Unicode
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်
အပိုင်း ၃၁
"ဘယ်နှစ်နာရီရှိပြီလဲ" ဝူထုန်က အိပ်ချင်မူးတူး မေးလိုက်သည်။
“၇ နာရီ”
"ည၇နာရီလား။ အဲ့လောက်တောင်ရှိသွားပြီလား" ဝူထုန် အမြန်ထထိုင်လိုက်သည်။ "ရှင် ကျွန်မကို ဘာလို့မနှိုးတာလဲ"
"မင်း ဘာလို့ စိုးရိမ်နေတာလဲ။ ဒါက မင်းအိမ်မို့ မိုးလင်းတဲ့အထိ အိပ်ရင်တောင် ကိစ္စမရှိပါဘူး” လို့ ချင်ကော ပြောလိုက်သည်။
ဝူထုန်က ချင်ကော ကို လျစ်လျူရှုပြီး ဖေးဖေး အကြောင်း မေးလိုက်သည်။ "ဖေးဖေး ကော။ သူအခန်းထဲဝင်လာသေးလား"
"သူ သူ့အခန်းထဲမှာ တစ်ချိန်လုံး ဉာဏ်စမ်းရုပ်ဆက်နဲ့ကစားနေတယ် "
"ကစားနေသေးတုန်းလား။ ဗိုက်ဆာတယ်ဆိုပြီး တစ်ခုခုမပြောခဲ့ဘူးလား" လို့ ဝူထုန် မေးလိုက်သည်။
ဒါကိုကြားတော့ သူ့မျက်ခုံးတွေ တွန့်သွားသည်။ ဖေးဖေးကို ထမင်းကျွေးဖို့ မေ့သွားတယ်ထင်တယ်။
"ထတော့။ ညစာသွားစားရအောင်။ ဖေးဖေးက စကားပြောရတာ မကြိုက်ပေမယ့် ကလေးတွေက ဗိုက်ဆာလွယ်တယ်။ သူ့ကိုအစားစားဖို့ သေချာသတိပေးရမယ်” ဝူထုန် ထပြီး ဘေးက အခန်းဆီ ဦးတည်လိုက်သည်။
ဖေးဖေးသည် ဉာဏ်စမ်းရုပ်ဆက်တစ်ခုကို ပေါင်းထည့်ခြင်းဖြင့် ၈၀% ခန့် ပြီးမြောက်ခဲ့သည်။ ဝူထုန်က ဖေးဖေး နံဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် "ဖေးဖေး၊ ညစာ သွားစားရအောင်လေ " လို့ပြောလိုက်သည်။
သူတကယ် ဗိုက်ဆာနေတာပဲဖြစ်မယ်။ ဖေးဖေး သူ့လက်ထဲက ဉာဏ်စမ်းရုပ်ဆက်ကို ချလိုက်ပြီး နာခံစွာဖြင့် ထလိုက်သည်။
ဝူထုန်က ဖေးဖေး နဖူးကို စာနာစိတ်ဖြင့် နှိပ်နယ်ပေးလိုက်ပြီးနောက် တံခါးဝတွင်ရပ်နေသော ချင်ကော ကို စူးစူးဝါးဝါး လှည့်ကြည့်လိုက်သည်။ အပြစ်တင်သောလေသံဖြင့် သူမက “ကြည့်၊ ဖေးဖေး ဗိုက်ဆာနေပြီ" လို့ပြောလိုက်သည်။
ချင်ကော ပြုံးပြီး ကားပြင်ဖို့ အပြင်ထွက်ခဲ့သည်။
ညစာစားပြီးနောက် ချင်ကောသည် ဝူထုန်ကို ပြန်ပို့ပေးပြီး ကျောက်စိမ်းတောင်ကို သွားကာ သူ့အမေဆီမှာ ဖေးဖေးကိုထားခဲ့သည်။ ဒီလိုလုပ်ပြီးနောက် သူ့အခန်းကိုသွားပြီး ဆေးလိပ်သောက်ဖို့ လသာဆောင်ကို မှီလိုက်သည်။
