perth တစ်ယောက်ပြန်နိုးလာတော့ဆေးရုံးတစ်ခုရဲ့Vip အခန်းက ကုတင်ပေါ်ရောက်နေချေပြီ။
ကိုယ့်လက်ကိုယ်ပြန်ကြည့်မိတော့ လက်ကောက်ဝတ်နေရာမှာပတ်တီးစီးပေးထားသလိုသွေးလည်းသွင်းနေရတာမြင်တော့
ကျေနပ်စွာပြုံးမိလိုက်၏။
သူလိုချင်တာဒါမျိုးလေ..သူ့ကိုယ်ထဲကသူ့ဖခင်ရဲ့သွေးတွေကိုဖောက်ထုတ်ခဲ့ပြီး သူစမ်းတစ်ယောက်ရဲ့သွေးတွေကိုသာအစားလိုချင်ခဲ့တာ။
ထိုစဥ်အခန်းတံခါးပွင့်လာတာကြောင့် မမြင်ချင်တဲ့သူအားမမြင်ရဖို့ perth အိပ်ချင်ယောင်ဆောင်နေလိုက်သည်။
သေချာတာကတော့အခန်းထဲဝင်လာသည်မှာ လူတစ်ယောက်ထပ်မကပင်။
သူနာပြုတစ်ယောက်ကသူ့ရဲ့သွေးထုတ်ကိုစစ်ပေးနေတာကိုအာရုံခံမိနေပေမဲ့အိပ်ချင်ယောင်သာဆောင်လိုက်၏။
"လူနာက ပင်ပန်းလို့အနားယူနေတာနေမှာပါ။ စိုးရိမ်စရာတော့မရှိတော့ပါဘူးရှင့်"
"ဟုတ်..ကျေးဇူးတင်ပါတယ် အစ်မ"
ဟမ်..ဒီအသံက!
"mon!"
လှဲနေရာကငေါက်ခနဲထ ထိုင်ကာအသံလာရာကိုကြည့်လိုက်တော့သူ့အားပြူးကြောင်ကြောင်လေးကြည့်နေတဲ့ chimonပင်။
ဒါအိမ်မတ်မဟုတ်ပါဘူးနော်..။အိမ်မတ်ဆိုရင်လက်ကောက်ဝတ်ကဘာလို့အဲ့လောက်နာနေမှာလဲ
"နိုးနေတာလား perth"
"mon..."
ကျန်တော်ဘာမှပြန်မပြောနိုင်ပဲ chimon ကိုသာပြေးဖတ်ရန်ကုတင်ပေါ်ကဆင်းဖို့လုပ်တော့ chimon ကအပြေးလေးလာတား၏။
"ဘာလုပ်တာလဲ..မင်းသွေးသွင်းနေတယ်မမြင်ဘူးလား"
"အဟင့်..ကိုယ့်ရဲ့ monလုံးလေး"
ပြောရင်း mon ရဲ့ပါးနှစ်ဖက်ကိုသူ့လက်နှစ်ဖက်နဲ့အုပ်ကိုင်လိုက်တော့ဆူတတ်လာတဲ့နှခမ်းလေးကဆွဲနမ်းချင်စရာအတိ။
"လွှတ်..လွှတ်တော့ perth! သတိရလာတာနဲ့ ပြသာနာကစရှာပြီ။ မင်းသတိလစ်နေတာပဲကောင်းတယ်"
ထုံးစံအတိုင်းပွစိပွစိပြောနေပြန်တဲ့ ကိုယ့်ရဲ့ mon လုံးလေးအားရင်ခွင်ထဲထည့်ကာပွေ့ဖတ်ထားလိုက်မိ၏။
"ကိုယ်လေ..ကိုယ့်ကို mon လေးမုန်းသွားပြီထင်နေတာ"
"မုန်းတာပေါ့ အရူးကောင်ရဲ့! မင်းကိုငါအရမ်းမုန်းတာ!"
