Uni...
"မေမေ...သား လေဆိပ်မှာ လာမကြိုနိုင်လို့ ဆောတီးပါ မေမေ.."
"နွေဦး လာ..မေမေလွမ်းနေတာ..."
နွေဦးက မေမေ့ဆီ ပြေးခါ အတင်းဖတ်ပစ်လိုက်သည်..။
ပြီးခဲ့တဲ့ နွေရာသီနှစ်က မေမေနဲ့ဖေဖေ ကွာရှင်းခဲ့ကြသည်...။
ဝမ်းနည်းလားလို့ မေးလာရင် သေချာပေါက် နွေဦး ခေါင်းကလေးခါခါ ငြင်းလိမ့်မယ်...။
ကောင်လေးက အဲ့လိုဘဲ...သူ့မှာ ပျော်ရွှင်ခြင်းရော ဝမ်းနည်းမှုပါ မရှိဘူး... တစ်ခါတစ်လေ ဟာသပြောလျှင်တောင် ရယ်ဖို့မေ့နေတက်တာမျိုး...
မေမေ က နိုင်ငံခြားမှာ အနေများခဲ့သည်မို့ ဖေဖေနဲ့ ကွာရှင်းပြီးကတည်းက မေမေသည် နိုင်ငံခြားမှာ အခြား လူတယောက်နှင့် လက်ထပ်ခဲ့လေသည်..။ ထို့နည်းတူ..ဖေဖေသည်လည်း ဂျပန်မှာ အခြားအမျိုးသမီးတစ်ဦးနှင့်အတူ အိမ်ထောင်ပြုခဲ့သည်..။
မေမေ အခု ပြန်လာတယ်ဆိုတာက ကျွန်တော့်ပထွေးအား ကျွန်တော်နှင့်အတူနေထိုင်ခါ မေမေပိုင်သော ကုမ္ပဏီအားထိန်းသိမ်းအုပ်ချုပ်ဖို့အတွက် ထားရန်ဖြစ်လေသည်..။ နွေဦးကလည်း ကျောင်းသာအရွယ်သာရှိသေးပြီး ကုမ္ပဏီကို ဦးစီးဖို့ညွှန်ကြားရန် လူလိုသေးသည်ဖြစ်တာကြောင့် နွေဦး၏မိခင်သည် ဤသို့စီစဥ်ဖြစ်ခဲ့လေသည်။
"အော..honeyရဲ့ သားလေး ကျောင်းကပြန်လာပြီလား.."
မီးဖိုဂျောင်ဘက်မှ ပျ့ံလွင့်လာသော အသံကို နွေဦး ရင်းနှီးနေသည်..။ မည်သူများပါလိမ့်ဟူသော အတွေးနဲ့အတူ အာရုံစိုက်ခါ မေမေ့ရင်ခွင်ထဲမှနေခါ စောင့်ကြည့်မိသည်..။
"တွေ့ရတာ ဝမ်းသာပါတယ်..ဦးက......ဟင်.."
"ဟင်....!!"
"........."
ဘယ်သူများလဲမှတ်တယ် တချိန်က ကျွန်တော့် ငယ်ကျွမ်းဆွေ..............
"ဟံသာဦး..."
"တင် ဒေါင် ဒင်.."
ဟံသာဦးကတော့ မျက်နှာကြီးအား တည်တ့ံလျှက် ကျွန်တော့်အား ကြည့်သည်...။အခုထိ ကြောက်နေသေးတဲ့ စိတ်က သာမာန်ထက်ပိုသည်...။
ဒီလိုမျိုး ပါးစပ်က အချက်ပေးတီးလုံးသံက သူ့အတွက် နတ်ဆိုးတမျှ ခြောက်လှမ့်နေသကဲ့သို့ အသွေးအသားထဲမှ အကြောက်တရားတွေက စိုးမိုးလာ၏။ ဘုရားရေ.... အရင်က အဖြစ်အပျက်တွေသည် သူ့ခေါင်းထဲချာချာလည်နေပြီး ပြုံစီလို့ရောက်လာနေပြီဖြစ်၏။
"အယ်...သားတို့အချင်းချင်းသိနေတာလား.."
