Taehyung မှာ မိမိလက်ထဲ ရောက်လာသော
ပန်းစည်းကို ကိုင်ကာ အံ့ဩနေမိတော့သည်။
ကျန်တဲ့သူများကတော့ hoseokနဲ့ taehyung
အဖြစ်ကို ကြည့်ကာ ရယ်နေမိကြတော့သည်။
မင်္ဂလာပွဲလေးသည် ပျော်ရွှင်စရာ အပြည့်နဲ့
အောင် မြင်စွာ ပြီးဆုံးသွားခဲ့တော့သည်။
...................................................................
မင်္ဂလာပွဲ ပြီးသည်နှင့် ဧည့်ခံပွဲအဖြစ် ညစာ
စားပွဲကိုသာ တန်းကျင်းပခဲ့ကြသည်။jimin မေမေကတော့ စားပြီးသည်နှင့် အခန်းဆီ အရင်ပြန်နှင့်သည်မို့ သူတို့ လူငယ်တွေသာ ရှိတော့သည်မို့
လွတ်လပ်စွာ သောက်ကြတော့သည်။
ယောင်္ကျားလေးများဖြစ်သည့်အတွက်
စိတ်ကြိုက် သောက်ကြသည်မို့ အားလုံးသည်
ထိုနေရာမှာပဲ ခေါင်းစိုက်သူက စိုက်နေခဲ့ကြသည်။
Jungkook မူးနေသော်လည်း အသိစိတ်လွတ်တဲ့ အထိတော့ မဖြစ်သေးပါ။jiminလည်း အနည်းငယ် သောက်ထားသည့်အတွက်
အကြည့်များမှာ ရီဝေဝေဖြစ်နေတော့သည်။
"Jimin!တော်တော့ !"
"ဒီတစ်ခွက် "
"မရဘူး။မင်း မူးနေပြီ ။
အခန်းပြန်ကြမယ် "
"တစ်ခွက်ပဲလို့ !"
"မောင်...မရဘူးလို့ ပြောပြီးပြီလေ "
"ဟွန်းး !"
နှာမှုတ်သံလေးနဲ့ သူမကျေနပ်ကြောင်း
ပြလာသည်မို့ jungkookမှာ သဘောတကျ ရယ်ကသေးသည် ။
"လာ!မောင် ပွေ့ခေါ်မယ် "
"အင်း "
လက်လေးနှစ်ဖက်ကို ကမ်းလာသည်ကြောင့်
Jungkook ရှေ့ကို တိုးသွား လိုက်သည်။လည်တိုင်ကို သိုင်းဖက်လာပြီးသည့်အတွက်
လက်တစ်ဖက်က ကျောပြင်ကို ထိန်းပြီး
ကျန်တစ်ဖက်က ဒူးကောက်ကွေးကနေ
မချီရတော့သည်။
အခန်းတံခါး သေချာပိတ်ပြီးနောက်
လက်ထဲက အမူးသမားလေးအား
မွေ့ယာပေါ် ချလိုက်တော့သည်။jungkookရဲ့
လည်ပင်းကို သိုင်းဖက်ထားဆဲမို့ Jungkook မှာ
တန်းမထနိုင်ပဲ jimin အပေါ် အုပ်မိုးလျက် အနေအထားနဲ့ ပင် ဖြစ်နေတော့သည်။
Jungkookကြည့်နေတုန်းမှာပဲ မူးနေသူလေးက
မျက်လုံးပွင့်လာကာ မောင့်မျက်လုံးများကို
စိုက်ကြည့်လာသည်။jungkookလည်း jiminရဲ့
အကြည့်များကို မရှောင်လွှဲပဲ ပြန် စိုက်ကြည့်နေလိုက်သည်။
"မောင်...အလိုရှိတာကို ယူလို့ရတယ် "
ထိုစကားတစ်ခွန်း။စကားလေး တစ်ခွန်းဆိုပေမယ့် jungkookရဲ့ စိတ်စွမ်းအင်တွေက်ု တွန်းအား
ပေးလိုက်သလို ကိုယ်တွင်းက သွေးများ ဆူပွက်လာတော့သည်။
ဦးစွာ နှုတ်ခမ်းကို စတင်နမ်းရှိုက်လိုက်သည်။
မနူးညံ့သော အနမ်းများသည် jimin နှုတ်ခမ်းသားတစ်ခုလုံး ထူပူလာသည်အထိပင်။လျှာဖျားအချင်းချင်း တစ်ခါတစ်ရံ ရစ်ပတ်လာသည့်အခါ
အနမ်းများသည် ပို မက်မောစရာဖြစ်လာတော့သည်။
လည်တိုင်ဆီ လျှောကျသွားသော
နှုတ်ခမ်းပါးတွေသည် ပွတ်ဆွဲသွားလိုက်၊ဆွဲစုပ်ယူလိုက်၊သွားနဲ့ပါ ကိုက်လာတော့သည်။jimin လည်ပင်း ဖွေးဖွေးလေးသည် မောင် ပေးထားခဲ့သော အနီရောင် အမှတ်အသားများနဲ့ တစ်မျိုးလေး လှနေတော့သည်။
