မဂ်လာပွဲက အောင်အောင်မြင်မြင်ပင် ပြီးဆုံးသွားသည်။ မဏ္ဍပ်ဆင်တွေ ပြန်ဖျက်၊ထမင်းအိုးဟင်းအိုးတွေ ဆေးကြောလုပ်ရသည်ကို ရွာကာလသား၊အမျိူးသမီးတွေ တက်ညီလက်ညီ လုပ်လိုက်သဖြင့် နေ့ခင်းတစ်နာရီလောက်မှာ ပြီးဆုံးသွားသည်။
ချမ်း အတော်လေးပင်ပန်းသွားကာ ညနေ သုံးနာရီ ရှိနေပြီဆိုပေမဲ့ အိပ်ပျော်နေဆဲဖြစ်သည်။နေ ကတော့ ချမ်းနဲ့အတူတရေးတမော အိပ်နေပြီးမှ အိုက်လွန်းသဖြင့် ရေထချိူးတော့သည်။လင်းမြတ်တို့က မဂ်လာပွဲပြီးကတည်းက ထန်းရည်ဆိုင်ရောက်သွားကြသည်။နေ့ကို လိုက်ရန်ခေါ်ကြပေမဲ့ ချမ်း ရဲ့မောင်သောက်ရင် ချမ်း ပါ လိုက်သောက်မှာနော်ဟူသော စကားကြောင့် နေ လိုက်မသွားရဲပေ။
"နေ ...ငလင်းတို့ကို မင်းတို့ အနောက်အိမ်မှာ အိပ်ခိုင်းလို့ရတယ် မလား..ဒီမှာက ငါတို့ပစ်စည်းတွေနဲ့ရှုပ်နေလို့"
ကိုမျိူးက ရေချိူးနေသော နေ့ကို အိမ်ပေါ်မှ လှမ်းမေးသည်။
"ရတယ်..ကိုမျိူး"
နေ ရေတဗွမ်းဗွမ်းလောင်းချိူးနေသည်ကိုရပ်ကာ ပြန်ဖြေလိုက်သည်။
"အေး..အေး..အဲတာဆိုပြီးတာပဲ...မဂ်လာဦးည ဆိုတော့ ငါ့ကောင်ကြီး လွတ်လွတ်လပ်လပ်မရှိမှာစိုးလို့..ဟား..ဟား"
ကိုမျိူးက ရယ်ရင်းစနောက်သည်။
"မဦးရပါဘူးဗျာ..."
နေ ကအလိုက်သင့်ပြန်ဖြေရင်း ရေကိုဆက်ချိူးတော့ ကိုမျိူးကအိမ်ထဲပြန်ဝင်သွားသည်။နေ ရေချိူးနေစဉ် ချမ်းက အိမ်လေးပေါ်မှ အိပ်မှုံစဝါးဖြင့် ဆင်းလာသည်။နေ့ခင်းမို့ တီရှပ်ပါးပွပွလေးနဲ့ ကွက်စိပ်ဘောင်းဘီရှည်ပွပွလေးကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည်။
"ဘေဘီ နိုးပြီးလား ...ရေချိူးရအောင်လေ"
"မောင် ချိူးနေတာကြာပြီမလား...မြန်မြန်ချိူးပြီး အဝတ်လဲတော့"
"ဘေဘီနဲ့ အတူချိူးမယ်အုံးလေကွာ.."
"မောင်နော်...ကလေးလို လုပ်မနေနဲ့...ချိူးပြီးအဝတ်လဲတော့...ချမ်း နောက်ဖေးဝင်အုံးမလို့"
ချမ်းက သူနဲ့ရေအတူချိူးရန်ကလေးလိုပူဆာနေသည့် နေ့ကို ခပ်တင်းတင်းလေးပြောပြီး အိမ်သာဘက်ကိုဆက်လျှောက်သွားသည်။
"ဘေဘီ....ကိုယ် စောင့်နေမယ်လေ"
နေက အော်ပြောဖြစ်အောင်အော်ပြောလိုက်သေးသည်။
"မောင်!ကျနော် နှစ်ခါမပြောချင်ဘူးနော်..မြန်မြန်ချိူးပြီးအဝတ်အစားလဲတော့လို့"
စူးခနဲ ထွက်ပေါ်လာသည့် ချမ်း အသံလေးကြောင့် နေရေအတူချိူးရန် လက်လျှော့သွားသည်။
"အင်းပါကွာ"
နေ ချမ်းပြောသည်ကို နာခံပြီး ရေချိူးခြင်းလက်စသတ်ကာ ပုဆိုးကောက်လဲသည်။
"ဟီး...ကိုကြီး နေကလည်း အဖေ့လိုပဲ မိန်းမကြောက်တယ်"
အရှေ့အိမ်ဝရံတာတွင် ထုံးစံအတိုင်း စာအုပ်ကိုင်ကာ စာကြည့်နေသည့် ငခန့်က နေတို့အဖြစ်အပျက်ကို အကုန်မြင်ကာ ဟီးခနဲ ရယ်ရင်း မှတ်ချက်ချသည်။
"ငခန့်..ကိုကြီးက ကြောက်တာမဟုတ်ဘူး ချစ်တာကွ!"