mon ဟာသူ့ကိုတွန်းဖယ်ကာပြောလာတာကြောင့် perth ရင်တွေနာရလေပြီ။
"ဒါပေမဲ့ အဲ့စကားကိုအတည်မလုပ်နိုင်တဲ့ငည့ကိုယ်ငါပိုမုန်းတယ်"
"ဟမ်"
"ဟုတ်တယ်! ငါကငါ့မိဘကိုသတ်တဲ့ကောင်ကိုချစ်မိတဲ့အထိအရူးမိုက်သေးပေမဲ့ မင်းကိုမုန်းဖို့တော့အချိန်လိုသေးတယ်"
"ဟွန်းး..အချစ်ကလဲ။ ကိုယ့်ကိုမုန်းဖို့မကြိုးစားပါနဲ့တော့ကွာ..တကယ်သာ mon ကိုယ့်ကိုမုန်းသွားရင် ကိုယ့်ကိုယ်ကိုထပ်သတ်သေမှာနော်"
"မင်းဘာသာသေချင်သေ မသေချင်နေ။ ငါကတော့သွေးထွက်မဖောက်နိုင်တော့ဘူး"
"သွေးဖောက်တယ်..? ဒါဆို ဒီသွေးက ကိုယ့်အချစ်လေးရဲ့သွေးတွေလား"
"မင်းငါ့ကိုအချစ်လေးအချစ်လေးနဲ့မခေါ်စမ်းနဲ့။ ကြက်သိမ်းထလို့"
"ဟုတ်ပါပြီ.."
perth ကပြောရင်း ကုတင်ပေါ်ပြန်လှဲချလိုက်ပြီး ငိုမဲ့မဲ့လေးလုပ်ပြနေသည်။
"မင်းဘာလို့အဲ့လိုလုပ်ရတာလဲ...အဲ့တာတကယ်သေသွားနိုင်တယ်ဆိုတာမသိဘူးလား"
"သိပါတယ်..ကိုယ်လဲအရက်နည်းနည်းမူးနေတော့ လုပ်မိလုပ်ရာလုပ်လိုက်တာ"
"ဒါမှမဟုတ်...မင်းအဲ့လိုလုပ်ရတာငါ့ကြောင့်လား"
"မ..မဟုတ်ပါဘူး mon ရဲ့။ mon ကြောင့်မဟုတ်ရပါဘူး။ ကိုယ့်အဖေနဲ့ပြသာနာနည်းနည်းတတ်ထားလို့ပါ"
"ပြသာနာတတ်တယ်..?"
* တီ..တီ..တီ...*
ထိုစဥ် chimon ၏ဖုန်းဝင်လာတာကြောင့်ကြည့်လိုက်တော့ဖတ်စ်ပင်။ chimon လည်းဖုန်းအားကိုင်လိုက်ပြီး perth ကာကြားရန် အသံဖွင့်လိုက်သည်
"မင်းဘယ်မှာလဲ chimon"
"အာ..မင်းအခု ဆေးရုံက vip အခန်းကိုခနလာခဲ့ပါလား"
"အမ်..ဘာဖြစ်လို့လဲ"
"လာသာလာစမ်းပါ ရောက်မှငါပြောပြမယ်"
"အင်းအင်း..ဒါပဲ"
.
.
.
.
ဖတ်စ်လည်း chimon ပြောသည့် အခန်းစီသွားလိုက်တော့အထဲမှာ chimon နှင့် perth အားတွေ့လိုက်ရသည်။
"perth?"
"ရောက်ပြီလား..ကြာလိုက်တာ"
"ဒီအခန်းကိုငါ့မှာရှာနေရသေးတယ်လေ..နေပါအုံး မင်းကဒီကောင်ကိုကျလာပြုစုနေပြီး မင်းအကိုဆေးရုံတတ်နေရတာကျလွှတ်ထားတယ်ပေါ့"
"အာ..ဂျင်ဆေးရုံတတ်နေရတာလား"
"မင်းက အကိုကြီးနဲ့သိတာလား"
"အဲ့တာတွေထားပါ..perth..မင်းသူငယ်ချင်းတွေရော မလာဘူးလား"
"အင်း..လာတော့မယ်ထင်တယ်။ အခုချိန်လောက်ဆိုကိုယ်သတ်သေတဲ့အကြောင်းလိုင်းပေါ်ပလူပျံနေပြီ။"
"သတ်သေတယ်?"
