Say I Love You

By No_Reason2110

1.5K 250 35

ပန်းပင်လေးတွေ ပျိုးမယ်။ ဓါတ်ပုံလှလှ ရိုက်မယ်။ ပြီးတော့ မင်းကိုချစ်တယ်လို့ နေ့တိုင်းပြောမယ်။ More

-1-
-3-
-4-

-2-

261 63 4
By No_Reason2110

ကင်မရာတစ်လုံးကို ကိုင်ပြီး ငိုက်စိုက်ငိုက်စိုက်နဲ့ ပြန်လာတဲ့ ပတ်ချန်းယောလ်ကို ခြံထဲက ကွပ်ပစ်ပေါ်မှာ ထိုင်ရင်း လှမ်းမြင်နေရတယ်။ လမ်းက ဖြူးနေလို့သာ ဘာမှမဖြစ်သေးတာ။ လမျက်နှာပြင်လို လမ်းဆို ဒီလို ရှေ့မကြည့်ဘဲ လျှောက်ပုံနဲ့မှောက်ရက်လဲပြီး အဲ့ကင်မရာကျကွဲလောက်ပြီ။

" ရှေ့ကြည့်လျှောက်ပါဟ။ မမြင်ဖူးတာတွေ ကျနေတာပဲ။ အသဲအသန် "

" မမြင်ဖူးတာတွေ မို့လို့ပေါ့ကွ "

ကွပ်ပျစ်ပေါ် ဝင်ထိုင်ပြီး ကင်မရာကို ဘေးချ ပုခုံးကို လက်သီးနဲ့ ပစ်ထိုးရင်း ဝင်ထိုင်လာတယ်။ ဘာမှပြောမနေဘဲ နေ့လည်စာ ချက်ဖို့ ပြင်နေတဲ့ မမကိုပဲ ဟင်းရွက်တွေ ကူပြီး သင်ပေးနေလိုက်တော့တယ်။

" ချန်းယောလ် အထုပ်ချ၊ နှုတ်ဆက်ပြီးရုံရှိသေး ဘယ်ပျောက်သွားတာလဲလို့ "

" အကြာကြီး ကားမောင်းလာရတော့ အညောင်းအညာပြေ လမ်းလျှောက်ရင်း ရွာထိပ်ထိ ရောက်သွားတာ "

' ခြေကိုရှည်တယ် '

" ခြေတံလည်း ရှည်တယ်လေ "

ခြေထောက်ကို ဆန့်ထုတ်ပြရင်း ချေပလိုက်တော့ ဂျီဝူးရဲ့ ခပ်တိုတိုး မေတ္တာပို့သံကို ကြားလိုက်ရတယ်။ ဂရုစိုက်မနေဘဲ ကင်မရာကို ပြန်ကောက်ကိုင်လိုက်ပြီး ဟင်းရွက်တွေ သင်နေတဲ့ မမဆီကို ထိုးပြလိုက်ရင်း ....

" မမ ဒီမှာကြည့်။ ကျွန်တော် ဒီအထိ ရောက်သွားတာ "

" အယ် .. ဘတ်ခ်ဟျွန်းနီး ခြံထဲအထိ ရောက်သွားတာလား "

" ဟုတ်တယ်။ သူ့အိမ်နဲ့ ခြံလေးက တအားလှတာ မမရာ၊ ကျွန်တော်ဖြင့် ဓါတ်ပုံရိုက်လို့တောင် မဝဘူး။ မကောင်းတတ်လို့သာ ပြန်လာရတာ "

" လူလေးကရော မလှဘူးလား ..? "

မမရဲ့ ပြုံးစစ အမေးကို ချန်းယောလ် မျက်လုံးထောင့်ကပ်စဉ်းစားမိသွားတယ်။

ယောကျာ်းလေးလှတယ်ဆိုတာမျိုး နည်းနည်း တစ်မျိုးပေမယ့် အဲ့ဘတ်ခ်ဟျွန်းဆိုတဲ့ ကောင်လေးကလည်း တကယ်တစ်မျိုးလေး။ အဲ့ကောင်လေးက လက်ချောင်းလေးတွေ၊ ဆံပင်လေးတွေက အစ လှနေတာမလား။ အသားအရည်ကလည်း နို့နှစ်ရောင် ဖွေးဖွေးလေး။ ကိုယ်နဲ့ ယှဉ်လိုက်ရင် ကိုယ့်ထက် အများကြီး လှနေတာမျိုးလေးလေ။ သူကြားရင် စိတ်ဆိုးလောက်မလား မသိပေမယ့် အဲ့ဘတ်ခ်ဟျွန်းဆိုတာလေးက ယောကျာ်းဆန်ဆန်တစ်မျိုးလေး လှတယ်။

" ပိုးဟပ်ဖြူလေးလိုပဲ "

" ဘယ်သူ့အကြောင်းပြောနေတာလဲ "

တစ်ချိန်လုံး ဘေးမှာ တိတ်နေတဲ့ ဂျီဝူးက စကားဝိုင်းထဲ ဝင်လာပြီး စပ်စုတာမို့ ကင်မရာကိုပြလိုက်တယ်။

" ဪ .. ပျိုးခြံထဲ ရောက်သွားတာပဲ "

" မင်းသိတာလား "

" သိတယ်လေ။ အရင်က အဲ့ခြံက ပိတ်ထားတာ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ အိမ်ငှားတင်လိုက်တာမလား မမ။ ရွာလူကြီး အိမ်ဆို "

" အင်း၊ ဟုတ်တယ်။ အဲ့ကလေးက ဒီနေရာကို ဘယ်ကနေ ဘယ်လို ရှာရှာဖွေဖွေ တွေ့လာလဲ မသိပါဘူး။ ရွာလူကြီးကလည်း ဒီတိုင်းပိတ်ထားမယ့် အတူတူဆိုပြီး ငှားလိုက်တာတဲ့။ အခု သူ့ခြံက လှပနေတာကို မြင်ပြီး သူစိုက်ထားတာ မဟုတ်ဘဲ သူ့ခြံဆိုပြီး လူတကာကို လိုက်ကြွားနေလေရဲ့ "

မမက နှာခေါင်းလေး ရှုံ့ရင်းပြောပြီး သင်ပြီးသား ဟင်းရွက်ဗန်းလေးကို မ,ကာ အိမ်ပေါ်ပြန်တက်သွားတယ်။ နေရာမှာ ကျန်ခဲ့တဲ့ ချန်းယောလ်နဲ့ ဂျီဝူးကလည်း ရှင်းစရာရှိတာရှင်းပြီး အဝတ်အစားလဲဖို့ ရေချိုးဖို့ ပြင်လိုက်တော့တယ်။



---- Say I Love You ----



နောက်နေ့ ညနေခင်း၊ အိမ်ရှေ့က ခေါင်းလောင်းလေး မြည်သံကြောင့် ထွက်ကြည့်တော့ ခြံဝမှာ ပြုံးပြနေတဲ့ မနေ့က ဓါတ်ပုံဆရာ။

" ဪ၊ ချန်းယောလ်ရှီး "

တံခါးသွားဖွင့်ပေးတော့ အတူတူလျှောက်ဝင်လာရင်း သူကပဲ စကားစတယ်။

" ဓါတ်ပုံလာပေးတာဗျ။ ဒါပေမဲ့ ကျွန်တော့် Laptop က အားကုန်သွားပြီး ကြိုးလည်း မေ့ကျန်ခဲ့လို့ Card ပဲ ဖြုတ်ယူလာခဲ့တယ်။ ဘတ်ခ်ဟျွန်းမှာ ကွန်ပျူတာရှိရင် တစ်ခါတည်း ကူးထည့်ပေးလို့ရမလား "

" ရတယ်ဗျ။ ချန်းယောလ်ကို အလုပ်ရှုပ်မိပြီ "

" မဟုတ်တာ။ ဒီလိုရှုခင်းမျိုး အလကား ရိုက်ခွင့်ရလို့ ကျွန်တော်ကတောင် ကျေးဇူးတင်နေတာ "

အိမ်အတွင်းပိုင်းလေးက ရိုးရိုးရှင်းရှင်း။ အိမ်ရဲ့ ဝင်ဝင်ချင်း ဘယ်ဘက်၊ အိမ်ရှေ့ကို လှမ်းမြင်နေရတဲ့ ပြတင်းပေါက်ဘေးနားမှာ ခြေထောက်ရှည် စားပွဲဝိုင်းလေးနဲ့အတူ ထိုင်ခုံလေး နှစ်ခုံပဲချထားတယ်။ ဘေးမှာ မီးဖိုလေးက သပ်သပ်ရပ်ရပ်။

ညာဘက်ခြမ်းမှာတော့ ဧည့်ခန်းလို့ ယူဆရပေမယ့် ဧည့်ခန်းမကျ စာဖတ်ခန်းမကျ ပုံစံလေး။ စာအုပ်စင်တချို့ရှိနေပြီး ပြတင်းပေါက်ဘေးနားမှာ အခင်းလေးနဲ့ ဖတ်လက်စ စာအုပ်တစ်အုပ်ချထားတာကို တွေ့ရတယ်။ ပြတင်းအပြင်မှာတော့ မြင်နေရတဲ့ မေပယ်ပင်တွေ။

အိမ်ကနေ ဝင်ဝင်ချင်း တန်းတန်းလျှောက်ရင် နောက်ဖေးပေါက်ကို တန်းမြင်နေရပြီး၊ နောက်က ပန်းခင်းကြီးကိုပါ ဝင်ပေါက်ကနေ လှမ်းမြင်နေရတာက အိမ်ရဲ့ ထူးခြားချက်ဖြစ်မလား။

" ဒီမှာ ခဏထိုင်ဦးနော်။ "

စောစောက စားပွဲဝိုင်းလေးမှာ ထိုင်ခိုင်းပြီး သူက လှစ်ခနဲ ပျောက်သွားတယ်။ ခဏနေတော့ ထပ်ခိုးလို နေရာလေးကနေ Laptop တစ်လုံးပိုက်ပြီး ဆင်းလာတာကို တွေ့လိုက်ရတယ်။

" ချန်းယောလ် အဆင်ပြေသလို ကူးထည့်ပေးနော်။ ကျွန်တော့်ကို File Name ပြောရင်ရပြီ "

" ရှာရလွယ်အောင် Desktop ပေါ်ပဲ တင်ပေးခဲ့မယ်နော် "

" ဟုတ်ကဲ့။ ချန်းယောလ် ကော်ဖီသောက်တယ်မလား .?"

