Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၃၄
ဝူထုန်က အားနည်းမောပန်းစွာ အိပ်ပျော်သွားခဲ့သည်။ချင်ကောက သူမကို စောင်တစ်ထည်ကို ညင်သာစွာခြုံပေးလိုက်သည်။ သူ့မျက်လုံးတွေက နောင်တဉ စိတ်ပျက်အားငယ်မှုတွေနဲ့ ပြည့်နှက်နေသည်။ နောက်ဆုံးတော့ ငါကိုယ့်ကိုယ်ကို မထိန်းနိုင်ခဲ့ဘူး။
“အင်း ” ဝူထုန် အိပ်ပျော်နေစဉ် တဆက်ဆက်တုန်နေပြီး ချင်ကော လက်ကို မသိစိတ်မှ ရှောင်ခဲ့သည်။
ဝူထုန်၏နဖူးတွင် တွယ်ကပ်နေသော ဆံပင်များကို သပ်ပေးဖို့ ကြိုးပမ်းကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သော ချင်ကောက သူ့လက်ကို တောင့်တင်းစွာဖြင့် ပြန်ရုတ်လိုက်သည်။ သူ လှည့်ပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်သည်။ သူရေချိုးဝတ်စုံကို ကောက်ကိုင်လိုက်ပြီး အိပ်ခန်းတံခါးဆီ လျှောက်သွားခဲ့သည်။ သူက တံခါးကို တွန်းဖွင့်ပြီး လသာဆောင်ဘက်ကို ဦးတည်သွားလိုက်သည်။
ကောင်းကင်ကြီးက တဖြည်းဖြည်း တောက်ပလာပြီး ပင်လယ်နှင့် ကောင်းကင်တို့ ဆုံသည့် မိုးကုပ်စက်ဝိုင်းတွင် လှပသော နံနက်ခင်း အလင်းရောင် ထွက်ပေါ်လာသည်။ တချိန်ချိန်၌ နေရောင်က တိမ်တိုက်များမှတဆင့် ထွန်းလင်းလာကာ ကမ္ဘာကြီးဆီသို့ အသက်ဝင်စေမည့်ပုံပေါက်နေသည်။
ချင်ကော မိမိကိုယ်ကို ရှုတ်ချသည့်ပုံစံဖြင့် ရယ်မောလိုက်ပြီး သူ့နောက်မှ နံရံကို ရုတ်တရက် ထိုးလိုက်ရာ သူ့လက်ဆစ်တွင် ဒဏ်ရာငါးချက် ကျန်ရစ်ခဲ့သည်။
"ချင်ကော၊ မင်းက လူမဟုတ်ဘူး။ မင်းက တိရိစ္ဆာန်ပဲ!"
ချင်ကော မနေ့ညကအကြောင်း ပြန်တွေးနေခဲ့သည်။ သူတို့ချစ်ကြည်နူးကတည်းက ဝူထုန် ၏မျက်နှာမှာ အရောင်ဖျော့သွားပြီး သူမ၏ခန္ဓာကိုယ်က နာကျင်မှုမှ ရှုံ့မဲ့နေခဲ့သည်။ ဒါပေမယ့် သူဘာလုပ်ခဲ့သလဲ။ သူမ ဘယ်လောက် နာကျင်နေတယ်ဆိုတာ သူကောင်းကောင်းသိပေမယ့် သူ့ကိုယ်သူ မတားခဲ့သေးဘူး။ တကယ်တော့ သူ မရပ်တန့်ချင်ခဲ့တာ။
သူမခန္ဓာကိုယ်ကို ဖျက်ဆီးမိလိုက်သောအခါ ဝူထုန် ရဲ့ပုံစံက အပိုင်းပိုင်းအကိုက်ခံရသည့် ကြောင်လေးနဲ့တူသည်။ ဒါတောင်မှ အသံမထွက်ဖို့ ခေါင်းမာမာနဲ့ သူမ ငြင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာတော့ မခံနိုင်တော့ဘဲ အရှိန်လျှော့ဖို့ တောင်းဆိုခဲ့သည်။ ဒါပေမယ့် ဒီဟာက သူ့ကို ပိုစိတ်လှုပ်ရှားစေခဲ့သည်။
ဝူထုန်ရဲ့ အသားအရေက အတော်လေးကို နူးညံ့ပြီး ချင်ကော သူမကို ဖျက်ဆီးပြီးနောက်မှာတော့ သူမရဲ့ ခန္ဓာကိုယ်အနှံ့မှာ အထူးသဖြင့် သူမရဲ့ ခါးတစ်ဝိုက်မှာ အနမ်းအမှတ်အသားတွေ ရှိနေခဲ့သည်။ မည်းနက်ပြီး ခရမ်းရောင်အစက်အပြောက်တွေက မြင်နေရသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
ဤအရာအားလုံးကို စဉ်းစားရင်း ဒေါသထွက်နေတဲ့ ချင်ကောက နောက်ပြန်လှည့်သွားကာ ဝိုင်ဗီရိုကိုဖွင့်ပြီး အရက်သုံးပုလင်းကို ဆွဲထုတ်လိုက်သည်။
"အရက်သောက်တာကို ဖြတ်ရမယ်" ဟန်းနီးမွန်းခရီးမထွက်ခင်မှာ ဒေါက်တာလီက ဒါကို အလေးပေးပြောဆိုခဲ့သည်။ "ဘာပဲဖြစ်ဖြစ် အလွန်အကျွံမသောက်နဲ့။ အရက်မူးတာက ရှင့်ရဲ့စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ပိုပြီးဒေါသထွက်လာစေလိမ့်မယ်”
"F*ck!" ချင်ကော ဒေါသတကြီးဖြင့် တန်ဖိုးကြီး ပိုင်ကျို့ ပုလင်းသုံးလုံးကို ချလိုက်သည်။ လေထုက ချက်ချင်း အရက်နံ့ပြင်းပြင်းနဲ့ ပြည့်နှက်သွားခဲ့သည်။