သူ့အမေ၏ စကားသံအောက်မှာ နွေဦးသွေးပျက်စွာ ရေခဲရုပ်ထုဖြစ်သွား၏။
"မေမေ..သား ၊ သား..တယောက်ထဲနေပါရစေ..။ ဘယ်သူ့မှ အဖော်မလိုချင်ဘူး မေမေ့ ဒါလင်ကို မေမေပြန်ခေါ်သွားပါနော်.."
"နှောင်းနွေဦး...."
မေမေက နာမည်အား အပြည့်အစုံ ခေါ်လိုက်ချိန်တွင် ကျွန်တော့်ကြောက်စိတ်က နှစ်ဆပိုမိုမြင့်တက်သွားသည်..။မေမေအား ထပ်မံဖြောင်းဖျဖို့ဆိုတာမျိုး ရှိမလာနိုင်တော့ပေ။
"ကဲပါ..honeyရယ်.. နွေဦးလေးကို မဆူပါနဲ့တော့ နွေဦးနဲ့ ဒါလင်က အရင်က သိခဲ့ကြတယ်..အတော်လေးလဲ တယောက်ကိုတယောက်ကူညီခဲ့ဖူးကြတယ်.. ဟုတ်တယ် မှလား နွေဦးလေး..."
"....!!!! "
အပြုံးကလေးနှင့်မေးလာသော သူ့ရဲ့ပုံစံသည် နှစ်တစ်ရာလောက် အစာမစားခဲ့ရသည့် တစ္ဆေတစ်ကောင်နည်းတူပင်။
ဘေးရှိ မေမေသည်လည်း သူ့အား ထို့နည်းတူစွာ ကြည့်နေသည်။
"ဟုတ်..ဟုတ်ကဲ့.."
မေမေက အကြောင်းမသိ၍ တစ်ချက်ပြုံးသည်။
"ဒါလင် အပ်ပါတယ်နော် သားလေးက ပြန်မပြောနားမထောင်လေး...အသက်က နည်းနည်းဘဲကွာတော့လေ... ဘာဘဲဖြစ်ဖြစ် ဒါလင်ရဲ့ ညီလိုဘဲ သဘောထားပြီး မလိမ္မာတာရှိ ဆုံးမပေးနော်..."
"ဟုတ်ပါပြီ honey ရယ်..စိတ်သာချ..."
လွန်ခဲ့သော ကာလတွေက အတိတ်ဆိုးတို့သည် အကြောင်းအရာအသစ်တွေနှင့် ယခုအချိန်က သူ့ဆီသို့ အိပ်မက်ဆိုးတို့နှင့်အတူ သယ်ဆောင်ခါ အသစ်တစ်ဖန် ပြန်၍ စတင်လာတော့သည်။
နွေဦး သက်ပြင်းကလေးချခါ မဝ့ံမရဲကလေးနှင့် ဟံသာဦး အားကြည့်မိသည်..။
.....
"အိပ်မက်များလား...ဒါက အိပ်မက်လား.."
..... "အဟက်..ဘာလို့ အိပ်မက်လို့ထင်ရတာလဲ...ကလေးငယ် "
အခန်းထဲ ခေါက်တုံ့ ခေါက်ပြန် လှမ်းလျှောက်ခါ ဂဏာမငြိမ်သော နွေဦးသည် တစ်ခုခုကို စိုးရိမ် ပူပန်နေ၏။သို့သော် ဘယ်အချိန်ကတည်းက ဝင်ရောက်နေခဲ့သည်လည်းမသိသော ဟံသာဦးသည် အခန်းတံခါးဘောင်ကို ပုခုံးမှီ၍ လက်ပိုက်ကြည့်နေသည်မှာ နွေဦးရင်ထဲ ဗလောင်ဆူသွား၏။
"ခင်ဗျား..ဘယ်လုပ်လုပ်ပြီး ကျုပ်အခန်းထဲကို..."
