i...
မနေ့ညက အိပ်ယာဝင်နောက်ကျသည်မို့ ဒီနေ့မနက် ကျောင်းရောက်သည်မှာ ၁၅မိနစ်ပင် လွန်သွားပြီ...ကျောင်းရောက်တော့ နိုင်ငံတော် သီချင်းလည်း ဆိုပြီးပြီ အတန်းလည်းစနေပြီဖြစ်တာကြောင့် နွေဦး အဝင်အဝ အပေါက်မှ လက်ညှိုးကလေးအား နှုတ်ခမ်းနားတွင်တေ့ခါ ဆရာ့အား ဝင်ခွင့်ပြုရန် တောင်းဆိုလေသည်။
"ဆရာ...ဝင်ခွင့်ပြုပါ.."
"မောင်နွေဦး နောက်ကျလှချည်လား.."
"ညက အိမ်စာလုပ်ရင်း အိပ်ယာဝင်နောက်ကျသွါးလို့ပါ ဆရာ.."
"အေး..အေး..ဝင်ကွာ..နောက် အတန်း နောက်မကျစေနဲ့ပေါ့..."
"ကျေးဇူးတင်ပါတယ်ဆရာ..."
"ဝင် ဝင်.."
နွေဦး အတန်းထဲဝင်လာတော့ နွေဦးအား မျက်စိတစ်ဆုံးလိုက်ကြည့်နေသော ဟိုကျောင်းသားသစ်...
နွေဦး ပထမဦးဆုံးအနေနှင့်တော့ ဟံသာဦးအား ကြောက်မိသည်...။
"ကလေးလေး ရောက်ပြီလား..နောက်ကျတယ်နော်.."
ဟံသာဦးဖယ်မှ နွေဦး သူ့နေရာက ထောင့်ကလေးကို ရမည်ဖြစ်သော်လည်း ကြောက်ချမ်းတုန်သော စိတ်အစုံက ရှေ့မဆက်ရဲ.. လွတ်နေသည့် ဘေးခုံလေးမှာဝင်ထိုင်သည်။
"ကလေးလေးက ကိုယ့်ဘေးလာမထိုင်တော့ဘူးလား.."
နွေဦး သူ့အား ကြည့်တော့ သူသည် အပြုံးကလေးအားဆင်မြန်းလို့.. စတွေ့ကတည်းက မျက်နှာတစ်ချက် မဲ့သွားတာမျိုးတို့ ဒေါသထွက်တာမျိုးတို့ကို နွေဦး မမြင်ဖူးပေ..။
"ကိုယ်ပြောတာကြားလား.."
အသံက မာလာသည်မို့ အတွေးတို့ကို ဖယ်ခါ ထိုင်နေရာမှ ထရင်း ခြေထောက်တို့ကို ဘေးတစ်ချက် ကပ်ပေးခါ လမ်းဖယ်ပေးထားသော ဟံသာဦးကြောင့် နွေဦး မျက်စိစုံမှိတ်ခါ အထဲသို့ အတင်းဝင်မိသည်။
..ဟူး..တော်သေးတာပေါ့ နေရာကလေးရသွားလို့...
သက်ပြင်းချခါ ဆရာ ဝှိုက်ဘုတ်ပေါ် တင်ပေးထားသော စာတို့ကို ဗလာစာအုပ်အမြန်ထုပ်ရင်းလိုက်လံကူးနေသည်..။
"တင် ဒေါင် ဒင်.."
ပါးစပ်က ရွတ်လိုက်သော အချက်ပေးအသံက တစ်ကိုယ်လုံးကို ကြက်သီးမွှေးညှင်းများ ထသွားစေသည်။
ဘာလဲဟူသော အကြည့်နှင့် သူ့အား မျက်နှာလွှဲကြည့်တော့..
"နောက်ကျလို့ အပြစ်သားကို အပြစ်ပေးရမယ်.."
"ဟမ်.."
"အဲ့ သနားစရာမျက်နှာကဘာလဲ..မသိရင် ငါကဘဲ တမင်နှိပ်စက်နေသလိုလို..."
