Second Chance - Woongtthew (O...

By MollyMoon3106

8.3K 981 217

နောက်တစ်ခေါက် ထပ်ကြိုးစားခွင့်ပေးနိုင်မလား? ေနာက္တစ္ေခါက္ ထပ္ႀကိဳးစားခြင့္ေပးနိုင္မလား? More

< Introducing >
Part 1
Part 2
Part 3
Part 4
Part 5
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25

Part 6

426 55 20
By MollyMoon3106

ဘုရားသခင်ရယ်....တောင်းဆုတစ်ခုကိုသာတောင်းရမယ်ဆိုရင်အချိန်အပိုင်းလေးကို မရွေ့စေတော့ဘဲ ရပ်န့်ထားချင်မိပါတယ်....။

___________________

" Hyung! "

သစ်သီးဆိုင်ရဲ့အရှေ့မှာ မြင်ဖူးနေသယောင်ရှိသည်ဆို၍ ကြည့်လိုက်ကာမှ အမှန်ပင် Jiwoongဖြစ်နေသည်မလို့ Matthew လှမ်းခေါ်မိလိုက်သည်။

" Matthew! "

သူတောင်သတိမထားမိလိုက်ခင် အချိန်မှာပဲ Jiwoongအနားကို ရောက်သွားပြီဖြစ်သည်။

" Hyungဒီမှာ ဘာလုပ်နေတာလဲ အိမ်မပြန်ဘူးလား ကျွန်တော် ပေးလိုက်တဲ့ ထီးရော "

Jiwoongတစ်ကိုယ်လုံးကိုကြည့်ကာ မေးခွန်းတွေ မေးနေသည်က အလွန်ပင် စိတ်ပူနေသည့်ပုံ။

" Matthew ပေးလိုက်တဲ့ ထီးက Yeriကို ပေးလိုက်တာလေ။ Hyungတို့က Busကားနဲ့ပဲ ပြန်လာတာ။ အဲ့တာ Yeri အိမ်က Busကားဂိတ်နဲ့ဝေးသေးလို့ သူ့ကိုထီးပေးလိုက်တာ "

" အဲ့တာဆို ဘာလို့Hyungက ဒီမှာရှိနေရတာလဲ "

Jiwoongက မပြောသေးဘဲ ရယ်ပြကာ

" အဲ့တာကလေ Hyung ပြန်လာရင်း ကားပေါ် အိပ်ပျော်သွားလို့ မှတ်တိုင်ကျော်သွားတာ ဆင်းလာတော့မှ Matthewတို့ ရပ်ကွက်မှန်းသတိထားမိတာ "

" အဲ့တော့ အခု နောက်Busကားစောင့်ရင်း ဒီမှာ မိုးဝင်ခိုနေတယ်ပေါ့ "

" အင်း ဟုတ်တယ် "

Matthewခမျာမှာလည်း Jiwoongကြောင့် ငိုရခက် ရယ်ရခက်ပင်။ အောက်ပိုင်းဒူးလောက်ထိက စိုရွှဲနေပြီး အပေါ်မှာလည်း မိုးအနည်းငယ်မိထား၍ ရေစိုစက်လက်ဖြစ်နေသည့် Jiwoongကို ဒီအတိုင်း ဘယ်ထားခဲ့ရက်နိုင်ပါ့မလဲ။

" ကျွန်တော့် အိမ်နဲ့လည်း ဝေးတော့တာမဟုတ်ဘူးဆိုတော့ လိုက်ခဲ့လိုက်တော့ "

ဆိုကာ Jiwoongကို ဆွဲလျက် ထီးတစ်ချောင်းအောက်မှာ အတူခိုလှုံကာ ပြန်လာခဲ့ကြသည်။ သူ့ထပ်အရပ်အနည်းငယ် ပိုရှည်နေသည့် Jiwoongကြောင့် ထီးဆောင်းပေးရတာ အခက်ခဲဖြစ်သည်ဆိုပေမဲ့ လျစ်လျူရှုထားလိုက်ပါသည်။

Jiwoongဘက်ကို မြှောက်ကာ ပိုဆောင်းပေးထားရလို့ သူ့ပခုံးပေါ် မိုးရေတွေကျလာပါစေ။ Jiwoongလုံဖို့သည်သာ အဓိက။

...............

" Hyung ရေအရင်ချိုးလိုက်နော်  ကျွန်တော် Hyungဝတ်ဖို့ တော်လောက်မဲ့ အဝတ်တွေ ထုတ်ထားပေးမယ် "

" အင်းပါ "

ဆိုကာ Jiwoongလည်း Matthewပေးထားသည့် သဘက်ကိုယူပြီး အခန်းထဲတွင်ပဲ အပေါ်ကကျောင်းဝတ်စုံတီရှပ်ကို ချွတ်လိုက်သည်။ ရုတ်တစ်ရက်မလို့ Matthewလည်း ရှက်ရမ်းရမ်းမိကာ တစ်ဖက်သို့ လှည့်သွားမိသည်။

ဒါကို သတိထားမိသည့် Jiwoongက Matthewရှက်မှန်းသိ၍ တစ်မင်စချင်သောကြောင့် တစ်ဖက်ကိုလှည့်ထားသည့် Matthew အနားကို တိတ်တိတ်လေး သွားလိုက်သည်။

စက္ကန့်ပိုင်းလောက်ကြာတော့ Jiwoong ရေချိုးခန်းထဲ ဝင်သွားလောက်ပြီထင်ကာ ပြန်လှည့်လာတော့မှ

" အမေ့!! "

ဆိုကာအပေါ်ပိုင်း ဗလာနှင့် Jiwoongကြောင့် ထယောင်မိတော့သည်။ ဒါကို Jiwoongက ဟက်ဟက်ပက်ပက်ရယ်ရင်း

" ဘာတွေအဲ့လောက်တောင် လန့်သွားရတာလဲ Matthewရဲ့ "

" Hyungက အသံလည်းမပေးဘူး "

စနောက်တာ အောင်မြင်သည်ဟုတွေးနေသည့် Jiwoongကတော့ ဘာမှတောင်ပြန်မပြောတော့ဘဲ ရှက်နေသည့် Matthewအား ကြည့်ကာ ရယ်နေလျက်။

" ဘာကို အဲ့လောက်တောင်ရယ်နေတာလဲ သွား ရေသွားချိုးတော့ "

" ဟုတ်ကဲ့ပါဗျာ ကြောက်ပါတယ် "

ရေချိုးခန်းထဲမဝင်ခင်ကို သူ့အားစနေသည့် Jiwoongရယ်ပါ။

အဝတ်ဗီဒိုထဲမှ သူနှင့် ဆိုဒ်မတော်၍ သိမ်းထားရသည့် တီရှပ်အပွအကြီးတစ်ထည်ရယ် အိမ်နေရင်းဘောင်းဘီတစ်ထည်ရယ်ကို ထုတ်ယူလိုက်ပြီး Jiwoongထွက်လာလျှင် အဆင်သင့်လဲလို့ရအောင် ကုတင်ပေါ် လွှားထားပေးလိုက်သည်။

သူ့ကိုယ်သူလည်း မိုးရေအနည်းငယ်စိုထားသည့် အဝတ်တွေကို လဲဝတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ ကျနေသည့် Jiwoongအဝတ်တွေရယ်ကို ယူကာ လျှော်စက်ထဲတစ်ခါတည်း ထည့်လျှော်ပေးလိုက်သည်။

Jiwoongက အမွှေးဆီဆပ်ပြာအနံ့ကိုကြိုက်တတ်၍ အဲ့တာကိုလည်း ထည့်ဖို့ကမမေ့။ အဝတ်ကိုစက်ထဲ လှည့်ထားခဲ့လိုက်ပြီး အခန်းထဲပြန်ရောက်လာတော့ စားပွဲပေါ်မှာ တင်ထားသည့် Jiwoongဖုန်းမှ မြည်လာခဲ့သည်။

" သဲ💗 "

