ခ်စ္ျခင္းမည္ေသာႀကိဳးေလးတစ္ေခ်...

By Aeinmet

28 8 4

ခ်စ္ျခင္းေမတၱာဟာဆန္းၾကယ္ပါတယ္...လူတစ္ေယာက္ကိုခ်စ္ဖို႔ဘာအေၾကာင္းျပခ်က္မွမလိုပါဘူး More

Hello
Part-2
Part-3
Part-4

Part-1

5 2 0
By Aeinmet

Meeting roomကျပန္အထြက္ အိတ္ကပ္ထဲမွ phoneကိုထုတ္ၾကည့္လိုက္ေတာ့ ရဲရဲနီေနေသာ အဝင္callမ်ားကို မာန္ဟုန္ခြင္း ျမင္လိုက္ရသည္။အဝင္callမ်ားရဲ႕ပိုင္႐ွင္ေၾကာင့္ မာန္ဟုန္ခြင္း မ်က္ခံုးမ်ားပင့္ကာျပံဳးလိုက္မိသည္။ထိုအဝင္callပိုင္႐ွင္ကအျခားသူေတာ့မဟုတ္ အျမဲတမ္းလူနာမ်ားျဖင့္အလုပ္႐ႈပ္ေနတတ္ေသာ က႐ုဏာ႐ွင္မႀကီး ႏွင္းသက္ႏြယ္ျဖစ္သည္။နွင္းသက္နြယ္က မာန္ဟုန္ခြင္း၏သူငယ္ခ်င္းျဖစ္သလိုမိဘမ်ားကလည္းေနရာခ်ထားေပးရန္စီစဥ္ေနသူလည္းျဖစ္သည္။သူမက ပံုမွန္ဆို မာန္ဟုန္ ဖုန္းေခၚရင္ေတာင္မအားလပ္၍မေျပာျဖစ္တာမ်ားသည္။အခုလည္း ႐ွမ္းျပည္နယ္ဘက္တြင္တာဝန္က်ေနသည္။ ရန္ကုန္လိုၿမိဳ႕ႀကီးမွာဆိုသူ႔အရည္အခ်င္းနဲ႔ဆိုလ်ွင္ေနရာေကာင္းေကာင္းရႏိုင္ေသာ္လည္းက႐ုဏာ႐ွင္မႀကီးက ခ်ဳိ့္တဲ့ၿပီးမဖြံ႔ၿဖိဳးေသးတဲ့အရပ္ေဒသေတြမွာဘဲတာဝန္ယူခ်င္ပါသည္တဲ့။ႏွင္းသက္ႏြယ္အေၾကာင္းေတြးရင္း ႏွင္းသက္ႏြယ္လိုစိတ္ထား႐ွိသည့္သူတစ္ေယာက္ကိုမာန္ဟုန္ခြင္းသတိရသြားမိသည္။ သတိရမိတိုင္း စိတ္ထဲေနာက္က်ိက်ိျဖစ္ရသည္။မမ မာန္ဟုန္ရဲ႕တစ္ဦးတည္းေသာမမ အသက္၁၅ႏွစ္ကြာသလိုမာန္ဟုန္ခြင္းအေမလိုေရာအစ္မလိုပါခ်စ္ရတဲ့မမ။မမနာမည္ကခြာညိဳ႐ွင္း။မမကေက်ာင္းဆရာမတစ္ဦးျဖစ္ၿပီး ႏွင္းသက္လိုဘဲရန္ကုန္လိုေနရာမ်ိဳးထက္ ခ်ဳိ့တဲ့ၿပီးမဖြံ႔ၿဖိဳးေသးတဲ့ေဒသေတြကိုပိုၿပီး ေစတနာေတြပိုထားခ်င္သူ။အဲ့ဒီေစတနာေတြေၾကာင့္အိမ္ေထာင္က်ေတာ့လည္းအဲ့ဒီနယ္ကသူႏွင့္တဲ့ေလ။ မမကိုအရမ္းခ်စ္တဲ့ဒယ္ဒီက သူသေဘာမတူသည့္သူကိုယူသျဖင့္ အေမြပ်က္စြန္႔လႊတ္ခဲ့သည္အထိ။ အေတြးမ်ားကိုဖယ္႐ွားလိုက္ၿပီးအဝင္callကိုျပန္ေခၚလိုက္သည္။ ႏွစ္ခ်က္ေလာက္ဖုန္းဝင္ၿပီးေနာက္ တစ္ဖက္မွဖုန္းကိုင္လာသည္။

"မာန္...ဘာလို႔ဖုန္းကိုမကိုင္ရတာလဲ ငါေခၚေနတာၾကာလွၿပီ"

ဖုန္းဝင္ဝင္ခ်င္း ေဒါသသံေလးျဖင့္ဆူေငါက္ခံလိုက္ရသည္။

"ေဒၚႏွင္းသက္ရယ္ စိတ္ေလ်ာ့ပါ meeting roomထဲေရာက္ေနလို႔ပါကြာ ဒါနဲ႔ဘာကိစၥလဲ"

