Part 2
Uni...
"မင်္ဂလာပါ ဆရာ...."
ဆရာက တုတ်တစ်ချောင်းနှင့် စာအုပ်ကြီးတစ်အုပ်ကိုင်ခါ အတန်းထဲဝင်လာတော့ စည်းချက်ညီသော နှုတ်ဆက်မှုနှင့် ဆီလျော်လှသည်...။
"ထိုင်ကြ..ထိုင်ကြ..."
ဆရာက မသန့်ရှင်းရသေးသော ဝှိုက်ဘုတ် ကြီးအား ဒက်စတာတစ်ခုနှင့် သန့်ရှင်းနေသည်...ဘာသာရပ်ဆရာ အတန်းပိုင်မြန်မာဆရာသည် သိပ်ကို သဘောကောင်းသည့် လူတစ်ဦးဆိုလဲမမှားပေ...။
ဆရာစာမသင်ခင် လေသံတို့နှင့် ပြည့်နှက်နေသော ထိုစာသက်ခန်းကြီးသည် စာကလေး အိပ်တန်းတက်သလို ဆူညံနေပြီး
ဘာတွေပြောလို့ပြောမှန်းမသိအောင် လေသံပင်မတိုးပေ။
အချင်းချင်း ကျောင်းဂိတ်က ဝယ်လာသည့် ပြောင်းဖူးစိတွေနှင့် ဟိုဘက်ကလူကိုပစ်လိုက် ဒီဘက်ကလူကိုပစ်လိုက်နှင့် ပြောင်းဖူးစိတွေ လေထဲ ဝဲပျံနေလေသည်။ တခါတရံ ပြောင်းဖူးရိုးတွေပင်ပါတက်သေးသည်။.. သေချာတာကတော့ ဒါဟာ ကျောင်းသား ဘဝပင်ဖြစ်လေသည်။
"တော်ပြီ တော်ပြီ..စကားများတာတွေရပ်..စကားပြေ စာအုပ်ထုတ်...စီးချင်းတိုက်ပွဲ ခက်ဆစ်တွေ အရင်ဆို..ဘယ်နှလုံးရှိလဲ.."
"၁၈လုံးပါ.."
ကျောင်းသားတို့က ဝိုင်းစုကာအော်လေတော့ ဆရာက ခေါင်းညှိမ့်ခါ ဆိုသညိ။
"ပထမအလုံးက စဆို..."
"နှုတ်ရေး.....စကားဖြင့်ပြောဆိုဆောင်ရွက်ခြင်း၊ အပြောစွမ်းရည်...။ ။ လက်ရေး............"
စည်းချက်ဝါးချက် ကိုက်ခါ အားလုံးက တညီတညာထဲ ဆိုကြလေတော့ ဆရာက ခေါင်းတစ်ညှိမ့်ညှိမ့်နှင့် အတန်းထဲ လှည့်လည်ကြည်ရှုစစ်ဆေးနေသည်။
"တစ်ကြောင်းကို သုံးခေါက်ရွတ်..ပြီးရင် အလွတ်ဆိုရမယ်.."
သုံးခေါက်ရွတ်ပြီးသည့်အခါ အလွတ်ဆိုရမည်ဖြစ်သောကြောင့် စာအုပ်တွေ ခုံအောက်ထည့်လိုက်ရသည်..။
ဒါပေမဲ့ ခုံအောက်ထဲသာထည့်တာ စာအုပ်မပိတ်ဘဲ ခိုးကြည့်ဆိုနေသော ကျောင်းသားတို့သည် တကယ့် အပေတေလေးများပင်ဖြစ်လေသည်။... ကျောင်းသားဘဝ ချစ်စရာကောင်းလွန်းလှပါသည်..။
ထို့နောက် ဆရာ့အား ရုံးခန်းမှ စာရေးက လာတွေ့သည်မို့ အတန်းအပေါက်ဝ၌ စကားရပ်ပြောနေကြလေသည်။
ထိုအခါ တစ်ဖန်ထပ်ပေါ်လာသော စာကလေးတွေလို ဆူညံသံက အတန်းထဲ သိသိသာသာ ဝေါခနဲ တစ်လုံးတစ်ထွေးကြီး ထွက်ပေါ်လာပြန်သည်။
"ဟေ့ ဟေ့..."