ဟုမှတ်ထားသောကြောင့် ဘယ်သူဆက်မှန်းသိသောကြောင့် မကိုင်သေးဘဲ ဖုန်းကိုယူကာ ရေချိုးခန်းတံခါးကို ခေါက်၍

" Hyung! Yeri Noona ဖုန်းဆက်တယ် "

အစက ရေသံနှင့်မကြားသေး၍ နှစ်ခါသုံးခါလောက်အော်ပြောတော့မှ အထဲကအသံပြုလာသည်။

" ဘယ်သူဆက်တာ? "

" Hyungကောင်မလေး Yeri Noona "

" အာ....ကိုင်ပြီးပြောလိုက်ဦး Matthew
Hyung ဆပ်ပြာတိုက်နေတုန်းတန်းလန်းမလို့ "

" ဟုတ်ဟုတ် "

Matthewလည်း သုံးခါမြောက်အနေနဲ့ မြည်လာသည့် ဖုန်းကိုကိုင်လိုက်သည်။

" ကို! သဲခေါ်နေတာကြာနေပြီကို ဘာလို့အခုမှကိုင်တာလဲ အိမ်ပြန်မရောက်သေးဘူးလား "

" ဟိုလေ Yeri Noona ကျွန်တော် Matthewပါ "

Matthewအသံကြားတော့ တစ်ဖက်မှ ခဏတာငြိမ်သွားသေးသည်။

" Matthewလေးလား.... ကို့ရဲ့ ဖုန်းကဘယ်လိုလုပ် Matthewဆီမှာရောက်နေတာလဲ "

" အခု Hyungက ကျွန်တော့်အိမ်မှာပါ သူBusစီးရင်း အိပ်ပျော်သွားလို့ မှတ်တိုင်ကျော်သွားတာ ကျွန်တော့်အိမ်နားရောက်လာလို့ အဲ့တာ မိုး​ရေတွေလည်းစိုနေတာနဲ့ အိမ်ကို ခေါ်လိုက်တာ "

" သြော်...အဲ့လိုလား ဒါဆို ဒီနေ့ည သူMatthewအိမ်မှာ အိပ်မှာပေါ့ "

" ဟုတ် မိုးအခြေနေကြည့်ပြီးတော့ ပြန်မယ်ထင်တယ် သေချာတော့မသိသေးဘူး "

" အေးပါ အဲ့လိုဆိုလည်း ခဏနေ ရေချိုးပြီးရင် Noonaဆီ စာပြန်ပို့ဦးလို့ ပြောပေးပါဦးနော် Matthewလေး "

" ဟုတ်ကဲ့ ပြောလိုက်ပါ့မယ် "

ဖုန်းချလိုက်တော့ screenမှာပေါ်လာသည့် Wallpaperလေးက Jiwoongနှင့် သူ့ကောင်မလေးတို့ နှစ်ယောက်အတူ ရိုက်ထားသည့်ပုံ။ ထူးထူးခြားခြားအနေနဲ့ Lotte Worldသွားတုန်းက Matthewရိုက်ထားပေးသည့် ပုံလေးဖြစ်သည်။

တစ်ခြားသူရဲ့ ဖုန်းကို ကြာကြာယူကိုင်ထားရတာ မကောင်းသည်မလို့ ဖုန်းကိုပိတ်လိုက်ပြီး နဂိုမူလကတင်ထားသည့်အတိုင်း စားပွဲပေါ်တွင်ပြန်တင်လိုက်သည်။

ထို့နောက် ရေချိုးပြီး၍ ထွက်လာသည့် Jiwoongမှ

" Yeriက ဘာတဲ့လဲ "

" Hyungကို ပြန်ရောက်ကြောင်းမေးတာပါ။ အဲ့တာ ကျွန်တော်လည်း ကြည့်ကြပ်ဖြေလိုက်တယ် ပြီးရင်တော့ သူ့ဆီစာပြန်ပို့ဦးတဲ့ "

Jiwoongက နားလည်ကြောင်းပြသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလာသည်။

" ဒါဖြင့် ကျွန်တော် ရေချိုးလိုက်ဦးမယ် "

...........

ညရောက်သည်အထိ မတိတ်နိုင်အောင် စွေနေသောမိုးကြောင့် Jiwoong တစ်ယောက် Matthew အိမ်တွင်သာ ညအိပ်ရပါတော့သည်။

တီလေးလုပ်ကျွေးတဲ့ ညစာကိုစားပြီး နှစ်ယောက်လုံး အခန်းထဲတွင် စာလုပ်စရာရှိသည်များ လုပ်နေကြသည်။

" Hyung ဒီည ကျွန်တော့်ကုတင်ပေါ်မှာအိပ်လိုက်တော့ ကျွန်တော်က တီလေးအခန်းထဲသွားအိပ်လိုက်မယ် "

" ဟာ....ဘာလို့လဲ ကုတင်ကဖြင့် အကျယ်ကြီးကို နှစ်ယောက်အတူ အိပ်လို့ရပါတယ် "

Jiwoongအတွက်က ရတာမှန်ပေမဲ့ Matthewအတွက်က မရချေ။ Jiwoongနှင့်အတူရှိလျှင်ကို ခုန်လာသည့်နှလုံးသားကြောင့် အခက်တွေ့နေရပါသည်ဆိုမှ နီးနီးကပ်ကပ် အတူအိပ်ရလျှင် Matthewနှလုံးရောဂါရမည်မှ တစ်ပါး မရှိတော့။

" ရပါတယ် Hyungက သီးသန့်အိပ်ရတာကြိုက်တယ်မဟုတ်လား အဲ့တာကြောင့် အိပ်လိုက်ပါ ကျွန်တော်က တီလေးအခန်းထဲပဲ သွားအိပ်လိုက်မယ် "

" သြော်.....သိလိုက်ပါပြီ Matthewက Hyungနဲ့အတူ မအိပ်ချင်ဘူးပဲ ရပါတယ် ရပါတယ် Rickyကိုသာဆို အခုလိုပြောမှာမဟုတ်ဘူး "

တစ်မင် စိတ်မကောင်းဖြစ်ချင်ယောင်ဆောင်နေသော Jiwoong အားကြည့်ကာ ရယ်ချင်မိသည်။ လူကောင်ကကြီးသလောက် ကလေးစိတ်မပျောက်သည့် ပုံဖြစ်နေတော့ Matthewမယ် မနေတတ်။

" Hyungကလည်း ကလေးအတွေးတွေ တွေးနေပြန်ပြီ။ Ricky Geကိုဆိုလည်း အတူတူပဲ ပြောမိမှာ အခုက Hyungအဆင်မပြေဖြစ်မှာစိုးလို့ "

" ပြေပါတယ်ဆို အဲ့တာကြောင့် ဒီမှာပဲအတူတူအိပ် "

ငြင်းမရသည့် အဆုံးတော့ Matthewမယ် လက်ခံလိုက်ရတော့သည်။

" ဒါနဲ့ Matthewကို မေးပါဦးမယ် "

ကုတင်ပေါ်မှာ ကျကျနန နေရာယူပြီးသွားတော့ Jiwoongမှ စကားပြန်စလာသည်။ နေ့ခင်းက ကိစ္စအား သူမေးရဦးမည်လေ။

" ဘာကိုလဲ Hyung "

" ပိတ်ရက်ကျ စပါကတီသွားစားမှာ Rickyကိုပဲ ခေါ်ပြီး Hyungကို မခေါ်ရတဲ့ အကြောင်းရင်းလေး ပြောပါဦး "

ထိုအခါမှ Matthewက

" အာ...အဲ့တာလား။  Hyungက ပိတ်ရက်တွေဆို Yeri Noona နဲ့အတူတူdateလေ့ရှိတော့ အတူမလိုက်နိုင်လောက်ဘူးထင်လို့လေ "

" လိုက်နိုင်ပါတယ် Yeriအခုတစ်လော vlogရိုက်စရာ contentလည်း သိပ်မရှိတော့ Hyungတို့လည်း အပြင်မထွက်ဖြစ်ပါဘူး "

