ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

بواسطة mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး المزيد

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

Chapter 64

1.7K 372 15
بواسطة mizzle69

နန်ဟွိုင်လင် အမြန်ပြေးကာ ဘေးနံရံဖြင့်တိုက်မိပြီး ပြန်ထဖို့ ရုန်းကန်နေရတဲ့ နဂါးပေါက်လေးဆီသွားပြီး ရေထဲကနေ ဆယ်ယူပေးလိုက်သည်။ ထို့နောက် ထိုအကောင်ပေါက်လေး အဆင်ပြေရဲ့လား သိချင်လာ၍ အနီးကပ်ဆွဲယူကြည့်လိုက်ချိန်မှာ လုံးဝမထင်မှတ်ထားဘဲ သူ့မျက်နှာတစ်ခုလုံးကို ရေစက်အများကြီး စင်သွားတာကို ခံလိုက်ရတော့သည်။

တကယ်ကို ဒီအကောင်ပေါက်လေးက အရမ်းဆိုးတာပဲ...

သူ့မျက်နှာက ရေတွေကို သုတ်လိုက်ပြီး ခါးကုန်းကာ နဂါးပေါက်လေးကို ရေကန်ထဲ ပြန်ချလိုက်ပြီး သူ့ရဲ့ အပေါ်ကထပ်ဝတ်ထားတဲ့ ဘောင်းဘီတိုနဲ့တီရှပ်ကိုချွတ်ကာ ရေထဲကို ဆင်းလာခဲ့လိုက်သည်။ ရေအပူချိန်က အနည်းငယ်နွေးနေတာကြောင့် ရေထဲသို့ တဖြေးဖြေးနှစ်ဝင်သွားတဲ့အချိန်မှာ အရမ်းကို နေလို့ကောင်းနေပြီး ရေအမြင့်ကလည်း အရမ်းမနက်ဘဲ သူ့ရင်ဘတ်လောက်သာရှိ၏။

ထိုစဥ် အဖြူရောင်နဂါးကြီးက အမြှီးကိုလှုပ်ယမ်းရင်း ရေကူးကာ သူ့ဘေးသို့ရောက်လာပြီးနောက် ပါးစပ်ဖွင့်ကာ ရေတံခွန်သဖွယ် သူ့ပေါ်ကို ရေတွေ ထပ်မံလောင်းချလိုက်ပြန်၏။

နန်ဟွိုင်လင်, "......."

ဒီအကြီးက ခုနကပေါက်စလေးထက် ပိုဆိုးတာပဲ....

အဖြူရောင်နဂါးကြီးက သူ့မျက်နှာကို ရေစက်တွေနဲ့ ထပ်မံပက်ဖြန်းလိုက်ပြီး ခေါင်းငုံ့ကာ သူ့မျက်နှာကို ကျေနပ်စွာဖြင့် ပွတ်သက်လာခဲ့သည်။ ထို့နောက် ခေါင်းကိုစောင်းကာ နန်ဟွိုင်လင်ကို သူ့ကျောပေါ်တက်ဖို့ အချက်ပြလာ၏။

ထို့ကြောင့် နဂါးကြီး၏လည်ဆံမွှေးကိုဆွဲကာ နန်ဟွိုင်လင် အပေါ်သို့ တက်ထိုင်လိုက်သည်။ ထိုအရာကို နဂါးပေါက်စလေးတွေက မြင်သွားပြီး သူတို့၏အတောင်ပံများကို တစ်ဖျပ်ဖျပ်ခပ်ကာ ပျံသန်းလာပြီး အဖြူရောင်နဂါးကြီး၏ကျောပေါ်သို့ အတန်းလိုက် ဆင်းသက်လာကြသည်။ သူတို့က နန်ဟွိုင်လင်ရှေ့မှာ ခေါင်းလေးတွေ အမြှီးလေးတွေပေးကာ အတူတူထိုင်နေတော့ အဖြူရောင်ငုံးပေါက်လေး လေးကောင်ထိုင်နေသလို ဆင်တူနေတော့သည်။

" ငါရောစီးမယ် ခေါ်ဦး! " လန်စီလော့က ရေကန်ထဲသို့ ခုန်ဆင်းလာသည်။ " ငါလည်း နဂါးကြီးစီးချင်တယ်! "

ထိုအချိန် အဖြူရောင်နဂါးကြီးက သူ့အမြှီးကို လှုပ်ယမ်းလိုက်တာကြောင့် လန်စီလော့တစ်ကိုယ်လုံးက မပြောမဆို ရေတွေနဲ့ ရိုက်မိသွားတော့သည်။

ထိုအရာကိုကြည့်ပြီး နန်ဟွိုင်လင် စိတ်မကောင်းဖြစ်မိသွားတာကြောင့် လန်စီလော့ဆီ လက်ကမ်းပေးဖို့ပြင်လိုက်ချိန်မှာ အဖြူရောင်နဂါးကြီးက လျှင်မြန်စွာ အဝေးကို ကူးခက်သွားတော့သည်။

ရေကန်ကြီးက အရမ်းကျယ်ကာ အဖြူရောင်နဂါးကြီးက မြန်ဆန်လွန်းသော အရှိန်ဖြင့် ကူးခက်နေပြီး ရေကန်အဆုံးသို့ရောက်ချိန်မှာ ရုတ်တရက် ဂငယ်ကွေ့ ကွေ့လိုက်တော့ နဂါးပေါက်လေးနှစ်ကောင်က ကံမကောင်းစွာဖြင့် ပြုတ်ကျသွားတော့၏။ သူ့ရဲ့ ပြုတ်တူလို့ မြဲမြဲဖတ်ထားတဲ့ ခြေထောက်တွေကိုပဲ နန်ဟွိုင်လင် ကျေးဇူးတင်ချင်သွား၏။ ဒါပေမယ့်လည်း နဂါး၏လည်ဆံမွေးကိုဆွဲပြီး တည့်တည့်ထိုင်လိုက်ချိန်မှာ သူ၏ ခန္ဓာကိုယ်တစ်ဝက်က ရေထဲမှာ နှစ်မြှုပ်နေဆဲဖြစ်သည်။

ဖေ့ချန်ကျောပေါ်မှာ ကျန်ရှိနေဆဲဖြစ်သည့် နဂါးပေါက်လေး နှစ်ကောင်က စိတ်အားထက်သန်စွာဖြင့် တကျည်ကျည်မြည်နေကြပြီး သူတို့အသံလေးတွေက ငှက်သံနှင့် တော်တော်လေးကို ဆင်တူလှသည်။

ရေထဲကို ပြုတ်ကျခဲ့တဲ့ နဂါးပေါက်နှစ်ကောင်ကလည်း သူတို့ကို အမှီလိုက်ဖို့ နောက်ကနေ ပျံသန်းလာကြပေမယ့် သူတို့ရဲ့ နဂါးဖေဖေ ရေကူးတာက အရမ်းမြန်လွန်းနေတာကြောင့် သူတို့ ဘယ်လောက်ပဲကြိုးစားပါစေ အမှီမလိုက်နိုင်ဘူး ဖြစ်နေ၏။ သူတို့ပုံလေးတွေက အရမ်းအားနည်းကာ သနားဖို့ကောင်းနေပြီး အကူအညီမဲ့သလို ဖြစ်နေတာကြောင့် ထိုအရာကိုကြည့်ကာ နန်ဟွိုင်လင် ရယ်ချင်လာတော့သည်။

" ဟေး...! " နန်ဟွိုင်လင် အဖြူရောင် နဂါးကြီးကို ပုတ်ကာ ပြောလိုက်သည်။ " ဖြေးဖြေးကူး! "

ထိုအခါ အဖြူရောင်နဂါးကြီးက ရုတ်တရက် ရေအောက်သို့ ငုပ်လျှိုးသွားတော့သည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံးက ရေကန်ထဲသို့ နှစ်သွားတာကြောင့် နန်ဟွိုင်လင် မျက်လုံးတွေ၊ ပါးစပ်တွေ အမြန်ပိတ်ကာ အသက်အောင့်ထားလိုက်ရတော့သည်။ နန်ဟွိုင်လင် မျက်နှာကိုပွတ်ကာ မျက်လုံးဖွင့်ပြီး ရှာဖွေကြည့်လိုက်တော့ နဂါးပေါက်လေးတွေအကုန်လုံးက ပြုတ်ကျနေခဲ့ပြီး သူတစ်ယောက်တည်းသာ နဂါးကြီး၏ကျောပေါ်မှာ ကျန်ရစ်ခဲ့တော့သည်။

" ရှေ့ကိုကြည့်! " ရုတ်တရက် လန်စီလော့က လှမ်းအော်လိုက်၏။

နန်ဟွိုင်လင် ရုတ်တရက် မျက်လုံးပင့်ကြည့်လိုက်တော့ သူတို့နောက်မှာ လိုက်လာကြတဲ့ နဂါးပေါက်လေးနှစ်ကောင်က အခု သူ့ရှေ့မှာရောက်နေပြီး သူ့မျက်နှာကို ဝင်တိုက်မိလုနီးပါးဖြစ်နေ၏။ ထို့ကြောင့် နန်ဟွိုင်လင် နဂါးကြီး၏ကျောပေါ်သို့ အမြန်ငုံ့ချလိုက်ရ၏။ တချိန်တည်းမှာပဲ နဂါးကြီးက ရေအောက်ကို ထပ်မံငုပ်လျှိုးသွားတာကြောင့် နန်ဟွိုင်လင် ရေထဲသို့ ရောက်ရှိသွားပြီး ရုတ်တရက် သူ့အောက်က ဘာမှမရှိတော့တာကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်က အမှီမရှိတော့တာကြောင့် အောက်သို့ စတင်ကာ နှစ်မြှုပ်သွားတော့၏။