ရံုးခန္းထဲမွ sopha ခံုတြင္ေျခပစ္လက္ပစ္ထိုင္ကာ လက္တစ္ဖက္က necktile ကိုေျဖေလ်ာ့ရန္ျပင္ေနတုန္း တစ္ဖက္ကစကားသံေၾကာင့္ မာန္ဟုန္ခြင္း ႐ုတ္တရက္ထရပ္လိုက္မိသည္။

"ဘာေျပာလိုက္တယ္ ႏွင္းသက္"

"မမခြာညိဳ heart attackနဲ႔မနက္ကဘဲေဆးရံုကိုေရာက္လာတယ္လို႔ မာန္ရဲ႕"

"စိုးရိမ္ရလား"

"စိုးရိမ္ရတယ္ မာန္"

မာန္ဟုန္ခြင္း မ်က္ခံုးမ်ားကိုစုက်ဳံ့မိၿပီး နားထင္ေက်ာမ်ားေထာင္လ်က္ လက္သီးတို႔လည္းတင္းတင္းစုတ္ထားမိသည္။

"ဟုတ္ၿပီ ငါအေစာဆံုး flightနဲ႔ အဲ့ဒီကိုလာခဲ့မယ္ ႏွင္းသက္"

"အန္ကယ့္ကိုေရာ ဘယ္လိုေျပာမွာလဲ မာန္"

"က်စ္..ဒယ္ဒီက သူ႔သမီးကိုခ်စ္ၿပီးသားပါ အခုလိုအေျခေနကိုသာသိရင္ သူလည္းေနႏိုင္မွာမဟုတ္ဘူး"

"ေအးပါ.."

"ဒါနဲ႔ မမကတစ္ေယာက္တည္းလားသူ႔အမ်ဳးိသားေရာပါလာလား"

"သူ႔အမ်ဳိးသားေတာ့မေတြ႔မိဘူး မာန္ သူ႔သားေလးေတာ့ပါလာတယ္ "

"သား..ဟုတ္လား"

------------------------
"မာန္..ဟိုမွာအခန္းထဲက ထြက္လာတဲ့တစ္ေယာက္ အဲ့တာမမခြာညိဳရဲ႕သားဘဲ နင့္တူေပါ့"

ေဆးရံုေရာက္ၿပီးႏွင္းသက္ႏွင့္အရင္ေတြ႔ကာ အခုမမကိုေတြ႔ဖို႔ မမစီကိုလာေတာ့ အခန္းထဲမွထြက္လာေသာ ေကာင္ေလးတစ္ေယာက္ကို ခပ္လွမ္းလွမ္းမွျမင္လိုက္ရသည္။အရပ္ကမာန္ဟုန္ႏွင့္ယွဥ္လ်ွင္ေတာ့ေခါင္းတစ္လံုးစာေလာက္နိမ့္သည္။ပိန္ေပမယ့္ၾကည့္ေကာင္းသည့္အထဲပါသည္။အသားရည္က တိုင္းရင္းသားပီပီ ျဖဴေဖြးေနသည္။မ်က္ႏွာေပါက္ကမမနဲ႔မတူ သူ႔အေဖနဲ႔တူပံုရသည္။ဆံပင္အုပ္အုပ္ေအာက္ကမ်က္ခံုးထူထူ ႏွာတံစင္းစင္းမ်က္ဝန္းဝိုင္းဝိုင္းႏွင့္ ႏွတ္ခမ္းပါးပါးေလးေပါင္းစပ္ထားပံုက လူေခ်ာေလးဟုသတ္မွတ္ႏိုင္သည္။မာန္ဟုန္ႏွင့္ႏွင္းသက္ကိုျမင္ေတာ့ျပံဳးျပကာႏႈတ္ဆက္သည္။

"ဘယ္သြားမလို႔လဲ "

"မားမားႏိုးရင္စားဖို႔ဆန္ျပဳတ္ေလးသြားဝယ္မလို႔ပါ ေဒါက္တာ"

"ဟုတ္ပါၿပီ"

"ခြင့္ျပဳပါဦးေဒါက္တာ"

အသံေနထားေလးကလည္း ခပ္ဝဲဝဲရယ္သာ။ျပံဳးျပႏႈတ္ဆက္ေနေသာ္လည္းမ်က္ဝန္းမ်ားကပင္ပန္းႏြမ္းလ်လို႔ေနသည္။ဒီကေလးေတာ္ေတာ္ပင္ပန္းေနပံုရသည္။

"ငါ သူ႔အေဖကိုမျမင္မိဘူး မာန္ ေဆးရံုေရာက္ထဲက အဲ့ကေလးကိုဘဲျမင္တယ္ ၿပီးေတာ့လူနာ႐ွင္ေနရာမွာလဲ အဲ့ကေလးဘဲလက္မွတ္ထိုးထားတာ "

"နာမည္ဘယ္လိုေခၚလဲ"

"ေနပါဦး...ေျသာ္..စိုင္း႐ွင္းလ်ွမ္ဇဲြ တဲ့"

"စိုင္း႐ွင္းလ်ွမ္ဇြဲ"

"ငါမလိုက္ေတာ့ဘူးေနာ္ မာန္ roundလွည့္ရေတာ့မွာမို႔လို႔ "

"ok အခုလိုကူညီေပးတာေက်းဇူးတင္ပါတယ္ေနာ္ႏွင္းသက္"

----------
အခန္းတံခါးကိုဖြင့္ကာအထဲကိုၾကည့္လိုက္ေတာ့မမက ေဘးတစ္ဖက္ကိုေစာင္းကာအိပ္ေနသည္။

"သက္သာရဲ႕လား ေဒၚခြာညိဳ႐ွင္း.."