ဖြောင်း ဖြောင်း
ကြိမ်လုံးနဲ့ ဝှိုက်ဘုတ်အား နှစ်ကြိမ်တိတိရိုက်လိုက်သည်မို့ အားလုံးက တိတ်ဆိတ်သွားပြန်သည်..။
"ကဲ..ကဲ..အားလုံးသိထားရအောင် ဆရာက ပြောစရာရှိတယ်.. ဆရာတို့အတန်းမှာ လူသစ်ရောက်တယ် နွေးနွေးထွေးထွေး ဆက်ဆံပေးကြပါအုံး..ကဲ လူသစ်လေး မတ်တပ်ရပ်ပါအုံး..."
ချက်ချက်းကြီး ထလာသည်မဟုတ်ဘဲ ခဏကြာမှ နောက်ဆုံးအတန်းမှ ထလာသည်မို့....
"အားလုံး သိပြီးသားဖြစ်မှာပါ..ကျွန်တော်က လွန်ခဲ့တဲ့ လေးနှစ်က လူရိုက်မှုနဲ့ ကျောင်းနားခံထားရတဲ့ ဟံသာဦး..."
ဘွင်းဘွင်းကြီး နှုတ်ဆက်ခြင်းခံလိုက်ရသော ကျောင်းသားတိုင်းလိုလိုသည် ပါးစပ်အဟောင်းသားနှင့်ဖြစ်သွားကြပြီး....
ဆရာသည်လည်း ထိုကျောင်းသားရဲ့ နှုတ်ဆက်ပုံကြောင့် အနည်းငယ် လန့်သွားသယောင်ရှိသည်..။
"အဟမ်း...ဟုတ်ပြီ...ထိုင် ထိုင်...စကားမများနဲ့ စာအုပ်ထဲ ခက်ဆစ်တွေ ကြည့်တစ်ခေါက် အလွတ်တစ်ခေါက်ချရေး.. ခိုးမချကြနဲ့နော်.."
"မချပါဘူး.."
သို့သော်လည်း အများစုက ခိုးချကြပါသည်..။
နွေးဦးဘေးမှာထိုင်နေသူက အခြားသူမဟုတ် ဟံသာဦးပင်ဖြစ်လေသည်။ အစက သုံးယောက်တန်းမှာ တစ်ယောက်ထဲထိုင်ရသော နွေဦးသည် ယခုတွင်မူတော့ နောက်တစ်ယောက်ထပ်တိုးလာပြီဖြစ်၏။
ပထမဦးဆုံးရက်တွင် ကျွန်တော်တို့ နှစ်ဦးသည် တိတ်ဆိတ်မှုဖြင့်သာ ဖြတ်သမ်းရလေသည်...။ နောက်တစ်ရက်က စလို့ ထိုလူသည် ကျွန်တော့် ဘဝအား စတင်ချယ်လှယ်သူတစ်ယောက် ဖြစ်လာခဲ့တော့သည်..။
ရေစက်ဆိုတာ ဒါမျိုးလား...
ဒါဆိုရင်တောင် ရေစက်ဆိုးဘဲဖြစ်လိမ့်မယ်...
ကျွန်တော်တို့နှစ်ယောက်စလုံးထံတွင် အဆုံးသတ်တူသော နာမည်စာလုံးကလေးတွေ ရှိခဲ့ကြသည်မှာ ဧကန်ပင်...
"မင်းက...လူလား စာခြောက်ရုပ်လား"
တော်ရုံနဲ့ ပြန်မဖြေသော နွေဦးအား ဟံသာဦးက ခုံပေါ် မေးထောက်လို့ကြည့်သည်..။
"မင်းက ငါ့ကို မကြောက်ဘူးလား.."
ရေးနေသောစာအုပ်ကို အဖုံးပိတ်ခါ.. ကျောပိုးအိတ်ထဲထည့်လိုက်သည်..နောက်တော့ သိမ်းစရာရှိသည့် ဘောပင် ပေတံ ခဲတံတို့အား ခဲတံအိတ်ထဲ စနစ်တကျထည့်သည်..။အသုံးအဆောင်ပစ္စည်းများအားလုံးလိုလိုက အဝါရောင်နှင့်ဆင်တူသည့် ပစ္စည်းကလေးများဖြစ်သည်ဆိုတာကို ဟံသာဦးကြည့်ရင်း ပြုံးလိုက်မိသည်။
မုန့်စားဆင်းချိန်ဖြစ်လို့ အတန်းထဲ လူအနည်းငယ်သာရှိလေသည်...။
အရေးမလုပ်သော ကလေးငယ်အား ဟံသာဦး စိတ်မရှည်စွာနဲ့ ပြုံးရင်း သူ့အိတ်ထဲမှ တစ်ခုခုကို ထုတ်နေဟန်ရှိသည်...