" အခုမှသတိထားမိတာ Hyungတို့က vlogရိုက်စရာရှိမှ dateသလိုပဲနော် အယ်....sry Hyung ကျွန်တော်ပြောတာ နည်းနည်း စည်းကျော်သလိုဖြစ်သွားတယ် "

Matthewလည်း ပြောပြီးတော့မှ သူလွန်မှန်းသိ၍ ပါးစပ်ကိုအသာလေး ပိတ်လိုက်မိသည်။ Jiwoongကိုလည်း အားနာသွားမိပါသည်။

သို့ပေမဲ့ Jiwoongကတော့ ပြုံးပြုံးလေးဖြင့်

" ရပါတယ်။ Matthewပြောတာလည်း မှန်နေတာပဲကို ။ Hyungလည်း တစ်ခါတစ်လေ စဥ်းစားမိတယ်သိလား Yeriက ကိုယ့်ကိုတစ်ကယ်ပဲ တွဲချင်တာလား ဒါမှမဟုတ် သူ့vlogတွေ နာမည်ကြီးဖို့ အတွက်နဲ့ Hyungကို အသုံးချနေတာလားလို့ ။ ချစ်သူကောင်လေးတစ်ယောက်အနေနဲ့ အခုလိုတော့မတွေးသင့်တာ မှန်ပေမဲ့လေ တစ်ခါတစ်လေ အဲ့အတွေးက ဝင်ဝင်လာလို့ပါ "

" အဲ့လိုလည်း ဟုတ်ချင်မှ ဟုတ်မှာပါ Hyungရဲ့ Yeri Noonaပုံစံကြည့်ရတာ ပေါ်ပင်ကြောင့် တွဲတာနဲ့တော့ သိပ်မတူပါဘူး Hyungကို တစ်ကယ်ချစ်တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ "

" မဟုတ်ဘူး Matthew "

ရုတ်တစ်ရက် ငြင်းလိုက်သည့် Jiwoongရဲ့ စကားကြောင့် Matthew ငြိမ်သက်သွားမိသည်မှာ ဘာလို့လဲ ဆိုသည့် မေးခွန်းကိုတောင် မေးဖို့ လည်ချောင်းဝတွင် စကားများက တစ်နေသည်အထိ။

" သူ Hyungကို တစ်ကယ်အချစ်စစ်နဲ့ ချစ်တာမဟုတ်ဘူးဆိုတာ Hyungသိတယ် ။ အဲ့ခံစားချက်က ဘယ်လိုလဲဆိုတာ ထုတ်ဖော်မပြောတတ်ပေမဲ့လေ Hyungခံစားမိနေတယ်သိလား သူHyungကို တစ်ကယ် မချစ်နေဘူးဆိုတာ "

သူ့အား ကြောင်တောင်တောင်လေးဖြင့် ဘာစကားမှမပြောတော့လောက်အောင် ဖြစ်နေသည့် Matthewကို ကြည့်ကာ Jiwoongက ခပ်ဖွဖွလေး ရယ်ပြီး

" ဘာတွေအဲ့လောက်တောင် ကြောင်ကြည့်နေရတာလဲ Hyungက ခံစားမိတဲ့အတိုင်း Matthewကို ယုံလို့ပြောပြမိတာပါ "

သူ့ကို ယုံကြည်လို့ ပြောပြရတာပါဆိုသည့် စကားကြောင့် Matthewရင်ထဲကြည်နူးမိသွားသည်။ အခုလို ခံစားချက်တွေကို ဖွင့်ပြောရလောက်အောင်အထိ သူက Jiwoongရဲ့ ယုံကြည်ရာလေး ဖြစ်နေသည်ဆိုတာနဲ့တင်ကို ကျေနပ်နေပါပြီ။

" ဒါပေမဲ့လေ Hyungသိထားရမှာက Yeri Noonaက တစ်ကယ်မချစ်ဘူးဆိုရင်တောင် Hyungကို တစ်ကယ်အချစ်စစ်နဲ့ နှစ်နှစ်ကာကာ ချစ်နေပေးတဲ့သူ ရှိချင်ရှိမှာပေါ့ "

*ဥပမာ...ကျွန်တော်လေ*

အတွေးထဲကပြောလိုက်သည့် စကားလေးကိုတော့ ထိမ်ချန်ထားပါဦးမည်လေ။

" ဒါဆို ဘယ်သူများလဲ အဲ့လူက.... Rickyလား haha "

Jiwoongက သူ့ဟာသူနောက်ပြီး ထရယ်သည်။ Matthewကလည်း ရယ်ရင်း

" ဟာ မဟုတ်တာတွေ ပြောနေပြန်ပြီ Ricky Geသာကြားရင် Hyungအခု အမှုန့်ဖြစ်နေလောက်ပြီ "

ပြန်လည်ရယ်မောလာသည့် Jiwoongကို မြင်ရမှသာ Matthewမယ် အသက်ဝဝရှုရဲတော့သည်။

" ဒါဖြင့် ကျွန်တော် Hyungကို တစ်ခုသေချာအောင် မေးချင်တယ် "

" အင်း "

" Yeri Noonaကို Hyungကရော တစ်ကယ်ချစ်ရဲ့လား "

ကွေးညွတ်နေသည့် နှုတ်ခမ်းပါးလေးက ပြန်လည်စေ့သွားပြီး တည်ငြိမ်သည့် အနေအထားကို ​ပြန်ရောက်သွားသည်။

" Hyung.....မပြောတတ်ဘူး "

Jiwoongအဖြေကို Matthewက သဘောမကျ။

" ကိုယ့်ခံစားချက်က ဘာမှန်းတောင်သေချာမသိဘဲ လူတစ်ယောက်ကို ချစ်တယ် ပြောပြီး တွဲတယ်ပေါ့ Hyungက "

" အဲ့လိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့......တော်ပြီ! Matthew ကိုယ်ဒီမေးခွန်းတွေ မဖြေချင်တော့ဘူး "

" ဟုတ်ပါပြီ Hyung "

မဖြေချင်တော့ဘူးဆိုမှတော့ Matthewမယ် ဆက်မေးခွင့်မရှိတော့။ ဒါကြောင့် နှစ်ယောက်လုံး စကားပြောနေရာမှ ငြိမ်သက်သွားကြပြီး တိတ်ဆိတ်သည့် လေထုက ကြီးစိုးလာသည်။

Jiwoongကလည်း ကုတင်ခေါင်းရင်းကို မှီကာ ဖုန်းသုံးနေပြီး Matthewကလည်း ခေါင်းအုံးပေါ်ခေါင်းချကာ အိပ်ရန်ပြင်တော့သည်။

" အိပ်တော့မလို့လား "

စောနကထိ စကားစပြတ်သွားကတည်းက ဆက်မပြောပေမဲ့ ယခုနေတော့ကျ ထွက်လာသည့် မေးခွန်း။

" အင်း အိပ်တော့မယ် "

Jiwoongကို ကျောပေးကာ လှဲနေသည်မလို့

" Hyung ဘက်လှည့်ပါဦး Matthewရဲ့ "

ပြောလည်းပြော ဆွဲကာလှည့်လိုက်သည်။

" Hyungစောနက မေးခွန်းကို မဖြေလို့ စိတ်ကောက်နေတာလား "

" ဟာ.....ကျွန်တော့်ကို တစ်ချိန်လုံးစိတ်ကောက်နေတယ်များ ထင်နေရအောင် ကျွန်တော်က ကလေးလား Hyungရဲ့ "

" ကလေးမဟုတ်လည်း ဒီက ကလေးကြီးက တစ်ခုခုဆို ထစ်ခနဲရှိ စိတ်ကောက်တတ်လို့ပေါ့ဗျာ "

