Please Stop, Don't Stop

By Sun_niva

7.2K 747 26

ကြိုက်သလောက်ဆိုးထပ်တိုးချစ်ပါ့မယ် More

Intro
💙1💙
💙2💙
💙3💙
💙4💙
💙5💙
💙6💙Sub-1
💙6💙Sub-2
💙7💙
💙8💙
💙9💙
💙10💙
💙11💙

💙Final💙

464 51 0
By Sun_niva

၂၀၃၃ခုနှစ်

Vienna(ဗီယင်နာ)၏အဆင့်မြင့်ဆေးရုံတစ်ခုတွင်ဖြစ်သည်။ ကုတင်ပေါ်တွင်လဲလျောင်းနေသောကောင်လေးသည် တစ်စုံတစ်ခုကိုကြီးကြီးမားမားကြုံတွေ့နေရပုံပင်။ အသက်ရှူနှုန်းတွေမြန်လာပြီး လက်တွေကပါကယောင်ကတမ်းတွေဝေ့ယမ်းလာတဲ့အခါ ဘေးတွင်ထိုင်နေသောတာဝန်ကျဆရာဝန်လေးကလှုပ်နိုးလိုက်သည်။

"Austin! Austin! နိုးလာပါတော့ အဲ့ဒီကမ္ဘာကနေအမြန်ထွက်ခဲ့မှဖြစ်မယ်"

ဆရာဝန်လေးသည်ခြေမကိုင်မိလက်မကိုင်မိနှင့်အလွန်တရာစိုးရိမ်ပူပန်နေသည်။ အသက်တစ်ချောင်းသည်သူ့အပေါ်လုံးဝမှီခိုနေသည်။ ၂၀၀၉ခုနှစ်ရဲ့အချစ်ပုံပြင်ကားအဆုံးသတ်သွားပြီ။ အခု Austinနိုးထလာဖို့ပဲရှိတော့သည်။

"Austin Please...ကျေးဇူးပြုပြီးနိုးလာခဲ့ပေးပါ ကိုယ့်ကိုကိုယ်မနှစ်မြုပ်လိုက်ပါနဲ့ဒီတိုင်းအိပ်မက်လို့သဘောထားပြီးပြန်နိုးလာပေးပါ"

ဆရာဝန်လေးရဲ့တိုးလျှိုးတောင်းပန်သံလေးမှာကောင်လေးရဲ့မျက်လုံးတွေဖြတ်ခနဲပွင့်လာသည်။ Austinကနိုးနိုးလာချင်း နှလုံးခုန်သံတွေအရမ်းမြန်နေတာကြောင့်ဆရာဝန်လေးက လျင်မြန်စွာပင်စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ပြန်နိုးထလာပေးလို့​ကျေးဇူးတင်ပါတယ်"

Austin ကဘာစကားမှမပြောဘဲရှိုက်ကြီးတငင်ငိုသည်။ ရှာတွေ့ခဲ့ပြီနောက်ဆုံးတော့ကျွန်တော့်အိပ်မက်ထဲကိုနေ့နေ့ညညဒုက္ခလာပေးတတ်တဲ့ ထိုလူကိုကျွန်တော်ရှာတွေ့ခဲ့ပြီ။ လှပတဲ့ရေစက်မဟုတ်ခဲ့လို့တကယ်လို့များဒီဘဝမှာကျွန်တော်တို့ပြန်တွေ့ခဲ့ရင်ကျွန်တော့်ဘက်ကဆတိုးနဲ့ပြန်ချစ်ပေးပါ့မယ်...ကိုကို...။

"Austin ကျွန်တော့်ကိုမှတ်မိရဲ့လား"

"မှတ်မိပါတယ်ဒေါက်တာဟန်"

မယုံသင်္ကာနဲ့စိုးရိမ်နေသောဆရာဝန်လေးသည် သူ့မျိုးရိုးနာမည်ပါအတိအကျခေါ်လိုက်တဲ့အခါစိတ်သက်သာရာရသွားသည့်ပုံစံနှင့်ပြုံးပြလာသည်။

