မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...

By Moesattkha

240K 1.3K 49

74 Chapters + 3 Extras ( Complete ) More

Description
တောင်းပန်ခြင်း

Chapter:1

8K 636 6
By Moesattkha

( Unicode )

*******

မုရှင်းယု မျက်လုံးများ ဖွင့်လိုက်သောအခါ သန့်ရှင်းသပ်ရပ်သည့် အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။ သူအနည်းငယ် ရှုပ်ထွေးနေခဲ့တယ်။ သူ ဘယ်ဘက်လက်ကို မြှောက်ပြီး ကြည့်လိုက်တော့ သူ၏ လက်ကောက်ဝတ်မှာ ထိတ်လန့်စရာ ဘာတစ်ခုမှမရှိဘဲ ဖြူဖွေးပြီးချောမွတ်နေသည်။

ဘာဖြစ်သွားတာလဲ???

သူအကူညီမဲ့စွာနဲ့ စတင်ပြီးအံ့အားသင့်နေမိတယ်။ သူက သူ့လက်ကောက်ဝတ်ကိုဖြတ်ပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့တာ ထင်ရှားတယ်။ သူ့သွေးတွေဟာ မြေပြင်ပေါ်မှာ စွန်းထင်းနေခဲ့တယ်။ ဘာကြောင့် ... သူဘာကြောင့် ပြန်ပြီနိုးထလာခဲ့တာလဲ? ဒါပေမယ့် သူ့လက်ကောက်ဝတ်မှာ ဘာအနာဆာမှ မရှိနေဘူး။

စကားမစပ်, ဒီအခန်းကို ကြည့်ရတာသူတွေ့ဖူးတဲ့ တစ်နေရာရာနဲ့ ဆင်တူနေသလိုဘဲ။

မုရှင်းယု၏ ရှုပ်ထွေးနေသော ဦးနှောက်ထဲတွင် အလင်းရောင် တစ်ချက် တောက်ပသွားတယ်။ ၎င်းသည် သူပထမဆုံး တီဗီဇာတ်လမ်းတွဲတွင် ပါ၀င်သည့်အခါက တည်းခိုခဲ့သည့် ဟိုတယ်ဖြစ်သည်ကို သူသတိရသွားခဲ့တယ်။

သူသည် အံ့အားသင့်စွာဖြင့် ထလိုက်တယ်။ ဒါပေမယ့် သူ့ခြေထောက် ဒဏ်ရာကို ထိခိုက်မိပြီး သူအိပ်ရာပေါ်ကို ပြန်၍လဲကျသွားတယ်။

သူသည် အိပ်ရာဦးခေါင်းကို အလျင်အမြန် ဖမ်းကိုင်လိုက် သော်လည်း မီးအိမ်ကတော့ အိပ်ရာဘေးကို ကျယ်လောင်စွာ ပြုတ်ကျသွာတယ်။

" ရှင်းယုကော ဘာဖြစ်သွားတာလဲ? "
တစ်ယောက်ယောက်က တံခါးကို ဖွင့်လိုက်ပြီး သူ့၏ လက်ထဲရှိ အစားအစာကိုချကာ ချက်ချင်း အိပ်ယာဆီကိုလာပြီး စိုးရိမ်စွာဖြင့် မေးလာတယ်။

" ရှင်းယုကော ကော လဲကျသွားတာလား? ကော ဘာလိုချင်လို့လဲပြောလေ ကျွန်တော ကောအတွက် သွားယူပေးမယ် "

" ရှောင်ဝမ်း? "

မူရှင်းယုက ရှောင်ဝမ်းကို မြင်သောအခါ အံ့အားသင့်သွားခဲ့တယ်။

ရှောင်ဝမ်းသည် သူ့အတွက် ကုမ္ပဏီမှ စီစဉ်ပေးထားသော လက်ထောက်ဖြစ်သည်။ သူ့ နာမည်အပြည့်အစုံမှာ ဖန်ရှောင်ဝမ်းဖြစ်ပြီး သူနှင့်အသက်ရွယ်တူ ဖြစ်သည့်အပြင် တက်ကြွရွှင်လန်းသော လူငယ်လေးလဲဖြစ်သည်။

သူမှတ်မိသေးတယ် သူ့မိသားစု ကုမ္ပဏီ ဒေဝါလီခံရပြီးနောက် ကုမ္ပဏီက သူ့ကို များစွာဖိနှိမ်ခဲ့တယ်။ သူအဆိုးဆုံး အခြေအနေ ရောက်ပြီး နေစရာတောင် မရှိတဲ့ အချိန်မှာ ရှောင်ဝမ်းက သူ့ကို ခေါ်ပြီး နေစရာ ပေးခဲ့တယ်။

နောက်ပိုင် ကုမ္ပဏီက ရှောင်ဝမ်းကို
ဖုန်းကျိအန်၏ လက်ထောက်အဖြစ် လွှဲပြောင်း ပေးခဲ့တယ်။ ဖုန်းကျိအန်
က သူ့ကို အမြဲမုန်းတီးနေခဲ့သဖြင့် ရှောင်ဝမ်းကို အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့သည်။

မူရှင်းယုသည် ရှောင်ဝမ်းကို ထပ်တွေ့လိုက်ရတော့ အလွန် ဝမ်းသာသွားပြီး တစ်ချိန်တည်းမှာပဲ သူဟာ ပြောစရာစကားမရှိလောက်အောင်ပင် အံ့သြသင့်နေခဲ့တယ်။။

ရင်းနှီးတဲ့အခန်း ,ရင်းနှီးတဲ့ပုဂ္ဂိုလ်တစ်ဦး ... သူ ... ပြန်လည်မွေးဖွားလာခဲ့ပြီး...

" ရှင်းယုကော ဘာဖြစ်လို့လဲ? "
ရှောင်ဝမ်းက မုရှင်းယု မလှုပ်မရှာဘဲ ဖြစ်နေတာမြင်တော့ အလျင်အမြန် မေးလာတယ်။

မုရှင်ယုက ခေါင်းကိုခါလိုက်ပြီး ပြုံးကာ ပြောလိုက်တယ်။

" ငါ အဆင်ပြေပါတယ် "

ရှောင်ဝမ်းက စိတ်သက်သာရာရသွားပြီး မီးအိမ်ကိုပြန်၍ နေရာချလိုက်ပြီး နေ့လယ်စာဘူးကို မုရှင်းယု၏ ရှေ့တွင် ချပေးလိုက်တယ်။

" ရှင်းယုကော ပူနေတုန်းစားလိုက် "

မုရှင်းယုသည် နေ့လည်စာဘူးကို ယူပြီး ရှောင်ဝမ်းကို ကြည့်လိုက်တယ်။ထို့နောက် သူ့ အကြည့်သည် ပုံမှန် အကျွမ်းတဝင်ရှိသော အခန်းဆီသို့ ရောက်သွားသည်။ နောက်ဆုံးတွင် သူသည် ပြန်လည်မွေးဖွား လာခဲ့တယ်ဆိုတာ သေချာသွားပြီး။ သူသည် လွန်ခဲ့သော ၂ နှစ် ဆီသို့ ပြန်လည်မွေးဖွားလာခဲ့တယ်။

ယခုအချိန်တွင် သူ့မိသားစုသည် ငွေမပြတ်သေးဘူး။ ကုယွမ်ကျိုးသည်လည်း မေ့မြောနေဆဲဖြစ်ပြီး သူ့ကို လှည့်ဖြားသွေးဆောင်ခဲ့တဲ့ လူသတ်သမားကလည်း ကုယွမ်ကျိုးကို သတ်ပြီး ကုအုပ်စုကို မထိန်းချုပ်နိုင်သေးဘူး။

ကံကောင်းထောက်မစွာ, အရာအားလုံးက သိပ်နောက်မကျသေးပဲ သူလက်လှမ်းမှီနိုင်တဲ့ အခြေနေမှာပဲ ရှိနေသေတယ်။

မုရှင်းယုသည် ယခင်ဘဝ၏ နာကျင်ဖွယ် သင်ခန်းစာများနှင့်အတူ သူသည် ဤဘဝ၌ အန်ဒရီကို ဘယ်သောအခါမှ ယုံကြည်မည် မဟုတ်တော့ပေ။

သူသည် ယခင်ဘဝ၌ မသန်မစွမ်းနှင့် သတိမေ့နေသော ကုယန်ကျိုးကို လက်မထပ် ချင်ခဲ့ပေ။ ခရီးတစ်ခုအတွင်း ကျွမ်းကျင်သော လူသစ်ရှာဖွေရေး အေးဂျင့်တစ်ဦးနှင့် တွေ့ဆုံခဲ့ပြီးနောက် ဖျော်ဖြေရေး စက်ဝိုင်းထဲကို သူတိတ်တဆိတ် ဝင်ရောက်ခဲ့သည်။