နောက်တစ်ခုက စီးကရက်တစ်လိပ်သောက်ပြီး မကြာခင်မှာပဲ ကြမ်းပြင်မှာ စီးကရက်တိုတွေနဲ့ ပြည့်သွားခဲ့သည်။ သူ့လက်ထဲမှာ နောက်ဆုံးစီးကရက်ကို သောက်ပြီးသွားတော့ နောက်တစ်လိပ် ထပ်ယူချင်ပေမယ့် စီးကရက်ဗူးထဲမှာ မရှိတော့ဘူးဆိုတာကို သိလိုက်ရသည်။ အနည်းငယ် စိတ်တိုသွားကာ စီးကရက်ဗူးအလွတ်ကို ကြမ်းပြင်ပေါ် ပစ်ချပြီစ ညကောင်းကင်ယံကို မျှော်ကြည့်ပြီး စဉ်းစားနေမိသည်။ ဖုန်းကို ကောက်ကိုင်လိုက်ပြီး စိတ်ရောဂါကု ဆရာဝန်ကို ဖုန်းခေါ်လိုက်တာနဲ့ သူ့စိတ်ထဲပြင်ချင်သွားပုံပါပဲ။
“ဒေါက်တာ လီ၊ တွေ့ ကြရအောင်"
နောက်တစ်နေ့မှာ ချင်ကောက ဝူထုန်ကို ကူညီဖို့ ဖေးဖေးကို မခေါ်လာခဲ့ပေ။ ဤတစ်ကြိမ်တွင် သူက ဝူထုန်ကို မနှောင့်ယှက်ဘဲ တစ်ယောက်တည်း ကားမောင်းမသွားခင် သူတို့ရဲ့ အိမ်သစ်က စာကြည့်ခန်းထဲမှာ သူမကို တစ်ယောက်တည်းထားခဲ့သည်။
ချင်ကောက မကြာခင်မှာပဲ သူ မကြိုက်သည့်နေရာဖြစ်တဲ့ လန်ဟိုင် စိတ်ရောဂါကုဆရာဝန်ရဲ့ ရုံးခန်းဆီ ရောက်ရှိသွားသည်။
"ချင်ကော " ဒေါက်တာ လီယွင်ကျင့်သည် သူ့ရုံးခန်းထဲသို့ ဝင်လာကတည်းက အတွေးပျောက်နေသည့် ချင် မိသားစု၏ အကြီးဆုံး သခင်လေးကို မခေါ်ဘဲမနေနိုင်ခဲ့ပေ။
"ဟင်???" ချင်ကော အဖြစ်မှန်ကို ပြန်ပြောခဲ့သည်။
“အိမ်ထောင်ပြုပြီးသွားရင် ဘဝအတွက် စိတ်ပူနေတဲ့ပုံအကြောင်း ပြောနေတာပဲကို” ဟု ဒေါက်တာ လီက သူ့ကို သတိပေးခဲ့သည်။
ချင်ကော သူ့အတွေးရထားဆီ ပြန်သွားခဲ့ပြီး သူ့စိုးရိမ်မှုများကို ဖြည်းညှင်းစွာ ပြန်ပြောပြခဲ့သည်။ “ကျွန်တော် စစ်တပ်က ထွက်ပြီးကတည်းက လူအုပ်စုကြီးတွေနဲ့ အကြာကြီး နီးနီးကပ်ကပ်မနေရဲတော့ဘူး။ လူစုလူဝေးကို မုန်းတာကြောင့် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ တစ်စုံတစ်ဦးကို နာကျင်စေမိမှာကို စိုးရိမ်တာကြောင့်ပါ"
“ဆေးကုသမှု ခံယူပြီးတဲ့ နောက်မှာ ကျွန်တော့်ရဲ့ အခြေအနေက တော်တော်လေး တိုးတက်လာတယ်။ အချိန်အများစုကို ကျွန်တော် ထိန်းချုပ်နိုင်တယ်။ ဥပမာ စိတ်မြန်တဲ့ အခါတိုင်း၊ ပြေးတာမျိုး ဒါမှမဟုတ် ဒိုက်ထိုးတာတွေ လုပ်တယ်။ အရမ်းစိတ်တိုလာတဲ့အခါတိုင်းမှာ လက်ဝှေ့လေ့ကျင့်တာ ဒါမှမဟုတ် လက်ဝှေ့ထိုးတဲ့အိတ်ကို ထိုးတယ်။ ကိုယ့်ကိုယ်ကို ပင်ပန်းနွမ်းနယ်အောင်လုပ်ပြီးသွားရင် စိတ်တိုတာ၊ ဒေါသထွက်တာတွေ မဖြစ်တော့ဘူး"