"ငါမေးနေတာဖြေလေ...မင်းနာမည်ဘယ်သူလဲ.."
မရှိတဲ့လူလိုလုပ်နေသော ကလေးငယ်ရဲ့ လက်အနားသို့ အရှိန်ပါပါ ဒေါက်ခနဲ စောင့်ထိုးလိုက်သော ခဲချွန်ဓားက မတ်စေ့ပြား တစ်ပြား သာသာ ကျန်တော့သည်..။
"ဟင့်..."
မျက်လုံးကလေး ပြူးခါ ဟံသာဦးအား အကြည့်ပို့လာသော ကလေးငယ်မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုတွေက အပြည့်ပါနေသည်..။
"မှတ်ထား နောက်တစ်ခါ တစ်ကယ်ထိုးမှာ အရိုးကွဲတဲ့အထိ."
"......"
လန့်သွားသော ကလေးငယ်သည် မျက်လုံးဝိုင်းကြီးနဲ့ စိတ္တဇဆန်ဆန် ပြုံးနေသော ထိုလူ့အား.ကြည့်ရင်းပင်
"ဟာ..မဖြေသေးဘူးလား.."
"နွေ...နွေဦးပါ...နှောင်းနွေဦး..."
"အဟက်..ဒီလိုမှပေါ့..ငါကလေ ငါခိုင်းတာ မလုပ်တဲ့သူဆိုရင် သေအောင် မုန်းတာ.."
"ဟုတ်..ဟုတ်ကဲ့.."
"ပထမ ရက်ကတည်းက စောက်ချိုးမပြေလို့စောင့်ကြည့်နေတာ အခုမှဘဲ စိတ်ထဲ နေသာထိုင်သာ ရှိသွားတော့တယ်.. စောက်ကလေး မင်းမှတ်ထားနော် ငါဒီနေ့ပြောထားတာတွေကို"
"ဟုတ်...."
"ရပြီ သွားတော့...ငါ့အခိုင်းအစေလေး.."
သွားဆွယ်တွေပေါ်အောင် ပြုံးလိုက်သော ထိုလူသားသည် စေတန်ရဲ့ သားတော်များလား...
ထိုနေ့ကစလို့ ကျွန်တော်ဟာ ဟံသာဦးရဲ့ အခိုင်းအစေ တစ်ယောက်အဖြစ်သို့ သိသိသာသာ ဖြစ်လာခဲ့သည်...။
"အဟက်..အားနည်းတဲ့သူကို အခုလို တိုက်ခိုက်ရတာ သေလောက်တဲ့ အရသာကောင်းတစ်ခုဘဲ...မင်းက ငါ့သားကောင်..."
.............
ကျောင်းဝန်းထဲမှာ ဆော့ကစားနေကြသော ကျောင်းသူမိန်းကလေးတွေသည် အပူအပင်ကင်းလှသည်။
သူငယ်ချင်းတွေ တစ်ဖွဲ့ကြီးနှင့် သီချင်းတကျော်ကျော်ဆိုနေကြသော ကျောင်းသားတို့ကလည်း တကယ်ကို ပျော်စရာအတိ...။
ထိုလူတွေကြားထဲ တစ်ယောက်ထဲကွက်ပြီး အဖော်မဲ့နေသော ငှက်ကလေးတစ်ကောင်သည် သူ့အဖော်ကိုသာ စောင့်မျှော်နေသော်လည်း သူ့ထံ မည်သည့် ငှက်ကမှ ရောက်မလာပါ...
"ဒေါင်းတွေထဲက ကျီးကန်းဘဲ...အဟက်.."
လက်ထဲက ပေါင်မုန့်ကလေး အား ကိုက်စားရင်း ပဲနို့ဘူးလေးနှင့်သာ ဗိုက်ဖြည့်ရသည်။ ဒါကို ပြူတင်းပေါက်မှ ပြုံးပြုံးကြီး ငုံ့ ကြည့်နေသော ဟံသာဦးသည် နွေဦးခေါင်းပေါ် ဆေးလိပ်ပြာတွေကို ခြွေချသည်..
"အဟွတ်..ဘာမှုန်တွေလဲဟ..."
