Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၃၂
ဝူထုန်က အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်တစ်ဝက်ကိုထုံးထားသည်။ ရိုးရှင်းသော ခရီးဆောင်အိတ်ကို ကိုင်ဆောင်ကာ ချင်ကောရဲ့ ဂျစ်ကား လာမယ့်အချိန်ကို စောင့်ချိန် နေရောင်ခြည်က သူမ နွေးထွေးစွာ ကြိုဆိုနေသည်။ သူမသည် စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်ကြောင့်ကြမှု နှစ်ခုစလုံးကို ခံစားရသော်လည်း မျှော်လင့်ခြင်းအရိပ်အယောင်ကိုလည်း ခံစားခဲ့ရသည်။
ချင်ကောက ဝူထုန် ရှေ့မှာ ရပ်လိုက်ပြီး သူ့ရဲ့ အရောင်ပါသည့်နေကာမျက်မှန်ကို မချွတ်ခင် ခဏလောက် စောင့်ကြည့်ခဲ့သည်။ သူဟန်လုပ်ပြုံးလိုက်ပြီး "နေကာမျက်မှန်တပ်ရတာ မိုက်ပေမယ့် ကိုယ့်မိန်းမကို ကောင်းကောင်း ကြည့်လို့မရဘူး"
“.....…” သူက ရုပ်ရည်ချောမောတယ်လို့ စက္ကန့်ပိုင်းလောက် တွေးကြည့်မိတဲ့အချိန် ငါ့ မျက်စိကန်းသွားလိမ့်မယ်။
"ဒီနေ့ ကိုယ်ဘယ်လိုနေလဲ" လို့ချင်ကော မေးလိုက်သည်။
ဝူထုန်က "အောင်ပါတယ် "လို့မပြောမီ သူ့ကိုစုန်ချည်ဆန်ချည်ကြည့်ခဲ့သည်။
ချင်ကောက သူ့နေကာမျက်မှန်ကို ရှပ်အင်္ကျီကော်လာပေါ် တိတ်တဆိတ်ချိတ်လိုက်ပြီး ဂျစ်ကားထဲမှ ထွက်လာခဲ့သည်။ သူက ဝူထုန်ဆီ လျှောက်လာကာ သူမရှေ့တွင် ရပ်လိုက်ပြီး "ဟန်နီ၊ ဒါပထမဆုံးအကြိမ် မင်းက ကိုယ့်ကို ချီးကျူးလိုက်တာပဲ" လို့ ကလူစကားပြောရင်း သူမရဲ့ ဆံပင်တစ်မျှင်ကို ဆွဲဖယ်ပေးလိုက်သည်။
အဲဒါက ဘယ်လို ချီးကျူးမှုမျိုးလဲ။
သူသည် နီးကပ်စွာတိုးကပ်နေသဖြင့် သူမမျက်နှာ နီရဲသွားသည်။ "သွား......ကြရအောင်။ ကျွန်မတို့ လေယာဉ်ချိန်မှီမှဖြစ်မယ် ”
ချင်ကောက အကျယ်ကြီး ရယ်ပစ်လိုက်ပြီး "အရင်ဆုံးအနမ်းပေးဦးမယ် " လို့ပြောလိုက်သည်။ သူက ဝူထုန်ရဲ့ မျက်နှာကို လက်နဲ့ဆုပ်ကိုင်လိုက်ပြီး နမ်းလိုက်သည်။
အနမ်းက သိပ်အကြာကြီးမဟုတ်ဘူး။ ချင်ကောက ဝူထုန်ကို လွှတ်မပေးမီ ၂ စက္ကန့်ကြာအောင် ငြိမ်သက်နေခဲ့သည်။ တစ်ခုခုတော့ လွဲနေပြီဆိုတာကို သူ ခံစားမိသွားပုံပဲ။ အံ့အားသင့်သွားကာ “ဟန်နီ၊ မင်းမကြာသေးခင်အချိန်ကစပြီး ပိုပြီး ပူးပေါင်းလာခဲ့တယ်နော်။ မင်းအရင်ကလို မခွာတော့ဘူး”
ဝူထုန် သူ့ကို ခပ်ဖွဖွ တွန်းထုတ်လိုက်သည်။ "ကျွန်မကိုလွှတ်"
ချင်ကောက သူမရဲ့ ခရီးဆောင်အိတ်ကို ကောက်ယူပြီး ကားထဲမှာ ထည့်ရင်း သဘောကျစွာ ရယ်မောလိုက်သည်။
ချင်ကောက သူမအတွက် ရှေ့ခရီးသည်တင် ကားတံခါးကို ဖွင့်ပေးလိုက်သည်။ "အထဲဝင်"
ဝူထုန်က အနည်းငယ် ဒေါသထွက်နေသေးသဖြင့် သူမက အေးစက်စွာ ဖြတ်သွားကာ ကားထဲလျှောဝင်သွားခဲ့သည်။
ချင်ကောက အဲ့တာကြောင့် ထိခိုက်မှုမရှိဘဲ ပခုံးတွန့်ပြလိုက်သည်။ သူ့ကားကို လေဆိပ်ဆီ မောင်းသွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ချင်ကောက ဝူထုန်ရဲ့ နိုင်ငံကူးလက်မှတ်ကို သူမ လေယာဉ်လက်မှတ်နှင့်အတူ ပြန်ပေးခဲ့သည်။