" အဟွတ်...အဟွတ်! " နန်ဟွိုင်လင် ချောင်းတွေဆိုးကာ ဖေ့ချန်ကို လှည့်ကြည့်လိုက်သည်။ " ခင်ဗျား ကျတော်နှင့် နဂါးပေါက်လေးတွေကို ကစားနေတာပဲ "

ဖေ့ချန်က သူ၏ ရေစိုနေတဲ့ ဆံပင်တွေကို နောက်သို့ လှန်တင်လိုက်ပြီး ပြုံးကာ ဆိုလာသည်။ " စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား? "

နန်ဟွိုင်လင် ခေါင်းငြိမ့်ကာ ပြုံးလိုက်မိသည်။ " အင်း..အဲ့တာက ရေထဲမှာ 'ရိုလာကိုစတာ'စီးရတဲ့အတိုင်းပဲ "

နဂါးပေါက်လေးတွေက ရေကူးလာကာ သူတို့နှစ်ယောက်ကို ဝိုင်းထားတော့သည်။

" သူတို့က အခု ကျတော်ပြောတာကို နားလည်နိုင်ပြီလား? "

" နဲနဲတော့ နားလည်နေလောက်ပြီ " ဖေ့ချန်က နဂါးပေါက်လေးတွေကို ရေပတ်တော့ သူတို့ကလည်း ဖေ့ချန်ကို ပါးစပ်ထဲက ရေတွေ လှမ်းပတ်နေတော့သည်။ " သူတို့က ဉာဏ်အရမ်းကောင်းတယ်...သူတို့က လူသားကလေးလေးတွေအဖြစ် ပြောင်းနိုင်သွားရင် တစ်ခါတည်း "ပါးပါး"လို့ ပြောနိုင်ကြလိမ့်မယ် "

သူတို့လေးတွေ လူသားကလေးလေးတွေအဖြစ် ပြောင်းသွားတာကိုမြင်ဖို့ နန်ဟွိုင်လင် မစောင့်နိုင်တော့ပေ...သူတို့က အရမ်းချစ်ဖို့ကောင်းနေမှာ သေချာတယ်...

" ဒါနဲ့ အခု သူတို့က ဘာတွေစားကြလဲ? "

" အသားစားတယ်...ပြီးရင် နို့သောက်တယ် "

" သူတို့ကြည့်ရတာ ကောင်းကောင်းစားရတဲ့ပုံပါပဲ "

ထိုအခါ ရေကူးကန်ဘေးမှာ ရပ်နေတဲ့ လန်စီလော့က မေးလာ၏။ " နဂါးပေါက်လေးတွေကို နာမည်ပေးပြီးပြီလား? "

သူတို့ အဲ့အကြောင်းကို မေ့နေကြတာဖြစ်သည်။ နန်ဟွိုင်လင် ပြန်ဖြေလိုက်၏။ " မပေးရသေးဘူး "

" မင်း ကိုယ်ဝန်ထပ်ရှိနေပြီဆိုတာ ငါ ဖေ့ကျန်းဆီက ကြားထားတယ် " လန်စီလော့က ပြုံးကာ ပြောလာသည်။ " တစ်ဗိုက်ပြီးတစ်ဗိုက်မွေးပြီး နာမည်တွေ ပေးရရင် မင်း တော်တော်ခေါင်းကိုက်ရမှာပဲ "

ဖေ့ချန်လည်း ထိုအကြောင်းကို တွေးမိ၏။ " အရင်ဆုံး သူတို့ကို နံပါတ်တွေပဲပေးထားရင်ရော..နဂါးပေါက်တစ်၊ နဂါးပေါက်နှစ်၊ နဂါးပေါက်သုံး၊ နဂါးပေါက်လေး ဆိုပြီး..အဲ့တာဆိုရင် ခေါ်လို့လွယ်တယ်...သူတို့ကို နာမည်ပေးရဖို့ အခုသာစဥ်းစားနေရင် ပြီးမှာမဟုတ်တော့ဘူး "

နန်ဟွိုင်လင်, " ဒါပေမယ့် အရင်ဆုံး ကျတော်တို့ ဘယ်အကောင်က ဘယ်သူလဲဆိုတာ သိဖို့ ခွဲခြားတက်အောင် လုပ်ရဦးမယ်လေ "

သူ့ရဲ့အမြီးကို အေးဆေးစွာ လှုပ်ယမ်းနေရင်း လန်စီလော့က ပြောလာ၏။ " ငါ အရောင်မတူတဲ့ဖဲကြိုးလေးတွေ ဝယ်ထားတယ်..အဲ့တာတွေ စည်းပေးလိုက် "

" ဒါနဲ့...အကိုရော ဘယ်မှာလဲ? " ဖေ့ချန် အခုမှ သတိရသွားကာ မေးလိုက်၏။

" ရုံးသွားတာလို့ ထင်တာပဲ...နေ့လည်က ဖုန်းဝင်လာပြီးတည်းက ထွက်သွားတာ " လန်စီလော့က စကားခနရပ်လိုက်ပြီး ဖေ့ချန်ကို တစ်ချက်ကြည့်လာ၏။ " လောင်အာ..အကိုကျန်းက....သူ တစ်ယောက်ယောက်ကို သဘောကျနေတာလား? "

နန်ဟွိုင်လင် အသံဖွဖွဖြင့် ဝင်ပြောလိုက်၏။ " မင်းတို့ စကားပြောလိုက်ကြဦး...ကျတော် နဂါးပေါက်လေးတွေနဲ့ ကစားလိုက်ဦးမယ် "

ဖေ့ချန် ခေါင်းညိမ့်ကာ သဘောတူလိုက်၏။ နန်ဟွိုင်လင်က ရေထဲကို ခုန်ချပြီး ရေကူးသွားတော့ နဂါးပေါက်လေးများက သူ့နောက်ကို တညီတညွတ်ထဲ လိုက်ပါသွားကြ၏။ မြင်ကွင်းက တကယ့်ကို ဘဲမေမေကြီးနောက်ကို အတန်းလိုက် လိုက်ပါသွားကြတဲ့ ဘဲပေါက်လေးများနဲ့ တူနေတော့သည်။

နန်ဟွိုင်လင် အရှေ့နဲ့အနောက်ကို အကြိမ်အနည်းငယ်ကူးခက်ပြီးနောက် မောလာပြီလို့ စတင်ခံစားလာရမှ ရပ်တန့်လိုက်၏။

ဖေ့ကျန်းက ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်လို့မရဘူးဟု ​သတိပေးထားသောကြောင့်ဖြစ်သည်။

ဖေ့ချန်က လန်စီလော့နဲ့ စကားပြောလို့ပြီးသွား၍ ဘေးမှာရပ်စောင့်နေကာ သူ့ကို လက်ဝေ့ယမ်းပြလာ၏။

နန်ဟွိုင်လင် ရေကန်ပေါ်ကို ပြန်တက်လာတော့ ဖေ့ချန်က သူ့ဆီကို တဘတ်တစ်ထည်နဲ့ရောက်လာကာ ခေါင်းကို ရေသုတ်ပေးပြီးနောက် သူ့ပခုံးပေါ်ကနေ တဘတ်ကိုခြုံပေးလိုက်၏။

" မောသွားပြီလား? "

" အင်း "

နဂါးဘေဘီလေးများကလည်း ပျံသန်းလာကြပြီး နန်ဟွိုင်လင် ပခုံးပေါ်တွင် အသီးသီးနေရာယူလိုက်ကြ၏။

နန်ဟွိုင်လင် ပြုံးလိုက်မိကာ " သူတို့လေးတွေက အရမ်းချွဲတာပဲ "

" မင်းက မကြိုက်လို့လား? "

" မဟုတ်တာ....သူတို့က အရမ်းချစ်ဖို့ကောင်းတယ် "

" လာ... " ဖေ့ချန် နန်ဟွိုင်လင် လက်ကိုဆွဲယူလိုက်၏။ " နဂါးပေါက်တွေကို အမှတ်အသားလုပ်ပေးရအောင် "

ဆက်ထားတဲ့ ဘေးတံခါးကနေတဆင့် ဘေးအိမ်ကို ပြန်လာလိုက်ကြပြီး အပေါ်ထပ်တက်ကာ ရေချိုးပြီး အဝတ်အစားလဲလိုက်ကြ၏။သူတို့ အောက်ကိုပြန်ဆင်းလာတဲ့အချိန်မှာ လန်စီလော့က ဖဲကြိုးလေးတွေနဲ့ အရန်သင့် စောင့်ကြိုနေပြီဖြစ်သည်။

၎င်းက ပါးလွာပြီး ဖောက်ထွင်းမြင်နိုင်တဲ့ ဖဲကြိုးလေးများဖြစ်သည်။ အရမ်းကို လှပပြီး အရောင်တွေကလဲ စုံလင်လှ၏။

ဖေ့ချန်က လေချွန်လိုက်တဲ့အခါမှာ ပျံသန်းကာ ဆော့နေကြတဲ့ နဂါးပေါက်လေးများက စားပွဲပေါ်ကို ပြန်ပြီးဆင်းသက်လာကြသည်။

နန်ဟွိုင်လင် အနီရောင်ဖဲကြိုးဆီမှ အပိုင်းအစလေးတစ်ခု ကိုက်ဖြတ်လိုက်ကာ ဖေ့ချန်ကို လှမ်းပေးလိုက်၏။ " နဂါးပေါက်တစ်ကို ချည်ပေးလိုက် "

