ ၿပဳံးေနေပမဲ့ ေနာက္ဆက္တြဲ ၾကားလိုက္ရတဲ့ စကားေၾကာင့္ ဖင္လ္ မၿပဳံးႏိုင္ေတာ့။ အေၾကာင္းမွာေတာ့ နစ္ခ္စလိုက္တဲ့ စကားေၾကာင့္ပင္။
“ဘာပဲျဖစ္ျဖစ္ အနာဂတ္ အမ်ိဳးသားနဲ႔ သားေလးကို ဒီတစ္ႀကိမ္ေတာ့ သေဘာထားႀကီးႀကီးနဲ႔ ခြင့္လႊတ္ေပးလိုက္ပါ့မယ္”
“မင္းကေတာ့ လုပ္ျပန္ၿပီကြာ”
“ကိုးလ္နဲ႔သာ ဒိတ္ခြင့္ရရင္ ေဘာ့စ္ယူကိုက ပမႊားေလးပါကြ”
“ဟားဟား မင္းတို႔ေကာင္ေတြကေတာ့ ဆူညံေနေတာ့တာပဲ”
ကိုးလ္တို႔က ထုံးစံအတိုင္း စေနာက္ၿပီး ေပ်ာ္ပါးေနၾကေပမဲ့ ဖင္လ္ကေတာ့ သူတို႔ၾကားထဲ ၿငိမ္ေနေလသည္။ နစ္ခ္စၿပီး ေျပာလိုက္တဲ့ စကားေတြကလည္း ဖင္လ္နားထဲက အခုထိ မထြက္ေသးေပ။
ဖင္လ္ စိတ္ခံစားခ်က္ဟာ ကိုးလ္အေပၚမွာဆို သူကိုယ္တိုင္ေတာင္ နားလည္ရခက္လွသည္။ ကိုးလ္ တျခားသူေတြနဲ႔ ရွိေနတာမ်ိဳး ဖင္လ္ သိပ္သေဘာမက်သလို ကိုးလ္ကို တျခားသူဆီ ျမင္ရမွာကိုလည္း ဖင္လ္မလိုခ်င္ေပ။
“ဖင္လ္ ဘာေသာက္မလဲ”
“ကိုးလ္ အဆင္ေျပတာပဲ မွာလိုက္ပါ ကိုယ္ကဘာပဲျဖစ္ျဖစ္ အဆင္ေျပတယ္”
“ဒါဆို ခဏေစာင့္”
ကိုးလ္ ဖင္လ္အတြက္ ေကာ့ေတးကို သူ႔ကိုယ္တိုင္ မွာေပးရန္ ထိုင္ရာကေန ထသြားေလရဲ႕။ အခုေတာ့ဝိုင္းမွာ နစ္ခ္တို႔နဲ႔ ဖင္လ္သာ က်န္ခဲ့တာမို႔ ဖင္လ္အၾကည့္ေတြက ေစာနကစေနာက္ေနသည့္ နစ္ခ္ဆီေရာက္ေနေလ၏။
“CEO Griffin အစ္ကိုအေၾကာင္းကို ကြၽန္ေတာ္ ဝမ္းကြဲ အစ္ကိုဆီကေန ၾကားဖူးတယ္ အစ္ကိုက တကယ္ေတာ္တဲ့သူပဲ”
လီအို အေျပာေၾကာင့္ ဖင္လ္က ခပ္ဖြဖြၿပဳံးကာ ။
“ကိုယ့္ကို ကိုးလ္ကိုခင္သလိုပဲ ခင္ႏိုင္ပါတယ္ ဒါနဲ႔ မင္းတို႔က ကိုးလ္နဲ႔သိတာ ၾကာၿပီလား”
“ၾကာၿပီေပါ့ ကိုးလ္တို႔သားအဖက ဂ်ပန္ကေန ဒီကိုခဏခဏ လာေနၾကဆိုေတာ့ ကြၽန္ေတာ္တို႔နဲ႔ သိတာလည္း ၾကာၿပီ ဒါေပမဲ့ ကိုးလ္က နစ္ခ္နဲ႔အရင္သိၿပီး ကြၽန္ေတာ္တို႔နဲ႔ကေတာ့ နစ္ခ္ မိတ္ဆက္ေပးလို႔ သိၾကတာ”