ချင်ကောက ခရီးစဉ်ကို စီစဉ်ပေးသူဖြစ်တာကြောင့် ဝူထုန်က သူ့ကို အစောထဲက နိုင်ငံကူးလက်မှတ် ပေးထားခဲ့တာဖြစ်သည်။ သူတို့ရဲ့ လေယာဉ်ပျံသန်းချိန်က မနက် ၁၀ နာရီမှာဖြစ်ကြောင်း သူမကို အသိပေးခဲ့တာကလွဲပြီး ချင်ကောက သူမကို တခြားဘာမှ မပြောထားတဲ့အတွက် သူမအတွက် သိုလှောင်ထားတဲ့ အရာတွေကို သူမ မသိခဲ့ဘူး။
ဝူထုန်က လေယာဉ်လက်မှတ်ရဲ့ ဦးတည်ရာကို တစ်ချက်ကြည့်လိုက်သည်။ မြို့တော် Tရဲ့ ကြယ်ကျွန်း။ ဝူထုန်က "ကျွန်မတို့ အဲ့ကို သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး" လို့ မှတ်ချက်ပေးရင်း ကြည်နူးစွာဖြင့် အံ့သြသွားခဲ့ရသည်။
"မင်း အဲ့တာကို ကြိုက်လား" လို့ ချင်ကော မေးလိုက်သည်။
"ဒါက လှပတဲ့ကျွန်းပဲဟာ။ စုံတွဲတွေအတွက်လည်း ရေပန်းစားတဲ့ နေရာတစ်ခုဆိုလည်းဟုတ်တယ်”
ချင်ကောက "မင်း အရင်ကအဲ့ကို ရောက်ဖူးလား" လို့ မေးဖို့ မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။
“မရောက်ဖူးပါဘူး။ ဒါပေမယ့် ဓာတ်ပုံတွေထဲမှာတော့ မြင်ဖူးတယ်။ ဓါတ်ပုံတွေထဲမှာဆိုရင် အဲ့နေရာက အံ့မခန်းဘဲ” ဝူထုန်က ထိုနေရာကို သွားချင်သော်လည်း သူမနဲ့အတူ လိုက်ခဲ့မည့်သူမရှိခဲ့ပေ။
“ဒီနေရာကို ကြိုက်တယ်ဆိုလို့ ကိုယ်ဝမ်းသာပါတယ်။ အဲ့လိုမှမဟုတ်ရင်....ကိုယ်တို့ရဲ့ကြိုက်တဲ့အရာက မတူနိုင်ဘူးလေ” ချင်ကော ဒါကိုပြောပြီးတာနဲ့ အမြန်ဆုံးရောက်သွားဖို့ မစောင့်နိုင်တော့သလိုပဲ သူ မသိစိတ်က အရှိန်ပြင်းလာခဲ့သည်။
အင်ပါယာမြို့တော်ကနေ မြို့တော် T ကိုရောက်ဖို့ ၅ နာရီကြာသည်။ ပထမတန်းစားအခန်းက ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိလှသည်။ ဘီယာတစ်ခွက်ကို မှာပြီးနောက် ချင်ကောက ဝူထုန်ဘက် လှည့်ပြီး "မင်း တစ်ရေးတစ်မော အိပ်ချင်လား"လို့မေးလိုက်သည်။
မဂ္ဂဇင်းတစ်စောင်ကို ဖတ်နေတဲ့ ဝူထုန်က မော့ကြည့်လိုက်ပြီး "ကျွန်မ အိပ်ထားတာ နာရီပိုင်းပဲရှိသေးတာမို့ အခုတော့ မပင်ပန်းသေးဘူး" လို့ ပြန်ဖြေလိုက်သည်။
ချင်ကောက ဘီယာတစ်ငုံသောက်လိုက်ပြီး "ညဘက်ကျရင် မင်းမှာ အိပ်ဖို့ အချိန်မရှိမှာကို ကိုယ်စိုးရိမ်တယ်"လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဝူထုန်က မဂ္ဂဇင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ အချိန်ကျပြီ။ သူမ ဒီနေ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေခဲ့တာက တစ်လကျော်ရှိနေပြီဖြစ်သည်။
သူ့မိန်းမ အေးခဲနေတာကို မြင်တော့ ချင်ကော က သရော်လိုက်သည်။ “ဘာလဲ။ ကြောက်နေပြီလား ”
“ကျွန်မ…” ဝူထုန်က ကြောင်တစ်ကောင် ကစားတာခံနေရသည့် ကြွက်တစ်ကောင်လို ခံစားနေရသည်။ ကြွက်ကို စားခံရတော့မယ်လို့ ပြောထားပြီးသား၊ ဒါပေမယ့် ယုတ်မာတဲ့ကြောင်က ဒီအချက်ကို ကြွက်ကို ထပ်ခါထပ်ခါ သတိပေးနေခဲ့သည်။
"ကျွန်မအိပ်တော့မယ်။" ဝူထုန်က သူ့ကို အနှောင့်အယှက်မပေးတော့ဘဲ Sleep Maskကို ဝတ်လိုက်သည်။
ချင်ကောက သူ့ကို လျစ်လျူရှုဖို့ ကြိုးစားနေတဲ့သူမက တကယ်ကို ချစ်ဖို့ကောင်းတယ်လို့ ထင်ပြီး နှစ်မိနစ်လောက် ဆက်တိုက်ရယ်လိုက်မိသည်။ သူက လေယာဉ်အမှုထမ်းတစ်ယောက်ဆီ စောင်တစ်ထည်တောင်းပြီး ဝူထုန် ရဲ့ထိုင်ခုံကို ဖြည်းညှင်းစွာ နှိမ့်ပေးလိုက်ကာ သူမကို ပိုပြီး သက်တောင့်သက်သာအနေအထားဖြင့် အိပ်ပျော်စေခဲ့သည်။