နေက ရေစိုပုဆိုးကို ဆောင့်ကာဖွတ်လျှော်နေရင်း ငခန့်စကားကိုပြန်လည်တုံ့ပြန်သည်။
"ဦးဦးစကားနားထောင်တာ ဦးဦးကိုကြောက်လို့ပေါ့..ကိုကြီးနေ,ရာ..ကြောက်ရင်ကြောက်တယ်ဝန်ခံလိုက်စမ်းပါ..ဝန်ခံရဲမှ ယောကျားပီသတာဗျ"
ငခန့်လေးက ကျောင်းကဆရာမတွေ သင်ပေးသည့် တစ်လေသံတည်းအတိုင်း လူကြီးလေးလိုဆိုသည်။
"အံမယ် ကိုခန့် စာမကျက်ပဲ...ဘာတွေလေပေါနေတာလဲ လူကလက်တောက်လောက်နဲ့ ကြီးကြီးကျယ်ကျယ်တွေပြောနေတယ်....စာမကြည့်ချင်ဘူးဆို နွားချေး ကြုံးခိုင်းမှာနော်"
မီးဖိုချောင်ထဲက သံယောက်မ လက်ထဲကိုင်ကာ ထွက်လာသည့် မနော်က ငခန့်ပြောသမျှအကုန်ကြားသွားကာ ဆူတော့သည်။ကိုမျိူးတို့ ခြံဝန်းက အတော်ကျယ်ကာ နွားတင်းကုပ်ပါရှိသည်ဖြစ်သည်။ခြံဝန်းကျယ်သမျှ အိမ်သေးလုံးနှစ်လုံး ၊နွားတင်းကုပ်၊သီးပင်စားပင်တွေနဲ့ ပြည့်သည်။
"ဟုတ်..ကြည့်ပြီ အမေ"
နွားချေးကျူံးရမှာကြောက်သဖြင့် ကိုခန့် ပါးစပ်လေးပိတ်ကာ စာအုပ်ငုံ့ကြည့်နေတော့သည်။နေ ကိုခန့်ပုံစံကိုကြည့်ပြီး ခပ်ဟဟရယ်ကာ ရေစိုပုဆိုးပုဆိုးကို ခါချကာဘေးက တန်းပေါ်တွင်လှမ်းသည်။ပြီးနောက် အိမ်လေးပေါ်တက်လာသည်။နေ အဝတ်အစားလဲနေချိန်တွင် ချမ်း နောက်ဖေးမှ ပြန်ရောက်လာသည်။
"ခုတင်ပေါ်မှာ မောင့်အတွက် ချမ်း အဝတ်ထုတ်ပေးထားတာရှိတယ်လေ"
အပေါ်ပိုင်းဗလာနဲ့ ပုဆိုးတစ်ထည်ဝတ်ထားသည့် နေက ကျောပိုးအိတ်ထဲအင်ကျီကုန်းရှာနေတော့ ချမ်း လှမ်းပြောသည်။
"အော်...ဟုတ်သားပဲ..မောင်ကမမြင်ဘူး"
ထိုအခါမှ နေက ခုတင်ပေါ်တွင်ခေါက်ထားသော တီရှပ်ကိုယူကာ ကောက်စွပ်သည်။အဝတ်ထည့်စရာ ပုံး ဘာညာမယူခဲ့သည်မို့ နေတို့အဝတ်အစားတွေ ယူလာသည့်အတိုင်း အထုတ်ထဲပဲထားဖြစ်သည်။ချမ်းက ရေချိူးမည်မို့ ဝတ်ထားသည့်တီရှပ်လေးဆွဲချွတ်သည်။အနည်းငယ် ရှည်နေသော ရှေ့ဆံပင်ကြောင့် ချမ်း ရေစိုမည်စိုးကာ မှန်ထဲကြည့်ပြီး သရေကွင်းလေးဖြင့် ကြက်တောင်စည်းလေးစီးလိုက်သည်။ချမ်း မှန်ထဲကြည့်ကာ ကိုယ့်ဆံပင်ကိုယ်အာရုံစိုက်စီးနေစဉ် နေ က အပေါ်ပိုင်ဗလာဖြစ်နေသည့် ချမ်း ခါးလေးကို မနေနိုင်နောက်ကနေ လာပွေ့ဖက်သည်။
"မောင့်ကိုလည်း စီးပေး"
"စီးပေးမယ်လေ မောင်ရဲ့..ချမ်းကိုလွှတ်အုံး"
"ဟင့်အင်း.."
ချမ်း ပြောလိုက်မှပိုဆိုးကာ ချမ်းခါးလေးကို ပိုတိုးဖက်ရင်း ချမ်း လည်ကုပ်သားလေးကို မျက်နှာအပ်နမ်းရှိုက်သည်။ရေချိူးပြီးကားစ မောင့်ခန်ဓာကိုယ်က အေးနေသလို ဆပ်ပြာရည် ရနံ့က သင်းပျံ့နေသည်။ချမ်း တစ်ကိုယ်လုံး မောင်နဲ့ပူးကပ်နေရသည်အပြင် လည်ပင်းသားပေါ်မှ မောင့်နှုတ်ခမ်း အထိအတွေ့တို့ကြောင့် ချမ်း မနေတတ်ဖြစ်လာရသည်။
"မောင်..ဖယ်ပါ လွှတ်"
"မောင့်ကိုစည်းပေးမှာဆို"
"စည်းပေးမယ်လေ...လွှတ်"
ဒီပုံစံအတိုင်း အဆင့်တက်လာမည်စိုး၍ ချမ်း နေ့ ရင်ခွင်ထဲမှ အမြန်ရုန်းထွက်ကာ နေ့ ဘက်မျက်နှာချင်းဆိုင်လှည့်လာသည်။ချမ်း ကို မိုးနေသည့် နေ့ အရပ်ကြီးကြောင့်...