သူသည် ထိုအချိန်က အလွန်နုံအသူဖြစ်ပြီး ကုမ္ပဏီသို့ ပထမဆုံးအကြိမ် ရောက်ရှိချိန်တွင် မမျှတမှုများကြောင့် သူသည် ကုမ္ပဏီ၏ထိပ်တန်ကြယ်ပွင့် ဖုန်းကျိအန်းကို စော်ကားခဲ့မိသည်။

ဖုန်းကျိအန်းသည် Talent Show တစ်ခုမှတစ်ဆင့် ပွဲဦးထွက်ခဲ့ပြီး လူကြိုက်များသော အနုပညာရှင်တစ်ဦးဖြစ်ပြီး ဖုန်ဟဲမီဒီယာမှ မွေးထုတ်ပေးခဲ့သည့် အဓိကအနုပညာရှင်လည် ဖြစ်သည်။

ဖုန်းကျိအန်းက သူ့ကို မကြိုက်တဲ့အပြင် အဖွဲ့လှုပ်ရှားမှု လုပ်နေချိန်အတွင်း သူ့ကို တမင်တကာ အရှက်ခွဲခဲ့သည်။ အန်ဒရီက သူ့အတွက် စကားပြောပေးခဲ့ပြီး သူ့ရဲ့အရှက်ရမှုကို ဖြေရှင်းပေးခဲ့သည်။

နောက်ပိုင်းတွင် အန်ဒရီသည် သူ့ကို
" နွေးထွေးသောအခိုက်တန့်များ " တွင် ဒုတိယဇာတ်လိုက်မင်းသားအဖြစ် မိတ်ဆက်ပေးခဲ့သည်။ ထိုအရာများကြောင့် မုရှင်ယုသည် အန်ဒရီကို အလွန် ကျေးဇူးတင်ပြီး ထိုသူအား သူငယ်ချင်းကောင်း တစ်ဦးအဖြစ် မှတ်ယူခဲ့သည်။

သို့သော် အန်ဒရီသည် အစထဲက သူ့ကို မကောင်းသော ရည်ရွယ်ချက်နဲ့ ချည်ကပ်ခဲ့တာကိုတော့ သူမသိခဲ့ဘူး။

အန်ဒရီသည် ကုယန်ကျိုး၏ ဝမ်းကွဲဖြစ်သည်။ ကုယန်ကျိုး ကားမတော်တဆမှု ဖြစ်ပွားစဉ် ကတည်းက သူသည် တရုတ်ပြည်သို့ ပြန်ရောက်လာပြီး ကုအုပ်စု၏ လုပ်ငန်းများတွင် စတင်ပါဝင်လာခဲ့သည်။

မုရှင်းယုသည် ကုယန်ကျိုး၏ စေ့စပ်ထားသူ ဖြစ်ကြောင်း သိသည်နှင့် သူသည် ကုယန်ကျိုးအား ကိုင်တွယ်ရန် မုရှင်းယုကို အသုံးချလိုခဲ့ခြင်ဖြစ်ပြီး မုရှင်းယုက သူ့ကို မကြိုက်၍ သူ့ရဲ့ရည်မှန်းချက်က မအောင်မြင်ခဲ့ပေ။

သို့သော် သူ၏ အခြားရည်ရွယ်ချက်မှာတော့ အလွန်အောင်မြင်ခဲ့သည်။

ပါးပါးမု၏ မွေးနေ့တွင် အန်ဒရီသည် မုရှင်းယုအား ကျောက်စိမ်းဗုဒ္ဓကို ပေးအပ်ခဲ့ပြီး မူရှင်ယုအား သူ့(ပါးပါးမု)ကို ဂုဏ်ပြုရန် ပြောခဲ့သည်။

မူရှင်းယုသည် အန်ဒရီ၏ စကားကို လိုက်နာခဲ့ပြီး ကျောက်စိမ်းဗုဒ္ဓကို သူ့ပါးပါး၏ ရုံးခန်းထဲတွင် ထားလိုက်သည်။

မမျှော်လင့်ဘဲ ထိုကျောက်စိမ်းထဲတွင် လျိုဝှက်နားထောင်နိုင်သော ကိရိယာတစ်ခု ပါရှိနေပြီး ထိုအရာက အန်ဒရီအား မုကျာကျီးနန်၏ အိမ်ခြံမြေဆိုင်ရာ စီးပွားရေး လျှို့ဝှက်ချက်များစွာကို ရရှိစေခဲ့သည်။

ဤသို့ဖြင့် အန်ဒရီသည် ပါးပါးမု၏ အိမ်ခြံမြေများကို အနိုင်ယူပြီး ကုအုပ်စုရှိ ရှယ်ယာရှင်များ၏ ခွင့်ပြုချက်ကို ရရှိခဲ့သည်။

မုမိသားစုသည် အလျင်အမြန် ပင်ဒေဝါလီခံခဲ့ရပြီး မုရှင်းယု၏ ဖခင်သည် ထိုဖိအားကို မခံနိုင်ဘဲ သတ်သေရန်အဆောက်အအုံပေါ်မှ ခုန်ချခဲ့သည်။ မုရှင်းယု၏ မိခင်သည်လည်း စိတ်ထိခိုက်စွာဖြင့် အိပ်ဆေးသောက်ပြီးနောက် မကြာမီမှာပဲ အိပ်ယာထဲမှာပင် သေဆုံးသွားခဲ့သည်။

မုရှင်းယုသည် ဆင်းရဲဒုက္ခ အမျိုးမျိုး၏ ထိုးနှက်မှုကြောင့် သူ့မိဘများနှင့်အတူ သေသွားလိုသော်လည်း ပြင်းပြသော လက်စားချေလိုသောစိတ်က သူ့အား အသက်ဆက်ရှင်စေခဲ့သည်။ သို့သော် သူသည် အင်အားနည်းနေပြီး သူက အန်ဒရီရဲ့ ပြိုင်ဘက်မဟုတ်ပေ။

သူသည် အခွင့်အလမ်းကို စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပြီးနောက် ကုယွမ်ကျိုး နိုးလာကြောင်း သတင်းရရှိခဲ့ပြီး သူသည် ကုယန်ကျိုးအား အကူအညီတောင်းရန် လျှင်မြန်စွာ သွားခဲ့သည်။

ကုယန်ကျိုးသည် အလွန်အေးစက်သော အာဏာရှင်တစ်ဦးဖြစ်ပြီး မုရှင်းယုသည် သူ့ကို အလွန်ကြောက်ရွံ့ခဲ့သည်။ သို့သော် လက်စားချေရန်အတွက် သူသည် ကုအိမ်သို့ သွားရန် အစပြုလုပ်ဆောင်ခဲ့သည်။

ကုယန်ကျိုးကို စိတ်ကျေနပ်စေရန်အတွက် ကြက်စွပ်ပြုတ်တစ်ပွဲကို သူ တမင်တကာ ပြုလုပ်ခဲ့သည်။ ထိုအချိန်က သူသည် အလွန်ဆင်းရဲ သောကြောင့် ကြက်အိုတစ်ကောင်းကိုသာ တတ်နိုင်ခဲ့သည်။

သို့သော် ကုယန်ကျိုးသည် ကြက်စွပ်ပြုတ်ကို သောက်ပြီးသောအခါ အဆိပ်သင့်ခြင်း လက္ခဏာများ ရုတ်တရက် ပေါ်ထွက်လာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

အန်ဒရီသည် ရုတ်တရက် ရဲအရာရှိများနှင့်အတူ ပေါ်လာပြီး ကုယန်ကျိုးအား လုပ်ကြံထိခိုက်စေမှုဖြင့် သူ့အားဖမ်းဆီးစေခဲ့သည်။ ထိုအချိန်တွင် ကုယန်ကျိုးသည် အနည်းငယ် သတိပြုမိပြီး သူ(XY)နှင့် ဘာမှ မသက်ဆိုင်ကြောင်းပြော၍ အန်ဒရီအား သူ့ကိုလွှတ်ပေးရန်ပြောခဲ့သည်။

မုရှင်းယုသည် သူ အန်ဒရီ၏
ထောင်ချောက်ထဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူ(အန်ဒရီ)သည် ကုယန်ကျိုးကို သတ်ခဲ့ပြီ ကုယန်ကျိုးသည် သူမသေဆုံးမီ အချိန်အထိ သူ့(ရှင်းယု)အတွက် ပြောပေးနေခဲ့သည်။

နောက်ပိုင်းတွင် သူထောင်ချခံခဲ့ရပြီး ကုယန်ကျိုး၏ သေဆုံးခြင်းနှင့် သူ့မိဘများအတွက် ရန်ငြိုးက သူ့ကိုယ်သူ ပျက်စီးလုနီးပါ ဖြစ်စေခဲ့တယ်။

