ပျင်းနေပြန်တဲ့ကိုယ့်ဆရာ (ဘာသာ...

By Mortal-Edge

220K 32.2K 676

အကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ... More

မိတ်ဆက်
အခန်း ၁။
အခန်း၂။ ယုန်တွေက သိပ်အရသာရှိတယ်
အခန်း၃။ အိပ်မက်လှလှကို နှောင့်ယှက်လာ
အခန်း ၄။ ဓားသမားလေးယိချင်း
အခန်း၅။ လျှို့ဝှက်ထားသော ကျွမ်းကျင်မှု
အခန်း၆။ တပည့်အဖြစ်... စေတနာ့အမှုထမ်းအဖြစ်
အခန်း၇ ။ အတင်းချိတ်ပိတ်ခြင်း
အခန်း၈ ။ မိစ္ဆာအငွေ့အသက် ဝင်ရောက်ခြင်း
အခန်း၉။ ပထမဆုံး အခက်အခဲ
အခန်း ၁၀။ ယာယီ အလုပ်အကိုင်
အခန်း ၁၁။ တစ္ဆေဘုရင်မွေးဖွားခြင်း
အခန်း ၁၂ ။ တစ္ဆေဘုရင်ကို ယဉ်ပါးစေ
အခန်း ၁၃ ။ ရှန်းမန်သို့ ခရီးဆက်
အခန်း ၁၄ ။ နတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ဆရာသခင်
အခန်း ၁၅။ တပည့်အတွက် ဆရာသခင်တိုက်ခိုက်
အခန်း ၁၆။ ဖော်ထုတ်စရာမလို
အခန်း ၁၇။ အတုအယောင် အလင်းပေါက်ခြင်း
အခန်း ၁၈ ။ သရဲဘုရင်ကို ဖယ်ရှားခြင်း
အခန်း ၁၉ ။ ကျင့်ကြံခြင်းလောကအကြောင်း အထွေထွေဗဟုသုတ
အခန်း ၂၀ ။ ဝတ္ထုဇာတ်ကြောင်း
အခန်း ၂၁ ။ ဂိုဏ်းတွင် ပြဿနာတက်
အခန်း ၂၂ ။ ခေတ္တ ဓားစာခံ
အပိုင်း ၂၃ ။ အင်မတိအင်မတန်တုံးအခြင်းမှ ကာကွယ်ခြင်း
အခန်း ၂၄ ။ ကြောက်မက်စရာ သတ်ဖြတ်လိုသောအငွေ့အသက်
အခန်း ၂၅။ ယင်ခန္ဓာ
အခန်း ၂၆ ။ သန့်စင်သောယင်ခန္ဓာကိုယ်
အခန်း ၂၇ ။ ဓားရိပ်ဖမ်းခြင်းတောင်ထွတ်ထဲ ခိုးဝင်ခြင်း
အပိုင်း ၂၈ ။ ချန်းယွီရဲ့ကလဲ့စား
အပိုင်း ၂၉။ အချိန်ကိုက် ကလဲ့စား
အခန်း (၃၀) လေ့ကျင့်ရေးခရီးစဉ်ကို ဦးဆောင်ခေါ်သွားခြင်း
အခန်း ၃၁။ အကြီးအကျယ်ပျက်စီးမှုကိုဖြစ်စေခြင်း
အခန်း ၃၂။ လူအကြောင်းနောကျေနေသော ကြောင်ကတိုး
အခန်း ၃၃။ အဋ္ဌမအဆင့်နတ်ဆိုး
အခန်း ၃၄ ။ မြေခွေးနတ်ဆိုးနောက်လိုက်ခြင်း
အခန်း ၃၅။ ရှေးဟောင်းအစီအရင်အခင်းအကျင်း
အခန်း ၃၆ ။ အစိမ်းရောင်စားကျက်မြေ
အခန်း ၃၇။ ရှေးဟောင်းလျှို့ဝှက်ဆန်းကြယ်ဘုံ
အခန်း ၃၈ ။ အထက်ထျန်းလန်မှ ဧည့်သည်များ
အခန်း ၃၉။ ဆန်းကြယ်ဘုံဆီသို့
အခန်း ၄၀ ။ တောအုပ်ကိုကာကွယ်စောင့်ရှောက်သော သားရဲဘုရင်များ
အခန်း ၄၁။ အပင်ဝိညာဉ်
အခန်း ၄၂ ။ မီးပြင်းဖိုအတွင်းရှိ လောက
အခန်း ၄၃။ အဂ္ဂိရတ်ဂိုဏ်း၏ အမွေအနှစ်
အခန်း ၄၄ ။ ခရီးသွားမသေမျိုးနှစ်ယောက်
အခန်း ၄၅။ မသေမျိုး ဖွဲ့စည်းမှု ဆေးလုံးများ
အခန်း ၄၆ ။ မိသားစုတာဝန်
အခန်း ၄၇။ နေရာအနှံ့ပရိသတ်တွေ
အခန်း ၄၈ ။ ဆေးညွှန်းလက်ခံခြင်း
အခန်း ၄၉။ မဟာဆီမဟာသွေးမိသားစု၏လှုပ်ရှားမှု
အခန်း ၅၀ ။ မထင်မရှားအရင်းအမြစ်တစ်ခုမှ ရတနာ
အခန်း ၅၁။ ဂိုဏ်းကနေထွက်ခွာခြင်း
အခန်း ၅၂ ။ လမ်းတွင်လုယက်မှု
အခန်း ၅၃။ စကားပြောကြရအောင်
အခန်း ၅၄ ။ ရုတ်တရက် သဘောပေါက်နားလည်ခြင်း
အခန်း ၅၅။ ညှိုးရော်နေသော အပင်၏ ရည်ရွယ်ချက်
အခန်း ၅၆ ။ မုန်လာဥ၏ အသွင်ယူခြင်း
အခန်း ၅၇။ ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်ခြင်း
အခန်း ၅၈ ။ မိစ္ဆာလောကထဲ နေအိမ်ရွေးချယ်ခြင်း
အခန်း ၅၉။ တပည့်စုဆောင်းခြင်း
အခန်း ၆၀ ။ တပည့်များဂိုဏ်းထဲ ဝင်ရောက်ခြင်း
အခန်း ၆၁။ ဆရာက အနိုင်ကျင့်ခံရမှာမဟုတ်ဘူး
အခန်း ၆၂ ။ ဝင်ခွင့်စာမေးပွဲ
အခန်း ၆၃။ ညနက်သန်းခေါင်ထွက်ပြေးခြင်း
အခန်း ၆၄ ။ တစ်ခုဝယ် တစ်ခုအလကားရ
အခန်း ၆၅။ ဂိုဏ်းထဲတရားဝင် ဝင်ရောက်ခြင်း
အခန်း ၆၆။ ဘာသာရပ်အားလုံး၏ဆရာ
အခန်း ၆၇။ မသန့်စင်သော ဓားကျင့်ကြံသူ
အခန်း ၆၈ ။ ဂိုဏ်းများကြားမှပြိုင်ပွဲ
အခန်း ၆၉ ။ ပြိုင်ပွဲပဏာမအဆင့်
အခန်း ၇၁ ။ ရှုံးထွက်ပွဲကြီး
အခန်း ၇၁ ။ ရှုံးထွက်ပွဲကြီး
အခန်း ၇၂ ။ မထင်မှတ်ထားသော အရည်အချင်းများ
အခန်း ၇၃ ။ ဗိုလ်စွဲသူအရုပ်
အခန်း ၇၄ ။ မသမာတဲ့ ကုန်‌သည်ဟောင်းမြို့ကြီးသား
အခန်း ၇၅ ။ ဆက်ဆံရေးအတွက်အကြံပေးချက်များ
အခန်း ၇၆ ။ ယွီမိသားစု၏ ထွက်ပြေးသွားသော အစေခံများ
အခန်း ၇၇ ။ ကျိုးကြောင်းသင့်နေကြရအောင်
အခန်း ၇၈ ။ မျက်လုံးအတွက် မျက်လုံးတစ်လုံး
အခန်း ၇၉ ။ ဝူတိဂိုဏ်း၏ဆရာ
အခန်း ၈၀ ။ ခရီးဆောင်စနစ်
အခန်း ၈၁ ။ အခြားကမ္ဘာမှစနစ်
အခန်း ၈၂ ။ ဝိညာဉ်ဖမ်းမျှော်စင်ထဲ အစုဝေပုံကျပါဝင်ခြင်း
အခန်း ၈၃ ။ အခြားဂိုဏ်းမှတိုက်ခိုက်မှု
အခန်း ၈၄ ။ လျှို့ဝှက်နန်းတော်အဆောင်ငယ်
အခန်း ၈၅ ။ ရုတ်တရက်နိုးလာခြင်း
အခန်း ၈၆ ။ မသေမျိုးတက်လှမ်းမှု
အခန်း ၈၇ ။ စိတ်နတ်ဆိုးကို နှိုးခြင်း
အခန်း ၈၈ ။ အတိဒုက္ခအဆင့်နှစ်ဆင့်ကို ဖြတ်ကျော်ခြင်း
အခန်း ၈၉ ။ မိစ္ဆာကျင့်ကြံခြင်းစေတီ
အခန်း ၉၀ ။ လေပေါရာမှ သေဆုံးခြင်း
အခန်း ၉၁ ။ ဆရာသခင်စိတ်ညစ်ခြင်း
အခန်း ၉၂ ။ ရိမိသားစုမှ ဖိတ်ကြားချက်
အခန်း ၉၃ ။ ရိမိသားစု၏ခရီး
အခန်း ၉၄ ။ အမွေးပွလုံး
အခန်း ၉၅ ။ ပုံရိပ်ယောင်ပင်လယ်ဆီသို့
အခန်း ၉၆ ။ ဝိညာဉ်သခင်ပိုင်ဇယ်
အခန်း ၉၇ ။ ပုံရိပ်ယောင်ပင်လယ်၏ ကျောင်းလုံ
