ကဝေမဒီလေး

Bởi Alice_Yizhan_7012

6.7K 562 16

ကဝေမဒီလေး ဒီnovelလေးကတော့ ချစ်ဖို့ကောင်းတဲ့novelလေးလို့ပြောရပါမယ်။ အချိုလေးတွေ စားချင်တဲ့သူတွေဆိုရင်တော့ ဒါလေ... Xem Thêm

ဇာတ်လမ်းအကျဥ်းချုပ်
အခန်း ၁ ။
အခန်း ၂ ။ ကျွန်မက ရှင်နဲ့စေ့စပ်ထားတဲ့သူပဲ
အခန်း ၃+၄+၅ ။
အခန်း ၁၁ ၊ ၁၂ ။
အခန်း ၁၃ ၊ ၁၄ ။
အခန်း ၁၅ ။
အခန်း ၁၆ ၊ ၁၇ ၊ ၁၈ ။
အခန်း ၁၉ မှ ၂၅ ။ (Unicode)
အခန်း ၁၉ မှ ၂၅ ။ (zawgyi)
အခန်း ၂၆ ၊ ၂၇
အခန်း ၂၆ ၊ ၂၇ (zawgyi)
အခန်း ၂၈ မှ ၃၀

အခန်း ၆ မှ ၁၀ ထိ။

613 71 2
Bởi Alice_Yizhan_7012

အခန်း ၆ ။ သူက ဘယ်သူ့မိန်းမလဲ

 

 

တည်းဖြတ်ထားသော ဇာတ်ညွှန်းကို စာအုပ်အဖြစ် ရိုက်နှိပ်ပြီး ကျိလန်၏စားပွဲပေါ်တွင် တင်ထားလေသည်။ကျိလန်သည် ပထမစာစောင်ကို ဆွဲထုတ်လိုက်ပြီး အမြန် လှန်လှောကြည့်လိုက်လေ၏။ တစ်ချိန်တည်းမှာပင် လက်တစ်ဖက်တွင် အနီရောင်ဘောပင်ကိုကိုင်ကာ ပြဿနာရှိနေသည့်နေရာများကို ဝိုင်းပစ်နေလေသည်။ခဏအကြာတွင် ဇာတ်ညွှန်းပေါ်ရှိ နေရာတော်တောများများမှာ ဝိုင်းထားပြီးသားဖြစ်နေတော့သည်။

 

တကယ်တော့ ဤစာစောင်မှာ ဇာတ်ညွှန်းရဲ့ ပထမမူကြမ်းသာဖြစ်ပြီး နောက်ပိုင်းမှာ အကြိမ်ပေါင်းများစွာ ပြန်လည်တည်းဖြတ်သွားရဦးမှာဖြစ်သည်။ပုံမှန်ကုမ္ပဏီများသည် တည်းဖြတ်နေသည့်အချိန်တွင် ဒစ်ဂျစ်တယ်ဗားရှင်းကို အသုံးပြုကြပြီး နောက်ဆုံးမူကြမ်းကို ဖတ်ရှုပြီးမှသာ ၎င်းကို ပရင့်ထုတ်တတ်ကြသည်။ဤနည်းလမ်းမှာ ပုံမှန်လူများသုံးနေကြဖြစ်ပေမဲ့ ကျိလန်သည် နာတာရှည် အိပ်မပျော်ရောဂါကို ခံစားနေရပြီး မျက်လုံးများမှာ မကြာခဏ  မသက်မသာ ဖြစ်တတ်သောကြောင့် တတ်နိုင်သမျှ ကွန်ပျူတာစခရင်ကို စိုက်ကြည့်ရမည်အား ရှောင်ကြဉ်နေရသည်။

 

တစ်နာရီခန့်ကြာသောအခါ ကျိလန်သည် ဇာတ်ညွှန်းများကို ဖတ်ပြီးသွားပြီဖြစ်သည်။မျက်နှာမည်းကြီးဖြင့် သူ့ရုံးခန်းထဲမှ စာစောင်သုံးစောင်ကို ယူကာ ထွက်လာလေသည်။

 

“ဘော့စ် ထွက်လာပြီ။”

 

“ခြေလှမ်းနေတဲ့အသံတွေက လေးလံနေတဲ့ပုံပဲ။ဘော်ဒါတို့ရေ အဆူခံရဖို့သာ ပြင်ထားကြတော့။”

 

အလုပ်ခွင်ထဲမှာ  ကော်ဖီသောက်နေဆဲဖြစ်သော အယ်ဒီတာနှစ်ယောက်က  သူတို့ဘော့စ် လှေကားပေါ်က ဆင်းလာသည့် ခြေသံအားနားထောင်ပြီး ဘော့စ်၏စိတ်အခြေအနေကို ခန့်မှန်းနေကြလေသည်။

 

ကျိလန်သည် အောက်ထပ်သို့ ဆင်းလာပြီး သူ့အလုပ်ခွင်တွင် ခြေပစ်လက်ပစ် လှဲအိပ်နေသော လူတစ်ယောက်ကို သတိထားမိလိုက်လေသည်။

 

*ဇာတ်ညွှန်းကို ဒီလိုအသုံးမကျအောင် ရေးထားတာတောင် အိပ်ရဲသေးတယ်လား။*

 

“ရှောင်ပေ ထတော့။ဘော့စ်ရောက်နေပြီ။”

ပေဖန်း၏နောက်တွင် ထိုင်နေသော ရှန်ကျွင်းယီသည် အိပ်ပျော်နေသော ပေဖန်းကို တိတ်တဆိတ် ဘောပင်ဖြင့် ထိုးနှိုးသော်လည်း မနိုးပေ။သူသည် မျက်နှာမည်းဖြင့် လာနေသော ကျိလန်ကိုသာ ကူကယ်မဲ့စွာ ကြည့်နေခဲ့သည်။ ကျိလန်မှာ စိတ်ပျက်နေသောအမူအရာဖြင့် ပေဖန်ဆီသို့ လျှောက်သွားလေသည်။

 

ကျိလန်က သူ့လက်ကို မြှောက်လိုက်ပြီး လက်ထဲမှ ဇာတ်ညွှန်းများကို လွှင့်ပစ်တော့မည့်အချိန်တွင် သူ့မျက်လုံးတွေ ဝေဝါးသွားပြီး ပေဖန်း၏အိမ်က သူ့စိတ်ထဲတွင် ပေါ်လာလေသည်။

 

“ငါ့အသည်းကို မစားနဲ့။ငါ့အသည်းကို မစားပါနဲ့...”

 

အိပ်မက်ထဲမှာ ပေဖန်းသည်  ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် သွေးများပြည့်နေသော ကုတင်ပေါ်တွင် လဲလျောင်းနေလေသည်။အနက်ရောင်အရိပ်ဖြင့် မျက်နှာအသွင်အပြင်ကို သေသေချာချာ မမြင်ရသော လူတစ်ယောက်သည်  ခွဲစိတ်ခန်းသုံးဓားကိုကိုင်ကာ သူ့ခန္ဓာကိုယ်ကို လှီး၍ဖွင့်နေလေသည်။ပေဖန်းသည် နိုးနေသော်လည်း မလှုပ်ရှားနိုင်သော်လည်း သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလို့မရပေ။ထိုအရိပ်က သူ၏ခန္ဓာကိုယ်အား ဓားတစ်ချောင်းဖြင့် လှီးဖြတ်နေသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရုံပင်တတ်နိုင်လေသည်။

 

“နာတယ်။။အရမ်းနာတယ်။”

 

ကျိလန် မျက်လုံးတွေကိုမှိတ်ပြီး ပြန်ဖွင့်လိုက်တော့ အိမ်မက်ထဲကနေ ထွက်လာခဲ့ပြီးပြီဖြစ်သည်။စားပွဲပေါ်တွင် လှဲနေသော ပေဖန်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

ပေဖန်းသည် သူ့အိမ်မက်ထဲက မြင်ကွင်းကြောင့် မျက်နှာတွင် ချွေးစေးများထွက်နေပြီး အမူအရာမှာလည်း မဲ့ရွဲ့နေလေသည်။

 

“ရှောင်ပေ..ရှောင်ပေ!!!”

ရှန်ကျွင်းယီသည် ပေဖန်းမနိုးသေးသည်ကို မြင်လိုက်ရသောအခါ သူ၏လုပ်ဖော်ကိုင်ဖက်အား ထိလိုက်ကာ အရဲစွန့်ပြီး ပေဖန်း၏နောက်ကျောကို နှစ်ကြိမ် ပုတ်လိုက်သည်။

 

သို့သော် ပေဖန်းကတော့ နိုးမလာပေ။

 

“ရှောင်ပေ?”

သူ ဘယ်လောက်ပဲ အိပ်ငိုက်နေပါစေ အခုလောက်ဆို နိုးသင့်နေပြီဖြစ်သည်။ရှန်ကျွင်းယီ တစ်ခုခုလွဲမှားနေသလို ခံစားလိုက်ရသည်။ပေဖန်းဆီကို သူ လျှောက်သွားပြီး စားပွဲပေါ်ကနေ ဆွဲထူလိုက်သောအခါ ပေဖန်း၏မျက်နှာမှာ အတော်လေး ဖြူဖျော့နေသည်ကို တွေ့လိုက်ရသည်။

“ရှောင်ပေ ဘာဖြစ်နေတာလဲ။သူနေမကောင်းဘူးလား။”

 

“ဘာဖြစ်တာလဲ။ဘာဖြစ်လို့လဲ။”

စတူဒီယိုထဲက တခြားဝန်ထမ်းနှစ်ယောက်လည်း ပြေးလာကြလေသည်။

 

“ရှောင်ပေက နေမကောင်းဘူးလား။။နှစ်ညဆက်တိုက် မနားဘဲ အလုပ်လုပ်နေခဲ့တာလေ။ငါတို့လက်ပေါ်တော့ မသေစေနဲ့နော် ရှောင်ပေ။ငါလူနာတင်ကားခေါ်လိုက်မယ်။”

တုန်ရုန်းယွမ်သည် သူ၏ဖုန်းကို ထုတ်ကာ အရေးပေါ်ကားခေါ်မလို့ လုပ်လေသည်။

 

“ဘာလို့ လူနာတင်ယာဉ်ခေါ်နေမှာလဲ။ဆေးရုံကဖြင့် ဒီကနေ သုံးကီလိုမီတာလောက်ပဲ ဝေးတာကို။ ငါတို့ကိုယ်တိုင်မောင်းသွားတာမှ ပိုမြန်ဦးမယ်။”

ရှန်ကျွင်းယီသည် ပေဖန်းကို သူ့နောက်ကျောပေါ်တွင် သယ်သွားလေတော့သည်။

 

ထိုအချိန်တွင် ကျိလန်က ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ပေဖန်းရဲ့ပါးကို ရိုက်လိုက်လေသည်။

 

“ဘော့စ် ရှောင်ပေက နေမကောင်းဘူးလေ။!”

ရှန်ကျွင်းယီမှာ ထိတ်လန့်သွားလေသည်။သူတို့ဘော့စ်က ဘယ်လောက်ပဲ ရူးမိုက်နေပါစေ၊သေမလိုဖြစ်နေသည့် ဝန်ထမ်းကို ဒီလိုတော့ မဆက်ဆံသင့်ပေ။

 

“ရှောင်ပေ သတိရလာပြီ။”

ပေဖန်းကို ကူတွဲပေးနေသော ကလေးမျက်နှာလေးနှင့် ယီကွမ်သည်  ရုတ်တရက် အံ့ဩတကြီး အော်လိုက်လေသည်။

 

အားလုံးက ကြည့်လိုက်သောအခါတွင် စောစောက ဘယ်လိုနှိုးနှိုး မနိုးသည့် ပေဖန်းသည် မျက်လုံးပွင့်ကာ သတိရနေသည်ကို တွေ့လိုက်ရသည်။

 

*ဘယ်လိုကြီးလဲ။အိပ်နေရင်းနဲ့တောင် လူတွေရဲ့အသံကို မှတ်မိနေတာလား။အချိန်အကြာကြီး ငါအော်နေတာကျ မနိုးဘဲနဲ့ ဘော့စ်က အော်ငေါက်လိုက်တာနဲ့ ချက်ချင်း နိုးလာတာတဲ့လား။*

 

ပေဖန်းသည် သူ့ဘေးနာရှိသောအရာများကို မသိစိတ်က ရုန်းကန်နေရင်း မျက်လုံးကိုဖွင့်ကြည့်လိုက်လေသည်။ သူ့ရှေ့က အခြေအနေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရမှသာ ဖြည်းဖြည်းချင်း စိတ်ငြိမ်‌သွားလေသည်။

 

“အိပ်မက်မက်နေတာပဲ။!”

ပေဖန်းမှာ သေခြင်းတရားမှ လွတ်မြောက်လာသည့် ပုံစံပေါက်နေလေသည်။

 

“ရှောင်ပေ မင်း ငါတို့ကို လန့်သေအောင် လုပ်နေတာပဲ။ခုနလေးက မင်း ဘာဖြစ်သွားတာလဲ။”

 ရှန်ကျွင်းယီက မေးလိုက်လေသည်။

 

“မင်းကို ပိုပြီး အနားယူပြီး ညလုံးပေါက် အလုပ်လုပ်တာတွေ ရပ်တော့လို့ ငါပြောသားပဲ။”

တုန်ရုန်းယွမ်ကလည်း အပြစ်ဆိုလာလေသည်။

“ငွေကလည်း အရေးကြီးပေမယ့် မင်းကျန်းမာရေးက ပိုအရေးကြီးတယ်လေ။”

 

“အလုပ်မပြီးရင်လည်း ငါလည်း တစ်စိတ်တစ်ပိုင်း အမြဲကူညီပေးနိုင်တာပဲလေ။”

 ယီကွမ်ကလည်း ဝင်ပြောလေ၏။

 

“လာ ဆေးရုံသွားပြီး ဆေးစစ်ရအောင်။”

ရှန်ကျွင်းယီက ပေဖန်းကို ဆေးရုံကို ခေါ်သွားချင်နေလေသည်။

 

“ဘာမှမဖြစ်ဘူး။ငါ အိပ်မက်ဆိုး မက်နေရုံပဲ။ဘီလူးစီးသလို ဖြစ်သွားလို့ပါ။​​အဆင်ပြေပါတယ်။”

ပေဖန်းက ခေါင်းခါပြီး ငြင်းလိုက်လေသည်။

 

“ဒီလောက်ထိ မင်းကို ကြောက်အောင် လုပ်နိုင်တာ ဘယ်လို အိမ်မက်မျိုးမို့လဲ။”

ယိကွမ်က စိတ်ဝင်တစား မေးလေသည်။

 

“စိတ်ဖောက်နေတဲ့အရူးတစ်ယောက်က ငါ့အသည်းတွေက ထုတ်ယူနေတာလို့ မက်တာ။မင်းတို့ ငါ့ကို ခေါ်နေတဲ့အချိန်မှာ သူက ငါ့အသည်းကို ထုတ်ယူနေတာလေ။~~”

အိပ်မက်ထဲက အခြေအနေတွေကို ပြန်သတိရသွားပြီး ပေဖန်းမှာ သူ့အသည်းတွေ နာကျင်လာသလို ခံစားရပြီး မသိစိတ်က လက်လှမ်းပြီး ဖုံးထားလိုက်လေသည်။

 

“မင်း အရမ်းတွေ စိတ်လှုပ်ရှားနေတယ်။အသည်းတူးသမားကို ဖမ်းလို့မမိသေးပေမယ့် များသောအားဖြင့် သူက အသက် (၂၀)ဝန်းကျင် မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားတာ။ယောက်ျားကြီးတစ်ယောက်လုပ်နေပြီး မင်းက ဘာလို့ အရမ်းတွေ ကြောက်ပြနေတာလဲ။ပြီးတော့ ဟိုင်မြို့မှာ လူပေါင်း သန်းနဲ့ချီပြီးရှိတယ်။မင်းကို ရွေးချယ်နိုင်ခြေက တစ်သန်းမှာ တစ်ယောက်ပဲဖြစ်နိုင်တာ။ထီပေါက်ဖို့ထက်တောင် ပိုခက်သေးတယ်။”

ရှန်ကျွင်းယီက ပြောလေသည်။

 

လွန်ခဲ့သော တစ်လခွဲခန့်က ဟိုင်ရှီတွင် လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။တက္ကသိုလ်မှ ဘွဲ့ရပြီးသော မိန်းကလေးတစ်ဦးကို သူမငှားနေသာ အခန်းထဲတွင် သေဆုံးလျက် တွေ့ခဲ့ရသည်။ခွဲစိတ်ဓားဖြင့် ဝမ်းဗိုက်ကိုဖောက်လျက် အသည်းတစ်ခြမ်းအား ဖြတ်ယူခံထားရသည်။သွေးဆုံးရှုံးမှုများသွားသောကြောင့် သေဆုံးခဲ့ရသည်။နောက်ထပ် နှစ်ပတ်အကြာတွင် အလားတူဖြစ်ရပ်မျိုး နှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့သည်။ ကံကောင်းထောက်မ၍ နစ်နာသူများထဲမှ တစ်ယောက်သည် အသက်ရှင်ကျန်ရစ်ခဲ့သည်။သူ့ရဲ့ခန္ဓာကိုယ်မှာ ထုံဆေးကို ခံနိုင်ရည်ရှိသောကြောင့် အသည်းတူးသမားက ထွက်သွားပြီးနောက်တွင် လှုပ်ရှားနိုင်သေးသဖြင့် ရဲကိုခေါ်နိုင်ခဲ့သည်။ထို့ကြောင့် ထိုသူ၏အသက်ကို ကယ်နိုင်ခဲ့သည်။

 

နောက်တော့ သတင်းထောက်က ထိုလူအား ဆေးရုံသို့သွားရောက် အင်တာဗျူးခဲ့သည်။ထိုအချက်များကိုလည်း အများပြည်သူအား ချပြခဲ့သည်။အသည်းတူးသမားသည် နစ်နာသူ၏အသည်းကို ယူသောအခါ ထုံဆေးပေးတတ်သည်ကို လူတိုင်းသိကြသည်။သူသည် သားကောင်၏ အသည်းတစ်ခြမ်း ဖြတ်ထုတ်နေချိန်တွင် သားကောင်ကို သတိရှိနေစေသည်။ သားကောင်၏ရှေ့တည့်တည့်တွင်ပင် သူတို့၏အသည်းအား မျက်လုံးနီနေသော တောကြောင်ကို ချကျွေးတတ်သည်။

 

ထိုသတင်းကို ထုတ်လွှင့်လိုက်သည်နှင့်တပြိုင်နက် ဟိုင်မြို့တစ်ခုလုံး အထိတ်တလန့်ဖြစ်သွားကြသည်။ အထူးသဖြင့် တစ်ကိုယ်တည်းနေထိုင်သော မိန်းကလေးများသည် ညတိုင်း အိပ်မက်ဆိုးများ မက်ကြတော့သည်။ ထို့ကြောင့် ​​လွန်ခဲ့တဲ့ တစ်လလောက်က ကျိလန် သူ၏စွမ်းအားများကို ဆိုးဆိုးရွားရွား မထိန်းချုပ်နိုင်တော့တာဖြစ်သည်။

 

ကံကောင်းထောက်မစွာဖြင့် စိတ်ဖောက်နေသော အသည်းတူးသမားသည် နောက်ထပ် ရာဇ၀တ်မှုတွေ ထပ်မကျူးလွန်တော့သဖြင့် တဖြည်းဖြည်းနဲ့ လူထုရဲ့ စိတ်အခြေအနေသည် နည်းနည်းတော့ နာလန်ထလာကြလေသည်။

 

“လွန်ခဲ့တဲ့နှစ်ရက်က ငါရဲ့ဘေးအခန်းမှာ နေတဲ့ သူငယ်ချင်း တစ်ယောက်က အသည်းဖောက်ယူခံရလို့ ငါတောင် ရဲခေါ်ပေးခဲ့ရသေးတယ်။”

ပေဖန်းက ထိတ်လန့်တုန်လှုပ်စွာ ပြောလေသည်။

 

“ဘယ်လို?!”

လူတိုင်း အံ့အားသင့်သွားကြလေသည်။

“တစ်လကျော်ကြာတာတောင် နောက်ထပ် ပြစ်မှုကျူးလွန်တာ မရှိဘူးဆို။”

 

“အဲ့ဒါက ပြည်သူတွေ အထိတ်တလန့် ဖြစ်မှာစိုးလို့ ရဲတွေက လူသတ်မှုကို ဖုံးထားခိုင်းလို့ပါ။”

ပေဖန်းက ရှင်းလေသည်။

“...အဲဒီညက ငါ အလုပ်ဆင်းပြီး အိမ်ပြန်တဲ့လမ်းမှာ ဓာတ်လှေကားက ဆင်းတော့ အရေးပေါ်ထွက်ပေါက်ကနေ အရိပ်မည်းမည်းတစ်ခုကို တွေ့လိုက်ရတယ်။ငါလည်း အဲ့ဒီအရိပ်ကို အသည်းတူးသမားလို့ သံသယဖြစ်မိတာပေါ့။“

 

“ဘယ်လို?!”

အားလုံးမှာ အံ့အားသင့်သွားကြပြန်ကြ၏။ကျိလန်မှာ  မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။

 

“ဒါကြောင့် ဒီရက်အနည်းငယ်အတွင်းမှာ အိမ်ပြန်ပြီး မအိပ်ရဲတော့တာလား။အသည်းတူးသမားက မင်းဆီရောက်လာမှာကို ကြောက်နေတာပဲ။”

တုန်ရုန်းယွမ်က အကြောင်းရှာပြလေသည်။

 

“အင်း။”

ပေဖန်း၏ မျက်နှာသည် ဖြူဖျော့နေလေသည်။စဉ်းစားကြည့်မှ ပေဖန်းသည် ကံကောင်း၍ အသက်ရှင်ကျန်ရစ်သည့်နစ်နာသူအပြင် ဒုတိယမြောက် တစ်ဦးတည်းသော မျက်မြင်သက်သေလည်းဖြစ်နေပေသည်။

 

“ဒါများ ဘာလို့ ငါ့အိမ်ကို လိုက်မအိပ်တာလဲ။”

ရှန်ကျွင်းယီက အကြံပေးလေသည်။

 

“ရပါတယ်။ကုမ္ပဏီမှာ နေရတာလည်း အဆင်ပြေပါတယ်။ပြီးတော့ ဒီရက်တွေက ငါတို့ ဇာတ်ညွှန်းကို တည်းဖြတ်ပေးရမှာပဲလေ။ညဘက်မှာလည်း အလုပ်လုပ်လို့ရပြီး နေ့ဘက်မှာလည်း အိပ်လို့ရတယ်လေ။ ဒီနေရာက တော်တော်လေးအဆင်ပြေပါတယ်။”

အရေးကြီးဆုံးအချက်မှာ အသည်းတူးသမားသည် ညဘက်မှသာ ပြစ်မှုများကို အမြဲကျူးလွန်နေခြင်းဖြစ်သည်။

 

“ဒါပေမယ့် မင်းအရမ်းကြောက်နေတာကို ဘယ်လိုလုပ် အလုပ်လုပ်နိုင်မှာလဲ။​​”

 

“ဒီမှာ နေတာက ပိုလုံခြုံပါတယ်။မှုခင်းစုံစမ်းရေးရဲတပ်ရင်းကလည်း လမ်းရဲ့မျက်စောင်းထိုးလေးမှာတင်လေ။”

 

ထိုအကြံကို လူတိုင်းလက်ခံကြသည်။အသည်းတူးသမားသည် ရာဇ၀တ်မှုကျူးလွန်ရန် မှုခင်းစုံစမ်းရေးရဲတပ်ရင်း၏ တံခါးဝထိတော့ ရောက်မလာနိုင်ဟု ထင်မြင်ယူဆကြသည်။

 

“မင်းအတွက် အိပ်ဆေးဝယ်ပေးရမလား။မင်းကြည့်ရတာ ကောင်းကောင်း အိပ်လို့မပျော်ဘူးထင်တယ်။”

တုန်ရုန်းယွမ်က ပြောလေသည်။

 

“အိပ်ဆေးမသောက်ဘူး။အိပ်ဆေးသောက်ပြီးမှ အိပ်မက်ဆိုးကနေ မထနိုင်ရင် ဘယ်လိုလုပ်မလဲ။”

ပေဖန်းက ခေါင်းခါပြလေသည်။အိပ်မက်ထဲမှာ ဖြစ်နေတာတွေက အစစ်အမှန်မဟုတ်ပေမဲ့ အတော်လေး ကြောက်စရာကောင်းသည်။

 

“ဟုတ်တယ်။ခုနကဆို  ငါတို့ သူ့ကို  အကြိမ်ပေါင်းများစွာ အော်ခေါ်နေတာကို အရမ်းကြောက်နေပြီး နိုးမလာဘူးလေ။အိပ်ဆေးမသောက်နဲ့။အိပ်မက်ထဲမှာတောင် အကြောက်လွန်ပြီး သေသွားပါဦးမယ်။”

ရှန်ကျွင်းယီက ဝင်နောက်လေသည်။

 

“ဘာတွေ လျှောက်ပြောနေတာလဲ။ဘယ်လိုလူတွေက အိမ်မက်ထဲထိ သေအောင် ခြောက်လှန့်နိုင်မှာမို့လဲ။”

ယီကွမ်က တုန်လှုပ်သွားလေသည်။

ထိုစကားများကို ကြားသောအခါ ဘေးက တုန်ရုန်းယွမ်က  ကျိလန်ကို အလိုလို လှမ်းကြည့်မိလေသည်။

 

“တစ်စိတ်လောက်ပါ။ကျိလန်က ဒီမှာ အလုပ်လုပ်တာလား။”

ထိုအချိန်တွင် နူးညံ့ချိုသာလှသော အမျိုးသမီးအသံတစ်သံမှာ အခန်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အိပ်မက်အကြောင်း ဆွေးနွေးနေကြသူတိုင်း ခေါင်းလှည့်ကြည့်လေသည်။ထိုအခါ ကန့်ထားသော အခန်းနားတွင် လမ်းလျှောက်နေသည့် ကျစ်ဆံမြီးနှစ်ချောင်းနှင့် တိုင်းရင်းသားဝတ်စုံလှလှလေးဝတ်ထားသော မိန်းမငယ်လေးတစ်ဦးကို တွေ့လိုက်ကြရသည်။

လူတိုင်းက ဝူမြောင်မြောင်ကို ကြည့်နေချိန်တွင် ဝူမြောင်မြောင်က လူအုပ်ကြားထဲတွင် မတ်တတ်ရပ်နေသည့် ကျိလန်ကို ချက်ချင်း တွေ့သွားလေသည်။သူမက အားပါးတရပြုံးပြကာ အသံချိုချိုလေးဖြင့် ခေါ်လိုက်လေသည်။

“ရှန်ကုန်း ကျွန်မ ဈေးဝယ်လို့ ပြီးပြီ။”

 

*အိုး…ရှန်ကုန်းတဲ့လား။*

ကျိလန်မှလွဲ၍ ကျန်သောသူများမှာ တစ်ယောက်ကိုတစ်ယောက် မယုံသင်္ကာဖြင့် စိုက်ကြည့်နေကြလေသည်။

 

*တကယ်ပါပဲ။ငါတို့နောက်ကွယ်မှာ ဘယ်သူက ချိန်းတွေ့နေတာလဲ။*

 

ထိုအချိန်တွင် ကျိလန်ပြောလိုက်သော စကားကြောင့် လူလေးယောက်မှာ မယုံနိုင်ဖွယ်ရာ အကြည့်များဖြင့် ကြည့်နေကြလေသည်။

“မင်းဘာတွေဝယ်ခဲ့တာလဲ။ဘာလို့ ခဏလေးနဲ့ ပြန်လာရတာလဲ။”

 

“ဖိနပ်အပါးတစ်ရံဝယ်ခဲ့တယ်။အိုး… အတွင်းခံတွေလည်းဝယ်ခဲ့တယ်။”

 ဝူမြောင်မြောင်သည် သူမလက်ထဲမှ အိတ်များကို ပျော်ရွှင်စွာ မြှောက်ပြလေသည်။

 

*အတွင်း... အတွင်းခံ !*

 

ဝူမြောင်မြောင်၏ ပွင့်လင်းသော စကားများကြောင့် ကျိလန်မှာ ပျာယာခတ်သွားလေသည်။ကျိလန်သည် သူမ၏လက်များကို ဆွဲချလိုက်ပြီး ဝူမြောင်မြောင်ကို ငမ်းနေကြသော ဝန်ထမ်းလေးယောက်အား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်လေ၏။

 

“အားလုံးပဲ မင်္ဂလာပါ။”

ဝူမြောင်မြောင်သည် အခြေအနေကို လုံးဝသတိမထားမိဘဲ သူမကို ငမ်းနေကြသည့် ချောမောသော သူစိမ်းယောကျာ်းလေးယောက်ကို နှုတ်ဆက်လိုက်သေးသည်။

“ရှင်တို့က ကျိလန်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေလား။”

 

“...မင်…မင်္ဂလာပါ..။”

အသိစိတ်ပြန်ဝင်လာကြသောအခါ ထိုလေးယောက်မှာ စကားတွေပင် ထစ်ငေါ့နေကြလေသည်။

 

“ငါနဲ့ အပေါ်ထပ်ကို လိုက်ခဲ့။”

 ကျိလန်က ဝူမြောင်မြောင်ကို ဆက်ပြီး မိတ်မဆက်စေချင်တော့သောကြောင့် သူမကို အပေါ်သို့ဆွဲခေါ်သွားတော့လေသည်။

 

“ခဏနေပါဦး။”

ဝူမြောင်မြောင်က စျေးဝယ်အိတ်များကို ကျိလန်၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပေဖန်းကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

“ရှင့်ရဲ့အသားအရောင်ကလည်း ဖြူဖျော့နေတာပဲ။အိမ်မက်ဆိုး မက်လို့လား။”

 

“သူဌေးကတော်က အရမ်းအမြင်အာရုံကောင်းတာပဲ။”

ရှန်ကျွင်းယီက ချီးကျူးလေသည်။

 

ကျိလန်က မျက်ခုံးပင့်လိုက်လေသည်။များသောအားဖြင့် သာမာန်လူများသည် တစ်ဖက်လူက အသားအရောင်ဖျော့တော့နေလျှင် အိမ်မက်ဆိုးမက်တာကြောင့်မဟုတ်ဘဲ နေမကောင်းလို့ဟု ထင်မြင်ကြမည်ဖြစ်သည်။

ဝူမြောင်မြောင်သည် သူမထင်တာ မှန်သောအခါ တိုင်းရင်းသားစတိုင် အိတ်လေးထဲမှ လက်ဖြင့်ချုပ်ထားသော အရုပ်လေးကို ထုတ်လိုက်လေသည်။

“ဒါက ရှင့်အတွက်။”

ဝူမြောင်မြောင်က ထိုအရုပ်ကို ပေဖန်းအား ပေးလေသည်။

“ကျေးဇူးပါပဲ။ဒါက ဘာလေးလဲ။”

ပေဖန်းက အလိုလို မေးလိုက်လေသည်။

 

“အိပ်မက်ကောင်းကောင်း မက်စေတဲ့ အရုပ်လေးပါ။ရှင့်ကို အိပ်မက်ဆိုးမမက်အောင် ကာကွယ်ပေးနိုင်တယ်။”

ဝူမြောင်မြောင်ရှင်းပြသည်ကို ကြားရသောအခါ  လူတိုင်း၏မျက်လုံးများသည် အရုပ်ကို ဝိုင်းကြည့်မိကြလေသည်။ကျိလန်နှင့် တုန်ရုန်းယွမ်တို့မှ လွဲ၍ ကျန်သောသူများမှာ မယုံကြည်နိုင်မှုများ ပြည့်နေကြလေသည်။

 

“ကျေးဇူးပါပဲ။ဒါက ငါ့ဘဝအတွက် လိုအပ်နေတဲ့အရာပဲ။”

 ထိုအရုပ်မှာ သူ့စိတ်အခြေအနေကို နှစ်သိမ့်ပေးနိုင်သော်လည်း ထိုအရုပ်ကို ထိလိုက်သည်နှင့် ပေဖန်းသည် အလွန်တုန်လှုပ်သွားလေသည်။

 

“ဘုန်း!”

ထိုအချိန်တွင် ကောင်းကင်မှ ဇာတ်ညွှန်းတစ်ခုသည် အားပြင်းပြင်းနှင့် ပေဖန်းရှေ့တွင် ပြုတ်ကျလာခဲ့သည်။

 

“ဒီလိုအသုံးမကျတဲ့ ဇာတ်ညွှန်းမျိုးကို ဒီနေရာမှာ နှစ်ညကုန်အောင်တောင် ရေးခဲ့တယ်ပေါ့။ဒီလိုစာမျိုးက ပရင့်ထုတ်ဖို့တောင် တန်ရဲ့လား။”

ကျိလန်က ဆူပူကြိမ်းမောင်းလိုက်လေသည်။

 

“ငါ...ငါ..ချက်ချင်း ပြန်လုပ်လိုက်ပါ့မယ်။”

ပေဖန်းသည်  ဇာတ်ညွှန်းကို တုန်တုန်ယင်ယင်ဖြင့် ကောက်ယူလိုက်လေ၏။

 

အိပ်မက်ထဲတွင် အသည်းတူးသူ ခြောက်လှန့်တာကိုခံခဲ့ရပြီး လက်တွေ့ဘဝတွင်တော့  သူဌေးဖြစ်သူက ခြောက်လှန့်နေပြန်ပါပြီ။ သူ့ဘဝလေးက တကယ်ကို သနားစရာပင်။

 

“အခု မင်းဦးနှောက်က အလုပ်လုပ်နိုင်ပြီလား။နောက်ထပ် အသုံးမကျတာတွေ ထပ်ထုတ်လာဦးမလို့လား။”

 

ပေဖန်းသည် အရုပ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကျိလန်အား စိတ်ပျက်အားငယ်စွာဖြင့် ကြည့်နေလေသည်။

 

“မနက်​ဖြန်လာ​​ပေး​​!”

ကျိလန်က အထင်သေးစွာဖြင့် ပြောလိုက်၏။

 

ပေဖန်းမှာ ကျေးဇူးတင်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာပြီး

“ကျေးဇူးတင်ပါတယ် ဘော့စ်။”ဟုပြောလိုက်လေသည်။

 

ကျန်ဝန်ထမ်းသုံးယောက်ကလည်း အခွင့်အရေးကို မြင်လိုက်တာနဲ့ လစ်ပြေးမလို့လုပ်ကြလေသည်။

 

“မင်းတို့နှစ်ယောက်ကော….”

ကျိလန်က ခိုးကြောင်ခိုးဝှက်ဖြင့် လစ်ပြေးဖို့လုပ်နေသော ရှန်ကျွင်းယီနှင့် ယီကွမ်ကို တားလိုက်လေသည်။

 

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသည်။သူတို့မျက်လုံးများကို မှိတ်ကာ အံကြိတ်လိုက်ပြီးမှ ပြန်လှည့်လာကာ လျင်မြန်သောအရှိန်ဖြင့် ကျိလန်လက်ထဲမှ ဇာတ်ညွှန်းကို ပြေးယူကြလေသည်။ကျိလန် ဆက်ပြောမည့်စကားကိုပင် မစောင့်တော့ဘဲ “ဘော့စ် မနက်ဖြန်အမီ ပြီးစေရပါ့မယ်။”ဟု တညီတညွတ်တည်း ပြောကြ၏။

 

“မနက်ဖြန်?မင်းတို့ ဦးနှောက်တွေ အလုပ်လုပ်သေးရဲ့လား။”

ကျိလန်က အေးစက်စက်ဖြင့် အော်လိုက်လေသည်။

 

“ဟုတ်ကဲ့။အခု ပြီးအောင် လုပ်လိုက်ပါ့မယ်။”

နှစ်ယောက်သား ထိုင်ခုံဆီသို့ ပြေးထိုင်ကြကာ ဇာတ်ညွှန်းကို အမှားပြင်ဆင်ကြလေသည်။

 

အယ်ဒီတာသုံးယောက်အား ကျိလန် ဆူပူကြိမ်းမောင်းပြီးသောအခါ တုန်ရုန်းယွမ်ကို လှည့်ကြည့်လေသည်။ တုန်ရုန်းယွမ်အား ထပ်ပြီးကြိမ်းစရာမတွေ့တော့တာကြောင့် အံ့အားသင့်နေသည့် ဝူမြောင်မြောင်ကို  အပေါ်ထပ်သို့ ဆွဲခေါ်သွားလေသည်။

 

ကပ်ဆိုးကြီးမှ လွတ်မြောက်ခဲ့သော တုန်ရုန်းယွမ်သည် စားပွဲပေါ်တွင် လှဲ၍ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်လေသည်။သူ့မှာ ကြောက်လွန်းလွန်းလို့ သေလုမတတ်ပင်။ကံကောင်းထောက်မစွာဖြင့် သူသည် အယ်ဒီတာတစ်ယောက် ဖြစ်မနေခဲ့ပေ။

 

 

 

အခန်း ၇ ။ ကောင်းစေချင်လို့ပြောတာကို မငြင်းပယ်ပါနဲ့

 

 

ကျိလန်က ဝူမြောင်မြောင်ကို သူ့ရုံးခန်းဆီသို့ ခေါ်သွားလိုက်ပြီး သူ့လက်ထဲက စျေးဝယ်အိတ်များကို ဆိုဖာပေါ် သို့ပစ်ချလိုက်ကာ မေးလိုက်သည်။

“မင်းဘာလို့ ဒီပစ္စည်းတွေကို ဝယ်လာတာလဲ။”

ဖိနပ်များနှင့် အတွင်းခံဝတ်များသည် ဟိုတယ်တစ်ခုတွင် ယာယီနေထိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့်အရာမျိုးများဖြစ်သည်။

 

“ဈေးဝယ်စင်တာထဲက အဝတ်အစားတွေက အရမ်းဈေးကြီးတယ်လေ။အဲ့ဒါကြောင့် အရေးပေါ်လိုအပ်တာတွေပဲ ဝယ်ပြီး ကျန်တာတွေကို အွန်လိုင်းမှာပဲ ဝယ်မလားလို့ပါ။”

ဝူမြောင်မြောင်က ပြန်ပြောလေသည်။

 

ကျိလန် အလန့်တကြားဖြစ်သွားလေသည်။သူမသည် အသက်ဆယ့်ရှစ်နှစ်သာရှိသေးသည်။ထို့ကြောင့် သူမလက်ထဲမှာ ပိုက်ဆံအများကြီးမရှိသည်မှာ ဖြစ်ကောင်းဖြစ်နိုင်ပါ၏။

 

“မင်းကို ပိုက်ဆံနည်းနည်းလွှဲပေးလိုက်မယ်။ထပ်ပြီးသွားဝယ်လို့ရတယ်။”

ကျိလန်သည် သူပြောသည့်အတိုင်း စားပွဲမှ ဖုန်းကိုယူ၍ ဝူမြောင်မြောင်ထံသို့ ပိုက်ဆံလွှဲပေးရန် WeChat ကိုဖွင့်လိုက်သည်။

 

“မလိုပါဘူး။ကျွန်မမှာ ပိုက်ဆံရှိပါတယ်။”

“ယူထားလိုက်ပါ။”

ကျိလန် သူမကို  မယုံပါချေ။သူမ ဝယ်လာသည့် ဖိနပ်ပါးများ၏ အမှတ်တံဆိပ်ကို သူသိပါသည်။ထိုဖိနပ်တစ်ရံအား လျှော့ဈေးဖြင့် ရောင်းသည့် စတိုးဆိုင်တွင် တစ်စုံကို ယွမ် ၁၀ဝနှင့်သာ ရောင်းချပေးသည်။ထိုကဲ့သို့ အမျိုးသမီးအတွင်းဝတ်များအကြောင်းကို သူ သိပ်မသိသော်လည်း စျေးကြီးလောက်မည်မဟုတ်သည်မှာ သေချာပါ၏။

 

ထို့ပြင် သူသည် ဤနှစ်များတွင် အိပ်မပျော်နိုင်သည့်ရောဂါကို ကုစားရန် ယွမ် သိန်းပေါင်းများစွာ သုံးစွဲခဲ့ရသည်။ဝူမြောင်မြောင်သည် သူ့အား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်သည်အား တွေးမိသောအခါ သူမအား ငွေနည်းနည်းလောက် ပေးလိုက်ရသည်ကို ဆုံးရှုံးသည်ဟု မခံစားရတော့ပေ။

 

 “တင်!”

 

ကျိလန်ဘက်က ငွေလွှဲပြီးတာနဲ့ သူမဘက်မှ လွှဲပြောင်းမှုအား လက်ခံကြောင်း  သတိပေးချက်တစ်ခုကို ရရှိလိုက်လေသည်။သူ့နှုတ်ခမ်းထောင့်များ ရုတ်တရက် ပြုံးယောင်သမ်းသွားလေသည်။

*ဒီမိန်းကလေး စောစောကတော့ သူပေးတာကို ငြင်းဖို့ကြိုးစားနေခဲ့သေးတယ်။အခုတော့ ငွေလက်ခံလိုက်တဲ့အရှိန်က နှေးတော့ မနှေးဘူးပဲ။*

 

ငွေကိုလက်ခံလိုက်သော ဝူမြောင်မြောင်၏ အကြောင်းပြချက်သည် အလွန်ရိုးရှင်းပါသည်။ဘာပဲဖြစ်ဖြစ် ကျိလန်က သူ့ရှန်ကုန်းပင်။သူမဆရာ၏စကားအရ ဇနီးမောင်နှံနှစ်ယောက်သည် ကမ္ဘာပေါ်တွင် အရင်းနှီးဆုံး ဆက်ဆံရေး ရှိသူများဖြစ်ကြသည်။ထို့ကြောင့် သူတို့သည် တစ်ဦးနှင့်တစ်ဦး အရမ်းကြီး ယဉ်ကျေးပျူငှာမနေသင့်ပေ။မဟုတ်လျှင် သူတို့၏ဆက်ဆံရေးသည် သူစိမ်းဆန်သွားကြမည်ဖြစ်သည်။သူမနှင့် ကျိလန်သည် အခုအထိတော့ ရင်းနှီးသော ဆက်ဆံရေးမျိုး မတည်ဆောက်သေးရပေ။ထို့ကြောင့် သူတို့၏ဆက်ဆံရေးကို အခြေအနေတင်းမာသွားမှာမျိုး ခွင့်ပြုမှာမဟုတ်ပါ။

 

“ကျွန်မ ကောင်းကောင်းသုံးပါ့မယ်။”

 ဝူမြောင်မြောင်က လေးလေးနက်နက် ပြောလိုက်သည် ။

 

  “…”

ကျိလန်ဆွံ့အသွားလေသည်။

*ပိုက်ဆံရပြီးရင်တော့ စိတ်ရှုပ်နေတဲ့ပုံ ဆက်ပြီးဟန်မဆောင်တော့တဲ့ပုံပဲ။*

 

 “ခုနက ပေဖန်းကို  ဘာပေးလိုက်တာလဲ။”

ငွေလွှဲလိုက်တာကို လက်ခံရရှိပြီး ဝူမြောမြောင် စိတ်ကောင်းနေသည်ကို တွေ့ရသောအခါ  ကျိလန်က အခွင့်ကောင်းယူပြီး မေးလိုက်သည်။

 

“ပေဖန်း?ခုနက အိပ်မက်ဆိုး မက်နေတဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးကို ပြောတာလား။”

 

“ချစ်စရာကောင်းတဲ့ ကောင်လေး?”