လေယာဉ်အမှုထမ်းက စောင်နဲ့ပြန်လာသည်။ ချင်ကောက စောင်ယူပြီး ဝူထုန်ကို ခြုံပေးလိုက်သည်။ ဝူထုန်က ချင်ကော သူမအတွက် လုပ်ဆောင်ပေးသမျှကို ခံစားသိရှိပြီး ဟတ်ထိသွားခဲ့သည်။ သူ သူမအနားကပ်လာသောအခါတွင် တိတ်တဆိတ် ကျေးဇူးတင်စကားဆိုဖို့ မတတ်နိုင်ခဲ့ပေ။
"မလိုပါဘူး" ချင်ကောက သူမနားထဲကို ရွှတ်နောက်နောက်ပြောလျက်ပင့။ "ဒီည နည်းနည်းလောက် အစပျိုးဖို့ သေချာအောင်လုပ် "
စိတ်ဆိုးပြီး ဝူထုန် စောင်ကို ဆွဲဖယ်လိုက်ပြီး ချင်ကော ကိုကျောပေးပြီးနေလိုက်သည်။ လေယာဉ်ပေါ်ရှိနေတုန်းမှာ သူနဲ့ စကားထပ်မပြောဖို့ ဆုံးဖြတ်ခဲ့သည်။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် သူမရဲ့ နှလုံးခုန်နှုန်းက မြန်နေသည်။
ဝူထုန်မှာ သာမန်တရုတ်လူမျိုးတစ်ယောက်၏ စိတ်သဘောထားရှိသည်။ သူမသည် တစ်သီးတစ်သန့်နေတတ်ပြီး ရှက်တတ်သည်။ သူမ၏ နှလုံးသားထဲတွင် ချင်ကော၏ ပရောပရည်ကျသော အပြုအမူကို ကျင့်သားရနေပြီဖြစ်သော်လည်း သူ၏ စနောက်မှုကို မခံနိုင်သေးပေ။
ချင်ကော ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ပြာကြီးကို လှမ်းကြည့်ရင်း ဖြည်းဖြည်းချင်း ပြုံးလိုက်သည်။ အချိန်အတော်ကြာအောင် မထင်မှတ်ထားတဲ့ အမှတ်ရစရာတွေ ပြန်ပေါ်လာခဲ့ပြန်သည်။
အဲ့နေ့က ကောင်းကင်ကြီးက ဒီလောက် ကြည်လင်နေခဲ့တယ်။ သူတို့ရဲ့ နေ့စဉ်လေ့ကျင့်မှုအပြီး နေ့လည်စာစားကြတဲ့အချိန်မှာပေါ့။ သူတို့ရဲ့အနာဂတ်နဲ့ သူတို့မိသားစုအကြောင်းပြောရင်း ရယ်မောနေခဲ့ကြသည်။
ငါတို့တစ်ယောက်နဲ့တစ်ယောက်ပြောထားခဲ့ကြတဲ့ ဟန်းနီးမွန်းထွက်မယ့် အစီအစဉ်တွေကို မင်းတို့ကောင်တွေ မှတ်မိကြသေးလား။
မင်းတို့ကောင်တွေကတော့ ဘယ်တော့မှ မသွားနိုင်ကြတော့ပေမယ့်ကွာ...
.......
*၅နာရီအကြာတွင် *
လေယာဉ်က မြို့တော် T ကို စံတော်ချိန် နေ့လည် ၂ နာရီတွင် ကြယ်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ (တစ်နာရီကြာအချိန် ကွာခြားမှု ရှိသည်။) ခရီးဆောင်အိတ်ကို ကောက်ယူပြီးနောက် သူတို့နှစ်ဦးသည် သူတို့၏ ဟိုတယ်သို့ ပြေးဆွဲသည့် ဘတ်စ်ကားဖြင့် လိုက်ပါခဲ့ကြသည်။ နာရီဝက်အကြာတွင် ဝူထုန်သည် ကြယ်ကျွန်း ကြယ်ငါးပွင့်ဟိုတယ်ရှိ ပင်လယ်ပြင်ကို မြင်ကွင်းကျယ်ကျယ်ကြည့်ရှုခဲ့ရပြီး ခေါင်မိုးပေါ်ရှိဇိမ်ခံအထပ် သမ္မတအခန်းကို ဝင်ရောက်ခဲ့သည်။
သမ္မတအခန်းသည် စတုရန်းမီတာ ၁၀၀ ကျော်ကျယ်ဝန်းပြီး ဧည့်ခန်းနှင့် အိပ်ခန်းပါရှိသည်။ ကျယ်ဝန်းသောကုတင်ကို နှင်းဆီအနီရောင်များဖြင့် ဖုံးအုပ်ထားပြီး နံရံတစ်ခုလုံးကို သယ်ဆောင်ထားသည့် ကြမ်းပြင်မှ မျက်နှာကြက်ပြတင်းပေါက်သည် သမုဒ္ဒရာ၏ လှပသောမြင်ကွင်းကို ပေးစွမ်းေနသည်။
ချင်ကောက စဉ်းစားတွေးတောနေသော အခြေအနေတွင် ကြမ်းပြင်ကနေ မျက်နှာကြက်ထိတွဲထားသည့် ပြတင်းပေါက်ရှေ့တွင် ရပ်နေသော ဝူထုန်ကို သတိပြုမိသွားခဲ့သည်။ သူက သူမကို အနောက်ကနေ ပွေ့ဖက်လိုက်ပြီး “ကြိုက်လား” လို့ တိုးတိုးလေး မေးလိုက်သည်။
ဝူထုန့် မျက်လုံးတွေက ရွှင်လန်းစွာဖြင့် တောက်ပနေခဲ့သည်။ "ကြိုက်တယ်"