လီအို အေျပာေၾကာင့္ ဖင္လ္က နစ္ခ္ကို အကဲခတ္သလို ၾကည့္ေလသည္။ နစ္ခ္က Body ေျဖာင့္ၿပီး ဆံပင္ကိုလည္း အနီေရာင္ဆိုးထားေသးသည္။ ထို႔အျပင္ မ်က္ႏွာသည္လည္း အေတာ္ေလး ေခ်ာေမာသလို လူမႈဆက္ဆံေရးလည္း ေကာင္းမည့္ပုံပင္။
“ဖင္လ္အတြက္”
ျပန္ေရာက္လာၿပီျဖစ္တဲ့ ကိုးလ္က ဖင္လ္အတြက္ ေကာ့ေတးတစ္ခြက္ခ်ေပးကာ ဝိုင္းမွာျပန္ဝင္ထိုင္ေလသည္။
“ကိုးလ္ ေနာက္နာရီဝက္ေလာက္ေနရင္ Club လစ္မယ္ ငါ့အသိက သူ႔ Club ကိုလာဖို႔ လိပ္စာပို႔ေပးထားတယ္”
“ေကာင္းၿပီ ဖင္လ္ေရာ လိုက္ခဲ့ခ်င္လား”
ကိုးလ္ကၿပဳံးကာ ဖင္လ္ဘက္ကိုလွည့္ၿပီး ေမးေလေတာ့ ။
“အင္း ကိုယ္လည္းလိုက္ခဲ့မယ္”
ထိုသို႔ဆိုကာ ဖင္လ္ဟာ ခုံေအာက္က ကိုးလ္လက္တစ္ဖက္ကို ယူလိုက္ၿပီး ဆုပ္ကိုင္လာေလသည္။ ႐ုတ္တရက္ ဖင္လ္လုပ္ရက္ေၾကာင့္ ကိုးလ္လန႔္သြားသလို ဖင္လ္မ်က္ႏွာအား လွည့္ၾကည့္လိုက္ေပမဲ့ ဖင္လ္ဟာ ပုံမွန္အတိုင္း လီအိုတို႔နဲ႔စကားေျပာေနေလ၏။
“ကိုးလ္ မင္းသိလား ဒီေကာင္နစ္ခ္ေလ ဟိုေစာ္ေလး ဒိတ္ဖို႔ေျပာတာကို ျငင္းလိုက္တယ္တဲ့”
“Ohhoo နစ္ခ္ မင္းကေတာ့ ေစာ္ၾကည္ခ်က္ပဲ”
“Ara Ara ငါကသူတို႔နဲ႔ မဒိတ္ခ်င္ပါဘူး မင္းနဲ႔ပဥဒိတ္ခ်င္တာ ဘယ္လိုလဲ ေဘဘီ ကိုယ္နဲ႔ဒိတ္မလား”
နစ္ခ္ကစေနာက္ၿပီး ဆိုေလေတာ့ အားလုံးက ထရယ္ေတာ့သည္။ နစ္ခ္အေၾကာင္းက အားလုံးက သိေနၿပီးသား ျဖစ္သလို နစ္ခ္ ကိုးလ္အေပၚ ဘာစိတ္မွမရွိတာလည္း အားလုံးသိၾကေလ၏။
သို႔ေသာ္ ဖင္လ္ကေတာ့ နစ္ခ္ အတည္ႀကံေနသည္ဟု ထင္ေနသည့္ပုံပါပင္။
“Humm...ဘာလို႔လဲ ဖင္လ္”
ဘာကိုေဒါသထြက္ေနမွန္းမသိတဲ့ ဖင္လ္ဟာ နစ္ခ္ကိုၾကည့္ေနရင္း စိတ္လြတ္သြားကာ ကိုးလ္ လက္အားဆြဲညႇစ္မိေလသည္။
“မျဖစ္ပါဘူး အမ်ားႀကီး မေသာက္နဲ႔ေနာ္ ကိုးလ္ ေဘဘီေလးက ကိုးလ္ကို အမ်ားႀကီး မေသာက္ခိုင္းဖို႔ ကိုယ့္ကို ေသခ်ာမွာလိုက္တယ္ ၿပီးေတာ့ ကိုယ္လည္း မင္းအရမ္းမူးသြားမွာကို မျမင္ခ်င္ဘူး”
