(2.3) ပါးရိုက်ခြင်း
နန်ဟွေး က သူ့လက် ထဲ မှာ ရင်းနှီး နေတဲ့ အမွေးဖွှာဖွှာ နားရွက်တွေကို ထိလိုက် မိတော့ ခံစားချက်တွေ ပြီးဆုံးတဲ့ အရှိန်အဟုန်ကြောင့် ထွက်လာတယ် လို့ပဲ ထင်မိ လိုက်လေတယ်။
ဒါပေမယ့် သူက မကြာခင်မှာ ပဲ အဲ့တာက ကွဲပြားနေတယ် ဆိုတာကို သိသွားတော့တယ်။
သူ အဲ့တာ တွေကို ပြန်သွင်းလို့ မရတော့ဘူး ။
ပြီးတော့ မြီးညှောင့် ရိုးလေး နားမှာလဲ အမြီးလုံးလေး က ထွက်ပေါ် လာတာ ဖြစ်ပြီး အဲ့အထိတွေ့ က အရမ်းကို ရှင်းလင် ပြတ်သား ပြီးတော့ ခိုးလုခုလု နဲ့ လျစ်လျု ရှုဖို့ရာ အတွက် တကယ့်ကို ခက်ခဲ လေတယ်။
နန်ဟွေး ရုတ်တရက် ခံစား လိုက်ရတာ ကတော့ တစ်ညလုံး မိုးရွာပြီး အိမ်တစ်ခုလုံး ရေမြုပ် သွား သလို မျိုး ပဲပေါ့။
( ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ)
နန်ဟွေး က သူ့အမြီးတွေ ၊ နားရွက် တွေ နဲ့ ရုန်းကန် နေရချိန်မှာ သူ့ရဲ့ ဘေးက အိပ်ပျော်နေတဲ့ အမျိုးသား က အသာလေး လှုပ်ရှား သွားတာ ကို သိလိုက် ရတော့ သူ့ခမျာ တစ်ခဏ အေးခဲ သွားတော့တယ်။
ကျင်းထန် တစ်ယောက် အခုချိန်ထိ အိပ်ပျော် နေဆဲ ဖြစ်တာ က သိမ်းဆည်းထား တဲ့ အလိုရမ္မက် တွေ အကုန်လုံး ကို တစ်ညထဲ စွန့်ထုတ် လိုက်ရလို့ မဟုတ်ပဲနဲ့ ပိုအရေးအကြီး ဆုံး အချက် ကတော့ နန်ဟွေး ကိုယ်တိုင် က သာ သူ့ကို အေးချမ်း မှုနဲ့ စိတ်သက်သာရာ ရမှုကို ပေးစွမ်း နေတာ ကြောင့် ဖြစ်လေတယ်။
သူက သူ့မျက်လုံး တွေကို ရွေ့လိုက် ပေမယ့် အခုချိန်ထိ ပြည့်ပြည့် ဝဝ မနိုး သေးပါပေ။ ဒါပေမယ့် မသိစိတ် ကနေ သူ့ဘေး က အပူ အရင်းအမြစ် ကို လိုက်ရှာ နေမိ လေတယ်။
မနေ့ည က နန်ဟွေး ရဲ့ စိတ်အား ထက်သန် တက်ကြွ မှု က သူ့ကို အတော်လေး တုန်လှုပ် သွားစေ တယ်ဆိုတာ က ပြောနေစရာ ကို မလိုတော့ ပါပေ။ သူတို့ နှစ်ယောက် လုံး အတူတူ နေသွား ရမယ့် လမ်း အတွက် သူခမျာ အတိုချုပ် ဖို့ အချိန် အနည်းငယ် တော့ လိုအပ် လေတယ်။
အဆုံးမှာတော့ သူ့ရဲ့ အမြင်ထဲ မှာ ယုန်သေးသေးလေး က လှပတဲ့ အနီရောင် မျက်လုံးတွေကို ချစ်စဖွယ် ပုတ်ခတ် ပုတ်ခတ် လုပ် နေတာ နှုတ်ခမ်း သေးသေးလေး ကို ဆူကာ ခပ်တိုးတိုး ရေရွတ် နေဆဲ ပဲ ရှိနေ သေးတယ် လို့ပဲ မြင်မိ လေတယ်။
ထိုင်တစ်ဝက် ပုံရိပ်လေး က ဝေဝေ ဝါးဝါး ပဲ သူ့ရဲ့ မြင်ကွင်း ရှေ့မှာ ပေါ်လာခဲ့ လေတယ်။ အဲ့တာ လေး ကလည်း သူ့ကို ကြည့်နေ တဲ့ပုံပဲ။
အဲ့တာ လေးရဲ့ ခေါင်းပေါ်မှာ တွဲလောင်း ကျနေတာ က အဖြူရောင် အမွှေးဖြူ နားရွက် တစ်စုံ များလား?
ကျင်းထန် မှာ သူ့ရှေ့က အခြေအနေ ကို ခက်ခဲစွာ နဲ့ ဖြေရှင်း နေတုံးပဲ ရှိနေ သေးပေမယ့် နန်ဟွေး က သူ့ကို အခွင့်အရေး တစ်ခု ဘယ်တော့မှ မပေး ခဲ့ပါပေ။
ခုခံနိုင်စွမ်း မဲ့နေတဲ့ ကျင်းထန် တစ်ယောက် စိတ်ဝိဉာဥ် စွမ်းအား အပြည့်ပါတဲ့ လက်ဝါး တစ်ချက်နဲ့ အတူ နန်ဟွေး က ပါးရိုက် လိုက်လေတော့တယ်။
ဘာတွေ ဖြစ်နေတာ လဲ ဆိုတာ ကို ကျင်းထန် ခမျာ သဘော သေချာ မပေါက်သေးခင် ပါးရိုက် ခံလိုက် ရပြီးတော့ သတိ လစ်သွား ပါတော့တယ် ။
( ဘယ်လို gong လဲ ဟ 🤣🤣)
နန်ဟွေး က ကျင်းထန် တစ်ယောက် မျက်လုံး တွေ တင်းကြပ်စွာ မှိတ်သွားတာ ကို အကြောက်တရား အပြည့်နဲ့ ကြည့်နေ ခဲ့လေတယ်။
ဒီလူ က အခုလေးတင် သူ့ကို သေချာ မမြင် သွားလောက်ဘူး မလား။ ဟုတ််တယ် မလား?
နန်ဟွေး ကတော့ သူ့ရဲ့ ရိုက်ချက် က အချိန်မှန် ရိုက်ချက် ဖြစ်သွားတယ် လို့ ခံစား လိုက်ရတယ်။
သူက ယုန်နားရွက်လေး ကို လျက်ကာ ရှုပ်ပွနေတဲ့ အခန်းကို ကြည့်လိုက် မိပြီးတော့ အရမ်းပဲ စိုးရိမ် မိသွား လေတယ်။
ပိုပြီးတော့ အရေးအကြီးဆုံး လုပ်ဆောင် ရမယ့် အရာ ကတော့ မြေခွေးလေး ကို ရှာဖို့ပဲ။
နန်ဟွေး က သူ့ရဲ့ ခါးလေး ကို အသာလေး ထောက်ကန် ပြီးတော့ အိပ်ယာပေါ် ကနေ ဂရုတစိုက် နဲ့ ဆင်းလာကာ အဝတ်အစား တွေကို လိုက်ရှာခဲ့တယ်။ ကြမ်းပြင်ပေါ် မှာတော့ အရာရာတိုင်းက ကျဲပျံ့ နေလေတယ်။
သူက သူ့ရဲ့ ဘောင်းဘီ ရှည်ကို ကောက်ယူ ဖို့ လုပ်လိုက် ရလေတယ်။ သူက အဲ့တာကို တော့ ဝတ်နိုင်ဆဲ ပဲ ဖြစ်လေတယ်။
ဒါပေမယ့် တီရှပ် အဖြူလေး ကတော့ အိပ်ယာရဲ့ အဆုံးမှာ အဝတ်စုတ် လေး တစ်ခု လို တွဲလောင်းလေး ကျ နေခဲ့ လေတယ်။
နန်ဟွေး ခမျာ အရမ်းကို ပဲ စိတ်နှလုံးသား ကွဲကြေ သွားတယ်။ အဲ့တာ လေး က မြေခွေးလေး ဟာ သူ့ရဲ့ လူပုံစံ ပြောင်းနိုင် မှုကြောင့် လက်ဆောင် အဖြစ် ပေးထားတာ လေးပဲ ဖြစ်လေတယ်။
နှလုံးသား ကိုက်ခဲ ရုံပဲ တက်နိုင် လေတယ်။ အဆုံးမှာတော့ သူက ပြန်လည် ပြုပြင် နိုင်တဲ့ မှော်အစွမ်းကို မသင်ကြား ထား မိဘူးလေ။
နန်ဟွေး က အဝတ် ဗီရို တစ်ခုကို မှီလိုက်ကာ တစ်ခဏလောက် ရုန်းကန် လိုက် ပြီးတဲ့နောက် သူက အနက်ရောင် ဟူဒီ တစ်ထည် ကို ဆွဲထုတ် နိုင်ခဲ့တယ်။
ကံကောင်းစွာ နဲ့ပဲ အဲ့အဝတ် တွေက သူ့ရဲ့ နားရွက်တွေကို လုံအောင် ဖုံးထား ပေးနိုင်တယ်လေ။ လမ်းမှာ လမ်းလျောက်သွား တုံး လူစိမ်း တွေက သူ့ကို ထူးဆန်း တယ် ဆိုပြီး စမ်းသပ်ဖို့ ဖမ်းခေါ် သွားမှာ မျိုးတွေကို နန်ဟွေး မလိုချင် ပါပေ။
အဝတ်ဝတ် ဖို့ ရုန်းကန် ပြီး တဲ့နောက် နန်ဟွေး က တံခါးကို မှီခို ကိုင်ထား ပြီးတော့ အိပ်ယာပေါ် က လူကို တစ်ချက်လောက် ပြန်ကြည့် လိုက်လေတယ်။
သူက ထိုလူကို ပါးတစ်ချက် ချပြီးတော့ မေ့လဲ စေတဲ့ အတွက် စိတ်မကောင်း ဖြစ်မိပေမယ့် တစ်ဖက်လူ က မကြောက်လန့် သွားစေ ဖို့ရာ အတွက် သူက အဲ့လို လုပ်မှ ကို ရတော့ မှာ ပဲ ဖြစ်လေတယ်။
နန်ဟွေး က သူ့ရဲ့ မှတ်ဉာဏ်ထဲ ကအတိုင်း ဓာတ်လှေကား လို့ခေါ်တဲ့ ဟာကို ပထမ အောက်ထပ် ကို ပြန်ရောက်ဖို့ အတွက် နှိပ်လိုက်လေတယ်။ ပြီးတော့ အစောင့်တွေ က သူ့ကို မှတ်မိ သွားမှာလည်း ကြောက်နေ ခဲ့လေတယ်။ ဒါကြောင့် သူက ဂိတ် တံခါး ကနေ မဖြတ်ရဲပဲ မနေ့က ထောင့်နား လေးဆီကို သွားလိုက် လေတယ်။
ရလဒ် အနေနဲ့ ကတော့ ထောင့်နား လေးကို သွားတုံးပဲ ရှိသေးတယ် သူ့ခမျာ အချိန်အတော် ကြာထိအောင် လိုက်ရှာ နေခဲ့တဲ့ တစ်စုံတစ်ယောက် ကို တွေ့သွား တော့လေတယ်။
'' ရှောင် ဟူ လီ! ''
နန်ဟွေး က သူ့သူငယ်ချင်း ဆီကို မျက်ရည်အပြည့်နဲ့ မွှေးပွ ဘောလုံးလေး တစ်လုံး လို အမြန်ဆုံး ပြေးဝင် သွားတော့ လေတယ်။
ဝမ်ဟန် တစ်ယောက် နန်ဟွေး ရဲ့ ရုတ်တရက် ပေါ်လာမှု ကြောင့် ကြောင်အ နေပြီးတော့ မှ သူ့ရဲ့ ရင်ခွင်ထဲ မှာ တင်းကြပ်စွာ ပွေ့ဖက် ထားလိုက် တော့လေတယ်။
ပွေ့ဖက်ပြီး တဲ့နောက် ဝမ်ဟန် က နန်ဟွေး ကို လက်ထဲ မှာပဲ ထားပြီးတော့ မေးလိုက် လေတယ်။
'' မင်း က ဘာကြောင့် ဒီနေရာမှာ ရှိနေ ရတာလဲ? ဒါကြောင့် မနေ့က ငါရင်းနှီး နေတဲ့ အငွေ့အသက်တွေ ရနေ ပါတယ်လို့ ခံစားနေရတာ။ အဲ့တာ က မင်းဖြစ် နေတာ ကိုး ''
'' ဝူဝူဝူး ရှောင်ဟိုလီ ၊ မနေ့က ငါမင်း ကို လိုက်ရှာ ပေမယ့် မင်းကို ငါ ဘယ်နေရာ မှာမှ ရှာမတွေ့ခဲ့ဝူး ''
နန်ဟွေး က ဗိုက်ဆာ တာရော ပင်ပန်းတာ ပါပေါင်း ပြီးတော့ ချွဲကပ်တဲ့ ကလေးလေး တစ်ယောက် လို ဖြစ်လာ ခဲ့လေတယ်။
'' ဟေး ၊ မင်းသာ လူသား ပုံပြောင်း နိုင်ရင် ဗဟိုပန်းခြံမှာ စောင့်နေ ဖို့ ငါမပြောခဲ့ဘူးလား? ငါက အဲ့နေရာကို နေ့တိုင်း ဖြတ်သွား နေရတာ။ နေပါအုံး မင်း က ငါပြောတာကို ထပ်ပြီးတော့ မကြားခဲ့တာ လား? ''
ဝမ်ဟန် က ဒေါသ တကြီး နဲ့ ခေါင်းကို ခေါက်လိုက်တယ်။
'' အဲ့အကြောင်းကို မပြောကြစို့၊ ရှောင်ဟိုလီ ။ မင်းနေတဲ့ နေရာကို အရင်ဆုံး ခေါ်သွား ပေးစမ်းပါ။ ငါ့ရဲ့ နားရွက်တွေကို ငါပြန်ထည့်လို့ မရတော့လို့ ''
နန်ဟွေး က ခေါင်းစွပ်အောက် က အမွှေးဖွှာ အိအိလေး တွေကို ထုတ်ပြ ပြီးတော့ လုံးတုံးလုံးတုံး နဲ့ ခေါင်းလေး ကို ပြသ နေလေတယ်။
'' ဟမ်? ဘာတွေ ဖြစ်ကုန် တာလဲ?''
ဝမ်ဟန် က သူ့ကို စိုးရိမ်စွာနဲ့ ကြည့်လိုက် လေတယ်။
'' ငါ....... မနေ့က မိတ်လိုက်ကာလ ရောက် လာ ပြီးတော့ အမျိုးသား လူသား တစ်ယောက် နဲ့ အိပ်လိုက် မိတယ် ထင်တယ်.... ''
ဒီဘာသာပြန် သူ မှာ ပြောစရာ ရှိတယ်။
ကျင်းထန် : ငါက အဲ့လို နေရာမှာ သိပ်ကို တော်တာ နော်။
ငါက အိပ်ပျော် သွားပေမယ့် မနေ့က ငါနဲ့ အတူ အိပ်ခဲ့တဲ့ လူက အားဟွေး ဆိုတာ ကို ငါ ခေါင်းမာမာ နဲ့ မှတ်မိ နေဆဲပဲကွ။
( လူမမှားတော့ဘူးပေါ့ 🤣🤣🤣)
............................................