အခန်း ၉၈ ။ မဟာမိတ်အတွက်
အခန်း ၉၉ ။ သခင်နဲ့အစေခံကြားက စာချုပ်
အခန်း ၁၀၀ ။ အပြန်အလှန်လည်ပတ်မှု
အခန်း ၁၀၁ ။ မဟူရာဝိညာဉ်ပွင့်
အခန်း ၁၀၂ ။ ဘုံတံခါးကို ဆွဲဖြဲခြင်း
အခန်း ၁၀၃ ။ နှုတ်ဆက်ပါတယ် အမွေးလုံး
အခန်း ၁၀၄ ။ သန်မာသော သံရုပ်အဖွဲ့
အခန်း ၁၀၅ ။ မသေမျိုးတက်လှမ်းမှုရဲ့ မိုးကြိုးဝဋ်ကြွေးကို ရင်ဆိုင်ခြင်း
အခန်း ၁၀၆ ။ အတင်းအကြပ် ဝန်ခံခိုင်းခြင်း
အခန်း ၁၀၇ ။ လောကပျက်သုဉ်းခြင်း အန္တရာယ်
အခန်း ၁၀၈ ။ ယင်းကောင်းကင်ယံမြို့ဆီ
အခန်း ၁၀၉ ။ ရွှမ်းယွမ်မိသားစုကို ဖျက်ဆီးခြင်း
အခန်း ၁၁၀ ။ တစ်ဖက်အဖွဲ့၏ အသင်းဝင်များ
အခန်း ၁၁၁ ။ လောကသုတ်သင်ခြင်း၏ အမှန်တရား
အခန်း ၁၁၂ ။ ကူယွဲ့အခြေအနေပိုဆိုးလာ
အခန်း ၁၁၃ ။ လွတ်လပ်ရေးနှင့် အမှီအခိုကင်းမှု
အခန်း ၁၁၄ ။ ဂိုဏ်း၏ မသေမျိုးသို့တက်လှမ်းခြင်း
အခန်း ၁၁၅ ။ အမတဘုံ၏ ယေဘုယျအသိပညာ
အခန်း ၁၁၆ ။ အသင်း၏ကျူးကျော်ခြင်း
အခန်း ၁၁၇ ။ ဝန်လေးလံစိတ်ကူးယဉ်သဏ္ဌာန်
အခန်း ၁၁၈ ။ ဓားချီ
အခန်း ၁၁၉ ။ နျိုစတိုင်လိမ့်လုံး
အခန်း ၁၂၀ ။ အဇဋာကိုးစိတ်ဖြာမှန်
အခန်း ၁၂၁ ။ တပည့်လက်ခံခြင်း
အခန်း ၁၂၂ ။ သုံးဆင့်တက်လှမ်းခြင်း
အခန်း ၁၂၃ ။ ဝတ္ထုထဲမှဇာတ်ကောင်များ
အခန်း ၁၂၄ ။ နတ်ဆိုးဘုံတံခါး
အခန်း ၁၂၅ ။ စုပေါင်းအားထုတ်မှု
အခန်း ၁၂၆ ။ ကျုပ်တို့ဂိုဏ်းတပည့်အားလုံးက ခန္ဓာကျင့်ကြံသူတွေ
အခန်း ၁၂၇ ။ ထူးဆန်းသောဇာတ်လိုက်
အခန်း ၁၂၈ ။ နတ်ဆိုးဘုံပွင့်ခြင်း
အခန်း ၁၂၉ ။ စရိုက်ခွဲရောဂါ
အခန်း ၁၃၀ ။ အမြစ်ပြတ်သုတ်သင်ခံရမှုအန္တရာယ်
အခန်း ၁၃၁ ။ နတ်ဆိုးဘုံတံခါးပျောက်ကွယ်
အခန်း ၁၃၂ ။ မြို့တော်မှဆင့်ခေါ်ခြင်း
အခန်း ၁၃၃ ။ မြို့တော်ဆီဦးတည်ခြင်း
အခန်း ၁၃၄ ။ နတ်ဒေဝါဧကရာဇ်၏တာဝန်အပ်နှင်းမှု
အခန်း ၁၃၅ ။ အိမ်၌ ဝတ်ကောင်းစားလှဝတ်ခြင်း
အခန်း ၁၃၆ ။ ရွှင်ရှူး၏စမ်းသပ်မှု
အခန်း ၁၃၇ ။ ကျိုးကြောင်းသင့်ကြရအောင်
အခန်း ၁၃၈ ။ လက်ထဲရှိ တာဝန်
အခန်း ၁၃၉ ။ စစ်ပွဲကြီးတစ်ခုနိုးလာခြင်း
အခန်း ၁၄၁ ။ မီး‌တောင်ဓားသင်္ချိုင်း
အခန်း ၁၄၂ ။ အနန္တပုံရိပ်ယောင်ဓားအစီအရင်
အခန်း ၁၄၃ ။ ကောင်းကင်အစီအရင်ခြောက်မျိုးဓား
အခန်း ၁၄၄ ။ လေလွင့်မီးတောက်မျိုးနွယ်
အခန်း ၁၄၅ ။ ကြီးမားသောစီးပွားရေးသဘောတူညီချက်
အခန်း ၁၄၆ ။ အိပ်ပျော်နေသောအလှလေး
အခန်း ၁၄၇ ။ သက္ကတနက်နဲအဆိပ်
အခန်း ၁၄၈ ။ ကောင်းကင်နတ်ဘုရား၏ကာကွယ်မှု
အခန်း ၁၄၉ ။ မိစ္ဆာအမတနှစ်ယောက်
အခန်း ၁၅၀ ။ ကောယိုး၏ကြံစည်မှု
အခန်း ၁၅၁ ။ ဧကရာဇ်ရှစ်ပါးနှင့်တိုက်ပွဲ
အခန်း ၁၅၂ ။ ညစာအတွက် အိမ်ပြန်ခြင်း
အခန်း ၁၅၃ ။ ထမင်းစားသူ
အခန်း ၁၅၄ ။ ဝတ္ထုထဲနေခြင်း
အခန်း ၁၅၅ ။ တစ်ယောက်ယောက်တက်လှမ်းလာ
အခန်း ၁၅၆ ။ ကြက်ကင်အစ်မနှင့် ပြန်လည်တွေ့ဆုံခြင်း
အခန်း ၁၅၇ ။ ချန်းယွီဒဏ်ရာများ
အခန်း ၁၅၈ ။ ကျွန်တော့်ကိုမစားပါနဲ့
အခန်း ၁၅၉ ။ ကောင်းကင်အလွန်မှကောင်းကင်များ
အခန်း ၁၆၀ ။ ဧကရာဇ်ငယ်ဖြစ်လာခြင်း
အခန်း ၁၆၁ ။ ရွှမ်ထုံဝင်လာ
အခန်း ၁၆၂ ။ ဇာတ်ကောင်ထိန်းညှိခြင်း
အခန်း ၁၆၃ ။ သုတ်သင်ဖယ်ရှားခြင်း
အခန်း ၁၆၄ ။ စိတ်နှလုံးကောင်း ဒေဝါလီခံရမှု
အခန်း ၁၆၅ ။ စိတ်ထားကောင်းသော သတိပေးချက်
အခန်း ၁၆၆ ။ မင်းကကျုပ်နှလုံးသား
အခန်း ၁၆၇ ။ လန်ဟွားဘဝ
အခန်း ၁၆၈ ။ ကောင်းကင်အလွန်မှကောင်းကင်များဆီ ဝင်ရောက်ခြင်း
အခန်း ၁၆၉ ။ ပြိုင်ပွဲအကြိုပြင်ဆင်မှု
အခန်း ၁၇၀ ။ ရိုးသားပြီးဖြူစင်
အခန်း ၁၇၁ ။ ကံကောင်းမှုနှင့် ပေါကြွယ်ဝမှု
အခန်း ၁၇၂ ။ အလံများကို အနိုင်ရခြင်း
အခန်း ၁၇၃ ။ ဗိုလ်လုပွဲဝင်ရောက်ခြင်း
အခန်း ၁၇၄ ။ သတ္တိအတွက်ဆု
အခန်း ၁၇၅ ။ အစားထိုးဇာတ်လိုက်မင်းသမီး
အခန်း ၁၇၆ ။ ဝတုတ်ပြီးအသားများ
အခန်း ၁၇၇ ။ တိုက်ကြီး၂ခုကြားမှ တိုက်ပွဲ
အခန်း ၁၇၈ ။ တိုက်ကြီးနှစ်ခု၏ တိုက်ပွဲ
အခန်း ၁၇၉ ။ အမတသုတ်သင်အင်းကွက်
အခန်း ၁၈၀ ။ ဇဝေဇဝါဖြစ်စေသောပုံရိပ်ယောင်များ
အခန်း ၁၈၁ ။ နှလုံးအင်းကွက်ကျောက်တုံး
အခန်း ၁၈၂ ။ ဧကရာဇ်နေရာ လစ်ဟင်းမှု
အခန်း ၁၈၃ ။ စုပေါင်းစွမ်းအင်
အခန်း ၁၈၄ ။ ညသန်းခေါင် မီးအိမ်ခိုးခြင်း
အခန်း ၁၈၅ ။ မြေခွေးကို ကောင်းကင်အလွန်ပို့ခြင်း
အခန်း ၁၈၆ ။ ကောင်းကင်သန့်စင်နာရီ
အခန်း ၁၈၇ ။ ကျိုးသင့်ကြောင်းသင့်
အခန်း ၁၈၈ ။ အလျော်အစားညှိနှိုင်းခြင်း
အခန်း ၁၈၉ ။ နှလုံးမဲ့လူ
အခန်း ၁၉၀ ။ အပိုဆောင်းဝဋ်ကြွေးချေမှု
အခန်း ၁၉၁ ။ သက်‌တမ်းကုန်သွားသော ဇာတ်လိုက်မင်းသမီး
အခန်း ၁၉၂ ။ ဒီရေပြောင်းပြန်စီးခြင်း
အခန်း ၁၉၃ ။ လော့ဟန်ကျောက်တုံးကို ငှားခြင်း
အခန်း ၁၉၄ ။ အချစ်ဟောင်းနှင့်အချစ်သစ်
အခန်း ၁၉၅ ။ အနည်းငယ်မတူညီသော ဂျပုလေး
အခန်း ၁၉၆ ။ ချစ်သူများတွေ့ဆုံမှု
အခန်း ၁၉၇ ။ ဝိညာဉ်လဲမှုနောက်ကွယ်မှအမှန်တရား
အခန်း ၁၉၈ ။ မျိုးနွယ်ပြောင်းလဲခြင်း
အခန်း ၁၉၉ ။ တိမ်ပင်လယ်မှဖြစ်ရပ်ဆန်း