ချင်ကော အသံက ဝူထုန်နားရွက်ကို ယားယံစေသည်။ "မင်းကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။ နောက်ဆုံးတော့ ဒါက အခြေခံအားဖြင့် ကိုယ့်တို့ရဲ့… မင်္ဂလာဦးအခန်းပဲ”
“ကျွန်မသိတယ်” ဝူထုန်က ယင်ကောင်လို တိုးညင်းသော အသံဖြင့် တုံ့ပြန်ရင်း သူမ သွားတွေကိုစေ့ထားသည်။
ယခုအချိန်က ချင်ကော အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။ ဝူထုန်ကို သူဆက်ပြီး စနောက်ရတဲ့ အကြောင်းရင်းက သူမ ဘယ်လောက်ရှက်တတ်ပြီး ဘယ်လောက် ထိန်းထားနိုင်မလဲဆိုတာသိချင်လို့ပဲ။ သူမရဲ့ ရုတ်တရတ် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုက အဲဒါကို ဆိုလိုတာလား...…? အင်း၊ ငါ နောက်ထပ် နာရီအနည်းငယ် စောင့်ရဦးမယ်။
"ထမင်းသွားစားရအောင်၊ ပြီးရင် ပင်လယ်ကမ်းစပ်မှာ လမ်းလျှောက်ကြတာပေါ့ " လို့ ချင်ကောက ပြောလိုက်သည်။ "မနက်ဖြန် တခြားနေရာကို ဈေးဝယ်ထွက်ကြမယ်"
သမုဒ္ဒရာအပြင် ဒီကျွန်းမှာ သွားလည်ဖို့ တခြားဘယ်နေရာတွေ ရှိသေးလို့လဲ။
ဝူထုန်က ထူးခြားတာကို တွေ့ခဲ့ရသော်လည်း ချင်ကော က ခရီးစဉ်ကို တာဝန်ယူဖို့ သဘောတူပြီးသားဖြစ်သောကြောင့် သူမ မေးခွန်းမထုတ်ခဲ့ပေ။ ထို့အပြင် ယင်းအရာအားလုံး၏ လျှို့ဝှက်ဆန်းကြယ်မှုသည် ဆန်းသစ်သော အတွေ့အကြုံတစ်ခု ဖြစ်လာမည်ဖြစ်သည်။
နေ့လည်စာစားပြီးနောက် သူတို့နှစ်ယောက် ကမ်းခြေမှာ လမ်းလျှောက်ထွက်လာခဲ့ကြသည်။ ဝူထုန်က ကမ်းစပ်ပေါ်တက်နေသော သမုဒ္ဒရာလှိုင်းလုံးကြီးထဲသို့ ခြေချရင်း လက်တစ်ဖက်မှာ သူမဖိနပ်ကို ကိုင်ထားသည်။ တခါတရံမှာ လှိုင်းတွေက အရမ်းပြင်းထန်ပြီး သူမကို ဟန်ချက်ပျက်သွားစေသည်။ ဒီလိုဖြစ်သွားတဲ့အခါတိုင်း ချင်ကောက လက်တစ်ဖက်ကို ဆန့်ပြီး တည်ငြိမ်စွာ ကိုင်ထားပေးသည်။ ဝူထုန်က သူ့ကို ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြုံးပြတတ်သည်။
"ပင်လယ်ထဲမှာ ရေကစားချင်လား" ချင်ကောက သမုဒ္ဒရာထဲတွင် ရှိနေသော ရေယာဉ်မျိုးစုံကို ကြည့်ရင်း မေးလိုက်သည်။
ဝူထုန် ခေါင်းခါလိုက်သည်။ "ကျွန်မ ရေမကူးတတ်ဘူး ဒါပေမယ့် ရှင်သွားချင်ရင်သွားလေ "
“ကိစ္စမရှိပါဘူး ” ချင်ကောက ပင်လယ်ထဲ ကစားချင်သော်လည်း ဝူထုန်ကိုတစ်ယောက်တည်း ချန်ထားခဲ့ဖို့ ဆန္ဒမရှိပေ။
"သွားပါ၊ ရှင့်ရဲ့အဝတ်အစားတွေကို ကျွန်မကိုင်ထားပေးမယ်" သူမက ရေကူးနည်းကို မသိတာကြောင့် ပင်လယ်ထဲ မကစားနိုင်သော်လည်း ဝူထုန်က ချင်ကော ကို ပျော်ရွှင်စေချင်သေးသည်။
ချင်ကော မျက်ခုံးပင့်လိုက်ပြီး အနီးနားရှိ surfboard ငှားတဲ့ဆိုင်ကို ကြည့်လိုက်သည်။ သူ့အင်္ကျီကို ချွတ်လိုက်ပြီး ဝူထုန့် မျက်နှာပေါ်တင်လိုက်သည်။
ဝူထုန် သူ့ရဲ့ ရှပ်အင်္ကျီကို အရူးအမူး ဖယ်ပစ်လိုက်ပြီး သူမလက်နှစ်ဖက်နဲ့ ကိုင်လိုက်သည်။ သူမ မျှော်ကြည့်သောအခါမှာ ချင်ကောရဲ့ ကြေးဝါရောင် အသားကို တွေ့လိုက်ရသည်။ သူ့ ကိုယ်လုံးကိုယ်ထည် တစ်ခုလုံးက ပန်းပုဆရာ၏ ထုလုပ်ထားသည့် အနုပညာလက်ရာတစ်ခုနှင့်တူသည်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က ခြစ်ရာအမာရွတ်တွေက ချင်ကော ခံနိုင်ရည်ရှိသမျှကို သက်သေပြခဲ့သည်။
