Part 15
Uni...
တနေ့လုံး ဟံသာဦးရဲ့ လူရုံတွေကို ဟိုခိုင်း ဒီခိုင်းနဲ့ ဘဝကြီးက တကယ့်သာသာယာယာပင်.. သို့ပေမဲ့လည်း ထိုသာယာမှုဟာ သူပြန်မလာခင်အထိသာပေါ့...
တီ..တီ..တီ
ခြံထဲ ကားဟွန်းသံကြားလိုက်ရလို့ နွေဦး ကျောတွေ စိမ့်ခနဲ အေးခဲသွားရသည်..။ သူ ဘာတွေလုပ်အုံးမလဲဟူသော အတွေးနဲ့တင် ကြက်သီးထလေပြီ...။
ထို့နောက်...,
"ဥက္ကဠ ပြန်လာပြီလား" ဟူသော လူယုံရဲ့အသံကိုပါ တစ်ဆက်တည်း ကြားလိုက်ရသည်..။
ဧည့်ခန်းထဲသို့ ဟံသာဦးတစ်ချက်ဝှေ့ကြည့်တော့ ဒင်းလေးက Sofa ပေါ်မှာ အသီးထိုင်စားနေတာ တုပ်တုပ်မှမလှုပ်.. မကြောက်ချင်ယောက်ဆောင်နေတာလား သူပြန်လာတာကိုဘဲ တကယ်မသိတာလား ဟူသော အတွေးနဲ့ပင် စိတ်က တကယ်ရှုတ်ထွေးသွားရသည်။
"ကလေးလေး.."
ဘေးမှာလာထိုင်ခါ ကိုယ့်ပုခုံးအား လာမှီသူ ဟံသာဦးကြောင့် လူကတစ်ချက်တွန့်ခါ တုန်လှုပ်သွားရသည်။
"ဟန်ဆောင်ကောင်းလှချည်လား..."
ကိုယ်က သူ့အား မကြောက်အောင် မနည်း စိတ်ထိန်းထားရသူမို့ နောက်တစ်ခါ သူ့စကားတစ်ခွန်းမှာ ထပ်၍ တုန်လှုပ်သွားလို့မဖြစ်...
"ဘာတွေလာပြောနေတာလဲ.."
"အဟက်ဟက်..."
လေသံထွက်ရုံမျှသာ ဖျော့တော့တော့ပုံစံနဲ့ ရယ်နေသော ဟံသာဦးက နောက်ထပ် ဘာတွေကြံနေပြန်ပြီလဲ...
"ဥက္ကဠ..."
ဟံသာဦး လက်ကာသည်..။သူ့လူရုံ ညီသု့ အား ဆက်မပြောစေရန် ဟန့်တားပစ်လိုက်သည်.. ။ညီသု့ကလည်း အလိုက်တသိနဲ့ ဆက်မပြောတော့ပေ...
"ပြန်တော့ ဒီနေ့တော့ ပြန်လို့ရပြီ.."
"ဟုတ်ကဲ့ပါ ဥက္ကဠ.. "
နွေဦးကတော့ သူတို့အား တစ်လှည့်စီ အူကြောင်ကြောင်နဲ့လိုက်ကြည့်လို့...
သူတို့အားလုံး အပြင်ထွက်သွားမှ နွေဦး ပို၍ အသက်ရှူကျပ်သွားရသည်.. အိမ်ကျယ်ကြီးတစ်အိမ်လုံးထဲမှာ သူတို့နှစ်ယောက်ထဲသာ ကျန်ရှိနေသည့် ဤခံစားချက်ကြီးကား နွေဦးကြောက်လှသည်..။
"အား...ပင်ပန်းလိုက်တာ.."
မျက်စိတို့ကို မှိတ်ထားရင်းမှ ကိုယ့်အပေါ်သို့ အုပ်မိုးကျလာသောအခါ ကိုယ်ပါ sofa ခုံပေါ် ကျောချမိလေသည်..။
"အင့်.. ဟံသာဦး.. မင်း..."
"ရှူး...."
