🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၅၁)
🌸🌸🌸🌸
"ဒါ..ဘာလုပ်တာလဲ..အန်ကယ်ဂျိမ်း..."
နူတ်ခမ်းလူပ်ရုံမေးလိုက်တာပေမဲ့...အေးစက်တင်းမာနေတဲ့
နေ့ရဲ့လေသံ....
ဒေါသတွေကိုထိန်းချုပ်မြိုသိပ်ထားတော့မဲ့ပုံမပေါ်သည့်
နေ့မျက်နှာကိုကြည့်နေတဲ့..အန်ကယ့်ရဲ့မျက်ဝန်းတွေကလဲ
အရာရာကိုရင်ဆိုင်ဖို့အသင့်ပြင်ထားသလို...ပြတ်သား
မူ့များနှင့်ဖြစ်သည်။
"အသင့်ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်မလုပ်ပါနဲ့လို့
ကျွန်တော်...အန်ကယ့်ကိုပြောခဲ့ဖူးတယ်နော်..."
နေ...ပြောရင်း..အနောက်မှာခပ်ယို့ယို့လေးရပ်နေသည့်
သူမကိုငဲ့ကြည့်လိုက်မိသည်။သူမရှေ့မှာ..နေ့ဒေါသတွေ
မပေါက်ကွဲချင်တာမ်ို့....၊
"အန်ကယ်..နားနေခန်းကိုတက်လာခဲ့ပါ..."
ပြောပြီး....အန်ကယ့်ကိုတစ်ချက်ကြည့်ကာ...
နေ..မီးဖိုဆောင်ထဲကနေ..လှမ်းထွက်လာခဲ့သည်။
သူထွက်သွားတာနှင့်..ချက်ချင်း..သူ့နောက်က..
ထက်ကြပ်မကွာ..လိုက်သွားတဲ့..အန်ကယ်ဂျိမ်း..
အသင်..ခုထိ..နီရဲနေတဲ့...လက်ကောက်ဝတ်ကို
လက်နှင့်အပြန်အလှန်ပွတ်သပ်ရင်း..စိုးရိမ်မူ့တွေနဲ့
ကျန်နေခဲ့ရသည်။
"သူတို့ပြသာနာဖြစ်ကြတော့မှာလား..."
~~~~~~~~~~~~🌺🌺🌺
"အန်ကယ်...တစ်ကယ်ပဲ..ဘာဖြစ်ချင်နေတာလဲ...
ကျွန်တော်နားမလည်တော့ဘူး..."
"ဝုန်း....ဒုန်း..."
မေးခွန်းနဲ့အတူ.နေ့ဒေါသတွေပုံချခံလိုက်ရတဲ့...
စားပွဲပေါ်က..ပစ္စည်းတွေက...ကြမ်းပြင်ပေါ်ပြန့်ကျဲ
သွားခဲ့သည်။
စားပွဲနားမှာ..ခါးထောက်လျက်..ကျောခိုင်းရပ်နေတဲ့
သခင်လေးရဲ့...ကျောပြင်ကိုကြည့်ငေးနေတဲ့..
ဂျိမ်းကလဲ..အရာရာကိုရင်ဆိုင်ဖို့..ဆုံးဖြတ်ခဲ့ပြီးသား
မို့..၊
"ကျွန်တော်လုပ်သင့်တယ်ထင်တဲ့..အရာကိုလုပ်လိုက်
တာပါ..သခင်လေး...."
"လုပ်သင့်တဲ့အရာ..ဟုတ်လား..."
မေးရင်း...နေ..ဂျိမ်းကိုလှည့်ကြည့်လိုက်သည်။
မီးဖိုဆောင်ထဲမှာ..အန်ကယ်..သူမကိုခြိမ်းခြောက်
ပြောဆိုနေတာတွေကို..နေ..အားလုံးကြားခဲ့ပြီးသားမို့...
"ဒီလိုမျိုး..ခြိမ်းခြောက်ပြောဆိုနေရလောက်တဲ့အထိ..
အသင်္ချေ့ကို.ကျွန်တော့်နားမှာရှိမနေစေချင်တာက
အန်ကယ်လုပ်သင့််တဲ့..အရာဆိုရင်...အကြောင်း
ပြချက်က..ဘာလဲ..."
ဂျိမ်းကို..တခဏတာဆွံ့အသွားစေတဲ့. သခင်လေးရဲ့
အမေး....
"ကျွန်တော်မေးနေတာကိုမကြားဘူးလား..အန်ကယ်....."