အခန်း ၁၄၀ ။ အလယ်ရှိ ဝင်ပေါက်

928 153 1
By Mortal-Edge

140
အခန်း ၁၄၀ ။ အလယ်ရှိ ဝင်ပေါက်

အရုဏ်ဦး။

ရှန်းရင်နိုးလာချိန် ဖေဖေနျိုနဲ့ စားဖိုမှူးက သတ္တုအကျိုးအပဲ့ပုံကြီးထဲ တစ်ခုခုရှာနေတယ်။ ဖေဖေနျိုက တူးလေ ပိုပြီးစိတ်လှုပ်ရှား‌လာလေပဲ။ သူ့မျက်နှာပေါ်က အပြုံးကနေကြာပန်းလိုမျိုးပဲ။

"ဒီပစ္စည်းတွေက တကယ်ပဲ အဆင့်မြင့် ကုန်ကြမ်းတွေနဲ့လုပ်ထားတာပဲ ဟိုလီရှစ် ကောင်းကင်မီးတောက်ကျောက်တုံးတွေကနေ လုပ်ထားတာဟ၊ သူတို့ကိုသေချာသိမ်းရမယ်၊ ယိချင်း မင်းမှာ သိုလှောင်အိတ်ရှိလား၊ မြန်မြန်အထဲထည့်လိုက်၊ များလေကောင်းလေပဲ"

ရှန်းရင် ပျင်းကြောဆန့်ပြီးမှ လက်ယမ်းပြီးနှုတ်ဆက်လိုက်တယ်။

"မင်္ဂလာမနက်ခင်းပါ"

မွှေနှောက်ရှာယူပြီး အလုပ်များနေတဲ့လူနှစ်ယောက်က လှည့်လာပြီး သူမကို အထူးတဆန်း ကြည့်နေတယ်။

"ဘာလဲ" ဘာလို့ ဒီလိုအမူအရာနဲ့ သူမကိုကြည့်နေတာလဲ။ ရှန်းရင် အကျိုးအပဲ့ပုံ‌ဆီသွားပြီး တစ်ချက်ကန်လိုက်တယ်။

"ဒါဘာလဲ၊ ဘယ်ကရောက်လာတာလဲ" မနေ့က မမြင်မိပါဘူး။

"ဆရာ နိုးပြီလား" ယိချင်းက သူမဆီလျှောက်လာပြီး မရဲတရဲမေးလေတယ်။

"အင်း" သူမ ခေါင်းညိတ်ပြလိုက်တယ်။

"မြေကြီးထဲက ထွက်လာတာ" ကူယွဲ့ ဝင်ဖြေလိုက်တယ်။

"အသိဉာဏ်ရနေတဲ့ ကောင်းကင်လက်နက်တစ်မျိုးပဲ၊ အခုပျက်စီးသွားပြီဆိုပေမဲ့ ကုန်ကြမ်းတွေကို ပြန်သုံးလို့ရတယ်"

"အော်" ရှန်းရင်က ဆက်မနေဘဲ ဟိုဟိုဒီဒီကြည့်ရင်း ရုတ်တရက် ထိတ်လန့်တကြား ပြောတော့တယ်။

"ဥယျာဉ်မှူး သူဘယ်မှာလဲ၊ သူ့သစ်ပင်စိုက်ဖို့ အိမ်ပြန်သွားပြီလား"

ယိချင်း ။ ။ "..."

ကူယွဲ့ ။ ။ "..."

နှစ်ယောက်က သူမကိုပြန်မဖြေဘဲ တစ်မူထူးတဲ့အကြည့်နဲ့ ကြည့်ပြီးတော့ ခေါင်းငုံ့ပြီး သူမခြေထောက်ဆီ လှမ်းကြည့်တော့တယ်။

"ဘာဖြစ်လို့လဲ" ရှန်းရင်က သူတို့အာရုံစိုက်ခံရလို့ နေမထိထိုင်မသာဖြစ်သွားတယ်။

"ဘာလို့ ငါ့ကို ဒီလိုကြည့်နေတာလဲ" သူမက မေးပြီး သူတို့အကြည့်နောက် အလိုလိုခေါင်းငုံ့မိလိုက်တယ်။

"ငါ့ခြေထောက်အောက်မှာဘာ..."