ကိုယ့်ရင်ဘက်ပေါ် ခေါင်းတင်ခါ ခန္ဓာကိုယ်အား ဖိတင်ထားသော သူ့ကိုယ်လုံးကြီးက အမှန်ဆိုရရင် လေးနစ်နေရောဘဲ...ကိုယ့် ခြေထောက်တွေကိုလည်း မထိမိစေရန် သူ့အား ရှောင်ထားရသည်..။
"ဟံသာဦး.. လေးတယ်...ထ...!"
"ဟင့်အင်း..."
"မင်း ဘာကောင်လဲ.. လူလိုပြောနေတာ နားမလည်ဘူးလား.."
"ခဏလေးပါ တကယ်ပင်ပန်းလာလို့..."
တွေးမိပါသည်..။ ဟံသာဦး အခုလိုမျိုးပုံစံလေးနဲ့ တအားလိုက်တာဘဲဟူ၍ တွေးမိပါသည်..။
သူ့ပုံစံက လူအိုတယောက်အဖြစ် ပုံဆောင်စေသည်..။ ရင့်ကျက်နေသော လူငယ်တစ်ယောက်ရဲ့ လူအို ပုံစံ...
ပြီးတော့ ဟံသာဦးကို ဘာကများ ပြောင်းလဲစေခဲ့တာလဲ... အခုလိုမျိုးဖြစ်လာအောင် ဘယ်အရာကများ တွန်းပို့ခဲ့တာလဲ
ကျွန်တော် ဒီမေးခွန်းကိုဘဲ အဖြေထပ်ရှာနေမိပါသည်။
"ဟံသာဦး.. ထတော့ ငါတကယ်လေးနေပြီ..."
ပုံမှန်အသက်ရှူနေသော ဟံသာဦးရဲ့မလှုပ်မယှက် ခန္ဓာကိုယ်က နည်းနည်းမှ တုန့်ပြန်မှုမပေး...
"အင်း..ဟင့်..ဟူး..ငါသေတော့မှာဘဲ..."
ဟံသာဦးရဲ့ ကြီးမားသော ကိုယ်ကြီးက မည်သို့နည်းနဲ့ ဖယ်ဖယ် မရွေ့...
"ငါတကယ် ပင်ပန်းလာပြီ.. မင်း...ဟူး...."
"ပင်ပန်းရင်မလှုပ်နဲ့ ငြိမ်ငြိမ်လေးနေပေါ့..."
"ဟမ်.. ဟံသာဦး နိုးနေရင်လည်းထပါတော့.. ငါ့ခြေထောက်တွေ နာနေပြီ..."
ကိုယ်ဘာပြောပြော သူ့ဆီက အဖြေပြန်မရလာတော့ပေ...စိတ်ရှုတ်လာသည်ကြောင့် အရှေ့စားပွဲပေါ်မှာတင်ထားသော တီဗွီ ရီမုနှင့် ခေါင်းအား ခွက်ခနဲ ခေါက်ချပစ်လိုက်သည်..
"အ့...!"
နာသွားသည်ထင်၏..ခေါင်းကလေးကို လက်ဖြင့်ကိုင်ခါ ကိုယ်အပေါ်မှ လေးတိလေးကန်ဖြင့်ထလိုက်သည်.. ထိုမျက်နှာကား ဆူပုတ်ပုတ် ရုပ်ကလေးနှင်... နွေဦး အ့ံဩလွန်းလို့ ရီမုလေးအား ရင်ခွင်ထဲ ပြန်ပိုက်ထားမိသည်..။ မသိရင် ကိုယ်ကဘဲ ပြန်၍ နှိပ်ဆက်နေသလိုလို ရုပ်နဲ့သူက လုပ်ပြနေတာ။
"နာတယ်ကွ...!"
ဒေါသရယ်မဟုတ်ဘဲ ချွဲကပ်ကပ်ပြောလာသည့် အထူးအစမ်းစကားအား ဟံသာဦးပါးစပ်ဖျားဆီမှကြားလိုက်ရသည်.. ခပ်ချွဲချွဲအသံလိုလို ပစ်ပစ်လေး..
"အမ်! ."
"သေချင်နေတာလား..အခု ဘယ်သူ့ကို လာလုပ်နေတာလဲ"
ဒါမှ ဟံသာဦး အစစ် စောနက ငါ နားကြားလွဲတယ်ထင်လို့ ဟူး..တော်သေးတာပေါ့..."
