တဖြေးဖြေးနဲ့ အချိန်တွေဟာ ကုန်လွန်သွားခဲ့ပြီ၊Hyung ကို မတွေ့ရတာ ၁နှစ်၊ တိတိကျကျပြောရရင် ရက်ပေါင်း ၃၆၅ ရက်တိုင် Hyung က သူ့ဆီကို ပြန်မလာခဲ့ပါ၊ သူ့အတွက်မျှော်လင့်ချက်ဆိုတာ မရှိတော့သည် မဟုတ်လား၊ အရာအားလုံးက သူ့အတွက် အိပ်မက်သက်သက်ပဲသာဖြစ်ခဲ့သည်၊
သူ့ရဲ့နေစဉ်ဘဝကတော့ ပုံမှန်လည်ပတ်နေဆဲ၊ အရင်ကနဲ့မတူတာက သူ Cafe ကို ပြန်လည်ဦးစီးပြီး SEOUL မှာ အခြေချခဲ့ခြင်းဖြစ်သည်၊ ဒီရက်ပိုင်းတွေမှာ သူအလုပ်ကို စိတ်နစ်ပြီးလုပ်ဖြစ်သည်၊
Hyung ကို သတိရတိုင်း ပန်းချီဆွဲသည်၊ Hyung အကြောင်းတွေးမိတိုင်း သူသီချင်းရေးလေ့ရှိသည်၊
" Jay Cappuccino တစ်ခွက် "
အတွေးထဲမှာ နစ်မျောနေရင်း Kamden အသံကို ကြားလိုက်ရသည်၊
" ငါစိတ်မပါလို့ မင်းပဲလုပ်လိုက်ပါလား Kamden"
ဒီအကြောင်းတွေကိုတွေးလိုက်တိုင်း Jayအားအင် တွေ ကုန်ဆုံးသွားသလို ခံစားရသည်၊ ဘာကိုမှမလုပ်ချင် စိတ်လည်းမပါတော့ပါ၊
" ပိုင်ရှင်ကဒီလိုဖြစ်နေမှတော့ မင်းရဲ့Cafeက မကြာခင် ပိတ်ရတော့မယ်ထင်တယ် Jay Chang "
" စကားမများဘဲ အလုပ်ကိုသာ မြန်မြန် လုပ်စမ်းပါ ဧည့်သည် အကြာကြီးစောင့်နေရလိမ့်မယ် "
ထိုအခါမှ Kamden က သူ့ကိုဘာမှမပြောတော့ဘဲ သူပြောတဲ့အတိုင်း လုပ်တော့သည်၊
Kamdenက Jay အတွက်အကောင်းဆုံး သူငယ် ချင်းတစ်ယောက်၊ ခုချိန်ထိသူ့ကို အရာအားလုံးကူညီပေးခဲ့သည်၊ အမြဲတမ်း ကောင်းပေးခဲ့သည်၊ Kamden တစ်ယောက်တည်းကသာ သူ့အနားမှာ
အကြာကြီး ရှိနေပေးခဲ့တဲ့သူ၊ သူ့ကို ထားမသွားတဲ့ တစ်ဦးတည်းသောသူဖြစ်သည်၊
မေမေရော Hyung ရော သူ့ချစ်တဲ့သူတိုင်းက သူ့ကို ထားသွားကြသည်၊ သူကို မလိုချင်ဘူးဆိုတဲ့ အကြောင်းပြချက်ဖြင့်သာ၊ သူက သူတို့အတွက် အရေးပါတဲ့သူ မဟုတ်ခဲ့ဘူး၊ သူတို့လိုအပ်သောသူ မဖြစ်ခဲ့ဘူး၊ အဲ့ဒီအတွေးတွေက တွေးလိုက်မိတိုင်း Jay ကို နာကျင်စေသည်၊
" Jay "
" Jay Chang "
" Mr. Jay Chang ရေ ကျွန်တော်မျိုးခေါ်နေတာကြားရဲ့လား "
" မရွဲ့နဲ့ ငါကြားတယ် "
" ကြားရင်လည်း ပြန်ပြောလေကွာ၊ မင်းက ငါ့ကို နည်းနည်းပါးပါး အဖက်လုပ်ပါဦး "