ဟိုလီရှစ် တကယ်ပဲလူတစ်ယောက်ရှိနေတယ်ဟ ပြီးတော့ မြေကြီးထဲက အက်ကြောင်းထဲမှာ ညပ်နေတယ်။ သူ့တစ်ကိုယ်လုံးက ဘောလုံးလို ‌ဖူးယောင်နေလေရဲ့။

သူမဆောင့်ကြောင့်ထိုင်ပြီး ရှန်းရင် အဲလူရဲ့ လည်ထောင်ကို ဆွဲကိုင် အတင်း‌ဆွဲထုတ်လိုက်ရတယ်။ အဲလူက ခူးဆွတ်ခံလိုက်ရတဲ့ မုန်လာဥဖြူလို ထွက်လာတော့တယ်။ အနီးကပ်ကြည့်လိုက်တော့မှ တကယ်ကြီး ရဲဘော်ရဲဘက်ဥယျာဉ်မှူးဖြစ်နေမှန်း နားလည်သွားခဲ့တယ်။

"နင်အထဲမှာဘာလုပ်နေတာလဲ၊ နင့်ကြည့်ရတာ အရမ်းဖူးယောင်..." ခပ်မိုက်မိုက်ဖြစ်အောင် ဒီလိုလုပ်တာကတော့ သေချာပေါက်ကိုများသွားပြီ။ ကျွမ်းဝင်နေတဲ့ ဝတ်ရုံပြာကြောင့်သာ မဟုတ်ရင် သူမသူ့ကိုမှတ်မိမှာတောင်မဟုတ်။

"ငါပြောမယ် နင်..."

"အနားမလာနဲ့" ရွှင်ရှူးက ချက်ချင်းထရပ်ပြီး နောက်ဘက်မီတာနည်းနည်းဆီ လွှားခနဲ ဆုတ်သွားတော့တယ်။ သူ့မျက်နှာမှာ အရင်ကဆွဲဆောင်မှုအရိပ်အယောင်အားလုံး ပျောက်ဆုံးသွားပြီ။

သူမဆီကနေ အသည်းအသန် ဆုတ်ရင်း သူက အော်ပြောတော့တယ်။

"ငါနဲ့ဝေးဝေးနေ၊ ကြားလား၊ မင်း ငါ့နားလာရဲရင် ငါ... ငါ... ငါ... ငါ့ကိုယ်ငါ သတ်သေလိုက်မယ်"

ရှန်းရင် ။ ။ "..."

ကြောက်စရာ‌ခြိမ်းခြောက်မှုပဲ...။

-_-|||

"စားဖိုမှူး" ယိချင်းကို တံတောင်နဲ့တွတ်ပြီး ရှန်းရင်က ခပ်တိုးတိုးမေးလိုက်တယ်။

"သူဘာဖြစ်တာလဲ၊ ဘာလို့ရုတ်တရက်ကြီး ဒီလိုမျိုးထဖြစ်တာလဲ"

"ဘာမှ... ဘာမှမဖြစ်ပါဘူး" ယိချင်း နှုတ်ခမ်းတွေ မဆိုစလောက် တွန့်ချိုးသွားတယ်။

"ဘာလို့လဲဆိုတော့... မနေ့က အိပ်ရေးမဝလို့ထင်တယ်"

ဒါမှမဟုတ် အကြောင်းရင်းမရှိ ရိုက်ခံလိုက်ရလို့ ဖြစ်နိုင်တာပဲ...။

"အော်" ရှန်းရင် ခေါင်းညိတ်ပြလိုက်တယ်။

အက်ကြောင်းထဲမှာအိပ်တာ မထူးဆန်းဘူးလား။ သူမ ဆက်မေးဖို့ပဲရှိသေး...။

ကူယွဲ့က ရုတ်တရက် ပြောလာတယ်။

"ဟုတ်ပြီ ငါတို့စုဆောင်းတာ လောက်သွားပြီ" ကြောက်လန့်တကြားဖြစ်နေတဲ့ ရွှင်ရှူးကိုကြည့်ပြီး ထပ်ပြောလိုက်တယ်။

"ရွှင်ရှူး သူ့သွေးကြောတွေကို ထိန်းညှိပြီးတာနဲ့ ထွက်ခွာကြမယ်"

တကယ်တော့ ရှန်းရင် မနေ့ညက ပြန်အိပ်မောမကျခင် ဆယ်မိနစ်လောက်ပဲနိုးနေခဲ့တာ။ သူ ဆိုးဆိုးရွားရွား ထောင်းခံလိုက်ရလို့ထင် ရွှင်ရှူး အက်ကြောင်းထဲ ထိုးသိပ်ခံလိုက်ရတဲ့အချိန် ထွက်လာဖို့ကို လုံးဝငြင်းတော့တယ်။ ယိချင်းနဲ့ ကူယွဲ့တို့ သူ့ကိုထုတ်ပေးဖို့ ကြိုးစားချိန် ထိတ်ထိတ်ပျာပျာဖြစ်ပြီး သူတို့ကို ဆဲပါဆဲတော့တယ်။

"ငါထွက်မလာဘူး၊ ငါရိုက်ခံရအောင် ထွက်လာဖို့ လှည့်စားလို့ရမယ်မထင်နဲ့ ခွေးကောင်တွေ"

သူ့သွေးကြောတွေကိုတောင် ထိန်းမညှိရဲဘဲ ရှန်းရင် နောက်နေ့နိုးလာတဲ့အချိန်ထိ နိုးနေအောင် အတင်းလုပ်ရတော့တယ်။

သူ ရခဲ့တဲ့ စိတ်ဒဏ်ရာက ဖော်မပြနိုင်အောင်ပဲ။

ကူယွဲ့က သူ့အကြံတွေကို ကြေညာပြီးချိန် ရွှင်ရှူးက နောက်ဆုံးတော့ စိတ်ပြန်ထိန်းနိုင်ပြီ။ ယိုင်တိုင်တိုင်နဲ့ နောက်ဆုတ်ပြီး သူထိုင်ချကာ သွေးကြောတွေကို စထိန်းညှိတော့တယ်။ အရင်က သူတစ်ခါမှ အဲလောက်ဆိုးဆိုးဝါးဝါး ထုထောင်းမခံရဖူးဘူး။ သူ ဉာဏ်ပြေးပြီး အက်ကြောင်းထဲသာ မဝင်ခဲ့ရင် သူ့အမတအရိုးတွေအကုန်လုံး သူမကြောင့်ကျိုးသွားလိမ့်မယ်။

ပြီးတော့ အဲဒါအကုန်လုံးက အိပ်နေတုန်း နှောင့်ယှက်ခံရလို့တဲ့လေ။ သူမရဲ့ အိပ်ရာနိုးတဲ့ဒေါသက တကယ်ကြောက်စရာကောင်းတာပဲ။

ဒါပေမဲ့ ရွှင်ရှူးက ကျင့်ကြံဆင့်မြင့်တဲ့ ဧကရာဇ်ငယ်ဆိုတော့ တစ်နာရီလောက် သွေးကြောတွေကို ထိန်းညှိပြီးတဲ့နောက် ဒဏ်ရာတွေ လုံးဝပျောက်ကင်းသွားပြီ။ အဲအတောအတွင်း ရှန်းရင်ကတော့ မနက်စာစားနေတာပေါ့။

"ထွက်ရအောင်၊ မြေပုံမှာမပါတဲ့ နယ်နိမိတ်က ရှေ့မှာတင်ရှိနေတယ်၊ အားလုံးပဲဂရုစိုက်ကြ" ကူယွဲ့ တိုက်တွန်းလိုက်တယ်။ သူတို့တွေ ရောက်ရောက်ချင်းပဲ အသိဉာဏ်ရှိတဲ့ ဓမ္မလက်နက်နဲ့ ကြုံခဲ့ရတာ။ နောက်ကျ တခြားဘာတွေကြုံဦးမလဲဆိုတာ ဘယ်သူသိမှာလဲ။