မိမိကိုယ်ကို အနာတရ ဖြစ်အောင် ထိခိုက်စေပြီးနောက် ဆရာဝန်က သူ့ကို ကုသရန် ရောက်လာပြီး သူသည်  ပိတ်ကျဲများ ဖြတ်သည့် ကပ်ကြေးကို ဖွတ်ယူထားလိုက်ပြီး နောက်ဆုံးတွင် သူသည် လက်ကောက်ဝတ်ကို ဖြတ်တောက်ခြင်းဖြင့် မိမိကိုယ်ကို သတ်သေခဲ့သည်။

အခုအချိန်ထိ သူသည် သူ့လက်ကောက်ဝတ်က နာနေသေးသည်ဟု ခံစားနေရပြီး နေ့လည်စာဘူးကို ကိုင်ထားတဲ့ သူ့လက်ဟာ အနည်းငယ် တုန်ရီနေတယ်။

" ရှင်းယုကော မသက်မသာ ဖြစ်နေသေးလို့လာ? ကော ဆရာ၀န်နဲ့ပြချင်လား? " ရှောင်ဝမ်းက စိုးရိမ်စွာမေးလိုက်သည်။

သူက အပြုံးကို ဆွဲထုတ်ပြီး ပြောလိုက်တယ်။

" ငါအဆင်ပြေပါတယ် "

" ငါ အိမ်ပြန်ချင်တယ် မင်းအားလပ်ရက်ကို ဒါရိုက်တာကို မေးပေးလို့ရလာ? "

" ကောင်းပြီး ဒါပေမယ့် ဘယ်နှရက်လောက်ရမလဲ ကျွန်တော်မသိဘူး "

" ဘာဘဲဖြစ်ဖြစ် သွားမေးလိုက်။ ရက်အနည်းငယ်လောက်ပဲ ဖြစ်ဖြစ်ငါအခုအိမ်ပြန်ချင်တယ် "

ပြန်လည်ရှင်သန်လာနောက် အိမ်ပြန်ခြင်းထက် သူအတွက် ပို​အရေးကြီးတာ မရှိဘူး။ သူ သူ့မိဘနဲ့ ကုယန်ကျိုးကို တွေ့ချင်တယ်။

အတိတ်ဘဝ၌ သူဘယ်သူ့ကိုမှ မချစ်ခဲ့ပေ။ သူရဲ့ အခုဘဝမှာလဲ သူ သူ့ကို သစ္စာဖောက်မှာ မဟုတ်ဘူး။

(T/N ပြောချင်တာကရှင်းယုကအတိတ်ဘဝကယန်ကျိုးကိုမချစ်ပေမယ့်အခြားတစ်ယောက်နဲ့ချစ်သွားပြီးယန်ကျိုးအပေါ်သစ္စာမဖောက်ခဲ့ဘူး..အခုဘဝလည်သူအဲ့လိုဘဲလို့ပြောချင်တာ...သူတို့နှစ်ယောက်ကစေ့စပ်ထားတယ်နော်..မသိမှာဆိုးလို့)

ရှောင်ဝမ်းသည် ဒါရိုက်တာထံ အလျင်အမြန် သွားခဲ့သည်။

မုရှင်းယု ယခုလက်ရှိ ရိုက်ကူးနေသည့် တီဗွီဇာတ်လမ်းသည် အန်ဒရီ မိတ်ဆက်ပေးခဲ့သည့် "နွေးထွေးသောအခိုက်အတန့်များ" ဖြစ်ပြီး အဓိက အမျိုးသာဇာတ်လိုက်မှာ ဖုန်းကျိအန်ဖြစ်သည်။

ယခုချိန်သည် ဖုန်းကျိအန်က ရုပ်ရှင်ရိုက်ကူးစဉ် တမင်တကာ အင်အား အသုံးပြုခဲ့ခြင်းကြောင့် သူ လှေကားပေါ်မှ ပြုတ်ကျကာ ဒဏ်ရာရခဲ့တဲ့ အချိန်ဖြစ်တယ်။

သူသည် ဖျော်ဖြေရေး လောကထဲကို ဝင်​လာသောအခါ ဖုန်းဟဲမီဒီယာမှ လူများသည် သူ၏နောက်ခံကို မသိခဲ့ကြသောကြောင့် သူ့ကို သာမန် ဆက်ဆံမှုဖြင့် ဆက်ဆံခဲ့ကြသည်။

"နွေးထွေးသောအခိုက်အတန့်များ"
ရိုက်ကူးရေး အဖွဲ့တွင် သူသည် ဒုတိယအမျိုးသားဇာတ်လိုက်ဖြစ်သော်လည် ဖုန်းကျိအန်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အဖွဲ့သားတွေရဲ့ သူ့အပေါ် ဆက်ဆံ​ပုံမှာအလွန် ဆိုးရွားခဲ့တယ်။

သူသည် ရိုက်ကူးနေစဥ်အတွင် နစ်နာမှုများစွာ ကြုံခဲ့ရသော်လည်း တီဗီဇာတ်လမ်းတွဲ ထုတ်လွှင့်သည့်အခါ သူ၏ ဇာတ်ဝင်ခန်းမှာ ဘာမှမပါသလောက်ပဲ။ သူသည် ဒုတိယ အမျိုးသားဇာတ်ဆောင်ဖြစ်သော်လည်း အရေးမပါသော ဇာတ်ရုပ်အဖြစ်သာ အဆုံးသတ်ခဲ့သည်။

ဒါကြောင့် မုရှင်းယုက ဒီနေရာမှာ
အချိန် မဖြုန်းချင်ဘူး။

အစားနည်းနည်းစားပြီးနောက် သူအိပ်ရာမှ ထပြီး ရှောင်ဝမ် ပြန်လာသောအခါ ချက်ချင်း အိမ်ပြန်နိုင်ရန် အသင့်ပြင်ထားလိုက်သည်။

သူ့မှာ ပစ္စည်း အများကြီးမရှိဘူး။လျှော်ဖို့ အဝတ်သုံးစုံနှင့် ရိုးရှင်းသော ကိုယ်ရေးကိုယ်တာ အသုံးအဆောင် အနည်းငယ်သာရှိတယ်။ သူသည် အလျင်အမြန်သန့်ရှင်းရေးလုပ်ပြီး သူ၏ ခြေထောက်ရှိ ပွန်းပဲ့ဒဏ်ရာများကို ဆေးလိမ်းရန် ကုတင်ပေါ်၌ ပြန်ထိုင်လိုက်တယ်။

ထိုအချိန် သူ၏ ဘယ်ဘက်လက်မှာ ဝတ်ထားတဲ့ ကျောက်စိမ်းလက်ကောက်မှ ထူးဆန်းသော ပြောင်းလဲမှုကို သူတွေ့လိုက်ရသည်။

ဤလက်ကောက်ကို သူ့အမေက ပြင်သစ်နိုင်ငံ လေလံတင်ပွဲ တစ်ခုမှာ ဒေါ်လာတစ်သန်းကျော်ဖြင့် ဝယ်ယူခဲ့သည်။ ၎င်းသည် ပြင်သစ်ရှိ Mogao ဂူကနေ တူးယူခဲ့သော ယဉ်ကျေးမှု ဆိုင်ရာရှေးဟောင်းအမွေအနှစ် ပစ္စည်းတစ်ခု ဖြစ်သည်။ သူ့အမေက အဲ့ဒီအချိန်က ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းပစွည်းများကို လှူဒါန်းခဲ့ပြီး အခြားသူများကလည်း သူတို့ကို နိုင်ငံတကာ ပြတိုက်သို့ လှူဒါန်းခဲ့သည်။ ထိုတစ်ခုတည်းသော လက်ကောက်ကို သူ၏ အသက်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့တွင် သူလက်ဆောင်အဖြစ် ရခဲ့သည်။

ထိုလက်ကောက်သည် အရည်အသွေမြင့်သော Hetian ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ဘယ်ဘက်နှင့်ညာဘက်တွင် ကျောက်စိမ်း၉လုံးစီ ပါ၀င်ပြီ အလယ်တွင် ကြာပန်းအဖူးသုံးပွင့်ဖြင့် ပုံဖော်ထားသည်။ ပန်းပွင့် အဖူးတွေ အားလုံးဟာ အဖြူရောင်ဖြစ်ပြီး လှပသောပွင့်ချပ် ထိပ်ဖျားတွင် ပန်းရောင်အနည်းငယ် ပါရှိပြီး ၄င်းကို ထူးထူးခြားခြားလှပစေသည်။

မုရှင်းယုသည် ထိုလက်ကောက်ကို အလွန်နှစ်သက်သည့်အတွက် အမြဲ ဝတ်ဆင်ခဲ့သည်။ သူသည် အဖူး၏ အသွင်သဏ္ဌာန်ကိုရှင်းရှင်း လင်းလင်း မှတ်မိနေသည်။ ဒါပေမယ့် အခု ထိုအဖူးက ပွင့်လာပြီး ကြာပန်းပွင့်လေး တစ်ခုအဖြစ် သို့ပြောင်းလဲနေသည်။

ဘာဖြစ်သွားတာလဲ?

