🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၅၀)
🌸🌸🌸🌸
"အဲ့ဒီအင်္ကျီကို..အခုချက်ချင်းသွားလဲလိုက်..."
"ဘာဖြစ်လို့လဲ..မလဲနိုင်ပါဘူး..."
အသင်..သူ့စကားကိုဘောက်ဆတ်ဆတ်လေး..
တုံ့ပြန်လိုက်လျှင်...ကုတင်ပေါ်မှာခြေချိတ်ထိုင်ရင်း..
စီးကရက်မီးညှိဖ်ို့ပြင်နေတဲ့သူက..မီးခြစ်ရောဆေးလိပ်ကိုပါ
စားပွဲပေါ်..လှမ်းတင်ရင်း..ထရပ်သည်။
"မင်းဝတ်ထားတဲ့အင်္ကျီကို..မင်းပြန်ကြည့်စမ်း...
လူထက်သုံးဆလောက်ပိုကြီးနေတယ်..ကြည့်ရဆိုးသလား
မမေးနဲ့...."
"အိပ်တော့မှာပဲကို..ဘာဖြစ်လဲ..."
"အဲ့ဒါဆို..ကိုယ်ဝယ်ပေးထားတဲ့အင်္ကျီတွေက..
ဘာလုပ်မှာလဲ..အကုန်လွင့်ပစ်မှာလား..."
ပြောရင်း..မျက်မှောင်ကြုတ်နေတဲ့သူက..အသင့်
နားကိုလျှောက်လာကာ...လက်ပိုက်လျက်..အသင့်
တစ်ကိုယ်လုံးကိုစုန်ဆန်ကြည့်သည်။ပြီးတော့..
အလိုမကျသလို..ကျစ်ခနဲစုပ်သပ်သည်။
"ဗရုတ်သုတ်ခနဲ့ကွာ..သွားလဲစမ်းပါ..."
သူ့စကားကြောင့်..အသင်ကိုယ့်ကိုကိုယ်ပြန်ုကြည့်
လိုက်မိသည်။ပေါင်လယ်ထိဖုံးနေတဲ့..ရှပ်အင်္ကျီ
ပွယောင်းယောင်းကြီးကို..လက်တွေရောကော်လံကိုပါ
ကြယ်သီးစုံတပ်ထားသည်။ဒူးလောက်ရှိတဲ့ဂျင်းပန်
အပွလေးနှင့်..ဆံပင်တွေကိုဒီအတိုင်းဖြန့်ချထားတဲ့
အသင့်ပုံစံက..သူပြောသလို..ဗရုတ်သုတ်ခ..ဖြစ်နေမှာပါ...
ဒါ..အသင်တမင်ရွေးချယ်ပြီးဝတ်ထားရတာ...
ဒီနေ့ကစပြီး..သူ့အခန်းမှာပဲ..အိပ်ရတော့မှာမို့..
သူ့ရှေ့မှာ..ကြည့်ကောင်းလှပနေလို့မဖြစ်..တော်ကြာ
အသည်းယားတဲ့ပုဒ်မနှင့်အနိုင်ကျင့်ခံရဦးမည်။
"အသင်္ချေ....ကိုယ်ပြောနေတာမကြားဘူးလား...
ညဝတ်အင်္ကျီသွားလဲ..."
သူထပ်အော်လျှင်..အသင်..တမင်တကာ..ရှပ်
အင်္ကျီလက်ဖားဖားကြီးနှစ်ဖက်ကို..ဟိုယမ်းဒီယမ်း
လုပ်ပြရင်း...
"မလဲဘူး..အသင်...ဒီအတိုင်းအိပ်မှာ...ဒါပဲ..."
အသင်ပြောရင်း..သူ့ပခုံးကိုပစ်တိုက်ကာ..ကုတင်
တစ်ဖက်ကိုလျှောက်သွားလိုက်သည်။..
"ယောကျာင်္းတွေများ..အိပ်ခါနီးတောင်..မျက်စိ
အစာကကျွေးချင်သေးတယ်..ဟွန့်...နှာဘူး..."
သူမကြားအောင်..ခပ်တိုးတိုးရေရွတ်ရင်း..မွေ့ယာ
အိအိကြီးပေါ်လှဲချမည်အလုပ်...၊
"အ..."
လက်မောင်းလေးကနေ..အားပါပါနှင့်ဆောင့်ဆွဲ
လိုက်တာမို့..မွေ့ယာနှင့်ထိလုထိခင်လေးဖြစ်နေတဲ့
အသင်ကိုယ်လေး..ပြန်ကြွသွားရကာ..သူ့လက်ပေါ်..
စွေ့ခနဲပွေ့ချီသွားခြင်းကိုခံလိုက်ရသည်။
"ဒီလိုအချိန်မျိုးမှာ..ကိုယ်နဲ့အတိုက်အခံလုပ်ရဲတယ်
မင်းအရမ်း..သတ္တိကောင်းနေတယ်ပေါ့..ဟုတ်လား..."
"နေ..အသင်အိပ်တော့မလ်ို့ကို...ရှင်နော်..."
"ကိုယ်အစက..မင်းကိုကောင်းကောင်းအိပ်ခွင့်
ပေးမလို့ပဲ..ဒါပေမဲ့...မင်းက..အဲ့လိုဖြစ်ချင်ပုံမရဘူး
အဲ့တော့..."
ပြောရင်း..ညစ်ကျယ်ကျယ်ပြုံးလိုက်တဲ့သူက
အသင့်ကို..ပွေ့ချီထားလျက်နှင့်..အဝတ်လဲခန်း
ရှိရာကိုဦးတည်လာသည်။အသင်ခြေကားယား
လက်ကားယားနှင့်..သူ့လက်ပေါ်ပါလာရပြီး....
တံခါးကို..ကိုယ်လုံးနဲ့တိုက်ဖွင့်ပြီး..သူက..အသင့်ကို
အဝတ်လဲခန်းထဲခေါ်လာသည်။
"ဘုတ်...."
"အမလေး..."
အဝတ်လဲခန်းထဲက..ဆိုဖာပေါ်မှာ..အသင့်ကိုပစ်ချ
လိုက်တာကလဲ..ညင်ညင်သာသာမဟုတ်....
ပြီးတော့..ခြေလှမ်းကြဲကြီးတွေနှင့်..နံရံကပ်...
ဗီရိုကြီးနားလျှောက်သွားကာ..ဖြူလွလွ..ဂါဝန်ဖားဖားလေး
တစ်ထည်ကို..ထုတ်ယူလာသည်။
"ရော့..."
အင်္ကျီကို..အသင့်ကိုယ်ပေါ်..ပစ်ချပေးလိုက်တဲ့..
သူ့ပုံစံက..သိပ်ပြီးစိတ်မရှည်ချင်တော့သလို
"မလဲတော့ပါဘူးဆို..."
ထပ်ငြင်းလိုက်ပေမဲ့..လေသံက..ခုနကလောက်အား
မပါရဲတော့..သူကအသင့်ကိုလက်ပိုက်ကြည့်နေရင်းမှ
ခေါင်းယမ်းသည်။ထို့နောက်..ဆိုဖာပေါ်မှာ..ထိုင်လျက်လေး
ရှိနေတဲ့..အသင့်ကို..လက်တစ်ဖက်ထဲနှင့်ဆွဲမလိုက်ပြီး...၊
"ဗြုတ်..ဗြုတ်..."
"အား..ရှင်ဘာလုပ်တာလဲ..."
အင်္ကျီကိုရှေ့ခြမ်းနှစ်ခြမ်းကနေစုံကိုင်ကာ..အားနှင့်
ဆောင့်ဆွဲလိုက်တော့..အင်္ကျီကြယ်သီးတွေ..တစ်လုံး
မကျန်ပြုတ်ထွက်ကုန်ရပြီး...ရင်ဘတ်တစ်ခုလုံး
ဟာခနဲဖြစ်သွားသည်။
"ရှင်..ရှင်...."
ထိတ်လန့်တကြားလေး..ရင်ဘတ်မှာ..ယှက်ကာ
ထားလိုက်တဲ့..လက်နှစ်ဖက်ကိုပါ..သူကဆွဲခွာကာ..
အင်္ကျီကိုအတင်းဆွဲချွတ်ပစ်လိုက်သည်။
"နှာဘူးကြီး..အကျင့်မကောင်းတဲ့လူကြီး..."
ခနာ္တကိုယ်အပေါ်ပိုင်းတစ်ခုလုံးမှာ..လက်တစ်လုံး
အတွင်းခံအင်္ကျီခါးတိုအနက်ရောင်လေးတစ်ခုထဲသာရှိနေ
တော့တာမို့..အသင့်လက်နှစ်ဖက်ကရူပ်ရှတ်ခတ်
နေအောင်..ဟိုကွယ်ဒီကွယ်လုပ်ဖို့..