ကူယွဲ့ သူ့‌ဓားပေါ်တက်ပြီး ပျံသန်းလာခဲ့တယ်။ လေးယောက်သားရှေ့တည့်တည့် ပျံခဲ့ကြရင်း ကျတ်တီးမြေဆီ ရောက်လာခဲ့ကြတယ်။ နေရာက ကျောက်တောင်တွေအမျိုးမျိုးရှိပေမဲ့ အပင်ကတော့ အင်မတန်နည်းပါးတယ်။

ဒါပေမဲ့ ထူးဆန်းတာက သူတို့အရင်က ရောက်ခဲ့တဲ့ လက်နက်သွန်းလုပ်ဖို့ ကုန်ကြမ်းတွေ ပေါများတဲ့ နေရာတွေနဲ့ ယှဉ်ရင် ဒီနေရာက အတော်လေးကို... ရှင်းနေတာပဲ သူတို့ အဆင့်မြင့်လက်နက်သွန်းလုပ်ဖို့ ကျောက်တွေရော ဓမ္မလက်နက်တွေရော တွေ့ဖို့ နေနေသာသာ ပထမ၊ ဒုတိယအဆင့် ကုန်ကြမ်းတွေတောင် ရှာမတွေ့ဘူး။

အမတလေးယောက် လေးငါးရက်လောက် ဒီနယ်မြေမှာပျံသန်းခဲ့ပေမဲ့ အဖိုးတန်တာဘာမှမတွေ့။ ကူယွဲ့နည်းနည်းစိတ်မရှည်ဖြစ်လာတယ်။ တကယ်လို့ အထဲဆက်ဝင်လာလို့ အခြေအနေကဒီလိုမျိုးပဲဆို သူတို့ ပြန်လှည့်တာမှ ကောင်းဦးမယ်။

"ဖေဖေနျို..." ရှန်းရင်က ရုတ်တရက် မေးလာတယ်။

"ဘာလို့ ငါတို့ ဒီပြန်ရောက်လာတာလဲ"

"ဘာကို၊ ဒီပြန်ရောက်လာတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ ငါတို့..."

သူ ဆက်မပြောဘဲ သူမနောက်လိုက်ကြည့်လိုက်တော့ သူ့ကို ကြောင်အသွားစေတဲ့ တစ်စုံတစ်ရာကို သတိထားမိသွားခဲ့တယ်။

"ဟိုလီရှစ်"

သူမြင်လိုက်ရတာ အရိုးတွေ၊ သားရဲမိစ္ဆာတစ်ကောင်ရဲ့ အရိုးတွေ။ ဒီလိုကျတ်တီးမြေမှာ အရိုးတွေ့တာက မထူးဆန်းပေမဲ့ အဓိကပြဿနာက... သူတို့တွေက အရိုးတွေကို စွန့်ပစ်ခဲ့တဲ့သူတွေမို့ပဲ။

ပြီးတော့ လွန်ခဲ့တဲ့၂ရက်က ညစာစားပြီးတော့ သူတို့ထားခဲ့တဲ့ အရိုးတွေ။

ကူယွဲ့က ပျံသွားပြီး အရိုးတွေကို စစ်လိုက်တယ်။ တကယ်ပဲလွန်ခဲ့တဲ့၂ရက်က သူတို့ထားခဲ့တဲ့ အရိုးပုံကြီး။

ဒါပေမဲ့ သူတို့ အဲနေ့ကနားဖို့ ရပ်နေခဲ့တဲ့နေရာမှမဟုတ်တာ။ ဒီလိုဆိုရင်တော့...။

ကူယွဲ့ အမူအရာပြောင်းသွားပြီး ယိချင်းကိုလှည့်ကြည့်လိုက်တယ်။

"ယိချင်း ဓာတ်ကြီးငါးပါးအစီအရင် အသက်သွင်း"

ယိချင်း ခေါင်းညိတ်ပြလိုက်တယ်။ ဓားတစ်ချက်ဝှေ့ယမ်းတာနဲ့ မသေမျိုးချီကဖန်တီးထားတဲ့ ဓားငါးချောင်းက နေရာငါးမျိုးဆီ ချက်ချင်းစိုက်သွားခဲ့တယ်။ သိုင်းကွက်တစ်ခုဖော်ပြီး ကူယွဲ့ အင်းကွက်အစီအရင်ချလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း အလင်းတန်းတချို့လင်းလာပြီး သူတို့ပတ်ဝန်းကျင်က စတင်တုန်ခါကာ မြေကြီးက ကြေမွလာတယ်။

စက္ကန့်ပိုင်းအတွင်း သစ်ရွက်ခြောက်၊ ပေါင်းပင်၊ အသီးခွံ၊ အစားအသောက်အကြွင်းအကျန်နဲ့ အရိုးတွေလို အမှိုက်တွေ ပေါ်လာတော့တယ်။ ဒါလွန်ခဲ့တဲ့ရက်ပိုင်းက သူတို့ချန်ထားခဲ့သမျှဟာတွေပဲ။

အမှိုက်တွေအားလုံးက မီတာအနည်းငယ်အတွင်းမှာတင်ရှိနေတယ်။ တချို့ဆို ပေနည်းနည်းပဲကွာလေရဲ့။

"ဒါ..." ဘာဖြစ်တာလဲ။

သူတို့တစ်နေရာတည်းကိုပဲ ပတ်နေမိတယ်လို့တော့ မပြောနဲ့နော်။

အဓိကပြဿနာက သူတို့ တစ်ခုခုလွဲနေတယ်ဆိုတာ သတိမထားမိခဲ့တာပဲ။

"ဝိညာဉ်ဒုံမင်းအစီအရင်ပဲ" ရွှင်ရှူးက ရုတ်တရက်ပြောပြီး ရှေ့တက်လာတယ်။

"ဝိညာဉ်ဒုံမင်းအစီအရင်ကက စက်ဝိုင်းအတားအဆီးတစ်ခု ဖန်တီးနိုင်တယ်၊ ဘယ်လောက်ပဲသွားသွား နဂိုနေရာကိုပဲ ပြန်ရောက်မှာပေမဲ့ အထဲက မြင်ကွင်းတွေက ဆက်တိုက်ပြောင်းလဲနေမှာ၊ ငါတို့ ဒီအတားအဆီးထဲ ရောက်နေတာပဲဖြစ်ရမယ်"

သူ ဒီလိုပြောပြီး သိုင်းတစ်ခုထုတ်ကာ တီးတိုးရေရွတ်လိုက်တယ်။ ချက်ချင်း သူ့လက်ထဲကချိပ်က ပျံထွက်သွားတယ်။ သူတို့မျက်စိရှေ့ အလင်းဖြူကြီးနဲ့ အကြည်ရောင် အကာအရံတစ်ခုပေါ်လာတယ်။ နောက်တော့ သူတို့အပေါ်မှာ ရွှေရောင်ပစ္စည်းတွေ စတင်စုဆောင်းလာတော့တယ်။

သေချာစစ်ကြည့်လိုက်တော့ ဒါက လေးပွင့်ဆိုင်ပဲရိုင်းပင်ပုံစံ မြေပုံဖြစ်နေတာ သိလိုက်ရတယ်။

"ဒါ အမတနယ်မြေရဲ့ အလယ်ဗဟိုဆီ ဝင်ပေါက်ဖြစ်ရမယ်" ရွှင်ရှူးမျက်ဝန်းတွေ တောက်ပသွားတာက စိတ်လှုပ်ရှားမှုကိုတောင် မချုပ်တည်းနိုင်တော့ဘူး။ သူ့ဝတ်ရုံထဲကနေ ဆောင်းဝိညာဉ်သစ်ရွက်တစ်ခု ထုတ်ပြီး ကောင်းကင်က မြေပုံဆီ ပစ်လိုက်တယ်။

ချက်ချင်း သူတို့ရှေ့က အကာအရံက ရွေ့ပြီး အလယ်ခေါင်ကနေစကွဲလာတယ်။ စက္ကန့်ပိုင်းအတွင်း မုခ်ခုံးပုံစံ အသွင်ပြောင်းသွားပြီ။

"ဒါဝင်ပေါက်ပဲ" ရွှင်ရှူး ဝမ်းမြောက်စွာနဲ့ ပြောလိုက်တယ်။ မုခ်ခုံးကို လက်ညှိုးထိုးပြီး သူတို့ကို လောလိုက်တယ်။

"မြန်မြန်ဝင်ကြရအောင်"

"အိုး" ရှန်းရင် ရုတ်တရက်ပြောလိုက်တယ်။

"နင် အရင်က ဒီရောက်ဖူးတာပဲ"

"..."