“အဲ့နောက်တော့ ခင်များက ကျွန်တော့်ရဲ့ ကုသမှု ပြီးဆုံးကြောင်း ကြေညာပြီး မိသားစုနဲ့ စတင်နေဖို့ အကြံပေးခဲ့တယ်။ ကျွန်တော့်မိသားစုဆီ ပြန်ရောက်လာပြီးရင် ကျွန်တော် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာမယ်လို့ ခင်များထင်ခဲ့တယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် မလုံလောက်သေးဘူး”
"ရှင့် ဇနီးကို သဘောမကျဘူးလား" ဒေါက်တာလီက မေးခဲ့သည်။
"လူတစ်ယောက်ကို သဘောကျတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ" ချင်ကောက ပြန်မေးခဲ့သည်။
"ရှင့်ဇနီးအကြောင်း တွေးလိုက်ကြည့်လိုက်ရင် ရှင့်စိတ်ထဲမှာဘာတွေရောက်လာလဲ" ဒေါက်တာလီကို မေးလိုက်သည်။
"ကျွန်တော် သူ့ကိုနမ်းချင်တယ်။ ပြီးတော့ သူမကို ကုတင်ပေါ် လှဲချပြီးချုပ်ထားချင်တယ်....." ချင်ကောက ဒေါက်တာလီကို ကြည့်လိုက်သည်။ "ဒါပေမယ့် ဒါက ကျွန်တော့်ရဲ့ ထိန်းချုပ်လိုတဲ့ ဆန္ဒကို ထုတ်ဖော်တာလို့ ခင်များ ပြောခဲ့တာမဟုတ်ဘူးလား"
ချင်ကောက သူမကို ပြောနေတာတွေကြောင့် ဒေါက်တာ လီ စိတ်မကျေမနပ်ဖြစ်ပြီး သူ့ကို ဆက်ပြောဖို့ တောင်းဆိုလိုက်သည်။ "တစ်ခြားကော "
ချင်ကောက "သူမ ကျွန်တော့်ကို ပြုံးပြတာကို သဘောကျတယ်" လို့ မတုံ့ပြန်ခင် ခဏလောက် စဉ်းစားခဲ့သည်။
"ဒါဆို ရှင့်ကို ကျွန်မသေချာပြောပြနိုင်တာက ရှင် သူမကို မမုန်းဘူး။ အဲဒီအစား ရှင် သူမကို သဘောကျတဲ့ပုံရတယ်” ဒေါက်တာလီက နိဂုံးချုပ်ပေးခဲ့သည်။
ညနေ ၅ နာရီလုံး ဝူထုန်အား ပွေ့ဖက်ထားတဲ့ပုံစံကို ချင်ကော မှတ်မိခဲ့သော်လည်း သူ ငိုက်မျဉ်းခဲ့ခြင်းမရှိပေ။ "ဒါပေမယ့် သူကျွန်တော့် ဘေးမှာ ရှိနေရင် ကျွန်တော် အိပ်မရဘူး"
"ဒါက သပ်သပ်ကိစ္စတစ်ခုလား ဒါမှမဟုတ်......" ဒေါက်တာလီကို မေးလိုက်သည်။
"ကျွန်တော့်ဘေးမှာ တစ်ယောက်ယောက်ရှိနေသရွေ့ ကျွန်တော် အိပ်လို့မရဘူး။ လက်ထပ်ပြီးသွားလို့ ကျွန်တော့်မိန်းမနဲ့ အတူတူ မအိပ်နိုင်ရင် ဒီအိမ်ထောင်ရေးက ကျွန်တော့်ကို ဘယ်လိုကုစားမလဲ”
