α€”α€„α€Ία€žα€¬α€›α€Ύα€­α€›α€„α€Ί

By Louvis-74

22.1K 1.5K 84

Tom&LesπŸ³οΈβ€πŸŒˆ More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20

Part 13

1.1K 80 3
By Louvis-74

Wedding dinnerနေ့သို့ရောက်ရှိလာပြီဖြစ်သည်...ခေတ်ရဲ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဂျူးမြတ်ထက်နှင့်ထက်မွန်ဆွေတို့ကို ဖိတ်စာသွားပေးပြီးတစ်ခါတည်းခေါ်လာခြင်းကြောင့် သူငယ်ချင်းနှစ်ယောက်လည်းရောက်နေပြီဖြစ်သည်..

Wedding dinnerကျင်းပမည့်Pan Pacific Hotel၏ မင်္ဂလာခန်းမတွင်လည်း..နှစ်ဖက်မိဘများနှင့်အတူ
ကြွရောက်လာတဲ့မိတ်ဆွေအပေါင်းအသင်းများစီးပွားရေးလုပ်ငန်းရှင်များလည်းရောက်ရှိနေကြသည်...T&L Group၏ ဆက်ခံသူလည်းဖြစ်သလို.C.E.Oလည်းဖြစ်တဲ့ လွင်ဘုန်းခေတ်၏Lgbtအချစ်ရေးအိမ်ထောင်ရေးအကြောင်းမည်သူမျှမကောင်းမပြောရဲကြပေ..

မင်္ဂလာခန်းမထဲသို့ရောက်မလာသေးသူတွေကတော့ အဓိကနေရာကဖြစ်သည့်လွင်ဘုန်းခေတ်နှင့်လှမြတ်ထူးတို့နှစ်ယောက်ဖြစ်သည်

"ခန်းမထဲဝင်ကြရအောင် မောင်"

"မဝင်ချင်သေးဘူးဗျာ"

"မောင်အဲ့လိုကလေးဆန်လို့မရဘူးလေ..ဘာမကျေနပ်တာရှိလို့ခန်းမထဲကိုမဝင်ချင်ရတာလဲ" ဟု ကလေးဆန်စွာစိတ်ကောက်ပြီး မင်္ဂလာခန်းမထဲကိုမဝင်ချင်သေးသည့် သူကိုလှမြတ်မှာ ကလေးထိန်းနေရသလိုပြောနေရသည်...

T&L group CEOက အခုလိုကလေးဆန်နေရလားလို့ဆူပြန်လှင်လည်းလှမြတ်ကိုစိတ်ကောက်တော်မူအုံးမည်

"တီချယ် ဒီနေ့အရမ်းလှတယ် ခန်းမထဲဝင်ရင်မောင့်သတိုးသမီးကို သူများတွေဝိုင်းကြည့်မှာသဝန်တိုတယ်" ဟု ပြောသောစကားကိုကြားတော့ လှမြတ်မှာရယ်ချင်သည်..

"တီချယ်က မကြာခင်မှာမောင့်အပိုင်ဖြစ်လာတော့မှာလေ သူတို့ငေးလည်းခဏပဲငေးလို့ရမှာလေ လာပါမောင်ရယ်...တီချယ်တို့ခန်းမထဲဝင်ရအောင်နော် တီချယ်ကမောင့်အပိုင်မြန်မြန်ဖြစ်မှ သူတို့တီချယ့်ကိုမငေးတော့မှာလေ မောင်ကလိမ်မာပါတယ်နော်" ဟု အကျိုးအကြောင်းဆီလျော်အောင်ပြောပြပြီးချော့လိုက်တော့မှပဲ ကိုယ်တော်ချောက

"အဲဒါဆိုလည်း..ဝင်ရအောင်..ပွဲတစ်လျောက်လုံးမောင့်လက်ကိုမလွှတ်ပဲတွဲထားနော်"

"ဟုတ်ပါပြီရှင့် ကျွန်မရဲ့ကလေးလေးသဘောအတိုင်းဖြစ်စေရပါမယ်" ဟု ခေတ်ရဲ့လက်ကိုတွဲကာ ခန်းမထဲသို့ဝင်လာခဲ့ကြသည်...

