ချစ်ရပါသော သဲငယ်❤

By MaythuKyawzaw2

20.3K 829 81

နာတယ် ရင်ထဲထိနာတယ် ဘယ်ကစလို့ဘယ်လိုမှားလဲမသိပေမဲ့ ငါမင်းကိုလက်ခံဖို့မဖြစ်နိုင်ဘူး အဲ့တာကြောင့်ငါနဲ့ဝေးဝေးနေပါ... More

အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
Hello Kha😊

အပိုင်း ၄

606 31 0
By MaythuKyawzaw2

သူ့ကိုသူတကယ်နားမလည်နိုင်တော့ဘူး အတန်းထဲရောက်တာနဲ့ သဲနုငယ်ကိုအရင်ရှာ တွေ့ရင်ထိုင်ကြည့် ခေါင်းထဲပုံမှန်မဟုတ်တဲ့အတွေးတွေ ထိုင်တွေးရင်း တကယ်သူ့ဘဝကနားမလည်နိုင်စရာပဲ
သဲနုငယ် သူ့ကိုစကားကောင်းကောင်းမပြောတာ ၃ရက်ရှိနေပြီ သူမေးလိုက်တဲ့မေးခွန်းကစိတ်ဆိုးစရာကောင်းနေတာသိပေမဲ့ သူလည်းပြန်မချော့မိ
ယောင်္ကျားလေးသူငယ်ချင်းတွေကြားထဲ ပြန်ချော့ရတယ် စိတ်ဆိုးတယ်ဆိုတာကပုံမှန်မဟုတ်ဘူးမလား သူတို့ဘာဖြစ်နေကြတာလဲ ဒီနေ့တော့အဖြေရအောင် သေချာမေးမှရတော့မယ် ဒီတိုင်းကြီးအုံတုံတုံနဲ့နေရတာ အဆင်မပြေလှဘူး
    
    အိမ်ကထွက်လာကတည်းကနေ ဒီနေ့သဲနုငယ်ကိုသေချာမေးပြီး စိတ်ဆိုးနေလည်းသူပြန်ဖြေရှင်းပေးလိုက်မယ် ၃ယောက်နေတဲ့အထဲသူ့ကိုပဲကွက်ပြီးစကားမပြောတာက တကယ်အဆင်ပြေမနေဘူး လက်ထဲလမ်းကဆင်းဝယ်ခဲ့တဲ့ ဆွမ်းမွှေးကိတ်လေးနဲ့ပဲ မျက်နှာလုပ်လိုက်တော့မယ်
ချိုတဲ့အရာတွေမကြိုက်တဲ့သဲနုငယ်က ဆွမ်းမွှေးကိတ်ကိုတော့ကြိုက်တယ်မလား သူတို့ပြန်အဆင်ပြေသွားမှာပါ