ဖင္လ္ကၿပဳံးကာ ထိုစကားေတြဆိုေနရင္း ခုံေအာက္က ကိုးလ္လက္ကေလးအား ခပ္တင္းတင္းေလး ပိုၿပီး ဆုပ္ကိုင္လာေလသည္။ ကိုးလ္သည္လည္း ဖင္လ္လက္ေတြအား ျပန္ၿပီး ဆုပ္ကိုင္လာကာ ၿပဳံးရင္း ေခါင္းညိတ္ျပေလ၏။
ဒီလိုႏွင့္ Bar ကေန Club ကို သူတို႔အားလုံး ခ်ီတက္ၾကၿပီး Club ေရာက္ေတာ့ အားလုံးကေပ်ာ္ပါးေနၾကေပမဲ့ ဖင္လ္ကေတာ့ ဝိုင္းထက္သာ ထိုင္ေနရင္း ကိုးလ္အား မ်က္ေတာင္မခတ္တန္း လိုက္ၾကည့္ေနေလ၏။
ဒါဟာ ယူကိုမွာထားလို႔ လိုက္ၾကည့္ေနတာ မဟုတ္ဘဲ သူ႔အသိစိတ္ကိုကပင္ ကိုးလ္အား ကာကြယ္ ေစာင့္ေရွာက္ေပးခ်င္တာမို႔ ကိုးလ္အနား ဘယ္သူမွကပ္မရေအာင္ မ်က္စိေအာက္ေပ်ာက္မခံ စိုက္ၾကည့္ေနေတာ့သည္။
ခဏၾကာေတာ့ ကိုးလ္ဟာ ကလို႔ေမာသြားၿပီထင္ ဖင္လ္ဆီ ျပန္ေရာက္လာသည္။ ဖင္လ္အနားကို မေရာက္ခင္အထိ ေလွ်ာက္ေနသည့္ ကိုးလ္ေျခလွမ္းေတြဟာ မူမမွန္ေတာ့ဘဲ အေတာ္ေလး ေရခ်ိန္ကိုက္ေနသည့္ ပုံပါပင္။
“ဖင္လ္...”
အနားေရာက္သည္ႏွင့္ ဖင္ပုခုံးေပၚ လက္ေတြေကာက္တင္ကာ ၿပဳံးျပလာတဲ့ ကိုးလ္။
“ကိုးလ္ ကိုယ္သတိေပးထားရဲ႕သားနဲ႔ မင္းအမ်ားႀကီး ေသာက္လိုက္တာပဲ”
“ဖင္လ္က ဆူေနတာလားဟင္”
မ်က္ႏွာငယ္ေလးနဲ႔ သူ႔အား ဆူရေကာင္းလားဆိုၿပီး ျပန္ေမးလာတဲ့ ကိုးလ္ပုံစံဟာ ဖင္လ္မျမင္ဖူးသည့္ ပုံစံမ်ိဳးပင္။ Alcohol အရွိန္ေၾကာင့္ မ်က္ႏွာႏုႏုေလးဟာ အနည္းငယ္ နီရဲေနၿပီး မ်က္ဝန္းေလးေတြဟာလည္း ေမွးဆင္းေနၿပီ ျဖစ္ေလသည္။
“ကိုယ္မင္းကို ဆူေနတာ မဟုတ္ပါဘူး အမ်ားႀကီး ေသာက္ၿပီးရင္ မင္းေခါင္းကိုက္မွာကို ကိုယ္မလိုလားလို႔ ေျပာေနတာပါ”
ဖင္လ္က ကေလးေခ်ာ့သလို ေျပာေလေတာ့ ကိုးလ္ဟာ ခပ္ေယးေယးၿပဳံးကာ ။