*ပေဖန်းကို သူနဲ့ရင်းနှီးတယ်ထင်ပြီး ခေါ်လိုက်တဲ့ပုံပဲ။*

 

 “မဟုတ်ဘူးလား။”

*သူမထင်တာ မှားသွားလို့လား။*

 

“ထားပါ။​စောစောက မင်းသူ့ကို ပေးလိုက်​တဲ့ အရုပ်​က ဘာအရုပ်လဲ။အဲ့ဒါက အိပ်မက်ဆိုးတွေကို တကယ်​မောင်းထုတ်​နိုင်​ပါ့မလား။”

ကျိလန်က ဝူမြောင်မြောင် ပေဖန်းအား ခေါ်ဆိုသည့် စကားအား ဂရုထားမနေဘဲ သူမေးလိုသည်အား ဆက်မေးလိုက်လေသည်။

 

“မောင်းထုတ်နိုင်တာပေါ့။အဲ့ဒီအရုပ်မှာ ကျွန်မရဲ့ ကဝေစွမ်းအားတွေပါတယ်လေ။အိမ်မက်ကောင်းကောင်း မက်ရုံတင်မကဘူး။မိုးလင်းတဲ့အထိလည်း အေးအေးချမ်းချမ်း အိပ်ပျော်စေတယ်။မနက်မိုးလင်းလို့ အိပ်ရာထရင်လည်း လန်းလန်းဆန်းဆန်း ဖြစ်နေလိမ့်မယ်။”

ဝူမြောင်မြောင်က ထိုသို့  ပြန်ပြောလာ၏။

 

*မှော်အစွမ်းတွေပါတဲ့ အိပ်မက်လှလှ မက်စေတဲ့အရုပ်လေးတစ်ရုပ်လား။မနေ့က သူအိပ်ပျော်သွားရတဲ့ အကြောင်းရင်းက ဝူမြောင်မြောင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲ့ဒီအရုပ်လေးတစ်ရုပ်ရှိနေလို့ပဲလား။*

 

“မင်းမှာ နောက်တစ်ရုပ်ရှိသေးလား။”

ကျိလန်လည်း တစ်ရုပ်လောက် စမ်းသုံးကြည့်ချင်မိသည်။

 

“ကျွန်မမှာ နှစ်ရုပ်ရှိသေးတယ်။ဒါပေမယ့် ရှင့်အပေါ် မှာ သိပ်ပြီး သက်ရောက်မှု ရှိမှာမဟုတ်ဘူး။”

 

“ဘာလို့ ငါ့အပေါ်မှာ သိပ်ပြီး သက်ရောက်မှု မရှိရတာလဲ။”

ကျိလန် အကြံအိုက်သွားလေသည်။

 

“ရှင်က တခြားသူတွေနဲ့ မတူဘူးလေ။တခြားသူတွေက ထိတ်လန့်လို့ ကြောက်ရွံလို့ ဒါမှမဟုတ် မသိစိတ်ရဲ့ လွှမ်းမိုးမှု တစ်ခုခုကြောင့် အိပ်မက်ဆိုးတွေ မက်တတ်ကြတယ်။ဒါပေမယ့် ရှင်ကတော့ တစ်မျိုး ထူးခြားနေတာလေ။ရှန်ကုန်း ရှင်က အိပ်မက်ဆိုးအရှင်ပဲ။ အိပ်မက်ဆိုးတွေက ရှင့်ရဲ့ အစွမ်းတွေပဲလေ။ဘာလို့ အစွမ်းပျောက်ချင်နေရတာလဲ။”

ဝူမြောင်မြောင်က မေးခွန်းပြန်ထုတ်လေသည်။

 

ကျိလန်၏မျက်ဝန်းအိမ်များသည် အနည်းငယ် တုန်လှုပ်သွားကာ လေးနက်သော အမူအရာဖြင့် မေးလေသည်။

“ငါက အိပ်မက်ဆိုးအရှင်ဆိုတာ မင်းသိတယ်လား။”

 

“သိတယ်လေ။”

ဝူမြောင်မြောင်က  ထူးထူးခြားခြား ဘာမှမဟုတ်သလို အေးအေးဆေးဆေး ခေါင်းညိတ်ပြလေသည်။

 

ကျိလန်သည် ဝူမြောင်မြောင်မှာ သူ့ကိုရှင်းပစ်ရန် ရုပ်လွန်ပညာလောကမှ ထိုလူများက စေလွှတ်လိုက်သည်ဟု ထပ်မံခံစားမိပြန်သည်။သို့သော် သူ တွေးကြည့်ပြီးနောက်တွင် ဝူမြောင်မြောင်၏ဆရာသည် ကျိလန် ငယ်ရွယ်စဉ်ကပင် ကဝေမျိုးနွယ်၏နည်းပညာများကို အသုံးပြု၍ ကုသပေးခဲ့သည်ဟု သူ့မိခင်က ပြောကြားခဲ့သည်။ထို့ကြောင့် ဝူမြောင်မြောင်၏ဆရာသည် သူက အိပ်မက်ဆိုးအရှင်ဖြစ်ကြောင်း သိထားလောက်သည်။ဝူမြောင်မြောင်က သူသည် အိပ်မက်ဆိုးအရှင်ဖြစ်ကြောင်း သိနေသည်မှာ အံ့သြစရာတော့မဟုတ်ပေ။

 

“ငါက အိပ်မက်ဆိုးအရှင်ဆိုတာ မင်းသိနေတယ်ဆိုရင် ဘာလို့ ငါ့ကို လက်ထပ်ချင်နေသေးတာလဲ။”

ကျိလန်က မေးလိုက်လေသည်။

 

“ကျွန်မက ရှင့်ကို လက်ထပ်မယ့်သူမဟုတ်ဘူး။ရှင်ကသာ ကျွန်မမိသားစုကို လက်ထပ်မယ့်သူပဲ။”

ဝူမြောင်မြောင်က အဖြေကို ပြင်ပြောလေသည်။

 

“ထားပါတော့။မင်းပြောတဲ့အတိုင်းပေါ့။ဘာဖြစ်လို့လဲ။”

မိသားစုကို လက်ထပ်တာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျိလန် သူမနှင့် ငြင်းခုံနေရဖို့ကို ပျင်းနေပါတော့သည်။

 

“ဘာဖြစ်​လို့လဲ ဟုတ်လား။ရှင်က အိမ်​မက်​ဆိုး​အရှင်လေ။ရှင်နဲ့ကျွန်မကြားမှာ ကျွန်မကို လက်ထပ်ချင်လောက်တဲ့ တိုက်ရိုက်ဆက်နွယ်မှုမျိုး ရှိလို့လား။”

 ဝူမြောင်မြောင်က သူ့မေးခွန်းအား သူ့ပြန်မေးလေသည်။

 

“ဟုတ်တယ်လေ။ငါက အိပ်မက်ဆိုးအရှင်။မကောင်းတဲ့သူလေ။မင်းတို့ ရုပ်လွန်ပညာလောက က လူတွေက မိစ္ဆာလိုလူမျိုးတွေကို မုန်းတယ်မလား။”

ကျိလန်က လှောင်ရယ်လေသည်။

 

“ကျွန်မက ကဝေတစ်ယောက်ပါနော်။ကဝေတွေတွေက မကောင်းတဲ့အရာတွေကို မမုန်းတီးပါဘူး။ကျွန်မတို့ရဲ့ ကျင့်ကြံနည်းက လူအများစုနဲ့ မတူရုံပါပဲ။”

ဝူမြောင်မြောင်က ဆက်ရှင်းပြလေသည်။

“မိစ္ဆာစွမ်းမျိုးက ကျွန်မတို့ရဲ့ စိတ်ဝိညာဉ်ကို လေ့ကျင့်တဲ့အခါမှာ တကယ် မြှင့်တင်ပေးနိုင်တယ်။”

 

“တစ်နည်းပြောရရင်တော့ ငါက မင်းအနားမှာ ရှိနေရင် မင်းရဲ့ စိတ်ဝိညာဉ်လေ့ကျင့်ရေးကို မြှင့်တင်ပေးနိုင်တယ်မလား။”

ကျိလန် သူမဆီမှ အတည်ပြုပေးမှုကို ရှာဖွေကြည့်လေသည်။

ဝူမြောင်မြောင်က ခေါင်းညိတ်ပြလေသည်။ကဝေတွေက သူတို့သဘာဝအရကို အနက်ရောင်စွမ်းအားများကို သဘောကျကြသည်။အိမ်မက်ဆိုးအရှင်ဖြစ်သည့် ကျိလန်ကတော့ အနက်ရောင် စွမ်းအားများကို အိပ်မက်ထဲကနေ စုပ်ယူနိုင်သည့် မွေးရာပါခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် ကျိလန်၏ခွင့်ပြုချက်မရှိလျှင် သူ၏အနက်ရောင်စွမ်းအားများကို သူမ သုံးနိုင်မှာမဟုတ်ပေ။ဒါပေမယ့် ကျိလန်နှင့် နေ့တိုင်း အတူတူနေနေရတော့ နည်းနည်းတော့ ရနိုင်သေးသည်။

 

*ငါ သဘောပေါက်သွားပြီ။*

 

ဝူမြောင်မြောင် သူ့ဆီ ချဉ်းကပ်ရတဲ့ အကြောင်းရင်းကို ကျိလန် နောက်ဆုံးတော့ နားလည်သွားပါသည်။သူ့ထံ ချဉ်းကပ်လာသော သရဲတစ္ဆေများကဲ့သို့ပင် သူတို့၏ စွမ်းအားများကို မြှင့်တင်ရန် အကျိုးရှိရှိ အသုံးပြုလိုသောကြောင့်ပင်။ဒါပေမယ့်လည်း တစ်ဖက်လူရဲ့ ရည်ရွယ်ချက်အမှန်တွေကို သိတာက အသေးစိတ်ကို မသိတာထက်တော့ ပိုကောင်းပါသေးသည်။

 

“ဒါဆိုရင် ငါတို့က အချင်းချင်း အပြန်အလှန်ကူညီရမယ်ပေါ့။”

ကျိလန်က‌ မေးလိုက်လေသည်။

 

“ရှန်ကုန်း ကျွန်မ ရှင့်အတွက် လုပ်ပေးနိုင်တာ တစ်ခုခုရှိလား။ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ။”

ဝူမြောင်မြောင်က ရက်ရောစွာ ပြောလိုက်သည်။

 

“မ​နေ့က...မင်းငါ့ကို အိပ်​​ပျော်​​အောင် ​ဘယ်လို​နည်း​တွေသုံးခဲ့တာလဲ။”

ဝူမြောင်မြောင် သူ့ဆီက တစ်ခုခု လိုချင်နေမှန်းသိလို့ ကျိလန်လည်း တည့်တိုးမေးချလိုက်လေသည်။

 

“မနေ့က ကျွန်မ ရှင့်ကို အိပ်ပျော်အောင် လုပ်လိုက်မိလို့လား။ရှင် ထက်စောပြီး အိပ်သွားတာကို ကျွန်မမှတ်မိပါတယ်။”

ဝူမြောင်မြောင်သည် ခဏတာ ပဟေဋိဖြစ်သွားလေသည်။

*မနေ့က သူမ အရမ်းအိပ်ချင်လို့ ဘာမှ မမှတ်မိတော့တာလား။*

 

“အဟမ်း...”

ကျိလန်မှာ မိမိက တစ်ဖက်လူရဲ့ အိပ်မက်ထဲကို ခိုးဝင်ဖို့ ညသန်းခေါင်မှာ တိတ်တိတ်လေး စာကြည့်ခန်းထဲကို ဝင်လာခဲ့မိတယ်လို့ ဝန်ခံရမှာ အတော်လေး ရှက်နေမိသည်။

“ငါက အိမ်မက်ဆိုးအရျင်လေ။အဲ့ဒီတော့ တခြားသူတွေရဲ့ အိပ်မက်တွေထဲကို ငါလည်း ဝင်ချင်လို့မဟုတ်ဘဲ ရောက်သွားတတ်တယ်။မနေ့ညက တစ်စုံတစ်ယောက်ရဲ့ အိပ်မက်ထဲကို ဝင်ချင်ခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက်ကြီး အိပ်ပျော်သွားတယ်လေ။”

 

“အဲ့ဒီလိုလား။ကျွန်မသိပြီ။”

ဝူမြောင်မြောင်က သူ့အိတ်ထဲက အရုပ်လေးကို ထုတ်လိုက်ပြီး  ကျိလန်၏မျှော်လင့်ချက်အပြည့်နှင့် မျက်လုံးများကို လှမ်းကြည့်လိုက်လေသည်။ဒီအရုပ်က ခုနက ပေဖန်းကို ပေးခဲ့တဲ့ အရုပ်ထက် နည်းနည်းပိုကြီးပြီး ပိုသေသပ်တဲ့ အရုပ်တစ်ရုပ်ဖြစ်လေသည်။

“ထင်တဲ့အတိုင်းပဲ။သူအများကြီး စားလိုက်ပြီပဲ။”

 

“အဲ့ဒါက ဘာလဲ။”

သူ သိချင်မိသည်။

“ဒါလား?”

ကျိလန် မေးလိုက်သည်။

 

“ဒါက ကျိန်စာတိုက်တဲ့အရုပ်ပါ။”

ဝူမြောင်မြောင်က အရုပ်လေးကို ကျိလန်နှင့် မိတ်ဆက်ပေးလေသည်။

“ဒီလိုအရုပ်မျိုးက အမှောင်စွမ်းအားတွေ ဝါးမြိုရတာ ကြိုက်တယ်။မနေ့က ရှင်အိပ်ပျော်သွားတော့ ရှင့်ရဲ့အစွမ်းတွေက စိမ့်ထွက်လာတာနေမယ်။ကျွန်မ အခန်းနားကို ရှင် မတော်တဆ ဖြတ်သွားတဲ့အချိန်မှာ ကျိန်စာတိုက်တဲ့အရုပ်က ရှင်က ကျွန်မကို ထိခိုက်အောင် လုပ်မယ်ထင်ပြီး ရှင့်ရဲ့စွမ်းအားတွေကို ဝါးမျိုလိုက်တာဖြစ်မယ်။”

 

ကျိလန် တိတ်ဆိတ်သွားလေသည်။

*ညက ငါ ဖြတ်သွားတာ မဟုတ်ပါဘူး။*

 

ကျိလန်သည် လက်ရာသေသပ်သော ကျိန်စာတိုက်သည့်အရုပ်က စကားပြောနိုင်ပြီး အမှန်တိုင်း ပြောလာမှာကို ကြောက်ရွံ့ကာ လိပ်ပြာမလုံသလို ဝေးဝေးကို သွားလေသည်။

 

“ဒါဆို မင်းငါ့ကို ဒီလိုအရုပ်တစ်ရုပ်ပေးလို့ရမလား။”

သူ့မှာ  ဒီလိုကျိန်စာတိုက်သည့် အရုပ်မျိုး ရှိလျှင် အိပ်မက်တွေ မမက်တော့ဘဲ နေ့တိုင်း မိုးလင်းတဲ့အထိ အိပ်နိုင်လောက်သည်။

 

“မရလောက်ဘူး။ကျိန်စာအရုပ်က ကျွန်မတစ်ယောက်ပဲ သုံးလို့ရတာ။တခြားသူတွေက သုံးရင်  ကံမကောင်းဘဲ ကျိန်စာတိုက်ခံရလိမ့်မယ်။”

ဝူမြောင်မြောင်က သူ၏တောင်းဆိုမှုကို ငြင်းဆန်လေသည်။

 

ကျိလန် သူ့နှုတ်ခမ်းများကို စူလိုက်သည်။

*ဒီလိုဆို အနာဂတ်မှာ သူကောင်းကောင်းအိပ်ချင်တိုင်း ဝူမြောင်မြောင်ရဲ့အခန်းနားကို ဖြတ်သွားရမှာလား။ မဖြစ်နိုင်ဘူးဆိုပေမယ့် အကြိမ်ပေါင်းများစွာ ဖြတ်သွားမိရင်တော့ တဖြည်းဖြည်းနှင့် အမှန်တိုင်း ပေါ်သွားနိုင်သည်။

 

“ငါ့ရဲ့အစွမ်းက မင်းရဲ့စိတ်ဝိညာဉ်စွမ်းအား လေ့ကျင့်ဖို့ ကူညီပေးနိုင်တယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား။ ပြီးတော့ ဒီကျိန်စာအရုပ်က ငါ့ရဲ့စွမ်းအားတွေကို စုပ်ယူသွားတယ်ဆိုရင် မင်းအတွက် အကျိုးရှိတယ်မလား။”

ကျိလန်က ထပ်မေးလေသည်။

 

“တကယ်တော့ ကျိန်စာရုပ်က စုပ်ယူထားတဲ့ စွမ်းအားက ငါ့အတွက် အသုံးဝင်ပါတယ်။”

ဝူမြောင်မြောင် ခေါင်းညိတ်လိုက်သည်။

 

“ဒါဆို မင်းရဲ့စိတ်ဝိညာဉ်စွမ်းးအားတိုးတက်လာအောင် ကျိန်စာတိုက်တိုက်တဲ့အရုပ်လေးကို ငါ့ရဲ့အစွမ်းတွေ ညတိုင်း စုပ်ယူခွင့်ပေးလိုက်ပါလား။”

ကျိလန်က သူမကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားလေသည်။

 

“ရှန်ကုန်း ရှင်က ကျွန်မအပေါ် အရမ်းကောင်းပေးတာပဲ။”

ဝူမြောင်မြောင်မှာ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

 

သူမကို ဘယ်လိုပဲ ဆက်ဆံပေးပေး သူမအပေါ် ကောင်းပေးသည်ဟု ထင်မြင်နေတာဖြစ်လောက်သည်။ကျိလန်သည် ညကို ကောင်းကောင်း အိပ်ချင်မိတာဖြစ်သည်။အထင်ကြီးလေးစားဖွယ်ကောင်းသည့်အခွင့်အရေးကို သူ ရယူတော့မည့်အချိန်တွင် ဝူမြောင်မြောင်က စိတ်မကောင်းစွာ ခေါင်းခါပြလေသည်။

 

“အဲ့ဒီလိုလုပ်ဖို့က မဖြစ်နိုင်လောက်ဘူး။”

 

*ဘယ်လို?!*

 

“ဘာလို့မဖြစ်နိုင်ရတာလဲ။”

ကျိလန် အနည်းငယ် စိုးရိမ်နေမိသည်။

 

“ဘာလို့လဲဆို​တော့ ကျွန်မရဲ့လက်ရှိခွန်အားက အကန့်အသတ်​ရှိတယ်လေ။ကျွန်မရဲ့လေ့ကျင့်နိုင်စွမ်းက ကျွန်မ လုပ်နိုင်​သ​လောက်​ပဲ လေ့ကျင့်လို့ရမှာ​။စွမ်းအား​တွေ အရမ်းစုပ်​ယူမိပြီး အစာမချေနိုင်ရင် ကျွန်မရဲ့ကျင့်စဉ်တွေ ဖောက်ပြန်ကုန်လိမ့်မယ်။”

ဝူမြောင်မြောင်က ရှင်းပြလေသည်။

 

*ခလွမ်း*

 

ကျိလန် သူ့မျှော်လင့်ချက်တွေ ကွဲအက်သွားသံကိုတောင် ကြားလိုက်ရသည်။

 

 “ဒါဆို….ငါ့ရဲ့အမှောင်စွမ်းအားတွေကို ဘယ်နှစ်ကြိမ်လောက် စုပ်ယူနိုင်လဲ။”

 

ကျိလန် ဆိုလိုသည်မှာ သူမလိုအပ်နေသည့်အချိန်တိုင်း ကျိလန်သည် သူမအား စိတ်ဝိညာဉ်စွမ်းအားကို အချိန်မရွေး ဖြည့်ဆည်းပေးရန် ဆန္ဒရှိတယ်လို့ ဆိုလိုနေတာပင်။ဝူမြောင်မြောင်သည် ပို၍ပင် တုန်လှုပ်သွားလေသည်။

“ရှန်ကုန်းရယ် တကယ်ဆို ရှင်ကျွန်မအတွက် ဒီလိုတွေ လုပ်ပေးဖို့မလိုပါဘူး။ကျွန်မရဲ့ ကျင့်ကြံရေးစွမ်းအားတိုးအောင် ကျွန်မဘာသာ နည်းလမ်းရှာနိုင်ပါတယ်။ပြီးတော့ အရမ်းကြီး စွမ်းအားကြီးတဲ့ ကဝေမျိုးလည်း မဖြစ်ချင်ပါဘူး။အဲ့ဒီလောက်  စွမ်းအားတွေလည်း အများကြီး မလိုအပ်ပါဘူး။”

 

*မင်းဘာမင်း  စွမ်းအားကြီးတဲ့ ကဝေဖြစ်ဖြစ်၊မဖြစ်ဖြစ် ငါ စိတ်မဝင်စားပါဘူး။ငါက အိပ်ပျော်ချင်မိတာပါ။*

 

“ငါ မင်းကို ကောင်းကောင်း ဆက်ဆံပေးချင်တယ်လေ။လက်ခံလိုက်ပါ။ကောင်းစေချင်လို့ပြောတာကို မငြင်းပယ်ပါနဲ့။”

ကျိလန်က အတင်းတောင်းဆိုလေသည်။

 

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ တစ်စုံတစ်ယောက် လမ်းလျှောက်သွားသကဲ့သို့ ထူးဆန်းသောအသံတစ်ခုထွက်ပေါ်လာလေသည်။ကျိလန် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ဘယ်သူလဲ!”

 

“ဘော့စ် ကျွန်တော်ပါ။”

တုန်ရုန်းယွမ် တံခါးကို ခေါက်လိုက်သည်။သစ်သီးဖျော်ရည်ပါသည့် ဖန်ခွက်ကို လင်ဗန်းနှင့် သယ်လာခဲ့သည်။ စိတ်ရှုပ်ထွေးနေသော အမူအရာနှင့်

“ကျွန်တော် ဒီကို...... သစ်သီးဖျော်ရည် လာပို့ပေးတာပါ။သူဌေးကတော် လိမ္မော်ဖျော်ရည်ဆို အဆင်ပြေတယ်မလား။”

 

“ဟုတ်ကဲ့။ကျေးဇူးတင်ပါတယ်။”

ဝူမြောင်မြောင် လိမ္မော်ရည်ကို ယူလိုက်သည်။

 

“ ရပါတယ်။ရပါတယ်။ကျွန်တော် အရင် သွားနှင့်တော့မယ်နော်။ဘော့စ်တို့တွေ စကားဆက်ပြောကြပါ။“

တုန်ရုန်းယွမ်သည် အခန်းထဲမှ ထိတ်လန့်တကြား ထွက်သွားပြီး အောက်ထပ်သို့ ပြေးဆင်းလေသည်။ရှန်ကျွင်းယီနှင့် ယီကွမ်တို့ကို မြင်လိုက်ရသည်နှင့် ယခုလေးတင် သူ ကြားလိုက်ရသော အရာများကို အိုက်တင်အပြည့်နှင့် ပုံကြီးချဲ့ပြောနေလေသည်။

 

  “တံခါးနားကနေ ငါ ဘာကြားခဲ့လဲဆိုတာ မှန်းကြည့်ကြ။”

 

“ဘာလဲ?!”

နှစ်ယောက်သား တစ်ပြိုင်နက်တည်း ပြောလိုက်ကြလေသည်။

 

“ငါတို့ဘော့စ်က သူဌေးကတော်ကိုပြောတယ်။ ငါ မင်းကို ကောင်းကောင်း ဆက်ဆံပေးချင်တယ်လေ။လက်ခံလိုက်ပါ။ကောင်းစေချင်လို့ပြောတာကို မငြင်းပယ်ပါနဲ့တဲ့။”

တုန်ရုန်းယွမ်က ကျိလန်၏ လေသံကိုပါ အတုခိုး၍ ပြည့်ပြည့်စုံစုံ ပြန်ရွတ်ပြလေသည်။

 

“ဝိုး….ဒါဆို အဲဒီကောင်မလေးက တကယ်ပဲ ငါတို့ရဲ့သူဌေးကတော်လား။”

 

“ဘာလို့ မဖြစ်နိုင်ရမှာလဲ။သူက ငါတို့ဘော့စ်ကို ရှန်ကုန်းလို့တောင် တိုက်ရိုက်ခေါ်လိုက်တာ၊ဘော့စ်က ငြင်းလိုက်တာ မင်းတွေ့လို့လား။”

 

“ဒါပေမယ့် ငါတော့ မထင်ဘူးနော်။ငါတို့ရဲ့ဘော့စ်က ဝမ်းနည်းထိတ်လန့်စရာတွေ ရေးတဲ့ စာရေးဆရာလေ။တကယ်က လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ စီအီးအိုဆိုလည်း ဟုတ်တယ်လေ။အရမ်း စိတ်ပျက်စရာကောင်းတာလေ။စိတ်ပျက်စရာလေ။”

 

“မင်းက သူ့ကို ကြောက်စရာကောင်းတဲ့ ပုံစံမျိုးလို့ ပြောချင်တာလား။ဒါဆို ငါတို့မှာ သူဌေးကတော် တစ်ယောက် ရှိနိုင်ပါ့မလား။”

 

“ဟုတ်တယ်လေ။”

 

တုန်ရုန်းယွမ်သည် ရင်ခွင်ထဲတွင် ခေါင်းအုံးတစ်လုံးကိုဖက်၍ ဆိုဖာပေါ်တွင် လှဲအိပ်ကာ ဟောက်သံထွက်နေသော ပေဖန်းကို ကြည့်ပြီး ပြောလိုက်လေသည်။

 “ရှောင်ပေက တကယ်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပဲ။”

 

“အခုအချိန်က အိပ်မက်ကောင်းမက်နေတာပဲဖြစ်မယ်။အခုလေးတင် ခဏခဏ ရယ်နေတာကို ငါတို့ ကြားလိုက်ရတယ်။”

ရှန်ကျွင်းယီက ပြောလေသည်။

“စဉ်းစားကြည့်မှ  သူဌေးကတော်ဆီက အိမ်မက်ကောင်းစေတဲ့ အရုပ်လေးက တော်တော်ထိရောက်မှုရှိတာပဲ။”

 

“ဒါကြောင့် သိပ္ပံခေတ်ကြီးထဲမှာတောင် ဘုရားကျောင်းက အမွှေးတိုင်တွေကို သုံးနေကြတာကိုး။လူတွေက ယုံကြည်မှုနဲ့ လှပတဲ့ စိတ်ပိုင်းဆိုင်ရာ အရိပ်အမြွက်တွေ လိုအပ်နေသေးလို့ ရှေ့ဖြစ်ဟောတဲ့ ဗေဒင်ဆရာတွေလည်း ရှိနေတုန်းပဲလေ။”

ယီကွမ်က ပြောလေသည်။

 

“ဒါပေမယ့် အချိန်ကိုက် တိုက်ဆိုင်မှုတွေလည်း တစ်သီကြီး ရှိသေးတာပဲလေ။သူဌေးကတော်ဆီမှာ အိမ်မက်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ အရုပ်မျိုး ရှိနေတဲ့အချိန်မှာမှ ပေဖန်းက အိမ်မက်ဆိုးလာမက်တာလေ။ပြီးတော တိုင်းရင်းသားလူနည်းစုတွေရဲ့ ပြောမပြတတ်တဲ့ လက္ခဏာမျိုးနေမှာပေါ့။”

*တကယ်ပဲ တိုက်ဆိုင်တာနေမှာပါ။*

အိမ်မက်ကောင်းစေတဲ့အရုပ်ဆိုမှ လေးလေးနက်နက်တွေးပြီး ဆိုဖာရှေ့တွင် ဆောင့်ကြောင့်ထိုင်ပြီး ပေဖန်းအကြာကြီးကိုင်ထားသည့်အိမ်မက်ကောင်းစေသည့်အရုပ်လေးကို ကြည့်ကာ ဓာတ်ပုံအနည်းငယ် ရိုက်လိုက်လေသည်။

 

….

 

အခန်း ၈ ။ ကျွန်မရဲ့ရှန်ကုန်းက သိပ်ကို အရည်အချင်းရှိတာပဲ

 

လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ စီအီးအိုစတိုင်က ဟောင်းနေပေမယ့် တကယ်တော့ ဒီလိုအနေခြအနေမှာ အသုံးဝင်နေသေးသည်။ဝူမြောင်မြောင်သည် သူပြောလိုက်သော စကားကိုကြားပြီးနောက် မငြင်းဘဲ ဝမ်းသာအားရဖြင့် သဘောတူလက်ခံလိုက်လေသည်။

“တကယ်တော့ ရှင့်ရဲ့အမှောင်စွမ်းအားတွေကို တစ်ပတ်တစ်ခါတော့ စုပ်ယူလိုရပါတယ်။”

*တစ်ပတ်တစ်ခါ…ဆိုလိုတာက တစ်ပတ်မှာ တစ်ကြိမ်ဆို တစ်လကို လေးကြိမ်လောက် အေးအေးချမ်းချမ်း အိပ်လိုရတယ်လို့ ပြောတာမလား။*

 

တစ်နှစ်ပတ်လုံး အိပ်မပျော်နိုင်သည့်ရောဂါကို ခံစားနေခဲ့ရသော ကျိလန်သည် အမြဲတမ်း ပြိုလဲလုနီးပါးဖြစ်ခဲ့ရသည်။နောက်ဆုံးတွင် ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲကာ ရူးသွပ်သွားနိုင်သည်မှာ အသေအချာပင်။ရုပ်လွန်ပညာကျင့်ကြံသူတွေကလည်း အမြဲပြောကြသည်။သူသာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ရင် ကမ္ဘာကြီးတစ်ခုလုံး အန္တရာယ်ဖြစ်လိမ့်မည်ဟု ပြောကြသည်။ဤလောကတွင် သူ၏ဖြစ်တည်မှုက အလကားလူတစ်ယောက်ပဲဟု အမြဲခံစားခဲ့ရသည်။အသက်ဆက်ရှင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားမိခြင်းက လူတိုင်းကို ဆန့်ကျင်ရာကျနေလေသည်။သူ၏အစွမ်းများ မရှိတော့ရင်တောင် ကမ္ဘာကြီးကို အန္တရာယ်ဖြစ်စေနိုင်ဦးမှာဖြစ်သည်။

 

သို့သော် သူသည် ကမ္ဘာကြီးကို ကယ်တင်ချင်သောကြောင့်မဟုတ်ဘဲ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့သည့် ခံစားချက်မျိုးကို မကြိုက်သဖြင့် သူ့ကိုယ်သူ အကောင်းဆုံး ကြိုးစားပြီး ရုန်းကန်နေတာဖြစ်သည်။

 

*မနေ့ညက အတော်လေး အံ့သြဖို့ကောင်းတယ်။အရင်က အခုလို တစ်ခါမှ မခံစားဖူးခဲ့ဘူး။ဘဝမှာ သူတောင့်တနေတဲ့အရာက တစ်လကို လေးကြိမ်တည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ရရင်တောင် အေးချမ်းတဲ့ အိပ်စက်ခြင်းကိုပဲ တောင့်တနေတာပါ။*

 

ဒါကြောင့်မို့ ဝူမြောင်မြောင်ကို နည်းနည်းလေး ပိုစိတ်ရှည်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

 

“ငါအလုပ် စလုပ်တော့မယ်။မင်း ဒီမှာပဲ နေချင်လား။ဒါမှမဟုတ် နောက်ထပ်ပစ္စည်းတွေသွားဝယ်ချင်သေးလား။”

 ကျိလန်က ယောင်ယောင်လေး ပြုံးပြလိုက်သည် ။

 

“ကျွန်မ ဒီမှာပဲ နေလိုက်ပါ့မယ်။”

ထုံးစံအတိုင်း သူမ၏ထိပ်တန်းဦးစားပေးဖြစ်သော သူမနှင့် သူမခင်ပွန်းလောင်းကြားက သံယောဇဉ်ကြိုးကို ပိုပြီးခိုင်မာချင်တာကြောင့် သူမဖုန်းထဲမှာ ရှိသမျှပိုက်ဆံကို ချက်ချင်း ဈေးဝယ်ပစ်လို့ မဖြစ်သေးပေ။

 

ကျိလန် မျက်မှောင်ကြုတ်လိုက်သည်။တခြားလူတစ်ယောက်နဲ့ အခန်းထဲမှာ အကြာကြီး မနေဖူးတာကြောင့်  ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်သည်။

“ဒါဆို အောက်ထပ်ကို ဝတ္ထုဖတ်ဖို့ သွားချင်လား။”

“ဝတ္ထုတွေ??”

 

“အင်း ငါရေးထားတာတွေလေ။မင်းဖတ်ချင်လား။”

ကျိလန် မေးလိုက်သည်။

 

“ဖတ်ချင်ပါတယ်။”

ဝူမြောင်မြောင်၏ မျက်လုံးများ တောက်ပသွားလေသည်။သူမ၏ခင်ပွန်းလောင်းသည် အတော်လေး အရည်အချင်းရှိလောက်မည်ဟု သူမ မျှော်လင့်မထားခဲ့ပါ။

 

“ငါ မင်းကို လိုက်ပို့မယ်။”

 

ကျိလန်သည်  ဝူမြောင်မြောင်ကို အောက်ထပ်သို့ ခေါ်ဆောင်လာပြီး ပင်မရုံးခန်းဧရိယာကို ဖြတ်သွားသောအခါ ရုတ်တရက် ရပ်သွားလေသည်။ထိုအချိန်တွင် မျှော်လင့်မထားသည့် အသံနှစ်သံ ထွက်ပေါ်လာသည်။

 

“သူဌေးကတော်က အရမ်းငယ်သေးတယ်နော်။အသက်ကော ပြည့်ရဲ့လားမသိဘူး။”

 

“သူဌေးကတော်က ဘော့စ်ကို ရှန်ကုန်းလို့တောင် ခေါ်လိုက်သေးတယ်။ဘော့စ်ကတော့ သေချာပေါက် ကလိကလိဖြစ်နေလောက်မှာ။”

 

ကျိလန်က မျက်မှောင်ကြုတ်ပြီး သူတို့၏စားပွဲတွင် ကိုယ်စီ အလုပ်လုပ်နေသော ဝန်ထမ်း သုံးယောက်ကို စိုက်ကြည့်လိုက်သည်။သူ့စိတ်ထဲမှ အသံများလည်း ချက်ချင်း ပျောက်သွားလေသည်။ထိုအသံနှစ်​သံအနက် ​တစ်​ယောက်မှာ ယီကွမ်ဖြစ်ပြီး ကျန်တစ်ယောက်မှာ ရှန်ကျွင်းယီဖြစ်သည်။နှစ်ယောက်သား အိပ်မပျော်ကြသေးသလို အိပ်မက်မက်နေတာလည်း မဟုတ်ကြပေ။

*သူတို့ စိတ်ထဲမှာ တွေးနေတာတွေကို ဘာလို့ ကြားနေရတာလဲ။

ငါ့ရဲ့ အစွမ်းတွေ ထပ်ပြီး တိုးလာတာလား။*

 

ကျိလန်သည် အိပ်မက်ဆိုးအရှင်တစ်ယောက်ဖြစ်သောကြောင့် သူ၏အစွမ်းများသည် လူသားများ၏ အိပ်မက်များတည်ရှိမှုအပေါ် အခြေခံထားခြင်းဖြစ်သည်။ဆိုလိုသည်မှာ လူတွေ အိပ်ပျော်ပြီးနောက်မှ သူက အိပ်မက်ထဲသို့ ဝင်ရောက်နိုင်တာကို ဆိုလိုတာဖြစ်သည်။သို့သော် ကျိလန်အရွယ်ရောက်လာသည်နှင့်အမျှ သူ၏အစွမ်းများလည်း အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ဥပမာ- သူသည် သုံးရက်အတွင်း တစ်စုံတစ်ယောက်၏ အိပ်မက်သို့ ရောက်ခဲ့လျှင် ထိုလူကို လက်တွေ့ဘဝတွင် ပြန်တွေ့ရတတ်သည်။ထိုသို့ တွေ့ဆုံမိပါက ထိုလူက အိပ်မပျော်နေရင်တောင် သူတို့၏အတွေးများကို ကြားနေရသည်။

 

သို့သော် သူသည် ယီကွမ်နှင့် ရှန်ကျွင်းယီတို့၏ အိပ်မက်များထဲသို့ တစ်ခါမှ မရောက်ဖူးပေ။

*ဘာလို့ သူတို့ အတွေးတွေကို  ကြားနေရတာလဲ။*

 

“ရှန်ကုန်း…ရှန်ကုန်း…”

 

“ဟင်? ဘာဖြစ်လို့လဲ။”

ကျိလန် အသိပြန်ဝင်လာသောအခါ ဝူမြောင်မြောင်က သူ့အင်္ကျီလက်ကို ဆွဲထားသည်ကို သတိပြုမိလိုက်သည်။

 

“ဘာလို့ လမ်းဆက်မလျှောက်တော့တာလဲ။”

ဝူမြောင်မြောင် မေးလိုက်သည်။

 

“ဘာမှမဖြစ်ပါဘူး။ဟိုကို သွားလိုက်နော်။”

ကျိလန်သည် စိတ်အေးအေးထားလိုက်ပြီး ဝူမြောင်မြောင်ကို စတူဒီယိုထောင့်ရှိ စာအုပ်စင်ဆီသို့  ခေါ်သွားလေသည်။

 

စာရေးဆရာအများစုသည် ဝတ္ထုတစ်ပုဒ်ပြီးသွားသောအခါ အသစ်ရေးဖို့အတွက် ကုန်ကြမ်းအသစ်များကို ဆက်ရှာရသည်။ဖန်တီးနိုင်စွမ်းများ ပြန်လည်ရရှိအောင် အချိန်ခဏလောက်  အားပြန်ဖြည့်ကြရသည်။သို့သော် ကျိလန်ကတော့ ဒီပြဿနာ လုံးဝမရှိခဲ့ပေ။လူ့အဖွဲ့အစည်းတွင် တည်ရှိနေသော အမှောင်ဘက်ခြမ်းနှင့် အိပ်မက်ဆိုးများသည် အလွန်ရှုပ်ထွေးပြီး စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် များပြားလွန်းလှသည်။ထိုအရာများသည် သူ့အတွက် အဆုံးအစမရှိ ရနေသောကြောင့် သူ့ဘက်က ရေးနိုင်သမျှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ရေးသားနိုင်ခဲ့သည်။ဇာတ်လမ်းများသည် ပြတ်လပ်သွားသည်ဟု မရှိပေ။

 

နောက်ပိုင်းတွင် တဖြည်းဖြည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့သည်။အိမ်မက်ဆိုးများထဲသို့ အတင်းအကြပ်ဆွဲသွင်းခံရမှသာ ထိန်းချုပ်မှု ဆုံးရှုံးသွားတတ်သည်။ထိုအခါတွင်  ဝတ္ထုအရေအတွက် လျော့နည်းသွားတတ်သည်။ဒါပေမယ့် တစ်နှစ်ကို စာအုပ် ခုနစ်အုပ်၊ရှစ်အုပ်လောက်တော့ ရေးသားနိုင်ဆဲဖြစ်သည်။ရလဒ်အနေဖြင့် နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ဘာသာစကားအမျိုးမျိုးနှင့် ဖောင့်အမျိုးမျိုး ထုတ်ဝေနိုင်ခဲ့သည်။ထို့ကြောင့် သူ၏ဝတ္ထုများသည် စာအုပ်စင်တစ်ခုလုံး ပြည့်လာခဲ့သည်။

 

“ဒါတွေအားလုံးကို ရှင်ရေးခဲ့တာလား။”

ဝူမြောင်မြောင်သည် စာအုပ်စင်တစ်ခုလုံးကို ပြည့်နေသည့် စာအုပ်များကြောင့် အံ့အားသင့်သွားလေသည်။ သူမတစ်သက်တာလုံး ဖတ်ဖူးသည့် စာအုပ်များထက်ပင် ပိုများနေသေးသည်။

 

“ဟုတ်တယ်လေ။‌”

ကျိလန်သည် စာအုပ်များစွာကို ရေးဖူးသည်ဟု ဘယ်တုန်းကမှ မခံစားခဲ့ရပါ။ဆန့်ကျင်ဘက်အနေနှင့် သူရေးခဲ့သည့်စာအုပ်များသည် သူဝင်ရောက်ခဲ့ရသည့်အိပ်မက်များ၏ တစ်စိတ်တစ်ဒေသမျှသာဖြစ်သည်။

 

“အများကြီးပဲ…..ဘယ်ဟာကို စဖတ်ရမလဲမသိဘူး။ရှန်ကုန်း အကြံပေးကြည့်ပါလား။”

ဝူမြောင်မြောင်က မေးလိုက်လေသည်။

 

*အကြံပေးရမှာလား။*

ကျိလန်သည် စာအုပ်စင်ကို ကြည့်လိုက်သည်။သူလည်း မည်သည့်စာအုပ်ကို အကြံပေးရမည်ကို မသိပေ။ အင်တာနက်ပေါ်တွင် သူ၏ စာအုပ်များသည် အသက် 18 နှစ်အထက်မှသာ ဖတ်ရှုသင့်သည်ဟု ကန့်သတ်ထားတာဖြစ်သည်။သူ၏ဝတ္ထုအများစုမှာ လူများ၏အကျင့်ပျက်ချစားမှု၊ယုတ်မာမှုများကို  သရုပ်ဖော်ပြထားတာဖြစ်သည်။သို့သော် ဝူမြောင်မြောင်၏ပင်ကိုစိတ်ရင်းက ရိုးသားဖြူစင်ပုံပေါ်သည်။

 

ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျိလန်သည် စိတ်၏လှည့်စားမှုအကြောင်း ရေးထားသည့် စာအုပ်တစ်အုပ်ကိုယူကာ ဝူမြောင်မြောင်ကိုပေးလိုက်သည်။

“ဒီစာအုပ်ကို ဖတ်ကြည့်လိုက်။”

 

ဤဇာတ်လမ်း၏ ဇာတ်ဆောင်သည် အမှန်တကယ် လူသားတစ်ဦးဖြစ်သော်လည်း ကျိလန်သည် ထိုလူသားလုပ်ခဲ့သော အရာများကို ရေးသားထားတာဖြစ်သည်။သို့သော် သဘာဝလွန်အဖြစ် ဇာတ်လမ်းကို လှည့်ထားခဲ့သည်။အဓိကဇာတ်ဆောင်ကို နတ်ဆိုးတစ်ကောင်က ဝင်စီးသွားသည့်ပုံဖော်ထားသောသဘာဝလွန် ဟော်ရာဝတ္ထုမျိုးဖြစ်သည်။

 

မျက်မှောက်ခေတ်တွင် လူအများစုသည် ကမ္ဘာပေါ်တွင် သရဲတစ္ဆေများနှင့် နတ်များ၏တည်ရှိမှုကို  မယုံကြည်ကြသောကြောင့် သူ၏ဇာတ်လမ်းတွင် နတ်ဆိုးအကြောင်းကို မိတ်ဆက်ပေးထားလျှင် စာဖတ်သူ၏ အကြောက်တရားသည် များစွာ လျော့နည်းသွားမည်ဖြစ်သည်။

 

“ကောင်းပါပြီ။”

ဝူမြောင်မြောင်က စာအုပ်ကို ယူကာ စိတ်အားထက်သန်စွာဖြင့် စတင်ဖတ်ရှုလေတော့သည်။

 

ကျိလန်သည်  တစ်ခုခုကို ပြောချင်နေသေးပေမယ့် နှစ်ကြိမ်လောက် တွေးကြည့်ပြီးသောအခါတွင်တော့ ပြောမနေတော့ပေ။သူ၏သရုပ်မှန်ကို  ဝူမြောင်မြောင် အနှေးနဲ့အမြန် သိလာပါလိမ့်မည်။သူ၏ဝတ္ထုများကို ဖျတ်ခနဲလောက်သာ ဖတ်ကြည့်လျှင် ထိုအကြောင်းအရာများမှာ အနုပညာဖန်တီးမှုများသာဖြစ်ကြောင်း ရှင်းပြပြီး သူမကို အကြောက်တရား လျော့နည်းအောင် လုပ်ပေးမိမှာဖြစ်သည်။

 

ထိုအကြောင်းကို တွေးမိပြီး ကျိလန်က ဝူမြောင်မြောင် စာဖတ်နေတာကို မတားတော့ဘဲ အပေါ်ထပ်က သူ့ရုံးခန်းကို ပြန်သွားလေသည်။သူထွက်သွားပြီးနောက်တွင် တုန်ရုန်းယွမ်သည် သူ၏အတင်းပြောဖော် လုပ်ဖော်ကိုင်ဘက်ဆီ ပြန်မသွားခင်တွင် ဝူမြောင်မြောင်ဆီသို့ အလိုက်တသိ လက်ဖက်ရည်နှင့် အဆာပြေမုန့်များ ယူလာပေးလေသည်။

 

“သူဌေးကတော်က ဘော့စ်ရေးတဲ့စာအုပ်ကို တကယ်ပဲ ဖတ်နေတာလား။”

ရှန်ကျွင်းယီက စိတ်အားထက်သန်စွာမေးလိုက်သည်။

 

“အင်း။စာအုပ်တွေအားလုံးထဲကမှ  “ညနတ်ဆိုး”ဆိုတဲ့ စာအုပ်ကို ဖတ်နေတာ။”

 

“အဲ့ဒီဝတ္ထုက အတော်လေးရက်စက်တာကိုလေ။အခုလေးတင် ဘော့စ်ကို စမတ်ကျတယ်၊အချစ်မှာ လွှမ်းမိုးတတ်တဲ့ပုံမျိုးမို့ တော်တယ်ဆိုပြီး ချီးကျူးနေတာလေ။ခဏလည်းနေရော ချက်ချင်းကို ကြောက်စရာကောင်းတဲ့ပုံစံ ပြန်ဖြစ်သွားပြန်ပြီ။”

ယီကွမ်၏မျက်နှာထက်တွင် စိတ်ပျက်နေပုံက အထင်းသားပေါ်နေသည်။

“ညနတ်ဆိုးဇာတ်လမ်းက နတ်ဆိုးနဲ့ စာချုပ်ချုပ်ပြီး ကလေးတွေကို ပြန်ပေးဆွဲရတာ ကြိုက်နေတဲ့ အရူးအကြောင်းမလား။အဲဒီဇာတ်လမ်းထဲမှာ ကလေးတွေကို ပြန်ပေးဆွဲတဲ့အချိန်မှာ နတ်ဆိုးရဲ့အတွေးတွေ ခံစားချက်တွေက အရမ်းကို လက်တွေ့ဆန်ဆန် ရေးထားတာလေ။ငါတောင် ဖတ်နေရင်း သွေးတွေအေးခဲသွားသလို ခံစားခဲ့ရတာ။”

 

“ဘော့စ်က သူ့အရည်အချင်းတွေကို သူဌေးကတော်ရှေ့မှာ ပြချင်နေတာ ဖြစ်နိုင်တယ်။”

ရှန်ကျွင်းယီကတော့ အထင်မြင်တစ်မျိုး မြင်လေသည်။

 

“လူတွေကို ကြောက်အောင် လုပ်တဲ့နေရာမှာ ဆရာကြီးလေ ဘော့စ်က။”

ယီကွမ်က ညည်းညူလိုက်သည်။

“အမှန်ပြောရရင် ငါဒီကိုအင်တာဗျူး လာမဖြေခင်က တရားမဝင်ဗေဒင်ဆရာဆီ သွားဖူးတယ်။ဗေဒင်ဆရာက ငါ့ရဲ့ဇာတာက အရမ်းကို ကြံ့ခိုင်တယ်လို့ ပြောတော့မှ ဒီကိုလာဝံ့တာ။”

 

“မင်းရဲ့ ဇာတာက တကယ်ကို အကြမ်းခံတဲ့သူပဲလေ။”

တုန်ရုန်းယွမ်က သူပါ ထောက်ခံလိုက်သည်။

 

“မဟုတ်ဘူးလား။”

ယီကွမ်က ဂုဏ်ယူဝံ့ကြွားစွာ မေးမော့လိုက်လေသည်။

 

“ဘာတွေ ဂုဏ်ယူနေတာလဲ။အကြမ်းခံနိုင်တဲ့ ဇာတာရှိတာ ကောင်းတယ်ထင်နေတာလား။ရှေးခေတ်တုန်းကဆို အဲ့ဒီလိုဇာတာရှိတဲ့သူတွေဟာ များသောအားဖြင့် မိဘမဲ့တွေပဲရှိတာ။”

ရှန်ကျွင်းယီ စိတ်အနှောင့်အယှက်ဖြစ်စွာ ပြောလိုက်သည်။

 

“ငါလည်း အစက မိဘမဲ့လေ။”

ယီကွမ်က ဘာမှမဖြစ်သလို ပြောလိုက်သည်။

 

နှစ်ယောက်သား ဆွံ့အသွားကြသည်။ယီကွမ်၏ ကလေးမျက်နှာကို ကြည့်ပြီး ရုတ်တရတ် မိဘမဲ့ဖြစ်ကြောင်း ထုတ်ပြောလာသည်အား စာနာပေးရမလား ဆက်ပြီးပဲ စနောက်ရမလားဆိုတာ သူတို့ မသိကြတော့ပေ။

 

ကျိလန်၏ဝတ္ထုများသည် အလွန်ထိရှလွယ်သောကြောင့် တရုတ်နိုင်ငံတွင် ဝတ္ထုပုံစံဖြင့်သာ အတွဲလိုက်ထုတ်ဝေနိုင်သော်လည်း ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမူပိုင်ခွင့်များမှာ ရောင်းအားမကောင်းပေ။ ဆန့်ကျင်ဘက်အနေနှင့် နိုင်ငံခြားမှာတော့ အတော်လေး နာမည်ကြီးသည်။သူ၏ပထမဆုံးစာအုပ်ဖြစ်သော “ရာဇဝတ်မှုမှတ်တမ်းများ”ဟူသော ဝတ္ထုကို ကိုရီးယားထုတ်လုပ်ရေးကုမ္ပဏီက ဝယ်ယူခဲ့ပြီး တစ်နှစ်တာ၏အကောင်းဆုံး သည်းထိတ်ရင်ဖိုရုပ်ရှင်ဆုကိုတောင် ရရှိခဲ့သည်။

 

သို့သော် ဇာတ်လမ်းထွက်လာပြီးနောက်တွင် ကျိလန်သည် ဇာတ်လမ်းကို တည်းဖြတ်ထားသော အပြောင်းအလဲအချို့ကြောင့် မကျေနပ်ခဲ့ပါ။ထိုအချိန်မှစ၍ သူ၏ဝတ္ထုများကို ရုပ်ရှင် ဇာတ်ညွှန်းအဖြစ် တိုက်ရိုက်ပြောင်းလဲ ရေးသားပြီးမှသာ ရောင်းချခဲ့သည်။စာချုပ်တွင် ခွင့်ပြုချက်မရှိဘဲ ဝယ်ယူသူမှ ၎င်းကို ပြောင်းလဲပြုပြင်လို့မရကြောင်း သဘောတူညီချက်ထည့်ရေးထားလေသည်။

 

လွန်ခဲ့သည့်တစ်လက စတူဒီယိုသည် ဇာတ်ညွှန်းတစ်ခုကို ရောင်းချခဲ့ပြီး တစ်ဖက်လူနှင့် သဘောတူထားသည့် ပေးပို့ချိန်သည် နှစ်ရက်သာလိုတော့သည်။သို့သော် အရင်က သူ၏အစွမ်းများကို ထိန်းမနိုင်သိမ်းမရဖြစ်သွားသောကြောင့် တစ်ပတ်လုံး အလုပ်မလုပ်နိုင်ဘဲ နှောင့်နှေးခဲ့ရသည်။သို့ရာတွင် သူသည် အချိန်ပိုအလုပ်လုပ်ပြီး နောက်ဆုံးစာဖတ်ခြင်းကို ယနေ့တွင် အပြီးသတ်ရန် စီစဉ်ခဲ့သည်။ထိုကြောင့် အလုပ်တွင် နစ်မြောသွားပြီး မည်သူကမှလည်း သူ့ကိုသတိပေးလာခြင်းမရှိသောကြောင့် မကြာမီတွင် ဇာတ်ညွှန်းကို အပြီးသတ် တည်းဖြတ်ပြီးမှသာ ဝူမြောင်မြောင်ကို သတိရတော့သည်။

 

အချိန်က ညနေ ရှစ်နာရီထိုးခါနီးပြီဖြစ်သည်။

 

ကျိလန် မျက်မှောင်ကြုတ်ပြီး ဇာတ်ညွှန်းကို ပုံနှိပ်ဖို့ အာရုံမထားတော့ဘဲ ထပြီး အောက်ထပ်ကို ချက်ချင်း ဆင်းသွားလေသည်။

 

“ဘော့စ်။”

ပေဖန်းတောင် အိပ်ရာ နိုးနေပြီး ကွန်ပျူတာနှင့် အလုပ်လုပ်နေပြီဖြစ်သည်။သူ၏ စိတ်အခြေအနေမှာ ထူးထူးခြားခြား ကောင်းမွန်နေပုံရသည်။

 

“အင်း… တခြားသူတွေကော?”

