ချစ်သူ၏လက်အစုံဖြင့် ထွေးပွေ့လ...

By White_Daisy85

129K 8.3K 434

Myanmar Boyslove Own Creation Village Unicode & Zawgyi More

အပိုင်း[၁]
အပိုင်း[၂]
အပိုင်း[၃]
အပိုင်း[၄]
အပိုင်း[၅]
အပိုင်း[၆]
အပိုင်း[၇]
အပိုင်း [၈]
အပိုင်း [၉]
အပိုင်း [၁၀]
အပိုင်း [၁၁]
အပိုင်း [၁၂]
အပိုင်း [၁၃]
အပိုင်း [၁၄]
အပိုင်း [၁၅]
အပိုင်း [၁၆]
အပိုင်း [၁၇]
အပိုင်း [၁၈]
အပိုင်း [၁၉]
အပိုင်း [၂၀]
အပိုင်း [၂၁]
အပိုင်း [၂၂]
အပိုင်း [၂၃]
အပိုင်း [၂၄]
အပိုင်း [၂၅]
အပိုင်း [၂၆]
အပိုင်း [၂၇]
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Hello!
Extra 1
Extra 2
Extra 3
Extra (4)
Extra 6
Extra 7

Extra 5

2.3K 157 7
By White_Daisy85

''မမပျော်ရွှင်"

နောက်ပါးမှခေါ်သံကြောင့် ပျော်ရွှင်လှည့်ကြည့်မိတော့
လင်းထက်ဒီပါဖြစ်နေ၏။မည်သို့ပင်အတိတ်ဆိုးတွေ
ရှိခဲ့သည်ဖြစ်စေ လင်းထက်ဒီပါ၏
တောင်းပန်မှုတွေကြောင့် သူမအနေနှင့်
လင်းထက်အပေါ်စိတ်ခုခြင်းမရှိတော့ပေ။

''လင်းထက်ဒီပါ"

''ကြည်နူးအတွက် အရုပ်ဝယ်နေတာလား"

''ဟုတ်တယ်ရယ်"

နှစ်ယောက်သားစကားပြောနေသည်ကိုကြည့်ကာ
ရောင်နီ့စိတ်ထဲအလိုမကျပေ။ဆိုပေမဲ့လည်း
ကိုယ်ဟာ ပျော်ရွှင့်ရဲ့သက်ဆိုင်သူမဖြစ်သေးသည့်အတွက်
မျက်စိစုံမှိတ်၊စိတ်ကိုလျှော့ချကာဖြင့် တည်ငြိမ်ဟန်ဆောင်ထားရသည်။

''ကိုရောင်နီလည်းရှိနေတာကို"

''ခုမှမြင်တာလား"

မကျေမနပ်စိတ်ကြောင့် ရောင်နီ့အသံဟာ
ဘောက်ဆတ်ဆတ်နိုင်၏။ထိုသည်ကို လင်းထက်ဒီပါက
ဘယ်အရာကိုသဘောကျသွားလဲမသိ၊
တဟစ်ဟစ်ရယ်လာတော့ ရောင်နီ့ရဲ့တည်ငြိမ်မှုတွေက
ဖရိုဖရဲဖြစ်ကာ မျက်မှောင်ကုတ်လေမိတော့သည်။

''အစ်မ"

ဘယ်ဆီဘယ်ဝယ်ကရောက်လာမှန်းမသိသည့်
ချမ်းမြေ့က ပျော်ရွှင့်အနားရောက်လာကို
သူ့ကိုယ်နောက်သို့ကွယ်ကာ လင်းထက်ဒီပါကို
ပေစောင်းစောင်းကြည့်နေ၏။

''လင်းထက် ဘယ်လိုလုပ်ပြီး"

ရှင်းမြတ်ကြားဝင်လာမှ ရန်စောင်နေသည့်ချမ်းမြေ့အကြည့်တွေက
အနည်းငယ်ပြေလျော့သွားလေသည်။

''မမပျော်ရွှင်ကိုတွေ့လို့ နှုတ်ဆက်နေတာ"