ချင်ကော လသာဆောင်သို့ ပြန်လာကာ နံရံကို အဆက်မပြတ် ထိုးနေခဲ့သည်။ ဤသည်မှာ အပြစ်၏ဒဏ်ကို ပို၍ခံနိုင်ရည်ရှိစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည် ဟုထင်ရသည်။
အရှေ့ဘက်မှ နေထွက်လာသည်နှင့်အမျှ ကောင်းကင်ယံ၌ အပေါ်ဆုံးသို့မရောက်မီ အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ ဤအရာအားလုံးသည် အိပ်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ ချင်ကောက အထဲဝင်ပြီး ဝူထုန်နှင့် မျက်နှာချင်းဆိုင်ဖို့ မဝံ့ရဲပေမယ့် သူမ အခန်းထဲကနေ ထွက်လာမှာကိုလည်း သူ ကြောက်နေသည်။
မွန်းတည့်ချိန်နီးနေပြီကို သတိပြုမိတော့ ချင်ကော မငြိမ်မသက်ဖြစ်နေပြီမို့ အိပ်ခန်းတံခါးကို တိတ်တဆိတ်ဖွင့်လိုက်သည်။ တံခါးကြားထဲကနေ လှမ်းကြည့်လိုက်တော့ ဝူထုန် အိပ်ပျော်နေသေးတာကို သူမြင်လိုက်ရသည်။
ဝူထုန် ကုတင်ဘေးသို့ လျှောက်သွားရင်း သူမရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်ကာ သူ့မျက်နှာပေါ်တွင်လည်း ကြောက်လန့်နေသည့်ပုံသဏ္ဍာန်ရှိသည်။ သူ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဝူထုန့် နဖူးကို ညင်သာစွာ ထိတွေ့လိုက်သည်။
ဝူထုန့် မျက်ခုံးတွေက အနည်းငယ် ကျုံ့သွားသည်။ ဒါကို သတိပြုမိလိုက်တာနဲ့ ချင်ကောက အပ်တစ်ချောင်းနဲ့ ထိုးခံလိုက်ရသလိုပဲ သူ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်သည်။
ဝူထုန့် မျက်နှာအမူအရာ ပြေလျော့သွားသည်ကို မြင်သောအခါ၊ ချင်ကောက သူမ အိပ်ပျော်နေချိန်၌ပင် သူ့ကို ကြောက်နေသေးကြောင်း အတည်ပြုနိုင်ခဲ့သည်။
"မင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ရှိနေတယ်ဆိုတာ မင်း ကောင်းကောင်းသိတယ်၊ မင်းဘာလို့ သွားလက်ထပ်ရမှာလဲ။ မင်းမှာ ဘာအခွင့်အရေးရှိလို့တုန်း" ချင်ကော မာစတာအိပ်ခန်းမှ ထွက်သွားချိန် သူ့ကိုယ်ကို လှောင်ပြောင်နေပြန်သည်။ သူမမှာ အဖျားမရှိဘူးဆိုတော့ ငါသူမကို ခဏလောက် ထပ်အိပ်ခိုင်းလိုက်ပါ့မယ်။ ငါ့အတွက်လား။ ငါ နိုးထပြီး အဖြစ်မှန်ကို ရင်ဆိုင်ရမယ်။
အိပ်ခန်းတံခါးကို ပိတ်လိုက်သည်နှင့် ဝူထုန်က သူမမျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ လွန်ခဲ့တဲ့ နာရီဝက်လောက်က သူမ နိုးလာခဲ့ပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေတာကြောင့် လောလောဆယ်မှာတော့ သူမ လှုပ်လှုပ်ရှားရှား မလုပ်နိုင်သေးဘူး။
ဝူထုန် စောင်ကို မကြည့်ရန်ပင် မလိုအပ်ဘဲ သူမခန္ဓာကိုယ်၏ လက်ရှိအခြေအနေကို ကောင်းကောင်းသိသည်။ မနေ့ညက ချင်ကောက သူမတို့မင်္ဂလာဦးညမှာ သူမကို မညှာမတာ နှိပ်စက်ခဲ့စဉ် သွေးရောင်လွှမ်းနေတဲ့ မျက်လုံးတွေနဲ့ ဆင်ခြင်တုံတရားမရှိတဲ့ သားရဲတိရိစ္ဆာန်လိုပဲ။
"ဘာလို့ ကျွန်မရှေ့မှာ ဒီလိုပြောရတာလဲ။ ကျွန်မနိုးနေပြီဆိုတာ ရှင်သတိထားမိရဲ့လား။ ရှင် ဘယ်လောက်တောင် ဉာဏ်နီဉာဏ်နက်များလိုက်လဲ။ ကျွန်မက နှလုံးသားနုတယ်ဆိုတဲ့ အချက်ကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာ မဟုတ်လား” ဝူထုန်က ကိုယ့်ကိုယ်ကိုယ် ရှုတ်ချသည့်ပုံစံဖြင့် ခေါင်းယမ်းလိုက်သည်။ ချင်ကော ပြောသမျှစကားအားလုံးက သူမနှလုံးသားရဲ့ နက်ရှိုင်းတဲ့နေရာကို ထိမိသွားပြီး သူ့အတွက် စိတ်မကောင်းဖြစ်မိတာကြောင့် သူမရဲ့ နှလုံးသားမှာ စိတ်မကောင်းမှုတွေ ပြည့်နှက်နေခဲ့သည်။