“ကြၽန္ေတာ္ အခုလိုအမ်ားႀကီးေသာက္ၿပီး မူးေနရတာကို သေဘာက်တယ္ ဖင္လ္ ဘာလို႔လဲဆိုေတာ့ အခုခ်ိန္မွာ ကြၽန္ေတာ္ အေတြးမွာ ဘာမွမရွိဘူး သူနဲ႔ပတ္သတ္တာ ဘာမွမေတြးႏိုင္တာ ဒီလိုအခ်ိန္တစ္ခ်ိန္ပဲရွိတယ္”
သူနဲ႔ပတ္သတ္တာ။ သူဆိုဘယ္သူလဲ။ ကိုးလ္ေျပာလိုက္တဲ့ သူဆိုတာ ဘယ္သူလဲ။ မဟုတ္မွလြဲေရာ ကိုးလ္မွာ သေဘာက်ရမဲ့သူ ေတြ႕ေနၿပီလား။ အဲ့ဒီသူကေရာ ဘယ္သူလဲ။ မေျပာနဲ႔ေနာ္ ကိုးလ္။ အဲ့ဒီသူက နစ္ခ္ပါလို႔။
“ကိုးလ္-”
“ကိုးလ္ မင္းေရခ်ိန္ကိုက္ေနၿပီလား”
ဖင္လ္ေမးမလိုႀကံေနေသး။ သူတို႔ဆီေရာက္လာတဲ့ လီအိုေၾကာင့္ ဖင္လ္ဆက္မေမးျဖစ္လိုက္ေပ။
“ငါသိပ္မမူးေသးပါဘူး”
ကိုးလ္က ဖင္လ္လက္ေပၚက သူ႔လက္ေတြကိုျဖဳတ္လိုက္ၿပီး ခုံေပၚကခြက္ကိုယူလိုက္ကာ ထပ္ေသာက္ျပန္သည္။
“ေတာ္ၿပီ ကိုးလ္ ရပ္လိုက္ေတာ့”
ဖင္လ္က သည္းမခံႏိုင္ေတာ့သလို ကိုးလ္ လက္ထဲက ခြက္ကိုခ်ျပစ္လိုက္ၿပီး ကိုးလ္ကိုလည္း ႐ုတ္တရက္ဆိုသလို ေပြ႕ခ်ီျပစ္လိုက္ေလ၏။
“အားနာေပမဲ့လည္း ကိုးလ္ကို ကိုယ္ျပန္ေခၚသြားပါရေစ ယူကိုေလးက ကိုးလ္ကို ကိုယ့္ဆီ အပ္ထားတာဆိုေတာ့ ကိုယ့္ကိုနားလည္ေပးပါ”
“မဟုတ္တာဘဲ ေခၚသြားပါဗ်ာ ကြၽန္ေတာ္တို႔ကို အားမနာပါနဲ႔ ၿပီးေတာ့ ကိုးလ္လည္း အရမ္းမူးေနၿပီ”
“ေကာင္းၿပီ ဒါဆို ကိုယ္တို႔ကို သြားခြင့္ျပဳပါဦး”
ဖင္လ္က ကိုးလ္ကိုေပြ႕ခ်ီရင္း Club ထဲကေန ထြက္လာသည္။ ၿပီးသည္ႏွင့္ ကိုးလ္ဆိုင္ကယ္အား သူ႔ကိုယ္တိုင္ေမာင္းကာ ကိုးလ္အိမ္ကိုလည္း သူကိုယ္တိုင္လိုက္ပို႔ေပးေလသည္။
အိမ္ေရာက္ေတာ့လည္း ကိုးလ္အားျပန္ေပြ႕ခ်ီကာ ဧည့္ခန္းထက္က ဆိုဖာထက္ဝင္ထိုင္လိုက္ၿပီး ကိုးလ္ကိုေတာ့ သူ႔ေပါင္ေပၚ၌သာ တင္ထားေလ၏။
“မင္းကမလိမ္မာတဲ့ လူဆိုးေလးပဲ သတိေပးေနတဲ့ၾကားက အမ်ားႀကီး ေသာက္ျပစ္တယ္”
ဖင္လ္က ကိုးလ္ႏွာေခါင္းေလးအား အသာေလးဆြဲညႇစ္ကာ ဆိုေလေတာ့ ကိုးလ္ဟာဆူပုတ္သြားၿပီး ဖင္လ္ပါးႏွစ္ဖက္အား ဆုပ္ကိုင္လာေလရဲ႕။