မေးခွန်းကြောင့် လှည့်ကြည့်မိတော့ ကော်ဖီခွက်နှစ်ခွက်ကိုင်ပြီး အဖြေစောင့်နေသလို ကောင်လေးကို တွေ့လိုက်ရတယ်။

" အယ်၊ ခဏလေးဆို ပြီးပြီကို "

" ခဏလေးလည်း ကော်ဖီတစ်ခွက်လောက်တော့ သောက်ပြီးမှ ပြန်လေ။ တစ်ခုခု ဧည့်ခံလိုက်ချင်လို့ "

" အဲ့ဒါဆိုလည်း မငြင်းတော့ပါဘူး "

" အပေါ့လား၊ ခါးခါးလား "

" ကျွန်တော်က ခါးခါးလေး "

သူ့ကိုပြောနေရင်း ကွန်ပျူတာဖွင့်၊ ကူးစရာရှိတာ ကူးပေးနေလိုက်တယ်။ ပုံတွေကို ပြန်ကြည့်တော့ လှတာတော့ လှပါရဲ့။ Professional ဓါတ်ပုံဆရာရိုက်တာမို့ ရှုထောင့်၊ ဘာညာ အနေအထားက ပြောစရာမရှိ။ ဒါပေမဲ့ Retouch မလုပ်ရတော့ နည်းနည်းတော့ လိုအပ်နေသလို ခံစားနေရသေးတယ်။

ကိုယ့် ကွန်ပျူတာထဲမှာဆို Software ကအစ လိုတာ အကုန်ရှိတော့ အဆင်ပြေပေမယ့် ဘတ်ခ်ဟျွန်းက ဓါတ်ပုံတောင် မရိုက်တတ်တဲ့သူဆိုပြီး ဝန်ခံထားတာမလို့ မျှော်လင့်စရာမရှိ။

" ဝါး.. တကယ်လှတာပဲ "

ကော်ဖီခွက်လေး ဘေးမှာ ချပေးလာသူက  ဘေးက ခုံလေးကို ဆွဲထိုင်ရင်း ပြောလာတယ်။

" Retouch မလုပ်ရတော့ တစ်မျိုးလိုနေသလိုပဲ။ ဘတ်ခ်ဟျွန်း ကွန်ပျူတာကို နည်းနည်းပိုသုံးလို့ ရမလား "

" ရပါတယ်။ လိုသလို သုံးလေ "

" အိုခေ "

လက်ဆစ်တွေ ဘယ်ညာချိုး၊ ဇာတ်ကြောတွေ လှည့်ပြီးတာနဲ့ ပတ်ချန်းယောလ်က ကွန်ပျူတာထဲ အာရုံအပြည့်အဝ ပြန်စိုပ်သွားတယ်။

ကိုယ်မသိတဲ့ Software တွေ Download ချတယ်။ သူ့ ဖုန်းထဲမှာ မှတ်ထားတာတွေ ထုတ်ကြည့်ပြီး LogIn ဝင်တယ်။ ပြီးတာနဲ့ ပုံတွေကို တစ်ပုံချင်း စိတ်ရှည်လက်ရှည် ပြင်တော့တာ။

လက်နှစ်ဖက်က မရပ်မနား တတောက်တောက် နှိပ်ရင်း အလုပ်လုပ်နေတဲ့ ပုံစံက ပညာရှင်ပီသစွာ ကျွမ်းကျင်မှုအပြည့်နဲ့။ မျက်ခုံးနှစ်ဖက်က အနည်းငယ်ကျုံ့ပြီး မျက်လုံးတွေက ကွန်ပျူတာ စခရင်ကလွဲရင် တခြားမှာ အာရုံမရှိ။

တစ်ခုခုကို အာရုံစိုက်နေတဲ့ အမျိုးသားတွေက ဒီလိုလည်း ကြည့်ကောင်းသေးတာလား။

" ချန်းယောလ်၊ ကော်ဖီသောက်ရင်း လုပ်ပါလား။ အေးသွားရင် သောက်လို့မကောင်းတော့ဘဲ နေလိမ့်မယ် "

" ဟုတ်သားပဲ။ သောက်ဖို့ မေ့နေတာ "

ပြောပြောဆိုဆို တစ်ငုံ ယူသောက်ပြီး မျက်ခုံးပင့်သွားကာ နောက်တစ်ခါ ထပ်သောက်ရင်း မျက်လုံးချင်း ဆုံအောင် ကြည့်လာတယ်။

" ကော်ဖီဖျော်တာလည်း ဘတ်ခ်ဟျွန်းက Pro ပဲနော် "

" ကျေးဇူးတင်ပါတယ် "

ရယ်ရယ်မောမော တုန့်ပြန်မိတော့ ကွန်ပျူတာဘက် ပြန်လှည့်သွားပြီး ပုံဆက်ပြင်ရင်းကနေ ပြောလာပြန်တယ်။

" တကယ်ပြောတာ။ ကျွန်တော်သောက်ဖူးတဲ့ အိမ်ဖျော်တွေထဲ ဘတ်ခ်ဟျွန်းကော်ဖီက ကျွန်တော့် taste နဲ့ ကွက်တိအကျဆုံးပဲ "

" နောက်လည်း ဖျော်တိုက်ရတော့မယ် ထင်တယ် .. ဟားဟား "

သိပ်မရယ်ရတဲ့ ဟာသကို ခပ်ပေါ့ပေါ့ ရယ်မောမိတော့ သူကပါ လိုက်ရယ်ရင်း လုပ်နေတာကို လက်စသတ်တယ်။ ပုံတွေကတော့ မူရင်းပုံတွေထက် အရောင်အသွေးတွေ ပိုလှသွားတာတော့ အမှန်ပဲ။

" အရမ်းမိုက်တာပဲ။ ကျေးဇူးပါ ချန်းယောလ် "

" ကော်ဖီဖိုး ပြန်ပေးတာလို့ သဘောထားလိုက်ပေါ့ "

" မဟုတ်တာ။ ဓါတ်ပုံဆရာခေါ်ရိုက်ရင် ကော်ဖီဖိုးလောက်နဲ့ ပြီးမယ် မထင်ဘူး။ ချန်းယောလ် ဒီကနေ ဘယ်တော့လောက် ပြန်မှာလဲ "

" နောက် ၃ ရက်လောက်နေရင် ပြန်ဖြစ်မယ် ထင်တယ်ဗျ "

အဲ့ဒီကနေ စကားနည်းနည်း ဆက်ဖြစ်ကြတော့ သူ့သူငယ်ချင်းရဲ့ အဘွားက ဒီမှာနေတာဖြစ်ပြီး သူလည်း မလာရတာကြာလို့ အလည်လိုက်လာတာလို့ သိရတယ်။

မိသားစုထဲမှာ အငယ်ဆုံးသား ဖြစ်ပြီး အစ်မဖြစ်သူက အိမ်ထောင်ကျပြီးသား၊ သူကတော့ ကင်မရာတစ်လုံးနဲ့ လေလွင့်နေတုန်းပဲဆိုပြီး ဟာသနှောပြီး ပြောသွားသေးတယ်။

" ဒါနဲ့ ဘတ်ခ်ဟျွန်းက ဘယ်နှခုနှစ် မွေးတာလဲ ..? "

" ၉၂ ခုနှစ် ၅ လပိုင်းဗျ။ ချန်းယောလ်ကရော ..? "

" ကျွန်တော်လည်း ၉၂၊ ၁၁ လပိုင်းဗျ။ ဘတ်ခ်ဟျွန်းက ကျွန်တော့်ထက် ၆ လလောက် ကြီးသေးတာပဲ။ ကျွန်တော့်ထက် ၂/၃ နှစ်လောက် ငယ်မယ် ထင်နေတာ "

အရွယ်မတိမ်းမယိမ်း ယောကျာ်းသားတွေမို့ စကားဝိုင်းက ပျင်းစရာမရှိ။ ဖြတ်သန်းလာတဲ့ ခေတ်အခါက အတူတူဖြစ်နေခဲ့တာမို့ နှစ်ယောက် အတူတူသိတဲ့ အကြောင်းအရာပေါ် ရောက်သွားရင် ' ဟုတ်တယ် ဟုတ်တယ်။ အဲ့တုန်းကလေ ' ဆိုတာမျိုး ပြောပြီး ထထရယ်ကြမိသေးတာ။ ဥပမာ 2000 ဝန်းကျင်တွေမှာ ခေါက်ဖုန်းလေးတွေ ပေါ်လာတဲ့ အချိန်ကို ပြောကြတဲ့အခါမျိုးလိုပေါ့။

အဲ့ဒီကနေ ကိုယ့်အကြောင်းကို ရောက်လာပြန်တော့ မိဘတွေက ဘူချွန်းမှာနေပြီး အိမ်ထောင်ကျပြီးသား အစ်ကိုတစ်ယောက်ရှိကြောင်းနဲ့ Freelance Architecture တစ်ယောက်ဖြစ်ကြောင်း ပြောပြမိတော့ သူက အံ့ဩနေသေးတယ်။

" ဒီလိုပါပဲ။ အကြောင်းကြောင်းကြောင့် တစ်ယောက်တည်း နေဖြစ်သွားတာ။ မိဘအိမ် ပြန်တဲ့ရက်လည်း ရှိပါတယ် "

" ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဘတ်ခ်ဟျွန်းရဲ့ ဒီနေရာလေးကို တကယ် သဘောကျနေတာ။ အေးချမ်းတယ်လေ "

" ကျွန်တော်လည်း သဘောကျတယ်။ ကိုယ့်ဘဝကိုယ် ကိုယ့်စိတ်တိုင်းကျ ဖြတ်သန်းနေရတာမို့ စိတ်ချမ်းသာရတယ် "

ပြောပြောဆိုဆို သူ့ကော်ဖီခွက်ကလေးကို တစ်ငုံယူသောက်ပြီး အပြင်ကို ငေးသွားတယ်။ ကိုယ်လည်း ဘာရယ်မဟုတ် ပြတင်းပေါက်ကနေ တဆင့်မြင်နေရတဲ့ မေပယ်ပင်တွေကို ငေးမိသွားတယ်။