"မင်းမြင်ရတဲ့ဟာကို သဘောကျတယ်ဆိုရင် ဒီည ကိုယ့်ကို အလကားလာထိပြီး ခံစားကြည့် " လို့ ချင်ကောက အရွှန်းဖောက်ကာပြောခဲ့သည်။
••••••••••
Zawgyi
ငါ့ခင္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရတယ္
အပိုင္း ၃၂
ဝူထုန္က အျဖဴေရာင္ဝတ္စုံကို ၀တ္ဆင္ထားၿပီး ဆံပင္တစ္ဝက္ကိုထုံးထားသည္။ ႐ိုး႐ွင္းေသာ ခရီးေဆာင္အိတ္ကို ကိုင္ေဆာင္ကာ ခ်င္ေကာရဲ႕ ဂ်စ္ကား လာမယ့္အခ်ိန္ကို ေစာင့္ခ်ိန္ ေနေရာင္ျခည္က သူမ ေႏြးေထြးစြာ ႀကိဳဆိုေနသည္။ သူမသည္ စိတ္လႈပ္႐ွားမႈနဲ႔ စိုးရိမ္ေၾကာင့္ၾကမႈ ႏွစ္ခုစလုံးကို ခံစားရေသာ္လည္း ေမွ်ာ္လင့္ျခင္းအရိပ္အေယာင္ကိုလည္း ခံစားခဲ့ရသည္။
ခ်င္ေကာက ဝူထုန္ ေ႐ွ႕မွာ ရပ္လိုက္ၿပီး သူ႕ရဲ႕ အေရာင္ပါသည့္ေနကာမ်က္မွန္ကို မခြၽတ္ခင္ ခဏေလာက္ ေစာင့္ၾကည့္ခဲ့သည္။ သူဟန္လုပ္ျပဳံးလိုက္ၿပီး "ေနကာမ်က္မွန္တပ္ရတာ မိုက္ေပမယ့္ ကိုယ့္မိန္းမကို ေကာင္းေကာင္း ၾကည့္လို႔မရဘူး"
“.....…” သူက ႐ုပ္ရည္ေခ်ာေမာတယ္လို႔ စကၠန္႔ပိုင္းေလာက္ ေတြးၾကည့္မိတဲ့အခ်ိန္ ငါ့ မ်က္စိကန္းသြားလိမ့္မယ္။
"ဒီေန႔ ကိုယ္ဘယ္လိုေနလဲ" လို႔ခ်င္ေကာ ေမးလိုက္သည္။
ဝူထုန္က "ေအာင္ပါတယ္ "လို႔မေျပာမီ သူ႕ကိုစုန္ခ်ည္ဆန္ခ်ည္ၾကည့္ခဲ့သည္။
ခ်င္ေကာက သူ႕ေနကာမ်က္မွန္ကို ႐ွပ္အက်ႌေကာ္လာေပၚ တိတ္တဆိတ္ခ်ိတ္လိုက္ၿပီး ဂ်စ္ကားထဲမွ ထြက္လာခဲ့သည္။ သူက ဝူထုန္ဆီ ေလွ်ာက္လာကာ သူမေ႐ွ႕တြင္ ရပ္လိုက္ၿပီး "ဟန္နီ၊ ဒါပထမဆုံးအႀကိမ္ မင္းက ကိုယ့္ကို ခ်ီးက်ဴးလိုက္တာပဲ" လို႔ ကလူစကားေျပာရင္း သူမရဲ႕ ဆံပင္တစ္မွ်င္ကို ဆြဲဖယ္ေပးလိုက္သည္။
အဲဒါက ဘယ္လို ခ်ီးက်ဴးမႈမ်ိဳးလဲ။
သူသည္ နီးကပ္စြာတိုးကပ္ေနသျဖင့္ သူမမ်က္ႏွာ နီရဲသြားသည္။ "သြား......ၾကရေအာင္။ ကြၽန္မတို႔ ေလယာဥ္ခ်ိန္မွီမွျဖစ္မယ္ ”
ခ်င္ေကာက အက်ယ္ႀကီး ရယ္ပစ္လိုက္ၿပီး "အရင္ဆုံးအနမ္းေပးဦးမယ္ " လို႔ေျပာလိုက္သည္။ သူက ဝူထုန္ရဲ႕ မ်က္ႏွာကို လက္နဲ႔ဆုပ္ကိုင္လိုက္ၿပီး နမ္းလိုက္သည္။
အနမ္းက သိပ္အၾကာႀကီးမဟုတ္ဘူး။ ခ်င္ေကာက ဝူထုန္ကို လႊတ္မေပးမီ ၂ စကၠန္႔ၾကာေအာင္ ၿငိမ္သက္ေနခဲ့သည္။ တစ္ခုခုေတာ့ လြဲေနၿပီဆိုတာကို သူ ခံစားမိသြားပုံပဲ။ အံ့အားသင့္သြားကာ “ဟန္နီ၊ မင္းမၾကာေသးခင္အခ်ိန္ကစၿပီး ပိုၿပီး ပူးေပါင္းလာခဲ့တယ္ေနာ္။ မင္းအရင္ကလို မခြာေတာ့ဘူး”
ဝူထုန္ သူ႕ကို ခပ္ဖြဖြ တြန္းထုတ္လိုက္သည္။ "ကြၽန္မကိုလႊတ္"
ခ်င္ေကာက သူမရဲ႕ ခရီးေဆာင္အိတ္ကို ေကာက္ယူၿပီး ကားထဲမွာ ထည့္ရင္း သေဘာက်စြာ ရယ္ေမာလိုက္သည္။
ခ်င္ေကာက သူမအတြက္ ေ႐ွ႕ခရီးသည္တင္ ကားတံခါးကို ဖြင့္ေပးလိုက္သည္။ "အထဲဝင္"
ဝူထုန္က အနည္းငယ္ ေဒါသထြက္ေနေသးသျဖင့္ သူမက ေအးစက္စြာ ျဖတ္သြားကာ ကားထဲေလွ်ာဝင္သြားခဲ့သည္။
ခ်င္ေကာက အဲ့တာေၾကာင့္ ထိခိုက္မႈမ႐ွိဘဲ ပခုံးတြန္႔ျပလိုက္သည္။ သူ႕ကားကို ေလဆိပ္ဆီ ေမာင္းသြားခဲ့သည္။ လမ္းတစ္ေလွ်ာက္တြင္ ခ်င္ေကာက ဝူထုန္ရဲ႕ ႏိုင္ငံကူးလက္မွတ္ကို သူမ ေလယာဥ္လက္မွတ္ႏွင့္အတူ ျပန္ေပးခဲ့သည္။