"မဟာ...."
အတန်းထဲမဝင်ခင် နောက်မှသူ့ပြည့်ခေါ်သံကြောင့် ရပ်စောင့်နေလိုက်တော့တယ်
"မင်း ဒီနေ့စောသားပဲ"
"အင်း.....ငါ့ကိုသဲနုငယ် စကားကောင်းကောင်းမပြောလို့ သူနဲ့ဒီနေ့ဖြေရှင်းမို့စောလာခဲ့တာ မင်းသိလား ငါစိတ်ထဲအဆင်မပြေဘူးကွာ"
"ကဲပါ ငါလည်းကြားကနေပြောပေးမယ် ငယ်ငယ်ကစိတ်ဆိုးပြေလွယ်ပါတယ် မင်းကလည်းနောက်ဆို သူမကြိုက်တဲ့စကားတွေရှောင်ပေါ့
သူရုပ်ကနူးညံ့နေပေမဲ့ သူ့စိတ်ကတကယ့်ယောင်္ကျားစိတ်ပါ ယောင်္ကျားရောမိန်းမပါစိတ်မဝင်စားပဲ စာပဲသေချာလုပ်ပြီးအေးဆေးနေတဲ့သူပါ မင်းလည်းခုဆိုသိလောက်ရောပေါ့"
"ကိတ်နဲ့ချော့ရင်တော့ ရလောက်မှာပါ ငါကိတ်ဝယ်ခဲ့တယ်"
"ငါ့ဖို့ရော  ငါ့အတွက်မပါရင်ဝင်မပြောပေးဘူးနော် မင်းဘက်က"
"ပါတယ် အငတ်ရဲ့ မြန်မြန်သွားမယ်လာ"
         သူတို့အတန်းထဲဝင်တာနဲ့ သဲနုငယ်က စာတွေပြန်နွေးနေတာမြင်လိုက်ရတယ်
သူနဲ့သူ့ပြည့်ကတစ်ယောက်နဲ့တစ်ယောက် မျက်စပစ်ပြီး
"ငယ်ငယ်  ရောက်တာကြာပြီလား ငါကမရောက်လောက်သေးဘူးထင်နေတာ"
"မားကဆိုင်ကိုစောသွားမယ်ဆိုလို့ ငါပါတစ်ခါထဲလိုက်လာခဲ့တာ"
"သဲနုငယ်"
  မဝံ့မရဲနဲ့သူခေါ်လိုက်မိတော့တယ်
"အင်း  ပြောလေ"
"မင်းအတွက်ဝယ်ခဲ့တာ မင်းကြိုက်တယ်မလား"
"ဘာလဲ   ငါကမုန့်ဝယ်ပေးလိုက်ရင် စိတ်ဆိုးပြေပြီထင်နေလို့လား အဲ့လောက်လွယ်မလား"
"မဟုတ်ပါဘူး ငါကလေ ငါ...ငါ"
"လွယ်တယ်......ငါဆွမ်းမွှေးကိတ်အကြိုက်ဆုံးပဲ"
အမ်.....မဟာခနတော့ကြောင်ပြီးကြည့်မိနေသည်သူ့ပြည့်နဲ့သဲနုငယ်က သူ့ကိုကြည့်ပြီး တဟားဟားအေယ်ရယ်နေကြလေတော့တယ်....
    ခုမှပဲစိတ်အဆင်ပြေတော့တယ် နေရထိုင်ရလည်းသက်တောင့်သက်သာရှိသွားသလိုပဲ
လာဗင်ဒါ ဟုတ်တယ် ဒီအနံ့လေးကတကယ်စိတ်ချမ်းသာစရာကောင်းတယ် ကျောင်းပိတ်ရက်တွေဆို သူတစ်ခုခုလိုနေသလိုခံစားနေရတာ ဒီအနံ့ကြောင့်များ    ဘယ်တုန်းကတည်းကနေ အမွှေးနံ့တွေကို သူသဘောကသြှားတာပါလိမျ့..