မုရှင်းယုသည် အလျင်အမြန် ဂရုတစိုက် လေ့လာခဲ့ပြီး ပန်းပွင့်အဖူးများသည် အမှန်တကယ် ပင်ပွင့်လန်းနေသည်ကို တွေ့ရှိခဲ့သည်။

ဒါက ကျောက်စိမ်းလေ။ ဘာလို့ ထိုကဲ့သို့သော ပြောင်းလဲမှုမျိုး ရှိနိုင်မှာလဲ။ မုရှင်းယုက အလွန် အံ့အားသင့်သွားသည်။

ရုတ်တရက် သူ မသေဆုံးမီက အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်ကို သူသတိရသွားသည်။

၎င်းကို သူ မသေဆုံးခင်က ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုတော့ သူသည် သူ့လက်ကောက်မှ အလင်းထုတ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ဤ ထင်မြင်ချက်သည် မုရှင်းယုအား အလွန်ပျော်ရွှင် စေခဲ့သည်။

သူသည် ဝထ္တုများစွာကို ဖတ်ရှုခဲ့ဖူးသည်။ ဝထ္တုထဲရှိ ဇာတ်ကောင်များသည် မှော်ရတနာများ ပေါ်သို့ သွေးများ ကျဆင်းခြင်းမှ တဆင့် မှော်အဖိုးတန် ရတနာများ ရရှိခဲ့ကြသည် မဟုတ်လော။ သူသည် မိမိကိုယ်ကို သတ်သေသော အချိန်က သူ့သွေးဟာ လက်ကောက်ပေါ်သို့ စီးဆင်းသွားပြီး လက်ကောက်က သူ့အား ပိုင်ရှင်အဖြစ် အသိအမှတ် ပြုခဲ့ပုံရသည်။

မုရှင်းယုသည် ပွင့်နေသော ကြာပန်းတွင် ထူးခြားတာတစ်ခုခုများ ရှိမလားဟု အလျှင်အမြန် ကြည့်လိုက်တော့ ကြာပန်းထဲမှာ ရေစက်လေး ရှိနေပုံရသည်ကို တွေရှိသွားသည်။ ဒါကြောင့် သူက ရေကို အထဲကနေ ထုတ်လို့ ရမရစမ်းကြည့်ရန် ကြာပန်းကို လှန်ချလိုက်သည်။

မမျှော်လင့်ဘဲ ရေတစ်စက်က တကယ်ဘဲ စီးကျလာတယ်။ သူက ချက်ချင်းပဲ သူ့ရဲ့ ညာလက်ဖြင့် အမြန် ဖမ်းယူလိုက်တယ်။ ထိုရေစက်ကလေးက ကြည့်ရတာဘာမှ ထူးခြားမှုမရှိပေ။

မုရှင်းယုသည် ကြာပန်းကို တဖန် ပြန်ကြည့်လိုက်တော့ ကြာပန်းသည် မူလကြာဖူးသဏ္ဍာန်သို့ ပြန်ပြောင်း သွားသည်ကို တွေ့ရှိလိုက်တယ်။ သူသည် အလွန် အံ့အားသင့်သွားပြီး အခြား ပန်းပွင့်နှစ်ပွင့်မှ ရေကိုလည်း တူညီသော လုပ်ထုံးလုပ်နည်း အတိုင်းထုတ်ယူလိုက်တယ်။

ထို့နောက် ထိုပန်းနှစ်ပွင့်သည်လည်း တဖြည်းဖြည်းခြင်း ကြာဖူးများအဖြစ် ပြောင်းလဲ ပေါင်းစည်းသွားသည်ကို သူ၏ မျက်လုံးများဖြင့် မြင်တွေ့လိုက်ရသည်။

ဤအချိန်တွင် မုရှင်းယုက ထိုကာလအတွင်း သူ မှော်ရတနာတစ်ခု ရရှိခဲ့ကြောင်း ပိုသေချာသွားခဲ့တယ်။

ဒါပေမယ့် ထိုရေစက်ကို သူဘာလုပ်ရမည်နည်း။ သူ ခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် သူ့ပါးစပ်ထဲသို့ ထိုရေစက်များကို ထည့်လိုက်တယ်။

မကြာခင်မှာပဲ သူက သူ့ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ အနွေးစီးကြောင်းတစ်ခုကို ခံစားလိုက်ရပြီး သူ၏ ခြေလက်များမှာ နွေးထွေးလာခဲ့တယ်။

အံ့သြဖွယ် အကောင်းဆုံး အချက်ကတော့ နဂိုက သူ့ဒူးခေါင်းတွင် ပွန်းပဲ့ဒဏ်ရာများ ရှိခဲ့သော်လည်း ထိုအနွေးစီးကြောင်းက သူ့ဒူးပေါ်သို့ ရောက်လာသောအခါ ဒဏ်ရာကို မြန်ဆန်စွာ ကုသနိုင်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သူသည် အလျင်အမြန် မတ်တပ်ရပ်ပြီး ခြေလှမ်းနှစ်လှမ်းလှမ်းဖို့ ကြိုးစားကြည့်လိုက်တဲ့အခါ သူ၏ ဒူးသည်နာကျင်မှု မရှိတော့ကြောင်း သူတွေ့ရှိခဲ့သည်

ခဏကြာပြီးနောက် နွေးထွေးသော ခံစားမှုက ပျောက်ကွယ်သွားပြီး သူ၏ ဒူးပေါ်ရှိ ပွန်းပဲ့ဒဏ်ရာများက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ သူဟာ ဒဏ်ရာရနေတဲ့ မူလနေရာကို လက်နဲ့ဖိလိုက်တော့ လုံးဝမနာတော့တာကို တွေ့ရှိသွားတယ်။ သူဝမ်းသာလွန်း၍ ထခုန်လုမိမတက် ဖြစ်သွားမိတယ်။

နောက်ဆုံး ဘဝတွင် သူသည် ချောက်နက်ထဲသို့ တွန်းပို့ခံရသော်လည်း သူ့အသက်ကို ယူဆောင်သွားခြင်းကနေ သူ ထိုမှော်ဆန်သော အရာလေးကို ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူက လက်ကောက်ဝတ်ရှိ ကြာဖူးကလေးများကိုထိပြီး ပျော်ရွှင်စွာပြုံးလိုက်မိတယ်။

******************************************

If you think my translation is poor, feel free to skip it. No one is forcing you to read it.

******

( Zawgyi)

*******

မုရွင္းယု မ်က္လုံးမ်ား ဖြင့္လိုက္ေသာအခါ သန႔္ရွင္းသပ္ရပ္သည့္ အခန္းတစ္ခန္းကို ေတြ႕လိုက္ရသည္။ သူအနည္းငယ္ ရႈပ္ေထြးေနခဲ့တယ္။ သူ ဘယ္ဘက္လက္ကို ျမႇောက္ၿပီး ၾကည့္လိုက္ေတာ့ သူ၏ လက္ေကာက္ဝတ္မွာ ထိတ္လန႔္စရာ ဘာတစ္ခုမွမရွိဘဲ ျဖဴေဖြးၿပီးေခ်ာမြတ္ေနသည္။

ဘာျဖစ္သြားတာလဲ???

သူအကူညီမဲ့စြာနဲ႕ စတင္ၿပီးအံ့အားသင့္ေနမိတယ္။ သူက သူ႕လက္ေကာက္ဝတ္ကိုျဖတ္ၿပီး ကိုယ့္ကိုကိုယ္ သတ္ေသခဲ့တာ ထင္ရွားတယ္။ သူ႕ေသြးေတြဟာ ေျမျပင္ေပၚမွာ စြန္းထင္းေနခဲ့တယ္။ ဘာေၾကာင့္ ... သူဘာေၾကာင့္ ျပန္ၿပီနိုးထလာခဲ့တာလဲ? ဒါေပမယ့္ သူ႕လက္ေကာက္ဝတ္မွာ ဘာအနာဆာမွ မရွိေနဘူး။

စကားမစပ္, ဒီအခန္းကို ၾကည့္ရတာသူေတြ႕ဖူးတဲ့ တစ္ေနရာရာနဲ႕ ဆင္တူေနသလိုဘဲ။

မုရွင္းယု၏ ရႈပ္ေထြးေနေသာ ဦးႏွောက္ထဲတြင္ အလင္းေရာင္ တစ္ခ်က္ ေတာက္ပသြားတယ္။ ၎သည္ သူပထမဆုံး တီဗီဇာတ္လမ္းတြဲတြင္ ပါ၀င္သည့္အခါက တည္းခိုခဲ့သည့္ ဟိုတယ္ျဖစ္သည္ကို သူသတိရသြားခဲ့တယ္။

သူသည္ အံ့အားသင့္စြာျဖင့္ ထလိုက္တယ္။ ဒါေပမယ့္ သူ႕ေျခေထာက္ ဒဏ္ရာကို ထိခိုက္မိၿပီး သူအိပ္ရာေပၚကို ျပန္၍လဲက်သြားတယ္။