ဟိုတယ် အဖြစ်အပျက်ပြီးလို့ သူမတို့ပထမဆုံး တရားဝင် တွေ့ဆုံကြတဲ့အချိန် သူ့မှာပြဿနာရှိနေတယ်လို့ သူမကို ပြောပြတယ်။ သူ့စိတ်ရောဂါကုဆရာဝန်နဲ့လည်း တွေ့ဖူးပြီးသား။ သူနဲ့ လက်မထပ်ခင်မှာ ငါသည်းခံပေးဖို့လည်း ကတိပေးပြီးသား။
မကြောက်နဲ့။ သူ့စိတ်ရောဂါက ပြန်ပေါ်လာတာလေးပဲ။
ဝူထုန် ခက်ခက်ခဲခဲ မထခင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ဖို့ ကြိုးစားခဲ့သည်။ ခြေထောက်တွေမှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကိုကြံ့ကြံ့ခံပြီးတဲ့ နောက်မှာတော့ အိပ်ခန်းတံခါးကို လှမ်းမဖွင့်ခင် ည၀တ်အင်္ကျီတစ်စုံကို ၀တ်ဆင်ခဲ့သည်။
လသာဆောင်တွင်ရပ်နေစဉ် စိတ်ပျံ့လွင့်နေဆဲဖြစ်တဲ့ ချင်ကောက ဝူထုန်ရောက်လာတာကို သတိပြုမိခဲ့သည်။ ဒါပေမယ့် သူ တောင့်တင်းနေပြီး နောက်သို့လှည့်မကြည့်ဝံ့ပေ။ သူမ ငါ့ကိုဘယ်လိုလုပ်ပြီး ကြည့်မှာလဲ? သူမ ငိုမှာလား? သူမ ရုပ်ရှင်ဇာတ်လမ်းတစ်ခု ဖန်တီးမှာလား။ ဒါမှမဟုတ် သူမ ငါ့ကို ထိတ်လန့်တကြားကြည့်မှာလား။
"ရှင် ဘာကြည့်နေတာလဲ" ဝူထုန့် အသံက အနည်းငယ် အက်ရှနေခဲ့သည်။
ချင်ကော သူ့ကိုယ်သူ သတ္တိမမွေးမီ ၂ စက္ကန့်မျှ တုံ့ဆိုင်းနေပြီး ဝူထုန်၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးဖြင့် နှုတ်ဆက်နေသည်ကို သူ့ကိုယ်တိုင် မြင်ရဖို့ လှည့်ကြည့်လိုက်သည်။
"ကျွန်မ အိပ်ယာထနောက်ကျသွားတယ်မလား" ဝူထုန် တောင်းပန်တဲ့လေသံနဲ့ မေးလိုက်သည်။
ချင်ကော ခေါင်းညိတ်လိုက်သည်။
"ကျွန်မ နည်းနည်းဗိုက်ဆာလို့ စားစရာတစ်ခုခုရှိသေးလား" လို့ဝူထုန် မေးလိုက်သည်။
ချင်ကောက စကားထစ်နေခဲ့သည်။ "ကိုယ်..ကိုယ် ထမင်းစားခန်းမှာ မင်းစားဖို့ တစ်ခုခု သွားယူပေးမယ်" လို့ပြောပြီး ဝူထုန်ရဲ့ဘေးကနေဖြတ်ကာ တံခါးဆီ ပြေးထွက်သွားခဲ့သည်။
ချင်ကော ထူးခြားကောင်းမွန်သော နေ့လည်စာဖြင့် ပြန်လာချိန်တွင် ဝူထုန်မှာတော့ လန်းဆန်းစေဖို့ ရေချိုးခန်းဆီ သွားနေပြီဖြစ်သည်။ သူမ ဧည့်ခန်းရှိ ထမင်းစား စားပွဲတွင် ထိုင်ကာ သူ့ကို တိတ်တဆိတ် စောင့်ဆိုင်းနေချိန်တွင် သူမ ပိုလန်းဆန်းနေပုံရသည်။
ထိုအခိုက်အတန့်တွင် ချင်ကောမှာ မနေ့ညက အိပ်မက်ဆိုးတွေကို တစ်ခါမျှ မဖြစ်ခဲ့ဖူးကြောင်းနှင့် ဇနီးဖြစ်သူကို သဘောကျသည့်အတိုင်း နောက်တစ်ကြိမ် စနောက်နိုင်တယ်လို့ ထင်ယောင်ထင်မှား ရှိနေသည်။ ယခင်ကကဲ့သို့ပင် သူ့ဇနီးသည်က သူ့ရဲ့စနောက်မှုကို ကျင့်သားရနေပြီး စကားကြောင့် မျက်နှာနီသွားတတ်သည်။
ဝူထုန်က ချင်ကော လက်ဆစ်တွေမှာရှိနေတဲ့ ဒဏ်ရာတွေကို သတိပြုမိသွားခဲ့သည်။ "ရှင့်လက်က ဘာဖြစ်တာလဲ"
“ဘာမှမဟုတ်ပါဘူး” ချင်ကော သူ့လက်တွေကို စားပွဲအောက်မှာ ဝှက်ထားလိုက်သည်။
ဝူထုန် တိတ်တဆိတ် ထမင်းမစားခင် မျက်တောင်ခတ်လိုက်သည်။ နေ့လယ်စာစားပြီးနောက် တစ်ယောက်က ဧည့်ခန်းထဲတွင် နေပြီး ကျန်တစ်ဦးမှာ မာစတာအိပ်ခန်းထဲတွင် နေနေပြီး အချင်းချင်း တိတ်တဆိတ်နဲ့ တစ်နေရာစီနေနေကြပြီး နှစ်ယောက်သား ဘာစကားမှမပြောကြပေ။
*တင်းတောင် *
မိန်းမောတွေဝေနေသည့် ချင်ကောက ဧည့်ခန်းမှ ထလိုက်သည်။ စိတ်ရှုပ်စွာနဲ့ တံခါးကိုဖွင့်လိုက်တော့ ဟိုတယ်ဝန်ထမ်းတစ်ယောက် သူ့ရှေ့မှာ ရပ်နေတာကို တွေ့လိုက်ရသည်။
ဟိုတယ် ဝန်ထမ်းကပြုံးလျက် ချင်ကောဆီ ရှေးဦးသူနာပြုစုတဲ့ ကိရိယာပစ္စည်းများကို လွှဲပေးခဲ့သည်။ "ဒီမှာပါ လူကြီးမင်းတောင်းဆိုထားတဲ့ ရှေးဦးသူနာပြုကိရိယာအစုံပါ "