    ဆရာမဝင်လာလို့ ရှေ့ကိုပြန်လှည့်သွားတဲ့သဲနုငယ်နောက်ကျောကိုထုံးစံအတိုင်းငေးနေမိတော့ပြန်တယ်......ဖြူဖွေးတဲ့အသား ခပ်မို့မို့ပါးပြင် နှာတံစင်းစင်း မျက်တောင်ရှည်တွေက တစောင်းကြည့်ရင်တောင် အတော်အတန်ရှည်လွန်းနေတာမလား ပါးပြင်ကသွေးကြောတွေပါမြင်ရအောင်နုဖတ်နေလွန်းပြန်တယ် ကော်ဖီရောင်ဆံပင်ရှည်ကို ခပ်မြင့်မြင့်ထုံးထားလို့ ရှင်းလင်းနေတဲ့လည်တိုင်မှာ မွှေးညင်းနုတွေက ကပိုကယို နားသယ်စကနေလည်ဂုတ်နားထိ ကျနေတဲ့မွှေးညင်းနုတွေက ဘာလို့ဒီလောက်ကြည့်ကောင်းနေရတာလဲ အန္တရာယ်များလိုက်တာ..
သဲနုငယ်လိုယောက်ျားက တကယ့်အန္တာရယ်များတဲ့ကောင်လေးပဲ.....
    တွေးနေတုန်း သူ့ပါးပြင်မှာ ပူနွေးတဲ့ခံစားချက်ရလာတယ်  လက်နဲ့စမ်းကြည့်မိတော့ မျက်ရည်တွေ....မြတ်စွာဘုရား.... လည်တိုင်ကအမွှေးနုတွေက သူ့ကိုမျက်ရည်ကျတဲ့ထိ ခံစားချက်ပေးတာလားဆိုပြီး အလန့်တကြားဘုရားတိမိတော့တယ်......
   ကျောင်းဆင်းချိန်ဆိုတာ ကျောင်းသားတွေအတွက်အပျော်ဆုံးအချိန်ပါပဲ...စာသင်ခန်းထဲကသူ့ထက်ငါအရင်ပြေးထွက်ကြပြီး ဂိတ်ဝထိနုတ်ဆက်မပြီးနိုင် မနက်ဖန်ဘာလုပ်ကြမယ်ချိန်းဆိုပြီ ကျောင်းပိတ်ဝန်းကျင်မှာရယ်သံတွေနဲ့ စည်ကားနေတော့တယ်
   လာကြိုတဲ့ကားကိုရှာနေတုန်း
"မဟာ ပိတ်ရက်ကျ မားက မာလာရှမ်းကောလုပ်ကျွေးမို့တဲ့ ငါ့အိမ်လာလည်နော် မင်းကိုလည်းမားက ငါပြောပြလို့ရင်းနီးနေပြီးသား"
"ငါမေကြီးကိုပြောလိုက်အူးမယ်လေ လာဖြစ်မှာကသေချာပါတယ် မင်းရဲ့မားလက်ရာဆိုရင်ငါမငြင်းနိုင်ပါဘူး"
"ok...မနက်ဖန်ကျသေချာခွင့်တောင်းခဲ့နော်  တာ့တာ"
ပါးချိုင့်ပေါ်အောင်ပြုံးပြသွားပြီး သူ့ပြည့်နဲ့စနောက်ကာထွက်သွားတဲ့ကျောပြင်ကိုထပ်ငေးမိပြန်တယ်....
ဟူး.....ငါဘာဖြစ်နေတာလဲ ဘာဖြစ်ချင်နေတာလဲ
"သား မဟာ....ဦးလေးနဲနဲနောက်ကျသွားတယ်
ကျောင်းဆင်းတာကြာပြီလား.."
"ခုပဲဆင်းတာ ဦးလေး နောက်မကျပါဘူး"
အတွေးစက အကြိုအပို့လုပ်တဲ့ဦးလေးလာမှပဲပြတ်တော့မယ်
မဖြစ်တော့ဘူး ကို့ဘာသာအဖြေရှာမရရင်  ကိုကြီးကိုပြောပြီးအကြံတောင်းမှရတော့မယ်ဆိုပြီး
အိမ်ပြန်မို့သာစိတ်စောမိတော့တယ်...... 
  