သူသည္ အိပ္ရာဦးေခါင္းကို အလ်င္အျမန္ ဖမ္းကိုင္လိုက္ ေသာ္လည္း မီးအိမ္ကေတာ့ အိပ္ရာေဘးကို က်ယ္ေလာင္စြာ ျပဳတ္က်သြာတယ္။

" ရွင္းယုေကာ ဘာျဖစ္သြားတာလဲ? "

တစ္ေယာက္ေယာက္က တံခါးကို ဖြင့္လိုက္ၿပီး သူ႕၏ လက္ထဲရွိ အစားအစာကိုခ်ကာ ခ်က္ခ်င္း အိပ္ယာဆီကိုလာၿပီး စိုးရိမ္စြာျဖင့္ ေမးလာတယ္။

" ရွင္းယုေကာ ေကာ လဲက်သြားတာလား? ေကာ ဘာလိုခ်င္လို႔လဲေျပာေလ ကြၽန္ေတာ ေကာအတြက္ သြားယူေပးမယ္ "

" ေရွာင္ဝမ္း? "

မူရွင္းယုက ေရွာင္ဝမ္းကို ျမင္ေသာအခါ အံ့အားသင့္သြားခဲ့တယ္။

ေရွာင္ဝမ္းသည္ သူ႕အတြက္ ကုမၸဏီမွ စီစဥ္ေပးထားေသာ လက္ေထာက္ျဖစ္သည္။ သူ႕ နာမည္အျပည့္အစုံမွာ ဖန္ေရွာင္ဝမ္းျဖစ္ၿပီး သူႏွင့္အသက္႐ြယ္တူ ျဖစ္သည့္အျပင္ တက္ႂကြ႐ႊင္လန္းေသာ လူငယ္ေလးလဲျဖစ္သည္။

သူမွတ္မိေသးတယ္ သူ႕မိသားစု ကုမၸဏီ ေဒဝါလီခံရၿပီးေနာက္ ကုမၸဏီက သူ႕ကို မ်ားစြာဖိႏွိမ္ခဲ့တယ္။ သူအဆိုးဆုံး အေျခအေန ေရာက္ၿပီး ေနစရာေတာင္ မရွိတဲ့ အခ်ိန္မွာ ေရွာင္ဝမ္းက သူ႕ကို ေခၚၿပီး ေနစရာ ေပးခဲ့တယ္။

ေနာက္ပိုင္ ကုမၸဏီက ေရွာင္ဝမ္းကို
ဖုန္းက်ိအန္၏ လက္ေထာက္အျဖစ္ လႊဲေျပာင္း ေပးခဲ့တယ္။ ဖုန္းက်ိအန္
က သူ႕ကို အၿမဲမုန္းတီးေနခဲ့သျဖင့္ ေရွာင္ဝမ္းကို အလြန္ဆိုး႐ြားစြာ ဆက္ဆံခဲ့သည္။

မူရွင္းယုသည္ ေရွာင္ဝမ္းကို ထပ္ေတြ႕လိုက္ရေတာ့ အလြန္ ဝမ္းသာသြားၿပီး တစ္ခ်ိန္တည္းမွာပဲ သူဟာ ေျပာစရာစကားမရွိေလာက္ေအာင္ပင္ အံ့ၾသသင့္ေနခဲ့တယ္။။

ရင္းႏွီးတဲ့အခန္း ,ရင္းႏွီးတဲ့ပုဂၢိုလ္တစ္ဦး ... သူ ... ျပန္လည္ေမြးဖြားလာခဲ့ၿပီး...

" ရွင္းယုေကာ ဘာျဖစ္လို႔လဲ? "
ေရွာင္ဝမ္းက မုရွင္းယု မလႈပ္မရွာဘဲ ျဖစ္ေနတာျမင္ေတာ့ အလ်င္အျမန္ ေမးလာတယ္။

မုရွင္ယုက ေခါင္းကိုခါလိုက္ၿပီး ၿပဳံးကာ ေျပာလိုက္တယ္။

" ငါ အဆင္ေျပပါတယ္ "

ေရွာင္ဝမ္းက စိတ္သက္သာရာရသြားၿပီး မီးအိမ္ကိုျပန္၍ ေနရာခ်လိဳက္ၿပီး ေန႕လယ္စာဘူးကို မုရွင္းယု၏ ေရွ႕တြင္ ခ်ေပးလိုက္တယ္။

" ရွင္းယုေကာ ပူေနတုန္းစားလိုက္ "

မုရွင္းယုသည္ ေန႕လည္စာဘူးကို ယူၿပီး ေရွာင္ဝမ္းကို ၾကည့္လိုက္တယ္။ထို႔ေနာက္ သူ႕ အၾကည့္သည္ ပုံမွန္ အကြၽမ္းတဝင္ရွိေသာ အခန္းဆီသို႔ ေရာက္သြားသည္။ ေနာက္ဆုံးတြင္ သူသည္ ျပန္လည္ေမြးဖြား လာခဲ့တယ္ဆိုတာ ေသခ်ာသြားၿပီး။ သူသည္ လြန္ခဲ့ေသာ ၂ ႏွစ္ ဆီသို႔ ျပန္လည္ေမြးဖြားလာခဲ့တယ္။

ယခုအခ်ိန္တြင္ သူ႕မိသားစုသည္ ေငြမျပတ္ေသးဘူး။ ကုယြမ္က်ိဳးသည္လည္း ေမ့ေျမာေနဆဲျဖစ္ၿပီး သူ႕ကို လွည့္ျဖားေသြးေဆာင္ခဲ့တဲ့ လူသတ္သမားကလည္း ကုယြမ္က်ိဳးကို သတ္ၿပီး ကုအုပ္စုကို မထိန္းခ်ဳပ္နိုင္ေသးဘူး။

ကံေကာင္းေထာက္မစြာ, အရာအားလုံးက သိပ္ေနာက္မက်ေသးပဲ သူလက္လွမ္းမွီနိုင္တဲ့ အေျခေနမွာပဲ ရွိေနေသတယ္။

မုရွင္းယုသည္ ယခင္ဘဝ၏ နာက်င္ဖြယ္ သင္ခန္းစာမ်ားႏွင့္အတူ သူသည္ ဤဘဝ၌ အန္ဒရီကို ဘယ္ေသာအခါမွ ယုံၾကည္မည္ မဟုတ္ေတာ့ေပ။

သူသည္ ယခင္ဘဝ၌ မသန္မစြမ္းႏွင့္ သတိေမ့ေနေသာ ကုယန္က်ိဳးကို လက္မထပ္ ခ်င္ခဲ့ေပ။ ခရီးတစ္ခုအတြင္း ကြၽမ္းက်င္ေသာ လူသစ္ရွာေဖြေရး ေအးဂ်င့္တစ္ဦးႏွင့္ ေတြ႕ဆုံခဲ့ၿပီးေနာက္ ေဖ်ာ္ေျဖေရး စက္ဝိုင္းထဲကို သူတိတ္တဆိတ္ ဝင္ေရာက္ခဲ့သည္။

သူသည္ ထိုအခ်ိန္က အလြန္ႏုံအသူျဖစ္ၿပီး ကုမၸဏီသို႔ ပထမဆုံးအႀကိမ္ ေရာက္ရွိခ်ိန္တြင္ မမွ်တမႈမ်ားေၾကာင့္ သူသည္ ကုမၸဏီ၏ထိပ္တန္ၾကယ္ပြင့္ ဖုန္းက်ိအန္းကို ေစာ္ကားခဲ့မိသည္။

ဖုန္းက်ိအန္းသည္ Talent Show တစ္ခုမွတစ္ဆင့္ ပြဲဦးထြက္ခဲ့ၿပီး လူႀကိဳက္မ်ားေသာ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ဖုန္ဟဲမီဒီယာမွ ေမြးထုတ္ေပးခဲ့သည့္ အဓိကအႏုပညာရွင္လည္ ျဖစ္သည္။

ဖုန္းက်ိအန္းက သူ႕ကို မႀကိဳက္တဲ့အျပင္ အဖြဲ႕လႈပ္ရွားမႈ လုပ္ေနခ်ိန္အတြင္း သူ႕ကို တမင္တကာ အရွက္ခြဲခဲ့သည္။ အန္ဒရီက သူ႕အတြက္ စကားေျပာေပးခဲ့ၿပီး သူ႕ရဲ႕အရွက္ရမႈကို ေျဖရွင္းေပးခဲ့သည္။

ေနာက္ပိုင္းတြင္ အန္ဒရီသည္ သူ႕ကို
" ႏြေးေထြးေသာအခိုက္တန့္မ်ား " တြင္ ဒုတိယဇာတ္လိုက္မင္းသားအျဖစ္ မိတ္ဆက္ေပးခဲ့သည္။ ထိုအရာမ်ားေၾကာင့္ မုရွင္ယုသည္ အန္ဒရီကို အလြန္ ေက်းဇူးတင္ၿပီး ထိုသူအား သူငယ္ခ်င္းေကာင္း တစ္ဦးအျဖစ္ မွတ္ယူခဲ့သည္။

