ခြယ်ဖုန်းလာ၍ချက်ချင်းကိုင်လိုက်သည် ဘယ်သူဆက်လဲဆိုတော့က... သူမရဲ့ချစ်ခင်လှပါသော သူငယ်ချင်းကြီးခန့်အောင်လင်းပါ
"hello ခြယ်"
"hello ခန့် ထူးထူးဆန်းဆန်းဖုန်းတွေဆက်လို့ပါလား"
"မဟုတ်ပါဘူး ခြယ်ရယ် နေ့လယ်စာစားပြီးပြီလား"
"ခုကကန်တင်းမှာ စားတော့မလို့"
"အော် အက္တာဆို စားလိုက်လေနော် ဖုန်းချလိုက်မယ်"
"ရပါတယ် ဘာပြောမို့လဲ"
"ဘာမှပြောပါဘူး ခြယ်လေးရဲ့ suprise လုပ်စရာရှိတယ်"
"ဟင် ပြောပြော ဘာကိုလဲ"
"ဘိုင့် ခြယ်လေး"
ခန့်မှအရင်ဖုန်းချသွားလေသည်
ခြယ်တယောက်ဆူပုတ်ပုတ်နဲ့ဝတ်ရည်တို့ဆီပြန်လာလေသည်
"ဟဲ့ မိခြယ် ဘယ်လိုဖြစ်လို့ဆူပုတ်"
"အေးလေ ဖုန်းလေးတခါပြောတာနဲ့ဆူပုတ်နေတာဘယ်သူမို့လို့"
"ဘာမှမဖြစ်ဘူး ဗိုက်ဆာတယ် စားကြမယ်"
"အင်းအင်း မှာထားလိုက်ပြီ"
အဲ့နောက်သူတို့တွေစားလိုက်ဟာသပြောလိုက်အတင်းတုပ်လိုက်နဲ့အချိန်ကုန်သွားသည်
ထိုအပြုအမူတွေကို ဇက်တို့သုံးယောက်ထိုင်ကြည့်နေကြသည် ဇက်ကတော့ခြယ့်ဆီကလုံးဝမျက်လုံးမခွာပေ ဝင်းမြတ်တို့ကတွေ့တော့
"ဟျောင့် ဇက် မင်းမျက်လုံးကြီးကျွတ်ကျတော့မယ် ကြည့်လှချည်လား"
"အေးလေကွာ ခုနပုံနဲ့တခြားစီ"
"နားငြီးတယ်ကွာ လီးပဲ မြိုစရာရှိတာမြို"
"ဟျောင့် ဟိုမှာစကီလေးတယောက်မင်းဆီလာနေတယ် ဘယ္သူလဲ မင်းစော်လား"
"ဟမ် ဘယ်ဟာမလဲ"
ဇက်တယောက်သူ့သူငယ်ချင်းတွေပြောရာလှည့်ကြည့်လိုက်တော့ သူမလာဘဲနေခိုင်းထားတဲ့ ရတီကသူ့ဆီတန်းတန်းမတ်မတ်ကြီးလာနေတယ်
'ဟမ် သူကဘယ်လိုရောက်လာတာ မလာပါနဲ့ပြောတာကိုကွာ'
"ကိုကို ချစ်ကကိုကိုမအားဘူးထင်လို့ အားနေတာပဲကို"
"အင်း အားတယ် မလာစေချင်လို့"
ရတီတယောက် ဇက်သူငယ်ချင်းတွေရှေ့အပြောခံလိုက်ရတော့မျက်နှာတွေပူထူပြီးရှက်သွားသည်
"အဟင်းဟင်း ကိုကိုကလဲနောက်ပြီ ထိုင်မယ်နော် ကိုကို"
ရတီဇက်နားကခုံမှာထိုင်မလို့ပြင်လိုက်တဲ့အချိန်ဇက်ကအဲ့ခုံကိုခေထောက်ဖြင့်ကန်လိုက်သည်
အသံကကျယ်တာကြောင့် ခြယ်တို့အဖွဲ့ပါလှည့်ကြည့်မိသည် သူတို့တင်မဟုတ်အနီးရှိလူများလည်းထပ်တူလှည့်ကြည့်မိကြသည်
ရတီဒေါသထွက်သွားကာ