နှစ်ယောက်သားလက်တွဲမဖြုတ်ပဲ ဧည့်သည်တွေကိုတစ်ဝိုင်းဝင်တစ်ဝိုင်းထွက်လိုက်နှုတ်ဆက်ပြီးနောက်..ဂျူးမြတ်ထက်နှင့်ထက်မွန်ဆွေတို့ရှိရာဝိုင်းသို့ရောက်လာခဲ့သည်..ထိုဝိုင်းတွင်..ခေတ်၏အတွင်းရေးမှူးမနန္ဒာတို့သားအမိလည်းထိုင်နေသည်..မနန္ဒာသည်single motherတစ်ဦးဖြစ်သည်...

"Congratulationsလွင်ဘုန်းခေတ်နဲ့ဆရာမ ဆရာမဒီနေ့အရမ်းလှနေတယ်သိလား..လွင်ဘုန်းခေတ်နဲ့တောင်မတန်ဘူး" ဟု ဂုဏ်ပြုစကားပြောပြီးခေတ်ကိုရန်စကာနောက်နေသဖြင့်

"ကျေးဇူးပဲ ငါ့မိန်းမလှတာငါသိတယ် နင်တို့နှစ်ယောက်ပြောစရာမလိုဘူး"

"ပြောတော့ဘာဖြစ်လဲ ငါတို့ဆရာမလှလို့လှတယ်ပြောတာ ဘာလဲနင်ကဂျေဝင်နေတာလား" ဟု ထက်မွန်ဆွေက ပြန်ရန်တွေ့သဖြင်

"သူတို့နှစ်ယောက်ကိုမောင်တို့Honey moonသွားရင်ခေါ်သွားဖို့စဥ်းစားနေတာအခုတော့မခေါ်ချင်တော့ဘူး" ဟု တီချယ့်ကိုပြောလိုက်သဖြင့် ထိုနှစ်ယောက်မှာတအံ့တသြနှင့်

"တကယ်ငါတို့နှစ်ယောက်ကိုခေါ်သွားမှာလား" ဟု မေးသဖြင့်ခေါင်းငြိမ့်ပြလိုက်ရာ

" ဟဲဟဲ ခုနကငါတို့ကစတာ ငါတို့သူငယ်ချင်းလေးနဲ့တီချယ်ကအရမ်းလိုက်ဖက်တာပဲ" ဟု မျက်နှာတွေမှာစပ်ဖြီးဖြီးနှင့်ခေတ်ကိုပြန်ပြောနေကြသည်..

လှမြတ်မှာတော့ထိုသုံးယောက်ကိုကြည့်ကာ တော်တော်လေးချစ်ကြတဲ့သူငယ်ချင်းတွေပါလား ဟုတွေးကာသဘောကျမိသည်...

"Congratulations CEOနဲ့အစ်မ"

"ကျေးဇူးပါ မနန္ဒာနဲ့သမီးလေး" ဟုပြောလိုက်ရာ မနန္ဒာ၏သမီးလေးမှာခေတ်တို့ကိုကြည့်၍

"ဦးနဲ့တီတီက အရမ်းချောတာပဲမေမေ" ဟုသူ့အမေကိုပြန်ပြောနေသဖြင့် ခေတ်တို့မှာထိုကလေးစကားကိုသဘောကျစွာရယ်လိုက်ပြီး..