"မောင် ခုတင်ပေါ်ထိုင်"
"အင်း"
ချမ်း ပြောသည့်အတိုင်းနေက ခုတင်ပေါ်ထိုင်တော့ ချမ်း ဘီးတစ်ချောင်းနဲ့ဆံပင်စည်းရန် သရေကွင်းယူပြီး နေ့ ရှည်လာရပ်သည်။ရှေ့ဖျားတွေစိုနေသည့် နေ့ ဆံပင်ကြောင့် ချမ်း တဘက်လေးလှမ်းယူကာ သုတ်ပေးရပြန်သည်။
"ရေချိူးရင် ဒီရှေ့ဆံပင်ကိုစည်းထားလေ မောင်ရဲ့...ကြည့်အုံး....ခု ရေတွေစိုကုန်ပြီ"
"ဟုတ်ပါပြီဗျာ...နောက်ဆိုစည်းပါ့မယ်"
နေက ချမ်း ဆံပင်သုတ်ပေးနေသည်ကို ကျေကျေနပ်နပ်ခံယူရင်း ခေါင်းငြိမ့်သည်။ချမ်းက ဆံပင်ကိုပြောင်အောင်သုတ်ပေးပြီးတော့ နေ့ ဆံပင်ကို သေချာဖြီးသင်ပေးသည်။ပြီးမှ သရေကွင်းလေးဖြင့် နေ့ဆံပင်ရှည်တွေကို ထိပ်လှန်ကာ စည်းနှောင်ပေးသည်။နေ က မျက်စိရှေ့တွေ မြင်နေရသည့် ချမ်း ရင်ဘတ်မှ နီရဲရဲအသီးလေးနှစ်ခုကို စိုက်ကြည့်နေမိရင်း နေ လည်စေ့ထင်းထင်းက အသာလှုပ်ရှားသွားသည်။shit!စို့ချင်လာပြီ။
ချမ်းကတော့ နေ့အတွေးတွေကိုမသိပဲ နေ့ ဆံပင်ကို သေချာအာရုံစိုက်စီးပေးနေသည်။
"ဘေဘီ...ညကျရင်လည်း မောင့်ကို စီးပေးမလား"
"ဟင်.."
နေ့ရဲ့ရုတ်တရက်စကားကြောင့် ချမ်း နားမလည်။ဆံပင်လည်း စီးပြီးသွားသည်မို့ချမ်း နေ့ကို ဘာပြောတာလဲ ဟူသော အကြည့်လေးဖြင့် မျက်ခုံးလေးပင့်ကြည့်လာသည်။နေ အသည်းယားစွာ ချမ်း ကိုယ်လေးကိုပေါင်ပေါ်ဆွဲပွေ့ထိုင်စေလိုက်ရင်း ချမ်း နို့လေးတစ်ဖက်ကို ဆတ်ခနဲ ပါးစပ်ဖြင့်ငုံကာ ဖွဖွကိုက်သည်။
"အ!..မောင်"
ရုတ်တရက်မို့ ချမ်း လန့်သွားရကာ အ,ခနဲအသံလေးထွက်သည်။
"ညကျရင်ရော မောင့်အပေါ်တက်မစီးပေးချင်ဘူးလားလို့"
"မောင်နော်....ဘာတွေပြောနေတာလဲ..ဖယ်"
ထိုအခါမှ ချမ်း နေ့စကားကိုသဘောပေါက်ကာ မျက်နှာနီနီလေးဖြင့် နေ့ ပေါင်ပေါ်မှ အလျင်အမြန်ထသည်။
"ချမ်း..ချမ်း ရေသွားချိူးတော့မယ်"
"မောင် လာကူ ချိူးပေးဖို့လိုသေးလား"
ရှက်နေသည့် ချမ်း ပုံစံလေးကြောင့်နေ ကပြုံးစစဖြင့် တမင်စသည်။
"မ..မလိုပါဘူး"
မျက်နှာနီနီလေးဖြင့် ချမ်းက နေ့ကိုပြောပြီးရေလဲပုဆိုးနဲ့တဘက်ယူကာ အိမ်လေးပေါ်မှဆင်းသွားသည်။နေ ချမ်းကိုကြည့်ရင်း ရယ်ကျန်နေခဲ့သည်။နေ ခုတင်ပေါ်ပဲ လှဲချကာ ဖုန်းဖွင့်ကြည့်သည်။သူ facebookထဲဝင်မကြည့်ဖြစ်တာတောင် အတော်ကြာပြီဖြစ်သည်။အဘွားဖုန်းကိုလည်း blockထားသည်မို့ နောက်ထပ်ဖုန်းမခေါ်လာပေ။နေ ဘာရယ်မဟုတ်newsfeedပွတ်ကြည့်နေလိုက်သည်။