" အင်း မင်းဘာပြောချင်လို့လဲ ပြော "
" မနက်ဖန် ငါတို့ ပန်းချီပြပွဲသွားရအောင်လို့ "
" မသွားချင်ဘူး "
Jay အပြင်မထွက်ချင်ပါ၊ သူ့အတွက်က Cafe နဲ့ အိမ်ကိုကလွဲရင် ဘယ်ကိုမှမသွားချင်၊
" လုပ်ပါကွာ မနက်ဖန်အားတာပဲ သွားရအောင် "
" တော်ပြီ "
" မင်းမလိုက်ရင် ငါအလုပ်ထွက်မယ် "
" Kamden "
Kamden က အမြဲတမ်းသူလုပ်ချင်တာမလုပ်ရရင် အလုပ်ထွက်မယ်ဆိုတဲ့ စကားနဲ့ Jay ကို ကိုင်ပေါက်နေကြ၊
" ပြော လိုက်မှာလား မလိုက်ဘူးလား "
" အေးကွာ လိုက်မယ် "
တိုက်တိုက်ဆိုင်ဆိုင် Jay ပန်းချီပြပွဲကိုရောက်တော့ မထင်မှတ်ထားတဲ့သူနဲ့ တွေ့ဆုံခဲ့သည်၊ ထိုလူက တစ်ချိန်က Hyung ရဲ့ ချစ်သူ Kim Ji Woong ဆိုတဲ့သူ၊ Jay မုန်းတဲ့သူ မနာလိုမိတဲ့သူ၊ တစ်နည်းပြောရရင် အားကျမိတဲ့သူ Hyung ရဲ့အချစ်ကို ရခဲ့လို့အားကျမိတယ်၊ Hyung ကို ပိုင်ဆိုင်ခွင့်ရလို့လည်း အားကျရသည်၊
မျက်နှာချင်းဆိုင်အနေအထားဖြစ်နေသော ထိုလူနဲ့ Jay တို့နှစ်ယောက်စလုံးဟာ စကားစပြောဖို့ရာ တွန့်ဆုတ်နေမိသည်၊ Hyung က အခုသူ့နဲ့အတူ နေနေသည် မဟုတ်လား၊ Jay မေးချင်မိသည် Hyung အဆင်ပြေရဲ့လား၊ နေကောင်းရဲ့လားဆိုတာကို Jay တကယ် သိချင်နေမိသည်၊ Jay စမေးလိုက်ရင် ကောင်းပါ့မလားဆိုတာလည်း တွေးမိနေသည်၊
" Hyung "
" Jongwoo "
ပြိုင်တူထွက်လာတဲ့စကားသံနှစ်ခု၊ Kim Ji Woong မှာလည်း သူ့ကိုပြောစရာစကားရှိနေသည်လား၊
Jay ကို မထင်မှတ်ဘဲတွေ့လိုက်ရတော့ Ji Woong တွေးမိတာကတစ်ခုတည်း ကလေးလေး သူရဲ့ကလေးလေးအကြောင်းပါပဲ၊ ကလေးလေးက အခုတော့ သူချစ်ရတဲ့သူနဲ့ ပျော်နေလောက်ပြီ မဟုတ်လား Jay Chang နဲ့လေ၊ ပိုင်ရှင်ကိုမြင်နေရသည့်တိုင် သူကလေးလေးအကြောင်းကို သိချင်မိသည်၊ အဆင်ပြေပြေရှိနေရဲ့လားဆိုတာကိုပေါ့
" မင်းအရင်ပြောပါ "
" မဟုတ်တာ ခင်များအရင်ပြော "
ပြောဖို့ရာ တွန့်ဆုတ်နေတဲ့ သူတို့နှစ်ယောက်လုံးထံမှ ပြိုင်တူထပ်မံထွက်လာခဲ့သော စကားသံက
" Hyung အဆင်ပြေပြေရှိနေရဲ့လား "
" Jongwoo အဆင်ပြေရဲ့လား "
စကားသံအဆုံးမှာတော့ နှစ်ယောက်လုံးအံ့ဩသွားရသည်၊ ကလေးလေးက Jay ဆီမှာ ရှိနေသည်ဟု ထင်သော Ji Woong နဲ့ Hyung က Kim Ji Woong ဆီမှာနေနေသည်ထင်သော Jay
