ခေတ် ဒီနေ့စာမေးပွဲဖြေဖို့ ကျောင်းကိုလာတော့..လမ်းမှာ ခေတ်တို့အတန်းပိုင်နှင့်တိုးလေသည်..
"တီချယ်..ကျောင်းသွားမလို့လားဗျ"
တီချယ်လှမြတ်ထူးတစ်ယောက် သူ့ကိုနှုတ်ဆက်နေသည့်..လွင်ဘုန်းခေတ် ကို အထူးအဆန်းကြည့်နေပြီးနောက်
"အမယ်..ရှင်က အထူးအဆန်းနှုတ်တွေဘာတွေဆက်လို့" ဟု ပြန်ပြောလိုက်သည့်အခါ
"ဟာ..တီချယ်ကလည်း" ဟု ဆိုကာ.ခေါင်းအတောက်ကိုလက်နဲ့ပွတ်ပြီး မျက်နှာကိုအောက်ငုံ့နေသည်..
လှမြတ်..ထိုကလေးရဲ့ရှက်နေပုံကိုကြည့်ကာ..နောက်ချင်လာသောကြောင့်
"ဒါက ဘာဖြစ်တာလဲ..ရှက်တာလား"
"ဟာ..တီချယ်က ဘာတွေလာပြောနေမှန်းမသိဘူး..စာမေးပွဲအတွက်စာပြန်နွှေးရအုံးမယ်...သွားပြီ" ဟု ဆိုကာရှက်၍ထွက်ပြေးသွားသောကလေးကိုကြည့်ကာ
"ရှက်နေပုံက ချစ်စရာလေး" ဟု ထိုကလေးအကြောင်းတွေးကာ.ကျောင်းသို့လာခဲ့သည်
လွင်ဘုန်းခေတ်နှင့်လှမြတ်မှာ အသက်အလွန်ဆုံးကွာလည်း7နှစ်လောက်ပဲကွာမည်ဖြစ်သည်..လှမြတ်.၆ဘာသာဖြင့်အောင်မြင်ခဲ့သော်လည်း...ဆေးတက္ကသိုလ်ကိုမရွေးပဲ မိဘတွေကို အတိုက်အခံလုပ်ကာ..လှမြတ်ရဲ့အဒေါ်လိုမျိုး ကျောင်းဆရာမပဲလုပ်မည်ဟုဆိုကာ..ပညာရေးတက္ကသိုလ်ကိုပဲတက်ဖြစ်ခဲ့သည်...
B.Ed ဘွဲ့ယူပြီးနောက်..လှမြတ်ရဲ့အန်တီကျောင်းအုပ်ကြီးအဖြစ်တာဝန်ကျနေတဲ့ဤကျောင်းသို့postingကျခြင်းဖြစ်သည်..လှမြတ်ရဲ့အကိုက ဖေဖေ့ရဲ့ကုမ္ပဏီမှာပဲအလုပ်ဝင်လုပ်ပြီး..လှမြတ်ရဲ့အစ်မကတော့ ဆေးတက္ကသိုလ်က lectureဆရာမတစ်ယောက်ဖြစ်သည်...
လွင်ဘုန်းခေတ် ကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကတွေ့ဖူးသည်...
လွန်ခဲ့သော၅နှစ်ခန့်က လှမြတ် တက္ကသိုလ်ကနေ အိမ်ကိုအပြန်...စကိတ်စီးလာတဲ့လူငယ်တစ်စုထဲကတစ်ဦးကလှမြတ်ကိုဝင်တိုက်ပြီး..အုပ်စုလိုက်ကြီးထွက်ပြေးသွားသည်..ထိုစဥ်လမ်းလျှောက်လာတဲ့ကလေးတစ်ဦးက
"ဟာ..ဟေ့ကောင်တွေ..မမ..ထနိုင်ရဲ့လား..ကျွန်တော်ထူပေးမယ်" ဟု ဆိုကာ..လှမြတ်ကို ထူပေးပြီး..လှမြတ်ရဲ့စာအုပ်တွေကိုကောက်ပေးကာ
"အဲ့ကောင်တွေ...ခေတ်နဲ့တွေ့မယ်" ဟု ကြိမ်းဝါးနေလေသည်...