သို႔ေသာ္ အန္ဒရီသည္ အစထဲက သူ႕ကို မေကာင္းေသာ ရည္႐ြယ္ခ်က္နဲ႕ ခ်ည္ကပ္ခဲ့တာကိုေတာ့ သူမသိခဲ့ဘူး။

အန္ဒရီသည္ ကုယန္က်ိဳး၏ ဝမ္းကြဲျဖစ္သည္။ ကုယန္က်ိဳး ကားမေတာ္တဆမႈ ျဖစ္ပြားစဥ္ ကတည္းက သူသည္ တ႐ုတ္ျပည္သို႔ ျပန္ေရာက္လာၿပီး ကုအုပ္စု၏ လုပ္ငန္းမ်ားတြင္ စတင္ပါဝင္လာခဲ့သည္။

မုရွင္းယုသည္ ကုယန္က်ိဳး၏ ေစ့စပ္ထားသူ ျဖစ္ေၾကာင္း သိသည္ႏွင့္ သူသည္ ကုယန္က်ိဳးအား ကိုင္တြယ္ရန္ မုရွင္းယုကို အသုံးခ်လိဳခဲ့ျခင္ျဖစ္ၿပီး မုရွင္းယုက သူ႕ကို မႀကိဳက္၍ သူ႕ရဲ႕ရည္မွန္းခ်က္က မေအာင္ျမင္ခဲ့ေပ။

သို႔ေသာ္ သူ၏ အျခားရည္႐ြယ္ခ်က္မွာေတာ့ အလြန္ေအာင္ျမင္ခဲ့သည္။

ပါးပါးမု၏ ေမြးေန႕တြင္ အန္ဒရီသည္ မုရွင္းယုအား ေက်ာက္စိမ္းဗုဒၶကို ေပးအပ္ခဲ့ၿပီး မူရွင္ယုအား သူ႕(ပါးပါးမု)ကို ဂုဏ္ျပဳရန္ ေျပာခဲ့သည္။

မူရွင္းယုသည္ အန္ဒရီ၏ စကားကို လိုက္နာခဲ့ၿပီး ေက်ာက္စိမ္းဗုဒၶကို သူ႕ပါးပါး၏ ႐ုံးခန္းထဲတြင္ ထားလိုက္သည္။

မေမွ်ာ္လင့္ဘဲ ထိုေက်ာက္စိမ္းထဲတြင္ လ်ိဳဝွက္နားေထာင္နိုင္ေသာ ကိရိယာတစ္ခု ပါရွိေနၿပီး ထိုအရာက အန္ဒရီအား မုက်ာက်ီးနန္၏ အိမ္ၿခံေျမဆိုင္ရာ စီးပြားေရး လွ်ို႔ဝွက္ခ်က္မ်ားစြာကို ရရွိေစခဲ့သည္။

ဤသို႔ျဖင့္ အန္ဒရီသည္ ပါးပါးမု၏ အိမ္ၿခံေျမမ်ားကို အနိုင္ယူၿပီး ကုအုပ္စုရွိ ရွယ္ယာရွင္မ်ား၏ ခြင့္ျပဳခ်က္ကို ရရွိခဲ့သည္။

မုမိသားစုသည္ အလ်င္အျမန္ ပင္ေဒဝါလီခံခဲ့ရၿပီး မုရွင္းယု၏ ဖခင္သည္ ထိုဖိအားကို မခံနိုင္ဘဲ သတ္ေသရန္အေဆာက္အအုံေပၚမွ ခုန္ခ်ခဲ့သည္။ မုရွင္းယု၏ မိခင္သည္လည္း စိတ္ထိခိုက္စြာျဖင့္ အိပ္ေဆးေသာက္ၿပီးေနာက္ မၾကာမီမွာပဲ အိပ္ယာထဲမွာပင္ ေသဆုံးသြားခဲ့သည္။

မုရွင္းယုသည္ ဆင္းရဲဒုကၡ အမ်ိဳးမ်ိဳး၏ ထိုးႏွက္မႈေၾကာင့္ သူ႕မိဘမ်ားႏွင့္အတူ ေသသြားလိုေသာ္လည္း ျပင္းျပေသာ လက္စားေခ်လိဳေသာစိတ္က သူ႕အား အသက္ဆက္ရွင္ေစခဲ့သည္။ သို႔ေသာ္ သူသည္ အင္အားနည္းေနၿပီး သူက အန္ဒရီရဲ႕ ၿပိဳင္ဘက္မဟုတ္ေပ။

သူသည္ အခြင့္အလမ္းကို စိတ္ရွည္စြာ ေစာင့္ဆိုင္းခဲ့ၿပီးေနာက္ ကုယြမ္က်ိဳး နိုးလာေၾကာင္း သတင္းရရွိခဲ့ၿပီး သူသည္ ကုယန္က်ိဳးအား အကူအညီေတာင္းရန္ လွ်င္ျမန္စြာ သြားခဲ့သည္။

ကုယန္က်ိဳးသည္ အလြန္ေအးစက္ေသာ အာဏာရွင္တစ္ဦးျဖစ္ၿပီး မုရွင္းယုသည္ သူ႕ကို အလြန္ေၾကာက္႐ြံ႕ခဲ့သည္။ သို႔ေသာ္ လက္စားေခ်ရန္အတြက္ သူသည္ ကုအိမ္သို႔ သြားရန္ အစျပဳလုပ္ေဆာင္ခဲ့သည္။

ကုယန္က်ိဳးကို စိတ္ေက်နပ္ေစရန္အတြက္ ၾကက္စြပ္ျပဳတ္တစ္ပြဲကို သူ တမင္တကာ ျပဳလုပ္ခဲ့သည္။ ထိုအခ်ိန္က သူသည္ အလြန္ဆင္းရဲ ေသာေၾကာင့္ ၾကက္အိုတစ္ေကာင္းကိုသာ တတ္နိုင္ခဲ့သည္။

သို႔ေသာ္ ကုယန္က်ိဳးသည္ ၾကက္စြပ္ျပဳတ္ကို ေသာက္ၿပီးေသာအခါ အဆိပ္သင့္ျခင္း လကၡဏာမ်ား ႐ုတ္တရက္ ေပၚထြက္လာလိမ့္မည္ဟု သူမေမွ်ာ္လင့္ခဲ့ေပ။

အန္ဒရီသည္ ႐ုတ္တရက္ ရဲအရာရွိမ်ားႏွင့္အတူ ေပၚလာၿပီး ကုယန္က်ိဳးအား လုပ္ႀကံထိခိုက္ေစမႈျဖင့္ သူ႕အားဖမ္းဆီးေစခဲ့သည္။ ထိုအခ်ိန္တြင္ ကုယန္က်ိဳးသည္ အနည္းငယ္ သတိျပဳမိၿပီး သူ(XY)ႏွင့္ ဘာမွ မသက္ဆိုင္ေၾကာင္းေျပာ၍ အန္ဒရီအား သူ႕ကိုလႊတ္ေပးရန္ေျပာခဲ့သည္။

မုရွင္းယုသည္ သူ အန္ဒရီ၏
ေထာင္ေခ်ာက္ထဲ ေရာက္ရွိသြားၿပီ ျဖစ္ေၾကာင္း သိလိုက္သည္။ သူ(အန္ဒရီ)သည္ ကုယန္က်ိဳးကို သတ္ခဲ့ၿပီ ကုယန္က်ိဳးသည္ သူမေသဆုံးမီ အခ်ိန္အထိ သူ႕(ရွင္းယု)အတြက္ ေျပာေပးေနခဲ့သည္။

ေနာက္ပိုင္းတြင္ သူေထာင္ခ်ခံခဲ့ရၿပီး ကုယန္က်ိဳး၏ ေသဆုံးျခင္းႏွင့္ သူ႕မိဘမ်ားအတြက္ ရန္ၿငိဳးက သူ႕ကိုယ္သူ ပ်က္စီးလုနီးပါ ျဖစ္ေစခဲ့တယ္။

မိမိကိုယ္ကို အနာတရ ျဖစ္ေအာင္ ထိခိုက္ေစၿပီးေနာက္ ဆရာဝန္က သူ႕ကို ကုသရန္ ေရာက္လာၿပီး သူသည္ ပိတ္က်ဲမ်ား ျဖတ္သည့္ ကပ္ေၾကးကို ဖြတ္ယူထားလိုက္ၿပီး ေနာက္ဆုံးတြင္ သူသည္ လက္ေကာက္ဝတ္ကို ျဖတ္ေတာက္ျခင္းျဖင့္ မိမိကိုယ္ကို သတ္ေသခဲ့သည္။

အခုအခ်ိန္ထိ သူသည္ သူ႕လက္ေကာက္ဝတ္က နာေနေသးသည္ဟု ခံစားေနရၿပီး ေန႕လည္စာဘူးကို ကိုင္ထားတဲ့ သူ႕လက္ဟာ အနည္းငယ္ တုန္ရီေနတယ္။