တကယ်တမ်း Yoon Jong Woo သည် သူတို့နှစ်ယောက်ထဲက မည်သူ့ဆီမှာမှ အတူတူရှိမနေခဲ့ပါ၊
" Hyung က ခင်များနဲ့အတူတူရှိနေတာ မဟုတ်ဘူးလား "
" မဟုတ်ဘူး သူမင်းဆီကို ပြန်သွားတာ "
" Hyung ကျွန်တော့်ဆီကို မလာဘူး "
" ဘယ်လို "
Hyung က Kim Ji Woong ဆီကနေ သူ့ဆီကိုပြန်လာသည်၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
" ဘယ်တုန်းက ထွက်သွားခဲ့တာလဲ "
" နှစ်လလောက်နေတော့ ငါအဲ့ဒီကနေ ပြန်ခေါ်လာပြီး နှစ်လလောက်နေတော့ သူငါ့ဆီကနေ ပြန်ထွက်သွားခဲ့တာ Jay ငါမင်းဆီကို ပြန်သွားတယ်ထင်ခဲ့တာ "
" ဒါပေမယ့် Hyung ကျွန်တော့်ဆီကိုရောက်မလာခဲ့ဘူးလေ "
သူတို့နှစ်ယောက်လုံးထံမှာ မေးခွန်းတွေပြည့်နှက်နေခဲ့၊ Yoon Jong Woo ဘယ်သူ့ဆီကို သွားသနည်း၊ အခုလက်ရှိ ဘယ်သူနဲ့အတူရှိနေသလဲ၊
Yoon Jong Woo တစ်ယောက် Kim Ji Woong ဆီက ထွက်သွားတဲ့နေ့ကို ပြန်သွားကြည့်ရရင်
" Hyung "
အိမ်ပေါ်အထပ်မှ အမြန်ပြေးဆင်းလာသော Jay ရဲ့ လက်ဖျားများဟာ အေးစက်လို့နေခဲ့သည်၊ တံခါးနောက်မှာ ရှိနေမည့်သူကိုတွေ့ဖို့ရာ လည်း Jay စိတ်လှုပ်ရှားလို့နေပါသည်၊
" Surprise !!!! My Jay Chang "
" Kamden "
Jay မမျှော်ထားသောသူဟာ မဖိတ်ခေါ်ခဲ့ပါဘဲနဲ့ရောက်လာခဲ့သည်၊ Jay အတွက်တော့ မျှော်လင့်နေသူနှင့် ရောက်လာခဲ့သူချင်းဟာ ထပ်တူကျခြင်းမရှိခဲ့ပါ၊
Jay ဘာကိုမှမတုံ့ပြန်နိုင်ခင် Kamden ဟာ သူ့ကိုအားရဝမ်းသာ သိုင်းဖက်လာသည်၊ Jay အတွက်တော့ ဝမ်းနည်းရမည်လား၊ ဝမ်းသာရမည်လားဆိုတာကို ရေရေရာရာ မသိတော့ပါ၊
" အသက်ရှူကြပ်တယ် ငါ့ကိုလွှတ်ဦး Kamden "
" မင်းဘယ်လိုမျိုးရောက်လာတာလဲ "
" မင်းကမှပေးမသိတာ ငါ့ဘာသာရအောင် စုံစမ်းပြီး လာရတာပေါ့ "
" ဘာကိစ္စလဲ Kamden "
" ဆိုင်ကိုငါတစ်ယောက်ထဲ မလုပ်နိုင်တော့ဘူး၊ မင်းငါနဲ့အတူ ပြန်လိုက်ပြီး ဆိုင်မှာကူပေး "
ပြိုင်တူပွင့်လာမည့် တံခါးနှစ်ချပ်ရဲ့နောက်ကွယ်မှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသာ လူနှစ်ယောက်ထဲမှ တစ်ဦးသည် Kamden ဖြစ်ပြီးတစ်ဦးသည် သူချစ်သော Hyung ဖြစ်ပါလိမ့်သည်၊