ယောက်ယတ်ခတ်နေစဉ်...
"အု..အွန်း..."
ဂါဝန်အဖြူလေးကိုလှမ်းကောက်ယူလိုက်တဲ့သူက
ခေါင်းကနေဖြစ်သလိုစွတ်ချလိုက်တာမို့..ဆက်ပြီး
ရန်ထောင်ရန်ပြင်လိုက်သည့်စကားတွေကဗလုံး
ဗထွေးဖြစ်ကုန်ရသည်။
ထို့နောက်..လက်တွေကိုအပြင်ရောက်အောင်ထုတ်၊
ဂါဝန်ကိုအတင်းဆွဲချနှင့်သူ့ရဲ့အင်္ကျီလဲခန်းမညင်မသာနဲ့
တစ်ခန်းရပ်သွားသည့်အခါ..အသင့်ဆံပင်တွေ
ရူပ်ပွကုန်ရကာ..မျက်နှာတစ်ခုလုံးလဲရှက်စိတ်ကြောင့်
ထူပူသွားရသည်။
ထိုအခါ..အသင့်ကိုကြည့်ပြီးမချိုမချဉ်ရယ်လိုက်တဲ့
သူက..၊
"အဟွန်း..မျက်နှာကငရုတ်ဆီရောင်ပေါက်နေပြီ..
ဘာလို့ရှက်နေတာလဲ..ကိုယ်အကုန်မြင်ဖူးပြီးသားပဲဟာ.."
"ဟင်..ရှင်..."
နေ့စကားကြောင့်..မျက်နှာလေးပိုရဲသွားတဲ့သူမက
နေ့ကို..အတင်းထုရိုက်သည်။
"35".24".37"...ဟုတ်တယ်မလား..မဆိုးပါဘူး
မင်းရဲ့ဆိုဒ်က..မော််ဒယ်လုပ်လို့ရတယ်...နောက်တစ်ခါ
ဗရုတ်သုတ်ခပုံစံနဲ့မနေနဲ့..ကိုယ်လုံးဝမကြိုက်ဘူး.."
"နှာဘူး..ရှင်ကနှာဘူးပဲ..."
နေ..သူမရဲ့လက်နှစ်ဖက်ကိုဖမ်းချုပ်လိုက်ရင်း...
"ကိုယ်မင်းကို..ကောင်းကောင်းပြောနေကထဲက..
မင်းအေးအေးဆေးဆေးသွားလဲသင့်တာ..ဒါမင်း
အပြစ်ပဲ...."
ပြောနေရင်း..သူ့ရဲ့မထီတရီအကြည့်တွေက....
ခနာ္တကိုယ်အောက်ဘက်ဆီတဖြည်းဖြည်းစုန်ဆင်း
သွားကာ...၊
"ဘောင်းဘီရော..ကိုယ်လဲပေးရဦးမှာလား..."
"ဟင်..."
သူ့စကားကြောင့်..အသင်..လန့်သွားသလိုမျက်လုံးပြူးလေးနှင့်
သူ့ကိုကြည့်လိုက်တဲ့အခါ....မှင်သေသေမျက်နှာနှင့်
မျက်ခုံးပင့်ပြလိုက်တဲ့သူ့ပုံစံက..ဘယ်လိုလဲဆိုသည့်
သဘော...၊
"သွား..ရှင်အခန်းထဲက..အခုထွက်..သွား..."
အသင်ပြောလဲပြော..သူ့ကိုအတင်းတွန်းကာ..
အခန်းပြင်ရောက်တဲ့အထိတွန်းထုတ်လိုက်သည်။
"ဂျိမ်း..."
သူအပြင်ရောက်သွားတာနှင့်..တံခါးကိုဂျိမ်းခနဲ
ပြန်ပိတ်ကာ..လော့ချ်ပါချလိုက်ရသည်။
အသင်.တံခါးမှာကျောမှီကပ်ကာ..အသည်းအသန်
ခုန်ပေါက်နေတဲ့..နှလုံးသားနှင့်..အသက်ကိုမှန်အောင်
ရူရိူက်နေပြီးမှ....
"အကျင့်မကောင်းတဲ့..satan..."
မကျေမနပ်ရေရွတ်လိုက်ရင်း..ခြေလှမ်းတွေကတော့
အဝတ်အစားတွေရှိရာကိုဦးတည်လိုက်ရပြီးနောက်....။
~~~~~~~~~~~~~~🌺🌺🌺
နေ...မှန်နံရံကို..ကျောမှီရပ်ကာ..စီးကရက်သောက်
နေရင်းမှ...အဖြူရောင်ဂါဝန်လေးနှင့်..ကုတင်ပေါ်ထိုင်ကာ..
ပွနေတဲ့..ဆံပင်တွေကိုဖြီးဖို့ပြင်နေသည့်..သူမနားကို
လျောက်သွားလိုက်ကာ...၊
"ကိုယ်..ဖြီးပေးမယ်..."
လက်ထဲက..ဆေးလိပ်ကို..ကြွေခွက်ထဲထိုးချေရင်း
သူမဘေးဝင်ထိုင်ကာ..ဘီးကိုလှမ်းယူတော့...၊
"မလိုပါဘူး..ကိုယ့်ဘာကိုယ်ဖြီးမယ်..."
နေ့လက်ကိုပုတ်ထုတ်ရင်း..တုံ့ြ့ပန်လိုက်တဲ့..အပြုအမူ
လေးကမကျေနပ်ဟန်အပြည့်...ဖြူလွလွညအိပ်
ဂါဝန်ပါးလေးနှင့်သူမက...အရုပ်မလေးလို..ချစ်စရာ
ကောင်းနေသည်။
"ဆံပင်တွေအကုန်ရူပ်ကုန်ပြီ...ရှင့်ကြောင့်..ဘယ်လို
လူမှန်းမသိဘူး.အရမ်းကြမ်းတာပဲ..."
ပြောရင်း..ဆံပင်တွေကိုစိတ်မရှည်သလို..ဆောင့်ဆွဲ
ဖြီးချနေတဲ့သူမ...၊
"ကဲ...ကဲ..ရှင်းမရဦး..."
နေ..သူမလက်ထဲကဘီးကိုအတင်းလုယူပြီး...
ပခုံးလေးကနေ..ဆွဲကိုင်ကာ..ကျောခိုင်းစေလိုက်သည်။
"မလိုပါဘူးဆို..."
"ဆံပင်ရှည်ထားပြီး..ဘာလို့စိတ်မရှည်တာလဲ...
ဆံပင်ရှင်းရင်..အောက်ခြေကနေ..ဖြေးဖြေးချင်း
ရှင်းရမှာပေါ့..ချာတိတ်ရဲ့..."
ပြောလဲပြော..ဆံပင်တွေကို..စိတ်ရှည်လက်ရှည်နှင့်
ဖြီးသင်ပေးနေတဲ့..သူ...၊
အသင်..သူ့အပြုအမူကြောင့်..ကျေနပ်သွားရပေမဲ့
ခုနက..ကိစ္စနဲ့သိပ်ပြီး..မကြည်လင်သေးတာကြောင့်
ဘာမှပြန်မပြောဖြစ်...၊
"ကဲ..ရပြီ...."
သူပြောတော့..အသင်..ဆံပင်တွေကိုခပ်မြှောက်မြှောက်လေး
သိမ်းယူကာ...ဆံထုံးထုံးရန်ပြင်လိုက်သည်။
" .......... "
ညမီးရောင်အောက်မှာ..အဖြူရောင်ဂါဝန်ပါးလေးကြောင့်
ထင်းနေတဲ့..သူမရဲ့ဝင်းမွတ်နေတဲ့...အလှတရား
တစ်ချို့...ဆံပင်တွေရှင်းသွားတဲ့လည်ဂုတ်ဖွေးဖွေး
လေးမှာ..ရှိနေတဲ့..မွေးညှင်းစိမ်းနုနုလေးတွေ..၊
နေ..သူမကိုအနီးကပ်ကြည့်နေရင်း..စိတ်မထိန်းနိုင်တော့သလို
ခါးလေးကိုအနောက်ကနေသိမ်းဖက်လိုက်ရင်း..ဖွေးနုနေတဲ့
လည်ဂုတ်လေးကိုအတင်းတိုးဝှေ့နမ်းလိုက်သည်။
"အို...နေ..."
အသင်..ဆံထုံးထုံးလို့မပြီးသေးခင်..သူ့အပြုအမူကြောင့်
ယောင်ပြီးလက်လွတ်လိုက်မိတော့..ဆံပင်တွေက
ထွေးခနဲပြန်ပြိုကျလာခဲ့သည်။
နေ..မျက်နှာပေါ်..ပြိုကျလာတဲ့..မွှေးရနံ့တစ်မျိုးနဲ့..