အပေါ်သို့ မော့ကြည့်တော့ မီးမသတ်ရသေးသော ဆေးလိပ်အား နွေးဦးအပေါ် ထပ်မံပစ်ချပြန်သည်..။
"အ့.."
ပါးပြင်ပေါ်ကျခါ အပူလောင်သွားသည်မို့..လက်ထဲက မုန့်ရော ပဲနို့ဘူးပါ မြေပြင်ပေါ်ပြုတ်ကျသွားတော့သည်။
"အဟား..ကျောက်ရုပ်ထင်လို့..ဆောတီးဘဲ.."
ရယ်ကျဲကျဲနဲ့ စကားဆိုလာသော ဟံသာဦးသည် တမင် ပစ်ချလိုက်ပုံ...
ရဲတွတ်နေသော ပါးတစ်ဖတ်အား လက်ဖြင့်ပွတ်ကိုင်ခါ မြေပြင်ပေါ်က မုန့်တွေကိုသာ နှမြောတသစွာကြည့်နေလေသည်။
.......
"အေး ကွာမယ်..."
"ကွာ....ရှင်နဲ့မနေဘူး..ရှင်လည်း ရှင့်ဟာမနဲ့သွားနေ..."
"နေတယ် နေတယ်.."
"သွား အမျိုးယုတ်တွေ.."
အိမ်ကို ရောက်ကတည်းက အဖေနဲ့ အမေရဲ့ ရန်ဖြစ်သံတွေ... နွေဦး စာကျက်လို့မရတော့လို့ စာအုပ်ကလေးပိတ်ခါ စားပွဲခုံအံဆွဲထဲက ဆရာခို ဘူးလေးထုတ်ခါ မနက်က ဆေးလိပ်မီးထိသည့် ညာ ဘက်ပါးပြင်ရှိ မှဲ့နက်နက်ကလေးအောက်က ဒဏ်ရာပေါ် ပွတ်လိမ်းလိုက်လေသည်...
နွေဦး ကို ရပ်ကွက်ထဲက အဒေါ်ကြီးတွေက ဒီမိသားစုမှာ နေရတာ စိတ်မညစ်ဘူးလားလို့လာမေးရင် နွေဦး ပြန်၍သာ ပြုံးပြမိသည်။
နွေဦးမှာ ငြင်းပိုင်ခွင့်မရှိပါ..နွေဦးရဲ့ ကံတရားကို နွေဦးလက်ခံရမည် မဟုတ်လား..နွေဦး ရဲ့ ကံတရားက နွေဦးအား ဘယ်သောအခါမှ မျက်နှာသာမပေးပါ....။ပြောင်းလဲ၍ မရတော့သော သူ့ကံကြမ္မာကို ရင်ဆိုင်လိုက်တာဘဲ ပို၍ ကောင်းသည်မို့ နွေဦး ဒီမိသားစုထဲမှာ ဆံ့အနားမကြားသူတစ်ယောက်အဖြစ်သူ ရှင်သန်နေခဲ့သည်။
"အား ကျစ်ကျစ်..နာလိုက်တာ..."
.......
"မင်းနာတာထက် ဆယ်ဆ ပိုနာအောင် ငါက လုပ်ချင်တာ.."
တဖတ်မှာလည်း နွေဦးအား ကြိမ်းမောင်းနေသော လူတစ်ယောက်ရှိသည်...။
ဒါဟာ သေချာပေါက် နွေဦး ပေးဆပ်ရမဲ့ ဝဋ်ကြွေးတွေဘဲဖြစ်၏။
...........
Zawgyi...
Part 2
Uni...
"မဂၤလာပါ ဆရာ...."
ဆရာက တုတ္တစ္ေခ်ာင္းႏွင့္ စာအုပ္ႀကီးတစ္အုပ္ကိုင္ခါ အတန္းထဲဝင္လာေတာ့ စည္းခ်က္ညီေသာ ႏႈတ္ဆက္မႈႏွင့္ ဆီေလ်ာ္လွသည္...။
"ထိုင္ၾက..ထိုင္ၾက..."