လှမြတ်ထိုကလေးရဲ့အမူအရာကိုကြည့်ကာ..ပြုံးလိုက်ပြီး
"မင်းက သူတို့ကိုဘာပြန်လုပ်လို့ရမှာတုန်း..ကလေးရဲ့" ဟု မျက်ခုံးပင့်ပြီးမေးလိုက်သောအခါ
"ဟာ..ဒါကတော့..လျှို့ဝှက်ချက်" ဟု ဆိုကာ..ခေါင်းအနောက်ကဆံပင်ကိုလက်နဲ့ပွတ်ပြီး ခေါင်းကိုအောက်ငုံ့နေသည်..
"မင်းကို..ဒီလမ်းထဲမှာ တစ်ခါမှမတွေ့ဖူးဘူး..ဒီလမ်းထဲမှာနေတာလား"
"မဟုတ်ဘူး...ခေတ်က ဒီလမ်းထဲကအိမ်ကို ခေတ့်အန်တီနဲ့အလည်လိုက်လာတာ..အဲဒါအိမ်မမှတ်မိတော့လို့ ဟီး" ဟု ရယ်ကာပြောနေသည်
"ဟမ်...အဲဒါဆိုဘယ်လိုလုပ်မလဲ..မင်းရဲ့အိမ်လိပ်စာရောမှတ်မိလား"
"အဲဒါတော့.မှတ်မိတာပေါ့ မမရဲ့"
"အဲဒါဆို..မမတို့အိမ်ကိုခဏလိုက်ခဲ့..ပြီးရင်ကလေးရဲ့အိမ်ကိုလိုက်ပို့ပေးမယ်နော်" ဟု ဆိုကာ လှမြတ်လည်းအိမ်ကိုခေါ်လာခဲ့လိုက်သည်..အိမ်ရှေ့ရောက်တော့လွင်ဘုန်းခေတ်တစ်ယောက်ခုနကသူလာလည်သည့်အိမ်ကိုမှတ်မိသွားပြီး
"မမ...ဒီအိမ်က မမတို့အိမ်လား" ဟု လှမြတ်ကိုမော့ကြည့်ပြီးမေးနေသည့်ကလေးကို
"ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ"
"ဟီး..အဲဒါဆိုသွားရအောင် မမ"
"နေပါအုံး...သွားရအောင်လို့ပြောရအောင်..ရှင်ကအိမ်ရှင်လား ကျွန်မကအိမ်ရှင်လား"
"မမက အိမ်ရှင်ပါဗျ..မမက အရမ်းချစ်ဖို့ကောင်းတာပဲ..ဟီး"
"အမယ်လေး..ဒီအသက်အရွယ်လေးနဲ့ငါ့ကိုလာကြောင်နေတယ်"
"ကြောင်တယ်ဆိုတာဘာကိုပြောတာလဲမမ ခေတ်က မမကိုချစ်ဖို့ကောင်းတယ်လို့ပြောတာပါ..ကြောင်တယ်လို့လည်းမပြောဖူးပါဘူး"
"ဟုတ်ပါပြီရှင့် အရမ်းစကားများတာပဲ.လာ..လိုက်ခဲ့ ပြီးရင် အိမ်ကိုလိုက်ပို့ပေးမယ်"
"ဟုတ်..မမ" ဟု ဆိုကာ နှစ်ယောက်သား အိမ်ထဲသို့ဝင်လာခဲ့သည်...
ခြံထဲရောက်တော့..လှမြတ်တို့အိမ်က အိမ်အကူတွေက
"ဧည့်သည်ကလေးလေးပြန်လာပြီဟေ့...လှမြတ်လေးနဲ့အတူတူပါလာတာ" ဟု အော်ပြောနေကြသည်..