ဖေ့ချန်က သူနဲ့နီးတဲ့ နဂါးပေါက်လေးကို ဒီတိုင်းဆွဲယူလိုက်၏။ " မင်းက နဂါးပေါက်တစ်ပဲ..ကြားလား....လည်ပင်းကိုချည်လိုက်ရင်တော့ ပိုပြီး ကြည့်ကောင်းနေမှာ "

နန်ဟွိုင်လင်, " ဒါဆိုလည်း လည်ပင်းမှာ ချည်ပေးလိုက်လေ "

ဖေ့ချန်က နှစ်ခါလောက် ကြိုးစားကြည့်ပြီးတော့ " ဒါက တိုနေတယ်...နဲနဲရှည်ရှည်ညှပ်ပေး "

နန်ဟွိုင်လင် ပိုရှည်တဲ့အစတစ်ခုကို ညှပ်ကာ ဖေ့ချန်ဆီ ကမ်းပေးလိုက်၏။

" မိန်းမ...သူ့ကို ကိုင်ထားပေးဦး "

ထို့သို့နှင့် နန်ဟွိုင်လင်က နဂါးပေါက်လေးကို ထိန်းကိုင်ကာချိန်မှာ ဖေ့ချန်က ဖဲကြိုးကို ချည်ပေးနေလေသည်။

ဖေ့ချန်က နဂါးပေါက်လေးရဲ့ ရှည်လျားတဲ့လည်ပင်းမှာ ဖဲကြိုးကို ကျွမ်းကျင်စွာ ချည်နှောင်ပြီးနောက်ဆုံးမှာ ဖဲပြား(ဖဲပွင့်)ပုံစံလေး ပေါ်ထွက်လာတော့သည်။

" စူပါမားကတ်က အလကားပေးတဲ့လက်ဆောင်နဲ့ တူနေပြီ " လန်စီလော့က နဂါးပေါက်လေးကို ကြည့်ကာ ပြောလိုက်သည်။

" အရမ်းမိုက်တယ် " ဖေ့ချန်ကတော့ ကျေနပ်နေတော့သည်။ " မိန်းမ...ဘယ်လိုလဲ? "

" အမ်....." နန်ဟွိုင်လင် နဂါးပေါက်တစ်ကို ကြည့်လိုက်မိတော့ အနီရောင်ဖဲပြား ချည်နှောင်ခံထားရပုံက သူ့ကို ပြုံးမိသွားစေ၏။ " ကြောင်တောင်တောင်နဲ့ "

ဖေ့ချန် ပင်လယ်ပြာကို လှမ်းပြောလိုက်သည်။ " အစိမ်းတစ်ခု ညှပ်ပေး "

နန်ဟွိုင်လင် သူနားမှာရှိနေတဲ့ နဂါးသေးသေးလေးတစ်ကောင်ကို လှမ်းယူလိုက်သည်။ " မင်းက အစိမ်းလေးပဲ နဂါးပေါက်နှစ်လေး " ထို့နောက် သူ ပြုံးရင်း ဖေ့ချန်ကို ကြည့်လိုက်မိသည်။ " သူက ခင်ဗျားနဲ့ နာမည်တူနေတယ်...ဘယ်လိုလုပ်ကြမလဲ? "

ဖေ့ချန်က သူ့ကို စိုက်ကြည့်လာ၏။ " နန်ဟွိုင်လင်....ကိုယ် မင်းကို ကောင်းတာတွေပဲ အတုယူဖို့ သတိပေးထားမယ် "

" တော်ပြီ " နန်ဟွိုင်လင် စိတ်ဆိုးတဲ့အမူအရာလေး လုပ်လိုက်၏။ " ခင်ဗျားက ငယ်ပါသေးတယ် "

" သေးလား မသေးဘူးလားဆိုတာ မင်း အသိဆုံးပဲ မဟုတ်ဘူးလား " ဖေ့ချန်က ပြုံးကာဆိုလာ၏။

ရုတ်တရက် နန်ဟွိုင်လင် လန်စီလော့ကို လှမ်းကြည့်လိုက်မိပြီး ဖေ့ချန်ကို စားပွဲအောက်ကနေ တစ်ချက်လောက် ကန်ပေးလိုက်ကာ တိုးတိတ်စွာ သတိပေးလိုက်ရသည်။ " တည်တည်တံ့တံ့ပြောစမ်းပါ "

မကြာခင်မှာပဲ နဂါးပေါက်လေး လေးကောင်စလုံးက သူတို့လည်ပင်းမှာ ဖဲပြားလေးများ အသီးသီး ချည်နှောင်ပြီးသား ဖြစ်သွားကြ၏။

နဂါးပေါက်တစ်က အနီရောင်၊ နဂါးပေါက်နှစ်က အစိမ်းရောင်၊ နဂါးပေါက်သုံးက ပန်းရောင်နှင့် နဂါးပေါက်လေးက ခရမ်းရောင် ဖြစ်ကြပြီး သူတို့ သေးသေးလေးတွေက အတန်းလိုက် မတ်တပ်ရပ်နေကြတော့ ကြည့်ရတာ ကြောင်​တောင်တောင်နိုင်ပြီး တဖက်မှာလည်း အရမ်းကို ချစ်ဖို့ကောင်းလွန်းနေ၏။

လန်စီလော့ စုတ်သပ်လိုက်ကာ သူ့ခေါင်းကို ခါရမ်းလိုက်သည်။ "ကျွတ်..ကျွတ်...ကျွတ်...သနားစရာ ကလေးလေးတွေ...ဒီအခိုက်အတန့်က သေချာပေါက် သူတို့ဘဝရဲ့ မှောင်မည်းတဲ့သမိုင်းတစ်ခုအဖြစ် ကျန်နေတော့မှာ "

နန်ဟွိုင်လင် သူ့ရဲ့ဖုန်းကို ထုတ်ယူလိုက်သည်။

" အမှတ်တရဓာတ်ပုံလေး ရိုက်ရအောင် "

နန်ဟွိုင်လင်ရဲ့ဖုန်းက သူတို့ကို ချိန်ပြီးကိုင်ထားတာလည်းမြင်ရော နဂါးပေါက် တစ်၊နှစ်၊သုံး၊လေး လေးကောင်လုံးက သူတို့ရဲ့လည်ပင်းတွေကို ဆန့်တန်းလာကြပြီး သိချင်စိတ်ပြင်းပြစွာ ပြူးကြောင်ကြောင်မျက်လုံးများဖြင့် ကြည့်လာကြသည်။ နန်ဟွိုင်လင် ထိုပုံလေးကို အမိအရဖမ်းယူလိုက်တော့ ဖေ့ချန်က သူ့နားရောက်လာပြီး ကြည့်ကာ ပြုံးရယ်နေတော့သည်။

" ဟားဟားဟား....တကယ် ကြောင်​တောင်တောင်နဲ့! "

နန်ဟွိုင်လင်, " ပင်လယ်ပြာ...နဂါးပေါက်ငါးလေးရော? "

" ကျတော့်အခန်းထဲက ဥဖောက်စက်ထဲမှာ...လိုက်ပြမယ်လေ "

လန်စီလော့ရဲ့ အခန်းက ပထမထပ်မှာဖြစ်ပြီး အထဲမှာတော့ စားပွဲပေါ်မှာ တင်ထားတဲ့ ဥဖောက်စက် အသေးလေးတစ်လုံးကို တွေ့ရသည်။ တံခါးပေါက်က ဖန်သားဖြင့်ပြုလုပ်ထားတာဖြစ်သဖြင့် အထဲမှာ နဂါးဥလေးက တစ်လုံးထဲ ငြိမ်သက်စွာ တည်ရှိနေတာကို ရှင်းလင်းစွာ မြင်တွေ့ရသည်။

" ဘာလို့ သူတစ်ယောက်ထဲကပဲ ဥမပေါက်နိုင် ဖြစ်နေရတာလဲ? " နန်ဟွိုင်လင် စိုးရိမ်စွာ မေးလိုက်မိသည်။ " သူ တကယ်အဆင်ပြေတာရော သေချာရဲ့လား? "

" နဂါးတွေ ဥပေါက်ဖို့အတွက် ကြာချိန်က ရှည်လျားနိုင်သလို တိုလည်းတိုနိုင်တယ်...စောပြီးဥပေါက်လာတာရှိသလို နောက်ကျသွားတာလည်း ဖြစ်နိုင်တယ် " ဖေ့ချန် ​ရှင်းပြလိုက်သည်။ " ဥပေါက်ဖို့အတွက် အရေးကြီးဆုံးလိုအပ်တဲ့အခြေအနေကို ရေအောက်မြို့တော်မှာ အောင်မြင်ခဲ့ပြီးပြီ...နဂါးပေါက်ငါးက အခု သူ့ရဲ့ဥခွံထဲမှာ အိပ်နေတာ...သူနိုးလာတဲ့အချိန်ကြရင် သူဘာသာပဲထွက်လာလိမ့်မယ်...မစိုးရိမ်နဲ့ "

နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်သည်။

နဂါးပေါက်ငါးက ဥမပေါက်ခင်ကတည်းက သူ့ရဲ့နှလုံးသားကို ဆုပ်ကိုင်နိုင်နေပြီ။

နဂါးပေါက်ငါးကိုကြည့်ရှုပြီးနောက် ဧည့်ခန်းဆီကို ပြန်လာလိုက်ကြသည်။

လန်စီလော့က နာရီကို ငုံ့ကြည့်လိုက်ပြီး " သူတို့ကို အစာကျွေးရတော့မယ်...ငါ အစာသွားစပ်လိုက်ဦးမယ် "