ခ်င္ေကာက ခရီးစဥ္ကို စီစဥ္ေပးသူျဖစ္တာေၾကာင့္ ဝူထုန္က သူ႕ကို အေစာထဲက ႏိုင္ငံကူးလက္မွတ္ ေပးထားခဲ့တာျဖစ္သည္။ သူတို႔ရဲ႕ ေလယာဥ္ပ်ံသန္းခ်ိန္က မနက္ ၁၀ နာရီမွာျဖစ္ေၾကာင္း သူမကို အသိေပးခဲ့တာကလြဲၿပီး ခ်င္ေကာက သူမကို တျခားဘာမွ မေျပာထားတဲ့အတြက္ သူမအတြက္ သိုေလွာင္ထားတဲ့ အရာေတြကို သူမ မသိခဲ့ဘူး။
ဝူထုန္က ေလယာဥ္လက္မွတ္ရဲ႕ ဦးတည္ရာကို တစ္ခ်က္ၾကည့္လိုက္သည္။ ၿမိဳ႕ေတာ္ Tရဲ႕ ၾကယ္ကြၽန္း။ ဝူထုန္က "ကြၽန္မတို႔ အဲ့ကို သြားလိမ့္မယ္လို႔ ကြၽန္မ မထင္ထားဘူး" လို႔ မွတ္ခ်က္ေပးရင္း ၾကည္ႏူးစြာျဖင့္ အံ့ၾသသြားခဲ့ရသည္။
"မင္း အဲ့တာကို ႀကိဳက္လား" လို႔ ခ်င္ေကာ ေမးလိုက္သည္။
"ဒါက လွပတဲ့ကြၽန္းပဲဟာ။ စုံတြဲေတြအတြက္လည္း ေရပန္းစားတဲ့ ေနရာတစ္ခုဆိုလည္းဟုတ္တယ္”
ခ်င္ေကာက "မင္း အရင္ကအဲ့ကို ေရာက္ဖူးလား" လို႔ ေမးဖို႔ မခံမရပ္ႏိုင္ျဖစ္သြားခဲ့သည္။
“မေရာက္ဖူးပါဘူး။ ဒါေပမယ့္ ဓာတ္ပုံေတြထဲမွာေတာ့ ျမင္ဖူးတယ္။ ဓါတ္ပုံေတြထဲမွာဆိုရင္ အဲ့ေနရာက အံ့မခန္းဘဲ” ဝူထုန္က ထိုေနရာကို သြားခ်င္ေသာ္လည္း သူမနဲ႔အတူ လိုက္ခဲ့မည့္သူမ႐ွိခဲ့ေပ။
“ဒီေနရာကို ႀကိဳက္တယ္ဆိုလို႔ ကိုယ္ဝမ္းသာပါတယ္။ အဲ့လိုမွမဟုတ္ရင္....ကိုယ္တို႔ရဲ႕ႀကိဳက္တဲ့အရာက မတူႏိုင္ဘူးေလ” ခ်င္ေကာ ဒါကိုေျပာၿပီးတာနဲ႔ အျမန္ဆုံးေရာက္သြားဖို႔ မေစာင့္ႏိုင္ေတာ့သလိုပဲ သူ မသိစိတ္က အ႐ွိန္ျပင္းလာခဲ့သည္။
အင္ပါယာၿမိဳ႕ေတာ္ကေန ၿမိဳ႕ေတာ္ T ကိုေရာက္ဖို႔ ၅ နာရီၾကာသည္။ ပထမတန္းစားအခန္းက က်ယ္ဝန္းၿပီး သက္ေတာင့္သက္သာ႐ွိလွသည္။ ဘီယာတစ္ခြက္ကို မွာၿပီးေနာက္ ခ်င္ေကာက ဝူထုန္ဘက္ လွည့္ၿပီး "မင္း တစ္ေရးတစ္ေမာ အိပ္ခ်င္လား"လို႔ေမးလိုက္သည္။
မဂၢဇင္းတစ္ေစာင္ကို ဖတ္ေနတဲ့ ဝူထုန္က ေမာ့ၾကည့္လိုက္ၿပီး "ကြၽန္မ အိပ္ထားတာ နာရီပိုင္းပဲ႐ွိေသးတာမို႔ အခုေတာ့ မပင္ပန္းေသးဘူး" လို႔ ျပန္ေျဖလိုက္သည္။
ခ်င္ေကာက ဘီယာတစ္ငုံေသာက္လိုက္ၿပီး "ညဘက္က်ရင္ မင္းမွာ အိပ္ဖို႔ အခ်ိန္မ႐ွိမွာကို ကိုယ္စိုးရိမ္တယ္"လို႔ ေပါ့ေပါ့ပါးပါး ေျပာလိုက္သည္။
ဝူထုန္က မဂၢဇင္းကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားသည္။ အခ်ိန္က်ၿပီ။ သူမ ဒီေန႔အတြက္ စိတ္ပိုင္းဆိုင္ရာ ျပင္ဆင္ေနခဲ့တာက တစ္လေက်ာ္႐ွိေနၿပီျဖစ္သည္။
သူ႕မိန္းမ ေအးခဲေနတာကို ျမင္ေတာ့ ခ်င္ေကာ က သေရာ္လိုက္သည္။ “ဘာလဲ။ ေၾကာက္ေနၿပီလား ”
“ကြၽန္မ…” ဝူထုန္က ေၾကာင္တစ္ေကာင္ ကစားတာခံေနရသည့္ ႂကြက္တစ္ေကာင္လို ခံစားေနရသည္။ ႂကြက္ကို စားခံရေတာ့မယ္လို႔ ေျပာထားၿပီးသား၊ ဒါေပမယ့္ ယုတ္မာတဲ့ေၾကာင္က ဒီအခ်က္ကို ႂကြက္ကို ထပ္ခါထပ္ခါ သတိေပးေနခဲ့သည္။
"ကြၽန္မအိပ္ေတာ့မယ္။" ဝူထုန္က သူ႕ကို အေႏွာင့္အယွက္မေပးေတာ့ဘဲ Sleep Maskကို ဝတ္လိုက္သည္။
ခ်င္ေကာက သူ႕ကို လ်စ္လ်ဴ႐ႈဖို႔ ႀကိဳးစားေနတဲ့သူမက တကယ္ကို ခ်စ္ဖို႔ေကာင္းတယ္လို႔ ထင္ၿပီး ႏွစ္မိနစ္ေလာက္ ဆက္တိုက္ရယ္လိုက္မိသည္။ သူက ေလယာဥ္အမႈထမ္းတစ္ေယာက္ဆီ ေစာင္တစ္ထည္ေတာင္းၿပီး ဝူထုန္ ရဲ႕ထိုင္ခုံကို ျဖည္းညႇင္းစြာ ႏွိမ့္ေပးလိုက္ကာ သူမကို ပိုၿပီး သက္ေတာင့္သက္သာအေနအထားျဖင့္ အိပ္ေပ်ာ္ေစခဲ့သည္။