ဆိုကာ Matthewရဲ့ ပါးလေးနှစ်ဖက်ကို အသာအယာဆွဲညှစ်သေးသည်။ နောက်တော့ အသည်းယားလာ၍ ထင်ပါရဲ့။ မနေနိုင်သည့် အဆုံး Matthewရဲ့ မိုချီလုံးလေးလို နူးညံ့အိစက်နေသည့် ပါးလေးနှစ်ဖက်အား ရွှတ်ခနဲ ရွှတ်ခနဲ မြည်အောင် ငုံ့နမ်းလိုက်သည့် Jiwoong။

ရုတ်တစ်ရက်မလို့ Matthewမယ် လှဲနေရာမှ ငေါက်ခနဲ ထထိုင်မိသည်။

" အာ Hyung!!!! အဲ့လိုတွေ မနမ်းနဲ့လို့ ပြောထားတယ်လေ! "

အလိုမကျသည့် ပုံဖြင့် အော်လိုက်မိပေမဲ့ တစ်ကယ်တမ်းက သဘောကျလွန်း၍ Matthewရင်ထဲ ဗလောင်ဆူနေပြီဖြစ်သည်။

" ဘာဖြစ်တုန်း ကိုယ့်ညီလေးကိုနမ်းတာ "

ထိုသို့ပြောလာတော့ နဂါးမျက်စောင်းလေးက ဒိုင်းခနဲပင်။

" အသည်းယားလို့ပါ Matthewရယ် "

" တော်ပြီ အိပ်ပြီ မနှောင့်ယှက်နဲ့တော့ "

ဆိုကာ ပြန်လှဲသွားသည့် Matthew။ ပြုံးစိစိနှင့် Jiwoongကလည်း Matthewလှဲသည်နှင့် လိုက်လှဲကာ

" Matthew "

" ဗျာ "

" Matthew "

" ပြောလေ Hyung "

" Matthew "

" ဟ! ကျွန်တော် တစ်ကယ် တီလေးဆီ သွားအိပ်တော့မှာနော် "

တစ်ကယ် ထသွားမယ်လုပ်နေသည့် Matthewအား မနည်းပြန်ဆွဲထားကာ

" ဟုတ်ပါပြီဗျာ မသွားပါနဲ့ မစတော့ပါဘူး လာလာ အိပ်တော့မယ် "

ထိုသို့ပြောမှာသာ ပြန်လှဲလာသည့် Matthew။ Jiwoongကို ဆက်လက်ကျောပေးထားသည်မလို့ Matthewအနားကို တိုးသွားလိုက်ပြီး ရင်ခွင်ထဲထည့်ကာ ဖက်အိပ်တော့သည်။

" ပူတယ် Hyung "

" Airconဖွင့်ထားတယ် "

" ဒါပေမဲ့ Hyungကပ်နေတာ ပူတယ်လို့ "

" ပူလည်း အိပ်ပျော်ရင်သိတော့မှာမဟုတ်ဘူး အိပ်တော့ "

ဆိုကာပိုပြီး​တောင် တင်းတင်းဖက်လာသည်။

အမှန်က ပူနေခြင်းမဟုတ်။ အလွန့်အလွန်ကိုမှ နီးကပ်နေသည့် Jiwoongကြောင့် Matthewရင်ထဲ ဗလောင်ဆူနေခြင်းသာ။

ရည်းစားရှိပြီးသားလူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ နေတာ မကောင်းဘူးဆိုပေမဲ့ ကျောပေးထားသည့် Matthewမှ Jiwoongဘက်ကို ဖြေးဖြေးချင်းလှည့်လာသည်။ နှလုံးသားရဲ့ စေရာအတိုင်းလုပ်ပါရစေ။

" အရမ်းပူနေလို့လား "

Jiwoongက စိတ်ပူသည့် လေသံဖြင့် မေးလာတော့ Matthewက အသာအယာခေါင်းခါလာသည်။

" အိပ်ပြီ Goodnight "

ဆိုကာ Jiwoongရင်ဘတ်နားလေး ခေါင်းသွားတိုးပြီး မျက်စိမှိတ်လိုက်သည်။ ဘုရားသခင်ရယ်....တောင်းဆုတစ်ခုကိုသာတောင်းရမယ်ဆိုရင် ဤအချိန်အပိုင်းလေးကို မရွေ့စေတော့ဘဲ ရပ်တန့်ထားချင်မိပါတယ်....။

ချစ်ရသူရဲ့ရင်ခွင်ထဲမှာ သဘောအကျရဆုံးသော ကိုယ်သင်းနံ့လေးကို ရှူရှိုက်ရင်း ညတာကို ကောင်းကောင်းဖြတ်သန်းရတဲ့ အချိန်အပိုင်းလေးတစ်ခုပေါ့။

Jiwoongကတော့ သူ့ကို တစ်ကယ်ချစ်တဲ့သူက ဘယ်သူလဲ မသိနေသေးပေမဲ့ ထိုလူဟာ သူပါဆိုတာကို အခါခွင့်ကြုံတော့မှ တစ်ဝကြီး ပြောပြပါဦးမယ်။ အခုတော့ သည်းခံခြင်းတရားကို လက်ကိုင်ထားလို့ ချစ်ခြင်းတရားကို ထိန်းသိမ်းထားရဦးမည်လေ။

ဖက်ထားသည့် Jiwoongဟာလည်း နွေးထွေးသည့် အထိအတွေ့တွေရယ် သူ့ရင်ခွင်ထဲကို ခေါင်းတိုးပြီး အိပ်ပျော်နေသည့် အကောင်ပေါက်လေးရယ်ကြောင့် ဒီညကို ကောင်းစွာအိပ်စက်နိုင်တော့မည်ထင်ပါသည်။

ရင်ခွင်ထဲမှ ခေါင်းလုံးလုံးလေးအား အသာယာအနမ်းလေးတစ်ခေါက်ပေးပြီးတော့မှ အိပ်စက်ခြင်းဆီသို့ ဦးတည်လိုက်သည်။

သို့ပေမဲ့ ကောင်လေးနှစ်ယောက်လုံးရဲ့ အတွေးထဲမှာ ကြီးစိုးနေသည့် မေးခွန်းတစ်ခုက

" ညီအကိုတွေဆို အခုလိုနေလား " ဆိုတာပင်ဖြစ်သည်။

_________________________________________

Thanks for reading🌸

Zawgyi

ဘုရားသခင္ယ္....ေတာင္းဆုစ္ခုကိုသာေတာင္းရမယ္ဆိုင္ ဤအခ်ိန္ပိုင္းေလးကို မေ႐ြ႕ေစေတာ့ဘဲပ္န့္ထားခ်င္မိပါယ္....။

___________________

" Hyung! "

သစ္သီးဆိုင္ရဲ႕အေရွ႕မွာ ျမင္ဖူးေနသေယာင္ရွိသည္ဆို၍ ၾကည့္လိုက္ကာမွ အမွန္ပင္ Jiwoongျဖစ္ေနသည္မလို႔ Matthew လွမ္းေခၚမိလိုက္သည္။

" Matthew! "

သူေတာင္သတိမထားမိလိုက္ခင္ အခ်ိန္မွာပဲ Jiwoongအနားကို ေရာက္သြားၿပီျဖစ္သည္။

" Hyungဒီမွာ ဘာလုပ္ေနတာလဲ အိမ္မျပန္ဘူးလား ကြၽန္ေတာ္ ေပးလိုက္တဲ့ ထီးေရာ "

Jiwoongတစ္ကိုယ္လုံးကိုၾကည့္ကာ ေမးခြန္းေတြ ေမးေနသည္က အလြန္ပင္ စိတ္ပူေနသည့္ပုံ။

" Matthew ေပးလိုက္တဲ့ ထီးက Yeriကို ေပးလိုက္တာေလ။ Hyungတို႔က Busကားနဲ႕ပဲ ျပန္လာတာ။ အဲ့တာ Yeri အိမ္က Busကားဂိတ္နဲ႕ေဝးေသးလို႔ သူ႕ကိုထီးေပးလိုက္တာ "