ရွှင်ရှူးက ချက်ချင်း တောင့်တင်းသွားခဲ့တော့တယ်။

...

Zawgyi

140
အခန္း ၁၄၀ ။ အလယ္ရွိ ဝင္ေပါက္

အ႐ုဏ္ဦး။

ရွန္းရင္နိုးလာခ်ိန္ ေဖေဖန်ိဳနဲ႕ စားဖိုမႉးက သတၱဳအက်ိဳးအပဲ့ပုံႀကီးထဲ တစ္ခုခုရွာေနတယ္။ ေဖေဖန်ိဳက တူးေလ ပိုၿပီးစိတ္လႈပ္ရွား‌လာေလပဲ။ သူ႕မ်က္ႏွာေပၚက အၿပဳံးကေနၾကာပန္းလိုမ်ိဳးပဲ။

"ဒီပစၥည္းေတြက တကယ္ပဲ အဆင့္ျမင့္ ကုန္ၾကမ္းေတြနဲ႕လုပ္ထားတာပဲ ဟိုလီရွစ္ ေကာင္းကင္မီးေတာက္ေက်ာက္တုံးေတြကေန လုပ္ထားတာဟ၊ သူတို႔ကိုေသခ်ာသိမ္းရမယ္၊ ယိခ်င္း မင္းမွာ သိုေလွာင္အိတ္ရွိလား၊ ျမန္ျမန္အထဲထည့္လိုက္၊ မ်ားေလေကာင္းေလပဲ"

ရွန္းရင္ ပ်င္းေၾကာဆန႔္ၿပီးမွ လက္ယမ္းၿပီးႏႈတ္ဆက္လိုက္တယ္။

"မဂၤလာမနက္ခင္းပါ"

ေမႊေႏွာက္ရွာယူၿပီး အလုပ္မ်ားေနတဲ့လူႏွစ္ေယာက္က လွည့္လာၿပီး သူမကို အထူးတဆန္း ၾကည့္ေနတယ္။

"ဘာလဲ" ဘာလို႔ ဒီလိုအမူအရာနဲ႕ သူမကိုၾကည့္ေနတာလဲ။ ရွန္းရင္ အက်ိဳးအပဲ့ပုံ‌ဆီသြားၿပီး တစ္ခ်က္ကန္လိုက္တယ္။

"ဒါဘာလဲ၊ ဘယ္ကေရာက္လာတာလဲ" မေန႕က မျမင္မိပါဘူး။

"ဆရာ နိုးၿပီလား" ယိခ်င္းက သူမဆီေလွ်ာက္လာၿပီး မရဲတရဲေမးေလတယ္။

"အင္း" သူမ ေခါင္းညိတ္ျပလိုက္တယ္။

"ေျမႀကီးထဲက ထြက္လာတာ" ကူယြဲ႕ ဝင္ေျဖလိုက္တယ္။

"အသိဉာဏ္ရေနတဲ့ ေကာင္းကင္လက္နက္တစ္မ်ိဳးပဲ၊ အခုပ်က္စီးသြားၿပီဆိုေပမဲ့ ကုန္ၾကမ္းေတြကို ျပန္သုံးလို႔ရတယ္"

"ေအာ္" ရွန္းရင္က ဆက္မေနဘဲ ဟိုဟိုဒီဒီၾကည့္ရင္း ႐ုတ္တရက္ ထိတ္လန႔္တၾကား ေျပာေတာ့တယ္။

"ဥယ်ာဥ္မႉး သူဘယ္မွာလဲ၊ သူ႕သစ္ပင္စိုက္ဖို႔ အိမ္ျပန္သြားၿပီလား"

ယိခ်င္း ။ ။ "..."

ကူယြဲ႕ ။ ။ "..."

ႏွစ္ေယာက္က သူမကိုျပန္မေျဖဘဲ တစ္မူထူးတဲ့အၾကည့္နဲ႕ ၾကည့္ၿပီးေတာ့ ေခါင္းငုံ႕ၿပီး သူမေျခေထာက္ဆီ လွမ္းၾကည့္ေတာ့တယ္။

"ဘာျဖစ္လို႔လဲ" ရွန္းရင္က သူတို႔အာ႐ုံစိုက္ခံရလို႔ ေနမထိထိုင္မသာျဖစ္သြားတယ္။

"ဘာလို႔ ငါ့ကို ဒီလိုၾကည့္ေနတာလဲ" သူမက ေမးၿပီး သူတို႔အၾကည့္ေနာက္ အလိုလိုေခါင္းငုံ႕မိလိုက္တယ္။

"ငါ့ေျခေထာက္ေအာက္မွာဘာ..."

ဟိုလီရွစ္ တကယ္ပဲလူတစ္ေယာက္ရွိေနတယ္ဟ ၿပီးေတာ့ ေျမႀကီးထဲက အက္ေၾကာင္းထဲမွာ ညပ္ေနတယ္။ သူ႕တစ္ကိုယ္လုံးက ေဘာလုံးလို ‌ဖူးေယာင္ေနေလရဲ႕။

သူမေဆာင့္ေၾကာင့္ထိုင္ၿပီး ရွန္းရင္ အဲလူရဲ႕ လည္ေထာင္ကို ဆြဲကိုင္ အတင္း‌ဆြဲထုတ္လိုက္ရတယ္။ အဲလူက ခူးဆြတ္ခံလိုက္ရတဲ့ မုန္လာဥျဖဴလို ထြက္လာေတာ့တယ္။ အနီးကပ္ၾကည့္လိုက္ေတာ့မွ တကယ္ႀကီး ရဲေဘာ္ရဲဘက္ဥယ်ာဥ္မႉးျဖစ္ေနမွန္း နားလည္သြားခဲ့တယ္။

"နင္အထဲမွာဘာလုပ္ေနတာလဲ၊ နင့္ၾကည့္ရတာ အရမ္းဖူးေယာင္..." ခပ္မိုက္မိုက္ျဖစ္ေအာင္ ဒီလိုလုပ္တာကေတာ့ ေသခ်ာေပါက္ကိုမ်ားသြားၿပီ။ ကြၽမ္းဝင္ေနတဲ့ ဝတ္႐ုံျပာေၾကာင့္သာ မဟုတ္ရင္ သူမသူ႕ကိုမွတ္မိမွာေတာင္မဟုတ္။

"ငါေျပာမယ္ နင္..."

"အနားမလာနဲ႕" ႐ႊင္ရႉးက ခ်က္ခ်င္းထရပ္ၿပီး ေနာက္ဘက္မီတာနည္းနည္းဆီ လႊားခနဲ ဆုတ္သြားေတာ့တယ္။ သူ႕မ်က္ႏွာမွာ အရင္ကဆြဲေဆာင္မႈအရိပ္အေယာင္အားလုံး ေပ်ာက္ဆုံးသြားၿပီ။

သူမဆီကေန အသည္းအသန္ ဆုတ္ရင္း သူက ေအာ္ေျပာေတာ့တယ္။

"ငါနဲ႕ေဝးေဝးေန၊ ၾကားလား၊ မင္း ငါ့နားလာရဲရင္ ငါ... ငါ... ငါ... ငါ့ကိုယ္ငါ သတ္ေသလိုက္မယ္"

ရွန္းရင္ ။ ။ "..."