“ငါတို့မတောင်း…” ချင်ကောက စကားပြောနေရင်း ရုတ်တရက် ရပ်လိုက်ပြီး ရှေးဦးသူနာပြုကိရိယာကို မယူခင် မာစတာအိပ်ခန်းဆီ လှမ်းကြည့်လိုက်သည်။ "ကျေးဇူးတင်ပါတယ်"
“ သာယာပျော်ရွှင်စွာနဲ့ တည်းခိုနိုင်ဖို့ မျှော်လင့်ပါတယ်” ဟိုတယ်ဝန်ထမ်းက မထွက်ခွာမီ အပြုံးဖြင့် ပြောခဲ့သည်။
ချင်ကော ရှေးဦးသူနာပြုပစ္စည်းကိရိယာကို ကော်ဖီစားပွဲပေါ်တင်လိုက်သည်နှင့် ဝူထုန်က မာစတာအိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ သူမက “ ဟိုတယ်က ဒီဟာကို ပို့လိုက်တာပေါ့ ”လို့မပြောမီ ရှေးဦးသူနာပြုပစ္စည်းကိရိယာကို တစ်ချက်ကြည့်လိုက်သည်။
“ဟုတ်တယ်” ချင်ကောက သူ့မျက်လုံးတွေထဲ ဖတ်လို့မရနိုင်သော အကြည့်ဖြင့် အခိုင်အမာ ခေါင်းညိတ်ပြခဲ့သည်။
ဝူထုန် ကော်ဖီ စားပွဲဆီ လျှောက်သွားပြီး ရှေးဦးသူနာပြုကိရိယာကို ဖွင့်လိုက်သည်။ သူမချင်ကောကို မော့မကြည့်မီ အိုင်အိုဒင်းနဲ့ ပတ်တီးတွေ ထုတ်ယူလိုက်သည်။
ချင်ကော သူ့လက်ကို နာခံစွာဖြင့် မပြခင် ခဏမျှ တုံ့ဆိုင်းသွားသည်။
ဝူထုန်က ချင်ကော လက်ဆစ်တွေမှာ သွေးထွက်သံယို ဒဏ်ရာများကို တွေ့လိုက်ရသောအခါ သူမစိတ်အတွင်းမှ နောက်ဆုံးဒေါသများက ပြေပျောက်သွားခဲ့သည်။ သူ့ကိုယ်သူ တကယ်ကို နံပါတ်တစ်ခု လုပ်ခဲ့တာ။
"ဘာလို့ လက်နှစ်ဖက်လုံး ပေးနေတာလဲ။ ဒီတစ်ဖက်ကို အရင်လုပ်ပါရစေဦး ” လို့ ပြောရင်း ဝူထုန်က အနည်းငယ် စိတ်ဆိုးနေခဲ့သည်။
“အိုး” ချင်ကောက သူ့လက်တစ်ဖက်ကို နာခံစွာ ပြန်ဆုတ်လိုက်သည်။
ဝူထုန်က သူ့ ဒဏ်ရာကို အိုင်အိုဒင်းဖြင့် ညင်သာစွာ တို့ပေးလိုက်သည်။ သူ့ဒဏ်ရာနှစ်ခုကို ပိုးသတ်ပြီးသည့်တိုင် ချင်ကောမှာ နာကျင်မှုကို မခံစားရပေ။ အဲဒီအစား သူ့ဒဏ်ရာတွေကို ကြည့်ပြီး ပြုံးနေခဲ့သည်။ ရုတ်တရက် သူမရင်ထဲမှာ ဒေါသအရှိန်အဟုန်နဲ့ ပေါ်လာပြီး သူ့ဒဏ်ရာကို ကြမ်းကြမ်းတမ်းတမ်း တို့ပစ်လိုက်မိသည်။
••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၃၄
ဝူထုန္က အားနည္းေမာပန္းစြာ အိပ္ေပ်ာ္သြားခဲ့သည္။ခ်င္ေကာက သူမကို ေစာင္တစ္ထည္ကို ညင္သာစြာျခဳံေပးလိုက္သည္။ သူ႕မ်က္လုံးေတြက ေနာင္တဉ စိတ္ပ်က္အားငယ္မႈေတြနဲ႔ ျပည့္ႏွက္ေနသည္။ ေနာက္ဆုံးေတာ့ ငါကိုယ့္ကိုယ္ကို မထိန္းႏိုင္ခဲ့ဘူး။
“အင္း ” ဝူထုန္ အိပ္ေပ်ာ္ေနစဥ္ တဆက္ဆက္တုန္ေနၿပီး ခ်င္ေကာ လက္ကို မသိစိတ္မွ ေ႐ွာင္ခဲ့သည္။
ဝူထုန္၏နဖူးတြင္ တြယ္ကပ္ေနေသာ ဆံပင္မ်ားကို သပ္ေပးဖို႔ ႀကိဳးပမ္းကာ လက္တစ္ဖက္ကို ဆန္႔ထုတ္လိုက္ေသာ ခ်င္ေကာက သူ႕လက္ကို ေတာင့္တင္းစြာျဖင့္ ျပန္႐ုတ္လိုက္သည္။ သူ လွည့္ၿပီး ကုတင္ေပၚကေန ဆင္းလိုက္သည္။ သူေရခ်ိဳးဝတ္စုံကို ေကာက္ကိုင္လိုက္ၿပီး အိပ္ခန္းတံခါးဆီ ေလွ်ာက္သြားခဲ့သည္။ သူက တံခါးကို တြန္းဖြင့္ၿပီး လသာေဆာင္ဘက္ကို ဦးတည္သြားလိုက္သည္။
ေကာင္းကင္ႀကီးက တျဖည္းျဖည္း ေတာက္ပလာၿပီး ပင္လယ္ႏွင့္ ေကာင္းကင္တို႔ ဆုံသည့္ မိုးကုပ္စက္ဝိုင္းတြင္ လွပေသာ နံနက္ခင္း အလင္းေရာင္ ထြက္ေပၚလာသည္။ တခ်ိန္ခ်ိန္၌ ေနေရာင္က တိမ္တိုက္မ်ားမွတဆင့္ ထြန္းလင္းလာကာ ကမ႓ာႀကီးဆီသို႔ အသက္ဝင္ေစမည့္ပုံေပါက္ေနသည္။
ခ်င္ေကာ မိမိကိုယ္ကို ႐ႈတ္ခ်သည့္ပုံစံျဖင့္ ရယ္ေမာလိုက္ၿပီး သူ႕ေနာက္မွ နံရံကို ႐ုတ္တရက္ ထိုးလိုက္ရာ သူ႕လက္ဆစ္တြင္ ဒဏ္ရာငါးခ်က္ က်န္ရစ္ခဲ့သည္။
"ခ်င္ေကာ၊ မင္းက လူမဟုတ္ဘူး။ မင္းက တိရိစၧာန္ပဲ!"
