မနက် ၅ နာရီထိုးသော် အရင် နိုးလာသည်က ခင်
အရင်က အစိုးရ၀န်ထမ်းတစ်ယောက်ဖြစ်ခဲ့သည့်အတွက် မနက်စောစောထသည်မှာ အကျင့်တစ်ခုပင်ဖြစ်နေသည်။ သူ့ဘေးကိုကြည့်လိုက်တော့ နှစ်ခြိုက်စွာအိပ်ပျော်နေသော အနှီလူသား လင်းခန့်မောင် ။ သူ၏ထုံးစံတိုင်း မနက်၃နာရီ ကျော်လောက်လန့်ကာနိုးသေးတော့ ခင့်မှာ စိတ်မကောင်းဖြစ်မိသေးသည်။ သူ့ကြောင့် Truman ရခဲ့တာမဟုတ်လား။ လင်းခန့်၏ နှဖူးလေးအား အသာနမ်းလိုက်ကာ လင်းခန့်အတွက် မနက်စာပြင်ပေးဖို့ပြင်လိုက်သည်။ ဒါဟာသူတို့ ညားခစထဲက လင်းခန့်အတွက် မနက်စာနေ့တိုင်းပြင်ပေးသည်။ လင်းခန့်ကလည်း အရင်က ၀တ္တရားအရမစားချင်စားချင်လုပ်ပေမယ့် အခုတော့ မနက်စာကိုစားချင်နေမှာအသေအချာပင်။
ခင် မနက်စာ ပြင်ဆင်ပြီးတော့ နာရီကြည့်လိုက်တော့ ၆နာရီပင်ခွဲပြီ။ လင်းခန့်အားနှိုးရန် အပေါ်သို့တတ်၍ အခန်းထဲသို့ ၀င်ကာ ကုတင်ထက်တွင် ကလေးတစ်ယောက်သဖွယ် အိပ်ပျော်နေသည့် လင်းခန့်အား "မောင် ထတော့ကွာ ၆ခွဲကျော်နေပြီ"ဟု ချွဲပစ်ပစ်အသံနှင့်နှိုးလိုက်သည်။ ခန့်လည်း "ဟုတ် "ထပြီးဟု ဆိုကာ ခင့်အား နောက်မှဖက်လိုက်သည်။ ထို့နောက် ခင့် အားနမ်းရန်လုပ်တော့ "ဟိတ် သွားအရင် မျက်နှာသစ် ၊မညစ်ပတ်နဲ့" လို့ပြောတော့ ဆူပုတ်ပုတ်နှင်ရေချိုးခန်းထဲ၀င်သွားသည်။ခင်လည်း လင်းခန့် ရေချိုးပြီး၊မျက်နှာသစ်ပြီးရင် ၀တ်ရန် အ၀တ်အစားနှင့် necktie အားထုတ်ထားပေးသည်။ ထို့နောက် လင်းခန့် ရေချိုးခန်းမှထွက်လာတော့ "မောင် အ၀တ်အစားလည်းပြီးဆင်းခဲ့နော်။ "ဟုပြောကာ ထမင်းစားခန်းသို့ဆင်းသွားသည်။ လင်းခန့်လည်း အ၀တ်အစားလဲပြီးတော့ အောက်ထပ်သို့ဆင်းသွားသည်။ ထမင်းစားခန်းရောက်တော့ necktie အား ခင့်လက်ထဲထည့်ကာ" မ စည်းပေး" ဟု ချွဲတော့သည်။
ခင် က "စည်းပေးရအောင် မောင်က ကလေးလား"
ခန့် " ဟုတ်တယ်ကလေး။ ဟော့ဒီက ဒေါ်ခင်နေခြည်နွယ်ရဲ့ ကလေးလေး"။
ခင်လည်းမနိုင်ဘူး ဆိုသည့် အဓိပ္ပာယ်နှင့် ခေါင်းခါကာ necktie အားသေချာစည်းပေးလိုက်သည်။
ထို့နောက် ခင့် ကိုကြည့်လိုက်တော့ ခင့်မှာ မ၀တ်စဖူးလည်ပိတ်အင်္ကျီလက်ရှည်ကြက်သွေးရောင်လေးနှင့်