နေ က social mediaသုံးရတာ သိပ်ဝါသနာမပါသည်မို့ မသုံးဖြစ်။fri ဟူ၍ နေ့ သူငယ်ချင်းတွေနဲ့ သူ့profileပုံကြောင့် လာaddသည် ကောင်လေး၊ကောင်မလေးအချိူ့သာရှိသည်။အားကစား သမားတွေနဲ့ နေ ကြိုက်သည့် singer အချိူ့ကိုသာ followထားသည့်မို့ နေ facebookက သတင်းတွေ များများစားစားတော့ မတက်ပေ။newsfeedကိုပွတ်ကြည့်နေရင်း သတင်းတစ်ခု အရောက် နေ့လက်တွေရပ်တန့်သွားသည်။The Sun groupရဲ့ CEO ဒေါ်ဝါဝါညွန့် မတော်တဆ accidentဖြစ်ပွားဟူသော ခေါင်းစဉ်နဲ့အတူ ဆေးရုံတွင် ဝှီးချလ်ပေါ်ထိုင်နေသည့် အဘွားနောက်က ဦးငယ်က ဝှီးချလ်တွန်းလျက်။ပုံကမသဲမကွဲမို့ မီဒီယာသမားတွေက လျှပ်တစ်ပြက်သာ ရိုက်မိထားခြင်းဖြစ်မည်။
နေ ထိုပုံပေါ်နေသည့် video fileကိုအမြန်နှိပ်ကြည့်လိုက်သည်။မိုက်ခ်ကိုင်နေသော သတင်း ကြေညာသူအမျိူးသမီးပုံပေါ်လာကာ......
"Mayလ30ရက်နေ့က The Sun groupရဲ့စီးအီးအိုဖြစ်သူ ဒေါ်ဝါဝါညွန့် accident အသေးစားတစ်ခု ဖြစ်ခဲ့တယ်လို့ သတင်းကြားသိရပါတယ် ဒဏ်ရာကြီးကြီးမားမားမရှိကြောင်းကြားသိရသော်လည်း မြင်တွေရသည့် ဓာတ်ပုံတွေအရ ခြေထောက်ထိခိုက်သွားပုံရပြီး လမ်းမလျှောက်နိုင်ဘူးလို့ ယူဆနေကြပါတယ်............"
ထိုသတင်းကြေညာသူ အမျိူးသမီး အသံနဲ့အတူ အဘွား ဝှီးချဲလ်ပေါ်ထိုင်နေသည့်ပုံ၊ဦးငယ်နဲ့ အဘွားရဲ့သားအကြီးဆုံးဖြစ်သူ ဦးဖုန်းမြင့်က အဘွားကိုကူတွဲကာ ဝှီးလ်ချဲပေါ်ထိုင်စေသည့်ပုံတွေ ပေါ်လာသည်။ပုံတွေက သဲသဲကွဲကွဲမဟုတ်ပေမဲ့ ဘယ်သူဆိုတာမှန်း မြင်ရုံနဲ့သိရသည်။နေ စိတ်ပူကာ blockထားသည့် အဘွားဖုန်းနံပါတ်ကို blockပြန်ဖြည်ပြီး အလျင်အမြန်ခေါ်လိုက်သည်။တစ်ဖက်မှဖုန်းက အတော်ကြာမြည်နေပြီးမှ ကိုင်လာသည်။
"အမေ...အမေ့မြေးဖုန်း"
လှုပ်ရှားသံ သဲ့သဲ့နဲ့အတူ ဦးငယ်အသံကိုအရင်ဆုံးကြားရသည်။
"အမေ စားနေတုန်းလေ ဂုဏ်ထည်...နောက်မှပြန်ဆက်လို့ပြောလိုက်"
ခပ်မာမာ ဦးဖုန်းမြင့်အသံကိုပါကြားလိုက်ရသည်မို့ နေ မျက်ခုံးကျူံ့သည်။သူ့ရဲ့ ဦးလေးအလတ်ဖြစ်သူက သူ့ကိုသဘောမကျဘူးလို့ နေ ခံစားရသည်။
"ပေး..ပေး ရတယ် ကိုင်လိုက်မယ်"
အဘွားအသံကိုကြားလိုက်ရပြီးမှ....
"အင်း...မြေးငယ် အခုတော့ ဘွားကို ဖုန်းဆက်ပြီပေါ့"
"အဘွား..သား တောင်းပန်ပါတယ် အဘွားသက်သာရဲ့လား..ခြေ..ခြေထောက်က..."