ဝတ်ထားသော အင်္ကျီလက်ရှည်ကြယ်သီးများအား ဖြုတ်ပြီးနောက် ထို အင်္ကျီလေးအား
မောင်သည် ကြမ်းပြင်ဆီကို လွင့်ပစ်လိုက်တော့သည်။လှပစွာ ပေါ်လာသော
ခန္ဓာကိုယ်သည် ညမီးရောင်အောက်
ဖြူဖွေးလွန်းစွာပင်။
ညှပ်ရိုးနဲ့ ရင်ညွှန့်နေရာကို အမှတ်အသားများ
ထင်အောင် ပေးလိုက်၊ထိုမှ တစ်ဆင့်
လက်မောင်းသားများကိုပါ နမ်းလာသည်မို့
Jimin ရင်ခုန်သံတွေမြန်လာတော့သည်။
အသက်ရှုသံတွေ မြန်လာသည်နှင့် နိမ့်ချည်၊မြင့်ချည်ဖြစ်နေသော ရင်ဘတ်အစုံကို ကြည့်ကာ
Jungkook အဆုံးထိကို အမြန်သွားချင်တော့သည်။မြင်နေရသော ပန်းရောင်
ပွင့်ချပ်လေးများကို ဆွဲစုပ်ယူကာ နမ်းတော့
ခန္ဓာ ကိုယ်လေးသည် လူးလွန့်လာတော့သည်။
သူကိုယ်တိုင်က အဝတ်အစား အပြည့်ရှိနေသေးသည့်အတွက် နမ်းခြင်းကို ရပ်လိုက်သည်။jiminသည် သူ့အား ကြည့်နေသည်။
Jungkookလည်း တစ်ချက်ပြုံးပြပြီး
နက်ခ်တိုင်ကို အမြန် ဆွဲဖြုတ်ကာ ကြယ်သီးများကို အမြန် ဖြုတ်လိုက်တော့သည်။ထိုမှတစ်ဆင့်
အောက်ပိုင်းဆီက အဝတ်အစားများကိုလည်း
အကုန်ဖယ်ရှား လိုက်တော့သည်။
မိမိအောက်က ကိုယ်ငယ်လေးထက်က
အဝတ်အစားတို့ကိုလည်း အမြန် ဖယ်ရှားလိုက်မှ
အလှတရားတို့သည် အကုန် ပေါ်လာတော့သည်။
သုံးနှစ်ကြာပြီးမှ ပြန်လည် နီးနှောခြင်း ဖြစ်တာရော၊မင်္ဂလာဦးညလည်း ဖြစ်တာရောကြောင့်
နှစ်ယောက်စလုံးအတွက် အသစ်လိုဖြစ်နေတော့သည်။
အဆင့်သင့်ဖြစ်သည့် အချိန်တွင်တော့
Jiminဆီကန ရယူနိုင်သလောက် ရယူခဲ့မိသည်။
စိတ်ရှိတိုင်း ကြမ်းရမ်းမိတိုင်း "မောင်"ဆိုပြီး
ညီးညူကာ ခေါ်လာသံလေးတွေသည် jungkookအတွက် နားဝင်ချိုစေခဲ့သည်။
ကျောပြင်ပေါ် ကုတ်ခြစ်လာသော
လက်သည်းလေးများက နာကျင်မှုကို ထွက်ပေါက်အဖြစ် အံတုနေခြင်း။ကိုယ့်ဆီက အရာရာကို
ချွေးစများ ရစ်သီနေသော မျက်နှာလေးနဲ့
လက်ခံနေသည်။တစ်ချက်၊တစ်ချက် မျက်နှာလှလှလေးသည် ရှုံ့မဲ့ သွားသေးသည်။
မိမိရင်ခွင်အောက်က Park jimin ရဲ့
ပြောင်းလဲမှု အဆင့်ဆင့်အား မောင်သည်
အကုန် မှတ်သားထားသည်။သူ့ဆီက နာကျင်မှုကြောင့်ဖြစ်စေ၊သာယာမှုကြောင့်ဖြစ်စေ
ပြောင်းလဲ သွားသော မျက်နှာလှလှလေးက
Jungkook စိတ်မထိန်းနိုင်ရခြင်း၏ အဓိက
အကြောင်းအရင်းပင် ဖြစ်သည်။
ရယူခဲ့ခြင်းများသည် အတောမသတ်နိုင်ခဲ့ပါ။
ပြီးဆုံးခြင်းများသည်လည်း မရေတွက်နိုင်။
အထွဋ်အထိပ်ကို ကူးခတ်ခြင်းသည် ဘယ်နှစ်ကြိမ်မြောက်ပင် မသိ။
ခရီးအဆုံးထိ ရောက်ဖို့ အချိန် အတော်ကြာ ယူခဲ့ကြရသည်။
........................................................................
"မောင် "
"ဗျာ "
"ငါ မောင်နဲ့ ကမ်းခြေမှာ လမ်းလျှောက်ချင်တယ် "
"အခုလား ?"
