ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
Von purple-j9
157K 4.9K 324
ဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆ... Mehr
Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Hello
Photo
Part-32
Part-33 (ဇာတ် သိမ်းပိုင်း)
Request
Photo
🥰🥰🥰
Part-11
3.7K 152 7
Von purple-j9
ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်
အပိုင်း-၁၁
ကိုကြီးကြောင့်နွယ့်မှာပြသင့်မပြသင့်ဗျာများရသည်။
"ကိုကြီးစိတ်ဆိုးပြေပီလားအာဆိုပြမယ်နေ့လည်ကလိုစိတ်တိုရင်တော့မပြဘူးနွယ်ကြောက်တယ်"
"ပြပါနွယ်လေးကိုယ်မနက်ကရုတ်တရက်မို.စိတ်လွတ်သွားတာပါ"
နွယ်လေးကသူ့ဖုန်းကိုမရဲတရဲပြတော့လက်ရုန်းကြည့်ပီးပြုံးမိသည်။ကိုယ်ဘယ်လောက်နွားကျခဲ့သလဲဆိုပတ်ဝန်းကျင်ကလူအားလုံးသိပီးကိုယ်တယောက်ထဲကမသိတာဆိုတော့ကိုယ့်ကိုဟိုကောင်ကဘယ်လောက်တောင်လှောင်နေမလဲဆိုတာတွေးရင်းဒေါသထွက်လွန်းလို့ "တောက်"ခေါက်လိုက်သည်။
"ကိုကြီးနွယ့်ဖုန်းအသစ်ကြီးနော်ကိုကြီးညစ်ထားတာကြေတော့မယ်ပြောတော့စိတ်မတိုဘူးဆိုပီး"
"ဆော်ရီးနွယ်လေးကိုယ်ဒေါသထွက်လွန်းလို့ပါကွာကဲကိုကြီးကိုပြောပါအုံးနေ့လည်ကကိုကြီးဘာဖြစ်သွားတာတုန်းကိုကြီးကိုအဖေနဲ့နွယ်လေးဆွဲနေတုန်းမေ့သွားတာထိပဲမှတ်မိတယ်"
"ကိုကြီးလေမယုနဲ့ဟိုလူကြီးကိုသတ်မယ်ဆိုပီးလုပ်တာလေအန်ကယ်နဲ့နွယ်နဲ့ဆွဲတာမရလို့အန်ကယ့်တပည့်တွေပါဆွဲတာတောင်မရလို့အန်ကယ်ကမေ့သွားအောင်ထိုးလိုက်တာ"
"ဟား နွယ်လေးကောကိုကြီးကိုငအငတုံး $တံုးမကျတဲ့ကောင်လို့ထင်လား"
"ဟင့် ကိုကြီးရယ်အဲ့လိုမပြောပါနဲ့နွယ်အဲ့လိုမထင်ပါဘူး"
မျက်ရည်လေးဝဲကာကိုယ့်ကိုကြည့်ပီးပြောနေသည့်ခလေးမလေးကိုကြည့်ကာစိတ်မကောင်းကဖြစ်ရပြန်သည်။
"ကဲနွယ်လေးလာမေမေကိုသွားကြည့်ရအောင်"
ကိုကြီးကိုအန်တီ့အခန်းပို့ပီးနွယ်အိမ်ပြန်လာလိုက်သည်။အိမ်ရောက်တော့မခြူးနဲ့ကိုဇန်vcallပြောနေသဖြင့်ကိုကြီးအကြောင်းပြောပြကာကိုဇန့်ကိုအားပေးဖို့ပြောရသည်။