"သမီးလေးကမှ သမီးဘေးနားကနှစ်ယောက်ထက် အမြင်ရှိသေးတယ်" ဟု ထက်မွန်ဆွေတို့နှစ်ယောက်ကိုစောင်းကာပြောလိုက်တော့ ထိုနှစ်ယောက်မှာ

"Honeymoon ကိုခေါ်သွားမယ်ဆိုလို့သည်းခံနေတာ..ဟင်းဟင်း" ဟု မကြားအောင်ပွစိပွစိပြောနေသဖြင့်

"နင်တို့ဘာပြောလဲ ငါကြားတယ်နော်" ဟု သူတို့နှစ်ယောက်ကိုပြောလိုက်ရာ တီချယ့်ဆီကဗိုက်ခေါက်လိမ်ဆွဲတာခံလိုက်ရသဖြင့်

"အား.နာတယ်..တီချယ်ရဲ့ဘာလို့လိမ်ဆွဲတာလဲ"

"ကလေးတွေလည်းမဟုတ်ပါပဲ စ နောက်နေကြလို့လိမ်ဆွဲတာ မှတ်ပြီလား" ဟု ပြောကာ လိမ်ဆွဲထားသည်ကိုလွှတ်မပေးပေ..

"တီချယ်နော် ညကျမှမအော်နဲ့"

"ဘာ..ဘာကိုမအော်နဲ့လဲ...စကားကိုကြည့်ပြော..မပြောရဲတာတစ်ခုမှမရှိဘူး..နားရှက်စရာ" ဟု ပြောကာ ရှက်သွားသည့်တီချယ့်ကို ခေတ်၏ရင်ခွင်ထဲသို့ထည့်ကာဖက်လိုက်သဖြင့်..ထက်မွန်ဆွေတို့အပါအဝင် ဧည့်သည်တွေအားလုံးမှာ

"Wow...Roတယ်ဟေ့" ဟု ပြောကာ.လက်ခုပ်တွေထတီးကြသဖြင့် ရင်ခွင်ထဲကသူမှာပို၍ရှက်သွားကာ ခေါင်းပင်မဖော်နိုင်တော့ပေ...

Dinnerလည်းပြီးသွားပြီဖြစ်၍ ဧည့်သည်တွေအားလုံးလည်းပြန်သွားပြီဖြစ်သည်..မင်္ဂလာခန်းမ၌တီချယ့်မိသားစုနှင့်ခေတ်၏အန်တီလေးသာခေတ်တို့နှင့်အတူရှိနေပြီး..ထိုနေရာမှာတင် အန်တီလေးနှင့်တီချယ့်မိဘတွေကို နှစ်ယောက်သားကန်တော့ကြသည်...

"ကဲ..နှစ်ယောက်လုံးစိတ်ချမ်းသာစွာဖြင့်သက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေ" ဟု တီချယ့်မေမေက ဆုတောင်းစကားပေးပြီးနောက် တီချယ့်ဖေဖေက

"နှစ်ယောက်လုံးက လိမ်မာတဲ့သူတွေမို့လို့ဆုံးမစရာတော့ထွေထွေထူးထူးမရှိပါဘူး သမီးငယ်လေးကခေတ်လေးအပေါ်ခဏခဏစိတ်မကောက်နဲ့ နှစ်ယောက်သားရန်လည်းမဖြစ်ကြနဲ့ချစ်ချင်ခင်ခင်နေကြပါ" ဟုဆုံးမစကားပြောသဖြင့် နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည်နူးမှုအပြည့်ဖြင့်ကြည့်ပြီးနောက် တီချယ့်ဖေဖေကို

"ဟုတ်ကဲ့ပါ..ဖေဖေ.."
"ဟုတ်ကဲ့ပါ အန်ကယ်လ်"

"ဪ..ပြောရအုံးမယ် အခုကစပြီးအန်ကယ်လ်လို့မခေါ်နဲ့တော့ အန်ကယ်လ့်သမီးနဲ့လက်ထပ်ထားပြီးပြီပဲ မင်းရဲ့မိဘတွေလိုသဘောထားပြီး..ဖေဖေနဲ့မေမေလို့ပဲခေါ်တော့" ဟု ဆိုလာသဖြင့် ခေတ်မှာဝမ်းသာသွားသည်..သိတက်စအရွယ်ကတည်းကဖေဖေနှင့်မေမေဟူ၍မခေါ်ခဲ့ဘူးပေ..အခုတော့တီချယ့်ကြောင့်အဖေအမေရလိုက်သည်...