ဆံနွယ်လေးတွေကိုပါ..နှာခေါင်းနဲ့မွှေ့နမ်းနေရင်း..
ကျောခိုင်းနေတဲ့..ခနာ္တကိုယ်လေးကိုပါ..ခါးကနေ
ပင့်ယူလိုက်တော့..သူမကနေ့.ပေါင်ပေါ်ထိုင်လျက်
အနေအထားလေးဖြစ်သွားကာ..ကိုယ်လုံးအိအိလေး
တစ်ခုလုံးက..နေ့ရဲ့ရင်ခွင်ထဲမှာ...ရောက်လာသည်။
ကပိုကရိုကျနေတဲ့..အနက်ရောင်ဆံနွယ်တွေကြား
နီမြန်းမြန်းဖြစ်နေတဲ့..မျက်နှာလေးက..မျက်လုံး
မလွှဲနိုင်အောင်...ပြုစားလွန်းနေသည်။
အသင်..လက်သီးဆုပ်လေးနှင့်..ရင်ဘတ်ကိုယှက်ကာ
ထားရင်း..ရီဝေစူးရှနေတဲ့မျက်ဝန်းတွေနှင့်အသင့်ကို
စူးစိုက်ကြည့်နေသည့်..သူ့ထံကမျက်လုံးမလွဲရဲခဲ့...
ထို့အတူ..ရင်ခုန်သံမမှန်တော့တဲ့..လူတစ်ယောက်လို
ပြင်းရှနေတဲ့သူ့ရဲ့အသက်ရူသံ..အသင့်မျက်နှာလေး
တစ်ဝိုက်မှာ..အနီးကပ်ဆုံးကျီစယ်နေတဲ့..လေငွေ့
နွေးနွေးတွေ...အရာအားလုံးက..အသင့်ကို...
အသက်ပင်...ရဲရဲမရူရဲအောင်ဖမ်းစားထားသည်။
"မင်း..အရမ်းလှတယ်...."
လက်ချောင်းသွယ်သွယ်တွေနှင့်..မျက်နှာလေးကို
ပွတ်သပ်နေရင်း...နေ..ပြောလိုက်လျှင်...မျက်လုံးဝိုင်း
လေးနှင့်..မှင်သက်နေသည့်..သူမက..နေ့ကို..တစ်စုံ
တစ်ရာတုံ့ပြန်ဖို့မေ့လျော့နေဟန်တူသည်။နေ..သူမရဲ့
မထုံတက်ထေးပုံစံလေးကြောင့်..ပိုပြီးအသည်းယား
သွားရကာ..ခပ်ဟဟလေးပွင့်နေတဲ့..နူတ်ခမ်း
ကိုင်းကိုင်းလေးကို..အပိုင်သိမ်းပစ်လိုက်ရင်း
သူမကိုယ်လုံးလေးကိုမွေ့ယာပေါ်သို့
လိမ့်ချပစ်လိုက်ကာ..ရုန်းကန်နေတဲ့...လက်လေးနှစ်ဖက်ကိုပါ
မွေ့ယာနှင့်..ဖိကပ်ချုပ်ကိုင်ထားလိုက်ကာ
မထိန်းချုပ်နိုင်တော့သလို...နေ့ရဲ့အနမ်းတွေက
အရိုင်းဆန်လာခဲ့တဲ့အခါ....
"..........."
အသင်...သူ့လက်ထဲမှာရုန်းကန်နေတဲ့လက်တွေ
အားလျော့သွားခဲ့ပေမဲ့...တစ်ဆင့်..တစ်ဆင့်ပိုကဲ
လာသောသူ့အနမ်းတွေကြောင့်မွန်းကြပ်လာရပြီး....
"အွန်း..ဟွန့်...."
အသင်..အတင်းရုန်းကန်လိုက်ရင်း..ကွေးလိုက်မိတဲ့
ဒူးတစ်ဖက်က..သူ့ရဲ့ဝမ်းဗိုက်ကိုအရှိန်ပြင်းစွာ..
တိုက်မိသွားခဲ့သည်။
"အ...."
အသင့်ကို..နမ်းနေတာတွေချက်ချင်းရပ်သွားကာ..
ချုပ်ကိုင်ထားတဲ့လက်ကိုပါ..ဖယ်ပေးရင်း..သူက..
အသင့်ဘေးမှာ..ပစ်လှဲချလိုက်သည်။
"နေ..ရှင်ဘာဖြစ်သွားတာလဲ...နေ..."
အသင်..ချက်ချင်းပင်အရုပ်ကြိုးပြတ်ဖြစ်သွားတဲ့..
သူ့ပုံစံကြောင့်...ဖရိုဖရဲဖြစ်သွားတဲ့အင်္ကျီကို အတင်းဆွဲတင်
ရင်း..ထထိုင်လိုက်မိသည်။
"နေ..."
ဝမ်းဗိုက်နေရာကို..လက်နှင့်အုပ်ကိုင်ထားတဲ့သူက
နဖူးပေါ်လက်တစ်ဖက်တင်ရင်း..မျက်လုံးတွေ
မှိတ်ကာ..မျက်နှာရူံ့မဲနေရင်းက..ရယ်သည်။
"အဟွန်း...မင်းတော်တော်ကြမ်းတာပဲ...ကိုယ့်ကို
ဒူးနဲ့တိုက်ရလား..."
"မတော်လို့ထိမိသွားတဲ့ဟာ.."
အသင်ပြောတော့..သူကမျက်လုံးပွင့်လာကာ..
ဗိုက်မှာဖိအုပ်ထားတဲ့လက်ကိုမဖယ်ပဲ..ထထိုင်သည်။
"Sorry...ကိုယ်စိတ်လောပြီး..မင်းနေမကောင်းတာ
မေ့သွားတယ်..."
နီရဲသွားတဲ့..နူတ်ခမ်းကိုင်းကိုင်းလေးကို..လက်နှင့်
ဖွဖွတို့လိုက်ရင်း..နေ..ပြောလိုက်မိသည်။
"ဒါပေမဲ့..အသင်တိုက်လိုက်တာ..ဖြေးဖြေးလေးကို
အဲ့လောက်တောင်နာသွားလို့လား..ဟိုတစ်နေ့ကလဲ
အဲ့လိုပဲ.."
အသင်..ပြောရင်း..သူ့မျက်နှာကိုအကဲခတ်သလိုကြည့်
လိုက်မိကာ...
"မဟုတ်မှလွဲရော..နေ..ရှင်ဒဏ်ရာရထားတာလား..."
"မဟုတ်ပါဘူးကွာ..."
မဟုတ်ပါဘူးဆိုပြီး..သူက..ခနာ္တကိုယ်ကိုမသိမသာ
လှည့်လိုက်ရာ...အသင်သူ့လက်မောင်းကိုလှမ်း
ဆွဲထားရင်း..သူ့အင်္ကျီကိုလှန်ကြည့်ရန်ပြင်လိုက်သည်။
"ဘာမဟုတ်တာလဲ..အသင့်ကိုပြ..."
"ဟာ..ချာတိတ်...မလုပ်နဲ့..ဟေ့..."
"ဖယ်ပါဆို..ရှင်...ဟင်...."
နေ..လှမ်းတားလိုက်ပေမဲ့..မမှီတော့ပဲ..နေ့အင်္ကျီကို
လှန်ကြည့်လိုက်ရာ..နေ့ရဲ့..ဒဏ်ရာကိုမြင်တော့..
မျက်လုံးပြူးသွားသည်။
"ရှင်..ရှင်...ဒဏ်ရာရထားတယ်......"
"နည်းနည်းပါ..ဘာမှမဖြစ်ဘူး..."
"ဘာကို..နည်းနည်းလဲ....."
အသင်ပြောပြောဆိုဆိုနဲ့..ဒဏ်ရာကပလာစတာကို
ဆွဲခွာလိုက်သည်။
"ချာတိတ်..မင်း....ကျစ်..အ..."
သူ့ဝမ်းဗိုက်မှာ...လက်ညိုးတစ်ချောင်းစာခန့်ရှိ
ဓားဒဏ်ရာလိုလိုဟာကိုမြင်လိုက်တဲ့အခါ..အသင်
ပါးစပ်လေးအဟောင်းသားဖြစ်သွားရသည်။
သေသပ်တဲ့ချုပ်ရိုးတွေနှင့်..ကောင်းကောင်းကျက်
သေးပုံမရသည့်ဒဏ်ရာက...ခုနကတိုက်မိသည့်
အရှိန်ကြောင့်သွေးစတစ်ချို့ကိုပါမြင်နေရသည်။
"ဘာမှမဖြစ်ပါဘူးဆို..ချာတိတ်ရာ..."
နေ..သူမလက်လေးနှစ်ဖက်ကိုဆုပ်ကိုင်ပြီးပြောတော့..