"အင်း "
"ဆက်မအိပ်တော့ဘူးလား?ညက မင်း အရမ်း
ပင်ပန်းထားတယ်လေ "
"အမ်..ဟို ရတယ်။ခု လမ်းလျှောက်ချင်နေလို့ "
"ဟုတ်ပြီလေ။သွားကြတာပေါ့ "
မောင့်ကို ပြောပြီးသည်နှင့် စောင်ကို ပတ်ကာ
ရေချိုးခန်းထဲ ဝင်ဖို့ ထရတော့သည်။
"မောင်..လိုက်ပို့ပေးမယ် "
"ရ..ရတယ် "
ပါးစပ်ကသာ ရတယ် ပြောနေခြင်းဖြစ်ပြီး
လူကတော့ မောင့် လက်များကြားရောက်နေပြီဖြစ်သည်။
Jiminကို ရေချိုးခန်းထဲ ချပေးပြီးသည့်နောက်
Jungkook ဆက်ရပ်နေမိသည်။
"မောင်..သွားတော့လေ "
ပတ်ထားသော စောင်ထူကြီးကို
သူရှိနေသေးသည့်အတွက် မဖယ်ပဲ ပေကပ် ရပ်နေသော jiminအား jungkookကြည့်ကာ
စချင်စိတ်များ တိုးလာရသည်။
"မောင်...ချိုးပေးမယ်လေ "
"ဟင့်အင်း!ငါ့ဘာသာ ချိုးမယ် "
"ဘာလို့လဲ?မင်း ခန္ဓာကိုယ် မောင် မမြင်ဖူးတဲ့
နေရာမှ မရှိပဲကို "
"မောင်နော် "
"အဟားး!အ့ဆိုလည်း မြန်မြန်ချိုးခဲ့။
မောင် အင်္ကျီ ထုတ်ထားပေးမယ် "
"အင်း "
Jungkook တံခါးပိတ်ပေးထားခဲ့ပြီး
အဝတ်အစား တစ်စုံ ထုတ်ပေးထားလိုက်သည်။
ထို့နောက် တွန့်ကြေနေသော အိပ်ယာခင်းကို
သူကိုယ်တိုင်ပင် အသစ်တစ်ခုနဲ့ လဲလိုက်တော့သည်။အိပ်ယာတစ်ခုလုံး သပ်သပ်ရပ်ရပ်
ပြင်ဆင်ပြီးနောက် jimin ထွက်လာတော့သည်။
"မောင်..ရေချိုးလိုက်ဦးမယ် ။
အင်္ကျီ ဝတ်ပြီး စောင့်နေ "
"အင်း "
Jimin ကို ပြောပြီးသည်နှင့် လဲထားသော
အိပ်ယာခင်း အဟောင်းကိုပါ ရေချိုးခန်းထဲ တစ်ခါတည်း လျှော်ရန် ယူခဲ့တော့သည်။
Jungkookပါ အားလုံး ပြင်ဆင်ပြီးနောက်
ကမ်းခြေဘက်ဆီ နှစ်ယောက်တူတူ
လက်ချင်းတွဲကာ လျှောက်ခဲ့ကြတော့သည်။
ဖိနပ်မပါသော ခြေဖဝါးလေးတွေမှ တစ်ဆင့်
အေးမြသော သဲလေးများရဲ့ အထိအတွေ့ကို
ခံစားရသည်။
"Jimin "
"ဟင်"
မောင်သည် လမ်းလျှောက်နေကာမှ ရပ်ကာ
ခေါ်လာသည်မို့ jiminလည်း မောင်နဲ့ မျက်နှာ ချင်းဆိုင် ရပ်လိုက်တော့သည်။
မောင်သည် jimin လက်လေးနှစ်ဖက်ကို
ဆုပ်ကိုင်ရင်း
"မင်းကို ကျေးဇူးတင်တယ်။
မောင့်အပိုင် ဖြစ်ပေးခဲ့လို့ "
Jiminသည် ဖွဖွလေး ပြုံးပြီး
မောင့် မျက်လုံးများကို ပြန်စိုက်ကြည့်လိုက်သည်။
"ဒါဆို ငါလည်း မောင့်ကို ကျေးဇူးတင်တယ်။
ငါ့ကို မောင့်အပိုင်အဖြစ် သတ်မှတ်ခဲ့လို့ "
"မောင့်ကို ....ချစ်တဲ့ မင်းရဲ့ အချစ်တွေက
မောင့်အတွက် အရမ်းကို ခမ်းနားလွန်းတာမို့
မောင် ပျော်မိတယ်။အဲ့လို အချစ်တွေ ပေးတဲ့
မင်းကိုလည်း မောင် နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး သိပ်ချစ်တယ်။မောင့်အနားမှာပဲ နေပေးပါ။
အသက်တွေ ကြီးတဲ့အထိ မောင့်ဘဝရဲ့
နောက်ဆုံးချိန်ထိ မောင့်အနားမှာရှိနေပေးပါ"
"ဘဝရဲ့ နောက်ဆုံးချိန်ထိ တစ်ရက်ပြီး တစ်ရက်၊
နာရီတိုင်း၊မိနစ်တိုင်း ၊စက္ကန့်တိုင်းမှာ ငါ
မောင့်ကို ပိုပို ချစ်သွားမှာ "
မောင်သည် မျက်ရည်စလေး ကျလာပြီး
Jiminရဲ့ ကိုယ်ငယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းကာ