ခ်င္ေကာ မေန႔ညကအေၾကာင္း ျပန္ေတြးေနခဲ့သည္။ သူတို႔ခ်စ္ၾကည္ႏူးကတည္းက ဝူထုန္ ၏မ်က္ႏွာမွာ အေရာင္ေဖ်ာ့သြားၿပီး သူမ၏ခႏၶာကိုယ္က နာက်င္မႈမွ ႐ႈံ႕မဲ့ေနခဲ့သည္။ ဒါေပမယ့္ သူဘာလုပ္ခဲ့သလဲ။ သူမ ဘယ္ေလာက္ နာက်င္ေနတယ္ဆိုတာ သူေကာင္းေကာင္းသိေပမယ့္ သူ႕ကိုယ္သူ မတားခဲ့ေသးဘူး။ တကယ္ေတာ့ သူ မရပ္တန္႔ခ်င္ခဲ့တာ။
သူမခႏၶာကိုယ္ကို ဖ်က္ဆီးမိလိုက္ေသာအခါ ဝူထုန္ ရဲ႕ပုံစံက အပိုင္းပိုင္းအကိုက္ခံရသည့္ ေၾကာင္ေလးနဲ႔တူသည္။ ဒါေတာင္မွ အသံမထြက္ဖို႔ ေခါင္းမာမာနဲ႔ သူမ ျငင္းဆိုခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ မခံႏိုင္ေတာ့ဘဲ အ႐ွိန္ေလွ်ာ့ဖို႔ ေတာင္းဆိုခဲ့သည္။ ဒါေပမယ့္ ဒီဟာက သူ႕ကို ပိုစိတ္လႈပ္႐ွားေစခဲ့သည္။
ဝူထုန္ရဲ႕ အသားအေရက အေတာ္ေလးကို ႏူးညံ့ၿပီး ခ်င္ေကာ သူမကို ဖ်က္ဆီးၿပီးေနာက္မွာေတာ့ သူမရဲ႕ ခႏၶာကိုယ္အႏွံ႔မွာ အထူးသျဖင့္ သူမရဲ႕ ခါးတစ္ဝိုက္မွာ အနမ္းအမွတ္အသားေတြ ႐ွိေနခဲ့သည္။ မည္းနက္ၿပီး ခရမ္းေရာင္အစက္အေျပာက္ေတြက ျမင္ေနရသည့္ ျမင္ကြင္းတစ္ခုျဖစ္သည္။
ဤအရာအားလုံးကို စဥ္းစားရင္း ေဒါသထြက္ေနတဲ့ ခ်င္ေကာက ေနာက္ျပန္လွည့္သြားကာ ဝိုင္ဗီ႐ိုကိုဖြင့္ၿပီး အရက္သုံးပုလင္းကို ဆြဲထုတ္လိုက္သည္။
"အရက္ေသာက္တာကို ျဖတ္ရမယ္" ဟန္းနီးမြန္းခရီးမထြက္ခင္မွာ ေဒါက္တာလီက ဒါကို အေလးေပးေျပာဆိုခဲ့သည္။ "ဘာပဲျဖစ္ျဖစ္ အလြန္အကြၽံမေသာက္နဲ႔။ အရက္မူးတာက ႐ွင့္ရဲ႕စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းမ႐ွိေတာ့ဘဲ ပိုၿပီးေဒါသထြက္လာေစလိမ့္မယ္”
"F*ck!" ခ်င္ေကာ ေဒါသတႀကီးျဖင့္ တန္ဖိုးႀကီး ပိုင္က်ိဳ႕ ပုလင္းသုံးလုံးကို ခ်လိုက္သည္။ ေလထုက ခ်က္ခ်င္း အရက္နံ႔ျပင္းျပင္းနဲ႔ ျပည့္ႏွက္သြားခဲ့သည္။
ခ်င္ေကာ လသာေဆာင္သို႔ ျပန္လာကာ နံရံကို အဆက္မျပတ္ ထိုးေနခဲ့သည္။ ဤသည္မွာ အျပစ္၏ဒဏ္ကို ပို၍ခံႏိုင္ရည္႐ွိေစမည့္ တစ္ခုတည္းေသာနည္းလမ္းျဖစ္သည္ ဟုထင္ရသည္။
အေ႐ွ႕ဘက္မွ ေနထြက္လာသည္ႏွင့္အမွ် ေကာင္းကင္ယံ၌ အေပၚဆုံးသို႔မေရာက္မီ အခ်ိန္ေတြက တျဖည္းျဖည္း ကုန္ဆုံးလာခဲ့သည္။ ဤအရာအားလုံးသည္ အိပ္ခန္းထဲတြင္ တိတ္ဆိတ္ၿငိမ္သက္ေနခဲ့သည္။ ခ်င္ေကာက အထဲဝင္ၿပီး ဝူထုန္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ဖို႔ မဝံ့ရဲေပမယ့္ သူမ အခန္းထဲကေန ထြက္လာမွာကိုလည္း သူ ေၾကာက္ေနသည္။
မြန္းတည့္ခ်ိန္နီးေနၿပီကို သတိျပဳမိေတာ့ ခ်င္ေကာ မၿငိမ္မသက္ျဖစ္ေနၿပီမို႔ အိပ္ခန္းတံခါးကို တိတ္တဆိတ္ဖြင့္လိုက္သည္။ တံခါးၾကားထဲကေန လွမ္းၾကည့္လိုက္ေတာ့ ဝူထုန္ အိပ္ေပ်ာ္ေနေသးတာကို သူျမင္လိုက္ရသည္။