အပိုင်းသစ်ထပ်တင်ပေးလိုက်ပါတယ် ဖတ်တဲ့သူနည်းပေမဲ့ ဖြည်းဖြည်းချင်း ပုံဖော်ပေးမှာမို့ လိုက်ခဲ့ကြပါအူး

  သူ႕ကိုသူတကယ္နားမလည္နိုင္ေတာ့ဘူး အတန္းထဲေရာက္တာနဲ႕ သဲႏုငယ္ကိုအရင္ရွာ ေတြ႕ရင္ထိုင္ၾကည့္ ေခါင္းထဲပုံမွန္မဟုတ္တဲ့အေတြးေတြ ထိုင္ေတြးရင္း တကယ္သူ႕ဘဝကနားမလည္နိုင္စရာပဲ
သဲႏုငယ္ သူ႕ကိုစကားေကာင္းေကာင္းမေျပာတာ ၃ရက္ရွိေနၿပီ သူေမးလိုက္တဲ့ေမးခြန္းကစိတ္ဆိုးစရာေကာင္းေနတာသိေပမဲ့ သူလည္းျပန္မေခ်ာ့မိ
ေယာကၤ်ားေလးသူငယ္ခ်င္းေတြၾကားထဲ ျပန္ေခ်ာ့ရတယ္ စိတ္ဆိုးတယ္ဆိုတာကပုံမွန္မဟုတ္ဘူးမလား သူတို႔ဘာျဖစ္ေနၾကတာလဲ ဒီေန႕ေတာ့အေျဖရေအာင္ ေသခ်ာေမးမွရေတာ့မယ္ ဒီတိုင္းႀကီးအုံတုံတုံနဲ႕ေနရတာ အဆင္မေျပလွဘူး
    
    အိမ္ကထြက္လာကတည္းကေန ဒီေန႕သဲႏုငယ္ကိုေသခ်ာေမးၿပီး စိတ္ဆိုးေနလည္းသူျပန္ေျဖရွင္းေပးလိုက္မယ္ ၃ေယာက္ေနတဲ့အထဲသူ႕ကိုပဲကြက္ၿပီးစကားမေျပာတာက တကယ္အဆင္ေျပမေနဘူး လက္ထဲလမ္းကဆင္းဝယ္ခဲ့တဲ့ ဆြမ္းေမႊးကိတ္ေလးနဲ႕ပဲ မ်က္ႏွာလုပ္လိုက္ေတာ့မယ္
ခ်ိဳတဲ့အရာေတြမႀကိဳက္တဲ့သဲႏုငယ္က ဆြမ္းေမႊးကိတ္ကိုေတာ့ႀကိဳက္တယ္မလား သူတို႔ျပန္အဆင္ေျပသြားမွာပါ