လင်းခန့်က "မ ဒီနေ့ဘယ်လိုဖြစ်လို့လဲ။မ၀တ်စဖူး လက်ရှည်တွေဘာတွေနဲ့"လို့ပြောတော့
မနက်စာစားရင်းခင်က လင်းခန့်လက်မောင်းအောင် ရိုက်ကာ "အဲ့ဒါ ဘယ်သူကြောင့်လည်း ရှင့်ကြောင့်လေ ရှင့်ကြောင့် ။ ရှင် ဆိုးထားတာတွေက မိတ်ကပ်ဖုံးလို့မနိုင်လို့ ခုလို၀တ်ထားရတာ၊ စားပြီးရင်လည်းထတော့ အလုပ်သွားရမယ်၊ ဟိုနေ့ကလည်းအလုပ်ပျက်ထားရတယ်" လို့ပြောကာ ကားပေါ်သို့ အရင်တတ်သွားသည်။ ထို့နောက်ခန့်လည်း ကားပေါ်တတ်ကာ company သို့မောင်းလာခဲ့သည်။
Company သို့နှစ်ယောက်သား၀င်လာတော့ ၀န်ထမ်းတွေက သူတို့နှစ်ယောက်အားကြည့်ကာ ပြုံးစိပြုံးစိနဲ့ အကြောင်းမှာ မနေ့ကညက စားသောက်ဆိုင်မှ vedio record မှာ တော်တော်ကိုနမည်ကြီးသွားသောကြောင့်ဖြစ်သည်။
လင်းခန့်ရုံးခန်းရောက်တော့ အတွင်းရေးမှူးက MD ဥက္ကဠကြီးက ပြောတယ် MD နဲ့မမလေးတို့ရောက်ရင် သူ့ဆီကိုလာပါလို့ပြောတယ်
လင်းခန့် : အေးအေး။ ငါအခုသွားလိုက်မယ်။မင်းမမလေးရော
အတွင်းရေးမှူး: သူကသွားနှင့်ပြီ။
_____________
ခင့်ပါးပါး: သားခန့် လာလေကွာ ထိုင်
လင်းခန့် ; ဟုတ်။ပါးပါး ။သားတို့၂ယောက်ကိုခေါ်တယ်ဆိုလို့
"ငါ့သားက သိပ်Roတတ်တာပဲကွာ" ထိုအသံမှာ လင်းခန့်၏ အဖေနဲ့အမေနဲ့အသံပင်။
ခင့်ပါးပါး: ဟုတ်ပကိုနေဘုန်းရေ။
လင်းခန့် :ဟီး ပါးပါးတို့ဘယ်လိုသိသွားတာလဲ
လင်းခန့်မားမား: နင်တို့၂ယောက် ရဲ့ vedio က Oline မှာဒီလောက်နမည်ကြီးနေတာ။
ခင့်ပါးပါး ; ကဲ ကဲ ဒါတွေထား။ အခု သမီးတို့ကို ပါးပါးအသိပေးစရာရှိလို့။ ပါးပါးရဲ့ နှလုံးရောဂါက နည်းနည်းအခြေအနေစိုးရိမ်လာရတယ်။ (over အိုင်တင်နှင့်)
ခင် :ဟင် ပါးပါး။ အခုရောသက်သာရဲ့လား။
ခင့်ပါးပါး ; အဲ့ဒါ ပါးပါးကိုစိတ်ချမ်းသာအောင်ထား။ ပါးပါးမြေးချီချင်တယ်
ခင်: ဘာမှလည်းမဆိုင်ဘူးပါးပါးကလည်း။သမီးတို့လွတ်လွတ်လပ်လပ်နေချင်သေးတယိ။
ခင့်ပါးပါး :ဟိုမှာ အကိုကြီးတော့ ဇာနည့်ရဲ့ သမီးလေးကိုချီရတော့မကြာခင်။
ထိုသို့ပြောလိုက်တော့ မျက်နှာညှိုးသွားရသည်မှာလင်းခန့်
ဒါကိုသတိထားမိတော့ခင်က
ခင် :ဟာ ဖေဖေကလည်းသမီးတို့ကမိန်းကလေးချင်းလေ
