Godly Sword System
Chapter 751 အမှိုက်တွေနဲ့ နောက်တစ်ကြိမ် ရင်ဆိုင်မိခြင်း
Translated by Thura
မုရွှယ်အာနဲ့ ဝူဖန်တို့နှစ်ယောက်လည်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် မှင်သက်နေမိတယ်။
ဓါးသွားတစ်ထောင်မှော်ဓါးဆီကနေ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဓါးအလင်း ထွက်ပေါ်လာလိမ့်မယ်လို့ သူတို့တွေက ဘယ်လိုလုပ်ပြီး တွေးမိမှာလဲ။
အဆင့်ငါး နတ်ဆိုးသားရဲ က သူတို့တွေနဲ့ ပေ တရာကျော် ကွာဝေးတယ်လေ။
“သွားကြစို့ ”
ယန်ချီက ပြောလိုက်တယ်။
မုရွှယ်နဲ့ ဝူဖန်တို့လည်း သတိ ပြန်ဝင်လာခဲ့ပြီး ယနချီကို လှမ်းကြည့်လိုက်တော့ ယန်ချီက သူတို့နဲ့ ပေအနည်းငယ်လောက် ကွာဝေးမှန်း သိလိုက်တော့ အနောက်ကနေ အဆောတလျင် လိုက်သွားခဲ့ကြတယ်။
“စီနီယာ နှစ်တစ်ထောင် မှော်ဆေးရည်က ချီယွင်ဒီရဲ့ တောနက်ပိုင်းမှာ ရှိတာ။ ကျွန်တော်တို့တွေ တောနက်ပိုင်းထဲ သွားကြမလား”
ဝူဖန်က မေးလိုက်တယ်။
အဲ့ဒီနောက်တော့ သူတို့သုံးယောက်က တောနက်ပိုင်းဆီကို ဦးတည် ထွက်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ယန်ချီ မုရွှယ်အာနဲ့ ဝူဖန်တို့ သုံးယောက်က ချီယွင်ဒီရဲ့ တောနက်ပိုင်းအထဲကို ရောက်လာခဲ့တယ်။
သူတို့တွေ ချီယွင်ဒီရဲ့ တောနက်ပိုင်းထဲ ရောက်ရှိပြီးနောက် အဖိုးအိုနဲ့ လူငယ်တွေ အဖွဲ့ကို ထပ်တွေ့လိုက်ရတယ်။
ဒါပေမယ့်လည်း ဒီအချိန်မှာတော့ အဖိုးအိုနဲ့ လူငယ်တွေ အဖွဲ့ကတော့ အခြေအနေမကောင်းပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့တွေကို လူတစ်စုက ဝိုင်းရံထားလို့ပါ။
“မင်း. . မင်းတို့ ဘာလိုချင်လဲ”
အဖိုးအိုရဲ့ မျက်နှာထက်မှာ ထိတ်လန့်တဲ့အမူအယာ ပေါ်လာခဲ့ပြီး မေးလိုက်တယ်။
“ငါတို့တွေက ဘာမှ မလိုချင်ဘူး။ မင်းတို့တွေကိုပဲ သတ်ချင်တာ”
ဝိုင်းရံထားသူတွေထဲမှ တစ်ယောက်က နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။
“နှစ်တစ်ထောင် မှော်ဆေးရည်က ချီယွင်ဒီရဲ့ တောနက်ပိုင်းမှာပဲ ရရှိနိုင်တာ။ မင်းတို့တွေကလည်း နှစ်တစ်ထောင် မှော်ဆေးရည်ကို ရှာဖို့လာတာဆိုတော့ သတ်ပစ်ရမယ်”
ဒီစကားကို ကြားတော့ အဖိုးအိုနဲ့ လူငယ်တွေရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်နေတဲ့ အမူအယာတွေ ပေါ်လာခဲ့တယ်။
“အကြီးအကဲ လူငယ်သုံးယောက် ရောက်နေတယ်”
ရုတ်တရက် လူငယ်တစ်ယောက်က ဝိုင်းရံထားတဲ့ သူတွေထဲမှ ခေါင်းဆောင်ကို ပြောလိုက်တယ်။
ခေါင်းဆောင်က အဲ့ဒီလူငယ် ညွှန်ပြရာကို ကြည့်လိုက်တော့ယန်ချီ မုရွှယ်အာနဲ့ ဝူဖန်ကို လှမ်းမြင်လိုက်တယ်။
“သေရတော့မယ်လူတွေ ထပ်ရောက်လာလိမ့်မယ်လို့ မထင်မိဘူး”
ခေါင်းဆောင်က အေးစက်စက်ပြုံးပြီး ပြောလိုက်တယ်။
ခေါင်းဆောင် အဖိုးကြီး မထင်ထားတာကတော့ ယန်ချီ၊ မုရွှယ်အာနဲ့ ဝူဖန်တို့ကထွက်မပြေးရုံသာမက သူတို့ဆီကို ဦးတည်လျှောက်လာလိမ့်မယ်လို့ပါ။
ဒါက သူတို့တွေက တခါမှ မတွေးမိတဲ့ ကိစ္စပါ။
ယန်ချီတို့ လျှောက်လာတာကို မြင်တော့ အဝိုင်းခံရတဲ့ အဖိုးအိုနဲ့လူငယ်တွေက ခေါင်းခါယမ်းမိလိုက်ကြတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီ၊မုရွှယ်အာနဲ့ ဝူဖန်တို့ သုံးယောက်က သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ သိနေတဲ့အတွက်ပါ။
“မင်းတို့ကလည်း နှစ်တစ်ထောင် မှော်ဆေးရည် လာရှာကြတာလား”
ဝိုင်းထားသူတွေထဲမှ ခေါင်းဆောင် အဖိုးကြိးက ယန်ချီကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။
ယန်ချီကတော့ တည်ငြိမ်စွာနဲ့ ခေါင်းဆောင် အဖိုးကြီးကို ကြည်ပြီး ပြောလိုက်တယ်။
“မင်း အခုအချိန် ထွက်သွားမယ်ဆိုရင် အသက်ရှင်ခွင့်ရမယ်”
ယန်ချီရဲ့ လေသံက တည်ငြိမ်လွန်းပါတယ်။
“ဟူး. . ”