" ကျတော်ရော လိုက်ခဲ့မယ်လေ "

ထို့နောက် နန်ဟွိုင်လင်တို့နှစ်ယောက် မီးဖိုချောင်ရှိရာဆီသို့ အတူသွားလိုက်ကြသည်။

ပထမဆုံး လန်စီလော့က ရေနွေးအရင်တည်ပြီး ပုလင်းလေးခုကို တန်းစီချကာ သူတို့ထဲကို အချိုးအစားအတိုင်း အစာတွေ ထည့်နေလေသည်။

နန်ဟွိုင်လင် ဝိုင်းကာ ကူညီလိုက်ပြီး လန်စီလော့ဆီက အစာဘယ်နှစ်စွန်းထည့်ရမယ်၊ ရေဘယ်လောက်ထည့်ရမယ်၊ အပူချိန်ဘယ်လောက်မှာရောစပ်ရမယ် စတဲ့အရာများကို သင်ယူလိုက်ပြီး လန်စီလော့ကလည်း သူ့ကိုစိတ်ရှည်စွာ သင်ကြားပေးလေသည်။

" ဖေ့ချန်က မင်းကို အဲ့ဒီအကြောင်းအရာတွေအကုန်ပြောပြခဲ့မှာပဲ ဟုတ်တယ်မလား " လန်စီလော့က ရုတ်တရက်ဆိုလာသည်။

" ဘယ်အကြောင်းလဲ "

" ငါ့ရဲ့ ခန္ဓာကိုယ်အကြောင်းပေါ့...တစ်ဝက်က ယောက်ျားလေး တစ်ဝက်က မိန်းကလေးဆိုတဲ့ဟာ...." လန်စီလော့က မျက်လွှာချထားကာ ဆိုလာသည်။

နန်ဟွိုင်လင်က ခနလောက် ဘာပြောရမလဲမသိဖြစ်သွားရင်း ပြီးမှ " အင်း..."ဆိုတဲ့ အသံလေး ထွက်ပေါ်လာခဲ့သည်။

ထိုအခါက လန်စီလော့က ခပ်ဖွဖွရယ်လာ၏။ " ငါ့ကို မကောင်းဆိုးဝါးလို့ မင်း ထင်နေမှာပေါ့ "

နန်ဟွိုင်လင်လည်း ပြန်လည်ပြုံးပြလိုက်သည်။ " ကျတော်က သဘာဝတရားကြီးကို ပိုပြီးလက်ခံလာနိုင်ပြီထင်တယ်...ဖေ့ချန်က သူ့ရဲ့ပုံစံကို ကျတော့်ရှေ့မှာပြခဲ့တုန်းက ကျတော် တစ်မိနစ်လောက်ထိ တုန်လှုပ်သွားခဲ့ရသေးတယ်...ဒါပေမယ့် နောက်တော့ ကျတော် အဲ့ဒီအရာကို ပွင့်ပွင့်လင်းလင်းလက်ခံခဲ့တာပါပဲ "

" ဒီနေ့နေ့လည် ဖေ့ချန် မင်းအကြောင်းကို ပြောပြတုန်းက ကျတော် တကယ်မအံ့သြခဲ့ပါဘူး...ကမ္ဘာပေါ်မှာ တည်ရှိမှုတွေက အများကြီးပဲလေ....ကျတော်နဲ့မတူတိုင်း တခြားသူတွေက မကောင်းဆိုးဝါးပဲဆိုပြီး ကျတော်မတွေးမိပါဘူး...မင်းက မကောင်းဆိုးဝါးမဟုတ်ပါဘူး..မင်းက ကျတော်နဲ့မတူရုံတင်ပါ "

လန်စီလော့က သူ့ကိုလှည့်ကြည့်လာရင်း တည်ငြိမ်စွာပြောလာ၏။ " မင်းလိုမိန်းမကိုရတာ 'ချန်'က တကယ်ကံကောင်းတာပဲ...ငါ မင်းနဲ့ သူငယ်ချင်းလုပ်လို့ရလား? "

" ရတာပေါ့ " နန်ဟွိုင်လင် ပြုံးကာပြောလိုက်သည်။ " မင်းက ဖေ့ချန်ရဲ့သူငယ်ချင်းပဲဆိုတော့ ကျတော့်သူငယ်ချင်းပဲပေါ့ "

အစာစပ်ပြီးတော့ ပုလင်းတွေကို ဧည့်ခန်းထဲသယ်လာလိုက်ကြသည်။

သူနှင့် လန်စီလော့က တစ်ကောင်စီ အစာကျွေးလိုက်ပြီး ဖေ့ချန်က နှစ်ကောင်လုံးကို အစာကျွေးနေ၏။

နန်ဟွိုင်လင် သူ့လက်တစ်ဖက်နဲ့ အစိမ်းရောင်ဖဲကြိုးချည်ထားတဲ့ နှဂါးပေါက်နှစ်ကို ထိန်းထားပြီး ကျန်တစ်ဖက်နဲ့ အစာကျွေးဖို့ ပုလင်းကိုကိုင်ထားလိုက်သည်။

နဂါးသေးသေးလေးက သူ့လည်ပင်းကိုစောင်းကာ နို့သီးခေါင်းကို ပါးစပ်ဖြင့်ကိုက်နေပြီး အထိန်းအချုပ်မဲ့စွာ အတင်းစုပ်ယူတော့သည်။ သူက နဲနဲချင်းစီကို အရမ်းမြန်မြန်စုပ်ယူတာကြောင့်ဖြစ်မယ်..သူ့ရဲ့ပါးစပ်ထောင့်ကနေပြီးတော့ နို့ရည်တွေက ယိုစိမ့်လာတော့သည်။ ထို့ကြောင့် နန်ဟွိုင်လင်ရဲ့ အင်္ကျီရင်ဖက်ပေါ်မှာ ရေကွက်သေးသေးလေး စွန်းထင်းသွားတော့သည်။

နဂါးပေါက်နှစ်လေးရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့မျက်နှာလေးကိုကြည့်ရင်း သူ့ရင်ထဲမှာ နွေးထွေးပျော့ပျောင်းတဲ့စိတ်ခံစားမှုများက ပြည့်ကြပ်လာတော့သည်။

နန်ဟွိုင်လင် ခေါင်းကို အလိုအလျှောက် ငုံ့ကိုင်းလိုက်မိပြီး နဂါးပေါက်လေးရဲ့ ခေါင်းသေးသေးလေးကို အနမ်းပေးလိုက်တော့သည်။

_______________

15, 8, 2023 (TUE)

TN/ အချိန်အကြာကြီး စောင့်လိုက်ရတဲ့အတွက် Mizzleတကယ်ပဲ တောင်းပန်ပါတယ်....

ဒီကြားထဲမှာ Bkkကနေ စစ်ကိုင်းတိုင်းထဲက Mizzle's hometownကို အလည်ပြန်လိုက်တာကြောင့် 2လလောက် internet လုံးဝသုံးစွဲလို့ မရဘူးဖြစ်သွားပါတယ်....အခုတော့ Bkkကို ပြန်ရောက်နေပြီဖြစ်လို့ ရှေ့လျှောက် upမှန်သွားဖို့ မျှော်လင့်မိပါတယ်

-----------

Zawgyi

နန္ဟြိုင္လင္ အျမန္ေျပးကာ ေဘးနံရံျဖင့္တိုက္မိၿပီး ျပန္ထဖို႔ ရုန္းကန္ေနရတဲ့ နဂါးေပါက္ေလးဆီသြားၿပီး ေရထဲကေန ဆယ္ယူေပးလိုက္သည္။ ထို႔ေနာက္ ထိုအေကာင္ေပါက္ေလး အဆင္ေျပရဲ့လား သိခ်င္လာ၍ အနီးကပ္ဆြဲယူၾကည့္လိုက္ခ်ိန္မွာ လံုးဝမထင္မွတ္ထားဘဲ သူ႔မ်က္ႏွာတစ္ခုလံုးကို ေရစက္အမ်ားႀကီး စင္သြားတာကို ခံလိုက္ရေတာ့သည္။

တကယ္ကို ဒီအေကာင္ေပါက္ေလးက အရမ္းဆိုးတာပဲ...

သူ႔မ်က္ႏွာက ေရေတြကို သုတ္လိုက္ၿပီး ခါးကုန္းကာ နဂါးေပါက္ေလးကို ေရကန္ထဲ ျပန္ခ်လိုက္ၿပီး သူ႔ရဲ့ အေပၚကထပ္ဝတ္ထားတဲ့ ေဘာင္းဘီတိုနဲ႔တီရွပ္ကိုခြၽတ္ကာ ေရထဲကို ဆင္းလာခဲ့လိုက္သည္။ ေရအပူခ်ိန္က အနည္းငယ္ေနြးေနတာေၾကာင့္ ေရထဲသို႔ တေျဖးေျဖးႏွစ္ဝင္သြားတဲ့အခ်ိန္မွာ အရမ္းကို ေနလို႔ေကာင္းေနၿပီး ေရအျမင့္ကလည္း အရမ္းမနက္ဘဲ သူ႔ရင္ဘတ္ေလာက္သာရိွ၏။

ထိုစဥ္ အျဖဴေရာင္နဂါးႀကီးက အၿမႇီးကိုလႈပ္ယမ္းရင္း ေရကူးကာ သူ႔ေဘးသို႔ေရာက္လာၿပီးေနာက္ ပါးစပ္ဖြင့္ကာ ေရတံခြန္သဖြယ္ သူ႔ေပၚကို ေရေတြ ထပ္မံေလာင္းခ်လိုက္ျပန္၏။

နန္ဟြိုင္လင္, "......."