တင်းကျပ်စွာ ဖက်ထားလိုက်တော့သည်။
ယနေ့မှ စ၍ နှစ်တစ်ရာတိုင်အထိ
Jeon Jungkook သည် Park jimin ဆိုသည့်
လူသားလေးနဲ့သာ ပျော်ရွှင်စွာ ဖြတ်သန်းသွားမည်ဖြစ်သည်။
ပြဿနာတွေ ရှိလာတိုင်းလည်း
နားလည်မှုတွေ၊ယုံကြည်မှုတွေနဲ့ ဖြေရှင်းကြမည်ဖြစ်သည်။ချစ်ခြင်းတရားတွေ အပေါ် ဘယ်တော့မှ သံသယမဝင်ကြပဲနဲ့ ချစ်နိုင်သလောက် ချစ်သွားကြမည်။
မောင့်ရဲ့ဘဝမှာ သူရှိမှာ ဖြစ်သလို
သူ့ရဲ့ ဘဝတွင်လည်း မောင် ရှိမှ ပြည့်စုံနိုင်သည်။
မောင့်ဘဝအတွက် သူက ပဲ့ကိုင်ရှင်ဖြစ်မယ်ဆို
သူ့ဘဝအတွက်လည်း မောင်ဟာ ခိုလှုံရာ နေရာလေးတစ်ခုဖြစ်သည်။
မောင့်ဘဝအတွက် မင်းက "မီးအိမ်ရှင်"ပါလို့
ပြောခဲ့တဲ့ မောင့်ကို
ငါ့ဘဝအတွက်လည်း မောင်ဟာ "ပျော်ရွှင်စေတဲ့ တစ်ဦးတည်းသောလေး"ပါလို့ ပြန်ပြောပါမည်။
သူဟာ မောင့်အတွက် အားဆေးလေးဖြစ်မယ်ဆို
မောင်သည် သူ့အတွက် အားကိုး၊အားထားရာလေးတစ်ခုပငိ။
မောင့်ဘက်က ချစ်တယ်လို့ ပြောလာရင်
သူ့ဘက်က ပိုချစ်ပါတယ်လို့ ပြောနိုင်အောင် ကြိုးစားမည်။
မောင့်ဘက်က နှလုံးသားနဲ့ ရင်းပြီး ချစ်တယ်လို့ ပြောရင် ၊သူ့ဘက်က ဘဝကြီးတစ်ခုလုံးနဲ့
ရင်းပြီး ချစ်တယ်လို့ ပြောပေးမည်။
မောင့်ကို အရင်ကလို ချစ်သေးလားလို့
မေးလာတိုင်း ငါ မောင့်ကို ပိုပိုချစ်လာတာပါလို့
ပြောပေးမည်။
မောင့်မျက်နှာကိုပဲ ကြည့်မည်။
မောင် တစ်ယောက်ကိုသာ နောက်ဆုံးချိန်ထိ ချစ်သွားမည်။
မောင်သည်သာ သူ့ရဲ့ အရာရာပင်ဖြစ်သည်။
Park jiminအား "မောင့်ကို ဘယ်လောက်ထိ ချစ်လဲ?"လို့ မေးမိပါက ~
သူ မောင့်ကို ဒီမျှလောက်ထိ ချစ်ပါသည်ဆိုပြီး
ဇာတ်လမ်းလေးရဲ့ စ၊လယ်၊ဆုံးကို ပြောပြနေပါလိမ့်မည်။
ရင်မှာ ဘယ်လောက်ထိ ချစ်လဲ?
ရင်မှာ ဒီလောက်ထိ ချစ်ပါသည်ပေါ့ ~~~~~
..........................................................................
Love you all my readers 💜🤟😚
Congratulations!!!
နောက်ဆုံး ကူးရဲ့ "ရင်မှာ ဒီလောက်ချစ်ပါသည်"ဆိုတဲ့ fanfic လေး အပြီးသတ်နိုင်ခဲ့ပါပြီ။အရမ်းလည်း ပျော်မိပါတယ်။
Ficအစကနေ ယခု အဆုံးထိ ကူးနဲ့ တူတူ
Ongoing လိုက်ဖတ်ပေးတဲ့ စာဖတ်သူလေးတွေကိုလည်း ကျေးဇူးပါ။vote, feedback လေးတွေ ပေးတဲ့ သူတွေကိုလည်း ကျေးဇူးပါ။RLထဲ ထည့်ပေးကြတဲ့သူကိုရော၊ကူးအတွက် motivateလုပ်ပေးကြတဲ့ သူလေးတွေကိုလည်း ကျေးဇူးပါ။ချစ်ပါတယ်။လိုအပ်ချက်တွေ ရှိတာကိုလည်း
ကူးသိပါတယ်။နားလည်ပြီး ဖတ်ပေးကြတဲ့ သူလေးတွေကိုရော ကျေးဇူးပါ။
ပိုကြိုးစားရေးပါ့မယ် <33
Zawgyi
Taehyung မွာ မိမိလက္ထဲ ေရာက္လာေသာ
ပန္းစည္းကို ကိုင္ကာ အံ့ဩေနမိေတာ့သည္။
က်န္တဲ့သူမ်ားကေတာ့ hoseokနဲ႕ taehyung
အျဖစ္ကို ၾကည့္ကာ ရယ္ေနမိၾကေတာ့သည္။
မဂၤလာပြဲေလးသည္ ေပ်ာ္႐ႊင္စရာ အျပည့္နဲ႕
ေအာင္ ျမင္စြာ ၿပီးဆုံးသြားခဲ့ေတာ့သည္။
...................................................................