" အဲ့တာဆို ဘာလို႔Hyungက ဒီမွာရွိေနရတာလဲ "

Jiwoongက မေျပာေသးဘဲ ရယ္ျပကာ

" အဲ့တာကေလ Hyung ျပန္လာရင္း ကားေပၚ အိပ္ေပ်ာ္သြားလို႔ မွတ္တိုင္ေက်ာ္သြားတာ ဆင္းလာေတာ့မွ Matthewတို႔ ရပ္ကြက္မွန္းသတိထားမိတာ "

" အဲ့ေတာ့ အခု ေနာက္Busကားေစာင့္ရင္း ဒီမွာ မိုးဝင္ခိုေနတယ္ေပါ့ "

" အင္း ဟုတ္တယ္ "

Matthewခမ်ာမွာလည္း Jiwoongေၾကာင့္ ငိုရခက္ ရယ္ရခက္ပင္။ ေအာက္ပိုင္းဒူးေလာက္ထိက စို႐ႊဲေနၿပီး အေပၚမွာလည္း မိုးအနည္းငယ္မိထား၍ ေရစိုစက္လက္ျဖစ္ေနသည့္ Jiwoongကို ဒီအတိုင္း ဘယ္ထားခဲ့ရက္နိုင္ပါ့မလဲ။

" ကြၽန္ေတာ့္ အိမ္နဲ႕လည္း ေဝးေတာ့တာမဟုတ္ဘူးဆိုေတာ့ လိုက္ခဲ့လိုက္ေတာ့ "

ဆိုကာ Jiwoongကို ဆြဲလ်က္ ထီးတစ္ေခ်ာင္းေအာက္မွာ အတူခိုလႈံကာ ျပန္လာခဲ့ၾကသည္။ သူ႕ထပ္အရပ္အနည္းငယ္ ပိုရွည္ေနသည့္ Jiwoongေၾကာင့္ ထီးေဆာင္းေပးရတာ အခက္ခဲျဖစ္သည္ဆိုေပမဲ့ လ်စ္လ်ဴရႈထားလိုက္ပါသည္။

Jiwoongဘက္ကို ျမႇောက္ကာ ပိုေဆာင္းေပးထားရလို႔ သူ႕ပခုံးေပၚ မိုးေရေတြက်လာပါေစ။ Jiwoongလုံဖို႔သည္သာ အဓိက။

...............

" Hyung ေရအရင္ခ်ိဳးလိုက္ေနာ္  ကြၽန္ေတာ္ Hyungဝတ္ဖို႔ ေတာ္ေလာက္မဲ့ အဝတ္ေတြ ထုတ္ထားေပးမယ္ "

" အင္းပါ "

ဆိုကာ Jiwoongလည္း Matthewေပးထားသည့္ သဘက္ကိုယူၿပီး အခန္းထဲတြင္ပဲ အေပၚကေက်ာင္းဝတ္စုံတီရွပ္ကို ခြၽတ္လိုက္သည္။ ႐ုတ္တစ္ရက္မလို႔ Matthewလည္း ရွက္ရမ္းရမ္းမိကာ တစ္ဖက္သို႔ လွည့္သြားမိသည္။

ဒါကို သတိထားမိသည့္ Jiwoongက Matthewရွက္မွန္းသိ၍ တစ္မင္စခ်င္ေသာေၾကာင့္ တစ္ဖက္ကိုလွည့္ထားသည့္ Matthew အနားကို တိတ္တိတ္ေလး သြားလိုက္သည္။

စကၠန့္ပိုင္းေလာက္ၾကာေတာ့ Jiwoong ေရခ်ိဳးခန္းထဲ ဝင္သြားေလာက္ၿပီထင္ကာ ျပန္လွည့္လာေတာ့မွ

" အေမ့!! "

ဆိုကာအေပၚပိုင္း ဗလာႏွင့္ Jiwoongေၾကာင့္ ထေယာင္မိေတာ့သည္။ ဒါကို Jiwoongက ဟက္ဟက္ပက္ပက္ရယ္ရင္း

" ဘာေတြအဲ့ေလာက္ေတာင္ လန့္သြားရတာလဲ Matthewရဲ႕ "

" Hyungက အသံလည္းမေပးဘူး "

စေနာက္တာ ေအာင္ျမင္သည္ဟုေတြးေနသည့္ Jiwoongကေတာ့ ဘာမွေတာင္ျပန္မေျပာေတာ့ဘဲ ရွက္ေနသည့္ Matthewအား ၾကည့္ကာ ရယ္ေနလ်က္။

" ဘာကို အဲ့ေလာက္ေတာင္ရယ္ေနတာလဲ သြား ေရသြားခ်ိဳးေတာ့ "

" ဟုတ္ကဲ့ပါဗ်ာ ေၾကာက္ပါတယ္ "

ေရခ်ိဳးခန္းထဲမဝင္ခင္ကို သူ႕အားစေနသည့္ Jiwoongရယ္ပါ။

အဝတ္ဗီဒိုထဲမွ သူႏွင့္ ဆိုဒ္မေတာ္၍ သိမ္းထားရသည့္ တီရွပ္အပြအႀကီးတစ္ထည္ရယ္ အိမ္ေနရင္းေဘာင္းဘီတစ္ထည္ရယ္ကို ထုတ္ယူလိုက္ၿပီး Jiwoongထြက္လာလွ်င္ အဆင္သင့္လဲလို႔ရေအာင္ ကုတင္ေပၚ လႊားထားေပးလိုက္သည္။

သူ႕ကိုယ္သူလည္း မိုးေရအနည္းငယ္စိုထားသည့္ အဝတ္ေတြကို လဲဝတ္လိုက္ၿပီး ၾကမ္းျပင္ေပၚမွာ က်ေနသည့္ Jiwoongအဝတ္ေတြရယ္ကို ယူကာ ေလွ်ာ္စက္ထဲတစ္ခါတည္း ထည့္ေလွ်ာ္ေပးလိုက္သည္။

Jiwoongက အေမႊးဆီဆပ္ျပာအနံ႕ကိုႀကိဳက္တတ္၍ အဲ့တာကိုလည္း ထည့္ဖို႔ကမေမ့။ အဝတ္ကိုစက္ထဲ လွည့္ထားခဲ့လိုက္ၿပီး အခန္းထဲျပန္ေရာက္လာေတာ့ စားပြဲေပၚမွာ တင္ထားသည့္ Jiwoongဖုန္းမွ ျမည္လာခဲ့သည္။

" သဲ💗 "

ဟုမွတ္ထားေသာေၾကာင့္ ဘယ္သူဆက္မွန္းသိေသာေၾကာင့္ မကိုင္ေသးဘဲ ဖုန္းကိုယူကာ ေရခ်ိဳးခန္းတံခါးကို ေခါက္၍

" Hyung! Yeri Noona ဖုန္းဆက္တယ္ "

အစက ေရသံႏွင့္မၾကားေသး၍ ႏွစ္ခါသုံးခါေလာက္ေအာ္ေျပာေတာ့မွ အထဲကအသံျပဳလာသည္။

" ဘယ္သူဆက္တာ? "

" Hyungေကာင္မေလး Yeri Noona "

" အာ....ကိုင္ၿပီးေျပာလိုက္ဦး Matthew
Hyung ဆပ္ျပာတိုက္ေနတုန္းတန္းလန္းမလို႔ "

" ဟုတ္ဟုတ္ "

Matthewလည္း သုံးခါေျမာက္အေနနဲ႕ ျမည္လာသည့္ ဖုန္းကိုကိုင္လိုက္သည္။

" ကို! သဲေခၚေနတာၾကာေနၿပီကို ဘာလို႔အခုမွကိုင္တာလဲ အိမ္ျပန္မေရာက္ေသးဘူးလား "

" ဟိုေလ Yeri Noona ကြၽန္ေတာ္ Matthewပါ "