"ဘာဖြစ်လို့တုန်း..အစ်မတို့ရဲ့"
"ဘာဖြစ်ရမှာလဲ T&L groupက ဒေါ်ယမင်းသစ်နဲ့အတူပါလာတဲ့သူ့တူမလေးပျောက်လို့လိုက်ရှာရတာ.အစ်မတို့မှာမောနေတာပဲ"
"အန်တီယမင်းရောက်နေတာလား" ဟု မေးလိုက်တော့..ဖေဖေမေမေတို့နဲ့အတူ အန်တီယမင်းထွက်လာပြီး..
"ဟုတ်တယ်.သမီးရေ..အန်တီ့တူမကိုခေါ်လာတာ..ခြံထဲခဏသွားထိုင်မလို့လို့ပြောပြီး..အပြင်ခိုးထွက်သွားတာ ပြန်မလာလို့စိတ်ပူနေကြတာ."
"ဟမ်..အန်တီ့တူမလေးကဘယ်သူလဲ.."
"အဲ့မှာလေ..သမီးနဲ့အတူတူပါလာတဲ့တစ်ယောက်လေ"
"ဟမ်" လှမြတ်လည်းအံ့သြသွားပြီးထိုကလေးကိုကြည့်လိုက်တော့သွားများပေါ်သည်အထိပြုံးပြပြီး..လှမြတ်ကိုကြည့်နေသည်..
"ဟုတ်တယ်..သမီးရေ..သမီးအန်တီယမင်းနဲ့မေမေတို့မှာ..သူအိမ်ရှေ့ခြံထဲမှာရှိတယ်ဆိုပြီး..စကားအေအေးဆေးဆေးပြောနေကြတာ..ထွက်ကြည့်တော့သူကမရှိတော့ဘူး"
"သမီးကသူ့ကိုလမ်းမှာတွေ့ခဲ့တာ..သူအလည်လာတဲ့အိမ်ကိုမမှတ်မိတော့ဘူးတဲ့ သူ့အိမ်လိပ်စာတော့မှတ်မိတယ်ဆိုလို့..ပြန်ပို့မလို့အိမ်ကိုခဏခေါ်လာတာ"
"သမီးနဲ့တွေ့လို့တော်သေးတယ်"
"သမီးက..သူ့ကိုယောက်ျားလေးလို့ထင်နေတာ"
"သူကအဲ့လိုယောက်ျားလေးလိုပဲနေတာ..သမီးရေ" ဟု ဆိုကာ ထိုကလေးကိုခေါ်ပြီးအားလုံးအိမ်ထဲကိုဝင်လာခဲ့ကြသည်.
လှမြတ် လွန်ခဲ့တဲ့၅နှစ်က အကြောင်းတွေပြန်တွေးရင်းလမ်းလျှောက်လာခဲ့တာ..ကျောင်းဝန်းထဲကိုရောက်မှန်းမသိရောက်လာသည်...
"ဟယ်..ငါ.ကျောင်းထဲတောင်ရောက်လာပြီပဲ"
ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့ လွင်ဘုန်းခေတ်တစ်ယောက်..သူ့သူငယ်ချင်းတွေဖြစ်တဲ့..ဂျူးမြတ်ထက်နဲ့ထက်မွန်ဆွေတို့နှစ်ယောက်နဲ့အတူစာကြည့်နေကြသည်...
လှမြတ်၏စိတ်ထဲ၌လည်း..ဒီကလေးသုံးယောက်ကတော်တော်ချစ်ကြတာပဲ ဟုကောက်ချက်ချလိုက်သည်
"ဟဲ့.ထက်မွန်ဆွေ..နင်စာတွေရပြီလား.."
"အင်း...ရသင့်သလောက်တော့ရပါတယ်..ဟဲဟဲ"
"ဘာတွေရတာလဲ..ရည်းစားစာတွေလား..ဟားဟား"ဟု နောက်လိုက်သဖြင့်ထက်မွန်ဆွေတစ်ယောက်ဒေါပွကာ..