အဆုံးသတ်မှာ မျက်လုံးလေးတွေ မှိတ်ကျသွားအောင် ပြုံးလိုက်သော ဟံသာဦးသည် ကျပ်ကော ပြည့်ပါရဲ့လားမသိ။
-ရွှက်! -
လက်ဖျံကလေးအား ခဲချွန်ထားနဲ့ လှမ်းလှီးလိုက်သည်မို့ ကွဲဟသွားသော အသားဆိုင်နှစ်ခုထဲမှ သွေးတို့က ချက်ချင်းပင်ထွက်လာလေသည်။
"အ့.."
အော်သံက စာရွတ်သံနဲ့ ရောထွေးနေသည်မို့ မည်သူမှမကြားလိုက်ပေ...။
"နာလား..."
"မင်းဘာလုပ်တာလဲ..ငါ ဆရာနဲ့တိုင်မှာ.."
"တိုင်ပေါ့ ဒါမဲ့ တိုင်ရင် မင်းသေပြီဘဲ"
နှာခေါင်းအား လက်မနဲ့ တရှူးရှူးအသံထွက်အောင်ပွတ်တိုက်ခါ သွားစွယ်တွေပေါ်အောင် ပြုံးပြသည်။ကြောက်လန့်သွားသောနွေဦးက သူ့ရှေ့က စိတ္တဇလူသားအား နားမလည်နိုင်စွာ မျက်ခုံးတွေ စုကြုတ်၍ကြည့်သည်။
"အပြစ်ပေးတာ.."
"ဘာ ဘာလို့လဲ.."
"မင်းက ငါ့အစေခံလေ.."
"မင်းလုပ်ရက်က လွန်လာပြီကွာ ငါတို့ ဘာရန်ညှိုးမှ မရှိဘူး မဟုတ်လား.."
"မရှိဘူးလား ဪ....မင်းသာ ငါနဲ့ ရန်ညှိုးရှိရင် မင်း နောက်ဘဝကူးတဲ့ တံတားပေါ်ရောက်နေလောက်ပြီ.."
"အရူး.."
တိုးတိုးကလေး ရေရွတ်လိုက်သည်မို့ သူကိုယ်တိုင်ပင် ကြားလိုက်မည်မထင်..။
သွေးထွက်နေသော လက်ကလေးကိုသာ တစ်ရှူးနဲ့ ဖိအုပ်ထားလိုက်သည်..။အများကြီးကွဲသွားသည်မဟုတ်ပေမဲ့ အရေပြားအပေါ်ယံကိုထိသွားသည်ကြောင့် သွေးအနည်းငယ်နှင့် စပ်ဖျင်းဖျင်းအရသာကတော့ ရှယ်ဆိမ့်နေသည်။
"ကလေးလေး..ကိုယ့်စာအုပ်ထဲ အရင်ကူးထည့်ပေး..."
နွေဦး မျက်မှောင်ကြီး ကြုတ်ခါ သူ့လက်ထဲက စာအုပ်အား ဆွဲယူသည်...နို့မို့ မကူးပေးဘူးပြောရင် ထိုနေရာ၌ပင် တကယ်အသက်ပြောက်သွားနိုင်သည်...။
"ကလင်း..ကလင်..ကလင်.."
"အားလုံးနှုတ်ဆက်မယ်.."
"ကျေးဇူးတင်ပါတယ်ဆရာ..."
"ထိုင်ထိုင် နောက်တစ်ချိန်ဆရာမ မလာမချင်း အရမ်းဆူမနေနဲ့.."
"ဟုတ်ကဲ့ပါ.."
...."ဝေး...နွေဦး..."
စိုင်းမင်းမောင်တို့အဖွဲ့ကြောင့် နွေဦး စိတ်အိုက်သွားသည်။လေပူတွေကိုမှုတ်ထုတ်လျှက် နောင်အရေးကိုကြိုတွေးခါ ပူပင်လှပါသည်။
ရှေ့ခန်း နောက်ခန်းမို့ ဒီကောင်တွေ အတန်းဟချိန်မှာ ထွက်လာကြတာဘဲနေမှာ..
"ခါတိုင်းလိုဘဲ...ထုတ် ထုတ်..မြန်မြန်"
"ငါတကယ် ပိုက်ဆံပါမလာဘူး.."