ရှင်းမြတ်မှာ သူငယ်ချင်းနှင့်ညီကြားအပြင်
အစ်မဖြစ်သူကိုနှမြောတွန့်တိုစွာရန်လိုနေသည့်
ချမ်းမြေ့ကြောင့် နေရခက်စွာလင်းထက်ဒီပါလက်ကို
ဆွဲကာအဝေးခေါ်သွားရန်ပြင်သည်။

''ဘယ်သွားမလို့လဲ ကိုကို"

လွတ်နေသည့်လက်တစ်ဖက်ဖြင့် ရှင်းမြတ်လက်ကို
လာဆွဲသည့်ချမ်းမြေ့ကြောင့်ရှင်းမြတ်မှာ
အကြောင်းအရင်းမရှိသွားဖြဲပြရင်း

''လင်းထက်နဲ့စျေးခဏပတ်လိုက်အုံးမယ်၊
ခဏလေးပါ...ပြီးတိုင်ကျဖျာချထားတဲ့နေရာဆီလာခဲ့မယ်လေ၊ရောင်နီဘာလုပ်နေတာလဲ လာလေ"

ချမ်းမြေ့ပြန်မပြောခင် ကြောင်အနေသည့်ရောင်နီ့ကိုတစ်ဖက်၊
လင်းထက်ကိုတစ်ဖက်ဆွဲကာ ခပ်သုတ်သုတ်ကလေး
လျှောက်လှမ်းမိသည်။

''အစ်မနော် အနေအထိုင်ဆင်ခြင်"

''ဟဲ့ ငါဘာလုပ်နေလို့လဲ"

''ဘာမှမလုပ်လို့ပြောနေတာ"

လူကြီးတွေစကားကိုနားမလည်သည့်ကြည်နူးမှာ
လက်ထဲကိုင်ထားသည့်အရုပ်သေနတ်ကိုသာ
လေထဲပစ်ခွင်းလိုက်တော့သည်။

........................

''ထိုင်မယ်နော်"

ရှင်းမြတ်ပြန်လာတော့ တစ်ယောက်တည်းမဟုတ်။
ရောင်နီပါကပ်ပါလာလေသည်။
ချမ်းမြေ့မှာ အလိုမကျသော်လည်းမိခင်ဖြစ်သူက
ထိုင်ပါဆိုပြီးဖိတ်ခေါ်နေသည်မို့ သူ့မှာငြိမ်ကုပ်နေလိုက်ရသည်။

''ဟေ့လူ ဒီဘက်လာထိုင်"

နံဘေးနားကနေရာလွတ်ကိုပုတ်ကာပြောနေသော
ချမ်းမြေ့ကို ပျော်ရွှင်နံဘေးကပ်ထိုင်ရန်ပြင်နေတဲ့
ရောင်နီကကြောင်အမ်းစွာကြည့်နေမိသည်။
နေရာလွတ်မှာထိုင်ရန်ပြင်နေသည့်ရှင်းမြတ်မှာလည်း
ကြောင်အအနှင့်ပင်။

''ဒါဆိုငါက ဘယ်နားသွားထိုင်ရမှာလဲ ချမ်းမြေ့"

''ကိုကိုက ဒီမှာလာထိုင်"

တင်ပျဥ်ခွေထိုင်ချထားသည့် သူ့ပေါင်ထက်သို့
လက်ပုတ်ပြနေသည့်ချမ်းမြေ့ပုံစံက စနောက်နေဟန်မဟုတ်။
အစ်မကိုနှမြောလွန်ပြီး ပတ်ဝန်းကျင်ကိုပင်
ဂရုမစိုက်နိုင်တော့သည့်ချမ်းမြေ့ကြောင့်
ရှင်းမြတ်မှာ တစ်ဖက်သို့မျက်နှာလွှဲကာရယ်မိသည်။

''ဘာတွေဘူနေတာလဲ ချမ်းမြေ့၊
ကိုရောင်နီ ပျော်ရွှင့်ဘေးနားသာကပ်ထိုင်လိုက်"

''မမ"

''ပွဲစတော့မယ်လေ သားငယ်"

မိခင်ဖြစ်သူပါဝင်ပြောလာပြီမို့ ချမ်းမြေ့မျက်နှာက
မှုန်ကုတ်ကုတ်နှင့်လက်ခံလိုက်ရသည်။နေရာရသွားကာမှ
ရောင်နီ့မှာပျော်ရွှင့်နံဘေးခပ်ကုတ်ကုတ်ကလေး
ဝင်ထိုင်ရသည်။မတော်ရသေးသည့်ရွှေယောက်ဖကြီး
ငြိုငြင်သွားမှာကိုတော့ သူမလိုလား။