ဒီအႀကီးက ခုနကေပါက္စေလးထက္ ပိုဆိုးတာပဲ....

အျဖဴေရာင္နဂါးႀကီးက သူ႔မ်က္ႏွာကို ေရစက္ေတြနဲ႔ ထပ္မံပက္ျဖန္းလိုက္ၿပီး ေခါင္းငံု႔ကာ သူ႔မ်က္ႏွာကို ေက်နပ္စြာျဖင့္ ပြတ္သက္လာခဲ့သည္။ ထို႔ေနာက္ ေခါင္းကိုေစာင္းကာ နန္ဟြိုင္လင္ကို သူ႔ေက်ာေပၚတက္ဖို႔ အခ်က္ျပလာ၏။

ထို႔ေၾကာင့္ နဂါးႀကီး၏လည္ဆံေမႊးကိုဆြဲကာ နန္ဟြိုင္လင္ အေပၚသို႔ တက္ထိုင္လိုက္သည္။ ထိုအရာကို နဂါးေပါက္စေလးေတြက ျမင္သြားၿပီး သူတို႔၏အေတာင္ပံမ်ားကို တစ္ဖ်ပ္ဖ်ပ္ခပ္ကာ ပ်ံသန္းလာၿပီး အျဖဴေရာင္နဂါးႀကီး၏ေက်ာေပၚသို႔ အတန္းလိုက္ ဆင္းသက္လာၾကသည္။ သူတို႔က နန္ဟြိုင္လင္ေရ႔ွမွာ ေခါင္းေလးေတြ အၿမႇီးေလးေတြေပးကာ အတူတူထိုင္ေနေတာ့ အျဖဴေရာင္ငံုးေပါက္ေလး ေလးေကာင္ထိုင္ေနသလို ဆင္တူေနေတာ့သည္။

" ငါေရာစီးမယ္ ေခၚၪီး! " လန္စီေလာ့က ေရကန္ထဲသို႔ ခုန္ဆင္းလာသည္။ " ငါလည္း နဂါးႀကီးစီးခ်င္တယ္! "

ထိုအခ်ိန္ အျဖဴေရာင္နဂါးႀကီးက သူ႔အၿမႇီးကို လႈပ္ယမ္းလိုက္တာေၾကာင့္ လန္စီေလာ့တစ္ကိုယ္လံုးက မေျပာမဆို ေရေတြနဲ႔ ရိုက္မိသြားေတာ့သည္။

ထိုအရာကိုၾကည့္ၿပီး နန္ဟြိုင္လင္ စိတ္မေကာင္းျဖစ္မိသြားတာေၾကာင့္ လန္စီေလာ့ဆီ လက္ကမ္းေပးဖို႔ျပင္လိုက္ခ်ိန္မွာ အျဖဴေရာင္နဂါးႀကီးက လ်ွင္ျမန္စြာ အေဝးကို ကူးခက္သြားေတာ့သည္။

ေရကန္ႀကီးက အရမ္းက်ယ္ကာ အျဖဴေရာင္နဂါးႀကီးက ျမန္ဆန္လြန္းေသာ အရိွန္ျဖင့္ ကူးခက္ေနၿပီး ေရကန္အဆံုးသို႔ေရာက္ခ်ိန္မွာ ရုတ္တရက္ ဂငယ္ေကြ့ ေကြ့လိုက္ေတာ့ နဂါးေပါက္ေလးႏွစ္ေကာင္က ကံမေကာင္းစြာျဖင့္ ျပဳတ္က်သြားေတာ့၏။ သူ႔ရဲ့ ျပဳတ္တူလို႔ ၿမဲျမဲဖတ္ထားတဲ့ ေျခေထာက္ေတြကိုပဲ နန္ဟြိုင္လင္ ေက်းဇူးတင္ခ်င္သြား၏။ ဒါေပမယ့္လည္း နဂါး၏လည္ဆံေမြးကိုဆြဲၿပီး တည့္တည့္ထိုင္လိုက္ခ်ိန္မွာ သူ၏ ခႏၶာကိုယ္တစ္ဝက္က ေရထဲမွာ ႏွစ္ျမႇဳပ္ေနဆဲျဖစ္သည္။

ေဖ့ခ်န္ေက်ာေပၚမွာ က်န္ရိွေနဆဲျဖစ္သည့္ နဂါးေပါက္ေလး ႏွစ္ေကာင္က စိတ္အားထက္သန္စြာျဖင့္ တက်ည္က်ည္ျမည္ေနၾကၿပီး သူတို႔အသံေလးေတြက ငွက္သံႏွင့္ ေတာ္ေတာ္ေလးကို ဆင္တူလွသည္။

ေရထဲကို ျပဳတ္က်ခဲ့တဲ့ နဂါးေပါက္ႏွစ္ေကာင္ကလည္း သူတို႔ကို အမွီလိုက္ဖို႔ ေနာက္ကေန ပ်ံသန္းလာၾကေပမယ့္ သူတို႔ရဲ့ နဂါးေဖေဖ ေရကူးတာက အရမ္းျမန္လြန္းေနတာေၾကာင့္ သူတို႔ ဘယ္ေလာက္ပဲႀကိဳးစားပါေစ အမွီမလိုက္ႏိုင္ဘူး ျဖစ္ေန၏။ သူတို႔ပံုေလးေတြက အရမ္းအားနည္းကာ သနားဖို႔ေကာင္းေနၿပီး အကူအညီမဲ့သလို ျဖစ္ေနတာေၾကာင့္ ထိုအရာကိုၾကည့္ကာ နန္ဟြိုင္လင္ ရယ္ခ်င္လာေတာ့သည္။

" ေဟး...! " နန္ဟြိုင္လင္ အျဖဴေရာင္ နဂါးႀကီးကို ပုတ္ကာ ေျပာလိုက္သည္။ " ေျဖးေျဖးကူး! "

ထိုအခါ အျဖဴေရာင္နဂါးႀကီးက ရုတ္တရက္ ေရေအာက္သို႔ ငုပ္လ်ိႈးသြားေတာ့သည္။ ထို႔ေၾကာင့္ သူ႔တစ္ကိုယ္လံုးက ေရကန္ထဲသို႔ ႏွစ္သြားတာေၾကာင့္ နန္ဟြိုင္လင္ မ်က္လံုးေတြ၊ ပါးစပ္ေတြ အျမန္ပိတ္ကာ အသက္ေအာင့္ထားလိုက္ရေတာ့သည္။ နန္ဟြိုင္လင္ မ်က္ႏွာကိုပြတ္ကာ မ်က္လံုးဖြင့္ၿပီး ရွာေဖြၾကည့္လိုက္ေတာ့ နဂါးေပါက္ေလးေတြအကုန္လံုးက ျပဳတ္က်ေနခဲ့ၿပီး သူတစ္ေယာက္တည္းသာ နဂါးႀကီး၏ေက်ာေပၚမွာ က်န္ရစ္ခဲ့ေတာ့သည္။

" ေရ႔ွကိုၾကည့္! " ရုတ္တရက္ လန္စီေလာ့က လွမ္းေအာ္လိုက္၏။

နန္ဟြိုင္လင္ ရုတ္တရက္ မ်က္လံုးပင့္ၾကည့္လိုက္ေတာ့ သူတို႔ေနာက္မွာ လိုက္လာၾကတဲ့ နဂါးေပါက္ေလးႏွစ္ေကာင္က အခု သူ႔ေရ႔ွမွာေရာက္ေနၿပီး သူ႔မ်က္ႏွာကို ဝင္တိုက္မိလုနီးပါးျဖစ္ေန၏။ ထို႔ေၾကာင့္ နန္ဟြိုင္လင္ နဂါးႀကီး၏ေက်ာေပၚသို႔ အျမန္ငံု႔ခ်လိုက္ရ၏။ တခ်ိန္တည္းမွာပဲ နဂါးႀကီးက ေရေအာက္ကို ထပ္မံငုပ္လ်ိႈးသြားတာေၾကာင့္ နန္ဟြိုင္လင္ ေရထဲသို႔ ေရာက္ရိွသြားၿပီး ရုတ္တရက္ သူ႔ေအာက္က ဘာမွမရိွေတာ့တာကို ခံစားလိုက္ရ၏။ သူ႔ခႏၶာကိုယ္က အမွီမရိွေတာ့တာေၾကာင့္ ေအာက္သို႔ စတင္ကာ ႏွစ္ျမႇဳပ္သြားေတာ့၏။

" အဟြတ္...အဟြတ္! " နန္ဟြိုင္လင္ ေခ်ာင္းေတြဆိုးကာ ေဖ့ခ်န္ကို လွည့္ၾကည့္လိုက္သည္။ " ခင္ဗ်ား က်ေတာ္ႏွင့္ နဂါးေပါက္ေလးေတြကို ကစားေနတာပဲ "

ေဖ့ခ်န္က သူ၏ ေရစိုေနတဲ့ ဆံပင္ေတြကို ေနာက္သို႔ လွန္တင္လိုက္ၿပီး ၿပံဳးကာ ဆိုလာသည္။ " စိတ္လႈပ္ရွားဖို႔ မေကာင္းဘူးလား? "

နန္ဟြိုင္လင္ ေခါင္းၿငိမ့္ကာ ၿပံဳးလိုက္မိသည္။ " အင္း..အဲ့တာက ေရထဲမွာ 'ရိုလာကိုစတာ'စီးရတဲ့အတိုင္းပဲ "

နဂါးေပါက္ေလးေတြက ေရကူးလာကာ သူတို႔ႏွစ္ေယာက္ကို ဝိုင္းထားေတာ့သည္။

" သူတို႔က အခု က်ေတာ္ေျပာတာကို နားလည္ႏိုင္ၿပီလား? "

" နဲနဲေတာ့ နားလည္ေနေလာက္ၿပီ " ေဖ့ခ်န္က နဂါးေပါက္ေလးေတြကို ေရပတ္ေတာ့ သူတို႔ကလည္း ေဖ့ခ်န္ကို ပါးစပ္ထဲက ေရေတြ လွမ္းပတ္ေနေတာ့သည္။ " သူတို႔က ဉာဏ္အရမ္းေကာင္းတယ္...သူတို႔က လူသားကေလးေလးေတြအျဖစ္ ေျပာင္းႏိုင္သြားရင္ တစ္ခါတည္း "ပါးပါး"လို႔ ေျပာႏိုင္ၾကလိမ့္မယ္ "

သူတို႔ေလးေတြ လူသားကေလးေလးေတြအျဖစ္ ေျပာင္းသြားတာကိုျမင္ဖို႔ နန္ဟြိုင္လင္ မေစာင့္ႏိုင္ေတာ့ေပ...သူတို႔က အရမ္းခ်စ္ဖို႔ေကာင္းေနမွာ ေသခ်ာတယ္...