ရုတ်တရက် တိတ်ဆိတ်သွားတဲ့ စကားဝိုင်းမှာ လေတိုက်နေတာမို့ ခြံထဲမှာ လည်နေတဲ့ လေစင်္ကြာလေးတွေရယ်၊ တခြွင်ခြွင်မြည်နေတဲ့ ခေါင်းလောင်းသံလေးရယ်၊ ယိမ်းနွဲ့နေတဲ့ ပန်းပင်တွေရယ်ကိုပဲ အာရုံစိုက်မိသွားတယ်။

အေးချမ်းနေပေမယ့် အထီးကျန်နေတယ်လို့ ခံစားနေရတာတော့ ဘာရယ်ကြောင့်မှန်း မသိ။

" ကျွန်တော့်အမြင် အဲ့ဒီမေပယ်ပင်အောက်မှာ ခုံတန်းလေး တစ်ခုလောက် ချထားရင် ပိုလှမယ် ထင်တယ် "

" ခုံလား ..? "

" ဟုတ်တယ်။ နှစ်ယောက်ထိုင် ခုံလေး "

" ဓါတ်ပုံဆရာလို့ မပြောရဘူး။ မြင်တတ်တယ်နော်။ ကျွန်တော်လည်း စိတ်ကူးမိတယ်ဗျ။ ပျင်းနေတာနဲ့ မလုပ်ဖြစ်သေးတာ "

" ကုန်ကြမ်းရှိလား ..? "

စဉ်းစားသလို လုပ်ပြီးမှ ...

" အိမ်အောက်မှာ ထိုးထည့်ထားတဲ့ သစ်ပြားတွေတော့ ရှိတယ် "

" ကျွန်တော် မပြန်ခင် လုပ်ပေးခဲ့မယ်လေ။ ဘတ်ခ်ဟျွန်းက အာခီဆိုတော့ အကြမ်းထည် ဆွဲပေးထားမလား "

" ချန်းယောလ်ကို အလုပ်ရှုပ်သလို ဖြစ်နေပါ့မယ်။ ကျွန်တော် နောက်မှ လုပ်လိုက်ပါ့မယ် "

" ကျွန်တော်လည်း လုပ်စရာမရှိလို့ ပျင်းနေတာ။ မနက်ဖြန် ထပ်လာခဲ့မယ်။ အားနာမနေဘဲ ရွယ်တူချင်းကို သူငယ်ချင်းလို သဘောထားပါဗျ "

အဲ့လိုနဲ့ပဲ ထပြန်သွားတဲ့ သူ့ကို ခြံရှေ့ထိ လိုက်ပို့ပြီး မနက်ဖြန် ခုံရိုက်ဖို့ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်ရတော့တယ်။

ပြီးတာနဲ့ ချန်းယောလ်ရိုက်ပေးထားတဲ့ ပုံတွေထဲက တစ်ပုံကို wallpaper ပြောင်းလိုက်ပြီး စိတ်တိုင်းတွေကျနေပြန်ရော။

လုံးဝ မိုက်တယ်။ Aesthetic ဆန်ချက်ပဲ။




---- Say I Love You ----




နောက်နေ့ မနက် ၈ နာရီလောက်ကျတော့ ချန်းယောလ် ထပ်ရောက်လာတယ်။ အင်္ကျီလက်ပြတ်နဲ့၊ ဘောင်းဘီတိုနဲ့၊ စလစ်ပါစီးထားတော့ ကြည့်ရတာ လူငယ်တစ်ယောက်လို ပေါ့ပေါ့ပါးပါးလေး။

ရောက်တာနဲ့ ကိုယ်ဆွဲထားတဲ့ ပုံကြမ်းကို ကြည့်၊ ကောင်းမယ်ထင်တာလေးတွေကို နှစ်ယောက်တိုင်ပင်ပြီး ထပ်ဖြည့်၊ ထပ်ဆွဲပြီးတာနဲ့ ချန်းယောလ်က လက်နက်အစုံကိုင်ပြီး ခုံကို စပြီး လုပ်တော့တာပဲ။ ကိုယ်ကတော့ ဘေးကနေ ကူစရာရှိတာကူ၊ ကိုင်စရာရှိတာ ကိုင်ပေါ့။

လွှတစ်ချောင်းကိုင်ပြီး သစ်သားတွေကို အားနဲ့ မာန်နဲ့ ဖြတ်နေတဲ့ ချန်းယောလ်ရဲ့ လက်မောင်းက တစ်ချက်ဆွဲလိုက်တိုင်း ကြွက်သားတွေက တင်းခနဲ ထွက်ထွက်လာတာ။ ချွေးတွေထွက်နေတာမို့ ပြောင်တင်းနေတဲ့ ကြွက်သားတွေ၊ tatto တချို့ရှိနေတဲ့ ကြွက်သားထင်းထင်းတွေ ရှိနေတဲ့ လက်ဖျံကို ပိုင်ဆိုင်ထားတဲ့ ချန်းယောလ်က ယောကျာ်းပီသတယ်ဆိုတာ လက်မခံလို့ မရတဲ့ အမှန်တရား တစ်ခုလို့လည်း တွေးမိသွားသေးတယ်။

နေရင်းထိုင်ရင်း ပြန်ငုံ့ကြည့်မိတာက ကိုယ့်လက်တွေဆီ။ အစားအသောက်ပဲ လုပ်နေတော့ အဆီဥနေတဲ့ လက်မောင်းရယ်၊ သာမန်ယောကျာ်းလေးတွေထက် သွယ်နေတဲ့ လက်ချောင်းတွေရယ်ကိုကြည့်ပြီး ရုတ်တရက်ကြီး ချန်းယောလ်ကို အားကျသွားရသေး။

အသက်ချင်းတူတာတောင် ချန်းယောလ်က ကိုယ့်ထက် ခေါင်းတစ်လုံးနီးပါး အရပ်ရှည်နေသေးတာမလား။ ရုပ်လည်း ချောတယ်လို့ ပြောလို့ရတဲ့အထဲပါတယ်။ အတန်းပညာလည်း တတ်တယ်။ ဓါတ်ပုံရိုက်လည်းတော်တယ်။ စောစောကမှ စကားပြောရင်း ထပ်သိတာ ချန်းယောလ် Interior Design လည်း ရတယ်တဲ့။ ချန်းယောလ်က အရာရာတော်ပြီး ပြည့်စုံနေတော့တာပဲ။

ကိုယ့်ဘဝကိုယ်ကျောင်းပြီး အေးချမ်းစွာ ဖြတ်သန်းနေပေမယ့် ဒီလို ဘက်စုံတော်နေတဲ့ လူတစ်ယောက်ကို မြင်ရပြန်တော့လည်း အားကျမိသလိုလို။

ဒါပေမဲ့လည်း လက်ရှိဘဝလေးကို ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒီလိုဘဝလေးရဖို့ ဘယ်လောက်တောင် မိဘတွေနဲ့ အတိုက်အခံလုပ်ခဲ့ရသလဲ။

" ဘတ်ခ်ဟျွန်း .. ဘတ်ခ်ဟျွန်း .."

" ဟင် .. ဟင် .. ချန်းယောလ် "

" ဘာတွေ တွေးနေတာလဲ..? ဟိုဘက်က သံမှိုလေး လှမ်းပါဦးလို့ "

ဘေးနားမှာ ငုတ်တုတ်လေးထိုင်ပြီး ကူနေတာကနေ လိုတာရှိလို့ လှမ်းတောင်းမှ စိတ်နဲ့လူနဲ့ မကပ်သလို ငုတ်တုတ်လေး မေ့နေတဲ့ ဘတ်ခ်ဟျွန်း။

ခေါ်လိုက်မှ အသိစိတ်ပြန်ဝင်လာသလို သံမှိုထုပ်လေး လှမ်းပေးလာတယ်။

" ချွေးတွေအများကြီး ထွက်နေတာပဲ။ ခဏနားဦး။ ကျွန်တော် အအေးသွားယူလိုက်ဦးမယ် "

ပြောပြီး အိမ်ထဲ လှစ်ခနဲ ဝင်ပြေးတာမို့ အပင်အောက်မှာပဲ ထိုင်ချပြီး လေလာရာ မျက်နှာမူရင်း အမောဖြေနေလိုက်တော့တယ်။ ခဏနေတော့ စတော်ဘယ်ရီဖျော်ရည် နှစ်ခွက်ကိုင်ပြီး ပြန်ထွက်လာလေရဲ့။

အအေးဆိုလို့ Pocari Sweat လား၊ တခြား Energy Drink များ ယူလာမလားလို့ တွေးနေတာ။ စတော်ဘယ်ရီဖျော်ရည်ဆိုလို့ ရယ်ချင်သွားတာကို မနည်းထိန်းလိုက်ရတယ်။

ဒီအသက်အရွယ် ယောကျာ်းလေး တော်တော်များများက စတော်ဘယ်ရီ ဖျော်ရည်ဆိုတာမျိုး သိပ်မသောက်ကြတော့ဘူးလားလို့။

ဘတ်ခ်ဟျွန်းကတော့ အဲ့လိုဟုတ်ပုံမရ။
ကလေးလေးကျလို့။ ဒီကောင်လေးက တကယ် တစ်မျိုးလေး။

" ကျွန်တော်ကတော့ ဘာမှမလုပ်ရပေမယ့် ချန်းယောလ်တစ်ယောက်တည်း သောက်ရတာ ပျင်းမှာစိုးလို့ ၂ ခွက်ဖျော်လာတာ။ ဟီးဟီး "

" ကျွန်တော် အကြိုက်ဆုံး စတော်ဘယ်ရီ "

သူဖျော်လာတဲ့ အအေးကို သူ့ဘာသာ သဘောကျပြီး တဟိဟိရယ်ရင်း သောက်နေတာမို့ ချန်းယောလ် ခေါင်းခါမိရင်း ကိုယ့်အအေးကိုယ် သောက်နေမိလိုက်တော့တယ်။

' တကယ် ကလေးလိုပဲ '