"ပြန်နိုးထလာနိုင်လို့ဂုဏ်ယူပါတယ် အော်စတင်ဟန်ယူဂျင်း ကုသမှုအောင်မြင်မမြင်ကိုတော့ဒီညကိုကျော်ဖြတ်ကြည့်ရမှာပဲ"

Austin ကဘာမှမပြောဘဲငြိမ်သက်နေသည်။ မျက်ဝန်းထဲတွင်အတွေးပေါင်းမြောက်များစွာသည်လှိုင်းတွေအဖြစ်ဖြတ်ပြေးနေသည်။ တစ်ခုခုကိုစိုးဖိမ်တကြီးစဥ်းစားနေဟန်ရှိပြီးလက်တို့ကိုအချင်းချင်းကုတ်ဖဲ့နေသည်။

ဆရာဝန်လေးကစာအုပ်အထူတစ်အုပ်ကိုစားပွဲလေးပေါ်မှယူလာရင်း Austin လက်ထဲသို့ထည့်ပေးသည်။
ဒီရက်တွေအတွင်းအဖြစ်အပျက်တွေပါ။ လိုချင်မယ်ထင်လို့ကျွန်တော်ရေးမှတ်ထားလိုက်တယ်။ နာမည်တော့မပေးရသေးဘူး။ ကင်မရာမှတ်တမ်းလည်းရှိပါတယ်လိုချင်ရင်ပေးပါ့မယ်။

ဆရာဝန်လေးကသက်တူရွယ်တူပင်ဖြစ်သည်။ မျက်မှန်တစ်လက်နှင့်ချစ်စရာလေးလည်းမဟုတ်ခန့်ညားတာလည်းမဟုတ်ဘဲတည်တည်ငြိမ်ငြိမ်ကြည့်ကောင်းခြင်းဖြစ်သည်။ Austinကအနက်ရောင်အဖုံးပေါ်မှာအဖြူရောင်မင်နှင့်ရေးထိုးလိုက်သည်။

""Please Stop, Don't Stop""

ဆရာဝန်လေးကအဓိပ္ပာယ်ကိုမမေးခင်မှာပဲAustin ကပြောပြလာသည်။

"ပင်ပန်းလို့ ရပ်တန့်ချင်ပေမယ့်မရပ်တန့်နိုင်ဖြစ်ခဲ့ရတဲ့ကုသမှုလေးပါဒေါက်တာ"

မျက်ဝန်းတို့ကစစတွေ့ချင်းတုန်းကလိုမျိုးဝမ်းနည်းနေဟန်မရှိဘဲကြည်လင်နေသည်။ ငိုထားသဖြင့်မျက်လုံးထဲတွင်ကြယ်ကလေးတွေတောက်ပနေသည်ဟုပင်ထင်ရပါသည်။

အခန်းအတွင်းသို့အရပ်ရှည်ရှည်ချောချောလူတစ်ယောက်ဝင်လာသည်။ ပင်ပန်းနွမ်းနယ်သည့်ပုံပေါ်နေသော်လည်းဒေါက်တာလေးရှေ့တွင်မျက်နှာကိုပိုပိုသာသာညိုးထားသည်ဟုထင်ရပါသည်။

"ဒီညရောဒေါက်တာကဒီမှာအိပ်အုံးမှာလား"

"ဟုတ်"

"လူနာကနိုးနေပြီလေကိုယ့်ကိုပစ်ထားတာဘယ်နှရက်ရှိပြီလဲဟင်ပြောပါအုံး"

ထိုလူကAustin ခန့်မှန်းတာမမှားရင်ဒေါက်တာဟန်ရဲ့အသည်းတစ်ခြမ်း Giant Dell ရဲ့ CEO Kimဖြစ်ရမည်။ ရုတ်တရက်အတိတ်ဘဝရဲ့ခြေရာတွေကိုသတိရသွားပြန်သည်။ ကိုကိုရောဘယ်မှာရှိနေမလဲ။

"ကိုကိုကဗျာကျွန်တော့်VIPလူနာလေပစ်ထားလို့ရပါ့မလားဒီမှာအကုန်ကုသမှုမှတ်တမ်းရေးရအုံးမှာ"