လက်ရုန်းမေမေ့ကိုကြည့်ပီးစိတ်မကောင်းဖြစ်ရသည်။မေမေကနဂိုထဲကနှလုံးအားနည်းသူမို့ဖေဖေကဆိုမေမေ့ကိုစိတ်ညစ်စရမရှိအောင်ထားသလိုမေမေကိုယ်တိုင်ကလဲသားအတွက်အသက်ရှည်အောင်နေမယ်ဆိုပီးသူ့ကိုယ်သူကျန်းမာအောင်နေသူဖြစ်သည်။ခုတော့ကိုယ်ကြောင့်အမေဖြစ်သူမှာအိပ်ယာထဲလဲနေရလို့လက်ရုန်းကိုယ်ကိုကိုယ်သာပိတ်ထိုးချင်မိသ ည်။
"မေမေနေကောင်းအောင်နေပေးပါသားကြောင့်နေမကောင်းမဖြစ်နဲ့တော့နော်"
လက်ရုန်းပြောလဲပြောအမေ့လက်ပေါ်ပါးအပ်ကာငိုမိသည်။မေမေကခေါင်းကိုလက်ဖြင့်သပ်ကာ
"သားရယ်တော်သေးတာပေါ့သားကလက်ခံလို့လက်မခံပဲသူမှသူဖြစ်မှမေမေရင်ကျိုးမှာဟိုကောင်လေးကိုလဲကျေးဇူးတင်တယ်အမေကတော့ခုလိုချိန်ပေါ်လာပေးတာကိုလေသားစိတ်မညစ်နဲ့နော်ပြောမဲ့သာပြောတာငါ့သားအသဲကွယ်တော့အချိန်လိုမှာပေါ့အရက်သောက်ချင်လဲသောက်အလွန်အကျွံတော့မဖြစ်စေနဲ့ဟုတ်ပီလား"
"ဟုတ်ကဲ့ပါနောက်ပီးမေမေသိသလောက်သူတို့အကြောင်းသားကိုပြောပြပါမေမေတခြားသူကိုမေးရမှာသားရှက်လွန်းလို့ပါ"
"ပီးပီးသားကိုသားရယ်မသိချင်ပါနဲ့"
"သားသိရမှဖြစ်မှာမို့ပါမေမေ"
မေမေပြောသမျှနားထောင်းရင်းယုနဲ့သူ့မိသားစုအကြောင်းနဲ့ငါးရံ့နှစ်ကောင်ဖမ်းတဲ့အကြောင်းတွေသိရတော့တော်တော်ရှက်မိသည်။ဇန်ပြောသလိုပဲကိုယ်တော်တော်မွန်ခဲ့တာပဲဟုတ်သားပဲဇန်နဲ့ပြောရမယ်။
ဇန်ကိုအားတဲ့အချိန်vcallခေါ်ဖို့မက်ဆေ့ပို့တော့ချက်ချင်းခေါ်လာသည်။
"ဘရို ချက်ချင်းခေါ်ပုံထောက်တော့နွယ့်ဆီကသတင်းရပီးပီထင်တယ်"
"အေး ဘရိုမင်းကမင်းနဲ့မတူအောင်သောင်းကျန်တယ်ဆိုခု​ကောစိတ်ထဲအဆင်ပြေလားနွယ်လေးကမင်းဆီဆက်ခိုင်းနေတာငါကအားနာလို့"
ဇန့်ကိုရင်ဖွင့်ရတော့လူကတော်တော်စိတ်လက်ပေါ့ပါးသွားသည်။လူလဲလန်းသွားအောင်ရေချိုးပီးတော့နွယ်လေးဆီကmiss callတွေ့သည်။ပြန်ခေါ်တော့ဖုန်းမကိုင်တာနဲ့အဝတ်လဲပီးအပြင်ထွင်လာတော့နွယ်လေးပန်းကန်တွေနဲ့တွေ့ရသည်။