မျက်ရည်ဝဲနေတဲ့..မျက်လုံးလေးတွေနှင့်သူမမျက်နှာလေး
မော့လာကာ....
"ရှင်..ဒီလောက်ဒဏ်ရာရထားတာ..အသင့်ကိုဘာလို့
မပြောတာလဲ...ရှင်ဒီဒဏ်ရာကို..ဘယ်လိုရတာလဲ..."
"........."
"နေ..အသင်မေးနေတယ်လေ...."
သူမထပ်မေးတော့..နေ..သက်ပြင်းသဲ့သဲ့ချလိုက်ရင်း...
"ဂျပန်မှာတုန်းက..ကိုယ်လုပ်ကြံခံခဲ့ရတာ..."
"လုပ်..လုပ်ကြံခံခဲ့ရတယ်..."
"ဟုတ်တယ်..အဲ့ဒါကြောင့်..ကိုယ်..ဒဏ်ရာအပြင်းအထန်
ရခဲ့ပြီး..မင်းဆီချက်ချင်းပြန်မလာနိုင်ခဲ့တာ..ကိုယ့်
ဒဏ်ရာအကြောင်းမင်းကိုမသိစေချင်လို့..မင်းဆီ
မဆက်သွယ်ပဲနေခဲ့တာ...မင်းသိလား..မင်းနေမကောင်း
ဘူးလို့..ကိုယ်သိတော့..ကိုယ်ချက်ချင်းပြေးလာ
ချင်မိခဲ့တယ်..ဒါပေမဲ့..ဒီအသုံးမကျတဲ့ဒဏ်ရာကြောင့်"
"အဲ့ဒါကို..ဘာလို့အသင့်ကိုမပြောပြခဲ့ရတာလဲ...ဟင့်.."
ပြောရင်း..ရိူက်သံလေးနှင့်သူမကနေ့ရင်ခွင်ထဲ
တိုးဝင်လာသည်။
"မင်း..အခုလိုငိုနေမှာစိုးလို့..အဲ့ဒါကြောင့်..မင်းကို
မပြောပြခဲ့တာ..."
နေ..သူမရဲ့မျက်နှာလေးကိုလက်နှစ်ဖက်နှင့်ပင့်ယူရင်း
မျက်ရည်စလေးတွေသုတ်ဖယ်ပေးလိုက်သည်။
"ဘယ်သူက..ရှင့်ကိုဒဏ်ရာရအောင်လုပ်ခဲ့တာလဲ.."
"ဒီအတိုင်း..ကိုယ်သွားမဲ့လမ်းမှာ..ရူပ်နေတဲ့....
ဆူးညှောင့်ခလုတ် တစ်ခုပါ..အခုကိုယ်ရှင်းပစ်လိုက်ပြီ"
ပြောနေရင်း..အနည်းငယ်အေးစက်သွားတဲ့...
သူ့မျက်ဝန်းတွေကိုကြည့်ပြီး...အသင်ချက်ချင်းပင်
သဘောပေါက်လိုက်သည်။
"နေ..."
မျက်နှာပေါ်က..သူ့လက်တွေကိုဖယ်ချရင်း..ခေါ်လိုက်
မိသည်။
"အသင်တစ်ခုတောင်းဆိုချင်တယ်..."
သူကတော့..အသင်ပြောမဲ့စကားကိုစောင့်နေသလို
အသင့်ကိုကြည့်နေသည်။အသင်..သူ့လက်တစ်ဖက်ကို
ဆွဲယူလိုက်ပြီး..သူ့လက်ချောင်းသွယ်သွယ်တွေကို
ဆုပ်ကိုင်လိုက်မိသည်။
"အသင်လေ..ဒီထက်ပိုပြီး..ရှင့်ရဲ့လက်တွေမှာ...
သွေးစွန်းနေတာကို..မလိုချင်တေ့ဘူး...အသင့်ကို
ကတိပေးနိုင်မလား..ဒီထက်ပိုပြီး..ရှင့်ရဲ့သိမ်မွေ့တဲ့
လက်တွေနဲ့..သေနတ်ကိုအသုံးပြုရမဲ့..ကိစ္စတွေကို
ထပ်မလုပ်တော့ပါဘူးလို့..ကတိပေးနိုင်မလား..."
အသင့်စကားအဆုံး..သူကအသင့်ကိုငေးစိုက်ကြည့်
နေရင်းမှ..မျက်နှာလွှဲသွားသည်။
ဒါ..သူ့ရဲ့အဖြေပေါ့..အသင်သဘောပေါက်လိုက်ပါသည်။
အသင်...လက်ထဲမှာရှိနေတဲ့..သူ့ရဲ့လက်ကို...
ပိုမိုတင်းကြပ်စွာဆုပ်ကိုင်ရင်း..ပြုံးလိုက်မိသည်။
"ရှင်ကတိမပေးနိုင်ရင်လဲရပါတယ်..ဒါပေမဲ့...
အသင်ကတော့..ရှင့်ကိုပြောခဲ့ပြီးသလိုပဲ.....အသင်
ရှင့်လက်ကိုဘယ်တော့မှလွှတ်မှာမဟုတ်ဘူး..."
သူမစကားကြောင့်..နေ့ရဲ့အကြည့်တွေက..သူမဆီ
ပြန်ရောက်သွားရသည်။
"ချာတိတ်ရယ်..."
နေ...မချိတင်ကဲရေရွတ်ရင်း..သူမခနာ္တကိုယ်လေးကို
ပွေ့ဖက်လိုက်တဲ့အခါ..သူမကအလိုက်သင့်လေး..
နေ့ရင်ဘတ်မှာခေါင်းမီလာခဲ့သည်။
"မင်းနားမလည်ပါဘူး..ချာတိတ်ရယ်..ရက်စက်တတ်တဲ့
လောကကြီးမှာ..နူးညံ့တဲ့လူကရူံးနိမ့်ရလိမ့်မယ်...
ကိုယ်က..တခြားသူတွေအတွက် ဘယ်လောက်ပဲ
ဆိုးရွားတဲ့..နတ်ဆိုးတစ်ကောင်ဖြစ်နေရင်နေပါစေ
မင်းအတွက်တော့..မင်းကိုအမြဲတမ်းစောင့်ရှောက်
ကာကွယ်ပေးပြီး..မင်းအနားမှာ..အရိပ်လို.....
ရှိနေမဲ့..မင်းရဲ့ကိုယ်စောင့်နတ်ပဲဖြစ်လိမ့်မယ်..."
~~~~~~🌺🌺🌺
"အသင်..ဒီထက်ပိုပြီး..ရှင့်လက်တွေမှာ..သွေးစွန်း
နေတာကို..မလိုချင်တော့ဘူး..."
နေ့လက်မောင်းပေါ်..ခေါင်းအုံးကာ..နှစ်ခြိုက်စွာ
အိပ်ပျော်နေတဲ့..အပြစ်ကင်းတဲ့သူမရဲ့မျက်နှာလေးကို
ငေးစိုက်ကြည့်နေမိရင်း..တော်တော်နဲ့..အိပ်မပျော်နိုင်ခဲ့...
"ရှင့်ရဲ့သိမ်မွေ့တဲ့လက်တွေနဲ့သေနတ်ကို
အသုံးပြုရမဲ့..ကိစ္စတွေထပ်မလုပ်တော့ပါဘူးလို့..
အသင့်ကိုကတိပေးပါ"
သူမပြောခဲ့တဲ့စကားတွေကိုပြန်ကြားနေရင်း..
သက်ပြင်းတစ်ချက်ကို..ခပ်သဲ့သဲ့ချလိုက်မိသည်။
လက်မောင်းပေါ်က..သူမဦးခေါင်းလေးကို..ခေါင်းအုံးပေါ်
အသာရွေ့ပေးပြီး..စောင်ကိုသေချာဆွဲတင်ပေးလိုက်ကာ
နေ..ကုတင်ပေါ်က..ဆင်းလာခဲ့သည်။
လသာဆောင်..ဝရန်တာမှာရပ်လိုက်တာနှင့်..မိုးလေ
အေးအေးလေးတွေက..နေ့ကိုတိုးဝှေ့ကျီစယ်လာသည်။
နေ..မီးညှိထားတဲ့စီးကရက်ကို..တစ်ရိူက်ဖွာကာ...
လက်ကြားညှပ်ထားရင်း..အကြည့်တွေကို...ခြံထဲသို့
အကြောင်းမဲ့..ပို့ထားလိုက်သည်။
နေ့ဘဝရဲ့..လျို့ဝှက်ချက်တွေအားလုံးကိုသိခဲ့
ပြီးတာတောင်..နေ့ကိုစွန့်ပစ်မသွားခဲ့တဲ့သူမ...
၁၂နှစ်လုံးလုံး..မျှော်လင်ခဲ့ရတဲ့သူနဲ့..ယှဉ်ပြီးတောင်
နေ့ကိုရွေးချယ်ခဲ့တဲ့..သူမ...