"သခင်လေးလက်ခံနိုင်လောက်တဲ့အထိ..ခိုင်လုံတဲ့
အကြောင်းပြချက်မျိုး..ကျွန်တော်ပေးနိုင်ခဲ့ရင်ရော
သခင်လေးက..အသင်္ချေ့ကိုစွန့်လွှတ်မှာမို့လို့လား..."
ဂျိမ်းရဲ့..အမေးကြောင့်..ဒေါသအရိပ်အယောင်
တွေနှင့်..တင်းတင်းစေ့သွားပြန်တဲ့..နေ့ရဲ့နူတ်ခမ်း
နှစ်လွှာ....
"ကျွန်တော်လိုလူက..သူ့ကိုလက်ထပ်ဖို့အထိ....
ဆုံးဖြတ်ခဲ့ပြီးမှတော့...မိုးကောင်းကင်ကြီးတစ်ခုလုံး
ပြိုကျလာစေမဲ့..အကြောင်းပြချက်မျိုးရှိနေရင်တောင်
လက်လျော့မှာမဟုတ်ဘူးဆိုတာ..အန်ကယ်တွေးကြည့်
မိသင့်တယ်..."
"သခင်လေး..."
"အန်ကယ်..ဒီလက်ထပ်ပွဲကိုလက်ခံဖို့ခက်ခဲနေတယ်
ဆိုတာ..ကျွန်တော်သိတယ်...ဒါပေမဲ့..တစ်ကယ်ပဲ
ကျွန်တော့်ရဲ့..မိသားစုဝင်လိုမျိုး...သဘောထားတယ်
ဆိုရင်..ကျွန်တော့်ကိုတားဖို့မစဉ်းစားပါနဲ့..အန်ကယ်မှ
မဟုတ်ဘူး..အခုနေ..ပါပါ..အသက်ပြန်ရှင်လာပြီး
ကျွန်တော်တို့ကိုကန့်ကွက်ရင်တောင်..ကျွန်တော်
နောက်ဆုတ်မှာ..မဟုတ်ဘူး...."
ဂျိမ်း..နေ့ကိုမမြင်ဖူးသလိုငေးကြည့်နေရင်းမှ..
ခေါင်းဆတ်ဆတ်ငြိမ့်သည်။
"သခင်လေး..အသင်္ချေ့ကို..ဒီစံအိမ်ကြီးပေါ်..စခေါ်လာ
ကထဲက..တစ်နေ့ဒီလိုအခြေအနေတွေ..ကြုံလာရမယ်
ဆိုတာ..ကျွန်တော်ကြိုသိခဲ့ပြီးသား....သခင်လေး
အဲ့ဒီမိန်းကလေးနဲ့ပါတ်သတ်ပြီးမှ..တဖြေးဖြေး..
ပြောင်းလဲလာခဲ့တာ...."
"ဒါပေမဲ့..ကောင်းသောပြောင်းလဲခြင်းတွေနဲ့..
ပြောင်းလဲခဲ့တာပါ..နတ်ဆိုးတစ်ကောင်လို....
ရက်စက်မူ့တွေနဲ့..အေးစက်ပိတ်လှောင်နေတဲ့...
ကျွန်တော်နှလုံးသားအတွက်....သူက..အလင်းတစ်စက်ပဲ
ထပ်ပြီးပြောရရင်..သူက..ကျွန်တော့်ဘဝအတွက်..
ဘုရားကပေးတဲ့အကြီးမားဆုံးဆုလာဒ်...."
ခိုင်မာတဲ့ဆုံးဖြတ်ချက်များနဲ့ပြတ်သားနေတဲ့...
သခင်လေးကိုကြည့်ပြီး..ဂျိမ်းမခံစားနိုင်တော့သလို
ခေါင်းတွင်တွင်ယမ်းလိုက်မိကာ...
"မဟုတ်ဘူး..သူက..သခင်လေးဘဝရဲ့ဆုလာဒ်
မဟုတ်ဘူး...အပြစ်ဒဏ်..သခင်လေးဘဝရဲ့အပြစ်ဒဏ်ပဲ
သူ့ကြောင့်..သခင်လေးရဲ့နှလုံးသားနာကျင်ရမှာ
သခင်လေးနဲ့သူက..လုံးဝပေါင်းဖက်လို့မရတဲ့သူတွေပါ..
အဲ့လို..မိန်းကလေးကို..သခင်လေးဘဝထဲ...
ရောက်အောင်ပို့ခဲ့တဲ့..ကံကြမ္မာက..သခင်လေးကို
ဒဏ်ခတ်ခဲ့တာ....
ဂျိမ်း..ပြောရင်း..သခင်လေးရဲ့..ပခုံးနှစ်ဖက်ကို
ဆုပ်ကိုင်ကာ...