ကျိလန် မေးလိုက်သည်။

 

“အစ်ကိုတုန်က ရုံးဆင်းသွားပြီ။ရှောင်ကွမ်နဲ့ ကျွင်းယီကလည်း သူတို့ရဲ့ဇာတ်ညွှန်းကို တည်းဖြတ်ပြီးသွားပြီ။ပုံနှိပ်ထားတဲ့ဇာတ်ညွှန်းတွေက ဒီမှာပါ။ကျွန်တော် ပြီးတာနဲ့ ဘော့စ်ဆီကို ပို့ပေးတော့မလို့ပါ။”

 ပေဖန်းက အတိုချုံး ရှင်းပြပါလိုက်သည်။

 

“ဟုတ်လား။”

ကျိလန် ဝတ်ကျေတမ်းကျေ ပြန်ပြောကာ ပေဖန်း၏စကားများကို သေချာနားထောင်မနေပေ။စာအုပ်စင်ဆီသို့ လျှောက်သွားကာ ထိုနေရာတွင် တစ်ယောက်မျှမရှိတော့သည်ကို တွေ့လိုက်ရသည်။

 

“ဝူမြောင်မြောင်က ဘယ်မှာလဲ။”

ကျိလန် မျက်မှောင်ကြုတ်လိုက်သည်။

*သူ့ဝတ္ထုတွေကြောင့် ဒီကောင်မလေး လန့်ပြေးသွားတာလား။*

 

“သူဌေးကတော်က ဘော့စ်အတွက် ညစာ သွားဝယ်ပါတယ်။မကြာခင် ပြန်လာတော့မှာပါ။”

ပေဖန်း ပြန်ပြောလိုက်သည်။

 

“ငါ့အတွက် သွားဝယ်တယ်?”

 

နေ့ခင်းဘက်တွင်ပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်သွားသောကြောင့် ပေဖန်းသည် ဝူမြောင်မြောင်ကို အတော်လေး အထင်ကြီးလေးစားနေလေသည်။

“သူဌေးကတော်က ငယ်သေးတယ်ဆိုပေမယ့် မထင်မှတ်ထားလောက်အောင် လူတွေကို ဂရုစိုက်ပေးတယ်။အစကတော့ အစ်ကိုတုန်က အလုပ်ဆင်းချိန်ရောက်ပြီလို့ ဘော့စ်ကို သတိလာပေးမလို့ပဲ။ဒါပေမဲ့ သူဌေးကတော်က ဘော့စ် အလုပ်လုပ်နေတာ အနှောင့်အယှက်ဖြစ်မှာစိုးလို့ မသွားခိုင်းလိုက်ဘူး။နောက်တော့ နောက်လမ်းက ကောက်ညှင်းကြက်သားက အရသာအရမ်းရှိလို့ ဝယ်ချင်ရင် နှစ်နာရီလောက် တန်းစီစောင့်ရတယ်လို့ ရှောင်ကွမ်ပြောပါတယ်။အဲဒါကိုကြားတော့ သူဌေးကတော်က ချက်ချင်း ပြေးသွားပြီး ပြောတယ်။သူသွားဝယ်လိုက်ဦးမယ်တဲ့။အပြန်ကျ ဘော့စ်နဲ့အတူတူစားမလို့တဲ့။”

 

*သူကိုယ်တိုင်က စားချင်နေလို့နေမှာပါ။အိပ်မက်ထဲမှာတောင် အစားစားတဲ့အကြောင်း မက်သေးတာပဲ။*

ကျိလန် သူ့နာရီကို ကြည့်လိုက်သည်။

“ဒါဆို ပြန်လာသင့်နေပြီလေ။”

 

ထိုသို့ပြောပြီး သူ၏ခြေလှမ်းများက ရုံး၏တံခါးဝသို့ ဦးတည်သွားလေသည်။ထိုအချိန်တွင် ဝူမြောင်မြောင်က ပါဆယ်နှစ်ဘူးသယ်ကာ ပြေးဝင်လာလေသည်။

 

“ရှန်ကုန်း အလုပ်ပြီးသွားပြီလား။”

ဝူမြောင်မြောင် ရုံးထဲသို့ ဝင်လိုက်သည်နှင့် ကျိလန်နှင့် တန်းတွေ့လေသည်။

 

“အင်း။မင်း အစားအသောက်တွေ ဝယ်ခဲ့ပြီလား။”

 

“ဝယ်ခဲ့ပြီ။ကောက်ညှင်းကြက်သားဝယ်ခဲ့တာ။အရမ်းအရသာရှိတယ်လို့ ပြောသံကြားလို့လေ။ကျွန်မ နှစ်ထုပ်ဝယ်လာခဲ့တယ်။မြန်မြန်စားရအောင်။တန်းစီနေရတုန်းတည်းက အနံ့ခံနေရတာ။အခုတော့ ဗိုက်အရမ်း ဆာနေပြီ။”

ဝူမြောင်မြောင်က ပြောပြောဆိုဆိုနှင့် သူ့လက်ထဲသို့ ကြက်သားကောက်ညှင်းကို ထည့်ပေးပြီး သူ့ဘေးရှိ စားပွဲပေါ်၌ လက်ဖက်ရည်ကို  ချပေးကာ ပါဆယ်ထုတ်ထဲက တစ်အိတ်ကို လျင်မြန်စွာ ဆွဲဖြဲလိုက်လေသည်။

“ဟမ်?သူတို့တွေ တူထည့်ပေးဖို့ မေ့နေတာပဲ။”

ဝူမြောင်မြောင်သည် အိတ်ထဲတွင် ပန်းကန်ခွက်ယောက်များ ရှိမနေသည်ကို တွေ့လိုက်ရသည်။

 

“အိမ်ကျမှ စားတာပေါ့။”

ယခုအခါ လူအားလုံးသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နေကြသောကြောင့် မှာယူသူအများစုသည် ပန်းကန်ခွက်ယောက်များကို မပို့ကြပေ။

 

“ဒါဖြင့်လည်း အိမ်ရောက်မှ စားတာပေါ့။”

*ကံကောင်းချင်တော့ သူတို့အိမ်နဲ့က သိပ်တော့မဝေးဘူး။အိမ်ပြန်ရောက်ရင် မအေးလောက်သေးပါဘူး။*

ထို့နောက် ဝူမြောင်မြောင်က သူမဖွင့်ထားပြီးသား ကောက်ညှင်းကြက်သားထုတ်ကို ပေဖန်းအား ပေးလိုက်သည်။ “ကျွန်မ နှစ်ထုပ်ဝယ်ခဲ့တာ။ဒီအထုပ်ကို ရှင့်ကို ပေးလိုက်မယ်။မြန်မြန်စားနော်။မစားရင် အေးသွားလိမ့်မယ်။”

 

“သူဌေးကတော်က တကယ့်ကို နတ်သမီးလေးပဲ။”

ပေဖန်းမှာ အနံ့ရကတည်းက ဗိုက်ဆာနေပေမယ့် ဝန်ခံရမှာတော့ ရှက်မိပါသည်။အစားအစာအော်ဒါမှာရန် ဖုန်းကို တိတ်တိတ်လေး ထုတ်တော့မည့်အချိန် ဝူမြောင်မြောင်က သူ့အား တစ်ထုပ်ပေးလာသည်။အရမ်းကို ဟတ်ထိသွားလို့ ငိုမိမတတ်ပင်။ဒီကောက်ညှင်းကြက်သားကို နှစ်နာရီလောက် တန်းစီပြီး စောင့်ဝယ်ရတာဖြစ်သည်။သူလည်း အစားအစာကြိုက်သူ တစ်ယောက်ဖြစ်ပေမဲ့ အဲ့ဒီလောက်အထိ အချိန်ပေးဖို့ကတော့ အားအင်မရှိပေ။

နှစ်ယောက်သား စတူဒီယိုမှ ထွက်လာကြပြီး ဟွာထင်းခရိုင်သို့ ကားဖြင့်ပြန်လာခဲ့ကြသည်။ကားကို ပါကင်ထိုးရင်း ကျိလန်သည် ပါဆယ်သွားယူစရာရှိသောကြောင့် ဝူမြောင်မြောင်ကို တံခါးဝတွင် စောင့်ခိုင်းထားလိုက်သည်။

 

ချောပို့သည့်လော့ကာထဲမှ ပါဆယ်ထုတ်ကို ယူပြီး ပြန်လာခဲ့သည်။ပြန်လာသည့် လမ်းတစ်ဝက်တွင် ရုတ်တရက် ညာဘက်ပခုံးက ပူလောင်နာကျင်သွားရသည်။ကျိလန် လှည့်မကြည့်မီ အနောက်မှ အသံတစ်သံကို ကြားလိုက်ရသည်။

 

“မင်းက အိပ်မက်ဆိုးအရှင်ပဲ။အခုတလော ပင်လယ်ဈေးမြို့က လူတွေကို  ထိတ်လန့်အောင်လုပ်တာ မင်းမလား။”

 

 

...

                                                                                            

အခန်း ၉ ။ ကျွန်မရဲ့ရှန်ကုန်းကို အနိုင်ကျင့်ရဲတယ်လား

 

သူ၏ညာဘက်ပခုံးပေါ်တွင် အဝါရောင် အဆောင်လက်ဖွဲ့ စာရွက်တစ်ရွက်ကပ်နေပြီး တောက်လောင်နေသည်မှာ နာကျင်လှသည်။စာရွက်ပေါ်တွင် အနီရောင် သစ်ကြံပိုးခေါက်မင်ဖြင့်  မီးတောက်နေသကဲ့သို့ ရေးထွင်းထားလေသည်။ပင်လယ်မြို့သည် ပင်လယ်နှင့်နီးပြီး ညဘက်တွင် လေပြင်းတိုက်တတ်သော်လည်း အဆောင်စာရွက်ကတော့ သူ့ပခုံးပေါ်တွင် ကော်နှင့် ကပ်ထားသကဲ့သို့ ကပ်နေသည်။

 

*အား…အရမ်းနာတာပဲ။*

 ကျိလန်  သူ့ကိုယ်သူ အသံမထွက်အောင် အံကြိတ်ထားလေသည်။ဝေဒနာက မကြာခင် ပျောက်သွားမယ်ဆိုတာ သူသိပါသည်။ဤအဆောင်စာရွက်သည် ငါးစက္ကန့်မျှသာ သက်ရောက်မှုရှိနိုင်သည်။ငါးစက္ကန့်အကြာတွင် ပူလောင်နာကျင်နေရသော ခံစားမှုသည် မကြာခင်ပျောက်သွားမှာ ဖြစ်သည်။

 

ငါးစက္ကန့်အကြာတွင် သစ်ကြံပိုးခေါက်မင်သည် မှိန်ဖျော့သွားကာ ကျိလန်၏ပခုံးပေါ်မှ အဆောင်စာရွက်သည် ပြုတ်ကျသွားလေသည်။နာကျင်မှုကြောင့် ချွေးတလုံးလုံးထွက်နေသည့် ကျိလန်သည် ခေါင်းကို မော့ပြီး  သူ့ရှေ့တွင် ရပ်နေသော လူလတ်ပိုင်းအရွယ်လူတစ်ယောက်ကို ကြည့်လိုက်သည်။

 

ဒီလူကို သူမမှတ်မိပါ။ထိုလူနှင့်ပတ်သက်သည့် မည်သည့်အိမ်မက်ထဲကိုမှ ဝင်ရောက်ဖူးတာလည်း မရှိပေ။

 

“ဘာလို့လဲ။”

ကျိလန် အေးစက်စွာ မေးလိုက်သည်။

 

“ဘာလို့လဲဟုတ်လား။ဘာလို့လဲလို့ မေးရဲသေးတယ်လား။ မေးရမှာ ရှက်နေတာလား။ဒီလိုညစ်ပတ်နေတဲ့ပတ်ဝန်းကျင်မျိုး ဟိုင်ရှီမြို့တစ်ခုလုံးကို ဝန်းရံနေတာ မင်းကြောင့်ပဲလေ။ ဒီရက်တွေမှာ ညဘက်တွေ ကောင်းကောင်း အိပ်မပျော်နိုင်တဲ့ လူတွေ ဘယ်နှစ်ယောက်လောက်ရှိလဲဆိုတာ မင်းသိရဲ့လား။အမှောင်ထဲက မကောင်းဆိုးရွားဝိညာဉ်တွေ ဘယ်နှစ်ကောင်တောင် ထွက်လာလဲဆိုတာ မင်းသိလား။အပြစ်ကင်းတဲ့လူတွေ ဘယ်နှစ်ယောက်တောင် အန္တရာယ်ပေးခံနေရလဲဆိုတာ မင်းသိရဲ့လား။”

 

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျိလန်အား စက်ဆုပ်ရွံရှာစရာကောင်းသော အရာတစ်ခုကို ကြည့်နေသကဲ့သို့ ခက်ထန်မာကြောစွာ စိုက်ကြည့်နေသည်။ကျိလန်အား အပြစ်တင်ကြိမ်းမောင်းနေသမျှသည် မှန်ကန်သော စွပ်စွဲမှုများဖြစ်သလို ခံစားနေပုံပေါ်သည်။

 

“ဟိုင်မြို့မှာ ဒီရက်ပိုင်း လူတွေ ထိတ်လန့်တကြား ဖြစ်နေကြတာ ငါ့လက်ချက်လားလို့ ခုနက မေးတယ်နော်။ အခုကျ မင်းပြောသမျှ အကြောင်းအရာတိုင်းက ငါ့အပြစ်လို့ပဲ ပြောသွားတယ်။”

ကျိလန်က မီးတောက်တော့မည့် မျက်လုံးများဖြင့် ထိုလူကို စိုက်ကြည့်ကာ အေးစက်စက် ရယ်မောပြီး ဆက်ပြောလိုက်သည်။

“ဒါဆို ဒီကိစ္စတွေက တကယ်ပဲ ငါနဲ့ သက်ဆိုင်နေသလားဆိုတာ မင်းမသိဘူးမလား။ငါနဲ့ ပတ်သက်နေတယ်လို့ မင်းအထင် သက်သက်ပဲရှိတာလေ။ဒါမှမဟုတ် ငါနဲ့ ပတ်သက်နေတာပဲဖြစ်ဖြစ်၊မပတ်သက်နေတာပဲဖြစ်ဖြစ် မင်းမျက်လုံးထဲမှာ ငါက တရားခံပဲ မဟုတ်လား။”

“ဒါဆို မင်းပြောသလို ဖြစ်နေရင်ရော?”

ထိုလူသည် ကျိလန် ဘာတွေးနေသလဲဆိုတာ  မှန်းဆနေခဲ့သည်။သို့သော် သူသည် ထိတ်လန့်စရာကောင်းသည့် မည်သည့် အရိပ်အယောင်မျှ မတွေ့ရသော်လည်း သူ၏မျက်လုံးများတွင် ရွံရှာမုန်းတီးနေသော အကြည့်က ပိုဆိုးလာလေသည်။

 

ဒီအိပ်မက်ဆိုးသခင်က လူတို့၏ကိုယ်ရေးကိုယ်တာကိစ္စများနှင့် စိတ်ထဲသို့ ကျူးကျော်ဝင်ရောက်ရာတွင် တကယ်ကို ကျွမ်းကျင်လှသည်။

“ဆိုလိုတာက မင်းမှာ ဘာသက်သေအထောက်အထားမှ မရှိဘူးပေါ့။မင်းက ဒေါသထွက်ပြီး ငါ့ကို တိုက်ရိုက် လာတိုက်ခိုက်နေတာပဲ။”

ကျိလန် ဆက်ပြောလိုက်သည်။

 

“မင်းဟာ မိစ္ဆာမှန်သမျှရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ အိပ်မက်ဆိုးသခင်ပဲလေ။မင်းကို သတ်လိုက်တာကမှ သေချာတဲ့ကိစ္စပဲ။”

 

“ငါ့မှာ အသိတရားရှိနေပြီး အိပ်မက်ဆိုးအရှင်တစ်ယောက်ရဲ့ အစွမ်းတွေကို လုံးလုံးလျားလျား ထိန်းချုပ်နိုင်နေသရွေ့ ငါ့ကို အစစ်အမှန် အိမ်မက်ဆိုးအရှင်လို့ မှတ်ယူလို့မရဘူးလို့ ရုပ်လွန်ပညာအဖွဲ့အစည်းက ဉက္ကဌပြောတာ ငါမှတ်မိသေးတယ်။ရုပ်လွန်ပညာလောကမှာဆိုရင် မင်းတို့လို ကျင့်ကြံသူတွေက ဖြောင့်မတ်လမ်းစဉ်ကို ကျင့်ပြီး အပြစ်ကင်းမဲ့တဲ့သူတွေကို အန္တရာယ်မပေးဘူးဆို….”

 

“ဟုတ်တယ်လေ။ငါတို့ ရုပ်လွန်ပညာလောကရဲ့ စည်းမျဥ်းစည်းကမ်းတွေမှာ အပြစ်မရှိတဲ့သူကို ဒုက္ခမပေးရဘူးလို့သာ ချမှတ်မထားရင် မင်းရဲ့သရုပ်မှန်နဲ့ ဒီနေ့ဒီအချိန်ထိ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူး။”

ထိုလူက ဒေါသတကြီး ပြောလေသည်။

 

“ဒါဆို စောစောက မင်းရဲ့အပြုအမူက ဘယ်လိုလုပ်သင့်လျော်မှာလဲ”။

ကျိလန်က တုံ့ပြန်ပြောဆိုလိုက်သည်။

 “ဘာလို့ ငါ့ကို အဆောင်လက်ဖွဲ့နဲ့ လာတိုက်ခိုက်ရတာလဲ။”

 

“အဆောင်လက်ဖွဲ့လို့ မင်း ပြောလိုက်တယ်နော်။အဆောင်လက်ဖွဲ့ဆိုတာ သရဲတစ္ဆေတွေနဲ့ မကောင်းတဲ့အရာတွေကိုပဲ ထိခိုက်စေတာလေ။မင်းသာ သာမာန်လူဆိုရင် ထိခိုက်ရမှာ မဟုတ်ဘူးလေ။”

ထိုအမျိုးသားကလည်း ခွန်းတုံ့ပြန်ပက်လေသည်။

 

“ဟက် ငါသိသားပဲ။အဆောင်လက်ဖွဲ့တွေကြောင့် ထိခိုက်နိုင်တဲ့သူတိုင်းကို သာမန်လူလို့ ယူဆလို့ မရပေမဲ့ မိစ္ဆာဝိညာဉ်တွေ အငြိုးတေးတစ္ဆေတွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် ဒီအဆောင်စာရွက်ကို မင်းတို့ရုပ်လွန်ပညာအဖွဲ့အစည်းဆီကို သင့်လျော်တဲ့ အဖြေရှင်းချက် တောင်းရင် ကျိုးကြောင်းမသင့်တာတွေပဲ ထွက်လာလိမ့်မယ်။”

ကျိလန်က သရော်လိုက်သည်။

 

ထိုလူသည် သူ့ကို ပြန် မငြင်းနိုင်တော့ပေ။သို့သော် သူ့မျက်နှာပေါ်ရှိ အကြောက်အလန့်ကင်းနေသော အမူအရာမှာ ကျိလန်၏ယူဆချက်မှာ ကျိုးကြောင်းဆီလျော်ကြောင်း အတည်ပြုပြီးသားဖြစ်နေလေသည်။

 

“ကျင့်ကြံသူတွေရဲ့ နည်းလမ်းတွေကြောင့် ဒဏ်ရာရခဲ့သမျှက ငါ့ကိုယ်ပေါ်မှာ အမာရွတ်တစ်ခုလေးတောင် ကျန်မှာမဟုတ်ဘူး။မင်း ငါ့ကို ပြင်းပြင်းထန်ထန် ထိခိုက်အောင် လုပ်လိုက်ရင်တောင် သက်သေမရှိဘဲ ငါက ရဲကို ဘယ်လိုတိုင်နိုင်တော့မှာလဲ။”

 

“မင်းခန္ဓာကိုယ်မှာ မိစ္ဆာစွမ်းအားတွေ ဒီလောက်ဝိုင်းနေတာ ရဲက ဘယ်သူ့ကိုဖမ်းမလဲဆိုတာ ဘယ်သူသိမလဲ။”

ထိုလူက အိမ်မက်ဆိုးသခင်က သူ့အား ရဲခေါ်စေချင်နေမှန်း သဘောပေါက်သွားသောအခါ လှောင်ရယ်လိုက်လေသည်။

 

*ဟုတ်တယ်။ရဲကို ခေါ်စေချင်နေတာ။တစ်လကို ရဲက ID ကတ်ကို အကြိမ် (၃၀)လောက် စစ်ဆေးခံနေရတာလေ။ရဲတွေသာ ဒီနေရာကို တကယ်ရောက်လာရင် သူက လူကောင်းတစ်ယောက်လို့ ခံစားမိကြမှာပဲလေ။*

 

“မင်းနဲ့ဖြေရှင်းဖို့ နည်းလမ်း မရှိတော့ဘူးနဲ့တူတယ်။”

ကျိလန်သည် ထိုလူကို ပျင်းစရာကောင်းဟန်ဖြင့် တည့်တည့်စိုက်ကြည့်လေသည်။

 

“မင်းဘာတွေကြံနေလဲဆိုတာ ငါမသိဘူးလို့ ထင်မနေနဲ့။အိပ်မက်ဆိုးသခင်တစ်ယောက်အနေနဲ့ ငါ့အိပ်မက်ထဲမှာ ငါ့ကို တိုက်ခိုက်ဖို့ တွေးနေမှာပဲ။ငါ့လို အိမ်မက်စက်ကွင်းက လွတ်မြောက်အောင်ကျင့်သူတွေရဲ့ အိမ်မက်ထဲကို အလွယ်လေး ဝင်လို့တော့ရမှာမဟုတ်ဘူး။မင်းဝင်လာတော့ရော ဘာဖြစ်လဲ။အဲဒါက အိပ်မက်ပဲဖြစ်နေတုန်းပဲလေ။မနက်မိုးလင်းတာနဲ့ နိုးလာမှာပဲ။ဘာအန္တရာယ်မှ မရှိဘူး။”

ထိုလူက မထီမဲ့မြင်ဖြင့် ပြောလာသည်။

“ငါတို့ ဥက္ကဌကြီးက မင်းက အိပ်မက်ဆိုးအရှင်အစွမ်း အပြည့်အဝ မနိုးသေးဘူးလို့ ပြောနေတာ အရမ်းကြင်နာပေးလွန်းတယ်။မင်းကို နတ်ဆိုးလို့ မသတ်မှတ်ထားလို့  သတ်မပစ်ခဲ့ဘူး။ငါ ဒီနေ့ ဒီကိုရောက်လာတာ မင်းကို သတိပေးဖို့ပဲ။မင်းကိုယ်မင်း မထိန်းချုပ်နိုင်တော့ဘဲ ဟိုင်မြို့တစ်ခုလုံးရဲ့ ကံကြမ္မာကို ဆက်ပြီး ထိခိုက်စေမယ်ဆိုရင်တော့ မင်းကို အခုလေးတင် သုံးလိုက်တဲ့ အဆောင်စာရွက်လို စာရွက်တွေ ထောင်ပေါင်းများစွာ သုံးပြီး ပြာဖြစ်အောင် မီးရှို့ပစ်မယ်။တကယ်မီးလောင်ရင်  ဘယ်လောက် နာကျင်ရသလဲဆိုတာ အခုလေးတင် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရပြီမလား။”

 

*သတိပေးလာပေးတာ?*

 

ယင်စွမ်းအားများ မြို့ထဲတွင် ပြည့်လျှံလာသောအခါ သူတို့အား သတိလာပေးကြသည်။အင်အားကြီးသော မိစ္ဆာတစ်ကောင် ထွက်ပေါ်လာလျှင်လည်း သူ့ကိုပဲ သတိပေးလာပေးကြပြန်သည်။မြေအောက်ဂိတ်တံခါး ပွင့်တော့မည့်အချိန်ဆိုရင်လည်း သူ့ကိုပဲ သတိလာပေးကြသည်။အိမ်မက်ဆိုးအရှင်စွမ်းအားများ အပြည့်အဝ မနိုးထလာသေးပေမဲ့ သူ့ကို သတိပေးချက်များ ပို့ပြီးနေကြပြီဖြစ်သည်။သူ၏စွမ်းအားအစစ်အမှန်များ နိုးထလာသည့်အချိန်တွင် သူတို့တွေ သူ့ကို သတ်ပစ်ကြမှာဖြစ်သည်။

သူတို့တွေ အကုန်လုံး သူတော်ကောင်း အယောင်ဆောင်နေကြတာဖြစ်သည်။သူက မိစ္ဆာတွေအားလုံးရဲ့ အရင်းခံဖြစ်တည်မှုလို့ တကယ်ပဲ ယုံကြည်နေကြရင် ဘာလို့ သူမွေးကတည်းက သတ်မပစ်ကြတာလဲ။

 

ကျိလန်သည် အလွန်ဒေါသထွက်နေသော်လည်း သူ၏အမူအရာ အဆုံးမရှိသောည၌ အလင်းရောင်ကို မမြင်ရသကဲ့သို့ ဘာကိုမှ ထုတ်မပြချေ။

 

“ကျိန်ဆဲလိုက် အရုပ်လေး!”

ထိုအချိန်တွင် အော်သံတစ်ခုထွက်ပေါ်လာပြီး ကျိလန်၏ပခုံးပေါ်သို့ တစ်စုံတစ်ခု ပျံတက်လာလေသည်။

 

“ဟဲဟဲ…ဟဲဟဲ…ဟဲဟဲ…ဟဲဟဲ…”

 

တိတ်ဆိတ်သောညတွင် ထူးဆန်းသော ကလေးရယ်သံက ရုတ်တရက် ပေါ်လာသည်။

 

ကျိလန်သည် ရုတ်တရက် ထွက်ပေါ်လာသော လက်ရာမြောက်သည့် ရုပ်သေးရုပ်ကို စိုက်ကြည့်သည်။ထိုအရုပ်မှာ ရောင်စုံပုတီးများဖြင့် ပန်းထိုးထားသော ၀တ်စုံကို ၀တ်ဆင်ထားပြီး  ခြေထောက်တိုတိုနှစ်ချောင်းပေါ်တွင် လှည့်ပတ်လျက်သားဖြင့် သူ့ရှေ့တွင် ကခုန်နေသလိုမျိုး လုပ်နေလေသည်။အဝတ်အစားတွင် ထိုးထားသော ပုတီးများသည် ခြေလှမ်းလှမ်းတိုင်း လွှဲယမ်းသွားပြီး ခြောက်ခြားစရာ လုံးဝကောင်းနေလေသည်။

 

ဝူမြောင်မြောင် နေ့လယ်တုန်းက သူ့ကို မိတ်ဆက်ပေးခဲ့သော ကျိန်စာတိုက်သည့်အရုပ်ပဲဆိုတာ သူ မှတ်မိသွားသည်။

 

“အဲ့ဒါက ဘာလဲ။”

ထိုလူသည် ထိုကဲ့သို့ ထူးဆန်းသောအရုပ်ကို တစ်ခါမှ မမြင်ဖူးပေ။အလိုလို အဆောင်စာရွက်ကို ထုတ်ကာ အရုပ်ကို သတိကြီးကြီးဖြင့် ကြည့်နေလေသည်။

 

“ရှင်က ကျွန်မယောက်ျားကို အနိုင်ကျင့်ရဲတယ်ပေါ့။”

 ဝူမြောင်မြောင်သည် ကျိလန်၏ နောက်ကွယ်မှ ထွက်လာခဲ့သည်။သူမလက်ထဲတွင် ကောက်ညှင်း ကြက်သားကို ကိုင်ထားဆဲဖြစ်သည်။သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးသည် ယခုအချိန်တွင် တင်းမာနေပြီး မျက်လုံးများသည် အေးစက်မှု အပြည့် ရှိနေသည်။

 

“မင်းက ဘယ်သူလဲ။”

ထိုလူသည် ဝူမြောင်မြောင်၏ အေးစက်သော အကြည့်များကြောင့် ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွားလေသည်။

 

“ရှင် စောစောက ပြောသမျှကို ကျွန်မ ကြားလိုက်တယ်။”

 

တကယ်တော့ ကျိလန်နှင့် ထိုလူကြားတွင် ဘာပြောနေသည်ကို သူမ သိပ်ပြီး မကြားခဲ့ရပါ။တစ်ခုခု လွဲမှားနေသည်ကို သူမသတိထားမိပြီး အမြန်ပြေးလာခဲ့သည်။ကျိလန်ကို ခြိမ်းခြောက်နေသော ထိုလူ၏နောက်ဆုံးစကားတွေကိုသာ ကြားလိုက်ပေမယ့် ဒီစကားတွေနဲ့တင် သူမဒေါသကို ဆွပေးဖို့ လုံလောက်ပါသည်။

 

“မီးပူလောင်တဲ့ ဝေဒနာကို ဘယ်လိုခံစားရလဲဆိုတာ ရှင့်ကို အရင် တွေ့ကြုံခွင့်ပေးလိုက်မယ်လေ။”

ထိုစကားကို ပြောပြီးသောအခါ ဝူမြောင်မြောင်သည် ကောက်ညှင်းကြက်သားကို ကျိလန်၏လက်ထဲသို့ထည့်ကာ သူမလက်များကို လိမ်ယှက်၍ ဝူမျိုးနွယ်စု၏နည်းပညာဖြင့် ပုံသွင်းထားသော မှော်တံဆိပ်တစ်ခု ဖြစ်စေလေသည်။သူမ၏မျက်လုံးများတွင် အနက်ရောင်အခွေလေးများဖြစ်သွားကာ  အော်လိုက်သည်။

“ကဝေမျိုးနွယ်၏ အမည်နာမဖြင့် ရှင့်ကို ကျိန်စာတိုက်မယ်။တန်ပြန်သက်ရောက်ပါစေ။!”

 

“ကျိန်စာတိုက်။ကျိန်ဆဲပစ်။ကျိန်ဆဲပစ်။!”

 

တစ်ချိန်လုံး တခစ်ခစ် ရယ်မောနေခဲ့သော ကျိန်စာရုပ်သည် ဝူမြောင်မြောင် ပြောပြီးသည်နှင့် “ကျိန်စာ” ဟူသော စကားလုံးကို ရုတ်တရက် ထပ်ခါထပ်ခါ ပြောလာခဲ့သည်။မှောင်မိုက်နေသောညတွင် ထိုမြင်ကွင်းမှာ တစ်မျိုးကြီး ထူးဆန်းနေလေသည်။

 

ကျိလန် သူ့ပခုံးပေါ်မှ ရုတ်တရက် လေဖြတ်တိုက်ခံရသည်ကို ခံစားလိုက်ရသည်။အခုလေးတင် ထောင်လွှားနေခဲ့သော ထိုလူသည် သူ့ပခုံးကိုကိုင်ကာ စတင်အော်ဟစ်လေတော့သည်။

 

“အား!အား!ပူလိုက်တာ။သေလောက်အောင်ပူတယ်။”

သူ၏စူးစူးဝါးဝါးအော်သံက ညကို ဖြိုခွင်းသွားသဖြင့် ဘေးပတ်ဝန်းကျင်မှ အိမ်နီးနားချင်းများသည် အလန့်တကြား ဖြစ်သွားကြသည်။ပြတင်းပေါက်တွေဖွင့်ပြီး ဘာတွေဖြစ်နေသလဲဆိုတာ စစ်ဆေးဖို့ အပြင်ကို ကြည့်ကြလေသည်။

 

“ဘာဖြစ်နေကြတာလဲ။တစ်ခုခုဖြစ်လို့လား။”

 

“တစ်ယောက်ယောက်က အိမ်မှာ ဝက်သတ်နေတာလား။”

 

“အော်သံက တော်တော်လေး သနားစရာကောင်းမယ့်ပုံပဲ။”

 

“ငါတို့ ရဲခေါ်လိုက်ကြမလား။”

ထိုကဲ့သို့ တတွတ်တွတ် ပြောသံများ အိမ်နီးနားချင်းများထံမှ ထွက်လာကြ၏။

 

ငါးစက္ကန့်အကြာတွင် အုတ်အော်သောင်းနင်း ဖြစ်နေတာ ရပ်တန့်သွားလေသည်။ထိုအမျိုးသားကတော့ မြေပြင်ပေါ်တွင် လဲကျနေပြီဖြစ်သည်။မျက်နှာမှာလည်း ဖြူဖျော့နေပြီဖြစ်သည်။သူက ကြောက်ကြောက်လန့်လန့်ဖြင့် ဝူမြောင်မြောင်ကို စိုက်ကြည့်နေလေသည်။

 “ဒါက ဘယ်လိုမိစ္ဆာမန္တန်မျိုးလဲ။”

 

“တန်ပြန်သက်ရောက်တာလေ။!”

ဝူမြောင်မြောင်က တူညီသော စကားကိုပဲ ပြန်ပြောလေသည် ။

 

“ကျိန်စာတိုက်။ကျိန်ဆဲပစ်။ကျိန်စာတိုက်ပစ်။”

မြေပြင်ပေါ်ရှိ ကျိန်စာတိုက်သည့်အရုပ်လေးသည် တစ်ဖန် ကပြပြန်သည်။

 

“အား!!!!”

မီးပူလောင်သည့် နာကျင်မှုသည် တစ်ဖန်ပြန်ပေါ်လာလေသည်။ထိုလူသည် မီးတောက်များကို ငြိမ်းသတ်နိုင်ရန်အလို့ငှာ သူ၏ညာဖက်ပခုံးနှင့် မြေပြင်ကို ပစ်ဆောင့်လေသည်။သို့သော် ကံမကောင်းစွာပဲ ကျိလန်၏ပခုံးပေါ်တွင် အဆောင်စာရွက် မီးလောင်ခဲ့သလိုမျိုး မီးတောက်ရှိမနေသောကြောင့် ငြှိမ်းသတ်၍မရခဲ့ပေ။ထို့ကြောင့် သူဘာပဲလုပ်လုပ် မီးအပူလောင်နေသလို ခံစားချက်ကြီးကတော့ ပျောက်မသွားပေ။

 

ငါးစက္ကန့်အကြာတွင် ဝူမြောင်မြောင်က နောက်တစ်ခေါက် ကျိန်ဆဲပြန်သည်။

 

“ငါမှားသွားပါတယ်။ကျေးဇူးပြုပြီး ရပ်ပေးပါ။”

ထိုလူသည် လုံးဝပြိုကျသွားပြီး သနားညှာတာပေးရန် ဆက်လက်တောင်းဆိုနေခဲ့သည်။မိစ္ဆာများအပေါ် အဆောင်စာရွက်များကို အသုံးပြုခဲ့စဉ်တွင် သူတို့ ဘယ်လိုခံစားရမလဲဆိုတာ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

 

ဝူမြောင်မြောင်သည် လေးကြိမ်မြောက် တူညီသော တံဆိပ်စည်းကို ထုလုပ်တော့မည့်အချိန်တွင် လက်တစ်ဖက်က ဆန့်ထုတ်လာပြီး သူမက လာတားလေသည်။

 

 “ရှန်ကုန်း။?”

ဝူမြောင်မြောင်သည် သူမအား လာတားသော ကျိလန်ကို မယုံကြည်နိုင်သလို ကြည့်လိုက်သည်။

 

“ရပ်လိုက်ပါတော့။”

ကျိလန် ပြောလိုက်သည်။

 

“ဘာလို့လဲ။ဒီလူက ရှင့်အပေါ်မှာ အဆောင်စာရွက်တွေ အကြိမ်တစ်ထောင်လောက် သုံးချင်တယ်လို့ အခုပဲ ပြောခဲ့တာလေ။ကျွန်မက သူ့ဆန္ဒကို အကြိမ်တစ်ထောင်ပြည့်အောင် သေချာပေါက်ဖြည့်ဆည်းပေးသင့်တာပေါ့။”

သူမဘက်က သုံးကြိမ်လောက်ပဲ ကျိန်စာတိုက်ရသေးသည်လေ။ဒါက ဘယ်လိုလုပ် လုံလောက်မှာလဲ။

 

“တစ်ယောက်ယောက် လာနေပြီ။”

ကျိလန် သတိပေးလိုက်သည်။

 

စောစောက ထိုလူ စူးစူးဝါးဝါး အော်ဟစ်လိုက်သဖြင့် ဘေးပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများက ရဲစခန်းသို့ အကြောင်းကြားခဲ့ကြသည်။ယခုအချိန်တွင် လုံခြုံရေး အစောင့်တစ်ယောက်က အခြေအနေကို စုံစမ်းစစ်ဆေးရန် အမြန်ပြေးလာနေပြီ ဖြစ်သည်။

 

နှစ်မိနစ်လောက်ကြာသောအခါ ရဲတွေရောက်လာကြသည်။

 

“ဘာဖြစ်နေကြတာလဲ။ဒီနေရာမှာ ဘာဖြစ်သွားတာလဲ။”

ရဲအရာရှိက ပထမတော့ မြေပြင်ပေါ်မှာ လဲလျောင်းရင်း အော်ငိုနေတဲ့လူကို ဓါတ်မီးနဲ့ ထိုးကြည့်လိုက်ပြီးမှ ကျိလန်နှင့် ဝူမြောင်မြောင်ကို ကြည့်လာလေသည်။

“ကျိလန်??ထပ်ပြီးတော့ မင်းပဲလား။”

 

ထိုရဲအရာရှိရောက်လာသည်နှင့် ကျိလန်လည်း မှတ်မိလိုက်သည်။မနေ့ညက ကျိလန်ကို ဖမ်းခဲ့သော ရဲအရာရှိပင်ဖြစ်သည်။

 

“မင်း လူတွေကို ထပ်ပြီးရိုက်ပြန်ပြီလား။”

ကျိလန်သည် သူတို့ရဲစခန်းတွင် မြင်နေကျဖြစ်နေပေသည်။နေ့တိုင်း လမ်းပေါ်ကလူတွေကို ရိုက်နှက်တတ်သည်။အထူးဆန်းဆုံးကတော့ နစ်နာသူတွေအားလုံးက အရိုက်ခံရပြီးတာတောင် သူ့ကို တရားမစွဲရဲကြပေ။သူတို့အားလုံးက နားလည်မှုလွဲတာဟုသာ အခိုင်အမာ ပြောကြသည်။ဤရဲအရာမှာ အခြေအနေတစ်ခုလုံးကို  အတော်လေး စိတ်တိုနေပြီဖြစ်သည်။ထိုရဲအရာရှိမှာ လူ့အဖွဲ့အစည်းတွင် ကင်ဆာအသားပိုလိုဖြစ်နေသည့် ကျိလန်ကို ပစ်မှုကျူးလွန်ကြောင်း တရားမစွဲနိုင်သဖြင့် စက်ဆုပ်ရွံရှာနေသူဖြစ်သည်။

 

“ကျွန်တော်ရိုက်တာ မဟုတ်ပါဘူး။”

ကျိလန်  ပြန်ဖြေလိုက်သည်။

 

“အမှန်တရားကို ငြင်းဖို့ ကြိုးစားနေသေးတယ်လား။ဒါပေမယ့် နစ်နာသူကက ဒီမှာပဲ ရှိနေတယ်လေ။”

ရဲအရာရှိက ထိုလူကို ညွှန်ပြလေသည်။

 

“အရာရှိဝမ် ကျွန်တော် တစ်ယောက်ယောက်ကို ရိုက်နှက်မိရင် ဘယ်တုန်းက ငြင်းဖူးတာရှိလို့လဲ။”

ကျိလန် ရဲအရာရှိကို ပြုံးပြုံးရွှင်ရွှင်နှင့် ကြည့်လိုက်ပြီး တစ်ချိန်တည်းမှာ စကားပြောတော့မည့် ဝူမြောင်မြောင်ကို သူ့နောက်ကနေ ဆွဲခေါ်လိုက်သည်။

 

အရာရှိဝမ် အံ့အားသင့်သွားလေသည်။အခု သူ စဉ်းစားကြည့်တော့မှ ​​အရင်တုန်းက ကျိလန်ကို ရဲစခန်းသို့ ခေါ်သွားတိုင်း အပြစ်မပေးခံရပေမဲ့ ရိုက်နှက်တာကိုတော့ ဘယ်တုန်းကမှ ငြင်းဆိုတာ မကြားဖူးပေ။

 

“ဒါဆို ဒီနေရာမှာ ဘာဖြစ်ကြတာလဲ။”

အရာရှိဝမ်က အစ်အောက်မေးကြည့်လိုက်သည်။

 

“ကျွန်တော်လည်း သေချာ မသိပါဘူး။”

ကျိလန်က ပေါ့ပေါ့ပါးပါးဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်တော်တို့ ဒီနားက ဖြတ်သွားတော့ ဘယ်သူမှန်းမသိတဲ့ ဒီလူကြီးက ရုတ်တရက် မြေပြင်ပေါ် လဲကျသွားပြီး နာနာကျင်ကျင်နဲ့ ထအော်တာပဲ။သူ နေမကောင်းဖြစ်နေတယ် ထင်လို့ အရေးပေါ်ကားကို ခေါ်မလားလို့ စဉ်းစားနေတာ။”

 

ရဲအရာရှိဝမ်က ကျိလန်ကို မယုံသင်္ကာဖြင့် ကြည့်လိုက်ပြီး ဝူမြောင်မြောင်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“မိန်းကလေး သူပြောတာ အမှန်ပဲလား။”

 

“ဟုတ်ပါတယ်။”

ရဲအရာရှိကို ကျိလန်က ဘာကြောင့် ဒီလိုပြောလဲဆိုတာ သူမ နားမလည်ပေမဲ့ အပြင်လူတွေရှေ့တွင် ကျိလန်ကို မငြင်းဆန်ခဲ့ပေ။အပြင်လူများကြားတွင် သူတို့၏မိသားစုချစ်ကြိုးများကို အမြင်တင့်စေရန် သူမရှန်ကုန်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရမည်ဖြစ်သည်။

 

“ဒီက လူကြီးမင်း သူပြောတာ အမှန်ပဲလား။”

အရာရှိဝမ်က လုံခြုံရေးအစောင့်က တွဲထားရသည့် တစ်ဖက်လူဘက်ကို လှည့်ပြီး မေးလိုက်သည်။

ထိုလူသည် သုံးကြိမ်တိုင်တိုင် အဆောင်စွာရွက်မှ စစ်မှန်သောမီးဖြင့် အရှို့ခံခဲ့ရတာဖြစ်သည်။ဆယ့်ငါးစက္ကန့်မျှသာ ကြာသော်လည်း  စူးစူးရှရှနာကျင်မှုက သူ့ကို စိတ်လွတ်ထွက်လုနီးပါးဖြစ်စေခဲ့သည်။

 

“ဟုတ်..ဟုတ်ပါတယ်။အဲ့ဒီအတိုင်းပဲ အတိအကျ ဖြစ်ခဲ့တာပါ။”

ရုပ်လွန်ပညာလောကမှ ကိစ္စများကို ရဲများ ဝင်မပါသင့်ပေ။ဤသည်မှာ ကျင့်ကြံသူများ၏စည်းမျဉ်းပင်ဖြစ်သည်။

 

ထို့ပြင် ကျိလန်ကို သူတိုက်ခိုက်ခြင်းသည် ရုပ်လွန်ပညာအဖွဲ့အစည်းမှ ခွင့်ပြုထားချင်းမရှိပေ။သူ လာရဲတဲ့ အကြောင်းရင်းမှာ ကျိလန်သည် ​​အိပ်မက်ဆိုးသခင်ဖြစ်နေသောကြောင့်ဖြစ်သည်။ဆိုလိုသည်မှာ အဖွဲ့အစည်းမှ သူ၏အစီအစဉ်ကို သိရှိသွားလျှင် မမြင်ချင်ယောင် ဆောင်ပေးဖို့ ရွေးချယ်ကြမှာဖြစ်သည်။အလားတူစွာ တိုက်ခိုက်နေရင်း သူဒဏ်ရာရခဲ့လျှင်လည်း သူတို့အဖွဲ့အစည်းက ကူညီတော့ ပေးမှာမဟုတ်ပေ။

 

“ရုတ်​တရက်ကြီး ရောဂါထဖောက်တာလား။”

အရာရှိဝမ်က စစ်မေးလေသည်။

 

“ဟုတ်ပါတယ်။”

 

 “ဘယ်လိုဖျားနာတာမျိုးလဲ။ကျုပ်တို့ ခင်ဗျားကို ဆေးရုံလိုက်ပို့ပေးရမလား။”

 

“မလိုပါဘူး။ရပါတယ်။ဒီအတိုင်း  ပြဿနာဟောင်းပါပဲ။ရောဂါလက္ခဏာတွေ ပြပြီးရင် ပြန်ကောင်းသွားမှာပါ။”

 

 “ဒါဆို မင်းရဲ့ရောဂါက တော်တော်ကြောက်ဖို့ကောင်းနေတာပဲ။အဆင်ပြေတာ သေချာရဲ့လား။”

 

“အဆင်ပြေပါတယ်။”

 

“အရာရှိဝမ် အခုအကုန်လုံး အဆင်​​ပြေသွားပြီဆိုတော့​ ကျွန်​​တော်​တို့သွားလို့ရပြီလား။”

ကျိလန်က အချိန်ကိုက်မေးလိုက်သည်။

အရာရှိဝမ်က ခေါင်းညိတ်ပြလိုက်သည်။

“ဒီကိစ္စမှာ မင်းတို့ ပတ်သက်နေတာ မဟုတ်လို့ ပြန်သွားလို့ရပါပြီ။”

 

“ကောင်းပါပြီ။”

ကျိလန်က ပြုံးပြီး ပြန်ပြောလိုက်သည်။ထို့နောက် အောက်ကို ငုံ့ကာ ဝူမြောင်မြောင်ကို သူဟန့်တားလိုက်ချိန်တွင် တိတ်ဆိတ်သွားသော ကျိန်စာတိုက်သည့်အရုပ်ကို အရာရှိဝမ်၏ ခြေဖဝါးဘေးမှ  ကောက်ယူလိုက်သည်။

 

“အဲဒါက...”

 

“ဘာများ ဖြစ်လို့လဲ။”

အရာရှိဝမ်က အရုပ်အားကြည့်လိုက်သည်နှင့် ကျိန်စာရုပ်ကိုကိုင်ထားသော ကျိလန်၏လက်များသည် အေးခဲသွားလေသည်။

 

“​အဟမ်း...စောစောက ငါမင်းကို နားလည်​မှုလွဲသွားတယ်​။​တောင်းပန်​ပါတယ်။​”

အရာရှိဝမ်က ရှက်ရှက်ဖြင့် တောင်းပန်လိုက်သည်။

 

ကျိလန်လည်း လန့်သွားပြီး ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။

“ရပါတယ်။ဒါ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ။”

 

ထို့နောက် သူသည် ဝူမြောင်မြောင်၏ရင်ခွင်ထဲသို့ အရုပ်ကို ထိုးထည့်လိုက်ပြီး သူမကို ဆွဲခေါ်လာခဲ့သည်။

 

“ဟေး မင်း...”