"ဘာတွေလဲနွယ်လေး"
"ဒါကစပိုက်ဆီခေါက်ဆွဲနဲ့ကိုရီးယားကင်ကနွယ်စားဖို့ဒါကကိုကြီးအကြိုက်ငါးရှဉ်ခြောက်စပ်ကြော်နဲ့ကြက်ကြွပ်ကြော်ဒါကဆိုဂျူး ဒီနေ့ကအားချင်းစီစဉ်ရလို့နက်ဖန်မှနွယ့်လက်ရာစား"
လက်ရုန်းနွယ်လေးလက်ထဲကစားစရာများကိုလက်လွဲယူရင်း
"ဘယ်မှာစားမှာလဲကိုကြီးအခန်းလားဝရံတာဘက်လားအပေါ်ဧည့်ခန်းမှာလား"
"အင်း ဧည့်ခန်းမှာဆိုတီဗီကြည့်ရင်းစားလို့ရတယ်လာကိုကြီး"
မုန့်များကိုနေရာချပီးလက်ရုန်းကဆိုဖာမှာထိုင်ပီးနွယ်လေးကမျက်နှာချင်းဆိုင်ကကြမ်းပေါ်ထိုင်သည်။
"ဆိုဂျူးကဘာလို့ယူလာတာလဲ"
"ကိုကြီးအသဲကွဲတော့အရက်သောက်မှာမို့လားအဲ့တော့အဖော်ရအောင်နွယ်လေးလဲသောက်ကူလို့ရတဲ့ဆိုဂျူးယူလာတာလေ"
"နွယ်လေးအတတ်ကောင်းတွေတတ်နေတယ်မသောက်ရဘူးကိုယ်လဲမသောက်ဘူး"
"ဟာကိုကြီးကလဲနွယ်သောက်မဲ့ဟာမက်မွန်သီးအရသာအယ်လ်ကိုဟော2%ပဲပါတာနော်နော်သောက်မယ်လေ"
လက်လေး၂ချောင်းထောင်ပီးချစ်စဖွယ်ပြောနေသောနွယ့်ကိုကြည့်ကာရီချင်လာသည်။အသဲကွဲတာကသူလားကိုယ်လားမသဲကွဲတော့ဘူး။
"အဲ့ဒါဆိုကိုကြီးကဘယ်လိုသောက်မလဲ"
"ကိုကြီးအတွက်ကအယ်လ်ကိုဟောများတယ်"
"အသဲကွဲရင်အရက်သောက်ရတယ်လို့ညည်းကိုဘယ်သူကပြောလဲမေမေလား"
"ဟုတ်ပါဘူးဇာတ်ကားတွေထဲမှာပါတယ်လေ"
"ကိုယ်ကအရက်သောက်ရအောင်မအေးအေးဝင်းစီစဉ်တာမှမဟုတ်တာကွာ"
နွယ်လေးကသူ့ရင်ဘတ်ကိုပုတ်ပြကာ
"နွယ်ကသစ်စီစဉ်တာလေ ခိခိခိ"
ဒီခလေးမကြောင့်ရှုပ်နေသောစိတ်လဲကြည်လာရသ ည်။တကယ့်အကြည်ဓါတ်လေးပါ။နွယ်လေးစားနေတာတရှူးရှူးနဲ့မို့တစ်ရှူးပေးရင်
"အရမ်းစပ်နေတာကိုဘာလို့စားတာလဲဗိုက်နာအုံးမယ်"
"ဟိဟိ ကြိုက်လို့လေ အိမ်မှာလဲတပါတ်ကိုတခါပဲပေးစားတယ်မေမေကဗိုက်နာမှာစိုးလို့တဲ့ဒီနေ့ကိုကြီးကိုအကြောင်းပြပီး၂ထုပ်ပြုတ်လာတာ ဟိဟိ"
အစပ်မကြိုက်သော်လည်းနွယ်လေးတယောက်ထဲအကုန်စားရင်ဗိုက်နာမှာစိုးတာနဲ့လက်ရုန်းမှာကူစားပေးရသည်။
"အား ဒီလောက်စပ်တာကိုဘာကြိုက်တာလဲခလေးမ