ဟံသာဦးက သော့တွဲလေးကို လက်ညှိုး၌စွပ်လျှက် လှုပ်လာရမ်းပြသည်။
"ထွက်ပါ...ခွင့်ပြုချက်မပါဘဲ သူများအခန်းထဲမဝင်နဲ့..."
"ဘာရယ်...ပြန်ပြောပါအုံး.."
-ဂျောက်-
ပြောပြောဆိုဆိုနဲ့ အခန်းတံခါးလော့ကိုချခါ ကျွန်တော့်အနား ချည်းကပ်လာနေသည်မှာ ညဥ့်ဦးယံကြောင့် တိတ်ဆိတ်နေသော အခန်းတွင်း တဖျတ်ဖျတ်ခြေသံမှလွဲ၍ အခြား ဘာမှမကြားရ...ငြိမ်သက်နေသော ပတ်ဝန်းကျင်သည်လည်းကြောက်စရာ ကောင်းလှသည့် လူသတ်သမား တစ်ယောက်လို။
"မေမေ...မေမေ...."
"ရှူး......အိပ်နေပြီ..."
"ခင်ဗျား ... သွား... ဟင့်..."
နွေဦး ကိုယ်ကိုစောင့်တွန်းခါ အဝါရောင်ရှိသော အိပ်အခင်းပေါ်လဲကျစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပုခုံးမှဖိချတွန်းလှဲလိုက်၏။။ ထို့နောက် ဟံသာဦးက နွေဦး အပေါ်က တက်ခွလို့...
"တင်း ဒေါင် ဒင်.. နောက်ဆုံးတော့ ပြန်တွေ့ကြပြီ.."
"မဟုတ်ဘူး လူမှားနေတာ ခင်များကြီး လွှတ်ပါ...လွှတ်..."
"အခုထိ အဝါရောင် ကြိုက်တုန်းလား ကလေးလေးက"
"တောင်းပန်ပါတယ်... အဲ့လိုမလုပ်ပါနဲ့.. မေမေသိရင် သတ်လိမ့်မယ်..."
မျက်ရည်စတွေနဲ့ အသနားခံလာသော ဟံသာဦး အောက်က ကလေးငယ်သည် ဝပ်ဝပ်ကလေး ကြောက်ရွံ့နေဟန်....
"တကယ့်ကောင်ဆိုးလေး...မင်းက ရွံစရာ သိပ်ကောင်းတာ"
"ဘာ....."
လွန်ခဲ့သော ကာလတွေအား ခြေရာကောက်ကြည့်ရလျှင် တစ်ယောက်သောသူရဲ့ နာကျင်မှုသည် ယခုတွင်တွင်အထိ မပြောက်သေးပေ...။
ထိုနေ့က................
"ဝေး....ကျောင်းသားအသစ် ရောက်တယ်.."
"အဲ့တာ ဘာလုပ်ရမှာလဲ.."
"ဟဲ့ နင်မသိသေးဘူးလား.. ကျစ် နင်တော်တော်တုံးတာဘဲ.."
"ငါက ဘာကိစ္စနဲ့ တုံး ရမှာလဲ.."
"အေး မသိရင်မှတ်ထား နှစ်ကျဘဲကြီးဟ.. စောက်ရမ်းကြမ်းတာ.. အရင်ကျောင်းက လူရိုက်မှုနဲ့ ကျောင်းနားခံလိုက်ရတာ ၄နှစ်တဲ့.... အရိုက်ခံရတဲ့ ကျောင်းသားကလည်း ဝှီးချဲနဲ့ဘဲ သူ့တစ်ဘဝလုံးဟအရိုးဆွေးရတော့မှာဟ "
"ဟဲ့ နင်ကဘယ်လိုသိတာလဲ"
"ငါ့အမ ပြောပြတာလေ...ဘယ်က ကျောင်းသားသစ်ကမှာလဲ ဒီကျောင်းကဘဲဟ...ငါတို့အမကျောင်းလက်ထပ်တုန်းက လုံးဝကို ဟံသာဦးဆိုပြီး နာမည်ကြီးသွားတာဟ.."