"ကျေးဇူးပြုပြီး..ကျွန်တော်ပြောတာကို..နားထောင်ပါ
သခင်လေးရယ်...သခင်လေးရော..သူရော..ရင်ကွဲရမဲ့
ကိစ္စမျိုးတွေဖြစ်မလာအောင်...အခုထဲက..အချိန်မလွန်
ခင်နောက်ဆုတ်လိုက်ပါ..သူ့ကိုစွန့်လွှတ်လိုက်ပါ..."
"ဘာလဲ..ဒါကရော..ကျွန်တော်မသိသေးတဲ့...
နောက်ထပ်လျို့ဝှက်ချက်တစ်ခုလား..."
"ဟင်..."
သခင်လေးစကားကြောင့်..ဂျိမ်း..သခင်လေးပခုံး
ပေါ်က..လက်တွေဖယ်လိုက်မိကာ..အနောက်သို့
ခြေနှစ်လှမ်းခန့်ဆုတ်သွားရသည်။
နေ..ဘောင်းဘီအိတ်ထဲလက်နိူက်ကာ..တည်ငြိမ်စွာ
စိုက်ကြည့်လိုက်ရင်း...
"ဘာလို့လဲလို့တော့..ကျွန်တော်မမေးတော့ဘူး..
အန်ကယ်....ဘာ့ကြောင့်လဲဆို..ကျွန်တော်မသိချင်လို့
အသင်္ချေနဲ့..ကျွန်တော်နဲ့မဖြစ်နိုင်ဘူးဆိုတဲ့.....
အကြောင်းပြချက်က..အန်ကယ်နောက်ထပ်...
ကျွန်တော့်ကိုဖုံးကွယ်ထားတဲ့....လျို့ဝှက်ချက်..
တစ်ခုဆိုရင်..တစ်သက်လုံး..အန်ကယ့်ရင်ထဲမှာပဲ
မြေမြှပ်လိုက်ပါတော့...ဘာလို့လဲဆိုရင်..သူ့ကို
ဆုံးရူံးရမဲ့..ဘယ်လိုအကြောင်းအရာမျိုးမှ....
ကျွန်တော်..လက်မခံနိုင်လို့ပဲ...."
"သခင်လေး..."
"အဲ့ဒါကြောင့်..နှစ်တွေအကြာကြီး..ကျွန်တော့မှတ်ညဏ်တွေ
ပြန်မရအောင်..အန်ကယ်ဖုံးကွယ်ထားသလိုမျိုး
အသင်နဲ့ပါတ်သတ်တဲ့..အန်ကယ်သိသမျှအကြောင်း
အရာတွေအားလုံးကိုလဲ..ဆက်ပြီး..ဖုံးကွယ်ထားလိုက်ပါ.."
ဂျိမ်း..ဆွံအနေတဲ့..လူတစ်ယောက်လို..ပြောစရာ
စကားတွေပျောက်ရှနေရချိန်..နေကတော့အနားကနေ
တည်ငြိမ်စွာလှမ်းထွက်ခဲ့သည်။တံခါးဝနားမှာ..
ခြေစုံရပ်လိုက်ဖြစ်ပေမဲ့..လှည့်မကြည့်ပဲ..
"တစ်ခုတော့..ကျွန်တော်သိချင်မိတယ်..."
သခင်လေးစကားကြောင့်..ခေါင်းငိုက်စိုက်ရပ်နေတဲ့
ဂျိမ်း..သခင်လေးကိုဖျပ်ခနဲ..လှမ်းကြည့်လိုက်သည်။
ထိုအခါ..လှည့်ကြည့်လာတဲ့..နေ့မျက်ဝန်းတွေက
အေးစက်မူ့များနှင့်...
"မှတ်ညဏ်တွေ..ဖျောက်ပစ်ဖို့အတွက်..ပုံမှန်..
မဟုတ်တဲ့..ခွဲစိတ်မူ့မျိုးနဲ့..ကျွန်တော့်ကို..မှတ်ညဏ်တွေ
ပေ"ျာက်ဆုံးနေတဲ့..လူတစ်ယောက်ဘဝမျိုး...
ဖြစ်စေခဲ့တဲ့..ပါပါက..ဘာတွေကိုဖုံးကွယ်ထားချင်
တာလဲဆိုတာကိုပေါ့..."
"ဗျာ...ဒါ...ဒါက...."
ဂျိမ်း..အထိတ်တလန့်နှင့်..စကားမဆက်နိုင်ဖြစ်သွား
ရတာက..စိုးထိတ်မူ့များနှင့်...