မဂၤလာပြဲ ၿပီးသည္ႏွင့္ ဧည့္ခံပြဲအျဖစ္ ညစာ
စားပြဲကိုသာ တန္းက်င္းပခဲ့ၾကသည္။jimin ေမေမကေတာ့ စားၿပီးသည္ႏွင့္ အခန္းဆီ အရင္ျပန္ႏွင့္သည္မို႔ သူတို႔ လူငယ္ေတြသာ ရွိေတာ့သည္မို႔
လြတ္လပ္စြာ ေသာက္ၾကေတာ့သည္။
ေယာကၤ်ားေလးမ်ားျဖစ္သည့္အတြက္
စိတ္ႀကိဳက္ ေသာက္ၾကသည္မို႔ အားလုံးသည္
ထိုေနရာမွာပဲ ေခါင္းစိုက္သူက စိုက္ေနခဲ့ၾကသည္။
Jungkook မူးေနေသာ္လည္း အသိစိတ္လြတ္တဲ့ အထိေတာ့ မျဖစ္ေသးပါ။jiminလည္း အနည္းငယ္ ေသာက္ထားသည့္အတြက္
အၾကည့္မ်ားမွာ ရီေဝေဝျဖစ္ေနေတာ့သည္။
"Jimin!ေတာ္ေတာ့ !"
"ဒီတစ္ခြက္ "
"မရဘူး။မင္း မူးေနၿပီ ။
အခန္းျပန္ၾကမယ္ "
"တစ္ခြက္ပဲလို႔ !"
"ေမာင္...မရဘူးလို႔ ေျပာၿပီးၿပီေလ "
"ဟြန္းး !"
ႏွာမႈတ္သံေလးနဲ႕ သူမေက်နပ္ေၾကာင္း
ျပလာသည္မို႔ jungkookမွာ သေဘာတက် ရယ္ကေသးသည္ ။
"လာ!ေမာင္ ေပြ႕ေခၚမယ္ "
"အင္း "
လက္ေလးႏွစ္ဖက္ကို ကမ္းလာသည္ေၾကာင့္
Jungkook ေရွ႕ကို တိုးသြား လိုက္သည္။လည္တိုင္ကို သိုင္းဖက္လာၿပီးသည့္အတြက္
လက္တစ္ဖက္က ေက်ာျပင္ကို ထိန္းၿပီး
က်န္တစ္ဖက္က ဒူးေကာက္ေကြးကေန
မခ်ီရေတာ့သည္။
အခန္းတံခါး ေသခ်ာပိတ္ၿပီးေနာက္
လက္ထဲက အမူးသမားေလးအား
ေမြ႕ယာေပၚ ခ်လိဳက္ေတာ့သည္။jungkookရဲ႕
လည္ပင္းကို သိုင္းဖက္ထားဆဲမို႔ Jungkook မွာ
တန္းမထနိုင္ပဲ jimin အေပၚ အုပ္မိုးလ်က္ အေနအထားနဲ႕ ပင္ ျဖစ္ေနေတာ့သည္။
Jungkookၾကည့္ေနတုန္းမွာပဲ မူးေနသူေလးက
မ်က္လုံးပြင့္လာကာ ေမာင့္မ်က္လုံးမ်ားကို
စိုက္ၾကည့္လာသည္။jungkookလည္း jiminရဲ႕
အၾကည့္မ်ားကို မေရွာင္လႊဲပဲ ျပန္ စိုက္ၾကည့္ေနလိုက္သည္။
"ေမာင္...အလိုရွိတာကို ယူလို႔ရတယ္ "
ထိုစကားတစ္ခြန္း။စကားေလး တစ္ခြန္းဆိုေပမယ့္ jungkookရဲ႕ စိတ္စြမ္းအင္ေတြက္ု တြန္းအား
ေပးလိုက္သလို ကိုယ္တြင္းက ေသြးမ်ား ဆူပြက္လာေတာ့သည္။
ဦးစြာ ႏႈတ္ခမ္းကို စတင္နမ္းရွိုက္လိုက္သည္။
မႏူးညံ့ေသာ အနမ္းမ်ားသည္ jimin ႏႈတ္ခမ္းသားတစ္ခုလုံး ထူပူလာသည္အထိပင္။လွ်ာဖ်ားအခ်င္းခ်င္း တစ္ခါတစ္ရံ ရစ္ပတ္လာသည့္အခါ
အနမ္းမ်ားသည္ ပို မက္ေမာစရာျဖစ္လာေတာ့သည္။
လည္တိုင္ဆီ ေလွ်ာက်သြားေသာ
ႏႈတ္ခမ္းပါးေတြသည္ ပြတ္ဆြဲသြားလိုက္၊ဆြဲစုပ္ယူလိုက္၊သြားနဲ႕ပါ ကိုက္လာေတာ့သည္။jimin လည္ပင္း ေဖြးေဖြးေလးသည္ ေမာင္ ေပးထားခဲ့ေသာ အနီေရာင္ အမွတ္အသားမ်ားနဲ႕ တစ္မ်ိဳးေလး လွေနေတာ့သည္။
ဝတ္ထားေသာ အကၤ်ီလက္ရွည္ၾကယ္သီးမ်ားအား ျဖဳတ္ၿပီးေနာက္ ထို အကၤ်ီေလးအား