သို့သော် Yoon Jong Woo သည် Jay၏ အိမ်တံခါးကိုမဟုတ်ဘဲ ဘယ်တံခါးကို ခေါက်ခဲ့ပါသနည်း၊
မောင်းနှင်သွားသော ကားလေး၏ ဦးတည်ရာကတော့ တစ်စုံတစ်ယောက်၏ အိမ်ဆီသို့၊ သူ့ရဲ့နားခိုရာ သူ့အတွက်အလုံခြုံဆုံးသော ရင်ခွင်ရှိရာဆီသို့ Jongwoo သွားရပါမည်၊
" မေမေ " သူရဲ့တစ်ဦးတည်းသော မေမေဆီကို သူပြန်ရပါမည်၊ သူမေမေနဲ့ ဝေးကွာနေခဲ့သည်မျှ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ၊ အချစ်နောက်ကိုပဲ မျက်မမြင်တစ်ယောက်လို လိုက်နေခဲ့တဲ့သူဟာ မေမေအတွက် သားမိုက်တစ်ယောက်ဖြစ်ခဲ့ပြီလား၊ မေမေနဲ့ မမကို သူပြန်လှည့်မကြည့်ဘဲ သူလုပ်ချင်တာကို သူလုပ်ခဲ့သည်၊ ဒီအချစ်အတွက်နဲ့ အချိန်ကုန်နေခဲ့တာ မည်မျှကြာမြင့်ခဲ့ပြီလဲ၊
သူဒီထပ်ပိုပြီး မတွေဝေချင်တော့ပါ၊ ဒီအတော အတွင်း သူမေ့နေခဲ့တဲ့နေရာ၊ သူအတွက်အကောင်း ဆုံးသော၊ အအေးချမ်းဆုံးသောနေရာဖြစ်တဲ့ သူ့ရဲ့အိမ်ကို သူပြန်ရပါမည်၊
အချိန်တစ်ခုကြာမှပြန်လာခြင်းအတွက် သူစိတ်လှုပ်ရှားလို့နေပါသည်၊ မေမေဟာ သူ့ကို ကြိုဆိုပါ့မလား၊ သူ့ကိုထွေးပွေ့ပေးနိုင်ပါတော့မလား၊ ဒါမှမဟုတ် သူ့ကိုလက်ခံချင်စိတ်ဟာ မေမေ့ဆီမှာ ရှိနေပါ့ဦးမလားဆိုတာ သူစိုးရိမ်မိသည်၊ သူ့စိတ်တွေလည်း လှုပ်ရှားလို့နေသည်၊
မကြာခင်ပဲ တံခါးပွင့်လာတော့သည်၊ ပထမဆုံး မြင်လိုက်ရသူဟာ သူ၏တစ်ဦးတည်းသော မမဖြစ်သည်၊မမဟာ အရင်အတိုင်းလှနေဆဲ သူ့ကိုမြင်လိုက်တော့ အံ့ဩသွားဟန်ရှိသည်၊
" Jongwoo "
" မမ "
မမရှေ့တွင် ခေါင်းကိုငုံ့ချထားကာ သူမဝံ့မရဲဖြစ်နေမိသည်၊ သူကြောက်နေမိသည် သူ့ကိုလက်ခံပါ့မလားဆိုတာကို သူတကယ်စိုးရိမ်နေမိသည်၊
" မေမေ ဒီမှာ မောင်လေး ပြန်လာပြီ "
မမဟာချက်ချင်းပဲ အိမ်ထဲက မေမေ့ကိုလှမ်းခေါ်တော့သည်၊ မမငိုနေတယ် သူ့ကိုမြင်လိုက်ရလို့ဖြစ်မယ်ထင်တယ်၊ ပြီးတော့ မမဟာသူ့ကို ပွေ့ဖက်လိုက်သည်၊
" မောင်လေးရယ် သတိရနေတာ မမနဲ့ မေမေနဲ့က မင်းကို သတိရနေတာ "
နွေးထွေးတဲ့ဒီရင်ခွင်၊ ကြင်နာတတ်တဲ့ဒီလူသားတွေကို ပစ်ပြီးသူဟာ မိုက်ရူးရဲဆန်ခဲ့သည်တဲ့လား