"သခင်လေး..သခင်လေး..မှတ်ညဏ်တွေ..ပြန်..ပြန်
ရသွားပြီလား..."
နေ..ဂယောင်ခြောက်ချားဖြစ်သွားတဲ့...ဂျိမ်းရဲ့
ပုံစံကိုကြည့်ကာ..နူတ်ခမ်းတွန့်ရုံပြုံးလိုက်မိသည်။
"ဘာလို့အဲ့လောက်တောင်လန့်သွားရတာလဲ...
အန်ကယ်..."
"သခင်လေး..."
နာမည်ကိုခေါ်ရင်း..ဂျိမ်း..နေ့အနားကို..ခြေလှမ်း
ကြဲကြီးတွေနှင့်လျောက်လာသည်။
"သခင်လေး..ဘယ်သူ့ဆီက..ဘာတွေကြားထားလဲ
ဆိုတာ..မသိပေမဲ့..ဒါတွေက..."
ဂျိမ်းရဲ့..စကားမဆုံးခင်..နေ..လက်ကာလိုက်သည်။
"တော်ပါတော့..အန်ကယ်..ကျွန်တော်..မှတ်ညဏ်တွေ
ပြန်မရသေးပေမဲ့..ကျွန်တော့်အပေါ်..ဘယ်သူတွေက
ဘာလုပ်ခဲ့လဲဆိုတာ..ကောင်းကောင်းသိနေပါပြီ...
ဒီအတိုင်းဆို..အန်ကယ်ပြောတာတွေကမှန်နေတယ်
ထင်တယ်..."
"........"
"ကျွန်တော်သာ..မှတ်ညဏ်တွေပြန်ရရင်..ပါပါ့ကို
ဆုံးရူံးရမယ်ဆိုတာကိုပေါ့..အမှန်တရားဆိုတဲ့
အရာက..တစ်ကယ်ကိုခါးသီးလွန်းတာပဲ..ကျွန်တော်
ဒီထက်ပိုပြီး..ဘာကိုမှမသိချင်တော့ဘူး..ကျေးဇူးပြုပြီး
အန်ကယ်..ကျွန်တော့်နဲ့..အသင့်ရဲ့ကြားမှာ..
မနှောင့်ယှက်ပါနဲ့တော့..."
"သခင်လေးရယ်..."
စကားအဆုံး...လှမ်းထွက်သွားတဲ့..သခင်လေးရဲ့
ကျောပြင်ကိုငေးကြည့်ရင်း..ဂျိမ်းမျက်ရည်များ
စီးကျလာခဲ့ရင်း.....၊
~~~~~~~~~~~🌺🌺🌺🌺
"ဓာတ်မှန်ပိုင်ရှင်က...အာရုံကြောတစ်ချို့နဲ့..ပါတ်သတ်တဲ့
ပုံမှန်မဟုတ်တဲ့..ခွဲစိတ်မူ့မျိုးနဲ့..မှတ်ညဏ်တွေ
ဖျက်ဆီးခံခဲ့ရတာ..."
"ကျွန်တော့်အထင်....ခွဲစိတ်တဲ့ဆရာဝန်ကလဲ...
တစ်ကယ့်ကျွမ်းကျင်ပါရဂူတစ်ယောက်ပဲ..အဲ့ဒါကြောင့်
အသက်အနာ္တရယ် မရှိပဲ..ဒီလိုခွဲစိတ်မူ့မျိုးကို...
အောင်မြင်အောင်လုပ်နိုင်ခဲ့တာ..."
မနက်က..အုပ်စိုးဖုန်းဆက်ပြောခဲ့တဲ့..စကားတွေကို
ပြန်ကြားယောင်ပြီး..နေ..နာကျင်စွာပြုံးလိုက်မိသည်။
"ဘာလို့..ကျွန်တော့်အပေါ်..ဒီလိုလုပ်ခဲ့ရတာလဲ..
ပါပါ...ပါပါက..ကျွန်တော်အတွက်..တံတိုင်းကြီး
တစ်ခုလို..ကျွန်တော်..သတ်မှတ်ထားခဲ့တာ..ကျွန်တော့်
ပါပါ့ကို..သိပ်ချစ်ခဲ့တာ...ခုတော့..."