"ဟုတ်ကဲ့ပါဖေဖေနဲ့မေမေ" ဟု တီချယ့်မိဘတွေကို ပြောလိုက်ရာ အန်တီလေးက

"မင်းရဲ့ယောက္ခမတွေကိုဖေဖေနဲ့မေမေလို့ခေါ်လိုက်ပြီဆိုတော့ သူတို့ကိုမင်းမိဘတွေလိုသဘောထားပါ မင်းမိဘတွေဖြစ်တဲ့အန်တီလေးအစ်မနဲ့ခဲအိုကိုမစောင့်ရှောက်လိုက်ရပေမယ့် ယောက္ခမတွေကိုမင်းမိဘအစားရလိုက်သလိုစောင့်ရှောက်ပေးပါ သမီစလှမြတ်အပေါ်မှာလည်းတာဝန်ကျေပေးပါလို့ပဲ အန်တီလေးပြောချင်တယ်"

"ဟုတ်ကဲ့ပါ အန်တီလေး"

"ငါတို့ညီမလေးကိုမင်းလက်ထဲထည့်ပေးလိုက်ပြီ...ငါတို့ညီမလေးကိုမျက်ရည်ကျအောင်စိတ်ဆင်းရဲအောင်လုပ်တဲ့နေ့မင်းလက်ထဲကပြန်ခေါ်လာမှာနော်"

"ဟုတ်ကဲ့ပါ..တီချယ့်ကိုကျွန်တော်အမြဲတမ်းစိတ်ချမ်းသာအောင်ထားပါ့မယ် ကိုကြီးနဲ့မကြီး" ဟု တီချယ့်လက်ကိုကိုင်ကာ တီချယ့်မျက်နှာကိုကြည့်၍ ယောက်ဖဖြစ်သူနှင့်မရီးဖြစ်သူကိုပြန်ပြောလိုက်ရာ တီချယ့်မျက်နှာမှာပြုံးရိပ်သန်းသွားသည်..

"ကဲ...ဖေဖေတို့လည်းပြန်တော့မယ်" ဟု ပြောကာ အားလုံးပြန်သွားကြသည်...သိပ်မကြာခင် ဟိုတယ်ဝန်ထမ်းလေးက

"အကိုနဲ့အစ်မတို့နေဖို့အခန်းကိုကျွန်တော်လိုက်ပြပါ့မယ် လိုက်ခဲ့ကြပါဟုဆိုသဖြင့် ထိုကောင်းလေးနောက်ကိုနှစ်ယောက်သားလိုက်လာခဲ့ကြပြီး Pan Pacific Hotel၏၂၅ထပ်မြောက်သို့ ဓာတ်လှေကားဖြင့်တက်လာခဲ့ကြသည်

"ကျွန်တော်တို့အထုပ်အပိုးတွေရော ဘယ်မှာလဲညီလေး"

"အကိုတို့အခန်းထဲကိုထည့်ပေးထါူပါတယ်ဗျ"

"ဪ.ဟုတ်"

25ထပ်မြောက်သို့ရောက်တော့ ဓာတ်လှေကားကနေထွက်ပြီး ဓာတ်လှေကားရဲ့မျက်စောင်းထိုးထောင့်အစွန်ကအခန်းသို့ရောက်သောအခါ

"ဒီအခန်းပါ အကို တစ်ခုခုအဆင်မပြေတာရှိရင်လှမ်းအကြောင်းကြားလို့ရပါတယ် သာယာသောညတစ်ညဖြစ်ပါစေ" ဟု ပြောကာ အခန်းသော့ကိုခေတ်လက်ထဲသို့ထည့်ပေးပြီး.ပြုံးကာထွက်သွားသည်..ထိုကောင်လေး၏အပြုံးနှင့်အပြောကိုခေတ်သိသလိုတီချယ်လည်းသိနေလောက်သည်..