"အားယိုး သေပါပြီဟယ်"
"မသေနဲ့အုံး အဲ့ ဘဲကြီးက အခု ငါတို့အတန်းမှာရောက်မှာ...ကဲ သေလို့ရပြီ ကောင်မတွေရေ.."
ပွစိပွစိနှင့် စာကလေးတွေလို စကားပြောနေကြသော မိန်းကလေးတွေရဲ့ စကားကို နွေဦးတစ်ယောက် အတိုင်းသား ကြားနေရသည်။
နွေဦး....?
နွေဦးကရော ဘယ်သူလဲ...?
နွေဦးဆိုတာက အတန်းထဲ မရှိတဲ့သူလို့တောင်ထင်ရတဲ့ လူပိုတစ်ဦး...မည်သူနှင့်မှ အရောမဝင်ခါ အနေအေးသည့် စာခြောက်ရုပ်ဆို ပိုမှန်လိမ့်မလားဘဲ...။
"နွေဦးရေ..."
ကျောင်းစိမ်းဝတ်စုံနဲ့ လူငယ်လေးတွေသည် သေချာပေါက် နွေဦးကို အလိုရှိနေသူပင်...
"ကဲ...ဘာတွေလုပ်နေလဲ ကြည့်ရအောင် မှန်းစမ်း.."
ရေးနေသော စာအုပ်လေးအား အတင်း ဆွဲလုခံလိုက်ရသောကြောင့် ရေးလက်စ စာမျက်နှာတွင် မှင်တန်းရှည်ကြီးက အတိုင်းသားပါသွားလေတော့သည်။
နွေဦး မျက်မှန်ကလေးကို ပင့်တင်ခါ...
"အဟင်း..ဘာလဲ.."
"ဘာကမှာလဲ..သိရဲ့သားနဲ့ကို.."
"ငါ့မှာ မရှိတော့ဘူးကွာ.."
"အပိုတွေက..ငါတို့ရှာလို့တွေ့ရင် ဘာလုပ်ရမလဲ.."
နွေဦးက မျက်နှာကလေး တည်ထားဆဲ...မျက်မှန်ဝိုင်းလေးနဲ့ ကောင်လေးသည် ညာဘက်ပါးမို့မို့လေးအပေါ်ဘက်မှာ မှည့်နက်ကလေးတစ်လုံးပင် အပိုပါရှိလေသည်..။
မူရင်း ချောမွတ်စိုပြေသော အသားတို့သည် စိုင်းမင်းမောင် ရဲ့အတင်းအကျပ်ဆုတ်ကိုင်ထားမှုကြောင့် လက်ကလေးမှာ နီရဲလို့...
"အဟား...ဘယ်လိုအကြည့်နဲ့ကြည့်နေတာလဲ..."
အတန်းထဲက မိန်းကလေးတွေသည် ကိုယ့်ကိစ္စမဟုတ်သလိုပင် နေနိုင်လွန်းပါသည်..။ နေ့စဉ် ဖြစ်ပျက်နေကြ ကိစ္စမို့လဲ သူမတို့ ရေးကြီးဂွင်ကျယ် လုပ်မနေတော့ပါ...
တချို့ကျတော့ နွေဦးကို သနားသလိုကြည့်သည်.. အများစုကတော့ မှင်သေသေ မျက်လုံးများနှင့်သာ ကြည့်ကျတာပိုများသည်။
နွေဦး အတန်းထဲအား လှည့်လည်ကြည့်နေတုန်း အတင်းလုခံလိုက်ရသော ကျောပိုးအိတ်ကလေးသည် သူတို့လက်ထဲ ပေါ့ပေါ့ပါးပါးပင် ပါသွားလေသည်။
"ဟားဟား...တန့်ဒန်...ဒီအရွက်လေးက ဘာလဲ..."