မမကိုယ္ေလးတစ္ခ်က္တုန္သြားၿပီး မာန္ဟုန္ခြင္း႐ွိရာစီသို႔ၾကည့္လာသည္။

"ဟုတ္ကဲ့ သက္သာပါတယ္ေဒါက္တာ"

မမက ပကတိအျဖဴထည္အျပံဳးေလးျဖင့္ျပံဳးျပေသာ္လည္း
မာန္ဟုန္႔ရင္ခြင္ထဲမွာေတာ့ေအာင့္မ်က္လို႔နာက်င္ရသည္။မမကသူ႔ကိုမမွတ္မိဘူးဘဲ။

"ကြၽန္ေတာ္ ဆရာဝန္မဟုတ္ဘူး"

မမကိုၾကည့္ၿပီး က်လုက်ခင္ ျဖစ္ေနေသာ မ်က္ရည္မ်ားကို
မာန္ဟုန္ အံႀကိတ္ကာ တားဆီးထားလိုက္သည္။

"ဟင္ ဒါဆို ဘယ္သူလဲမင္းက"

"ကြၽန္ေတာ့္နာမည္ မာန္ဟုန္ခြင္း "

"ဟင္.."

မမကကြၽန္ေတာ့္နာမည္ကိုၾကားေတာ့ ဝမ္းနည္းဝမ္းသာအျပံဳးမ်ားျဖင့္ မ်က္ရည္မ်ားကစီးက်လာသည္။

"မာန္ မမရဲ႕ေမာင္ေလး မမကေမာင္ေလးကိုပစ္ထားခဲ့မိလို႔ေတာင္းပန္ပါတယ္ကြယ္"

မမက လွဲေနရာမွထထိုင္ၿပီး မာန္ဟုန္႔ကိုလက္ကမ္းေပးသည္။မာန္ဟုန္ကေတာ့ မမအျဖစ္ကိုၾကည့္ၿပီး ေျပးကာေပြ႔ဖက္လိုက္ခ်င္ေသာ္လည္း မမကိုစိတ္ဆိုးေနေသာစိတ္ကေလးက တားဆီးေနေလသည္။မ်က္ခံုးတို႔ကိုအစြမ္းကုန္ၾကံဳ႕ထားလိုက္ၿပီးႏႈတ္ခမ္းတို႔ကိုပိုတိုးကာကိုက္၍ အံႀကိတ္ထားလိုက္သည္။လက္သီးတို႔ကိုလည္းတင္းတင္းၾကပ္ၾကပ္ဆုပ္ထားမိသည္မွာအေၾကာမ်ားပင္ေထာင္ထလို႔ေနသည္။စကားက​ေတာ့တစ္ခြန္းမွမေျပာမိ။

"မာန္ ေမာင္ေလးရယ္မမကိုစိတ္နာေနတုန္းလားဟင္ နာသင့္ပါတယ္ေလ မမကေမာင္ေလးကိုပစ္ထားခဲ့မိတာကိုး ၾကည့္စမ္းပါဦးငါ့ေမာင္ေလးကခန္႔လိုက္ေခ်ာလိုက္တာဆိုတာကြယ္"

မမက ကုတင္ေဘးမွာ ေျခေထာက္ေက်ာက္ခ်ရပ္ေနေသာ မာန္ဟုန္႔လက္တို႔ကိုမမွီတမွီလွမ္းဆြဲသည္။

"မာန္ဒယ္ဒီ​ေရာ ေနေကာင္းလားဟင္"

"အဟက္..ဒယ္ဒီ့ကိုေတာ့သတိရေသးသားဘဲေနာ္"

မာန္ဟုန္႔ရဲ႕ ခနဲ႔တဲ့တဲ့ေလွာင္ျပံဳးေၾကာင့္ မမခမ်ာ မ်က္ႏွာငယ္ေလးျဖင့္ေခါင္းငံု႔သြား႐ွာသည္။

"ဒယ္ဒီကသူ႔သမီးကိုသတိရတာကလြဲရင္ က်န္းမာေရးကေကာင္းပါတယ္"

မမကေခါင္းေလးျပန္ေမာ့လာၿပီးျပံဳးျပကာ ေခါင္းၿငိမ့္ေလသည္။

"မာန္ ေမာင္ေလးေရာ ဒီအေတာအတြင္းအဆင္ေျပရဲ႕လား"