နေ..မရှိရင်..အသက်မရှင်နိုင်ပါဘူးဆိုတဲ့သူမရဲ့
နူတ်က..ဒီလိုစကားတွေပြောလာခဲ့တာ..နေ့အတွက်
စဉ်စားပေးပြီး..နေ့ကိုမထိခိုက်စေချင်တာတစ်ခုထဲ
ကြောင့်ဆိုတာ..နေသိပါသည်။
ဒါပေမဲ့..ပါ့ပါ့လက်ထဲကနေဆက်ခံလာပြီး..နေ့လက်ထက်မှာ
ပိုပြီးအင်အားကြီးမားလာတဲ့..နယ်စပ်က........
gemstone(ကျောက်မျက်အရိုင်းတုံး)အရောင်း
အဝယ်နဲ့ပါတ်သတ်တဲ့လုပ်ငန်းအပြင်..တခြား..
ဥပဒေအပြင်ဘက်ကလုပ်ငန်းတွေက..ချက်ချင်း
ရပ်တန့်ပစ်ဖို့ဆိုတာ..ပြောသလောက်မလွယ်ကူလှပေ...
ဒီလုပ်ငန်းတွေဆက်မလုပ်တော့ရင်လဲ..နေ့မှာ...
ဘာမှထိခိုက်မသွားနိုင်ပေမဲ့..နေ့ရဲ့လက်အောက်က..
သစ္စာခံတွေအတွက်စဉ်းစားပေးရဦးမည်...
"ဟူး..."
ရူပ်ထွေးလာတဲ့အတွေးများစွာနဲ့အတူ..အသံကျယ်ကျယ်
ချလိုက်ပြန်တဲ့သက်ပြင်းတစ်ရိူက်....
လက်ကြားထဲမှာ..အညွန့်တလူလူဖြစ်နေတဲ့..စီးကရက်ကို
ဝရန်တာလက်ရန်းနှင့်ဖိ၍ထိုးချေလိုက်သည်။
"ကိုယ်ကြိုးစားပါ့မယ်..ကိုယ်သိပ်ချစ်တဲ့မင်းအတွက်
စေတန်ဆိုတဲ့နာမည်ကိုစွန့်လွတ်ပြီး..ရိုးရှင်းတဲ့
ဖြစ်တည်မူ့မျိုးရလာအောင်..ကိုယ်ကြိုးစားပေးပါ့မယ်
ချာတိတ်ရယ်....:
~~~~~~~~~~~🌺🌺🌺🌺
ညက..ညဉ့်နက်တာတောင်..မအိပ်နိုင်ခဲ့၍..မနက်ခင်း
အလင်းရောင်ကို..မျက်လုံးကခပ်စူးစူးခံစားမိနေတာတောင်
နေ..မျက်လုံးဖွင့်မကြည့်သေးပဲ..သူမရှိနေမဲ့..ဘေးက
နေရာလေးကို..အရင်စမ်းကြည့်လိုက်သည်။
ကိုယ်လုံးနွေးအိအိလေးအစား..အေးစက်နေတဲ့
မွေ့ယာကိုသာစမ်းမိတာကြောင့်..မျက်လုံးဖွင့်
ကြည့်လိုက်မိတော့..နေ့ဘေးမှာ..သူမရှိမနေတော့..
"သူ..နိုးနေပြီပဲ..."
ထိုစဉ်...ညအိပ်ဂါဝန်လေးနှင့်..သူမက..တာဝါလေး
ကိုင်ကာ..ရေချိုးခန်းထဲကနေထွက်လာသည်။
"ရှင်..နိုးပြီလား...."
"အင်း....."
နေ..အိပ်ယာပေါ်ကနေ..လှဲနေရာက..မထပဲ..
ဖြေလိုက်တော့...သူမကအနားကိုလျောက်လာကာ
ကုတင်ပေါ်တွင်..တင်ပါးလွှဲလေး..ဝင်ထိုင်လိုက်သည်။
"ထတော့လေ...၇နာရီတောင်ထိုးတော့မှာကို..."
တာဝါနှင့်..လည်ပင်းတစ်ဝိုက်ကိုပွတ်သုတ်ရင်း
သူမကထပ်ပြောသည်။ဆံပင်တွေကိုမြင့်မြင့်လေး
ပြောင်ရှင်းနေအောင်ထုံးဖွဲ့ထားကာ..မျက်နှာသစ်ပြီး
ကာစကြည်စင်နေတဲ့..မျက်နှာလေးက..နေ့အတွက်
ပြီးပြည့်စုံတဲ့..မနက်ခင်းလေး....
"လာပါဦး..ဒီကို..."
ပြောပြောဆိုဆိုနဲ့..နေ..သူမလက်မောင်းလေးကို
ဆွဲချလိုက်တော့..သူမခနာ္တကိုယ်လေး..နေ့ရင်ဘတ်ပေါ်
ပြိုကျလာသည်။
"အိပ်ယာထရမှာကို..ကောင်းကောင်းမထဘူး..
ဘာလုပ်ပြန်ပြီလဲ..."
အသင်..လွန့်လွန့်လေးရုန်းဖယ်ကာပြောတာကို..
သူက..မကြားဟန်ပြုကာ..ရေသုတ်ပြီးကာစ..
အေးစက်စက်မျက်နှာလေးကို..လက်ချောင်းတွေနှင့်
ပွတ်သပ်ရင်း...
"မင်းကိုကိုယ့်အခန်းမှာခေါ်ထားလိုက်တာ..တစ်ကယ်ပဲ
မှန်သွားပြီ...ကိုယ်မနက်အိပ်ယာနိုးလို့..မျက်လုံး
ပွင့်လာတာနဲ့..မင်းကိုဒီလိုမျိုးတွေ့ရတယ်လေ...."
ပြုံးယောင်သမ်းတဲ့..နူတ်ခမ်းတွေနှင့်သူ့မျက်နှာကို
အသင်..ပြုံးတုံ့တုံ့လေးငေးကြည့်နေမိသည်။
"မင်းသိလား..ကိုယ်တို့က..ကြင်စဦးဇနီးမောင်နှံတွေ
ကျနေတာပဲနော်..မင်းကိုယ့်ကိုအိပ်ယာကလာနိုးတဲ့
ပုံစံကလေ...ကိုယ့်ခင်ပွန်းကိုအိပ်ယာကထဖို့...
ပြောနေတဲ့..ဇနီးအသစ်စက်စက်လေးနဲ့တူတယ်.."
"ရှင်နော်..ဘာတွေလျှောက်ပြောနေတာလဲ..."
ရှက်သွားတဲ့..ကောင်မလေးရဲ့..ပါးဖောင်းဖောင်း
လေးကို..နေ..မနာအောင်ဆွဲလိုက်ရင်း....
"မကြာခင်လဲ..မင်းက..တစ်ကယ့်ကိုယ့်ရဲ့ဇနီး
ဖြစ်လာတော့မှာ.."
"စိတ်ကူးယဉ်နေပြန်ပြီ..."
"တစ်ကယ်..ဘာလို့စိတ်ကူးဖြစ်ရမှာလဲ..မင်းလုံးဝ
နေကောင်းသွားတာနဲ့..မင်းအဖွားနဲ့သွားတွေ့မယ်..
အဖွားဆီကခွင့်ပြုချက်ရတာနဲ့..ကိုယ်ချက်ချင်း
မင်္ဂလာဆောင်ပစ်မှာ..."
သူ့စိတ်ကူးနဲ့သူဟုတ်နေတဲ့..သူ့ကိုကြည့်ရင်း..
အသင်မရယ်မိအောင်..နူတ်ခမ်းလေးဖွဖွကိုက်လိုက်မိတော့
"ဟော..အဲ့ဒါ..ဘာပုံစံလဲ..ကိုယ်တစ်ကယ်မလုပ်ဘူး
ထင်လို့လား..."
အသင့်ကိုကြည့်ပြီး..မျက်မှောင်ကြုတ်လျက်သူပြောတော့
အသင်ခေါင်းလေးယမ်းလိုက်မိကာ...
"ကဲပါ..ရှင်ရုံးသွားရဦးမှာလေ..ထတော့နော်
အသင်ရှင့်ဒဏ်ရာကိုဆေးထည့်ပေးမယ်..."
စကားနဲ့အတူ အသင်သူ့နဖူးပြင်ကိုဖွဖွနမ်းလိုက်မှ
သူကလိမ္မာစွာနဲစကားနားထောင်ကာ
အိပ်ရာကနေထလာက..ကျေနပ်နေတဲ့အပြုံးနှင့်သာ...