နွေဦးရဲ့ ခပ်တိုးတိုးရေရွတ်သံကြောင့် ဟံသာဦး မျက်မှောင်ကြုတ်သည်..။
"ဘာတွေရွတ်နေတာလဲ.."
မျက်ခုံးကလေးကြုတ်ခါ အလိုမကျသည့် ဟံသာဦးမျက်နှာကလေးက ဘာနဲ့တူသလဲလို့ ပြောရရင် သာကူလုံးလေးကျနေရောဘဲ.. ဖြစ်ညှစ်ပစ်ချင်စရာ.. ရီချင်စိတ်ကို မနည်းအောင့်ထားရသည်..။
ပြုံးစိစိနဲ့ နွေဦးရဲ့ ပုံကြောင့် ဟံသာဦး စိတ်ရှုတ်သွားရသည်..။
"မင်း ဘာတွေ သဘောကျနေတာလဲ.."
"ဟင့်အင်း.."
ပုခုံးကလေး လှုပ်ခါ ပြောလိုက်သည်မို့ ဟံသာဦးမျက်ခုံးတွေ ပိုလို့တောင် ကြုတ်သွားရသည်..။
ရုတ်တရက် ကိုယ့်နှုတ်ခမ်းအား ဟံသာဦးက ငုံ့နမ်းလိုက်သည်မို့ ဤအခြေအနေကြီးက ဘာလဲဟုပင် နွေဦးတွေးမိလေသည်..။
နှုတ်ခမ်းတို့အား ဖိကပ်ရင်း စုပ်ယူငုံထွေးထားသော ဟံသာဦးရဲ့နှုတ်ခမ်းတွေက ပူနွေးသည်..။ ရင်မှာ လှိုင်းတံပိုး ထန်စေသည်..။ဆွဲမက်လာစေသည်..။
"အာ့...."
ကိုက်ချပစ်လိုက်သော ဟံသာဦးက နွေဦးရဲ့နှုတ်ခမ်းမှထွက်လာသော သွေးစတို့အား အရသာခံနေပုံ....
"ဟံ...ဟံသာဦး...အင်း..ခ..ခဏ..."
ရက်ဘက်တွေကို တွန်းထုတ်ခါ အနမ်းတို့အား ဖယ်ပစ်လိုက်လေသည်ကြောင့် ဟံသာဦး ဒေါသထွက်သွားပုံရသည်...။
"ဘာလို့လဲ..."
"ငါ..ငါ..စိတ်မပါဘူး..တော်သင့်ပြီ..."
"ဘာ...!"
လည်ပင်းတို့အား လက်နှစ်ဖတ်ဖြင့် ဖိညှစ်ဆုတ်ကိုင်လိုက်ချိန် အသက်ရှူနှုန်းတို့က နှေးတလှည့် မြန်တလှည့်...
"ဟံသာဦး...အင့်..."
"စိတ်မပါဘူး ဟုတ်လား..စိတ်ပါအောင်လုပ်ပေးရမလား.."
"မင်းလွှတ်...စိတ်နှစ်ခွနဲ့ကောင်..မင်း စိတ်မမှန်ဘူးလား..အား..လွှတ်..."
"ငါစိတ်မမှန်တာ မင်းတယောက်ထဲရဲ့အပေါ်မှာဘဲ.. စိတ်ချ မင်းက အဓိက နေရာမို့လို့ မင်းကို ခြွေယူရင် မင်းမိဘတွေပါ ကြွေကျမှာ.. ငါက ဂဲတစ်လုံးထဲနဲ့ ငှက်၃ကောင်မိမှာ..."
တကယ်ဘဲ ငါသိချင်လာပြီ..ငါနဲ့မတွေ့ခင် မင်းက ဘယ်လိုလူစားမျိုးလဲဆိုတာ......
......
zawgyi...
တေန႕လုံး ဟံသာဦးရဲ႕ လူ႐ုံေတြကို ဟိုခိုင္း ဒီခိုင္းနဲ႕ ဘဝႀကီးက တကယ့္သာသာယာယာပင္.. သို႔ေပမဲ့လည္း ထိုသာယာမႈဟာ သူျပန္မလာခင္အထိသာေပါ့...