Matthewအသံၾကားေတာ့ တစ္ဖက္မွ ခဏတာၿငိမ္သြားေသးသည္။

" Matthewေလးလား.... ကို႔ရဲ႕ ဖုန္းကဘယ္လိုလုပ္ Matthewဆီမွာေရာက္ေနတာလဲ "

" အခု Hyungက ကြၽန္ေတာ့္အိမ္မွာပါ သူBusစီးရင္း အိပ္ေပ်ာ္သြားလို႔ မွတ္တိုင္ေက်ာ္သြားတာ ကြၽန္ေတာ့္အိမ္နားေရာက္လာလို႔ အဲ့တာ မိုး​ေရေတြလည္းစိုေနတာနဲ႕ အိမ္ကို ေခၚလိုက္တာ "

" ေၾသာ္...အဲ့လိုလား ဒါဆို ဒီေန႕ည သူMatthewအိမ္မွာ အိပ္မွာေပါ့ "

" ဟုတ္ မိုးအေျခေနၾကည့္ၿပီးေတာ့ ျပန္မယ္ထင္တယ္ ေသခ်ာေတာ့မသိေသးဘူး "

" ေအးပါ အဲ့လိုဆိုလည္း ခဏေန ေရခ်ိဳးၿပီးရင္ Noonaဆီ စာျပန္ပို႔ဦးလို႔ ေျပာေပးပါဦးေနာ္ Matthewေလး "

" ဟုတ္ကဲ့ ေျပာလိုက္ပါ့မယ္ "

ဖုန္းခ်လိဳက္ေတာ့ screenမွာေပၚလာသည့္ Wallpaperေလးက Jiwoongႏွင့္ သူ႕ေကာင္မေလးတို႔ ႏွစ္ေယာက္အတူ ရိုက္ထားသည့္ပုံ။ ထူးထူးျခားျခားအေနနဲ႕ Lotte Worldသြားတုန္းက Matthewရိုက္ထားေပးသည့္ ပုံေလးျဖစ္သည္။

တစ္ျခားသူရဲ႕ ဖုန္းကို ၾကာၾကာယူကိုင္ထားရတာ မေကာင္းသည္မလို႔ ဖုန္းကိုပိတ္လိုက္ၿပီး နဂိုမူလကတင္ထားသည့္အတိုင္း စားပြဲေပၚတြင္ျပန္တင္လိုက္သည္။

ထို႔ေနာက္ ေရခ်ိဳးၿပီး၍ ထြက္လာသည့္ Jiwoongမွ

" Yeriက ဘာတဲ့လဲ "

" Hyungကို ျပန္ေရာက္ေၾကာင္းေမးတာပါ။ အဲ့တာ ကြၽန္ေတာ္လည္း ၾကည့္ၾကပ္ေျဖလိုက္တယ္ ၿပီးရင္ေတာ့ သူ႕ဆီစာျပန္ပို႔ဦးတဲ့ "

Jiwoongက နားလည္ေၾကာင္းျပသည့္ သေဘာျဖင့္ ေခါင္းၿငိမ့္ျပလာသည္။

" ဒါျဖင့္ ကြၽန္ေတာ္ ေရခ်ိဳးလိုက္ဦးမယ္ "

...........

ညေရာက္သည္အထိ မတိတ္နိုင္ေအာင္ ေစြေနေသာမိုးေၾကာင့္ Jiwoong တစ္ေယာက္ Matthew အိမ္တြင္သာ ညအိပ္ရပါေတာ့သည္။

တီေလးလုပ္ေကြၽးတဲ့ ညစာကိုစားၿပီး ႏွစ္ေယာက္လုံး အခန္းထဲတြင္ စာလုပ္စရာရွိသည္မ်ား လုပ္ေနၾကသည္။

" Hyung ဒီည ကြၽန္ေတာ့္ကုတင္ေပၚမွာအိပ္လိုက္ေတာ့ ကြၽန္ေတာ္က တီေလးအခန္းထဲသြားအိပ္လိုက္မယ္ "

" ဟာ....ဘာလို႔လဲ ကုတင္ကျဖင့္ အက်ယ္ႀကီးကို ႏွစ္ေယာက္အတူ အိပ္လို႔ရပါတယ္ "

Jiwoongအတြက္က ရတာမွန္ေပမဲ့ Matthewအတြက္က မရေခ်။ Jiwoongႏွင့္အတူရွိလွ်င္ကို ခုန္လာသည့္ႏွလုံးသားေၾကာင့္ အခက္ေတြ႕ေနရပါသည္ဆိုမွ နီးနီးကပ္ကပ္ အတူအိပ္ရလွ်င္ Matthewႏွလုံးေရာဂါရမည္မွ တစ္ပါး မရွိေတာ့။

" ရပါတယ္ Hyungက သီးသန့္အိပ္ရတာႀကိဳက္တယ္မဟုတ္လား အဲ့တာေၾကာင့္ အိပ္လိုက္ပါ ကြၽန္ေတာ္က တီေလးအခန္းထဲပဲ သြားအိပ္လိုက္မယ္ "

" ေၾသာ္.....သိလိုက္ပါၿပီ Matthewက Hyungနဲ႕အတူ မအိပ္ခ်င္ဘူးပဲ ရပါတယ္ ရပါတယ္ Rickyကိုသာဆို အခုလိုေျပာမွာမဟုတ္ဘူး "

တစ္မင္ စိတ္မေကာင္းျဖစ္ခ်င္ေယာင္ေဆာင္ေနေသာ Jiwoong အားၾကည့္ကာ ရယ္ခ်င္မိသည္။ လူေကာင္ကႀကီးသေလာက္ ကေလးစိတ္မေပ်ာက္သည့္ ပုံျဖစ္ေနေတာ့ Matthewမယ္ မေနတတ္။

" Hyungကလည္း ကေလးအေတြးေတြ ေတြးေနျပန္ၿပီ။ Ricky Geကိုဆိုလည္း အတူတူပဲ ေျပာမိမွာ အခုက Hyungအဆင္မေျပျဖစ္မွာစိုးလို႔ "

" ေျပပါတယ္ဆို အဲ့တာေၾကာင့္ ဒီမွာပဲအတူတူအိပ္ "

ျငင္းမရသည့္ အဆုံးေတာ့ Matthewမယ္ လက္ခံလိုက္ရေတာ့သည္။

" ဒါနဲ႕ Matthewကို ေမးပါဦးမယ္ "

ကုတင္ေပၚမွာ က်က်နန ေနရာယူၿပီးသြားေတာ့ Jiwoongမွ စကားျပန္စလာသည္။ ေန႕ခင္းက ကိစၥအား သူေမးရဦးမည္ေလ။

" ဘာကိုလဲ Hyung "

" ပိတ္ရက္က် စပါကတီသြားစားမွာ Rickyကိုပဲ ေခၚၿပီး Hyungကို မေခၚရတဲ့ အေၾကာင္းရင္းေလး ေျပာပါဦး "

ထိုအခါမွ Matthewက

" အာ...အဲ့တာလား။  Hyungက ပိတ္ရက္ေတြဆို Yeri Noona နဲ႕အတူတူdateေလ့ရွိေတာ့ အတူမလိုက္နိုင္ေလာက္ဘူးထင္လို႔ေလ "

" လိုက္နိုင္ပါတယ္ Yeriအခုတစ္ေလာ vlogရိုက္စရာ contentလည္း သိပ္မရွိေတာ့ Hyungတို႔လည္း အျပင္မထြက္ျဖစ္ပါဘူး "

" အခုမွသတိထားမိတာ Hyungတို႔က vlogရိုက္စရာရွိမွ dateသလိုပဲေနာ္ အယ္....sry Hyung ကြၽန္ေတာ္ေျပာတာ နည္းနည္း စည္းေက်ာ္သလိုျဖစ္သြားတယ္ "

Matthewလည္း ေျပာၿပီးေတာ့မွ သူလြန္မွန္းသိ၍ ပါးစပ္ကိုအသာေလး ပိတ္လိုက္မိသည္။ Jiwoongကိုလည္း အားနာသြားမိပါသည္။