မကြာခင်မှာပဲ ဇာတ်သဘင်ပွဲစကာ
မဏ္ဍပ်အတွင်းရှိလူတွေဟာ မိန်းမောလျက်ရှိသည်။
စတိတ်ရှိုးမလာသေးတာမို့ အပီကဲရန်ပြင်နေကြသည့်
ကာလသားတွေဟာငြိမ်သက်လျက်ရှိပေသည်။

''ဟယ် ကိုရောင်နီ"

နာမည်ခေါ်သံကြောင့်မော့ကြည့်မိတော့
ဆုမြတ်သွယ်ဖြစ်ကာ သူမနှင့်အတူသူငယ်ချင်းမလေးရော
အတူမတ်တပ်ရပ်လျှက်။မလုံမလဲဖြစ်စွာ
နံဘေးမှပျော်ရွှင်ထံအကြည့်ပို့မိတော့ သူနှင့်အသွယ့်ကို
မကြည်သလိုကြည့်နေလေသည်။မချင့်မရဲဖြစ်စွာ
တံတွေးမျိုချရင်း အသွယ့်ကိုပြန်ပြုံးပြရသည်။

ဖြစ်ချင်တော့ ချမ်းမြေ့တို့ဖျာနံဘေးချထားသည့်
တစ်ခြားသူဖျာကအသွယ့်တို့ဖျာဖြစ်နေလေသည်။
အသွယ့်က ရွာတွင်းမှတစ်ခြားသူငယ်ချင်းတွေနှင့်အတူ
ဝင်ထိုင်လေသည်။ထို့နောက်ဇာတ်ပွဲကြည့်ရင်း
ရောင်နီ့ဘက်လှည့်ကာ စကားလှည့်ပြောတတ်သည်။

ရောင်နီ့မှာ ပွဲခင်းထဲလူများလို့ပေလား၊
နံဘေးရှိပျော်ရွှင့်ထံမှအကြည့်စူးစူးတွေကြောင့်ပေလားမသိ၊
ချွေးစေးပြန်လာ၏။သက်သာရာရလို၍
ချစ်သူငယ်ချင်းကြီးရှင်းမြတ်ထံ စစ်ကူတောင်းရန်ပြင်ပေမဲ့
ရှင်းမြတ်ကချမ်းမြေ့ပုခုံးထက်ခေါင်းမှီချလျက်။

အမယ်အိုနှင့်ရွှင်လန်းက ဇာတ်ပွဲထက်မှအကြည့်မလွှဲပေ။
ရွှင်လန်းပေါင်ထက်ခေါင်းချအိပ်နေသော
ကြည်နူးကတော့ ရင်ဘတ်ထဲသူ့အရုပ်သစ်ကလေးပွေ့ဖက်လျက်။
တည်ငြိမ်နေသူတွေကြား မတည်ငြိမ်သူကတော့
ရောင်နီထွန်းတစ်ယောက်တည်းသာ။

''ကိုရောင်နီ ဇီးထုပ်စားမလား"

နှစ်ယောက်တည်းသာရှိလျှင် အလိုက်မသိရကောင်းလားဆိုပြီး အသွယ့်ခေါင်းထိပ်ကို
နာနာကလေးထုချင်ပါရဲ့လေ။

''မမပျော်ရွှင် အချဥ်ပေါင်း"

ဆုမြတ်သွယ်လှမ်းပေးလာသည့်အချဥ်ပေါင်းထုပ်ကို
ပြုံးပြုံးကလေးနှင့်သာငြင်းလွှတ်လိုက်သည်။
ထို့နောက် နေရခက်နေသည့်ကိုရောင်နီ့ကိုကြည့်ကာ
သူမစိတ်ကိုတစ်ထစ်လျှော့ချလိုက်ရသည်။

နှစ်ယောက်သားကရိုးရိုးသားသားခင်မင်ကြတာကို
သူမအနေနဲ့အထင်မမှားသင့်ပါဘူးလေ...

......................