ခေါင်းဆောင် အဖိုးကြီးနဲ့ နောက်လိုက် စိတ်ဝိဉာဉ်ပညာရှင်တွေက ဒီစကားကို ကြားတော့ ပင့်သက်ရှိုက်မိလိုက်ကြတယ်။ သူတို့အားလုံးက ယန်ချီကို ဒီလို စကားမျိုး ပြောလိမ့်မယ်လို့ မထင်မိထားတဲ့အတွက်ပါ။
“ဂျူနီယာ မင်း ရူးနေတာလား”
ခေါင်းဆောင် အဖိုးကြီးရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို ရူးနေတာပါ။ အဲ့ဒီလိုမှသာ မဟုတ်ရင်တော့ ဒီလို စကားကို ပြောဖို့ မဖြစ်နိုင်ပါဘူး။
“ငါက ရူးနေတာနဲ့ တူတယ်လို့ မင်းထင်နေတာလား” ယန်ချီက ခေါင်းဆောင် အဖိုးကြီးကို မျက်လုံးမှေးကြည့်ပြီး ပြောလိုက်တယ်။
ယန်ချီရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ပြီး ခေါင်းဆောင် အဖိုးကြီးက မျက်မှောင်ကြုတ်လိုက်မိတယ်။
“မင်း သေချင်နေတယ်လို့ ငါထင်တယ်”
စကားသံ ဆုံးသွားတဲ့အခါ ခေါင်းဆောင် အဖိုးကြီးက ယန်ချီကို လက်သီးနဲ့ ပြင်းထန်စွာ တိုက်ခိုက်လိုက်တယ်။
ခေါင်းဆောင် အဖိုးကြီးရဲ့ လက်သီးဆီကနေ ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားတွေ ထွက်ပေါ်လာခဲ့တယ်။
ယန်ချီရဲ့ မျက်နှာအမူအယာကတော့ ရေပြင်အလား တည်ငြိမ်နေဆဲပါ။
အဖိုးကြီးက အဆင့် ၇၃ စိတ်ဝိဉာဉ်သူတော်စင်အဆင့်ပဲ ရှိသေးတာဆိုတော့ သူ့အရှေ့မှာ တကယ်ကို အားနည်းလွန်းပါတယ်။
ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်စွမ်းအားက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့တယ်။
ဒါပေမယ့်လည်း ယန်ချီက ရှောင်တိမ်းခြင်း မပြုသလို ခုခံခြင်းလည်း မပြုတာကိုတော့ လူတိုင်း မထင်လိုက်ကြပါဘူး။
သူတို့အားလုံးက ယန်ချီမှာ အစွမ်းအချို့ရှိတဲ့အတွက် မောက်မာနေတယ်လို့ မြင်နေခဲ့ကြတယ်။
ဒါပေမယ့် အခုတော့ ကြည့်ရတာ သူတို့တွေ ထင်ထားတာ မှားသွားပုံပါပဲ။
“ဘုန်း .. . ”
ခေါင်းဆောင် အဖိုးကြီးရဲ့လက်သီးချက်က ယန်ချီရဲ့ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့တယ်။
...........
Godly Sword System
Chapter 752 အသက်ရှင် လွှတ်မြောက်ခွင့်ပေးမယ်
Translated by Thura
ယန်ချီက တိုက်ခိုက်မှုကို မရှောင်တိမ်းသလို ခုခံခြင်းလည်း မရှိပါဘူး.။
ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေက ယန်ချီရဲ့ ခန္ဓာကိုယ်ကိုထိမှန်သွားခဲ့တယ်။
လူတိုင်းကတော့ ယန်ချီတစ်ယောက် ဒီတိုက်ခိုက်မှုကြောင့် သေဆုံးသွားမှာ ဖြစ်ပြီး ဘယ်လိုနည်းနဲ့မှ အသက်ရှင် မလွတ်မြောက်နိုင်ဘူးလို့ ထင်လိုက်မိကြတယ်။
ဘာကြောင့်လဲဆိုတော့ ဒါက စိတ်ဝိဉာဉ်သူတော်စင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုလေ။
ဒါပေမယ့်လည်း သူတို့ မမျှော်လင့်ထားတာကတော့ ယန်ချီက မသေဆုံးခဲ့တာကိုပါ။
ဒါ့အပြင် ယန်ချီက နောက်ကို ခြေလှမ်းဝက်တောင် ဆုတ်မသွားခဲ့ပါဘူး။
ပြီးတော့ ဘာမှမဖြစ်ပျက်သလို သူ့အမူအယာကလည်း တည်ငြိမ်နေခဲ့တယ်။
ဒီမြင်ကွင်းကြောင့် လူတိုင်း အလွန်တရာ အံ့အားသင့်သွားမိတယ်။
“မင်း . . ဘယ်လိုလုပ်ပြီး မင်း. . . ”
အဖိုးကြီးက ယန်ချီကို သတိလက်လွတ်ကြည့်ပြီး မေးလိုက်မိတယ်။
ယန်ချီက ဒီတိုက်ခိုက်မှုရဲ့ ထိုးနှက်မှုကို ကြံကြံခံနိုင်လိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
“ဒါက ဘယ်လိုခုခံခြင်း စွမ်းရည်လဲ”
“ဒီလောကမှာ မဖြစ်နိုင်တာ မရှိဘူး” ယန်ချီက ခေါင်းဆောင် အဖိုးကြီးကို ပေါ့ပါးစွာ ကြည့်လိုက်ပြီး မေးလိုက်တယ်။ “မင်းရဲ့ အသက်တော ချက်ချင်း သေရလိမ့်မယ်”
ခေါင်းဆောင် အဖိုးကြီးက အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူက ယန်ချီကို အလွန်တရာ အစွမ်းထကတဲ့ စိတ်ဝိဉာဉ်ပညာရှင်မှန်း သိသွားပါပြီး။
“တိုက်ခိုက်စမ်း ”
ချက်ချင်းပင် ခေါင်းဆောင်အဖိုးကြီးက ကျယ်လောင်စွာနဲ့ သူ့ရဲ့ နောက်လိုက်တွေကို အမိန့်ပေးလိုက်တယ်။