"ဘာ..လာလိမ်နေတယ်..ဟေ့ရောင်တွေ ရှာကြ.."
ကျောပိုးအိတ်အား အတင်းဖြဲရဲ ရှာဖွေသော်လည်း မည်သည့်ပိုက်ဆံမှမတွေ့သည်ကြောင့် စိုင်းမင်းမောင် သက်ပြင်းကြီးချသည်..။
"ဒီကောင့်ကိုယ်ထဲမှာရှိလိမ့်မယ်..ရှာစမ်း.."
ထိုကောင်တွေက လက်တွေကိုချုပ်ထားသည်မို့ စိုင်းမင်းမောင်က နွေဦးလည်ပင်းမှ စခါ ပွတ်သပ်ပြီး နေရာစုံရှာသည်..။ရင်ဘက်တွေ ဆုတ်နယ်ရင်း ကိုင်နေသည့်စိုင်းမင်းမောင်က သဘောတွေ့နေသည့်ပုံ...
ဝမ်းဗိုက်သို့လျောဆင်းလာသော လက်တစ်စုံကို ဓားနဲ့ပစ်ပေါက်လိုက်ခြင်းခံရသဖြင့် စိုင်းမင်းမောင် အထိနာသွား၏။အခန့်မသင့်လို့ ချော်ချက်သွားရင် နွေဦးရဲ့ အူတွေပွင့်သွားလောက်ပါသည်..။
"အား..ဘယ်ကောင်ပစ်တာလဲ..."
"ငါ့ အစေခံကို မင်းတို့ထိစရာမလိုဘူး.."
"ဘာ..."
ဟံသာဦး ပါဝင်လာသော စကားဝိုင်းကြောင့် စိုင်းမင်းမောင် တို့ရော အတန်းထဲက မိန်းကလေးတွေပါ လှည့်ကြည့်ကုန်ကြပြီ...
"မင်း ထိစရာမလိုဘူးလို့.."
ဒေါသထွက်သွားသည့် စိုင်းမင်းမောင်က ဟံသာဦးကိုထိုးဖို့အရွယ်
"ငါကိုယ်တိုင် ဆုံးမမယ်..."ဟူ၍ပြောလာသူကား ဟံသားဦး....
မျက်မှောင်ကြုတ်သွားသော စိုင်းမင်းမောင်သည် နားလည်သွားသလိုလို တစ်ချက်ပြုံးသည်။
နွေဦးသည် အ့ံဩမှင်သတ်ရလောက်အောင်ကိုပင် အသက်ရှူဖို့မေးနေသည်...။ဟံသာဦးက နွေဦးရှေ့က စားပွဲခုံရှည်ပေါ် လက်ထောက်ခါ..
"ဒီမှာအဆင်မပြေဘူး.. ဂိုထောင်ဘက်သွားကြမယ်.."
တစ်ဖတ်စီမှ ချုပ်ကိုင်သွားသော စိုင်းမင်းမောင်အပေါင်းအပါတွေသည် နွေဦးအား ဂိုထောင်ဘက်သို့ အတင်းခေါ်ဆောင်သွားလျှက်ရှိသည်...။
-ဝုန်း-
စာအုပ်အဟောင်းတွေ စည်ထားသော စာအုပ်ပုံကြီးရှိရာထံသို့ စောင့်တွန်းလိုက်တော့ တစ်ထွာလောက်ရှိသည့် ကြိုးချည်ထားသော စာအုပ်တွေသည် တစ်အုပ်ပြီးတစ်အုပ် နွေဦးအပေါ်သို့ ပြုတ်ကျလာလေသည်..။
"အား...အ့..."