Zawgyi

''မမေပ်ာ္႐ႊင္"

ေနာက္ပါးမွေခၚသံေၾကာင့္ ေပ်ာ္႐ႊင္လွည့္ၾကည့္မိေတာ့
လင္းထက္ဒီပါျဖစ္ေန၏။မည္သို႔ပင္အတိတ္ဆိုးေတြ
ရွိခဲ့သည္ျဖစ္ေစ လင္းထက္ဒီပါ၏
ေတာင္းပန္မႈေတြေၾကာင့္ သူမအေနႏွင့္
လင္းထက္အေပၚစိတ္ခုျခင္းမရွိေတာ့ေပ။

''လင္းထက္ဒီပါ"

''ၾကည္ႏူးအတြက္ အ႐ုပ္ဝယ္ေနတာလား"

''ဟုတ္တယ္ရယ္"

ႏွစ္ေယာက္သားစကားေျပာေနသည္ကိုၾကည့္ကာ
ေရာင္နီ႕စိတ္ထဲအလိုမက်ေပ။ဆိုေပမဲ့လည္း
ကိုယ္ဟာ ေပ်ာ္႐ႊင့္ရဲ႕သက္ဆိုင္သူမျဖစ္ေသးသည့္အတြက္
မ်က္စိစုံမွိတ္၊စိတ္ကိုေလွ်ာ့ခ်ကာျဖင့္ တည္ၿငိမ္ဟန္ေဆာင္ထားရသည္။

''ကိုေရာင္နီလည္းရွိေနတာကို"

''ခုမွျမင္တာလား"

မေက်မနပ္စိတ္ေၾကာင့္ ေရာင္နီ႕အသံဟာ
ေဘာက္ဆတ္ဆတ္နိုင္၏။ထိုသည္ကို လင္းထက္ဒီပါက
ဘယ္အရာကိုသေဘာက်သြားလဲမသိ၊
တဟစ္ဟစ္ရယ္လာေတာ့ ေရာင္နီ႕ရဲ႕တည္ၿငိမ္မႈေတြက
ဖရိုဖရဲျဖစ္ကာ မ်က္ေမွာင္ကုတ္ေလမိေတာ့သည္။

''အစ္မ"

ဘယ္ဆီဘယ္ဝယ္ကေရာက္လာမွန္းမသိသည့္
ခ်မ္းေျမ့က ေပ်ာ္႐ႊင့္အနားေရာက္လာကို
သူ႕ကိုယ္ေနာက္သို႔ကြယ္ကာ လင္းထက္ဒီပါကို
ေပေစာင္းေစာင္းၾကည့္ေန၏။

''လင္းထက္ ဘယ္လိုလုပ္ၿပီး"

ရွင္းျမတ္ၾကားဝင္လာမွ ရန္ေစာင္ေနသည့္ခ်မ္းေျမ့အၾကည့္ေတြက
အနည္းငယ္ေျပေလ်ာ့သြားေလသည္။

''မမေပ်ာ္႐ႊင္ကိုေတြ႕လို႔ ႏႈတ္ဆက္ေနတာ"

ရွင္းျမတ္မွာ သူငယ္ခ်င္းႏွင့္ညီၾကားအျပင္
အစ္မျဖစ္သူကိုႏွေျမာတြန့္တိုစြာရန္လိုေနသည့္
ခ်မ္းေျမ့ေၾကာင့္ ေနရခက္စြာလင္းထက္ဒီပါလက္ကို
ဆြဲကာအေဝးေခၚသြားရန္ျပင္သည္။

''ဘယ္သြားမလို႔လဲ ကိုကို"

လြတ္ေနသည့္လက္တစ္ဖက္ျဖင့္ ရွင္းျမတ္လက္ကို
လာဆြဲသည့္ခ်မ္းေျမ့ေၾကာင့္ရွင္းျမတ္မွာ
အေၾကာင္းအရင္းမရွိသြားၿဖဲျပရင္း

''လင္းထက္နဲ႕ေစ်းခဏပတ္လိုက္အုံးမယ္၊
ခဏေလးပါ...ၿပီးတိုင္က်ဖ်ာခ်ထားတဲ့ေနရာဆီလာခဲ့မယ္ေလ၊ေရာင္နီဘာလုပ္ေနတာလဲ လာေလ"