ဖတ်စ်က ကြောင်တောင်တောင်လေးနှင့်မေးပြန်သည်။
"ဒါဆိုမင်းသူငယ်ချင်းတွေ ရောက်ရင်ငါငါ့အကိုစီပြန်တော့မယ်"
mon ပြောလိုက်တော့ perth စိတ်ညစ်သွားဟန်ဖြင့် မျက်နှာလေးညိုးသွားရသည်။
"သူတို့ကလာမလာမသေချာသေး.."
"perth ရေ..."
mon မထွက်သွားအောင် ပြောမလို့ပါဆိုသူငယ်ချင်းအကောင်းစားတွေက ရောက်ချလာပြန်ပြီ။
ဆတ်စ်အခန်းထဲဝင်ဝင်ချင်း perth ကုတင်ဘေးမှာထိုင်နေတဲ့ ဖတ်စ်အားတွေ့လိုက်ရတာကြောင့် ခြေလုမ်းတွေရပ်တန့်သွားသည်။
သူနှင့် ဖတ်စ်အဆက်အသွယ်မရတာ ၃ ရက်လောက်ရှိပြီ။ ဖတ်စ်ကသူ့ကိုရှောင်နေတာ ဆတ်စ်သိတာကြောင့် မာနတခွဲသား ဆတ်စ်ကလည်းသွားမရှာခဲ့တာပင်။
အခုတော့ကံကြမာကထိပ်တိုက်တွေ့စေပြီ။
"သူ့သူငယ်ချင်းတွေလာပြီလေ ငါတို့ပြန်ရအောင် chimon"
ပြောပြီး ခပ်မြန်မြန်ထသွားသော ဖတ်စ်ကြောင့် chimon တောင် perth အားနှုတ်ဆက်ချိန်မရ။
ဆတ်စ်ဟာ ထွက်သွား တော့မည့် ဖတ်စ်အား လက်ကောက်ဝတ်မှလုမ်းဆွဲလိုက်လေသည်။
သို့သော် ဆတ်စ်သည် ဖတ်စ်၏မျက်ဝန်းများကိုရင်မဆိုင်ရဲခဲ့။ ဆတ်စ်ဖမ်းဆုပ်ထားသောလက်များတဖြေးဖြေးပြေလျော့သွားတာနဲ့အညီ ဖတ်စ်လည်း ထိုနေရာမှထွက်လာခဲ့သည်။
မင်းငါ့ကိုထပ်ဆွဲထားခွင့်မရှိတော့ဘူး ဆတ်စ်။
.
.
.
.
လွန်ခဲ့တဲ့ ၂ ရက်ခန့်က..