အရာရှိဝမ်က မျက်မှောင်ကြုတ်ပြီး တစ်ခုခု ပြောချင်ပေမယ့် တွေးကြည့်လိုက်တော့ သူ ကျိလန်ကို နားလည်မှုလွဲတာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်သလိုပင်။

 

“ငါ့ကို ဒီအတွက်တော့ အပြစ်မတင်နဲ့နော်။အရင်က ခဏခဏ ရန်ဖြစ်ခဲ့တာ မင်းပဲလေ။”

ခဏအကြာတွင် ရဲအရာရှိဝမ်သည် အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

 

 

 

                                                                                              

အခန်း ၁၀ ။ မင်းရဲ့အသည်းအခြေ‌အနေက သိပ်မကောင်းဘူး

 

သူတို့ အိမ်ကို ပြန်ရောက်သောအခါမှသာ ကျိလန်မှ စိတ်အေးလက်အေးဖြစ်သွားတော့သည်။ဆန့်ကျင်ဘက်အနေဖြင့် ဝူမြောင်မြောင်ကတော့ စောစောက ပိုပြီးတော့တောင် တက်ကြွနေခဲ့သည်။

 

ကျိလန်က သူ၏ပါဆယ်နှင့် ကောက်ညှင်းကြက်သားကို ကော်ဖီစားပွဲပေါ်တွင် တင်ထားလိုက်သည်။

 

“အဲ့ဒီလူနဲ့ နောက်တစ်ခါတွေ့လို့ကတော့ ဘယ်တော့မှ မမေ့အောင် သင်ခန်းစာပေးပစ်ဦးမှာ။အခု သူ့ကို လွှတ်ပေးလိုက်တာ လွယ်လွန်းသွားတယ်။”

ဝူမြောင်မြောင်က ကော်ဖီစားပွဲကို ဒေါသတကြီး လက်သီးဖြင့်ထိုးလိုက်လေသည်။

 

ကျိလန်က သူမ၏လက်သီးထိုးချက်ကြောင့် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသော ပါဆယ်ထုပ်ကို ကြည့်လိုက်ပြီး ကောက်ယူကာ စားပွဲပေါ်တွင် ပြန်ထားလိုက်သည်။ထို့နောက် မီးဖိုချောင်ဖက်သို့ ဝင်သွားလေသည်။ခဏအကြာတွင် တူတစ်စုံနှင့် ထွက်လာပြီး ဝူမြောင်မြောင်ကို ပေးလိုက်သည်။

“စားလေ ကောက်ညှင်းကြက်သားတွေက အေးကုန်လိမ့်မယ်။”

 

“အင်းပါ။အစားစားပြီးမှ သူ့ကို ဆက် ကျိန်ဆဲတော့မယ်။”

ဝူမြောင်မြောင်က တူကိုယူကာ ပါကင်ထုတ်ထားသည်ကို ဖြဲ၍ တစ်ကိုက် ကိုက်လိုက်သည်။နူးညံ့စေးကပ်နေသော ကောက်ညှင်းနှင့် ကြက်သား၏နူးညံ့မှုတို့ ပေါင်းစပ်ထားသည့် အရသာက လျှာဖျားထက်တွင် ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ချက်ချင်းပင် သူမမျိုသိပ်ထားခဲ့ရဲ့သော ဒေါသများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုအင်းအိုင်လေးအဖြစ် အရည်ပျော်သွား၏။

“အရမ်းအရသာရှိတာပဲ။အဲ့ဒီဆိုင်မှာ လူတွေအများကြီး တန်းစီနေတာ အံ့ဩစရာမရှိတော့ပါဘူး။”

 

ကျိလန်က အော်ရယ်လေသည်။ထို့နောက် ရေခဲသေတ္တာဆီသို့ သွားကာ ဘီယာသံဗူးတစ်ဘူးနှင့် ကိုလာသံဗူးတစ်ဘူးကို ထုတ်လိုက်သည်။ကိုလာဘူးကို ဖွင့်ကာ ဝူမြောင်မြောင်ကို ပေးလိုက်ပြီး သူကတော့ ဘီယာဘူးကို ယူသွားကာ ဘေးနားရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

 

“ရှန်ကုန်း…လာလေ ကျွန်မနဲ့ အတူတူ စားလေ။အာ?ဘာလို့ တူကို တစ်စုံပဲ ယူလာတာလဲ။ရှင့်အတွက် ကျွန်မ နောက်တစ်စုံ သွားယူပေးမယ်လေ။”

သူမက ထသွားပြီး မီးဖိုချောင်ထဲသို့ သွားလေသည်။

 

“မင်းဘာမင်း စားပါ။ငါက မဆာသေးပါဘူး။”

ကျိလန်က သူမကို တားလိုက်သည်။

 

“တစ်ကိုက်လောက်ဖြစ်ဖြစ် စားလိုက်ပါ။ကျွန်မ ရှင့်အတွက် သေချာ သွားဝယ်ပေးထားတာလေ။”

ဝူမြောင်မြောင်က ကောက်ညှင်းကြက်သား တစ်တုံးကို တူဖြင့် ယူလာပြီး ကျိလန်၏ ပါးစပ်နားသို့ တေ့ပေးလေသည်။

 

ကျိလန် သူမ၏မျှော်လင့်‌နေသော မျက်နှာအမူအရာကို ကြည့်ပြီး ကောက်ညှင်းကြက်သားကို စိုက်ကြည့်လိုက်သည်။နောက်ဆုံးတော့ သူ၏ပါးစပ်ကို ဖွင့်ကာ ကြက်သားကို စားလိုက်သည်။

 

“ကောင်းလား။”

ဝူမြောင်မြောင်က စိတ်အားထက်သန်စွာ မေးလိုက်သည်။

 

“ကောင်းပါတယ်။”

ကျိလန်က တစ်တုံးလုံးကို အကုန်မဝါးဘဲ မျိုချလိုက်သည်။

 

ဒီကောက်ညှင်းကြက်သားကို ရရန် အနည်းဆုံး နှစ်နာရီလောက် တန်းစီစောင့်ခဲ့ရတာဖြစ်သည်။ပုံမှန်အားဖြင့် တခြားသူများသည် သူတို့မကြိုက်ရင်တောင် ကောင်းသည်ဟု ပြောပြီး ချီးမွမ်းတတ်ကြသည်။သို့သော် သူကတော့ ကြက်သားအရသာကို တကယ် မကြိုက်တာဖြစ်သည်။သူ့ဘက်က ဘာမှမပြောလျှင် သူမ စိတ်မကောင်းဖြစ်သွားမှာ စိုးရသည်။

 

“အိုး..ရှင်က ကြက်သားမကြိုက်ဘူးလား။ဒါဆို နောက်ခါကျ ကျွန်မ တခြားဟာကို ဝယ်ပေးမယ်နော်။”

ဝူမြောင်မြောင်က ပွင့်ပွင့်လင်းလင်း ပြန်ပြောလေသည်။

 

*သူမက စိတ်မဆိုးဘူးလား။*

ကျိလန် သူမ၏အမူအရာကြောင့် နည်းနည်းတော့ အံ့အားသင့်သွားလေသည်။သူမဘာသာ ပျော်ပျော်ရွှင်ရွှင်နှင့် ဆက်စားနေသည်ကို ကြည့်နေလိုက်သည်။စောစောတုန်းက သူ့ကို စားပါဦးလားပြောတာ ဒီအတိုင်း လောကွတ်ချော်တာဟုပင် သံသယဝင်မိသည်။သူမ၏ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့ မျှော်လင့်နေလောက်သည်။ဒါမှ သူမဘာသာ အားပါးတရ စားနိုင်မှာမို့ဟု သူထင်မိသည်။

ဒါပေမဲ့ နှစ်နာရီလောက် တန်းစီပြီး သူမကြိုးစားပန်းစား ဝယ်ခဲ့တာကို သူ မစားလို့ ဝမ်းနည်းနေတာထက်ဆရင် ကျိလန် ဝူမြောင်မြောင်၏ လက်ရှိတုံ့ပြန်မှုကို ပိုသဘောကျမိသည်။

သူ၏မျက်လုံးထောင့်ကနေ ဆိုဖာကို လှမ်းကြည့်လိုက်တော့ ဝူမြောင်မြောင်က အန္တရာယ်ရှိစွာ ဆိုဖာပေါ်တွင် ပစ်ချထားခဲ့သော ကျိန်စာတိုက်သည့် အရုပ်ကို မြင်လိုက်သည်။သူ၏ဘီယာဘူးကို ချထားလိုက်ပြီး အရုပ်ကို လက်လှမ်းလိုက်သည်။

တစ်ရက်လုံး ဒီအရုပ်ကို သူ သေချာစစ်ဆေးကြည့်ပြီးပြီဖြစ်သည်။၎င်း၏အသွင်အပြင်မှာ အတော်လေး ရွှန်းလဲ့တောက်ပနေပြီး အသက်ဝင်လှသည်။ဝတ်ပေးထားသော အဝတ်အစားများမှာလည်း လက်လုပ်အင်္ကျီများဖြစ်ပြီး အတော်လေး အားစိုက်ထုတ်ထားရလောက်သည်။အင်္ကျီပေါ်တွင် ပန်းထိုးထားသည်မှာ အတော်လေး ကျွမ်းကျင်ပြီး ပညာမှာ သူသိတာထက်တောင် ကျော်လွန်လောက်သည်။

“အခု အဲ့ဒီကျိန်စာအရုပ်က ကဝေတစ်ယောက်ရဲ့အစွမ်းရှိနေတာလား။”

ကျိလန်က မေးလိုက်သည်။

“ဟုတ်တယ်။”

“ဘယ်သူ့ကိုမဆို ကျိန်စာ တိုက်လို့ရတာလား။”

“အဲ့ဒါတော့ သားကောင်ရဲ့အခြေအနေ၊ကျွန်မရဲ့ကဝေစွမ်းအားအဆင့်နဲ့ ကျွန်မအရုပ်ရဲ့ အခြေအနေပေါ် မူတည်တယ်။”

 

ကြည့်ရတာ အတော်လေး ရှုပ်ထွေးပြီး လိုက်လုပ်ဖို့ မလွယ်တဲ့ နည်းပညာမျိုးပဲ ဖြစ်မည်။

“ကျိန်စာဆိုတာက..မိစ္ဆာအတတ်ပညာနဲ့ အတူတူပဲလေ။”

ကျိလန်က ရုတ်တရက် ထင်မြင်ချက်ပေးလေသည်။

 

*တစ်ခုခုအက်ကွဲသွားသံ ထွက်လာတယ်။*

 

ဝူမြောင်မြောင်က ကြက်ခြေထောက်ကို လွတ်ကျသွားသဖြင့် ကြမ်းပြင်ပေါ်မှ တူဖြင့် ကောက်ယူလိုက်သည်။ကောက်ယူဖို့ရတာ ခန္ဓာကိုယ်ကို ကိုင်းရန်အတွက် တွန့်ဆုတ်နေပေမဲ့ အချိန်အချို့ကြာတဲ့အထိ သူမ၏ ခန္ဓာကိုယ်ကို မတ်မလာပေ။ကျိလန် သူမကိုယ်သူမ ပြေးကြည့်စရာပင်မလို။သူမအပြစ်ရှိသလို ခံစားနေရမှန်း သိလိုက်သည်။

 

“ကြည့်ရတာ ငါတွေးတာမှန်တယ်ထင်တယ်။”

ကျိလန်က သူ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။

သူက အိမ်မက်ဆိုးအရှင် ဖြစ်နေတာတောင် သူမ လက်ခံနိုင်သည်မှာ အံ့ဩစရာမရှိပါ။သူမကလည်း သမာဓိလမ်းကို လိုက်သူမဟုတ်သောကြောင့် ဖြစ်သည်။

 

“တကယ်တော့..ကျွန်မက ကျိန်စာကို အသုံးပြုတာ ရှားပါတယ်။”

ဝူမြောင်မြောင်က အသံသေးသေးးလေးဖြင့် ရှင်းပြလိုက်သည်။

“ကဝေမျိုးနွယ်တွေက အဲ့ဒီလိုအစွမ်းတွေကို ပိုင်ထားကြပေမဲ့ ကဝေမျိုးနွယ်ရဲ့ အန္တရာယ်ရှိတဲ့ နည်းလမ်းတွေကို အသုံးမချဖို့ ဆရာက ငယ်ငယ်လေးကတည်းက သင်ပေးခဲ့တာ။ကျွန်မတို့ရဲ့ ကျိန်စာတိုက်တဲ့ နည်းလမ်းတွေက တခြားသူတွေကို အရမ်းထိခိုက်စေတယ်။ဒါကြောင့်မို့ လက်လွတ်စပယ် သုံးခွင့်မရှိပါဘူး။ကျွန်…ကျွန်မက ဒီနေ့ အရမ်း စိတ်တိုသွားလို့ပါ။အဲ့ဒီလူက ရှင့်ကို အနိုင်ကျင့်နေလို့ ကျွန်မလည်း ကျိန်စာတိုက်လိုက်မိတာပါ။မဟုတ်ရင် အဲ့ဒီလို နည်းလမ်းတွေကို သုံးမှာ မဟုတ်ပါဘူး။”

 

“အရမ်းတွေ ကြောက်နေဖို့ မလိုပါဘူး။”

ကျိလန်က နောက်ပြောင်လိုက်သည်။

“မင်း အဲ့ဒီလို မိစ္ဆာပညာတွေကို သုံးလိုက်တာက ငါ့ကို ကူညီပေးချင်လို့မှန်း သိပါတယ်။ပြီးတော့ ငါက အိမ်မက်ဆိုးအရှင်လေ။မင်းကတော့ မိစ္ဆာပညာတွေကို သုံးနိုင်တယ်ဆိုတော့ ငါတို့က အတူတူပဲလေ။ဒါကြောင့်မို့ ငါတို့တွေ တစ်ယောက်ကိုတစ်ယောက် ရှောင်ဖယ်နေလို့ မလိုပါဘူး။”

 

“ရှင့်ကို ကျွန်မ ဘယ်တော့မှ ရှောင်ဖယ်နေမှာမဟုတ်ပါဘူး။”

ဝူမြောင်မြောင်က အလေးအနက် ပြောလေသည်။

အချိန်ခဏကြာအောင် ကျိလန် အံ့အားသင့်သွားလေသည်။သူလည်း သူမကို ရှောင်ဖယ်နေမှာမဟုတ်ကြောင်း ပြန်ပြောချင်ပေမဲ့ ထိုစကားများက သူ့လည်ချောင်းတွင်သာ တစ်နေလေသည်။ကံကောင်းထောက်မ၍ သူမက ထိုအကြောင်းကို မမေးခဲ့ပေ။

“ဒါပေမဲ့ မင်းရဲ့ကျိန်စာက ရုတ်ရုတ်သဲသဲ ဖြစ်စေလွန်းတယ်။ပြီးတော့ အလွယ်တကူလည်း လူတွေ သတိထားမိနိုင်တယ်။ဒီအသေးလေးက စကားတောင် ပြောလိုက်သေးတယ်။”

ကျိလန်က သူ့လက်ချောင်းလေးဖြင့် ကျိန်စာတိုက်သည့် အပ်ချည်နီသုံးပြီး ချုပ်ထားသော အရုပ်လေး၏ပါးစပ်အား တို့ကနန်းဆိတ်ကနန်း လုပ်နေလေသည်။အတော်လေး သဘာဝကျလွန်းပြီး စကားမပြောနိုင်သည့်ပုံ ပေါ်နေသည်။

“တိတ်တိတ်လေးလည်း ကောင်းကောင်း နေနိုင်ပါတယ်။”

ဝူမြောင်မြောင်က ပြန်ပြောလိုက်သည်။

 

ကျိလန်က သူမ၏အဖြေကြောင့် စိတ်ရှုပ်ထွေးသွားလေသည်။

“တကယ်တော့ ကျွန်မရဲ့လက်စည်းတံဆိပ်ကို မှန်မှန် ထွင်းထုနိုင်သရွေ့ ကျိန်စာကလည်း အလုပ်လုပ်မှာပဲ။ကျိန်စာတိုက်တဲ့အရုပ်ရဲ့အသံက ကျွန်မရဲ့ပစ်မှတ်အပေါ်မှာ ကျိန်စာတိုက်တဲ့အချိန်မှာ ကူညီအားဖြည့်ပေးတာပါ။အရုပ်ကို စကားပြောခွင့်ပြုတာဖြစ်ဖြစ် ကျိန်စာတိုက်နေတဲ့အချိန်မှာ အကျယ်ကြီး ရယ်ခွင့်ပေးလိုက်တာပဲဖြစ်ဖြစ် အဲ့ဒီအရုပ်က တခြားသူတွေကို ပိုပြီး ထိတ်လန့်တကြားဖြစ်စေတယ်လေ။ဒါကြောင့်မို့ ကျွန်မ ကျိန်စာတိုက်ခဲ့တဲ့သူတွေအားလုံးက သူတို့ ကြုံခဲ့တဲ့ အဖြစ်တွေကို အမြဲအမှတ်ရနေပြီး ထရော်မာတောင် ဖြစ်သွားနိုင်တယ်လေ။”

သူမက ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောပြလေသည်။

စောစောက ကျိန်စာတိုက်နေသည့် အချိန်တွင် ကျိန်စာတိုက်သည့်အရုပ်က အကျယ်ကြီး အော်ရယ်နေခဲ့တာကို သူ ပြန်သတိရသွားလေသည်။တကယ်တော့ အတော်လေး ကြောက်ဖို့ကောင်းလှသည်။အိမ်မက်ဆိုးများကို ကြုံနေကျဖြစ်သည့် အိမ်မက်ဆိုးအရှင် သူတောင်မှ ထိတ်လန့်သွားသေးသည်။ကျိန်စားအား အထင်ကြီးသည့်စိတ် သို့မဟုတ် ထိုလူ၏ထာဝရကျန်ရှိနေအည့် အာရွတ်တို့သည် စိတ်ထဲ၌ စွဲထင်ကျန်ရစ်နေသည်။တခြားသူ၏စိတ်အခြေအနေကို ကြံကြံဖန်ဖန် တိုက်ခိုက်သည်မှာ အတော်လေး ရက်စက်ရာကျပေသည်။

“ဟ!”

ကျိလန်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

 

“ရှင် ကျွန်မကို စိတ်မဆိုးတော့ဘူးလား။”

သူ၏ရယ်သံကို ကြားသောအခါ ဝူမြောင်မြောင်မှာ စိတ်ပျော်ရွှင်လာ၏။

 

“မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲ။”

သူမကိုတောင် ပြန်မေးလိုက်သည်။

 

“ဘာလို့လဲဆိုတော့ ကျိန်စာတိုက်တာက ကောင်းတဲ့အစွမ်းအစမှ မဟုတ်တာလေ။ကျွန်မဆရာဆိုရင် အဲ့ဒီလို နည်းလမ်းတွေကို လက်လွတ်စပယ် မသုံးဖို့ ဆုံးမခဲ့တာ။ခဏခဏ သုံးရင် ကျွန်မဘေးပတ်ဝန်းကျင်က လူတွေ ကျွန်မကို ကြောက်ကုန်ကြလိမ့်မယ်တဲ့။”

သူမက  အလေးအနက် ပြန်ပြောလိုက်သည်။

 

*သူမဘေးနားကလူတွေက ကျိန်စာကြောင့် သူမကို ကြောက်ကုန်ကြမယ်တဲ့လား။ဒီလိုဆို သူတို့တွေ နောက်ထပ်တစ်ခု တူနေကြပြန်ပြီ။*

ကျိလန်က တစ်ရှူးတစ်ရွက်ကို ထုတ်ကာ မိန်းကလေး၏ပါးစပ်ထောင့်တွင် ကပ်နေသော ကောင်းညှင်းစေ့လေးကို ညင်ညင်သာသာ ဖယ်ရှားပေးလိုက်သည်။

“ငါ မင်းကို မကြောက်ပါဘူး။”

“တော်သေးတာပေါ့။”

ဝူမြောင်မြောင်မှာ စိတ်သက်သာရာရသွားလေသည်။စောစောက ပြုတ်ကျသွားသည့် ကြက်ခြေထောက်ကို သူမပါးစပ်ထဲသို့ ထည့်ကာ ဆက်ဝါးလေသည်။

“ရှန်ကုန်း ..တကယ်လို့ နောက်တစ်ခါ လာအနိုင်ကျင့်တာ ခံရရင် ကျွန်မ အဲ့ဒီလူကို သေချာပေါက် ကျိန်စာတိုက်ပေးမယ်။”

 

“မင်းဆရာက မင်းကို အဲ့ဒီကျိန်စာကို မသုံးဖို့ တားမြစ်ထားတယ်မလား။”

“ကျွန်မဆရာက အန္တရာယ်ရှိအောင် မသုံးဖို့ပဲ ပြောတာလေ။ရှင့်ကို အနိုင်ကျင့်တဲ့သူတွေကိုတော့ သည်းခံမနေနိုင်ပေါင်။ပြီးတော့ ရှင်က ကျွန်မကို ကြောက်မှာမှမဟုတ်တာ။”

သူမက စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြောနေလေသည်။

 

သူမပြောလိုက်သော စကားများကြောင့် သူဘယ်လို တုံ့ပြန်ရမလဲ မသိတာကြောင့် ကြက်သေ သေသွားမိသည်။သူ့လက်ထဲက တစ်ရှူးကို အမှိုက်ပုံးထဲသို့ ထည့်လိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် မေးလိုက်သည်။

“ကျောက်ပုစွန် စားချင်လား။မင်းအတွက် မှာပေးမယ်လေ။”

“ရှင်ရော ကျွန်မနဲ့အတူ စားမှာလား ရှန်ကုန်း။”

“စားမယ်လေ။”

“ဒါဆို ကျွန်မလည်း စားမယ်။”

ဝူမြောင်မြောင်က ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်ပြောလိုက်သည်။

 

ကျိလန် ပြုံးလိုက်မိသည်။သူ့ဖုန်းကို ယူကာ အွန်လိုင်းကနေ မှာလိုက်လေသည်။

နောက်တစ်ရက်တွင် သူတို့နှစ်ယောက်စလုံး မနက်စာ အတူစားပြီး အလုပ်ကို ထွက်လာခဲ့ကြသည်။

ကျိလန်မှာ ကျိန်စာတိုက်သည့် အရုပ်မှ သူ၏အမှောင်စွမ်းအားများကို မစုပ်ယူခဲ့သဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပေ။သို့သော် ဒီနေ့ စိတ်တွေ တက်ကြွနေသလိုခံစားနေရသည်မို့ စိတ်ကောင်းဝင်နေလေသည်။

နှစ်ယောက်သား ကားပါကင်ထိုးသည့်နေရာမှ စတူဒီယိုဝင်ပေါက်ထိ လမ်းလျှောက်လာချိန်တွင် တစ်ခုခုလွဲနေသည်ကို သတိထားမိလေသည်။စတူဒီယို၏ရှေ့တံခါးများမှာ အကျယ်ကြီး ဖွင့်ထားပြီး အဝတ်ပြောင် ဝတ်ထားသော ရာဇဝတ်မှုစုံထောက်များက တံခါးနားတွင် ရပ်နေကြသည်။

ပြောင်ဝတ်ထားသော စုံထောက်များကို ကျိလန် မြင်မြင်ချင်း တန်းသိနိုင်သည်မှာ လွန်ခဲ့သော ခြောက်လအတွင်း သူ့ကို နေ့တိုင်း စုံထောက်များက IDလာစစ်ကြလွန်းလို့ဖြစ်သည်။သူမှမဟုတ် ထိုသို့ဆက်ဆံခံရသူတိုင်း ရာဇဝတ်မှုစုံစမ်းရေးခရိုင်၏ တစ်ဝက်လောက်ကို မှတ်မိနေမှာဖြစ်သည်။

“အဲ့ဒီမှာ ရပ်လိုက်။”

အဝတ်ပြောင်ဝတ်ထားသော စုံထောက်ထဲမှ တစ်ယောက်က သူလမ်းလျှောက်လာတာကို သတိထားမိပြီး အလိုလို လှမ်းခေါ်လေသည်။စစ်ဆေးမေးမြန်းပြီးသောအခါ ကျိလန်ကို ထိုလူက မှတ်မိသွားကာ စိတ်အနှောင့်အယှက်ဖြစ်သလို လေသံနှင့် ပြောလေသည်။

“ကျိလန်…မင်းပဲ။”

“ဟမ်…မင်းရှုံးသွားပြီ။”ဟု  နောက်ထပ်စုံထောက်တစ်ယောက် အော်လိုက်သည်။

ကျိလန်ကို အော်လိုက်သော စုံထောက်က သူ့လျှာကို မကျေမနပ်ဖြင့် တောက်ခေါက်လိုက်သည်။

“အင်းပါ။အင်းပါ။နောက်ကျရင် မင်းကို ဟုန်ပေါင်းပေးပါ့မယ်။”

“ဘာဖြစ်လို့လဲ။”

ကျိလန် သူတို့နားသို့ သွားလိုက်သည်။

“အိုး ငါတို့အသင်းက မင်းကို ရာဇဝတ်သားနဲ့မှားမှားနေတာလေ။ဒါကြောင့် ငါတို့ခရိုင်မှာ ဘယ်စုံထောက်ရဲမဆို မင်းကို မှားပြီးစစ်ဆေးမိနေကြတဲ့ အကျင့်ဆိုးပျောက်အောင်လို့ စည်းမျဉ်းတစ်ခု ချထားတယ်။မင်းကို တစ်ခါမှားစစ်ရင် ယွမ်ငါးဆယ်ပါတဲ့ ဟုန်ပေါင်းကို ငါတို့အဖွဲ့ကို ပေးရမှာလေ။”

စုံထောက်က ရှင်းပြလေသည်။

“ငါဆို ဒီလ ယွမ်တစ်ရာတောင် ကျော်နေပြီ။အလစ်သုတ်ခံရတာ။”

(အဖွဲ့ထဲကို ဟုန်ပေါင်းပေးသည်မှာ WeChatကပေးတာမို့ အဖွဲ့ဝင်တွေက စုစုပေါင်းငွေပမာဏထဲကနေ လုယူလို့ရပါတယ်။ကံစမ်းမဲနှိုက်သလိုပါ။)

“မင်းရဲ့ဝန်ထမ်းတွေက မင်းကို သတင်းမပေးဘူးလား။”

“ဒီမနက်စောစောမှာ မင်းရဲ့စတူဒီယိုဝင်ပေါက်နားမှာ အသည်းတူးသမား ပေါ်လာခဲ့တယ်။ဒီအချိန်မှာ မင်းတို့တွေ ပိုပြီး သတိရှိဖို့ လိုတယ်။အလုပ်ဆင်းတာနဲ့ အိမ်ကို ချက်ချင်း ပြန်ကြပါ။အထူးသဖြင့် ဒီမိန်းကလေးပေါ့။ဒီလိုအချိန်မှာ တစ်ယောက်တည်း မနေတာ အကောင်းဆုံးပဲ။”

နောက်ဆုံးနစ်နာသူမှာ ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမဲ့ အမှုများထဲတွင် ငယ်ရွယ်လှပသော မိန်းကလေးများမှာလည်း နစ်နာသူဖြစ်ခဲ့ရသည်။သူ့ရှေ့မှ မိန်းကလေးသည် ပစ်မှတ်ဖြစ်ဖို့ အလားအလာရှိသည်။

“ကျွန်မက တစ်ယောက်တည်းနေတာမဟုတ်ပါဘူး။”

ဝူမြောင်မြောင်က ဖြေလေသည်။

“တော်သေးတာပေါ့။”

ကျိလန်က မျက်မှောင်ကြုတ်လိုက်သည်။မနေ့က သူပြန်သွားတော့ ရုံးမှာ အချိန်ပိုဆင်းနေခဲ့သည့် ပေဖန်းအကြောင်းကို ချက်ချင်း တွေးလိုက်မိသည်။

*အသည်းတူးသမားက သူ့ဆီကို လာတာများလား။*

ကျိလန် ရုံးထဲသို့ အမြန် ဝင်သွားလိုက်သည်။

 

“ဘော့စ် ရောက်လာပြီပဲ။”

ကျိလန် ဝင်လာတာကို သတိထားမိသော တုန်ရုန်းယွမ်က သူ့ကို အမြန်နှုတ်ဆက်လိုက်သည်။

 

“ပေဖန်း ဘယ်လိုနေသေးလဲ။”

ကျိလန် မေးလိုက်သည်။

“သူ အဆင်ပြေပါတယ်။ဖြောင့်ချက်ပေးပြီး ရဲစခန်းက ပြန်လာတာ။အခုတော့ အနားယူနေတယ်။”

တုန်ရုန်းယွမ်က ဖြေလိုက်သည်။

“ကျိလန် မင်းရဲ့စောင့်ကြည့်ရေးကင်မရာ စကားဝှက်ကဘာလဲ။ငါ စစ်ကြည့်ချင်လို့။”

ရဲအရာရှိတစ်ယောက်က ထွက်လာပြီး သူ့လက်ထဲတွင် အနီရောင်နောက်ခံသာ ပြသနေသော စခရင်ပါသည့် ဖုန်းကို ကိုင်ထားသည်မှာ အနီရောင်အထုတ်လေး ပေးလိုက်သလိုပင်။

 

ကျိလန်က စကားဝှက်များကို ပေးလိုက်သည်။

“၂၆၉၁၀၁”

ရဲအရာရှိသည် စကားဝှက်ဖြင့် သော့ကို ချက်ချင်း ဖွင့်လိုက်ပြီး စောင့်ကြည့်ရေးကင်မရာကို ထုတ်ယူလိုက်သည်။

ပုံမှန်ဆို အသည်းတူးသမား၏အသွင်အပြင်မှာ သဲလွန်စမကျန်တတ်ပေ။သူ့လက်ထဲမှ အနီရောင်မျက်လုံးရှိသည့် ကြောင်မှာ အတော်လေး စွဲမက်ဖွယ်ကောင်းလှသည်။

 

“ဒီခွေးကောင်ကတော့…သူက ဝင်ပေါက်နားမှာ ဆယ်မိနစ်ကြာအောင် တကယ်ရပ်နေခဲ့တာပဲ။အဲ့ဒီလောက်တောင် ပလွှားပြနေတာပဲ။”

ရဲအရာရှိက ပြောလည်းပြောရင်း ဗီဒီယီုများကို ကော်ပီကူးသွားလေသည်။

 

ကျိလန်မရောက်ခင် ပါဝင်နေကြသူများကို စစ်ချက်ယူပြီးသွားပြီဖြစ်သည်။သူတို့ ဒီကိုရောက်နေကြတာ အခင်းဖြစ်ရာနေရာကို စစ်တမ်းကောက်ပြီး သဲလွန်စရှာဖို့ ဖြစ်သည်။သူတို့တွေ မပြန်ခင်တွင် ကျိလန်ကို ထပ်ပြီး အကြံပေးပြန်သည်။

“ဒီအသည်းတူးသမားက အရမ်း အန္တရာယ်များတယ်။မင်းတို့တွေ ဒီရက်တွေမှာ သတိထားကြနော်။ပြီးတော့…ဒဏ်ရာလည်း မရကြစေနဲ့။ကျေးဇူးပြုပြီး ဒီအဖြစ်တွေကို တခြားသူတွေကိုလည်း မပြောပြပါနဲ့။”

 

ရဲတွေပြန်သွားသောအခါ ကျိလန် ပေဖန်း နားနေသည့် နေရာကို ချက်ချင်း သွားလိုက်သည်။သူ့ကြည့်ရတာ ကြောက်လန့်နေပုံပေါ်ပေမဲ့ မနေ့က အိမ်မက်ဆိုးမက်နေတဲ့ အခြေအနေထက်ဆရင် ပိုကောင်းပါသေးသည်။

“ရဲတွေပြောသွားတာ အသည်းတူးသမားက ငါတို့ ဝင်ပေါက်နားမှာ ဆယ်မိနစ်ကြာအောင် ရပ်နေခဲ့တာတဲ့။ဘာလို့ အဲ့ဒီအချိန်မှာ ရဲကို မခေါ်လိုက်တာလဲ။”

တုန်ရုန်းယွမ်က ပေဖန်းအတွက် ရေနွေးလေး ငှဲ့ပေးရင်း မေးလိုက်သည်။

“ငါ..ငါ အဲ့ဒီအချိန်တုန်းက ကြောက်နေလို့ပါ။”

သူ အဲ့ဒီအချိန်တွင် ဇာတ်ညွှန်းကို စာအမှား ပြင်ဆင်တာ ပြီးလုခါနီးဖြစ်သည်။ရေသွားခပ်ရန် ထသွားချိန်တွင် ဖန်ခွက်မှတစ်ဆင့် ဝင်ပေါက်နားတွင် အသည်းတူးသမားရပ်နေသည်ကို မြင်လိုက်ရသည်။သူလုံးဝကို စိတ်လွတ်သွားပြီး အသိပြန်ဝင်လာချိန်တွင် ရဲကိုခေါ်တော့ အသည်းတူးသမားကတော့ ထွက်သွားပြီဖြစ်သည်။

“ဘာတွေ ပြောနေတာလဲ။အရေးအကြီးဆုံးက ပေဖန်း ဘာမှမဖြစ်ဖို့ပဲလေ။”

ရှန်ကျွင်းယီက ဝင်ပြောလေသည်။

“ကံကောင်းလို့ မနေ့က အရှေ့တံခါးက သော့တွေကို ခတ်ခဲ့လို့။အသည်းတူးသမား မဝင်နိုင်တာ။”

ယီကွမ်က ပြောလေသည်။စတူဒီယိုမှ ဝန်ထမ်းအားလုံးသည် အရွယ်ရောက်ပြီးသား ယောကျာ်းများဖြစ်သောကြောင့် သူတို့၏စတူဒီယိုသို့ အပြင်လူများ လာသည်မှာ ရှားပါးသည်မို့ များသောအားဖြင့် အရှေ့တံခါးများကို သော့မခတ်တတ်ကြပေ။သူတို့တွေ အချိန်ပိုဆင်းမှသာ အရှေ့တံခါးများကို တမင်ပိတ်တတ်ကြသည်။

“တံ..တံခါးတွေက သော့ခတ်မထားဘူး။”

ပေဖန်းက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

 

“ဘယ်လို?!!”

လူတိုင်း ထိတ်လန့်သွားကြသည်။

“တကယ်တော့ မင်းက ကံကိုကောင်းတာပါ။အသည်းတူးသမားသာ ခြေတစ်လှမ်းတိုးလိုက်ရင် တံခါးက အလိုလိုပွင့်တော့မှာ။”

စတူဒီယို၏အရှေ့ဘက် မှန်တံခါးများသည် အာရုံခံကိရိယာများဖြင့် ချိတ်ဆက်ထားတာဖြစ်သည်။

တကယ်လို့ အသည်းတူးသမားသာ ခြေတစ်လှမ်းတိုးလိုက်ပါက ရုံးထဲတွင် တစ်ယောက်တည်းရှိနေသော ပေဖန်းဆီသို့ တန်းရောက်သွားတော့မှာဖြစ်သည်။ထိုအကြောင်းကို တွေးမိသည်နှင့် လူတိုင်း ကြက်သီးတဖျန်းဖျန်းထကုန်ကြသည်။

 

“တ..တံခါးက ပွင့်သွားတယ်။”

ပေဖန်းက ပြန်ပြောလိုက်သည်။

“ဘယ်လို??!!”လူတိုင်း ထပ်ပြီး သံပြိုင်အော်ကြပြန်သည်။

“ဒါဆို သူက ဘာလို့ မင်းကို သတ်ပြီး အသည်းမယူသွားရတာလဲ။”

ကျိလန်က မေးလိုက်လေသည်။

 

“သူပြောတာက…”

ပေဖန်းက ဝိရောဓိဖြစ်နေကာ ဆက်ပြောလိုက်သည်။

“ညဆိုင်းတွေ ဆက်တိုက်ဆင်းနေလို့ ကျွန်တော့ အသည်းက သိပ်မကောင်းတော့ဘူးတဲ့။”

လူတိုင်း အံ့အားသင့်သွားကြသည်။အသည်းတူးသမားက ပေဖန်း၏အသည်းနှင့် ပတ်သက်သည့် မကျေနပ်ချက်ကိုတောင် ထုတ်ပြောသွားသေးသည်။

“ဟားဟားဟား ကြည့်ရတာ ညနက်တဲ့အထိ အလုပ်လုပ်ခြင်းရဲ့ အကျိုးကျေးဇူးထင်တယ်။”

 ရှန်ကျွင်းယီက ပေဖန်းကို ကိုယ်ချင်းစာစွာ လက်ဖြင့် ပုတ်လိုက်သည်။

“အဲ့ဒီအကြောင်းကို ထပ်တွေးမနေနဲ့တော့။တစ်ညလုံး မအိပ်ရပြန်ဘူးမလား။သွားပြီး အနားယူတော့။”

ပေဖန်းက ခေါင်းညိတ်ပြကာ သူတစ်ချိန်လုံး ဆုပ်ကိုင်ထားသည့် အိမ်မက်လှစေသော အရုပ်လေးအား တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။

“ဒီအရုပ်က အာနိသင်မှ မရှိတော့တာ ရှင့်ကို နောက်တစ်ရုပ် ထပ်ပေးမယ်။”

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည့် ဝူမြောင်မြောက်က ရုတ်တရက် စကားထပြောလေသည်။

ပြောပြောဆိုဆိုနှင့် သူမအိတ်ထဲမှ အိမ်မက်လှစေသည့်အရုပ်အသစ်အား ထုတ်ယူပြီး ပေဖန်းကိုလိုက်သည်။

“ဒါက ရှင့်အတွက်ပါ။မနေ့က အရုပ်လေး ကျွန်မကို ပြန်ပေးလို့ရမလား။”

 ပေဖန်းက ချက်ချင်းပဲ သူ့လက်ထဲက အရုပ်နှင့် လဲလှယ်လိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေးကတော်။”

 

ထို့နောက် ဝူမြောင်မြောင်က ပြန်လဲလိုက်သော အရုပ်ကိုယူကာ အနည်းငယ် ဖျစ်ညှစ်လိုက်သည်။ပြီးတာနှင့် နေရောင်ရမည့် နေရာကိုရှာကာ အရုပ်ကို သွားထားလိုက်သည်။

 

 ကျိလန် အရုပ်ကို ကြည့်လိုက်တော့ နေရောင်အောက်တွင် တစ်မျိူးထူးခြားနေသလို ခံစားမိသည်။သို့သော် သူ့မျက်လုံးကပဲ သူ့ကို လှည့်စားနေသလားတော့ သေချာမသိပေ။

 

....

      
ကဲ ဘာလိုလိုနဲ့ အပိုင်း ၁၀ထိတောင်ရောက်လာပြီနော်။ ဒါဒါလေးတို့ရေ.... ဘယ်လိုလဲ ဒါလေးကို ကြိုက်ကြရဲ့လားဟင်။

ကြိုက်နှစ်သက်ရင် voteလေးတွေအများကြီးပေးခဲ့ပါနော်။

Paid gpလေးကတော့ လကုန်လောက်ကျမှ ကြေငြာပေးတော့မယ်နော်။ ပြင်ဆင်တာလေးတွေမပြီးသေးလို့ပါရှင့်။

ဒါကြောင့်ပိုက်ဆံစုထားလို့ရတယ်နော်။ 😘😘😘😘

....
                    

 zawgyi

အခန္း ၆ ။ သူက ဘယ္သူ႕မိန္းမလဲ

 

 

တည္းျဖတ္ထားေသာ ဇာတ္ၫႊန္းကို စာအုပ္အျဖစ္ ရိုက္ႏွိပ္ၿပီး က်ိလန္၏စားပြဲေပၚတြင္ တင္ထားေလသည္။က်ိလန္သည္ ပထမစာေစာင္ကို ဆြဲထုတ္လိုက္ၿပီး အျမန္ လွန္ေလွာၾကည့္လိုက္ေလ၏။ တစ္ခ်ိန္တည္းမွာပင္ လက္တစ္ဖက္တြင္ အနီေရာင္ေဘာပင္ကိုကိုင္ကာ ျပႆနာရွိေနသည့္ေနရာမ်ားကို ဝိုင္းပစ္ေနေလသည္။ခဏအၾကာတြင္ ဇာတ္ၫႊန္းေပၚရွိ ေနရာေတာ္ေတာမ်ားမ်ားမွာ ဝိုင္းထားၿပီးသားျဖစ္ေနေတာ့သည္။

 

တကယ္ေတာ့ ဤစာေစာင္မွာ ဇာတ္ၫႊန္းရဲ႕ ပထမမူၾကမ္းသာျဖစ္ၿပီး ေနာက္ပိုင္းမွာ အႀကိမ္ေပါင္းမ်ားစြာ ျပန္လည္တည္းျဖတ္သြားရဦးမွာျဖစ္သည္။ပုံမွန္ကုမၸဏီမ်ားသည္ တည္းျဖတ္ေနသည့္အခ်ိန္တြင္ ဒစ္ဂ်စ္တယ္ဗားရွင္းကို အသုံးျပဳၾကၿပီး ေနာက္ဆုံးမူၾကမ္းကို ဖတ္ရႈၿပီးမွသာ ၎ကို ပရင့္ထုတ္တတ္ၾကသည္။ဤနည္းလမ္းမွာ ပုံမွန္လူမ်ားသုံးေနၾကျဖစ္ေပမဲ့ က်ိလန္သည္ နာတာရွည္ အိပ္မေပ်ာ္ေရာဂါကို ခံစားေနရၿပီး မ်က္လုံးမ်ားမွာ မၾကာခဏ  မသက္မသာ ျဖစ္တတ္ေသာေၾကာင့္ တတ္နိုင္သမွ် ကြန္ပ်ဴတာစခရင္ကို စိုက္ၾကည့္ရမည္အား ေရွာင္ၾကဥ္ေနရသည္။

 

တစ္နာရီခန႔္ၾကာေသာအခါ က်ိလန္သည္ ဇာတ္ၫႊန္းမ်ားကို ဖတ္ၿပီးသြားၿပီျဖစ္သည္။မ်က္ႏွာမည္းႀကီးျဖင့္ သူ႕႐ုံးခန္းထဲမွ စာေစာင္သုံးေစာင္ကို ယူကာ ထြက္လာေလသည္။

 

“ေဘာ့စ္ ထြက္လာၿပီ။”

 

“ေျခလွမ္းေနတဲ့အသံေတြက ေလးလံေနတဲ့ပုံပဲ။ေဘာ္ဒါတို႔ေရ အဆူခံရဖို႔သာ ျပင္ထားၾကေတာ့။”

 

အလုပ္ခြင္ထဲမွာ  ေကာ္ဖီေသာက္ေနဆဲျဖစ္ေသာ အယ္ဒီတာႏွစ္ေယာက္က  သူတို႔ေဘာ့စ္ ေလွကားေပၚက ဆင္းလာသည့္ ေျခသံအားနားေထာင္ၿပီး ေဘာ့စ္၏စိတ္အေျခအေနကို ခန႔္မွန္းေနၾကေလသည္။

 

က်ိလန္သည္ ေအာက္ထပ္သို႔ ဆင္းလာၿပီး သူ႕အလုပ္ခြင္တြင္ ေျခပစ္လက္ပစ္ လွဲအိပ္ေနေသာ လူတစ္ေယာက္ကို သတိထားမိလိုက္ေလသည္။

 

*ဇာတ္ၫႊန္းကို ဒီလိုအသုံးမက်ေအာင္ ေရးထားတာေတာင္ အိပ္ရဲေသးတယ္လား။*

 

“ေရွာင္ေပ ထေတာ့။ေဘာ့စ္ေရာက္ေနၿပီ။”

ေပဖန္း၏ေနာက္တြင္ ထိုင္ေနေသာ ရွန္ကြၽင္းယီသည္ အိပ္ေပ်ာ္ေနေသာ ေပဖန္းကို တိတ္တဆိတ္ ေဘာပင္ျဖင့္ ထိုးႏွိုးေသာ္လည္း မနိုးေပ။သူသည္ မ်က္ႏွာမည္းျဖင့္ လာေနေသာ က်ိလန္ကိုသာ ကူကယ္မဲ့စြာ ၾကည့္ေနခဲ့သည္။ က်ိလန္မွာ စိတ္ပ်က္ေနေသာအမူအရာျဖင့္ ေပဖန္ဆီသို႔ ေလွ်ာက္သြားေလသည္။

 

က်ိလန္က သူ႕လက္ကို ျမႇောက္လိုက္ၿပီး လက္ထဲမွ ဇာတ္ၫႊန္းမ်ားကို လႊင့္ပစ္ေတာ့မည့္အခ်ိန္တြင္ သူ႕မ်က္လုံးေတြ ေဝဝါးသြားၿပီး ေပဖန္း၏အိမ္က သူ႕စိတ္ထဲတြင္ ေပၚလာေလသည္။

 

“ငါ့အသည္းကို မစားနဲ႕။ငါ့အသည္းကို မစားပါနဲ႕...”

 

အိပ္မက္ထဲမွာ ေပဖန္းသည္  ခႏၶာကိုယ္အေပၚပိုင္းဗလာႏွင့္ ေသြးမ်ားျပည့္ေနေသာ ကုတင္ေပၚတြင္ လဲေလ်ာင္းေနေလသည္။အနက္ေရာင္အရိပ္ျဖင့္ မ်က္ႏွာအသြင္အျပင္ကို ေသေသခ်ာခ်ာ မျမင္ရေသာ လူတစ္ေယာက္သည္  ခြဲစိတ္ခန္းသုံးဓားကိုကိုင္ကာ သူ႕ခႏၶာကိုယ္ကို လွီး၍ဖြင့္ေနေလသည္။ေပဖန္းသည္ နိုးေနေသာ္လည္း မလႈပ္ရွားနိုင္ေသာ္လည္း သူ၏ ခႏၶာကိုယ္ကို လႈပ္ရွားလို႔မရေပ။ထိုအရိပ္က သူ၏ခႏၶာကိုယ္အား ဓားတစ္ေခ်ာင္းျဖင့္ လွီးျဖတ္ေနသည္ကို ကူကယ္ရာမဲ့စြာ ၾကည့္ေန႐ုံပင္တတ္နိုင္ေလသည္။

 

“နာတယ္။။အရမ္းနာတယ္။”

 

က်ိလန္ မ်က္လုံးေတြကိုမွိတ္ၿပီး ျပန္ဖြင့္လိုက္ေတာ့ အိမ္မက္ထဲကေန ထြက္လာခဲ့ၿပီးၿပီျဖစ္သည္။စားပြဲေပၚတြင္ လွဲေနေသာ ေပဖန္ကို ၾကည့္ကာ မ်က္ေမွာင္ၾကဳတ္လိုက္ေလသည္။

ေပဖန္းသည္ သူ႕အိမ္မက္ထဲက ျမင္ကြင္းေၾကာင့္ မ်က္ႏွာတြင္ ေခြၽးေစးမ်ားထြက္ေနၿပီး အမူအရာမွာလည္း မဲ့႐ြဲ႕ေနေလသည္။

 

“ေရွာင္ေပ..ေရွာင္ေပ!!!”

ရွန္ကြၽင္းယီသည္ ေပဖန္းမနိုးေသးသည္ကို ျမင္လိုက္ရေသာအခါ သူ၏လုပ္ေဖာ္ကိုင္ဖက္အား ထိလိုက္ကာ အရဲစြန႔္ၿပီး ေပဖန္း၏ေနာက္ေက်ာကို ႏွစ္ႀကိမ္ ပုတ္လိုက္သည္။

 

သို႔ေသာ္ ေပဖန္းကေတာ့ နိုးမလာေပ။

 

“ေရွာင္ေပ?”

သူ ဘယ္ေလာက္ပဲ အိပ္ငိုက္ေနပါေစ အခုေလာက္ဆို နိုးသင့္ေနၿပီျဖစ္သည္။ရွန္ကြၽင္းယီ တစ္ခုခုလြဲမွားေနသလို ခံစားလိုက္ရသည္။ေပဖန္းဆီကို သူ ေလွ်ာက္သြားၿပီး စားပြဲေပၚကေန ဆြဲထူလိုက္ေသာအခါ ေပဖန္း၏မ်က္ႏွာမွာ အေတာ္ေလး ျဖဴေဖ်ာ့ေနသည္ကို ေတြ႕လိုက္ရသည္။

“ေရွာင္ေပ ဘာျဖစ္ေနတာလဲ။သူေနမေကာင္းဘူးလား။”

 

“ဘာျဖစ္တာလဲ။ဘာျဖစ္လို႔လဲ။”

စတူဒီယိုထဲက တျခားဝန္ထမ္းႏွစ္ေယာက္လည္း ေျပးလာၾကေလသည္။

 

“ေရွာင္ေပက ေနမေကာင္းဘူးလား။။ႏွစ္ညဆက္တိုက္ မနားဘဲ အလုပ္လုပ္ေနခဲ့တာေလ။ငါတို႔လက္ေပၚေတာ့ မေသေစနဲ႕ေနာ္ ေရွာင္ေပ။ငါလူနာတင္ကားေခၚလိုက္မယ္။”

တုန္႐ုန္းယြမ္သည္ သူ၏ဖုန္းကို ထုတ္ကာ အေရးေပၚကားေခၚမလို႔ လုပ္ေလသည္။

 

“ဘာလို႔ လူနာတင္ယာဥ္ေခၚေနမွာလဲ။ေဆး႐ုံကျဖင့္ ဒီကေန သုံးကီလိုမီတာေလာက္ပဲ ေဝးတာကို။ ငါတို႔ကိုယ္တိုင္ေမာင္းသြားတာမွ ပိုျမန္ဦးမယ္။”

ရွန္ကြၽင္းယီသည္ ေပဖန္းကို သူ႕ေနာက္ေက်ာေပၚတြင္ သယ္သြားေလေတာ့သည္။

 

ထိုအခ်ိန္တြင္ က်ိလန္က ႐ုတ္တရက္ သူ႕လက္ကို ျမႇောက္လိုက္ၿပီး ေပဖန္းရဲ႕ပါးကို ရိုက္လိုက္ေလသည္။

 

“ေဘာ့စ္ ေရွာင္ေပက ေနမေကာင္းဘူးေလ။!”