ဝူထုန္ ကုတင္ေဘးသို႔ ေလွ်ာက္သြားရင္း သူမေ႐ွ႕တြင္ ငုတ္တုတ္ထိုင္ခ်လိုက္ကာ သူ႕မ်က္ႏွာေပၚတြင္လည္း ေၾကာက္လန္႔ေနသည့္ပုံသ႑ာန္႐ွိသည္။ သူ လက္တစ္ဖက္ကို ဆန္႔ထုတ္လိုက္ၿပီး ဝူထုန္႔ နဖူးကို ညင္သာစြာ ထိေတြ႕လိုက္သည္။
ဝူထုန္႔ မ်က္ခုံးေတြက အနည္းငယ္ က်ံဳ႕သြားသည္။ ဒါကို သတိျပဳမိလိုက္တာနဲ႔ ခ်င္ေကာက အပ္တစ္ေခ်ာင္းနဲ႔ ထိုးခံလိုက္ရသလိုပဲ သူ႕လက္ကို ခ်က္ခ်င္းျပန္႐ုတ္လိုက္သည္။
ဝူထုန္႔ မ်က္ႏွာအမူအရာ ေျပေလ်ာ့သြားသည္ကို ျမင္ေသာအခါ၊ ခ်င္ေကာက သူမ အိပ္ေပ်ာ္ေနခ်ိန္၌ပင္ သူ႕ကို ေၾကာက္ေနေသးေၾကာင္း အတည္ျပဳႏိုင္ခဲ့သည္။
"မင္းမွာ စိတ္ပိုင္းဆိုင္ရာ ျပသနာေတြ ႐ွိေနတယ္ဆိုတာ မင္း ေကာင္းေကာင္းသိတယ္၊ မင္းဘာလို႔ သြားလက္ထပ္ရမွာလဲ။ မင္းမွာ ဘာအခြင့္အေရး႐ွိလို႔တုန္း" ခ်င္ေကာ မာစတာအိပ္ခန္းမွ ထြက္သြားခ်ိန္ သူ႕ကိုယ္ကို ေလွာင္ေျပာင္ေနျပန္သည္။ သူမမွာ အဖ်ားမ႐ွိဘူးဆိုေတာ့ ငါသူမကို ခဏေလာက္ ထပ္အိပ္ခိုင္းလိုက္ပါ့မယ္။ ငါ့အတြက္လား။ ငါ ႏိုးထၿပီး အျဖစ္မွန္ကို ရင္ဆိုင္ရမယ္။
အိပ္ခန္းတံခါးကို ပိတ္လိုက္သည္ႏွင့္ ဝူထုန္က သူမမ်က္လုံးေတြကို ျဖည္းညႇင္းစြာဖြင့္လိုက္သည္။ လြန္ခဲ့တဲ့ နာရီဝက္ေလာက္က သူမ ႏိုးလာခဲ့ေပမယ့္ ခႏၶာကိုယ္တစ္ခုလုံး နာက်င္ေနတာေၾကာင့္ ေလာေလာဆယ္မွာေတာ့ သူမ လႈပ္လႈပ္႐ွား႐ွား မလုပ္ႏိုင္ေသးဘူး။
ဝူထုန္ ေစာင္ကို မၾကည့္ရန္ပင္ မလိုအပ္ဘဲ သူမခႏၶာကိုယ္၏ လက္႐ွိအေျခအေနကို ေကာင္းေကာင္းသိသည္။ မေန႔ညက ခ်င္ေကာက သူမတို႔မဂၤလာဦးညမွာ သူမကို မညႇာမတာ ႏွိပ္စက္ခဲ့စဥ္ ေသြးေရာင္လႊမ္းေနတဲ့ မ်က္လုံးေတြနဲ႔ ဆင္ျခင္တုံတရားမ႐ွိတဲ့ သားရဲတိရိစၧာန္လိုပဲ။
"ဘာလို႔ ကြၽန္မေ႐ွ႕မွာ ဒီလိုေျပာရတာလဲ။ ကြၽန္မႏိုးေနၿပီဆိုတာ ႐ွင္သတိထားမိရဲ႕လား။ ႐ွင္ ဘယ္ေလာက္ေတာင္ ဉာဏ္နီဉာဏ္နက္မ်ားလိုက္လဲ။ ကြၽန္မက ႏွလုံးသားႏုတယ္ဆိုတဲ့ အခ်က္ကို အခြင့္ေကာင္းယူဖို႔ ႀကိဳးစားေနတာ မဟုတ္လား” ဝူထုန္က ကိုယ့္ကိုယ္ကိုယ္ ႐ႈတ္ခ်သည့္ပုံစံျဖင့္ ေခါင္းယမ္းလိုက္သည္။ ခ်င္ေကာ ေျပာသမွ်စကားအားလုံးက သူမႏွလုံးသားရဲ႕ နက္႐ိႈင္းတဲ့ေနရာကို ထိမိသြားၿပီး သူ႕အတြက္ စိတ္မေကာင္းျဖစ္မိတာေၾကာင့္ သူမရဲ႕ ႏွလုံးသားမွာ စိတ္မေကာင္းမႈေတြ ျပည့္ႏွက္ေနခဲ့သည္။
ဟိုတယ္ အျဖစ္အပ်က္ၿပီးလို႔ သူမတို႔ပထမဆုံး တရားဝင္ ေတြ႕ဆုံၾကတဲ့အခ်ိန္ သူ႕မွာျပႆနာ႐ွိေနတယ္လို႔ သူမကို ေျပာျပတယ္။ သူ႕စိတ္ေရာဂါကုဆရာဝန္နဲ႔လည္း ေတြ႕ဖူးၿပီးသား။ သူနဲ႔ လက္မထပ္ခင္မွာ ငါသည္းခံေပးဖို႔လည္း ကတိေပးၿပီးသား။