သို႔ေပမဲ့ Jiwoongကေတာ့ ၿပဳံးၿပဳံးေလးျဖင့္

" ရပါတယ္။ Matthewေျပာတာလည္း မွန္ေနတာပဲကို ။ Hyungလည္း တစ္ခါတစ္ေလ စဥ္းစားမိတယ္သိလား Yeriက ကိုယ့္ကိုတစ္ကယ္ပဲ တြဲခ်င္တာလား ဒါမွမဟုတ္ သူ႕vlogေတြ နာမည္ႀကီးဖို႔ အတြက္နဲ႕ Hyungကို အသုံးခ်ေနတာလားလို႔ ။ ခ်စ္သူေကာင္ေလးတစ္ေယာက္အေနနဲ႕ အခုလိုေတာ့မေတြးသင့္တာ မွန္ေပမဲ့ေလ တစ္ခါတစ္ေလ အဲ့အေတြးက ဝင္ဝင္လာလို႔ပါ "

" အဲ့လိုလည္း ဟုတ္ခ်င္မွ ဟုတ္မွာပါ Hyungရဲ႕ Yeri Noonaပုံစံၾကည့္ရတာ ေပၚပင္ေၾကာင့္ တြဲတာနဲ႕ေတာ့ သိပ္မတူပါဘူး Hyungကို တစ္ကယ္ခ်စ္တာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ "

" မဟုတ္ဘူး Matthew "

႐ုတ္တစ္ရက္ ျငင္းလိုက္သည့္ Jiwoongရဲ႕ စကားေၾကာင့္ Matthew ၿငိမ္သက္သြားမိသည္မွာ ဘာလို႔လဲ ဆိုသည့္ ေမးခြန္းကိုေတာင္ ေမးဖို႔ လည္ေခ်ာင္းဝတြင္ စကားမ်ားက တစ္ေနသည္အထိ။

" သူ Hyungကို တစ္ကယ္အခ်စ္စစ္နဲ႕ ခ်စ္တာမဟုတ္ဘူးဆိုတာ Hyungသိတယ္ ။ အဲ့ခံစားခ်က္က ဘယ္လိုလဲဆိုတာ ထုတ္ေဖာ္မေျပာတတ္ေပမဲ့ေလ Hyungခံစားမိေနတယ္သိလား သူHyungကို တစ္ကယ္ မခ်စ္ေနဘူးဆိုတာ "

သူ႕အား ေၾကာင္ေတာင္ေတာင္ေလးျဖင့္ ဘာစကားမွမေျပာေတာ့ေလာက္ေအာင္ ျဖစ္ေနသည့္ Matthewကို ၾကည့္ကာ Jiwoongက ခပ္ဖြဖြေလး ရယ္ၿပီး

" ဘာေတြအဲ့ေလာက္ေတာင္ ေၾကာင္ၾကည့္ေနရတာလဲ Hyungက ခံစားမိတဲ့အတိုင္း Matthewကို ယုံလို႔ေျပာျပမိတာပါ "

သူ႕ကို ယုံၾကည္လို႔ ေျပာျပရတာပါဆိုသည့္ စကားေၾကာင့္ Matthewရင္ထဲၾကည္ႏူးမိသြားသည္။ အခုလို ခံစားခ်က္ေတြကို ဖြင့္ေျပာရေလာက္ေအာင္အထိ သူက Jiwoongရဲ႕ ယုံၾကည္ရာေလး ျဖစ္ေနသည္ဆိုတာနဲ႕တင္ကို ေက်နပ္ေနပါၿပီ။

" ဒါေပမဲ့ေလ Hyungသိထားရမွာက Yeri Noonaက တစ္ကယ္မခ်စ္ဘူးဆိုရင္ေတာင္ Hyungကို တစ္ကယ္အခ်စ္စစ္နဲ႕ ႏွစ္ႏွစ္ကာကာ ခ်စ္ေနေပးတဲ့သူ ရွိခ်င္ရွိမွာေပါ့ "

*ဥပမာ...ကြၽန္ေတာ္ေလ*

အေတြးထဲကေျပာလိုက္သည့္ စကားေလးကိုေတာ့ ထိမ္ခ်န္ထားပါဦးမည္ေလ။

" ဒါဆို ဘယ္သူမ်ားလဲ အဲ့လူက.... Rickyလား haha "

Jiwoongက သူ႕ဟာသူေနာက္ၿပီး ထရယ္သည္။ Matthewကလည္း ရယ္ရင္း

" ဟာ မဟုတ္တာေတြ ေျပာေနျပန္ၿပီ Ricky Geသာၾကားရင္ Hyungအခု အမႈန့္ျဖစ္ေနေလာက္ၿပီ "

ျပန္လည္ရယ္ေမာလာသည့္ Jiwoongကို ျမင္ရမွသာ Matthewမယ္ အသက္ဝဝရႈရဲေတာ့သည္။

" ဒါျဖင့္ ကြၽန္ေတာ္ Hyungကို တစ္ခုေသခ်ာေအာင္ ေမးခ်င္တယ္ "

" အင္း "

" Yeri Noonaကို Hyungကေရာ တစ္ကယ္ခ်စ္ရဲ႕လား "

ေကြးၫြတ္ေနသည့္ ႏႈတ္ခမ္းပါးေလးက ျပန္လည္ေစ့သြားၿပီး တည္ၿငိမ္သည့္ အေနအထားကို ​ျပန္ေရာက္သြားသည္။

" Hyung.....မေျပာတတ္ဘူး "

Jiwoongအေျဖကို Matthewက သေဘာမက်။

" ကိုယ့္ခံစားခ်က္က ဘာမွန္းေတာင္ေသခ်ာမသိဘဲ လူတစ္ေယာက္ကို ခ်စ္တယ္ ေျပာၿပီး တြဲတယ္ေပါ့ Hyungက "

" အဲ့လိုေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့......ေတာ္ၿပီ! Matthew ကိုယ္ဒီေမးခြန္းေတြ မေျဖခ်င္ေတာ့ဘူး "

" ဟုတ္ပါၿပီ Hyung "

မေျဖခ်င္ေတာ့ဘူးဆိုမွေတာ့ Matthewမယ္ ဆက္ေမးခြင့္မရွိေတာ့။ ဒါေၾကာင့္ ႏွစ္ေယာက္လုံး စကားေျပာေနရာမွ ၿငိမ္သက္သြားၾကၿပီး တိတ္ဆိတ္သည့္ ေလထုက ႀကီးစိုးလာသည္။

Jiwoongကလည္း ကုတင္ေခါင္းရင္းကို မွီကာ ဖုန္းသုံးေနၿပီး Matthewကလည္း ေခါင္းအုံးေပၚေခါင္းခ်ကာ အိပ္ရန္ျပင္ေတာ့သည္။

" အိပ္ေတာ့မလို႔လား "

ေစာနကထိ စကားစျပတ္သြားကတည္းက ဆက္မေျပာေပမဲ့ ယခုေနေတာ့က် ထြက္လာသည့္ ေမးခြန္း။

" အင္း အိပ္ေတာ့မယ္ "

Jiwoongကို ေက်ာေပးကာ လွဲေနသည္မလို႔

" Hyung ဘက္လွည့္ပါဦး Matthewရဲ႕ "

ေျပာလည္းေျပာ ဆြဲကာလွည့္လိုက္သည္။

" Hyungေစာနက ေမးခြန္းကို မေျဖလို႔ စိတ္ေကာက္ေနတာလား "

" ဟာ.....ကြၽန္ေတာ့္ကို တစ္ခ်ိန္လုံးစိတ္ေကာက္ေနတယ္မ်ား ထင္ေနရေအာင္ ကြၽန္ေတာ္က ကေလးလား Hyungရဲ႕ "

" ကေလးမဟုတ္လည္း ဒီက ကေလးႀကီးက တစ္ခုခုဆို ထစ္ခနဲရွိ စိတ္ေကာက္တတ္လို႔ေပါ့ဗ်ာ "