ခဏအကြာ မေမေလည်းရောက်လာခဲ့ပြီး သူ့ကိုမလွှတ်တမ်း ဖက်ထားတော့သည်၊ တော်ပါသေးတယ် သူစိုးရိမ်နေသလိုမျိုးမဟုတ်ဘဲ သူ့ကို ကြိုဆိုနေကြသေးတယ်၊ သူ့ကိုလိုချင်ကြသေးတယ်၊ သူ့ကိုလက်ခံနိုင်ကျသေးလို့ တကယ်တော်ပါသေးတယ်၊
" သား မေမေ့သားလေး နောက်ဆုံးတော့ မေမေ့ဆီကို ပြန်လာပြီပေါ့ "
" ဟုတ်မေမေ "
မေမေနေငိုသည်၊ မေမေ့နည်းတူ သူသည်လည်း ဝမ်းသာတဲ့စိတ်၊ ဝမ်းနည်းသောစိတ်များ ရောယှက်ကာ ငိုနေမိပါသည်၊
" လာအိမ်ထဲကိုသွားရအောင် သားလေး "
" ဟုတ်မေမေ "
ဒီလတွေမှာ Jongwoo သူ့အချိန်တွေကို သူချစ်ရသော သူ့မိသားစုနဲ့ကုန်ဆုံးဖြစ်ခဲ့သည်၊ သူ့ကိုပြန်လက်ခံခဲ့ပေးလို့ တကယ်ကိုကျေးဇူးတင်မိသည်၊ အိမ်ဆိုတာ ဒီလိုမျိုးပါလားဆိုတာ သူသဘော ပေါက်လာမိသည်၊ အနွေးထွေးဆုံး အလုံခြုံဆုံးသော နေရာ၊ သူ့ကိုထွေးပွေ့ပေးမည့်သူ ကြိုဆိုပေးမယ့်သူ အမြဲတမ်းရှိနေသည့်နေရာ၊ သူပျော်ရွှင်မိသည် စိတ်ကြည်နူးရသည် ဒီလိုမျိုး ဘဝရဲ့ အရသာကို တစ်ဖန်ပြန်လည်ခံစားရသောကြောင့်၊
သူ့ရဲ့နှလုံးသားတစ်နေရာက ဆန္ဒကိုလျစ်လျူရှု့ရင်းနဲ့ ဒီလိုမျိုးသူနေထိုင်နေခဲ့သည်၊ နောက်လဲသူ့နေရက်တွေကို ဒီလိုမျိုး ဖြတ်သန်းနေမိဦးမယ်ထင်ပါသည်၊
" တွေ့ဆုံခွင့်ရလို့ ပျော်ခဲ့ရတယ် "
" တစ်ကြိမ်တစ်ခါလောက် ပိုင်ဆိုင်ခွင့်ပေးခဲ့လို့ ကျေးဇူးတင်မိတယ် "
ကိုကိုဟာ သူ့အတွက် တစ်ဦးတည်းသော ဘဝရဲ့ အချစ်ဦးဖြစ်ခဲ့တယ်၊ သူ့ရဲ့ငယ်ရွယ်စဉ်ကာလက နေ့ရက်တွေကို အလှပဆုံးဖြစ်အောင် ဆေးရောင်ခြယ်ပေးခဲ့သည်၊ သူ့နှလုံးသားထဲအနက်ရှိုင်းဆုံး နေရာမှာ ကိုကိုရှိနေသည်၊ သူ့အတွက် တစ်သက်တာမေ့နိုင်မည် မဟုတ်သောသူဟာ ကိုကိုဖြစ်ပါလိမ့်မည်၊
ကိုကိုဟာ သူ့အတွက်တစ်သက်မှာတစ်ခါသာတွေ့ ခွင့်ရှိသောအလှဆုံးသက်ရှိကလေး၊ ကိုကို့ကို သူချစ်ခဲ့သည် သူ့နည်းတူ ကိုကိုဟာလည်း သူ့အပေါ်ကို မေတ္တာထားခဲ့သည် သို့ပေမယ့်လို့ ကံကြမ္မာရဲ့စေခိုင်းမှုအတိုင်း သူတို့နှစ်ဦးဝေးကွာခဲ့ရသည်၊
ဘုရားသခင်ရဲ့အလိုတော်ကျ သူတို့ဆုံစည်းခဲ့ရသည်၊
ဘုရားသခင်ရဲ့အလိုတော်ကျပဲ သူတို့ဝေးကွာခဲ့ရသည်၊