"ဟာဒေါက်တာလေးတို့ကအဲ့တိုင်းပဲလူကိုဆိုအမြဲပစ်ထားတာသူ့လူနာတွေပဲသိတယ်နေအုံးအလုပ်အားမှနေမကောင်းဖြစ်ပြီးဒေါက်တာလေးကိုအနားခေါ်ထားအုံးမယ်"

ခွီးး

Austinရယ်မိတော့ ထိုလူကစူးစူးရဲရဲအကြည့်တွေနဲ့စိုက်ကြည့်ပြီး ဒေါက်တာလေးဘက်ကိုမျက်နှာပြန်လှည့်သွားသည်။

"ပေါက်ကရတွေပြောပြန်ပြီနော်ကိုကို! ဒီညကအဆုံးအဖြတ်ညမို့လို့အရေးကြီးလို့ပါကိုကိုရယ်နော်နောက်နေ့တွေဆိုအိမ်ပြန်လာတော့မှာပါကိုကိုကလိမ္မာပါတယ်ပြန်လိုက်ပါနော်"

ထိုသို့ဒေါက်တာလေးကလေသံအေးအေးလေးနဲ့ချော့သလိုပြုမူတဲ့အခါ CEO ကြီးက သူမဟုတ်တဲ့အတိုင်း ဒေါက်တာလေးရဲ့ခေါင်းလေးကိုပွတ်သပ်ပြီး နှဖူးကိုတစ်ချက်နမ်းကာပြန်ထွက်သွားခဲ့သည်။

"အကြာကြီးအိပ်ထားတော့ ခေါင်းမူးနေမှာပဲ"

"အိပ်မက်ထဲကလောက်တော့မမူးပါဘူး"

"တော်သေးတာပေါ့ အိပ်မက်မှန်းသတိရသေးလို့"

"ကျွန်တော်ကစိတ်ကိုထိန်းချုပ်တဲ့နေရာမှာတော်ပါတယ် ဒေါက်တာ ဒေါက်တာနဲ့ဒေါက်တာကောင်လေးတို့ပြောနေတာကိုတောင်ကျွန်တော်ကြားခဲ့ရသေးတယ်"

"ဟုတ်လားဘယ်တုန်းကပါလိမ့်"

"ဖန်ခွက်ကွဲသွားတဲ့အချိန်တုန်းက"

"အာလွန်ခဲ့တဲ့နှစ်ရက်လောက်က ကျွန်တော့်ကိုအတင်းလာကပ်နေရင်းနဲ့တိုက်ကျသွားတာ Side effectတွေမဖြစ်သွားလို့တော်သေး"

"ဖြစ်ခဲ့ပါတယ်"

ဒေါက်တာဟန်လန့်သွားရသည်။ ကြီးကြီးမားမားထိခိုက်မိသွားသလားလို့ပေါ့။ Austinက ဆက်ပြောလာသည်။

"ကျွန်တော်နဲ့သူပြဿနာတက်တော့မလို့"

"Sorryပါဗျာ"

ဒေါက်တာဟန်နဲ့ Austinတို့ရဲ့စကားဝိုင်းက ရင်းရင်းနှီးနှီးပါပင်။ ရုပ်ချင်းဆင်တယ်လို့ပြောတဲ့အကိုကြီးKim Jiwoongသာဒီနေရာမှာရှိနေရင်ဘယ်လိုဖြစ်မလဲသိချင်မိရဲ့။

"Hello Austin နိုးလာပြီဆိုလို့လာကြည့်တာ"

​အကိုကြီးကတော့ အသက်ရှည်အုံးမည်။ သူ့အကြောင်းတွေးနေကာရှိသေး အထုတ်တွေဆွဲပြီးလူကိုယ်တိုင်ရောက်ချလာသည်။

"မုန့်တွေကဘာလုပ်ဖို့လဲ Jiwoong Hyung အားနာရအောင်လုပ်ပြန်ပြီ"

"အားရှိဖို့လိုတယ်လေ ဘယ်လိုလဲအဆင်ပြေသွားပြီမလား Austin"

"အင်းကျွန်တော်သူ့ကိုရှာတွေ့ခဲ့ပြီ"

"အကို့ညီလေးရဲ့လက်တွဲဖော်က တော်တယ်လို့ကိုယ်ပြောဖူးပါတယ်"