လက်ပိုက်ရင်း ပြုံးကြည့်နေသော ဟံသာဦးသည် ကြေနပ်အားရနေသယောင်..စိုင်းမင်းမောင်ကတော့ အနည်းငယ် စိတ်ပူသွားသယောင်ရှိသည်..။
ဘာကြောင့်လဲဆိုတော့ နွေဦးအဖေသည် စိုင်းမင်းမောင်၏ မိသားစုအပေါ် သူ့အပစ်တွေကို ပုံချခဲ့သည်ကြောင့်ဖြစ်၏။ နွေဦးအဖေအိမ်မှာ ဒရိုင်ဘာလုပ်နေသည့် စိုင်းမင်းမောင်အဖေဟာ ကားတိုက်မှူတစ်ခုမှာ နစ်နာသူဖြစ်ခဲ့သည်။အရင်က နာမည်ဆိုးရှိပြီး ခါးပိုက်နှိုက်အလုပ်ကိုလုပ်ခဲ့သည့် စိုင်းမင်းမောင်အဖေသည် ထိုအလုပ်ကိုစွန့်လွှတ်ပြီး နွေဦးအဖေတို့အိမ်မှာ ရရာဒရိုင်ဘာဝင်လုပ်သည် ။သို့သော် နွေဦးအဖေဟာ ထိုနေ့က ဒရိုင်ဘာမပါဘဲ မောင်းနင်လာသည့်ကားသည် လူတစ်ယောက်အားဝင်တိုက်မိခဲ့သည်။ ပိုက်ဆံရှိ အသိုင်းအဝိုင်းကဆိုတော့ ပိုက်ဆဲလေးနည်းနည်းပါးပါး အရာရှိလက်ထဲထည့်ရင်း အပစ်ဒဏ်ကို ရှောင်လွှဲခဲ့သည်။ ဒါပေမဲ့ ထိုအပစ်ဒဏ်သည် စိုင်းမင်းမောင် အဖေကို ရော်ကြေးငွေး သိန်း ၂၀၀ပေးပြီး သူ့အစားထောင်ထဲစေလွှတ်ခဲ့ပါသည်။ ထိုအဖြစ်အပျက်တွေကြောင့် စိုင်းမင်းမောင်တစ်ယောက် ထိုမိသားစုအပေါ် ပြနမလက်စားချေရန် အင်အားမရှိသဖြင့် ရရာလူကိုသာ မဲရင်း သူ့ဒေါသတွေအား ဖြေဖျောက်ခဲ့သည်။
နာကျည်းမှုကြောင့် အခုလို နွေဦးအပေါ်နေ့စဉ်သွားနှောက်ယှက်နေသော်ငြား နာကျင်ရပါစေ ဆိုသောအတွေး တစိုးတစိမျှမပါခဲ့ပါ...
ယခုညမျက်မြင်တွင်တော့ နွေဦးကို ကိုယ့်ထက် ပိုနှိပ်ဆက်ချင်သည့် လူတယောက်က ကိုယ့်ရှေ့တွင် ရှိနေလေသည်..။
"ကလေးလေး စိတ်မဆိုးဘူးမှလား..ကိုယ်တို့က ဓားလေးနဲ့ ခဏ ကစားရုံဘဲလေ နော်..."
စာအုပ်ပုံအောက် ပိနေသော နွေဦးသည် အင်္ကျီတစ်ထည်လုံး ဖုန်တလောလောနှင့်...အဝါနုရောင်ဘက်သန်းသော ဟော်ဒီ ကုဒ်ကလေးကလည်း ဖုန်တွေ ကြောင့် မဲတူးလို့...
"ဟံသာဦး..မင်း..မင်း..စိတ္တဇကောင်.."
စိတ်ရှိတိုင်း အော်ဟစ်ပစ်လိုက်သည်မို့ ကျောင်းဂိုထောင်တွင်းရှိ အသံကြီးက ပဲ့တင်ထပ်သွားလေသည်။
"ကဲ....... အော်လို့ပြိးပြီဆိုရင် ကိုယ့်ကလှည့် နာမှာမို့လို့ မျက်စိကလေးမှိတ်ထား.."
"ဟင့်အင်း... ငါ ငါ မလုပ်ချင်ဘူး..ငါရှိခိုးပါးမယ် ဒီလိုမျိုး လက်အုပ်ချီပြီးတော့လေ...နော် နော်..ငါတောင်းပန်ပါတယ်"
"တင် ဒေါင် ဒင်"
ဘယ်ဘက်လက်အား အတင်းဆွဲယူခါ အသားလွှာအရေပြားတွေကို ဓားချွန်ချွန်နဲ့ အစိမ်းလက်လက် ထိုးခွဲနေသည်မှာ မနာဘဲနေမလားလေ...