မေၾကာက္နဲ႔။ သူ႕စိတ္ေရာဂါက ျပန္ေပၚလာတာေလးပဲ။
ဝူထုန္ ခက္ခက္ခဲခဲ မထခင္ ကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္ဖို႔ ႀကိဳးစားခဲ့သည္။ ေျခေထာက္ေတြမွာ နာက်င္ကိုက္ခဲတဲ့ ေဝဒနာကိုၾကံ့ၾကံ့ခံၿပီးတဲ့ ေနာက္မွာေတာ့ အိပ္ခန္းတံခါးကို လွမ္းမဖြင့္ခင္ ည၀တ္အက်ႌတစ္စုံကို ၀တ္ဆင္ခဲ့သည္။
လသာေဆာင္တြင္ရပ္ေနစဥ္ စိတ္ပ်ံ႕လြင့္ေနဆဲျဖစ္တဲ့ ခ်င္ေကာက ဝူထုန္ေရာက္လာတာကို သတိျပဳမိခဲ့သည္။ ဒါေပမယ့္ သူ ေတာင့္တင္းေနၿပီး ေနာက္သို႔လွည့္မၾကည့္ဝံ့ေပ။ သူမ ငါ့ကိုဘယ္လိုလုပ္ၿပီး ၾကည့္မွာလဲ? သူမ ငိုမွာလား? သူမ ႐ုပ္႐ွင္ဇာတ္လမ္းတစ္ခု ဖန္တီးမွာလား။ ဒါမွမဟုတ္ သူမ ငါ့ကို ထိတ္လန္႔တၾကားၾကည့္မွာလား။
"႐ွင္ ဘာၾကည့္ေနတာလဲ" ဝူထုန္႔ အသံက အနည္းငယ္ အက္႐ွေနခဲ့သည္။
ခ်င္ေကာ သူ႕ကိုယ္သူ သတၱိမေမြးမီ ၂ စကၠန္႔မွ် တုံ႔ဆိုင္းေနၿပီး ဝူထုန္၏ မ်က္ႏွာေပၚတြင္ ႏူးညံ့ေသာ အျပဳံးျဖင့္ ႏႈတ္ဆက္ေနသည္ကို သူ႕ကိုယ္တိုင္ ျမင္ရဖို႔ လွည့္ၾကည့္လိုက္သည္။
"ကြၽန္မ အိပ္ယာထေနာက္က်သြားတယ္မလား" ဝူထုန္ ေတာင္းပန္တဲ့ေလသံနဲ႔ ေမးလိုက္သည္။
ခ်င္ေကာ ေခါင္းညိတ္လိုက္သည္။
"ကြၽန္မ နည္းနည္းဗိုက္ဆာလို႔ စားစရာတစ္ခုခု႐ွိေသးလား" လို႔ဝူထုန္ ေမးလိုက္သည္။
ခ်င္ေကာက စကားထစ္ေနခဲ့သည္။ "ကိုယ္..ကိုယ္ ထမင္းစားခန္းမွာ မင္းစားဖို႔ တစ္ခုခု သြားယူေပးမယ္" လို႔ေျပာၿပီး ဝူထုန္ရဲ႕ေဘးကေနျဖတ္ကာ တံခါးဆီ ေျပးထြက္သြားခဲ့သည္။
ခ်င္ေကာ ထူးျခားေကာင္းမြန္ေသာ ေန႔လည္စာျဖင့္ ျပန္လာခ်ိန္တြင္ ဝူထုန္မွာေတာ့ လန္းဆန္းေစဖို႔ ေရခ်ိဳးခန္းဆီ သြားေနၿပီျဖစ္သည္။ သူမ ဧည့္ခန္း႐ွိ ထမင္းစား စားပြဲတြင္ ထိုင္ကာ သူ႕ကို တိတ္တဆိတ္ ေစာင့္ဆိုင္းေနခ်ိန္တြင္ သူမ ပိုလန္းဆန္းေနပုံရသည္။
ထိုအခိုက္အတန္႔တြင္ ခ်င္ေကာမွာ မေန႔ညက အိပ္မက္ဆိုးေတြကို တစ္ခါမွ် မျဖစ္ခဲ့ဖူးေၾကာင္းႏွင့္ ဇနီးျဖစ္သူကို သေဘာက်သည့္အတိုင္း ေနာက္တစ္ႀကိမ္ စေနာက္ႏိုင္တယ္လို႔ ထင္ေယာင္ထင္မွား ႐ွိေနသည္။ ယခင္ကကဲ့သို႔ပင္ သူ႕ဇနီးသည္က သူ႕ရဲ႕စေနာက္မႈကို က်င့္သားရေနၿပီး စကားေၾကာင့္ မ်က္ႏွာနီသြားတတ္သည္။
ဝူထုန္က ခ်င္ေကာ လက္ဆစ္ေတြမွာ႐ွိေနတဲ့ ဒဏ္ရာေတြကို သတိျပဳမိသြားခဲ့သည္။ "႐ွင့္လက္က ဘာျဖစ္တာလဲ"
“ဘာမွမဟုတ္ပါဘူး” ခ်င္ေကာ သူ႕လက္ေတြကို စားပြဲေအာက္မွာ ဝွက္ထားလိုက္သည္။