"ငါဘာပြောထားလဲ..ရှာလို့တွေ့ရင် ဘာလုပ်မယ်ပြောထားလဲ"
"တော်တော့ မင်းတို့ အဲ့ပိုက်ဆံယူပြီး ထွက်သွားလိုက်တော့"
"မရပါဘူး.. စောက်ခွက်လေးတော့ တစ်ချက်လောက်ထိုးထားခဲ့ချင်တယ်.."
"ရမလား တစ်ချက်ထဲပါ.."
ပြောရင်းနဲ့ စိုင်းမင်းမောင်က နွေဦး မျက်နှာအား လျှင်မြန်စွာတိုက်ခိုက်လာလေသည်။
"အားလားလား..ငါ့လက်နာသွားပြီကွ..."
"ဒီ့ကောင့်မျက်နှာက သဲအိပ်ကြီးများလား.."
မျက်နှာကို ဘောပင်အဖုံးတွေနှင့် ဝိုင်းထိုးနေကြသည်မို့ နွေဦးသည် မရှောင်သည့်အပြင် သူတို့အတွက်တော့ တကယ့် အသုံးတော်ခံပင်...
"စောက်ခြောက်လေး..သတိထား.."
ဒါကို ခပ်လှမ်းလှမ်းမှကြည့်နေသော လူတစ်ယောက်သည် သဘောကျစွာ ပြုံးလိုက်မိသည်..။
"လူမရိုက်ရတာ ကြာလို့လားမသိဘူး...လက်တွေကို ယားနေရောဘဲ.."
သွားဆွယ်ဖွေးဖွေးတို့ပေါ်လွင်အောင် ပြုံးရင်း စကားအချို့အားဆိုလိုက်သည့်သူသည် ထိုလူအုပ်အား အဝေးတစ်နေရာမှစောင့်ကြည့်နေသော လူဖြစ်၏။
.......
Zawgyi...
Uni...
"နွဦေး လာ..မေမေလွမ်းနေတာ..."
နွဦေးက မေမေ့ဆီ ပြေးခါ အတင်းဖတ်ပစ်လိုက်သည်..။
ပြီးခဲ့တဲ့ နွရောသီနှစ်က မေမေနဲ့ဖေဖေ ကွာရှင်းခဲ့ကြသည်...။
ဝမ်းနည်းလားလို့ မေးလာရင် သေချာပေါက် နွဦေး ခေါင်းကလေးခါခါ ငြင်းလိမ့်မယ်...။
"ဟင်....!!"
"........."
"ဟံသာဦး..."
"တင် ဒေါင် ဒင်.."
သူ့အမေ၏ စကားသံအောက်မှာ နွဦေးသွေးပျက်စွာ ရေခဲရုပ်ထုဖြစ်သွား၏။
"နှောင်းနွဦေး...."
"ကဲပါ..honeyရယ်.. နွဦေးလေးကို မဆူပါနဲ့တော့ နွဦေးနဲ့ ဒါလင်က အရင်က သိခဲ့ကြတယ်..အတော်လေးလဲ တယောက်ကိုတယောက်ကူညီခဲ့ဖူးကြတယ်.. ဟုတ်တယ် မှလား နွဦေးလေး..."
"....!!!! "
အပြုံးကလေးနှင့်မေးလာသော သူ့ရဲ့ပုံစံသည် နှစ်တစ်ရာလောက် အစာမစားခဲ့ရသည့် တစ်ဆေတစ်ကောင်နည်းတူပင်။
"ဟုတ်..ဟုတ်ကဲ့.."
နွဦေး သက်ပြင်းကလေးချခါ မဝံ့မရဲကလေးနှင့် ဟံသာဦး အားကြည့်မိသည်..။
.....