ခေါင်းဆောင် အဖိုးကြီးရဲ့ အမိန့်အောက်မှာ စိတ်ဝိဉာဉ်ပညာရှင် ဒါဇင်ကျော်က ယန်ချီကို ပြေးဝင်တိုက်ခိုက်ကြတယ်။
ယန်ချီရဲ့ အမြင်မှာတော့ သူ့ဆီကို ပြေးဝင်တိုက်ခိုက်တဲ့ သနားစရာ ပုရွတ်ဆိတ်လေးတွေပါ.။
စိတ်ဝိဉာဉ်ပညာရှင်တွေ သူ့ဆီကို ပြေးဝင်တိုက်ခိုက်တာကို မြင်တော့ ယန်ချီက နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
“ဝှစ် ဝှစ် ”
ယန်ချီက ဓါးသွားတစ်ထောင် မှော်ဓါးကို ဝှေ့ယမ်းလိုက်တယ်။
ပြေးဝင်တိုက်ခိုက်ကြတဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေက ဒီလို တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ခုခံနိုင်မှာလဲ။
ချက်ချင်းပင် ယန်ချီဆီကို ပြေးတိုက်ခိုက်ကြတဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေအားလုံး မြေပြင်ပေါ်ကို လဲပြိုကျပြီး ကြောက်လန့်ဖွယ်သေဆုံးကုန်ကြတယ်။
“အိုး ဘုရားရေ ”
အဝိုင်းခံနေရတဲ့ အဖိုးအိုနဲ့ လူငယ်တွေကတော့ ဒီမြင်ကွင်းကိုမြင်ပြီးနောက် ထိတ်လန့်သွားခဲ့ကြတယ်။
သူတို့တွေက ထိတ်လန့်မှုကြောင့် ပါးစပ်တွေ အဟောင့်သားဖြစ်နေခဲ့ပြီး မျက်လုံး အစုံကလည်း ပြူးကျယ်နေခဲ့ကြတယ်။
ဒီမြင်ကွင်းက သူတို့ တသက်တာမှာ အံ့အားသင့်စရာ အဖြစ်ဆုံး မြင်ကွင်းတစ်ခုပါ။
ခေါင်းဆောင် အဖိုးကြီးကတော့ ကြောက်လန့်တုန်လှုပ်မှုကြောင့် နေရာမှာတင် ကျောက်ရုပ်အလား ဖြစ်နေခဲ့ပြီး စကား မပြောနိုင်တော့ပါဘူး။
သူက ယန်ချီကို ကြောက်လန့်စွာနဲ့ ကြောင်ပြီး ကြည့်နေခဲ့တယ်။
“ဘယ်လိုလုပ်ပြီး မင်းက ဒီလောက် ကြောက်စရာ ကောင်းနေတာလဲ”
သတိလက်လွတ်ပြောပြီးနောက် သူက ယန်ချီရဲ့ လက်ထဲက ဆက်နွယ်မှု လက်နက်ကို မြင်သွားခဲ့တယ်။
သူ့အနေနဲ့ ယန်ချီရဲ့ ဆက်နွယ်မှု လက်နက်ကို မမြင်ခင်က ဒီလောက် ကြောက်လန့်နေမှာ မဟုတ်ပေမယ့်လည်း မြင်မိသွားတဲ့အခါမှာတော့ ကြောက်လန့်မှုကြောင့် နောက်ကို ခြေသုံးလှမ်းလောက် ဆုတ်မိသွားခဲ့ပြီး ဝိဉာဉ်တောင်မှ တုန်ယင်သွားခဲ့တယ်။
“ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ပါလား”
ခေါင်းဆောင် အဖိုးကြီးက ဒီတစ်ကြိမ်မှာတော့ သံပြားကို ကန်မိမှန်း သိသွားပါပြီ။
သူ့အနေနဲ့ ဒီပြဿနာကို ဘယ်လိုမှ ရှင်းမရနိုင်တော့ပဲ အသက်ရှင် လွတ်မြောက်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။
“ငါ့. င့ါ. . င့ါကို သွားခွင့်ပြုပါ။ ငါ မှားမှား သိပါပြီ”
ရုတ်တရက် ခေါင်းဆောင် အဖိုးကြီးက ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက သူ့စကားတွေကို ကြားတော့ အားပါးတရ ရယ်မောလိုက်တယ်။
ဒီခေါင်းဆောင် အဖိုးကြီးက တကယ်ကို ရယ်စရာ ကောင်းတဲ့ သူလို့ ယန်ချီက ခံစားမိလိုက်တယ်။
“ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေး ပေးခဲ့တယ်။ ဒါပေမယ့် မင်းက လက်လွှတ်လိုက်တယ်လေ”
ယန်ချီရဲ့ စကားကို ကြားပြီးနောက် ခေါင်းဆောင် အဖိုးကြီးက စိတ်ပျက်သွားခဲ့ရတယ်။
“ငါ မင်းကို တိုက်ခိုက်မယ်”
ရုတ်တရက် ခေါင်းဆောင်အဖိုးကြီး တစ်ကိုယ်လုံး စိတ်ဝိဉာဉ်စွမ်းအားတွေ လွှမ်းခြုံလာခဲ့ပြီး ယန်ချီဆီကို ပြေးဝင်တိုက်ခိုက်ပါတော့တယ်။
ယန်ချီကတော့ ဒီလူ အခုထိ ဘာကြောင့် နားမလည်သေးတာလဲဆိုပြီး တိတ်တဆိတ် ခေါင်းခါယမ်းမိလိုက်တယ်။
ခေါင်းဆောင် အဖိုးကြီးက ယန်ချီအရှေ့ ရောက်တဲ့အခါ လက်သီးကို မြှောက်လိုက်ပြီး ယန်ချီကို တိုက်ခိုက်လိုက်တယ်။
ခေါင်းဆောင်အဖိုးကြီးရဲ့ တိုက်ခိုက်မှုက ယန်ချီအမြင်မှာတော့ တကယ်ကို အားနည်းလွန်းပါတယ်။
ခေါင်းဆောင်အဖိုးကြီးရဲ့ လက်သီးက ယန်ချီရဲ့ ခန္ဓာကိုယ်အနီး ရောက်ရှိချိန်မှာပဲ ဓါးသွားတစ်ထောင်မှော်ဓါးက ခေါင်းဆောင်အဖိုးကြီးရဲ့ခန္ဓာကိုယ်ကို စိုက်ဝင်သွားခဲ့တယ်။
..............