ရွန္ကြၽင္းယီမွာ ထိတ္လန႔္သြားေလသည္။သူတို႔ေဘာ့စ္က ဘယ္ေလာက္ပဲ ႐ူးမိုက္ေနပါေစ၊ေသမလိုျဖစ္ေနသည့္ ဝန္ထမ္းကို ဒီလိုေတာ့ မဆက္ဆံသင့္ေပ။

 

“ေရွာင္ေပ သတိရလာၿပီ။”

ေပဖန္းကို ကူတြဲေပးေနေသာ ကေလးမ်က္ႏွာေလးႏွင့္ ယီကြမ္သည္  ႐ုတ္တရက္ အံ့ဩတႀကီး ေအာ္လိုက္ေလသည္။

 

အားလုံးက ၾကည့္လိုက္ေသာအခါတြင္ ေစာေစာက ဘယ္လိုႏွိုးႏွိုး မနိုးသည့္ ေပဖန္းသည္ မ်က္လုံးပြင့္ကာ သတိရေနသည္ကို ေတြ႕လိုက္ရသည္။

 

*ဘယ္လိုႀကီးလဲ။အိပ္ေနရင္းနဲ႕ေတာင္ လူေတြရဲ႕အသံကို မွတ္မိေနတာလား။အခ်ိန္အၾကာႀကီး ငါေအာ္ေနတာက် မနိုးဘဲနဲ႕ ေဘာ့စ္က ေအာ္ေငါက္လိုက္တာနဲ႕ ခ်က္ခ်င္း နိုးလာတာတဲ့လား။*

 

ေပဖန္းသည္ သူ႕ေဘးနာရွိေသာအရာမ်ားကို မသိစိတ္က ႐ုန္းကန္ေနရင္း မ်က္လုံးကိုဖြင့္ၾကည့္လိုက္ေလသည္။ သူ႕ေရွ႕က အေျခအေနကို ရွင္းရွင္းလင္းလင္းျမင္လိုက္ရမွသာ ျဖည္းျဖည္းခ်င္း စိတ္ၿငိမ္‌သြားေလသည္။

 

“အိပ္မက္မက္ေနတာပဲ။!”

ေပဖန္းမွာ ေသျခင္းတရားမွ လြတ္ေျမာက္လာသည့္ ပုံစံေပါက္ေနေလသည္။

 

“ေရွာင္ေပ မင္း ငါတို႔ကို လန႔္ေသေအာင္ လုပ္ေနတာပဲ။ခုနေလးက မင္း ဘာျဖစ္သြားတာလဲ။”

 ရွန္ကြၽင္းယီက ေမးလိုက္ေလသည္။

 

“မင္းကို ပိုၿပီး အနားယူၿပီး ညလုံးေပါက္ အလုပ္လုပ္တာေတြ ရပ္ေတာ့လို႔ ငါေျပာသားပဲ။”

တုန္႐ုန္းယြမ္ကလည္း အျပစ္ဆိုလာေလသည္။

“ေငြကလည္း အေရးႀကီးေပမယ့္ မင္းက်န္းမာေရးက ပိုအေရးႀကီးတယ္ေလ။”

 

“အလုပ္မၿပီးရင္လည္း ငါလည္း တစ္စိတ္တစ္ပိုင္း အၿမဲကူညီေပးနိုင္တာပဲေလ။”

 ယီကြမ္ကလည္း ဝင္ေျပာေလ၏။

 

“လာ ေဆး႐ုံသြားၿပီး ေဆးစစ္ရေအာင္။”

ရွန္ကြၽင္းယီက ေပဖန္းကို ေဆး႐ုံကို ေခၚသြားခ်င္ေနေလသည္။

 

“ဘာမွမျဖစ္ဘူး။ငါ အိပ္မက္ဆိုး မက္ေန႐ုံပဲ။ဘီလူးစီးသလို ျဖစ္သြားလို႔ပါ။​​အဆင္ေျပပါတယ္။”

ေပဖန္းက ေခါင္းခါၿပီး ျငင္းလိုက္ေလသည္။

 

“ဒီေလာက္ထိ မင္းကို ေၾကာက္ေအာင္ လုပ္နိုင္တာ ဘယ္လို အိမ္မက္မ်ိဳးမို႔လဲ။”

ယိကြမ္က စိတ္ဝင္တစား ေမးေလသည္။

 

“စိတ္ေဖာက္ေနတဲ့အ႐ူးတစ္ေယာက္က ငါ့အသည္းေတြက ထုတ္ယူေနတာလို႔ မက္တာ။မင္းတို႔ ငါ့ကို ေခၚေနတဲ့အခ်ိန္မွာ သူက ငါ့အသည္းကို ထုတ္ယူေနတာေလ။~~”

အိပ္မက္ထဲက အေျခအေနေတြကို ျပန္သတိရသြားၿပီး ေပဖန္းမွာ သူ႕အသည္းေတြ နာက်င္လာသလို ခံစားရၿပီး မသိစိတ္က လက္လွမ္းၿပီး ဖုံးထားလိုက္ေလသည္။

 

“မင္း အရမ္းေတြ စိတ္လႈပ္ရွားေနတယ္။အသည္းတူးသမားကို ဖမ္းလို႔မမိေသးေပမယ့္ မ်ားေသာအားျဖင့္ သူက အသက္ (၂၀)ဝန္းက်င္ မိန္းကေလးေတြကိုပဲ ပစ္မွတ္ထားတာ။ေယာက္်ားႀကီးတစ္ေယာက္လုပ္ေနၿပီး မင္းက ဘာလို႔ အရမ္းေတြ ေၾကာက္ျပေနတာလဲ။ၿပီးေတာ့ ဟိုင္ၿမိဳ႕မွာ လူေပါင္း သန္းနဲ႕ခ်ီၿပီးရွိတယ္။မင္းကို ေ႐ြးခ်ယ္နိုင္ေျခက တစ္သန္းမွာ တစ္ေယာက္ပဲျဖစ္နိုင္တာ။ထီေပါက္ဖို႔ထက္ေတာင္ ပိုခက္ေသးတယ္။”

ရွန္ကြၽင္းယီက ေျပာေလသည္။

 

လြန္ခဲ့ေသာ တစ္လခြဲခန႔္က ဟိုင္ရွီတြင္ လူသတ္မႈတစ္ခု ျဖစ္ပြားခဲ့သည္။တကၠသိုလ္မွ ဘြဲ႕ရၿပီးေသာ မိန္းကေလးတစ္ဦးကို သူမငွားေနသာ အခန္းထဲတြင္ ေသဆုံးလ်က္ ေတြ႕ခဲ့ရသည္။ခြဲစိတ္ဓားျဖင့္ ဝမ္းဗိုက္ကိုေဖာက္လ်က္ အသည္းတစ္ျခမ္းအား ျဖတ္ယူခံထားရသည္။ေသြးဆုံးရႈံးမႈမ်ားသြားေသာေၾကာင့္ ေသဆုံးခဲ့ရသည္။ေနာက္ထပ္ ႏွစ္ပတ္အၾကာတြင္ အလားတူျဖစ္ရပ္မ်ိဳး ႏွစ္ခုဆက္တိုက္ျဖစ္ပြားခဲ့သည္။ ကံေကာင္းေထာက္မ၍ နစ္နာသူမ်ားထဲမွ တစ္ေယာက္သည္ အသက္ရွင္က်န္ရစ္ခဲ့သည္။သူ႕ရဲ႕ခႏၶာကိုယ္မွာ ထုံေဆးကို ခံနိုင္ရည္ရွိေသာေၾကာင့္ အသည္းတူးသမားက ထြက္သြားၿပီးေနာက္တြင္ လႈပ္ရွားနိုင္ေသးသျဖင့္ ရဲကိုေခၚနိုင္ခဲ့သည္။ထို႔ေၾကာင့္ ထိုသူ၏အသက္ကို ကယ္နိုင္ခဲ့သည္။

 

ေနာက္ေတာ့ သတင္းေထာက္က ထိုလူအား ေဆး႐ုံသို႔သြားေရာက္ အင္တာဗ်ဴးခဲ့သည္။ထိုအခ်က္မ်ားကိုလည္း အမ်ားျပည္သူအား ခ်ျပခဲ့သည္။အသည္းတူးသမားသည္ နစ္နာသူ၏အသည္းကို ယူေသာအခါ ထုံေဆးေပးတတ္သည္ကို လူတိုင္းသိၾကသည္။သူသည္ သားေကာင္၏ အသည္းတစ္ျခမ္း ျဖတ္ထုတ္ေနခ်ိန္တြင္ သားေကာင္ကို သတိရွိေနေစသည္။ သားေကာင္၏ေရွ႕တည့္တည့္တြင္ပင္ သူတို႔၏အသည္းအား မ်က္လုံးနီေနေသာ ေတာေၾကာင္ကို ခ်ေကြၽးတတ္သည္။

 

ထိုသတင္းကို ထုတ္လႊင့္လိုက္သည္ႏွင့္တၿပိဳင္နက္ ဟိုင္ၿမိဳ႕တစ္ခုလုံး အထိတ္တလန႔္ျဖစ္သြားၾကသည္။ အထူးသျဖင့္ တစ္ကိုယ္တည္းေနထိုင္ေသာ မိန္းကေလးမ်ားသည္ ညတိုင္း အိပ္မက္ဆိုးမ်ား မက္ၾကေတာ့သည္။ ထို႔ေၾကာင့္ ​​လြန္ခဲ့တဲ့ တစ္လေလာက္က က်ိလန္ သူ၏စြမ္းအားမ်ားကို ဆိုးဆိုး႐ြား႐ြား မထိန္းခ်ဳပ္နိုင္ေတာ့တာျဖစ္သည္။

 

ကံေကာင္းေထာက္မစြာျဖင့္ စိတ္ေဖာက္ေနေသာ အသည္းတူးသမားသည္ ေနာက္ထပ္ ရာဇ၀တ္မႈေတြ ထပ္မက်ဴးလြန္ေတာ့သျဖင့္ တျဖည္းျဖည္းနဲ႕ လူထုရဲ႕ စိတ္အေျခအေနသည္ နည္းနည္းေတာ့ နာလန္ထလာၾကေလသည္။

 

“လြန္ခဲ့တဲ့ႏွစ္ရက္က ငါရဲ႕ေဘးအခန္းမွာ ေနတဲ့ သူငယ္ခ်င္း တစ္ေယာက္က အသည္းေဖာက္ယူခံရလို႔ ငါေတာင္ ရဲေခၚေပးခဲ့ရေသးတယ္။”

ေပဖန္းက ထိတ္လန႔္တုန္လႈပ္စြာ ေျပာေလသည္။

 

“ဘယ္လို?!”

လူတိုင္း အံ့အားသင့္သြားၾကေလသည္။

“တစ္လေက်ာ္ၾကာတာေတာင္ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္တာ မရွိဘူးဆို။”

 

“အဲ့ဒါက ျပည္သူေတြ အထိတ္တလန႔္ ျဖစ္မွာစိုးလို႔ ရဲေတြက လူသတ္မႈကို ဖုံးထားခိုင္းလို႔ပါ။”

ေပဖန္းက ရွင္းေလသည္။

“...အဲဒီညက ငါ အလုပ္ဆင္းၿပီး အိမ္ျပန္တဲ့လမ္းမွာ ဓာတ္ေလွကားက ဆင္းေတာ့ အေရးေပၚထြက္ေပါက္ကေန အရိပ္မည္းမည္းတစ္ခုကို ေတြ႕လိုက္ရတယ္။ငါလည္း အဲ့ဒီအရိပ္ကို အသည္းတူးသမားလို႔ သံသယျဖစ္မိတာေပါ့။“

 

“ဘယ္လို?!”

အားလုံးမွာ အံ့အားသင့္သြားၾကျပန္ၾက၏။က်ိလန္မွာ  မ်က္ေမွာင္မၾကဳတ္ဘဲ မေနနိုင္ေတာ့ေပ။

 

“ဒါေၾကာင့္ ဒီရက္အနည္းငယ္အတြင္းမွာ အိမ္ျပန္ၿပီး မအိပ္ရဲေတာ့တာလား။အသည္းတူးသမားက မင္းဆီေရာက္လာမွာကို ေၾကာက္ေနတာပဲ။”

တုန္႐ုန္းယြမ္က အေၾကာင္းရွာျပေလသည္။

 

“အင္း။”

ေပဖန္း၏ မ်က္ႏွာသည္ ျဖဴေဖ်ာ့ေနေလသည္။စဥ္းစားၾကည့္မွ ေပဖန္းသည္ ကံေကာင္း၍ အသက္ရွင္က်န္ရစ္သည့္နစ္နာသူအျပင္ ဒုတိယေျမာက္ တစ္ဦးတည္းေသာ မ်က္ျမင္သက္ေသလည္းျဖစ္ေနေပသည္။

 

“ဒါမ်ား ဘာလို႔ ငါ့အိမ္ကို လိုက္မအိပ္တာလဲ။”

ရွန္ကြၽင္းယီက အႀကံေပးေလသည္။

 

“ရပါတယ္။ကုမၸဏီမွာ ေနရတာလည္း အဆင္ေျပပါတယ္။ၿပီးေတာ့ ဒီရက္ေတြက ငါတို႔ ဇာတ္ၫႊန္းကို တည္းျဖတ္ေပးရမွာပဲေလ။ညဘက္မွာလည္း အလုပ္လုပ္လို႔ရၿပီး ေန႕ဘက္မွာလည္း အိပ္လို႔ရတယ္ေလ။ ဒီေနရာက ေတာ္ေတာ္ေလးအဆင္ေျပပါတယ္။”

အေရးႀကီးဆုံးအခ်က္မွာ အသည္းတူးသမားသည္ ညဘက္မွသာ ျပစ္မႈမ်ားကို အၿမဲက်ဴးလြန္ေနျခင္းျဖစ္သည္။

 

“ဒါေပမယ့္ မင္းအရမ္းေၾကာက္ေနတာကို ဘယ္လိုလုပ္ အလုပ္လုပ္နိုင္မွာလဲ။​​”

 

“ဒီမွာ ေနတာက ပိုလုံၿခဳံပါတယ္။မႈခင္းစုံစမ္းေရးရဲတပ္ရင္းကလည္း လမ္းရဲ႕မ်က္ေစာင္းထိုးေလးမွာတင္ေလ။”

 

ထိုအႀကံကို လူတိုင္းလက္ခံၾကသည္။အသည္းတူးသမားသည္ ရာဇ၀တ္မႈက်ဴးလြန္ရန္ မႈခင္းစုံစမ္းေရးရဲတပ္ရင္း၏ တံခါးဝထိေတာ့ ေရာက္မလာနိုင္ဟု ထင္ျမင္ယူဆၾကသည္။

 

“မင္းအတြက္ အိပ္ေဆးဝယ္ေပးရမလား။မင္းၾကည့္ရတာ ေကာင္းေကာင္း အိပ္လို႔မေပ်ာ္ဘူးထင္တယ္။”

တုန္႐ုန္းယြမ္က ေျပာေလသည္။

 

“အိပ္ေဆးမေသာက္ဘူး။အိပ္ေဆးေသာက္ၿပီးမွ အိပ္မက္ဆိုးကေန မထနိုင္ရင္ ဘယ္လိုလုပ္မလဲ။”

ေပဖန္းက ေခါင္းခါျပေလသည္။အိပ္မက္ထဲမွာ ျဖစ္ေနတာေတြက အစစ္အမွန္မဟုတ္ေပမဲ့ အေတာ္ေလး ေၾကာက္စရာေကာင္းသည္။

 

“ဟုတ္တယ္။ခုနကဆို  ငါတို႔ သူ႕ကို  အႀကိမ္ေပါင္းမ်ားစြာ ေအာ္ေခၚေနတာကို အရမ္းေၾကာက္ေနၿပီး နိုးမလာဘူးေလ။အိပ္ေဆးမေသာက္နဲ႕။အိပ္မက္ထဲမွာေတာင္ အေၾကာက္လြန္ၿပီး ေသသြားပါဦးမယ္။”

ရွန္ကြၽင္းယီက ဝင္ေနာက္ေလသည္။

 

“ဘာေတြ ေလွ်ာက္ေျပာေနတာလဲ။ဘယ္လိုလူေတြက အိမ္မက္ထဲထိ ေသေအာင္ ေျခာက္လွန႔္နိုင္မွာမို႔လဲ။”

ယီကြမ္က တုန္လႈပ္သြားေလသည္။

ထိုစကားမ်ားကို ၾကားေသာအခါ ေဘးက တုန္႐ုန္းယြမ္က  က်ိလန္ကို အလိုလို လွမ္းၾကည့္မိေလသည္။

 

“တစ္စိတ္ေလာက္ပါ။က်ိလန္က ဒီမွာ အလုပ္လုပ္တာလား။”

ထိုအခ်ိန္တြင္ ႏူးညံ့ခ်ိဳသာလွေသာ အမ်ိဳးသမီးအသံတစ္သံမွာ အခန္းထဲတြင္ ႐ုတ္တရက္ ထြက္ေပၚလာခဲ့သည္။ အိပ္မက္အေၾကာင္း ေဆြးေႏြးေနၾကသူတိုင္း ေခါင္းလွည့္ၾကည့္ေလသည္။ထိုအခါ ကန႔္ထားေသာ အခန္းနားတြင္ လမ္းေလွ်ာက္ေနသည့္ က်စ္ဆံၿမီးႏွစ္ေခ်ာင္းႏွင့္ တိုင္းရင္းသားဝတ္စုံလွလွေလးဝတ္ထားေသာ မိန္းမငယ္ေလးတစ္ဦးကို ေတြ႕လိုက္ၾကရသည္။

လူတိုင္းက ဝူေျမာင္ေျမာင္ကို ၾကည့္ေနခ်ိန္တြင္ ဝူေျမာင္ေျမာင္က လူအုပ္ၾကားထဲတြင္ မတ္တတ္ရပ္ေနသည့္ က်ိလန္ကို ခ်က္ခ်င္း ေတြ႕သြားေလသည္။သူမက အားပါးတရၿပဳံးျပကာ အသံခ်ိဳခ်ိဳေလးျဖင့္ ေခၚလိုက္ေလသည္။

“ရွန္ကုန္း ကြၽန္မ ေဈးဝယ္လို႔ ၿပီးၿပီ။”

 

*အိုး…ရွန္ကုန္းတဲ့လား။*

က်ိလန္မွလြဲ၍ က်န္ေသာသူမ်ားမွာ တစ္ေယာက္ကိုတစ္ေယာက္ မယုံသကၤာျဖင့္ စိုက္ၾကည့္ေနၾကေလသည္။

 

*တကယ္ပါပဲ။ငါတို႔ေနာက္ကြယ္မွာ ဘယ္သူက ခ်ိန္းေတြ႕ေနတာလဲ။*

 

ထိုအခ်ိန္တြင္ က်ိလန္ေျပာလိုက္ေသာ စကားေၾကာင့္ လူေလးေယာက္မွာ မယုံနိုင္ဖြယ္ရာ အၾကည့္မ်ားျဖင့္ ၾကည့္ေနၾကေလသည္။

“မင္းဘာေတြဝယ္ခဲ့တာလဲ။ဘာလို႔ ခဏေလးနဲ႕ ျပန္လာရတာလဲ။”

 

“ဖိနပ္အပါးတစ္ရံဝယ္ခဲ့တယ္။အိုး… အတြင္းခံေတြလည္းဝယ္ခဲ့တယ္။”

 ဝူေျမာင္ေျမာင္သည္ သူမလက္ထဲမွ အိတ္မ်ားကို ေပ်ာ္႐ႊင္စြာ ျမႇောက္ျပေလသည္။

 

*အတြင္း... အတြင္းခံ !*

 

ဝူေျမာင္ေျမာင္၏ ပြင့္လင္းေသာ စကားမ်ားေၾကာင့္ က်ိလန္မွာ ပ်ာယာခတ္သြားေလသည္။က်ိလန္သည္ သူမ၏လက္မ်ားကို ဆြဲခ်လိဳက္ၿပီး ဝူေျမာင္ေျမာင္ကို ငမ္းေနၾကေသာ ဝန္ထမ္းေလးေယာက္အား စိမ္းစိမ္းဝါးဝါး စိုက္ၾကည့္လိုက္ေလ၏။

 

“အားလုံးပဲ မဂၤလာပါ။”

ဝူေျမာင္ေျမာင္သည္ အေျခအေနကို လုံးဝသတိမထားမိဘဲ သူမကို ငမ္းေနၾကသည့္ ေခ်ာေမာေသာ သူစိမ္းေယာက်ာ္းေလးေယာက္ကို ႏႈတ္ဆက္လိုက္ေသးသည္။

“ရွင္တို႔က က်ိလန္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြလား။”

 

“...မင္…မဂၤလာပါ..။”

အသိစိတ္ျပန္ဝင္လာၾကေသာအခါ ထိုေလးေယာက္မွာ စကားေတြပင္ ထစ္ေငါ့ေနၾကေလသည္။

 

“ငါနဲ႕ အေပၚထပ္ကို လိုက္ခဲ့။”

 က်ိလန္က ဝူေျမာင္ေျမာင္ကို ဆက္ၿပီး မိတ္မဆက္ေစခ်င္ေတာ့ေသာေၾကာင့္ သူမကို အေပၚသို႔ဆြဲေခၚသြားေတာ့ေလသည္။

 

“ခဏေနပါဦး။”

ဝူေျမာင္ေျမာင္က ေစ်းဝယ္အိတ္မ်ားကို က်ိလန္၏လက္ထဲသို႔ ထည့္ေပးလိုက္ၿပီး ေပဖန္းကို စိုက္ၾကည့္ရင္း ေျပာလိုက္ေလသည္။

“ရွင့္ရဲ႕အသားအေရာင္ကလည္း ျဖဴေဖ်ာ့ေနတာပဲ။အိမ္မက္ဆိုး မက္လို႔လား။”

 

“သူေဌးကေတာ္က အရမ္းအျမင္အာ႐ုံေကာင္းတာပဲ။”

ရွန္ကြၽင္းယီက ခ်ီးက်ဴးေလသည္။

 

က်ိလန္က မ်က္ခုံးပင့္လိုက္ေလသည္။မ်ားေသာအားျဖင့္ သာမာန္လူမ်ားသည္ တစ္ဖက္လူက အသားအေရာင္ေဖ်ာ့ေတာ့ေနလွ်င္ အိမ္မက္ဆိုးမက္တာေၾကာင့္မဟုတ္ဘဲ ေနမေကာင္းလို႔ဟု ထင္ျမင္ၾကမည္ျဖစ္သည္။

ဝူေျမာင္ေျမာင္သည္ သူမထင္တာ မွန္ေသာအခါ တိုင္းရင္းသားစတိုင္ အိတ္ေလးထဲမွ လက္ျဖင့္ခ်ဳပ္ထားေသာ အ႐ုပ္ေလးကို ထုတ္လိုက္ေလသည္။

“ဒါက ရွင့္အတြက္။”

ဝူေျမာင္ေျမာင္က ထိုအ႐ုပ္ကို ေပဖန္းအား ေပးေလသည္။

“ေက်းဇူးပါပဲ။ဒါက ဘာေလးလဲ။”

ေပဖန္းက အလိုလို ေမးလိုက္ေလသည္။

 

“အိပ္မက္ေကာင္းေကာင္း မက္ေစတဲ့ အ႐ုပ္ေလးပါ။ရွင့္ကို အိပ္မက္ဆိုးမမက္ေအာင္ ကာကြယ္ေပးနိုင္တယ္။”

ဝူေျမာင္ေျမာင္ရွင္းျပသည္ကို ၾကားရေသာအခါ  လူတိုင္း၏မ်က္လုံးမ်ားသည္ အ႐ုပ္ကို ဝိုင္းၾကည့္မိၾကေလသည္။က်ိလန္ႏွင့္ တုန္႐ုန္းယြမ္တို႔မွ လြဲ၍ က်န္ေသာသူမ်ားမွာ မယုံၾကည္နိုင္မႈမ်ား ျပည့္ေနၾကေလသည္။

 

“ေက်းဇူးပါပဲ။ဒါက ငါ့ဘဝအတြက္ လိုအပ္ေနတဲ့အရာပဲ။”

 ထိုအ႐ုပ္မွာ သူ႕စိတ္အေျခအေနကို ႏွစ္သိမ့္ေပးနိုင္ေသာ္လည္း ထိုအ႐ုပ္ကို ထိလိုက္သည္ႏွင့္ ေပဖန္းသည္ အလြန္တုန္လႈပ္သြားေလသည္။

 

“ဘုန္း!”

ထိုအခ်ိန္တြင္ ေကာင္းကင္မွ ဇာတ္ၫႊန္းတစ္ခုသည္ အားျပင္းျပင္းႏွင့္ ေပဖန္းေရွ႕တြင္ ျပဳတ္က်လာခဲ့သည္။

 

“ဒီလိုအသုံးမက်တဲ့ ဇာတ္ၫႊန္းမ်ိဳးကို ဒီေနရာမွာ ႏွစ္ညကုန္ေအာင္ေတာင္ ေရးခဲ့တယ္ေပါ့။ဒီလိုစာမ်ိဳးက ပရင့္ထုတ္ဖို႔ေတာင္ တန္ရဲ႕လား။”

က်ိလန္က ဆူပူႀကိမ္းေမာင္းလိုက္ေလသည္။

 

“ငါ...ငါ..ခ်က္ခ်င္း ျပန္လုပ္လိုက္ပါ့မယ္။”

ေပဖန္းသည္  ဇာတ္ၫႊန္းကို တုန္တုန္ယင္ယင္ျဖင့္ ေကာက္ယူလိုက္ေလ၏။

 

အိပ္မက္ထဲတြင္ အသည္းတူးသူ ေျခာက္လွန႔္တာကိုခံခဲ့ရၿပီး လက္ေတြ႕ဘဝတြင္ေတာ့  သူေဌးျဖစ္သူက ေျခာက္လွန႔္ေနျပန္ပါၿပီ။ သူ႕ဘဝေလးက တကယ္ကို သနားစရာပင္။

 

“အခု မင္းဦးေႏွာက္က အလုပ္လုပ္နိုင္ၿပီလား။ေနာက္ထပ္ အသုံးမက်တာေတြ ထပ္ထုတ္လာဦးမလို႔လား။”

 

ေပဖန္းသည္ အ႐ုပ္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၿပီး က်ိလန္အား စိတ္ပ်က္အားငယ္စြာျဖင့္ ၾကည့္ေနေလသည္။

 

“မနက္​ျဖန္လာ​​ေပး​​!”

က်ိလန္က အထင္ေသးစြာျဖင့္ ေျပာလိုက္၏။

 

ေပဖန္းမွာ ေက်းဇူးတင္ခ်င္စိတ္မ်ား တဖြားဖြားေပၚေပါက္လာၿပီး

“ေက်းဇူးတင္ပါတယ္ ေဘာ့စ္။”ဟုေျပာလိုက္ေလသည္။

 

က်န္ဝန္ထမ္းသုံးေယာက္ကလည္း အခြင့္အေရးကို ျမင္လိုက္တာနဲ႕ လစ္ေျပးမလို႔လုပ္ၾကေလသည္။

 

“မင္းတို႔ႏွစ္ေယာက္ေကာ….”

က်ိလန္က ခိုးေၾကာင္ခိုးဝွက္ျဖင့္ လစ္ေျပးဖို႔လုပ္ေနေသာ ရွန္ကြၽင္းယီႏွင့္ ယီကြမ္ကို တားလိုက္ေလသည္။

 

ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ၾကည့္လိုက္ၾကသည္။သူတို႔မ်က္လုံးမ်ားကို မွိတ္ကာ အံႀကိတ္လိုက္ၿပီးမွ ျပန္လွည့္လာကာ လ်င္ျမန္ေသာအရွိန္ျဖင့္ က်ိလန္လက္ထဲမွ ဇာတ္ၫႊန္းကို ေျပးယူၾကေလသည္။က်ိလန္ ဆက္ေျပာမည့္စကားကိုပင္ မေစာင့္ေတာ့ဘဲ “ေဘာ့စ္ မနက္ျဖန္အမီ ၿပီးေစရပါ့မယ္။”ဟု တညီတၫြတ္တည္း ေျပာၾက၏။

 

“မနက္ျဖန္?မင္းတို႔ ဦးေႏွာက္ေတြ အလုပ္လုပ္ေသးရဲ႕လား။”

က်ိလန္က ေအးစက္စက္ျဖင့္ ေအာ္လိုက္ေလသည္။

 

“ဟုတ္ကဲ့။အခု ၿပီးေအာင္ လုပ္လိုက္ပါ့မယ္။”

ႏွစ္ေယာက္သား ထိုင္ခုံဆီသို႔ ေျပးထိုင္ၾကကာ ဇာတ္ၫႊန္းကို အမွားျပင္ဆင္ၾကေလသည္။

 

အယ္ဒီတာသုံးေယာက္အား က်ိလန္ ဆူပူႀကိမ္းေမာင္းၿပီးေသာအခါ တုန္႐ုန္းယြမ္ကို လွည့္ၾကည့္ေလသည္။ တုန္႐ုန္းယြမ္အား ထပ္ၿပီးႀကိမ္းစရာမေတြ႕ေတာ့တာေၾကာင့္ အံ့အားသင့္ေနသည့္ ဝူေျမာင္ေျမာင္ကို  အေပၚထပ္သို႔ ဆြဲေခၚသြားေလသည္။

 

ကပ္ဆိုးႀကီးမွ လြတ္ေျမာက္ခဲ့ေသာ တုန္႐ုန္းယြမ္သည္ စားပြဲေပၚတြင္ လွဲ၍ အသက္ကို ျပင္းျပင္း ရႉသြင္းလိုက္ေလသည္။သူ႕မွာ ေၾကာက္လြန္းလြန္းလို႔ ေသလုမတတ္ပင္။ကံေကာင္းေထာက္မစြာျဖင့္ သူသည္ အယ္ဒီတာတစ္ေယာက္ ျဖစ္မေနခဲ့ေပ။

 

 

 

အခန္း ၇ ။ ေကာင္းေစခ်င္လို႔ေျပာတာကို မျငင္းပယ္ပါနဲ႕

 

 

က်ိလန္က ဝူေျမာင္ေျမာင္ကို သူ႕႐ုံးခန္းဆီသို႔ ေခၚသြားလိုက္ၿပီး သူ႕လက္ထဲက ေစ်းဝယ္အိတ္မ်ားကို ဆိုဖာေပၚ သို႔ပစ္ခ်လိဳက္ကာ ေမးလိုက္သည္။

“မင္းဘာလို႔ ဒီပစၥည္းေတြကို ဝယ္လာတာလဲ။”

ဖိနပ္မ်ားႏွင့္ အတြင္းခံဝတ္မ်ားသည္ ဟိုတယ္တစ္ခုတြင္ ယာယီေနထိုင္ရန္အတြက္ မရွိမျဖစ္လိုအပ္သည့္အရာမ်ိဳးမ်ားျဖစ္သည္။

 

“ေဈးဝယ္စင္တာထဲက အဝတ္အစားေတြက အရမ္းေဈးႀကီးတယ္ေလ။အဲ့ဒါေၾကာင့္ အေရးေပၚလိုအပ္တာေတြပဲ ဝယ္ၿပီး က်န္တာေတြကို အြန္လိုင္းမွာပဲ ဝယ္မလားလို႔ပါ။”

ဝူေျမာင္ေျမာင္က ျပန္ေျပာေလသည္။

 

က်ိလန္ အလန႔္တၾကားျဖစ္သြားေလသည္။သူမသည္ အသက္ဆယ့္ရွစ္ႏွစ္သာရွိေသးသည္။ထို႔ေၾကာင့္ သူမလက္ထဲမွာ ပိုက္ဆံအမ်ားႀကီးမရွိသည္မွာ ျဖစ္ေကာင္းျဖစ္နိုင္ပါ၏။

 

“မင္းကို ပိုက္ဆံနည္းနည္းလႊဲေပးလိုက္မယ္။ထပ္ၿပီးသြားဝယ္လို႔ရတယ္။”

က်ိလန္သည္ သူေျပာသည့္အတိုင္း စားပြဲမွ ဖုန္းကိုယူ၍ ဝူေျမာင္ေျမာင္ထံသို႔ ပိုက္ဆံလႊဲေပးရန္ WeChat ကိုဖြင့္လိုက္သည္။

 

“မလိုပါဘူး။ကြၽန္မမွာ ပိုက္ဆံရွိပါတယ္။”

“ယူထားလိုက္ပါ။”

က်ိလန္ သူမကို  မယုံပါေခ်။သူမ ဝယ္လာသည့္ ဖိနပ္ပါးမ်ား၏ အမွတ္တံဆိပ္ကို သူသိပါသည္။ထိုဖိနပ္တစ္ရံအား ေလွ်ာ့ေဈးျဖင့္ ေရာင္းသည့္ စတိုးဆိုင္တြင္ တစ္စုံကို ယြမ္ ၁၀ဝႏွင့္သာ ေရာင္းခ်ေပးသည္။ထိုကဲ့သို႔ အမ်ိဳးသမီးအတြင္းဝတ္မ်ားအေၾကာင္းကို သူ သိပ္မသိေသာ္လည္း ေစ်းႀကီးေလာက္မည္မဟုတ္သည္မွာ ေသခ်ာပါ၏။

 

ထို႔ျပင္ သူသည္ ဤႏွစ္မ်ားတြင္ အိပ္မေပ်ာ္နိုင္သည့္ေရာဂါကို ကုစားရန္ ယြမ္ သိန္းေပါင္းမ်ားစြာ သုံးစြဲခဲ့ရသည္။ဝူေျမာင္ေျမာင္သည္ သူ႕အား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစနိုင္သည္အား ေတြးမိေသာအခါ သူမအား ေငြနည္းနည္းေလာက္ ေပးလိုက္ရသည္ကို ဆုံးရႈံးသည္ဟု မခံစားရေတာ့ေပ။

 

 “တင္!”

 

က်ိလန္ဘက္က ေငြလႊဲၿပီးတာနဲ႕ သူမဘက္မွ လႊဲေျပာင္းမႈအား လက္ခံေၾကာင္း  သတိေပးခ်က္တစ္ခုကို ရရွိလိုက္ေလသည္။သူ႕ႏႈတ္ခမ္းေထာင့္မ်ား ႐ုတ္တရက္ ၿပဳံးေယာင္သမ္းသြားေလသည္။

*ဒီမိန္းကေလး ေစာေစာကေတာ့ သူေပးတာကို ျငင္းဖို႔ႀကိဳးစားေနခဲ့ေသးတယ္။အခုေတာ့ ေငြလက္ခံလိုက္တဲ့အရွိန္က ေႏွးေတာ့ မေႏွးဘူးပဲ။*

 

ေငြကိုလက္ခံလိုက္ေသာ ဝူေျမာင္ေျမာင္၏ အေၾကာင္းျပခ်က္သည္ အလြန္ရိုးရွင္းပါသည္။ဘာပဲျဖစ္ျဖစ္ က်ိလန္က သူ႕ရွန္ကုန္းပင္။သူမဆရာ၏စကားအရ ဇနီးေမာင္ႏွံႏွစ္ေယာက္သည္ ကမာၻေပၚတြင္ အရင္းႏွီးဆုံး ဆက္ဆံေရး ရွိသူမ်ားျဖစ္ၾကသည္။ထို႔ေၾကာင့္ သူတို႔သည္ တစ္ဦးႏွင့္တစ္ဦး အရမ္းႀကီး ယဥ္ေက်းပ်ဴငွာမေနသင့္ေပ။မဟုတ္လွ်င္ သူတို႔၏ဆက္ဆံေရးသည္ သူစိမ္းဆန္သြားၾကမည္ျဖစ္သည္။သူမႏွင့္ က်ိလန္သည္ အခုအထိေတာ့ ရင္းႏွီးေသာ ဆက္ဆံေရးမ်ိဳး မတည္ေဆာက္ေသးရေပ။ထို႔ေၾကာင့္ သူတို႔၏ဆက္ဆံေရးကို အေျခအေနတင္းမာသြားမွာမ်ိဳး ခြင့္ျပဳမွာမဟုတ္ပါ။

 

“ကြၽန္မ ေကာင္းေကာင္းသုံးပါ့မယ္။”

 ဝူေျမာင္ေျမာင္က ေလးေလးနက္နက္ ေျပာလိုက္သည္ ။

 

  “…”

က်ိလန္ဆြံ႕အသြားေလသည္။

*ပိုက္ဆံရၿပီးရင္ေတာ့ စိတ္ရႈပ္ေနတဲ့ပုံ ဆက္ၿပီးဟန္မေဆာင္ေတာ့တဲ့ပုံပဲ။*

 

 “ခုနက ေပဖန္းကို  ဘာေပးလိုက္တာလဲ။”

ေငြလႊဲလိုက္တာကို လက္ခံရရွိၿပီး ဝူေျမာေျမာင္ စိတ္ေကာင္းေနသည္ကို ေတြ႕ရေသာအခါ  က်ိလန္က အခြင့္ေကာင္းယူၿပီး ေမးလိုက္သည္။

 

“ေပဖန္း?ခုနက အိပ္မက္ဆိုး မက္ေနတဲ့ ခ်စ္စရာေကာင္းတဲ့ ေကာင္ေလးကို ေျပာတာလား။”

 

“ခ်စ္စရာေကာင္းတဲ့ ေကာင္ေလး?”

*ေပဖန္းကို သူနဲ႕ရင္းႏွီးတယ္ထင္ၿပီး ေခၚလိုက္တဲ့ပုံပဲ။*

 

 “မဟုတ္ဘူးလား။”

*သူမထင္တာ မွားသြားလို႔လား။*

 

“ထားပါ။​ေစာေစာက မင္းသူ႕ကို ေပးလိုက္​တဲ့ အ႐ုပ္​က ဘာအ႐ုပ္လဲ။အဲ့ဒါက အိပ္မက္ဆိုးေတြကို တကယ္​ေမာင္းထုတ္​နိုင္​ပါ့မလား။”

က်ိလန္က ဝူေျမာင္ေျမာင္ ေပဖန္းအား ေခၚဆိုသည့္ စကားအား ဂ႐ုထားမေနဘဲ သူေမးလိုသည္အား ဆက္ေမးလိုက္ေလသည္။

 

“ေမာင္းထုတ္နိုင္တာေပါ့။အဲ့ဒီအ႐ုပ္မွာ ကြၽန္မရဲ႕ ကေဝစြမ္းအားေတြပါတယ္ေလ။အိမ္မက္ေကာင္းေကာင္း မက္႐ုံတင္မကဘူး။မိုးလင္းတဲ့အထိလည္း ေအးေအးခ်မ္းခ်မ္း အိပ္ေပ်ာ္ေစတယ္။မနက္မိုးလင္းလို႔ အိပ္ရာထရင္လည္း လန္းလန္းဆန္းဆန္း ျဖစ္ေနလိမ့္မယ္။”

ဝူေျမာင္ေျမာင္က ထိုသို႔  ျပန္ေျပာလာ၏။

 

*ေမွာ္အစြမ္းေတြပါတဲ့ အိပ္မက္လွလွ မက္ေစတဲ့အ႐ုပ္ေလးတစ္႐ုပ္လား။မေန႕က သူအိပ္ေပ်ာ္သြားရတဲ့ အေၾကာင္းရင္းက ဝူေျမာင္ေျမာင္ရဲ႕ ခႏၶာကိုယ္ေပၚမွာ အဲ့ဒီအ႐ုပ္ေလးတစ္႐ုပ္ရွိေနလို႔ပဲလား။*

 

“မင္းမွာ ေနာက္တစ္႐ုပ္ရွိေသးလား။”

က်ိလန္လည္း တစ္႐ုပ္ေလာက္ စမ္းသုံးၾကည့္ခ်င္မိသည္။

 

“ကြၽန္မမွာ ႏွစ္႐ုပ္ရွိေသးတယ္။ဒါေပမယ့္ ရွင့္အေပၚ မွာ သိပ္ၿပီး သက္ေရာက္မႈ ရွိမွာမဟုတ္ဘူး။”

 

“ဘာလို႔ ငါ့အေပၚမွာ သိပ္ၿပီး သက္ေရာက္မႈ မရွိရတာလဲ။”

က်ိလန္ အႀကံအိုက္သြားေလသည္။

 

“ရွင္က တျခားသူေတြနဲ႕ မတူဘူးေလ။တျခားသူေတြက ထိတ္လန႔္လို႔ ေၾကာက္႐ြံလို႔ ဒါမွမဟုတ္ မသိစိတ္ရဲ႕ လႊမ္းမိုးမႈ တစ္ခုခုေၾကာင့္ အိပ္မက္ဆိုးေတြ မက္တတ္ၾကတယ္။ဒါေပမယ့္ ရွင္ကေတာ့ တစ္မ်ိဳး ထူးျခားေနတာေလ။ရွန္ကုန္း ရွင္က အိပ္မက္ဆိုးအရွင္ပဲ။ အိပ္မက္ဆိုးေတြက ရွင့္ရဲ႕ အစြမ္းေတြပဲေလ။ဘာလို႔ အစြမ္းေပ်ာက္ခ်င္ေနရတာလဲ။”

ဝူေျမာင္ေျမာင္က ေမးခြန္းျပန္ထုတ္ေလသည္။

 

က်ိလန္၏မ်က္ဝန္းအိမ္မ်ားသည္ အနည္းငယ္ တုန္လႈပ္သြားကာ ေလးနက္ေသာ အမူအရာျဖင့္ ေမးေလသည္။

“ငါက အိပ္မက္ဆိုးအရွင္ဆိုတာ မင္းသိတယ္လား။”

 

“သိတယ္ေလ။”

ဝူေျမာင္ေျမာင္က  ထူးထူးျခားျခား ဘာမွမဟုတ္သလို ေအးေအးေဆးေဆး ေခါင္းညိတ္ျပေလသည္။

 

က်ိလန္သည္ ဝူေျမာင္ေျမာင္မွာ သူ႕ကိုရွင္းပစ္ရန္ ႐ုပ္လြန္ပညာေလာကမွ ထိုလူမ်ားက ေစလႊတ္လိုက္သည္ဟု ထပ္မံခံစားမိျပန္သည္။သို႔ေသာ္ သူ ေတြးၾကည့္ၿပီးေနာက္တြင္ ဝူေျမာင္ေျမာင္၏ဆရာသည္ က်ိလန္ ငယ္႐ြယ္စဥ္ကပင္ ကေဝမ်ိဳးႏြယ္၏နည္းပညာမ်ားကို အသုံးျပဳ၍ ကုသေပးခဲ့သည္ဟု သူ႕မိခင္က ေျပာၾကားခဲ့သည္။ထို႔ေၾကာင့္ ဝူေျမာင္ေျမာင္၏ဆရာသည္ သူက အိပ္မက္ဆိုးအရွင္ျဖစ္ေၾကာင္း သိထားေလာက္သည္။ဝူေျမာင္ေျမာင္က သူသည္ အိပ္မက္ဆိုးအရွင္ျဖစ္ေၾကာင္း သိေနသည္မွာ အံ့ၾသစရာေတာ့မဟုတ္ေပ။

 

“ငါက အိပ္မက္ဆိုးအရွင္ဆိုတာ မင္းသိေနတယ္ဆိုရင္ ဘာလို႔ ငါ့ကို လက္ထပ္ခ်င္ေနေသးတာလဲ။”

က်ိလန္က ေမးလိုက္ေလသည္။

 

“ကြၽန္မက ရွင့္ကို လက္ထပ္မယ့္သူမဟုတ္ဘူး။ရွင္ကသာ ကြၽန္မမိသားစုကို လက္ထပ္မယ့္သူပဲ။”

ဝူေျမာင္ေျမာင္က အေျဖကို ျပင္ေျပာေလသည္။

 

“ထားပါေတာ့။မင္းေျပာတဲ့အတိုင္းေပါ့။ဘာျဖစ္လို႔လဲ။”

မိသားစုကို လက္ထပ္တာပဲျဖစ္ျဖစ္၊ ဘာပဲျဖစ္ျဖစ္ က်ိလန္ သူမႏွင့္ ျငင္းခုံေနရဖို႔ကို ပ်င္းေနပါေတာ့သည္။

 

“ဘာျဖစ္​လို႔လဲ ဟုတ္လား။ရွင္က အိမ္​မက္​ဆိုး​အရွင္ေလ။ရွင္နဲ႕ကြၽန္မၾကားမွာ ကြၽန္မကို လက္ထပ္ခ်င္ေလာက္တဲ့ တိုက္ရိုက္ဆက္ႏြယ္မႈမ်ိဳး ရွိလို႔လား။”

 ဝူေျမာင္ေျမာင္က သူ႕ေမးခြန္းအား သူ႕ျပန္ေမးေလသည္။

 

“ဟုတ္တယ္ေလ။ငါက အိပ္မက္ဆိုးအရွင္။မေကာင္းတဲ့သူေလ။မင္းတို႔ ႐ုပ္လြန္ပညာေလာက က လူေတြက မိစာၦလိုလူမ်ိဳးေတြကို မုန္းတယ္မလား။”

က်ိလန္က ေလွာင္ရယ္ေလသည္။

 

“ကြၽန္မက ကေဝတစ္ေယာက္ပါေနာ္။ကေဝေတြေတြက မေကာင္းတဲ့အရာေတြကို မမုန္းတီးပါဘူး။ကြၽန္မတို႔ရဲ႕ က်င့္ႀကံနည္းက လူအမ်ားစုနဲ႕ မတူ႐ုံပါပဲ။”

ဝူေျမာင္ေျမာင္က ဆက္ရွင္းျပေလသည္။

“မိစာၦစြမ္းမ်ိဳးက ကြၽန္မတို႔ရဲ႕ စိတ္ဝိညာဥ္ကို ေလ့က်င့္တဲ့အခါမွာ တကယ္ ျမႇင့္တင္ေပးနိုင္တယ္။”

 

“တစ္နည္းေျပာရရင္ေတာ့ ငါက မင္းအနားမွာ ရွိေနရင္ မင္းရဲ႕ စိတ္ဝိညာဥ္ေလ့က်င့္ေရးကို ျမႇင့္တင္ေပးနိုင္တယ္မလား။”

က်ိလန္ သူမဆီမွ အတည္ျပဳေပးမႈကို ရွာေဖြၾကည့္ေလသည္။

ဝူေျမာင္ေျမာင္က ေခါင္းညိတ္ျပေလသည္။ကေဝေတြက သူတို႔သဘာဝအရကို အနက္ေရာင္စြမ္းအားမ်ားကို သေဘာက်ၾကသည္။အိမ္မက္ဆိုးအရွင္ျဖစ္သည့္ က်ိလန္ကေတာ့ အနက္ေရာင္ စြမ္းအားမ်ားကို အိပ္မက္ထဲကေန စုပ္ယူနိုင္သည့္ ေမြးရာပါခႏၶာကိုယ္ကို ပိုင္ဆိုင္ထားေပမယ့္ က်ိလန္၏ခြင့္ျပဳခ်က္မရွိလွ်င္ သူ၏အနက္ေရာင္စြမ္းအားမ်ားကို သူမ သုံးနိုင္မွာမဟုတ္ေပ။ဒါေပမယ့္ က်ိလန္ႏွင့္ ေန႕တိုင္း အတူတူေနေနရေတာ့ နည္းနည္းေတာ့ ရနိုင္ေသးသည္။

 

*ငါ သေဘာေပါက္သြားၿပီ။*

 

ဝူေျမာင္ေျမာင္ သူ႕ဆီ ခ်ဥ္းကပ္ရတဲ့ အေၾကာင္းရင္းကို က်ိလန္ ေနာက္ဆုံးေတာ့ နားလည္သြားပါသည္။သူ႕ထံ ခ်ဥ္းကပ္လာေသာ သရဲတေစၦမ်ားကဲ့သို႔ပင္ သူတို႔၏ စြမ္းအားမ်ားကို ျမႇင့္တင္ရန္ အက်ိဳးရွိရွိ အသုံးျပဳလိုေသာေၾကာင့္ပင္။ဒါေပမယ့္လည္း တစ္ဖက္လူရဲ႕ ရည္႐ြယ္ခ်က္အမွန္ေတြကို သိတာက အေသးစိတ္ကို မသိတာထက္ေတာ့ ပိုေကာင္းပါေသးသည္။

 

“ဒါဆိုရင္ ငါတို႔က အခ်င္းခ်င္း အျပန္အလွန္ကူညီရမယ္ေပါ့။”

က်ိလန္က‌ ေမးလိုက္ေလသည္။

 

“ရွန္ကုန္း ကြၽန္မ ရွင့္အတြက္ လုပ္ေပးနိုင္တာ တစ္ခုခုရွိလား။ေက်းဇူးျပဳၿပီး ပြင့္ပြင့္လင္းလင္း ေျပာလိုက္စမ္းပါ။”

ဝူေျမာင္ေျမာင္က ရက္ေရာစြာ ေျပာလိုက္သည္။

 

“မ​ေန႕က...မင္းငါ့ကို အိပ္​​ေပ်ာ္​​ေအာင္ ​ဘယ္လို​နည္း​ေတြသုံးခဲ့တာလဲ။”

ဝူေျမာင္ေျမာင္ သူ႕ဆီက တစ္ခုခု လိုခ်င္ေနမွန္းသိလို႔ က်ိလန္လည္း တည့္တိုးေမးခ်လိဳက္ေလသည္။

 

“မေန႕က ကြၽန္မ ရွင့္ကို အိပ္ေပ်ာ္ေအာင္ လုပ္လိုက္မိလို႔လား။ရွင္ ထက္ေစာၿပီး အိပ္သြားတာကို ကြၽန္မမွတ္မိပါတယ္။”

ဝူေျမာင္ေျမာင္သည္ ခဏတာ ပေဟဋိျဖစ္သြားေလသည္။

*မေန႕က သူမ အရမ္းအိပ္ခ်င္လို႔ ဘာမွ မမွတ္မိေတာ့တာလား။*

 

“အဟမ္း...”