"သက်သာပါတယ်ကွယ်..ခြေထောက်က အရိုးနဲနဲအက်သွားရုံပဲ..စိတ်ပူမနေနဲ့ ရက်ပိုင်းလောက်ကြာရင် ပြန်ကောင်းလာလိမ့်မယ်...မြေးက အခုထိအိမ်ပြန်လာဖို့ စိတ်မကူးသေးဘူးလား"
ဒေါ်ဝါဝါညွန့်က စိတ်ဓာတ်ခိုင်မာသော အမျိူးသမီးတစ်ယောက်ဖြစ်သည်။ခင်ပွန်းဖြစ်သူ ဆုံးသွားပြီးကတည်း ဘိုးဘွားပိုင် ဒီလုပ်ငန်းကို တစ်ယောက်တည်းဦးစီးလာရသည်မလား။
ဒေါ်ဝါဝါညွန့်စကားကြောင့် နေ တိတ်ဆိတ်သွားရသည်။ချမ်းနဲ့သူ အဲဒီကိုပြန်ဖို့ စောလွန်းသေးသည်။အဘွားတို့ဘက်ကလည်း ချမ်းနဲ့သူ့ကိုသဘောမတူဖို့ကများသည်။ချမ်း မာမီ ဒေါ်မေမီကလည်း ချမ်းကို အတင်းပြန်ခေါ်သည်ရှိလာမှာ စိုးရသည်။နေ မစွန့်စားရဲသေးပေ။
"ကျွန်တော် ကိစ်စလေးတစ်ခုရှိနေလို့ အိမ်ကိုမပြန်လာဖြစ်လောက်သေးဘူး အဘွား...ဒါပေမဲ့ ဆေးရုံကိုမနက်ဖြန်လာခဲ့မယ်"
"မင်းသဘောပဲလေ....ဘာအရေးကြီးကိစ်စတွေများ ရှိနေလို့လည်း မြေးငယ်...အဘွားကိုတောင် အသိပေးလို့မရဘူးလား"
"ကျွန်တော် နောက်ကျပြောပြပါ့မယ်....အဘွား ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
"မင်းက အဘွားရဲ့သွေးသား၊အဘွားက မင်းရဲ့ အဘွားအရင်းစစ်စစ်ဆိုတာ မေ့နေတာလား နေမင်းတာရာ....မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ်စတွေ အဘွားကိုပြောပြသင့်တယ်လို့ မထင်ဘူးလား...."
ဒေါ်ဝါဝါညွန့်အသံက မာထန်လာသည်။သားအချစ် မြေးအနှစ်ဆိုသည့်အတိုင်း ဒီမြေးငယ်လေးကို သူမ တော်တော်ချစ်ပါသည်။သားကြီးအပေါ် သူမ တာဝန်မကျေခဲ့သမျှ ဒီ မြေးအပေါ်ဖြည့်ဆည်းပေးချင်သည်။သူမတို့မိသားစုလုပ်ငန်းကိုတောင် ဒီမြေးငယ်လေးကို ဆက်ခံစေချင်သည်အထိ။The Sun groupကို မြေး နေမင်းတာရာလက်ထဲကို သူမ ထည့်ခဲ့ချင်သည်။သို့ပေမဲ့ သူမ ချစ်သလောက် ဒီမြေးငယ်က သူမ အပေါ်မတွယ်တာဘူးလို့ ခံစားရသည်။အခု လုပ်ရပ်ကိုပဲကြည့်။ဘာမှ မပြောမဆိုပဲ အိမ်ကထွက်သွားသည်မှာ တစ်လ နီးပါးရှိတော့မည်။
"အဘွား..ကျွန်တော် သိပါတယ် ကျွန်တော့်ကို အချိန်ခဏလေးပဲ ပေးပါနော် ...ကျွန်တော် အိမ်ကိုပြန်လာပြီး အဘွားကို အကြောင်းစုံပြောပြပါမယ်....အဲဒီ အချိန်ကျ အဘွား လက်ခံ......လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
နေက လေသံလျှော့ကာ အဘွားဖြစ်သူအားချော့ပြောသည်။
"ကောင်းပြီလေ...မင်းက အဲလိုဆိုတော့လည်း အဘွားက စောင့်ရတာပေါ့ ....မုန့်ဖိုးက လုံလုံလောက်လောက်ပါသွားရဲ့လား....အဘွား ပေးစရာလိုသေးလား"
ကျောင်းတောင်မပြီးသေးသည့် ဒီမြေးလေးက သူမ မျက်လုံးထဲတွင်တော့ ကလေးလေးပင် ရှိသေးသည်။
"ကျွန်တော် ရှိသေးတယ် အဘွား...မယူတော့ အဘွား ကျန်းမာရေး ဂရုစိုက်နော် ကျွန်တော်မနက်ဖြန်လာခဲ့မယ် ဒါပဲနော် အဘွား ကျွန်တော် ဖုန်းချပြီ "
"ကောင်းပြီ"
မြေး ဖြစ်သူဖုန်းချသွားတော့မှ ဒေါ်ဝါဝါညွန့်ကို ဖုန်းကိုသားငယ်ဖြစ်သူထံ ပြန်လှမ်းပေးလိုက်သည်။ဆေးရုံရဲ့ vip အခန်းကျယ်ကြီးထဲတွင် တိတ်ဆိတ်လျက်။ဦးဂုဏ်ထည်က လူနာစောင့်အိပ်ရန်ထားရှိသည့် မွေ့ယာပေါ်တွင် ခပ်လျောလျောမှီကာ ဖုန်းထံအာရုံရောက်နေ၍ တိတ်ဆိတ်နေခြင်းဖြစ်ပြီး ဦးဖုန်းမြင့်ကတော့ အမေဖြစ်သူအတွက် အသီးဖျော်ရည်လုပ်ပေးနေရင်း အတွေးပွားနေသည်။
ပြောပုံဆိုပုံတွေအရ အမေက သူမြေးအပေါ် အတော်ဂရုစိုက်ချစ်သည်။ဦးဖုန်းမြင့် မဲ့ပြုံးပြုံးလိုက်မိသည်။နေစစ် ရှိတုန်းကလည်း သူ့ထက်ပိုပြီး နေစစ်ကို အရေးပေးခဲ့သည်ပဲ မဟုတ်ဘူးလား။သူဆိုသည့်ကောင်က အမေ့မျက်လုံးထဲ ဘယ်တော့မှတိုးဝင်ဖူးခဲ့သည့်သူမဟုတ်။
"အမေ ဖျော်ရည်သောက်လိုက်အုံး"
ဦးဖုန်းမြင့်က ဒေါ်ဝါဝါညွန့်ထံ ဖျော်ရည်လှမ်းကမ်းပေးရင်း ပြောသည်။
"အင်း...ရေခဲမပါဘူးမလား"
"အာ....sorry အမေ ကျွန်တော်ရေခဲထည့်လိုက်မိတယ်....ကျွန်တော် အသစ်ပြန်လုပ်ပေး....."