Godly Sword System
Chapter 753 အရိပ်စင်းမြွေ
Translated by Thura
အဖိုးအိုနဲ့ လူငယ်တွေက ဒီမြင်ကွင်းကို မြင်ပြီးနောက် ထိတ်လန့်သွားခဲ့ကြတယ်။
သူတို့တွေက မဖြစ်နိုင်တဲံ မြင်ကွင်းတစ်ခုကို မြင်လိုက်ရလို မျက်လုံးအစုံ ပြူးကျယ်နေခဲ့ကြတယ်။
“မင်း. . မင်းက အစွမ်ထက်လှချည်လား”
အဖိုးအိုက ယန်ချီကို ထိတ်လန့်စွာနဲ့ ပြောလိုက်တယ်။
“ပုံမှန်ပါပဲ ။ သိပ်ပြီး အစွမ်းထက်လှတယ် မဟုတ်ပါဘူး”
ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။
ချက်ချင်းပင် ယန်ချီ မုရွှယ်အာနဲ့ ဝူဖန်တို့ အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ်။
သူတို့တွေက နှစ်တစ်ထောင် မှော်ဆေးရည်ကို ဆက်လက် ရှာဖွေခဲ့ကြတယ်။
သွားပါများ ခရီးရောက်ဆိုတဲ့ စကားအတိုင်းသူတို့တွေက လှိုဏ်ဂူတစ်ခုအရှေ့ကို ရောက်လာခဲ့တယ်။
“စီနီယာ နှစ်တစ်ထောင်မှော်ဆေးရည်က ဒီလှိုဏ်ဂူထဲမှာ ရှိလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
ဝူဖန်က ပြောလိုက်တယ်။
“အင်း ဖြစ်နိုင်တယ်”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။
အဲ့ဒီနောက်တော့ သူတို့သုံးယောက် လှိုဏ်ဂူဆီကို ဆက်ပြီး လျှောက်လာခဲ့တယ်။
လိုဏ်ဂူက သိပ်မနက်ရှိုင်းတဲ့အတွက် သိပ်မကြာခင်မှာပဲ အဆုံးကို ရောက်ရှိသွားတယ်။
“နှစ်တစ်ထောင်မှော်ဆေးရည်တွေ. . ”
ရုတ်တရက် ဝူဖန်က တအံ့တသြ ရေရွတ်မိလိုက်တယ်။
လှိုဏ်ဂူရဲ့ အဆုံး ကျောက်နံရံကနေ နို့ဖြူရောင် အရည်တွေ တတောက်တောက် စီးကျနေခဲ့တယ်။
ဒီမြင်ကွင်းကြောင့် ဝူဖန်နဲ့ မုရွှယ်အာတို့ရဲ့ မျက်လုံးတွေ အရောင် လက်သွားခဲ့တယ်။
နှစ်တစ်ထောင်မှော်ဆေးရည်က သူ့အတွက် ဘာမှ အကျိုးမရှိတာကို သိတဲ့ ယန်ချီကတော့ ဘာအမူအယာမှ ပြောင်းလဲခြင်းမရှိပါဘူး။
“နေကြဦး . .”
ယန်ချီက တစ်ခုခု မှားယွင်းသလို ခံစားမိလိုက်တယ်။
“နတ်ဆိုးသားရဲတွေလား. . ”
ဒီအချိန်မှာတော့ ဝူဖန်နဲ့ မုရွှယ်အာတို့က နို့ဖြူရောင် အရည်တွေကို စုဆောင်းဖို့အတွက် အရှေ့ကို လှမ်းနေပါပြီ။
“ခဏနေကြဦး”
ယန်ချီက သူတို့နှစ်ယောက်ကို တားလိုက်တယ်။
ဝူဖန်နဲ့ မုရွှယ်အာတို့နှစ်ယောက်လည်း အံ့အားသင့်သွားခဲ့တယ်။
သူတို့တွေက နောက်ပြန်လှည့်လိုက်ပြီး ယန်ချီကို ကြည့်ကာ မေးလိုက်တယ်။ “ဘာများ ဖြစ်လို့လဲ စီနီယာ ”
“နတ်ဆိုးသားရဲတွေ ရှိနေတယ်”
“နတ်ဆိုးသားရဲတွေလား”
ဝူဖန်နဲ့ မုရွှယ်အာတို့လည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့ပြီး ပတ်ဝန်းကျင်ကို အဆောတလျင် သတိပြုလိုက်တယ်။
“ဝေါင်း. .”
ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးသားရဲတစ်ကောင် ပေါ်လာခဲ့တယ်။
“အဆင့် ရှစ် နတ်ဆိုးသားရဲ ပုံရိပ်စင်မြွေပဲ”
မုရွှယ်အာက အထိတ်တလန့် ရေရွတ်မိလိုက်တယ်။
ယန်ချီက ဒီနေရာမှာ အဆင့် ရှစ် နတ်ဆိုးသားရဲတစ်ကောင် ရှိနေလိမ့်မယ်လို့ မထင်ထားမိပါဘူး။ ဒါကြောင့် သူက သတိထားလိုက်တယ်။
“စီနီယာ ကျွန်တော်တို့ ဘာဆက်လုပ်မလဲ”
ဝူဖန်နဲ့ မုရွှယ်အာတို့နှစ်ယောက်က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။
“မင်းတို့တွေ ပုန်းခိုဖို့ နေရာ တစ်ခုခု ရှာလိုက်”
ယန်ချီက သူတို့နှစ်ယောက်ကို သတိပေးလိုက်တယ်။
ဝူဖန်နဲ့ မုရွှယ်အာတို့လည်း ယန်ချီရဲ့ စကားကို ကြားတော့ အဆောတလျင်ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးတစ်ခုအနောက် ပုန်းကွယ်နေလိုက်တယ်။
ယန်ချီက အဆင့် ရှစ် နတ်ဆိုးသားရဲ အရိပ်စင်း မြွေကို ကြည့်ပြီး အကဲခတ်လိုက်တယ်။ အဆင့် ရှစ် နတ်ဆိုးသားရဲ အရိပ်စင်း မြွေ ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ စွမ်းအား အတက်အကျကို ကြည့်ပြီး ဒီသားရဲက အဆင့်ရှစ် မူလအဆင့်မှာသာ ရှိဦးမယ်လို့ တွေးလိုက်မိတယ်။
ယန်ချီက အဆင့် ရှစ် မူလအဆင့်ပဲ ရှိသေးတဲံ နတ်ဆိုးသားရဲ့ကို မကြောက်ပါဘူး။
“လူသားတွေ မင်းတို့တွေက နှစ်တစ်ထောင်မှော်ဆေးရည်ကို ရှာဖို့အတွက် ဒီနေရာကို ရောက်လာကြတာလား”
အရိပ်စင်း မြွေက ယန်ချီကို ကြည့်ပြီး အေးစက်စက် မေးလိုက်တယ်။
“ဟုတ်တယ်”