တီ..တီ..တီ
ၿခံထဲ ကားဟြန္းသံၾကားလိုက္ရလို႔ ႏြေဦး ေက်ာေတြ စိမ့္ခနဲ ေအးခဲသြားရသည္..။ သူ ဘာေတြလုပ္အုံးမလဲဟူေသာ အေတြးနဲ႕တင္ ၾကက္သီးထေလၿပီ...။
ထို႔ေနာက္...,
"ဥကၠဠ ျပန္လာၿပီလား" ဟူေသာ လူယုံရဲ႕အသံကိုပါ တစ္ဆက္တည္း ၾကားလိုက္ရသည္..။
ဧည့္ခန္းထဲသို႔ ဟံသာဦးတစ္ခ်က္ေဝွ႕ၾကည့္ေတာ့ ဒင္းေလးက Sofa ေပၚမွာ အသီးထိုင္စားေနတာ တုပ္တုပ္မွမလႈပ္.. မေၾကာက္ခ်င္ေယာက္ေဆာင္ေနတာလား သူျပန္လာတာကိုဘဲ တကယ္မသိတာလား ဟူေသာ အေတြးနဲ႕ပင္ စိတ္က တကယ္ရႈတ္ေထြးသြားရသည္။
"ကေလးေလး.."
ေဘးမွာလာထိုင္ခါ ကိုယ့္ပုခုံးအား လာမွီသူ ဟံသာဦးေၾကာင့္ လူကတစ္ခ်က္တြန႔္ခါ တုန္လႈပ္သြားရသည္။
"ဟန္ေဆာင္ေကာင္းလွခ်ည္လား..."
ကိုယ္က သူ႕အား မေၾကာက္ေအာင္ မနည္း စိတ္ထိန္းထားရသူမို႔ ေနာက္တစ္ခါ သူ႕စကားတစ္ခြန္းမွာ ထပ္၍ တုန္လႈပ္သြားလို႔မျဖစ္...
"ဘာေတြလာေျပာေနတာလဲ.."
"အဟက္ဟက္..."
ေလသံထြက္႐ုံမွ်သာ ေဖ်ာ့ေတာ့ေတာ့ပုံစံနဲ႕ ရယ္ေနေသာ ဟံသာဦးက ေနာက္ထပ္ ဘာေတြႀကံေနျပန္ၿပီလဲ...
"ဥကၠဠ..."
ဟံသာဦး လက္ကာသည္..။သူ႕လူ႐ုံ ညီသု႔ အား ဆက္မေျပာေစရန္ ဟန႔္တားပစ္လိုက္သည္.. ။ညီသု႔ကလည္း အလိုက္တသိနဲ႕ ဆက္မေျပာေတာ့ေပ...
"ျပန္ေတာ့ ဒီေန႕ေတာ့ ျပန္လို႔ရၿပီ.."
"ဟုတ္ကဲ့ပါ ဥကၠဠ.. "
ႏြေဦးကေတာ့ သူတို႔အား တစ္လွည့္စီ အူေၾကာင္ေၾကာင္နဲ႕လိုက္ၾကည့္လို႔...
သူတို႔အားလုံး အျပင္ထြက္သြားမွ ႏြေဦး ပို၍ အသက္ရႉက်ပ္သြားရသည္.. အိမ္က်ယ္ႀကီးတစ္အိမ္လုံးထဲမွာ သူတို႔ႏွစ္ေယာက္ထဲသာ က်န္ရွိေနသည့္ ဤခံစားခ်က္ႀကီးကား ႏြေဦးေၾကာက္လွသည္..။
"အား...ပင္ပန္းလိုက္တာ.."
မ်က္စိတို႔ကို မွိတ္ထားရင္းမွ ကိုယ့္အေပၚသို႔ အုပ္မိုးက်လာေသာအခါ ကိုယ္ပါ sofa ခုံေပၚ ေက်ာခ်မိေလသည္..။
"အင့္.. ဟံသာဦး.. မင္း..."
"ရႉး...."
ကိုယ့္ရင္ဘက္ေပၚ ေခါင္းတင္ခါ ခႏၶာကိုယ္အား ဖိတင္ထားေသာ သူ႕ကိုယ္လုံးႀကီးက အမွန္ဆိုရရင္ ေလးနစ္ေနေရာဘဲ...ကိုယ့္ ေျခေထာက္ေတြကိုလည္း မထိမိေစရန္ သူ႕အား ေရွာင္ထားရသည္..။
"ဟံသာဦး.. ေလးတယ္...ထ...!"