"လွင်ဘုန်းခေတ် နင်လွတ်အောင်ပြေး" လို့ပြောပြီးလိုက်ရိုက်လေသည်...
ခေတ်လည်းအနောက်ကထက်မွန်ဆွေလိုက်ရိုက်လို့ပြေးရင်း..လမ်းလျှောက်လာတဲ့..အိမ့်ကြည်ဖြူကိုဝင်တိုက်မိလေရာ..အိမ့်ကြည်ဖြူလက်ထဲကကော်ဖီခွက်က ကော်ဖီတွေသူ့ဖိနပ်ပေါ်သို့ဖိတ်ကျလေသည်...
"ဟာ..သွားပြီ..sorryပါ ငါမမြင်လို့ဝင်တိုက်မိတာ" ဟု ခေတ်ဘက်ကတောင်းပန်နေပေမယ့်..အိမ့်ကြည်ဖြူဘက်က မကျေအေးပေးသည့်အပြင်
"နင်လိုကောင်မျိုးက ငါ့ကိုဝင်တိုက်စရာမလိုဘူး..ရော့..အင့်ဟယ်" ဟု ဆိုကာ လက်ထဲမှာကျန်နေသေးသည့်ကော်ဖီခွက်နှင့်ခေတ်ရဲ့အင်္ကျီကိုပက်လိုက်သည်..
"ဟာ..နင်နည်းနည်းတော့လွန်သွားပြီ..အိမ့်ကြည်ဖြူ" ဟု အပြန်အလှန်ရန်ဖြစ်နေကြသည်..
လွင်ဘုန်းခေတ်နဲ့အိမ့်ကြည်ဖြူတို့နှစ်ယောက် ရန်ဖြစ်သည့်နေရာသို့ လှမြတ်ရောက်သွားပြီး..
"ဟေ့..ကလေးတွေဘာဖြစ်နေကြတာလဲ"
"ဘာမှမဖြစ်ဘူး.." ဟု ခေတ်ဘက်ကပြောလိုက်ပေမယ့်
"ဘာကိုဘာမှမဖြစ်ရမှာလဲ...ငါမြင်လိုက်တယ်"
"ဘာမှမဖြစ်ပါဘူး..အခန့်မသင့်လို့..ကော်ဖီခွက်မှောက်ကျတာ"
လှမြတ် သူ့ဘက်ကနေဝင်ပြောပေးဖို့မေးနေပေမယ့်..ဘာမှမဖြစ်ပါဘူးဟုပဲ ဖြေနေသည့်သူ့ကြောင့်
"ဘာမှမဖြစ်ရင်လည်း...ပြီးရော..သွား.စာမေးပွဲဖြေဖို့ စာပြန်နွှေးနေကျ..ခဏနေရင်ဖြေရတော့မယ်"
"ဟုတ်ကဲ့" ဟု ဆိုကာ..စာမေးပွဲအတွက်စာပြန်နွှေးနေလိုက်သည်...
ဂျူးမြတ်က
"ဟဲ့..လွင်ဘုန်းခေတ်...နင်ဘာလို့ဆရာမနဲ့မတိုင်လိုက်တာလဲ"
"ထားလိုက်ပါဟာ..ငါဘယ်သူ့ကိုမှပြဿနာမဖြစ်ချင်ဘူး..ဖြေရှင်းရမယ့်အရာဆိုငါဝေးဝေးကရှောင်တယ်" ဟု ပြန်ဖြေလိုက်ရာ
ထက်မွန်ဆွေက
"နင်ကလူတစ်မျိုးပဲလွင်ဘုန်းခေတ်.."
"ငါကလူမဟုတ်လို့နတ်ဖြစ်ရမှာလား"
"ဟဲ့ကောင်..ငါပြောတာက..နင်ကပြဿနာဖြစ်မယ့်အရာတွေဆိုဝေးဝေးကရှောင်ပြီး..နင့်ရဲ့အကြောင်းတွေလည်းလျှို့ဝှက်ထားတယ်"
"နောက်တော့ နင်တို့ငါ့ရဲ့အကြောင်းတွေသိရမှာပါ.."