အခန်းထဲ ခေါက်တုံ့ ခေါက်ပြန် လှမ်းလျှောက်ခါ ဂဏာမငြိမ်သော နွဦေးသည် တစ်ခုခုကို စိုးရိမ် ပူပန်နေ၏။သို့သော် ဘယ်အချိန်ကတည်းက ဝင်ရောက်နေခဲ့သည်လည်းမသိသော ဟံသာဦးသည် အခန်းတံခါးဘောင်ကို ပုခုံးမှီ၍ လက်ပိုက်ကြည့်နေသည်မှာ နွဦေးရင်ထဲ ဗလောင်ဆူသွား၏။
"ဘာရယ်...ပြန်ပြောပါအုံး.."
-ဂျောက်-
"မေမေ...မေမေ...."
"ရှူး......အိပ်နေပြီ..."
"ခင်ဗျား ... သွား... ဟင့်..."
နွဦေး ကိုယ်ကိုစောင့်တွန်းခါ အဝါရောင်ရှိသော အိပ်အခင်းပေါ်လဲကျစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ပုခုံးမှဖိချတွန်းလှဲလိုက်၏။။ ထို့နောက် ဟံသာဦးက နွဦေး အပေါ်က တက်ခွလို့...
"ဘာ....."
ထိုနေ့က................
"အဲ့တာ ဘာလုပ်ရမှာလဲ.."
"ဟဲ့ နင်ကဘယ်လိုသိတာလဲ"
"အားယိုး သေပါပြီဟယ်"
ပွစိပွစိနှင့် စာကလေးတွေလို စကားပြောနေကြသော မိန်းကလေးတွေရဲ့ စကားကို နွဦေးတစ်ယောက် အတိုင်းသား ကြားနေရသည်။
နွဦေး....?
နွဦေးကရော ဘယ်သူလဲ...?
နွဦေးဆိုတာက အတန်းထဲ မရှိတဲ့သူလို့တောင်ထင်ရတဲ့ လူပိုတစ်ဦး...မည်သူနှင့်မှ အရောမဝင်ခါ အနေအေးသည့် စာခြောက်ရုပ်ဆို ပိုမှန်လိမ့်မလားဘဲ...။
"နွဦေးရေ..."
ကျောင်းစိမ်းဝတ်စုံနဲ့ လူငယ်လေးတွေသည် သေချာပေါက် နွဦေးကို အလိုရှိနေသူပင်...
နွဦေး မျက်မှန်ကလေးကို ပင့်တင်ခါ...
"အဟင်း..ဘာလဲ.."
နွဦေးက မျက်နှာကလေး တည်ထားဆဲ...မျက်မှန်ဝိုင်းလေးနဲ့ ကောင်လေးသည် ညာဘက်ပါးမို့မို့လေးအပေါ်ဘက်မှာ မှည့်နက်ကလေးတစ်လုံးပင် အပိုပါရှိလေသည်..။
တချို့ကျတော့ နွဦေးကို သနားသလိုကြည့်သည်.. အများစုကတော့ မှင်သေသေ မျက်လုံးများနှင့်သာ ကြည့်ကျတာပိုများသည်။
နွဦေး အတန်းထဲအား လှည့်လည်ကြည့်နေတုန်း အတင်းလုခံလိုက်ရသော ကျောပိုးအိတ်ကလေးသည် သူတို့လက်ထဲ ပေါ့ပေါ့ပါးပါးပင် ပါသွားလေသည်။
"ရမလား တစ်ချက်ထဲပါ.."
ပြောရင်းနဲ့ စိုင်းမင်းမောင်က နွဦေး မျက်နှာအား လျှင်မြန်စွာတိုက်ခိုက်လာလေသည်။
မျက်နှာကို ဘောပင်အဖုံးတွေနှင့် ဝိုင်းထိုးနေကြသည်မို့ နွဦေးသည် မရှောင်သည့်အပြင် သူတို့အတွက်တော့ တကယ့် အသုံးတော်ခံပင်...
.......