ဝူထုန္ တိတ္တဆိတ္ ထမင္းမစားခင္ မ်က္ေတာင္ခတ္လိုက္သည္။ ေန႔လယ္စာစားၿပီးေနာက္ တစ္ေယာက္က ဧည့္ခန္းထဲတြင္ ေနၿပီး က်န္တစ္ဦးမွာ မာစတာအိပ္ခန္းထဲတြင္ ေနေနၿပီး အခ်င္းခ်င္း တိတ္တဆိတ္နဲ႔ တစ္ေနရာစီေနေနၾကၿပီး ႏွစ္ေယာက္သား ဘာစကားမွမေျပာၾကေပ။
*တင္းေတာင္ *
မိန္းေမာေတြေဝေနသည့္ ခ်င္ေကာက ဧည့္ခန္းမွ ထလိုက္သည္။ စိတ္႐ႈပ္စြာနဲ႔ တံခါးကိုဖြင့္လိုက္ေတာ့ ဟိုတယ္ဝန္ထမ္းတစ္ေယာက္ သူ႕ေ႐ွ႕မွာ ရပ္ေနတာကို ေတြ႕လိုက္ရသည္။
ဟိုတယ္ ဝန္ထမ္းကျပဳံးလ်က္ ခ်င္ေကာဆီ ေ႐ွးဦးသူနာျပဳစုတဲ့ ကိရိယာပစၥည္းမ်ားကို လႊဲေပးခဲ့သည္။ "ဒီမွာပါ လူႀကီးမင္းေတာင္းဆိုထားတဲ့ ေ႐ွးဦးသူနာျပဳကိရိယာအစုံပါ "
“ငါတို႔မေတာင္း…” ခ်င္ေကာက စကားေျပာေနရင္း ႐ုတ္တရက္ ရပ္လိုက္ၿပီး ေ႐ွးဦးသူနာျပဳကိရိယာကို မယူခင္ မာစတာအိပ္ခန္းဆီ လွမ္းၾကည့္လိုက္သည္။ "ေက်းဇူးတင္ပါတယ္"
“ သာယာေပ်ာ္႐ႊင္စြာနဲ႔ တည္းခိုႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” ဟိုတယ္ဝန္ထမ္းက မထြက္ခြာမီ အျပဳံးျဖင့္ ေျပာခဲ့သည္။
ခ်င္ေကာ ေ႐ွးဦးသူနာျပဳပစၥည္းကိရိယာကို ေကာ္ဖီစားပြဲေပၚတင္လိုက္သည္ႏွင့္ ဝူထုန္က မာစတာအိပ္ခန္းထဲမွ ထြက္လာခဲ့သည္။ သူမက “ ဟိုတယ္က ဒီဟာကို ပို႔လိုက္တာေပါ့ ”လို႔မေျပာမီ ေ႐ွးဦးသူနာျပဳပစၥည္းကိရိယာကို တစ္ခ်က္ၾကည့္လိုက္သည္။
“ဟုတ္တယ္” ခ်င္ေကာက သူ႕မ်က္လုံးေတြထဲ ဖတ္လို႔မရႏိုင္ေသာ အၾကည့္ျဖင့္ အခိုင္အမာ ေခါင္းညိတ္ျပခဲ့သည္။
ဝူထုန္ ေကာ္ဖီ စားပြဲဆီ ေလွ်ာက္သြားၿပီး ေ႐ွးဦးသူနာျပဳကိရိယာကို ဖြင့္လိုက္သည္။ သူမခ်င္ေကာကို ေမာ့မၾကည့္မီ အိုင္အိုဒင္းနဲ႔ ပတ္တီးေတြ ထုတ္ယူလိုက္သည္။
ခ်င္ေကာ သူ႕လက္ကို နာခံစြာျဖင့္ မျပခင္ ခဏမွ် တုံ႔ဆိုင္းသြားသည္။
ဝူထုန္က ခ်င္ေကာ လက္ဆစ္ေတြမွာ ေသြးထြက္သံယို ဒဏ္ရာမ်ားကို ေတြ႕လိုက္ရေသာအခါ သူမစိတ္အတြင္းမွ ေနာက္ဆုံးေဒါသမ်ားက ေျပေပ်ာက္သြားခဲ့သည္။ သူ႕ကိုယ္သူ တကယ္ကို နံပါတ္တစ္ခု လုပ္ခဲ့တာ။
"ဘာလို႔ လက္ႏွစ္ဖက္လုံး ေပးေနတာလဲ။ ဒီတစ္ဖက္ကို အရင္လုပ္ပါရေစဦး ” လို႔ ေျပာရင္း ဝူထုန္က အနည္းငယ္ စိတ္ဆိုးေနခဲ့သည္။
“အိုး” ခ်င္ေကာက သူ႕လက္တစ္ဖက္ကို နာခံစြာ ျပန္ဆုတ္လိုက္သည္။
ဝူထုန္က သူ႕ ဒဏ္ရာကို အိုင္အိုဒင္းျဖင့္ ညင္သာစြာ တို႔ေပးလိုက္သည္။ သူ႕ဒဏ္ရာႏွစ္ခုကို ပိုးသတ္ၿပီးသည့္တိုင္ ခ်င္ေကာမွာ နာက်င္မႈကို မခံစားရေပ။ အဲဒီအစား သူ႕ဒဏ္ရာေတြကို ၾကည့္ၿပီး ျပဳံးေနခဲ့သည္။ ႐ုတ္တရက္ သူမရင္ထဲမွာ ေဒါသအ႐ွိန္အဟုန္နဲ႔ ေပၚလာၿပီး သူ႕ဒဏ္ရာကို ၾကမ္းၾကမ္းတမ္းတမ္း တို႔ပစ္လိုက္မိသည္။
#18.6.2023