ေၾကာက္စရာ‌ၿခိမ္းေျခာက္မႈပဲ...။

-_-|||

"စားဖိုမႉး" ယိခ်င္းကို တံေတာင္နဲ႕တြတ္ၿပီး ရွန္းရင္က ခပ္တိုးတိုးေမးလိုက္တယ္။

"သူဘာျဖစ္တာလဲ၊ ဘာလို႔႐ုတ္တရက္ႀကီး ဒီလိုမ်ိဳးထျဖစ္တာလဲ"

"ဘာမွ... ဘာမွမျဖစ္ပါဘူး" ယိခ်င္း ႏႈတ္ခမ္းေတြ မဆိုစေလာက္ တြန႔္ခ်ိဳးသြားတယ္။

"ဘာလို႔လဲဆိုေတာ့... မေန႕က အိပ္ေရးမဝလို႔ထင္တယ္"

ဒါမွမဟုတ္ အေၾကာင္းရင္းမရွိ ရိုက္ခံလိုက္ရလို႔ ျဖစ္နိုင္တာပဲ...။

"ေအာ္" ရွန္းရင္ ေခါင္းညိတ္ျပလိုက္တယ္။

အက္ေၾကာင္းထဲမွာအိပ္တာ မထူးဆန္းဘူးလား။ သူမ ဆက္ေမးဖို႔ပဲရွိေသး...။

ကူယြဲ႕က ႐ုတ္တရက္ ေျပာလာတယ္။

"ဟုတ္ၿပီ ငါတို႔စုေဆာင္းတာ ေလာက္သြားၿပီ" ေၾကာက္လန႔္တၾကားျဖစ္ေနတဲ့ ႐ႊင္ရႉးကိုၾကည့္ၿပီး ထပ္ေျပာလိုက္တယ္။

"႐ႊင္ရႉး သူ႕ေသြးေၾကာေတြကို ထိန္းညွိၿပီးတာနဲ႕ ထြက္ခြာၾကမယ္"

တကယ္ေတာ့ ရွန္းရင္ မေန႕ညက ျပန္အိပ္ေမာမက်ခင္ ဆယ္မိနစ္ေလာက္ပဲနိုးေနခဲ့တာ။ သူ ဆိုးဆိုး႐ြား႐ြား ေထာင္းခံလိုက္ရလို႔ထင္ ႐ႊင္ရႉး အက္ေၾကာင္းထဲ ထိုးသိပ္ခံလိုက္ရတဲ့အခ်ိန္ ထြက္လာဖို႔ကို လုံးဝျငင္းေတာ့တယ္။ ယိခ်င္းနဲ႕ ကူယြဲ႕တို႔ သူ႕ကိုထုတ္ေပးဖို႔ ႀကိဳးစားခ်ိန္ ထိတ္ထိတ္ပ်ာပ်ာျဖစ္ၿပီး သူတို႔ကို ဆဲပါဆဲေတာ့တယ္။

"ငါထြက္မလာဘူး၊ ငါရိုက္ခံရေအာင္ ထြက္လာဖို႔ လွည့္စားလို႔ရမယ္မထင္နဲ႕ ေခြးေကာင္ေတြ"

သူ႕ေသြးေၾကာေတြကိုေတာင္ ထိန္းမညွိရဲဘဲ ရွန္းရင္ ေနာက္ေန႕နိုးလာတဲ့အခ်ိန္ထိ နိုးေနေအာင္ အတင္းလုပ္ရေတာ့တယ္။

သူ ရခဲ့တဲ့ စိတ္ဒဏ္ရာက ေဖာ္မျပနိုင္ေအာင္ပဲ။

ကူယြဲ႕က သူ႕အႀကံေတြကို ေၾကညာၿပီးခ်ိန္ ႐ႊင္ရႉးက ေနာက္ဆုံးေတာ့ စိတ္ျပန္ထိန္းနိုင္ၿပီ။ ယိုင္တိုင္တိုင္နဲ႕ ေနာက္ဆုတ္ၿပီး သူထိုင္ခ်ကာ ေသြးေၾကာေတြကို စထိန္းညွိေတာ့တယ္။ အရင္က သူတစ္ခါမွ အဲေလာက္ဆိုးဆိုးဝါးဝါး ထုေထာင္းမခံရဖူးဘူး။ သူ ဉာဏ္ေျပးၿပီး အက္ေၾကာင္းထဲသာ မဝင္ခဲ့ရင္ သူ႕အမတအရိုးေတြအကုန္လုံး သူမေၾကာင့္က်ိဳးသြားလိမ့္မယ္။

ၿပီးေတာ့ အဲဒါအကုန္လုံးက အိပ္ေနတုန္း ေႏွာင့္ယွက္ခံရလို႔တဲ့ေလ။ သူမရဲ႕ အိပ္ရာနိုးတဲ့ေဒါသက တကယ္ေၾကာက္စရာေကာင္းတာပဲ။

ဒါေပမဲ့ ႐ႊင္ရႉးက က်င့္ႀကံဆင့္ျမင့္တဲ့ ဧကရာဇ္ငယ္ဆိုေတာ့ တစ္နာရီေလာက္ ေသြးေၾကာေတြကို ထိန္းညွိၿပီးတဲ့ေနာက္ ဒဏ္ရာေတြ လုံးဝေပ်ာက္ကင္းသြားၿပီ။ အဲအေတာအတြင္း ရွန္းရင္ကေတာ့ မနက္စာစားေနတာေပါ့။

"ထြက္ရေအာင္၊ ေျမပုံမွာမပါတဲ့ နယ္နိမိတ္က ေရွ႕မွာတင္ရွိေနတယ္၊ အားလုံးပဲဂ႐ုစိုက္ၾက" ကူယြဲ႕ တိုက္တြန္းလိုက္တယ္။ သူတို႔ေတြ ေရာက္ေရာက္ခ်င္းပဲ အသိဉာဏ္ရွိတဲ့ ဓမၼလက္နက္နဲ႕ ႀကဳံခဲ့ရတာ။ ေနာက္က် တျခားဘာေတြႀကဳံဦးမလဲဆိုတာ ဘယ္သူသိမွာလဲ။

ကူယြဲ႕ သူ႕‌ဓားေပၚတက္ၿပီး ပ်ံသန္းလာခဲ့တယ္။ ေလးေယာက္သားေရွ႕တည့္တည့္ ပ်ံခဲ့ၾကရင္း က်တ္တီးေျမဆီ ေရာက္လာခဲ့ၾကတယ္။ ေနရာက ေက်ာက္ေတာင္ေတြအမ်ိဳးမ်ိဳးရွိေပမဲ့ အပင္ကေတာ့ အင္မတန္နည္းပါးတယ္။

ဒါေပမဲ့ ထူးဆန္းတာက သူတို႔အရင္က ေရာက္ခဲ့တဲ့ လက္နက္သြန္းလုပ္ဖို႔ ကုန္ၾကမ္းေတြ ေပါမ်ားတဲ့ ေနရာေတြနဲ႕ ယွဥ္ရင္ ဒီေနရာက အေတာ္ေလးကို... ရွင္းေနတာပဲ သူတို႔ အဆင့္ျမင့္လက္နက္သြန္းလုပ္ဖို႔ ေက်ာက္ေတြေရာ ဓမၼလက္နက္ေတြေရာ ေတြ႕ဖို႔ ေနေနသာသာ ပထမ၊ ဒုတိယအဆင့္ ကုန္ၾကမ္းေတြေတာင္ ရွာမေတြ႕ဘူး။

အမတေလးေယာက္ ေလးငါးရက္ေလာက္ ဒီနယ္ေျမမွာပ်ံသန္းခဲ့ေပမဲ့ အဖိုးတန္တာဘာမွမေတြ႕။ ကူယြဲ႕နည္းနည္းစိတ္မရွည္ျဖစ္လာတယ္။ တကယ္လို႔ အထဲဆက္ဝင္လာလို႔ အေျခအေနကဒီလိုမ်ိဳးပဲဆို သူတို႔ ျပန္လွည့္တာမွ ေကာင္းဦးမယ္။

"ေဖေဖန်ိဳ..." ရွန္းရင္က ႐ုတ္တရက္ ေမးလာတယ္။

"ဘာလို႔ ငါတို႔ ဒီျပန္ေရာက္လာတာလဲ"

"ဘာကို၊ ဒီျပန္ေရာက္လာတယ္ဆိုတာ ဘာအဓိပၸာယ္လဲ၊ ငါတို႔..."