ဆရာက မသန႔္ရွင္းရေသးေသာ ဝွိုက္ဘုတ္ ႀကီးအား ဒက္စတာတစ္ခုႏွင့္ သန႔္ရွင္းေနသည္...ဘာသာရပ္ဆရာ အတန္းပိုင္ျမန္မာဆရာသည္ သိပ္ကို သေဘာေကာင္းသည့္ လူတစ္ဦးဆိုလဲမမွားေပ...။
ဆရာစာမသင္ခင္ ေလသံတို႔ႏွင့္ ျပည့္ႏွက္ေနေသာ ထိုစာသက္ခန္းႀကီးသည္ စာကေလး အိပ္တန္းတက္သလို ဆူညံေနၿပီး
ဘာေတြေျပာလို႔ေျပာမွန္းမသိေအာင္ ေလသံပင္မတိုးေပ။
အခ်င္းခ်င္း ေက်ာင္းဂိတ္က ဝယ္လာသည့္ ေျပာင္းဖူးစိေတြႏွင့္ ဟိုဘက္ကလူကိုပစ္လိုက္ ဒီဘက္ကလူကိုပစ္လိုက္ႏွင့္ ေျပာင္းဖူးစိေတြ ေလထဲ ဝဲပ်ံေနေလသည္။ တခါတရံ ေျပာင္းဖူးရိုးေတြပင္ပါတက္ေသးသည္။.. ေသခ်ာတာကေတာ့ ဒါဟာ ေက်ာင္းသား ဘဝပင္ျဖစ္ေလသည္။
"ေတာ္ၿပီ ေတာ္ၿပီ..စကားမ်ားတာေတြရပ္..စကားေျပ စာအုပ္ထုတ္...စီးခ်င္းတိုက္ပြဲ ခက္ဆစ္ေတြ အရင္ဆို..ဘယ္ႏွလုံးရွိလဲ.."
"၁၈လုံးပါ.."
ေက်ာင္းသားတို႔က ဝိုင္းစုကာေအာ္ေလေတာ့ ဆရာက ေခါင္းညွိမ့္ခါ ဆိုသညိ။
"ပထမအလုံးက စဆို..."
"ႏႈတ္ေရး.....စကားျဖင့္ေျပာဆိုေဆာင္႐ြက္ျခင္း၊ အေျပာစြမ္းရည္...။ ။ လက္ေရး............"
စည္းခ်က္ဝါးခ်က္ ကိုက္ခါ အားလုံးက တညီတညာထဲ ဆိုၾကေလေတာ့ ဆရာက ေခါင္းတစ္ညွိမ့္ညွိမ့္ႏွင့္ အတန္းထဲ လွည့္လည္ၾကည္ရႈစစ္ေဆးေနသည္။
"တစ္ေၾကာင္းကို သုံးေခါက္႐ြတ္..ၿပီးရင္ အလြတ္ဆိုရမယ္.."
သုံးေခါက္႐ြတ္ၿပီးသည့္အခါ အလြတ္ဆိုရမည္ျဖစ္ေသာေၾကာင့္ စာအုပ္ေတြ ခုံေအာက္ထည့္လိုက္ရသည္..။
ဒါေပမဲ့ ခုံေအာက္ထဲသာထည့္တာ စာအုပ္မပိတ္ဘဲ ခိုးၾကည့္ဆိုေနေသာ ေက်ာင္းသားတို႔သည္ တကယ့္ အေပေတေလးမ်ားပင္ျဖစ္ေလသည္။... ေက်ာင္းသားဘဝ ခ်စ္စရာေကာင္းလြန္းလွပါသည္..။
ထို႔ေနာက္ ဆရာ့အား ႐ုံးခန္းမွ စာေရးက လာေတြ႕သည္မို႔ အတန္းအေပါက္ဝ၌ စကားရပ္ေျပာေနၾကေလသည္။
ထိုအခါ တစ္ဖန္ထပ္ေပၚလာေသာ စာကေလးေတြလို ဆူညံသံက အတန္းထဲ သိသိသာသာ ေဝါခနဲ တစ္လုံးတစ္ေထြးႀကီး ထြက္ေပၚလာျပန္သည္။
"ေဟ့ ေဟ့..."
ေျဖာင္း ေျဖာင္း
ႀကိမ္လုံးနဲ႕ ဝွိုက္ဘုတ္အား ႏွစ္ႀကိမ္တိတိရိုက္လိုက္သည္မို႔ အားလုံးက တိတ္ဆိတ္သြားျပန္သည္..။
"ကဲ..ကဲ..အားလုံးသိထားရေအာင္ ဆရာက ေျပာစရာရွိတယ္.. ဆရာတို႔အတန္းမွာ လူသစ္ေရာက္တယ္ ႏြေးႏြေးေထြးေထြး ဆက္ဆံေပးၾကပါအုံး..ကဲ လူသစ္ေလး မတ္တပ္ရပ္ပါအုံး..."