ဒါပေမယ့်ဆုံတွေ့ခွင့်ပေးခဲ့လို့ ဘုရားသခင်ကို သူကျေးဇူးတင်နေမိမှာပါ၊
ကိုကိုဟာ သူ့အတွက် အကောင်းဆုံးလက်ဆောင်ဆိုပါလျှင် ထိုလူသားကရော သူ့အတွက် ဘယ်လိုမျိုး ဖြစ်တည်မှုမျိုး၌ တည်ရှိနေပါသနည်း၊
အဓိပ္ပါယ်ဖော်ဖို့ရာ ခက်ခဲလွန်းတဲ့ဒီဖြစ်တည်မှုမျိုးကို ဘုရားသခင်က ဘာကြောင့်သူ့အတွက် ဖန်ဆင်းပေးခဲ့ရပါသလဲ၊
" တောင်းပန်ပါတယ် ငါက မကောင်းပေးခဲ့ရလို့ "
အရာအားလုံးဟာ အဆုံးသတ်သွားခဲ့ပါပြီ၊ သူ့နေရာနဲ့သူ တဖြေးဖြေးနဲ့နေသားကျသွားမှာပါ၊ ပျော်ရွှင်နိုင်ကြမှာပါ တနေ့တာအတွက် လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်ကိုင်ရင်း တနေ့ပြီးတနေ့အကောင်းဆုံး ကျော်ဖြတ်သွားရင်းနဲ့ ရှင်သန်ရတာဟာ အဓိပ္ပာယ်ရှိနေမှာပါ၊
" အားလုံးအတွက်မနက်ဖန်တိုင်းဟာ လှပနေမှာပါ "
_____________________________________________
Yoon Jong Woo's Daily Diary
: To my Jay Chang
ဒီနေ့တော့လေ ခါတိုင်းထက်ပိုပြီး မင်းကို လွမ်းမိတယ် အများကြီး နင့်နင့်သီးသီးနဲ့ပေါ့၊
ကဗျာတစ်ပုဒ်ဖတ်ရင်း မင်းကိုသတိရတယ်၊ဝတ္ထု တစ်ပုဒ်ဖတ်ရင်းမင်းအကြောင်းတွေးမိတယ်၊ဆက် စပ်တွေးကြည့်မိတော့ အလွမ်းဒဏ်နဲ့ဒီလူဟာမျက် ရည်ပေါက် ကြီးငယ်နဲ့ပေါ့။
တစ်ခါလောက်တော့ မျက်လုံးလှလှလေးကို ထပ်မြင်ချင်တယ်၊ သိပ်လှတဲ့မျက်ခုံးတန်းလေးကိုလည်း ကြည့်ချင်တယ်၊ သိပ်ချစ်တဲ့အကြောင်းတွေကိုလည်း ပြောချင်တယ်၊ အရာအားလုံးထက် တန်ဖိုးထားပြီး ချစ်သွားပါ့မယ်လို့ ဆိုတဲ့အခါ ဖြစ်တည်လာမယ့် ရှက်ခြင်းတွေရောပါနေမယ့် အပြုံးလေးကို ငေးကြည့်ချင်တယ်။
" ဒီအိပ်မက်တွေကြောင့် ထွက်ခွာမသွားနိုင်ဖြစ်နေခဲ့တာမို့၊ တနေ့လက်လွတ်နိုင်သွားတဲ့အခါ စိတ်မပူပါနဲ့ သံသရာတစ်ကွေ့မှာ ငါတို့ပြန်ဆုံဦးမှာပါ အဲ့အခါကျမှ ပိုချစ်ပေးပါ့မယ် ငါ့ရဲ့ Hee Choi "
_____________________________________________
AN // စောင့်ပေးကြလို့ကျေးဇူးပါ၊ အလုပ်တွေရှုတ်နေလို့ UPDATE ကြာနေတာပါ အပိုင်းမခွဲတော့ဘဲ တစ်ခါတည်း တင်ပေးလိုက်တယ်နော်၊ အားလုံး ပျော်ရွှင်ကြပါစေနော် 🤍