"အင်းပါ..ငါတို့ကနင့်ရဲ့သူငယ်ချင်းဆိုတာ.မမေ့လိုက်နဲ့နော်"
ခေတ်သူတို့ကိုခေါင်းငြိမ့်ပြပြီး..စာမေးပွဲဖြေမည့်အခန်းထဲသို့ဝင်လာခဲ့သည်..
*************
စာမေးပွဲကြီးဖြေပြီး၍ သီတင်းကျွတ်ကျောင်းပိတ်ရက်ကိုရောက်လာခဲ့ပြီဖြစ်သည်..ခေတ်လည်း..အန်တီလေးကို ကန်တော့ဖို့အတွက် ရန်ကုန်ကိုပြန်ရောက်နေပြီဖြစ်သည်..
"ခေတ်ရေ..ခေတ်"
အန်တီလေး၏ ခေါ်သံကြောင့် ခေတ် အန်တီလေးအခန်းသို့သွားကာ
"အန်တီလေး..ခေတ်ကိုခေါ်သေးလား"
"အင်း..ဟုတ်တယ်...ညနေကျရင်အန်တီလေးနဲ့အပြင်ခဏလိုက်ခဲ့နော်..အန်တီလေးအသိအိမ်က ထမင်းစားဖိတ်ထားလို့"
"ဟုတ်..အန်တီလေး"
ခေတ်ဘယ်ကိုမှမသွားချင်ပါ..အထူးသဖြင့်ခေတ်ကို T&L groupရဲ့ဆက်ခံသူလို့သိထားသည့်နေရာမျိုးဆိုပိုလို့မသွားချင်ပါ..သို့ပေမယ့်အန်တီလေးစိတ်ချမ်းသာအောင်လိုက်သွားရမည်ဖြစ်သောကြောင့်..ခေါင်းငြိမ့်လိုက်ရသည်
လှမြတ်တို့အိမ်မှာ အန်တီယမင်းသစ်တို့တူအရီးတွေကိုထမင်းစားဖိတ်ထားတာကြောင့်..သူတို့လာမည့်အချိန်ကိုစောင့်နေမိသည်..
"ညီမလေး..ဘာထိုင်လုပ်နေတာလဲ" ဟု ကိုကိုကမေးလာသဖြင့်
"ပျင်းလို့ထိုင်နေတာ..ဟီးဟီး"
"ဘာလဲ..ညီမလေးက ညီမလေးရဲ့ကလေးလေးကိုစောင့်နေတာလား"
"ဟာ..ကိုကိုကလည်း..ညီမလေး.သူ့ကိုမစောင့်ပါဘူး..ပြီးတော့သူကညီမလေးကိုကျောင်းမှာတွေ့တာတောင်မမှတ်မိဘူး"
"ဟင်..ဟုတ်လား..ငါ့ညီမလေးခမျာမှာတော့.သူ့ကလေးလေးက သူစာသင်နေတဲ့ကျောင်းမှာလာတက်တော့မှာဆိုပြီးပျော်နေတာ"
"ဟာ..ကိုကိုနော်..ဘာကိုသူ့ကလေးလေးလဲ..အဲဒီလွင်ဘုန်းခေတ်ကအရင်တုန်းကလိုမဟုတ်တော့ဘူး..အရွယ်နဲ့မလိုက်အရမ်းရင့်ကျက်လာတယ်"
"ငါ့ညီမလေးက..သူ့အပေါ်ရိုးရောရိုးရဲ့လား"
"ဟာ...ကိုကိုနော်...ဘာတွေလာမေးနေတာလဲ..သွားပြီ..အခန်းထဲသွားတော့မယ်" ဟု အစ်ကိုဖြစ်သူအား ပြောကာ..ထွက်လာခဲ့လိုက်သည်...
အန်တီလေးကိုထမင်းစားဖိတ်ထားတဲ့အိမ်ရှေ့ကိုရောက်တော့..