သူနဲ့အတူအဓိပ္ပါယ်ရှိရိသက်ဝင်နေတဲ့
အသင့်ရဲ့မနက်ခင်းလေးပါပဲ.....။
~~~~~~~~~~~~🌺🌺🌺
"ကြည့်ပါဦး..ဒဏ်ရာက..အရမ်းနက်တဲ့ပုံပဲနော်
ရှင်နာနေသေးလား...."
နေ..ဝမ်းဗိုက်ကဒဏ်ရာကိုဆေးထည့်ပေးနေရင်း
မျက်နှာလေးရူံ့မဲ့နေတဲ့..သူမက..မသိရင်..နေ့အစား
နာကျင်နေရသလိုပင်....
"ဒါ.ဓားဒဏ်ရာလားဟင်...."
"မဟုတ်ဘူး..လက်နက်ပုန်းနဲ့တိုက်ခိုက်ခံရတာ."
"ရှင်..."
နေ့စကားကြောင့်..သူမကနားမလည်သလိုလေး
ခေါင်းမော့လာသည်။အေးလေ..သူမကဒါတွေ
ဘယ်သိပါ့မလဲ....နေ..ဘာမှထပ်မပြောပဲ..သူမ
ခေါင်းလေးကို..ဖွဖွပွတ်လိုက်တော့..သူမကဒဏ်ရာဆီ
အာရုံပြန်စိုက်သွားသည်။
"ဒဏ်ရာကအခုထိကောင်းကောင်းမကျက်သေးဘူးပဲ.."
"ဟုတ်တယ်..အဲ့ဒါကလဲ..အဲ့ဒီလက်နက်မှာပါတဲ့
ဆေးတစ်မျိုးကြောင့်ပါ...အခုထိလဲဒဏ်ရာကို
ထိလိုက်တာနဲ့..သွေးကပြန်ထွက်နေတုန်းပဲ....."
"ရှင်ဘာလို့..ဆေးရုံမသွားတာလဲဟင်....."
"ဒဏ်ရာတစ်ခုခုရတိုင်းဆေးရုံသွားစရာမလိုအောင်
D.rဘွဲ့ရထားတဲ့..bodyguardကိုကိုယ့်နားမှာ..
ခေါ်ထားတာပေါ့..."
အသင်..သူ့ဒဏ်ရာကိုလက်စသတ်အနေနဲ့..ပလာစတာ
ကပ်ပေးလိုက်ပြီး.....
"ဒီလောက်ဒဏ်ရာရထားတာတောင်..လူကိုအသား
ယူသေးတယ်နော်..."
မကျေမနပ်ဟန်နှင့်ခေါင်းလေးမော့ကာပြောလိုက်တဲ့
သူမကြောင့်..နေရယ်လိုက်မိကာ...
"ကိုယ့်ဒဏ်ရာက..ကောင်းကောင်းသက်သာနေပါပြီ
မင်းကို..သက်သေပြရမလား...."
ပြောရင်း..သူကအသင့်လက်ကောက်ဝတ်နှစ်ဖက်ကို
ချုပ်ကိုင်လိုက်တော့...အသင်..ခေါင်းလေးအနောက်ကို
ယို့လိုက်ရင်း...
"မလုပ်နဲ့နော်..ရှင့်ဒဏ်ရာကသွေးပြန်ထွက်လာဦးမယ်..."
"မင်းကအမြဲတမ်းအရှောင်အတိမ်းကောင်းတယ်နော်.
အဟွန်း..ရပါတယ်..ကိုယ်မှတ်ထားလိုက်မယ်..
ထပ်ပြီး..အကြွေးပေါ့..."
သူက..မထိတရိပြောရင်း..အသင့်ကိုလွတ်ပေးကာ
အင်္ကျီကြယ်သီးတွေကိုပြန်တပ်ရင်းထရပ်သည်။
ပြီးတော့..သပ်သပ်ရပ်ရပ်လုပ်ပေးထားတဲ့ဒဏ်ရာကို
ကြည့်ကာ..
"ကိုယ့်ရဲ့.. သတင်းထောက်လေးက...
nurseတွေထက်အသုံးဝင်မှန်းမသိလိုက်ဘူး
မဆိုးဘူး..နောက်တစ်ခါဒဏ်ရာရရင်...Skyတောင်
မလိုလောက်ဘူး...."
"ဘာ..နောက်တစ်ခါလဲ...ဖွဟဲ့..လွဲပါစေ...ဖယ်ပါစေ
နောက်တစ်ခါလုံးဝဒဏ်ရာရလို့မဖြစ်ဘူးနော်.."
ပျာတိပြာယာလေးပြောပြီး..ထရပ်လိုက်တဲ့သူမက
နေ့ပါးစပ်ကို..လက်နှင့်..နှစ်ချက်လောက်ဖွဖွ...
လှမ်းပုတ်သည်။
"ဖွ..ဖွ..ရှင့်ရဲ့ပါးစပ်ပုတ်ကြီးနဲ့.."
"မင်းကတော့လေ..."
"အား..ရှင်နော်...."
နေ..အသည်းယားစွာနဲ့..သူမဆံပင်တွေကိုပွသွားအောင်
အရမ်းဖိပွတ်လိုက်တော့..သူမကထအော်သည်။
"ကိုယ့်ကိုအဲ့လောက်တောင်စိုးရိမ်နေတာလား..."
ပွသွားတဲ့ဆံပင်တွေကို..ဟိုသပ်ဒီသပ်လုပ်ရင်း..
သူမက..မျက်လုံးလေးလှန်ကြည့်ပြန်ကာ...
"မသိချင်ယောင်ဆောင်ပြီး..မေးမနေနဲ့..ခဏခဏ
မပြောနိုင်ဘူး...."
ပြောပြီး..မွေ့ယာပေါ်က..ဆေးသေတ္တာကို..လှမ်း
ကောက်ယူကာ..နေ့ကိုအတင်းထိုးပေးသည်။
"မနက်စာစားဖို့နောက်ကျနေပြီ..မြန်မြန်ဆင်းခဲ့နော်.."
စကားဆုံးတာနှင့်..သူမက..နေ့အနားကနေ..လှစ်ခနဲ
လှည့်ထွက်သွားသည်။
"ဒီကောင်မလေးကတော့..ဘယ်သူနဲ့တူလို့..
ဒီလောက်တောင်..အရှောင်အတိမ်းကျွမ်းနေတာပါလိမ့်"
သဘောကျစွာရေရွတ်လိုက်မိရင်း...နေ..ဆေးသေတ္တာကို
သူ့နေရာသူပြန်ထားကာ..သူမနောက်ကိုလိုက်လာ
ခဲ့တော့သည်။
~~~~~~~~~~~~~~🌺🌺🌺🌺
"ဟန်ခေးလဲမရှိတော့ဘူးဆိုတော့..ဒီတစ်ခေါက်
နယ်စပ်မှာ..အရောင်းအဝယ်လုပ်ဖို့...ကျွန်တော့်ကို
တာဝန်ပေးပါ..boss...."
ဇ,ရဲ့တောင်းဆိုမူ့ကြောင့်....နေ...
ဆုံလည်ကုလားထိုင်ကို ကျောမှီထိုင်နေရာမှ...
ဖျက်ခနဲလှမ်းကြည့်လိုက်သည်။
"မင်းက..သွားချင်လို့လား..."
"ဟုတ်ပါတယ်...boss..ဟန်ခေးမရှိတော့ပေမဲ့လဲ
ဒါ..bossကိုယ်တိုင်ရှေ့ထွက်ဖို့လိုတဲ့ကိစ္စမဟုတ်
ဘူးဆိုတော့..ကျွန်တော်သွားပါရစေ...."
ဇ,ရဲ့သစ္စာစောင့်သိမူ့နဲ့....အလိုက်သိတတ်မူ့က
နေ့နားမှာ..နှစ်ပေါင်းများစွာနေလာခဲ့တဲ့သူပီသသည်။
"ခုလိုပြောပေးလို့..ကျေးဇူးပဲ..ဇ,...ဒါပေမဲ့...
ဒီတစ်ခါ..ငါကိုယ်တိုင်သွားမယ်....ပြီးတော့...
ဒီတစ်ခေါက်က..ငါနဲ့အဲ့ဒီလောကကလူတွေရဲ့..
နောက်ဆုံးနူတ်ဆက်ပွဲလဲဖြစ်သွားနိုင်တယ်..."
"ဗျာ..."
နေ့စကားကြောင့်..ဇ,ပါးစပ်အဟောင်းသားဖြစ်
သွားသည်။
"boss..ဆိုလိုတာက...ဒီတစ်ခေါက်ပြီးရင်.. ....
လုပ်ငန်းတွေအားလုံးကိုရပ်ပစ်တော့မှာမို့လား...."
"ဟုတ်တယ်....ဒီတစ်ခေါက်ပြီးရင်....ငါနယ်စပ်က
လုပ်ငန်းတွေအားလုံးကိုရပ်ပစ်ဖို့..စဉ်းစား
ထားတယ်...."