ေမာင္သည္ ၾကမ္းျပင္ဆီကို လြင့္ပစ္လိုက္ေတာ့သည္။လွပစြာ ေပၚလာေသာ
ခႏၶာကိုယ္သည္ ညမီးေရာင္ေအာက္
ျဖဴေဖြးလြန္းစြာပင္။
ညွပ္ရိုးနဲ႕ ရင္ၫႊန႔္ေနရာကို အမွတ္အသားမ်ား
ထင္ေအာင္ ေပးလိုက္၊ထိုမွ တစ္ဆင့္
လက္ေမာင္းသားမ်ားကိုပါ နမ္းလာသည္မို႔
Jimin ရင္ခုန္သံေတြျမန္လာေတာ့သည္။
အသက္ရႈသံေတြ ျမန္လာသည္ႏွင့္ နိမ့္ခ်ည္၊ျမင့္ခ်ည္ျဖစ္ေနေသာ ရင္ဘတ္အစုံကို ၾကည့္ကာ
Jungkook အဆုံးထိကို အျမန္သြားခ်င္ေတာ့သည္။ျမင္ေနရေသာ ပန္းေရာင္
ပြင့္ခ်ပ္ေလးမ်ားကို ဆြဲစုပ္ယူကာ နမ္းေတာ့
ခႏၶာ ကိုယ္ေလးသည္ လူးလြန႔္လာေတာ့သည္။
သူကိုယ္တိုင္က အဝတ္အစား အျပည့္ရွိေနေသးသည့္အတြက္ နမ္းျခင္းကို ရပ္လိုက္သည္။jiminသည္ သူ႕အား ၾကည့္ေနသည္။
Jungkookလည္း တစ္ခ်က္ၿပဳံးျပၿပီး
နက္ခ္တိုင္ကို အျမန္ ဆြဲျဖဳတ္ကာ ၾကယ္သီးမ်ားကို အျမန္ ျဖဳတ္လိုက္ေတာ့သည္။ထိုမွတစ္ဆင့္
ေအာက္ပိုင္းဆီက အဝတ္အစားမ်ားကိုလည္း
အကုန္ဖယ္ရွား လိုက္ေတာ့သည္။
မိမိေအာက္က ကိုယ္ငယ္ေလးထက္က
အဝတ္အစားတို႔ကိုလည္း အျမန္ ဖယ္ရွားလိုက္မွ
အလွတရားတို႔သည္ အကုန္ ေပၚလာေတာ့သည္။
သုံးႏွစ္ၾကာၿပီးမွ ျပန္လည္ နီးေႏွာျခင္း ျဖစ္တာေရာ၊မဂၤလာဦးညလည္း ျဖစ္တာေရာေၾကာင့္
ႏွစ္ေယာက္စလုံးအတြက္ အသစ္လိုျဖစ္ေနေတာ့သည္။
အဆင့္သင့္ျဖစ္သည့္ အခ်ိန္တြင္ေတာ့
Jiminဆီကန ရယူနိုင္သေလာက္ ရယူခဲ့မိသည္။
စိတ္ရွိတိုင္း ၾကမ္းရမ္းမိတိုင္း "ေမာင္"ဆိုၿပီး
ညီးၫူကာ ေခၚလာသံေလးေတြသည္ jungkookအတြက္ နားဝင္ခ်ိဳေစခဲ့သည္။
ေက်ာျပင္ေပၚ ကုတ္ျခစ္လာေသာ
လက္သည္းေလးမ်ားက နာက်င္မႈကို ထြက္ေပၚအျဖစ္ အံတုေနျခင္း။ကိုယ့္ဆီက အရာရာကို
ေခြၽးစမ်ား ရစ္သီေနေသာ မ်က္ႏွာေလးနဲ႕
လက္ခံေနသည္။တစ္ခ်က္၊တစ္ခ်က္ မ်က္ႏွာလွလွေလးသည္ ရႈံ႕မဲ့ သြားေသးသည္။
မိမိရင္ခြင္ေအာက္က Park jimin ရဲ႕
ေျပာင္းလဲမႈ အဆင့္ဆင့္အား ေမာင္သည္
အကုန္ မွတ္သားထားသည္။သူ႕ဆီက နာက်င္မႈေၾကာင့္ျဖစ္ေစ၊သာယာမႈေၾကာင့္ျဖစ္ေစ
ေျပာင္းလဲ သြားေသာ မ်က္ႏွာလွလွေလးက
Jungkook စိတ္မထိန္းနိုင္ရျခင္း၏ အဓိက
အေၾကာင္းအရင္းပင္ ျဖစ္သည္။
ရယူခဲ့ျခင္းမ်ားသည္ အေတာမသတ္နိုင္ခဲ့ပါ။
ၿပီးဆုံးျခင္းမ်ားသည္လည္း မေရတြက္နိုင္။
အထြဋ္အထိပ္ကို ကူးခတ္ျခင္းသည္ ဘယ္ႏွစ္ႀကိမ္ေျမာက္ပင္ မသိ။
ခရီးအဆုံးထိ ေရာက္ဖို႔ အခ်ိန္ အေတာ္ၾကာ ယူခဲ့ၾကရသည္။
........................................................................
"ေမာင္ "
"ဗ်ာ "
"ငါ ေမာင္နဲ႕ ကမ္းေျခမွာ လမ္းေလွ်ာက္ခ်င္တယ္ "
"အခုလား ?"