"အခန်းထဲဝင်ကြမယ်လေ တီချယ်"

"ဝင်ရမှာတောင်ကြောက်တယ်..." ဟု ပြောလာသဖြင့်သော့ကိုဖွင့်လိုက်ကာ တီချယ့်လက်ကိုဆွဲပြီးအခန်းထဲသို့ဝင်လာခဲ့သည်..

အခန်းထဲရောက်တော့ရေချိုးခန်းနဲ့အိမ်သာတွေကိုလိုက်စစ်ဆေးပြီးနောက်

"တီချယ်..ရေချိုးမှာမလား..အရင်ချိုး"

"မောင်အရင်ချိုးလိုက်ပါလား..တီချယ်က မိတ်ကပ်တွေလည်းဖျက်ရအုံးမယ် ကြာအုံးမှာ" ဟု တီချယ့်ဘက်ကပြောလာသဖြင့်

"အဲဒါဆိုမောင်အရင်ချိုးနှင့်မယ်နော်"

"အင်း.မောင်ရေချိုးပြီးဝတ်ဖို့အတွက်.တီချယ်နဲ့မောင်ဟိုနေ့ကဝယ်လာတဲ့ Couple Pajamasလေးထုတ်ပေးထါးမယ်"

"ဟုတ်ကဲ့ပါဗျ"ဟု ပြောပြီး တီချယ့်ပါးကိုလှစ်ခနဲနမ်းကာ ရေချိုးခန်းသို့ဝင်လာခဲ့သည်..

လှမြတ်၏ပါးကိုနမ်းပြီးပြေးသွားတဲ့သူကြောင့် လက်ဖြင့်ပါးကိုကိုင်ပြီးပြုံးနေမိသည်..ရင်ခုန်သံတွေမှာလည်းမြန်လာသည်...
********

ခေတ်ရေချိုးပြီးထွက်လာတော့ တီချယ်လည်းရေချိုးခန်းသို့ဝင်သွားလေသည်..တီချယ်ထုတ်ပေးထါးသည့်Pajamasလေးကိုဝတ်ကာတီချယ့်ကိုစောင့်ရင်းLaptopကိုအိတ်ထဲကထုတ်ကာမလုပ်လက်စအလုပ်တွေကျန်နေသေးတာကြောင့်အလုပ်ကိုဆက်လုပ်နေလိုက်သည်

လှမြတ်ရေချိုးပြီးထွက်လာတော့ Laptopတစ်လုံးနှင့်ကုတင်ပေါ်မှာအလုပ်လုပ်နေသည့်သူ့ကိုတွေ့လိုက်ရသည်...လှမြတ်ထွက်လာသည်ကိုလည်းသူမသိပေ..laptopထဲမှာပဲအာရုံရောက်နေသည်

လှမြတ်night creamလိမ်းပြီးနောက်...သဘက်ရင်လျားဖြင့်ခန်းဆီးလိုက်ကာကိုနည်းနည်း​​​လေးလှပ်ပြီး.အပြင်ဘက်ကိုချောင်းကြည့်လိုက်တော့

"Wow...အခန်းကမဆိုးဘူး..ရန်ကုန်မြို့ကြီးရဲ့ညအလှကို အပေါ်စီးကမြင်နေရတယ်" ဟု ပြောနေသည့်တီချယ်ကြောင့်

"ရန်ကုန်မြို့ကြီးရဲ့ညအလှရယ် မောင့်အမျိုးသမီးလေးရဲ့ညအလှရယ်ကြောင့် ဒီညဟာPerfectပဲ" ဟု ပြောကာ တီချယ့်ကိုပွေ့ချီလိုက်တော့

"အို..ဘာလုပ်တာလဲ ဖယ်...Pajamasတောင်မဝတ်ရသေးဘူး" ဟု ရှက်ကာပြောနေသည့်တီချယ့်ကို

"မွှေးနေတာပဲကွာ မောင်တော့ဒီညအလွတ်မပေးချင်တော့ဘူး"

"သွားပါ.လူကို"

"လူကို ဘာဖြစ်လဲ..ပြောလေ"

"အခုအောက်ကိုချပေး...Pajamasဝတ်ရအုံးမယ်" ဟု အတင်းအောက်ကိုပြန်ချခိုင်းနေသည့်တီချယ့်ကို

"ခဏနေရင်အောက်ကိုရောက်တော့မှာပဲဟာ..pajanasလည်းအတူတူပဲဝတ်မနေပါနဲ့တော့နော်"

"မောင်နော်..."