ေလယာဥ္အမႈထမ္းက ေစာင္နဲ႔ျပန္လာသည္။ ခ်င္ေကာက ေစာင္ယူၿပီး ဝူထုန္ကို ျခဳံေပးလိုက္သည္။ ဝူထုန္က ခ်င္ေကာ သူမအတြက္ လုပ္ေဆာင္ေပးသမွ်ကို ခံစားသိ႐ွိၿပီး ဟတ္ထိသြားခဲ့သည္။ သူ သူမအနားကပ္လာေသာအခါတြင္ တိတ္တဆိတ္ ေက်းဇူးတင္စကားဆိုဖို႔ မတတ္ႏိုင္ခဲ့ေပ။
"မလိုပါဘူး" ခ်င္ေကာက သူမနားထဲကို ႐ႊတ္ေနာက္ေနာက္ေျပာလ်က္ပင့။ "ဒီည နည္းနည္းေလာက္ အစပ်ိဳးဖို႔ ေသခ်ာေအာင္လုပ္ "
စိတ္ဆိုးၿပီး ဝူထုန္ ေစာင္ကို ဆြဲဖယ္လိုက္ၿပီး ခ်င္ေကာ ကိုေက်ာေပးၿပီးေနလိုက္သည္။ ေလယာဥ္ေပၚ႐ွိေနတုန္းမွာ သူနဲ႔ စကားထပ္မေျပာဖို႔ ဆုံးျဖတ္ခဲ့သည္။ ဒါေပမယ့္ အေၾကာင္းတစ္ခုခုေၾကာင့္ သူမရဲ႕ ႏွလုံးခုန္ႏႈန္းက ျမန္ေနသည္။
ဝူထုန္မွာ သာမန္တ႐ုတ္လူမ်ိဳးတစ္ေယာက္၏ စိတ္သေဘာထား႐ွိသည္။ သူမသည္ တစ္သီးတစ္သန္႔ေနတတ္ၿပီး ႐ွက္တတ္သည္။ သူမ၏ ႏွလုံးသားထဲတြင္ ခ်င္ေကာ၏ ပေရာပရည္က်ေသာ အျပဳအမူကို က်င့္သားရေနၿပီျဖစ္ေသာ္လည္း သူ၏ စေနာက္မႈကို မခံႏိုင္ေသးေပ။
ခ်င္ေကာ ျပတင္းေပါက္အျပင္ဘက္က ေကာင္းကင္ျပာႀကီးကို လွမ္းၾကည့္ရင္း ျဖည္းျဖည္းခ်င္း ျပဳံးလိုက္သည္။ အခ်ိန္အေတာ္ၾကာေအာင္ မထင္မွတ္ထားတဲ့ အမွတ္ရစရာေတြ ျပန္ေပၚလာခဲ့ျပန္သည္။
အဲ့ေန႔က ေကာင္းကင္ႀကီးက ဒီေလာက္ ၾကည္လင္ေနခဲ့တယ္။ သူတို႔ရဲ႕ ေန႔စဥ္ေလ့က်င့္မႈအၿပီး ေန႔လည္စာစားၾကတဲ့အခ်ိန္မွာေပါ့။ သူတို႔ရဲ႕အနာဂတ္နဲ႔ သူတို႔မိသားစုအေၾကာင္းေျပာရင္း ရယ္ေမာေနခဲ့ၾကသည္။
ငါတို႔တစ္ေယာက္နဲ႔တစ္ေယာက္ေျပာထားခဲ့ၾကတဲ့ ဟန္းနီးမြန္းထြက္မယ့္ အစီအစဥ္ေတြကို မင္းတို႔ေကာင္ေတြ မွတ္မိၾကေသးလား။
မင္းတို႔ေကာင္ေတြကေတာ့ ဘယ္ေတာ့မွ မသြားႏိုင္ၾကေတာ့ေပမယ့္ကြာ...
.......
*၅နာရီအၾကာတြင္ *
ေလယာဥ္က ၿမိဳ႕ေတာ္ T ကို စံေတာ္ခ်ိန္ ေန႔လည္ ၂ နာရီတြင္ ၾကယ္ေလဆိပ္သို႔ ဆိုက္ေရာက္ခဲ့သည္။ (တစ္နာရီၾကာအခ်ိန္ ကြာျခားမႈ ႐ွိသည္။) ခရီးေဆာင္အိတ္ကို ေကာက္ယူၿပီးေနာက္ သူတို႔ႏွစ္ဦးသည္ သူတို႔၏ ဟိုတယ္သို႔ ေျပးဆြဲသည့္ ဘတ္စ္ကားျဖင့္ လိုက္ပါခဲ့ၾကသည္။ နာရီဝက္အၾကာတြင္ ဝူထုန္သည္ ၾကယ္ကြၽန္း ၾကယ္ငါးပြင့္ဟိုတယ္႐ွိ ပင္လယ္ျပင္ကို ျမင္ကြင္းက်ယ္က်ယ္ၾကည့္႐ႈခဲ့ရၿပီး ေခါင္မိုးေပၚ႐ွိဇိမ္ခံအထပ္ သမၼတအခန္းကို ဝင္ေရာက္ခဲ့သည္။
သမၼတအခန္းသည္ စတုရန္းမီတာ ၁၀၀ ေက်ာ္က်ယ္ဝန္းၿပီး ဧည့္ခန္းႏွင့္ အိပ္ခန္းပါ႐ွိသည္။ က်ယ္ဝန္းေသာကုတင္ကို ႏွင္းဆီအနီေရာင္မ်ားျဖင့္ ဖုံးအုပ္ထားၿပီး နံရံတစ္ခုလုံးကို သယ္ေဆာင္ထားသည့္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ျပတင္းေပါက္သည္ သမုဒၵရာ၏ လွပေသာျမင္ကြင္းကို ေပးစြမ္းေနသည္။
ခ်င္ေကာက စဥ္းစားေတြးေတာေနေသာ အေျခအေနတြင္ ၾကမ္းျပင္ကေန မ်က္ႏွာၾကက္ထိတြဲထားသည့္ ျပတင္းေပါက္ေ႐ွ႕တြင္ ရပ္ေနေသာ ဝူထုန္ကို သတိျပဳမိသြားခဲ့သည္။ သူက သူမကို အေနာက္ကေန ေပြ႕ဖက္လိုက္ၿပီး “ႀကိဳက္လား” လို႔ တိုးတိုးေလး ေမးလိုက္သည္။
ဝူထုန္႔ မ်က္လုံးေတြက ႐ႊင္လန္းစြာျဖင့္ ေတာက္ပေနခဲ႕သည္။ "ႀကိဳက္တယ္"