နာလွန်းသည်ကြောင့် ရှူးများပင် ထွက်ကျလာသည့်အဖြစ်..
မည်သူမှ ဝင်မတားကြဘူးနဲ့တူပါရဲ့..
"စိုင်းမင်းမောင် မင်းဘာလုပ်နေတာလဲ...ကူတားပေးပါအုံး...ငါတောင်းပန်ပါတယ်ကွာ ငါပိုက်ဆံတွေပေးပါ့မယ် အီး ဟီး ..အင့် အဟင့် "
ဪ..ငါမေ့သွားတယ် မင်းနဲ့ ငါက ရန်သူတွေဖြစ်နေခဲ့တာဘဲ................လောကင်္ကြီးရယ်.........
"ဒါက ကျောင်းနောက်ကျလို့အပစ်ပေးတာ..ဟောဒါက ငါ့စကား နားမထောင်လို့.. ဒီဟာကတော့ ငါ့ကို ပြန်ခံပြောလို့..မှတ်ထား နောက်တစ်ခါ ကျ ပိုဆိုးမည်..."
သွေးတစ်စက်စက်ကျနေသော ခဲချွန်ဓားကလေးသည် ဟံသာဦးလက်ထဲ၌ စိတ္တဇဆန်စွာ မူပိုင်ရှင်နှင့်အတူ တည်ရှိနေလေသည်...။
လန့်လွန်းလို့ ရှူးတွေနှင့်အတူ ထိုနေရာ၍ မေ့မျောသွားသော နွေဦးသည် ပကတိ သနားစရာ ကောင်းလွန်းလှသည်..။
"ကျွတ် ကျွတ် ကျွတ်..."
ထိုနေရာ၌ သူတို့သုံးယောက်စလုံးသည် အတွေးတွေ တယောက်တစ်မျိုးစီနှင့် ရှိခဲ့ကြသည်...။
စိုင်းမင်းမောင် လက်ကလေးသည်လည်း ဓားချက်ကြောင့် သွေးတွေ လှိမ့်စီးနေသော်လည်း သူကြည့်နေတဲ့သူက နွေဦးတယောက်တည်းသာ.............
.........
zawgyi...
မနေ့ညက အိပ်ယာဝင်နောက်ကျသည်မို့ ဒီနေ့မနက် ကျောင်းရောက်သည်မှာ ၁၅မိနစ်ပင် လွန်သွားပြီ...ကျောင်းရောက်တော့ နိုင်ငံတော် သီချင်းလည်း ဆိုပြီးပြီ အတန်းလည်းစနေပြီဖြစ်တာကြောင့် နွဦေး အဝင်အဝ အပေါက်မှ လက်ညှိုးကလေးအား နှုတ်ခမ်းနားတွင်တေ့ခါ ဆရာ့အား ဝင်ခွင့်ပြုရန် တောင်းဆိုလေသည်။
"ဆရာ...ဝင်ခွင့်ပြုပါ.."
"မောင်နွဦေး နောက်ကျလှချည်လား.."
"ကျေးဇူးတင်ပါတယ်ဆရာ..."
"ဝင် ဝင်.."
နွဦေး အတန်းထဲဝင်လာတော့ နွဦေးအား မျက်စိတစ်ဆုံးလိုက်ကြည့်နေသော ဟိုကျောင်းသားသစ်...
နွဦေး ပထမဦးဆုံးအနေနှင့်တော့ ဟံသာဦးအား ကြောက်မိသည်...။
ဟံသာဦးဖယ်မှ နွဦေး သူ့နေရာက ထောင့်ကလေးကို ရမည်ဖြစ်သော်လည်း ကြောက်ချမ်းတုန်သော စိတ်အစုံက ရှေ့မဆက်ရဲ.. လွတ်နေသည့် ဘေးခုံလေးမှာဝင်ထိုင်သည်။
နွဦေး သူ့အား ကြည့်တော့ သူသည် အပြုံးကလေးအားဆင်မြန်းလို့.. စတွေ့ကတည်းက မျက်နှာတစ်ချက် မဲ့သွားတာမျိုးတို့ ဒေါသထွက်တာမျိုးတို့ကို နွဦေး မမြင်ဖူးပေ..။
"ကိုယ်ပြောတာကြားလား.."