"ကျွန်တော်ကလည်းမယုံဘူးလို့မပြောခဲ့ပါဘူး အကို"

"ဟုတ်ပါပြီ ဘယ်နေ့ဆေးရုံဆင်းမလဲ"

"ဒီညစောင့်ကြည့်မယ်အကိုကြီး...သူအိပ်မက်ထပ်မက်သလားအိပ်ပျော်လားဆိုတာကိုပေါ့ Side effectတွေရမှာစိုးလို့ပါ အကြာကြီးအိပ်ထားရတော့ ခေါင်းမူးနေတာတွေသက်သာအောင်လည်းလုပ်ရအုံးမယ် မနက်ဖြန်နေ့ခင်းလောက် ဆင်းလို့ရမယ်ထင်တယ်"

"ကဲမနက်ဖြန် အပြင်လိုက်ပို့ရအုံးမလား မင်းအကို Matthewကလည်းမေးလှပြီ အခုတောင် ကိုယ်အလုပ်ကတန်းလာခဲ့ရတာမို့ သူ့မခေါ်ဘူးဆိုပြီးစိတ်ဆိုးအုံးမလားမသိဘူး"

"စိတ်ဆိုးတယ်! Austinနိုးနိုးချင်းဖုန်းဆက်ပေးပါလို့ပြောထားရက်နဲ့.."

ရုတ်တရက်အခန်းထဲရောက်လာပြီးနှုတ်ခမ်းလေးစူကာပြောလာသူကြောင့် Kim Jiwoong ပြာယာခတ်သွားရသည်။

"Matthew... ဘယ်ကဘယ်လိုရောက်လာတာလဲ"

"Kim ပြောပြတာ သူကမှပြောပြဖော်ရသေးတယ် Jiwoni Hyungကကျွန်တော့်ကိုဆိုပစ်ထားတာ"

Kimကပြောပြချင်လို့ပြောပြနေတာမှမဟုတ်ဘဲ သူ့အကိုကြီး ကိုကြားထဲကနေ ပြဿနာရှာပေးနေတာလေ။

"Matthew Hyung ကျွန်တော့်ဆီလာတာလားယောက်ျားကိုလာစိတ်ဆိုးတာလား"

"Austin!!"

အစခံလိုက်ရတာကြောင့် Matthewမျက်နှာကရဲတက်လာသည်။ Jiwoong ကတော့ အရစ်ခံရတော့မည့်ဘေးမှလွှတ်သွားတာကြောင့် ကျေးဇူးတင်တဲ့မျက်နှာလေးနှင့်။

"ဆေးရုံကဆင်းရင်Korea ပြန်မှာလား"

"တစ်ရက်နှစ်ရက်လောက်တော့နေအုံးမှာပေါ့"

"Canadaရောမသွားတော့ဘူးလား"

Austinကရုတ်တရက်ငြိမ်သွားပြီး

"ပြန်ရမှာပေါ့ကျွန်တော့်အိမ်လေ ခဏတော့သွားလိုက်ပါ့မယ် မာမီကဟျောင်းကိုပြောခိုင်းပြန်တာမဟုတ်လား"

"အင်း"

Matthewနဲ့ Austin စကားပြောနေတာကြောင့် ဒေါက်တာလေးနဲ့ Kim Jiwoongတို့အခန်းပြင်ထွက်သွားကြသည်။

"သူ့ကိုဘယ်လိုရှာရမလဲစဥ်းစားရပြန်ပြီ"

"ကံမကုန်ရင်ပြန်ဆုံမှာပေါ့ သိပ်ချစ်ခဲ့ကြတာမဟုတ်လား"

"အခုကဘဝသစ်လေတူပါ့မလား"

"မတွေးနဲ့တော့ မင်းကအတွေးများလွန်းတယ် မနက်ဖြန်နေ့လည်အကိုဝင်ခေါ်မယ် လျှောက်လည်ကြရအောင်"

"ဟုတ်ကဲ့ Hyung ကောင်းကောင်းသွားပါ"

....