နေ..ဆက်မပြောနိုင်တော့ပဲ...နံရံပေါ်က..ပါပါ့ရဲ့
ဓာတ်ပုံကြီးကိုစိုက်ကြည့်နေရင်းမှ...မျက်ဝန်းတွေ
မှိတ်ချလိုက်သည့်အခါ..ပူနွေးတဲ့မျက်ရည်စီးကြောင်း
နှစ်ခုက..ပါးပြင်ပေါ်ဖြတ်သန်းသွားခဲ့ရသည်။
"ကျွန်တော်..ဒီထက်ပိုပြီး..ကျွန်တော့်ရဲ့အတိတ်ကို
ပြန်သတိရဖို့မကြိုးစားတော့ပါဘူး..ပါပါကိုယ်တိုင်
ဖျောက်ပစ်ခဲ့တဲ့..မှတ်ညဏ်..ပါပါမေ့စေချင်ခဲ့တဲ့
ကျွန်တော့်ရဲ့အတိတ်ကိုသာ..ကျွန်တော်ပြန်သတိရရင်
ကျွန်တော်..ပါပါ့ကိုမုန်းမိလိမ့်မယ်ထင်တယ်..."
နေ..ပြောရင်း..ဓာတ်ပုံကိုလက်နှင့်ခပ်ဖွဖွပွတ်သပ်လိုက်မိကာ..
"လောကကြီးမှာ..မရှိတော့တဲ့..ပါပါ့ကိုကျွန်တော်
ကောင်းတဲ့..အမှတ်တရတွေနဲ့ပဲ..မှတ်မိနေပါရစေ
ဒါ..ပါပါ့အတွက်..ကျွန်တော့ရဲ့..နောက်ဆုံးလက်ဆောင်
ဖြစ်လိမ့်မယ်..."
ဂျိမ်း..အထဲကမြင်ကွင်းကိုမကြည့်ရက်တော့သလို
ခပ်ဟဟပွင့်နေတဲ့..အခန်းတံခါးကိုပြန်စေ့ပိတ်လိုက်သည်။
"ဒါ..အစပဲ..ရှိပါသေးတယ်..သခင်လေးရယ်....
သခင်လေးသာ..အသင်္ချေ့ကိုပြန်မှတ်မိသွားတာနဲ့
သခင်လေးနှလုံးသားတစ်စစီကွဲကြေရတော့မှာ...
ဒါကလဲ..သိပ်မကြာတော့ဘူးဆိုတာ..ကျွန်တော်
ခံစားမိနေတယ်..."
ဂျိမ်း..မျက်ရည်တွေကိုလက်ခုံနှင့်ပွတ်သုတ်ရင်း
အံကြိတ်လိုက်မိပြန်သည်။
"ဒါပေမဲ့....ကျွန်တော်အဲ့လိုအဖြစ်မခံနိုင်ဘူး.....
ကျွန်တော်သေရမယ်ဆိုရင်တောင်..အဲ့ဒီမိန်းကလေးကို
သခင်လေးဘဝထဲက..မရရအောင်ဆွဲထုတ်ပစ်မယ်..."
~~~~~~~~~~~🌺🌺🌺
"မမလေး..အဆင်ပြေရဲ့လားဟင်..."
မေနွမ်းက..ကိတ်မုန့်တင်ထားတဲ့စားပွဲဘေးက...
ခုံပေါ်မှာ...ငူငူလေးထိုင်နေတဲ့..အသင့်ဘေးကို
ရောက်လာကာ..မေးသည်။
"အင်း..."
ပြန်ဖြေကာ..မပီမပြင်ပြုံးပြလိုက်ရင်း...
"ဒီကိတ်မုန့်ကို..မေနွမ်းယူလိုက်တော့နော်...စုစုတို့နဲ့.
စားလိုက်...ပထမဆုံးလက်ရာဆိုတော့မကောင်းလဲ
သည်းခံပေးနော်..."
"မမလေး..bossအတွက်လုပ်ထားတာပဲ..bossကို
ပေးရမှာပေါ့..."
"ဟင့်အင်း..သူလဲ..စားချင်မှာ..မဟုတ်ဘူး...မေနွမ်းပဲ
ယူလိုက်တော့..."
အသင်..ထိုမျှသာ..ပြောပြီး..မီးဖိုဆောင်ထဲကနေ
အပြေးတစ်ပိုင်းခြေလှမ်းတွေနှင့်လှမ်းထွက်လာတာက..
ရင်ထဲမှာ..ငိုချင်စိတ်နဲ့..စူးအောင့်နေတာကြောင့်
ခြံထဲက..ကံ့ကော်ပင်ကြီးအောင်ရှိ..ကျောက်ခုံတန်း
လေးမှာ..ထိုင်မိတာနှင့်...
"ဟင့်..ဟင့်......ဟီး....."
ငိုချစ်စိတ်ကိုထိန်းချုပ်မထားနိုင်တော့သလို....