"မောင်က တီချယ့်ကိုချစ်ချင်လို့ပါ...မောင့်ကိုခွင့်ပြုနော်" ဟု ခွင့်တောင်းသည့်စကားတွေနှင့်လှမြတ်ကိုကြည့်နေသည်..ထို့ကြောင့်

"အင်း..အရမ်းမဆိုးနဲ့နော်..ကလေးရှိနေရင်ကလေးကိုသွားထိမယ်"

"ဟုတ်ပါပြီ..မောင့်ကိုယုံနော်" ဟု ပြောပြီးလှမြတ်ကိုကုတင်ပေါ်သို့ချကာ အပေါ်ကအုပ်မိုးလာပြီး..နှုတ်ခမ်းကိုစတင်နမ်းလာသည်. ချစ်သူနမ်းသည့်အနမ်းကတုန့်ပြန်သင့်သည်..ဒါကြောင့်တုံ့ပြန်အနမ်းများပြန်ပေးကါ မင်္ဂလာဦး၏သာယာသည့်ညတစ်ညကိုပုံဖော်နေမိသည်...ပုံဖော်ပြီးနောက်မှာတော့

"အရမ်းပင်ပန်းသွားလား..တီချယ်"

"သွားပါ.လူဆိုး" ဟု အားအင်ကုန်ခမ်းနေသောလက်နှင့်ခေတ်ကိုတွန်းလိုက်သဖြင့်

"ဟုတ်တယ် မောင်ကလူဆိုး...တီချယ့်အပေါ်မှာပဲဆိုးတာ ဖြစ်နိုင်ရင်တစ်ညလုံးတောင်ဆိုးချင်တာ"

"မောင်နော်.." ဟုပြောကာရှက်သွားသည့်တီချယ့်နဖူးကိုအသာနမ်းလိုက်ပြီး

ခေတ်ရဲ့Pajamasကိုပြန်ဝတ်လိုက်ပြီး..တီချယ့်Pajanasကိုယူပေးကါ.နှစ်ယောက်သားအင်္ကျီကြယ်သီးတစ်ယောက်တစ်လှည့်တပ်ပေးကြပြီး...တီချယ့်ကိုခေတ်၏ရင်ခွင်ကျယ်ကြားထဲမှာမျက်နှာအပ်စေပြီး..တင်းကြပ်စွာထက်ထားကာအိပ်ပျော်သွားကြသည်...

************************************

Continue Reading

You'll Also Like

543K 25.8K 31
He's a blind mafia man, the heir who lost his eyesight. She's a kindhearted girl whose job is to take care of him. Will the two of them find their wa...
319K 18.4K 19
"α€˜α€±α€Έα€α€Όα€Άα€€α€œα€¬α€•α€Όα€±α€¬α€α€šα€Ί α€„α€œα€»α€Ύα€„α€Ία€œα€Ύα€―α€•α€Ία€žα€½α€¬α€Έα€œα€­α€―α€·α€α€²α€·.... α€™α€Ÿα€―α€α€Ία€›α€•α€«α€˜α€°α€Έα€—α€»α€¬...... ကျွန်တော် α€”α€Ύα€œα€―α€Άα€Έα€žα€¬α€Έα€€ α€žα€°α€·α€”α€¬α€™α€Šα€Ία€œα€±α€Έα€€α€Όα€½α€±α€€α€»α€α€¬α€•α€«.... α€€α€»α€½α€”α€Ία€α€±α€¬α€Ία€›α€„α€Ία€α€―α€”α€Ία€žα€Άα€α€½α€±α€€...
604K 49.7K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
2.8M 162K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...