လင်းခန့်မေမေ: အင်းကြင်းခန့်ကိုမေးပြီးပြီသမီးရဲ့။သမာရိုးကျ ယူလိူ့ရတဲ့နည်းတွေရှိတယ်တဲ့။ လင်းခန့်ကိုဟော်မုန်းဆေးတိုက်ရမှာ။ သူက အစထဲက သောက်ထားတဲ့ အခံရှိတာကြောင့်သမီးတို့ပဲကြိုးစားပေး ဟဲဟဲ။
လင်းခန့် : ပြီးရောဗျာ ကျနောအလုပ်ရှိသေးတယ်ခွင့်ပြဦး ဟုဆိုကာ ရှက်ရှက်နှင့် ခင့်လက်ကိုဆွဲကာထွက်လာကာ အလုပ်လုပ်စရာရှိတာဆက်လုပ်တော့သည်။
___________
ညနေအလုပ်ဆင်းတော့ လင်းခန့်က ခင့်အား ကား parking မှစောင့်နေသည်။ နှစ်ယောက်လုံးအလုပ်ဆင်းကာ အိမ်၌ ရေချိုးပြီးသောအခါ မပြီးသေးသောအလုပ်များအားလက်စသက်ရင်း ည၈နာရီပင်ထိူးတော့သည်။ ခင်က လင်းခန့်အား "မောင် dinner မစားတော့ဘူးလား။ မစားရင် ဘာလုပ်ပေးရမလဲ။"
လင်းခန့်လည်း laptop အားပိတ်လိုက်ကာ ခင့်အား လက်မှဆွဲကာ ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး " ညစာလား
မကိုစားမှာလေ"ဟုဆိုကာ................
____________
ခင် : မောင်ထ ကွာ လုပ်ချင်တာလည်းလုပ်ပြီးပြီး။ ထမင်းတော့စား။ မစားရင်အစာအိမ်ထိမယ်လို့အတင်းပြောတော့မှ မစားချငိးစားချင်နှငိ့စားသည်။
ဒီလိုနဲ့ နှစိယောက်သား ပျော်ရွှင်ချမ်းမြေ့စွာ ဘ၀ကိုပျော်ပျော်ရွှင်နေ့တိုင်းကို နှစိယောက်သားတူတူဖြတ်သန်းကြသည်။
After about 5 months later
ခင့်ရဲ့ တောင်းဆိုမှူကြောင့် လင်းခန့်မှာကြက်တောင်ပြန်ရိုက်နေပြီဖြစ်သည်။ tournament တချို့တွင်လည်း winner ရသည်။ အခုတွင်တော့ player life နားကာ coach life ကို၀င်ရန်စီစဉ်သည်။
ခင် :မောင် မြန်မြန်လာကွာ ကြာတယ်။ ဇာနည်တို့ကိုသွားကြိုရမှာနောက်ကျနေမယ်။
ခန့် :လာပါပြီဗျာ ။
လေဆိပ်တွင်
ဇာနည် : ကျိကျိ ကျနောတို့ဒီမှာ ဟုဆိုကာ လက်ထဲမှာ လသားကလေးငယ်လေးအားပွေ့ကာ ပြောလိုက်သည်။
ခင် : ဟယ် ကလေးလေး ။ချစ်စရာလေးကွယ်။ ဇာနည် ကလေးက ဆုနဲ့တူလို့ချစ်ဖို့ကောင်းတာ။ နင်နဲ့တူရင် မတွေးရဲစရာ
ဇာနည် :ဟာ ။ကျိကျိကတော့လုပ်ပြီ။ လာ သွားမယ်။ပါးပါးလည်းပါတယ်။
ခန့်နှင့်ဆု မှာတော့မသိတဲ့လူတွေလိုပင် စကားမပြောကြပေ ။
ထို့နောက် ဇာနည်တို့နေမည့်အိမ်သို့ရောက်သော်ဇာနည့်သမီးလေးအား အားလုံးမှလက်ကမချနိုင်ဖြစ်နေကြသည်။