"ရတယ်...ရတယ် ဂုဏ့်ကိုပဲ လုပ်ခိုင်းလိုက်တော့ မင်း အလုပ်ကနေ လာတာဆိုတော့ ပြန်ဖို့သင့်ပြီ"
ဒေါ်ဝါဝါညွန့်ဆိုတော့ ဦးဖုန်းမြင့်က ခေါင်းငြိမ့်ရင်း အအေးခွက်ပြန်ယူသည်။သောက်သူမဲ့သည့် ဖျော်ရည်ခွက်ကို မီးဖိုစင်ပေါ်ပြန်တင်ထားလိုက်သည်။vip အခန်းမို့ အတော်ကျယ်ဝန်းကာရေချိူးခန်း၊တွိုင်းလစ်၊မီးဖိုးစင် လေးပါ အစုံပါရှိသည်ဖြစ်သည်။
"အဲဒါဆို ကျွန်တော် သွားတော့မယ် အမေ...မနက်ဖြန်မှ ထပ်လာခဲ့မယ် "
"ကောင်းပြီ"
ဦးဖုန်းမြင့်က အမေဖြစ်သူကိုနှုတ်ဆက်ပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ဦးဖုန့်မြင့် မျက်နှာကအနည်းငယ် မာတင်းနေသည်။ဒီဘာမဟုတ်တဲ့ ရေခဲတုံးလေးပါသည်နဲ့ မသောက်တော့ဘူးတဲ့လား။တောက်!။အခန်း အပြင်ရောက်တော့ ဦးဖုန်းမြင့် စိတ်တိုစွာ တောက် ခတ်မိသည်။နေစစ် မရှိတော့ နေမင်းတာရာဆိုသည့်ဘာမဟုတ်သည့် ကောင်လေးက ပေါ်လာပြန်သည်။သို့ပေမဲ့ သူဂရုမစိုက်၊The Sun groupဆက်ခံသူက သူ ပဲဖြစ်ရမည်။
<<<<<<>>>>>>>>
"ဘေဘီ...မနက်ဖြန် မောင် မောင့်အဘွားနားသွားရမယ်"
နေ့ စကားကြောင့် ခုံပေါ်ထိုင်ကာ မှန်ထဲကြည့်ပြီး ခရင်မ်လိမ်းပွတ်နေသည့် ချမ်း လှုပ်ရှားမှုလေးတွေရပ်တန့်သည်။ချမ်း က ခုတင်ပေါ်ထိုင်နေသည့် နေ့ ဘက်လှည့်ကြည့်လာကာ.....
"ဘာဖြစ်လို့လဲ မောင်....ဖွားဖွားညွန့် တစ်ခုခုဖြစ်လို့လား"
"အင်း..ဘွား accidentတစ်ခုဖြစ်ထားတယ်....မစိုးရိမ်ရပေမဲ့ ခု ဆေးရုံပေါ်မှာဆိုတော့ မောင် သွားသင့်တယ်"
"ချမ်း ပါ လိုက်ခဲ့မယ်လေနော် မောင်"
ချမ်းက နေ့ဘေးနား ခုတင်ပေါ်မှ ဝင်ထိုင်လာကာ နေ့ လက်မောင်းကိုတွဲမှီရင်းပြောသည်။
"ဘေဘီ လိုက်လို့ဖြစ်ပါ့မလား မတော်တဆ ဘေဘီ့မာမီ မောင်တို့ကိုမြင်သွားရင် ဘယ်လိုလုပ်မလဲ"
"မောင်ကလည်း...မမြင်ပါဘူး ခဏလေးပဲ နေမှာပဲဗျာ.. ချမ်း လိုချင်တာလေးတွေရှိလို့ အဲတာလိုက်ဝယ်ရင်း လေနော်"
ချမ်းက လိုချင်တာရှိပြီဆို ကလေးလေးလို ချွဲနွှဲ့ပူဆာတတ်သည်။ထို ချွဲနွှဲမှုအောက် ကျဆုံးရသည့် နေ ကလည်း ချမ်း သဘောအတိုင်းပဲဖြစ်ဖြစ်သွားတတ်သည်။
"မောင် စိုးရိမ်နေတယ်...ဒီမှာပဲ နေခဲ့ပါ့လား ချမ်း လိုချင်တာတွေ စာရင်းရေးပေးလိုက်လေ မောင် ဝယ်ခဲ့မယ်"
နေ့ စကားကြောင့် ချမ်း နှုတ်ခမ်းလေး စူစပြုသည်။ချမ်း ဒီရွာလေးမှာ မောင်ရှိလို့ နေပျော်နေသည်ဆိုပေမဲ့ အိမ်ထဲကအိမ်ပြင်မထွက် နေ,နေရသည်ကို တော်တော်ပျင်းနေပြီဖြစ်သည်။ချမ်းက မောင့်လို ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ ရွာထဲက ဘယ်သူ့အိမ်ကို လိုက်လည်ရမှန်းမသိ။ပျင်းလွန်းလို့ မောင်နဲ့အတူ ဟိုကိုခဏလောက်ဖြစ်ဖြစ်သွားချင်နေတာဖြစ်သည်။
"မဝယ်တော့နဲ့..ဘာ မှမလိုချင်ဘူး၊လိုက်လည်းမလိုက်တော့ဘူး"
ချမ်း စိတ်ကောက်ကာ စကားသံ ဘုဆတ်ဆတ်လေးထွက်လာသည်။ချမ်း ပုံစံကြောင့် နေ ကသက်ပျင်းချရင်း......