"အင္း "
"ဆက္မအိပ္ေတာ့ဘူးလား?ညက မင္း အရမ္း
ပင္ပန္းထားတယ္ေလ "
"အမ္..ဟို ရတယ္။ခု လမ္းေလွ်ာက္ခ်င္ေနလို႔ "
"ဟုတ္ၿပီေလ။သြားၾကတာေပါ့ "
ေမာင့္ကို ေျပာၿပီးသည္ႏွင့္ ေစာင္ကို ပတ္ကာ
ေရခ်ိဳးခန္းထဲ ဝင္ဖို႔ ထရေတာ့သည္။
"ေမာင္..လိုက္ပို႔ေပးမယ္ "
"ရ..ရတယ္ "
ပါးစပ္ကသာ ရတယ္ ေျပာေနျခင္းျဖစ္ၿပီး
လူကေတာ့ ေမာင့္ လက္မ်ားၾကားေရာက္ေနၿပီျဖစ္သည္။
Jiminကို ေရခ်ိဳးခန္းထဲ ခ်ေပးၿပီးသည့္ေနာက္
Jungkook ဆက္ရပ္ေနမိသည္။
"ေမာင္..သြားေတာ့ေလ "
ပတ္ထားေသာ ေစာင္ထူႀကီးကို
သူရွိေနေသးသည့္အတြက္ မဖယ္ပဲ ေပကပ္ ရပ္ေနေသာ jiminအား jungkookၾကည့္ကာ
စခ်င္စိတ္မ်ား တိုးလာရသည္။
"ေမာင္...ခ်ိဳးေပးမယ္ေလ "
"ဟင့္အင္း!ငါ့ဘာသာ ခ်ိဳးမယ္ "
"ဘာလို႔လဲ?မင္း ခႏၶာကိုယ္ ေမာင္ မျမင္ဖူးတဲ့
ေနရာမွ မရွိပဲကို "
"ေမာင္ေနာ္ "
"အဟားး!အ့ဆိုလည္း ျမန္ျမန္ခ်ိဳးခဲ့။
ေမာင္ အကၤ်ီ ထုတ္ထားေပးမယ္ "
"အင္း "
Jungkook တံခါးပိတ္ေပးထားခဲ့ၿပီး
အဝတ္အစား တစ္စုံ ထုတ္ေပးထားလိုက္သည္။
ထို႔ေနာက္ တြန႔္ေၾကေနေသာ အိပ္ယာခင္းကို
သူကိုယ္တိုင္ပင္ အသစ္တစ္ခုနဲ႕ လဲလိုက္ေတာ့သည္။အိပ္ယာတစ္ခုလုံး သပ္သပ္ရပ္ရပ္
ျပင္ဆင္ၿပီးေနာက္ jimin ထြက္လာေတာ့သည္။
"ေမာင္..ေရခ်ိဳးလိုက္ဦးမယ္ ။
အကၤ်ီ ဝတ္ၿပီး ေစာင့္ေန "
"အင္း "
Jimin ကို ေျပာၿပီးသည္ႏွင့္ လဲထားေသာ
အိပ္ယာခင္း အေဟာင္းကိုပါ ေရခ်ိဳးခန္းထဲ တစ္ခါတည္း ေလွ်ာ္ရန္ ယူခဲ့ေတာ့သည္။
Jungkookပါ အားလုံး ျပင္ဆင္ၿပီးေနာက္
ကမ္းေျခဘက္ဆီ ႏွစ္ေယာက္တူတူ
လက္ခ်င္းတြဲကာ ေလွ်ာက္ခဲ့ၾကေတာ့သည္။
ဖိနပ္မပါေသာ ေျခဖဝါးေလးေတြမွ တစ္ဆင့္
ေအးျမေသာ သဲေလးမ်ားရဲ႕ အထိအေတြ႕ကို
ခံစားရသည္။
"Jimin "
"ဟင္"
ေမာင္သည္ လမ္းေလွ်ာက္ေနကာမွ ရပ္ကာ
ေခၚလာသည္မို႔ jiminလည္း ေမာင္နဲ႕ မ်က္ႏွာ ခ်င္းဆိုင္ ရပ္လိုက္ေတာ့သည္။
ေမာင္သည္ jimin လက္ေလးႏွစ္ဖက္ကို
ဆုပ္ကိုင္ရင္း
"မင္းကို ေက်းဇူးတင္တယ္။
ေမာင့္အပိုင္ ျဖစ္ေပးခဲ့လို႔ "
Jiminသည္ ဖြဖြေလး ၿပဳံးၿပီး
ေမာင့္ မ်က္လုံးမ်ားကို ျပန္စိုက္ၾကည့္လိုက္သည္။
"ဒါဆို ငါလည္း ေမာင့္ကို ေက်းဇူးတင္တယ္။
ငါ့ကို ေမာင့္အပိုင္အျဖစ္ သတ္မွတ္ခဲ့လို႔ "
"ေမာင့္ကို ....ခ်စ္တဲ့ မင္းရဲ႕ အခ်စ္ေတြက
ေမာင့္အတြက္ အရမ္းကို ခမ္းနားလြန္းတာမို႔
ေမာင္ ေပ်ာ္မိတယ္။အဲ့လို အခ်စ္ေတြ ေပးတဲ့
မင္းကိုလည္း ေမာင္ ႏွလုံးသားတစ္ခုလုံးနဲ႕ ရင္းၿပီး သိပ္ခ်စ္တယ္။ေမာင့္အနားမွာပဲ ေနေပးပါ။
အသက္ေတြ ႀကီးတဲ့အထိ ေမာင့္ဘဝရဲ႕
ေနာက္ဆုံးခ်ိန္ထိ ေမာင့္အနားမွာရွိေနေပးပါ"
"ဘဝရဲ႕ ေနာက္ဆုံးခ်ိန္ထိ တစ္ရက္ၿပီး တစ္ရက္၊
နာရီတိုင္း၊မိနစ္တိုင္း ၊စကၠန႔္တိုင္းမွာ ငါ