မဆိုးပါဘူး။ စတော်ဘယ်ရီလည်း အမောပြေပါတယ်။ ဖျော်ပေးတဲ့သူက ချစ်စရာကောင်းနေတော့လည်း။

လုပ်လက်စတွေကို ဆက်လုပ်တော့ ဘတ်ခ်ဟျွန်းက အတင်းကူမယ် ပြောတယ်။ မကူစေချင်တာက ကိုယ်။

စိတ်ထဲမှာ ဒီကောင်လေးက နုနုဖတ်ဖတ်လေး။ လက်လှလှလေးတွေကို ဒီလို ကြမ်းကြမ်းတမ်းတမ်းတွေ သုံးလို့ မဖြစ်ဘူး။ ဒီကောင်လေး ထိခိုက်လို့ မဖြစ်ဘူးဆိုတဲ့ အတွေးမျိုး တွေးမိပြီး ဘာမှမလုပ်စေချင်လို့ ဘေးမှာထိုင်ခိုင်းထားတာ။

မြန်မြန်ပြီးသွားမှာ စိုးတာလည်း ပါတာပေါ့။ ဒီနေရာကနေ မပြန်ချင်ဘူး။ ဒီနေရာမှာ အကြည်ဓါတ် အပြည့်အဝရှိတယ်။

ခုံရိုက်ခြင်း လုပ်ငန်းကတော့ နေ့လည် ထမင်းစားချိန်မှာ ပြီးသွားတယ်။ ချန်းယောလ်က ဆေးအဖြူလေးပါ သုတ်ပေးလိုက်သေး။ အခုတော့ ဆေးခြောက်အောင် နေပူထဲ ချထားလိုက်တယ်။

နေ့လည်စာကိုတော့ ဘတ်ခ်ဟျွန်းက တာဝန်ယူပြီး ပြင်ဆင်ပေးထားတယ်။

" ကျွန်တော်က စားလို့ဖြစ်အောင်လောက်ပဲ ချက်တတ်တာ။ အိမ်ကိုလည်း ဧည့်သည်သိပ်မလာတော့ အရမ်းကောင်းအောင် မချက်တတ်သေးဘူး။ ချန်းယောလ်က ကျွန်တော့်အိမ်မှာ ပထမဆုံး ထမင်းစားတဲ့ ဧည့်သည်ပဲ "

ဟင်းပွဲလေးတွေ စားပွဲပေါ် လာတင်ရင်း ပြောတော့ လက်ဆေးနေတဲ့ ချန်းယောလ်က လှည့်ကြည့်ရင်း ပြုံးတယ်။

" ဘတ်ခ်ဟျွန်းရဲ့ လက်ရာကို ပထမဆုံး မြည်းရမယ့်သူက ကျွန်တော်ဆိုပါတော့ "

" အဲ့ဒါကြောင့် အားနာနေတာလေ။ မကောင်းမကန်းလေးတွေဆိုတော့ .. ချန်းယောလ် စားလို့ အဆင်မပြေမှာစိုးတာ "

စ,စားဖြစ်တော့ သိချင်နေတဲ့ မျက်ဝန်းလေးနဲ့ ရှေ့က ထိုင်ကြည့်နေတာမို့ ရယ်ချင်သွားရသေး။

ဘာကောင်လေးတုန်း။ ဒီလိုအချိန်ကျ မရှိတဲ့ မျက်လုံးလေးတွေက ပြူးတူတူးလေးတွေနဲ့။ အူယားစရာ။

" ဘယ်လိုနေလဲဟင် "

" ကောင်းပါတယ် ဘတ်ခ်ဟျွန်းရဲ့။ စားဖိုမှူးတွေ ချက်သလို အရမ်းကောင်းနေတာမျိုး မဟုတ်ပေမယ့် သူ့ဟာနဲ့သူ စားလို့ အဆင်ပြေတာမို့ စိတ်မပူနဲ့။ ဘတ်ခ်ဟျွန်းလည်း စားတော့ "

အဲ့တော့မှ 'တော်သေးတာပေါ့' ဆိုတဲ့ အသံလေးနဲ့အတူ ထမင်း စ, စားတယ်။ ဒီကိုလာလည်တဲ့ ၅ ရက်မှာ ကုန်သွားတဲ့ ၃ ရက်စလုံး ဘတ်ခ်ဟျွန်းနဲ့ တွေ့ဖြစ်နေတာမို့ အရင်ကထက်လည်း ပိုရင်းနှီးလာတယ်။

နှစ်ယောက်လုံးကလည်း မျောက်နှစ်ဖွား သက်တူရွယ်တူတွေမို့လည်းပါမယ်။ သိပ်မညှိရဘဲ အချင်းချင်း နားလည်လွယ်တာကိုလည်း သတိထားမိတယ်။

ထမင်းစားသောက်ပြီးတော့ နောက်ဖေးထွက်ပေါက်က လှေကားထိပ်မှာပဲ ငုတ်တုတ်ထိုင်ပြီး ပန်းခင်းကို ထိုင်ကြည့်မိတယ်။

တကယ်ဆို ကိုယ်က စမြင်ကတည်းက ဒီနေရာရဲ့ အလှနဲ့ အေးချမ်းမှုကို သဘောကျသွားတဲ့ သူလေ။ အဲ့တော့ ဒီကိုလာဖို့ကိုပဲ အမျိုးမျိုး ကြံစည်နေမိတာပေါ့။ ဘယ်သူမှမသိလည်း ကိုယ်စောင့်နတ် သိတယ်။ မလိမ်ပါဘူး။ ဘုရားစူး ဒီနေရာကို သဘောကျမိလို့ပါ။

ဘေးမှာ ခပ်ကျုံ့ကျုံ့လာထိုင်တဲ့ ဘတ်ခ်ဟျွန်းရဲ့ အင်္ကျီက ရတဲ့ ဆပ်ပြာနံ့က လေအဝှေ့မှာ ခပ်သင်းသင်း။ သူ့ဟာနဲ့သူဆို မသေးပေမယ့် ကိုယ်နဲ့ယှဉ်လိုက်ရင် ပိစိလေး ဖြစ်သွားတဲ့ ကောင်လေးက အခုဆို ငုံ့ကြည့်ရတဲ့ အနေအထားမှာ။

ဒူးနှစ်ဖက်ပေါ် တံတောင်ထောက်ပြီး ပါးနှစ်ဖက်ကို လက်နဲ့ပြန်ထောက်ထားလို့ အိထွက်နေတဲ့ ပါးဖောင်းဖောင်းတွေရယ်၊ စူထွက်နေတဲ့ နှုတ်ခမ်းပိစိလေးရယ်၊ လေပြည်ကြောင့် တလွင့်လွင့်ဖြစ်နေတဲ့ နူးညံ့မယ်ထင်ရတဲ့ ဆံပင် နုနုတွေရယ်။

အရှေ့က လေတိုက်တိုင်း ယိမ်းနွဲ့နေတဲ့ အဖြူရောင်ပန်းခင်းကြီးရယ်ကို ပေါင်း။ ရှိသမျှ အမောတွေ အကုန်ပြေရတယ်။

ဒီလိုနဲ့ ဒီထက်ပိုပြီး လောဘတက်မိလာရင် ဒုက္ခပါပဲ။
ကိုယ့်စရိုက်ကလည်း လိုချင်ပြီဆို အပိုင်ရရမှ ကျေနပ်တာမျိုး။

တစ်ခါမှ ကိုယ့်ကိုယ်ကိုယ် ပြန်မမေးဖူးတဲ့ မေးခွန်းတွေ မေးကြည့်ဖို့ လိုလာပြီ ထင်ပါရဲ့။






---- Say I Love You ----




Slow Romance လို အငြိမ့်လေးပဲ သွားမှာပါ။
အပိုင်းအများကြီး မပါလောက်ပါဘူး။

သီချင်းနားထောင်ရင်း ဒီလို scene လေးတွေ ရေးချင်တယ်ဆိုပြီး တွေးမိတာကနေ ပုံဖော်ဖြစ်သွားတာ။

ပြဿနာက စာမရေးတာကြာတော့ မရေးတတ်တော့ဘူး ဖြစ်နေတယ်။ စိတ်တိုင်းကို မကျဘူး TT

7.6.2023(Wed)



_____ Zawgyi ______




ကင္မရာတစ္လုံးကို ကိုင္ၿပီး ငိုက္စိုက္ငိုက္စိုက္နဲ႔ ျပန္လာတဲ့ ပတ္ခ်န္းေယာလ္ကို ၿခံထဲက ကြပ္ပစ္ေပၚမွာ ထိုင္ရင္း လွမ္းျမင္ေနရတယ္။ လမ္းက ျဖဴးေနလို႔သာ ဘာမွမျဖစ္ေသးတာ။ လမ်က္ႏွာျပင္လို လမ္းဆို ဒီလို ေရွ႕မၾကည့္ဘဲ ေလၽွာက္ပုံနဲ႔ေမွာက္ရက္လဲၿပီး အဲ့ကင္မရာက်ကြဲေလာက္ၿပီ။

" ေရွ႕ၾကည့္ေလၽွာက္ပါဟ။ မျမင္ဖူးတာေတြ က်ေနတာပဲ။ အသဲအသန္ "

" မျမင္ဖူးတာေတြ မို႔လို႔ေပါ့ကြ "

ကြပ္ပ်စ္ေပၚ ဝင္ထိုင္ၿပီး ကင္မရာကို ေဘးခ် ပုခုံးကို လက္သီးနဲ႔ ပစ္ထိုးရင္း ဝင္ထိုင္လာတယ္။ ဘာမွေျပာမေနဘဲ ေန႔လည္စာ ခ်က္ဖို႔ ျပင္ေနတဲ့ မမကိုပဲ ဟင္းရြက္ေတြ ကူၿပီး သင္ေပးေနလိုက္ေတာ့တယ္။

" ခ်န္းေယာလ္ အထုပ္ခ်၊ ႏွုတ္ဆက္ၿပီး႐ုံရွိေသး ဘယ္ေပ်ာက္သြားတာလဲလို႔ "

" အၾကာႀကီး ကားေမာင္းလာရေတာ့ အေညာင္းအညာေၿပ လမ္းေလၽွာက္ရင္း ရြာထိပ္ထိ ေရာက္သြားတာ "

' ေျခကိုရွည္တယ္ '

" ေျခတံလည္း ရွည္တယ္ေလ "

ေျခေထာက္ကို ဆန႔္ထုတ္ျပရင္း ေခ်ပလိုက္ေတာ့ ဂ်ီဝူးရဲ့ ခပ္တိုတိုး ေမတၱာပို႔သံကို ၾကားလိုက္ရတယ္။ ဂ႐ုစိုက္မေနဘဲ ကင္မရာကို ျပန္ေကာက္ကိုင္လိုက္ၿပီး ဟင္းရြက္ေတြ သင္ေနတဲ့ မမဆီကို ထိုးျပလိုက္ရင္း ....