"အန်တီလေး..ခေတ်တို့လာတာ..ဒီအိမ်လား"
"အင်း..ဟုတ်တယ်လေ..."
"ဒါဆို..ဟိုမမတို့အိမ်ပေါ့" ဟု တွေးကာ..ကားပေါ်ကနေဆင်းလာခဲ့ကြသည်...
ခေတ်တို့ကားပေါ်ကဆင်းလာသည်နှင့်..အိမ်သားများကလာကြိုကြပြီး...ထိုအိမ်သားထဲက အကိုကြီးတစ်ယောက်က
"ညီမလေးကို..သွားခေါ်လိုက်အုံးမယ်.." ဟု ဆိုကာ..ထွက်သွားသည်...
ခေတ်တို့..သွားလည်သည့်အိမ်ကဧည့်ခန်းထဲမှာထိုင်နေပြီး..ခဏကြာတော့..အိမ်ပေါ်ကဆင်းလာသည့် သူကိုကြည့်လိုက်တော့..
"ဟင်...တီချယ်" ဟု ပါးစပ်အဟောင်းသားနှင့်ငေးနေမိသည်..တီချယ့်ကိုအဖြူအစိမ်းနဲ့ပဲမြင်ဖူးသည်..အခုလိုလူငယ်ဆန်ဆန်ဂါဝန်နှင့်တစ်ခါမှမမြင်ဖူးသည့်အတွက် ငေးလို့မဝနိုင်ပေ..ကိုယ့်ရဲ့ဘယ်ဘက်ရင်ဘတ်ခြမ်းက အကောင်ငယ်ကလည်း..အလိုက်မသိစွာ..ခုန်နေသည်..ထို့ကြောင့်ခုန်နေသည့်ရင်ဘတ်ကိုလက်နှင့်ဖိကာ..
"မဖြစ်သင့်ဘူး..လွင်ဘုန်းခေတ်ရေ..မင်းရင်ခုန်နေတဲ့သူက.. သူကမင်းရဲ့ဆရာမ" ဟု စိတ်ထဲကနေ..ကိုယ့်ကိုယ်ကို.အသိပေးနေရသည်...
လှမြတ်လည်း..လွင်ဘုန်းခေတ် ဘေးနားကနေရာလွတ်မှာဝင်ထိုင်လိုက်ပြီး
"ဒီတစ်ခါ..အပြင်ထွက်သွားရင် အိမ်ကိုတော့မှတ်မိတယ်မဟုတ်လား.." ဟု ရွှတ်နောက်နောက်နဲ့မေးလိုက်တော့
"ဗျာ...အဲဒါဆို..တီချယ်က ဟိုမမပေါ့" ဟု တအံတသြမေးနေမိသည်...
"အင်းလေ..ရှင်ကသာ..ကျွန်မကိုမမှတ်မိတာ"
"Sorryပါ...တီချယ်ကအရမ်းလှလာလို့မမှတ်မိဘူးဖြစ်သွားတာ" ဟု ငယ်ငယ်တုန်းကလို သွားလေးတွေြော်သည်အထိပြောနေပြန်ပြီ..
သူ့ရဲ့အဲ့လိုပုံစံလေးတွေကိုပဲ..လှမြတ်မှာချစ်နေရတာ...သူသာအသက်ပြည့်ရင် အဖေနဲ့အမေကိုသူနဲ့လက်ထပ်ပေးဖို့ပူဆာမိမှာအမှန်ပေ...သူတို့သဘောမတူလည်း..လှမြတ်ခိုးပြေးမှာ..အရေးကြီးတာက လွင်ဘုန်းခေတ် တစ်ယောက် လှမြတ်ကိုချစ်လာအောင်ကြိုးစားရပေမည်..
********************************
၅ရက်လောက်စောင့်ခိုင်းထားပေ
မယ့်.updateမျှော်နေကြတယ်ဆိုလို့..ဒီနေ့ပဲ.မြန်မြန်upပေးလိုက်ပါတယ်..