ခ်မ္းေျမ့ျပန္မေျပာခင္ ေၾကာင္အေနသည့္ေရာင္နီ႕ကိုတစ္ဖက္၊
လင္းထက္ကိုတစ္ဖက္ဆြဲကာ ခပ္သုတ္သုတ္ကေလး
ေလွ်ာက္လွမ္းမိသည္။

''အစ္မေနာ္ အေနအထိုင္ဆင္ျခင္"

''ဟဲ့ ငါဘာလုပ္ေနလို႔လဲ"

''ဘာမွမလုပ္လို႔ေျပာေနတာ"

လူႀကီးေတြစကားကိုနားမလည္သည့္ၾကည္ႏူးမွာ
လက္ထဲကိုင္ထားသည့္အ႐ုပ္ေသနတ္ကိုသာ
ေလထဲပစ္ခြင္းလိုက္ေတာ့သည္။

........................

''ထိုင္မယ္ေနာ္"

ရွင္းျမတ္ျပန္လာေတာ့ တစ္ေယာက္တည္းမဟုတ္။
ေရာင္နီပါကပ္ပါလာေလသည္။
ခ်မ္းေျမ့မွာ အလိုမက်ေသာ္လည္းမိခင္ျဖစ္သူက
ထိုင္ပါဆိုၿပီးဖိတ္ေခၚေနသည္မို႔ သူ႕မွာၿငိမ္ကုပ္ေနလိုက္ရသည္။

''ေဟ့လူ ဒီဘက္လာထိုင္"

နံေဘးနားကေနရာလြတ္ကိုပုတ္ကာေျပာေနေသာ
ခ်မ္းေျမ့ကို ေပ်ာ္႐ႊင္နံေဘးကပ္ထိုင္ရန္ျပင္ေနတဲ့
ေရာင္နီကေၾကာင္အမ္းစြာၾကည့္ေနမိသည္။
ေနရာလြတ္မွာထိုင္ရန္ျပင္ေနသည့္ရွင္းျမတ္မွာလည္း
ေၾကာင္အအႏွင့္ပင္။

''ဒါဆိုငါက ဘယ္နားသြားထိုင္ရမွာလဲ ခ်မ္းေျမ့"

''ကိုကိုက ဒီမွာလာထိုင္"

တင္ပ်ဥ္ေခြထိုင္ခ်ထားသည့္ သူ႕ေပါင္ထက္သို႔
လက္ပုတ္ျပေနသည့္ခ်မ္းေျမ့ပုံစံက စေနာက္ေနဟန္မဟုတ္။
အစ္မကိုႏွေျမာလြန္ၿပီး ပတ္ဝန္းက်င္ကိုပင္
ဂ႐ုမစိုက္နိုင္ေတာ့သည့္ခ်မ္းေျမ့ေၾကာင့္
ရွင္းျမတ္မွာ တစ္ဖက္သို႔မ်က္ႏွာလႊဲကာရယ္မိသည္။

''ဘာေတြဘူေနတာလဲ ခ်မ္းေျမ့၊
ကိုေရာင္နီ ေပ်ာ္႐ႊင့္ေဘးနားသာကပ္ထိုင္လိုက္"

''မမ"

''ပြဲစေတာ့မယ္ေလ သားငယ္"

မိခင္ျဖစ္သူပါဝင္ေျပာလာၿပီမို႔ ခ်မ္းေျမ့မ်က္ႏွာက
မႈန္ကုတ္ကုတ္ႏွင့္လက္ခံလိုက္ရသည္။ေနရာရသြားကာမွ
ေရာင္နီ႕မွာေပ်ာ္႐ႊင့္နံေဘးခပ္ကုတ္ကုတ္ကေလး
ဝင္ထိုင္ရသည္။မေတာ္ရေသးသည့္ေ႐ႊေယာက္ဖႀကီး
ၿငိဳျငင္သြားမွာကိုေတာ့ သူမလိုလား။

မၾကာခင္မွာပဲ ဇာတ္သဘင္ပြဲစကာ
မ႑ပ္အတြင္းရွိလူေတြဟာ မိန္းေမာလ်က္ရွိသည္။
စတိတ္ရွိုးမလာေသးတာမို႔ အပီကဲရန္ျပင္ေနၾကသည့္
ကာလသားေတြဟာၿငိမ္သက္လ်က္ရွိေပသည္။