"boss..အခုလိုဆုံးဖြတ်ခဲ့တာ..မမလေးကြောင့်
များလား..."
အရိပ်အကဲသိတတ်လွန်းတဲ့..ဇ,ရဲ့အမေးကို...
နေ..ခေါင်းငြိမ့်ပြလိုက်ရင်း...
"ငါ့ရဲ့ဒဏ်ရာအကြောင်း..အသင်သိသွားပြီ....
သူက..ငါ့ကိုပြောတယ်..ငါ့လက်မှာသွေးစွန်းနေတာကို
ဒီထက်ပိုပြီး..သူမလိုချင်တော့ဘူးတဲ့..."
ပြောရင်း..လက်ချောင်းသွယ်သွယ်တွေကိုဆုပ်ချည်
ဖြန့်ချည်လုပ်ရင်း....
"ငါ့ရဲ့..ဒီလက်တွေနဲ့..နောက်ထပ်သေနတ်ကိုအသုံးပြုရမဲ့
ကိစ္စတွေထပ်မလုပ်ဖို့..သူ့ကိုကတိပေးပါတဲ့လေ..."
ချစ်ရတဲ့..မိန်းကလေးအတွက်...အရာအားလုံးကို
စွန့်လွှတ်ဖို့ဆုံးဖြတ်နေတဲ့..bossကို..ဇ,လေးစားအားကျ
စွာ..ကြည့်ငေးနေမိရင်းပြုံးလိုက်မိသည်။
ဘယ်လိုပဲ..သွေးအေးရက်စက်တတ်တဲ့နှလုံးသားနဲ့
Satanဖြစ်နေပါစေ....ချစ်ရသူအတွက်တော့
ဖြူစင်တဲ့လူတစ်ယောက်ဖြစ်ဖို့ကြိုးစားချင်ခဲ့တာပဲလို့
တွေးလိုက်မိသည်။
"ဒါပေမဲ့..ဥပဒေအပြင်ဘက်ကလုပ်ငန်းတွေအားလုံးကို
ရပ်တန့်ပစ်ဖို့ဆိုတာ..ချက်ချင်းကြီးတော့..မလွယ်ကူ
လောက်ဘူး...boss...အဲ့ဒီအလုပ်တွေမလုပ်တော့ရင်လဲ
Bossနဲ့The Sun Groupမှာ..ကြီးကြီးမားမား...ထိခိုက်
ပြောင်းလဲသွားတာမျိုးမရှိနိုင်ပေမဲ့..အဲ့ဒီလုပ်ငန်း
တွေနဲ့ပါတ်သတ်တဲ့..bossလက်အောက်မှာရှိနေတဲ့
ရာနဲ့ချီတဲ့..သစ္စာခံတွေအတွက်...အခက်အခဲရှိလာ
နိုင်ပါတယ်...."
"ငါအားလုံးတွေးကြည့်ပြီးသွားပြီ..အဲ့ဒီအတွက်လဲ
သူတို့မနစ်နာရအောင်...ငါစီစဉ်ပေးနိုင်ပါတယ်..."
bossကအမြဲတမ်း..လက်အောက်ငယ်သားတွေအတွက်
စဉ်းစားပေးတတ်တဲ့..ခေါင်းဆောင်ကောင်းတစ်ယောက်
ဆိုတာ..ဇ,သိပြီးသားပင်....
"အခုချက်ချင်းကြီး..မလွယ်ကူဘူးဆိုတာလဲ..ငါသိပါတယ်
ဒီအတိုင်းဖြည်းဖြည်းချင်းပေါ့...ဖြည်းဖြည်းချင်း
ရပ်တန့်သွားနိုင်အောင်ကြိုးစားကြတာပေါ့..."
"ကျွန်တော်ကတော့..အမြဲတမ်း..bossဆုံးဖြတ်ချက်ကို
နာခံပြီး..bossရဲ့အမိန့်ကိုတသွေမတိမ်းလိုက်နာ
နေမှာပါ..."
ဇ,စကားကြောင့်..နေပြုံးလိုက်မိသည်။
"Thank...ဇ,......ဒါနဲ့..မင်းကိုငါစုံစမ်းခိုင်းထားတဲ့
အသင့်အစ်ကိုအကြောင်းရော..သိရပြီလား...."
"ဟုတ်ကဲ့..ကျွန်တော်..သူ့ပုံနဲ့..ကိုယ်ရေးအချက်အလက်
တွေကို..ထိုင်းက..ကျွန်တော်တို့လူဆီပို့ပြီးသွားပါပြီ....
မကြာခင်..သိရပါမယ်...boss..."
နေ...ဘာမှထပ်မပြောတော့ပဲ..ခေါင်းငြိမ့်လိုက်သည်။
သူမရဲ့အစ်ကိုအကြောင်းကို..နေစုံစမ်းနေမှန်းသာ
သူမသိသွားရင်..ဘယ်လိုတွေးထင်သွားမလဲဆိုတာ..
မသိပေမဲ့....သူမနဲ့ပါတ်သတ်ပြီး..ဘယ်လိုအရာမျိုးကို
မဆို..နည်းနည်းလေးမှအတိမ်းစောင်းမခံနိုင်တာက...
နေ့ရင်ထဲက..ဆန္ဒအမှန်ပင်မဟုတ်ပါလား....။
~~~~~~~~~~~🌺🌺🌺🌺
"ကိတ်မုန့်လေးက..အရမ်းလှတာပဲ..မမလေးရယ်
စားကောင်းမဲ့ပုံပဲနော်...."
မေနွမ်းက..ဖုတ်ပြီးသားကိတ်မုန့်ကို..ခရင်မ်ဘူးလေးတွေနှင့်
အလှဖော်နေသည့်..အသင့်ဘေးလာရပ်ကာ...ပြောသည်။
"တစ်ကယ်လှတာလား..မေနွမ်း....ဒါ..အသင်ပထမဆုံး
လုပ်ဖူးတာ..."
အသင်..နဖူးမှာစို့နေတဲ့..ချွေးစလေးကို...လက်ခုံနှင့်
ပွတ်သုတ်ရင်းမေးလိုက်တော့..မေနွမ်းကရယ်သည်။
အသင်..ကိတ်မုန့်တစ်လုံးရဖို့..မီးဖိုဆောင်ထဲမှာ..
အလုပ်ရူပ်နေရတာ..၂နာရီခန့်ရှိနေပြီ...ဝတ်ထားတဲ့
apronလေးနှင့်...မျက်နှာမှာလဲ.ဂျုံမူန့်တွေပေကျံနေလျက်
ချွေးစလေးတွေတွဲခိုနေတာတောင်..အသင့်မျက်နှာလေးက
လန်းဆန်းနေဆဲ....
"ဒါ..boss..အတွက်..မဟုတ်လား...မမလေး..."
"ဟင်..မဟုတ်ပါဘူးနော်..အသင်တစ်ခါမှမလုပ်ဖူးလို့
လုပ်ကြည့်တာ...အခန်းထဲမှာလဲ..ဒီအတိုင်းနေရတာ
ပျင်းလို့...."
အသင်..အသည်းအသန်ငြင်းတော့..မေနွမ်းက..
ပြုံးစိစိမျက်နှာနှင့်ဘာမှပြန်မပြော..ထိုအခါ..အသင်
မလုံမလဲလေးပြုံးလိုက်ရင်း...
"ဒါပေမဲ့လဲ..ကိတ်မုန့်ကဒီလိုလှလှပပလေးထွက်လာတာ
ဆိုတော့..ဒီအတိုင်းထားလို့ဘယ်ကောင်းပါ့မလဲနော်
သူ့ကို..ကျွေးလိုက်ပါ့မယ်လေ......"
"ကောင်းတာပေါ့..မမလေးကိုယ်တိုင်လုပ်ထားတာ
ဆိုတော့..bossအရမ်းသဘောကျမှာသေချာတယ်
ကိတ်မုန့်လေးက..အရမ်းလှတာကိုး...."
အသင်..ချောကလက်ကိတ်ကြီးပေါ်မှာ..ခရင်မ်ဘူးတွေနဲ့
ပန်းပုံလေးတွေဖော်ပြီး..အလယ်မှာချယ်ရီသီးလေးတွေကို
တင်လိုက်သည်။
"ကဲ..ပြီးသွားပြီ...."
ကိုယ်လုပ်ထားတဲ့..ပထမဆုံးလက်ရာကိတ်မုန့်ကြီးကို
ကြည့်ပြီး..ကျေနပ်နေစဉ်.....
"ဟင်..."
မီးဖိုဆောင်ထဲကို..ဝင်လာတဲ့တစ်စုံတစ်ယောက်ကြောင့်
အပျော်တွေပင်..ပျက်သွားသလားအောက်မေ့ရသည်
"အန်ကယ်ဂျိမ်း...."