"ဟင့္အင္း..."
"မင္း ဘာေကာင္လဲ.. လူလိုေျပာေနတာ နားမလည္ဘူးလား.."
"ခဏေလးပါ တကယ္ပင္ပန္းလာလို႔..."
ေတြးမိပါသည္..။ ဟံသာဦး အခုလိုမ်ိဳးပုံစံေလးနဲ႕ တအားလိုက္တာဘဲဟူ၍ ေတြးမိပါသည္..။
သူ႕ပုံစံက လူအိုတေယာက္အျဖစ္ ပုံေဆာင္ေစသည္..။ ရင့္က်က္ေနေသာ လူငယ္တစ္ေယာက္ရဲ႕ လူအို ပုံစံ...
ၿပီးေတာ့ ဟံသာဦးကို ဘာကမ်ား ေျပာင္းလဲေစခဲ့တာလဲ... အခုလိုမ်ိဳးျဖစ္လာေအာင္ ဘယ္အရာကမ်ား တြန္းပို႔ခဲ့တာလဲ
ကြၽန္ေတာ္ ဒီေမးခြန္းကိုဘဲ အေျဖထပ္ရွာေနမိပါသည္။
"ဟံသာဦး.. ထေတာ့ ငါတကယ္ေလးေနၿပီ..."
ပုံမွန္အသက္ရႉေနေသာ ဟံသာဦးရဲ႕မလႈပ္မယွက္ ခႏၶာကိုယ္က နည္းနည္းမွ တုန႔္ျပန္မႈမေပး...
"အင္း..ဟင့္..ဟူး..ငါေသေတာ့မွာဘဲ..."
ဟံသာဦးရဲ႕ ႀကီးမားေသာ ကိုယ္ႀကီးက မည္သို႔နည္းနဲ႕ ဖယ္ဖယ္ မေ႐ြ႕...
"ငါတကယ္ ပင္ပန္းလာၿပီ.. မင္း...ဟူး...."
"ပင္ပန္းရင္မလႈပ္နဲ႕ ၿငိမ္ၿငိမ္ေလးေနေပါ့..."
"ဟမ္.. ဟံသာဦး နိုးေနရင္လည္းထပါေတာ့.. ငါ့ေျခေထာက္ေတြ နာေနၿပီ..."
ကိုယ္ဘာေျပာေျပာ သူ႕ဆီက အေျဖျပန္မရလာေတာ့ေပ...စိတ္ရႈတ္လာသည္ေၾကာင့္ အေရွ႕စားပြဲေပၚမွာတင္ထားေသာ တီဗြီ ရီမုႏွင့္ ေခါင္းအား ခြက္ခနဲ ေခါက္ခ်ပစ္လိုက္သည္..
"အ့...!"
နာသြားသည္ထင္၏..ေခါင္းကေလးကို လက္ျဖင့္ကိုင္ခါ ကိုယ္အေပၚမွ ေလးတိေလးကန္ျဖင့္ထလိုက္သည္.. ထိုမ်က္ႏွာကား ဆူပုတ္ပုတ္ ႐ုပ္ကေလးႏွင္... ႏြေဦး အ့ံဩလြန္းလို႔ ရီမုေလးအား ရင္ခြင္ထဲ ျပန္ပိုက္ထားမိသည္..။ မသိရင္ ကိုယ္ကဘဲ ျပန္၍ ႏွိပ္ဆက္ေနသလိုလို ႐ုပ္နဲ႕သူက လုပ္ျပေနတာ။
"နာတယ္ကြ...!"
ေဒါသရယ္မဟုတ္ဘဲ ခြၽဲကပ္ကပ္ေျပာလာသည့္ အထူးအစမ္းစကားအား ဟံသာဦးပါးစပ္ဖ်ားဆီမွၾကားလိုက္ရသည္.. ခပ္ခြၽဲခြၽဲအသံလိုလို ပစ္ပစ္ေလး..
"အမ္! ."
"ေသခ်င္ေနတာလား..အခု ဘယ္သူ႕ကို လာလုပ္ေနတာလဲ"
ဒါမွ ဟံသာဦး အစစ္ ေစာနက ငါ နားၾကားလြဲတယ္ထင္လို႔ ဟူး..ေတာ္ေသးတာေပါ့..."