“႐ုပ္ေလးေခ်ာသေလာက္ အရမ္း ဆူတာပဲ”
ကိုးလ္ စကားေၾကာင့္ ဖင္လ္ကတစ္ခုခုအား သတိရသြားသလို ကိုးလ္မ်က္ဝန္းေတြအား စိုက္ၾကည့္ကာ သူသိခ်င္တာကို ေမးေတာ့သည္။
“ကိုးလ္ ကိုယ္နဲ႔ နစ္ခ္ ဘယ္သူကပိုေခ်ာတယ္လို႔ မင္းျမင္လဲ ကိုယ့္ကို အမွန္အတိုင္းေျပာ”
ဖင္လ္အေမးအား မူးေနသည့္ ကိုးလ္ဟာ စဥ္းစားဟန္ျဖင့္ မ်က္ေမွာင္ေလး အနည္းငယ္ ၾကဳတ္သြားေလသည္။ ဖင္လ္ကေတာ့ ကိုးလ္ျပန္ေျဖလာမဲ့ အေျဖအား စိတ္ဝင္တစားျဖင့္ ေမွ်ာ္ေနရွာ၏။
“ႏွစ္ေယာက္လုံးကေခ်ာတယ္ ဖင္လ္က လူႀကီးဆန္ၿပီး နစ္ခ္ကလူငယ္ဆန္တယ္ ၿပီးေတာ့ နစ္ခ္ဆံပင္အနီေရာင္ဆိုးထားတာ ကြၽန္ေတာ္ႀကိဳက္တာမို႔ ဟီး နစ္ခ္ကပိုေခ်ာတယ္လို႔ ျမင္တယ္”
ကိုးလ္ကမူးေနေပမဲ့ သူ႔စိတ္ထဲရွိတဲ့အတိုင္း အမွန္အတိုင္းျပန္ေျဖကာ ရယ္ေနေပမဲ့ မရယ္ႏိုင္သူမွာေတာ့ ဖင္လ္ပင္။ ဖင္လ္ဟာ သူၾကားခ်င္သည့္ အေျဖအား မၾကားလိုက္ရတာမို႔ စိတ္ထဲမေက်မနပ္ျဖစ္ေနကာ ကိုးလ္ကိုလည္း ဘာေၾကာင့္ ဒီလိုေျဖရသလဲဆိုၿပီး ျပႆနာရွာခ်င္ေနပုံပါပင္။
“ဟင္ ဖင္လ္မ်က္ႏွာႀကီးကလည္း ေၾကာက္စရာႀကီး”
သူ႔အား ခပ္စူးစူးစိုက္ၾကည့္ေနတဲ့ ဖင္လ္ေၾကာင့္ ကိုးလ္ဟာ ထိုသို႔ေျပာေလေတာ့ ဖင္လ္ဟာ ခ်က္ခ်င္းဆိုသလို ကိုးလ္ခါးေတြအား ခပ္တင္းတင္း ဆြဲဖက္လာၿပီး က်န္တဲ့လက္တစ္ဖက္ကိုလည္း ကိုးလ္းပါးႏွစ္ဖက္အား ခပ္တင္းတင္းဆြဲညႇစ္လာေလ၏။
“အင့္! ဖင္လ္”
“ဘာျဖစ္လို႔ ကိုယ္က နစ္ခ္ထက္ ပိုမေခ်ာရတာလဲ ဘာလဲ မင္းအျမင္မွာ နစ္ခ္ကပဲ ၿပီးျပည့္စုံေနတာလား”
ဖင္လ္ ဘာေတြေျပာေနသလဲ မူးေနသည့္ ကိုးလ္ဟာ နားမလည္ရွာေပ။ အဲ့ဒီအစား ခါးကိုေရာ ပါးကိုေရာ ခပ္တင္းတင္း ဆြဲညႇစ္ထားသည့္ ဖင္လ္လက္ေတြေၾကာင့္ ကိုးလ္ဟာ ဖင္လ္အေပၚ ေၾကာက္စျပဳလာသည္။
“ဖင္လ္ လႊတ္...”