ဇာနည် :ယောက်ဖရေ။ ဦးလေးတို့ကိုလည်း မြေးချီရအောင်ကြိုးစားပေးလိုက်ဦး။
လင်းခန့် :ဟုတ်ကဲ့ ကြိုးစားနေပါတယ်ဗျလိူ့ ပြောလိုက်တော့ ခင်လည်း ရှက်ရမ်းကရမ်းကာ ခန့်အား လိုက်ရိုက်လေသည်။
________________
A few days later:
Company သွားရန်ကားပေါ်မှာ ခင်က နားထင်ကိုဖိထားသည်။
ခန့် :မ နေမကောင်းဘူးလားမ။ ဘာဖြစ်လို့လဲ
မ : နည်းနည်းခေါင်းကိုက်လို့ပါ။ ညကစာရင်းတွေကွာနေတာစစ်နေရတာ ညနက်သွားလို့။
ခန့် :မသက်သာရင်ဆေးခန်းသွားနော်မ။ ပြီးတော့ ကျွန်တော်က ဒီနေ့ အရေးကြီး meeting ရှိလို့နောက်ကျမယ်။
At meeting room
Meeting တွင်နောက်ထုတ်မယ့် product ၏ နောက်ဆုံးအဆင့်စမ်းသပ်ချက်ကို ရှင်းပြနေစဉ်
လင်းခန့်အတွင်းရေးမှူးမှ : MD ဖုန်းလာနေတယ်
ခန့် : ဒီမှာအရေးကြှးအစည်းအဝေးလုပ်နေတယ်လောမင်းဖြေထားလိုက်
အတွင်းရေမှူး: ဟို ဟို
ခန့် : ဘာပြောမှာလဲပြော။
အတွင်းရေးမှူး : အုပ်ကြီးဆက်တာ။ MDနဲ့ပြောချင်လို့တဲ့
ရှယ်ယာရှင်များ: ကိုင်လိုက်ပါ MD အရေးကြီးလို့နေမယ်
ခန့် :ဟုတ်ကဲ့။
ဟယ်လို ပါးပါး
📞: သား မင်းလုပ်နေတဲ့ meeting ကို မင်းအတွင်းရေးမှူးနဲ့ထားခဲ့လိုက်။
ခန့် :ဗျာ။
📞: မဗျာနဲ့ ။ ထားခဲ့ပြီး ခုချက်ချင်း***ဆေးရုံကိုလာခဲ့။ မင်းမိန်းမ car parking မှာမူးလဲလို့
ခန့် : ဟုတ်ဟုတ် ။ကျနောအခုလာပြီဗျ။
ခနိ့လည်းအတွင်းရေးမှူးကို ဟေ့ကောင် ကြားတဲ့အတိုင်းပဲ ပေးငါ့ကားသော့ ဟုဆိုကာ ကားသော့ဆွဲယူပြီး ဆေးရုံသို့ မောင်းလေသည်။
At Hospital:
လင်းခန့် :ပါးပါး မရော ဘယ်မှာလဲဟင်။
ခင့်ပါးပါး :လာ ဒီမှာ ။ ခုထိတော့သတိမရသေးဘူး။ ခုနတုန်းကတော့ သွေးလာဖောက်ပြီး လိုအုပ်တဲ့ဆေးစစ်ချက်တွေလုပ်သွားတယ်။
ခန့်လည်း ဆေးပိုက်သွင်းထားသည့်ခင့်လက်ကလေးဖွဖွကိုင်ရင်း မျက်ရည်ဝဲနေသည်။
Nurse: ခင်နေခြည်နွယ်ရဲ့ သက်ဆိုင်သူရှိလားမသိဘူး။
ခန့် : ဟုတ်ကဲ့။ ကျနောပါဗျ။
Nurse: သွေးတစ်ချက်ဖောက်မယ်နော်
ခန့်လည်းကြောင်တောင်တောင်နဲ့သွေးအဖောက်ခံလိုက်ရသည်။
ခဏကြာသော် ခင်နိုးလားသည်။
ခင် : မောင်