ယန်ချီက သူ့တို့ရဲ့ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။
ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှတော့ ပြောတဲ့ စကားက ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကိစ္စ မရှိတော့ပါဘူး။
“မင်းက ဒီနေရာမှာ နှစ်တစ်ထောင် မှော်ဆေးရည် လာရှာတာဆိုရင်တော့ တကယ်ကို သေချင်နေတာပဲ”
စကားသံ ဆုံးသွားပြီးနောက် အဆင့် ရှစ် နတ်ဆိုးသားရဲ အရိပ်စင်း မြွေ က သူ့ရဲ့ သွေးနီရောင် ပါးစပ်ကြီးကို ဖွင့်ပြီး ယန်ချီကို တိုက်ခိုက်လိုက်တယ်။
ကျောက်တုံးကြီး အနောက်မှာ ပုန်းကွယ်နေတဲ့ ဝူဖန်နဲ့ မုရွှယ်အာတို့နှစ်ယောက်ကလည်း ဒီမြင်ကွင်းကို အနီးကပ် မြင်လိုက်ရတယ်။
အရိပ်စင်းမြွေရဲ့ အလျင်က အလွန်တရာကို မြန်ဆန်တာကြောင့် ချက်ချင်းကို ယန်ချီအရှေ့ ရောက်သွားခဲ့တယ်။
သူက ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ပြီး ယန်ချီကို မြိုချဖို့ ကြိုးစားလိုက်တယ်။
“ဝှစ် . . ”
အဲ့ဒီအခိုက်အတန့်မှာပဲ ယန်ချီက နောက်ကျောမှာ လွယ်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို ဆွဲထုတ်လိုက်တယ်။
ရုတ်တရက် ကြောက်မက်ဖွယ်ရာ ဓါးအလင်းက ဖျတ်ခနဲ့ လက်သွားခဲ့တယ်။
“ဝှစ် ဝှစ် ”
ယန်ချီက ဓါးသွားတစ်ထောင်မှော်ဓါးကို ကိုင်ပြီး အရိပ်စင်းမြွေကြီးကို အချက်ပေါင်းများစွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်ကြတယ်။
အဆင့် ရှစ် နတ်ဆိုးသားရဲ အရိပ်စင်း မြွေ လည်း ယန်ချီရဲ့ တိုက်ခိုက်မှုကို မြင်တော့ အံ့အားသင့်သွားမိတယ်။
ယန်ချီက ဒီလို အစွမ်းထက်တဲ့ ဓါးအလင်းတွေ ထုတ်လွှတ်နိုင်လိမ့်မယ်လို့ သူက ဘယ်လိုမှ မထင်ထားမိပါဘူး။
အဲ့ဒီအတွက် အရိပ်စင်းမြွေလည်း တိုက်ခိုက်မှုတွေကို အဆောတလျင် ရှောင်တိမ်းလိုက်တယ်။
နောက်ဆုံးတော့ အဆင့် ရှစ် နတ်ဆိုးသားရဲ အရိပ်စင်း မြွေ က အဆင့်ရှစ် နတ်ဆိုးသားရဲဆိုတဲ့အတိုင်း တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်ခဲ့ပြီး သူ့ကို ဘာဒဏ်ရာမှ မရစေခဲ့ပါဘူး။
အရိပ်စင်းမြွေက သူ့ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်တိမ်းနိုင်တာ မြင်တော့ ယန်ချီက သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်လိုက်တယ်။
ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်တွေက ယန်ချီရဲ့ခန္ဓာကိုယ်ပတ်လည်မှာ လွှမ်းခြုံလာခဲ့တယ်။
“ဘ . .. ဘာ .. .”
အရိပ်စင်းမြေလည်း ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ လွှမ်းခြုံနေတဲ့ ကောင်းကင်အဆင့် စိတ်ဝိဉာဉ်လက်နက်တွေကို မြင်ပြီးနောက် မှင်သက်သွားမိတယ်။
..................
Godly Sword System
Chapter 754 ရုတ်တရက် ထွက်ပေါ်လာတဲ့ ရှီမန်
Translated by Thura
အဆင့် ရှစ် နတ်ဆိုးသားရဲ အရိပ်စင်း မြွေ အနေနဲ့ ယန်ချီမှာ ဒီလောက် အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်လက်နက်တွေ ရှိနေလိမ့်မယ်လို့ မထင်မိပါဘူး။
“လူသား ကြည့်ရတာ ငါမင်းကို လျော့တွက်ပုံပဲ”
အရိပ်စင်း မြွေ အနေနဲ့ အစောပိုင်းမှာ ယန်ချီကို သူနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ စွမ်းအားမရှိဘူးလို့ ထင်ထားခဲ့တယ်။
အခုအချိန်ကျတော့ သူထင်ထားတာ မှားယွင်းမှန်း သိလိုက်ရတယ်။
“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ ဒီကိုလာခဲ့” ယန်ချီက အဆင့်ရှစ် နတ်ဆိုးသားရဲ အရိပ်စင်းမြွေကို လက်ညိုးထိုးပြီး ကွေးညွှတ်ကာ ဆက်ပြောလိုက်တယ်။ “ငါ မင်းကို သတ်ပေးမယ်”
ဒီစကားကို ကြားတော့ အရိပ်စင်းမြွေလည်း ဒေါသအကြီး အကျယ် ထွက်သွားခဲ့တယ်။
“ဝေါင်း”
အဆင့်ရှစ် နတ်ဆိုးသားရဲ အရိပ်စင်းမြွေ က ဟိန်းဟောက်လိုက်ပြီး သူ့ရဲ့ သွေးနီရောင် ပါးစပ်ကြီးကို နောက်တစ်ကြိမ်ဖွင့်ပြီး တိုက်ခိုက်လိုက်တယ်။ သူ့ရဲ့ သွေးနီရောင် ပါးစပ်ကြီးကနေ စိမ်းပြာရောင် အငွေ့တွေ ထွက်ပေါ်လာခဲ့တယ်။
ဒီ စိမ်းပြာရောင် အငွေ့တွေက ပြင်းထန်တဲ့ အဆိပ်တွေဆိုတာ ပြောဖို့မလိုပါဘူး။