"ဟျောင့် ဆတ်စ်..တော်တော့လို့ မင်းမူးနေပြီ။ ငါ့ဆိုင်လဲအရင်းပြုတ်တော့မယ်"
"အင်းး နည်းနည်းယေးပဲမူးတာ..အဟက်"
အတ်နှင့်မန်းတို့ ဆိုင်မှာအသဲလာကွဲနေတဲ့ ဆတ်စ်ကိုထိန်းမနိုင်တော့ပေ။
ကြည့်ရတာလည်း ဟိုဖတ်စ်ဆိုတဲ့ကောင်လေးကြောင့်ဖြစ်မယ်ထင်ပါရဲ့။
"မင်းတို့သိတယ်မှတ်လား..သိတယ်နော်...ငါငါမှားသွားတယ်ကွာ "
"မင်းမှားတာငါသိတယ်။ ငါ့ဆိုင်အရင်းပြုတ်တော့မှာမင်းမသိဘူးမှတ်လားးး"
"အဟင့်..ခေါ်ပေး...သူ့ကို"
မန်းတစ်ယောက်စိတ်တွေလည်းပြတ်လာပါပြီ။
"အိုက် အတ်။ မင်းအဲ့ကောင်လေးဖုန်းနံဘက်သိလား"
"ဘယ်သိမှာလဲ။ ဒီကောင်ဖုန်းနဲ့ဆက်ကြည့်ပါလား"
အတ်စကားကြောင့် မန်းလည်းဆတ်စ်ဖုန်းနဲ့ယူဆက်ကြည့်လိုက်ပေမဲ့ဟိုက ဆတ်စ်ထင်၍မကိုင်ပြန်ပေ။
"ငါပဲ ပြန်ပို့လိုက်ပါ့မယ်မန်းရယ်။ မင်းလည်းပင်ပန်းနေပြီ..နားတော့"
ဒီနေ့ညနေက လူကြီးပိုင်းတွေနဲ့ ညစာသွားစားပြီးပြန်အလာ ဆတ်စ်ဆိုင်မှာလာမူးနေတယ်လို့ဆိုင်ကဝန်ထမ်းတွေဖုန်းဆက်တာကြောင့် အဝတ်တောင်မလဲနိုင်ပဲ ဆိုင်ကိုလာခဲ့သည်။
ထို့ကြောင့်အတ်က မန်းကိုပြန်ခိုင်းနေ၏။
"အင်းအင်း..ဒါဆို ငါပြန်မယ်နော်။ စိတ်ချခဲ့မယ်..တစ်ခုခုလိုရင်ဆိုင်ကကောင်လေးတွေကိုပြောလိုက်။ ပိုက်ဆံရှင်းခဲ့ဖို့တော့မမေ့ကြနဲ့"
"ဟာ..ဘော်ဒါအချင်းချင်းအလကားမရဘူးလား"
"အလကားရချင်ရင်ငါ့မယားလာလုပ်လာ"
"ကိုယ်လုပ်မယ်လေ"
"အ့"
မန်းအနောက်လှည့်လိုက်ချိန် ထိုအသ့ပိုင်ရှင်နဲ့ဝင်ဆောင့်တာကြောင့်ခေါင်းနာသွားရပြီး ထိုလူကိုပြသာနာရှာရန် ကြည့်လိုက်တော့ ဟိုနေ့က လူပင်။
ဘာတွေမွှေအုံးမှာလဲ!!
..............
ဒီတစ်ခါတော့ up တာတကယ်ကြာမိသွားပါပြီ။ အခုတလောလူကအပြင်းတွေကြီးနေမိလို့ပါ။
ပြီးတော့အိမ်မှာ ပြသာနာလေးတွေနည်းနည်းဖြစ်သွားလို့ မတင်မိတော့တာပါ။
စောင့်ပေးနေကြတဲ့သူတိုင်းကျေးဇူးအထူးတင်ပါတယ်နော်။ နောက်ထပ်ပိုတင်နိုင်အောင်ကြိုးစားပါ့မယ်။
ဟမ်..ဒီအသံက!
"mon!"
"နိုးနေတာလား perth"
"mon..."
"ဟမ်"
"ဟုတ်ပါပြီ.."
"ပြသာနာတတ်တယ်..?"
* တီ..တီ..တီ...*
"မင်းဘယ်မှာလဲ chimon"
"အမ်..ဘာဖြစ်လို့လဲ"
"အင်းအင်း..ဒါပဲ"
.
.
.
.
"perth?"
"သတ်သေတယ်?"
"perth ရေ..."
.
.
.
.
လွန်ခဲ့တဲ့ ၂ ရက်ခန့်က..
"အဟင့်..ခေါ်ပေး...သူ့ကို"
"ကိုယ်လုပ်မယ်လေ"
"အ့"
ဘာတွေမွှေအုံးမှာလဲ!!
..............