"ဘေဘီက မောင်ပြောတာ နားလည်မှပေါ့ကွာ....မောင်က မခေါ်ချင်လိုမှမဟုတ်တာ..ဒေါ်မေမီ မြင်သွားရင် ဘေဘီတစ်ခါတည်းပါသွားမှာ...မောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"
"အဲဒီ ဒေါ်မေမီက မောင့်ယောက်ခမနော်..ဘာ ဒေါ်မေမီလဲ....ချမ်း ခေါ်သလို မာမီလို့ ခေါ်ပါ့လား"
ချမ်းက မကျေမနပ်အော်ပြောသည်။လေသံတစ်စက်မှ မလျှော့သည့်အပြင် စူပုပ်ပုပ် ချမ်း မျက်နှာထားလေးကြောင့် နေ ပဲ အလျှော့ပေးရကာ......
"ဟုတ်ပါပြီ....မာမီဆိုလည်း မာမီပေါ့..မျက်နှာကြီး စူပုပ်မနေပါနဲ့ မောင့်ဘက်ကိုလှည့်ပါအုံး"
နေက ချမ်း ပခုံးလေးကိုဖက်ကာ ရင်ခွင်ထဲ ဆွဲသွင်းရင်း ချမ်း မျက်နှာလေးကိုပင့်မော့စေသည်။စူပုပ်ပုပ် ချမ်း မျက်နှာလေးက ဘာအပြစ်အနာအဆာမှ မရှိဖွေးဥ နေသည်။ပါးဖောင်းဖောင်းလေးကို နေ အူယားစွာ ရွှတ်ခနဲ နမ်းလိုက်သည်။ပြီးမှ နေ ချမ်း လက်ဖဝါးလေးကို ဆွဲယူဆုပ်ကိုင်ရင်း......
"လိုက်ချင်ရင်လည်း လိုက်ခဲ့..မျက်နှာကြီး စူပုပ်မနေနဲ့တော့"
"မောင် တကယ်ပြောတာနော်"
"တကယ်ပါဗျာ"
ထိုအခါ ချမ်း မျက်နှာထားလေးချက်ချင်းပြောင်းကာ နေ့ရင်ခွင်ထဲခိုဝင်လာသည်။ဆုပ်ကိုင်ထားသည့် လက်အစုံတွင် ဆင်တူလက်စွပ်နှစ်ကွင်းက ပနံ့သင့်စွာနေရာယူသည်။ထိုလက်စွပ်က နေ အရင်ကတည်းကလုပ်ထားခြင်းဖြစ်သည်။ရွှေဖြူမောင်းကွင်းလေးပေါ်တွင် စိန်သေးသေးလေးလေးလုံးကို တစောင်းအလှဆင်ထားသည်။ကျန်သည့်နေရာလွတ်တွင် တစ်ဦးစီရဲ့ နာမည်အတိုကောက် ထိုးထားသည့် couple ringsဖြစ်သည်။နေ့ လက်သူကြွယ်တွင် ချမ်းဟူ၍ အဂ်လိပ်စာလုံးစောင်းလေးဖြင့် ရေးထားသော လက်စွပ်ဝတ်ဆင်ထားပြီး ချမ်း လက်သူကြွယ်လေးတွင် sunဟူသည့် စာလုံးပါသော လက်စွပ်လေးက နေရာယူသည်။
"ကြိုက်လား "
"အင်း!..အရမ်းကြိုက်တယ် လက်စွပ်က လုံးဝ မိုက်တယ်ဗျာ..မောင်က တော်လိုက်တာ"
"မောင်က တော်တယ်ဆို ဆုမချချင်ဘူးလား"
နေက ပြောတော့ ချမ်း မျက်လွှာလေးချကာ နေရင်ခွင်ထဲတွင်ခိုမီသွားသည်။မောင် လိုချင်သည့် ဆု ဆိုတာကို ချမ်း သိပါသည်။အဲတာက.......။
"မောင်ပြောသလို မောင့်အပေါ်မစီးချင်ဘူးလား"
"မောင်နော်"
နေ ပြောတော့ ချမ်း ရှက်သွေးဖြာကာ နေ့ရင်ဘတ်ကို တစ်ချက်ထုသည်။နေက ထိုလက်လေးကို ဆုပ်ကိုင်ရင်း ရင်ခွင်ထဲမှ ချမ်း မျက်နှာလေးကိုငဲ့ကြည့်ကာ......