ခန့် :မ သတိရပြီလား။ကျနောဆရာ၀န်သွားခေါ်ဦးမယ်
လင်းခန့်အသံကြောင့် ခင့်ပါးပါးေရာ လင်းခန့်ပါးပါးနှင့်မားမားပါအိပ်ငိုက်ရာကနိုးလာသည်။
ဆရာ၀န်ခေါ်ရန်တံခါး အဖွင့် ဆရာ၀န်မှ ဆေးမှတ်တမ်းနှင့် round လှညိ့ချိန်နဲ့ကွတ်တိတိုးတော့သည်။ ဆေးရုံမှာ လင်းခန့်တို့ရှယ်ယာ၀င်ထားသည့်ဆေးရုံပင်
Prof: ကိုနေဘုန်း ။ဒါကိုနေဘုန်းချွေးမလား။
ခန့်ပါးပါး :ဟုတိပါတယ်
Profက ခင့်ကို :ညမ ဒီရက်ပိုင်းခေါင်းမူးတာ ခဏခဏပဲလား ။
ခင် ;ဟုတ် ဆရာ။
Prof: အင်း ။ congratulations ပါဗျာ ။ ဒီကညမမှာ ကိုယ်၀န်ေလးပတ်ရှိနေပါပြီ။
ခန့်: တကယ်လားဗျာ ဟုဆိုကာမျက်ရည်ဝဲလျှကိ
Prof:အမျိုးသမီး2ယောက်အတူနေလို့ကိုယ်၀န်ရတာ ကျနော့လူနာသက်တမ်းမှာဒါပထမဆုံးပဲ။ ဖြစ်နိုင်ပါတယ် ဘာလို့လဲဆိုတော့ ဒီက ညီလေးမှာ ကျားဟော်မုန်းတွေတွေ့ရတယ်။ ဒါကြောင့်ပါ။ ကျနော့ခွင့်ပြုပါဦး။မနက်ဖြန်လောက်ဆေးရုံကဆင်းလိုကရပါပြီ။ ဆေးရုံကဆင်းရင် OGနဲ့တန်းပြဖိုါအကြံပေးချင်ပါတယ်
ခင့်ပါးပါး :yes yes. ငါမြေးချီရတော့မယ်ကွ။
ခနိ့ပါးပါး :ဒါပဲသားကြီးရေ။
ကာယကံရှင်တွေထက်ပိုပျော်နေသောအဖေများ
ခန့်မားမား ;ကဲကဲ ကျမတို့ပြန်ရအောင် ကလေးတွေလွတ်လွတ်လပ်လပ်နေပါစေ။ သမီးအတွက် ကြက်ပေါင်းပြန်လုပ်လိုက်ဦးမယ်။
အားလုံးပြန်သွားတော့မှ
ခန့်က : မ အဆင်ပြေရဲ့လား။ ဘယ်လိုနေသေးလည်း
ခင် :ဟင့် ဆိုသောရှိုက်သံလေးကြောင့် လင်းခန်ပျာယာခပ်သွားသည်။
ခန့် : မ ဘာဖြစ်လို့လဲ။
ခင် :ပျော်လို့ပါမောင် ရယ် ။ပျော်လို့ပါ။ တို့ကို မထားခဲ့နဲ့နော်
ခန့် :မ ရယ်ဘာတွေပြောနေတာလဲ။ ဘာလို့မောင်ကထားခဲ့ရမှာလည်းမဟုတ်တာတွေ။ မနားမှာမောင်က အမြဲရှိနေမှာ။ ခု မောင်တို့ဘ၀ထဲကို ချစ်စရာကလေးလေးတစ်ယောက်လဲ၀င်လာတော့မှာ။ မပြန်အိပ်လိုက်ဦး အားရှိအောင်။
ခင် :မောင်လည်းအိပ်
ခန့် ;ဟုတ်ပါပြီဗျာ ဟုဆိုကာ ခင့်လက်လေးအားခင့်ဗိုက်ပေါ်တင်ကာ အိပ်စက်ခြင်းဆီသို့.......
_________________________________________
10.6.2023
#Wan511
12:41
လူအိပ်ချိန်ဖြစ်သွားလို့ sorry ပါ
လင်းခန့်မောင်တို့ကို မကြာခင်ခွဲရတော့ပါမယ်🥺