"Austin Han Yujin ဆေးရုံဆင်းလို့ရပါပြီ"

"ဒေါက်တာကတော့စနေပြန်ပါပြီ"

Austinအကြောင်းကိုသိပြီးကတည်းကဒေါက်တာသည် Austinကို ထိုသို့နာမည်အရှည်ကြီးခေါ်ပြီးစလေ့ရှိသည်။

"နောက်လည်းViennaကိုလာလည်ပါအုံး"

"ဒေါက်တာလည်း Korea ရောက်ရင်ဝင်ခဲ့ပါအုံး လိပ်စာကတ်ပါ"

"ဟန်အိမ်တော်လို့ပဲမေးလိုက်မယ်လေ အိမ်ကိုတော့ရောက်ဖူးချင်တယ် ယုန်လေးတွေနဲ့အေးချမ်းတယ်လို့အကိုကြီးကပြောဖူးတယ်"

"အမြဲကြိုဆိုနေပါတယ်ဒေါက်တာ ကုသမှုအတွက်ကျေးဇူးတင်ပါတယ် Dreamy Therapyက အကောင်းဆုံးပါပဲ"

"Reviewအတွက်ကျေးဇူးပါAustin"

...

"Matthew Hyung ခဏ ကျွန်တော် ဒီပန်းချီဆိုင်လေးထဲဝင်ချင်လို့"

ရှေးဟောင်းပုံစံပြခန်းလေးထဲတွင် ပန်းချီကားများကိုသေချာပြသထားသည်။ ရင်းနှီးနေသောပုံစံတွေနဲ့ မျက်နှာမပါသော လူပုံစံများဆိုသော်လည်း ခံစားချက်နှင့်ဆွဲထားသောစုပ်ချက်တွေမှန်းသိသာလှသည်။ အခန်းထောင့် ကပန်းချီကားကြီးကြီးကAustin ရဲ့ အမြင်တွေအားလုံးကိုဆွဲဆောင်လိုက်သည်။ Not For Saleဆိုတဲ့ဆိုင်းဘုတ်ကြီးကြီးကြောင့် Austin သိလိုစိတ်ပိုပြင်းပြသွားရသည်။ ဘာကြောင့်များမရောင်းတာလဲ။
အနီးအနားကပ်သွားမိချိန်တွင်တော့ 2009ခုနှစ်က Star Gardenရဲ့ Limited edition GJ ပြိုင်ကားလေးကိုမှီကာရပ်နေသော bartender လေးတစ်ယောက်ရဲ့ပုံဖြစ်သည်။ နှလုံးအိမ်သည် ကမောက်ကမပြောင်းပြန်လှန်ကာ ရင်ခုန်သံစိုးရိမ်ရေအမှတ်ကိုကျော်လွန်လာကာ ဝမ်းနည်းမှုတွေလည်းလှိုက်တက်လာသည်။

"အဲ့ဒါလေးကမရောင်းဘူး"

စကားသံကြောင့်လှည့်ကြည့်မိလိုက်တဲ့ Austinရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်အပြည့်။ ဘယ်လိုတွေပဲပြောင်းလဲသွားပါစေ ကိုကိုကိုကျွန်တော့်နှလုံးသားကတော့အမြဲမှတ်မိနေတယ်။

"ကိုကို"

လို့ခေါ်ပြီး ဖက်တွယ်လိုက်တဲ့အခါ ထိုလူကအနည်းငယ်လန့်သွားပြီး ကြောင်ကြည့်နေသည်။ Suit အဖြူရောင်နဲ့ထိုလူသားကအရင်ဘဝကလိုပဲခန့်ညားနေဆဲပင်။

"Kelvinပါ"

"ဗျာ!"

"လူ..လူမှားနေတယ်ထင်လို့"

"မမှားပါဘူး ကျွန်တော့်ရဲ့ကိုကိုပါ"

Kelvinဆိုသူကရှက်ကိုးရှက်ကန်းအူကြောင်ကြောင်လေးဖြစ်နေတဲ့အခါ Austin ကပိုစချင်သွားပြီး ကိုကိုလို့ထပ်ခေါ်လိုက်တဲ့အခါ မျက်နှာသည်ရဲတက်သွားပြန်သည်။ တဆိတ် ကင်မ်ဂယူဗင်းကဒီဘဝကျတော့ချစ်စရာကောင်းနေပြန်ရော။

"သိလို့လား"

"မသိဘဲနဲ့ကျွန်တော့်ရဲ့ကိုကိုလို့ပြောမလား"

"သေချာသိလို့လား"

"..."