"အဟင္း..ေသခ်ာေပါက္ဘယ္အဆင္ေျပလိမ့္မလဲဗ်ာ ၁၈ႏွစ္လံုးလံုး အထီးက်န္ဆန္ၿပီး ျဖတ္သန္းလာရတာ လူမစံုတဲ့ထမင္းဝိုင္းမွာတစ္ခါတစ္ေလဆိုရင္ေလ ကြၽန္ေတာ္တစ္ေယာက္တည္းေျခာက္ကပ္ကပ္နဲ႔စားခဲ့ရတာ အ့ဲလိုမစားခ်င္တဲ့ေန႔ေတြဆိုရင္ေတာ့အငတ္ခံရံုေပါ့ ဘယ္သူမွမ႐ွိတဲ့အိမ္ႀကီးထဲမွာ တစ္ေယာက္တည္းေနၿပီး အခန္းေထာင့္ထဲမွာႀကိတ္ငိုခဲ့ရတဲ့ေန႔ေတြလည္းဘယ္နည္းမလဲဗ်ာ ဒါေပမဲ့အသက္ျပည့္တဲ့ေန႔ကစၿပီး ကြၽန္ေတာ့္အတြက္ Cigarettesနဲ႔ Alcoholေတြက အေဖာ္ေပါ့မမရယ္"

မာန္ဟုန္ေျပာရင္းျဖင့္စီးက်လာေသာ မ်က္ရည္မ်ားကို လက္ခံုျဖင့္ဖိသုတ္လိုက္ၿပီး ဆက္လက္က်ဆင္းခြင့္မျပဳေတာ့။

"မာန္ရယ္ မမေတာင္းပန္ပါတယ္ေနာ္ ကေလးရယ္"

"ေတာင္းပန္ခ်င္ရင္ ကြၽန္ေတာ္နဲ႔ျပန္လိုက္ခဲ့"

"အဲ့တာက မာန္ရယ္.."

"ေတာ္ပါဗ်ာမမရာ မမက ကြၽန္ေတာ္ေတာင္းဆိုတာမွန္သမ်ွဘယ္တုန္းကလိုက္ေလ်ာဖူးလို႔လဲ မမကြ်န္ေတာ့္ကိုမခ်စ္ပါဘူးဘာလဲ အခုလဲမမေယာက္်ားေၾကာင့္လား"

"မဟုတ္ဘူးမာန္ရယ္ မဟုတ္ပါဘူး"

မာန္ဟုန္က မမကိုင္ထားတဲ့လက္ကိုၾကမ္းၾကမ္းတမ္းတမ္းခါထုတ္ပစ္လိုက္သည္။

"အဲ့ေလာက္ထိမမခ်စ္ေနတဲ့ မမေယာက္်ား အဲ့လူဘယ္မွာလဲဟမ္ မာန္ဟုန္ခြင္းဆိုတဲ့ေကာင္ကေတြ႔ခ်င္လြန္းလို႔ ေခၚေပးစမ္းပါ"

မမကဘာမွမေျပာဘဲ ငိုခ်ည္းငိုေနေတာ့သည္။

"ဒီမွာ ခင္ဗ်ားဘယ္သူလဲေတာ့ ကြၽန္ေတာ္မသိဘူး ဒါေပမဲ့ကြၽန္​ေတာ့္မားမားကို​ေအာ္ခြင့္မ႐ွိဘူး ကြၽန္ေတာ့္ပါးပါးကိုေရာဘဲ ခင္ဗ်ားလူႀကီးလူေကာင္းပီပီ စကားကိုေအးေအးေဆးေဆးေျပာပါ"

ေနာက္ေက်ာစီမွၾကားလိုက္ရေသာ ခပ္ဝဲဝဲစကားသံက မာန္ဟုန္လွည့္မၾကည့္ဘဲ ဘယ္သူလဲဆိုတာသိလိုက္သည္။မာန္ဟုန္႔ႏႈတ္ခမ္းတစ္ဖက္တို႔တြန္႔ေကြးလိုက္ၿပီးမဲ့ျပံဳးတို႔ကိုခ်ိတ္ဆြဲလိုက္သည္။မာန္အေနာက္သို႔လွည့္ၾကည့္ခ်ိန္တြင္ စိုင္း႐ွင္းလ်ွမ္ဇဲြ ဆိုေသာခ်ာတိတ္က မ်က္ႏွာတစ္ခုလံုးရဲပေတာင္းခပ္လို႔ပင္။

"ေနာက္မွေပါက္တဲ့ေမ်ာက္ကငါ့ကိုျပန္ေျခာက္ေနတာဘဲ မာန္ဟုန္ခြင္းဆိုတဲ့ငါ့ကိုဘုရားေတာင္ဆင္းၿပီး အမိန္႔ေပးလို႔မရဘူး"

"ခင္ဗ်ားကတကယ္႐ိုင္းတဲ့သူဘဲ"

"႐ိုင္းေတာ့မင္းကဘာျဖစ္ခ်င္လို႔လဲ"

"ခင္ဗ်ားစကားေျပာလြန္မလာနဲ႔ေနာ္.."