ငိုချလိုက်မိသည်။အခုထိလဲ..အန်ကယ်ဂျိမ်းပြောခဲ့တဲ့
စကားတွေက..နားထဲက..မထွက်သေး...
အသင်က..သူ့ဘဝအတွက်..မရှိသင့်တဲ့မိန်းမတဲ့လား...
အသင်..စိတ်လွတ်ကိုယ်လွတ်နှင့်..ဟီးချငိုကြွေးနေစဉ်
အနောက်ကနေလျောက်လာတဲ့..ခြေသံခပ်သဲ့သဲ့..
ကြောင့်..အသင်တိခနဲ..အငိုတိတ်သွားရကာ...
မျက်ရည်တွေကိုကပျာကယာပွတ်သုတ်လိုက်မိသည်။
"ကိတ်မုန့်က..စားလို့ကောင်းပေမဲ့..ဆားနည်းနည်း
များသွားတဲ့..ပုံပဲ..ငန်တယ်..."
"ဟင်..."
သူ့အသံကြောင့်..အသင်..ဆတ်ခနဲလှည့်ကြည့်လိုက်မိတော့
ကိတ်မုန့်ထည့်ထားတဲ့..ဗန်းလေးကိုကိုင်ပြီး..အသင့်
နားကို..လျောက်လာတဲ့..သူ...
"ကိတ်မုန့်က..အသင်မေနွမ်းတို့ကိုပေးခဲ့တာလေ..
ရှင်ကဘာလို့ယူလာတာလဲ..."
"မင်းကိုယ့်အတွက်လုပ်ထားတဲ့ကိတ်မုန့်ပဲလေ..
ကိုယ်စားရမှာပေါ့..ပြီးတော့..မင်းရဲ့..ပထမဆုံး
လက်ရာကို...သူများတွေကိုပေးကျွေးရလောက်အောင်
ကိုယ်သဘောမကောင်းဘူး..."
ခပ်ပြုံးပြုံးနှင့်ပြောပြီး..သူက..အသင့်ဘေးမှာ..
လာဝင်ထိုင်ပြီး..ကိတ်မုန့်လေးကိုနှစ်ယောက်...
အလယ်မှာချလိုက်သည်။
ပြီးတော့..ငိုထားတဲ့..မျက်နှာလေးကိုငုံ့ကြည့်ကာ...
"ငိုနေပြန်ပြီလား..ခုနကကိစ္စကို..စိတ်ထဲမထားနဲ့
တော့...အားလုံးပြီးသွားပြီ..."
"နေ..."
တစ်ခုခုပြောချင်ပုံနှင့်မော့လာတဲ့..မျက်နှာလေးက
မျက်ရည်စတွေက်ို..နေသုတ်ပေးလိုက်ရင်း
"ကိုယ့်ကိုမယုံဘူးလား..ဒီထက်ပိုပြီး..ကိုယ်နဲ့မင်းရဲ့
ကြားမှာ..ဘယ်လိုလူမျိုးကမှ...နှောင့်ယှက်လ်ိုမရတော့ဘူး"
"အသင်က..တစ်ကယ်ပဲရှင့်ဘဝကိုဖျက်မဲ့မိန်းမလားဟင်
အသင်က..ရှင့်ကိုနာကျင်ခံစားအောင်လုပ်မဲ့...
လူလား..သူက..ဘာလို့အသင့်ကိုမှ..ဒီလိုခါးခါးသီးသီး
ဖြစ်နေတာလဲ...ဟင့်....ဟင့်....."
ပြောရင်း..ထပ်ငိုချလိုက်တဲ့..သူမရဲ့မျက်ဝန်းက
ပြည့်အိုင်လာတဲ့မျက်ရည်တွေကို...နေ...စီးကျခွင့်
မပေးပဲ..နူတ်ခမ်းနှင့်..မျက်ခွံလေးတွေကိုဖိကပ်
နမ်းပစ်ကာ..ပါးပြင်ချင်းတိုးဝှေ့ပွတ်သပ်လိုက်သည်။
ထို့နောက်..လက်နှစ်ဖက်ထဲမှာရှိနေတဲ့..မျက်နှာလေးကို
လက်ချောင်းတွေနှင့် ပွတ်သပ်လိုက်တော့...ဖိပိတ်သွားတဲ့.
မျက်ဝန်းလေးတွေပြန်ပွင့်လာခဲ့တဲ့သူမ...နေ.....
စိုးထိတ်မူ့တွေလွမ်းခြုံနေတဲ့..သူမရဲ့မျက်ဝန်းလေးတွေကို
စူးစိုက်ကြည့်မိရင်း...