ႏြေဦးရဲ႕ ခပ္တိုးတိုးေရ႐ြတ္သံေၾကာင့္ ဟံသာဦး မ်က္ေမွာင္ၾကဳတ္သည္..။
"ဘာေတြ႐ြတ္ေနတာလဲ.."
မ်က္ခုံးကေလးၾကဳတ္ခါ အလိုမက်သည့္ ဟံသာဦးမ်က္ႏွာကေလးက ဘာနဲ႕တူသလဲလို႔ ေျပာရရင္ သာကူလုံးေလးက်ေနေရာဘဲ.. ျဖစ္ညွစ္ပစ္ခ်င္စရာ.. ရီခ်င္စိတ္ကို မနည္းေအာင့္ထားရသည္..။
ၿပဳံးစိစိနဲ႕ ႏြေဦးရဲ႕ ပုံေၾကာင့္ ဟံသာဦး စိတ္ရႈတ္သြားရသည္..။
"မင္း ဘာေတြ သေဘာက်ေနတာလဲ.."
"ဟင့္အင္း.."
ပုခုံးကေလး လႈပ္ခါ ေျပာလိုက္သည္မို႔ ဟံသာဦးမ်က္ခုံးေတြ ပိုလို႔ေတာင္ ၾကဳတ္သြားရသည္..။
႐ုတ္တရက္ ကိုယ့္ႏႈတ္ခမ္းအား ဟံသာဦးက ငုံ႕နမ္းလိုက္သည္မို႔ ဤအေျခအေနႀကီးက ဘာလဲဟုပင္ ႏြေဦးေတြးမိေလသည္..။
ႏႈတ္ခမ္းတို႔အား ဖိကပ္ရင္း စုပ္ယူငုံေထြးထားေသာ ဟံသာဦးရဲ႕ႏႈတ္ခမ္းေတြက ပူႏြေးသည္..။ ရင္မွာ လွိုင္းတံပိုး ထန္ေစသည္..။ဆြဲမက္လာေစသည္..။
"အာ့...."
ကိုက္ခ်ပစ္လိုက္ေသာ ဟံသာဦးက ႏြေဦးရဲ႕ႏႈတ္ခမ္းမွထြက္လာေသာ ေသြးစတို႔အား အရသာခံေနပုံ....
"ဟံ...ဟံသာဦး...အင္း..ခ..ခဏ..."
ရက္ဘက္ေတြကို တြန္းထုတ္ခါ အနမ္းတို႔အား ဖယ္ပစ္လိုက္ေလသည္ေၾကာင့္ ဟံသာဦး ေဒါသထြက္သြားပုံရသည္...။
"ဘာလို႔လဲ..."
"ငါ..ငါ..စိတ္မပါဘူး..ေတာ္သင့္ၿပီ..."
"ဘာ...!"
လည္ပင္းတို႔အား လက္ႏွစ္ဖတ္ျဖင့္ ဖိညွစ္ဆုတ္ကိုင္လိုက္ခ်ိန္ အသက္ရႉႏႈန္းတို႔က ႏွေးတလွည့္ ျမန္တလွည့္...
"ဟံသာဦး...အင့္..."
"စိတ္မပါဘူး ဟုတ္လား..စိတ္ပါေအာင္လုပ္ေပးရမလား.."
"မင္းလႊတ္...စိတ္ႏွစ္ခြနဲ႕ေကာင္..မင္း စိတ္မမွန္ဘူးလား..အား..လႊတ္..."
"ငါစိတ္မမွန္တာ မင္းတေယာက္ထဲရဲ႕အေပၚမွာဘဲ.. စိတ္ခ် မင္းက အဓိက ေနရာမို႔လို႔ မင္းကို ေႁခြယူရင္ မင္းမိဘေတြပါ ေႂကြက်မွာ.. ငါက ဂဲတစ္လုံးထဲနဲ႕ ငွက္၃ေကာင္မိမွာ..."
တကယ္ဘဲ ငါသိခ်င္လာၿပီ..ငါနဲ႕မေတြ႕ခင္ မင္းက ဘယ္လိုလူစားမ်ိဳးလဲဆိုတာ......
......