" ဒါနဲ႔ အခု သူတို႔က ဘာေတြစားၾကလဲ? "

" အသားစားတယ္...ၿပီးရင္ ႏို႔ေသာက္တယ္ "

" သူတို႔ၾကည့္ရတာ ေကာင္းေကာင္းစားရတဲ့ပံုပါပဲ "

ထိုအခါ ေရကူးကန္ေဘးမွာ ရပ္ေနတဲ့ လန္စီေလာ့က ေမးလာ၏။ " နဂါးေပါက္ေလးေတြကို နာမည္ေပးၿပီးၿပီလား? "

သူတို႔ အဲ့အေၾကာင္းကို ေမ့ေနၾကတာျဖစ္သည္။ နန္ဟြိုင္လင္ ျပန္ေျဖလိုက္၏။ " မေပးရေသးဘူး "

" မင္း ကိုယ္ဝန္ထပ္ရိွေနၿပီဆိုတာ ငါ ေဖ့က်န္းဆီက ၾကားထားတယ္ " လန္စီေလာ့က ၿပံဳးကာ ေျပာလာသည္။ " တစ္ဗိုက္ၿပီးတစ္ဗိုက္ေမြးၿပီး နာမည္ေတြ ေပးရရင္ မင္း ေတာ္ေတာ္ေခါင္းကိုက္ရမွာပဲ "

ေဖ့ခ်န္လည္း ထိုအေၾကာင္းကို ေတြးမိ၏။ " အရင္ဆံုး သူတို႔ကို နံပါတ္ေတြပဲေပးထားရင္ေရာ..နဂါးေပါက္တစ္၊ နဂါးေပါက္ႏွစ္၊ နဂါးေပါက္သံုး၊ နဂါးေပါက္ေလး ဆိုၿပီး..အဲ့တာဆိုရင္ ေခၚလို႔လြယ္တယ္...သူတို႔ကို နာမည္ေပးရဖို႔ အခုသာစဥ္းစားေနရင္ ၿပီးမွာမဟုတ္ေတာ့ဘူး "

နန္ဟြိုင္လင္, " ဒါေပမယ့္ အရင္ဆံုး က်ေတာ္တို႔ ဘယ္အေကာင္က ဘယ္သူလဲဆိုတာ သိဖို႔ ခြဲျခားတက္ေအာင္ လုပ္ရၪီးမယ္ေလ "

သူ႔ရဲ့အၿမီးကို ေအးေဆးစြာ လႈပ္ယမ္းေနရင္း လန္စီေလာ့က ေျပာလာ၏။ " ငါ အေရာင္မတူတဲ့ဖဲႀကိဳးေလးေတြ ဝယ္ထားတယ္..အဲ့တာေတြ စည္းေပးလိုက္ "

" ဒါနဲ႔...အကိုေရာ ဘယ္မွာလဲ? " ေဖ့ခ်န္ အခုမွ သတိရသြားကာ ေမးလိုက္၏။

" ရံုးသြားတာလို႔ ထင္တာပဲ...ေန့လည္က ဖုန္းဝင္လာၿပီးတည္းက ထြက္သြားတာ " လန္စီေလာ့က စကားခနရပ္လိုက္ၿပီး ေဖ့ခ်န္ကို တစ္ခ်က္ၾကည့္လာ၏။ " ေလာင္အာ..အကိုက်န္းက....သူ တစ္ေယာက္ေယာက္ကို သေဘာက်ေနတာလား? "

နန္ဟြိုင္လင္ အသံဖြဖျြဖင့္ ဝင္ေျပာလိုက္၏။ " မင္းတို႔ စကားေျပာလိုက္ၾကၪီး...က်ေတာ္ နဂါးေပါက္ေလးေတြနဲ႔ ကစားလိုက္ၪီးမယ္ "

ေဖ့ခ်န္ ေခါင္းညိမ့္ကာ သေဘာတူလိုက္၏။ နန္ဟြိုင္လင္က ေရထဲကို ခုန္ခ်ၿပီး ေရကူးသြားေတာ့ နဂါးေပါက္ေလးမ်ားက သူ႔ေနာက္ကို တညီတၫြတ္ထဲ လိုက္ပါသြားၾက၏။ ျမင္ကြင္းက တကယ့္ကို ဘဲေမေမႀကီးေနာက္ကို အတန္းလိုက္ လိုက္ပါသြားၾကတဲ့ ဘဲေပါက္ေလးမ်ားနဲ႔ တူေနေတာ့သည္။

နန္ဟြိုင္လင္ အေရ႔ွနဲ႔အေနာက္ကို အႀကိမ္အနည္းငယ္ကူးခက္ၿပီးေနာက္ ေမာလာၿပီလို႔ စတင္ခံစားလာရမွ ရပ္တန္႔လိုက္၏။

ေဖ့က်န္းက ျပင္းထန္တဲ့ေလ့က်င့္ခန္းေတြ လုပ္လို႔မရဘူးဟု ​သတိေပးထားေသာေၾကာင့္ျဖစ္သည္။

ေဖ့ခ်န္က လန္စီေလာ့နဲ႔ စကားေျပာလို႔ၿပီးသြား၍ ေဘးမွာရပ္ေစာင့္ေနကာ သူ႔ကို လက္ေဝ့ယမ္းျပလာ၏။

နန္ဟြိုင္လင္ ေရကန္ေပၚကို ျပန္တက္လာေတာ့ ေဖ့ခ်န္က သူ႔ဆီကို တဘတ္တစ္ထည္နဲ႔ေရာက္လာကာ ေခါင္းကို ေရသုတ္ေပးၿပီးေနာက္ သူ႔ပခံုးေပၚကေန တဘတ္ကိုၿခံဳေပးလိုက္၏။

" ေမာသြားၿပီလား? "

" အင္း "

နဂါးေဘဘီေလးမ်ားကလည္း ပ်ံသန္းလာၾကၿပီး နန္ဟြိုင္လင္ ပခံုးေပၚတြင္ အသီးသီးေနရာယူလိုက္ၾက၏။

နန္ဟြိုင္လင္ ၿပံဳးလိုက္မိကာ " သူတို႔ေလးေတြက အရမ္းခြၽဲတာပဲ "

" မင္းက မႀကိဳက္လို႔လား? "

" မဟုတ္တာ....သူတို႔က အရမ္းခ်စ္ဖို႔ေကာင္းတယ္ "

" လာ... " ေဖ့ခ်န္ နန္ဟြိုင္လင္ လက္ကိုဆြဲယူလိုက္၏။ " နဂါးေပါက္ေတြကို အမွတ္အသားလုပ္ေပးရေအာင္ "

ဆက္ထားတဲ့ ေဘးတံခါးကေနတဆင့္ ေဘးအိမ္ကို ျပန္လာလိုက္ၾကၿပီး အေပၚထပ္တက္ကာ ေရခ်ိဳးၿပီး အဝတ္အစားလဲလိုက္ၾက၏။သူတို႔ ေအာက္ကိုျပန္ဆင္းလာတဲ့အခ်ိန္မွာ လန္စီေလာ့က ဖဲႀကိဳးေလးေတြနဲ႔ အရန္သင့္ ေစာင့္ႀကိဳေနၿပီျဖစ္သည္။

၄က ပါးလြာၿပီး ေဖာက္ထြင္းျမင္ႏိုင္တဲ့ ဖဲႀကိဳးေလးမ်ားျဖစ္သည္။ အရမ္းကို လွပၿပီး အေရာင္ေတြကလဲ စံုလင္လွ၏။

ေဖ့ခ်န္က ေလခြၽန္လိုက္တဲ့အခါမွာ ပ်ံသန္းကာ ေဆာ့ေနၾကတဲ့ နဂါးေပါက္ေလးမ်ားက စားပြဲေပၚကို ျပန္ၿပီးဆင္းသက္လာၾကသည္။

နန္ဟြိုင္လင္ အနီေရာင္ဖဲႀကိဳးဆီမွ အပိုင္းအစေလးတစ္ခု ကိုက္ျဖတ္လိုက္ကာ ေဖ့ခ်န္ကို လွမ္းေပးလိုက္၏။ " နဂါးေပါက္တစ္ကို ခ်ည္ေပးလိုက္ "

ေဖ့ခ်န္က သူနဲ႔နီးတဲ့ နဂါးေပါက္ေလးကို ဒီတိုင္းဆြဲယူလိုက္၏။ " မင္းက နဂါးေပါက္တစ္ပဲ..ၾကားလား....လည္ပင္းကိုခ်ည္လိုက္ရင္ေတာ့ ပိုၿပီး ၾကည့္ေကာင္းေနမွာ "