" မမ ဒီမွာၾကည့္။ ကၽြန္ေတာ္ ဒီအထိ ေရာက္သြားတာ "

" အယ္ .. ဘတ္ခ္ဟၽြန္းနီး ၿခံထဲအထိ ေရာက္သြားတာလား "

" ဟုတ္တယ္။ သူ႔အိမ္နဲ႔ ၿခံေလးက တအားလွတာ မမရာ၊ ကၽြန္ေတာ္ျဖင့္ ဓါတ္ပုံရိုက္လို႔ေတာင္ မဝဘူး။ မေကာင္းတတ္လို႔သာ ျပန္လာရတာ "

" လူေလးကေရာ မလွဘူးလား ..? "

မမရဲ့ ျပဳံးစစ အေမးကို ခ်န္းေယာလ္ မ်က္လုံးေထာင့္ကပ္စဥ္းစားမိသြားတယ္။

ေယာက်ာ္းေလးလွတယ္ဆိုတာမ်ိဳး နည္းနည္း တစ္မ်ိဳးေပမယ့္ အဲ့ဘတ္ခ္ဟၽြန္းဆိုတဲ့ ေကာင္ေလးကလည္း တကယ္တစ္မ်ိဳးေလး။ အဲ့ေကာင္ေလးက လက္ေခ်ာင္းေလးေတြ၊ ဆံပင္ေလးေတြက အစ လွေနတာမလား။ အသားအရည္ကလည္း နို႔ႏွစ္ေရာင္ ေဖြးေဖြးေလး။ ကိုယ္နဲ႔ ယွဥ္လိုက္ရင္ ကိုယ့္ထက္ အမ်ားႀကီး လွေနတာမ်ိဳးေလးေလ။ သူၾကားရင္ စိတ္ဆိုးေလာက္မလား မသိေပမယ့္ အဲ့ဘတ္ခ္ဟၽြန္းဆိုတာေလးက ေယာက်ာ္းဆန္ဆန္တစ္မ်ိဳးေလး လွတယ္။

" ပိုးဟပ္ျဖဴေလးလိုပဲ "

" ဘယ္သူ႔အေၾကာင္းေျပာေနတာလဲ "

တစ္ခ်ိန္လုံး ေဘးမွာ တိတ္ေနတဲ့ ဂ်ီဝူးက စကားဝိုင္းထဲ ဝင္လာၿပီး စပ္စုတာမို႔ ကင္မရာကိုျပလိုက္တယ္။

" ဪ .. ပ်ိဳးၿခံထဲ ေရာက္သြားတာပဲ "

" မင္းသိတာလား "

" သိတယ္ေလ။ အရင္က အဲ့ၿခံက ပိတ္ထားတာ။ လြန္ခဲ့တဲ့ ၂ ႏွစ္ေလာက္ကမွ အိမ္ငွားတင္လိုက္တာမလား မမ။ ရြာလူႀကီး အိမ္ဆို "

" အင္း၊ ဟုတ္တယ္။ အဲ့ကေလးက ဒီေနရာကို ဘယ္ကေန ဘယ္လို ရွာရွာေဖြေဖြ ေတြ႕လာလဲ မသိပါဘူး။ ရြာလူႀကီးကလည္း ဒီတိုင္းပိတ္ထားမယ့္ အတူတူဆိုၿပီး ငွားလိုက္တာတဲ့။ အခု သူ႔ၿခံက လွပေနတာကို ျမင္ၿပီး သူစိုက္ထားတာ မဟုတ္ဘဲ သူ႔ၿခံဆိုၿပီး လူတကာကို လိုက္ႂကြားေနေလရဲ့ "

မမက ႏွာေခါင္းေလး ရွုံ႔ရင္းေျပာၿပီး သင္ၿပီးသား ဟင္းရြက္ဗန္းေလးကို မ,ကာ အိမ္ေပၚျပန္တက္သြားတယ္။ ေနရာမွာ က်န္ခဲ့တဲ့ ခ်န္းေယာလ္နဲ႔ ဂ်ီဝူးကလည္း ရွင္းစရာရွိတာရွင္းၿပီး အဝတ္အစားလဲဖို႔ ေရခ်ိဳးဖို႔ ျပင္လိုက္ေတာ့တယ္။



---- Say I Love You ----



ေနာက္ေန႔ ညေနခင္း၊ အိမ္ေရွ႕က ေခါင္းေလာင္းေလး ျမည္သံေၾကာင့္ ထြက္ၾကည့္ေတာ့ ၿခံဝမွာ ျပဳံးျပေနတဲ့ မေန႔က ဓါတ္ပုံဆရာ။

" ဪ၊ ခ်န္းေယာလ္ရွီး "

တံခါးသြားဖြင့္ေပးေတာ့ အတူတူေလၽွာက္ဝင္လာရင္း သူကပဲ စကားစတယ္။

" ဓါတ္ပုံလာေပးတာဗ်။ ဒါေပမဲ့ ကၽြန္ေတာ့္ Laptop က အားကုန္သြားၿပီး ႀကိဳးလည္း ေမ့က်န္ခဲ့လို႔ Card ပဲ ျဖဳတ္ယူလာခဲ့တယ္။ ဘတ္ခ္ဟၽြန္းမွာ ကြန္ပ်ဴတာရွိရင္ တစ္ခါတည္း ကူးထည့္ေပးလို႔ရမလား "

" ရတယ္ဗ်။ ခ်န္းေယာလ္ကို အလုပ္ရွုပ္မိၿပီ "

" မဟုတ္တာ။ ဒီလိုရွုခင္းမ်ိဳး အလကား ရိုက္ခြင့္ရလို႔ ကၽြန္ေတာ္ကေတာင္ ေက်းဇူးတင္ေနတာ "

အိမ္အတြင္းပိုင္းေလးက ရိုးရိုးရွင္းရွင္း။ အိမ္ရဲ့ ဝင္ဝင္ခ်င္း ဘယ္ဘက္၊ အိမ္ေရွ႕ကို လွမ္းျမင္ေနရတဲ့ ျပတင္းေပါက္ေဘးနားမွာ ေျခေထာက္ရွည္ စားပြဲဝိုင္းေလးနဲ႔အတူ ထိုင္ခုံေလး ႏွစ္ခုံပဲခ်ထားတယ္။ ေဘးမွာ မီးဖိုေလးက သပ္သပ္ရပ္ရပ္။

ညာဘက္ျခမ္းမွာေတာ့ ဧည့္ခန္းလို႔ ယူဆရေပမယ့္ ဧည့္ခန္းမက် စာဖတ္ခန္းမက် ပုံစံေလး။ စာအုပ္စင္တခ်ိဳ႕ရွိေနၿပီး ျပတင္းေပါက္ေဘးနားမွာ အခင္းေလးနဲ႔ ဖတ္လက္စ စာအုပ္တစ္အုပ္ခ်ထားတာကို ေတြ႕ရတယ္။ ျပတင္းအျပင္မွာေတာ့ ျမင္ေနရတဲ့ ေမပယ္ပင္ေတြ။

အိမ္ကေန ဝင္ဝင္ခ်င္း တန္းတန္းေလၽွာက္ရင္ ေနာက္ေဖးေပါက္ကို တန္းျမင္ေနရၿပီး၊ ေနာက္က ပန္းခင္းႀကီးကိုပါ ဝင္ေပါက္ကေန လွမ္းျမင္ေနရတာက အိမ္ရဲ့ ထူးျခားခ်က္ျဖစ္မလား။

" ဒီမွာ ခဏထိုင္ဦးေနာ္။ "

ေစာေစာက စားပြဲဝိုင္းေလးမွာ ထိုင္ခိုင္းၿပီး သူက လွစ္ခနဲ ေပ်ာက္သြားတယ္။ ခဏေနေတာ့ ထပ္ခိုးလို ေနရာေလးကေန Laptop တစ္လုံးပိုက္ၿပီး ဆင္းလာတာကို ေတြ႕လိုက္ရတယ္။

" ခ်န္းေယာလ္ အဆင္ေျပသလို ကူးထည့္ေပးေနာ္။ ကၽြန္ေတာ့္ကို File Name ေျပာရင္ရၿပီ "

" ရွာရလြယ္ေအာင္ Desktop ေပၚပဲ တင္ေပးခဲ့မယ္ေနာ္ "

" ဟုတ္ကဲ့။ ခ်န္းေယာလ္ ေကာ္ဖီေသာက္တယ္မလား .?"