ေမာင့္ကို ပိုပို ခ်စ္သြားမွာ "
ေမာင္သည္ မ်က္ရည္စေလး က်လာၿပီး
Jiminရဲ႕ ကိုယ္ငယ္ေလးကို ရင္ခြင္ထဲ ဆြဲသြင္းကာ
တင္းက်ပ္စြာ ဖက္ထားလိုက္ေတာ့သည္။
ယေန႕မွ စ၍ ႏွစ္တစ္ရာတိုင္အထိ
Jeon Jungkook သည္ Park jimin ဆိုသည့္
လူသားေလးနဲ႕သာ ေပ်ာ္႐ႊင္စြာ ျဖတ္သန္းသြားမည္ျဖစ္သည္။
ျပႆနာေတြ ရွိလာတိုင္းလည္း
နားလည္မႈေတြ၊ယုံၾကည္မႈေတြနဲ႕ ေျဖရွင္းၾကမည္ျဖစ္သည္။ခ်စ္ျခင္းတရားေတြ အေပၚ ဘယ္ေတာ့မွ သံသယမဝင္ၾကပဲနဲ႕ ခ်စ္နိုင္သေလာက္ ခ်စ္သြားၾကမည္။
ေမာင့္ရဲ႕ဘဝမွာ သူရွိမွာ ျဖစ္သလို
သူ႕ရဲ႕ ဘဝတြင္လည္း ေမာင္ ရွိမွ ျပည့္စုံနိုင္သည္။
ေမာင့္ဘဝအတြက္ သူက ပဲ့ကိုင္ရွင္ျဖစ္မယ္ဆို
သူ႕ဘဝအတြက္လည္း ေမာင္ဟာ ခိုလႈံရာ ေနရာေလးတစ္ခုျဖစ္သည္။
ေမာင့္ဘဝအတြက္ မင္းက "မီးအိမ္ရွင္"ပါလို႔
ေျပာခဲ့တဲ့ ေမာင့္ကို
ငါ့ဘဝအတြက္လည္း ေမာင္ဟာ "ေပ်ာ္႐ႊင္ေစတဲ့ တစ္ဦးတည္းေသာေလး"ပါလို႔ ျပန္ေျပာပါမည္။
သူဟာ ေမာင့္အတြက္ အားေဆးေလးျဖစ္မယ္ဆို
ေမာင္သည္ သူ႕အတြက္ အားကိုး၊အားထားရာေလးတစ္ခုပငိ။
ေမာင့္ဘက္က ခ်စ္တယ္လို႔ ေျပာလာရင္
သူ႕ဘက္က ပိုခ်စ္ပါတယ္လို႔ ေျပာနိုင္ေအာင္ ႀကိဳးစားမည္။
ေမာင့္ဘက္က ႏွလုံးသားနဲ႕ ရင္းၿပီး ခ်စ္တယ္လို႔ ေျပာရင္ ၊သူ႕ဘက္က ဘဝႀကီးတစ္ခုလုံးနဲ႕
ရင္းၿပီး ခ်စ္တယ္လို႔ ေျပာေပးမည္။
ေမာင့္ကို အရင္ကလို ခ်စ္ေသးလားလို႔
ေမးလာတိုင္း ငါ ေမာင့္ကို ပိုပိုခ်စ္လာတာပါလို႔
ေျပာေပးမည္။
ေမာင့္မ်က္ႏွာကိုပဲ ၾကည့္မည္။
ေမာင္ တစ္ေယာက္ကိုသာ ေနာက္ဆုံးခ်ိန္ထိ ခ်စ္သြားမည္။
ေမာင္သည္သာ သူ႕ရဲ႕ အရာရာပင္ျဖစ္သည္။
Park jiminအား "ေမာင့္ကို ဘယ္ေလာက္ထိ ခ်စ္လဲ?"လို႔ ေမးမိပါက ~
သူ ေမာင့္ကို ဒီမွ်ေလာက္ထိ ခ်စ္ပါသည္ဆိုၿပီး
ဇာတ္လမ္းေလးရဲ႕ စ၊လယ္၊ဆုံးကို ေျပာျပေနပါလိမ့္မည္။
ရင္မွာ ဘယ္ေလာက္ထိ ခ်စ္လဲ?
ရင္မွာ ဒီေလာက္ထိ ခ်စ္ပါသည္ေပါ့ ~~~~~
..........................................................................
Love you all my readers 💜🤟😚
Congratulations!!!
ေနာက္ဆုံး ကူးရဲ႕ "ရင္မွာ ဒီေလာက္ခ်စ္ပါသည္"ဆိုတဲ့ fanfic ေလး အၿပီးသတ္နိုင္ခဲ့ပါၿပီ။အရမ္းလည္း ေပ်ာ္မိပါတယ္။
Ficအစကေန ယခု အဆုံးထိ ကူးနဲ႕ တူတူ
Ongoing လိုက္ဖတ္ေပးတဲ့ စာဖတ္သူေလးေတြကိုလည္း ေက်းဇူးပါ။vote, feedback ေလးေတြ ေပးတဲ့ သူေတြကိုလည္း ေက်းဇူးပါ။RLထဲ ထည့္ေပးၾကတဲ့သူကိုေရာ၊ကူးအတြက္ motivateလုပ္ေပးၾကတဲ့ သူေလးေတြကိုလည္း ေက်းဇူးပါ။ခ်စ္ပါတယ္။လိုအပ္ခ်က္ေတြ ရွိတာကိုလည္း
ကူးသိပါတယ္။နားလည္ၿပီး ဖတ္ေပးၾကတဲ့ သူေလးေတြကိုေရာ ေက်းဇူးပါ။
ပိုႀကိဳးစားေရးပါ့မယ္ <33