ဆိုကာ Matthewရဲ႕ ပါးေလးႏွစ္ဖက္ကို အသာအယာဆြဲၫႊစ္ေသးသည္။ ေနာက္ေတာ့ အသည္းယားလာ၍ ထင္ပါရဲ႕။ မေနနိုင္သည့္ အဆုံး Matthewရဲ႕ မိုခ်ီလုံးေလးလို ႏူးညံ့အိစက္ေနသည့္ ပါးေလးႏွစ္ဖက္အား ႐ႊတ္ခနဲ ႐ႊတ္ခနဲ ျမည္ေအာင္ ငုံ႕နမ္းလိုက္သည့္ Jiwoong။

႐ုတ္တစ္ရက္မလို႔ Matthewမယ္ လွဲေနရာမွ ေငါက္ခနဲ ထထိုင္မိသည္။

" အာ Hyung!!!! အဲ့လိုေတြ မနမ္းနဲ႕လို႔ ေျပာထားတယ္ေလ! "

အလိုမက်သည့္ ပုံျဖင့္ ေအာ္လိုက္မိေပမဲ့ တစ္ကယ္တမ္းက သေဘာက်လြန္း၍ Matthewရင္ထဲ ဗေလာင္ဆူေနၿပီျဖစ္သည္။

" ဘာျဖစ္တုန္း ကိုယ့္ညီေလးကိုနမ္းတာ "

ထိုသို႔ေျပာလာေတာ့ နဂါးမ်က္ေစာင္းေလးက ဒိုင္းခနဲပင္။

" အသည္းယားလို႔ပါ Matthewရယ္ "

" ေတာ္ၿပီ အိပ္ၿပီ မႏွောင့္ယွက္နဲ႕ေတာ့ "

ဆိုကာ ျပန္လွဲသြားသည့္ Matthew။ ၿပဳံးစိစိႏွင့္ Jiwoongကလည္း Matthewလွဲသည္ႏွင့္ လိုက္လွဲကာ

" Matthew "

" ဗ်ာ "

" Matthew "

" ေျပာေလ Hyung "

" Matthew "

" ဟ! ကြၽန္ေတာ္ တစ္ကယ္ တီေလးဆီ သြားအိပ္ေတာ့မွာေနာ္ "

တစ္ကယ္ ထသြားမယ္လုပ္ေနသည့္ Matthewအား မနည္းျပန္ဆြဲထားကာ

" ဟုတ္ပါၿပီဗ်ာ မသြားပါနဲ႕ မစေတာ့ပါဘူး လာလာ အိပ္ေတာ့မယ္ "

ထိုသို႔ေျပာမွာသာ ျပန္လွဲလာသည့္ Matthew။ Jiwoongကို ဆက္လက္ေက်ာေပးထားသည္မလို႔ Matthewအနားကို တိုးသြားလိုက္ၿပီး ရင္ခြင္ထဲထည့္ကာ ဖက္အိပ္ေတာ့သည္။

" ပူတယ္ Hyung "

" Airconဖြင့္ထားတယ္ "

" ဒါေပမဲ့ Hyungကပ္ေနတာ ပူတယ္လို႔ "

" ပူလည္း အိပ္ေပ်ာ္ရင္သိေတာ့မွာမဟုတ္ဘူး အိပ္ေတာ့ "

ဆိုကာပိုၿပီး​ေတာင္ တင္းတင္းဖက္လာသည္။

အမွန္က ပူေနျခင္းမဟုတ္။ အလြန့္အလြန္ကိုမွ နီးကပ္ေနသည့္ Jiwoongေၾကာင့္ Matthewရင္ထဲ ဗေလာင္ဆူေနျခင္းသာ။

ရည္းစားရွိၿပီးသားလူတစ္ေယာက္ရဲ႕ ရင္ခြင္ထဲမွာ ေနတာ မေကာင္းဘူးဆိုေပမဲ့ ေက်ာေပးထားသည့္ Matthewမွ Jiwoongဘက္ကို ေျဖးေျဖးခ်င္းလွည့္လာသည္။ ႏွလုံးသားရဲ႕ ေစရာအတိုင္းလုပ္ပါရေစ။

" အရမ္းပူေနလို႔လား "

Jiwoongက စိတ္ပူသည့္ ေလသံျဖင့္ ေမးလာေတာ့ Matthewက အသာအယာေခါင္းခါလာသည္။

" အိပ္ၿပီ Goodnight "

ဆိုကာ Jiwoongရင္ဘတ္နားေလး ေခါင္းသြားတိုးၿပီး မ်က္စိမွိတ္လိုက္သည္။ ဘုရားသခင္ရယ္....ေတာင္းဆုတစ္ခုကိုသာေတာင္းရမယ္ဆိုရင္ ဤအခ်ိန္အပိုင္းေလးကို မေ႐ြ႕ေစေတာ့ဘဲ ရပ္တန့္ထားခ်င္မိပါတယ္....။

ခ်စ္ရသူရဲ႕ရင္ခြင္ထဲမွာ သေဘာအက်ရဆုံးေသာ ကိုယ္သင္းနံ႕ေလးကို ရႉရွိုက္ရင္း ညတာကို ေကာင္းေကာင္းျဖတ္သန္းရတဲ့ အခ်ိန္အပိုင္းေလးတစ္ခုေပါ့။

Jiwoongကေတာ့ သူ႕ကို တစ္ကယ္ခ်စ္တဲ့သူက ဘယ္သူလဲ မသိေနေသးေပမဲ့ ထိုလူဟာ သူပါဆိုတာကို အခါခြင့္ႀကဳံေတာ့မွ တစ္ဝႀကီး ေျပာျပပါဦးမယ္။ အခုေတာ့ သည္းခံျခင္းတရားကို လက္ကိုင္ထားလို႔ ခ်စ္ျခင္းတရားကို ထိန္းသိမ္းထားရဦးမည္ေလ။

ဖက္ထားသည့္ Jiwoongဟာလည္း ႏြေးေထြးသည့္ အထိအေတြ႕ေတြရယ္ သူ႕ရင္ခြင္ထဲကို ေခါင္းတိုးၿပီး အိပ္ေပ်ာ္ေနသည့္ အေကာင္ေပါက္ေလးရယ္ေၾကာင့္ ဒီညကို ေကာင္းစြာအိပ္စက္နိုင္ေတာ့မည္ထင္ပါသည္။

ရင္ခြင္ထဲမွ ေခါင္းလုံးလုံးေလးအား အသာယာအနမ္းေလးတစ္ေခါက္ေပးၿပီးေတာ့မွ အိပ္စက္ျခင္းဆီသို႔ ဦးတည္လိုက္သည္။

သို႔ေပမဲ့ ေကာင္ေလးႏွစ္ေယာက္လုံးရဲ႕ အေတြးထဲမွာ ႀကီးစိုးေနသည့္ ေမးခြန္းတစ္ခုက

" ညီအကိုေတြဆို အခုလိုေနလား " ဆိုတာပင္ျဖစ္သည္။

_________________________________________

Thanks for reading🌸

Continue Reading

You'll Also Like

4.3K 460 20
နောက်ကျနေတဲ့ ခံစားချက်ကို ခုမှပြောဖို့ကြိုးစားရင် အခွင့်အရေးရှိသေးရဲ့လား.....
9.9K 997 18
ရယ်မောလိုက်တိုင်းပေါ်လာတတ်တဲ့ မောင့်မျက်နှာပေါ်က ကြောင်နှုတ်ခမ်းမွှေးလေးတွေက ငါ့ရဲ့ ပျော်ရွှင်ရာအသက်ဓာတ်လေးမို့ သူများတွေရှေ့ မင်းရယ်မောတဲ့အခါ မနာလို...
8.2K 298 23
when an innocent yet brave doctor yn married to a cute and handsome jungkook who is the ceo of jeon entraprises........... but,what if her ex boyfrie...
1.2M 54.4K 100
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC