🌺စေတန်ရဲ့သတို့သမီး🌺
အပိုင်း(၄၆)
🌸🌸🌸🌸
"ချမ်း...အသင်္ချေဆိုတဲ့..အသင့်ရဲ့ကိုကိုချမ်း...."
"ဟင်....."
အံ့ဩမယုံကြည်နိုင်ခြင်းများနှင့်အတူ...အသင်
ဖုန်းကိုင်ထားလျက်နှင့်..ဖျပ်ခနဲထရပ်လိုက်မိသည်။
"ကိုကို...."
တစ်ချိန်လုံးတမ်းတနေခဲ့ရတဲ့....နာမ်စားတစ်ခုကို
နူတ်ကနေရေရွတ်လိုက်မိတဲ့အခိုက်အတန့်...ရင်ဝ
ဆီကစူးအောင့်နာကျင်သွားတဲ့ဝေဒနာက..အခံရခက်
လှစွာ.....
"ကိုကို..ကတိမတည်ခဲ့မိတာတောင်းပန်ပါတယ်..
ညီမလေး..ခွဲစိတ်ပြီးတဲ့အထိရှိမနေပေးနိုင်ခဲ့လို့
တစ်သက်လုံးစောင့်ရှောက်သွားမယ်ဆိုတဲ့ကတိကို
မတည်နိုင်ခဲ့လို့..တစ်ကယ်ပဲတောင်းပန်ပါတယ်...
အသင်ရယ်..."
ခံစားချက်တစ်မျိူးနှင့်..လိူက်ခါနေတဲ့ဩရှရှအသံကို
နားထောင်နေရင်း...ပါးပြင်သို့စီးကျလာတဲ့မျက်ရည်
များက..အတားအဆီးမဲ့စွာ...၊
"ကိုကိုတစ်ကယ်ပဲလား..တစ်ကယ်ပဲအသင့်ရဲ့
ကိုကိုချမ်းလား...."
မေးလိုက်မိတဲ့စကားသံက..ရိူက်သံတစ်ဝက်နှင့်
ဗလုံးဗထွးဖြစ်နေခဲ့သည်။
"နှစ်တွေအကြာကြီး..ညီမလေးနဲ့ပြန်တွေ့ဖို့....
ုကြိုးစားခဲ့ရတာ..၁၂နှစ်တောင်ကြာခဲ့ပြီပဲ.....
ကျေးဇူးတင်ပါတယ်...ကျန်းကျန်းမာမာနဲ့အသက်ရှင်ပြီး
ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပေးလို့....ကိုကို့ရဲ့ညီမလေး...."
ငိုချင်စိတ်ကိုကြိုးစားထိန်းချုပ်ထားရသလို...
အက်ရှနေတဲ့တစ်ဖက်ကစကားသံအဆုံး...အသင်ဟီးခနဲ
ငိုချလိုက်မိလေတော့၏။
~~~~~~~~~~~~~🌺🌺🌺
"အသင်ရော......"
နေ..မေးရင်းစားပွဲပေါ်ဝင်ထိုင်လိုက်လျှင်...မေနွမ်းက
အဆင်သင့်ဖျော်ထားတဲ့..ကော်ဖီနှင့်အတူဂျာနယ်
တစ်စောင်ကိုပါ..လာချပေးရင်း...
"မမလေးက..အရေးကြီးသွားစရာရှိလို့ဆိုပြီး...
အပြင်သွားပါတယ်...boss...."
မေနွမ်းစကားကြောင့်..နေ..မျက်မှောင်ကြုတ်သွား
ရကာ....
"အစောကြီးပဲ..အလုပ်ကလဲခွင့်ယူထားတယ်...
မဟုတ်လား...ဘယ်ကိုသွားတာလဲ...."
"ဟို..အဲ့ဒါတော့..ကျွန်မလဲမသိဘူး...bossမနိုးသေးလို့
ကျွန်မကိုပြောပေးပါဆိုပြီး..မှာသွားတာပါ..."
နေ..ညကဆေးရှိန်နှင့်အိပ်ပျော်သွားတာကြောင့်..
မနက်နောက်ကျမှနိုးသည်။အခု..နိုးလာတော့
သူမကမရှိတော့...မနေ့ကလဲ..သူမစိတ်မကောင်း
ဖြစ်သွားတာကြောင့်..သူမကိုမမြင်ရတဲ့မနက်ခင်းက
နေ့ကို...အလိုမကျဖြစ်စေသည်။
နေ..ကော်ဖီသောက်တာကိုလဲစိတ်မပါတော့သလို
သတင်းစာကိုလဲ..ဖတ်ရမှာ..စိတ်မဝင်စားတော့ပဲ
စားပွဲမှထလိုက်သည်။
"boss..နေ့လည်စာအတွက်..ကျွန်မဘာစီစဉ်
ပေးရမလဲ..."
"ကျွန်တော်ထမင်းမစားချင်ဘူး..ဆန်ပြုတ်....
အင်း..ဖရုံသီးဆန်ပြုတ်ဆို..အဆင်ပြေမယ်..အဲ့ဒါပဲ
လုပ်ပေးပါ....."
"ရှင်..ဟုတ်..ဟုတ်ကဲ့...."
ပြောပြီး..မျက်နှာမသာမယာနှင့်...ထမင်းစားခန်းထဲက
ထွက်သွားတဲ့..bossကိုကြည့်ကာ...မေနွမ်း...
သက်ပြင်းချလိုက်မိလေတော့သည်။
~~~~~~~~~~~🌺🌺🌺
No.(153)
သစ်ပင်ပန်းမန်တို့မရှိပေမဲ့...သစ်လွင်တဲ့ဆေးရောင်လေး
သုတ်ထားသည့်..နေချင့်စဖွယ်နစ်ထပ်တိုက်အိမ်
လေးရှေ့မှာ..အသင်..ခြေစုံရပ်လိုက်မိသည်။
"ဒါ..ညက..ကိုကိုငါ့ကိုပြောခဲ့တဲ့လိပ်စာပဲ..."
အသင်..စိတ်လူပ်ရှားမူ့ကြောင့်..အေးစက်နေတဲ့
လက်လေးနှင့်..ခြံတံခါးက..ခေါင်းလောင်းကြိုးကို.
ဆွဲလိုက်သည်။
ခဏနေတော့...အိမ်ထဲကနေထွက်လာသည့်..အမျိုး
သမီးကြီးတစ်ယောက်....
"ဘယ်သူနဲ့တွေ့ချင်လို့လဲ..မိန်းကလေး..."
"ကျွန်မ..ဒီအိမ်မှာနေတဲ့..ကိုချမ်းနဲ့တွေ့ချင်လို့ပါ..."
ထိုအခါ..အမျိုးသမီးကြီးက..အသင့်ကိုခြေဆုံး
ခေါင်းဆုံးတစ်ချက်ကြည့်ပြီး...
"ဪ...အစ်ကိုလေးစောင့်နေတဲ့..မိန်းကလေးနဲ့
တူတယ်..."
ပြောရင်းကပျာကယာတံခါးဖွင့်ပေးသည်။
"ဝင်ပါ..မိန်းကလေး..အစ်ကိုလေးချမ်းက....မိန်းကလေးကို
စောင့်နေတာ...."
ခပ်သုတ်သုတ်ခြေလှမ်းတွေနှင့်အသင့်ကိုဦးဆောင်
ခေါ်သွားတဲ့..အမျိုးသမီးနောက်ကို..အသင်လိုက်လာ
ခဲ့ပြီး..ဧည့်ခန်းထဲကိုရောက်တော့...
"မိန်းကလေးခဏစောင့်ပါနော်..အဒေါ်အစ်ကိုလေးကို
သွားအကြောင်းကြားပေးပါ့မယ်...."
အသင့်ကိုပြောပြီး..ထိုအမျိုးသမီးကအပေါ်ထပ်ကို
တက်သွားသည်။ထိုအခါ..ဧည့်ခန်းထဲကိုဝေ့သွားတဲ့
အသင့်ရဲ့မျက်ဝန်းတွေက..တစ်နေရာကိုအရောက်...
"ဟင်..."
ဧည့်ခန်းရဲ့တစ်ဖက်နံရံမှာ..ဝင့်ထည်စွာရှိနေတဲ့
မိသားစုဓာတ်ပုံကြီးထဲက..ဖေဖေ၊အန်တီသွင်၊
အဖွား၊ကိုကိုနဲ့အသင့်ရဲ့ပုံရိပ်....
"ဒါ....ဒါက....."
အသင်..ချက်ချင်းပင်မျက်ရည်တွေပြည့်အိုင်လာတဲ့
မျက်ဝန်းတွေနှင့်..ဓာတ်ပုံကြီးရှိရာကိုတစ်လှမ်းချင်း
လျှာက်လှမ်းသွားလိုက်မိသည်။ထို့အပြင်......
ပစ္စည်းအလှထားတဲ့..မှန်ရိူးကေ့ကြီးပေါ်မှာလဲ..
အစီအရီရှိနေတဲ့..ကိုကိုနဲ့အသင့်ရဲ့ဓာတ်ပုံတွေ
"ဟင့်..ဟင့်...."
အသင်..ဓာတ်ပုံတွေကိုကြည့်ရင်း..အသံထွက်အောင်
ငိုရိူက်လိုက်မိသည်။အမှန်တိုင်းပြောရရင်..အသင်
ဒီဓာတ်ပုံတွေမတွေ့သေးခင်အထိ...ရင်ထဲမှာ..
သံသယအနည်းငယ်ရှိနေခဲ့မိတာ..ဝန်ခံပါသည်။
"ဖေဖေ...အန်တီသွင်...."
မိသားစုဓာတ်ပုံကြီးကို..လက်နှင့်ဖွဖွထိကိုင်ရင်း
အသင်..တမ်းတစွာခေါ်လိုက်မိစဉ်...
"အသင်..."
နွေးထွေးသောခေါ်သံနှင့်အတူ..အသင့်အပေါ်မိုးကျ
လာတဲ့အရိပ်တစ်ခုကြောင့်..အသင်..မျက်ရည်တွေကို
ကပျာကယာပွတ်သုတ်ရင်း..အနောက်သို့..လှည့်ကြည့်
လိုက်မိချိန်....
နွေးထွေးကြင်နာသောမျက်ဝန်း၊ပြုံးယောင်သမ်း
နေသည့်..နူတ်ခမ်းအစုံနှင့်..အသင့်ကိုငေးကြည့်နေတဲ့
အရပ်မြင့်မြင့်နဲ့လူတစ်ယောက်....
"နောက်ဆုံးတော့..ကိုကို့ညီမလေးကိုရှာတွေ့ခဲ့ပြီပဲ"
ထိုလူရဲ့.....
မျက်ရည်တွေပြည့်အိုင်နေသည့်မျက်ဝန်းတွေက
နှစ်ပေါင်းများစွာတမ်းတနေရတဲ့လူတစ်ယောက်
အရှေ့မှာရှိနေတာကို..အံ့ဩမယုံကြည်နိုင်သည့်
အကြည့်တွေနှင့်ဖြစ်သည်။အသင်..ဘာမှမပြောနိုင်ပဲ
ငေးကြည့်နေမိစဉ်...မေးစေ့အလယ်ကရှည်မျောမျော
မေးချိုင့်လေးပေါ်အောင်ပြုံးရယ်လိုက်တဲ့ထိုလူက
အသင့်အင်္ကျီအပြင်ဘက်မှာထွက်ကျနေတဲ့သံစဉ်ပုံ
လော့ကတ်သီးလေးကိုကြည့်ကာ...
"ဒီလော့ကတ်သီးလေးကို..ညီမလေးအခုထိဆွဲထား
တုန်းပဲကိုး...."
ထိုစကားကြောင့်..အသင်ယောင်ယမ်းပြီးဆွဲကြိုးလေးကို
လက်နှင့်..အုပ်ကိုင်လိုက်မိသည်။
"ရှင်က..တစ်ကယ်ပဲ..အသင့်ရဲ့ကိုကိုလား...."
လွှတ်ခနဲမေးထွက်လိုက်ပြီးမှ..အသင်ကိုယ့်ကိုကိုယ်ပင်
အံ့ဩမိသွားရသည်။ကိုကိုဆိုပြီးဖုန်းဝင်လာတဲ့
အချိန်မှာရင်ခုန်ခဲ့ရသလောက်၊ဓာတ်ပုံတွေမြင်ရ
ချိန်မှာ..နင့်နင့်နဲနဲခံစားခဲ့ရသလောက်...လူတစ်ယောက်လုံး
မြင်လိုက်ရချိန်မှာတော့...ဘာ့ကြောင့်အဲ့လို...
မခံစားရတော့တာလဲ...??
အသင်ထိုသူ့ကိုကြောင်ငေးငေးလေးကြည့်နေမိစဉ်
ထိုသူကတော့..တည်ငြိမ်တဲ့အပြုံးနဲ့အသင့်ထံ
တစ်လှမ်းချင်းလျောက်လာပြီး..အသင့်ကို..ဖွဖွ
ပွေ့ဖက်သည်။
"ကိုကို..ညီမလေးကိုပေးထားခဲ့တဲ့..ကတိကိုတည်ဖို့
ပြန်လာတာ...ညီမလေးကိုတသက်လုံးစောင့်ရှောက်
သွားပါ့မယ်လို့..မာမားနဲ့..လေးလေးဆီမှာကိုကို
ကတိပေးထားတယ်လေ..အသင်မေ့နေပြီလား..
ဂျပန်ကဆေးရုံကြီးမှာတုန်းကလဲ.ကိုကိုအသင့်ကို
ကတိပေးခဲ့တယ်...."
အသင်...ဘာစကားမှမပြောနိုင်ပဲ..ကျောက်ရုပ်လေးလို
ရပ်နေမိသည်။
"အသင်..နေကောင်းသွားတဲ့အခါ..ပန်းတွေကြည့်ဖို့
ခေါ်သွားပေးမယ်ဆိုတဲ့ကတိကိုအဲ့ဒီတုန်းကမတည်
နိုင်ခဲ့ပေမဲ့...ကိုကို..အခု..ကတိတည်ဖို့ပြန်လာတာပါ
ညီမလေးရယ်....."
"ဟင်...."
အသင်..နှလုံးသွေးတွေပြောင်းပြန်စီးကုန်သလား
ထင်မှတ်ရသည်။ဒါက..ကိုကိုနဲ့အသင်နှစ်ယောက်ကြားက
ကတိစကား...ဘယ်သူမှလဲမသိနိုင်တဲ့နောက်ဆုံး
ကတိစကား...ဒါဆို..သူက....တစ်ကယ်ပဲ..
"ကိုကို....."
ဆို့နင့်စွာခေါ်လိုက်သံက..လည်ချောင်းဝမှာတင်
တစ်ဆို့နေပြီး..အသင်..ထိုသူပွေ့ဖက်ထားတဲ့..
အတိုင်း..ကျောက်ရုပ်လေးလို ရပ်နေရာမှ..မျက်ရည်တွေသာ
တွေတွေစီးကျလာခဲ့ရင်း....၊
~~~~~~~~~~~~🌺🌺🌺
"ဒါ..ဖရုံသီးဆန်ပြုတ်လား...."
နေ..မေနွမ်းယူလာပေးတဲ့...အညိုရောင်ဆန်ပြုတ်
တွေကိုကြည့်ပြီးမေးလိုက်သည်။
"ဟုတ်ပါတယ်..boss...ဘာဖြစ်လို့လဲ....."
နေ..ဆန်ပြုတ်ကိုဇွန်းနှင့်မွှေကြည့်လိုက်ပြီး...
"အသင်..လုပ်ပေးတုန်းကဒီလိုအရောင်မဟုတ်ပါဘူး"
ပြောရင်း..ဆန်ပြုတ်ကိုဇွန်းဖျားလေးနှင့်ခပ်ယူ
မြည်းကြည့်ကာ...
"အရသာလဲ..မတူဘူး..."
"ဟို..ကျွန်မလဲ....ဖရုံသီးဆန်ပြုတ်ကို..မမလေး..
ဘယ်လိုပြုတ်လဲဆိုတာမသိလို့ပါ..."
"မေနွမ်း..အရင်တုန်းက..ထိုင်းကကြယ်ငါးပွင့်
ဟိုတယ်မှာစားဖိုမှူးလုပ်ခဲ့ဖူးတယ်မဟုတ်လား...."
နေ...ခပ်ဆတ်ဆတ်မေးလိုက်လျှင်..မေနွမ်းမျက်နှာ
အောက်ငုံ့သွားရင်း...
"ဒါပေမဲ့..ဖရုံသီးဆန်ပြုတ်ဘယ်လိုပြုတ်ရလဲဆိုတာ
တော့..မသင်ခဲ့ရပါဘူး..ဒီဆန်ပြုတ်က...မမလေးနဲ့
ကျမှကြားဖူးတာ..."
"ခွိ...."
မေနွမ်စကားကြောင့်..အနောက်မှာလက်နောက်ပစ်ပြီး
ရပ်နေတဲ့..ဇ,ထံကခွိခနဲရယ်သံထွက်လာလျှင်
နေ့ရဲ့..ဒေါသမျက်ဝန်းတွေက..ဇ,ထံဒိုင်းခနဲရောက်
သွားသည်။
"တောင်းပန်ပါတယ်..boss..."
ဇ,ရယ်ချင်ပတ်ကျိဖြစ်နေတဲ့ရုပ်ကိုမနည်းတည်ထားရင်း
bossကိုကြောက်၍ခေါင်းငုံ့လိုက်သော်လဲရယ်ချင်စိတ်က
ထိန်းမရ....ကြယ်ငါးပွင့်စားဖိုမှူးပင်လက်မြှောက်ရတဲ့
ဖရုံသီးဆန်ပြုတ်ပါလား....
နေကတော့
နှစ်ယောက်လုံးကိုမကျေမချမ်းကြည့်ကာ...
"ပြန်ယူသွားလိုက်..မေနွမ်း...စားလို့လဲရမှာမဟုတ်ဘူး"
"ဒါဆို..ကျွန်မတစ်ခုခုယူလာခဲ့ရမလား..."
"ဘာမှမယူလာနဲ့..စားချင်စိတ်လဲမရှိဘူး.."
"ဟုတ်ကဲ့...."
ဆန်ပြုတ်ပန်းကန်ကိုကိုင်ပြီး..မေနွမ်းခပ်ကုပ်ကုပ်
ထွက်သွားသည်။
နေ..စိတ်ရူပ်စွာနှင့်..ဆုံလည်ကုလားထိုင်ပေါ်..
ခေါင်းမှီချကာ..မျက်ဝန်းတွေကိုမှိတ်ထားလိုက်သည်။
နေ့လည်ပဲ..ရောက်တော့မယ်..သူမအခုထိပြန်
မလာသေး...
"မင်း..ဘယ်သွားနေတာလဲ....အသင်္ချေ....."
~~~~~~~~~~~~🌺🌺🌺
"ကိုကို..ဒီနှစ်တွေမှာ..ဘယ်မှာရှိနေခဲ့တာလဲ..."
"ကိုကို..ပါပါနဲ့အတူ..ထိုင်းမှာပဲအခြေချနေနေခဲ့တာ
ဒီနှစ်တွေမှာ..ညီမလေးနဲ့အဖွားကို..စုံစမ်းနေခဲ့ပေမဲ့
ကိုကိုသတင်းမရခဲ့ဘူး...မနှစ်က..ပါပါဆုံးသွားတယ်
ကိုကို..မြန်မာပြည်ရောက်နေတာ..၅လလောက်
ရှိပြီ...ညီမလေးကိုမတွေ့တွေ့အောင်ရှာမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ကိုကို..ဒီကိုရောက်လာခဲ့တာ..."
"အသင်တို့က..အရင်နေတဲ့မြို့လေးကနေပြောင်း
လာပြီးကထဲကရန်ကုန်မှာပဲအခြေချဖြစ်ခဲ့တာလေ
အဘွားကတော့ပြီးခဲ့တဲ့..နှစ်ကပဲရာသက်ပန်ယောဂီ
ဝတ်သွားခဲ့တာ..."
ကိုကိုက..အသင်ပြောတာကိုနားထောင်ပြီးခေါင်း
တဆတ်ဆတ်ငြိမ့်သည်။
"ကိုကိုအကုန်ကြားပြီးပါပြီ..ညီမလေးနေခဲ့တဲ့
တိုက်ခန်းမှာနေတဲ့လူတွေဆီကလေ...ဒီနှစ်တွေမှာ.
ညီမလေးရော၊အဖွားရောအရမ်းပင်ပန်းခဲ့ပြီ..."
ပြောရင်း.ကိုကိုကအသင့်လက်လေးတစ်ဖက်ကို
ဆုပ်ကိုင်ကာ..
"အခုကစပြီး..ဘာမှမပူနဲ့တော့..ကိုကို..ညီမလေးနဲ့
အဖွားကိုစောင့်ရှောက်ပေးမယ်...ကိုကို..အခုညီမလေးကို
ရှာတွေ့ပြီဆိုတော့..ကိုကိုနဲ့အတူတစ်ခါထဲခေါ်သွားမယ်"
"ရှင်...."
ကိုကို့စကားကြောင့်အသင်အံ့ဩသွားရသည်။
"ကိုကိုနဲ့အတူ..ဘန်ကောက်ကိုလိုက်ခဲ့ပါ..အသင်..."
"ကိုကို...."
"အချိန်ထပ်ဆွဲလို့တော့..အဆင်မပြေဘူး..အသင်
ကိုကို...ဘန်ကောက်ကိုအမြန်ပြန်မှဖြစ်မဲ့ကိစ္စတွေ
ရှိတယ်..ဒီနေ့ပဲ..ကိုကိုနဲ့အတူ..အဖွားကို...
သွားတွေ့ကြတာပေါ့..ပြီးရင်..အဖွားရော..ညီမလေးရော
ကိုကိုနဲ့တစ်ခါထဲလိုက်ခဲ့ပါ...."
အသင်ခေါင်းမငြိမ့်ခေါင်းမခါပဲ..ကိုကို့ကိုကြည့်နေမိသည်။
ဒါ..အသင်တစ်ချိန်လုံးမျှော်လင့်ခဲ့ရတဲ့..အရာ..
မဟုတ်လား..တစ်နေ့နေ့မှာ..ကိုကိုအသင်တို့ဆီ
ပြန်လာပြီး..အသင့်ကိုလာခေါ်ဖို့ကိုပဲအသင်မျှော်လင့်
နေခဲ့ပေမဲ့..လက်ရှိမှာ..အသင်မပျော်ဘူး...
အသင်တွေဝေနေတာကို..ကိုကိုကနားမလည်သလို
ကြည့်ကာ..
"ဘာတွေ..တွေဝေနေတာလဲ.ညီမလေးကိုကိုနဲ့
မလိုက်ချင်လို့လား...."
"အဲလိုတော့မဟုတ်ပေမဲ့..အသင်က....."
အသင်စကားကိုဆုံးအောင်မပြောပဲ..ခေါင်းငုံ့...
သွားရတော့..ကိုကိုကသက်ပြင်းခပ်သဲ့သဲ့ချသည်။
"ကိုကိုသိပါတယ်..ရုတ်တရပ်ကြီးကိုကိုကအသင့်နားကနေ
ပျောက်သွားခဲ့ပြီး..နှစ်တွေအကြာကြီးနေမှ....
ပြန်ပေါ်လာခဲ့တာဆိုတော့...အသင်..ကိုကို့ကို..
ချက်ချင်းကြီးဘယ်ယုံကြည်နိုင်ပါ့မလဲ..ဒါပေမဲ့..
အသင်.."
နာမည်ကိုခေါ်ရင်း..ကိုကိုကတောင်းပန်တိုးလျိုး
သလိုမျက်ဝန်းတွေနှင့်..အသင့်ကိုကြည့်လာခဲ့သည်။
"ကိုကိုနဲ့ညီမလေး..တစ်ယောက်ကိုတစ်ယောက်
အပြန်အလှန်စောင့်ရှောက်ပြီး..တစ်သက်လုံးမခွဲမခွာ
ရှိနေသွားဖို့က..လေးလေးနဲ့မာမားရဲ့နောက်ဆုံး
ဆန္ဒဆိုတာ..မမေ့ပါနဲ့..ကိုကိုတစ်ချိန်ကမလွဲသာတဲ့
ကိစ္စတစ်ခုကြောင့်..ညီမလေးကိုထားခဲ့ရပေမဲ့.
ထပ်တူညီတဲ့အမှားမျိုး..ကိုကို့ဘဝမှာနောက်ထပ်
ဘယ်တော့မှ...ကျူးလွန်မှာမဟုတ်ဘူး...ကိုကို
ညီမလေးကိုတစ်သက်လုံးစောင့်ရှာက်သွားပါရစေ.."
ဖေဖေနဲ့အန်တီသွင်ရဲ့နောက်ဆုံးဆန္ဒတဲ့..ထိုစကား
တစ်ခွန်းက..အသင့်နှလုံးသားကျောက်ဆောင်ကို
ဖြိူဖျက်တိုက်စားလိုက်သလိုပင်...
"ချမ်းနဲ့အသင်..ဘယ်တော့မှမခွဲရဘူးနော်..တစ်သက်လုံး
အတူရှိနေပြီး..တစ်ယောက်ကိုတစ်ယောက်အပြန်
အလှန်စောင့်ရှောက်သွားရမယ်...."
သွေးအလိမ်းလိမ်းနှင့်..ဆေးရုံကုတင်ပေါ်က...
အန်တီသွင့်ရဲ့ပုံရိပ်..နောက်ဆုံးထွက်သက်ချိန်လေး
မှာတောင်...ကိုကိုနဲ့အသင့်ကိုလက်ချင်းဆက်ပေးခဲ့ပြီး
မျက်ရည်တွေနှင့်..ခေါင်းလည်ကျသွားခဲ့တဲ့....
ထိုပုံရိပ်က..အသင်တစ်သက်မေ့နိုင်မှာမဟုတ်တဲ့
မြင်ကွင်းတစ်ခု....
"ညီမလေး...."
တွေငေးငေးလေးဖြစ်သွားတဲ့အသင့်ရဲ့လက်လေး
ကိုကိုကိုက..ဆုပ်ကိုင်ဖျစ်ညစ်လိုက်ရင်း...
"ကိုကိုနဲ့လိုက်ခဲ့ပါနော်..ကိုကိုတို့မောင်နှမတွေ
အရင်လိုပျော်ပျော်ရွှင်ရွှင်ပြန်နေသွားကြမယ်...
မကောင်းဘူးလား..အဲ့ဒါဆို..တမလွန်က..လေးလေးနဲ့
မာမားလဲ..ကျေနပ်ဝမ်းမြောက်နိုင်မှာပါ...."
ကိုကို့ရဲ့အဆုံးသတ်စကားကြောင့်..အသင်ပြောဖို့
ကြံရွယ်ထားတဲ့...စကားများစွာက..နူတ်ခမ်းဖျား
မှာတင်ပျောက်ဆုံးသွားခဲ့ရင်း.....
~~~~~~~~~~~💜💜💜
"ချမ်း..အဖွားရဲ့မြေးလေး...အီး..ဟီး...."
ကိုကိုနဲ့အသင်..အဖွားကိုသွားတွေ့တဲ့အခါ.....
ကြိုတင်မျှော်မှန်းထားတဲ့အတိုင်း.အဖွားကဝမ်းသာ
ဝမ်းနည်းမျက်ရည်တွေနှင့်..ကိုကို့ကို..ပွေ့ဖက်ကာ
ရိူက်ကြီးတငင်..ငိုကြွေးနေခဲ့သည်။
"ကျွန်တော်တောင်းပန်ပါတယ်...အဘွား..နှစ်တွေ
အကြာကြီး..အဖွားနဲ့..ညီမလေးကိုပစ်ထားသလို
ဖြစ်ခဲ့တဲ့အတွက်...ကျွန်တော်တစ်ကယ်ပဲတောင်းပန်
ပါတယ်..."
အဖွားကိုပြန်လည်ပွေ့ဖက်ထားကာ...ကိုကိုကလဲ
မျက်ရည်များစီးကျရင်းတောင်းပန်စကားတွင်တွင်
ဆိုနေခဲ့သည်။
အသင်ကိုယ်တိုင်လဲ..ထိုမြင်ကွင်းကို...ငေးကြည့်နေရင်း
မျက်ရည်များဝဲတက်လာရသည်။
"နောက်ဆုံးတော့..ကိုကို...အသင်တို့ဆီကို.....
ပြန်လာခဲ့ပါပြီ....."
ဒါပေမဲ့..အနှစ်နှစ်အလလမျှော်လင့်စောင့်စား
နေခဲ့ရတဲ့..လူနဲ့ပြန်ဆုံစည်းခွင့်ရခဲ့တာတောင်...
သာမာန်ထက်အခုန်မမြန်တဲ့..ကိုယ့်နှလုံးသားကိုယ်လဲ
အံ့ဩနေမိသည်။
"အသင်္ချေ...နင်တစ်ကယ်ပဲရူးနေပြီထင်တယ်"
~~~~~~~~~~~~~~🌺🌺🌺
"ခင်ဗျား..သိပ်တော်တယ်..ဂျိမ်း..သခင်လေးနဲ့ဆင်တဲ့သူကို
မရရအောင်ရှာပြီး..သခင်လေးနေရာမှာအစားထိုး
ပြီး..အဲ့ဒီမိန်းကလေးကိုသခင်လေးနားကနေပထုတ်ဖို့
စဉ်းစားထွက်ခဲ့တဲ့..ခင်ဗျားရဲ့ဦးနှောက်ကို..ကျုပ်
တစ်ကယ်ပဲချီးကျူးပါတယ်"
နူတ်ကနေချီးကျူးစကားဆိုနေသော်လဲ..ဂျိမ်းကို
ကြည့်နေတဲ့ဦးထွန်းမြတ်ရဲ့မျက်ဝန်းတွေက...
နှစ်လိုခြင်းကင်းမဲ့နေခဲ့သည်။
"ခင်ဗျား..ကျုပ်ကိုအဲ့လိုအကြည့်နဲ့လာမကြည့်နဲ့
ဦးထွန်းမြတ်...ကျုပ်အဲ့လိုမလုပ်လို့..သခင်လေးသာ
မှတ်ညဏ်တွေပြန်ရသွားရင်...ခင်ဗျားအရင်ဆုံး
သေရမှာကိုရောသိရဲ့လား...."
"အခုလဲ..ကျုပ်ဘဝက..ဖုန်းကွယ်ထားတဲ့အမှန်
တရားတွေအတွက်စိုးထိတ်နေတဲ့..စိတ်နဲ့အကြိမ်ကြိမ်
သေနေရတာပါ..."
ဂျိမ်း..ဘာမှပြန်မပြောပဲ..ဦးထွန်းမြတ်ကိုကြည့်
နေရင်းက..စိတ်ပျက်လက်ပျက်နှင့် အကြည့်လွှဲ
လိုက်မိသည်။
"ခင်ဗျားအဲ့လောက်သရဲဘောကြောင်မှန်း..ကျုပ်
မသိခဲ့ဘူး..."
"ဂျိမ်း...."
"ခင်ဗျားရဲ့ဘဝ..ခင်ဗျားရဲ့ဖြစ်တည်မူ့က..သူဌေးကြီး
ကျေးဇူးကြောင့်ဆိုတာ..ခင်ဗျားမေ့နေပြီလား...
သူဌေးကြီးကိုပေးထားခဲ့တဲ့ကတိကိုအသက်နဲ့
လဲပြီး..ကျုပ်စောင့်ရှောက်ရမှာပဲ..."
"ခင်ဗျား..အခုလိုလုပ်နေတာ..သခင်လေးကိုရော
အင်္သချေ့အပေါ်မှာပါ..အရမ်းရက်စက်ရာကျနေတယ်
ဆိုတာရော..ခင်ဗျားတွေးမိရဲ့လား...ဂျိမ်း...."
"ရက်စက်တယ်..ဟုတ်လား....ရက်စက်တာကျုပ်
မဟုတ်ဘူး..သူတို့နှစ်ယောက်ကို...ဒီလိုပုံစံမျိုးနဲ့
ဆုံတွေ့စေခဲတဲ့..ကံကြမ္မာကမှရက်စက်တာ...ကျုပ်က
ဒီလိုရက်စက်တဲ့ကံတရားကနေ..သခင်လေးကိုရော
အသင်္ချေ့ကိုပါလွတ်မြောက်စေချင်ရုံသက်သက်ပဲ
အသင်္ချေ့ကို..ကျုပ်ဒုက္ခရောက်အောင်လုပ်ဖို့...
အစီအစဉ်မရှိဘူးဆိုတာ..ခင်ဗျားသိပါတယ်....
သူသာ..ချမ်းလို့ထင်နေတဲ့အဲ့ဒီလူနဲ့လိုက်သွားခဲ့ရင်
သူတစ်သက်လုံး..အေးအေးဆေးဆေးမပူမပင်
နေနိုင်အောင်ကျုပ်စီစဉ်ပေးထားပြီးသား..အဲ့ဒီလူကလဲ
သူ့ကိုဘယ်လိုအနာ္တရယ်မျိုးမှပေးမှာမဟုတ်ဘူး"
"တစ်ကယ်လို့...သူက..ချမ်းကိုမရွေးချယ်ခဲ့ရင်ရော"
ဦးထွန်းမြတ်အမေးကြောင့်..ဂျိမ်းမျက်နှာကွက်ခနဲ
ပျက်သွားသည်။
"ကျုပ်မေးနေတယ်လေ..ဂျိမ်း..တစ်ကယ်လို့သူက
သူ့ရဲ့အစ်ကိုကိုမရွေးချယ်ပဲ..သခင်လေးနားမှာပဲ
နေဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်ရော..အဲ့ဒီအကျိုးဆက်ကို
ခင်ဗျားဘယ်လိုတာဝန်ယူမှာလဲ..."
"အဲ့လိုလုံးဝဖြစ်မှာမဟုတ်ဘူး....."
ဂျိမ်း..ခါးခါးသီးသီးငြင်းသည်။
"ချမ်းဆိုတဲ့လူကိုအသင်္ချေဘယ်လောက်ချစ်လဲ
ဆိုတာ..ကျုပ်သိတယ်.အသင်္ချေ....ချမ်းနဲ့ပဲလိုက်သွားမှာ..."
ဦးထွန်းမြတ်..သွေးရူးသွေးတမ်းနဲ့ငြင်းဆန်နေသော
ဂျိမ်းကိုကြည့်ကာ..ခေါင်းကိုခပ်ဖြည်းဖြည်းယမ်းသည်။
"ခင်ဗျားမေ့နေပြီထင်တယ်ဂျိမ်း....လူတစ်ယောက်က
တစ်ခြားအရာတွေကိုသာလိမ်ညာလို့ရချင်ရမယ်
ကိုယ့်နှလုံးသားကိုယ်တော့..ဘယ်လိုမှလိမ်ညာလို့
မရဘူး...ဥပမာ..ပြောရရင်...အရာအားလုံးမေ့စေ
ချင်လို့..မှတ်ညဏ်တွေပျောက်အောင်လုပ်ထားပေမဲ့
အဲ့ဒီမိန်းကလေးကိုမှ..သခင်လေး..စွဲစွဲလမ်းလမ်း
ချစ်နေသလိုမျိုးလေ...."
ဦးထွန်းမြတ်စကားအဆုံး..လူပ်ခတ်သွားတဲ့...
ဂျိမ်းရဲ့မျက်ဝန်းတွေက...စိုးထိတ်မူ့များနှင့်....
"မဟုတ်ဘူး..အဲ့လို..ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး
အင်္သချေက..ချမ်းကိုပဲရွေးချယ်မှာ..."
စိတ်ထဲမှာ..ပဲ့တင်ထပ်မျှအော်ပြောနေခဲ့ရင်း...
ဦးထွန်းမြတ်ကိုကျောခိုင်းကာ..ဂျိမ်းချာခနဲလှည့်
ထွက်လာခဲ့တော့သည်။ရင်ထဲမှာတော့စိုးရိမ်ပူပန်
မူ့များနှင့်.....၊
~~~~~~~~~~~🌺🌺🌺🌺
"ချမ်း..ပြန်သွားပြီလား...."
"ဟုတ်...."
အသင်..အဘွားကိုပြန်ဖြေလိုက်ရင်း...အဖွားထိုင်နေတဲ့
ကံကော်ပင်ကြီးအောက်က..သစ်သားခုံတန်းလေးမှာ
ဝင်ထိုင်လိုက်သည်။
"ဘာဖြစ်နေတာလဲမြေး..မျက်နှာလဲမကောင်းဘူး
သမီးကိုကိုနဲ့ပြန်တွေ့ရတာမပျော်ဘူးလား..."
အဖွားအမေးကြောင့်..အသင်ခပ်ယဲ့ယဲ့ပြုံးလိုက်မိသည်။
"ပျော်တာပေါ့..ကိုကိုနဲ့ပြန်ဆုံရဖို့က..အသင့်ရဲ့
အိပ်မက်ပဲလေ...ဒါပေမဲ့...."
"ဒါပေမဲ့..ဘာဖြစ်လဲ..."
အဖွားက..စကားထောက်ကာ..အသင့်မျက်နှာကို
အကဲခတ်သလိုကြည့်သည်။အသင်အဖွားကိုငဲ့
ကြည့်လိုက်မိရင်း...
"အဖွားရော..ကိုကိုနဲ့လိုက်နေချင်ရဲ့လားဟင်..."
"အဖွားက..အသက်ကြီးနေပါပြီမြေးရယ်...အဖွား
ကတော့..တရားရိပ်မှာအေးချမ်းစွာနေပြီး..တရားရိပ်
မှာပဲ..အေးချမ်းစွာသေချင်တော့တယ်...ဒါပေမဲ့..
အဖွားရဲ့မြေးလေးကိုတော့...စိတ်ချရတဲ့လူရဲ့
လက်ထဲမှာ..တသက်လုံးအေးအေးချမ်းချမ်းရှိနေတာကို
ပဲမြင်ချင်တယ်..."
"အဖွားက.....အသင့်ကို..ကိုကိုချမ်းနဲ့လိုက်သွား
စေချင်တာလား...."
အသင့်အမေးကြောင့်..အဖွားကအသင့်ခေါင်းလေးကို
ဖြဖြပြတ်ကာ...
"အဲ့ဒါမြေးကိုယ်တိုင်ဆုံးဖြတ်ရမှာပါ..မြေး..ချမ်းနဲ့
လိုက်သွားမယ်မသွားဘူးဆိုတာ..မြေးပဲဆုံးဖြတ်
ကမှာ...."
အသင်..အဖွားကို..ဘာမှပြန်မပြောပဲခေါင်းငုံ့လိုက်
မိသည်။
"အဖွားသိတဲ့..အဖွားရဲ့မြေးအသင်္ချေက..သူ့ရဲ့
ကိုကို..ကိုသာပြန်တွေ့ခဲ့ရင်..ဒီလိုမျိုးတွေဝေတုံ့ဆိုင်း
နေမှာမဟုတ်တဲ့ကလေးပါ...မြေး..အခုလိုဝေခွဲ
မရဖြစ်နေတာ..မြေးရဲ့ချစ်သူကြောင့်လား..."
အဖွားရဲ့အမေးကြောင့်..ခေါင်းမော့ကြည့်လိုက်တဲ့
အသင့်ရဲ့မျက်ဝန်းမှာ..မျက်ရည်ရောင်လက်နေခဲ့သည်။
"အဖွား..တစ်ကယ်လို့..ကိုကိုနဲ့သာအသင်မလိုက်
ဘူးလို့ပြောရင်...ကိုကို့ရဲ့အနှစ်နှစ်အလလကအိပ်မက်
တွေကိုရိုက်ချိုးသလိုဖြစ်သွားမှာလား.."
"မြေး..."
"အဲ့ဒါဆို..ဖေဖေနဲ့အန်တီသွင့်ရဲ့နောက်ဆုံးဆန္ဒကိုပါ
အသင်မလိုက်နာသလိုဖြစ်သွားမှာပေါ့နော်..."
ရင်ထဲကဒွိဟခံစားချက်ကအသင့်ရင်ကိုဓားထက်ထက်နှင့်..
မွှမ်းနေသလိုပင်...အသင်..ကိုကိုနဲ့မလိုက်သွား
ချင်ဘူး..အသင့်ကိုသိပ်ချစ်တဲ့..သူ့ကိုအသင်...
ထားခဲ့နိုင်မှာမဟုတ်ဘူး...
အသင်တင်းထားတဲ့စိတ်ကိုလွှတ်ပေးလိုက်ကာ...
အဖွားရင်ခွင်ထဲတိုးဝင်ပြီး..ကလေးလိုဟီးခနဲ
ငိုချလိုက်ရင်း...
"ဘာဖြစ်လို့..ကိုကိုက..လွန်ခဲ့တဲ့၁၂နှစ်ကအသင့်ကို
ထားခဲ့ရတာလဲ..ဘာလ်ိုအခုမှရုတ်တရပ်ကြီးပြန်
ပေါ်လာရတာလဲ..ကိုကိုသာ..အသင့်ကိုမထားခဲ့ဘူး
ဆိုရင်...အခုလိုအသင်နာကျင်ရမှာမဟုတ်ဘူး.."
"အို..မဟုတ်ဘူး..ချမ်းကိုအပြစ်မတင်ပါနဲ့..မြေးရယ်"
အဖွားက..ကပျာကယာနှင့်...အသင့်မျက်နှာလေးကို
မော့ယူကာ..မျက်ရည်တွေကိုသုတ်ပေးသည်။
"မြေးရဲ့..ကိုကိုက...မြေးကိုထားခဲ့တာ..မြေးလေး
အသက်ရှင်ဖို့ပါ....."
"အဖွားဘာကိုဆိုလိုတာလဲ...."
အသင်.နားမလည်နိုင်ဖြစ်သွားရတော့..အဖွားက
သက်ပြင်းချသည်။
"ဒီအကြောင်းတွေကို..မြေးကိုဘယ်တော့မှ..ပြန်
မပြောပါဘူးလို့..အဖွားချမ်းကို..ကတိပေးခဲ့ပေမဲ့
အခုမှပြန်ဆုံရတဲ့ချမ်းအပေါ်မြေးအထင်လွဲနေမှာ
စိုးလို့..အဖွားပြောပြရမှာ...တစ်ကယ်တော့..............."
~~~~~~~~~~~~~🌺🌺🌺🌺
"၈နာရီပဲထိုးနေပြီ...ဒီကောင်မလေး...ဘယ်တွေသွားနေလို့
ခုထိပြန်မလာရသေးတာလဲ...ဖုန်းလဲမကိုင်ဘူး..."
နေ..ဖုန်းကိုလက်ကကိုင်ပြီး..အလုပ်ခန်းထဲမှာ..
ခေါက်တုံ့ခေါက်ပြန်လျောက်နေတာ..ဘယ်လောက်
ကြာပြီမှန်းမသိတော့..တစ်နေကုန်သူမကိုမမြင်ရလို့
ပေါက်ကွဲချင်နေတဲ့..စိတ်အစဉ်က..မိုးချုပ်သည်
အထိ..သူမပြန်မရောက်လာသောအခါ..စိုးရိမ်
မူ့များအဖြစ်ပြောင်းလဲခဲ့ပြီ....
"ကျစ်..ဖုန်းကိုင်စမ်းပါကွာ..အသင်္ချေ..."
"လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ..ဆက်သွယ်၍မရပါ"
လူကြီးမင်းနဲ့ချည်းတိုးနေတာလဲ..ဘယ်နှစ်ကြိမ်မှန်း
မသိတော့...
"တောက်.."
အလိုမကျတဲ့...နေ့ဒေါသတွေရဲ့ဓားစာခံအဖြစ်..
ဖုန်းလေးက...စားပွဲပေါ်ပစ်စလတ်ခတ်ပစ်တင်
ခံလိုက်ရသည်။
"ဝေါ...ဝေါ..."
ထိုအချိန်အပြင်မှာ..မိုးကလဲ..ဝေါခနဲရွာချလာသည်။
နေ..မှန်နံရံကနေ..အပြင်ကိုလှမ်းကြည့်ပြီးပူပန်
သွားမိတာ..သူမအတွက်....
"သူ..အခုမှနေကောင်းခါစရှိသေးတယ်...မိုးထပ်မိရင်
ဒုက္ခပဲ...."
အတွေးနဲ့...ဒီအတိုင်းရပ်စောင့်မနေနိုင်တော့တာမို့
နေ..အလုပ်ခန်းထဲကနေ..ခြေလှမ်းကြဲကြီးတွေနှင့်
လှမ်းထွက်လာခဲ့တော့သည်။
~~~~~~~~~~🌺🌺💛
"အဲ့ဒီတုန်းက..ချမ်း..သူ့အဖေနဲ့ပြန်လိုက်သွားခဲ့တာ
သမီးလေးရဲ့အသက်ကိုကယ်ဖို့ပါ..သမီးခွဲစိတ်ဖို့
ဂေဟာကနေဆက်သွယ်လာတဲ့.အလှူရှင်ဆိုတာ..
တစ်ကယ်တော့..ချမ်းရဲ့အဖေလေ...ချမ်းက...
သမီးကိုကယ်ပေးဖို့သူ့အဖေဆီမှာတောင်းဆိုခဲ့ပြီး
အပေးအယူအနေနဲ့..သူ့အဖေဆီပြန်သွားခဲ့တာ...
သမီးသိလား...ချမ်းက..သူအရမ်းမုန်းတဲ့..သူ
ဘယ်တော့မှ..အနားကိုပြန်မသွားချင်တဲ့..သူ့အဖေဆီ
သွားဖို့ဆုံးဖြတ်ခဲ့တာ..သူသိပ်ချစ်တဲ့...သမီးလေး
အတွက်ပါ..."
အဖွားပြောခဲ့တဲ့စကားတွေကိုပြန်ကြားယောင်နေရင်း
အသင့်ပါးပြင်ပေါ်သို့အတားအဆီးမဲ့စီးဆင်းလာခဲ့တဲ့
မျက်ရည်များက..မိုးစက်မိုးပေါက်တွေနဲ့အပြိုင်.....၊
"ကိုကိုက..ငါ့ကြောင့်အရာအားလုံးကိုစွန့်လွတ်
ခဲ့တာတဲ့..."
နှလုံးသားထဲမှာ..မခံမရပ်နိုင်အောင်နာကျင်လာ
ရခြင်းက..အသက်ရူမဝတော့တဲ့အထိ..တစ်ကိုယ်လုံး
မိုးရေတွေရွဲနစ်နေခဲ့ပေမဲ့လဲ..အသင်စိတ်အစဉ်က
ပူလောင်လွန်းနေသည်။
အသက်မဲ့တဲ့ခြေလှမ်းတွေက...ကြီးမားလှတဲ့
ခြံတံခါးကြီးနှစ်ချပ်ဆီအရောက်တုံ့ခနဲရပ်တန့်
သွားရသည်။
"အဖြူရောင်စံအိမ်"
ခမ်းနားထည်ဝါလှတဲ့ စာလုံးကြီးတွေကိုအဓိပ္ပါယ်မဲ့
လိုက်ရွတ်မိချိန်..ရင်ဝဆီကစူးခနဲဝေဒနာ...ဒီနေရာမှာ
သူရှိနေတယ်...အသင့်ကိုချစ်တဲ့..အသင်ကလဲ
သိပ်ချစ်တဲ့သူရှိနေတဲ့နေရာ...
"အသင်..အခု..ဘာလုပ်ရမလဲ..နေ..."
တစ်ကိုယ်တည်း..နာကျင်စွာရေရွတ်လိုက်မိချိန်...
"ဂျိမ်း...ဝေါ...."
ခနဲမြည်သံနှင့်အတူ..အလယ်ကနေတအိအိနဲ့ကွဲသွားတဲ့
တံခါးလွှာနှစ်ချပ်နှင့်....
ထီးတစ်ချောင်းကိုကိုင်ထားတဲ့..သူ့ရဲ့ပုံရိပ်က..
ပေါ်လာခဲ့သည်။
"ချာတိတ်...မင်း....."
နေ..မိုးရေတွေရွဲရွဲစိုနေတဲ့..သူမကိုမြင်လိုက်ရတဲ့
ခဏ...စိုးရိမ်မူ့ဒီဂရီမြင့်တက်ကုန်ရကာ..အနားကို
ချက်ချင်းရောက်သွားရသည်။
"မင်း..ဒီအချိန်ထိ..အပြင်မှာ..ဘာလုပ်နေတာလဲ
ကြည့်စမ်း..တစ်ကိုယ်လုံးလဲ...မိုးရေတွေရွဲနေတာပဲ
ခုမှနေကောင်းကာစသူက...ဒီလို..မိုးရေထဲ..လျှောက်
သွားလို့ရမလား...မင်း...."
နေ့စကားမဆုံးခင်...နေ့ရင်ခွင်ထဲတိုးဝင်ကာ..
လက်နှစ်ဖက်နှင့်ခါးကိုတင်းကြပ်စွာ..ဖက်တွယ်လာတဲ့
သူမ....
"ဘာလဲ..ချာတိတ်.....မင်းဘာဖြစ်လာတာလဲ..."
"ဟင့်...ဟင့်...."
နေ့မေးခွန်းရဲ့အဖြေအစား..သူမဆီကရိူက်သံ
ထွက်လာတဲ့အခါ....
"မင်းငိုနေတာလား...အသင်..."
နေ..ချက်ချင်းပင်...ရင်ခွင်ထဲကသူမကိုခွာကာ..
လက်တစ်ဖက်နှင့်မျက်နှာလေးကိုပင့်မော့ယူလိုက်သည်။
မိုးရေတွေရွဲရွဲစိုနေတဲ့ မျက်နှာလေးကဖြူဖပ်ဖြူရော်
ဒါ့အပြင်..တဆတ်ဆတ်တုန်နေတဲ့နူတ်ခမ်းသား
လေးတွေနှင့်..မျက်လုံးဝိုင်းလေးတွေမှာပြည့်အိုင်
နေတဲ့..မျက်ရည်တွေ....
နေ..သူမမျက်နှာက...အစိတ်အပိုင်းတစ်ခုချင်းဆီကို
စူးစမ်းသလိုကြည့်နေပြီးမှ..နူတ်ခမ်းတွေကတည်တင်း
သွားကာ....
"မင်းဘာဖြစ်လာတာလဲ...ဘာလို့ငိုနေတာလဲ..."
နေ..မေးလိုက်လျှင်..သူမက..မဖြေပဲ..နေ့ကို...
ခဏမျှမော့ငေးကြည့်နေရင်းမှ...နေ့ခါးကိုဖက်တွယ်
ထားတဲ့လက်တွေကိုဖယ်လိုက်ကာ..အနောက်ကို
ခြေတစ်လှမ်းခန့်ဆုတ်သွားသည်။
"နေ..."
ခေါ်သံနဲ့အတူ..မျက်ရည်တွေကိုလက်ခုံနှင့်ပွတ်သုတ်ရင်း
မော့လာတဲ့မျက်နှာလေးကတစ်ခုခုထူးဆန်းနေသလို
နေ..ခံစားလိုက်ရသည်။
"အသင်..ဒီနေ့အသင့်ရဲ့ကိုကိုနဲ့ပြန်တွေ့ခဲ့တယ်...."
အသင့်စကားကြောင့်..သူ့မျက်ဝန်းတွေအနည်းငယ်
လူပ်ခတ်သွားရုံကလွဲပြီး..မျက်နှာပေါ်ကခံစားချက်
တွေကတော့..သူ့ရဲ့ပုံစံအတိုင်း..အရိပ်အကဲဖမ်းရ
ခက်ခဲနေဆဲ....ထို့အပြင်လေးကိုင်းသဏ္ဍာန်.....
နူတ်ခမ်းနှစ်လွှာက..ပြုံးသည်ဆိုရုံလေးပြုံးသွားကာ
"အဲ့ဒါ..ဝမ်းသာစရာသတင်းပဲမဟုတ်လား...မင်းက
ဘာလို့ငိုနေတာလဲ...."
"ကိုကိုက..အသင်နဲ့အဖွားကိုသူနဲ့အတူနေဖို့....
ပြန်လာခေါ်တာတဲ့လေ...."
အသင်ပြောရင်း..သူ့မျက်နှာကိုစူးစမ်းသလိုကြည့်
နေပေမဲ့..အနည်းငယ်မျှပြောင်းလဲမူ့မရှိတဲ့သူ့ပုံစံ
ကြောင့်..နားမလည်နိုင်ဖြစ်သွားရသည်။
"အဲ့ဒါကြောင့်..မင်းဝမ်းသာလွန်ပြီး..အခုလိုငိုနေတာလား
မင်းနှစ်တွေအကြာကြီးစောင့်နေခဲ့တဲ့သူက..မင်းနားကို
ရုတ်တရပ်ပြန်ရောက်လာပြီး...မင်းကိုလာခေါ်လို့လေ"
"နေ...."
"အဲ့တော့...မင်းက..သူနဲ့လိုက်သွားမှာလား..."
ဘယ်လိုမှကိုထင်မှတ်မထားတဲ့..သူ့ရဲ့အေးစက်စက်
အမေးကြောင့်..အသင်အံ့ဩလွန်း၍နူတ်ခမ်းလေးပင်
ပွင့်ဟသွားရသည်။ထိုအခါ..အသင့်ပခုံးပေါ်တင်
ထားတဲ့..လက်ကိုသူကဖယ်လိုက်ရင်း..ဘောင်းဘီ
အိတ်ထဲထည့်လိုက်ကာ..မျက်နှာခပ်လွှဲလွှဲဖြစ်သွားသည်။
"ရှင်..ဘယ်လိုမေးလိုက်တာလဲ..အသင်..အခုလို
ပြောလိုက်လို့ရှင်နည်းနည်းလေးမှမခံစားရဘူးလား"
အသင်..သူ့ကိုအထူးအဆန်းလိုကြည့်ပြီးမေးလိုက်
မိတာက..သူဒီလောက်ထိသွေးအေးနေလိမ့်မယ်လို့
ထင်မထားခဲ့တာကြောင့်...သူအသင့်ကိုချစ်တယ်ဆို
ဒါဆိုဘာလို့အခုလိုသွေးအေးနေတာလဲ...
"မင်းကသူနဲ့လိုက်သွားမှာလားတဲ့"ရှင်မို့မေးရက်တယ်
"ရှင်...အသင့်ကိုတစ်ကယ်ရော..ချစ်ရဲ့လား..နေ..."
အသင့်အမေးကြောင့်..ဆတ်ခနဲပြန်လှည့်လာတဲ့
သူ့မျက်နှာက..တင်းမာနေခဲ့လျက်
"ရှင်..အသင့်ကိုချစ််တယ်ဆို...ဒါဆို..ဘာလို့အခုလို
သွေးအေးနေတာလဲ...."
"ဒါဆို..မင်းကကိုယ့်ကိုဘယ်လိုဖြစ်စေချင်လို့လဲ..
ဒေါသတကြီးနဲ့..မင်းရှေ့မှာ..ပေါက်ကွဲနေရမှာလား
ဒါမဟုတ်...မသွားပါနဲ့ဆိုပြီး..မင်းရှေ့မှာ..ဒူးထောက်
တောင်းပန်တာကို..မင်းကလိုချင်တာလား..."
"နေ...."
မိုးသံတွေကြားထဲ..အသင့်အသံလေးကစူးခနဲ
ထွက်သွားတဲ့အခါ..သူကလက်ထဲမှာကိုင်ထားတဲ့
ထီးကို....ဘေးကိုလွင့်ပစ်လိုက်သည့်အခါ..အငြိုးကြီးသော
မိုးစက်မိုးပေါက်များက..နှစ်ဦးစလုံးကိုမိတ်ဆက်
လာပြန်သည်။
"သေချာနားထောင်...အသင်္ချေ....ကိုယ်မင်းကို
ပြောခဲ့ဖူးပါတယ်..ကိုယ်အရာအားလုံးထက်မင်းကို
ပိုပြီးအလေးထားတယ်.....မင်းအတွက်လဲ..ကိုယ့်ရဲ့
ရာဇဝင်တစ်ခုလုံးတောင်..ကိုယ်ပြောင်းပြန်လှန်
ခဲ့ပြီးပြီ...မင်းနဲ့ပါတ်သတ်တဲ့..ဘယ်လိုခံစားချက်
မျိုးကိုမှ...ကိုယ့်ဘက်က..ထိန်ချန်မထားခဲ့ဘူး...
မင်းအတွက်..ကိုယ်အရာအားလုံးကိုပေးခဲ့ပြီးပြီ..."
အသင်..သူ့ကိုမော့ငေးကြည့်နေရင်း...မျက်ရည်တွေ
ဝေ့ဝဲနေရုံကလွဲပြီး..ဘာမှပြန်မပြောနိုင်ခဲလ
"အခု..မင်းဆုံးဖြတ်ရမှာ...မင်းရွေးချယ်ရမှာ...
မင်းရဲ့ကိုကို...ဒါမှမဟုတ်...ကိုယ်...မင်းတစ်ယောက်ယောက်
ကိုတော့..ရွေးချယ်ရလိမ့်မယ်...အသင်္ချေ..."
အသင်..အခုဒွိဟဖြစ်နေတာပါ..နေ...အသင့်အတွက်
အရာအားလုံးကိုစွန့်လွှတ်ခဲ့တဲ့အသင့်ရဲ့ကိုကိုနဲ့
အသင်သိပ်ချစ်ရတဲ့ရှင့်ရဲ့ကြားမှာ..အသင်နှလုံးသွေး
စက်စက်ကျတဲ့အထိ..နာကျင်နေရတာပါ..ကျေးဇူးပြုပြီး
ရှင်ကပါ..ဒီလိုမပြတ်သားပြပါနဲ့...၊
"ဒီအတိုင်းမသွားပါနဲ့ဆိုပြီး....အသင့်ကိုဖမ်းဆွဲ
ထားပေးလို့မရဘူးလား..အဲ့လိုဆို...အသင်...."
စကားမဆုံးခင်..အသင့်နူတ်ခမ်းလေးပေါ်..သူ့လက်မက
ဖွဖွဖိကပ်လာသည်..ဆက်မပြောပါနဲ့ဆိုတဲ့..သဘော...၊
"ကိုယ်ဖမ်းဆွဲထားလိုက်လို့..မင်းကိုယ့်ကို..ထား
မသွားနိုင်တာက...အချစ်သက်သက်ဘယ်ဟုတ်ပါ့မလဲ..
အားနာစိတ်၊သနားစိတ်တွေပါ..ပါနေမှာပေါ့...
ကိုယ်..မင်းရဲ့နှလုံးသားထဲက..ကိုယ့်အတွက်...
အချစ်စိတ်တစ်ခုထဲနဲ့..ဆုံးဖြတ်မဲ့..စီရင်ချက်မျိုးကိုပဲ
ကိုယ်လိုချင်တယ်...."
"ရှင်..ဘာဖြစ်လို့အဲလောက်တောင်မာနကြီးပြီး
သွေးအေးနိုင်ရတာလဲ...ရှင်ကတစ်ကယ့်ကိုပဲ..."
စိတ်ထဲကနေ..ရေရွတ်လိုက်မိခြင်းနဲ့အတူ အသင်
ခေါင်းလေးငုံ့သွားရင်း..နူတ်ခမ်းကိုလက်ခုံလေးနှင့်
ဖိကပ်ကာ..အင့်ခနဲရိူက်သည်။
နေ..သူမကိုမကြည့်ရက်သလိုမျက်နှာလွှဲလိုက်ရင်း
အံကိုတင်းတင်းကြိတ်သည်။
"မင်းဆုံးဖြတ်ပါ...တစ်ခုပဲ..ကိုယ်မင်းကိုတောင်းဆို
ချင်တယ်..."
ပြောရင်း..သူကအသင့်မျက်နှာလေးကို..လက်နှစ်ဖက်နှင့်
ပင့်မော့ယူလိုက်ကာ...မျက်ဝန်းတွေထဲစူးစိုက်
ကြည့်သည်။
"မင်းအတွက်..ကိုယ့်ရဲ့ရာဇဝင်တစ်ခုလုံးကိုတောင်
ပြောင်းပြန်လှန်ခဲ့တဲ့..ကိုယ့်ရဲ့အချစ်တွေကိုတော့
ဘယ်တော့မှ..တန်ဖိုးမဲ့အောင်မလုပ်မိပါစေနဲ့..."
ပြောရင်း..သူက..အသင့်မျက်နှာလေးထက်က...
လက်တွေကိုဖယ်လိုက်ကာ....
"အိမ်ထဲဝင်တော့..ပြီးရင်နွေးနွေးထွေးထွေးနေ...
မင်းပြန်ဖျားနေမယ်..."
ပြောပြီး..သူက..အသင့်ကိုတစ်ချက်ကြည့်ကာ...
ကျောခိုင်းလှည့်ထွက်သွားသည်။
"ဟင့်...ဟင့်...."
ထိုအခါမှ...အသင်ကျောခိုင်းသွားတဲ့သူ့ရဲ့..ကျောပြင်
ကျယ်ကိုကြည့်ကာ..ရိူက်ကြီးတငင်ငိုချလိုက်လေတော့ရင်း...၊
"ရှင်..ရက်စက်တယ်..နေ...."
~~~~~~~~~~🌺🌺🌺
ဆက်ရန်^^^^
#Hazel
🌺ေစတန္ရဲ႕သတို႔သမီး🌺
အပိုင္း(၄၆)
🌸🌸🌸🌸
"ခ်မ္း...အသေခ်ၤဆိုတဲ့..အသင့္ရဲ႕ကိုကိုခ်မ္း...."
"ဟင္....."
အံ့ဩမယုံၾကည္ႏိုင္ျခင္းမ်ားႏွင့္အတူ...အသင္
ဖုန္းကိုင္ထားလ်က္ႏွင့္..ဖ်ပ္ခနဲထရပ္လိုက္မိသည္။
"ကိုကို...."
တစ္ခ်ိန္လုံးတမ္းတေနခဲ့ရတဲ့....နာမ္စားတစ္ခုကို
ႏူတ္ကေနေရရြတ္လိုက္မိတဲ့အခိုက္အတန္႔...ရင္ဝ
ဆီကစူးေအာင့္နာက်င္သြားတဲ့ေဝဒနာက..အခံရခက္
လွစြာ.....
"ကိုကို..ကတိမတည္ခဲ့မိတာေတာင္းပန္ပါတယ္..
ညီမေလး..ခြဲစိတ္ၿပီးတဲ့အထိ႐ွိမေနေပးႏိုင္ခဲ့လို႔
တစ္သက္လုံးေစာင့္ေ႐ွာက္သြားမယ္ဆိုတဲ့ကတိကို
မတည္ႏိုင္ခဲ့လို႔..တစ္ကယ္ပဲေတာင္းပန္ပါတယ္...
အသင္ရယ္..."
ခံစားခ်က္တစ္မ်ိဴးႏွင့္..လိူက္ခါေနတဲ့ဩ႐ွ႐ွအသံကို
နားေထာင္ေနရင္း...ပါးျပင္သို႔စီးက်လာတဲ့မ်က္ရည္
မ်ားက..အတားအဆီးမဲ့စြာ...၊
"ကိုကိုတစ္ကယ္ပဲလား..တစ္ကယ္ပဲအသင့္ရဲ႕
ကိုကိုခ်မ္းလား...."
ေမးလိုက္မိတဲ့စကားသံက..႐ိူက္သံတစ္ဝက္ႏွင့္
ဗလုံးဗထြးျဖစ္ေနခဲ့သည္။
"ႏွစ္ေတြအၾကာႀကီး..ၫီမေလးနဲ႔ျပန္ေတြ႔ဖို႔....
ုႀကိဳးစားခဲ့ရတာ..၁၂ႏွစ္ေတာင္ၾကာခဲ့ႁပီပဲ.....
ေက်းဇူးတင္ပါတယ္...က်န္းက်န္းမာမာနဲ႔အသက္႐ွင္ၿပီး
ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာခဲ့ေပးလို႔....ကိုကို႔ရဲ႕ညီမေလး...."
ငိုခ်င္စိတ္ကိုႀကိဳးစားထိန္းခ်ဳပ္ထားရသလို...
အက္႐ွေနတဲ့တစ္ဖက္ကစကားသံအဆုံး...အသင္ဟီးခနဲ
ငိုခ်လိုက္မိေလေတာ့၏။
~~~~~~~~~~~~~🌺🌺🌺
"အသင္ေ႐ာ......"
ေန..ေမးရင္းစားပြဲေပၚဝင္ထိုင္လိုက္လ်ွင္...ေမႏြမ္းက
အဆင္သင့္ေဖ်ာ္ထားတဲ့..ေကာ္ဖီႏွင့္အတူဂ်ာနယ္
တစ္ေစာင္ကိုပါ..လာခ်ေပးရင္း...
"မမေလးက..အေရးႀကီးသြားစရာ႐ွိလို႔ဆိုၿပီး...
အျပင္သြားပါတယ္...boss...."
ေမႏြမ္းစကားေၾကာင့္..ေန..မ်က္ေမွာင္ၾကဳတ္သြား
ရကာ....
"အေစာႀကီးပဲ..အလုပ္ကလဲခြင့္ယူထားတယ္...
မဟုတ္လား...ဘယ္ကိုသြားတာလဲ...."
"ဟို..အဲ့ဒါေတာ့..ကြၽန္မလဲမသိဘူး...bossမႏိုးေသးလို႔
ကြၽန္မကိုေျပာေပးပါဆိုျပီး..မွာသြားတာပါ..."
ေန..ညကေဆး႐ွိန္ႏွင့္အိပ္ေပ်ာ္သြားတာေၾကာင့္..
မနက္ေနာက္က်မွႏိုးသည္။အခု..ႏိုးလာေတာ့
သူမကမ႐ွိေတာ့...မေန႔ကလဲ..သူမစိတ္မေကာင္း
ျဖစ္သြားတာေၾကာင့္..သူမကိုမျမင္ရတဲ့မနက္ခင္းက
ေန႔ကို...အလိုမက်ျဖစ္ေစသည္။
ေန..ေကာ္ဖီေသာက္တာကိုလဲစိတ္မပါေတာ့သလို
သတင္းစာကိုလဲ..ဖတ္ရမွာ..စိတ္မဝင္စားေတာ့ပဲ
စားပြဲမွထလိုက္သည္။
"boss..ေန႔လည္စာအတြက္..ကြၽန္မဘာစီစဥ္
ေပးရမလဲ..."
"ကြၽန္ေတာ္ထမင္းမစားခ်င္ဘူး..ဆန္ျပဳတ္....
အင္း..ဖ႐ုံသီးဆန္ျပဳတ္ဆို..အဆင္ေျပမယ္..အဲ့ဒါပဲ
လုပ္ေပးပါ....."
"႐ွင္..ဟုတ္..ဟုတ္ကဲ့...."
ေျပာၿပီး..မ်က္ႏွာမသာမယာႏွင့္...ထမင္းစားခန္းထဲက
ထြက္သြားတဲ့..bossကိုၾကည့္ကာ...ေမႏြမ္း...
သက္ျပင္းခ်လိုက္မိေလေတာ့သည္။
~~~~~~~~~~~🌺🌺🌺
No.(153)
သစ္ပင္ပန္းမန္တို႔မ႐ွိေပမဲ့...သစ္လြင္တဲ့ေဆးေရာင္ေလး
သုတ္ထားသည့္..ေနခ်င့္စဖြယ္နစ္ထပ္တိုက္အိမ္
ေလးေ႐ွ႕မွာ..အသင္..ေျခစုံရပ္လိုက္မိသည္။
"ဒါ..ညက..ကိုကိုငါ့ကိုေျပာခဲ့တဲ့လိပ္စာပဲ..."
အသင္..စိတ္လူပ္႐ွားမူ႔ေၾကာင့္..ေအးစက္ေနတဲ့
လက္ေလးႏွင့္..ျခံတံခါးက..ေခါင္းေလာင္းႀကိဳးကို.
ဆြဲလိုက္သည္။
ခဏေနေတာ့...အိမ္ထဲကေနထြက္လာသည့္..အမ်ိဳး
သမီးႀကီးတစ္ေယာက္....
"ဘယ္သူနဲ႔ေတြ႔ခ်င္လို႔လဲ..မိန္းကေလး..."
"ကြၽန္မ..ဒီအိမ္မွာေနတဲ့..ကိုခ်မ္းနဲ႔ေတြ႔ခ်င္လို႔ပါ..."
ထိုအခါ..အမ်ိဳးသမီးႀကီးက..အသင့္ကိုေျခဆုံး
ေခါင္းဆုံးတစ္ခ်က္ၾကည့္ၿပီး...
"ဪ...အစ္ကိုေလးေစာင့္ေနတဲ့..မိန္းကေလးနဲ႔
တူတယ္..."
ေျပာရင္းကပ်ာကယာတံခါးဖြင့္ေပးသည္။
"ဝင္ပါ..မိန္းကေလး..အစ္ကိုေလးခ်မ္းက....မိန္းကေလးကို
ေစာင့္ေနတာ...."
ခပ္သုတ္သုတ္ေျခလွမ္းေတြႏွင့္အသင့္ကိုဦးေဆာင္
ေခၚသြားတဲ့..အမ်ိဳးသမီးေနာက္ကို..အသင္လိုက္လာ
ခဲ့ၿပီး..ဧည့္ခန္းထဲကိုေ႐ာက္ေတာ့...
"မိန္းကေလးခဏေစာင့္ပါေနာ္..အေဒၚအစ္ကိုေလးကို
သြားအေၾကာင္းၾကားေပးပါ့မယ္...."
အသင့္ကိုေျပာၿပီး..ထိုအမ်ိဳးသမီးကအေပၚထပ္ကို
တက္သြားသည္။ထိုအခါ..ဧည့္ခန္းထဲကိုေဝ့သြားတဲ့
အသင့္ရဲ႕မ်က္ဝန္းေတြက..တစ္ေနရာကိုအေရာက္...
"ဟင္..."
ဧည့္ခန္းရဲ႕တစ္ဖက္နံရံမွာ..ဝင့္ထည္စြာ႐ွိေနတဲ့
မိသားစုဓာတ္ပုံႀကီးထဲက..ေဖေဖ၊အန္တီသြင္၊
အဖြား၊ကိုကိုနဲ႔အသင့္ရဲ႕ပုံရိပ္....
"ဒါ....ဒါက....."
အသင္..ခ်က္ခ်င္းပင္မ်က္ရည္ေတြျပည့္အိုင္လာတဲ့
မ်က္ဝန္းေတြႏွင့္..ဓာတ္ပုံႀကီး႐ွိရာကိုတစ္လွမ္းခ်င္း
လ်ွာက္လွမ္းသြားလိုက္မိသည္။ထို႔အျပင္......
ပစၥည္းအလွထားတဲ့..မွန္႐ိူးေက့ႀကီးေပၚမွာလဲ..
အစီအရီ႐ွိေနတဲ့..ကိုကိုနဲ႔အသင့္ရဲ႕ဓာတ္ပုံေတြ
"ဟင့္..ဟင့္...."
အသင္..ဓာတ္ပုံေတြကိုၾကည့္ရင္း..အသံထြက္ေအာင္
ငို႐ိူက္လိုက္မိသည္။အမွန္တိုင္းေျပာရရင္..အသင္
ဒီဓာတ္ပုံေတြမေတြ႔ေသးခင္အထိ...ရင္ထဲမွာ..
သံသယအနည္းငယ္႐ွိေနခဲ့မိတာ..ဝန္ခံပါသည္။
"ေဖေဖ...အန္တီသြင္...."
မိသားစုဓာတ္ပုံႀကီးကို..လက္ႏွင့္ဖြဖြထိကိုင္ရင္း
အသင္..တမ္းတစြာေခၚလိုက္မိစဥ္...
"အသင္..."
ေႏြးေထြးေသာေခၚသံႏွင့္အတူ..အသင့္အေပၚမိုးက်
လာတဲ့အရိပ္တစ္ခုေၾကာင့္..အသင္..မ်က္႐ည္ေတြကို
ကပ်ာကယာပြတ္သုတ္ရင္း..အေနာက္သို႔..လွည့္ၾကည့္
လိုက္မိခ်ိန္....
ေႏြးေထြးၾကင္နာေသာမ်က္ဝန္း၊ျပံဳးေယာင္သမ္း
ေနသည့္..ႏူတ္ခမ္းအစုံႏွင့္..အသင့္ကိုေငးၾကည့္ေနတဲ့
အရပ္ျမင့္ျမင့္နဲ႔လူတစ္ေယာက္....
"ေနာက္ဆုံးေတာ့..ကိုကို႔ညီမေလးကို႐ွာေတြ႔ခဲ့ၿပီပဲ"
ထိုလူရဲ႕.....
မ်က္ရည္ေတြျပည့္အိုင္ေနသည့္မ်က္ဝန္းေတြက
ႏွစ္ေပါင္းမ်ားစြာတမ္းတေနရတဲ့လူတစ္ေယာက္
အေ႐ွ႕မွာ႐ွိေနတာကို..အံ့ဩမယုံၾကည္ႏိုင္သည့္
အၾကည့္ေတြႏွင့္ျဖစ္သည္။အသင္..ဘာမွမေျပာႏိုင္ပဲ
ေငးၾကည့္ေနမိစဥ္...ေမးေစ့အလယ္က႐ွည္ေမ်ာေမ်ာ
ေမးခ်ိဳင့္ေလးေပၚေအာင္ျပံဳးရယ္လိုက္တဲ့ထိုလူက
အသင့္အက်ႌအျပင္ဘက္မွာထြက္က်ေနတဲ့သံစဥ္ပုံ
ေလာ့ကတ္သီးေလးကိုၾကည့္ကာ...
"ဒီေလာ့ကတ္သီးေလးကို..ညီမေလးအခုထိဆြဲထား
တုန္းပဲကိုး...."
ထိုစကားေၾကာင့္..အသင္ေယာင္ယမ္းၿပီးဆြဲႀကိဳးေလးကို
လက္ႏွင့္..အုပ္ကိုင္လိုက္မိသည္။
"႐ွင္က..တစ္ကယ္ပဲ..အသင့္ရဲ႕ကိုကိုလား...."
လႊတ္ခနဲေမးထြက္လိုက္ၿပီးမွ..အသင္ကိုယ့္ကိုကိုယ္ပင္
အံ့ဩမိသြားရသည္။ကိုကိုဆိုၿပီးဖုန္းဝင္လာတဲ့
အခ်ိန္မွာရင္ခုန္ခဲ့ရသေလာက္၊ဓာတ္ပုံေတြျမင္ရ
ခ်ိန္မွာ..နင့္နင့္နဲနဲခံစားခဲ့ရသေလာက္...လူတစ္ေယာက္လုံး
ျမင္လိုက္ရခ်ိန္မွာေတာ့...ဘာ့ေၾကာင့္အဲ့လို...
မခံစားရေတာ့တာလဲ...??
အသင္ထိုသူ႔ကိုေၾကာင္ေငးေငးေလးၾကည့္ေနမိစဥ္
ထိုသူကေတာ့..တည္ၿငိမ္တဲ့အျပံဳးနဲ႔အသင့္ထံ
တစ္လွမ္းခ်င္းေလ်ာက္လာၿပီး..အသင့္ကို..ဖြဖြ
ေပြ႔ဖက္သည္။
"ကိုကို..ၫီမေလးကိုေပးထားခဲ့တဲ့..ကတိကိုတည္ဖို႔
ျပန္လာတာ...ညီမေလးကိုတသက္လုံးေစာင့္ေ႐ွာက္
သြားပါ့မယ္လို႔..မာမားနဲ႔..ေလးေလးဆီမွာကိုကို
ကတိေပးထားတယ္ေလ..အသင္ေမ့ေနၿပီလား..
ဂ်ပန္ကေဆး႐ုံႀကီးမွာတုန္းကလဲ.ကိုကိုအသင့္ကို
ကတိေပးခဲ့တယ္...."
အသင္...ဘာစကားမွမေျပာႏိုင္ပဲ..ေက်ာက္႐ုပ္ေလးလို
ရပ္ေနမိသည္။
"အသင္..ေနေကာင္းသြားတဲ့အခါ..ပန္းေတြၾကည့္ဖို႔
ေခၚသြားေပးမယ္ဆိုတဲ့ကတိကိုအဲ့ဒီတုန္းကမတည္
ႏိုင္ခဲ့ေပမဲ့...ကိုကို..အခု..ကတိတည္ဖို႔ျပန္လာတာပါ
ညီမေလးရယ္....."
"ဟင္...."
အသင္..ႏွလုံးေသြးေတြေျပာင္းျပန္စီးကုန္သလား
ထင္မွတ္ရသည္။ဒါက..ကိုကိုနဲ႔အသင္ႏွစ္ေယာက္ၾကားက
ကတိစကား...ဘယ္သူမွလဲမသိႏိုင္တဲ့ေနာက္ဆုံး
ကတိစကား...ဒါဆို..သူက....တစ္ကယ္ပဲ..
"ကိုကို....."
ဆို႔နင့္စြာေခၚလိုက္သံက..လည္ေခ်ာင္းဝမွာတင္
တစ္ဆို႔ေနၿပီး..အသင္..ထိုသူေပြ႔ဖက္ထားတဲ့..
အတိုင္း..ေက်ာက္႐ုပ္ေလးလို ရပ္ေနရာမွ..မ်က္ရည္ေတြသာ
ေတြေတြစီးက်လာခဲ့ရင္း....၊
~~~~~~~~~~~~🌺🌺🌺
"ဒါ..ဖ႐ုံသီးဆန္ျပဳတ္လား...."
ေန..ေမႏြမ္းယူလာေပးတဲ့...အညိဳေရာင္ဆန္ျပဳတ္
ေတြကိုၾကည့္ၿပီးေမးလိုက္သည္။
"ဟုတ္ပါတယ္..boss...ဘာျဖစ္လို႔လဲ....."
ေန..ဆန္ျပဳတ္ကိုဇြန္းႏွင့္ေမႊၾကည့္လိုက္ၿပီး...
"အသင္..လုပ္ေပးတုန္းကဒီလိုအေရာင္မဟုတ္ပါဘူး"
ေျပာရင္း..ဆန္ျပဳတ္ကိုဇြန္းဖ်ားေလးႏွင့္ခပ္ယူ
ျမည္းၾကည့္ကာ...
"အရသာလဲ..မတူဘူး..."
"ဟို..ကြၽန္မလဲ....ဖ႐ုံသီးဆန္ျပဳတ္ကို..မမေလး..
ဘယ္လိုျပဳတ္လဲဆိုတာမသိလို႔ပါ..."
"ေမႏြမ္း..အရင္တုန္းက..ထိုင္းကၾကယ္ငါးပြင့္
ဟိုတယ္မွာစားဖိုမွဴးလုပ္ခဲ့ဖူးတယ္မဟုတ္လား...."
ေန...ခပ္ဆတ္ဆတ္ေမးလိုက္လ်ွင္..ေမႏြမ္းမ်က္ႏွာ
ေအာက္ငုံ႔သြားရင္း...
"ဒါေပမဲ့..ဖ႐ုံသီးဆန္ျပဳတ္ဘယ္လိုျပဳတ္ရလဲဆိုတာ
ေတာ့..မသင္ခဲ့ရပါဘူး..ဒီဆန္ျပဳတ္က...မမေလးနဲ႔
က်မွၾကားဖူးတာ..."
"ခိြ...."
ေမႏြမ္စကားေၾကာင့္..အေနာက္မွာလက္ေနာက္ပစ္ၿပီး
ရပ္ေနတဲ့..ဇ,ထံကခြိခနဲရယ္သံထြက္လာလ်ွင္
ေန႔ရဲ႕..ေဒါသမ်က္ဝန္းေတြက..ဇ,ထံဒိုင္းခနဲေရာက္
သြားသည္။
"ေတာင္းပန္ပါတယ္..boss..."
ဇ,ရယ္ခ်င္ပတ္က်ိျဖစ္ေနတဲ့႐ုပ္ကိုမနည္းတည္ထားရင္း
bossကိုေၾကာက္၍ေခါင္းငုံ႔လိုက္ေသာ္လဲရယ္ခ်င္စိတ္က
ထိန္းမရ....ၾကယ္ငါးပြင့္စားဖိုမွဴးပင္လက္ေၿမႇာက္ရတဲ့
ဖ႐ုံသီးဆန္ျပဳတ္ပါလား....
ေနကေတာ့
ႏွစ္ေယာက္လုံးကိုမေက်မခ်မ္းၾကည့္ကာ...
"ျပန္ယူသြားလိုက္..ေမႏြမ္း...စားလို႔လဲရမွာမဟုတ္ဘူး"
"ဒါဆို..ကြၽန္မတစ္ခုခုယူလာခဲ့ရမလား..."
"ဘာမွမယူလာနဲ႔..စားခ်င္စိတ္လဲမ႐ွိဘူး.."
"ဟုတ္ကဲ့...."
ဆန္ျပဳတ္ပန္းကန္ကိုကိုင္ၿပီး..ေမႏြမ္းခပ္ကုပ္ကုပ္
ထြက္သြားသည္။
ေန..စိတ္႐ူပ္စြာႏွင့္..ဆုံလည္ကုလားထိုင္ေပၚ..
ေခါင္းမွီခ်ကာ..မ်က္ဝန္းေတြကိုမွိတ္ထားလိုက္သည္။
ေန႔လည္ပဲ..ေရာက္ေတာ့မယ္..သူမအခုထိျပန္
မလာေသး...
"မင္း..ဘယ္သြားေနတာလဲ....အသေခ်ၤ....."
~~~~~~~~~~~~🌺🌺🌺
"ကိုကို..ဒီႏွစ္ေတြမွာ..ဘယ္မွာ႐ွိေနခဲ့တာလဲ..."
"ကိုကို..ပါပါနဲ႔အတူ..ထိုင္းမွာပဲအေျခခ်ေနေနခဲ့တာ
ဒီႏွစ္ေတြမွာ..ညီမေလးနဲ႔အဖြားကို..စုံစမ္းေနခဲ့ေပမဲ့
ကိုကိုသတင္းမရခဲ့ဘူး...မႏွစ္က..ပါပါဆုံးသြားတယ္
ကိုကို..ျမန္မာျပည္ေရာက္ေနတာ..၅လေလာက္
႐ွိၿပီ...ညီမေလးကိုမေတြ႔ေတြ႔ေအာင္႐ွာမယ္ဆိုတဲ့
ရည္ရြယ္ခ်က္နဲ႔ကိုကို..ဒီကိုေရာက္လာခဲ့တာ..."
"အသင္တို႔က..အရင္ေနတဲ့ၿမိဳ႕ေလးကေနေျပာင္း
လာၿပီးကထဲကရန္ကုန္မွာပဲအေျခခ်ျဖစ္ခဲ့တာေလ
အဘြားကေတာ့ၿပီးခဲ့တဲ့..ႏွစ္ကပဲရာသက္ပန္ေယာဂီ
ဝတ္သြားခဲ့တာ..."
ကိုကိုက..အသင္ေျပာတာကိုနားေထာင္ၿပီးေခါင္း
တဆတ္ဆတ္ၿငိမ့္သည္။
"ကိုကိုအကုန္ၾကားၿပီးပါၿပီ..ညီမေလးေနခဲ့တဲ့
တိုက္ခန္းမွာေနတဲ့လူေတြဆီကေလ...ဒီႏွစ္ေတြမွာ.
ညီမေလးေရာ၊အဖြားေရာအရမ္းပင္ပန္းခဲ့ၿပီ..."
ေျပာရင္း.ကိုကိုကအသင့္လက္ေလးတစ္ဖက္ကို
ဆုပ္ကိုင္ကာ..
"အခုကစၿပီး..ဘာမွမပူနဲ႔ေတာ့..ကိုကို..ညီမေလးနဲ႔
အဖြားကိုေစာင့္ေ႐ွာက္ေပးမယ္...ကိုကို..အခုညီမေလးကို
႐ွာေတြ႔ၿပီဆိုေတာ့..ကိုကိုနဲ႔အတူတစ္ခါထဲေခၚသြားမယ္"
"႐ွင္...."
ကိုကို႔စကားေၾကာင့္အသင္အံ့ဩသြားရသည္။
"ကိုကိုနဲ႔အတူ..ဘန္ေကာက္ကိုလိုက္ခဲ့ပါ..အသင္..."
"ကိုကို...."
"အခ်ိန္ထပ္ဆြဲလို႔ေတာ့..အဆင္မေျပဘူး..အသင္
ကိုကို...ဘန္ေကာက္ကိုအျမန္ျပန္မွျဖစ္မဲ့ကိစၥေတြ
႐ွိတယ္..ဒီေန႔ပဲ..ကိုကိုနဲ႔အတူ..အဖြားကို...
သြားေတြ႔ၾကတာေပါ့..ၿပီးရင္..အဖြားေရာ..ညီမေလးေရာ
ကိုကိုနဲ႔တစ္ခါထဲလိုက္ခဲ့ပါ...."
အသင္ေခါင္းမၿငိမ့္ေခါင္းမခါပဲ..ကိုကို႔ကိုၾကည့္ေနမိသည္။
ဒါ..အသင္တစ္ခ်ိန္လုံးေမ်ွာ္လင့္ခဲ့ရတဲ့..အရာ..
မဟုတ္လား..တစ္ေန႔ေန႔မွာ..ကိုကိုအသင္တို႔ဆီ
ျပန္လာၿပီး..အသင့္ကိုလာေခၚဖို႔ကိုပဲအသင္ေမ်ွာ္လင့္
ေနခဲ့ေပမဲ့..လက္႐ွိမွာ..အသင္မေပ်ာ္ဘူး...
အသင္ေတြေဝေနတာကို..ကိုကိုကနားမလည္သလို
ၾကည့္ကာ..
"ဘာေတြ..ေတြေဝေနတာလဲ.ညီမေလးကိုကိုနဲ႔
မလိုက္ခ်င္လို႔လား...."
"အဲလိုေတာ့မဟုတ္ေပမဲ့..အသင္က....."
အသင္စကားကိုဆုံးေအာင္မေျပာပဲ..ေခါင္းငုံ႔...
သြားရေတာ့..ကိုကိုကသက္ျပင္းခပ္သဲ့သဲ့ခ်သည္။
"ကိုကိုသိပါတယ္..႐ုတ္တရပ္ႀကီးကိုကိုကအသင့္နားကေန
ေပ်ာက္သြားခဲ့ၿပီး..ႏွစ္ေတြအၾကာႀကီးေနမွ....
ျပန္ေပၚလာခဲ့တာဆိုေတာ့...အသင္..ကိုကို႔ကို..
ခ်က္ခ်င္းႀကီးဘယ္ယုံၾကည္ႏိုင္ပါ့မလဲ..ဒါေပမဲ့..
အသင္.."
နာမည္ကိုေခၚရင္း..ကိုကိုကေတာင္းပန္တိုးလ်ိဳး
သလိုမ်က္ဝန္းေတြႏွင့္..အသင့္ကိုၾကည့္လာခဲ့သည္။
"ကိုကိုနဲ႔ညီမေလး..တစ္ေယာက္ကိုတစ္ေယာက္
အျပန္အလွန္ေစာင့္ေ႐ွာက္ၿပီး..တစ္သက္လုံးမခြဲမခြာ
႐ွိေနသြားဖို႔က..ေလးေလးနဲ႔မာမားရဲ႕ေနာက္ဆုံး
ဆႏၵဆိုတာ..မေမ့ပါနဲ႔..ကိုကိုတစ္ခ်ိန္ကမလြဲသာတဲ့
ကိစၥတစ္ခုေၾကာင့္..ညီမေလးကိုထားခဲ့ရေပမဲ့.
ထပ္တူညီတဲ့အမွားမ်ိဳး..ကိုကို႔ဘဝမွာေနာက္ထပ္
ဘယ္ေတာ့မွ...က်ဴးလြန္မွာမဟုတ္ဘူး...ကိုကို
ညီမေလးကိုတစ္သက္လုံးေစာင့္႐ွာက္သြားပါရေစ.."
ေဖေဖနဲ႔အန္တီသြင္ရဲ႕ေနာက္ဆုံးဆႏၵတဲ့..ထိုစကား
တစ္ခြန္းက..အသင့္ႏွလုံးသားေက်ာက္ေဆာင္ကို
ၿဖိဴဖ်က္တိုက္စားလိုက္သလိုပင္...
"ခ်မ္းနဲ႔အသင္..ဘယ္ေတာ့မွမခြဲရဘူးေနာ္..တစ္သက္လုံး
အတူ႐ွိေနၿပီး..တစ္ေယာက္ကိုတစ္ေယာက္အျပန္
အလွန္ေစာင့္ေ႐ွာက္သြားရမယ္...."
ေသြးအလိမ္းလိမ္းႏွင့္..ေဆး႐ုံကုတင္ေပၚက...
အန္တီသြင့္ရဲ႕ပုံရိပ္..ေနာက္ဆုံးထြက္သက္ခ်ိန္ေလး
မွာေတာင္...ကိုကိုနဲ႔အသင့္ကိုလက္ခ်င္းဆက္ေပးခဲ့ၿပီး
မ်က္ရည္ေတြႏွင့္..ေခါင္းလည္က်သြားခဲ့တဲ့....
ထိုပုံရိပ္က..အသင္တစ္သက္ေမ့ႏိုင္မွာမဟုတ္တဲ့
ျမင္ကြင္းတစ္ခု....
"ညီမေလး...."
ေတြေငးေငးေလးျဖစ္သြားတဲ့အသင့္ရဲ႕လက္ေလး
ကိုကိုကိုက..ဆုပ္ကိုင္ဖ်စ္ညစ္လိုက္ရင္း...
"ကိုကိုနဲ႔လိုက္ခဲ့ပါေနာ္..ကိုကိုတို႔ေမာင္ႏွမေတြ
အရင္လိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ျပန္ေနသြားၾကမယ္...
မေကာင္းဘူးလား..အဲ့ဒါဆို..တမလြန္က..ေလးေလးနဲ႔
မာမားလဲ..ေက်နပ္ဝမ္းေျမာက္ႏိုင္မွာပါ...."
ကိုကို႔ရဲ႕အဆုံးသတ္စကားေၾကာင့္..အသင္ေျပာဖို႔
ႂကံရြယ္ထားတဲ့...စကားမ်ားစြာက..ႏူတ္ခမ္းဖ်ား
မွာတင္ေပ်ာက္ဆုံးသြားခဲ့ရင္း.....
~~~~~~~~~~~💜💜💜
"ခ်မ္း..အဖြားရဲ႕ေျမးေလး...အီး..ဟီး...."
ကိုကိုနဲ႔အသင္..အဖြားကိုသြားေတြ႔တဲ့အခါ.....
ႀကိဳတင္ေမ်ွာ္မွန္းထားတဲ့အတိုင္း.အဖြားကဝမ္းသာ
ဝမ္းနည္းမ်က္ရည္ေတြႏွင့္..ကိုကို႔ကို..ေပြ႔ဖက္ကာ
႐ိူက္ႀကီးတငင္..ငိုေႂကြးေနခဲ့သည္။
"ကြၽန္ေတာ္ေတာင္းပန္ပါတယ္...အဘြား..ႏွစ္ေတြ
အၾကာႀကီး..အဖြားနဲ႔..ညီမေလးကိုပစ္ထားသလို
ျဖစ္ခဲ့တဲ့အတြက္...ကြၽန္ေတာ္တစ္ကယ္ပဲေတာင္းပန္
ပါတယ္..."
အဖြားကိုျပန္လည္ေပြ႔ဖက္ထားကာ...ကိုကိုကလဲ
မ်က္ရည္မ်ားစီးက်ရင္းေတာင္းပန္စကားတြင္တြင္
ဆိုေနခဲ့သည္။
အသင္ကိုယ္တိုင္လဲ..ထိုျမင္ကြင္းကို...ေငးၾကည့္ေနရင္း
မ်က္ရည္မ်ားဝဲတက္လာရသည္။
"ေနာက္ဆုံးေတာ့..ကိုကို...အသင္တို႔ဆီကို.....
ျပန္လာခဲ့ပါၿပီ....."
ဒါေပမဲ့..အႏွစ္ႏွစ္အလလေမ်ွာ္လင့္ေစာင့္စား
ေနခဲ့ရတဲ့..လူနဲ႔ျပန္ဆုံစည္းခြင့္ရခဲ့တာေတာင္...
သာမာန္ထက္အခုန္မျမန္တဲ့..ကိုယ့္ႏွလုံးသားကိုယ္လဲ
အံ့ဩေနမိသည္။
"အသေခ်ၤ...နင္တစ္ကယ္ပဲ႐ူးေနၿပီထင္တယ္"
~~~~~~~~~~~~~~🌺🌺🌺
"ခင္ဗ်ား..သိပ္ေတာ္တယ္..ဂ်ိမ္း..သခင္ေလးနဲ႔ဆင္တဲ့သူကို
မရရေအာင္႐ွာၿပီး..သခင္ေလးေနရာမွာအစားထိုး
ၿပီး..အဲ့ဒီမိန္းကေလးကိုသခင္ေလးနားကေနပထုတ္ဖို႔
စဥ္းစားထြက္ခဲ့တဲ့..ခင္ဗ်ားရဲ႕ဦးေႏွာက္ကို..က်ဳပ္
တစ္ကယ္ပဲခ်ီးက်ဴးပါတယ္"
ႏူတ္ကေနခ်ီးက်ဴးစကားဆိုေနေသာ္လဲ..ဂ်ိမ္းကို
ၾကည့္ေနတဲ့ဦးထြန္းျမတ္ရဲ႕မ်က္ဝန္းေတြက...
ႏွစ္လိုျခင္းကင္းမဲ့ေနခဲ့သည္။
"ခင္ဗ်ား..က်ဳပ္ကိုအဲ့လိုအၾကည့္နဲ႔လာမၾကည့္နဲ႔
ဦးထြန္းျမတ္...က်ဳပ္အဲ့လိုမလုပ္လို႔..သခင္ေလးသာ
မွတ္ညဏ္ေတြျပန္ရသြားရင္...ခင္ဗ်ားအရင္ဆုံး
ေသရမွာကိုေရာသိရဲ႕လား...."
"အခုလဲ..က်ဳပ္ဘဝက..ဖုန္းကြယ္ထားတဲ့အမွန္
တရားေတြအတြက္စိုးထိတ္ေနတဲ့..စိတ္နဲ႔အႀကိမ္ႀကိမ္
ေသေနရတာပါ..."
ဂ်ိမ္း..ဘာမွျပန္မေျပာပဲ..ဦးထြန္းျမတ္ကိုၾကည့္
ေနရင္းက..စိတ္ပ်က္လက္ပ်က္ႏွင့္ အၾကည့္လႊဲ
လိုက္မိသည္။
"ခင္ဗ်ားအဲ့ေလာက္သရဲေဘာေၾကာင္မွန္း..က်ဳပ္
မသိခဲ႔ဘူး..."
"ဂ်ိမ္း...."
"ခင္ဗ်ားရဲ႕ဘဝ..ခင္ဗ်ားရဲ႕ျဖစ္တည္မူ႔က..သူေဌးႀကီး
ေက်းဇူးေၾကာင့္ဆိုတာ..ခင္ဗ်ားေမ့ေနၿပီလား...
သူေဌးႀကီးကိုေပးထားခဲ့တဲ့ကတိကိုအသက္နဲ႔
လဲၿပီး..က်ဳပ္ေစာင့္ေ႐ွာက္ရမွာပဲ..."
"ခင္ဗ်ား..အခုလိုလုပ္ေနတာ..သခင္ေလးကိုေရာ
အသၤေခ့်အေပၚမွာပါ..အရမ္းရက္စက္ရာက်ေနတယ္
ဆိုတာေရာ..ခင္ဗ်ားေတြးမိရဲ႕လား...ဂ်ိမ္း...."
"ရက္စက္တယ္..ဟုတ္လား....ရက္စက္တာက်ဳပ္
မဟုတ္ဘူး..သူတို႔ႏွစ္ေယာက္ကို...ဒီလိုပုံစံမ်ိဳးနဲ႔
ဆုံေတြ႔ေစခဲတဲ့..ကံၾကမၼာကမွရက္စက္တာ...က်ဳပ္က
ဒီလိုရက္စက္တဲ့ကံတရားကေန..သခင္ေလးကိုေရာ
အသေခ့်ၤကိုပါလြတ္ေျမာက္ေစခ်င္႐ုံသက္သက္ပဲ
အသေခ့်ၤကို..က်ဳပ္ဒုကၡေ႐ာက္ေအာင္လုပ္ဖို႔...
အစီအစဥ္မ႐ွိဘူးဆိုတာ..ခင္ဗ်ားသိပါတယ္....
သူသာ..ခ်မ္းလို႔ထင္ေနတဲ့အဲ့ဒီလူနဲ႔လိုက္သြားခဲ့ရင္
သူတစ္သက္လုံး..ေအးေအးေဆးေဆးမပူမပင္
ေနႏိုင္ေအာင္က်ဳပ္စီစဥ္ေပးထားၿပီးသား..အဲ့ဒီလူကလဲ
သူ႔ကိုဘယ္လိုအႏာၱရယ္မ်ိဳးမွေပးမွာမဟုတ္ဘူး"
"တစ္ကယ္လို႔...သူက..ခ်မ္းကိုမေရြးခ်ယ္ခဲ့ရင္ေရာ"
ဦးထြန္းျမတ္အေမးေၾကာင့္..ဂ်ိမ္းမ်က္ႏွာကြက္ခနဲ
ပ်က္သြားသည္။
"က်ဳပ္ေမးေနတယ္ေလ..ဂ်ိမ္း..တစ္ကယ္လို႔သူက
သူ႔ရဲ႕အစ္ကိုကိုမေရြးခ်ယ္ပဲ..သခင္ေလးနားမွာပဲ
ေနဖို႔ဆုံးျဖတ္ခဲ့မယ္ဆိုရင္ေရာ..အဲ့ဒီအက်ိဳးဆက္ကို
ခင္ဗ်ားဘယ္လိုတာဝန္ယူမွာလဲ..."
"အဲ့လိုလုံးဝျဖစ္မွာမဟုတ္ဘူး....."
ဂ်ိမ္း..ခါးခါးသီးသီးျငင္းသည္။
"ခ်မ္းဆိုတဲ့လူကိုအသေခ်ၤဘယ္ေလာက္ခ်စ္လဲ
ဆိုတာ..က်ဳပ္သိတယ္.အသေခ်ၤ....ခ်မ္းနဲ႔ပဲလိုက္သြားမွာ..."
ဦးထြန္းျမတ္..ေသြး႐ူးေသြးတမ္းနဲ႔ျငင္းဆန္ေနေသာ
ဂ်ိမ္းကိုၾကည့္ကာ..ေခါင္းကိုခပ္ျဖည္းျဖည္းယမ္းသည္။
"ခင္ဗ်ားေမ့ေနၿပီထင္တယ္ဂ်ိမ္း....လူတစ္ေယာက္က
တစ္ျခားအရာေတြကိုသာလိမ္ညာလို႔ရခ်င္ရမယ္
ကိုယ့္ႏွလုံးသားကိုယ္ေတာ့..ဘယ္လိုမွလိမ္ညာလို႔
မရဘူး...ဥပမာ..ေျပာရရင္...အရာအားလုံးေမ့ေစ
ခ်င္လို႔..မွတ္ညဏ္ေတြေပ်ာက္ေအာင္လုပ္ထားေပမဲ့
အဲ့ဒီမိန္းကေလးကိုမွ..သခင္ေလး..စြဲစြဲလမ္းလမ္း
ခ်စ္ေနသလိုမ်ိဳးေလ...."
ဦးထြန္းျမတ္စကားအဆုံး..လူပ္ခတ္သြားတဲ့...
ဂ်ိမ္းရဲ႕မ်က္ဝန္းေတြက...စိုးထိတ္မူ႔မ်ားႏွင့္....
"မဟုတ္ဘူး..အဲ့လို..ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး
အသၤေခ်က..ခ်မ္းကိုပဲေရြးခ်ယ္မွာ..."
စိတ္ထဲမွာ..ပဲ့တင္ထပ္မ်ွေအာ္ေျပာေနခဲ့ရင္း...
ဦးထြန္းျမတ္ကိုေက်ာခိုင္းကာ..ဂ်ိမ္းခ်ာခနဲလွည့္
ထြက္လာခဲ့ေတာ့သည္။ရင္ထဲမွာေတာ့စိုးရိမ္ပူပန္
မူ႔မ်ားႏွင့္.....၊
~~~~~~~~~~~🌺🌺🌺🌺
"ခ်မ္း..ျပန္သြားၿပီလား...."
"ဟုတ္...."
အသင္..အဘြားကိုျပန္ေျဖလိုက္ရင္း...အဖြားထိုင္ေနတဲ့
ကံေကာ္ပင္ႀကီးေအာက္က..သစ္သားခုံတန္းေလးမွာ
ဝင္ထိုင္လိုက္သည္။
"ဘာျဖစ္ေနတာလဲေျမး..မ်က္ႏွာလဲမေကာင္းဘူး
သမီးကိုကိုနဲ႔ျပန္ေတြ႔ရတာမေပ်ာ္ဘူးလား..."
အဖြားအေမးေၾကာင့္..အသင္ခပ္ယဲ့ယဲ့ျပံဳးလိုက္မိသည္။
"ေပ်ာ္တာေပါ့..ကိုကိုနဲ႔ျပန္ဆုံရဖို႔က..အသင့္ရဲ႕
အိပ္မက္ပဲေလ...ဒါေပမဲ့...."
"ဒါေပမဲ့..ဘာျဖစ္လဲ..."
အဖြားက..စကားေထာက္ကာ..အသင့္မ်က္ႏွာကို
အကဲခတ္သလိုၾကည့္သည္။အသင္အဖြားကိုငဲ့
ၾကည့္လိုက္မိရင္း...
"အဖြားေရာ..ကိုကိုနဲ႔လိုက္ေနခ်င္ရဲ႕လားဟင္..."
"အဖြားက..အသက္ႀကီးေနပါၿပီေျမးရယ္...အဖြား
ကေတာ့..တရားရိပ္မွာေအးခ်မ္းစြာေနၿပီး..တရားရိပ္
မွာပဲ..ေအးခ်မ္းစြာေသခ်င္ေတာ့တယ္...ဒါေပမဲ့..
အဖြားရဲ႕ေျမးေလးကိုေတာ့...စိတ္ခ်ရတဲ့လူရဲ႕
လက္ထဲမွာ..တသက္လုံးေအးေအးခ်မ္းခ်မ္း႐ွိေနတာကို
ပဲျမင္ခ်င္တယ္..."
"အဖြားက.....အသင့္ကို..ကိုကိုခ်မ္းနဲ႔လိုက္သြား
ေစခ်င္တာလား...."
အသင့္အေမးေၾကာင့္..အဖြားကအသင့္ေခါင္းေလးကို
ျဖျဖျပတ္ကာ...
"အဲ့ဒါေျမးကိုယ္တိုင္ဆုံးျဖတ္ရမွာပါ..ေျမး..ခ်မ္းနဲ႔
လိုက္သြားမယ္မသြားဘူးဆိုတာ..ေျမးပဲဆုံးျဖတ္
ကမွာ...."
အသင္..အဖြားကို..ဘာမွျပန္မေျပာပဲေခါင္းငုံ႔လိုက္
မိသည္။
"အဖြားသိတဲ့..အဖြားရဲ႕ေျမးအသေခ်ၤက..သူ႔ရဲ႕
ကိုကို..ကိုသာျပန္ေတြ႔ခဲ့ရင္..ဒီလိုမ်ိဳးေတြေဝတုံ႔ဆိုင္း
ေနမွာမဟုတ္တဲ့ကေလးပါ...ေျမး..အခုလိုေဝခြဲ
မရျဖစ္ေနတာ..ေျမးရဲ႕ခ်စ္သူေၾကာင့္လား..."
အဖြားရဲ႕အေမးေၾကာင့္..ေခါင္းေမာ့ၾကည့္လိုက္တဲ့
အသင့္ရဲ႕မ်က္ဝန္းမွာ..မ်က္ရည္ေရာင္လက္ေနခဲ့သည္။
"အဖြား..တစ္ကယ္လို႔..ကိုကိုနဲ႔သာအသင္မလိုက္
ဘူးလို႔ေျပာရင္...ကိုကို႔ရဲ႕အႏွစ္ႏွစ္အလလကအိပ္မက္
ေတြကို႐ိုက္ခ်ိဳးသလိုျဖစ္သြားမွာလား.."
"ေျမး..."
"အဲ့ဒါဆို..ေဖေဖနဲ႔အန္တီသြင့္ရဲ႕ေနာက္ဆုံးဆႏၵကိုပါ
အသင္မလိုက္နာသလိုျဖစ္သြားမွာေပါ့ေနာ္..."
ရင္ထဲကဒြိဟခံစားခ်က္ကအသင့္ရင္ကိုဓားထက္ထက္ႏွင့္..
မႊမ္းေနသလိုပင္...အသင္..ကိုကိုနဲ႔မလိုက္သြား
ခ်င္ဘူး..အသင့္ကိုသိပ္ခ်စ္တဲ့..သူ႔ကိုအသင္...
ထားခဲ့ႏိုင္မွာမဟုတ္ဘူး...
အသင္တင္းထားတဲ့စိတ္ကိုလႊတ္ေပးလိုက္ကာ...
အဖြားရင္ခြင္ထဲတိုးဝင္ၿပီး..ကေလးလိုဟီးခနဲ
ငိုခ်လိုက္ရင္း...
"ဘာျဖစ္လို႔..ကိုကိုက..လြန္ခဲ့တဲ့၁၂ႏွစ္ကအသင့္ကို
ထားခဲ့ရတာလဲ..ဘာလို္အခုမွ႐ုတ္တရပ္ၿကီးျပန္
ေပၚလာရတာလဲ..ကိုကိုသာ..အသင့္ကိုမထားခဲ့ဘူး
ဆိုရင္...အခုလိုအသင္နာက်င္ရမွာမဟုတ္ဘူး.."
"အို..မဟုတ္ဘူး..ခ်မ္းကိုအျပစ္မတင္ပါနဲ႔..ေျမးရယ္"
အဖြားက..ကပ်ာကယာႏွင့္...အသင့္မ်က္ႏွာေလးကို
ေမာ့ယူကာ..မ်က္ရည္ေတြကိုသုတ္ေပးသည္။
"ေျမးရဲ႕..ကိုကိုက...ေျမးကိုထားခဲ့တာ..ေျမးေလး
အသက္႐ွင္ဖို႔ပါ....."
"အဖြားဘာကိုဆိုလိုတာလဲ...."
အသင္.နားမလည္ႏိုင္ျဖစ္သြားရေတာ့..အဖြားက
သက္ျပင္းခ်သည္။
"ဒီအေၾကာင္းေတြကို..ေျမးကိုဘယ္ေတာ့မွ..ျပန္
မေျပာပါဘူးလို႔..အဖြားခ်မ္းကို..ကတိေပးခဲ့ေပမဲ့
အခုမွျပန္ဆုံရတဲ့ခ်မ္းအေပၚေျမးအထင္လြဲေနမွာ
စိုးလို႔..အဖြားေျပာျပရမွာ...တစ္ကယ္ေတာ့..............."
~~~~~~~~~~~~~🌺🌺🌺🌺
"၈နာရီပဲထိုးေနၿပီ...ဒီေကာင္မေလး...ဘယ္ေတြသြားေနလို႔
ခုထိျပန္မလာရေသးတာလဲ...ဖုန္းလဲမကိုင္ဘုူး..."
ေန..ဖုန္းကိုလက္ကကိုင္ၿပီး..အလုပ္ခန္းထဲမွာ..
ေခါက္တုံ႔ေခါက္ျပန္ေလ်ာက္ေနတာ..ဘယ္ေလာက္
ၾကာၿပီမွန္းမသိေတာ့..တစ္ေနကုန္သူမကိုမျမင္ရလို႔
ေပါက္ကြဲခ်င္ေနတဲ့..စိတ္အစဥ္က..မိုးခ်ဳပ္သည္
အထိ..သူမျပန္မေရာက္လာေသာအခါ..စိုးရိမ္
မူ႔မ်ားအျဖစ္ေျပာင္းလဲခဲ့ၿပီ....
"က်စ္..ဖုန္းကိုင္စမ္းပါကြာ..အသေခ်ၤ..."
"လူႀကီးမင္းေခၚဆိုေသာဖုန္းမွာ..ဆက္သြယ္၍မရပါ"
လူႀကီးမင္းနဲ႔ခ်ည္းတိုးေနတာလဲ..ဘယ္ႏွစ္ႀကိမ္မွန္း
မသိေတာ့...
"ေတာက္.."
အလိုမက်တဲ့...ေန႔ေဒါသေတြရဲ႕ဓားစာခံအျဖစ္..
ဖုန္းေလးက...စားပြဲေပၚပစ္စလတ္ခတ္ပစ္တင္
ခံလိုက္ရသည္။
"ေဝါ...ေဝါ..."
ထိုအခ်ိန္အျပင္မွာ..မိုးကလဲ..ေဝါခနဲရြာခ်လာသည္။
ေန..မွန္နံရံကေန..အျပင္ကိုလွမ္းၾကည့္ၿပီးပူပန္
သြားမိတာ..သူမအတြက္....
"သူ..အခုမွေနေကာင္းခါစ႐ွိေသးတယ္...မိုးထပ္မိရင္
ဒုကၡပဲ...."
အေတြးနဲ႔...ဒီအတိုင္းရပ္ေစာင့္မေနႏိုင္ေတာ့တာမို႔
ေန..အလုပ္ခန္းထဲကေန..ေျခလွမ္းၾကဲႀကီးေတြႏွင့္
လွမ္းထြက္လာခဲ့ေတာ့သည္။
~~~~~~~~~~🌺🌺💛
"အဲ့ဒီတုန္းက..ခ်မ္း..သူ႔အေဖနဲ႔ျပန္လိုက္သြားခဲ့တာ
သမီးေလးရဲ႕အသက္ကိုကယ္ဖို႔ပါ..သမီးခြဲစိတ္ဖို႔
ေဂဟာကေနဆက္သြယ္လာတဲ့.အလွဴ႐ွင္ဆိုတာ..
တစ္ကယ္ေတာ့..ခ်မ္းရဲ႕အေဖေလ...ခ်မ္းက...
သမီးကိုကယ္ေပးဖို႔သူ႔အေဖဆီမွာေတာင္းဆိုခဲ့ၿပီး
အေပးအယူအေနနဲ႔..သူ႔အေဖဆီျပန္သြားခဲ့တာ...
သမီးသိလား...ခ်မ္းက..သူအရမ္းမုန္းတဲ့..သူ
ဘယ္ေတာ့မွ..အနားကိုျပန္မသြားခ်င္တဲ့..သူ႔အေဖဆီ
သြားဖို႔ဆုံးျဖတ္ခဲ့တာ..သူသိပ္ခ်စ္တဲ့...သမီးေလး
အတြက္ပါ..."
အဖြားေျပာခဲ့တဲ့စကားေတြကိုျပန္ၾကားေယာင္ေနရင္း
အသင့္ပါးျပင္ေပၚသို႔အတားအဆီးမဲ့စီးဆင္းလာခဲ့တဲ့
မ်က္ရည္မ်ားက..မိုးစက္မိုးေပါက္ေတြနဲ႔အၿပိဳင္.....၊
"ကိုကိုက..ငါ့ေၾကာင့္အရာအားလုံးကိုစြန္႔လြတ္
ခဲ့တာတဲ့..."
ႏွလုံးသားထဲမွာ..မခံမရပ္ႏိုင္ေအာင္နာက်င္လာ
ရျခင္းက..အသက္႐ူမဝေတာ့တဲ့အထိ..တစ္ကိုယ္လုံး
မိုးေရေတြရြဲနစ္ေနခဲ့ေပမဲ့လဲ..အသင္စိတ္အစဥ္က
ပူေလာင္လြန္းေနသည္။
အသက္မဲ့တဲ့ေျခလွမ္းေတြက...ႀကီးမားလွတဲ့
ျခံတံခါးႀကီးႏွစ္ခ်ပ္ဆီအေရာက္တုံ႔ခနဲရပ္တန္႔
သြားရသည္။
"အျဖဴေရာင္စံအိမ္"
ခမ္းနားထည္ဝါလွတဲ့ စာလုံးၾကီးေတြကိုအဓိပၸါယ္မဲ့
လိုက္ရြတ္မိခ်ိန္..ရင္ဝဆီကစူးခနဲေဝဒနာ...ဒီေနရာမွာ
သူ႐ွိေနတယ္...အသင့္ကိုခ်စ္တဲ့..အသင္ကလဲ
သိပ္ခ်စ္တဲ့သူ႐ွိေနတဲ့ေနရာ...
"အသင္..အခု..ဘာလုပ္ရမလဲ..ေန..."
တစ္ကိုယ္တည္း..နာက်င္စြာေရရြတ္လိုက္မိခ်ိန္...
"ဂ်ိမ္း...ေဝါ...."
ခနဲျမည္သံႏွင့္အတူ..အလယ္ကေနတအိအိနဲ႔ကြဲသြားတဲ့
တံခါးလႊာႏွစ္ခ်ပ္ႏွင့္....
ထီးတစ္ေခ်ာင္းကိုကိုင္ထားတဲ့..သူ႔ရဲ႕ပုံရိပ္က..
ေပၚလာခဲ့သည္။
"ခ်ာတိတ္...မင္း....."
ေန..မိုးေရေတြရြဲရြဲစိုေနတဲ့..သူမကိုျမင္လိုက္ရတဲ့
ခဏ...စိုးရိမ္မူ႔ဒီဂရီျမင့္တက္ကုန္ရကာ..အနားကို
ခ်က္ခ်င္းေရာက္သြားရသည္။
"မင္း..ဒီအခ်ိန္ထိ..အျပင္မွာ..ဘာလုပ္ေနတာလဲ
ၾကည့္စမ္း..တစ္ကိုယ္လုံးလဲ...မိုးေရေတြရြဲေနတာပဲ
ခုမွေနေကာင္းကာစသူက...ဒီလို..မိုးေရထဲ..ေလ်ွာက္
သြားလို႔ရမလား...မင္း...."
ေန႔စကားမဆုံးခင္...ေန႔ရင္ခြင္ထဲတိုးဝင္ကာ..
လက္ႏွစ္ဖက္ႏွင့္ခါးကိုတင္းၾကပ္စြာ..ဖက္တြယ္လာတဲ့
သူမ....
"ဘာလဲ..ခ်ာတိတ္.....မင္းဘာျဖစ္လာတာလဲ..."
"ဟင့္...ဟင့္...."
ေန႔ေမးခြန္းရဲ႕အေျဖအစား..သူမဆီက႐ိူက္သံ
ထြက္လာတဲ့အခါ....
"မင္းငိုေနတာလား...အသင္..."
ေန..ခ်က္ခ်င္းပင္...ရင္ခြင္ထဲကသူမကိုခြာကာ..
လက္တစ္ဖက္ႏွင့္မ်က္ႏွာေလးကိုပင့္ေမာ့ယူလိုက္သည္။
မိုးေရေတြရြဲရြဲစိုေနတဲ့ မ်က္ႏွာေလးကျဖဴဖပ္ျဖဴေရာ္
ဒါ့အျပင္..တဆတ္ဆတ္တုန္ေနတဲ့ႏူတ္ခမ္းသား
ေလးေတြႏွင့္..မ်က္လုံးဝိုင္းေလးေတြမွာျပည့္အိုင္
ေနတဲ့..မ်က္ရည္ေတြ....
ေန..သူမမ်က္ႏွာက...အစိတ္အပိုင္းတစ္ခုခ်င္းဆီကို
စူးစမ္းသလိုၾကည့္ေနၿပီးမွ..ႏူတ္ခမ္းေတြကတည္တင္း
သြားကာ....
"မင္းဘာျဖစ္လာတာလဲ...ဘာလို႔ငိုေနတာလဲ..."
ေန..ေမးလိုက္လ်ွင္..သူမက..မေျဖပဲ..ေန႔ကို...
ခဏမ်ွေမာ့ေငးၾကည့္ေနရင္းမွ...ေန႔ခါးကိုဖက္တြယ္
ထားတဲ့လက္ေတြကိုဖယ္လိုက္ကာ..အေနာက္ကို
ေျခတစ္လွမ္းခန္႔ဆုတ္သြားသည္။
"ေန..."
ေခၚသံနဲ႔အတူ..မ်က္ရည္ေတြကိုလက္ခုံႏွင့္ပြတ္သုတ္ရင္း
ေမာ့လာတဲ့မ်က္ႏွာေလးကတစ္ခုခုထူးဆန္းေနသလို
ေန..ခံစားလိုက္ရသည္။
"အသင္..ဒီေန႔အသင့္ရဲ႕ကိုကိုနဲ႔ျပန္ေတြ႔ခဲ့တယ္...."
အသင့္စကားေၾကာင့္..သူ႔မ်က္ဝန္းေတြအနည္းငယ္
လူပ္ခတ္သြား႐ုံကလြဲၿပီး..မ်က္ႏွာေပၚကခံစားခ်က္
ေတြကေတာ့..သူ႔ရဲ႕ပုံစံအတိုင္း..အရိပ္အကဲဖမ္းရ
ခက္ခဲေနဆဲ....ထို႔အျပင္ေလးကိုင္းသ႑ာန္.....
ႏူတ္ခမ္းႏွစ္လႊာက..ျပံဳးသည္ဆို႐ုံေလးျပံဳးသြားကာ
"အဲ့ဒါ..ဝမ္းသာစရာသတင္းပဲမဟုတ္လား...မင္းက
ဘာလို႔ငိုေနတာလဲ...."
"ကိုကိုက..အသင္နဲ႔အဖြားကိုသူနဲ႔အတူေနဖို႔....
ျပန္လာေခၚတာတဲ့ေလ...."
အသင္ေျပာရင္း..သူ႔မ်က္ႏွာကိုစူးစမ္းသလိုၾကည့္
ေနေပမဲ့..အနည္းငယ္မ်ွေျပာင္းလဲမူ႔မ႐ွိတဲ့သူ႔ပုံစံ
ေၾကာင့္..နားမလည္ႏိုင္ျဖစ္သြားရသည္။
"အဲ့ဒါေၾကာင့္..မင္းဝမ္းသာလြန္ၿပီး..အခုလိုငိုေနတာလား
မင္းႏွစ္ေတြအၾကာႂကီးေစာင့္ေနခဲ့တဲ့သူက..မင္းနားကို
႐ုတ္တရပ္ျပန္ေရာက္လာၿပီး...မင္းကိုလာေခၚလို႔ေလ"
"ေန...."
"အဲ့ေတာ့...မင္းက..သူနဲ႔လိုက္သြားမွာလား..."
ဘယ္လိုမွကိုထင္မွတ္မထားတဲ့..သူ႔ရဲ႕ေအးစက္စက္
အေမးေၾကာင့္..အသင္အံ့ဩလြန္း၍ႏူတ္ခမ္းေလးပင္
ပြင့္ဟသြားရသည္။ထိုအခါ..အသင့္ပခုံးေပၚတင္
ထားတဲ့..လက္ကိုသူကဖယ္လိုက္ရင္း..ေဘာင္းဘီ
အိတ္ထဲထည့္လိုက္ကာ..မ်က္ႏွာခပ္လႊဲလႊဲျဖစ္သြားသည္။
"႐ွင္..ဘယ္လိုေမးလိုက္တာလဲ..အသင္..အခုလို
ေျပာလိုက္လို႔႐ွင္နည္းနည္းေလးမွမခံစားရဘူးလား"
အသင္..သူ႔ကိုအထူးအဆန္းလိုၾကည့္ၿပီးေမးလိုက္
မိတာက..သူဒီေလာက္ထိေသြးေအးေနလိမ့္မယ္လို႔
ထင္မထားခဲ့တာေၾကာင့္...သူအသင့္ကိုခ်စ္တယ္ဆို
ဒါဆိုဘာလို႔အခုလိုေသြးေအးေနတာလဲ...
"မင္းကသူနဲ႔လိုက္သြားမွာလားတဲ့"႐ွင္မို႔ေမးရက္တယ္
"႐ွင္...အသင့္ကိုတစ္ကယ္ေရာ..ခ်စ္ရဲ႕လား..ေန..."
အသင့္အေမးေၾကာင့္..ဆတ္ခနဲျပန္လွည့္လာတဲ့
သူ႔မ်က္ႏွာက..တင္းမာေနခဲ့လ်က္
"႐ွင္..အသင့္ကိုခ်စ္္တယ္ဆို...ဒါဆို..ဘာလို႔အခုလို
ေသြးေအးေနတာလဲ...."
"ဒါဆို..မင္းကကိုယ့္ကိုဘယ္လိုျဖစ္ေစခ်င္လို႔လဲ..
ေဒါသတႀကီးနဲ႔..မင္းေ႐ွ႕မွာ..ေပါက္ကြဲေနရမွာလား
ဒါမဟုတ္...မသြားပါနဲ႔ဆိုၿပီး..မင္းေ႐ွ႕မွာ..ဒူးေထာက္
ေတာင္းပန္တာကို..မင္းကလိုခ်င္တာလား..."
"ေန...."
မိုးသံေတြၾကားထဲ..အသင့္အသံေလးကစူးခနဲ
ထြက္သြားတဲ့အခါ..သူကလက္ထဲမွာကိုင္ထားတဲ့
ထီးကို....ေဘးကိုလြင့္ပစ္လိုက္သည့္အခါ..အၿငိဳးႀကီးေသာ
မိုးစက္မိုးေပါက္မ်ားက..ႏွစ္ဦးစလုံးကိုမိတ္ဆက္
လာျပန္သည္။
"ေသခ်ာနားေထာင္...အသေခ်ၤ....ကိုယ္မင္းကို
ေျပာခဲ့ဖူးပါတယ္..ကိုယ္အရာအားလုံးထက္မင္းကို
ပိုျပီးအေလးထားတယ္.....မင္းအတြက္လဲ..ကိုယ့္ရဲ႕
ရာဇဝင္တစ္ခုလုံးေတာင္..ကိုယ္ေျပာင္းျပန္လွန္
ခဲ့ၿပီးၿပီ...မင္းနဲ႔ပါတ္သတ္တဲ့..ဘယ္လိုခံစားခ်က္
မ်ိဳးကိုမွ...ကိုယ့္ဘက္က..ထိန္ခ်န္မထားခဲ့ဘူး...
မင္းအတြက္..ကိုယ္အရာအားလုံးကိုေပးခဲ့ႁပီးၿပီ..."
အသင္..သူ႔ကိုေမာ့ေငးၾကည့္ေနရင္း...မ်က္ရည္ေတြ
ေဝ့ဝဲေန႐ုံကလြဲၿပီး..ဘာမွျပန္မေျပာႏိုင္ခဲလ
"အခု..မင္းဆုံးျဖတ္ရမွာ...မင္းေရြးခ်ယ္ရမွာ...
မင္းရဲ႕ကိုကို...ဒါမွမဟုတ္...ကိုယ္...မင္းတစ္ေယာက္ေယာက္
ကိုေတာ့..ေရြးခ်ယ္ရလိမ့္မယ္...အသေခ်ၤ..."
အသင္..အခုဒြိဟျဖစ္ေနတာပါ..ေန...အသင့္အတြက္
အရာအားလံုးကိုစြန္႔လႊတ္ခဲ့တဲ့အသင့္ရဲ႕ကိုကိုနဲ႔
အသင္သိပ္ခ်စ္ရတဲ့႐ွင့္ရဲ႕ၾကားမွာ..အသင္ႏွလုံးေသြး
စက္စက္က်တဲ့အထိ..နာက်င္ေနရတာပါ..ေက်းဇူးျပဳၿပီး
႐ွင္ကပါ..ဒီလိုမျပတ္သားျပပါနဲ႔...၊
"ဒီအတိုင္းမသြားပါနဲ႔ဆိုၿပီး....အသင့္ကိုဖမ္းဆြဲ
ထားေပးလို႔မရဘူးလား..အဲ့လိုဆို...အသင္...."
စကားမဆုံးခင္..အသင့္ႏူတ္ခမ္းေလးေပၚ..သူ႔လက္မက
ဖြဖြဖိကပ္လာသည္..ဆက္မေျပာပါနဲ႔ဆိုတဲ့..သေဘာ...၊
"ကိုယ္ဖမ္းဆြဲထားလိုက္လို႔..မင္းကိုယ့္ကို..ထား
မသြားႏိုင္တာက...အခ်စ္သက္သက္ဘယ္ဟုတ္ပါ့မလဲ..
အားနာစိတ္၊သနားစိတ္ေတြပါ..ပါေနမွာေပါ့...
ကိုယ္..မင္းရဲ႕ႏွလုံးသားထဲက..ကိုယ့္အတြက္...
အခ်စ္စိတ္တစ္ခုထဲနဲ႔..ဆုံးျဖတ္မဲ့..စီရင္ခ်က္မ်ိဳးကိုပဲ
ကိုယ္လိုခ်င္တယ္...."
"႐ွင္..ဘာျဖစ္လို႔အဲေလာက္ေတာင္မာနႀကီးၿပီး
ေသြးေအးႏိုင္ရတာလဲ...႐ွင္ကတစ္ကယ့္ကိုပဲ..."
စိတ္ထဲကေန..ေရရြတ္လိုက္မိျခင္းနဲ႔အတူ အသင္
ေခါင္းေလးငုံ႔သြားရင္း..ႏူတ္ခမ္းကိုလက္ခုံေလးႏွင့္
ဖိကပ္ကာ..အင့္ခနဲ႐ိူက္သည္။
ေန..သူမကိုမၾကည့္ရက္သလိုမ်က္ႏွာလႊဲလိုက္ရင္း
အံကိုတင္းတင္းႀကိတ္သည္။
"မင္းဆုံးျဖတ္ပါ...တစ္ခုပဲ..ကိုယ္မင္းကိုေတာင္းဆို
ခ်င္တယ္..."
ေျပာရင္း..သူကအသင့္မ်က္ႏွာေလးကို..လက္ႏွစ္ဖက္ႏွင့္
ပင့္ေမာ့ယူလိုက္ကာ...မ်က္ဝန္းေတြထဲစူးစိုက္
ၾကည့္သည္။
"မင္းအတြက္..ကိုယ့္ရဲ႕ရာဇဝင္တစ္ခုလုံးကိုေတာင္
ေျပာင္းျပန္လွန္ခဲ့တဲ့..ကိုယ့္ရဲ႕အခ်စ္ေတြကိုေတာ့
ဘယ္ေတာ့မွ..တန္ဖိုးမဲ့ေအာင္မလုပ္မိပါေစနဲ႔..."
ေျပာရင္း..သူက..အသင့္မ်က္ႏွာေလးထက္က...
လက္ေတြကိုဖယ္လိုက္ကာ....
"အိမ္ထဲဝင္ေတာ့..ၿပီးရင္ေႏြးေႏြးေထြးေထြးေန...
မင္းျပန္ဖ်ားေနမယ္..."
ေျပာၿပီး..သူက..အသင့္ကိုတစ္ခ်က္ၾကည့္ကာ...
ေက်ာခိုင္းလွည့္ထြက္သြားသည္။
"ဟင့္...ဟင့္...."
ထိုအခါမွ...အသင္ေက်ာခိုင္းသြားတဲ့သူ႔ရဲ့..ေက်ာျပင္
က်ယ္ကိုၾကည့္ကာ..႐ိူက္ႀကီးတငင္ငိုခ်လိုက္ေလေတာ့ရင္း...၊
"႐ွင္..ရက္စက္တယ္..ေန...."
~~~~~~~~~~🌺🌺🌺
ဆက္ရန္^^^^
#Hazel