က်ိလန္မွာ မိမိက တစ္ဖက္လူရဲ႕ အိပ္မက္ထဲကို ခိုးဝင္ဖို႔ ညသန္းေခါင္မွာ တိတ္တိတ္ေလး စာၾကည့္ခန္းထဲကို ဝင္လာခဲ့မိတယ္လို႔ ဝန္ခံရမွာ အေတာ္ေလး ရွက္ေနမိသည္။

“ငါက အိမ္မက္ဆိုးအရ်င္ေလ။အဲ့ဒီေတာ့ တျခားသူေတြရဲ႕ အိပ္မက္ေတြထဲကို ငါလည္း ဝင္ခ်င္လို႔မဟုတ္ဘဲ ေရာက္သြားတတ္တယ္။မေန႕ညက တစ္စုံတစ္ေယာက္ရဲ႕ အိပ္မက္ထဲကို ဝင္ခ်င္ခဲ့ေပမယ့္ အေၾကာင္းတစ္ခုခုေၾကာင့္ ႐ုတ္တရက္ႀကီး အိပ္ေပ်ာ္သြားတယ္ေလ။”

 

“အဲ့ဒီလိုလား။ကြၽန္မသိၿပီ။”

ဝူေျမာင္ေျမာင္က သူ႕အိတ္ထဲက အ႐ုပ္ေလးကို ထုတ္လိုက္ၿပီး  က်ိလန္၏ေမွ်ာ္လင့္ခ်က္အျပည့္ႏွင့္ မ်က္လုံးမ်ားကို လွမ္းၾကည့္လိုက္ေလသည္။ဒီအ႐ုပ္က ခုနက ေပဖန္းကို ေပးခဲ့တဲ့ အ႐ုပ္ထက္ နည္းနည္းပိုႀကီးၿပီး ပိုေသသပ္တဲ့ အ႐ုပ္တစ္႐ုပ္ျဖစ္ေလသည္။

“ထင္တဲ့အတိုင္းပဲ။သူအမ်ားႀကီး စားလိုက္ၿပီပဲ။”

 

“အဲ့ဒါက ဘာလဲ။”

သူ သိခ်င္မိသည္။

“ဒါလား?”

က်ိလန္ ေမးလိုက္သည္။

 

“ဒါက က်ိန္စာတိုက္တဲ့အ႐ုပ္ပါ။”

ဝူေျမာင္ေျမာင္က အ႐ုပ္ေလးကို က်ိလန္ႏွင့္ မိတ္ဆက္ေပးေလသည္။

“ဒီလိုအ႐ုပ္မ်ိဳးက အေမွာင္စြမ္းအားေတြ ဝါးၿမိဳရတာ ႀကိဳက္တယ္။မေန႕က ရွင္အိပ္ေပ်ာ္သြားေတာ့ ရွင့္ရဲ႕အစြမ္းေတြက စိမ့္ထြက္လာတာေနမယ္။ကြၽန္မ အခန္းနားကို ရွင္ မေတာ္တဆ ျဖတ္သြားတဲ့အခ်ိန္မွာ က်ိန္စာတိုက္တဲ့အ႐ုပ္က ရွင္က ကြၽန္မကို ထိခိုက္ေအာင္ လုပ္မယ္ထင္ၿပီး ရွင့္ရဲ႕စြမ္းအားေတြကို ဝါးမ်ိဳလိုက္တာျဖစ္မယ္။”

 

က်ိလန္ တိတ္ဆိတ္သြားေလသည္။

*ညက ငါ ျဖတ္သြားတာ မဟုတ္ပါဘူး။*

 

က်ိလန္သည္ လက္ရာေသသပ္ေသာ က်ိန္စာတိုက္သည့္အ႐ုပ္က စကားေျပာနိုင္ၿပီး အမွန္တိုင္း ေျပာလာမွာကို ေၾကာက္႐ြံ႕ကာ လိပ္ျပာမလုံသလို ေဝးေဝးကို သြားေလသည္။

 

“ဒါဆို မင္းငါ့ကို ဒီလိုအ႐ုပ္တစ္႐ုပ္ေပးလို႔ရမလား။”

သူ႕မွာ  ဒီလိုက်ိန္စာတိုက္သည့္ အ႐ုပ္မ်ိဳး ရွိလွ်င္ အိပ္မက္ေတြ မမက္ေတာ့ဘဲ ေန႕တိုင္း မိုးလင္းတဲ့အထိ အိပ္နိုင္ေလာက္သည္။

 

“မရေလာက္ဘူး။က်ိန္စာအ႐ုပ္က ကြၽန္မတစ္ေယာက္ပဲ သုံးလို႔ရတာ။တျခားသူေတြက သုံးရင္  ကံမေကာင္းဘဲ က်ိန္စာတိုက္ခံရလိမ့္မယ္။”

ဝူေျမာင္ေျမာင္က သူ၏ေတာင္းဆိုမႈကို ျငင္းဆန္ေလသည္။

 

က်ိလန္ သူ႕ႏႈတ္ခမ္းမ်ားကို စူလိုက္သည္။

*ဒီလိုဆို အနာဂတ္မွာ သူေကာင္းေကာင္းအိပ္ခ်င္တိုင္း ဝူေျမာင္ေျမာင္ရဲ႕အခန္းနားကို ျဖတ္သြားရမွာလား။ မျဖစ္နိုင္ဘူးဆိုေပမယ့္ အႀကိမ္ေပါင္းမ်ားစြာ ျဖတ္သြားမိရင္ေတာ့ တျဖည္းျဖည္းႏွင့္ အမွန္တိုင္း ေပၚသြားနိုင္သည္။

 

“ငါ့ရဲ႕အစြမ္းက မင္းရဲ႕စိတ္ဝိညာဥ္စြမ္းအား ေလ့က်င့္ဖို႔ ကူညီေပးနိုင္တယ္လို႔ မင္းေျပာခဲ့တယ္မဟုတ္လား။ ၿပီးေတာ့ ဒီက်ိန္စာအ႐ုပ္က ငါ့ရဲ႕စြမ္းအားေတြကို စုပ္ယူသြားတယ္ဆိုရင္ မင္းအတြက္ အက်ိဳးရွိတယ္မလား။”

က်ိလန္က ထပ္ေမးေလသည္။

 

“တကယ္ေတာ့ က်ိန္စာ႐ုပ္က စုပ္ယူထားတဲ့ စြမ္းအားက ငါ့အတြက္ အသုံးဝင္ပါတယ္။”

ဝူေျမာင္ေျမာင္ ေခါင္းညိတ္လိုက္သည္။

 

“ဒါဆို မင္းရဲ႕စိတ္ဝိညာဥ္စြမ္းးအားတိုးတက္လာေအာင္ က်ိန္စာတိုက္တိုက္တဲ့အ႐ုပ္ေလးကို ငါ့ရဲ႕အစြမ္းေတြ ညတိုင္း စုပ္ယူခြင့္ေပးလိုက္ပါလား။”

က်ိလန္က သူမကို စည္း႐ုံးသိမ္းသြင္းရန္ ႀကိဳးစားေလသည္။

 

“ရွန္ကုန္း ရွင္က ကြၽန္မအေပၚ အရမ္းေကာင္းေပးတာပဲ။”

ဝူေျမာင္ေျမာင္မွာ ခ်က္ခ်င္း လႈပ္လႈပ္ရွားရွား ျဖစ္သြားေလသည္။

 

သူမကို ဘယ္လိုပဲ ဆက္ဆံေပးေပး သူမအေပၚ ေကာင္းေပးသည္ဟု ထင္ျမင္ေနတာျဖစ္ေလာက္သည္။က်ိလန္သည္ ညကို ေကာင္းေကာင္း အိပ္ခ်င္မိတာျဖစ္သည္။အထင္ႀကီးေလးစားဖြယ္ေကာင္းသည့္အခြင့္အေရးကို သူ ရယူေတာ့မည့္အခ်ိန္တြင္ ဝူေျမာင္ေျမာင္က စိတ္မေကာင္းစြာ ေခါင္းခါျပေလသည္။

 

“အဲ့ဒီလိုလုပ္ဖို႔က မျဖစ္နိုင္ေလာက္ဘူး။”

 

*ဘယ္လို?!*

 

“ဘာလို႔မျဖစ္နိုင္ရတာလဲ။”

က်ိလန္ အနည္းငယ္ စိုးရိမ္ေနမိသည္။

 

“ဘာလို႔လဲဆို​ေတာ့ ကြၽန္မရဲ႕လက္ရွိခြန္အားက အကန႔္အသတ္​ရွိတယ္ေလ။ကြၽန္မရဲ႕ေလ့က်င့္နိုင္စြမ္းက ကြၽန္မ လုပ္နိုင္​သ​ေလာက္​ပဲ ေလ့က်င့္လို႔ရမွာ​။စြမ္းအား​ေတြ အရမ္းစုပ္​ယူမိၿပီး အစာမေခ်နိဳင္ရင္ ကြၽန္မရဲ႕က်င့္စဥ္ေတြ ေဖာက္ျပန္ကုန္လိမ့္မယ္။”

ဝူေျမာင္ေျမာင္က ရွင္းျပေလသည္။

 

*ခလြမ္း*

 

က်ိလန္ သူ႕ေမွ်ာ္လင့္ခ်က္ေတြ ကြဲအက္သြားသံကိုေတာင္ ၾကားလိုက္ရသည္။

 

 “ဒါဆို….ငါ့ရဲ႕အေမွာင္စြမ္းအားေတြကို ဘယ္ႏွစ္ႀကိမ္ေလာက္ စုပ္ယူနိုင္လဲ။”

 

က်ိလန္ ဆိုလိုသည္မွာ သူမလိုအပ္ေနသည့္အခ်ိန္တိုင္း က်ိလန္သည္ သူမအား စိတ္ဝိညာဥ္စြမ္းအားကို အခ်ိန္မေ႐ြး ျဖည့္ဆည္းေပးရန္ ဆႏၵရွိတယ္လို႔ ဆိုလိုေနတာပင္။ဝူေျမာင္ေျမာင္သည္ ပို၍ပင္ တုန္လႈပ္သြားေလသည္။

“ရွန္ကုန္းရယ္ တကယ္ဆို ရွင္ကြၽန္မအတြက္ ဒီလိုေတြ လုပ္ေပးဖို႔မလိုပါဘူး။ကြၽန္မရဲ႕ က်င့္ႀကံေရးစြမ္းအားတိုးေအာင္ ကြၽန္မဘာသာ နည္းလမ္းရွာနိုင္ပါတယ္။ၿပီးေတာ့ အရမ္းႀကီး စြမ္းအားႀကီးတဲ့ ကေဝမ်ိဳးလည္း မျဖစ္ခ်င္ပါဘူး။အဲ့ဒီေလာက္  စြမ္းအားေတြလည္း အမ်ားႀကီး မလိုအပ္ပါဘူး။”

 

*မင္းဘာမင္း  စြမ္းအားႀကီးတဲ့ ကေဝျဖစ္ျဖစ္၊မျဖစ္ျဖစ္ ငါ စိတ္မဝင္စားပါဘူး။ငါက အိပ္ေပ်ာ္ခ်င္မိတာပါ။*

 

“ငါ မင္းကို ေကာင္းေကာင္း ဆက္ဆံေပးခ်င္တယ္ေလ။လက္ခံလိုက္ပါ။ေကာင္းေစခ်င္လို႔ေျပာတာကို မျငင္းပယ္ပါနဲ႕။”

က်ိလန္က အတင္းေတာင္းဆိုေလသည္။

 

ထိုအခ်ိန္တြင္ တံခါးအျပင္ဘက္မွ တစ္စုံတစ္ေယာက္ လမ္းေလွ်ာက္သြားသကဲ့သို႔ ထူးဆန္းေသာအသံတစ္ခုထြက္ေပၚလာေလသည္။က်ိလန္ မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္သည္။

“ဘယ္သူလဲ!”

 

“ေဘာ့စ္ ကြၽန္ေတာ္ပါ။”

တုန္႐ုန္းယြမ္ တံခါးကို ေခါက္လိုက္သည္။သစ္သီးေဖ်ာ္ရည္ပါသည့္ ဖန္ခြက္ကို လင္ဗန္းႏွင့္ သယ္လာခဲ့သည္။ စိတ္ရႈပ္ေထြးေနေသာ အမူအရာႏွင့္

“ကြၽန္ေတာ္ ဒီကို...... သစ္သီးေဖ်ာ္ရည္ လာပို႔ေပးတာပါ။သူေဌးကေတာ္ လိေမၼာ္ေဖ်ာ္ရည္ဆို အဆင္ေျပတယ္မလား။”

 

“ဟုတ္ကဲ့။ေက်းဇူးတင္ပါတယ္။”

ဝူေျမာင္ေျမာင္ လိေမၼာ္ရည္ကို ယူလိုက္သည္။

 

“ ရပါတယ္။ရပါတယ္။ကြၽန္ေတာ္ အရင္ သြားႏွင့္ေတာ့မယ္ေနာ္။ေဘာ့စ္တို႔ေတြ စကားဆက္ေျပာၾကပါ။“

တုန္႐ုန္းယြမ္သည္ အခန္းထဲမွ ထိတ္လန႔္တၾကား ထြက္သြားၿပီး ေအာက္ထပ္သို႔ ေျပးဆင္းေလသည္။ရွန္ကြၽင္းယီႏွင့္ ယီကြမ္တို႔ကို ျမင္လိုက္ရသည္ႏွင့္ ယခုေလးတင္ သူ ၾကားလိုက္ရေသာ အရာမ်ားကို အိုက္တင္အျပည့္ႏွင့္ ပုံႀကီးခ်ဲ့ေျပာေနေလသည္။

 

  “တံခါးနားကေန ငါ ဘာၾကားခဲ့လဲဆိုတာ မွန္းၾကည့္ၾက။”

 

“ဘာလဲ?!”

ႏွစ္ေယာက္သား တစ္ၿပိဳင္နက္တည္း ေျပာလိုက္ၾကေလသည္။

 

“ငါတို႔ေဘာ့စ္က သူေဌးကေတာ္ကိုေျပာတယ္။ ငါ မင္းကို ေကာင္းေကာင္း ဆက္ဆံေပးခ်င္တယ္ေလ။လက္ခံလိုက္ပါ။ေကာင္းေစခ်င္လို႔ေျပာတာကို မျငင္းပယ္ပါနဲ႕တဲ့။”

တုန္႐ုန္းယြမ္က က်ိလန္၏ ေလသံကိုပါ အတုခိုး၍ ျပည့္ျပည့္စုံစုံ ျပန္႐ြတ္ျပေလသည္။

 

“ဝိုး….ဒါဆို အဲဒီေကာင္မေလးက တကယ္ပဲ ငါတို႔ရဲ႕သူေဌးကေတာ္လား။”

 

“ဘာလို႔ မျဖစ္နိုင္ရမွာလဲ။သူက ငါတို႔ေဘာ့စ္ကို ရွန္ကုန္းလို႔ေတာင္ တိုက္ရိုက္ေခၚလိုက္တာ၊ေဘာ့စ္က ျငင္းလိုက္တာ မင္းေတြ႕လို႔လား။”

 

“ဒါေပမယ့္ ငါေတာ့ မထင္ဘူးေနာ္။ငါတို႔ရဲ႕ေဘာ့စ္က ဝမ္းနည္းထိတ္လန႔္စရာေတြ ေရးတဲ့ စာေရးဆရာေလ။တကယ္က လႊမ္းမိုးခ်ဳပ္ကိုင္တတ္တဲ့ စီအီးအိုဆိုလည္း ဟုတ္တယ္ေလ။အရမ္း စိတ္ပ်က္စရာေကာင္းတာေလ။စိတ္ပ်က္စရာေလ။”

 

“မင္းက သူ႕ကို ေၾကာက္စရာေကာင္းတဲ့ ပုံစံမ်ိဳးလို႔ ေျပာခ်င္တာလား။ဒါဆို ငါတို႔မွာ သူေဌးကေတာ္ တစ္ေယာက္ ရွိနိုင္ပါ့မလား။”

 

“ဟုတ္တယ္ေလ။”

 

တုန္႐ုန္းယြမ္သည္ ရင္ခြင္ထဲတြင္ ေခါင္းအုံးတစ္လုံးကိုဖက္၍ ဆိုဖာေပၚတြင္ လွဲအိပ္ကာ ေဟာက္သံထြက္ေနေသာ ေပဖန္းကို ၾကည့္ၿပီး ေျပာလိုက္ေလသည္။

 “ေရွာင္ေပက တကယ္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာပဲ။”

 

“အခုအခ်ိန္က အိပ္မက္ေကာင္းမက္ေနတာပဲျဖစ္မယ္။အခုေလးတင္ ခဏခဏ ရယ္ေနတာကို ငါတို႔ ၾကားလိုက္ရတယ္။”

ရွန္ကြၽင္းယီက ေျပာေလသည္။

“စဥ္းစားၾကည့္မွ  သူေဌးကေတာ္ဆီက အိမ္မက္ေကာင္းေစတဲ့ အ႐ုပ္ေလးက ေတာ္ေတာ္ထိေရာက္မႈရွိတာပဲ။”

 

“ဒါေၾကာင့္ သိပၸံေခတ္ႀကီးထဲမွာေတာင္ ဘုရားေက်ာင္းက အေမႊးတိုင္ေတြကို သုံးေနၾကတာကိုး။လူေတြက ယုံၾကည္မႈနဲ႕ လွပတဲ့ စိတ္ပိုင္းဆိုင္ရာ အရိပ္အႁမြက္ေတြ လိုအပ္ေနေသးလို႔ ေရွ႕ျဖစ္ေဟာတဲ့ ေဗဒင္ဆရာေတြလည္း ရွိေနတုန္းပဲေလ။”

ယီကြမ္က ေျပာေလသည္။

 

“ဒါေပမယ့္ အခ်ိန္ကိုက္ တိုက္ဆိုင္မႈေတြလည္း တစ္သီႀကီး ရွိေသးတာပဲေလ။သူေဌးကေတာ္ဆီမွာ အိမ္မက္ဆိုးေတြကို ေမာင္းထုတ္နိုင္တဲ့ အ႐ုပ္မ်ိဳး ရွိေနတဲ့အခ်ိန္မွာမွ ေပဖန္းက အိမ္မက္ဆိုးလာမက္တာေလ။ၿပီးေတာ တိုင္းရင္းသားလူနည္းစုေတြရဲ႕ ေျပာမျပတတ္တဲ့ လကၡဏာမ်ိဳးေနမွာေပါ့။”

*တကယ္ပဲ တိုက္ဆိုင္တာေနမွာပါ။*

အိမ္မက္ေကာင္းေစတဲ့အ႐ုပ္ဆိုမွ ေလးေလးနက္နက္ေတြးၿပီး ဆိုဖာေရွ႕တြင္ ေဆာင့္ေၾကာင့္ထိုင္ၿပီး ေပဖန္းအၾကာႀကီးကိုင္ထားသည့္အိမ္မက္ေကာင္းေစသည့္အ႐ုပ္ေလးကို ၾကည့္ကာ ဓာတ္ပုံအနည္းငယ္ ရိုက္လိုက္ေလသည္။

 

….

 

အခန္း ၈ ။ ကြၽန္မရဲ႕ရွန္ကုန္းက သိပ္ကို အရည္အခ်င္းရွိတာပဲ

 

လႊမ္းမိုးခ်ဳပ္ကိုင္တတ္တဲ့ စီအီးအိုစတိုင္က ေဟာင္းေနေပမယ့္ တကယ္ေတာ့ ဒီလိုအေနျခအေနမွာ အသုံးဝင္ေနေသးသည္။ဝူေျမာင္ေျမာင္သည္ သူေျပာလိုက္ေသာ စကားကိုၾကားၿပီးေနာက္ မျငင္းဘဲ ဝမ္းသာအားရျဖင့္ သေဘာတူလက္ခံလိုက္ေလသည္။

“တကယ္ေတာ့ ရွင့္ရဲ႕အေမွာင္စြမ္းအားေတြကို တစ္ပတ္တစ္ခါေတာ့ စုပ္ယူလိုရပါတယ္။”

*တစ္ပတ္တစ္ခါ…ဆိုလိုတာက တစ္ပတ္မွာ တစ္ႀကိမ္ဆို တစ္လကို ေလးႀကိမ္ေလာက္ ေအးေအးခ်မ္းခ်မ္း အိပ္လိုရတယ္လို႔ ေျပာတာမလား။*

 

တစ္ႏွစ္ပတ္လုံး အိပ္မေပ်ာ္နိုင္သည့္ေရာဂါကို ခံစားေနခဲ့ရေသာ က်ိလန္သည္ အၿမဲတမ္း ၿပိဳလဲလုနီးပါးျဖစ္ခဲ့ရသည္။ေနာက္ဆုံးတြင္ ထိန္းမနိုင္သိမ္းမရ ေပါက္ကြဲကာ ႐ူးသြပ္သြားနိုင္သည္မွာ အေသအခ်ာပင္။႐ုပ္လြန္ပညာက်င့္ႀကံသူေတြကလည္း အၿမဲေျပာၾကသည္။သူသာ သူ႕ကိုယ္သူ မထိန္းခ်ဳပ္နိုင္ေတာ့ရင္ ကမာၻႀကီးတစ္ခုလုံး အႏၲရာယ္ျဖစ္လိမ့္မည္ဟု ေျပာၾကသည္။ဤေလာကတြင္ သူ၏ျဖစ္တည္မႈက အလကားလူတစ္ေယာက္ပဲဟု အၿမဲခံစားခဲ့ရသည္။အသက္ဆက္ရွင္နိုင္ဖို႔ အေကာင္းဆုံး ႀကိဳးစားမိျခင္းက လူတိုင္းကို ဆန႔္က်င္ရာက်ေနေလသည္။သူ၏အစြမ္းမ်ား မရွိေတာ့ရင္ေတာင္ ကမာၻႀကီးကို အႏၲရာယ္ျဖစ္ေစနိုင္ဦးမွာျဖစ္သည္။

 

သို႔ေသာ္ သူသည္ ကမာၻႀကီးကို ကယ္တင္ခ်င္ေသာေၾကာင့္မဟုတ္ဘဲ သူ႕ကိုယ္သူ မထိန္းခ်ဳပ္နိုင္ေတာ့သည့္ ခံစားခ်က္မ်ိဳးကို မႀကိဳက္သျဖင့္ သူ႕ကိုယ္သူ အေကာင္းဆုံး ႀကိဳးစားၿပီး ႐ုန္းကန္ေနတာျဖစ္သည္။

 

*မေန႕ညက အေတာ္ေလး အံ့ၾသဖို႔ေကာင္းတယ္။အရင္က အခုလို တစ္ခါမွ မခံစားဖူးခဲ့ဘူး။ဘဝမွာ သူေတာင့္တေနတဲ့အရာက တစ္လကို ေလးႀကိမ္တည္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ရရင္ေတာင္ ေအးခ်မ္းတဲ့ အိပ္စက္ျခင္းကိုပဲ ေတာင့္တေနတာပါ။*

 

ဒါေၾကာင့္မို႔ ဝူေျမာင္ေျမာင္ကို နည္းနည္းေလး ပိုစိတ္ရွည္ေပးဖို႔ ဆုံးျဖတ္လိုက္သည္။

 

“ငါအလုပ္ စလုပ္ေတာ့မယ္။မင္း ဒီမွာပဲ ေနခ်င္လား။ဒါမွမဟုတ္ ေနာက္ထပ္ပစၥည္းေတြသြားဝယ္ခ်င္ေသးလား။”

 က်ိလန္က ေယာင္ေယာင္ေလး ၿပဳံးျပလိုက္သည္ ။

 

“ကြၽန္မ ဒီမွာပဲ ေနလိုက္ပါ့မယ္။”

ထုံးစံအတိုင္း သူမ၏ထိပ္တန္းဦးစားေပးျဖစ္ေသာ သူမႏွင့္ သူမခင္ပြန္းေလာင္းၾကားက သံေယာဇဥ္ႀကိဳးကို ပိုၿပီးခိုင္မာခ်င္တာေၾကာင့္ သူမဖုန္းထဲမွာ ရွိသမွ်ပိုက္ဆံကို ခ်က္ခ်င္း ေဈးဝယ္ပစ္လို႔ မျဖစ္ေသးေပ။

 

က်ိလန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။တျခားလူတစ္ေယာက္နဲ႕ အခန္းထဲမွာ အၾကာႀကီး မေနဖူးတာေၾကာင့္  ခဏေလာက္စဥ္းစားၿပီးမွ ေျပာလိုက္သည္။

“ဒါဆို ေအာက္ထပ္ကို ဝတၳဳဖတ္ဖို႔ သြားခ်င္လား။”

“ဝတၳဳေတြ??”

 

“အင္း ငါေရးထားတာေတြေလ။မင္းဖတ္ခ်င္လား။”

က်ိလန္ ေမးလိုက္သည္။

 

“ဖတ္ခ်င္ပါတယ္။”

ဝူေျမာင္ေျမာင္၏ မ်က္လုံးမ်ား ေတာက္ပသြားေလသည္။သူမ၏ခင္ပြန္းေလာင္းသည္ အေတာ္ေလး အရည္အခ်င္းရွိေလာက္မည္ဟု သူမ ေမွ်ာ္လင့္မထားခဲ့ပါ။

 

“ငါ မင္းကို လိုက္ပို႔မယ္။”

 

က်ိလန္သည္  ဝူေျမာင္ေျမာင္ကို ေအာက္ထပ္သို႔ ေခၚေဆာင္လာၿပီး ပင္မ႐ုံးခန္းဧရိယာကို ျဖတ္သြားေသာအခါ ႐ုတ္တရက္ ရပ္သြားေလသည္။ထိုအခ်ိန္တြင္ ေမွ်ာ္လင့္မထားသည့္ အသံႏွစ္သံ ထြက္ေပၚလာသည္။

 

“သူေဌးကေတာ္က အရမ္းငယ္ေသးတယ္ေနာ္။အသက္ေကာ ျပည့္ရဲ႕လားမသိဘူး။”

 

“သူေဌးကေတာ္က ေဘာ့စ္ကို ရွန္ကုန္းလို႔ေတာင္ ေခၚလိုက္ေသးတယ္။ေဘာ့စ္ကေတာ့ ေသခ်ာေပါက္ ကလိကလိျဖစ္ေနေလာက္မွာ။”

 

က်ိလန္က မ်က္ေမွာင္ၾကဳတ္ၿပီး သူတို႔၏စားပြဲတြင္ ကိုယ္စီ အလုပ္လုပ္ေနေသာ ဝန္ထမ္း သုံးေယာက္ကို စိုက္ၾကည့္လိုက္သည္။သူ႕စိတ္ထဲမွ အသံမ်ားလည္း ခ်က္ခ်င္း ေပ်ာက္သြားေလသည္။ထိုအသံႏွစ္​သံအနက္ ​တစ္​ေယာက္မွာ ယီကြမ္ျဖစ္ၿပီး က်န္တစ္ေယာက္မွာ ရွန္ကြၽင္းယီျဖစ္သည္။ႏွစ္ေယာက္သား အိပ္မေပ်ာ္ၾကေသးသလို အိပ္မက္မက္ေနတာလည္း မဟုတ္ၾကေပ။

*သူတို႔ စိတ္ထဲမွာ ေတြးေနတာေတြကို ဘာလို႔ ၾကားေနရတာလဲ။

ငါ့ရဲ႕ အစြမ္းေတြ ထပ္ၿပီး တိုးလာတာလား။*

 

က်ိလန္သည္ အိပ္မက္ဆိုးအရွင္တစ္ေယာက္ျဖစ္ေသာေၾကာင့္ သူ၏အစြမ္းမ်ားသည္ လူသားမ်ား၏ အိပ္မက္မ်ားတည္ရွိမႈအေပၚ အေျခခံထားျခင္းျဖစ္သည္။ဆိုလိုသည္မွာ လူေတြ အိပ္ေပ်ာ္ၿပီးေနာက္မွ သူက အိပ္မက္ထဲသို႔ ဝင္ေရာက္နိုင္တာကို ဆိုလိုတာျဖစ္သည္။သို႔ေသာ္ က်ိလန္အ႐ြယ္ေရာက္လာသည္ႏွင့္အမွ် သူ၏အစြမ္းမ်ားလည္း အဆင့္ဆင့္ ေျပာင္းလဲလာခဲ့သည္။ဥပမာ- သူသည္ သုံးရက္အတြင္း တစ္စုံတစ္ေယာက္၏ အိပ္မက္သို႔ ေရာက္ခဲ့လွ်င္ ထိုလူကို လက္ေတြ႕ဘဝတြင္ ျပန္ေတြ႕ရတတ္သည္။ထိုသို႔ ေတြ႕ဆုံမိပါက ထိုလူက အိပ္မေပ်ာ္ေနရင္ေတာင္ သူတို႔၏အေတြးမ်ားကို ၾကားေနရသည္။

 

သို႔ေသာ္ သူသည္ ယီကြမ္ႏွင့္ ရွန္ကြၽင္းယီတို႔၏ အိပ္မက္မ်ားထဲသို႔ တစ္ခါမွ မေရာက္ဖူးေပ။

*ဘာလို႔ သူတို႔ အေတြးေတြကို  ၾကားေနရတာလဲ။*

 

“ရွန္ကုန္း…ရွန္ကုန္း…”

 

“ဟင္? ဘာျဖစ္လို႔လဲ။”

က်ိလန္ အသိျပန္ဝင္လာေသာအခါ ဝူေျမာင္ေျမာင္က သူ႕အကၤ်ီလက္ကို ဆြဲထားသည္ကို သတိျပဳမိလိုက္သည္။

 

“ဘာလို႔ လမ္းဆက္မေလွ်ာက္ေတာ့တာလဲ။”

ဝူေျမာင္ေျမာင္ ေမးလိုက္သည္။

 

“ဘာမွမျဖစ္ပါဘူး။ဟိုကို သြားလိုက္ေနာ္။”

က်ိလန္သည္ စိတ္ေအးေအးထားလိုက္ၿပီး ဝူေျမာင္ေျမာင္ကို စတူဒီယိုေထာင့္ရွိ စာအုပ္စင္ဆီသို႔  ေခၚသြားေလသည္။

 

စာေရးဆရာအမ်ားစုသည္ ဝတၳဳတစ္ပုဒ္ၿပီးသြားေသာအခါ အသစ္ေရးဖို႔အတြက္ ကုန္ၾကမ္းအသစ္မ်ားကို ဆက္ရွာရသည္။ဖန္တီးနိုင္စြမ္းမ်ား ျပန္လည္ရရွိေအာင္ အခ်ိန္ခဏေလာက္  အားျပန္ျဖည့္ၾကရသည္။သို႔ေသာ္ က်ိလန္ကေတာ့ ဒီျပႆနာ လုံးဝမရွိခဲ့ေပ။လူ႕အဖြဲ႕အစည္းတြင္ တည္ရွိေနေသာ အေမွာင္ဘက္ျခမ္းႏွင့္ အိပ္မက္ဆိုးမ်ားသည္ အလြန္ရႈပ္ေထြးၿပီး စိတ္ကူးမယဥ္နိုင္ေလာက္ေအာင္ပင္ မ်ားျပားလြန္းလွသည္။ထိုအရာမ်ားသည္ သူ႕အတြက္ အဆုံးအစမရွိ ရေနေသာေၾကာင့္ သူ႕ဘက္က ေရးနိုင္သမွ် စာအုပ္မ်ားကို တစ္အုပ္ၿပီးတစ္အုပ္ ေရးသားနိုင္ခဲ့သည္။ဇာတ္လမ္းမ်ားသည္ ျပတ္လပ္သြားသည္ဟု မရွိေပ။

 

ေနာက္ပိုင္းတြင္ တျဖည္းျဖည္း သူ႕ကိုယ္သူ ထိန္းခ်ဳပ္နိုင္စြမ္း ရွိလာခဲ့သည္။အိမ္မက္ဆိုးမ်ားထဲသို႔ အတင္းအၾကပ္ဆြဲသြင္းခံရမွသာ ထိန္းခ်ဳပ္မႈ ဆုံးရႈံးသြားတတ္သည္။ထိုအခါတြင္  ဝတၳဳအေရအတြက္ ေလ်ာ့နည္းသြားတတ္သည္။ဒါေပမယ့္ တစ္ႏွစ္ကို စာအုပ္ ခုနစ္အုပ္၊ရွစ္အုပ္ေလာက္ေတာ့ ေရးသားနိုင္ဆဲျဖစ္သည္။ရလဒ္အေနျဖင့္ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္တြင္ ဘာသာစကားအမ်ိဳးမ်ိဳးႏွင့္ ေဖာင့္အမ်ိဳးမ်ိဳး ထုတ္ေဝနိုင္ခဲ့သည္။ထို႔ေၾကာင့္ သူ၏ဝတၳဳမ်ားသည္ စာအုပ္စင္တစ္ခုလုံး ျပည့္လာခဲ့သည္။

 

“ဒါေတြအားလုံးကို ရွင္ေရးခဲ့တာလား။”

ဝူေျမာင္ေျမာင္သည္ စာအုပ္စင္တစ္ခုလုံးကို ျပည့္ေနသည့္ စာအုပ္မ်ားေၾကာင့္ အံ့အားသင့္သြားေလသည္။ သူမတစ္သက္တာလုံး ဖတ္ဖူးသည့္ စာအုပ္မ်ားထက္ပင္ ပိုမ်ားေနေသးသည္။

 

“ဟုတ္တယ္ေလ။‌”

က်ိလန္သည္ စာအုပ္မ်ားစြာကို ေရးဖူးသည္ဟု ဘယ္တုန္းကမွ မခံစားခဲ့ရပါ။ဆန႔္က်င္ဘက္အေနႏွင့္ သူေရးခဲ့သည့္စာအုပ္မ်ားသည္ သူဝင္ေရာက္ခဲ့ရသည့္အိပ္မက္မ်ား၏ တစ္စိတ္တစ္ေဒသမွ်သာျဖစ္သည္။

 

“အမ်ားႀကီးပဲ…..ဘယ္ဟာကို စဖတ္ရမလဲမသိဘူး။ရွန္ကုန္း အႀကံေပးၾကည့္ပါလား။”

ဝူေျမာင္ေျမာင္က ေမးလိုက္ေလသည္။

 

*အႀကံေပးရမွာလား။*

က်ိလန္သည္ စာအုပ္စင္ကို ၾကည့္လိုက္သည္။သူလည္း မည္သည့္စာအုပ္ကို အႀကံေပးရမည္ကို မသိေပ။ အင္တာနက္ေပၚတြင္ သူ၏ စာအုပ္မ်ားသည္ အသက္ 18 ႏွစ္အထက္မွသာ ဖတ္ရႈသင့္သည္ဟု ကန႔္သတ္ထားတာျဖစ္သည္။သူ၏ဝတၳဳအမ်ားစုမွာ လူမ်ား၏အက်င့္ပ်က္ခ်စားမႈ၊ယုတ္မာမႈမ်ားကို  သ႐ုပ္ေဖာ္ျပထားတာျဖစ္သည္။သို႔ေသာ္ ဝူေျမာင္ေျမာင္၏ပင္ကိုစိတ္ရင္းက ရိုးသားျဖဴစင္ပုံေပၚသည္။

 

ထိုအေၾကာင္းကို စဥ္းစားၿပီးေနာက္ က်ိလန္သည္ စိတ္၏လွည့္စားမႈအေၾကာင္း ေရးထားသည့္ စာအုပ္တစ္အုပ္ကိုယူကာ ဝူေျမာင္ေျမာင္ကိုေပးလိုက္သည္။

“ဒီစာအုပ္ကို ဖတ္ၾကည့္လိုက္။”

 

ဤဇာတ္လမ္း၏ ဇာတ္ေဆာင္သည္ အမွန္တကယ္ လူသားတစ္ဦးျဖစ္ေသာ္လည္း က်ိလန္သည္ ထိုလူသားလုပ္ခဲ့ေသာ အရာမ်ားကို ေရးသားထားတာျဖစ္သည္။သို႔ေသာ္ သဘာဝလြန္အျဖစ္ ဇာတ္လမ္းကို လွည့္ထားခဲ့သည္။အဓိကဇာတ္ေဆာင္ကို နတ္ဆိုးတစ္ေကာင္က ဝင္စီးသြားသည့္ပုံေဖာ္ထားေသာသဘာဝလြန္ ေဟာ္ရာဝတၳဳမ်ိဳးျဖစ္သည္။

 

မ်က္ေမွာက္ေခတ္တြင္ လူအမ်ားစုသည္ ကမာၻေပၚတြင္ သရဲတေစၦမ်ားႏွင့္ နတ္မ်ား၏တည္ရွိမႈကို  မယုံၾကည္ၾကေသာေၾကာင့္ သူ၏ဇာတ္လမ္းတြင္ နတ္ဆိုးအေၾကာင္းကို မိတ္ဆက္ေပးထားလွ်င္ စာဖတ္သူ၏ အေၾကာက္တရားသည္ မ်ားစြာ ေလ်ာ့နည္းသြားမည္ျဖစ္သည္။

 

“ေကာင္းပါၿပီ။”

ဝူေျမာင္ေျမာင္က စာအုပ္ကို ယူကာ စိတ္အားထက္သန္စြာျဖင့္ စတင္ဖတ္ရႈေလေတာ့သည္။

 

က်ိလန္သည္  တစ္ခုခုကို ေျပာခ်င္ေနေသးေပမယ့္ ႏွစ္ႀကိမ္ေလာက္ ေတြးၾကည့္ၿပီးေသာအခါတြင္ေတာ့ ေျပာမေနေတာ့ေပ။သူ၏သ႐ုပ္မွန္ကို  ဝူေျမာင္ေျမာင္ အေႏွးနဲ႕အျမန္ သိလာပါလိမ့္မည္။သူ၏ဝတၳဳမ်ားကို ဖ်တ္ခနဲေလာက္သာ ဖတ္ၾကည့္လွ်င္ ထိုအေၾကာင္းအရာမ်ားမွာ အႏုပညာဖန္တီးမႈမ်ားသာျဖစ္ေၾကာင္း ရွင္းျပၿပီး သူမကို အေၾကာက္တရား ေလ်ာ့နည္းေအာင္ လုပ္ေပးမိမွာျဖစ္သည္။

 

ထိုအေၾကာင္းကို ေတြးမိၿပီး က်ိလန္က ဝူေျမာင္ေျမာင္ စာဖတ္ေနတာကို မတားေတာ့ဘဲ အေပၚထပ္က သူ႕႐ုံးခန္းကို ျပန္သြားေလသည္။သူထြက္သြားၿပီးေနာက္တြင္ တုန္႐ုန္းယြမ္သည္ သူ၏အတင္းေျပာေဖာ္ လုပ္ေဖာ္ကိုင္ဘက္ဆီ ျပန္မသြားခင္တြင္ ဝူေျမာင္ေျမာင္ဆီသို႔ အလိုက္တသိ လက္ဖက္ရည္ႏွင့္ အဆာေျပမုန႔္မ်ား ယူလာေပးေလသည္။

 

“သူေဌးကေတာ္က ေဘာ့စ္ေရးတဲ့စာအုပ္ကို တကယ္ပဲ ဖတ္ေနတာလား။”

ရွန္ကြၽင္းယီက စိတ္အားထက္သန္စြာေမးလိုက္သည္။

 

“အင္း။စာအုပ္ေတြအားလုံးထဲကမွ  “ညနတ္ဆိုး”ဆိုတဲ့ စာအုပ္ကို ဖတ္ေနတာ။”

 

“အဲ့ဒီဝတၳဳက အေတာ္ေလးရက္စက္တာကိုေလ။အခုေလးတင္ ေဘာ့စ္ကို စမတ္က်တယ္၊အခ်စ္မွာ လႊမ္းမိုးတတ္တဲ့ပုံမ်ိဳးမို႔ ေတာ္တယ္ဆိုၿပီး ခ်ီးက်ဴးေနတာေလ။ခဏလည္းေနေရာ ခ်က္ခ်င္းကို ေၾကာက္စရာေကာင္းတဲ့ပုံစံ ျပန္ျဖစ္သြားျပန္ၿပီ။”

ယီကြမ္၏မ်က္ႏွာထက္တြင္ စိတ္ပ်က္ေနပုံက အထင္းသားေပၚေနသည္။

“ညနတ္ဆိုးဇာတ္လမ္းက နတ္ဆိုးနဲ႕ စာခ်ဳပ္ခ်ဳပ္ၿပီး ကေလးေတြကို ျပန္ေပးဆြဲရတာ ႀကိဳက္ေနတဲ့ အ႐ူးအေၾကာင္းမလား။အဲဒီဇာတ္လမ္းထဲမွာ ကေလးေတြကို ျပန္ေပးဆြဲတဲ့အခ်ိန္မွာ နတ္ဆိုးရဲ႕အေတြးေတြ ခံစားခ်က္ေတြက အရမ္းကို လက္ေတြ႕ဆန္ဆန္ ေရးထားတာေလ။ငါေတာင္ ဖတ္ေနရင္း ေသြးေတြေအးခဲသြားသလို ခံစားခဲ့ရတာ။”

 

“ေဘာ့စ္က သူ႕အရည္အခ်င္းေတြကို သူေဌးကေတာ္ေရွ႕မွာ ျပခ်င္ေနတာ ျဖစ္နိုင္တယ္။”

ရွန္ကြၽင္းယီကေတာ့ အထင္ျမင္တစ္မ်ိဳး ျမင္ေလသည္။

 

“လူေတြကို ေၾကာက္ေအာင္ လုပ္တဲ့ေနရာမွာ ဆရာႀကီးေလ ေဘာ့စ္က။”

ယီကြမ္က ညည္းၫူလိုက္သည္။

“အမွန္ေျပာရရင္ ငါဒီကိုအင္တာဗ်ဴး လာမေျဖခင္က တရားမဝင္ေဗဒင္ဆရာဆီ သြားဖူးတယ္။ေဗဒင္ဆရာက ငါ့ရဲ႕ဇာတာက အရမ္းကို ႀကံ့ခိုင္တယ္လို႔ ေျပာေတာ့မွ ဒီကိုလာဝံ့တာ။”

 

“မင္းရဲ႕ ဇာတာက တကယ္ကို အၾကမ္းခံတဲ့သူပဲေလ။”

တုန္႐ုန္းယြမ္က သူပါ ေထာက္ခံလိုက္သည္။

 

“မဟုတ္ဘူးလား။”

ယီကြမ္က ဂုဏ္ယူဝံ့ႂကြားစြာ ေမးေမာ့လိုက္ေလသည္။

 

“ဘာေတြ ဂုဏ္ယူေနတာလဲ။အၾကမ္းခံနိုင္တဲ့ ဇာတာရွိတာ ေကာင္းတယ္ထင္ေနတာလား။ေရွးေခတ္တုန္းကဆို အဲ့ဒီလိုဇာတာရွိတဲ့သူေတြဟာ မ်ားေသာအားျဖင့္ မိဘမဲ့ေတြပဲရွိတာ။”

ရွန္ကြၽင္းယီ စိတ္အေႏွာင့္အယွက္ျဖစ္စြာ ေျပာလိုက္သည္။

 

“ငါလည္း အစက မိဘမဲ့ေလ။”

ယီကြမ္က ဘာမွမျဖစ္သလို ေျပာလိုက္သည္။

 

ႏွစ္ေယာက္သား ဆြံ႕အသြားၾကသည္။ယီကြမ္၏ ကေလးမ်က္ႏွာကို ၾကည့္ၿပီး ႐ုတ္တရတ္ မိဘမဲ့ျဖစ္ေၾကာင္း ထုတ္ေျပာလာသည္အား စာနာေပးရမလား ဆက္ၿပီးပဲ စေနာက္ရမလားဆိုတာ သူတို႔ မသိၾကေတာ့ေပ။

 

က်ိလန္၏ဝတၳဳမ်ားသည္ အလြန္ထိရွလြယ္ေသာေၾကာင့္ တ႐ုတ္နိုင္ငံတြင္ ဝတၳဳပုံစံျဖင့္သာ အတြဲလိုက္ထုတ္ေဝနိုင္ေသာ္လည္း ႐ုပ္ရွင္ႏွင့္ ႐ုပ္ျမင္သံၾကားမူပိုင္ခြင့္မ်ားမွာ ေရာင္းအားမေကာင္းေပ။ ဆန႔္က်င္ဘက္အေနႏွင့္ နိုင္ငံျခားမွာေတာ့ အေတာ္ေလး နာမည္ႀကီးသည္။သူ၏ပထမဆုံးစာအုပ္ျဖစ္ေသာ “ရာဇဝတ္မႈမွတ္တမ္းမ်ား”ဟူေသာ ဝတၳဳကို ကိုရီးယားထုတ္လုပ္ေရးကုမၸဏီက ဝယ္ယူခဲ့ၿပီး တစ္ႏွစ္တာ၏အေကာင္းဆုံး သည္းထိတ္ရင္ဖို႐ုပ္ရွင္ဆုကိုေတာင္ ရရွိခဲ့သည္။

 

သို႔ေသာ္ ဇာတ္လမ္းထြက္လာၿပီးေနာက္တြင္ က်ိလန္သည္ ဇာတ္လမ္းကို တည္းျဖတ္ထားေသာ အေျပာင္းအလဲအခ်ိဳ႕ေၾကာင့္ မေက်နပ္ခဲ့ပါ။ထိုအခ်ိန္မွစ၍ သူ၏ဝတၳဳမ်ားကို ႐ုပ္ရွင္ ဇာတ္ၫႊန္းအျဖစ္ တိုက္ရိုက္ေျပာင္းလဲ ေရးသားၿပီးမွသာ ေရာင္းခ်ခဲ့သည္။စာခ်ဳပ္တြင္ ခြင့္ျပဳခ်က္မရွိဘဲ ဝယ္ယူသူမွ ၎ကို ေျပာင္းလဲျပဳျပင္လို႔မရေၾကာင္း သေဘာတူညီခ်က္ထည့္ေရးထားေလသည္။

 

လြန္ခဲ့သည့္တစ္လက စတူဒီယိုသည္ ဇာတ္ၫႊန္းတစ္ခုကို ေရာင္းခ်ခဲ့ၿပီး တစ္ဖက္လူႏွင့္ သေဘာတူထားသည့္ ေပးပို႔ခ်ိန္သည္ ႏွစ္ရက္သာလိုေတာ့သည္။သို႔ေသာ္ အရင္က သူ၏အစြမ္းမ်ားကို ထိန္းမနိုင္သိမ္းမရျဖစ္သြားေသာေၾကာင့္ တစ္ပတ္လုံး အလုပ္မလုပ္နိုင္ဘဲ ေႏွာင့္ေႏွးခဲ့ရသည္။သို႔ရာတြင္ သူသည္ အခ်ိန္ပိုအလုပ္လုပ္ၿပီး ေနာက္ဆုံးစာဖတ္ျခင္းကို ယေန႕တြင္ အၿပီးသတ္ရန္ စီစဥ္ခဲ့သည္။ထိုေၾကာင့္ အလုပ္တြင္ နစ္ေျမာသြားၿပီး မည္သူကမွလည္း သူ႕ကိုသတိေပးလာျခင္းမရွိေသာေၾကာင့္ မၾကာမီတြင္ ဇာတ္ၫႊန္းကို အၿပီးသတ္ တည္းျဖတ္ၿပီးမွသာ ဝူေျမာင္ေျမာင္ကို သတိရေတာ့သည္။

 

အခ်ိန္က ညေန ရွစ္နာရီထိုးခါနီးၿပီျဖစ္သည္။

 

က်ိလန္ မ်က္ေမွာင္ၾကဳတ္ၿပီး ဇာတ္ၫႊန္းကို ပုံႏွိပ္ဖို႔ အာ႐ုံမထားေတာ့ဘဲ ထၿပီး ေအာက္ထပ္ကို ခ်က္ခ်င္း ဆင္းသြားေလသည္။

 

“ေဘာ့စ္။”

ေပဖန္းေတာင္ အိပ္ရာ နိုးေနၿပီး ကြန္ပ်ဴတာႏွင့္ အလုပ္လုပ္ေနၿပီျဖစ္သည္။သူ၏ စိတ္အေျခအေနမွာ ထူးထူးျခားျခား ေကာင္းမြန္ေနပုံရသည္။

 

“အင္း… တျခားသူေတြေကာ?”