နန္ဟြိုင္လင္, " ဒါဆိုလည္း လည္ပင္းမွာ ခ်ည္ေပးလိုက္ေလ "

ေဖ့ခ်န္က ႏွစ္ခါေလာက္ ႀကိဳးစားၾကည့္ၿပီးေတာ့ " ဒါက တိုေနတယ္...နဲနဲရွည္ရွည္ၫွပ္ေပး "

နန္ဟြိုင္လင္ ပိုရွည္တဲ့အစတစ္ခုကို ၫွပ္ကာ ေဖ့ခ်န္ဆီ ကမ္းေပးလိုက္၏။

" မိန္းမ...သူ႔ကို ကိုင္ထားေပးၪီး "

ထို႔သို႔ႏွင့္ နန္ဟြိုင္လင္က နဂါးေပါက္ေလးကို ထိန္းကိုင္ကာခ်ိန္မွာ ေဖ့ခ်န္က ဖဲႀကိဳးကို ခ်ည္ေပးေနေလသည္။

ေဖ့ခ်န္က နဂါးေပါက္ေလးရဲ့ ရွည္လ်ားတဲ့လည္ပင္းမွာ ဖဲႀကိဳးကို ကြၽမ္းက်င္စြာ ခ်ည္ေနွာင္ၿပီးေနာက္ဆံုးမွာ ဖဲျပား(ဖဲပြင့္)ပံုစံေလး ေပၚထြက္လာေတာ့သည္။

" စူပါမားကတ္က အလကားေပးတဲ့လက္ေဆာင္နဲ႔ တူေနၿပီ " လန္စီေလာ့က နဂါးေပါက္ေလးကို ၾကည့္ကာ ေျပာလိုက္သည္။

" အရမ္းမိုက္တယ္ " ေဖ့ခ်န္ကေတာ့ ေက်နပ္ေနေတာ့သည္။ " မိန္းမ...ဘယ္လိုလဲ? "

" အမ္....." နန္ဟြိုင္လင္ နဂါးေပါက္တစ္ကို ၾကည့္လိုက္မိေတာ့ အနီေရာင္ဖဲျပား ခ်ည္ေနွာင္ခံထားရပံုက သူ႔ကို ၿပံဳးမိသြားေစ၏။ " ေၾကာင္ေတာင္ေတာင္နဲ႔ "

ေဖ့ခ်န္ ပင္လယ္ျပာကို လွမ္းေျပာလိုက္သည္။ " အစိမ္းတစ္ခု ၫွပ္ေပး "

နန္ဟြိုင္လင္ သူနားမွာရိွေနတဲ့ နဂါးေသးေသးေလးတစ္ေကာင္ကို လွမ္းယူလိုက္သည္။ " မင္းက အစိမ္းေလးပဲ နဂါးေပါက္ႏွစ္ေလး " ထို႔ေနာက္ သူ ၿပံဳးရင္း ေဖ့ခ်န္ကို ၾကည့္လိုက္မိသည္။ " သူက ခင္ဗ်ားနဲ႔ နာမည္တူေနတယ္...ဘယ္လိုလုပ္ၾကမလဲ? "

ေဖ့ခ်န္က သူ႔ကို စိုက္ၾကည့္လာ၏။ " နန္ဟြိုင္လင္....ကိုယ္ မင္းကို ေကာင္းတာေတြပဲ အတုယူဖို႔ သတိေပးထားမယ္ "

" ေတာ္ၿပီ " နန္ဟြိုင္လင္ စိတ္ဆိုးတဲ့အမူအရာေလး လုပ္လိုက္၏။ " ခင္ဗ်ားက ငယ္ပါေသးတယ္ "

" ေသးလား မေသးဘူးလားဆိုတာ မင္း အသိဆံုးပဲ မဟုတ္ဘူးလား " ေဖ့ခ်န္က ၿပံဳးကာဆိုလာ၏။

ရုတ္တရက္ နန္ဟြိုင္လင္ လန္စီေလာ့ကို လွမ္းၾကည့္လိုက္မိၿပီး ေဖ့ခ်န္ကို စားပြဲေအာက္ကေန တစ္ခ်က္ေလာက္ ကန္ေပးလိုက္ကာ တိုးတိတ္စြာ သတိေပးလိုက္ရသည္။ " တည္တည္တံ့တံ့ေျပာစမ္းပါ "

မၾကာခင္မွာပဲ နဂါးေပါက္ေလး ေလးေကာင္စလံုးက သူတို႔လည္ပင္းမွာ ဖဲျပားေလးမ်ား အသီးသီး ခ်ည္ေနွာင္ၿပီးသား ျဖစ္သြားၾက၏။

နဂါးေပါက္တစ္က အနီေရာင္၊ နဂါးေပါက္ႏွစ္က အစိမ္းေရာင္၊ နဂါးေပါက္သံုးက ပန္းေရာင္ႏွင့္ နဂါးေပါက္ေလးက ခရမ္းေရာင္ ျဖစ္ၾကၿပီး သူတို႔ ေသးေသးေလးေတြက အတန္းလိုက္ မတ္တပ္ရပ္ေနၾကေတာ့ ၾကည့္ရတာ ေၾကာင္​ေတာင္ေတာင္ႏိုင္ၿပီး တဖက္မွာလည္း အရမ္းကို ခ်စ္ဖို႔ေကာင္းလြန္းေန၏။

လန္စီေလာ့ စုတ္သပ္လိုက္ကာ သူ႔ေခါင္းကို ခါရမ္းလိုက္သည္။ "ကြၽတ္..ကြၽတ္...ကြၽတ္...သနားစရာ ကေလးေလးေတြ...ဒီအခိုက္အတန္႔က ေသခ်ာေပါက္ သူတို႔ဘဝရဲ့ ေမွာင္မည္းတဲ့သမိုင္းတစ္ခုအျဖစ္ က်န္ေနေတာ့မွာ "

နန္ဟြိုင္လင္ သူ႔ရဲ့ဖုန္းကို ထုတ္ယူလိုက္သည္။

" အမွတ္တရဓာတ္ပံုေလး ရိုက္ရေအာင္ "

နန္ဟြိုင္လင္ရဲ့ဖုန္းက သူတို႔ကို ခ်ိန္ၿပီးကိုင္ထားတာလည္းျမင္ေရာ နဂါးေပါက္ တစ္၊ႏွစ္၊သံုး၊ေလး ေလးေကာင္လံုးက သူတို႔ရဲ့လည္ပင္းေတြကို ဆန္႔တန္းလာၾကၿပီး သိခ်င္စိတ္ျပင္းျပစြာ ျပဴးေၾကာင္ေၾကာင္မ်က္လံုးမ်ားျဖင့္ ၾကည့္လာၾကသည္။ နန္ဟြိုင္လင္ ထိုပံုေလးကို အမိအရဖမ္းယူလိုက္ေတာ့ ေဖ့ခ်န္က သူ႔နားေရာက္လာၿပီး ၾကည့္ကာ ၿပံဳးရယ္ေနေတာ့သည္။

" ဟားဟားဟား....တကယ္ ေၾကာင္​ေတာင္ေတာင္နဲ႔! "

နန္ဟြိုင္လင္, " ပင္လယ္ျပာ...နဂါးေပါက္ငါးေလးေရာ? "

" က်ေတာ့္အခန္းထဲက ဥေဖာက္စက္ထဲမွာ...လိုက္ျပမယ္ေလ "

လန္စီေလာ့ရဲ့ အခန္းက ပထမထပ္မွာျဖစ္ၿပီး အထဲမွာေတာ့ စားပြဲေပၚမွာ တင္ထားတဲ့ ဥေဖာက္စက္ အေသးေလးတစ္လံုးကို ေတြ့ရသည္။ တံခါးေပါက္က ဖန္သားျဖင့္ျပဳလုပ္ထားတာျဖစ္သျဖင့္ အထဲမွာ နဂါးဥေလးက တစ္လံုးထဲ ၿငိမ္သက္စြာ တည္ရိွေနတာကို ရွင္းလင္းစြာ ျမင္ေတြ့ရသည္။

" ဘာလို႔ သူတစ္ေယာက္ထဲကပဲ ဥမေပါက္ႏိုင္ ျဖစ္ေနရတာလဲ? " နန္ဟြိုင္လင္ စိုးရိမ္စြာ ေမးလိုက္မိသည္။ " သူ တကယ္အဆင္ေျပတာေရာ ေသခ်ာရဲ့လား? "

" နဂါးေတြ ဥေပါက္ဖို႔အတြက္ ၾကာခ်ိန္က ရွည္လ်ားႏိုင္သလို တိုလည္းတိုႏိုင္တယ္...ေစာၿပီးဥေပါက္လာတာရိွသလို ေနာက္က်သြားတာလည္း ျဖစ္ႏိုင္တယ္ " ေဖ့ခ်န္ ​ရွင္းျပလိုက္သည္။ " ဥေပါက္ဖို႔အတြက္ အေရးႀကီးဆံုးလိုအပ္တဲ့အေျခအေနကို ေရေအာက္ၿမိဳ႔ေတာ္မွာ ေအာင္ျမင္ခဲ့ၿပီးၿပီ...နဂါးေပါက္ငါးက အခု သူ႔ရဲ့ဥခြံထဲမွာ အိပ္ေနတာ...သူႏိုးလာတဲ့အခ်ိန္ၾကရင္ သူဘာသာပဲထြက္လာလိမ့္မယ္...မစိုးရိမ္နဲ႔ "