"ဟုတ်တယ်..ကိုယ်ဘဝပျက်သွားနိုင်တယ်..မင်းသာ
ကိုယ့်အနားမှာမရှိတော့ရင်ပေါ့..ပြီးတော့...ကိုယ်
နာကျင်ခံစားရနိုင်တယ်..မင်းသာကိုယ့်ကိုထားခဲ့ရင်....
အဲ့ဒါကြောင့်..ဘယ်သူပြောတာကိုမှနားမယောင်သလို
ဘယ်သူ့မျက်နှာကိုမှလဲမကြည့်ပါနဲ့...ကိုယ်တစ်ယောက်
ထဲကိုပဲကြည့်ပြီး..ကိုယ်ပြောတာကိုပဲ..နားထောင်ပေးပါ..."
"နေ....."
"ကိုယ်မင်းတစ်ယောက်ထဲကိုပဲချစ်တယ်..မင်း
တစ်ယောက်ထဲသာ..ကိုယ့်ရဲ့သတို့သမီးဖြစ်ရမယ်...
ကိုယ်....ဘယ်လိုအရာတွေနဲ့ကြုံတွေ့လာပါစေ...
မင်းရဲ့လက်ကိုဘယ်တော့မှ..လွှတ်မှာမဟုတ်ဘူး"
အသင်..သူ့ကိုမော့ငေးငေးလေးကြည့်နေရင်း...
မျက်ရည်တွေကြားကပြုံးလိုက်မိသည်။
အသင်..ဘာကိုကြောက်ရဦးမှာလဲ..သူတစ်ယောက်လုံး
အသင့်ရဲ့နားမှာရှိနေပြီပဲလေ...
"အသင်..ရှင့်ကိုချစ်တယ်..."
အသင့်စကားကြောင့်.သူကခပ်ဖွဖွပြုံးသည်။
"ကိုယ်သိပြီးသားပါချာတိတ်ရယ်...."
တိုးရှရှပြောရင်း..အသင့်နူတ်ခမ်းလေးကိုသူ
ဖွဖွနမ်းလိုက်တဲ့အခါအသင်သူ့ရင်ခွင်ထဲ
ခေါင်လေးတိုးဝင်လိုက်မိတော့၏...။
~~~~~~~~~~~~🌺🌺🌺
ဖျောက်..ဖျောက်..."
တဖျောက်ဖျောက်ကျနေတဲ့...မိုးစက်မိုးပေါက်တွေနှင့်
တစ်ချက်တစ်ချက်...ဝင်းခနဲလက်သွားတဲ့...
လျှပ်စီးကြောင်းက..မိုးကာလရဲ့..ညတစ်ညကို
အသက်ဝင်နေစေသည်။
မိုးကြောင့်..အနည်းငယ်အေးစိမ့်စိမ့်လေးဖြစ်နေပေမဲ့
အပူချိန်ထိန်းညှိထားတဲ့သူ့ရဲ့အခန်းကျယ်ကြီးက
နွေးထွေးနေဆဲ...
အသင်..မွေ့ယာပေါ်တွင်..ခေါင်းအုံးနှစ်လုံးနှင့်
ကျောမှီထိုင်နေပြီး..စာအုပ်ဖတ်နေရင်းမှ...စားပွဲ
ပေါ်က..နာရီဆီအကြည့်ရောက်သွားရသည်။
"11:30"
အချိန်တော်တော်နောက်ကျနေပြီဖြစ်ပေမဲ့..သူအခုထိ
အခန်းထဲပြန်မလာသေး...ညစာစားပြီးကထဲက..
"ကိုယ်အလုပ်လေးနည်းနည်းရှိသေးလို့..မင်းစောစော
နားလိုက်တော့နော်"ဟုဆိုကာ...အနားကနေ...
ပျောက်သွားတာက..အခုချိန်ထိဖြစ်သည်။
ညနေက..အန်ကယ်ဂျိမ်းနဲ့ပြသာနာဖြစ်ပြီးကထဲက
သူမျက်နှာမကောင်းတာကို..အသင်သတိထားမိသည်။
ဘယ်လိုပဲ..အသင့်ရှေ့မှာအပြုံးမပျက်ဟန်ဆောင်ကာ
သူနေခဲ့ပေမဲ့...သူ့မျက်နှာကိုအရိပ်လိုကြည့်နေသော
အသင်ကတော့..သူ့မျက်ဝန်းကပြောင်းလဲသွားတဲ့
အရိပ်အယောင်လေးတွေကိုကအစအလွတ်ရနေပါပြီ
"ဒီအချိန်ထိ..ဘာတွေအလုပ်များနေတာလဲ..ဒဏ်ရာလဲ
သက်သာသေးတာမဟုတ်ပဲနဲ့...."