"ကိုကို ဒါဘာလုပ္တာလဲ ချစ်ထိုင်မလို့ကို"
"အင်း မထိုင်စေချင်လို့လေ"
"ကိုကိုရယ် ဘာတွေစိတ်ဆိုးနေတာလဲ လူတွေအကုန်ဝိုင်းကြည့်ကုန်ပြီ"
"ငါဘာမှလဲစိတ်မဆိုးဘူး ဝိုင်းကြည့်တာသူတို့စောက်ကြောင်း ပြီးတော့မင်းကိုလဲငါဂရုကိုမစိုက်တာ"
ဘာ ကိုကို ချစ်ဒေါသထွက်လာပြီနော် လာ စကားပြောရအောင်"
"မပြောနိုင်ဘူး မကျေနပ်ရင်ပြတ်လိုက် မဟုတ္ဘူး ပြတ်မယ်"
"ဘာလို့ပြတ်မှာလဲ ကိုကို ရတီကိုကို့ကိုအများကြီးချစ်ခဲ့တာလေ"
"အင်း ပြောလို့ပြီးပြီလား လစ်တော့"
"မလစ်နိုင်ဘူး ခုရှင်းမယ်"
"မင်းမလစ်ရင်ငါလစ်မယ် လာ သားရီးတို့ ဒိုးမယ်"
"ကိုကို မသွားနဲ့"
ဇက်တို့သုံးယောက် ထိုင်နေရာမှထကာ ထသွားလေသည် ရတီကဇက်ရဲ့လက်ကိုလိုက်ဆွဲကာငိုယိုပြီးဖြေရှင်းမယ်လုပ်နေသည် ဇက်ကတော့ရတီ့လက်ကိုဖြုတ်ချကာ ရှေ့ဆက်လျှောက်လေသည်
ရတီရှက်တာရော ဝမ်းနည်းတာရော အကုန်ရောပြီးထိုင်ချငိုမိလေသည်
ခြယ်တယောက်သတိရသွားကာ
"ဟဲ့ဟဲ့ အက်တာငါမနက်ကပြောတဲ့မမလေ အရမ်းချောတာကို အက်ကင်းဆိုတဲ့ကောင်ကပလေးဂေးကြီး စိတ္ပ်က္စရာ"
"အင်းဟယ် မမသနားပါတယ်"
"ဟဲ့ ခြယ် အက္တာ second year က မမရတီလွှမ်းမလား သူကလဲရှုပ်တယ်တဲ့ အခုပြန်ခံရပြီထင်တယ်"
"အော် ငါမှတ်မိပြီ သူ့ကိုစာပေးတာကိုဖြဲပြီးအမှိုက်ပုံးထဲထည့်ပစ်တာဆို"
"အဲ့ဒီပလေးဂေးကြီးတော့ပြန်ခံရပါစေဆုတောင်းတယ်"
"ကဲပါ မိသာလိကာတို့ရယ် ပြီးပြီဆိုရင် အတန်းထဲပြန်မယ်"
"omm"
"ok pr"
ဇက် သူ့သူငယ်ချင်းတွေကိုသေချာအောင်မေးဖို့ဆုံးဖြတ်လိာက်သည်
"ဟျောင့် ဝင်းမြတ်နဲ့ သူရ"
"ဘာလဲကြာ"
"ပြောလေ သူတောင်းစား"
"ကောင်မလေးတယောက်ကိုချစ်မိနေရင်ဘယ်လိုဖြစ်လာမလဲ"
"ထူးဆန်းလှချည်လား ဘယ်လိုတွေမေးနေ"
"အေးကွာ ရူးနေသလားမသိဘူး"
"အကောင်းဖြေစမ်းကွာ ဖြေကြ"
"ဒီလိုကြာ မင်းကောင်မလေးတယောက်ကိုချစ်မိရင် သူ့ကိုမတွေ့မနေရဖြစ်လာလိမ့်မယ် သူ့အကြောင်းဂရုစိုက်ချင်လာမယ် ယောကျ်ားလေးတယောက်ယောက်နဲ့တွေ့ရင်လဲမင်းသူ့ကိုသဝန်တိုလိမ့်မယ်ကွာ ဒေါသထွက်မယ်ပေါ့ မင်းမကြိုက်တာတွေကိုလဲမသိစိတ်ထဲကနေမလုပ်စေချင်တာဖြစ်လိမ့်မယ်"
"အော် အဟင်း"