အားစပ်လိုက်တာ"
"အဲ့စပ်တာကမိုက်တာလေ စပ်ရင်ကိုကြီးမစားနဲ့"
"စားမှာပဲ"
ဒီလိုနဲ့လက်ရုန်းမှာနွယ်လေးကောင်းမှုနဲ့ဆိုဂျူးတောင်မသောက်နိုင်ပဲစပိုက်ဆီနဲ့အသဲကွဲရင်းမျက်ရည်ရောနှာရည်ပါကျရင်းတစ်ရှူးတထုပ်ကုန်အောင်သုံးကာရေခဲငုံပီးနေရသည်။ဆရာမကြီးနွယ်ကတော့ဆိုဂျူးနဲ့အသားကင်ဆက်စားနေသည်။
"ကိုကြီးမိုက်တယ်မလားမျက်ရည်ပါကျတာလေဟိဟိကိုကြီးငိုချင်ရင်ရောငိုပလိုက်"
လက်ရုန်းမှာစပ်လဲစပ်နွယ်လေးအပြောကြောင့်ရီလဲရီချင်မို့အော်ရီပစ်လိုက်သည်။ဒီခလေးကကိုယ့်အတွက်တကယ့်အကြည်ဓါတ်လေးပါဒီခလေးမလေးနဲ့အတူဆိုလူကပေါ့ပေါ့ပါးပါးနဲ့အရာအားလုံးမေ့သွားစေအောင်စွမ်းသူလေးပါ။
"ကိုကြီးနွယ်ပြန်ပီ"
လူသာပြန်သွားတာပါဖုန်းကတော့တနာရီခြားတခါလောက်ခေါ်နေတာသူ့မှာပြောစရာကလဲအမြဲရှိသူလေးပါ။
ညကလဲနွယ်နဲ့ဖုန်းပြောပီးတော့လူကအတွေးတွေနဲ့အိပ်မရတာကြောင့်မနက်ထတာနောက်ကျနေလို့ထမင်းစားခန်းဆီအမြန်ပြေးရသ ည်။
"ဟော သားလာ ဖေနဲ့မေကစားပီးပီ"
"ဆော်ရီးဖေနဲ့မေ သားနဲနဲနောက်ကျသွားတယ်"
"နွယ်လေးကဖုန်းဆက်မေးတာ၄ခါလောက်ရှိပီသားမနိုးသေးလို့စိတ်ပူလို့တဲ့သူကဒီနေ့မရတနာကိုအစောင့်ကျတယ်လေခြူးကအလုပ်ကိတ်စနဲ့မို့တဲ့သားပျင်းရင်နွယ်လေးဆီသွားလည်"
"ဟုတ်မေမေ"
"မင်းကျောင်းဘယ်တော့သွားတက်မလဲသားဖေဖေကတော့တပါတ်လောက်စိတ်လေပီးရင်အရာအားလုံးကိုပြန်စစေချင်တယ်ခုဆိုမင်းအမေနဲ့နွယ်လေးမှာမင်းကိုအရိပ်တကြည့်ကြည့်နဲ့လေ"
"ဖေဖေကျောင်းတက်တာကိုနဲနဲနောက်ဆုတ်ချင်တယ်သားမူလစိတ်ကူးထားတာကတမျိုးမို့သားစိတ်ကူးတွေရှိတဲ့နေရာရောက်ရင်သားစိတ်ကအဆင်ပြေမှာမဟုတ်ဘူး"
"အေးမင်းအဆင်ပြေတဲ့အခါဖေဖေ့အလုပ်တွေထဲဝင်ကွာအချိန်ကိုအလဟသမဖြစ်စေနဲ့ကုန်သွားတဲ့အချိန်ကပြန်ယူလို့မရဘူး"
"ဟုတ်ကဲ့ပါဖေဖေသားအဆင်သင့်ဖြစ်ရင်ဖေဖေ့ကိုပြောပါ့မယ်"
ဖေဖေနဲ့စကားပြောပီးနွယ်တို့အိမ်ထွက်လာလိုက်သည်။အန်တီရတနာအခန်းထဲမှာဆိုလို့ဝင်သွားတော့နွယ်လေးကအရွက်တွေတင်ရင်းအန်တီနဲ့စကားပြောနေရင်း