ေမးခြန္းေၾကာင့္ လွည့္ၾကည့္မိေတာ့ ေကာ္ဖီခြက္ႏွစ္ခြက္ကိုင္ၿပီး အေျဖေစာင့္ေနသလို ေကာင္ေလးကို ေတြ႕လိုက္ရတယ္။

" အယ္၊ ခဏေလးဆို ၿပီးၿပီကို "

" ခဏေလးလည္း ေကာ္ဖီတစ္ခြက္ေလာက္ေတာ့ ေသာက္ၿပီးမွ ျပန္ေလ။ တစ္ခုခု ဧည့္ခံလိုက္ခ်င္လို႔ "

" အဲ့ဒါဆိုလည္း မျငင္းေတာ့ပါဘူး "

" အေပါ့လား၊ ခါးခါးလား "

" ကၽြန္ေတာ္က ခါးခါးေလး "

သူ႔ကိုေျပာေနရင္း ကြန္ပ်ဴတာဖြင့္၊ ကူးစရာရွိတာ ကူးေပးေနလိုက္တယ္။ ပုံေတြကို ျပန္ၾကည့္ေတာ့ လွတာေတာ့ လွပါရဲ့။ Professional ဓါတ္ပုံဆရာရိုက္တာမို႔ ရွုေထာင့္၊ ဘာညာ အေနအထားက ေျပာစရာမရွိ။ ဒါေပမဲ့ Retouch မလုပ္ရေတာ့ နည္းနည္းေတာ့ လိုအပ္ေနသလို ခံစားေနရေသးတယ္။

ကိုယ့္ ကြန္ပ်ဴတာထဲမွာဆို Software ကအစ လိုတာ အကုန္ရွိေတာ့ အဆင္ေျပေပမယ့္ ဘတ္ခ္ဟၽြန္းက ဓါတ္ပုံေတာင္ မရိုက္တတ္တဲ့သူဆိုၿပီး ဝန္ခံထားတာမလို႔ ေမၽွာ္လင့္စရာမရွိ။

" ဝါး.. တကယ္လွတာပဲ "

ေကာ္ဖီခြက္ေလး ေဘးမွာ ခ်ေပးလာသူက  ေဘးက ခုံေလးကို ဆြဲထိုင္ရင္း ေျပာလာတယ္။

" Retouch မလုပ္ရေတာ့ တစ္မ်ိဳးလိုေနသလိုပဲ။ ဘတ္ခ္ဟၽြန္း ကြန္ပ်ဴတာကို နည္းနည္းပိုသုံးလို႔ ရမလား "

" ရပါတယ္။ လိုသလို သုံးေလ "

" အိုေခ "

လက္ဆစ္ေတြ ဘယ္ညာခ်ိဳး၊ ဇာတ္ေၾကာေတြ လွည့္ၿပီးတာနဲ႔ ပတ္ခ်န္းေယာလ္က ကြန္ပ်ဴတာထဲ အာ႐ုံအျပည့္အဝ ျပန္စိုပ္သြားတယ္။

ကိုယ္မသိတဲ့ Software ေတြ Download ခ်တယ္။ သူ႔ ဖုန္းထဲမွာ မွတ္ထားတာေတြ ထုတ္ၾကည့္ၿပီး LogIn ဝင္တယ္။ ၿပီးတာနဲ႔ ပုံေတြကို တစ္ပုံခ်င္း စိတ္ရွည္လက္ရွည္ ျပင္ေတာ့တာ။

လက္ႏွစ္ဖက္က မရပ္မနား တေတာက္ေတာက္ ႏွိပ္ရင္း အလုပ္လုပ္ေနတဲ့ ပုံစံက ပညာရွင္ပီသစြာ ကၽြမ္းက်င္မွုအျပည့္နဲ႔။ မ်က္ခုံးႏွစ္ဖက္က အနည္းငယ္က်ဳံ႕ၿပီး မ်က္လုံးေတြက ကြန္ပ်ဴတာ စခရင္ကလြဲရင္ တျခားမွာ အာ႐ုံမရွိ။

တစ္ခုခုကို အာ႐ုံစိုက္ေနတဲ့ အမ်ိဳးသားေတြက ဒီလိုလည္း ၾကည့္ေကာင္းေသးတာလား။

" ခ်န္းေယာလ္၊ ေကာ္ဖီေသာက္ရင္း လုပ္ပါလား။ ေအးသြားရင္ ေသာက္လို႔မေကာင္းေတာ့ဘဲ ေနလိမ့္မယ္ "

" ဟုတ္သားပဲ။ ေသာက္ဖို႔ ေမ့ေနတာ "

ေျပာေျပာဆိုဆို တစ္ငုံ ယူေသာက္ၿပီး မ်က္ခုံးပင့္သြားကာ ေနာက္တစ္ခါ ထပ္ေသာက္ရင္း မ်က္လုံးခ်င္း ဆုံေအာင္ ၾကည့္လာတယ္။

" ေကာ္ဖီေဖ်ာ္တာလည္း ဘတ္ခ္ဟၽြန္းက Pro ပဲေနာ္ "

" ေက်းဇူးတင္ပါတယ္ "

ရယ္ရယ္ေမာေမာ တုန႔္ျပန္မိေတာ့ ကြန္ပ်ဴတာဘက္ ျပန္လွည့္သြားၿပီး ပုံဆက္ျပင္ရင္းကေန ေျပာလာျပန္တယ္။

" တကယ္ေျပာတာ။ ကၽြန္ေတာ္ေသာက္ဖူးတဲ့ အိမ္ေဖ်ာ္ေတြထဲ ဘတ္ခ္ဟၽြန္းေကာ္ဖီက ကၽြန္ေတာ့္ taste နဲ႔ ကြက္တိအက်ဆုံးပဲ "

" ေနာက္လည္း ေဖ်ာ္တိုက္ရေတာ့မယ္ ထင္တယ္ .. ဟားဟား "

သိပ္မရယ္ရတဲ့ ဟာသကို ခပ္ေပါ့ေပါ့ ရယ္ေမာမိေတာ့ သူကပါ လိုက္ရယ္ရင္း လုပ္ေနတာကို လက္စသတ္တယ္။ ပုံေတြကေတာ့ မူရင္းပုံေတြထက္ အေရာင္အေသြးေတြ ပိုလွသြားတာေတာ့ အမွန္ပဲ။

" အရမ္းမိုက္တာပဲ။ ေက်းဇူးပါ ခ်န္းေယာလ္ "

" ေကာ္ဖီဖိုး ျပန္ေပးတာလို႔ သေဘာထားလိုက္ေပါ့ "

" မဟုတ္တာ။ ဓါတ္ပုံဆရာေခၚရိုက္ရင္ ေကာ္ဖီဖိုးေလာက္နဲ႔ ၿပီးမယ္ မထင္ဘူး။ ခ်န္းေယာလ္ ဒီကေန ဘယ္ေတာ့ေလာက္ ျပန္မွာလဲ "

" ေနာက္ ၃ ရက္ေလာက္ေနရင္ ျပန္ျဖစ္မယ္ ထင္တယ္ဗ် "

အဲ့ဒီကေန စကားနည္းနည္း ဆက္ျဖစ္ၾကေတာ့ သူ႔သူငယ္ခ်င္းရဲ့ အဘြားက ဒီမွာေနတာျဖစ္ၿပီး သူလည္း မလာရတာၾကာလို႔ အလည္လိုက္လာတာလို႔ သိရတယ္။

မိသားစုထဲမွာ အငယ္ဆုံးသား ျဖစ္ၿပီး အစ္မျဖစ္သူက အိမ္ေထာင္က်ၿပီးသား၊ သူကေတာ့ ကင္မရာတစ္လုံးနဲ႔ ေလလြင့္ေနတုန္းပဲဆိုၿပီး ဟာသေႏွာၿပီး ေျပာသြားေသးတယ္။

" ဒါနဲ႔ ဘတ္ခ္ဟၽြန္းက ဘယ္ႏွခုႏွစ္ ေမြးတာလဲ ..? "

" ၉၂ ခုႏွစ္ ၅ လပိုင္းဗ်။ ခ်န္းေယာလ္ကေရာ ..? "

" ကၽြန္ေတာ္လည္း ၉၂၊ ၁၁ လပိုင္းဗ်။ ဘတ္ခ္ဟၽြန္းက ကၽြန္ေတာ့္ထက္ ၆ လေလာက္ ႀကီးေသးတာပဲ။ ကၽြန္ေတာ့္ထက္ ၂/၃ ႏွစ္ေလာက္ ငယ္မယ္ ထင္ေနတာ "

အရြယ္မတိမ္းမယိမ္း ေယာက်ာ္းသားေတြမို႔ စကားဝိုင္းက ပ်င္းစရာမရွိ။ ျဖတ္သန္းလာတဲ့ ေခတ္အခါက အတူတူျဖစ္ေနခဲ့တာမို႔ ႏွစ္ေယာက္ အတူတူသိတဲ့ အေၾကာင္းအရာေပၚ ေရာက္သြားရင္ ' ဟုတ္တယ္ ဟုတ္တယ္။ အဲ့တုန္းကေလ ' ဆိုတာမ်ိဳး ေျပာၿပီး ထထရယ္ၾကမိေသးတာ။ ဥပမာ 2000 ဝန္းက်င္ေတြမွာ ေခါက္ဖုန္းေလးေတြ ေပၚလာတဲ့ အခ်ိန္ကို ေျပာၾကတဲ့အခါမ်ိဳးလိုေပါ့။

အဲ့ဒီကေန ကိုယ့္အေၾကာင္းကို ေရာက္လာျပန္ေတာ့ မိဘေတြက ဘူခၽြန္းမွာေနၿပီး အိမ္ေထာင္က်ၿပီးသား အစ္ကိုတစ္ေယာက္ရွိေၾကာင္းနဲ႔ Freelance Architecture တစ္ေယာက္ျဖစ္ေၾကာင္း ေျပာျပမိေတာ့ သူက အံ့ဩေနေသးတယ္။

" ဒီလိုပါပဲ။ အေၾကာင္းေၾကာင္းေၾကာင့္ တစ္ေယာက္တည္း ေနျဖစ္သြားတာ။ မိဘအိမ္ ျပန္တဲ့ရက္လည္း ရွိပါတယ္ "

" ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္ကေတာ့ ဘတ္ခ္ဟၽြန္းရဲ့ ဒီေနရာေလးကို တကယ္ သေဘာက်ေနတာ။ ေအးခ်မ္းတယ္ေလ "

" ကၽြန္ေတာ္လည္း သေဘာက်တယ္။ ကိုယ့္ဘဝကိုယ္ ကိုယ့္စိတ္တိုင္းက် ျဖတ္သန္းေနရတာမို႔ စိတ္ခ်မ္းသာရတယ္ "

ေျပာေျပာဆိုဆို သူ႔ေကာ္ဖီခြက္ကေလးကို တစ္ငုံယူေသာက္ၿပီး အျပင္ကို ေငးသြားတယ္။ ကိုယ္လည္း ဘာရယ္မဟုတ္ ျပတင္းေပါက္ကေန တဆင့္ျမင္ေနရတဲ့ ေမပယ္ပင္ေတြကို ေငးမိသြားတယ္။

႐ုတ္တရက္ တိတ္ဆိတ္သြားတဲ့ စကားဝိုင္းမွာ ေလတိုက္ေနတာမို႔ ၿခံထဲမွာ လည္ေနတဲ့ ေလစၾကၤာေလးေတြရယ္၊ တႁခြင္ႁခြင္ျမည္ေနတဲ့ ေခါင္းေလာင္းသံေလးရယ္၊ ယိမ္းႏြဲ႕ေနတဲ့ ပန္းပင္ေတြရယ္ကိုပဲ အာ႐ုံစိုက္မိသြားတယ္။

ေအးခ်မ္းေနေပမယ့္ အထီးက်န္ေနတယ္လို႔ ခံစားေနရတာေတာ့ ဘာရယ္ေၾကာင့္မွန္း မသိ။

" ကၽြန္ေတာ့္အျမင္ အဲ့ဒီေမပယ္ပင္ေအာက္မွာ ခုံတန္းေလး တစ္ခုေလာက္ ခ်ထားရင္ ပိုလွမယ္ ထင္တယ္ "

" ခုံလား ..? "

" ဟုတ္တယ္။ ႏွစ္ေယာက္ထိုင္ ခုံေလး "

" ဓါတ္ပုံဆရာလို႔ မေျပာရဘူး။ ျမင္တတ္တယ္ေနာ္။ ကၽြန္ေတာ္လည္း စိတ္ကူးမိတယ္ဗ်။ ပ်င္းေနတာနဲ႔ မလုပ္ျဖစ္ေသးတာ "

" ကုန္ၾကမ္းရွိလား ..? "

စဥ္းစားသလို လုပ္ၿပီးမွ ...