စိုင္း႐ွင္းလ်ွမ္ဇြဲက မာန္ဟုန္႔ကိုလက္ညိဳးထိုးကာေျပာလာေလသည္။မာန္ဟုန္ခြင္းကတျဖည္းျဖည္းအေ႐ွ႕ကိုတိုးသြားေတာ့ စိုင္း႐ွင္းလ်ွမ္ဇဲြ ေနာက္မဆုတ္သြားဘဲပိုလို႔ေ႐ွ႕တိုးလာေသးသည္။

"ေတာ္ၾကပါေတာ့ကြယ္...သား မင္းမွားမယ္ အဲ့တာမင္းဦးေလးကြဲ႔ မာန္ အဲ့တာမင္းတူေလး"

"ဗ်ာ.."

ထိုအာေမဋိတ္က စိုင္း႐ွင္းလ်ွမ္ဇဲြ စီမွသာျဖစ္သည္။ႀကိဳသိၿပီးေနေသာ မာန္ဟုန္စီမွေတာ့ မထီမဲ့ျမင္အျပံဳးႏွင့္အၾကည့္တို႔သာ။

#Myu Tahmone
15.6.23(Thur)

Meeting roomကပြန်အထွက် အိတ်ကပ်ထဲမှ phoneကိုထုတ်ကြည့်လိုက်တော့ ရဲရဲနီနေသော အဝင်callမ်ားကို မာန်ဟုန်ခွင်း မြင်လိုက်ရသည်။အဝင်callများရဲ့ပိုင်ရှင်ကြောင့် မာန်ဟုန်ခွင်း မျက်ခုံးများပင့်ကာပြုံးလိုက်မိသည်။ထိုအဝင်callပိုင်ရှင်ကအခြားသူတော့မဟုတ် အမြဲတမ်းလူနာများဖြင့်အလုပ်ရှုပ်နေတတ်သော ကရုဏာရှင်မကြီး နှင်းသက်နွယ်ဖြစ်သည်။နှင်းသက်နွယ်က မာန်ဟုန်ခွင်း၏သူငယ်ချင်းဖြစ်သလိုမိဘများကလည်းနေရာချထားပေးရန်စီစဉ်နေသူလည်းဖြစ်သည်။သူမက ပုံမှန်ဆို မာန်ဟုန် ဖုန်းခေါ်ရင်တောင်မအားလပ်၍မပြောဖြစ်တာများသည်။အခုလည်း ရှမ်းပြည်နယ်ဘက်တွင်တာဝန်ကျနေသည်။ ရန်ကုန်လိုမြို့ကြီးမှာဆိုသူ့အရည်အချင်းနဲ့ဆိုလျှင်နေရာကောင်းကောင်းရနိုင်သော်လည်းကရုဏာရှင်မကြီးက ချို့်တဲ့ပြီးမဖွံ့ဖြိုးသေးတဲ့အရပ်ဒေသတွေမှာဘဲတာဝန်ယူချင်ပါသည်တဲ့။နှင်းသက်နွယ်အကြောင်းတွေးရင်း နှင်းသက်နွယ်လိုစိတ်ထားရှိသည့်သူတစ်ယောက်ကိုမာန်ဟုန်ခွင်းသတိရသွားမိသည်။ သတိရမိတိုင်း စိတ်ထဲနောက်ကျိကျိဖြစ်ရသည်။မမ မာန်ဟုန်ရဲ့တစ်ဦးတည်းသောမမ အသက်၁၅နှစ်ကွာသလိုမာန်ဟုန်ခွင်းအမေလိုရောအစ်မလိုပါချစ်ရတဲ့မမ။မမနာမည်ကခွာညိုရှင်း။မမကကျောင်းဆရာမတစ်ဦးဖြစ်ပြီး နှင်းသက်လိုဘဲရန်ကုန်လိုနေရာမျိုးထက် ချို့တဲ့ပြီးမဖွံ့ဖြိုးသေးတဲ့ဒေသတွေကိုပိုပြီး စေတနာတွေပိုထားချင်သူ။အဲ့ဒီစေတနာတွေကြောင့်အိမ်ထောင်ကျတော့လည်းအဲ့ဒီနယ်ကသူနှင့်တဲ့လေ။ မမကိုအရမ်းချစ်တဲ့ဒယ်ဒီက သူသဘောမတူသည့်သူကိုယူသဖြင့် အမွေပျက်စွန့်လွှတ်ခဲ့သည်အထိ။ အတွေးများကိုဖယ်ရှားလိုက်ပြီးအဝင်callကိုပြန်ခေါ်လိုက်သည်။ နှစ်ချက်လောက်ဖုန်းဝင်ပြီးနောက် တစ်ဖက်မှဖုန်းကိုင်လာသည်။

"မာန်...ဘာလို့ဖုန်းကိုမကိုင်ရတာလဲ ငါခေါ်နေတာကြာလှပြီ"