ခ်င္ေကာ အသံက ဝူထုန္နား႐ြက္ကို ယားယံေစသည္။ "မင္းႀကိဳက္တယ္ဆိုလို႔ ဝမ္းသာပါတယ္။ ေနာက္ဆုံးေတာ့ ဒါက အေျခခံအားျဖင့္ ကိုယ့္တို႔ရဲ႕… မဂၤလာဦးအခန္းပဲ”
“ကြၽန္မသိတယ္” ဝူထုန္က ယင္ေကာင္လို တိုးညင္းေသာ အသံျဖင့္ တုံ႔ျပန္ရင္း သူမ သြားေတြကိုေစ့ထားသည္။
ယခုအခ်ိန္က ခ်င္ေကာ အံ့အားသင့္ရမည့္အလွည့္ျဖစ္သည္။ ဝူထုန္ကို သူဆက္ၿပီး စေနာက္ရတဲ့ အေၾကာင္းရင္းက သူမ ဘယ္ေလာက္႐ွက္တတ္ၿပီး ဘယ္ေလာက္ ထိန္းထားႏိုင္မလဲဆိုတာသိခ်င္လို႔ပဲ။ သူမရဲ႕ ႐ုတ္တရတ္ အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈက အဲဒါကို ဆိုလိုတာလား...…? အင္း၊ ငါ ေနာက္ထပ္ နာရီအနည္းငယ္ ေစာင့္ရဦးမယ္။
"ထမင္းသြားစားရေအာင္၊ ၿပီးရင္ ပင္လယ္ကမ္းစပ္မွာ လမ္းေလွ်ာက္ၾကတာေပါ့ " လို႔ ခ်င္ေကာက ေျပာလိုက္သည္။ "မနက္ျဖန္ တျခားေနရာကို ေဈးဝယ္ထြက္ၾကမယ္"
သမုဒၵရာအျပင္ ဒီကြၽန္းမွာ သြားလည္ဖို႔ တျခားဘယ္ေနရာေတြ ႐ွိေသးလို႔လဲ။
ဝူထုန္က ထူးျခားတာကို ေတြ႕ခဲ့ရေသာ္လည္း ခ်င္ေကာ က ခရီးစဥ္ကို တာဝန္ယူဖို႔ သေဘာတူၿပီးသားျဖစ္ေသာေၾကာင့္ သူမ ေမးခြန္းမထုတ္ခဲ့ေပ။ ထို႔အျပင္ ယင္းအရာအားလုံး၏ လွ်ိဳ႕ဝွက္ဆန္းၾကယ္မႈသည္ ဆန္းသစ္ေသာ အေတြ႕အၾကဳံတစ္ခု ျဖစ္လာမည္ျဖစ္သည္။
ေန႔လည္စာစားၿပီးေနာက္ သူတို႔ႏွစ္ေယာက္ ကမ္းေျခမွာ လမ္းေလွ်ာက္ထြက္လာခဲ့ၾကသည္။ ဝူထုန္က ကမ္းစပ္ေပၚတက္ေနေသာ သမုဒၵရာလိႈင္းလုံးႀကီးထဲသို႔ ေျခခ်ရင္း လက္တစ္ဖက္မွာ သူမဖိနပ္ကို ကိုင္ထားသည္။ တခါတရံမွာ လိႈင္းေတြက အရမ္းျပင္းထန္ၿပီး သူမကို ဟန္ခ်က္ပ်က္သြားေစသည္။ ဒီလိုျဖစ္သြားတဲ့အခါတိုင္း ခ်င္ေကာက လက္တစ္ဖက္ကို ဆန္႔ၿပီး တည္ၿငိမ္စြာ ကိုင္ထားေပးသည္။ ဝူထုန္က သူ႕ကို ႐ွက္ကိုး႐ွက္ကန္းျဖင့္ ျပန္ျပဳံးျပတတ္သည္။
"ပင္လယ္ထဲမွာ ေရကစားခ်င္လား" ခ်င္ေကာက သမုဒၵရာထဲတြင္ ႐ွိေနေသာ ေရယာဥ္မ်ိဳးစုံကို ၾကည့္ရင္း ေမးလိုက္သည္။
ဝူထုန္ ေခါင္းခါလိုက္သည္။ "ကြၽန္မ ေရမကူးတတ္ဘူး ဒါေပမယ့္ ႐ွင္သြားခ်င္ရင္သြားေလ "
“ကိစၥမ႐ွိပါဘူး ” ခ်င္ေကာက ပင္လယ္ထဲ ကစားခ်င္ေသာ္လည္း ဝူထုန္ကိုတစ္ေယာက္တည္း ခ်န္ထားခဲ့ဖို႔ ဆႏၵမ႐ွိေပ။
"သြားပါ၊ ႐ွင့္ရဲ႕အဝတ္အစားေတြကို ကြၽန္မကိုင္ထားေပးမယ္" သူမက ေရကူးနည္းကို မသိတာေၾကာင့္ ပင္လယ္ထဲ မကစားႏိုင္ေသာ္လည္း ဝူထုန္က ခ်င္ေကာ ကို ေပ်ာ္႐ႊင္ေစခ်င္ေသးသည္။
ခ်င္ေကာ မ်က္ခုံးပင့္လိုက္ၿပီး အနီးနား႐ွိ surfboard ငွားတဲ့ဆိုင္ကို ၾကည့္လိုက္သည္။ သူ႕အက်ႌကို ခြၽတ္လိုက္ၿပီး ဝူထုန္႔ မ်က္ႏွာေပၚတင္လိုက္သည္။
ဝူထုန္ သူ႕ရဲ႕ ႐ွပ္အက်ႌကို အ႐ူးအမူး ဖယ္ပစ္လိုက္ၿပီး သူမလက္ႏွစ္ဖက္နဲ႔ ကိုင္လိုက္သည္။ သူမ ေမွ်ာ္ၾကည့္ေသာအခါမွာ ခ်င္ေကာရဲ႕ ေၾကးဝါေရာင္ အသားကို ေတြ႕လိုက္ရသည္။ သူ႕ ကိုယ္လုံးကိုယ္ထည္ တစ္ခုလုံးက ပန္းပုဆရာ၏ ထုလုပ္ထားသည့္ အႏုပညာလက္ရာတစ္ခုႏွင့္တူသည္။ ဒါေပမယ့္ သူ႕ခႏၶာကိုယ္ေပၚက ျခစ္ရာအမာ႐ြတ္ေတြက ခ်င္ေကာ ခံႏိုင္ရည္႐ွိသမွ်ကို သက္ေသျပခဲ့သည္။
"မင္းျမင္ရတဲ့ဟာကို သေဘာက်တယ္ဆိုရင္ ဒီည ကိုယ့္ကို အလကားလာထိၿပီး ခံစားၾကည့္ " လို႔ ခ်င္ေကာက အ႐ႊန္းေဖာက္ကာေျပာခဲ့သည္။
#18.6.2023