" အိမ္ေအာက္မွာ ထိုးထည့္ထားတဲ့ သစ္ျပားေတြေတာ့ ရွိတယ္ "

" ကၽြန္ေတာ္ မျပန္ခင္ လုပ္ေပးခဲ့မယ္ေလ။ ဘတ္ခ္ဟၽြန္းက အာခီဆိုေတာ့ အၾကမ္းထည္ ဆြဲေပးထားမလား "

" ခ်န္းေယာလ္ကို အလုပ္ရွုပ္သလို ျဖစ္ေနပါ့မယ္။ ကၽြန္ေတာ္ ေနာက္မွ လုပ္လိုက္ပါ့မယ္ "

" ကၽြန္ေတာ္လည္း လုပ္စရာမရွိလို႔ ပ်င္းေနတာ။ မနက္ျဖန္ ထပ္လာခဲ့မယ္။ အားနာမေနဘဲ ရြယ္တူခ်င္းကို သူငယ္ခ်င္းလို သေဘာထားပါဗ် "

အဲ့လိုနဲ႔ပဲ ထျပန္သြားတဲ့ သူ႔ကို ၿခံေရွ႕ထိ လိုက္ပို႔ၿပီး မနက္ျဖန္ ခုံရိုက္ဖို႔ ကြန္ပ်ဴတာတစ္လုံးနဲ႔ အလုပ္ရွုပ္ရေတာ့တယ္။

ၿပီးတာနဲ႔ ခ်န္းေယာလ္ရိုက္ေပးထားတဲ့ ပုံေတြထဲက တစ္ပုံကို wallpaper ေျပာင္းလိုက္ၿပီး စိတ္တိုင္းေတြက်ေနျပန္ေရာ။

လုံးဝ မိုက္တယ္။ Aesthetic ဆန္ခ်က္ပဲ။




---- Say I Love You ----




ေနာက္ေန႔ မနက္ ၈ နာရီေလာက္က်ေတာ့ ခ်န္းေယာလ္ ထပ္ေရာက္လာတယ္။ အကၤ်ီလက္ျပတ္နဲ႔၊ ေဘာင္းဘီတိုနဲ႔၊ စလစ္ပါစီးထားေတာ့ ၾကည့္ရတာ လူငယ္တစ္ေယာက္လို ေပါ့ေပါ့ပါးပါးေလး။

ေရာက္တာနဲ႔ ကိုယ္ဆြဲထားတဲ့ ပုံၾကမ္းကို ၾကည့္၊ ေကာင္းမယ္ထင္တာေလးေတြကို ႏွစ္ေယာက္တိုင္ပင္ၿပီး ထပ္ျဖည့္၊ ထပ္ဆြဲၿပီးတာနဲ႔ ခ်န္းေယာလ္က လက္နက္အစုံကိုင္ၿပီး ခုံကို စၿပီး လုပ္ေတာ့တာပဲ။ ကိုယ္ကေတာ့ ေဘးကေန ကူစရာရွိတာကူ၊ ကိုင္စရာရွိတာ ကိုင္ေပါ့။

လႊတစ္ေခ်ာင္းကိုင္ၿပီး သစ္သားေတြကို အားနဲ႔ မာန္နဲ႔ ျဖတ္ေနတဲ့ ခ်န္းေယာလ္ရဲ့ လက္ေမာင္းက တစ္ခ်က္ဆြဲလိုက္တိုင္း ႂကြက္သားေတြက တင္းခနဲ ထြက္ထြက္လာတာ။ ေခၽြးေတြထြက္ေနတာမို႔ ေျပာင္တင္းေနတဲ့ ႂကြက္သားေတြ၊ tatto တခ်ိဳ႕ရွိေနတဲ့ ႂကြက္သားထင္းထင္းေတြ ရွိေနတဲ့ လက္ဖ်ံကို ပိုင္ဆိုင္ထားတဲ့ ခ်န္းေယာလ္က ေယာက်ာ္းပီသတယ္ဆိုတာ လက္မခံလို႔ မရတဲ့ အမွန္တရား တစ္ခုလို႔လည္း ေတြးမိသြားေသးတယ္။

ေနရင္းထိုင္ရင္း ျပန္ငုံ႔ၾကည့္မိတာက ကိုယ့္လက္ေတြဆီ။ အစားအေသာက္ပဲ လုပ္ေနေတာ့ အဆီဥေနတဲ့ လက္ေမာင္းရယ္၊ သာမန္ေယာက်ာ္းေလးေတြထက္ သြယ္ေနတဲ့ လက္ေခ်ာင္းေတြရယ္ကိုၾကည့္ၿပီး ႐ုတ္တရက္ႀကီး ခ်န္းေယာလ္ကို အားက်သြားရေသး။

အသက္ခ်င္းတူတာေတာင္ ခ်န္းေယာလ္က ကိုယ့္ထက္ ေခါင္းတစ္လုံးနီးပါး အရပ္ရွည္ေနေသးတာမလား။ ႐ုပ္လည္း ေခ်ာတယ္လို႔ ေျပာလို႔ရတဲ့အထဲပါတယ္။ အတန္းပညာလည္း တတ္တယ္။ ဓါတ္ပုံရိုက္လည္းေတာ္တယ္။ ေစာေစာကမွ စကားေျပာရင္း ထပ္သိတာ ခ်န္းေယာလ္ Interior Design လည္း ရတယ္တဲ့။ ခ်န္းေယာလ္က အရာရာေတာ္ၿပီး ျပည့္စုံေနေတာ့တာပဲ။

ကိုယ့္ဘဝကိုယ္ေက်ာင္းၿပီး ေအးခ်မ္းစြာ ျဖတ္သန္းေနေပမယ့္ ဒီလို ဘက္စုံေတာ္ေနတဲ့ လူတစ္ေယာက္ကို ျမင္ရျပန္ေတာ့လည္း အားက်မိသလိုလို။

ဒါေပမဲ့လည္း လက္ရွိဘဝေလးကို ဘာနဲ႔မွ မလဲနိုင္ပါဘူး။ ဒီလိုဘဝေလးရဖို႔ ဘယ္ေလာက္ေတာင္ မိဘေတြနဲ႔ အတိုက္အခံလုပ္ခဲ့ရသလဲ။

" ဘတ္ခ္ဟၽြန္း .. ဘတ္ခ္ဟၽြန္း .."

" ဟင္ .. ဟင္ .. ခ်န္းေယာလ္ "

" ဘာေတြ ေတြးေနတာလဲ..? ဟိုဘက္က သံမွိုေလး လွမ္းပါဦးလို႔ "

ေဘးနားမွာ ငုတ္တုတ္ေလးထိုင္ၿပီး ကူေနတာကေန လိုတာရွိလို႔ လွမ္းေတာင္းမွ စိတ္နဲ႔လူနဲ႔ မကပ္သလို ငုတ္တုတ္ေလး ေမ့ေနတဲ့ ဘတ္ခ္ဟၽြန္း။

ေခၚလိုက္မွ အသိစိတ္ျပန္ဝင္လာသလို သံမွိုထုပ္ေလး လွမ္းေပးလာတယ္။

" ေခၽြးေတြအမ်ားႀကီး ထြက္ေနတာပဲ။ ခဏနားဦး။ ကၽြန္ေတာ္ အေအးသြားယူလိုက္ဦးမယ္ "

ေျပာၿပီး အိမ္ထဲ လွစ္ခနဲ ဝင္ေျပးတာမို႔ အပင္ေအာက္မွာပဲ ထိုင္ခ်ၿပီး ေလလာရာ မ်က္ႏွာမူရင္း အေမာေျဖေနလိုက္ေတာ့တယ္။ ခဏေနေတာ့ စေတာ္ဘယ္ရီေဖ်ာ္ရည္ ႏွစ္ခြက္ကိုင္ၿပီး ျပန္ထြက္လာေလရဲ့။

အေအးဆိုလို႔ Pocari Sweat လား၊ တျခား Energy Drink မ်ား ယူလာမလားလို႔ ေတြးေနတာ။ စေတာ္ဘယ္ရီေဖ်ာ္ရည္ဆိုလို႔ ရယ္ခ်င္သြားတာကို မနည္းထိန္းလိုက္ရတယ္။

ဒီအသက္အရြယ္ ေယာက်ာ္းေလး ေတာ္ေတာ္မ်ားမ်ားက စေတာ္ဘယ္ရီ ေဖ်ာ္ရည္ဆိုတာမ်ိဳး သိပ္မေသာက္ၾကေတာ့ဘူးလားလို႔။

ဘတ္ခ္ဟၽြန္းကေတာ့ အဲ့လိုဟုတ္ပုံမရ။
ကေလးေလးက်လို႔။ ဒီေကာင္ေလးက တကယ္ တစ္မ်ိဳးေလး။

" ကၽြန္ေတာ္ကေတာ့ ဘာမွမလုပ္ရေပမယ့္ ခ်န္းေယာလ္တစ္ေယာက္တည္း ေသာက္ရတာ ပ်င္းမွာစိုးလို႔ ၂ ခြက္ေဖ်ာ္လာတာ။ ဟီးဟီး "