သူ့ဆီကို ဦးတည်လာတဲ့ စိမ်းပြာရောင် အငွေ့တွေကို ကြည့်ပြီး ယန်ချီက သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက် ကိုးခုလုံးနဲ့ ပေါင်းစည်းလိုက်တယ်။
“ဝှစ် ”
အဲ့ဒီနောက် ယန်ချီက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုလိုက်တော့ နေရာကတင် ချက်ချင်း ပျောက်ကွယ်သွားခဲ့တယ်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
အဆင့်ရှစ် နတ်ဆိုးသားရဲ အရိပ်စင်းမြွေ လည်း ယန်ချီကို မမြင်လိုက်တော့ ထိတ်လန့်မိသွားခဲ့တယ်။
သူက ယန်ချီကို ဒီလောက်မြန်ဆန်လိမ့်မယ်လို့ မထင်ထားတဲ့အတွက် အံ့အားသင့်နေပြီ မျက်လုံးအစုံလည်း ပြူးကျယ်နေခဲ့တယ်။
အဲ့ဒီနောက် အရိပ်စင်းမြွေက အထိတ်တလန့်နဲ့ ယန်ချီရဲ့ ပုံရိပ်အစစ်ကို လိုက်လံရှာဖွေနေခဲ့တယ်။
ဒါပေမယ်လည်း အရိပ်စင်မြွေက မျက်လုံးကန်းနေသလို ယန်ချီကို ဘယ်နေရာမှာ ရှာမတွေ့ခဲ့ပါဘူး။
“ငါက မင်းအနောက်မှာ”
ရုတ်တရက် ယန်ချီရဲ့ အသံက အရိပ်စင်းမြွေအနောက်ကနေ ထွက်ပေါ်လာခဲ့တယ်။
အဆင့်ရှစ် နတ်ဆိုးသားရဲ အရိပ်စင်းမြွေ လည်း ဒီအသံကို ကြားတော ကြောက်လန့်သွားခဲ့ပြီး အဆောတလျင် နောက်လှည့်ပြီး ရှာကြည့်လိုက်တယ်။
သူ့လှည့်ကြည့်ကြည့်ချင်းမှာကို ထိတ်လန့်ဖွယ် မြင်ကွင်းကို မြင်လိုက်ရတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးက သူ့ဆီကို ဦးတည်လာနေလို့ပါ။
ဒီအဖြစ်အပျက်ကြောင့် အဆင့်ရှစ် နတ်ဆိုးသားရဲ အရိပ်စင်းမြွေ လည်း အလွန် ထိတ်လန့်သွားမိတယ်။
ချက်ချင်းဆိုသလိုပဲ ဓါးသွားတစ်ထောင်မှော်ဓါးက အဆင့်ရှစ် နတ်ဆိုးသားရဲ အရိပ်စင်းမြွေ ရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားခဲ့တယ်။
ကျောက်တုံးကြီးအနောက်မှာ ပုန်းကွယ်နေတဲ့ မုရွှယ်အာနဲ့ ဝူဖန်တို့နှစ်ယောက်ကလည်း ဒီမြင်ကွင်းကို မြင်ပြီးနောက် အံ့အားသင့်သွားကြတယ်။
“အဆင့် ရှစ် နတ်ဆိုးသားရဲတစ်ကောင်က ယန်ချီအရှေ့မှာ တကယ်ကို သနားစရာပါလား”
“ထွက်လာခဲ့တော့”
ယန်ချီက မုရွှယ်အာနဲ့ ဝူဖန်ကို ပြောလိုက်တယ်။
ဒီစကားသံကိုကြားတော့ မုရွှယ်အာနဲ့ ဝူဖန်တို့နှစ်ယောက်လည်း ပုန်းကွယ်နေရာကနေ ထွက်လာပြီး သူတို့ရဲ့ မျက်နှာပေါ်မှာတော့ ထိတ်လန့်တုန်လှုပ်နေရုံမက အလွန်တရာကို အံ့အားသင့်တဲ့ အမူအယာ ဖြစ်နေခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ အရိပ်စင်းမြွေသေဆုံးသွားမှ သူတို့လည်း နှစ်တစ်ထောင် မှော်ဆေးရည်ကို ရယူနိုင်မှာ မို့လို့ပါ။
ချက်ချင်းပင် မုရွှယ်အာနဲ့ ဝူဖန်တို့နှစ်ယောက်က နို့ဖြူရောင် အရည်တွေ စီးကျနေတဲ့ နံရံဆီကို သွားပြီး ပြင်ဆင်လာတဲ့ ပုလင်းတွေကို ထုတ်ယူပြီးနောက် နှစ်တစ်ထောင်မှော်ဆေးရည်တွေကို သိမ်းဆည်းလိုက်ကြတယ်။
“စီနီယာ နှစ်တစ်ထောင်မှော်ဆေးရည်ကို မလိုချင်ဘူးလား”
ယန်ချီတစ်ယောက် မလှုပ်မယှက် ရှိနေတာကို မြင်တော့ မုရွှယ်အာရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ နားမလည်နိင်မှုတွေ ဖြစ်သွားခဲ့ရတယ်။
“နှစ်တစ်ထောင်မှော်ဆေးရည်က င့ါအတွက် သိပ်အသုံးမဝင်ဘူး”
ယန်ချီက ပုံမှန်အတိုင်းပဲ ပြောလိုက်တယ်။
“ဘုန်း ဘုန်း ဘုန်း”
ရုတ်တရက် လှိုဏ်ဂူက ချက်ချင်းပဲ ပြိုကျတော့မလို ပြင်းထန်စွာ တုန်ခါလာခဲ့တယ်။
“ပြန်ထွက်ကြစို့”
ယန်ခီက မုရွှယ်အာနဲ့ ဝူဖန်ကို ပြောလိုက်တယ်။
မုရွှယ်အာနဲ့ ဝူဖန်တို့လည်း ယန်ချီရဲ့ စကားကြောင့် ခေါင်းညိတ်လိုက်ကြပြီး သူတို့သုံးယောက်သား လှိုဏ်ဂူအပြင်ကို လျင်မြန်စွာ ပြန်ထွက်လာခဲ့တယ်။
ဒါပေမယ့် အဲ့ဒီအချိန်မှာပဲ နှစ်တစ်ထောင်မှော်ဆေးရည် စီးကျနေတဲ့ နံရံအနောက်ကနေ လျှို့ဝှက်တံခါးတစ်ခု ပွင့်လာခဲ့တယ်။
အဲ့ဒီ လျှို့ဝှက်တံခါး ပွင့်လာပြီးနောက် လှိုဏ်ဂူကြီးရဲ့ တုန်ခါမှုကလည်း ရပ်တန့်သွားခဲ့တယ်။
“စီနီယာ ဝင်ပေါက် တစ်ခုပါလား”
ဝူဖန်က မနီးမဝေးမှာ ရှိတဲ့ တံခါးကို ကြည့်ပြီး ပြောလိုက်တယ်။
ယန်ချီက ကျောက်တံခါးကို စူးစိုက်ကြပြီး အဲ့ဒီ ကျောက်တံခါးဆီကနေ နက်ရှိုင်းတဲ့ ကြောက်ရွံ့မှုကို ခံစားမိလိုက်တယ်။
“အတွင်းထဲမှာ ဘာများ ရှိမလဲ. . .”