နန္ဟြိုင္လင္ ေခါင္းညိမ့္လိုက္သည္။

နဂါးေပါက္ငါးက ဥမေပါက္ခင္ကတည္းက သူ႔ရဲ့ႏွလံုးသားကို ဆုပ္ကိုင္ႏိုင္ေနၿပီ။

နဂါးေပါက္ငါးကိုၾကည့္ရႈၿပီးေနာက္ ဧည့္ခန္းဆီကို ျပန္လာလိုက္ၾကသည္။

လန္စီေလာ့က နာရီကို ငံု႔ၾကည့္လိုက္ၿပီး " သူတို႔ကို အစာေကြၽးရေတာ့မယ္...ငါ အစာသြားစပ္လိုက္ၪီးမယ္ "

" က်ေတာ္ေရာ လိုက္ခဲ့မယ္ေလ "

ထို႔ေနာက္ နန္ဟြိုင္လင္တို႔ႏွစ္ေယာက္ မီးဖိုေခ်ာင္ရိွရာဆီသို႔ အတူသြားလိုက္ၾကသည္။

ပထမဆံုး လန္စီေလာ့က ေရႏြေးအရင္တည္ၿပီး ပုလင္းေလးခုကို တန္းစီခ်ကာ သူတို႔ထဲကို အခ်ိဳးအစားအတိုင္း အစာေတြ ထည့္ေနေလသည္။

နန္ဟြိုင္လင္ ဝိုင္းကာ ကူညီလိုက္ၿပီး လန္စီေလာ့ဆီက အစာဘယ္ႏွစ္စြန္းထည့္ရမယ္၊ ေရဘယ္ေလာက္ထည့္ရမယ္၊ အပူခ်ိန္ဘယ္ေလာက္မွာေရာစပ္ရမယ္ စတဲ့အရာမ်ားကို သင္ယူလိုက္ၿပီး လန္စီေလာ့ကလည္း သူ႔ကိုစိတ္ရွည္စြာ သင္ၾကားေပးေလသည္။

" ေဖ့ခ်န္က မင္းကို အဲ့ဒီအေၾကာင္းအရာေတြအကုန္ေျပာျပခဲ့မွာပဲ ဟုတ္တယ္မလား " လန္စီေလာ့က ရုတ္တရက္ဆိုလာသည္။

" ဘယ္အေၾကာင္းလဲ "

" ငါ့ရဲ့ ခႏၶာကိုယ္အေၾကာင္းေပါ့...တစ္ဝက္က ေယာက္်ားေလး တစ္ဝက္က မိန္းကေလးဆိုတဲ့ဟာ...." လန္စီေလာ့က မ်က္လႊာခ်ထားကာ ဆိုလာသည္။

နန္ဟြိုင္လင္က ခနေလာက္ ဘာေျပာရမလဲမသိျဖစ္သြားရင္း ၿပီးမွ " အင္း..."ဆိုတဲ့ အသံေလး ထြက္ေပၚလာခဲ့သည္။

ထိုအခါက လန္စီေလာ့က ခပ္ဖြဖြရယ္လာ၏။ " ငါ့ကို မေကာင္းဆိုးဝါးလို႔ မင္း ထင္ေနမွာေပါ့ "

နန္ဟြိုင္လင္လည္း ျပန္လည္ၿပံဳးျပလိုက္သည္။ " က်ေတာ္က သဘာဝတရားႀကီးကို ပိုၿပီးလက္ခံလာႏိုင္ၿပီထင္တယ္...ေဖ့ခ်န္က သူ႔ရဲ့ပံုစံကို က်ေတာ့္ေရ႔ွမွာျပခဲ့တုန္းက က်ေတာ္ တစ္မိနစ္ေလာက္ထိ တုန္လႈပ္သြားခဲ့ရေသးတယ္...ဒါေပမယ့္ ေနာက္ေတာ့ က်ေတာ္ အဲ့ဒီအရာကို ပြင့္ပြင့္လင္းလင္းလက္ခံခဲ့တာပါပဲ "

" ဒီေန့ေန့လည္ ေဖ့ခ်န္ မင္းအေၾကာင္းကို ေျပာျပတုန္းက က်ေတာ္ တကယ္မအံ့ၾသခဲ့ပါဘူး...ကမ႓ာေပၚမွာ တည္ရိွမႈေတြက အမ်ားႀကီးပဲေလ....က်ေတာ္နဲ႔မတူတိုင္း တျခားသူေတြက မေကာင္းဆိုးဝါးပဲဆိုၿပီး က်ေတာ္မေတြးမိပါဘူး...မင္းက မေကာင္းဆိုးဝါးမဟုတ္ပါဘူး..မင္းက က်ေတာ္နဲ႔မတူရံုတင္ပါ "

လန္စီေလာ့က သူ႔ကိုလွည့္ၾကည့္လာရင္း တည္ၿငိမ္စြာေျပာလာ၏။ " မင္းလိုမိန္းမကိုရတာ 'ခ်န္'က တကယ္ကံေကာင္းတာပဲ...ငါ မင္းနဲ႔ သူငယ္ခ်င္းလုပ္လို႔ရလား? "

" ရတာေပါ့ " နန္ဟြိုင္လင္ ၿပံဳးကာေျပာလိုက္သည္။ " မင္းက ေဖ့ခ်န္ရဲ့သူငယ္ခ်င္းပဲဆိုေတာ့ က်ေတာ့္သူငယ္ခ်င္းပဲေပါ့ "

အစာစပ္ၿပီးေတာ့ ပုလင္းေတြကို ဧည့္ခန္းထဲသယ္လာလိုက္ၾကသည္။

သူႏွင့္ လန္စီေလာ့က တစ္ေကာင္စီ အစာေကြၽးလိုက္ၿပီး ေဖ့ခ်န္က ႏွစ္ေကာင္လံုးကို အစာေကြၽးေန၏။

နန္ဟြိုင္လင္ သူ႔လက္တစ္ဖက္နဲ႔ အစိမ္းေရာင္ဖဲႀကိဳးခ်ည္ထားတဲ့ ႏွဂါးေပါက္ႏွစ္ကို ထိန္းထားၿပီး က်န္တစ္ဖက္နဲ႔ အစာေကြၽးဖို႔ ပုလင္းကိုကိုင္ထားလိုက္သည္။

နဂါးေသးေသးေလးက သူ႔လည္ပင္းကိုေစာင္းကာ ႏို႔သီးေခါင္းကို ပါးစပ္ျဖင့္ကိုက္ေနၿပီး အထိန္းအခ်ဳပ္မဲ့စြာ အတင္းစုပ္ယူေတာ့သည္။ သူက နဲနဲခ်င္းစီကို အရမ္းျမန္ျမန္စုပ္ယူတာေၾကာင့္ျဖစ္မယ္..သူ႔ရဲ့ပါးစပ္ေထာင့္ကေနၿပီးေတာ့ ႏို႔ရည္ေတြက ယိုစိမ့္လာေတာ့သည္။ ထို႔ေၾကာင့္ နန္ဟြိုင္လင္ရဲ့ အက်ႌရင္ဖက္ေပၚမွာ ေရကြက္ေသးေသးေလး စြန္းထင္းသြားေတာ့သည္။

နဂါးေပါက္ႏွစ္ေလးရဲ့ ခ်စ္ဖို႔ေကာင္းလြန္းတဲ့မ်က္ႏွာေလးကိုၾကည့္ရင္း သူ႔ရင္ထဲမွာ ေနြးေထြးေပ်ာ့ေပ်ာင္းတဲ့စိတ္ခံစားမႈမ်ားက ျပည့္ၾကပ္လာေတာ့သည္။

နန္ဟြိုင္လင္ ေခါင္းကို အလိုအေလ်ွာက္ ငံု႔ကိုင္းလိုက္မိၿပီး နဂါးေပါက္ေလးရဲ့ ေခါင္းေသးေသးေလးကို အနမ္းေပးလိုက္ေတာ့သည္။

_______________

15, 8, 2023 (TUE)

TN/ အခ်ိန္အၾကာႀကီး ေစာင့္လိုက္ရတဲ့အတြက္ Mizzleတကယ္ပဲ ေတာင္းပန္ပါတယ္....

ဒီၾကားထဲမွာ Bkkကေန စစ္ကိုင္းတိုင္းထဲက Mizzle's hometownကို အလည္ျပန္လိုက္တာေၾကာင့္ 2လေလာက္ internet လံုးဝသံုးစြဲလို႔ မရဘူးျဖစ္သြားပါတယ္....အခုေတာ့ Bkkကို ျပန္ေရာက္ေနၿပီျဖစ္လို႔ ေရ႔ွေလ်ွာက္ upမွန္သြားဖို႔ ေမ်ွာ္လင့္မိပါတယ္

واصل القراءة

ستعجبك أيضاً

7.6K 638 6
This is just a fan translation.I don't own this novel.All credit to original author and Eng Translator. Title - Totally marked by the alpha who's no...
48.8K 6K 11
||Completed|| Zawgyi: ကံအၿမဲဆိုးတဲ့ အျမႇောက္စာေလး Name: Cannon Fodder is Always Lucky E (炮灰总是幸运E) Original Author: Momo without Tea (陌陌不语茶) Total Ch...
1M 52.4K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.2M 81K 40
နေမင်းတမာန်-"ခုလောဆယ်ကိုယ်က ဒုတိယူလူဖြစ်နေပေမဲ့ လျမ်းထက်မောင်ဆိုတာ အစောထဲကကိုယ်ဟာပါ~" -------------------------- လျှမ်းထက်မောင်-"နေမင်း ကငါအတွက်အရံ~...