" ရွင္းယုေကာ မသက္မသာ ျဖစ္ေနေသးလို႔လာ? ေကာ ဆရာ၀န္နဲ႕ျပခ်င္လား? " ေရွာင္ဝမ္းက စိုးရိမ္စြာေမးလိုက္သည္။

သူက အၿပဳံးကို ဆြဲထုတ္ၿပီး ေျပာလိုက္တယ္။

" ငါအဆင္ေျပပါတယ္ "

" ငါ အိမ္ျပန္ခ်င္တယ္ မင္းအားလပ္ရက္ကို ဒါရိုက္တာကို ေမးေပးလို႔ရလာ? "

" ေကာင္းၿပီး ဒါေပမယ့္ ဘယ္ႏွရက္ေလာက္ရမလဲ ကြၽန္ေတာ္မသိဘူး "

" ဘာဘဲျဖစ္ျဖစ္ သြားေမးလိုက္။ ရက္အနည္းငယ္ေလာက္ပဲ ျဖစ္ျဖစ္ငါအခုအိမ္ျပန္ခ်င္တယ္ "

ျပန္လည္ရွင္သန္လာေနာက္ အိမ္ျပန္ျခင္းထက္ သူအတြက္ ပိုအေရးႀကီးတာ မရွိဘူး။ သူ သူ႕မိဘနဲ႕ ကုယန္က်ိဳးကို ေတြ႕ခ်င္တယ္။

အတိတ္ဘဝ၌ သူဘယ္သူ႕ကိုမွ မခ်စ္ခဲ့ေပ။ သူရဲ႕ အခုဘဝမွာလဲ သူ သူ႕ကို သစၥာေဖာက္မွာ မဟုတ္ဘူး။

(T/N ေျပာခ်င္တာကရွင္းယုကအတိတ္ဘဝကယန္က်ိဳးကိုမခ်စ္ေပမယ့္အျခားတစ္ေယာက္နဲ႕ခ်စ္သြားၿပီးယန္က်ိဳးအေပၚသစၥာမေဖာက္ခဲ့ဘူး..အခုဘဝလည္သူအဲ့လိုဘဲလို႔ေျပာခ်င္တာ...သူတို႔ႏွစ္ေယာက္ကေစ့စပ္ထားတယ္ေနာ္..မသိမွာဆိုးလို႔)

ေရွာင္ဝမ္းသည္ ဒါရိုက္တာထံ အလ်င္အျမန္ သြားခဲ့သည္။

မုရွင္းယု ယခုလက္ရွိ ရိုက္ကူးေနသည့္ တီဗြီဇာတ္လမ္းသည္ အန္ဒရီ မိတ္ဆက္ေပးခဲ့သည့္ "ႏြေးေထြးေသာအခိုက္အတန့္မ်ား" ျဖစ္ၿပီး အဓိက အမ်ိဳးသာဇာတ္လိုက္မွာ ဖုန္းက်ိအန္ျဖစ္သည္။

ယခုခ်ိန္သည္ ဖုန္းက်ိအန္က ႐ုပ္ရွင္ရိုက္ကူးစဥ္ တမင္တကာ အင္အား အသုံးျပဳခဲ့ျခင္းေၾကာင့္ သူ ေလွကားေပၚမွ ျပဳတ္က်ကာ ဒဏ္ရာရခဲ့တဲ့ အခ်ိန္ျဖစ္တယ္။

သူသည္ ေဖ်ာ္ေျဖေရး ေလာကထဲကို ဝင္လာေသာအခါ ဖုန္းဟဲမီဒီယာမွ လူမ်ားသည္ သူ၏ေနာက္ခံကို မသိခဲ့ၾကေသာေၾကာင့္ သူ႕ကို သာမန္ ဆက္ဆံမႈျဖင့္ ဆက္ဆံခဲ့ၾကသည္။

"ႏြေးေထြးေသာအခိုက္အတန့္မ်ား"
ရိုက္ကူးေရး အဖြဲ႕တြင္ သူသည္ ဒုတိယအမ်ိဳးသားဇာတ္လိုက္ျဖစ္ေသာ္လည္ ဖုန္းက်ိအန္၏ ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ အဖြဲ႕သားေတြရဲ႕ သူ႕အေပၚ ဆက္ဆံပုံမွာအလြန္ ဆိုး႐ြားခဲ့တယ္။

သူသည္ ရိုက္ကူးေနစဥ္အတြင္ နစ္နာမႈမ်ားစြာ ႀကဳံခဲ့ရေသာ္လည္း တီဗီဇာတ္လမ္းတြဲ ထုတ္လႊင့္သည့္အခါ သူ၏ ဇာတ္ဝင္ခန္းမွာ ဘာမွမပါသေလာက္ပဲ။ သူသည္ ဒုတိယ အမ်ိဳးသားဇာတ္ေဆာင္ျဖစ္ေသာ္လည္း အေရးမပါေသာ ဇာတ္႐ုပ္အျဖစ္သာ အဆုံးသတ္ခဲ့သည္။

ဒါေၾကာင့္ မုရွင္းယုက ဒီေနရာမွာ
အခ်ိန္ မျဖဳန္းခ်င္ဘူး။

အစားနည္းနည္းစားၿပီးေနာက္ သူအိပ္ရာမွ ထၿပီး ေရွာင္ဝမ္ ျပန္လာေသာအခါ ခ်က္ခ်င္း အိမ္ျပန္နိုင္ရန္ အသင့္ျပင္ထားလိုက္သည္။

သူ႕မွာ ပစၥည္း အမ်ားႀကီးမရွိဘူး။ေလွ်ာ္ဖို႔ အဝတ္သုံးစုံႏွင့္ ရိုးရွင္းေသာ ကိုယ္ေရးကိုယ္တာ အသုံးအေဆာင္ အနည္းငယ္သာရွိတယ္။ သူသည္ အလ်င္အျမန္သန႔္ရွင္းေရးလုပ္ၿပီး သူ၏ ေျခေထာက္ရွိ ပြန္းပဲ့ဒဏ္ရာမ်ားကို ေဆးလိမ္းရန္ ကုတင္ေပၚ၌ ျပန္ထိုင္လိုက္တယ္။

ထိုအခ်ိန္ သူ၏ ဘယ္ဘက္လက္မွာ ဝတ္ထားတဲ့ ေက်ာက္စိမ္းလက္ေကာက္မွ ထူးဆန္းေသာ ေျပာင္းလဲမႈကို သူေတြ႕လိုက္ရသည္။

ဤလက္ေကာက္ကို သူ႕အေမက ျပင္သစ္နိုင္ငံ ေလလံတင္ပြဲ တစ္ခုမွာ ေဒၚလာတစ္သန္းေက်ာ္ျဖင့္ ဝယ္ယူခဲ့သည္။ ၎သည္ ျပင္သစ္ရွိ Mogao ဂူကေန တူးယူခဲ့ေသာ ယဥ္ေက်းမႈ ဆိုင္ရာေရွးေဟာင္းအေမြအႏွစ္ ပစၥည္းတစ္ခု ျဖစ္သည္။ သူ႕အေမက အဲ့ဒီအခ်ိန္က ယဥ္ေက်းမႈဆိုင္ရာ ေရွးေဟာင္းမ်ားကို လႉဒါန္းခဲ့ၿပီး အျခားသူမ်ားက သူတို႔ကို နိုင္ငံတကာ ျပတိုက္သို႔ လႉဒါန္းခဲ့သည္။ ထိုတစ္ခုတည္းေသာ လက္ေကာက္ကို သူ၏ အသက္ဆယ့္ရွစ္ႏွစ္ျပည့္ ေမြးေန႕တြင္ သူလက္ေဆာင္အျဖစ္ ရခဲ့သည္။

ထိုလက္ေကာက္သည္ အရည္အေသြျမင့္ေသာ Hetian ေက်ာက္စိမ္းျဖင့္ ျပဳလုပ္ထားၿပီး ဘယ္ဘက္ႏွင့္ညာဘက္တြင္ ေက်ာက္စိမ္း၉လုံးစီ ပါ၀င္ၿပီ အလယ္တြင္ ၾကာပန္းအဖူးသုံးပြင့္ျဖင့္ ပုံေဖာ္ထားသည္။ ပန္းပြင့္ အဖူးေတြ အားလုံးဟာ အျဖဴေရာင္ျဖစ္ၿပီး လွပေသာပြင့္ခ်ပ္ ထိပ္ဖ်ားတြင္ ပန္းေရာင္အနည္းငယ္ ပါရွိၿပီး ၄င္းကို ထူးထူးျခားျခားလွပေစသည္။

မုရွင္းယုသည္ ထိုလက္ေကာက္ကို အလြန္ႏွစ္သက္သည့္အတြက္ အၿမဲ ဝတ္ဆင္ခဲ့သည္။ သူသည္ အဖူး၏ အသြင္သဏၭာန္ကိုရွင္းရွင္း လင္းလင္း မွတ္မိေနသည္။ ဒါေပမယ့္ အခု ထိုအဖူးက ပြင့္လာၿပီး ၾကာပန္းပြင့္ေလး တစ္ခုအျဖစ္ သို႔ေျပာင္းလဲေနသည္။

ဘာျဖစ္သြားတာလဲ?