က်ိလန္ ေမးလိုက္သည္။

 

“အစ္ကိုတုန္က ႐ုံးဆင္းသြားၿပီ။ေရွာင္ကြမ္နဲ႕ ကြၽင္းယီကလည္း သူတို႔ရဲ႕ဇာတ္ၫႊန္းကို တည္းျဖတ္ၿပီးသြားၿပီ။ပုံႏွိပ္ထားတဲ့ဇာတ္ၫႊန္းေတြက ဒီမွာပါ။ကြၽန္ေတာ္ ၿပီးတာနဲ႕ ေဘာ့စ္ဆီကို ပို႔ေပးေတာ့မလို႔ပါ။”

 ေပဖန္းက အတိုခ်ဳံး ရွင္းျပပါလိုက္သည္။

 

“ဟုတ္လား။”

က်ိလန္ ဝတ္ေက်တမ္းေက် ျပန္ေျပာကာ ေပဖန္း၏စကားမ်ားကို ေသခ်ာနားေထာင္မေနေပ။စာအုပ္စင္ဆီသို႔ ေလွ်ာက္သြားကာ ထိုေနရာတြင္ တစ္ေယာက္မွ်မရွိေတာ့သည္ကို ေတြ႕လိုက္ရသည္။

 

“ဝူေျမာင္ေျမာင္က ဘယ္မွာလဲ။”

က်ိလန္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

*သူ႕ဝတၳဳေတြေၾကာင့္ ဒီေကာင္မေလး လန႔္ေျပးသြားတာလား။*

 

“သူေဌးကေတာ္က ေဘာ့စ္အတြက္ ညစာ သြားဝယ္ပါတယ္။မၾကာခင္ ျပန္လာေတာ့မွာပါ။”

ေပဖန္း ျပန္ေျပာလိုက္သည္။

 

“ငါ့အတြက္ သြားဝယ္တယ္?”

 

ေန႕ခင္းဘက္တြင္ပင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္နိုင္သြားေသာေၾကာင့္ ေပဖန္းသည္ ဝူေျမာင္ေျမာင္ကို အေတာ္ေလး အထင္ႀကီးေလးစားေနေလသည္။

“သူေဌးကေတာ္က ငယ္ေသးတယ္ဆိုေပမယ့္ မထင္မွတ္ထားေလာက္ေအာင္ လူေတြကို ဂ႐ုစိုက္ေပးတယ္။အစကေတာ့ အစ္ကိုတုန္က အလုပ္ဆင္းခ်ိန္ေရာက္ၿပီလို႔ ေဘာ့စ္ကို သတိလာေပးမလို႔ပဲ။ဒါေပမဲ့ သူေဌးကေတာ္က ေဘာ့စ္ အလုပ္လုပ္ေနတာ အေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ မသြားခိုင္းလိုက္ဘူး။ေနာက္ေတာ့ ေနာက္လမ္းက ေကာက္ညွင္းၾကက္သားက အရသာအရမ္းရွိလို႔ ဝယ္ခ်င္ရင္ ႏွစ္နာရီေလာက္ တန္းစီေစာင့္ရတယ္လို႔ ေရွာင္ကြမ္ေျပာပါတယ္။အဲဒါကိုၾကားေတာ့ သူေဌးကေတာ္က ခ်က္ခ်င္း ေျပးသြားၿပီး ေျပာတယ္။သူသြားဝယ္လိုက္ဦးမယ္တဲ့။အျပန္က် ေဘာ့စ္နဲ႕အတူတူစားမလို႔တဲ့။”

 

*သူကိုယ္တိုင္က စားခ်င္ေနလို႔ေနမွာပါ။အိပ္မက္ထဲမွာေတာင္ အစားစားတဲ့အေၾကာင္း မက္ေသးတာပဲ။*

က်ိလန္ သူ႕နာရီကို ၾကည့္လိုက္သည္။

“ဒါဆို ျပန္လာသင့္ေနၿပီေလ။”

 

ထိုသို႔ေျပာၿပီး သူ၏ေျခလွမ္းမ်ားက ႐ုံး၏တံခါးဝသို႔ ဦးတည္သြားေလသည္။ထိုအခ်ိန္တြင္ ဝူေျမာင္ေျမာင္က ပါဆယ္ႏွစ္ဘူးသယ္ကာ ေျပးဝင္လာေလသည္။

 

“ရွန္ကုန္း အလုပ္ၿပီးသြားၿပီလား။”

ဝူေျမာင္ေျမာင္ ႐ုံးထဲသို႔ ဝင္လိုက္သည္ႏွင့္ က်ိလန္ႏွင့္ တန္းေတြ႕ေလသည္။

 

“အင္း။မင္း အစားအေသာက္ေတြ ဝယ္ခဲ့ၿပီလား။”

 

“ဝယ္ခဲ့ၿပီ။ေကာက္ညွင္းၾကက္သားဝယ္ခဲ့တာ။အရမ္းအရသာရွိတယ္လို႔ ေျပာသံၾကားလို႔ေလ။ကြၽန္မ ႏွစ္ထုပ္ဝယ္လာခဲ့တယ္။ျမန္ျမန္စားရေအာင္။တန္းစီေနရတုန္းတည္းက အနံ႕ခံေနရတာ။အခုေတာ့ ဗိုက္အရမ္း ဆာေနၿပီ။”

ဝူေျမာင္ေျမာင္က ေျပာေျပာဆိုဆိုႏွင့္ သူ႕လက္ထဲသို႔ ၾကက္သားေကာက္ညွင္းကို ထည့္ေပးၿပီး သူ႕ေဘးရွိ စားပြဲေပၚ၌ လက္ဖက္ရည္ကို  ခ်ေပးကာ ပါဆယ္ထုတ္ထဲက တစ္အိတ္ကို လ်င္ျမန္စြာ ဆြဲၿဖဲလိုက္ေလသည္။

“ဟမ္?သူတို႔ေတြ တူထည့္ေပးဖို႔ ေမ့ေနတာပဲ။”

ဝူေျမာင္ေျမာင္သည္ အိတ္ထဲတြင္ ပန္းကန္ခြက္ေယာက္မ်ား ရွိမေနသည္ကို ေတြ႕လိုက္ရသည္။

 

“အိမ္က်မွ စားတာေပါ့။”

ယခုအခါ လူအားလုံးသည္ ပတ္ဝန္းက်င္ႏွင့္ သဟဇာတျဖစ္ေနၾကေသာေၾကာင့္ မွာယူသူအမ်ားစုသည္ ပန္းကန္ခြက္ေယာက္မ်ားကို မပို႔ၾကေပ။

 

“ဒါျဖင့္လည္း အိမ္ေရာက္မွ စားတာေပါ့။”

*ကံေကာင္းခ်င္ေတာ့ သူတို႔အိမ္နဲ႕က သိပ္ေတာ့မေဝးဘူး။အိမ္ျပန္ေရာက္ရင္ မေအးေလာက္ေသးပါဘူး။*

ထို႔ေနာက္ ဝူေျမာင္ေျမာင္က သူမဖြင့္ထားၿပီးသား ေကာက္ညွင္းၾကက္သားထုတ္ကို ေပဖန္းအား ေပးလိုက္သည္။ “ကြၽန္မ ႏွစ္ထုပ္ဝယ္ခဲ့တာ။ဒီအထုပ္ကို ရွင့္ကို ေပးလိုက္မယ္။ျမန္ျမန္စားေနာ္။မစားရင္ ေအးသြားလိမ့္မယ္။”

 

“သူေဌးကေတာ္က တကယ့္ကို နတ္သမီးေလးပဲ။”

ေပဖန္းမွာ အနံ႕ရကတည္းက ဗိုက္ဆာေနေပမယ့္ ဝန္ခံရမွာေတာ့ ရွက္မိပါသည္။အစားအစာေအာ္ဒါမွာရန္ ဖုန္းကို တိတ္တိတ္ေလး ထုတ္ေတာ့မည့္အခ်ိန္ ဝူေျမာင္ေျမာင္က သူ႕အား တစ္ထုပ္ေပးလာသည္။အရမ္းကို ဟတ္ထိသြားလို႔ ငိုမိမတတ္ပင္။ဒီေကာက္ညွင္းၾကက္သားကို ႏွစ္နာရီေလာက္ တန္းစီၿပီး ေစာင့္ဝယ္ရတာျဖစ္သည္။သူလည္း အစားအစာႀကိဳက္သူ တစ္ေယာက္ျဖစ္ေပမဲ့ အဲ့ဒီေလာက္အထိ အခ်ိန္ေပးဖို႔ကေတာ့ အားအင္မရွိေပ။

ႏွစ္ေယာက္သား စတူဒီယိုမွ ထြက္လာၾကၿပီး ဟြာထင္းခရိုင္သို႔ ကားျဖင့္ျပန္လာခဲ့ၾကသည္။ကားကို ပါကင္ထိုးရင္း က်ိလန္သည္ ပါဆယ္သြားယူစရာရွိေသာေၾကာင့္ ဝူေျမာင္ေျမာင္ကို တံခါးဝတြင္ ေစာင့္ခိုင္းထားလိုက္သည္။

 

ေခ်ာပို႔သည့္ေလာ့ကာထဲမွ ပါဆယ္ထုတ္ကို ယူၿပီး ျပန္လာခဲ့သည္။ျပန္လာသည့္ လမ္းတစ္ဝက္တြင္ ႐ုတ္တရက္ ညာဘက္ပခုံးက ပူေလာင္နာက်င္သြားရသည္။က်ိလန္ လွည့္မၾကည့္မီ အေနာက္မွ အသံတစ္သံကို ၾကားလိုက္ရသည္။

 

“မင္းက အိပ္မက္ဆိုးအရွင္ပဲ။အခုတေလာ ပင္လယ္ေဈးၿမိဳ႕က လူေတြကို  ထိတ္လန႔္ေအာင္လုပ္တာ မင္းမလား။”

 

 

...

                                                                                            

အခန္း ၉ ။ ကြၽန္မရဲ႕ရွန္ကုန္းကို အနိုင္က်င့္ရဲတယ္လား

 

သူ၏ညာဘက္ပခုံးေပၚတြင္ အဝါေရာင္ အေဆာင္လက္ဖြဲ႕ စာ႐ြက္တစ္႐ြက္ကပ္ေနၿပီး ေတာက္ေလာင္ေနသည္မွာ နာက်င္လွသည္။စာ႐ြက္ေပၚတြင္ အနီေရာင္ သစ္ႀကံပိုးေခါက္မင္ျဖင့္  မီးေတာက္ေနသကဲ့သို႔ ေရးထြင္းထားေလသည္။ပင္လယ္ၿမိဳ႕သည္ ပင္လယ္ႏွင့္နီးၿပီး ညဘက္တြင္ ေလျပင္းတိုက္တတ္ေသာ္လည္း အေဆာင္စာ႐ြက္ကေတာ့ သူ႕ပခုံးေပၚတြင္ ေကာ္ႏွင့္ ကပ္ထားသကဲ့သို႔ ကပ္ေနသည္။

 

*အား…အရမ္းနာတာပဲ။*

 က်ိလန္  သူ႕ကိုယ္သူ အသံမထြက္ေအာင္ အံႀကိတ္ထားေလသည္။ေဝဒနာက မၾကာခင္ ေပ်ာက္သြားမယ္ဆိုတာ သူသိပါသည္။ဤအေဆာင္စာ႐ြက္သည္ ငါးစကၠန႔္မွ်သာ သက္ေရာက္မႈရွိနိုင္သည္။ငါးစကၠန႔္အၾကာတြင္ ပူေလာင္နာက်င္ေနရေသာ ခံစားမႈသည္ မၾကာခင္ေပ်ာက္သြားမွာ ျဖစ္သည္။

 

ငါးစကၠန႔္အၾကာတြင္ သစ္ႀကံပိုးေခါက္မင္သည္ မွိန္ေဖ်ာ့သြားကာ က်ိလန္၏ပခုံးေပၚမွ အေဆာင္စာ႐ြက္သည္ ျပဳတ္က်သြားေလသည္။နာက်င္မႈေၾကာင့္ ေခြၽးတလုံးလုံးထြက္ေနသည့္ က်ိလန္သည္ ေခါင္းကို ေမာ့ၿပီး  သူ႕ေရွ႕တြင္ ရပ္ေနေသာ လူလတ္ပိုင္းအ႐ြယ္လူတစ္ေယာက္ကို ၾကည့္လိုက္သည္။

 

ဒီလူကို သူမမွတ္မိပါ။ထိုလူႏွင့္ပတ္သက္သည့္ မည္သည့္အိမ္မက္ထဲကိုမွ ဝင္ေရာက္ဖူးတာလည္း မရွိေပ။

 

“ဘာလို႔လဲ။”

က်ိလန္ ေအးစက္စြာ ေမးလိုက္သည္။

 

“ဘာလို႔လဲဟုတ္လား။ဘာလို႔လဲလို႔ ေမးရဲေသးတယ္လား။ ေမးရမွာ ရွက္ေနတာလား။ဒီလိုညစ္ပတ္ေနတဲ့ပတ္ဝန္းက်င္မ်ိဳး ဟိုင္ရွီၿမိဳ႕တစ္ခုလုံးကို ဝန္းရံေနတာ မင္းေၾကာင့္ပဲေလ။ ဒီရက္ေတြမွာ ညဘက္ေတြ ေကာင္းေကာင္း အိပ္မေပ်ာ္နိုင္တဲ့ လူေတြ ဘယ္ႏွစ္ေယာက္ေလာက္ရွိလဲဆိုတာ မင္းသိရဲ႕လား။အေမွာင္ထဲက မေကာင္းဆိုး႐ြားဝိညာဥ္ေတြ ဘယ္ႏွစ္ေကာင္ေတာင္ ထြက္လာလဲဆိုတာ မင္းသိလား။အျပစ္ကင္းတဲ့လူေတြ ဘယ္ႏွစ္ေယာက္ေတာင္ အႏၲရာယ္ေပးခံေနရလဲဆိုတာ မင္းသိရဲ႕လား။”

 

လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားသည္ က်ိလန္အား စက္ဆုပ္႐ြံရွာစရာေကာင္းေသာ အရာတစ္ခုကို ၾကည့္ေနသကဲ့သို႔ ခက္ထန္မာေၾကာစြာ စိုက္ၾကည့္ေနသည္။က်ိလန္အား အျပစ္တင္ႀကိမ္းေမာင္းေနသမွ်သည္ မွန္ကန္ေသာ စြပ္စြဲမႈမ်ားျဖစ္သလို ခံစားေနပုံေပၚသည္။

 

“ဟိုင္ၿမိဳ႕မွာ ဒီရက္ပိုင္း လူေတြ ထိတ္လန႔္တၾကား ျဖစ္ေနၾကတာ ငါ့လက္ခ်က္လားလို႔ ခုနက ေမးတယ္ေနာ္။ အခုက် မင္းေျပာသမွ် အေၾကာင္းအရာတိုင္းက ငါ့အျပစ္လို႔ပဲ ေျပာသြားတယ္။”

က်ိလန္က မီးေတာက္ေတာ့မည့္ မ်က္လုံးမ်ားျဖင့္ ထိုလူကို စိုက္ၾကည့္ကာ ေအးစက္စက္ ရယ္ေမာၿပီး ဆက္ေျပာလိုက္သည္။

“ဒါဆို ဒီကိစၥေတြက တကယ္ပဲ ငါနဲ႕ သက္ဆိုင္ေနသလားဆိုတာ မင္းမသိဘူးမလား။ငါနဲ႕ ပတ္သက္ေနတယ္လို႔ မင္းအထင္ သက္သက္ပဲရွိတာေလ။ဒါမွမဟုတ္ ငါနဲ႕ ပတ္သက္ေနတာပဲျဖစ္ျဖစ္၊မပတ္သက္ေနတာပဲျဖစ္ျဖစ္ မင္းမ်က္လုံးထဲမွာ ငါက တရားခံပဲ မဟုတ္လား။”

“ဒါဆို မင္းေျပာသလို ျဖစ္ေနရင္ေရာ?”

ထိုလူသည္ က်ိလန္ ဘာေတြးေနသလဲဆိုတာ  မွန္းဆေနခဲ့သည္။သို႔ေသာ္ သူသည္ ထိတ္လန႔္စရာေကာင္းသည့္ မည္သည့္ အရိပ္အေယာင္မွ် မေတြ႕ရေသာ္လည္း သူ၏မ်က္လုံးမ်ားတြင္ ႐ြံရွာမုန္းတီးေနေသာ အၾကည့္က ပိုဆိုးလာေလသည္။

 

ဒီအိပ္မက္ဆိုးသခင္က လူတို႔၏ကိုယ္ေရးကိုယ္တာကိစၥမ်ားႏွင့္ စိတ္ထဲသို႔ က်ဴးေက်ာ္ဝင္ေရာက္ရာတြင္ တကယ္ကို ကြၽမ္းက်င္လွသည္။

“ဆိုလိုတာက မင္းမွာ ဘာသက္ေသအေထာက္အထားမွ မရွိဘူးေပါ့။မင္းက ေဒါသထြက္ၿပီး ငါ့ကို တိုက္ရိုက္ လာတိုက္ခိုက္ေနတာပဲ။”

က်ိလန္ ဆက္ေျပာလိုက္သည္။

 

“မင္းဟာ မိစာၦမွန္သမွ်ရဲ႕ အထြဋ္အျမတ္ျဖစ္တဲ့ အိပ္မက္ဆိုးသခင္ပဲေလ။မင္းကို သတ္လိုက္တာကမွ ေသခ်ာတဲ့ကိစၥပဲ။”

 

“ငါ့မွာ အသိတရားရွိေနၿပီး အိပ္မက္ဆိုးအရွင္တစ္ေယာက္ရဲ႕ အစြမ္းေတြကို လုံးလုံးလ်ားလ်ား ထိန္းခ်ဳပ္နိုင္ေနသေ႐ြ႕ ငါ့ကို အစစ္အမွန္ အိမ္မက္ဆိုးအရွင္လို႔ မွတ္ယူလို႔မရဘူးလို႔ ႐ုပ္လြန္ပညာအဖြဲ႕အစည္းက ဉကၠဌေျပာတာ ငါမွတ္မိေသးတယ္။႐ုပ္လြန္ပညာေလာကမွာဆိုရင္ မင္းတို႔လို က်င့္ႀကံသူေတြက ေျဖာင့္မတ္လမ္းစဥ္ကို က်င့္ၿပီး အျပစ္ကင္းမဲ့တဲ့သူေတြကို အႏၲရာယ္မေပးဘူးဆို….”

 

“ဟုတ္တယ္ေလ။ငါတို႔ ႐ုပ္လြန္ပညာေလာကရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြမွာ အျပစ္မရွိတဲ့သူကို ဒုကၡမေပးရဘူးလို႔သာ ခ်မွတ္မထားရင္ မင္းရဲ႕သ႐ုပ္မွန္နဲ႕ ဒီေန႕ဒီအခ်ိန္ထိ အသက္ရွင္ေနနိုင္မွာ မဟုတ္ဘူး။”

ထိုလူက ေဒါသတႀကီး ေျပာေလသည္။

 

“ဒါဆို ေစာေစာက မင္းရဲ႕အျပဳအမူက ဘယ္လိုလုပ္သင့္ေလ်ာ္မွာလဲ”။

က်ိလန္က တုံ႕ျပန္ေျပာဆိုလိုက္သည္။

 “ဘာလို႔ ငါ့ကို အေဆာင္လက္ဖြဲ႕နဲ႕ လာတိုက္ခိုက္ရတာလဲ။”

 

“အေဆာင္လက္ဖြဲ႕လို႔ မင္း ေျပာလိုက္တယ္ေနာ္။အေဆာင္လက္ဖြဲ႕ဆိုတာ သရဲတေစၦေတြနဲ႕ မေကာင္းတဲ့အရာေတြကိုပဲ ထိခိုက္ေစတာေလ။မင္းသာ သာမာန္လူဆိုရင္ ထိခိုက္ရမွာ မဟုတ္ဘူးေလ။”

ထိုအမ်ိဳးသားကလည္း ခြန္းတုံ႕ျပန္ပက္ေလသည္။

 

“ဟက္ ငါသိသားပဲ။အေဆာင္လက္ဖြဲ႕ေတြေၾကာင့္ ထိခိုက္နိုင္တဲ့သူတိုင္းကို သာမန္လူလို႔ ယူဆလို႔ မရေပမဲ့ မိစာၦဝိညာဥ္ေတြ အၿငိဳးေတးတေစၦေတြလည္း ျဖစ္နိုင္ပါတယ္။ဒါေၾကာင့္ ဒီအေဆာင္စာ႐ြက္ကို မင္းတို႔႐ုပ္လြန္ပညာအဖြဲ႕အစည္းဆီကို သင့္ေလ်ာ္တဲ့ အေျဖရွင္းခ်က္ ေတာင္းရင္ က်ိဳးေၾကာင္းမသင့္တာေတြပဲ ထြက္လာလိမ့္မယ္။”

က်ိလန္က သေရာ္လိုက္သည္။

 

ထိုလူသည္ သူ႕ကို ျပန္ မျငင္းနိုင္ေတာ့ေပ။သို႔ေသာ္ သူ႕မ်က္ႏွာေပၚရွိ အေၾကာက္အလန႔္ကင္းေနေသာ အမူအရာမွာ က်ိလန္၏ယူဆခ်က္မွာ က်ိဳးေၾကာင္းဆီေလ်ာ္ေၾကာင္း အတည္ျပဳၿပီးသားျဖစ္ေနေလသည္။

 

“က်င့္ႀကံသူေတြရဲ႕ နည္းလမ္းေတြေၾကာင့္ ဒဏ္ရာရခဲ့သမွ်က ငါ့ကိုယ္ေပၚမွာ အမာ႐ြတ္တစ္ခုေလးေတာင္ က်န္မွာမဟုတ္ဘူး။မင္း ငါ့ကို ျပင္းျပင္းထန္ထန္ ထိခိုက္ေအာင္ လုပ္လိုက္ရင္ေတာင္ သက္ေသမရွိဘဲ ငါက ရဲကို ဘယ္လိုတိုင္နိုင္ေတာ့မွာလဲ။”

 

“မင္းခႏၶာကိုယ္မွာ မိစာၦစြမ္းအားေတြ ဒီေလာက္ဝိုင္းေနတာ ရဲက ဘယ္သူ႕ကိုဖမ္းမလဲဆိုတာ ဘယ္သူသိမလဲ။”

ထိုလူက အိမ္မက္ဆိုးသခင္က သူ႕အား ရဲေခၚေစခ်င္ေနမွန္း သေဘာေပါက္သြားေသာအခါ ေလွာင္ရယ္လိုက္ေလသည္။

 

*ဟုတ္တယ္။ရဲကို ေခၚေစခ်င္ေနတာ။တစ္လကို ရဲက ID ကတ္ကို အႀကိမ္ (၃၀)ေလာက္ စစ္ေဆးခံေနရတာေလ။ရဲေတြသာ ဒီေနရာကို တကယ္ေရာက္လာရင္ သူက လူေကာင္းတစ္ေယာက္လို႔ ခံစားမိၾကမွာပဲေလ။*

 

“မင္းနဲ႕ေျဖရွင္းဖို႔ နည္းလမ္း မရွိေတာ့ဘူးနဲ႕တူတယ္။”

က်ိလန္သည္ ထိုလူကို ပ်င္းစရာေကာင္းဟန္ျဖင့္ တည့္တည့္စိုက္ၾကည့္ေလသည္။

 

“မင္းဘာေတြႀကံေနလဲဆိုတာ ငါမသိဘူးလို႔ ထင္မေနနဲ႕။အိပ္မက္ဆိုးသခင္တစ္ေယာက္အေနနဲ႕ ငါ့အိပ္မက္ထဲမွာ ငါ့ကို တိုက္ခိုက္ဖို႔ ေတြးေနမွာပဲ။ငါ့လို အိမ္မက္စက္ကြင္းက လြတ္ေျမာက္ေအာင္က်င့္သူေတြရဲ႕ အိမ္မက္ထဲကို အလြယ္ေလး ဝင္လို႔ေတာ့ရမွာမဟုတ္ဘူး။မင္းဝင္လာေတာ့ေရာ ဘာျဖစ္လဲ။အဲဒါက အိပ္မက္ပဲျဖစ္ေနတုန္းပဲေလ။မနက္မိုးလင္းတာနဲ႕ နိုးလာမွာပဲ။ဘာအႏၲရာယ္မွ မရွိဘူး။”

ထိုလူက မထီမဲ့ျမင္ျဖင့္ ေျပာလာသည္။

“ငါတို႔ ဥကၠဌႀကီးက မင္းက အိပ္မက္ဆိုးအရွင္အစြမ္း အျပည့္အဝ မနိုးေသးဘူးလို႔ ေျပာေနတာ အရမ္းၾကင္နာေပးလြန္းတယ္။မင္းကို နတ္ဆိုးလို႔ မသတ္မွတ္ထားလို႔  သတ္မပစ္ခဲ့ဘူး။ငါ ဒီေန႕ ဒီကိုေရာက္လာတာ မင္းကို သတိေပးဖို႔ပဲ။မင္းကိုယ္မင္း မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ဟိုင္ၿမိဳ႕တစ္ခုလုံးရဲ႕ ကံၾကမၼာကို ဆက္ၿပီး ထိခိုက္ေစမယ္ဆိုရင္ေတာ့ မင္းကို အခုေလးတင္ သုံးလိုက္တဲ့ အေဆာင္စာ႐ြက္လို စာ႐ြက္ေတြ ေထာင္ေပါင္းမ်ားစြာ သုံးၿပီး ျပာျဖစ္ေအာင္ မီးရွို႔ပစ္မယ္။တကယ္မီးေလာင္ရင္  ဘယ္ေလာက္ နာက်င္ရသလဲဆိုတာ အခုေလးတင္ ရွင္းရွင္းလင္းလင္း ခံစားလိုက္ရၿပီမလား။”

 

*သတိေပးလာေပးတာ?*

 

ယင္စြမ္းအားမ်ား ၿမိဳ႕ထဲတြင္ ျပည့္လွ်ံလာေသာအခါ သူတို႔အား သတိလာေပးၾကသည္။အင္အားႀကီးေသာ မိစာၦတစ္ေကာင္ ထြက္ေပၚလာလွ်င္လည္း သူ႕ကိုပဲ သတိေပးလာေပးၾကျပန္သည္။ေျမေအာက္ဂိတ္တံခါး ပြင့္ေတာ့မည့္အခ်ိန္ဆိုရင္လည္း သူ႕ကိုပဲ သတိလာေပးၾကသည္။အိမ္မက္ဆိုးအရွင္စြမ္းအားမ်ား အျပည့္အဝ မနိုးထလာေသးေပမဲ့ သူ႕ကို သတိေပးခ်က္မ်ား ပို႔ၿပီးေနၾကၿပီျဖစ္သည္။သူ၏စြမ္းအားအစစ္အမွန္မ်ား နိုးထလာသည့္အခ်ိန္တြင္ သူတို႔ေတြ သူ႕ကို သတ္ပစ္ၾကမွာျဖစ္သည္။

သူတို႔ေတြ အကုန္လုံး သူေတာ္ေကာင္း အေယာင္ေဆာင္ေနၾကတာျဖစ္သည္။သူက မိစာၦေတြအားလုံးရဲ႕ အရင္းခံျဖစ္တည္မႈလို႔ တကယ္ပဲ ယုံၾကည္ေနၾကရင္ ဘာလို႔ သူေမြးကတည္းက သတ္မပစ္ၾကတာလဲ။

 

က်ိလန္သည္ အလြန္ေဒါသထြက္ေနေသာ္လည္း သူ၏အမူအရာ အဆုံးမရွိေသာည၌ အလင္းေရာင္ကို မျမင္ရသကဲ့သို႔ ဘာကိုမွ ထုတ္မျပေခ်။

 

“က်ိန္ဆဲလိုက္ အ႐ုပ္ေလး!”

ထိုအခ်ိန္တြင္ ေအာ္သံတစ္ခုထြက္ေပၚလာၿပီး က်ိလန္၏ပခုံးေပၚသို႔ တစ္စုံတစ္ခု ပ်ံတက္လာေလသည္။

 

“ဟဲဟဲ…ဟဲဟဲ…ဟဲဟဲ…ဟဲဟဲ…”

 

တိတ္ဆိတ္ေသာညတြင္ ထူးဆန္းေသာ ကေလးရယ္သံက ႐ုတ္တရက္ ေပၚလာသည္။

 

က်ိလန္သည္ ႐ုတ္တရက္ ထြက္ေပၚလာေသာ လက္ရာေျမာက္သည့္ ႐ုပ္ေသး႐ုပ္ကို စိုက္ၾကည့္သည္။ထိုအ႐ုပ္မွာ ေရာင္စုံပုတီးမ်ားျဖင့္ ပန္းထိုးထားေသာ ၀တ္စုံကို ၀တ္ဆင္ထားၿပီး  ေျခေထာက္တိုတိုႏွစ္ေခ်ာင္းေပၚတြင္ လွည့္ပတ္လ်က္သားျဖင့္ သူ႕ေရွ႕တြင္ ကခုန္ေနသလိုမ်ိဳး လုပ္ေနေလသည္။အဝတ္အစားတြင္ ထိုးထားေသာ ပုတီးမ်ားသည္ ေျခလွမ္းလွမ္းတိုင္း လႊဲယမ္းသြားၿပီး ေျခာက္ျခားစရာ လုံးဝေကာင္းေနေလသည္။

 

ဝူေျမာင္ေျမာင္ ေန႕လယ္တုန္းက သူ႕ကို မိတ္ဆက္ေပးခဲ့ေသာ က်ိန္စာတိုက္သည့္အ႐ုပ္ပဲဆိုတာ သူ မွတ္မိသြားသည္။

 

“အဲ့ဒါက ဘာလဲ။”

ထိုလူသည္ ထိုကဲ့သို႔ ထူးဆန္းေသာအ႐ုပ္ကို တစ္ခါမွ မျမင္ဖူးေပ။အလိုလို အေဆာင္စာ႐ြက္ကို ထုတ္ကာ အ႐ုပ္ကို သတိႀကီးႀကီးျဖင့္ ၾကည့္ေနေလသည္။

 

“ရွင္က ကြၽန္မေယာက္်ားကို အနိုင္က်င့္ရဲတယ္ေပါ့။”

 ဝူေျမာင္ေျမာင္သည္ က်ိလန္၏ ေနာက္ကြယ္မွ ထြက္လာခဲ့သည္။သူမလက္ထဲတြင္ ေကာက္ညွင္း ၾကက္သားကို ကိုင္ထားဆဲျဖစ္သည္။သူမ၏ ခ်စ္စရာေကာင္းေသာ မ်က္ႏွာေလးသည္ ယခုအခ်ိန္တြင္ တင္းမာေနၿပီး မ်က္လုံးမ်ားသည္ ေအးစက္မႈ အျပည့္ ရွိေနသည္။

 

“မင္းက ဘယ္သူလဲ။”

ထိုလူသည္ ဝူေျမာင္ေျမာင္၏ ေအးစက္ေသာ အၾကည့္မ်ားေၾကာင့္ ထိတ္လန႔္တၾကား ေနာက္ျပန္ဆုတ္သြားေလသည္။

 

“ရွင္ ေစာေစာက ေျပာသမွ်ကို ကြၽန္မ ၾကားလိုက္တယ္။”

 

တကယ္ေတာ့ က်ိလန္ႏွင့္ ထိုလူၾကားတြင္ ဘာေျပာေနသည္ကို သူမ သိပ္ၿပီး မၾကားခဲ့ရပါ။တစ္ခုခု လြဲမွားေနသည္ကို သူမသတိထားမိၿပီး အျမန္ေျပးလာခဲ့သည္။က်ိလန္ကို ၿခိမ္းေျခာက္ေနေသာ ထိုလူ၏ေနာက္ဆုံးစကားေတြကိုသာ ၾကားလိုက္ေပမယ့္ ဒီစကားေတြနဲ႕တင္ သူမေဒါသကို ဆြေပးဖို႔ လုံေလာက္ပါသည္။

 

“မီးပူေလာင္တဲ့ ေဝဒနာကို ဘယ္လိုခံစားရလဲဆိုတာ ရွင့္ကို အရင္ ေတြ႕ႀကဳံခြင့္ေပးလိုက္မယ္ေလ။”

ထိုစကားကို ေျပာၿပီးေသာအခါ ဝူေျမာင္ေျမာင္သည္ ေကာက္ညွင္းၾကက္သားကို က်ိလန္၏လက္ထဲသို႔ထည့္ကာ သူမလက္မ်ားကို လိမ္ယွက္၍ ဝူမ်ိဳးႏြယ္စု၏နည္းပညာျဖင့္ ပုံသြင္းထားေသာ ေမွာ္တံဆိပ္တစ္ခု ျဖစ္ေစေလသည္။သူမ၏မ်က္လုံးမ်ားတြင္ အနက္ေရာင္အေခြေလးမ်ားျဖစ္သြားကာ  ေအာ္လိုက္သည္။

“ကေဝမ်ိဳးႏြယ္၏ အမည္နာမျဖင့္ ရွင့္ကို က်ိန္စာတိုက္မယ္။တန္ျပန္သက္ေရာက္ပါေစ။!”

 

“က်ိန္စာတိုက္။က်ိန္ဆဲပစ္။က်ိန္ဆဲပစ္။!”

 

တစ္ခ်ိန္လုံး တခစ္ခစ္ ရယ္ေမာေနခဲ့ေသာ က်ိန္စာ႐ုပ္သည္ ဝူေျမာင္ေျမာင္ ေျပာၿပီးသည္ႏွင့္ “က်ိန္စာ” ဟူေသာ စကားလုံးကို ႐ုတ္တရက္ ထပ္ခါထပ္ခါ ေျပာလာခဲ့သည္။ေမွာင္မိုက္ေနေသာညတြင္ ထိုျမင္ကြင္းမွာ တစ္မ်ိဳးႀကီး ထူးဆန္းေနေလသည္။

 

က်ိလန္ သူ႕ပခုံးေပၚမွ ႐ုတ္တရက္ ေလျဖတ္တိုက္ခံရသည္ကို ခံစားလိုက္ရသည္။အခုေလးတင္ ေထာင္လႊားေနခဲ့ေသာ ထိုလူသည္ သူ႕ပခုံးကိုကိုင္ကာ စတင္ေအာ္ဟစ္ေလေတာ့သည္။

 

“အား!အား!ပူလိုက္တာ။ေသေလာက္ေအာင္ပူတယ္။”

သူ၏စူးစူးဝါးဝါးေအာ္သံက ညကို ၿဖိဳခြင္းသြားသျဖင့္ ေဘးပတ္ဝန္းက်င္မွ အိမ္နီးနားခ်င္းမ်ားသည္ အလန႔္တၾကား ျဖစ္သြားၾကသည္။ျပတင္းေပါက္ေတြဖြင့္ၿပီး ဘာေတြျဖစ္ေနသလဲဆိုတာ စစ္ေဆးဖို႔ အျပင္ကို ၾကည့္ၾကေလသည္။

 

“ဘာျဖစ္ေနၾကတာလဲ။တစ္ခုခုျဖစ္လို႔လား။”

 

“တစ္ေယာက္ေယာက္က အိမ္မွာ ဝက္သတ္ေနတာလား။”

 

“ေအာ္သံက ေတာ္ေတာ္ေလး သနားစရာေကာင္းမယ့္ပုံပဲ။”

 

“ငါတို႔ ရဲေခၚလိုက္ၾကမလား။”

ထိုကဲ့သို႔ တတြတ္တြတ္ ေျပာသံမ်ား အိမ္နီးနားခ်င္းမ်ားထံမွ ထြက္လာၾက၏။

 

ငါးစကၠန႔္အၾကာတြင္ အုတ္ေအာ္ေသာင္းနင္း ျဖစ္ေနတာ ရပ္တန႔္သြားေလသည္။ထိုအမ်ိဳးသားကေတာ့ ေျမျပင္ေပၚတြင္ လဲက်ေနၿပီျဖစ္သည္။မ်က္ႏွာမွာလည္း ျဖဴေဖ်ာ့ေနၿပီျဖစ္သည္။သူက ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ ဝူေျမာင္ေျမာင္ကို စိုက္ၾကည့္ေနေလသည္။

 “ဒါက ဘယ္လိုမိစာၦမႏၲန္မ်ိဳးလဲ။”

 

“တန္ျပန္သက္ေရာက္တာေလ။!”

ဝူေျမာင္ေျမာင္က တူညီေသာ စကားကိုပဲ ျပန္ေျပာေလသည္ ။

 

“က်ိန္စာတိုက္။က်ိန္ဆဲပစ္။က်ိန္စာတိုက္ပစ္။”

ေျမျပင္ေပၚရွိ က်ိန္စာတိုက္သည့္အ႐ုပ္ေလးသည္ တစ္ဖန္ ကျပျပန္သည္။

 

“အား!!!!”

မီးပူေလာင္သည့္ နာက်င္မႈသည္ တစ္ဖန္ျပန္ေပၚလာေလသည္။ထိုလူသည္ မီးေတာက္မ်ားကို ၿငိမ္းသတ္နိုင္ရန္အလို႔ငွာ သူ၏ညာဖက္ပခုံးႏွင့္ ေျမျပင္ကို ပစ္ေဆာင့္ေလသည္။သို႔ေသာ္ ကံမေကာင္းစြာပဲ က်ိလန္၏ပခုံးေပၚတြင္ အေဆာင္စာ႐ြက္ မီးေလာင္ခဲ့သလိုမ်ိဳး မီးေတာက္ရွိမေနေသာေၾကာင့္ ျငႇိမ္းသတ္၍မရခဲ့ေပ။ထို႔ေၾကာင့္ သူဘာပဲလုပ္လုပ္ မီးအပူေလာင္ေနသလို ခံစားခ်က္ႀကီးကေတာ့ ေပ်ာက္မသြားေပ။

 

ငါးစကၠန႔္အၾကာတြင္ ဝူေျမာင္ေျမာင္က ေနာက္တစ္ေခါက္ က်ိန္ဆဲျပန္သည္။

 

“ငါမွားသြားပါတယ္။ေက်းဇူးျပဳၿပီး ရပ္ေပးပါ။”

ထိုလူသည္ လုံးဝၿပိဳက်သြားၿပီး သနားညွာတာေပးရန္ ဆက္လက္ေတာင္းဆိုေနခဲ့သည္။မိစာၦမ်ားအေပၚ အေဆာင္စာ႐ြက္မ်ားကို အသုံးျပဳခဲ့စဥ္တြင္ သူတို႔ ဘယ္လိုခံစားရမလဲဆိုတာ သူ ဘယ္တုန္းကမွ မေတြးခဲ့ဖူးေပ။

 

ဝူေျမာင္ေျမာင္သည္ ေလးႀကိမ္ေျမာက္ တူညီေသာ တံဆိပ္စည္းကို ထုလုပ္ေတာ့မည့္အခ်ိန္တြင္ လက္တစ္ဖက္က ဆန႔္ထုတ္လာၿပီး သူမက လာတားေလသည္။

 

 “ရွန္ကုန္း။?”

ဝူေျမာင္ေျမာင္သည္ သူမအား လာတားေသာ က်ိလန္ကို မယုံၾကည္နိုင္သလို ၾကည့္လိုက္သည္။

 

“ရပ္လိုက္ပါေတာ့။”

က်ိလန္ ေျပာလိုက္သည္။

 

“ဘာလို႔လဲ။ဒီလူက ရွင့္အေပၚမွာ အေဆာင္စာ႐ြက္ေတြ အႀကိမ္တစ္ေထာင္ေလာက္ သုံးခ်င္တယ္လို႔ အခုပဲ ေျပာခဲ့တာေလ။ကြၽန္မက သူ႕ဆႏၵကို အႀကိမ္တစ္ေထာင္ျပည့္ေအာင္ ေသခ်ာေပါက္ျဖည့္ဆည္းေပးသင့္တာေပါ့။”

သူမဘက္က သုံးႀကိမ္ေလာက္ပဲ က်ိန္စာတိုက္ရေသးသည္ေလ။ဒါက ဘယ္လိုလုပ္ လုံေလာက္မွာလဲ။

 

“တစ္ေယာက္ေယာက္ လာေနၿပီ။”

က်ိလန္ သတိေပးလိုက္သည္။

 

ေစာေစာက ထိုလူ စူးစူးဝါးဝါး ေအာ္ဟစ္လိုက္သျဖင့္ ေဘးပတ္ဝန္းက်င္ရွိ အိမ္နီးနားခ်င္းမ်ားက ရဲစခန္းသို႔ အေၾကာင္းၾကားခဲ့ၾကသည္။ယခုအခ်ိန္တြင္ လုံၿခဳံေရး အေစာင့္တစ္ေယာက္က အေျခအေနကို စုံစမ္းစစ္ေဆးရန္ အျမန္ေျပးလာေနၿပီ ျဖစ္သည္။

 

ႏွစ္မိနစ္ေလာက္ၾကာေသာအခါ ရဲေတြေရာက္လာၾကသည္။

 

“ဘာျဖစ္ေနၾကတာလဲ။ဒီေနရာမွာ ဘာျဖစ္သြားတာလဲ။”

ရဲအရာရွိက ပထမေတာ့ ေျမျပင္ေပၚမွာ လဲေလ်ာင္းရင္း ေအာ္ငိုေနတဲ့လူကို ဓါတ္မီးနဲ႕ ထိုးၾကည့္လိုက္ၿပီးမွ က်ိလန္ႏွင့္ ဝူေျမာင္ေျမာင္ကို ၾကည့္လာေလသည္။

“က်ိလန္??ထပ္ၿပီးေတာ့ မင္းပဲလား။”

 

ထိုရဲအရာရွိေရာက္လာသည္ႏွင့္ က်ိလန္လည္း မွတ္မိလိုက္သည္။မေန႕ညက က်ိလန္ကို ဖမ္းခဲ့ေသာ ရဲအရာရွိပင္ျဖစ္သည္။

 

“မင္း လူေတြကို ထပ္ၿပီးရိုက္ျပန္ၿပီလား။”

က်ိလန္သည္ သူတို႔ရဲစခန္းတြင္ ျမင္ေနက်ျဖစ္ေနေပသည္။ေန႕တိုင္း လမ္းေပၚကလူေတြကို ရိုက္ႏွက္တတ္သည္။အထူးဆန္းဆုံးကေတာ့ နစ္နာသူေတြအားလုံးက အရိုက္ခံရၿပီးတာေတာင္ သူ႕ကို တရားမစြဲရဲၾကေပ။သူတို႔အားလုံးက နားလည္မႈလြဲတာဟုသာ အခိုင္အမာ ေျပာၾကသည္။ဤရဲအရာမွာ အေျခအေနတစ္ခုလုံးကို  အေတာ္ေလး စိတ္တိုေနၿပီျဖစ္သည္။ထိုရဲအရာရွိမွာ လူ႕အဖြဲ႕အစည္းတြင္ ကင္ဆာအသားပိုလိုျဖစ္ေနသည့္ က်ိလန္ကို ပစ္မႈက်ဴးလြန္ေၾကာင္း တရားမစြဲနိုင္သျဖင့္ စက္ဆုပ္႐ြံရွာေနသူျဖစ္သည္။

 

“ကြၽန္ေတာ္ရိုက္တာ မဟုတ္ပါဘူး။”

က်ိလန္  ျပန္ေျဖလိုက္သည္။

 

“အမွန္တရားကို ျငင္းဖို႔ ႀကိဳးစားေနေသးတယ္လား။ဒါေပမယ့္ နစ္နာသူကက ဒီမွာပဲ ရွိေနတယ္ေလ။”

ရဲအရာရွိက ထိုလူကို ၫႊန္ျပေလသည္။

 

“အရာရွိဝမ္ ကြၽန္ေတာ္ တစ္ေယာက္ေယာက္ကို ရိုက္ႏွက္မိရင္ ဘယ္တုန္းက ျငင္းဖူးတာရွိလို႔လဲ။”

က်ိလန္ ရဲအရာရွိကို ၿပဳံးၿပဳံး႐ႊင္႐ႊင္ႏွင့္ ၾကည့္လိုက္ၿပီး တစ္ခ်ိန္တည္းမွာ စကားေျပာေတာ့မည့္ ဝူေျမာင္ေျမာင္ကို သူ႕ေနာက္ကေန ဆြဲေခၚလိုက္သည္။

 

အရာရွိဝမ္ အံ့အားသင့္သြားေလသည္။အခု သူ စဥ္းစားၾကည့္ေတာ့မွ ​​အရင္တုန္းက က်ိလန္ကို ရဲစခန္းသို႔ ေခၚသြားတိုင္း အျပစ္မေပးခံရေပမဲ့ ရိုက္ႏွက္တာကိုေတာ့ ဘယ္တုန္းကမွ ျငင္းဆိုတာ မၾကားဖူးေပ။

 

“ဒါဆို ဒီေနရာမွာ ဘာျဖစ္ၾကတာလဲ။”

အရာရွိဝမ္က အစ္ေအာက္ေမးၾကည့္လိုက္သည္။

 

“ကြၽန္ေတာ္လည္း ေသခ်ာ မသိပါဘူး။”

က်ိလန္က ေပါ့ေပါ့ပါးပါးျဖင့္ ျပန္ေျဖလိုက္သည္။

“ကြၽန္ေတာ္တို႔ ဒီနားက ျဖတ္သြားေတာ့ ဘယ္သူမွန္းမသိတဲ့ ဒီလူႀကီးက ႐ုတ္တရက္ ေျမျပင္ေပၚ လဲက်သြားၿပီး နာနာက်င္က်င္နဲ႕ ထေအာ္တာပဲ။သူ ေနမေကာင္းျဖစ္ေနတယ္ ထင္လို႔ အေရးေပၚကားကို ေခၚမလားလို႔ စဥ္းစားေနတာ။”

 

ရဲအရာရွိဝမ္က က်ိလန္ကို မယုံသကၤာျဖင့္ ၾကည့္လိုက္ၿပီး ဝူေျမာင္ေျမာင္ကို လွည့္ၾကည့္ၿပီး ေမးလိုက္သည္။

“မိန္းကေလး သူေျပာတာ အမွန္ပဲလား။”

 

“ဟုတ္ပါတယ္။”

ရဲအရာရွိကို က်ိလန္က ဘာေၾကာင့္ ဒီလိုေျပာလဲဆိုတာ သူမ နားမလည္ေပမဲ့ အျပင္လူေတြေရွ႕တြင္ က်ိလန္ကို မျငင္းဆန္ခဲ့ေပ။အျပင္လူမ်ားၾကားတြင္ သူတို႔၏မိသားစုခ်စ္ႀကိဳးမ်ားကို အျမင္တင့္ေစရန္ သူမရွန္ကုန္း၏ ဂုဏ္သိကၡာကို ထိန္းသိမ္းေပးရမည္ျဖစ္သည္။

 

“ဒီက လူႀကီးမင္း သူေျပာတာ အမွန္ပဲလား။”

အရာရွိဝမ္က လုံၿခဳံေရးအေစာင့္က တြဲထားရသည့္ တစ္ဖက္လူဘက္ကို လွည့္ၿပီး ေမးလိုက္သည္။

ထိုလူသည္ သုံးႀကိမ္တိုင္တိုင္ အေဆာင္စြာ႐ြက္မွ စစ္မွန္ေသာမီးျဖင့္ အရွို႔ခံခဲ့ရတာျဖစ္သည္။ဆယ့္ငါးစကၠန႔္မွ်သာ ၾကာေသာ္လည္း  စူးစူးရွရွနာက်င္မႈက သူ႕ကို စိတ္လြတ္ထြက္လုနီးပါးျဖစ္ေစခဲ့သည္။

 

“ဟုတ္..ဟုတ္ပါတယ္။အဲ့ဒီအတိုင္းပဲ အတိအက် ျဖစ္ခဲ့တာပါ။”

႐ုပ္လြန္ပညာေလာကမွ ကိစၥမ်ားကို ရဲမ်ား ဝင္မပါသင့္ေပ။ဤသည္မွာ က်င့္ႀကံသူမ်ား၏စည္းမ်ဥ္းပင္ျဖစ္သည္။

 

ထို႔ျပင္ က်ိလန္ကို သူတိုက္ခိုက္ျခင္းသည္ ႐ုပ္လြန္ပညာအဖြဲ႕အစည္းမွ ခြင့္ျပဳထားခ်င္းမရွိေပ။သူ လာရဲတဲ့ အေၾကာင္းရင္းမွာ က်ိလန္သည္ ​​အိပ္မက္ဆိုးသခင္ျဖစ္ေနေသာေၾကာင့္ျဖစ္သည္။ဆိုလိုသည္မွာ အဖြဲ႕အစည္းမွ သူ၏အစီအစဥ္ကို သိရွိသြားလွ်င္ မျမင္ခ်င္ေယာင္ ေဆာင္ေပးဖို႔ ေ႐ြးခ်ယ္ၾကမွာျဖစ္သည္။အလားတူစြာ တိုက္ခိုက္ေနရင္း သူဒဏ္ရာရခဲ့လွ်င္လည္း သူတို႔အဖြဲ႕အစည္းက ကူညီေတာ့ ေပးမွာမဟုတ္ေပ။

 

“႐ုတ္​တရက္ႀကီး ေရာဂါထေဖာက္တာလား။”

အရာရွိဝမ္က စစ္ေမးေလသည္။

 

“ဟုတ္ပါတယ္။”

 

 “ဘယ္လိုဖ်ားနာတာမ်ိဳးလဲ။က်ဳပ္တို႔ ခင္ဗ်ားကို ေဆး႐ုံလိုက္ပို႔ေပးရမလား။”

 

“မလိုပါဘူး။ရပါတယ္။ဒီအတိုင္း  ျပႆနာေဟာင္းပါပဲ။ေရာဂါလကၡဏာေတြ ျပၿပီးရင္ ျပန္ေကာင္းသြားမွာပါ။”

 

 “ဒါဆို မင္းရဲ႕ေရာဂါက ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းေနတာပဲ။အဆင္ေျပတာ ေသခ်ာရဲ႕လား။”

 

“အဆင္ေျပပါတယ္။”

 

“အရာရွိဝမ္ အခုအကုန္လုံး အဆင္​​ေျပသြားၿပီဆိုေတာ့​ ကြၽန္​​ေတာ္​တို႔သြားလို႔ရၿပီလား။”

က်ိလန္က အခ်ိန္ကိုက္ေမးလိုက္သည္။

အရာရွိဝမ္က ေခါင္းညိတ္ျပလိုက္သည္။

“ဒီကိစၥမွာ မင္းတို႔ ပတ္သက္ေနတာ မဟုတ္လို႔ ျပန္သြားလို႔ရပါၿပီ။”

 

“ေကာင္းပါၿပီ။”

က်ိလန္က ၿပဳံးၿပီး ျပန္ေျပာလိုက္သည္။ထို႔ေနာက္ ေအာက္ကို ငုံ႕ကာ ဝူေျမာင္ေျမာင္ကို သူဟန႔္တားလိုက္ခ်ိန္တြင္ တိတ္ဆိတ္သြားေသာ က်ိန္စာတိုက္သည့္အ႐ုပ္ကို အရာရွိဝမ္၏ ေျခဖဝါးေဘးမွ  ေကာက္ယူလိုက္သည္။

 

“အဲဒါက...”