တည်တင်းနေသည့်..ထိုလူကြီး..မျက်နှာကို..မြင်
လိုက်ကထဲက..အကျင့်ဖြစ်နေတဲ့အသင်..အလိုလို
မျက်လုံးလွှဲကာ..မသိချင်ယောင်ဆောင်လိုက်ပေမဲ့
ဂျိမ်းကတော့..မျက်နှာလွှဲနေတဲ့..သူမဆီပဲတန်းတန်း
မတ်မတ်လျှောက်လာသည်။
"မေနွမ်း..ဒုတိယထပ်က..ခန်းဆီးတွေအကုန်လုံးကို
လဲဖို့လုပ်ပေးပါ..."
အသင့်ကို..စိတ်မချလို့ရပ်နေတဲ့..မေနွမ်းကို...
တမင်တကာ..ရှောင်ထွက်ခိုင်းလိုက်တာမှန်းအသင်
သဘောပေါက်လိုက်သည်။
"ဟုတ်ကဲ့...အန်ကယ်ဂျိမ်း..."
အသင့်ကိုစိတ်မချသလို..သူ့ဩဇာကိုလဲ..မလွန်ဆန်နိုင်တဲ့...
မေနွမ်းက..မျက်နှာပျက်ပျက်နှင့်..ကောင်မလေး
နှစ်ယောက်ကိုခေါ်ကာ..မီးဖိုဆောင်ထဲက..ထွက်သွား
သည်။
"ဒီလူကြီး..ငါ့ကို..ဘာတွေပြောဦးမလို့လဲမသိဘူး..."
အသင်..စိတ်ထဲကနေ..တွေးလို့မှမဆုံးလိုက်...
"သိပ်ပျော်နေတယ်ပေါ့...."
"ရှင်...."
"သခင်လေးနဲ့လက်ထပ်ရတော့မှာဆိုတော့..မင်းက
မကြာခင်..ဒီအဖြူရောင်စံအိမ်ကြီးရဲ့သခင်မဖြစ်လာ
တော့မှာဆိုတော့..မင်းသိပ်ကိုပျော်နေမှာပေါ့...."
"အန်ကယ်..ဘာကိုဆိုလိုတာလဲ..."
အသင်..မျက်မှောင်လေးကြုတ်ကာ..နားမလည်
သလိုမေးလိုက်တော့..ဂျိမ်းက..ခပ်ဟက်ဟက်ရယ်သည်။
"မင်းက..တော်တော်လဲ..ဟန်ဆောင်ကောင်းတဲ့
မိန်းကလေးပဲ..အသင်္ချေ.....အဲ့ဒါကြောင့်လဲ..မင်း
ငါတို့သခင်လေးကိုဒီလိုအခြေအနေထိဖြစ်အောင်
ဆွဲဆောင်နိုင်ခဲ့တာပဲ......."
"အန်ကယ်..."
အသင်..ဒေါသနှင့်အသံကျယ်သွားရသည်။
"အသင်နားမလည်ဘူး..အသင်..အန်ကယ့်အပေါ်မှာ..
ဘာအပြစ်တွေများလုပ်ခဲ့လို့..အန်ကယ်အခုလို
ဖြစ်နေရတာလဲ...ဘာလ်ိုအသင့်ကိုမှမကြည်မဖြူ
ဖြစ်နေရတာလဲဆိုတာ..အသင်စဉ်းစားမရဘူး..."
"မင်းဖြစ်နေလို့...."
"ဟင်..."
"သခင်လေးနားမှာရှိနေတဲ့သူက..အသင်္ချေမင်းဖြစ်နေလို့
ငါလက်မခံနိုင်တာ..မင်းကသခင်လေးနားမှာလုံးဝ
ရှိမနေသင့်တဲ့..မိန်းမပဲ...မင်းကသခင်လေးဘဝကို
ဖျက်မဲ့မိန်းမ...."
ထင်မထားတဲ့ရင့်ရင့်သီးသီးစကားတွေကြောင့်..
အသင်..ပါးစပ်အဟောင်းသားနှင့်..ဂျိမ်းကို...
တစ်စုံတစ်ရာတုံ့ပြန်ဖို့မေ့လျော့နေခဲ့သည်။
"မင်း..သခင်လေးနဲ့..လုံးဝလက်ထပ်လို့မရဘူး..
အဲ့ဒါကြောင့်..ဒီလက်ထပ်ပွဲကို..မင်းဘက်က...
အလိုက်တသိနဲ့..ရှောင်ထွက်ဖို့စဉ်းစားထားပါ...
ငါတို့သခင်လေး..ဆုံးဖြတ်ချက်လောခဲ့ရင်တောင်
မင်း...သခင်လေးအတွက်..တစ်ကယ်ပဲ..စဉ်းစား
ပေးတယ်ဆိုရင်..လက်ထပ်ပွဲကဖြစ်လာလို့မရဘူး..."
"ဘာလို့လဲ..."
အသင်..မျက်လုံးစိမ်းတွေနဲ့စိုက်ကြည့်နေရင်းမှ
အံကြိတ်မေးလိုက်သည်။
"ဘာလို့မဖြစ်နိုင်တာလဲ...အသင့်ကိုအခုလိုမျိုး
ပြောဆိုဟန့်တားနေရအောင်..ရှင်က..သူ့အဖေမို့လို့လား"
"ဘာ..."
အသင့်စကားကြောင့်..အနာပေါ်တုတ်ကျသွားသလို
ဂျိမ်း..ရူးရူးရှားရှားဖြစ်သွားသည်။
"ငါက..သခင်လေးရဲ့မိဘမဟုတ်ရင်တောင်...သူ့ရဲ့
မိသားစုဝင်ပဲ...မင်းတစ်ခုသိထားရမှာက..သခင်လေးရဲ့
အဖေ..သူဌေးကြီးသာ..အသက်ရှင်နေသေးခဲ့ရင်လဲ...
မင်း..သခင်လေးရဲ့အနားမှာ..အခုလို..ရှိနေခွင့်တောင်
ရခဲ့မှာ..မဟုတ်ဘူး..."
"ရှင်....အ...."
အံကြိတ်သံနှင့်ပြောရင်း..အသင့်လက်ကောက်ဝတ်လေး
နှစ်ဖက်ကို..ခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်တော့
အသင်..နာကျင်သွားရတာမို့..မျက်နှာလေးရူံ့မဲ့
သွားရသည်။
"သေချာနားထောင်...မင်းတို့နှစ်ယောက်ရဲ့အချစ်
ဇာတ်လမ်း..ရင်ကွဲပက်လက်နဲ့...အဆုံးမသတ်
ချင်ဘူးဆိုရင်...ငါပြောတာကိုနားထောင်ပါ..."
စူးရဲတဲ့မျက်ဝန်းတွေနှင့်ပြောလာတဲ့စကားတွေကို
နားထောင်ရင်း..အသင်ကြောက်လန့်သွားရကာ...
မျက်ရည်တွေဝေ့ဝိုင်းလာရပြီး
ဘာမှပြန်မပြောနိုင်ဖြစ်နေရစဉ်....
"အန်ကယ်...."
ဒေါသတကြီးအသံနှင့်အတူ..အခန်းဝမှာပေါ်လာတဲ့
သူ....
"နေ..."
သူ့ကိုမြင်လိုက်တာနှင့်....အသင်အားတက်သွားရသည်။
ထိုအခါ..ခြေလှမ်းကြဲကြီးတွေနှင့်..မီးဖိုဆောင်ထဲကို
လှမ်းဝင်လာတဲ့သူက..အနားမှာခြေစုံရပ်လိုက်တာနှင့်
အသင့်လက်ကိုဆုပ်ကိုင်ထားတဲ့..အန်ကယ်ဂျိမ်း
လက်တွေကိုတစ်ချက်ကြည့်ကာ..ဆောင့်ဖြုတ်
ချလိုက်သည်။
"........."
ထို့နောက်..တင်းကြပ်စွာဆုပ်ကိုင် ထားခြင်းခံလိုက်
ရတာကြောင့်..နီရဲသွားတဲ့..လက်ကောက်ဝတ်လေး
နှစ်ဖက်ကိုကြည့်ပြီး..နူတ်ခမ်းတွေက..တင်းတင်းစေ့
သွားကာ...
အသင့်လက်ကိုဆွဲကိုင်ကာ..သူ့အနောက်သို့...
ပို့လိုက်ပြီး..အန်ကယ်ဂျိမ်းနဲ့..မျက်နှာချင်းဆိုင်
ုဖြစ်အောင်လှည့်ရပ်လိုက်သည်။
"ဒါ..ဘာလုပ်တာလဲ..အန်ကယ်ဂျိမ်း....."
~~~~~~~~~~~~🌺🌺🌺
ဆက်ရန် ^^^^^^^^