ဖုန်းဝင်ဝင်ချင်း ဒေါသသံလေးဖြင့်ဆူငေါက်ခံလိုက်ရသည်။

"ဒေါ်နှင်းသက်ရယ် စိတ်လျော့ပါ meeting roomထဲရောက်နေလို့ပါကွာ ဒါနဲ့ဘာကိစ္စလဲ"

ရုံးခန်းထဲမှ sopha ခုံတွင်ခြေပစ်လက်ပစ်ထိုင်ကာ လက္တစ္ဖက္က necktile ကိုဖြေလျော့ရန်ပြင်နေတုန်း တစ်ဖက်ကစကားသံကြောင့် မာန်ဟုန်ခွင်း ရုတ်တရက်ထရပ်လိုက်မိသည်။

"ဘာပြောလိုက်တယ် နှင်းသက်"

"မမခွာညို heart attackနဲ့မနက်ကဘဲဆေးရုံကိုရောက်လာတယ်လို့ မာန်ရဲ့"

"စိုးရိမ်ရလား"

"စိုးရိမ်ရတယ် မာန်"

မာန်ဟုန်ခွင်း မျက်ခုံးများကိုစုကျုံ့မိပြီး နားထင်ကျောများထောင်လျက် လက်သီးတို့လည်းတင်းတင်းစုတ်ထားမိသည်။

"ဟုတ်ပြီ ငါအစောဆုံး flightနဲ့ အဲ့ဒီကိုလာခဲ့မယ် နှင်းသက်"

"အန်ကယ့်ကိုရော ဘယ်လိုပြောမှာလဲ မာန်"

"ကျစ်..ဒယ္ဒီက သူ့သမီးကိုချစ်ပြီးသားပါ အခုလိုအခြေနေကိုသာသိရင် သူလည်းနေနိုင်မှာမဟုတ်ဘူး"

"အေးပါ.."

"ဒါနဲ့ မမကတစ်ယောက်တည်းလားသူ့အမျုးိသားရောပါလာလား"

"သူ့အမျိုးသားတော့မတွေ့မိဘူး မာန် သူ့သားလေးတော့ပါလာတယ် "

"သား..ဟုတ္လား"

------------------------
"မာန်..ဟိုမှာအခန်းထဲက ထွက်လာတဲ့တစ်ယောက် အဲ့တာမမခွာညိုရဲ့သားဘဲ နင့်တူပေါ့"

ဆေးရုံရောက်ပြီးနှင်းသက်နှင့်အရင်တွေ့ကာ အခုမမကိုတွေ့ဖို့ မမစီကိုလာတော့ အခန်းထဲမှထွက်လာသော ကောင်လေးတစ်ယောက်ကို ခပ်လှမ်းလှမ်းမှမြင်လိုက်ရသည်။အရပ်ကမာန်ဟုန်နှင့်ယှဉ်လျှင်တော့ခေါင်းတစ်လုံးစာလောက်နိမ့်သည်။ပိန်ပေမယ့်ကြည့်ကောင်းသည့်အထဲပါသည်။အသားရည်က တိုင်းရင်းသားပီပီ ဖြူဖွေးနေသည်။မျက်နှာပေါက်ကမမနဲ့မတူ သူ့အဖေနဲ့တူပုံရသည်။ဆံပင်အုပ်အုပ်အောက်ကမျက်ခုံးထူထူ နှာတံစင်းစင်းမျက်ဝန်းဝိုင်းဝိုင်းနှင့် နှတ်ခမ်းပါးပါးလေးပေါင်းစပ်ထားပုံက လူချောလေးဟုသတ်မှတ်နိုင်သည်။မာန်ဟုန်နှင့်နှင်းသက်ကိုမြင်တော့ပြုံးပြကာနှုတ်ဆက်သည်။

"ဘယ်သွားမလို့လဲ "

"မားမားနိုးရင်စားဖို့ဆန်ပြုတ်လေးသွားဝယ်မလို့ပါ ဒေါက်တာ"

"ဟုတ်ပါပြီ"

"ခွင့်ပြုပါဦးဒေါက်တာ"

အသံနေထားလေးကလည်း ခပ်ဝဲဝဲရယ်သာ။ပြုံးပြနှုတ်ဆက်နေသော်လည်းမျက်ဝန်းများကပင်ပန်းနွမ်းလျလို့နေသည်။ဒီကလေးတော်တော်ပင်ပန်းနေပုံရသည်။

"ငါ သူ့အဖေကိုမမြင်မိဘူး မာန် ဆေးရုံရောက်ထဲက အဲ့ကလေးကိုဘဲမြင်တယ် ပြီးတော့လူနာရှင်နေရာမှာလဲ အဲ့ကလေးဘဲလက်မှတ်ထိုးထားတာ "

"နာမည်ဘယ်လိုခေါ်လဲ"

"နေပါဦး...သြော်..စိုင်းရှင်းလျှမ်ဇွဲ တဲ့"

"စိုင်းရှင်းလျှမ်ဇွဲ"

"ငါမလိုက်တော့ဘူးနော် မာန် roundလှည့်ရတော့မှာမို့လို့ "

"ok အခုလိုကူညီပေးတာကျေးဇူးတင်ပါတယ်နော်နှင်းသက်"

----------
အခန်းတံခါးကိုဖွင့်ကာအထဲကိုကြည့်လိုက်တော့မမက ဘေးတစ်ဖက်ကိုစောင်းကာအိပ်နေသည်။

"သက်သာရဲ့လား ဒေါ်ခွာညိုရှင်း.."