"အိပ်မရဘူးဆိုတော့ ရှင်ဘာတွေစိတ်ပူနေတာလဲ" ဒေါက်တာလီ မေးလိုက်သည်။
"ကျွန်တော် သူ့ကို နာကျင်အောင်လုပ်မှာကို ကြောက်တယ်" ချင်ကော ခါးသက်စွာ ရယ်လိုက်သည်။ "ကျွန်တော် စစ်မြေပြင်မှာ မရှိတော့ဘူး၊ အနီးနားမှာ ရန်သူတွေ မရှိမှန်း သိပေမယ့် ကျွန်တော့် အိပ်မက်တွေက သွေးတွေနဲ့ ပြည့်နှက်နေတုန်းပဲ"
ဒေါက်တာလီ၏ ခေါင်းထဲ တစ်စုံတစ်ခု ဝင်ရောက်လာခဲ့သည်။ ဒါကို ချင်ကော သူမကို တစ်ခါမှ မပြောပြဖူးဘူး။
"သဘက်ခါ ကျွန်တော်တို့ ဟန်းနီးမွန်းထွက်ကြမှာ။ နိုင်ငံခြားမှာ တစ်လလုံး အတူနေမယ်။ ကျွန်တော်တို့ပြန်လာရင် ကျွန်တော်တို့ ရေရှည်အတူတူအိပ်ကြရမယ်" လို့ ချင်ကောက ဖြည်းဖြည်းချင်းပြောခဲ့သည်။
"ချင်ကော၊ ကိုယ့်ကိုကိုယ် အခွင့်အရေးပေးပြီးတော့ ကျွန်မတို့ရဲ့ အကောင်းဆုံး ပစ်ချက်တွေကို ပေးလိုက်ရအောင်။ အဆင်မပြေသေးရင် ပြန်လာပြီး ပြန်ဆွေးနွေးလို့ရတာပဲ” ဒေါက်တာလီက အကြံပေးလိုက်သည်။
"ကျွန်တော် သူ့ကို နာကျင်အောင်လုပ်မိရင် ဘယ်လိုလုပ်မလဲ" ချင်ကောက မေးလိုက်သည်။
"ရှင် အဲ့လိုမလုပ်ပါဘူး" ဒေါက်တာလီက “ရှင်က ထူးခြားတဲ့ စစ်သားတစ်ယောက်လို့ ပြောတဲ့အချိန်မှာ တစ်ခုခုကို အကြံပြုနေပုံရတယ်။ ရှင်က သာမာန်လူတွေကို ဒုက္ခပေးမှာမဟုတ်ဘူး။ ရှင်ရဲ့ဇနီးဆို ပိုတောင်မှဒုက္ခပေးဖို့နည်းသေးတယ်"
စိတ်ရောဂါ ကုထုံးဆရာဝန်ရဲ့ ရုံးခန်းက ထွက်သွားပြီးနောက် ချင်ကောက အနည်းငယ် ပျောက်ဆုံးသွားသည်ကို မြင်တွေ့လိုက်ရသည်။
*Ring * *Ring*
ချင်ကော သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်ဆိုမှုကို ချက်ချင်း စစ်ကြည့်လိုက်တော့ ဝူထုန်ဖြစ်နေသည်။
ချင်ကော ဖုန်းခေါ်ဆိုမှုကို ဖြေကြားခဲ့သည်။ "ဟယ်လို"
"ကျွန်မ စာကြည့်ခန်းကို ပြင်ဆင်ပြီးပြီ" လို့ဝူထုန် ပြောလိုက်သည်။
"ဟုတ်ပြီ "
ဝူထုန်င ချင်ကောနဲ့ ပတ်သက်သည့် တစ်စုံတစ်ရာကို ခံစားသိရှိလိုက်ရတာကြောင့် သူမက "ရှင်.....စိတ်အခြေအနေမကောင်းဘူးလား"လို့ သတိထားလျက် မေးလိုက်သည်။
"ဘာမှတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ရောဂါက ပြန်ထဖောက်လာနိုင်ချေရှိတယ်”
“အိုး…” ဝူထုန် စကားမပြောခင် တစ်စက္ကန့်လောက် ဗလာဖြစ်သွားခဲ့သည်။ “ကျွန်မတို့ရဲ့ ဟန်းနီးမွန်းအတွက် ဘယ်သွားမှာလဲလို့ မေးမို့။ ရာသီဥတုကို စစ်ဆေးပြီး သင့်တော်တဲ့ အဝတ်အစားတွေနဲ့ တခြားပစ္စည်းတွေကို ထုပ်ပိုးထားချင်လို့”
"ဘာပဲဖြစ်ဖြစ် ထုပ်ပိုးထားလိုက်။ မလုံလောက်ရင် လိုအပ်တာကို ဝယ်လို့ရတယ်”
"ရှင် ကျွန်မကို လာခေါ်မှာလား ဒါမှမဟုတ် ကျွန်မတို့ လေဆိပ်မှာဆုံကြမှာလား"
"ကိုယ် မင်းကိုလာခေါ်မယ်"
ချင်ကောက ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။ သူ သူ့ကားကိုစမောင်းလိုက်ပြီး မကြာခင်အချိန်မှာပဲ ဆင်ခြေဖုံးရပ်ကွက်ရှိ သေနတ်ပစ်ကွင်းဆီ မောင်းသွားခဲ့သည်။ သူရောက်လာတော့ လေ့ကျင့်ရေးသေနတ်တစ်လက်ကို ကိုင်လိုက်ပြီး ကျည်ဆံတစ်ဝက်လောက် ပစ်ပစ်လိုက်သည်။
"အကြီးဆုံး သခင်လေးချင်၊ ဒီနေ့ မင်း စိတ်တိုနေတာလား" သေနတ်ပစ်ကွင်းပိုင်ရှင် ထောင်ကျစ်က မေးလိုက်သည်။
ထောင်ကျစ်သည်လည်း စစ်မှုထမ်းဟောင်းဖြစ်သည်။ စစ်တပ်ကထွက်ပြီး သေနတ်ပစ်ကလပ်ကို ဖွင့်လှစ်ခဲ့သည်။ သူက ချင်ကောနဲ့ တော်တော်ကောင်းတဲ့ ဆက်ဆံရေးမှာရှိသည်။
"ငါနဲ့ လေ့ကျင့်ရေးကွင်းသွားချင်လား" ချင်ကောက သေနတ်ချကာ မေးလိုက်သည်။
ချင်ကောဆိုလိုတဲ့ လေ့ကျင့်ရေးကွင်းမှာ လက်ချင်းယှဉ်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။ ထောင်ကျစ်သည် kickboxing တွင် ကျွမ်းကျင်သော်လည်း ချင်ကောကို ဘယ်သောအခါမှ အနိုင်မယူနိုင်ခဲ့ပေ။
ထောင်ကျစ်က ခေါင်းယမ်းပြီး ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်သည်။ "ဟင့်အင်း ငါ မင်းကိုမတိုက်နိုင်ဘူး"
ချင်ကောက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ချင်နေတာ။ "မင်း အကာအကွယ်ပစ္စည်း ဝတ်လို့ရတယ်"
"ငါက အဲ့လိုလူလား" ထောင်ကျစ်က ဒေါသတကြီး အော်လိုက်သည်။ တိုက်ပွဲမှာ အကာအကွယ်ပစ္စည်တွေကို ဘယ်သူကဝတ်လို့လဲ။ တစ်ယောက်ယောက် သိသွားရင် အဆုံးသတ်ကို ငါ မကြားချင်ဘူး။