“အထဲကို ဝင်မကြည့်ရင် ဘာရှိတယ်ဆိုတာ သိနိုင်မလဲ”
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ယန်ချီက မုရွှယ်အာနဲ့ ဝူဖန်ကို ကြည့်ပြီး ပြောလိုက်တယ်။
“ကျောက်တံခါး အထဲကနေ ကြောက်စရာကောင်းတဲ့ ခံစားချက်ကို ထုတ်လွှတ်နေတယ်။ သွားကြတော့ ။ လှိုဏ်ဂူအပြင်မှာ င့ါကို စောင့်နေကြ”
...................
Godly Sword System
Chapter 755
Translated by Thura
ဝူဖန်နဲ့ မုရွှယ်အာတို့နှစ်ယောက်က ယန်ချီရဲ့ စကားကို ကြားတော့ လှိုဏ်ဂူအပြင်ကို လျင်မြန်စွာ ထွက်သွားခဲ့တယ်။
ယန်ချီက သူတို့နှစ်ယောက် အပြင် ထွက်သွားတာကို မြင်တော့ ကျောက်တံခါးကို သေချာကြည့်လိုက်တယ်။
ကျောက်တံခါးအနောက်မှာ ဘာရှိတယ်ဆိုတာ သူတို့တွေ မသိပေမယ့်လည်း ကျောက်တုံးတံခါးရဲ့ အနောက်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်ခုခု ရှိနိုင်တယ်ဆိုတာ သူ့ရဲ့ ပင်ကိုယ် သိစိတ်ကနေ ပြောနေခဲ့တယ်။
သူက ကျောက်တုံးတံခါးဆီကို ပုံမှန်အတိုင်း လျှောက်သွားခဲ့တယ်။
သိပ်မကြာခင်မှာပဲ သူက ကျောက်တုံးတံခါးဆီကို ရောက်သွားခဲ့တယ်။
ကျောက်တုံးတံခါးနားရောက်လေလေ ကြောက်ရွံ့မှုက ပိုပိုပြင်းထန်လာပြီး သူ့ရဲ့ ဝိဉာဉ်တောင်မှ မရပ်မနားတုန်ယင်သွားခဲ့တယ်။
“တော်တော်ကြီးကို ကြောက်လန့်တုန်လှုပ်နေခဲ့တာပါ”
ယန်ချီက သူ့စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး ကျောက်တံခါးအနောက်ကို ဝင်လိုက်တယ်။
ကျောက်တံခါးအနောက်မှာ နောက်ထပ် လှိုဏ်ဂူသခင် ရှိလိမ့်မယ်လို့ သူ မမျှော်လင့်မိပါဘူး။
အတွင်းထဲမှာတော့ အရောင်စုံ လင်းလက်နေတဲ့ ကျောက်တုံးတွေ ရှိနေခဲ့ပြီး လှိုဏ်ဂူထဲမှာ လင်းထိန်နေခဲ့တယ်။
ပြီးတော့ နဂါးပုံစံ ရေထွင်းထားတဲ့ ကျောက်တိုင်ကြီးလေးခုလည်း ရှိနေခဲ့တယ်။
ကျောက်တိုင်ကြီး တစ်ခုချင်းမှာ ကြီးမားတဲ့ သံကြိုးကြီးတွေတွေနဲ့ ကြေးခေါင်းတလားတစ်ခုကိုတွဲလွဲဆွဲထားခဲ့တယ်။
ကြေးခေါင်းတလားကို ကြည့်ရတာ အလွန်တရာကို ဟောင်းနွမ်းနေခဲ့ပြီး ရှည်လျားတဲ့ သမိုင်းကြောင့် ရှိမယ့်ပုံပါပဲ။
ယန်ချီက ဒီနေရာကို သချိုင်းတစ်ခုလို ဘယ်လိုမှ မထင်မိလိုက်ပါဘူး။
ခေါင်းတလားထဲမှာ ရှိတဲ့လူက တကယ်ကို မြင့်မြတ်တဲ့ လူတစ်ယောက်လို့ တွေးလိုက်မိတယ်။
အဲ့ဒီလိုမှ မဟုတ်ရင် သူ့ရဲ့ ဝိဉာဉ်ကလည်း ထိန်းချုပ်မရအောင် တုန်ယင်နေလိမ့်မယ်လို့ ခံစားမိမှာ မဟုတ်ပါဘူး။
ယန်ချီက ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ ကျောက်ပုလ္လင်တစ်ခုကို မြင်လိုက်ရတယ်။
ကျောက်ပုလ္လင်ပေါ်မှာ ပုလင်းလေးတွေ များစွာကို မြင်လိုက်ရတယ်။
ယန်ချီက အနားကပ်ပြီး စူးစမ်းကြည့်လိုက်တယ်။
ပုလင်းလေးတွေ ပေါ်က စာကို ဖတ်ကြည့်ပြီးနောက် ယန်ချီတစ်ယောက် အံ့အားသင့်သွားမိတယ်။
“နှစ်တစ်သိန်း မှော်ဆေးရည်”
နှစ်တစ်ထောင်မှော်ဆေးရည်က သူ့အတွက် ဘာအကျိုးမှ မရှိပေမယ့်လည်း နှစ်တစ်သိန်း မှော်ဆေးရည်ကတော့ သူ့အတွက် များစွာ အကျိုးရှိစေနိုင်ပါတယ်။
ယန်ချီက စဉ်းစားမနေတော့ပဲ ပုလင်းတစ်လုံးကို ယူပြီး မော့သောက်လိုက်တယ်။