"မဟာ...."
အတန္းထဲမဝင္ခင္ ေနာက္မွသူ႕ျပည့္ေခၚသံေၾကာင့္ ရပ္ေစာင့္ေနလိုက္ေတာ့တယ္
"မင္း ဒီေန႕ေစာသားပဲ"
"အင္း.....ငါ့ကိုသဲႏုငယ္ စကားေကာင္းေကာင္းမေျပာလို႔ သူနဲ႕ဒီေန႕ေျဖရွင္းမို႔ေစာလာခဲ့တာ မင္းသိလား ငါစိတ္ထဲအဆင္မေျပဘူးကြာ"
"ကဲပါ ငါလည္းၾကားကေနေျပာေပးမယ္ ငယ္ငယ္ကစိတ္ဆိုးေျပလြယ္ပါတယ္ မင္းကလည္းေနာက္ဆို သူမႀကိဳက္တဲ့စကားေတြေရွာင္ေပါ့
သူ႐ုပ္ကႏူးညံ့ေနေပမဲ့ သူ႕စိတ္ကတကယ့္ေယာကၤ်ားစိတ္ပါ ေယာကၤ်ားေရာမိန္းမပါစိတ္မဝင္စားပဲ စာပဲေသခ်ာလုပ္ၿပီးေအးေဆးေနတဲ့သူပါ မင္းလည္းခုဆိုသိေလာက္ေရာေပါ့"
"ကိတ္နဲ႕ေခ်ာ့ရင္ေတာ့ ရေလာက္မွာပါ ငါကိတ္ဝယ္ခဲ့တယ္"
"ငါ့ဖို႔ေရာ  ငါ့အတြက္မပါရင္ဝင္မေျပာေပးဘူးေနာ္ မင္းဘက္က"
"ပါတယ္ အငတ္ရဲ႕ ျမန္ျမန္သြားမယ္လာ"
         သူတို႔အတန္းထဲဝင္တာနဲ႕ သဲႏုငယ္က စာေတြျပန္ႏြေးေနတာျမင္လိုက္ရတယ္
သူနဲ႕သူ႕ျပည့္ကတစ္ေယာက္နဲ႕တစ္ေယာက္ မ်က္စပစ္ၿပီး
"ငယ္ငယ္  ေရာက္တာၾကာၿပီလား ငါကမေရာက္ေလာက္ေသးဘူးထင္ေနတာ"
"မားကဆိုင္ကိုေစာသြားမယ္ဆိုလို႔ ငါပါတစ္ခါထဲလိုက္လာခဲ့တာ"
"သဲႏုငယ္"
  မဝံ့မရဲနဲ႕သူေခၚလိုက္မိေတာ့တယ္
"အင္း  ေျပာေလ"
"မင္းအတြက္ဝယ္ခဲ့တာ မင္းႀကိဳက္တယ္မလား"
"ဘာလဲ   ငါကမုန့္ဝယ္ေပးလိုက္ရင္ စိတ္ဆိုးေျပၿပီထင္ေနလို႔လား အဲ့ေလာက္လြယ္မလား"
"မဟုတ္ပါဘူး ငါကေလ ငါ...ငါ"
"လြယ္တယ္......ငါဆြမ္းေမႊးကိတ္အႀကိဳက္ဆုံးပဲ"
အမ္.....မဟာခနေတာ့ေၾကာင္ၿပီးၾကည့္မိေနသည္သူ႕ျပည့္နဲ႕သဲႏုငယ္က သူ႕ကိုၾကည့္ၿပီး တဟားဟားေအယ္ရယ္ေနၾကေလေတာ့တယ္....
    ခုမွပဲစိတ္အဆင္ေျပေတာ့တယ္ ေနရထိုင္ရလည္းသက္ေတာင့္သက္သာရွိသြားသလိုပဲ
လာဗင္ဒါ ဟုတ္တယ္ ဒီအနံ႕ေလးကတကယ္စိတ္ခ်မ္းသာစရာေကာင္းတယ္ ေက်ာင္းပိတ္ရက္ေတြဆို သူတစ္ခုခုလိုေနသလိုခံစားေနရတာ ဒီအနံ႕ေၾကာင့္မ်ား    ဘယ္တုန္းကတည္းကေန အေမႊးနံ႕ေတြကို သူသေဘာကျသွားတာပါလိမ့်..
    ဆရာမဝင္လာလို႔ ေရွ႕ကိုျပန္လွည့္သြားတဲ့သဲႏုငယ္ေနာက္ေက်ာကိုထုံးစံအတိုင္းေငးေနမိေတာ့ျပန္တယ္......ျဖဴေဖြးတဲ့အသား ခပ္မို႔မို႔ပါးျပင္ ႏွာတံစင္းစင္း မ်က္ေတာင္ရွည္ေတြက တေစာင္းၾကည့္ရင္ေတာင္ အေတာ္အတန္ရွည္လြန္းေနတာမလား ပါးျပင္ကေသြးေၾကာေတြပါျမင္ရေအာင္ႏုဖတ္ေနလြန္းျပန္တယ္ ေကာ္ဖီေရာင္ဆံပင္ရွည္ကို ခပ္ျမင့္ျမင့္ထုံးထားလို႔ ရွင္းလင္းေနတဲ့လည္တိုင္မွာ ေမႊးညင္းႏုေတြက ကပိုကယို နားသယ္စကေနလည္ဂုတ္နားထိ က်ေနတဲ့ေမႊးညင္းႏုေတြက ဘာလို႔ဒီေလာက္ၾကည့္ေကာင္းေနရတာလဲ အႏၱရာယ္မ်ားလိုက္တာ..