"ကိုကြီးလာတာနဲ့အတော်ပဲနွယ်ဟင်းသွားချက်မို့မေမေနားလူမရှိတာကိုကြီးမေမေနဲ့စကားပြောနော်"
ဆိုပီးခလေးမထွက်သွားတော့အန်တီရတနာနဲ့စကားပြောနေလိုက်သည်။နွယ်လေးကထမင်းဟင်းချက်သင်တန်းတွေတက်ပီးအစံုချက်တတ်နေပီဆိုပီးအန်တီရတနာကပြောပြနေတုန်းနွယ်လေးပြန်ရောက်လာပီး
"မေမေရေချိုးရအောင်"
ဟုဆိုကာအန်တီ့ကိုရေချိုးသနပ်ခါးလိမ်းလုပ်ပေးနေတာကြည့်ပီးနွယ်လေးတောသ်လူကြီးဖြစ်နေပီဟုတွေးရင်းပြုံးမိသည်။
"ကိုကြီးဘာတွေပြုံးနေတာလဲမေမေနဲ့ခနနေအုံးနော်နွယ်ရေချိုးပီးပြန်လာမယ်အိမ်မပြန်နဲ့နော်ဒီနေ့မေမေနားနေရမှာကိုကြီးပါနွယ်နဲ့တူတူတနေကုန်နေပီးနွယ့်လက်ရာမြည်းရမယ်နော်"
ဒီလိုနဲ့လက်ရုန်းနွယ့်အိမ်မှာနွယ်ကျွေးတာစားလိုက်စကားပြောလိုက်နဲ့မိုးချုပ်မှအိမ်ပြန်ဖြစ်သည်။နွယ်ကတကယ့်ကိုဟင်းချက်တာရောမုန့်လုပ်တာပါမထင်ထားလောက်အောင်တော်သည့်ခလေးမလေးဖြစ်သည်။
ဘာလိုလိုနဲ့ယုနဲ့ပြသနာဖြစ်ပီးတာတလခန့်ရှိတော့မည်ဖြစ်သည်။မေမေနဲ့နွယ်သာမကအန်တီရတနာမခြူးတို့ကပါဝိုင်းဂရုစိုက်သဖြင့်လက်ရုန်းအတွက်အသဲကွဲသိပ်မခံစားရပေမဲ့ကိုယ့်ကိုကိုယ်သတိမထားမိခင်မှာနွယ်ဆိုတဲ့အကြည်ဓါတ်လေးကတော့လက်ရုန်းရဲ့တနေ့တာမှာမပါမဖြစ်လေးဖြစ်လာသည်။
💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰
Weiterlesen
Das wird dir gefallen
13.1K 479 5
"အချစ်ဦးဆိုတာဘာလဲသိလား၊ ရိပ်ငြိမ်အတွက်ကိုကြီးကအချစ်ဦးပဲ စရင်ခုန်ဘူး၊ စချစ်ဘူးတဲ့ အချစ်ရဆုံးသောပထမလူပဲ။ အဲ့အချစ်ကိုကိုကြီးတားလို့မရဘူး သိရဲ့လား " "မင်...
12.8K 212 10
77.3K 1.6K 24
အသက်ဆယ်နှစ်ကျော်ကွာဟတဲ့ ကလေးမကို ကျုပ်ကလက်ထပ်ရမယ်ဆိုပဲ။ ________________________________________ "ကိုကိုကြီး လဝန်းကိုချစ်ရဲ့လားဟင်" "အင်း ကိုယ်မင်းကိ...
49.8K 700 20
"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့...