ဇက်သူ့သူငယ်ချင်းတွေပြောတာကိုကြားပြီး ပြုံးလိုက်မိသည် ဒါကောင်မလေးတယောက်အတွက်နဲ့နှစ်နှစ်ကာကာပြုံးမိခြင်းဖြစ််သည်
"ဟျောင့် ဘာတွေပြုံးနေတာ"
"နေမြင့်လေ အရူးရင့်လေဆိုတာဒါကိုပြောတာဖြစ်မယ်"
"ငါသွားစရာရှိတယ် နေခဲ့ကြ"
"ဟာ ဟျောင့်ဘယ်လဲ"
"လစ်ဟေ့ လစ် ငါတို့တော့မနိုင်တော့ဘူး"
ခြယ်ကအတန်းထဲကကောင်မလေးတစ်ယောက်နဲ့စကားများနေတာဖြစ်သည် ခြယ့်နေရာမှာ bubble tea ကိုမှောက်ချသွားတာ ခြယ်ကလဲမြင်တော့ပြော ဟိုတယောက်ကလဲဗြောင်ငြင်းတော့ ဘယ်သူမှဝင်ထိန်းမရဖြစ်တာပေါ့
ဇက်ထိုမြင်ကွင်းကိုမြင်ပြီးမျက်မှောင်ကြုတ်မိသည်
'ဟမ် ဘာဖြစ်နေတာလဲ'
ပြတင်းပေါက်နားကကောင်မလေးတယောက်ကိုမေးကြာ့်လိုက်တော့ ကောင်မလေးကသူ့ကိုအကြည့်မလွှဲဘဲ
အကြောင်းစုံပြန်ပြောပြတော့သည်
ဇက်အကြောင်းစုံသိသွားကာမဲ့ပြုံးပြုံးမိသည်
မိုးအိမ့်ဆိုတဲ့ကောင်မလေးကသူ့ကိုချစ်ခွင့်ပန်ထားတာဖြစ်သည် အက်တာကိုသူကမသိချင်ယောင်ဆောင်နေသည်
သူအခန်းထဲဝင်သွားကာ
"မိုးအိမ့် နင်မဟုတ်တာမပြောနဲ့ ငါအကုန်မြင်တယ် ပြန်သုတ်ပေးပြီးပြန်တောင်းပန်"
"ဆုတောင်းလေ ရွှေမှုန်းခြယ် နင်လိမ်ပြောနေတာကိုငါကဘာလုပ်ရမှာလဲ"
"ဟိတ် မိုးအိမ့်"
"ဘာလဲ ဘယ်ကောင်ခေါ်တာလဲ"
မိုးအိမ့်ပြန်လှည့်ကြည့်မိကာ ဇက်ကိုမြင်တော့အံ့သြသွားသည်
"ဟယ် ကိုဇက် ခေါ်လိုက်တာလား"
"မျက်ခွက်ကတမျိုးပြီးတမျိုး"
"နင်လျှာဝင်မရှည်နဲ့ ငါဒီမှာစကားပြောနေတယ်"
"အေး နှာဘူးကျနေ"
"မိုးအိမ့်မင်းငါ့ကိုဖွင့်ပြောထားတယ်နော်"
"ဟုတ်ပါတယ် အက်တာလေးစဥ်းစားပေးပါ"
"အင်း ငါငြင်းတယ် မင်းလိုစရိုက်ဆန်တဲ့မိန်းမလေးမျိုး ဗြောင်လိမ်ဗြောင်စားလုပ်တဲ့မိန်းကလေးမျိုးကိုငါစိတ်မဝင်စားဘူး စာရောတော်သလားကြာ့် အဟက် အမှတ်ကအောက်ဆုံးမှာ အက်တော့ငါငြင်းတယ်"
ခြယ်ရော မိုးအိမ့်သာမက တခန်းလုံးအံ့သြမိသွားသည်
the whole king ကအရမ်းဆိုးပေမဲ့မိန်းကလေးတယောက်ကိုအက်လောက်မှိုချိုးမျှစ်ချိုးပြောမယ်မထင် မိုးအိမ့်မျက်ရည်တွေကျလာမိသည်
"ကိုဇက် ငြင်းမယ်ဆိုငြင်းမယ်ပြောပါ အက်လောက်မပြောသင့်ဘူး"