" ကၽြန္ေတာ္ အႀကိဳက္ဆုံး စေတာ္ဘယ္ရီ "

သူေဖ်ာ္လာတဲ့ အေအးကို သူ႔ဘာသာ သေဘာက်ၿပီး တဟိဟိရယ္ရင္း ေသာက္ေနတာမို႔ ခ်န္းေယာလ္ ေခါင္းခါမိရင္း ကိုယ့္အေအးကိုယ္ ေသာက္ေနမိလိုက္ေတာ့တယ္။

' တကယ္ ကေလးလိုပဲ '

မဆိုးပါဘူး။ စေတာ္ဘယ္ရီလည္း အေမာေျပပါတယ္။ ေဖ်ာ္ေပးတဲ့သူက ခ်စ္စရာေကာင္းေနေတာ့လည္း။

လုပ္လက္စေတြကို ဆက္လုပ္ေတာ့ ဘတ္ခ္ဟၽြန္းက အတင္းကူမယ္ ေျပာတယ္။ မကူေစခ်င္တာက ကိုယ္။

စိတ္ထဲမွာ ဒီေကာင္ေလးက ႏုႏုဖတ္ဖတ္ေလး။ လက္လွလွေလးေတြကို ဒီလို ၾကမ္းၾကမ္းတမ္းတမ္းေတြ သုံးလို႔ မျဖစ္ဘူး။ ဒီေကာင္ေလး ထိခိုက္လို႔ မျဖစ္ဘူးဆိုတဲ့ အေတြးမ်ိဳး ေတြးမိၿပီး ဘာမွမလုပ္ေစခ်င္လို႔ ေဘးမွာထိုင္ခိုင္းထားတာ။

ျမန္ျမန္ၿပီးသြားမွာ စိုးတာလည္း ပါတာေပါ့။ ဒီေနရာကေန မျပန္ခ်င္ဘူး။ ဒီေနရာမွာ အၾကည္ဓါတ္ အျပည့္အဝရွိတယ္။

ခုံရိုက္ျခင္း လုပ္ငန္းကေတာ့ ေန႔လည္ ထမင္းစားခ်ိန္မွာ ၿပီးသြားတယ္။ ခ်န္းေယာလ္က ေဆးအျဖဴေလးပါ သုတ္ေပးလိုက္ေသး။ အခုေတာ့ ေဆးေျခာက္ေအာင္ ေနပူထဲ ခ်ထားလိုက္တယ္။

ေန႔လည္စာကိုေတာ့ ဘတ္ခ္ဟၽြန္းက တာဝန္ယူၿပီး ျပင္ဆင္ေပးထားတယ္။

" ကၽြန္ေတာ္က စားလို႔ျဖစ္ေအာင္ေလာက္ပဲ ခ်က္တတ္တာ။ အိမ္ကိုလည္း ဧည့္သည္သိပ္မလာေတာ့ အရမ္းေကာင္းေအာင္ မခ်က္တတ္ေသးဘူး။ ခ်န္းေယာလ္က ကၽြန္ေတာ့္အိမ္မွာ ပထမဆုံး ထမင္းစားတဲ့ ဧည့္သည္ပဲ "

ဟင္းပြဲေလးေတြ စားပြဲေပၚ လာတင္ရင္း ေျပာေတာ့ လက္ေဆးေနတဲ့ ခ်န္းေယာလ္က လွည့္ၾကည့္ရင္း ျပဳံးတယ္။

" ဘတ္ခ္ဟၽြန္းရဲ့ လက္ရာကို ပထမဆုံး ျမည္းရမယ့္သူက ကၽြန္ေတာ္ဆိုပါေတာ့ "

" အဲ့ဒါေၾကာင့္ အားနာေနတာေလ။ မေကာင္းမကန္းေလးေတြဆိုေတာ့ .. ခ်န္းေယာလ္ စားလို႔ အဆင္မေျပမွာစိုးတာ "

စ,စားျဖစ္ေတာ့ သိခ်င္ေနတဲ့ မ်က္ဝန္းေလးနဲ႔ ေရွ႕က ထိုင္ၾကည့္ေနတာမို႔ ရယ္ခ်င္သြားရေသး။

ဘာေကာင္ေလးတုန္း။ ဒီလိုအခ်ိန္က် မရွိတဲ့ မ်က္လုံးေလးေတြက ျပဴးတူတူးေလးေတြနဲ႔။ အူယားစရာ။

" ဘယ္လိုေနလဲဟင္ "

" ေကာင္းပါတယ္ ဘတ္ခ္ဟၽြန္းရဲ့။ စားဖိုမွူးေတြ ခ်က္သလို အရမ္းေကာင္းေနတာမ်ိဳး မဟုတ္ေပမယ့္ သူ႔ဟာနဲ႔သူ စားလို႔ အဆင္ေျပတာမို႔ စိတ္မပူနဲ႔။ ဘတ္ခ္ဟၽြန္းလည္း စားေတာ့ "

အဲ့ေတာ့မွ 'ေတာ္ေသးတာေပါ့' ဆိုတဲ့ အသံေလးနဲ႔အတူ ထမင္း စ, စားတယ္။ ဒီကိုလာလည္တဲ့ ၅ ရက္မွာ ကုန္သြားတဲ့ ၃ ရက္စလုံး ဘတ္ခ္ဟၽြန္းနဲ႔ ေတြ႕ျဖစ္ေနတာမို႔ အရင္ကထက္လည္း ပိုရင္းႏွီးလာတယ္။

ႏွစ္ေယာက္လုံးကလည္း ေမ်ာက္ႏွစ္ဖြား သက္တူရြယ္တူေတြမို႔လည္းပါမယ္။ သိပ္မညႇိရဘဲ အခ်င္းခ်င္း နားလည္လြယ္တာကိုလည္း သတိထားမိတယ္။

ထမင္းစားေသာက္ၿပီးေတာ့ ေနာက္ေဖးထြက္ေပါက္က ေလွကားထိပ္မွာပဲ ငုတ္တုတ္ထိုင္ၿပီး ပန္းခင္းကို ထိုင္ၾကည့္မိတယ္။

တကယ္ဆို ကိုယ္က စျမင္ကတည္းက ဒီေနရာရဲ့ အလွနဲ႔ ေအးခ်မ္းမွုကို သေဘာက်သြားတဲ့ သူေလ။ အဲ့ေတာ့ ဒီကိုလာဖို႔ကိုပဲ အမ်ိဳးမ်ိဳး ႀကံစည္ေနမိတာေပါ့။ ဘယ္သူမွမသိလည္း ကိုယ္ေစာင့္နတ္ သိတယ္။ မလိမ္ပါဘူး။ ဘုရားစူး ဒီေနရာကို သေဘာက်မိလို႔ပါ။

ေဘးမွာ ခပ္က်ဳံ႕က်ဳံ႕လာထိုင္တဲ့ ဘတ္ခ္ဟၽြန္းရဲ့ အကၤ်ီက ရတဲ့ ဆပ္ျပာနံ႔က ေလအေဝွ႕မွာ ခပ္သင္းသင္း။ သူ႔ဟာနဲ႔သူဆို မေသးေပမယ့္ ကိုယ္နဲ႔ယွဥ္လိုက္ရင္ ပိစိေလး ျဖစ္သြားတဲ့ ေကာင္ေလးက အခုဆို ငုံ႔ၾကည့္ရတဲ့ အေနအထားမွာ။

ဒူးႏွစ္ဖက္ေပၚ တံေတာင္ေထာက္ၿပီး ပါးႏွစ္ဖက္ကို လက္နဲ႔ျပန္ေထာက္ထားလို႔ အိထြက္ေနတဲ့ ပါးေဖာင္းေဖာင္းေတြရယ္၊ စူထြက္ေနတဲ့ ႏွုတ္ခမ္းပိစိေလးရယ္၊ ေလျပည္ေၾကာင့္ တလြင့္လြင့္ျဖစ္ေနတဲ့ ႏူးညံ့မယ္ထင္ရတဲ့ ဆံပင္ ႏုႏုေတြရယ္။

အေရွ႕က ေလတိုက္တိုင္း ယိမ္းႏြဲ႕ေနတဲ့ အျဖဴေရာင္ပန္းခင္းႀကီးရယ္ကို ေပါင္း။ ရွိသမၽွ အေမာေတြ အကုန္ေျပရတယ္။

ဒီလိုနဲ႔ ဒီထက္ပိုၿပီး ေလာဘတက္မိလာရင္ ဒုကၡပါပဲ။
ကိုယ့္စရိုက္ကလည္း လိုခ်င္ၿပီဆို အပိုင္ရရမွ ေက်နပ္တာမ်ိဳး။

တစ္ခါမွ ကိုယ့္ကိုယ္ကိုယ္ ျပန္မေမးဖူးတဲ့ ေမးခြန္းေတြ ေမးၾကည့္ဖို႔ လိုလာၿပီ ထင္ပါရဲ့။






---- Say I Love You ----




Slow Romance လို အၿငိမ့္ေလးပဲ သြားမွာပါ။
အပိုင္းအမ်ားႀကီး မပါေလာက္ပါဘူး။

သီခ်င္းနားေထာင္ရင္း ဒီလို scene ေလးေတြ ေရးခ်င္တယ္ဆိုၿပီး ေတြးမိတာကေန ပုံေဖာ္ျဖစ္သြားတာ။

ျပႆနာက စာမေရးတာၾကာေတာ့ မေရးတတ္ေတာ့ဘူး ျဖစ္ေနတယ္။ စိတ္တိုင္းကို မက်ဘူးကြယ္ TT

7.6.2023(Wed)




.
.
.

Continue Reading

You'll Also Like

1.9M 91.3K 57
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
6.2M 378K 54
Title - တည် {တည္} Author - Neera Chapters - 52 chapters + 1 extra ကန့်လန့်ဆန်သောအချစ်၏ Extra 2 ကိုအရင်ဖတ်ပေးပါ။ ကန့္လန့္ဆန္ေသာအခ်စ္၏ Extra 2 ကိုအရင္ဖ...
1.5M 89.2K 37
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...