မမကိုယ်လေးတစ်ချက်တုန်သွားပြီး မာန်ဟုန်ခွင်းရှိရာစီသို့ကြည့်လာသည်။

"ဟုတ်ကဲ့ သက်သာပါတယ်ဒေါက်တာ"

မမက ပကတိအဖြူထည်အပြုံးလေးဖြင့်ပြုံးပြသော်လည်း
မာန်ဟုန့်ရင်ခွင်ထဲမှာတော့အောင့်မျက်လို့နာကျင်ရသည်။မမကသူ့ကိုမမှတ်မိဘူးဘဲ။

"ကျွန်တော် ဆရာဝန္မဟုတ္ဘူး"

မမကိုကြည့်ပြီး ကျလုကျခင် ဖြစ်နေသော မျက်ရည်များကို
မာန်ဟုန် အံကြိတ်ကာ တားဆီးထားလိုက်သည်။

"ဟင် ဒါဆို ဘယ်သူလဲမင်းက"

"ကျွန်တော့်နာမည် မာန်ဟုန်ခွင်း "

"ဟင်.."

မမကကျွန်တော့်နာမည်ကိုကြားတော့ ဝမ်းနည်းဝမ်းသာအပြုံးများဖြင့် မျက်ရည်များကစီးကျလာသည်။

"မာန် မမရဲ့မောင်လေး မမကမောင်လေးကိုပစ်ထားခဲ့မိလို့တောင်းပန်ပါတယ်ကွယ်"

မမက လှဲနေရာမှထထိုင်ပြီး မာန်ဟုန့်ကိုလက်ကမ်းပေးသည်။မာန်ဟုန်ကတော့ မမအဖြစ်ကိုကြည့်ပြီး ပြေးကာပွေ့ဖက်လိုက်ချင်သော်လည်း မမကိုစိတ်ဆိုးနေသောစိတ်ကလေးက တားဆီးနေလေသည်။မျက်ခုံးတို့ကိုအစွမ်းကုန်ကြုံ့ထားလိုက်ပြီးနှုတ်ခမ်းတို့ကိုပိုတိုးကာကိုက်၍ အံကြိတ်ထားလိုက်သည်။လက်သီးတို့ကိုလည်းတင်းတင်းကြပ်ကြပ်ဆုပ်ထားမိသည်မှာအကြောများပင်ထောင်ထလို့နေသည်။စကားကတော့တစ်ခွန်းမှမပြောမိ။

"မာန် မောင်လေးရယ်မမကိုစိတ်နာနေတုန်းလားဟင် နာသင့်ပါတယ်လေ မမကမောင်လေးကိုပစ်ထားခဲ့မိတာကိုး ကြည့်စမ်းပါဦးငါ့မောင်လေးကခန့်လိုက်ချောလိုက်တာဆိုတာကွယ်"

မမက ကုတင်ဘေးမှာ ခြေထောက်ကျောက်ချရပ်နေသော မာန်ဟုန့်လက်တို့ကိုမမှီတမှီလှမ်းဆွဲသည်။

"မာန္ဒယ္ဒီရော နေကောင်းလားဟင်"

"အဟက်..ဒယ်ဒီ့ကိုတော့သတိရသေးသားဘဲနော်"

မာန်ဟုန့်ရဲ့ ခနဲ့တဲ့တဲ့လှောင်ပြုံးကြောင့် မမခမ်ာ မျက်နှာငယ်လေးဖြင့်ခေါင်းငုံ့သွားရှာသည်။

"ဒယ်ဒီကသူ့သမီးကိုသတိရတာကလွဲရင် ကျန်းမာရေးကကောင်းပါတယ်"

မမကခေါင်းလေးပြန်မော့လာပြီးပြုံးပြကာ ခေါင်းငြိမ့်လေသည်။

"မာန် မောင်လေးရော ဒီအတောအတွင်းအဆင်ပြေရဲ့လား"

"အဟင်း..သေချာပေါက်ဘယ်အဆင်ပြေလိမ့်မလဲဗျာ ၁၈နှစ်လုံးလုံး အထီးကျန်ဆန်ပြီး ဖြတ်သန်းလာရတာ လူမစုံတဲ့ထမင်းဝိုင်းမှာတစ်ခါတစ်လေဆိုရင်လေ ကျွန်တော်တစ်ယောက်တည်းခြောက်ကပ်ကပ်နဲ့စားခဲ့ရတာ အ့ဲလိုမစားချင်တဲ့နေ့တွေဆိုရင်တော့အငတ်ခံရုံပေါ့ ဘယ်သူမှမရှိတဲ့အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေပြီး အခန်းထောင့်ထဲမှာကြိတ်ငိုခဲ့ရတဲ့နေ့တွေလည်းဘယ်နည်းမလဲဗျာ ဒါပေမဲ့အသက်ပြည့်တဲ့နေ့ကစပြီး ကျွန်တော့်အတွက် Cigarettesနဲ့ Alcoholတွေက အဖော်ပေါ့မမရယ်"