သဲႏုငယ္လိုေယာက္်ားက တကယ့္အႏၱာရယ္မ်ားတဲ့ေကာင္ေလးပဲ.....
    ေတြးေနတုန္း သူ႕ပါးျပင္မွာ ပူႏြေးတဲ့ခံစားခ်က္ရလာတယ္  လက္နဲ႕စမ္းၾကည့္မိေတာ့ မ်က္ရည္ေတြ....ျမတ္စြာဘုရား.... လည္တိုင္ကအေမႊးႏုေတြက သူ႕ကိုမ်က္ရည္က်တဲ့ထိ ခံစားခ်က္ေပးတာလားဆိုၿပီး အလန့္တၾကားဘုရားတိမိေတာ့တယ္......
   ေက်ာင္းဆင္းခ်ိန္ဆိုတာ ေက်ာင္းသားေတြအတြက္အေပ်ာ္ဆုံးအခ်ိန္ပါပဲ...စာသင္ခန္းထဲကသူ႕ထက္ငါအရင္ေျပးထြက္ၾကၿပီး ဂိတ္ဝထိႏုတ္ဆက္မၿပီးနိုင္ မနက္ဖန္ဘာလုပ္ၾကမယ္ခ်ိန္းဆိုၿပီ ေက်ာင္းပိတ္ဝန္းက်င္မွာရယ္သံေတြနဲ႕ စည္ကားေနေတာ့တယ္
   လာႀကိဳတဲ့ကားကိုရွာေနတုန္း
"မဟာ ပိတ္ရက္က် မားက မာလာရွမ္းေကာလုပ္ေကြၽးမို႔တဲ့ ငါ့အိမ္လာလည္ေနာ္ မင္းကိုလည္းမားက ငါေျပာျပလို႔ရင္းနီးေနၿပီးသား"
"ငါေမႀကီးကိုေျပာလိုက္အူးမယ္ေလ လာျဖစ္မွာကေသခ်ာပါတယ္ မင္းရဲ႕မားလက္ရာဆိုရင္ငါမျငင္းနိုင္ပါဘူး"
"ok...မနက္ဖန္က်ေသခ်ာခြင့္ေတာင္းခဲ့ေနာ္  တာ့တာ"
ပါးခ်ိဳင့္ေပၚေအာင္ၿပဳံးျပသြားၿပီး သူ႕ျပည့္နဲ႕စေနာက္ကာထြက္သြားတဲ့ေက်ာျပင္ကိုထပ္ေငးမိျပန္တယ္....
ဟူး.....ငါဘာျဖစ္ေနတာလဲ ဘာျဖစ္ခ်င္ေနတာလဲ
"သား မဟာ....ဦးေလးနဲနဲေနာက္က်သြားတယ္
ေက်ာင္းဆင္းတာၾကာၿပီလား.."
"ခုပဲဆင္းတာ ဦးေလး ေနာက္မက်ပါဘူး"
အေတြးစက အႀကိဳအပို႔လုပ္တဲ့ဦးေလးလာမွပဲျပတ္ေတာ့မယ္
မျဖစ္ေတာ့ဘူး ကို႔ဘာသာအေျဖရွာမရရင္  ကိုႀကီးကိုေျပာၿပီးအႀကံေတာင္းမွရေတာ့မယ္ဆိုၿပီး
အိမ္ျပန္မို႔သာစိတ္ေစာမိေတာ့တယ္......

အပိုင္းသစ္ထပ္တင္ေပးလိုက္ပါတယ္ ဖတ္တဲ့သူနည္းေပမဲ့ ျဖည္းျဖည္းခ်င္း ပုံေဖာ္ေပးမွာမို႔ လိုက္ခဲ့ၾကပါအူး

Continue Reading

You'll Also Like

94.1K 8.8K 90
ဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေ...
1.3M 32.9K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.4K 113 22
Mistery, crime, thriller, comedy, a college student yn. professor fell in love with her and make his girlfriend and yn finds out the mystery of...
1.1M 58.1K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...