ခ်က္ခ်က္းႀကီး ထလာသည္မဟုတ္ဘဲ ခဏၾကာမွ ေနာက္ဆုံးအတန္းမွ ထလာသည္မို႔....
"အားလုံး သိၿပီးသားျဖစ္မွာပါ..ကြၽန္ေတာ္က လြန္ခဲ့တဲ့ ေလးႏွစ္က လူရိုက္မႈနဲ႕ ေက်ာင္းနားခံထားရတဲ့ ဟံသာဦး..."
ဘြင္းဘြင္းႀကီး ႏႈတ္ဆက္ျခင္းခံလိုက္ရေသာ ေက်ာင္းသားတိုင္းလိုလိုသည္ ပါးစပ္အေဟာင္းသားႏွင့္ျဖစ္သြားၾကၿပီး....
ဆရာသည္လည္း ထိုေက်ာင္းသားရဲ႕ ႏႈတ္ဆက္ပုံေၾကာင့္ အနည္းငယ္ လန႔္သြားသေယာင္ရွိသည္..။
"အဟမ္း...ဟုတ္ၿပီ...ထိုင္ ထိုင္...စကားမမ်ားနဲ႕ စာအုပ္ထဲ ခက္ဆစ္ေတြ ၾကည့္တစ္ေခါက္ အလြတ္တစ္ေခါက္ခ်ေရး.. ခိုးမခ်ၾကနဲ႕ေနာ္.."
"မခ်ပါဘူး.."
သို႔ေသာ္လည္း အမ်ားစုက ခိုးခ်ၾကပါသည္..။
ႏြေးဦးေဘးမွာထိုင္ေနသူက အျခားသူမဟုတ္ ဟံသာဦးပင္ျဖစ္ေလသည္။ အစက သုံးေယာက္တန္းမွာ တစ္ေယာက္ထဲထိုင္ရေသာ ႏြေဦးသည္ ယခုတြင္မူေတာ့ ေနာက္တစ္ေယာက္ထပ္တိုးလာၿပီျဖစ္၏။
ပထမဦးဆုံးရက္တြင္ ကြၽန္ေတာ္တို႔ ႏွစ္ဦးသည္ တိတ္ဆိတ္မႈျဖင့္သာ ျဖတ္သမ္းရေလသည္...။ ေနာက္တစ္ရက္က စလို႔ ထိုလူသည္ ကြၽန္ေတာ့္ ဘဝအား စတင္ခ်ယ္လွယ္သူတစ္ေယာက္ ျဖစ္လာခဲ့ေတာ့သည္..။
ေရစက္ဆိုတာ ဒါမ်ိဳးလား...
ဒါဆိုရင္ေတာင္ ေရစက္ဆိုးဘဲျဖစ္လိမ့္မယ္...
ကြၽန္ေတာ္တို႔ႏွစ္ေယာက္စလုံးထံတြင္ အဆုံးသတ္တူေသာ နာမည္စာလုံးကေလးေတြ ရွိခဲ့ၾကသည္မွာ ဧကန္ပင္...
"မင္းက...လူလား စာေျခာက္႐ုပ္လား"
ေတာ္႐ုံနဲ႕ ျပန္မေျဖေသာ ႏြေဦးအား ဟံသာဦးက ခုံေပၚ ေမးေထာက္လို႔ၾကည့္သည္..။
"မင္းက ငါ့ကို မေၾကာက္ဘူးလား.."
ေရးေနေသာစာအုပ္ကို အဖုံးပိတ္ခါ.. ေက်ာပိုးအိတ္ထဲထည့္လိုက္သည္..ေနာက္ေတာ့ သိမ္းစရာရွိသည့္ ေဘာပင္ ေပတံ ခဲတံတို႔အား ခဲတံအိတ္ထဲ စနစ္တက်ထည့္သည္..။အသုံးအေဆာင္ပစၥည္းမ်ားအားလုံးလိုလိုက အဝါေရာင္ႏွင့္ဆင္တူသည့္ ပစၥည္းကေလးမ်ားျဖစ္သည္ဆိုတာကို ဟံသာဦးၾကည့္ရင္း ၿပဳံးလိုက္မိသည္။
မုန႔္စားဆင္းခ်ိန္ျဖစ္လို႔ အတန္းထဲ လူအနည္းငယ္သာရွိေလသည္...။
အေရးမလုပ္ေသာ ကေလးငယ္အား ဟံသာဦး စိတ္မရွည္စြာနဲ႕ ၿပဳံးရင္း သူ႕အိတ္ထဲမွ တစ္ခုခုကို ထုတ္ေနဟန္ရွိသည္...