 

“ဘာမ်ား ျဖစ္လို႔လဲ။”

အရာရွိဝမ္က အ႐ုပ္အားၾကည့္လိုက္သည္ႏွင့္ က်ိန္စာ႐ုပ္ကိုကိုင္ထားေသာ က်ိလန္၏လက္မ်ားသည္ ေအးခဲသြားေလသည္။

 

“​အဟမ္း...ေစာေစာက ငါမင္းကို နားလည္​မႈလြဲသြားတယ္​။​ေတာင္းပန္​ပါတယ္။​”

အရာရွိဝမ္က ရွက္ရွက္ျဖင့္ ေတာင္းပန္လိုက္သည္။

 

က်ိလန္လည္း လန႔္သြားၿပီး ရယ္ရယ္ေမာေမာျဖင့္ ေျပာလိုက္သည္။

“ရပါတယ္။ဒါ ပထမဆုံးအႀကိမ္မွ မဟုတ္ေတာ့တာ။”

 

ထို႔ေနာက္ သူသည္ ဝူေျမာင္ေျမာင္၏ရင္ခြင္ထဲသို႔ အ႐ုပ္ကို ထိုးထည့္လိုက္ၿပီး သူမကို ဆြဲေခၚလာခဲ့သည္။

 

“ေဟး မင္း...”

အရာရွိဝမ္က မ်က္ေမွာင္ၾကဳတ္ၿပီး တစ္ခုခု ေျပာခ်င္ေပမယ့္ ေတြးၾကည့္လိုက္ေတာ့ သူ က်ိလန္ကို နားလည္မႈလြဲတာ ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္သလိုပင္။

 

“ငါ့ကို ဒီအတြက္ေတာ့ အျပစ္မတင္နဲ႕ေနာ္။အရင္က ခဏခဏ ရန္ျဖစ္ခဲ့တာ မင္းပဲေလ။”

ခဏအၾကာတြင္ ရဲအရာရွိဝမ္သည္ အသံတိုးတိုးျဖင့္ ေရ႐ြတ္လိုက္သည္။

 

 

 

                                                                                              

အခန္း ၁၀ ။ မင္းရဲ႕အသည္းအေျခ‌အေနက သိပ္မေကာင္းဘူး

 

သူတို႔ အိမ္ကို ျပန္ေရာက္ေသာအခါမွသာ က်ိလန္မွ စိတ္ေအးလက္ေအးျဖစ္သြားေတာ့သည္။ဆန႔္က်င္ဘက္အေနျဖင့္ ဝူေျမာင္ေျမာင္ကေတာ့ ေစာေစာက ပိုၿပီးေတာ့ေတာင္ တက္ႂကြေနခဲ့သည္။

 

က်ိလန္က သူ၏ပါဆယ္ႏွင့္ ေကာက္ညွင္းၾကက္သားကို ေကာ္ဖီစားပြဲေပၚတြင္ တင္ထားလိုက္သည္။

 

“အဲ့ဒီလူနဲ႕ ေနာက္တစ္ခါေတြ႕လို႔ကေတာ့ ဘယ္ေတာ့မွ မေမ့ေအာင္ သင္ခန္းစာေပးပစ္ဦးမွာ။အခု သူ႕ကို လႊတ္ေပးလိုက္တာ လြယ္လြန္းသြားတယ္။”

ဝူေျမာင္ေျမာင္က ေကာ္ဖီစားပြဲကို ေဒါသတႀကီး လက္သီးျဖင့္ထိုးလိုက္ေလသည္။

 

က်ိလန္က သူမ၏လက္သီးထိုးခ်က္ေၾကာင့္ ၾကမ္းျပင္ေပၚသို႔ ျပဳတ္က်သြားေသာ ပါဆယ္ထုပ္ကို ၾကည့္လိုက္ၿပီး ေကာက္ယူကာ စားပြဲေပၚတြင္ ျပန္ထားလိုက္သည္။ထို႔ေနာက္ မီးဖိုေခ်ာင္ဖက္သို႔ ဝင္သြားေလသည္။ခဏအၾကာတြင္ တူတစ္စုံႏွင့္ ထြက္လာၿပီး ဝူေျမာင္ေျမာင္ကို ေပးလိုက္သည္။

“စားေလ ေကာက္ညွင္းၾကက္သားေတြက ေအးကုန္လိမ့္မယ္။”

 

“အင္းပါ။အစားစားၿပီးမွ သူ႕ကို ဆက္ က်ိန္ဆဲေတာ့မယ္။”

ဝူေျမာင္ေျမာင္က တူကိုယူကာ ပါကင္ထုတ္ထားသည္ကို ၿဖဲ၍ တစ္ကိုက္ ကိုက္လိုက္သည္။ႏူးညံ့ေစးကပ္ေနေသာ ေကာက္ညွင္းႏွင့္ ၾကက္သား၏ႏူးညံ့မႈတို႔ ေပါင္းစပ္ထားသည့္ အရသာက လွ်ာဖ်ားထက္တြင္ ေပါက္ကြဲသြားသလို ခံစားလိုက္ရသည္။ခ်က္ခ်င္းပင္ သူမမ်ိဳသိပ္ထားခဲ့ရဲ႕ေသာ ေဒါသမ်ား ေပ်ာက္ကြယ္သြားၿပီး ေပ်ာ္႐ႊင္မႈအင္းအိုင္ေလးအျဖစ္ အရည္ေပ်ာ္သြား၏။

“အရမ္းအရသာရွိတာပဲ။အဲ့ဒီဆိုင္မွာ လူေတြအမ်ားႀကီး တန္းစီေနတာ အံ့ဩစရာမရွိေတာ့ပါဘူး။”

 

က်ိလန္က ေအာ္ရယ္ေလသည္။ထို႔ေနာက္ ေရခဲေသတၱာဆီသို႔ သြားကာ ဘီယာသံဗူးတစ္ဘူးႏွင့္ ကိုလာသံဗူးတစ္ဘူးကို ထုတ္လိုက္သည္။ကိုလာဘူးကို ဖြင့္ကာ ဝူေျမာင္ေျမာင္ကို ေပးလိုက္ၿပီး သူကေတာ့ ဘီယာဘူးကို ယူသြားကာ ေဘးနားရွိ ဆိုဖာေပၚတြင္ ထိုင္ခ်လိဳက္သည္။

 

“ရွန္ကုန္း…လာေလ ကြၽန္မနဲ႕ အတူတူ စားေလ။အာ?ဘာလို႔ တူကို တစ္စုံပဲ ယူလာတာလဲ။ရွင့္အတြက္ ကြၽန္မ ေနာက္တစ္စုံ သြားယူေပးမယ္ေလ။”

သူမက ထသြားၿပီး မီးဖိုေခ်ာင္ထဲသို႔ သြားေလသည္။

 

“မင္းဘာမင္း စားပါ။ငါက မဆာေသးပါဘူး။”

က်ိလန္က သူမကို တားလိုက္သည္။

 

“တစ္ကိုက္ေလာက္ျဖစ္ျဖစ္ စားလိုက္ပါ။ကြၽန္မ ရွင့္အတြက္ ေသခ်ာ သြားဝယ္ေပးထားတာေလ။”

ဝူေျမာင္ေျမာင္က ေကာက္ညွင္းၾကက္သား တစ္တုံးကို တူျဖင့္ ယူလာၿပီး က်ိလန္၏ ပါးစပ္နားသို႔ ေတ့ေပးေလသည္။

 

က်ိလန္ သူမ၏ေမွ်ာ္လင့္‌ေနေသာ မ်က္ႏွာအမူအရာကို ၾကည့္ၿပီး ေကာက္ညွင္းၾကက္သားကို စိုက္ၾကည့္လိုက္သည္။ေနာက္ဆုံးေတာ့ သူ၏ပါးစပ္ကို ဖြင့္ကာ ၾကက္သားကို စားလိုက္သည္။

 

“ေကာင္းလား။”

ဝူေျမာင္ေျမာင္က စိတ္အားထက္သန္စြာ ေမးလိုက္သည္။

 

“ေကာင္းပါတယ္။”

က်ိလန္က တစ္တုံးလုံးကို အကုန္မဝါးဘဲ မ်ိဳခ်လိဳက္သည္။

 

ဒီေကာက္ညွင္းၾကက္သားကို ရရန္ အနည္းဆုံး ႏွစ္နာရီေလာက္ တန္းစီေစာင့္ခဲ့ရတာျဖစ္သည္။ပုံမွန္အားျဖင့္ တျခားသူမ်ားသည္ သူတို႔မႀကိဳက္ရင္ေတာင္ ေကာင္းသည္ဟု ေျပာၿပီး ခ်ီးမြမ္းတတ္ၾကသည္။သို႔ေသာ္ သူကေတာ့ ၾကက္သားအရသာကို တကယ္ မႀကိဳက္တာျဖစ္သည္။သူ႕ဘက္က ဘာမွမေျပာလွ်င္ သူမ စိတ္မေကာင္းျဖစ္သြားမွာ စိုးရသည္။

 

“အိုး..ရွင္က ၾကက္သားမႀကိဳက္ဘူးလား။ဒါဆို ေနာက္ခါက် ကြၽန္မ တျခားဟာကို ဝယ္ေပးမယ္ေနာ္။”

ဝူေျမာင္ေျမာင္က ပြင့္ပြင့္လင္းလင္း ျပန္ေျပာေလသည္။

 

*သူမက စိတ္မဆိုးဘူးလား။*

က်ိလန္ သူမ၏အမူအရာေၾကာင့္ နည္းနည္းေတာ့ အံ့အားသင့္သြားေလသည္။သူမဘာသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ႏွင့္ ဆက္စားေနသည္ကို ၾကည့္ေနလိုက္သည္။ေစာေစာတုန္းက သူ႕ကို စားပါဦးလားေျပာတာ ဒီအတိုင္း ေလာကြတ္ေခ်ာ္တာဟုပင္ သံသယဝင္မိသည္။သူမ၏ကမ္းလွမ္းခ်က္ကို ျငင္းပယ္ဖို႔ ေမွ်ာ္လင့္ေနေလာက္သည္။ဒါမွ သူမဘာသာ အားပါးတရ စားနိုင္မွာမို႔ဟု သူထင္မိသည္။

ဒါေပမဲ့ ႏွစ္နာရီေလာက္ တန္းစီၿပီး သူမႀကိဳးစားပန္းစား ဝယ္ခဲ့တာကို သူ မစားလို႔ ဝမ္းနည္းေနတာထက္ဆရင္ က်ိလန္ ဝူေျမာင္ေျမာင္၏ လက္ရွိတုံ႕ျပန္မႈကို ပိုသေဘာက်မိသည္။

သူ၏မ်က္လုံးေထာင့္ကေန ဆိုဖာကို လွမ္းၾကည့္လိုက္ေတာ့ ဝူေျမာင္ေျမာင္က အႏၲရာယ္ရွိစြာ ဆိုဖာေပၚတြင္ ပစ္ခ်ထားခဲ့ေသာ က်ိန္စာတိုက္သည့္ အ႐ုပ္ကို ျမင္လိုက္သည္။သူ၏ဘီယာဘူးကို ခ်ထားလိုက္ၿပီး အ႐ုပ္ကို လက္လွမ္းလိုက္သည္။

တစ္ရက္လုံး ဒီအ႐ုပ္ကို သူ ေသခ်ာစစ္ေဆးၾကည့္ၿပီးၿပီျဖစ္သည္။၎၏အသြင္အျပင္မွာ အေတာ္ေလး ႐ႊန္းလဲ့ေတာက္ပေနၿပီး အသက္ဝင္လွသည္။ဝတ္ေပးထားေသာ အဝတ္အစားမ်ားမွာလည္း လက္လုပ္အကၤ်ီမ်ားျဖစ္ၿပီး အေတာ္ေလး အားစိုက္ထုတ္ထားရေလာက္သည္။အကၤ်ီေပၚတြင္ ပန္းထိုးထားသည္မွာ အေတာ္ေလး ကြၽမ္းက်င္ၿပီး ပညာမွာ သူသိတာထက္ေတာင္ ေက်ာ္လြန္ေလာက္သည္။

“အခု အဲ့ဒီက်ိန္စာအ႐ုပ္က ကေဝတစ္ေယာက္ရဲ႕အစြမ္းရွိေနတာလား။”

က်ိလန္က ေမးလိုက္သည္။

“ဟုတ္တယ္။”

“ဘယ္သူ႕ကိုမဆို က်ိန္စာ တိုက္လို႔ရတာလား။”

“အဲ့ဒါေတာ့ သားေကာင္ရဲ႕အေျခအေန၊ကြၽန္မရဲ႕ကေဝစြမ္းအားအဆင့္နဲ႕ ကြၽန္မအ႐ုပ္ရဲ႕ အေျခအေနေပၚ မူတည္တယ္။”

 

ၾကည့္ရတာ အေတာ္ေလး ရႈပ္ေထြးၿပီး လိုက္လုပ္ဖို႔ မလြယ္တဲ့ နည္းပညာမ်ိဳးပဲ ျဖစ္မည္။

“က်ိန္စာဆိုတာက..မိစာၦအတတ္ပညာနဲ႕ အတူတူပဲေလ။”

က်ိလန္က ႐ုတ္တရက္ ထင္ျမင္ခ်က္ေပးေလသည္။

 

*တစ္ခုခုအက္ကြဲသြားသံ ထြက္လာတယ္။*

 

ဝူေျမာင္ေျမာင္က ၾကက္ေျခေထာက္ကို လြတ္က်သြားသျဖင့္ ၾကမ္းျပင္ေပၚမွ တူျဖင့္ ေကာက္ယူလိုက္သည္။ေကာက္ယူဖို႔ရတာ ခႏၶာကိုယ္ကို ကိုင္းရန္အတြက္ တြန႔္ဆုတ္ေနေပမဲ့ အခ်ိန္အခ်ိဳ႕ၾကာတဲ့အထိ သူမ၏ ခႏၶာကိုယ္ကို မတ္မလာေပ။က်ိလန္ သူမကိုယ္သူမ ေျပးၾကည့္စရာပင္မလို။သူမအျပစ္ရွိသလို ခံစားေနရမွန္း သိလိုက္သည္။

 

“ၾကည့္ရတာ ငါေတြးတာမွန္တယ္ထင္တယ္။”

က်ိလန္က သူ၏ခန႔္မွန္းခ်က္ကို အတည္ျပဳလိုက္သည္။

သူက အိမ္မက္ဆိုးအရွင္ ျဖစ္ေနတာေတာင္ သူမ လက္ခံနိုင္သည္မွာ အံ့ဩစရာမရွိပါ။သူမကလည္း သမာဓိလမ္းကို လိုက္သူမဟုတ္ေသာေၾကာင့္ ျဖစ္သည္။

 

“တကယ္ေတာ့..ကြၽန္မက က်ိန္စာကို အသုံးျပဳတာ ရွားပါတယ္။”

ဝူေျမာင္ေျမာင္က အသံေသးေသးးေလးျဖင့္ ရွင္းျပလိုက္သည္။

“ကေဝမ်ိဳးႏြယ္ေတြက အဲ့ဒီလိုအစြမ္းေတြကို ပိုင္ထားၾကေပမဲ့ ကေဝမ်ိဳးႏြယ္ရဲ႕ အႏၲရာယ္ရွိတဲ့ နည္းလမ္းေတြကို အသုံးမခ်ဖိဳ႕ ဆရာက ငယ္ငယ္ေလးကတည္းက သင္ေပးခဲ့တာ။ကြၽန္မတို႔ရဲ႕ က်ိန္စာတိုက္တဲ့ နည္းလမ္းေတြက တျခားသူေတြကို အရမ္းထိခိုက္ေစတယ္။ဒါေၾကာင့္မို႔ လက္လြတ္စပယ္ သုံးခြင့္မရွိပါဘူး။ကြၽန္…ကြၽန္မက ဒီေန႕ အရမ္း စိတ္တိုသြားလို႔ပါ။အဲ့ဒီလူက ရွင့္ကို အနိုင္က်င့္ေနလို႔ ကြၽန္မလည္း က်ိန္စာတိုက္လိုက္မိတာပါ။မဟုတ္ရင္ အဲ့ဒီလို နည္းလမ္းေတြကို သုံးမွာ မဟုတ္ပါဘူး။”

 

“အရမ္းေတြ ေၾကာက္ေနဖို႔ မလိုပါဘူး။”

က်ိလန္က ေနာက္ေျပာင္လိုက္သည္။

“မင္း အဲ့ဒီလို မိစာၦပညာေတြကို သုံးလိုက္တာက ငါ့ကို ကူညီေပးခ်င္လို႔မွန္း သိပါတယ္။ၿပီးေတာ့ ငါက အိမ္မက္ဆိုးအရွင္ေလ။မင္းကေတာ့ မိစာၦပညာေတြကို သုံးနိုင္တယ္ဆိုေတာ့ ငါတို႔က အတူတူပဲေလ။ဒါေၾကာင့္မို႔ ငါတို႔ေတြ တစ္ေယာက္ကိုတစ္ေယာက္ ေရွာင္ဖယ္ေနလို႔ မလိုပါဘူး။”

 

“ရွင့္ကို ကြၽန္မ ဘယ္ေတာ့မွ ေရွာင္ဖယ္ေနမွာမဟုတ္ပါဘူး။”

ဝူေျမာင္ေျမာင္က အေလးအနက္ ေျပာေလသည္။

အခ်ိန္ခဏၾကာေအာင္ က်ိလန္ အံ့အားသင့္သြားေလသည္။သူလည္း သူမကို ေရွာင္ဖယ္ေနမွာမဟုတ္ေၾကာင္း ျပန္ေျပာခ်င္ေပမဲ့ ထိုစကားမ်ားက သူ႕လည္ေခ်ာင္းတြင္သာ တစ္ေနေလသည္။ကံေကာင္းေထာက္မ၍ သူမက ထိုအေၾကာင္းကို မေမးခဲ့ေပ။

“ဒါေပမဲ့ မင္းရဲ႕က်ိန္စာက ႐ုတ္႐ုတ္သဲသဲ ျဖစ္ေစလြန္းတယ္။ၿပီးေတာ့ အလြယ္တကူလည္း လူေတြ သတိထားမိနိုင္တယ္။ဒီအေသးေလးက စကားေတာင္ ေျပာလိုက္ေသးတယ္။”

က်ိလန္က သူ႕လက္ေခ်ာင္းေလးျဖင့္ က်ိန္စာတိုက္သည့္ အပ္ခ်ည္နီသုံးၿပီး ခ်ဳပ္ထားေသာ အ႐ုပ္ေလး၏ပါးစပ္အား တို႔ကနန္းဆိတ္ကနန္း လုပ္ေနေလသည္။အေတာ္ေလး သဘာဝက်လြန္းၿပီး စကားမေျပာနိုင္သည့္ပုံ ေပၚေနသည္။

“တိတ္တိတ္ေလးလည္း ေကာင္းေကာင္း ေနနိုင္ပါတယ္။”

ဝူေျမာင္ေျမာင္က ျပန္ေျပာလိုက္သည္။

 

က်ိလန္က သူမ၏အေျဖေၾကာင့္ စိတ္ရႈပ္ေထြးသြားေလသည္။

“တကယ္ေတာ့ ကြၽန္မရဲ႕လက္စည္းတံဆိပ္ကို မွန္မွန္ ထြင္းထုနိုင္သေ႐ြ႕ က်ိန္စာကလည္း အလုပ္လုပ္မွာပဲ။က်ိန္စာတိုက္တဲ့အ႐ုပ္ရဲ႕အသံက ကြၽန္မရဲ႕ပစ္မွတ္အေပၚမွာ က်ိန္စာတိုက္တဲ့အခ်ိန္မွာ ကူညီအားျဖည့္ေပးတာပါ။အ႐ုပ္ကို စကားေျပာခြင့္ျပဳတာျဖစ္ျဖစ္ က်ိန္စာတိုက္ေနတဲ့အခ်ိန္မွာ အက်ယ္ႀကီး ရယ္ခြင့္ေပးလိုက္တာပဲျဖစ္ျဖစ္ အဲ့ဒီအ႐ုပ္က တျခားသူေတြကို ပိုၿပီး ထိတ္လန႔္တၾကားျဖစ္ေစတယ္ေလ။ဒါေၾကာင့္မို႔ ကြၽန္မ က်ိန္စာတိုက္ခဲ့တဲ့သူေတြအားလုံးက သူတို႔ ႀကဳံခဲ့တဲ့ အျဖစ္ေတြကို အၿမဲအမွတ္ရေနၿပီး ထေရာ္မာေတာင္ ျဖစ္သြားနိုင္တယ္ေလ။”

သူမက ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ေျပာျပေလသည္။

ေစာေစာက က်ိန္စာတိုက္ေနသည့္ အခ်ိန္တြင္ က်ိန္စာတိုက္သည့္အ႐ုပ္က အက်ယ္ႀကီး ေအာ္ရယ္ေနခဲ့တာကို သူ ျပန္သတိရသြားေလသည္။တကယ္ေတာ့ အေတာ္ေလး ေၾကာက္ဖို႔ေကာင္းလွသည္။အိမ္မက္ဆိုးမ်ားကို ႀကဳံေနက်ျဖစ္သည့္ အိမ္မက္ဆိုးအရွင္ သူေတာင္မွ ထိတ္လန႔္သြားေသးသည္။က်ိန္စားအား အထင္ႀကီးသည့္စိတ္ သို႔မဟုတ္ ထိုလူ၏ထာဝရက်န္ရွိေနအည့္ အာ႐ြတ္တို႔သည္ စိတ္ထဲ၌ စြဲထင္က်န္ရစ္ေနသည္။တျခားသူ၏စိတ္အေျခအေနကို ႀကံႀကံဖန္ဖန္ တိုက္ခိုက္သည္မွာ အေတာ္ေလး ရက္စက္ရာက်ေပသည္။

“ဟ!”

က်ိလန္မွာ မရယ္ဘဲ မေနနိုင္ေတာ့ေပ။

 

“ရွင္ ကြၽန္မကို စိတ္မဆိုးေတာ့ဘူးလား။”

သူ၏ရယ္သံကို ၾကားေသာအခါ ဝူေျမာင္ေျမာင္မွာ စိတ္ေပ်ာ္႐ႊင္လာ၏။

 

“မင္းကို ဘာလို႔ စိတ္ဆိုးရမွာလဲ။”

သူမကိုေတာင္ ျပန္ေမးလိုက္သည္။

 

“ဘာလို႔လဲဆိုေတာ့ က်ိန္စာတိုက္တာက ေကာင္းတဲ့အစြမ္းအစမွ မဟုတ္တာေလ။ကြၽန္မဆရာဆိုရင္ အဲ့ဒီလို နည္းလမ္းေတြကို လက္လြတ္စပယ္ မသုံးဖို႔ ဆုံးမခဲ့တာ။ခဏခဏ သုံးရင္ ကြၽန္မေဘးပတ္ဝန္းက်င္က လူေတြ ကြၽန္မကို ေၾကာက္ကုန္ၾကလိမ့္မယ္တဲ့။”

သူမက  အေလးအနက္ ျပန္ေျပာလိုက္သည္။

 

*သူမေဘးနားကလူေတြက က်ိန္စာေၾကာင့္ သူမကို ေၾကာက္ကုန္ၾကမယ္တဲ့လား။ဒီလိုဆို သူတို႔ေတြ ေနာက္ထပ္တစ္ခု တူေနၾကျပန္ၿပီ။*

က်ိလန္က တစ္ရႉးတစ္႐ြက္ကို ထုတ္ကာ မိန္းကေလး၏ပါးစပ္ေထာင့္တြင္ ကပ္ေနေသာ ေကာင္းညွင္းေစ့ေလးကို ညင္ညင္သာသာ ဖယ္ရွားေပးလိုက္သည္။

“ငါ မင္းကို မေၾကာက္ပါဘူး။”

“ေတာ္ေသးတာေပါ့။”

ဝူေျမာင္ေျမာင္မွာ စိတ္သက္သာရာရသြားေလသည္။ေစာေစာက ျပဳတ္က်သြားသည့္ ၾကက္ေျခေထာက္ကို သူမပါးစပ္ထဲသို႔ ထည့္ကာ ဆက္ဝါးေလသည္။

“ရွန္ကုန္း ..တကယ္လို႔ ေနာက္တစ္ခါ လာအနိုင္က်င့္တာ ခံရရင္ ကြၽန္မ အဲ့ဒီလူကို ေသခ်ာေပါက္ က်ိန္စာတိုက္ေပးမယ္။”

 

“မင္းဆရာက မင္းကို အဲ့ဒီက်ိန္စာကို မသုံးဖို႔ တားျမစ္ထားတယ္မလား။”

“ကြၽန္မဆရာက အႏၲရာယ္ရွိေအာင္ မသုံးဖို႔ပဲ ေျပာတာေလ။ရွင့္ကို အနိုင္က်င့္တဲ့သူေတြကိုေတာ့ သည္းခံမေနနိုင္ေပါင္။ၿပီးေတာ့ ရွင္က ကြၽန္မကို ေၾကာက္မွာမွမဟုတ္တာ။”

သူမက စိတ္ေက်နပ္မႈအျပည့္ျဖင့္ ေျပာေနေလသည္။

 

သူမေျပာလိုက္ေသာ စကားမ်ားေၾကာင့္ သူဘယ္လို တုံ႕ျပန္ရမလဲ မသိတာေၾကာင့္ ၾကက္ေသ ေသသြားမိသည္။သူ႕လက္ထဲက တစ္ရႉးကို အမွိုက္ပုံးထဲသို႔ ထည့္လိုက္ၿပီး ေအးေဆးတည္ၿငိမ္စြာျဖင့္ ေမးလိုက္သည္။

“ေက်ာက္ပုစြန္ စားခ်င္လား။မင္းအတြက္ မွာေပးမယ္ေလ။”

“ရွင္ေရာ ကြၽန္မနဲ႕အတူ စားမွာလား ရွန္ကုန္း။”

“စားမယ္ေလ။”

“ဒါဆို ကြၽန္မလည္း စားမယ္။”

ဝူေျမာင္ေျမာင္က ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ ျပန္ေျပာလိုက္သည္။

 

က်ိလန္ ၿပဳံးလိုက္မိသည္။သူ႕ဖုန္းကို ယူကာ အြန္လိုင္းကေန မွာလိုက္ေလသည္။

ေနာက္တစ္ရက္တြင္ သူတို႔ႏွစ္ေယာက္စလုံး မနက္စာ အတူစားၿပီး အလုပ္ကို ထြက္လာခဲ့ၾကသည္။

က်ိလန္မွာ က်ိန္စာတိုက္သည့္ အ႐ုပ္မွ သူ၏အေမွာင္စြမ္းအားမ်ားကို မစုပ္ယူခဲ့သျဖင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္ခဲ့ေပ။သို႔ေသာ္ ဒီေန႕ စိတ္ေတြ တက္ႂကြေနသလိုခံစားေနရသည္မို႔ စိတ္ေကာင္းဝင္ေနေလသည္။

ႏွစ္ေယာက္သား ကားပါကင္ထိုးသည့္ေနရာမွ စတူဒီယိုဝင္ေပါက္ထိ လမ္းေလွ်ာက္လာခ်ိန္တြင္ တစ္ခုခုလြဲေနသည္ကို သတိထားမိေလသည္။စတူဒီယို၏ေရွ႕တံခါးမ်ားမွာ အက်ယ္ႀကီး ဖြင့္ထားၿပီး အဝတ္ေျပာင္ ဝတ္ထားေသာ ရာဇဝတ္မႈစုံေထာက္မ်ားက တံခါးနားတြင္ ရပ္ေနၾကသည္။

ေျပာင္ဝတ္ထားေသာ စုံေထာက္မ်ားကို က်ိလန္ ျမင္ျမင္ခ်င္း တန္းသိနိုင္သည္မွာ လြန္ခဲ့ေသာ ေျခာက္လအတြင္း သူ႕ကို ေန႕တိုင္း စုံေထာက္မ်ားက IDလာစစ္ၾကလြန္းလို႔ျဖစ္သည္။သူမွမဟုတ္ ထိုသို႔ဆက္ဆံခံရသူတိုင္း ရာဇဝတ္မႈစုံစမ္းေရးခရိုင္၏ တစ္ဝက္ေလာက္ကို မွတ္မိေနမွာျဖစ္သည္။

“အဲ့ဒီမွာ ရပ္လိုက္။”

အဝတ္ေျပာင္ဝတ္ထားေသာ စုံေထာက္ထဲမွ တစ္ေယာက္က သူလမ္းေလွ်ာက္လာတာကို သတိထားမိၿပီး အလိုလို လွမ္းေခၚေလသည္။စစ္ေဆးေမးျမန္းၿပီးေသာအခါ က်ိလန္ကို ထိုလူက မွတ္မိသြားကာ စိတ္အေႏွာင့္အယွက္ျဖစ္သလို ေလသံႏွင့္ ေျပာေလသည္။

“က်ိလန္…မင္းပဲ။”

“ဟမ္…မင္းရႈံးသြားၿပီ။”ဟု  ေနာက္ထပ္စုံေထာက္တစ္ေယာက္ ေအာ္လိုက္သည္။

က်ိလန္ကို ေအာ္လိုက္ေသာ စုံေထာက္က သူ႕လွ်ာကို မေက်မနပ္ျဖင့္ ေတာက္ေခါက္လိုက္သည္။

“အင္းပါ။အင္းပါ။ေနာက္က်ရင္ မင္းကို ဟုန္ေပါင္းေပးပါ့မယ္။”

“ဘာျဖစ္လို႔လဲ။”

က်ိလန္ သူတို႔နားသို႔ သြားလိုက္သည္။

“အိုး ငါတို႔အသင္းက မင္းကို ရာဇဝတ္သားနဲ႕မွားမွားေနတာေလ။ဒါေၾကာင့္ ငါတို႔ခရိုင္မွာ ဘယ္စုံေထာက္ရဲမဆို မင္းကို မွားၿပီးစစ္ေဆးမိေနၾကတဲ့ အက်င့္ဆိုးေပ်ာက္ေအာင္လို႔ စည္းမ်ဥ္းတစ္ခု ခ်ထားတယ္။မင္းကို တစ္ခါမွားစစ္ရင္ ယြမ္ငါးဆယ္ပါတဲ့ ဟုန္ေပါင္းကို ငါတို႔အဖြဲ႕ကို ေပးရမွာေလ။”

စုံေထာက္က ရွင္းျပေလသည္။

“ငါဆို ဒီလ ယြမ္တစ္ရာေတာင္ ေက်ာ္ေနၿပီ။အလစ္သုတ္ခံရတာ။”

(အဖြဲ႕ထဲကို ဟုန္ေပါင္းေပးသည္မွာ WeChatကေပးတာမို႔ အဖြဲ႕ဝင္ေတြက စုစုေပါင္းေငြပမာဏထဲကေန လုယူလို႔ရပါတယ္။ကံစမ္းမဲႏွိုက္သလိုပါ။)

“မင္းရဲ႕ဝန္ထမ္းေတြက မင္းကို သတင္းမေပးဘူးလား။”

“ဒီမနက္ေစာေစာမွာ မင္းရဲ႕စတူဒီယိုဝင္ေပါက္နားမွာ အသည္းတူးသမား ေပၚလာခဲ့တယ္။ဒီအခ်ိန္မွာ မင္းတို႔ေတြ ပိုၿပီး သတိရွိဖို႔ လိုတယ္။အလုပ္ဆင္းတာနဲ႕ အိမ္ကို ခ်က္ခ်င္း ျပန္ၾကပါ။အထူးသျဖင့္ ဒီမိန္းကေလးေပါ့။ဒီလိုအခ်ိန္မွာ တစ္ေယာက္တည္း မေနတာ အေကာင္းဆုံးပဲ။”

ေနာက္ဆုံးနစ္နာသူမွာ ေယာက်ာ္းေလးတစ္ေယာက္ျဖစ္ေပမဲ့ အမႈမ်ားထဲတြင္ ငယ္႐ြယ္လွပေသာ မိန္းကေလးမ်ားမွာလည္း နစ္နာသူျဖစ္ခဲ့ရသည္။သူ႕ေရွ႕မွ မိန္းကေလးသည္ ပစ္မွတ္ျဖစ္ဖို႔ အလားအလာရွိသည္။

“ကြၽန္မက တစ္ေယာက္တည္းေနတာမဟုတ္ပါဘူး။”

ဝူေျမာင္ေျမာင္က ေျဖေလသည္။

“ေတာ္ေသးတာေပါ့။”

က်ိလန္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။မေန႕က သူျပန္သြားေတာ့ ႐ုံးမွာ အခ်ိန္ပိုဆင္းေနခဲ့သည့္ ေပဖန္းအေၾကာင္းကို ခ်က္ခ်င္း ေတြးလိုက္မိသည္။

*အသည္းတူးသမားက သူ႕ဆီကို လာတာမ်ားလား။*

က်ိလန္ ႐ုံးထဲသို႔ အျမန္ ဝင္သြားလိုက္သည္။

 

“ေဘာ့စ္ ေရာက္လာၿပီပဲ။”

က်ိလန္ ဝင္လာတာကို သတိထားမိေသာ တုန္႐ုန္းယြမ္က သူ႕ကို အျမန္ႏႈတ္ဆက္လိုက္သည္။

 

“ေပဖန္း ဘယ္လိုေနေသးလဲ။”

က်ိလန္ ေမးလိုက္သည္။

“သူ အဆင္ေျပပါတယ္။ေျဖာင့္ခ်က္ေပးၿပီး ရဲစခန္းက ျပန္လာတာ။အခုေတာ့ အနားယူေနတယ္။”

တုန္႐ုန္းယြမ္က ေျဖလိုက္သည္။

“က်ိလန္ မင္းရဲ႕ေစာင့္ၾကည့္ေရးကင္မရာ စကားဝွက္ကဘာလဲ။ငါ စစ္ၾကည့္ခ်င္လို႔။”

ရဲအရာရွိတစ္ေယာက္က ထြက္လာၿပီး သူ႕လက္ထဲတြင္ အနီေရာင္ေနာက္ခံသာ ျပသေနေသာ စခရင္ပါသည့္ ဖုန္းကို ကိုင္ထားသည္မွာ အနီေရာင္အထုတ္ေလး ေပးလိုက္သလိုပင္။

 

က်ိလန္က စကားဝွက္မ်ားကို ေပးလိုက္သည္။

“၂၆၉၁၀၁”

ရဲအရာရွိသည္ စကားဝွက္ျဖင့္ ေသာ့ကို ခ်က္ခ်င္း ဖြင့္လိုက္ၿပီး ေစာင့္ၾကည့္ေရးကင္မရာကို ထုတ္ယူလိုက္သည္။

ပုံမွန္ဆို အသည္းတူးသမား၏အသြင္အျပင္မွာ သဲလြန္စမက်န္တတ္ေပ။သူ႕လက္ထဲမွ အနီေရာင္မ်က္လုံးရွိသည့္ ေၾကာင္မွာ အေတာ္ေလး စြဲမက္ဖြယ္ေကာင္းလွသည္။

 

“ဒီေခြးေကာင္ကေတာ့…သူက ဝင္ေပါက္နားမွာ ဆယ္မိနစ္ၾကာေအာင္ တကယ္ရပ္ေနခဲ့တာပဲ။အဲ့ဒီေလာက္ေတာင္ ပလႊားျပေနတာပဲ။”

ရဲအရာရွိက ေျပာလည္းေျပာရင္း ဗီဒီယီုမ်ားကို ေကာ္ပီကူးသြားေလသည္။

 

က်ိလန္မေရာက္ခင္ ပါဝင္ေနၾကသူမ်ားကို စစ္ခ်က္ယူၿပီးသြားၿပီျဖစ္သည္။သူတို႔ ဒီကိုေရာက္ေနၾကတာ အခင္းျဖစ္ရာေနရာကို စစ္တမ္းေကာက္ၿပီး သဲလြန္စရွာဖို႔ ျဖစ္သည္။သူတို႔ေတြ မျပန္ခင္တြင္ က်ိလန္ကို ထပ္ၿပီး အႀကံေပးျပန္သည္။

“ဒီအသည္းတူးသမားက အရမ္း အႏၲရာယ္မ်ားတယ္။မင္းတို႔ေတြ ဒီရက္ေတြမွာ သတိထားၾကေနာ္။ၿပီးေတာ့…ဒဏ္ရာလည္း မရၾကေစနဲ႕။ေက်းဇူးျပဳၿပီး ဒီအျဖစ္ေတြကို တျခားသူေတြကိုလည္း မေျပာျပပါနဲ႕။”

 

ရဲေတြျပန္သြားေသာအခါ က်ိလန္ ေပဖန္း နားေနသည့္ ေနရာကို ခ်က္ခ်င္း သြားလိုက္သည္။သူ႕ၾကည့္ရတာ ေၾကာက္လန႔္ေနပုံေပၚေပမဲ့ မေန႕က အိမ္မက္ဆိုးမက္ေနတဲ့ အေျခအေနထက္ဆရင္ ပိုေကာင္းပါေသးသည္။

“ရဲေတြေျပာသြားတာ အသည္းတူးသမားက ငါတို႔ ဝင္ေပါက္နားမွာ ဆယ္မိနစ္ၾကာေအာင္ ရပ္ေနခဲ့တာတဲ့။ဘာလို႔ အဲ့ဒီအခ်ိန္မွာ ရဲကို မေခၚလိုက္တာလဲ။”

တုန္႐ုန္းယြမ္က ေပဖန္းအတြက္ ေရေႏြးေလး ငွဲ႕ေပးရင္း ေမးလိုက္သည္။

“ငါ..ငါ အဲ့ဒီအခ်ိန္တုန္းက ေၾကာက္ေနလို႔ပါ။”

သူ အဲ့ဒီအခ်ိန္တြင္ ဇာတ္ၫႊန္းကို စာအမွား ျပင္ဆင္တာ ၿပီးလုခါနီးျဖစ္သည္။ေရသြားခပ္ရန္ ထသြားခ်ိန္တြင္ ဖန္ခြက္မွတစ္ဆင့္ ဝင္ေပါက္နားတြင္ အသည္းတူးသမားရပ္ေနသည္ကို ျမင္လိုက္ရသည္။သူလုံးဝကို စိတ္လြတ္သြားၿပီး အသိျပန္ဝင္လာခ်ိန္တြင္ ရဲကိုေခၚေတာ့ အသည္းတူးသမားကေတာ့ ထြက္သြားၿပီျဖစ္သည္။

“ဘာေတြ ေျပာေနတာလဲ။အေရးအႀကီးဆုံးက ေပဖန္း ဘာမွမျဖစ္ဖို႔ပဲေလ။”

ရွန္ကြၽင္းယီက ဝင္ေျပာေလသည္။

“ကံေကာင္းလို႔ မေန႕က အေရွ႕တံခါးက ေသာ့ေတြကို ခတ္ခဲ့လို႔။အသည္းတူးသမား မဝင္နိုင္တာ။”

ယီကြမ္က ေျပာေလသည္။စတူဒီယိုမွ ဝန္ထမ္းအားလုံးသည္ အ႐ြယ္ေရာက္ၿပီးသား ေယာက်ာ္းမ်ားျဖစ္ေသာေၾကာင့္ သူတို႔၏စတူဒီယိုသို႔ အျပင္လူမ်ား လာသည္မွာ ရွားပါးသည္မို႔ မ်ားေသာအားျဖင့္ အေရွ႕တံခါးမ်ားကို ေသာ့မခတ္တတ္ၾကေပ။သူတို႔ေတြ အခ်ိန္ပိုဆင္းမွသာ အေရွ႕တံခါးမ်ားကို တမင္ပိတ္တတ္ၾကသည္။

“တံ..တံခါးေတြက ေသာ့ခတ္မထားဘူး။”

ေပဖန္းက တုန္တုန္ယင္ယင္ျဖင့္ ေျပာလိုက္သည္။

 

“ဘယ္လို?!!”

လူတိုင္း ထိတ္လန့္သြားၾကသည္။

“တကယ္ေတာ့ မင္းက ကံကိုေကာင္းတာပါ။အသည္းတူးသမားသာ ေျခတစ္လွမ္းတိုးလိုက္ရင္ တံခါးက အလိုလိုပြင့္ေတာ့မွာ။”

စတူဒီယို၏အေရွ႕ဘက္ မွန္တံခါးမ်ားသည္ အာ႐ုံခံကိရိယာမ်ားျဖင့္ ခ်ိတ္ဆက္ထားတာျဖစ္သည္။

တကယ္လို႔ အသည္းတူးသမားသာ ေျခတစ္လွမ္းတိုးလိုက္ပါက ႐ုံးထဲတြင္ တစ္ေယာက္တည္းရွိေနေသာ ေပဖန္းဆီသို႔ တန္းေရာက္သြားေတာ့မွာျဖစ္သည္။ထိုအေၾကာင္းကို ေတြးမိသည္ႏွင့္ လူတိုင္း ၾကက္သီးတဖ်န္းဖ်န္းထကုန္ၾကသည္။

 

“တ..တံခါးက ပြင့္သြားတယ္။”

ေပဖန္းက ျပန္ေျပာလိုက္သည္။

“ဘယ္လို??!!”လူတိုင္း ထပ္ၿပီး သံၿပိဳင္ေအာ္ၾကျပန္သည္။

“ဒါဆို သူက ဘာလို႔ မင္းကို သတ္ၿပီး အသည္းမယူသြားရတာလဲ။”

က်ိလန္က ေမးလိုက္ေလသည္။

 

“သူေျပာတာက…”

ေပဖန္းက ဝိေရာဓိျဖစ္ေနကာ ဆက္ေျပာလိုက္သည္။

“ညဆိုင္းေတြ ဆက္တိုက္ဆင္းေနလို႔ ကြၽန္ေတာ့ အသည္းက သိပ္မေကာင္းေတာ့ဘူးတဲ့။”

လူတိုင္း အံ့အားသင့္သြားၾကသည္။အသည္းတူးသမားက ေပဖန္း၏အသည္းႏွင့္ ပတ္သက္သည့္ မေက်နပ္ခ်က္ကိုေတာင္ ထုတ္ေျပာသြားေသးသည္။

“ဟားဟားဟား ၾကည့္ရတာ ညနက္တဲ့အထိ အလုပ္လုပ္ျခင္းရဲ႕ အက်ိဳးေက်းဇူးထင္တယ္။”

 ရွန္ကြၽင္းယီက ေပဖန္းကို ကိုယ္ခ်င္းစာစြာ လက္ျဖင့္ ပုတ္လိုက္သည္။

“အဲ့ဒီအေၾကာင္းကို ထပ္ေတြးမေနနဲ႕ေတာ့။တစ္ညလုံး မအိပ္ရျပန္ဘူးမလား။သြားၿပီး အနားယူေတာ့။”

ေပဖန္းက ေခါင္းညိတ္ျပကာ သူတစ္ခ်ိန္လုံး ဆုပ္ကိုင္ထားသည့္ အိမ္မက္လွေစေသာ အ႐ုပ္ေလးအား တင္းတင္းၾကပ္ၾကပ္ဖက္လိုက္သည္။

“ဒီအ႐ုပ္က အာနိသင္မွ မရွိေတာ့တာ ရွင့္ကို ေနာက္တစ္႐ုပ္ ထပ္ေပးမယ္။”

တစ္ခ်ိန္လုံး တိတ္ဆိတ္ေနခဲ့သည့္ ဝူေျမာင္ေျမာက္က ႐ုတ္တရက္ စကားထေျပာေလသည္။

ေျပာေျပာဆိုဆိုႏွင့္ သူမအိတ္ထဲမွ အိမ္မက္လွေစသည့္အ႐ုပ္အသစ္အား ထုတ္ယူၿပီး ေပဖန္းကိုလိုက္သည္။

“ဒါက ရွင့္အတြက္ပါ။မေန႕က အ႐ုပ္ေလး ကြၽန္မကို ျပန္ေပးလို႔ရမလား။”

 ေပဖန္းက ခ်က္ခ်င္းပဲ သူ႕လက္ထဲက အ႐ုပ္ႏွင့္ လဲလွယ္လိုက္သည္။

“ေက်းဇူးတင္ပါတယ္ သူေဌးကေတာ္။”

 

ထို႔ေနာက္ ဝူေျမာင္ေျမာင္က ျပန္လဲလိုက္ေသာ အ႐ုပ္ကိုယူကာ အနည္းငယ္ ဖ်စ္ညွစ္လိုက္သည္။ၿပီးတာႏွင့္ ေနေရာင္ရမည့္ ေနရာကိုရွာကာ အ႐ုပ္ကို သြားထားလိုက္သည္။

 

 က်ိလန္ အ႐ုပ္ကို ၾကည့္လိုက္ေတာ့ ေနေရာင္ေအာက္တြင္ တစ္မ်ိဴးထူးျခားေနသလို ခံစားမိသည္။သို႔ေသာ္ သူ႕မ်က္လုံးကပဲ သူ႕ကို လွည့္စားေနသလားေတာ့ ေသခ်ာမသိေပ။

 

....

      
ကဲ ဘာလိုလိုနဲ႕ အပိုင္း ၁၀ထိေတာင္ေရာက္လာၿပီေနာ္။ ဒါဒါေလးတို႔ေရ.... ဘယ္လိုလဲ ဒါေလးကို ႀကိဳက္ၾကရဲ႕လားဟင္။

ႀကိဳက္ႏွစ္သက္ရင္ voteေလးေတြအမ်ားႀကီးေပးခဲ့ပါေနာ္။

Paid gpေလးကေတာ့ လကုန္ေလာက္က်မွ ေၾကျငာေပးေတာ့မယ္ေနာ္။ ျပင္ဆင္တာေလးေတြမၿပီးေသးလို႔ပါရွင့္။

ဒါေၾကာင့္ပိုက္ဆံစုထားလို႔ရတယ္ေနာ္။ 😘😘😘😘

....
                    

 

                                                                                         

 

 

 

 

                                           

                                                             

                                                                                         

 

 

 

 

                                           

                                                             

Đọc tiếp

Bạn Cũng Sẽ Thích

259K 41.3K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
4.3K 341 8
ဒီနိုဗယ်မှာတော့ မျက်နှာဖြတ်ရိုက်တာတွေကို အားရပါးရကြည့်ရမဲ့အပြင် အတွဲတစ်တွဲ၏ ခွေးစာတို့ကို တနင့်တပိုးစားရပါမယ်ရှင့် 😍😍
325K 17.9K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
322K 11.6K 21
Original Author - Lan Mei Gui 懒玫瑰 Original Publisher - readnovel This story is not my own.This is just for Fan Transla...