သူ ဆက္မေျပာဘဲ သူမေနာက္လိုက္ၾကည့္လိုက္ေတာ့ သူ႕ကို ေၾကာင္အသြားေစတဲ့ တစ္စုံတစ္ရာကို သတိထားမိသြားခဲ့တယ္။

"ဟိုလီရွစ္"

သူျမင္လိုက္ရတာ အရိုးေတြ၊ သားရဲမိစာၦတစ္ေကာင္ရဲ႕ အရိုးေတြ။ ဒီလိုက်တ္တီးေျမမွာ အရိုးေတြ႕တာက မထူးဆန္းေပမဲ့ အဓိကျပႆနာက... သူတို႔ေတြက အရိုးေတြကို စြန့္ပစ္ခဲ့တဲ့သူေတြမို႔ပဲ။

ၿပီးေတာ့ လြန္ခဲ့တဲ့၂ရက္က ညစာစားၿပီးေတာ့ သူတို႔ထားခဲ့တဲ့ အရိုးေတြ။

ကူယြဲ႕က ပ်ံသြားၿပီး အရိုးေတြကို စစ္လိုက္တယ္။ တကယ္ပဲလြန္ခဲ့တဲ့၂ရက္က သူတို႔ထားခဲ့တဲ့ အရိုးပုံႀကီး။

ဒါေပမဲ့ သူတို႔ အဲေန႕ကနားဖို႔ ရပ္ေနခဲ့တဲ့ေနရာမွမဟုတ္တာ။ ဒီလိုဆိုရင္ေတာ့...။

ကူယြဲ႕ အမူအရာေျပာင္းသြားၿပီး ယိခ်င္းကိုလွည့္ၾကည့္လိုက္တယ္။

"ယိခ်င္း ဓာတ္ႀကီးငါးပါးအစီအရင္ အသက္သြင္း"

ယိခ်င္း ေခါင္းညိတ္ျပလိုက္တယ္။ ဓားတစ္ခ်က္ေဝွ႕ယမ္းတာနဲ႕ မေသမ်ိဳးခ်ီကဖန္တီးထားတဲ့ ဓားငါးေခ်ာင္းက ေနရာငါးမ်ိဳးဆီ ခ်က္ခ်င္းစိုက္သြားခဲ့တယ္။ သိုင္းကြက္တစ္ခုေဖာ္ၿပီး ကူယြဲ႕ အင္းကြက္အစီအရင္ခ်လိဳက္တယ္။ မ်က္စိတစ္မွိတ္အတြင္း အလင္းတန္းတခ်ိဳ႕လင္းလာၿပီး သူတို႔ပတ္ဝန္းက်င္က စတင္တုန္ခါကာ ေျမႀကီးက ေၾကမြလာတယ္။

စကၠန႔္ပိုင္းအတြင္း သစ္႐ြက္ေျခာက္၊ ေပါင္းပင္၊ အသီးခြံ၊ အစားအေသာက္အႂကြင္းအက်န္နဲ႕ အရိုးေတြလို အမွိုက္ေတြ ေပၚလာေတာ့တယ္။ ဒါလြန္ခဲ့တဲ့ရက္ပိုင္းက သူတို႔ခ်န္ထားခဲ့သမွ်ဟာေတြပဲ။

အမွိုက္ေတြအားလုံးက မီတာအနည္းငယ္အတြင္းမွာတင္ရွိေနတယ္။ တခ်ိဳ႕ဆို ေပနည္းနည္းပဲကြာေလရဲ႕။

"ဒါ..." ဘာျဖစ္တာလဲ။

သူတို႔တစ္ေနရာတည္းကိုပဲ ပတ္ေနမိတယ္လို႔ေတာ့ မေျပာနဲ႕ေနာ္။

အဓိကျပႆနာက သူတို႔ တစ္ခုခုလြဲေနတယ္ဆိုတာ သတိမထားမိခဲ့တာပဲ။

"ဝိညာဥ္ဒုံမင္းအစီအရင္ပဲ" ႐ႊင္ရႉးက ႐ုတ္တရက္ေျပာၿပီး ေရွ႕တက္လာတယ္။

"ဝိညာဥ္ဒုံမင္းအစီအရင္ကက စက္ဝိုင္းအတားအဆီးတစ္ခု ဖန္တီးနိုင္တယ္၊ ဘယ္ေလာက္ပဲသြားသြား နဂိုေနရာကိုပဲ ျပန္ေရာက္မွာေပမဲ့ အထဲက ျမင္ကြင္းေတြက ဆက္တိုက္ေျပာင္းလဲေနမွာ၊ ငါတို႔ ဒီအတားအဆီးထဲ ေရာက္ေနတာပဲျဖစ္ရမယ္"

သူ ဒီလိုေျပာၿပီး သိုင္းတစ္ခုထုတ္ကာ တီးတိုးေရ႐ြတ္လိုက္တယ္။ ခ်က္ခ်င္း သူ႕လက္ထဲကခ်ိပ္က ပ်ံထြက္သြားတယ္။ သူတို႔မ်က္စိေရွ႕ အလင္းျဖဴႀကီးနဲ႕ အၾကည္ေရာင္ အကာအရံတစ္ခုေပၚလာတယ္။ ေနာက္ေတာ့ သူတို႔အေပၚမွာ ေ႐ႊေရာင္ပစၥည္းေတြ စတင္စုေဆာင္းလာေတာ့တယ္။

ေသခ်ာစစ္ၾကည့္လိုက္ေတာ့ ဒါက ေလးပြင့္ဆိုင္ပဲရိုင္းပင္ပုံစံ ေျမပုံျဖစ္ေနတာ သိလိုက္ရတယ္။

"ဒါ အမတနယ္ေျမရဲ႕ အလယ္ဗဟိုဆီ ဝင္ေပါက္ျဖစ္ရမယ္" ႐ႊင္ရႉးမ်က္ဝန္းေတြ ေတာက္ပသြားတာက စိတ္လႈပ္ရွားမႈကိုေတာင္ မခ်ဳပ္တည္းနိုင္ေတာ့ဘူး။ သူ႕ဝတ္႐ုံထဲကေန ေဆာင္းဝိညာဥ္သစ္႐ြက္တစ္ခု ထုတ္ၿပီး ေကာင္းကင္က ေျမပုံဆီ ပစ္လိုက္တယ္။

ခ်က္ခ်င္း သူတို႔ေရွ႕က အကာအရံက ေ႐ြ႕ၿပီး အလယ္ေခါင္ကေနစကြဲလာတယ္။ စကၠန႔္ပိုင္းအတြင္း မုခ္ခုံးပုံစံ အသြင္ေျပာင္းသြားၿပီ။

"ဒါဝင္ေပါက္ပဲ" ႐ႊင္ရႉး ဝမ္းေျမာက္စြာနဲ႕ ေျပာလိုက္တယ္။ မုခ္ခုံးကို လက္ညွိုးထိုးၿပီး သူတို႔ကို ေလာလိုက္တယ္။

"ျမန္ျမန္ဝင္ၾကရေအာင္"

"အိုး" ရွန္းရင္ ႐ုတ္တရက္ေျပာလိုက္တယ္။

"နင္ အရင္က ဒီေရာက္ဖူးတာပဲ"

"..."

႐ႊင္ရႉးက ခ်က္ခ်င္း ေတာင့္တင္းသြားခဲ့ေတာ့တယ္။

...

Continue Reading

You'll Also Like

141K 22.5K 65
English name Even the lame got tricked by me into standing up ကုမိသားစု၏ တတိယ‌ေမြာက်သခင်လေး ကုယဲ့သည် ထုံထုံအအ၊ စကားကလည်းထစ်၊ ဆယ်ကြိမ်တိုင်တိုင် အဖြ...
194K 1.4K 7
18+ Fic ဖြစ်လို့ အသက်ပြည့်သူ ဝါသနာပါသူများသာဖက်ရန်
996K 126K 144
ကျင့်ကြံခြင်း လောကမှာ အားလုံးက လေးစား အားကျ ကြောက်ရတဲ့ ဆရာသခင်' ယုယန်' တစ်ယောက် နှစ်ပေါင်း သောင်းချီကြာမှ တပည့် တစ်ယောက် လက်ခံလိုက်ပါတယ်။စိတ်နှစ်ကိုယ...
220K 32.2K 200
အကျဉ်းချုပ် တစ်လောကလုံးမှာ ယိချင်းသာလျှင် အတော်ဆုံးသော ဓားသိုင်း ကျင့်ကြံသူဟု လူတိုင်းက ဆိုကြသည်။ တုနှိုင်းမဲ့ဓားသိုင်းပညာနှင့်၊ မည်သူမျှ မကျော်လွန်န...