"ငါေမးေနတာေျဖေလ...မင္းနာမည္ဘယ္သူလဲ.."
မရွိတဲ့လူလိုလုပ္ေနေသာ ကေလးငယ္ရဲ႕ လက္အနားသို႔ အရွိန္ပါပါ ေဒါက္ခနဲ ေစာင့္ထိုးလိုက္ေသာ ခဲခြၽန္ဓားက မတ္ေစ့ျပား တစ္ျပား သာသာ က်န္ေတာ့သည္..။
"ဟင့္..."
မ်က္လုံးကေလး ျပဴးခါ ဟံသာဦးအား အၾကည့္ပို႔လာေသာ ကေလးငယ္မ်က္ဝန္းေတြမွာ ေၾကာက္႐ြံ႕မႈေတြက အျပည့္ပါေနသည္..။
"မွတ္ထား ေနာက္တစ္ခါ တစ္ကယ္ထိုးမွာ အရိုးကြဲတဲ့အထိ."
"......"
လန႔္သြားေသာ ကေလးငယ္သည္ မ်က္လုံးဝိုင္းႀကီးနဲ႕ စိတၱဇဆန္ဆန္ ၿပဳံးေနေသာ ထိုလူ႕အား.ၾကည့္ရင္းပင္
"ဟာ..မေျဖေသးဘူးလား.."
"ႏြေ...ႏြေဦးပါ...ႏွောင္းႏြေဦး..."
"အဟက္..ဒီလိုမွေပါ့..ငါကေလ ငါခိုင္းတာ မလုပ္တဲ့သူဆိုရင္ ေသေအာင္ မုန္းတာ.."
"ဟုတ္..ဟုတ္ကဲ့.."
"ပထမ ရက္ကတည္းက ေစာက္ခ်ိဳးမေျပလို႔ေစာင့္ၾကည့္ေနတာ အခုမွဘဲ စိတ္ထဲ ေနသာထိုင္သာ ရွိသြားေတာ့တယ္.. ေစာက္ကေလး မင္းမွတ္ထားေနာ္ ငါဒီေန႕ေျပာထားတာေတြကို"
"ဟုတ္...."
"ရၿပီ သြားေတာ့...ငါ့အခိုင္းအေစေလး.."
သြားဆြယ္ေတြေပၚေအာင္ ၿပဳံးလိုက္ေသာ ထိုလူသားသည္ ေစတန္ရဲ႕ သားေတာ္မ်ားလား...
ထိုေန႕ကစလို႔ ကြၽန္ေတာ္ဟာ ဟံသာဦးရဲ႕ အခိုင္းအေစ တစ္ေယာက္အျဖစ္သို႔ သိသိသာသာ ျဖစ္လာခဲ့သည္...။
"အဟက္..အားနည္းတဲ့သူကို အခုလို တိုက္ခိုက္ရတာ ေသေလာက္တဲ့ အရသာေကာင္းတစ္ခုဘဲ...မင္းက ငါ့သားေကာင္..."
.............
ေက်ာင္းဝန္းထဲမွာ ေဆာ့ကစားေနၾကေသာ ေက်ာင္းသူမိန္းကေလးေတြသည္ အပူအပင္ကင္းလွသည္။
သူငယ္ခ်င္းေတြ တစ္ဖြဲ႕ႀကီးႏွင့္ သီခ်င္းတေက်ာ္ေက်ာ္ဆိုေနၾကေသာ ေက်ာင္းသားတို႔ကလည္း တကယ္ကို ေပ်ာ္စရာအတိ...။
ထိုလူေတြၾကားထဲ တစ္ေယာက္ထဲကြက္ၿပီး အေဖာ္မဲ့ေနေသာ ငွက္ကေလးတစ္ေကာင္သည္ သူ႕အေဖာ္ကိုသာ ေစာင့္ေမွ်ာ္ေနေသာ္လည္း သူ႕ထံ မည္သည့္ ငွက္ကမွ ေရာက္မလာပါ...
"ေဒါင္းေတြထဲက က်ီးကန္းဘဲ...အဟက္.."