အသံက မာလာသည်မို့ အတွေးတို့ကို ဖယ်ခါ ထိုင်နေရာမှ ထရင်း ခြေထောက်တို့ကို ဘေးတစ်ချက် ကပ်ပေးခါ လမ်းဖယ်ပေးထားသော ဟံသာဦးကြောင့် နွဦေး မျက်စိစုံမှိတ်ခါ အထဲသို့ အတင်းဝင်မိသည်။
"တင် ဒေါင် ဒင်.."
"ဟမ်.."
-ရွှက်! -
"အ့.."
"နာလား..."
"အပြစ်ပေးတာ.."
"ဘာ ဘာလို့လဲ.."
"မင်းက ငါ့အစေခံလေ.."
"အရူး.."
နွဦေး မျက်မှောင်ကြီး ကြုတ်ခါ သူ့လက်ထဲက စာအုပ်အား ဆွဲယူသည်...နို့မို့ မကူးပေးဘူးပြောရင် ထိုနေရာ၌ပင် တကယ်အသက်ပြောက်သွားနိုင်သည်...။
"ကလင်း..ကလင်..ကလင်.."
"အားလုံးနှုတ်ဆက်မယ်.."
"ကျေးဇူးတင်ပါတယ်ဆရာ..."
"ဟုတ်ကဲ့ပါ.."
...."ဝေး...နွဦေး..."
"အား..ဘယ်ကောင်ပစ်တာလဲ..."
"ဘာ..."
နွဦေးသည် အံ့ဩမှင်သတ်ရလောက်အောင်ကိုပင် အသက်ရှူဖို့မေးနေသည်...။ဟံသာဦးက နွဦေးရှေ့က စားပွဲခုံရှည်ပေါ် လက်ထောက်ခါ..
တစ်ဖတ်စီမှ ချုပ်ကိုင်သွားသော စိုင်းမင်းမောင်အပေါင်းအပါတွေသည် နွဦေးအား ဂိုထောင်ဘက်သို့ အတင်းခေါ်ဆောင်သွားလျှက်ရှိသည်...။
-ဝုန်း-
စာအုပ်အဟောင်းတွေ စည်ထားသော စာအုပ်ပုံကြီးရှိရာထံသို့ စောင့်တွန်းလိုက်တော့ တစ်ထွာလောက်ရှိသည့် ကြိုးချည်ထားသော စာအုပ်တွေသည် တစ်အုပ်ပြီးတစ်အုပ် နွဦေးအပေါ်သို့ ပြုတ်ကျလာလေသည်..။
"အား...အ့..."
နာကျည်းမှုကြောင့် အခုလို နွဦေးအပေါ်နေ့စဉ်သွားနှောက်ယှက်နေသော်ငြား နာကျင်ရပါစေ ဆိုသောအတွေး တစိုးတစိမျှမပါခဲ့ပါ...
ယခုညမျက်မြင်တွင်တော့ နွဦေးကို ကိုယ့်ထက် ပိုနှိပ်ဆက်ချင်သည့် လူတယောက်က ကိုယ့်ရှေ့တွင် ရှိနေလေသည်..။
စာအုပ်ပုံအောက် ပိနေသော နွဦေးသည် အင်္ကျီတစ်ထည်လုံး ဖုန်တလောလောနှင့်...အဝါနုရောင်ဘက်သန်းသော ဟော်ဒီ ကုဒ်ကလေးကလည်း ဖုန်တွေ ကြောင့် မဲတူးလို့...
"တင် ဒေါင် ဒင်"
လန့်လွန်းလို့ ရှူးတွေနှင့်အတူ ထိုနေရာ၍ မေ့မျောသွားသော နွဦေးသည် ပကတိ သနားစရာ ကောင်းလွန်းလှသည်..။
"ကျွတ် ကျွတ် ကျွတ်..."
စိုင်းမင်းမောင် လက်ကလေးသည်လည်း ဓားချက်ကြောင့် သွေးတွေ လှိမ့်စီးနေသော်လည်း သူကြည့်နေတဲ့သူက နွဦေးတယောက်တည်းသာ.............
.........