မာန်ဟုန်ပြောရင်းဖြင့်စီးကျလာသော မျက်ရည်များကို လက်ခုံဖြင့်ဖိသုတ်လိုက်ပြီး ဆက်လက်ကျဆင်းခွင့်မပြုတော့။

"မာန်ရယ် မမတောင်းပန်ပါတယ်နော် ကလေးရယ်"

"တောင်းပန်ချင်ရင် ကျွန်တော်နဲ့ပြန်လိုက်ခဲ့"

"အဲ့တာက မာန်ရယ်.."

"တော်ပါဗျာမမရာ မမက ကျွန်တော်တောင်းဆိုတာမှန်သမျှဘယ်တုန်းကလိုက်လျောဖူးလို့လဲ မမကျွန်တော့်ကိုမချစ်ပါဘူးဘာလဲ အခုလဲမမယောက်ျားကြောင့်လား"

"မဟုတ်ဘူးမာန်ရယ် မဟုတ်ပါဘူး"

မာန်ဟုန်က မမကိုင်ထားတဲ့လက်ကိုကြမ်းကြမ်းတမ်းတမ်းခါထုတ်ပစ်လိုက်သည်။

"အဲ့လောက်ထိမမချစ်နေတဲ့ မမယောက်ျား အဲ့လူဘယ်မှာလဲဟမ် မာန်ဟုန်ခွင်းဆိုတဲ့ကောင်ကတွေ့ချင်လွန်းလို့ ခေါ်ပေးစမ်းပါ"

မမကဘာမှမပြောဘဲ ငိုချည်းငိုနေတော့သည်။

"ဒီမွာ ခင်ဗျားဘယ်သူလဲတော့ ကျွန်တော်မသိဘူး ဒါပေမဲ့ကျွန်တော့်မားမားကိုအော်ခွင့်မရှိဘူး ကျွန်တော့်ပါးပါးကိုရောဘဲ ခင်ဗျားလူကြီးလူကောင်းပီပီ စကားကိုအေးအေးဆေးဆေးပြောပါ"

နောက်ကျောစီမှကြားလိုက်ရသော ခပ်ဝဲဝဲစကားသံက မာန်ဟုန်လှည့်မကြည့်ဘဲ ဘယ်သူလဲဆိုတာသိလိုက်သည်။မာန်ဟုန့်နှုတ်ခမ်းတစ်ဖက်တို့တွန့်ကွေးလိုက်ပြီးမဲ့ပြုံးတို့ကိုချိတ်ဆွဲလိုက်သည်။မာန်အနောက်သို့လှည့်ကြည့်ချိန်တွင် စိုင်းရှင်းလျှမ်ဇွဲ ဆိုသောချာတိတ်က မျက်နှာတစ်ခုလုံးရဲပတောင်းခပ်လို့ပင်။

"နောက်မှပေါက်တဲ့မျောက်ကငါ့ကိုပြန်ခြောက်နေတာဘဲ မာန်ဟုန်ခွင်းဆိုတဲ့ငါ့ကိုဘုရားတောင်ဆင်းပြီး အမိန့်ပေးလို့မရဘူး"

"ခင်ဗျားကတကယ်ရိုင်းတဲ့သူဘဲ"

"ရိုင်းတော့မင်းကဘာဖြစ်ချင်လို့လဲ"

"ခင်ဗျားစကားပြောလွန်မလာနဲ့နော်.."

စိုင်းရှင်းလျှမ်ဇွဲက မာန်ဟုန့်ကိုလက်ညိုးထိုးကာပြောလာလေသည်။မာန်ဟုန်ခွင်းကတဖြည်းဖြည်းအရှေ့ကိုတိုးသွားတော့ စိုင်းရှင်းလျှမ်ဇွဲ နောက်မဆုတ်သွားဘဲပိုလို့ရှေ့တိုးလာသေးသည်။

"တော်ကြပါတော့ကွယ်...သား မင်းမှားမယ် အဲ့တာမင်းဦးလေးကွဲ့ မာန် အဲ့တာမင်းတူလေး"

"ဗ်ာ.."

ထိုအာမေဋိတ်က စိုင်းရှင်းလျှမ်ဇွဲ စီမှသာဖြစ်သည်။ကြိုသိပြီးနေသော မာန်ဟုန်စီမှတော့ မထီမဲ့မြင်အပြုံးနှင့်အကြည့်တို့သာ။

#Myu Tahmone
15.6.23(Thur)

Continue Reading

You'll Also Like

442K 24.3K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
3.1M 197K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
197K 39.1K 57
Becca Belfort i Haze Connors, choć przez swoich znajomych zmuszani do spędzania razem czasu całą paczką, od dawna się nie znoszą. Dogryzają sobie prz...
3.5M 149K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...