လက္ထဲက ေပါင္မုန႔္ကေလး အား ကိုက္စားရင္း ပဲနို႔ဘူးေလးႏွင့္သာ ဗိုက္ျဖည့္ရသည္။ ဒါကို ျပဴတင္းေပါက္မွ ၿပဳံးၿပဳံးႀကီး ငုံ႕ ၾကည့္ေနေသာ ဟံသာဦးသည္ ႏြေဦးေခါင္းေပၚ ေဆးလိပ္ျပာေတြကို ေႁခြခ်သည္..
"အဟြတ္..ဘာမႈန္ေတြလဲဟ..."
အေပၚသို႔ ေမာ့ၾကည့္ေတာ့ မီးမသတ္ရေသးေသာ ေဆးလိပ္အား ႏြေးဦးအေပၚ ထပ္မံပစ္ခ်ျပန္သည္..။
"အ့.."
ပါးျပင္ေပၚက်ခါ အပူေလာင္သြားသည္မို႔..လက္ထဲက မုန႔္ေရာ ပဲနို႔ဘူးပါ ေျမျပင္ေပၚျပဳတ္က်သြားေတာ့သည္။
"အဟား..ေက်ာက္႐ုပ္ထင္လို႔..ေဆာတီးဘဲ.."
ရယ္က်ဲက်ဲနဲ႕ စကားဆိုလာေသာ ဟံသာဦးသည္ တမင္ ပစ္ခ်လိဳက္ပုံ...
ရဲတြတ္ေနေသာ ပါးတစ္ဖတ္အား လက္ျဖင့္ပြတ္ကိုင္ခါ ေျမျပင္ေပၚက မုန႔္ေတြကိုသာ ႏွေျမာတသစြာၾကည့္ေနေလသည္။
.......
"ေအး ကြာမယ္..."
"ကြာ....ရွင္နဲ႕မေနဘူး..ရွင္လည္း ရွင့္ဟာမနဲ႕သြားေန..."
"ေနတယ္ ေနတယ္.."
"သြား အမ်ိဳးယုတ္ေတြ.."
အိမ္ကို ေရာက္ကတည္းက အေဖနဲ႕ အေမရဲ႕ ရန္ျဖစ္သံေတြ... ႏြေဦး စာက်က္လို႔မရေတာ့လို႔ စာအုပ္ကေလးပိတ္ခါ စားပြဲခုံအံဆြဲထဲက ဆရာခို ဘူးေလးထုတ္ခါ မနက္က ေဆးလိပ္မီးထိသည့္ ညာ ဘက္ပါးျပင္ရွိ မွဲ႕နက္နက္ကေလးေအာက္က ဒဏ္ရာေပၚ ပြတ္လိမ္းလိုက္ေလသည္...
ႏြေဦး ကို ရပ္ကြက္ထဲက အေဒၚႀကီးေတြက ဒီမိသားစုမွာ ေနရတာ စိတ္မညစ္ဘူးလားလို႔လာေမးရင္ ႏြေဦး ျပန္၍သာ ၿပဳံးျပမိသည္။
ႏြေဦးမွာ ျငင္းပိုင္ခြင့္မရွိပါ..ႏြေဦးရဲ႕ ကံတရားကို ႏြေဦးလက္ခံရမည္ မဟုတ္လား..ႏြေဦး ရဲ႕ ကံတရားက ႏြေဦးအား ဘယ္ေသာအခါမွ မ်က္ႏွာသာမေပးပါ....။ေျပာင္းလဲ၍ မရေတာ့ေသာ သူ႕ကံၾကမၼာကို ရင္ဆိုင္လိုက္တာဘဲ ပို၍ ေကာင္းသည္မို႔ ႏြေဦး ဒီမိသားစုထဲမွာ ဆံ့အနားမၾကားသူတစ္ေယာက္အျဖစ္သူ ရွင္သန္ေနခဲ့သည္။
"အား က်စ္က်စ္..နာလိုက္တာ..."
.......
"မင္းနာတာထက္ ဆယ္ဆ ပိုနာေအာင္ ငါက လုပ္ခ်င္တာ.."
တဖတ္မွာလည္း ႏြေဦးအား ႀကိမ္းေမာင္းေနေသာ လူတစ္ေယာက္ရွိသည္...။
ဒါဟာ ေသခ်ာေပါက္ ႏြေဦး ေပးဆပ္ရမဲ့ ဝဋ္ေႂကြးေတြဘဲျဖစ္၏။
...........