“ကိုယ္ေမးတာကိုေျဖ ကိုးလ္ နစ္ခ္ကကိုယ့္ထက္ ဘာေတြမ်ား သာေနလို႔လဲ”
“လႊတ္ေပး”
“ကိုးလ္ ကိုယ္ေမးေနတယ္ေလ နစ္ခ္က-”
“ဟင့္ ေၾကာက္တယ္ ဖင္လ္ကို ေၾကာက္တယ္”
အ႐ိုင္းစိတ္ဝင္ေနသည့္ ဖင္လ္ပုံစံအား ကိုးလ္ဟာ အတည္ေၾကာက္သြားဟန္ ငိုယိုၿပီး ထုတ္ေျပာေတာ့မွ ဖင္လ္ဟာ အသိစိတ္ျပန္ဝင္လာသည္။ ဒါေၾကာင့္ ခ်က္ခ်င္းဆိုသလို အၾကမ္းပတမ္း ဆြဲညႇစ္ထားသည့္ သူ႔လက္ေတြအား လႊတ္ေပးၿပီး ကိုးလ္အား ခပ္ဖြဖြ ေပြ႕ဖက္လာေလ၏။
“ကိုယ္ေတာင္းပန္ပါတယ္ ကိုးလ္ ကိုယ္စိတ္လႊတ္သြားလို႔ပါ”
ဖင္လ္က သက္ျပင္းဖြဖြခ်ကာ ေတာင္းပန္စကားဆိုေလေတာ့ ကိုးလ္ဟာ ဖင္လ္ဖက္ထားတာကို တြန္းထုတ္လိုက္ၿပီး ဖင္လ္လက္ေတြကိုယူလိုက္ကာ သူ႔ပါးျပင္ထက္ ကပ္ထားေလသည္။
ၿပီးသည္ႏွင့္ ။
“ေစာနက ဖင္လ္ပုံစံကို ကြၽန္ေတာ္ ေၾကာက္တယ္”
“ကိုယ္ေတာင္းပန္ပါတယ္”
ဖင္လ္ကေနာင္တအႀကီးႀကီးရသလို မႈိင္သြားသည့္ မ်က္ႏွာျဖင့္ ေတာင္းပန္စကား ဆိုျပန္ေတာ့ ကိုးလ္ဟာ ခပ္ဖြဖြၿပဳံးေလသည္။
“နစ္ခ္က ဖင္လ္ထက္ပိုေခ်ာတယ္လို႔ ကြၽန္ေတာ္ထင္ေပမဲ့ ကြၽန္ေတာ္ နစ္ခ္ထက္ ဖင္လ္ကို ပိုသေဘာက်တယ္”
ထိုသို႔ဆိုကာ ကိုးလ္ဟာ ဖင္ႏႈတ္ခမ္းအား ထိ႐ုံမွ် တစ္ခ်က္လာနမ္းေလသည္။
“ဖင္လ္ကိုပိုသေဘာက်တယ္”
ႏႈတ္ခမ္းခ်င္း ထိ႐ုံမွ်နမ္းသြားၿပီး အဲ့ဒီစကားပဲ ထပ္ဆိုလာတာေၾကာင့္ ဖင္လ္ဟာ ကိုးလ္ကိုစိုက္ၾကည့္သည္။ အခုခ်ိန္မွာ ဖင္လ္ေခါင္းေတြဟာ မူးေလာက္ေအာင္ မေသာက္ထားဘဲ မူးေနာက္ေနၿပီး ရင္ဘတ္တစ္ခုလုံးလည္း ဘာေၾကာင့္မွန္းမသိ လႈပ္ခတ္ေနခဲ့ေလသည္။
ထို႔အျပင္ ဖင္လ္အၾကည့္ေတြဟာ ကိုးလ္ ႏႈတ္ခမ္းပါးေတြဆီကိုသာ ေရာက္ေနၿပီး အၾကည့္မလႊဲႏိုင္ျဖစ္ေနကာ ဒုကၡေရာက္ေနေလ၏။
“နစ္ခ္ရဲ႕ ဆံပင္အနီေရာင္ကို ႀကိဳက္ေပမဲ့ ဖင္လ္ရဲ႕ ဆံပင္အမဲေရာင္ကို ပိုသေဘာက်တယ္ ဘယ္သူကပိုသာတယ္ဆိုတာ မသိေပမဲ့ ကြၽန္ေတာ္ မ်က္လုံးထဲမွာေတာ့ ဖင္လ္က ၿပီးျပည့္စုံတဲ့ ေယာက်ၤားတစ္ေယာက္ပဲ”
“ကိုးလ္”
“ဟင္”
“မင္းအမူးေျပသြားတဲ့အခါ ဒီကိစၥကို ျပန္မမွတ္မိဖို႔ ကိုယ္ဆုေတာင္းတယ္”
ထိုစကားကိုဆိုၿပီးခ်ိန္မွာေတာ့ ဖင္လ္ဟာ မထင္ထားသည့္ လုပ္ရက္တစ္ခုအား လုပ္လိုက္ေလသည္။
ဤသည္မွာေတာ့ ကိုးလ္ႏႈတ္ခမ္းေတြအား သူကိုယ္တိုင္ လိုလိုလားလားျဖင့္ နမ္းရႈိက္လာတာပင္။
End ....
ဖတ္ၿပီးရင္ Vote ႏွိပ္ေနာ္။ ေရွ႕အပိုင္းက ဖတ္သာဖတ္ၿပီး Vote မႏွိပ္ၾကလို႔ ဆက္ေရးဖို႔ မိုတီေပ်ာက္သြားတာ။ အဲ့ဒါေၾကာင့္ အခုလိုၾကားသြားေတာ့တာပါပဲ။ Gomen