တစ်ယောက်တည်း...ရေရွတ်လိုက်မိရင်း..ဖတ်နေတယ်လို့
အမည်တပ်ထားပေမဲ့..သူ့ကိုစောင့်ရင်း..ဟိုလှန်
ဒီလှန်လုပ်နေခဲ့တဲ့..စာအုပ်ကို...ဘေးချကာ...
မွေ့ယာပေါ်ကနေ..အသာဆင်းလာခဲ့သည်။
"သူ..အလုပ်ခန်းထဲမှာပဲလား..."
အတွေးနဲ့..အသင့်ခြေလှမ်းတွေက..အခန်းအပြင်ဆီ
ဦးတည်လာခဲ့လေတော့သည်။
~~~~~~~~~~🌺🌺🌺
ဆက်ရန်^^^
#Hazel
🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၅၁)
🌸🌸🌸🌸
နေ့ရဲ့လေသံ....
မူ့များနှင့်ဖြစ်သည်။
မပေါက်ကွဲချင်တာမို့်....၊
ကျန်နေခဲ့ရသည်။
~~~~~~~~~~~~🌺🌺🌺
"ဝုန်း....ဒုန်း..."
သွားခဲ့သည်။
မို့..၊
တာပါ..သခင်လေး...."
အသချေ့င်္ကို.ကျွန်တော့်နားမှာရှိမနေစေချင်တာက
အန်ကယ်လုပ်သင့်တဲ့..အရာဆိုရင်...အကြောင်း
ပြချက်က..ဘာလဲ..."
အမေး....
သခင်လေးက..အသချေ့င်္ကိုစွန့်လွှတ်မှာမို့လို့လား..."
နှစ်လွှာ....
မိသင့်တယ်..."
"သခင်လေး..."
"သခင်လေး..အသချေ့င်္ကို..ဒီစံအိမ်ကြီးပေါ်..စခေါ်လာ
ပြောင်းလဲလာခဲ့တာ...."
ဒဏ်ခတ်ခဲ့တာ....
ဆုပ်ကိုင်ကာ...
"ဟင်..."
နေ..ဘောင်းဘီအိတ်ထဲလက်နိုက်ကာ..တည်ငြိမ်စွာ
စိုက်ကြည့်လိုက်ရင်း...
"သခင်လေး..."
အေးစက်မူ့များနှင့်...
တာလဲဆိုတာကိုပေါ့..."
"ဗျာ...ဒါ...ဒါက...."
ရသွားပြီလား..."
အန်ကယ်..."
"သခင်လေး..."
ဆိုတာ..မသိပေမဲ့..ဒါတွေက..."
ထင်တယ်..."
"........"
"သခင်လေးရယ်..."
စီးကျလာခဲ့ရင်း.....၊
~~~~~~~~~~~🌺🌺🌺🌺
ဖျက်ဆီးခံခဲ့ရတာ..."
အသက်အန္တာရယ် မရှိပဲ..ဒီလိုခွဲစိတ်မူ့မျိုးကို...
ဖြစ်လိမ့်မယ်..."
သခင်လေးသာ..အသချေ့င်္ကိုပြန်မှတ်မိသွားတာနဲ့
ခံစားမိနေတယ်..."
~~~~~~~~~~~🌺🌺🌺
ရောက်လာကာ..မေးသည်။
"အင်း..."
သည်းခံပေးနော်..."
ပေးရမှာပေါ့..."
ယူလိုက်တော့..."
"ဟင့်..ဟင့်......ဟီး....."
"ဟင်..."
နားကို..လျောက်လာတဲ့..သူ...
ရှင်ကဘာလို့ယူလာတာလဲ..."
ကိုယ်သဘောမကောင်းဘူး..."
အလယ်မှာချလိုက်သည်။
"နေ..."
မျက်ရည်စတွေကို..နေသုတ်ပေးလိုက်ရင်း
ကြားမှာ..ဘယ်လိုလူမျိုးကမှ...နှောင့်ယှက်လိုမရတော့ဘူး"
ဖြစ်နေတာလဲ...ဟင့်....ဟင့်....."
စူးစိုက်ကြည့်မိရင်း...
"နေ....."
"အသင်..ရှင့်ကိုချစ်တယ်..."
~~~~~~~~~~~~🌺🌺🌺
ဖျောက်..ဖျောက်..."
အသက်ဝင်နေစေသည်။
နွေးထွေးနေဆဲ...
"11:30"
ဦးတည်လာခဲ့လေတော့သည်။
~~~~~~~~~~🌺🌺🌺
ဆက်ရန်^^^
#Hazel