The Murderer

By LoeyHyun9

19 2 0

seme-နေအက္ခရာဏီ uke-လွှမ်းသံသရာ More

intro
Part-1
အသိပေးချက်

Part-2

2 0 0
By LoeyHyun9

Unicode

ဒီနေ့လွှမ်းရဲ့မွေးနေ့မို့ ကို့ဆီကရမယ့် မွေးနေ့လက်ဆောင်ကို ရင်ခုန်စွာစောင့်မျော်နေမိတယ်။ တစ်နေကုန်ပြခန်း မှာပဲအချိန်ကုန်နေတာမို့ အိမ်ပြန်ရောက်တော့လူက ပင်ပန်းနေပြီး အိပ်ချင်နေပြီ။ ဒါမယ့်လည်းချစ်ခင်ပွန်းကြီးက မအိပ်ပါနဲ့ဦး လက်ဆောင်လေးကို အရင်လက်ခံပါဦးဆိုပြီး ညနေထဲက အပြင်ထွက်သွားလိုက်တာ ထမင်းစားချိန်ကျော်တဲ့အထိပြန်မလာသေးဘူး။ ချစ်ခင်ပွန်းကြီးကိုစောင့်နေရင်း အိပ်ငိုက်နေတုန်းmassageဝင်လာလို့ ဖွင့်ကြည့်လိုက်တော့ အသက်ရှည်ပါဦးမယ် ညနေထဲကမမြင်ရတဲ့လူကြီးက အောက်ထပ်ကိုဆင်းခဲ့ပါဦးတဲ့။ တစ်ကယ်ပဲ အဲ့လူကြီးကလေ ထူးထူးဆန်းဆန်းတွေအရမ်းလုပ်တာ။ အရင်ကမွေးနေ့တွေဆိုရင် စားသောက်ဆိုင်တစ်ခုခုမှာ ညစာစားပြီး အိမ်ပြန်ရောက်ရင် အပြာရောင်ညလေးဖန်းတီးလိုက်တာ။ ခုတော့ အောက်ထပ်ကိုဆင်းလိုက်ဦးမယ်။

လွှမ်းတို့နေတဲ့အိမ်က နေကိုတိုင်ဒီဇိုင်းဆွဲပြီးဆောက်ထားတာ။ ရဲတိုက်ပုံစံမျိုးသုံးထပ်ဆောက်ထားတာ။ ထပ်ခိုးပါထည့်တွက် မဟုတ်သေးဘူး မြေအောက်ခန်းတွေပါထည့်တွက်ရင် ငါးထပ်လောက်ရှိတယ်။ ခြံဝန်းကအကျယ်ကြီးဆိုတော့လည်း ဆရာသမားစိတ်တိုင်းကျဆောက်ထားတာ။ ဘာရယ်မဟုတ်ဘူး korea wabtoonလေးတစ်ပုဒ်ကို လွှမ်းကဖတ်မိပြီး အဲ့ထဲက ဇာတ်ကောင်နေတဲ့အိမ်လေးလိုချင်လိုက်တာဆိုပြီးပြောလိုက်မိတာ။ ဆရာသမားကနောက်နေ့လည်းကျရော မြေဝယ်ပြီးပြီမို့ လိုချင်တဲ့အိမ်ဆောက်လို့ရပြီတဲ့။ စံအိမ်အနောက်ဘက်မှာတောအုပ်လေးနဲ့ရေကန်တစ်ခုပါတာမို့ wabtoonထဲရောက်သွားသလိုခံစားရစေတယ်။
စံအိမ်မှာအိပ်ခန်းတွေအများကြီးထည့်ဆောက်ထားပြီး ကပွဲခန်းမတစ်ခုလည်းပါသေးတယ်။ စံအိမ်ဝင်ပေါက်မှာတော့ အလှဆင်ရေပန်းလေးတစ်ခုထားထားတယ်။

ပန်းပင်တွေစိုက်ထားတဲ့ဖန်လုံအိမ်လေးကိုတော့ စံအိမ်ရဲ့ဘေးဘက်မှာဆောက်ထားတာမို့ မိန်းကလေးတွေအကြိုက်ပဲ။ လွှမ်းတို့ကတတိယထပ်မှာနေပြီး အခန်းပေါင်းများစွာအလည်မှာ တစ်ခန်းပဲသုံးတာမို့ ညဖက်အခန်းအပြင်တောင်မထွက်ရဲဘူး။ ရှေးခေတ်စတိုင်မို့ အလှဓာတ်ပုံရိုက်တာတို့ ရုပ်ရှင်ရိုက်တာတို့ဆို တော်တော်လေးအသုံးဝင်တယ်။ ဒုတိယထပ်ကိုတော့ဧည့်သည်တွေအတွက်ထားထားတယ်။ အိမ်ကကျယ်လွန်းလို့တစ်နေရာနဲ့တစ်နေရာသွားရတာ မလွယ်လှဘူး။ အောက်ထပ်ရောက်တော့ အစေခံတွေကလွဲလို့ ဘယ်သူမှမတွေ့ဘူး။ ဒီမှာမဟုတ်ရင်ခြံထဲမှာပဲဖြစ်မှာ။