"ဒါဆို မင်းဘာလို့ တရှောင်နဲ့ အဖွဲ့မဖွဲ့တာလဲ" ချင်ကော အကြံပေးလိုက်သည်။
တရှောင်က သေနတ်ပစ်ကွင်းတွင် လုံခြုံရေးအကြီးအကဲဖြစ်သည်။ သူသည်လည်း စစ်မှုထမ်းဟောင်းဖြစ်ပြီး သူ့ရဲ့ ကျွမ်းကျင်မှုက ထောင်ကျစ်နဲ့ တန်းတူပဲ။
"ဒီနေ့ မင်းကို တစ်ယောက်ယောက်က ဒေါသထွက်အောင်လုပ်လိုက်လို့လား" ထောင်ကျစ်က မေးလိုက်သည်။
“ငါတို့က ညီအစ်ကိုတွေပဲ။ လာပါကိုယ်လူတို့ လာ၊ ချကြစို့” ချင်ကောက တိုက်တွန်းလိုက်သည်။
"F*** !" နောက်ဆုံးတော့ ထောင်ကျစ်က သူ့အင်္ကျီကို ချွတ်လိုက်ပြီး သူ့ရဲ့ သန်မာတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ထုတ်ဖော်လိုက်သည်။ သူက ဘေးနားကို ပြေးသွားလိုက်ပြီး ပြောလိုက်သည်။ "တရှောင်ကို လက်ဝှေ့ကြိုးဝိုင်းထဲ လာခဲ့ဖို့ ပြောလိုက်!"
ပြင်းထန်သော တိုက်ခိုက်မှုများအပြီးတွင် သူ အရမ်းစိတ်အခြေအနေ ကောင်းမွန်သွားတာကို ခံစားခဲ့ရသည်။
ဒီအခိုက်အတန့်ကို သူ အရမ်းကြာကြာ တောင့်တနေခဲ့တာ ဖြစ်နိုင်တယ်။ သူ အကောင်းဆုံးကြိုးစားမယ်။ သူ သူမကိုနာကျင်အောင်လုပ်မိရင် သူမကိုလွှတ်ပေးလိုက်မယ်။
အချိန်ဘီးလုံး လည်ပတ်လာသည်နှင့်အမျှ ဟန်းနီးမွန်းထွက်မည့်နေ့သည်လည်း လျင်မြန်စွာရောက်ရှိလာခဲ့သည်။
.............
Khat - ဒီနေ့ 31.5.2023 ရက်နေ့က ကိုယ့်တူမလေး မွေးနေ့မို့ ဒီနေ့နဲ့ မနက်ဖန် gp ဝင်ရင်
ကိုယ်ဝန်နဲ့ မိန်းမစိုးလေး (လဲ့ယောင်းယောင်း) [အစအဆုံး ပြီး ] ၄၅၀၀
ကြယ်တာရာခေတ် စာဖိုမှူး ကလေးတစ်ဦးကိုပြုစုပျိုးထောင်ခြင်း (ချင်မို၊ လျိုဝေဝေ) [အစအဆုံး gp 1 ပြီး] ၆၅၀၀
၇၀ခုနှစ်တုန်းက ငါဗီလိန်းနဲ့အတူနေခဲ့တယ် (ရန်ယန်၊ လင်းရှောင်ယွဲ့) [မပြီးသေး] ၂၇၅၀
၇၀ ခုနှစ်ကမင်းခင်ပွန်းဆီကံကောင်းခြင်းတွေယူဆောင်သွားပါ (စုယွဲ့) [အစအဆုံးပြီး] ၁၅၀၀
အဓိကဇာတ်လိုက်နဲ့လက်ထပ်ခြင်း (ချန်ကျင်းယောင်) [မပြီးသေး] ၄၀၀၀
ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ် (ချင်ကော၊ ဝူထုန်) [မပြီးသေး] ၂၇၅၀
gp ၂ ခုဝင်ရင် ၅၀၀ ထပ်လျော့ပါတယ်ရှင့်။
ဖုန်းဘေလ်က ၁၀၀၀ ပိုပါတယ်
••••••••••
Zawgyi
အပိုင်း ၃၁
“၇ နာရီ”