"ဒီည လည်း မောင်တို့...."
"မောင်ကလည်း မောင့်သူငယ်ချင်းတွေရှိတယ်လေ..."
"ဘေဘီ ခွင့်ပြုမယ်ဆို မောင် နေရာတွေ့ထားတယ်"
"ဟမ်.."
နေ့စကားကြောင့် ချမ်း မျက်လုံးလေးပြူးသည်။ဘယ်နေရာများ သွားလုပ်မှာတဲ့လဲ။
"အဲဒါဆို မောင် နေရာစီစဉ်ထားလိုက်မယ်နော်...ဘေဘီ နော်"
ကလေးလိုချွဲနေသည့် မောင့်ကြောင့် ချမ်း ပြုံးမိကာ.....
"မောင့်သဘော"
ချမ်း ဆိုတော့ နေ က ပျော်ရွှင်စွာ ချမ်းကိုယ်လေးတင်းတင်းပွေ့ဖက်သည်။
<<<<<<<>>>>>
3509words
male pregnancy ကြိုက်ကြလား
ကိုယ် ထည့်ရမလား မထည့်ရဘူးလား ဝေခွဲမရဖြစ်နေလို့ commentsလေးတွေ ချန်ထားခဲ့ကြပါအုံးနော်
ထည့်ပါဆိုတဲ့ commentsလေးတွေ ပိုများရင် ထည့်ပါ့မယ်။မထည့်ပါနဲ့ ဆိုတာကများရင် ထည့်မရေးတော့ဘူးနော်😁
ကိုမျိုးက ရေချိုးနေသော နေ့ကို အိမ်ပေါ်မှ လှမ်းမေးသည်။
"ရတယ်..ကိုမျိုး"
နေ ရေတဗွမ်းဗွမ်းလောင်းချိုးနေသည်ကိုရပ်ကာ ပြန်ဖြေလိုက်သည်။
ကိုမျိုးက ရယ်ရင်းစနောက်သည်။
"မဦးရပါဘူးဗျာ..."
"ဘေဘီ နိုးပြီးလား ...ရေချိုးရအောင်လေ"
"မောင် ချိုးနေတာကြာပြီမလား...မြန်မြန်ချိုးပြီး အဝတ်လဲတော့"
"ဘေဘီနဲ့ အတူချိုးမယ်အုံးလေကွာ.."
"မောင်နော်...ကလေးလို လုပ်မနေနဲ့...ချိုးပြီးအဝတ်လဲတော့...ချမ်း နောက်ဖေးဝင်အုံးမလို့"
ချမ်းက သူနဲ့ရေအတူချိုးရန်ကလေးလိုပူဆာနေသည့် နေ့ကို ခပ်တင်းတင်းလေးပြောပြီး အိမ်သာဘက်ကိုဆက်လျှောက်သွားသည်။
"မောင်!ကျနော် နှစ်ခါမပြောချင်ဘူးနော်..မြန်မြန်ချိုးပြီးအဝတ်အစားလဲတော့လို့"
စူးခနဲ ထွက်ပေါ်လာသည့် ချမ်း အသံလေးကြောင့် နေရေအတူချိုးရန် လက်လျှော့သွားသည်။
"အင်းပါကွာ"
နေ ချမ်းပြောသည်ကို နာခံပြီး ရေချိုးခြင်းလက်စသတ်ကာ ပုဆိုးကောက်လဲသည်။
"ဟုတ်..ကြည့်ပြီ အမေ"
"မောင့်ကိုလည်း စီးပေး"
"ဟင့်အင်း.."
"မောင်..ဖယ်ပါ လွှတ်"
"စည်းပေးမယ်လေ...လွှတ်"
"မောင် ခုတင်ပေါ်ထိုင်"
"အင်း"
"ရေချိုးရင် ဒီရှေ့ဆံပင်ကိုစည်းထားလေ မောင်ရဲ့...ကြည့်အုံး....ခု ရေတွေစိုကုန်ပြီ"
"ဟင်.."
"အ!..မောင်"
"ချမ်း..ချမ်း ရေသွားချိုးတော့မယ်"
"မောင် လာကူ ချိုးပေးဖို့လိုသေးလား"
"မ..မလိုပါဘူး"
"အမေ...အမေ့မြေးဖုန်း"
"ကောင်းပြီ"
"အင်း...ရေခဲမပါဘူးမလား"
"ကောင်းပြီ"
<<<<<<>>>>>>>>
"မောင် တကယ်ပြောတာနော်"
"တကယ်ပါဗျာ"
"ကြိုက်လား "
"မောင်နော်"
"ဒီည လည်း မောင်တို့...."
"ဟမ်.."
"မောင့်သဘော"
<<<<<<<>>>>>
3509words