~Ring~

"ကို ဘယ်မှာလဲ"

"ဖန်လုံအိမ်ထဲလာခဲ့ စပရိုက်ရှိတယ်"

"ပြီးရော"

ဖန်လုံအိမ်က အရမ်းလည်းမသေးသလို အရမ်းလည်းမကြီးဘူး ဖန်လုံအိမ်ရဲ့အလည်မှာရေပန်းလေးတစ်ခုဆောက်ထားပြီး ဘေးနားမှာ စားပွဲတစ်ခုခင်းထားသည်။ ပြောရရင်ပန်းအိမ်ထဲမှာ စာဖတ်ဖို့တို့ဘာတို့။

ဒီနေ့ကျမှ ဖန်လုံအိမ်လေးက ပုံမှန်ထက်ပိုလင်းနေသလိုပဲ။ အထဲမှာတော့ စာပွဲပေါ်မှာ ဖယောင်းတိုင်မီးလေးထွန်းထားပြီး အမဲသားစတိတ်ခ်နဲ့ ဝိုင်ကိုပြင်ဆင်ထားတယ်။

"Happy birthdayပါကိုယ့်အချစ်"

"ကို ဒါတွေကိုပြင်ဆင်ဖို့ ညနေထဲကပျောက်သွားတာလား"

"အင်းလေ ဒီအမဲသားစတိတ်ခ်က ကိုကိုယ်တိုင်ချက်ထားတာနော်"

"ဟီးဟီး ဒါနဲ့စပရိုက်ဆိုတာ"

ဝုတ်

"ဟင် ခွေးပေါက်လေး"

ကိုလက်အနောက်ကနေထွက်လာတဲ့huskyပေါက်လေး

"ကိုယ်တို့အခြေအနေက ကလေးမွေးစားလို့မရသေးတော့ ကလေးအစား အချစ်အနားမှာအဖော်ရအောင် ဝယ်ပေးတာ"

"ပျော်လိုက်တာ နောက်ဆုံးတော့မိသားစုဝင်အသစ်လေးရောက်လာပြီပေါ့ သူ့မှာနာမည်ရှိလား"

"အချစ်ကိုယ်တိုင်ပေးလေ"

"လူစီဖာ"

"အဲ့နာမည်ကြီးပေးမလို့လား"

"အင်း သခင်နဲ့တူအောင်"

"ဟားဟား ဟုတ်ပါပြီ ဒါဆို ညစာစားရအောင် ဗိုက်ဆာနေပြီမလား ပြီးရင်"

ပြီးရင်ဆိုတဲ့နောက်ကစကားက မပြောလည်းသိတာမို့လွှမ်း မျက်နာလေးနီလာသည်။ ညတိုင်းလုပ်နေလဲ အဲ့လူကြီး ကeverydayချင်နေတုန်းပဲ လူကိုဘယ်အချိန်စားရမလဲပဲတွေးနေတာ။ ဒါနဲ့ စံအိမ်က အရမ်းလှပေမယ့် ညဖက်မှောနေရင် ကြောက်ဖို့ကောင်းတယ်။ ရုပ်ရှင်သာရိုက်မယ်ဆိုရင် စိတ္တဇလူသတ်သမားရဲ့အသိုက်တောင်ဖြစ်ရင်ဖြစ်နေမှာ။

_________________________________________

Zawgyi

Continue Reading

You'll Also Like

104K 3.5K 40
Y/N was a teenage introvert who enjoyed having her own space and being alone. She loved listening to music in her room, which was a great escape for...
564K 6.7K 26
Lost, Lose (Loose Trilogy #1) She's a girl of hope, Lisianthus Yvonne Vezina. A teen-year-old girl who focused on her goal... to strive. But everyth...
OBSESSED By thisbejaja

Mystery / Thriller

96.4K 4.1K 26
obsessed
27.3K 292 25
𝙞 𝙘𝙤𝙪𝙡𝙙 𝙣𝙚𝙫𝙚𝙧 𝙗𝙡𝙖𝙢𝙚 𝙮𝙤𝙪. i quickly walked down to the lockers, seeing mattheo and a bunch of other boys putting heir stuff away. ...