"သေချာဖြင့်မသိဘဲနဲ့အဆိုးလေးကိုယ့်ဆီရောက်လာပြန်ပြီ"

Kelvinဘာကိုဆိုလိုနေမှန်းမသိတဲ့အခါ Austinအသာငြိမ်နေလိုက်သည်။ ထိုအခါဆက်ပြောလာတဲ့ Kelvin ရဲ့စကားကြောင့် Austinပျော်သွားရသည် ကိုကိုကလည်းသူ့ကိုသိနေတယ်။

"ကိုကိုဗျာ သိနေရက်နဲ့ကျွန်တော့်ကိုဘာလို့လာမရှာလဲ"

"ကိုယ်မသိဘူး ဒီမှာလေ ကိုယ်မမှတ်မိဘူး"

ပန်းချီကားတွေကိုလက်ညိုးထိုးရင်းသူအတည်မမှတ်မိတာဖြစ်ကြောင်းအထောက်အထားနှင့်ပြောသည်။ ပန်းချီကားတွေမှာ မျက်နှာမပါနေရတဲ့အကြောင်းအရင်းကား ကင်မ်သည် အဆိုးလေးကိုမမှတ်မိလို့ဖြစ်ပါသည်။

"အိပ်မက်တစ်ခါမက်တိုင်း တစ်ခုဆွဲဖြစ်တယ် နောက်ပိုင်း မွန်းကြပ်လာလို့ ထုတ်ရောင်းနေတာ ဒီတစ်ခုကတော့ သံယောဇဥ်အတွယ်ဆုံးပဲ"

"ကိုကိုရဲ့ပထမဆုံးလက်ဆောင်နဲ့ကျွန်တော်လေ ဟုတ်တယ်မဟုတ်လား"

"ကိုကိုမင်းကိုပြန်မတွေ့ရမှာသိပ်ကြောက်နေခဲ့တာကလေးရယ်"

"ကျွန်တော်ရောပဲ"

ပန်းချီပြခန်းလေးအတွင်း အချစ်တွေသည် တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့သည်။ အဆုံးသတ်သွားခဲ့သော ပုံပြင်သည်24နှစ်အကြာတွင်ပြန်လည်အသက်ဝင်ခဲ့သည်။ အချစ်ပုံပြင်တိုင်းကအဆုံးမရှိဘူးဆိုတာမှန်ကန်နေတာပဲလေ။

"ဒီတစ်ခါတော့ လက်မလွှတ်တော့ဘူး ကိုယ့်ကလေးလေးနဲ့ပျော်စရာတွေဖန်တီးရမယ်"

"ကိုကို့လက်ကိုတွဲပြီး ကမ္ဘာအနှံ့ ကိုကိုဟာကျွန်တော့်အပိုင်ဆိုပြီးပတ်ကြွားပစ်မယ်"

ညနေခင်း အေးစိမ့်စိမ့်လေထုတွေဖြစ်သော်ငြားလည်းထွေးပွေ့ထားတဲ့ ရင်ခွင်ကြောင့်မည်သူကမျှမအေးစက်ခဲ့ကြပေ။ ပတ်ဝန်းကျင်ကလေထုသည်လည်း အချစ်တွေနဲ့ပြည့်နှက်နေတဲ့ချိုချိုအီအီလေထုအဖြစ်သို့ပြောင်းလဲသွားတော့သည်။

The End

-Sun_iva-

အပျင်းကြီးနေတာတွေကိုတခန်းရပ်ပြီးအကြွေးဆပ်လိုက်ပါပြီနော်
အားလုံးပဲကျန်းမာရေးဂရုစိုက်ကြပါ ဘိုင့်ဘိုင်💙

Continue Reading

You'll Also Like

2.2K 273 9
"ဒါလင်...ကျွန်တော် ဒါလင့်ကို သိပ်ချစ်တာပဲ"
662K 24.1K 99
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
1M 39.7K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
1.4M 54K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...