မုရွင္းယုသည္ အလ်င္အျမန္ ဂ႐ုတစိုက္ ေလ့လာခဲ့ၿပီး ပန္းပြင့္အဖူးမ်ားသည္ အမွန္တကယ္ ပင္ပြင့္လန္းေနသည္ကို ေတြ႕ရွိခဲ့သည္။

ဒါက ေက်ာက္စိမ္းေလ။ ဘာလို႔ ထိုကဲ့သို႔ေသာ ေျပာင္းလဲမႈမ်ိဳး ရွိနိုင္မွာလဲ။ မုရွင္းယုက အလြန္ အံ့အားသင့္သြားသည္။

႐ုတ္တရက္ သူ မေသဆုံးမီက အလင္းတန္းတစ္ခုကို ျမင္လိုက္ရသည္ကို သူသတိရသြားသည္။

၎ကို သူ မေသဆုံးခင္က ထင္ေယာင္ထင္မွား ျဖစ္သည္ဟု ထင္မွတ္ခဲ့ေသာ္လည္း ယခုေတာ့ သူသည္ သူ႕လက္ေကာက္မွ အလင္းထုတ္လႊတ္လိုက္သည္ကို ေတြ႕လိုက္ရသည္။ ဤ ထင္ျမင္ခ်က္သည္ မုရွင္းယုအား အလြန္ေပ်ာ္႐ႊင္ ေစခဲ့သည္။

သူသည္ ဝထၱဳမ်ားစြာကို ဖတ္ရႈခဲ့ဖူးသည္။ ဝထၱဳထဲရွိ ဇာတ္ေကာင္မ်ားသည္ ေမွာ္ရတနာမ်ား ေပၚသို႔ ေသြးမ်ား က်ဆင္းျခင္းမွ တဆင့္ ေမွာ္အဖိုးတန္ ရတနာမ်ား ရရွိခဲ့ၾကသည္ မဟုတ္ေလာ။ သူသည္ မိမိကိုယ္ကို သတ္ေသေသာ အခ်ိန္က သူ႕ေသြးဟာ လက္ေကာက္ေပၚသို႔ စီးဆင္းသြားၿပီး လက္ေကာက္က သူ႕အား ပိုင္ရွင္အျဖစ္ အသိအမွတ္ ျပဳခဲ့ပုံရသည္။

မုရွင္းယုသည္ ပြင့္ေနေသာ ၾကာပန္းတြင္ ထူးျခားတာတစ္ခုခုမ်ား ရွိမလားဟု အလွ်င္အျမန္ ၾကည့္လိုက္ေတာ့ ၾကာပန္းထဲမွာ ေရစက္ေလး ရွိေနပုံရသည္ကို ေတြရွိသြားသည္။ ဒါေၾကာင့္ သူက ေရကို အထဲကေန ထုတ္လို႔ ရမရစမ္းၾကည့္ရန္ ၾကာပန္းကို လွန္ခ်လိဳက္သည္။

မေမွ်ာ္လင့္ဘဲ ေရတစ္စက္က တကယ္ဘဲ စီးက်လာတယ္။ သူက ခ်က္ခ်င္းပဲ သူ႕ရဲ႕ ညာလက္ျဖင့္ အျမန္ ဖမ္းယူလိုက္တယ္။ ထိုေရစက္ကေလးက ၾကည့္ရတာဘာမွ ထူးျခားမႈမရွိေပ။

မုရွင္းယုသည္ ၾကာပန္းကို တဖန္ ျပန္ၾကည့္လိုက္ေတာ့ ၾကာပန္းသည္ မူလၾကာဖူးသ႑ာန္သို႔ ျပန္ေျပာင္း သြားသည္ကို ေတြ႕ရွိလိုက္တယ္။ သူသည္ အလြန္ အံ့အားသင့္သြားၿပီး အျခား ပန္းပြင့္ႏွစ္ပြင့္မွ ေရကိုလည္း တူညီေသာ လုပ္ထုံးလုပ္နည္း အတိုင္းထုတ္ယူလိုက္တယ္။

ထို႔ေနာက္ ထိုပန္းႏွစ္ပြင့္သည္လည္း တျဖည္းျဖည္းျခင္း ၾကာဖူးမ်ားအျဖစ္ ေျပာင္းလဲ ေပါင္းစည္းသြားသည္ကို သူ၏ မ်က္လုံးမ်ားျဖင့္ ျမင္ေတြ႕လိုက္ရသည္။

ဤအခ်ိန္တြင္ မုရွင္းယုက ထိုကာလအတြင္း သူ ေမွာ္ရတနာတစ္ခု ရရွိခဲ့ေၾကာင္း ပိုေသခ်ာသြားခဲ့တယ္။

ဒါေပမယ့္ ထိုေရစက္ကို သူဘာလုပ္ရမည္နည္း။ သူ ခဏ ခ်ီတုံခ်တဳံ ျဖစ္ေနၿပီးေနာက္ သူ႕ပါးစပ္ထဲသို႔ ထိုေရစက္မ်ားကို ထည့္လိုက္တယ္။

မၾကာခင္မွာပဲ သူက သူ႕ခႏၶာကိုယ္ထဲကို ဝင္လာတဲ့ အႏြေးစီးေၾကာင္းတစ္ခုကို ခံစားလိုက္ရၿပီး သူ၏ ေျခလက္မ်ားမွာ ႏြေးေထြးလာခဲ့တယ္။

အံ့ၾသဖြယ္ အေကာင္းဆုံး အခ်က္ကေတာ့ နဂိုက သူ႕ဒူးေခါင္းတြင္ ပြန္းပဲ့ဒဏ္ရာမ်ား ရွိခဲ့ေသာ္လည္း ထိုအႏြေးစီးေၾကာင္းက သူ႕ဒူးေပၚသို႔ ေရာက္လာေသာအခါ ဒဏ္ရာကို ျမန္ဆန္စြာ ကုသနိုင္လိမ့္မည္ဟု သူမေမွ်ာ္လင့္ထားခဲ့ေပ။

သူသည္ အလ်င္အျမန္ မတ္တပ္ရပ္ၿပီး ေျခလွမ္းႏွစ္လွမ္းလွမ္းဖို႔ ႀကိဳးစားၾကည့္လိုက္တဲ့အခါ သူ၏ ဒူးသည္နာက်င္မႈ မရွိေတာ့ေၾကာင္း သူေတြ႕ရွိခဲ့သည္

ခဏၾကာၿပီးေနာက္ ႏြေးေထြးေသာ ခံစားမႈက ေပ်ာက္ကြယ္သြားၿပီး သူ၏ ဒူးေပၚရွိ ပြန္းပဲ့ဒဏ္ရာမ်ားက လုံးဝ ေပ်ာက္ကြယ္သြားခဲ့သည္။ သူဟာ ဒဏ္ရာရေနတဲ့ မူလေနရာကို လက္နဲ႕ဖိလိုက္ေတာ့ လုံးဝမနာေတာ့တာကို ေတြ႕ရွိသြားတယ္။ သူဝမ္းသာလြန္း၍ ထခုန္လုမိမတက္ ျဖစ္သြားမိတယ္။

ေနာက္ဆုံး ဘဝတြင္ သူသည္ ေခ်ာက္နက္ထဲသို႔ တြန္းပို႔ခံရေသာ္လည္း သူ႕အသက္ကို ယူေဆာင္သြားျခင္းကေန သူ ထိုေမွာ္ဆန္ေသာ အရာေလးကို ရရွိလိမ့္မည္ဟု မေမွ်ာ္လင့္ခဲ့ေပ။

သူက လက္ေကာက္ဝတ္ရွိ ၾကာဖူးကေလးမ်ားကိုထိၿပီး ေပ်ာ္႐ႊင္စြာၿပဳံးလိုက္မိတယ္။

******************************************

If you think my translation is poor, feel free to skip it. No one is forcing you to read it.

Continue Reading

You'll Also Like

4.1K 370 7
အစားခံရမွာေၾကာက္ေနတဲ့ ႂကြက္ေပါက္စေလးတစ္ေကာင္ဟာ ေနာက္ဆုံးမွာေတာ့ သူ႔ေနာက္လိုက္ေနတဲ့ အဲဒီေႁမြႀကီးဆီမွာ အစားခံခဲ့ရေလသည္။ သူဘယ္လို အစားခံခဲ့ရတာလဲ။ မင္းလ...
745K 14.5K 46
Amber Swan is the younger twin sister of Bella Swan. She is sick. She has Leukemia and she is dying. She's had it since she was 10. She's very close...