"အင်း စိတ်ကိုမဝင်စားတာ"
"ဘာလဲ ကိုဇက်မှာစိတ်ဝင်စားတဲ့ဟာမရှိနေတာလား"
"အင်း ဟာမမဟုတ်ဘူး သူကမင်းနဲ့မတူဘူး ငါစိတ်ဝင်စားနေတဲ့ကောင်မလေးရှိတယ်" အက်လိုပြောပြိီး ခြယ့်ကိုညှို့တဲ့အကြည့်တွေနဲ့ကြည့်လိုက်လေသည် ခြယ်ရုတ်တရက်ကြောင်သွားကာ ရင်တွေတုန်သွားသည် ဝတ်ရည်နဲ့လွှာတို့လဲ အံ့သြကာခြယ့်ကိုတလှည့်ဇက်ကိုတလှည့်ကြည့်မိလေသည်
အက်နောက်မိုးအိမ့်ဘာမှမမြင်တော့ပဲထိုင်ချငိုမိသည် ဇက်ကဘယ်သူ့ကြိုက်နေလဲဆိုတာလဲသူမသိပေ
ဇက်ကတော့အခန်းထဲမှပြန်ထွက်သွားသည် ခြယ်နဲ့မိုးအိမ့်ဖြစ်နေတဲ့ပြဿနာလဲဘာမှမဟုတ်သလိုပြေလည်သွားတော့သည်
ဒီပိုင်းကိုအရင်ထက်အများကြီးရေးပေးထားတယ်နော်
"hello ခြယ်"
"ရပါတယ် ဘာပြောမို့လဲ"
"ဟင် ပြောပြော ဘာကိုလဲ"
"ဘိုင့် ခြယ်လေး"
"ဟျောင့် ဟိုမှာစကီလေးတယောက်မင်းဆီလာနေတယ် ဘယ်သူလဲ မင်းစော်လား"
"ဟမ် ဘယ်ဟာမလဲ"
ရတီဒေါသထွက်သွားကာ
"ကိုကို မသွားနဲ့"
"အင်းဟယ် မမသနားပါတယ်"
"omm"
"ok pr"
"ဘာလဲကြာ"
"ပြောလေ သူတောင်းစား"
"ဒီလိုကြာ မင်းကောင်မလေးတယောက်ကိုချစ်မိရင် သူ့ကိုမတွေ့မနေရဖြစ်လာလိမ့်မယ် သူ့အကြောင်းဂရုစိုက်ချင်လာမယ် ယောက်ျားလေးတယောက်ယောက်နဲ့တွေ့ရင်လဲမင်းသူ့ကိုသဝန်တိုလိမ့်မယ်ကွာ ဒေါသထွက်မယ်ပေါ့ မင်းမကြိုက်တာတွေကိုလဲမသိစိတ်ထဲကနေမလုပ်စေချင်တာဖြစ်လိမ့်မယ်"
"အော် အဟင်း"
ဇက်သူ့သူငယ်ချင်းတွေပြောတာကိုကြားပြီး ပြုံးလိုက်မိသည် ဒါကောင်မလေးတယောက်အတွက်နဲ့နှစ်နှစ်ကာကာပြုံးမိခြင်းဖြစ်သည်
"ဟာ ဟျောင့်ဘယ်လဲ"
'ဟမ် ဘာဖြစ်နေတာလဲ'
သူအခန်းထဲဝင်သွားကာ
"ဟိတ် မိုးအိမ့်"
"အေး နှာဘူးကျနေ"
the whole king ကအရမ်းဆိုးပေမဲ့မိန်းကလေးတယောက်ကိုအက်လောက်မှိုချိုးမျှစ်ချိုးပြောမယ်မထင် မိုးအိမ့်မျက်နှာတွေကျလာမိသည်
"အင်း ဟာမမဟုတ်ဘူး သူကမင်းနဲ့မတူဘူး ငါစိတ်ဝင်စားနေတဲ့ကောင်မလေးရှိတယ်" အကျလိုပွောပွီး ခြယ့်ကိုညှို့တဲ့အကြည့်တွေနဲ့ကြည့်လိုက်လေသည် ခြယ်ရုတ်တရက်ကြောင်သွားကာ ရင်တွေတုန်သွားသည် ဝတ်ရည်နဲ့လွှာတို့လဲ အံ့သြကာခြယ့်ကိုတလှည့်ဇက်ကိုတလှည့်ကြည့်မိလေသည်