''ဟယ္ ကိုေရာင္နီ"

နာမည္ေခၚသံေၾကာင့္ေမာ့ၾကည့္မိေတာ့
ဆုျမတ္သြယ္ျဖစ္ကာ သူမႏွင့္အတူသူငယ္ခ်င္းမေလးေရာ
အတူမတ္တပ္ရပ္လွ်က္။မလုံမလဲျဖစ္စြာ
နံေဘးမွေပ်ာ္႐ႊင္ထံအၾကည့္ပို႔မိေတာ့ သူႏွင့္အသြယ့္ကို
မၾကည္သလိုၾကည့္ေနေလသည္။မခ်င့္မရဲျဖစ္စြာ
တံေတြးမ်ိဳခ်ရင္း အသြယ့္ကိုျပန္ၿပဳံးျပရသည္။

ျဖစ္ခ်င္ေတာ့ ခ်မ္းေျမ့တို႔ဖ်ာနံေဘးခ်ထားသည့္
တစ္ျခားသူဖ်ာကအသြယ့္တို႔ဖ်ာျဖစ္ေနေလသည္။
အသြယ့္က ႐ြာတြင္းမွတစ္ျခားသူငယ္ခ်င္းေတြႏွင့္အတူ
ဝင္ထိုင္ေလသည္။ထို႔ေနာက္ဇာတ္ပြဲၾကည့္ရင္း
ေရာင္နီ႕ဘက္လွည့္ကာ စကားလွည့္ေျပာတတ္သည္။

ေရာင္နီ႕မွာ ပြဲခင္းထဲလူမ်ားလို႔ေပလား၊
နံေဘးရွိေပ်ာ္႐ႊင့္ထံမွအၾကည့္စူးစူးေတြေၾကာင့္ေပလားမသိ၊
ေခြၽးေစးျပန္လာ၏။သက္သာရာရလို၍
ခ်စ္သူငယ္ခ်င္းႀကီးရွင္းျမတ္ထံ စစ္ကူေတာင္းရန္ျပင္ေပမဲ့
ရွင္းျမတ္ကခ်မ္းေျမ့ပုခုံးထက္ေခါင္းမွီခ်လ်က္။

အမယ္အိုႏွင့္႐ႊင္လန္းက ဇာတ္ပြဲထက္မွအၾကည့္မလႊဲေပ။
႐ႊင္လန္းေပါင္ထက္ေခါင္းခ်အိပ္ေနေသာ
ၾကည္ႏူးကေတာ့ ရင္ဘတ္ထဲသူ႕အ႐ုပ္သစ္ကေလးေပြ႕ဖက္လ်က္။
တည္ၿငိမ္ေနသူေတြၾကား မတည္ၿငိမ္သူကေတာ့
ေရာင္နီထြန္းတစ္ေယာက္တည္းသာ။

''ကိုေရာင္နီ ဇီးထုပ္စားမလား"

ႏွစ္ေယာက္တည္းသာရွိလွ်င္ အလိုက္မသိရေကာင္းလားဆိုၿပီး အသြယ့္ေခါင္းထိပ္ကို
နာနာကေလးထုခ်င္ပါရဲ႕ေလ။

''မမေပ်ာ္႐ႊင္ အခ်ဥ္ေပါင္း"

ဆုျမတ္သြယ္လွမ္းေပးလာသည့္အခ်ဥ္ေပါင္းထုပ္ကို
ၿပဳံးၿပဳံးကေလးႏွင့္သာျငင္းလႊတ္လိုက္သည္။
ထို႔ေနာက္ ေနရခက္ေနသည့္ကိုေရာင္နီ႕ကိုၾကည့္ကာ
သူမစိတ္ကိုတစ္ထစ္ေလွ်ာ့ခ်လိဳက္ရသည္။

ႏွစ္ေယာက္သားကရိုးရိုးသားသားခင္မင္ၾကတာကို
သူမအေနနဲ႕အထင္မမွားသင့္ပါဘူးေလ...

......................

Continue Reading

You'll Also Like

398K 11.3K 28
တော်ဝင်ဂုဏ် + ရှေးဆန်သူ
1.9M 90.9K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
364K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
547K 12.4K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်