နှစ်တစ်သိန်း မှော်ဆေးရည်ကို ရေကဲ့သို့ သောက်လိမ့်မယ်လို့ စိတ်ဝိဉာဉ်ကုန်းမြေက ဘယ်သူမှ တွေးမိမှာ မဟုတ်ပါဘူး။
ပုလင်းတစ်လုံးကို သောက်ပြီးနောက် ယန်ချီက ရေငတ်မပြေသေးဘူးလို့ ခံစားမိတာကြောင့် ကျန်တဲ့ ပုလင်းနှစ်လုံးကို သောက်ပစ်လိုက်တယ်။
နှစ်တစ်သိန်း မှော်ဆေးရည်ကို သောက်ပြီးနောက်မှာ ယန်ချီက သူ့ရဲ့အတွင်း အင်္ဂါတွေကို တိုက်ခိုက်နေတဲ့ အစွမ်းထက်ပြီး ပြင်းထန်တဲ့ အားအင်တွေကို ခံစားမိလိုက်တယ်။
“ဒါက .. ဒါက အဆင့်ချိုးဖြတ်တော့မှာလား”
ယန်ချီက သူ့ကိုယ်သူ အဆင့်ချိုးဖြတ်တော့မယ်ဆိုတာ သိလိုက်တယ်။
ချက်ချင်းပင် သူက မြေပြင်မှာ တုပ္ပလင်ခွေ ထိုင်လိုက်ပြီးခန္ဓာကိုယ်ထဲက နှစ်တစ်သိန်း မှော်ဆေးရည်တွေကို သန့်စင်နေခဲ့တယ်။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့တယ်။
ဘယ်လောက်ကြာသွားမှန်းတော့ ယန်ချီ မသိတော့ပါဘူး။.
ယန်ချီက မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့မျက်နှာထက်မှာ အံ့အားသင့်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သူက အဆင့် ၈၇ မဟာစိတ်ဝိဉာဉ်သူတော်စင်အဆင့်ကို ရောက်ရှိနေပြီလေ။
အသက် နှစ်ဆယ့် နှစ်နှစ်နဲ့ အဆင့် ၈၇ မဟာစိတ်ဝိဉာဉ်သူတော်စင်အဆင့်။
သူက စိတ်ဝိဉာဉ်ကုန်းမြေမှာ အသက်အငယ်ဆုံး မဟာစိတ်ဝိဉာဉ်သူတော်စင်မဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး။
သူက မုရွှယ်အာတိုက ဝူဖန်တို့နဲ့ နှစ်တစ်ထောင်မှော်ဆေးရည်တွေကို ရှာဖို့အတွက် ဒီနေရာကို လိုက်လာခဲ့ပေမယ့်လည်း ဒီလောက် များစွာ ရိတ်သိမ်းနိုင်လိမ့်မယ်လို့ မထင်မိခဲ့ပါဘူး။
ဒါက အရမ်းကို ကောင်းတဲ့ အကျိုးဆက်ပဲ။
“လူတစ်ယောက်ပါလား”
ရုတ်တရက် အိုမင်းပြီး မိုးခြိမ်းသံလို ကျယ်လောင်တဲ့ အသံတစ်ခုကို သူ ကြားလိုက်ရတယ်။
ယန်ချီက အသံထွက်ပေါ်ရာဆီကို လျင်မြန်စွာ လှည့်ကြည့်လိုက်တော့ အားကိုးပုံရတဲ့ အဖိုးကြီးတစ်ယောက်ကို မြင်လိုက်ရတယ်။
အဖိုးအိုရဲ့ ခန္ဓာကိုယ်က လူသားတစ်ယောက်မဟုတ်ပဲ ဝိဉာဉ်တစ်ခု ဖြစ်နေခဲ့တယ်။
အဖိုးအိုကို ကြည့်ရတာ သေတာ အတော်ကြာနေပုံပါပဲ။
ယန်ချီက ဘာမှမပြောပဲ အဖိုးအိုကို စူးစိုက်ကြည့်နေခဲ့တယ်။
“လူငယ်လေး ငါက ကြယ်မြစ်ဓါးနတ်ဆိုးပဲ”
“ကြယ်မြစ်ဓါးနတ်ဆိုး .. ”
ယန်ချီက ကြယ်မြစ်ဓါးနတ်ဆိုးဆိုတာကို တခါမှ မကြားဖူးပါဘူး။
“နှစ်တွေ ထောင်ချီ ကြာခဲ့ပြီး နောက်ဆုံးမှာတော့ ဒီအဖိုးကြီးရဲ့ ကံကြမ္မာချင်း ကိုက်ညီတဲ့ လူကတော့ ရောက်လာခဲ့ပြီ”
အဖိုးအိုကို ကြည့်ရတာ အလွန်ပျော်ရွှင်နေပုံပါ။
“စီနီယာ မင်းပြောချင်တာက ကျွန်တော်က ကံကြမ္မာက သတ်မှတ်ထားတဲ့ လူတစ်ယောက်ပေါ့”
ယန်ချီက အဖိုးအိုကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။
အဖိုးအိုက ခေါင်းညိတ်လိုက်တယ်။
“အဲ့ဒါဆိုရင်တော့ စီနီယာနဲ့ တွေ့ဆုံရတဲ့အတွက် ဘယ်လိုနှုတ်ဆက်ရမှန်းတောင် မသိတော့ဘူး”
ယန်ချီက အဖိုးအိုကို မေးလိုက်တယ်။
သူက အကျိုးအမြတ်မရှိဘူးဆိုရင် ဘာကိစ္စနဲ့ ကံကြမ္မာက သတ်မှတ်ပေးတဲ့ လူလုပ်ရမှာလဲလို့ တွေးနေခဲ့တယ်။ ဒါက အချိန်ဖြုန်းတာပါပဲ။
“တကယ်တော့ အကျိုးအမြတ် ရှိတာပေါ့။ တကယ်ကို ကြီးမားတဲ့ အကျိုးအမြတ်ပဲ”