MIDNIGHT

By KommyRam

3.2K 717 72

အချစ်က လူတွေကို ပျော်ရွှင်စေနိုင်တယ်ဆိုရင် တဆက်တည်းမှာပဲ လူတွေကို စိတ်ပင်ပန်းမှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှုတွေ... More

EPISODE 0
PERMISSION
CHARACTER INTRODUCE
EPISODE 1
EPISODE 2
EPISODE 3
EPISODE 4
EPISODE 5
EPISODE 6
EPISODE 7
EPISODE 8
EPISODE 9
EPISODE 10
EPISODE 11
EPISODE 12
EPISODE 13
EPISODE 14
EPISODE 15
EPISODE 16
EPISODE 17
EPISODE 18
EPISODE 19
EPISODE 20
DAWN : 21

EXPLAIN

99 26 3
By KommyRam

ထွေထွေးထူးထူး မဟုတ်ပေမယ့် ဇာတ်ကောင်တွေနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြချင်လို့ပါ

ပထမဆုံးပြောချင်တာက Kim Ji Woong ပါ၊ ဘာလို့ထားခဲ့ရတာလဲဆို သူ့အဖေကို မလွန်ဆန်နိုင်လို့ပါ၊ ဘာကြောင့် ခုချိန်မှ ပြန်လာရလဲဆိုတာတော့ သိကြမှာပါ သူ့အဖေနဲ့ သဘောတူညီချက်ယူပြီး ၂ နှစ် အချိန် ကန့်သတ်ခဲ့လို့ပါ၊ ဒါတွေကို သူကြိုတင်ပြင်ဆင်ထားပြသားပါ တကယ်လို့ဆိုတာ ရှိလာခဲ့ရင်ဆိုပြီး သူစာကိုသေသေချာချာ ရေးပြီးထားခဲ့တာပါ၊ ‌စာတစ်စောင်တည်းနဲ့ ပြီးစ လွယ်ထားခဲ့တာမျိုး မဟုတ်ဘဲနဲ့ သူယုံကြည်ရတဲ့ သူတို့ရဲ့ အိမ်တော်ထိန်းနဲ့ သေချာအပ်ထားခဲ့တာပါ၊ အိမ်တော်ထိန်းကို သူယုံကြည်ခဲ့လို့ပါ နေ့တိုင်းမပြတ် ဆက်သွယ်ပြီး သူ့ကလေးလေးအကြောင်း မေးခဲ့တဲ့သူပါ၊

ဒုတိယမြောက်ကတော့ Jay Chang ရဲ့အကြောင်း ပါ၊ သူ Jongwooကို အထက်တန်းနှစ်ကတည်းက သဘောကျခဲ့ရတဲ့သူပါ၊ ကြားထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မဆုံစည်းခဲ့ရပေမယ့် တစ်ဖန်ပြန်ပြီး ဆုံတွေ့တဲ့ အချိန်မှာတော့ ပိုင်ဆိုင်ချင်မိတာ သူအမှားမဟုတ် ပါဘူးနော်၊ နောက်ပြီး သူချစ်ရတဲ့သူက အဲ့သလိုမျိုး မြင်လိုက်ရတဲ့ သူ့အတွက် တကယ် ယူကျိုးမရဖြစ်ပြီး ရင်နာခဲ့ရတာပါ၊ သူက အတတ်နိုင်ဆုံး ကြိုးစားပြီး Comfort ဖြစ်အောင် နေပေးခဲ့တာပါ၊ ဆိုးတယ်ဆိုတာကလဲ Jay Chang က Yoon Jong Woo ရဲ့ စိတ်ကို ဘယ်လိုမျိုး ကိုင်တွယ်ရမလဲဆိုတာ သူကောင်းကောင်း သိလို့ပါ၊

နောက်ဆုံး‌အနေနဲ့ ပြောချင်တာကတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Yoon Jong Woo အကြောင်း ပါ၊ Jongwoo က ထားခဲ့ခံရတဲ့ တစ်နှစ်ခွဲကျော်မှာ ရူးမတတ်ခံစားခဲ့ရတာပါ၊ Ji Woong က သူ့ရဲ့အချစ်ဦး သူတအားသဘောကျခဲ့ရတဲ့ သူမို့ပါ၊ သူချစ်ရတဲ့သူကို အရာအားလုံးပုံအပ်ပြီး ယုံယုံ ကြည်ကြည် လိုက်လာခဲ့ပြီးမှ ထားခဲ့ခြင်းခံခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာ အကြီးအကျယ် ရခဲ့သူပါ၊ အကျိုးဆက် ရလဒ်အနေနဲ့ Self-harm ကို စွဲလမ်းနေတဲ့ သူတစ်ယောက်ဖြစ်ခဲ့ရတာပါ၊ သူပြောခဲ့ပြီးသားပါ ကိုကို ပြန်လာမယ့်အချိန်ကို စောင့်နေတာ မဟုတ်ဘဲ သူကိုယ်တိုင် ဒီအတိတ်တွေထဲက ရုန်းထွက်နိုင်ဖို့ရာ ကြိုးစားနေတဲ့သူတစ်ယောက်ပါ၊ သူ့ကိုယ်သူ အတိတ်တွေ‌ထဲမှာ ပိတ်လှောင်ပြီး နေနေခဲ့တာပါ၊

Jay Chang က သူ့အတွက် ဘယ်လိုလူမျိုးလဲဆိုတာ သူကိုယ်‌တိုင်တောင် မဖော်ပြတတ်တဲ့သူပါ၊ Jay က သူ့ရဲ့ Healing Person // Comfort Zone အဖြစ်ရောက်လာခဲ့တော့ သူ့အနေနဲ့ စိတ်ကို လွှတ်ချသင့် မချသင့် အမြဲဝေခွဲမရဖြစ်ခဲ့ရနာပါ၊နောက်ဆုံး သူစိတ်လိုရာကိုပဲ သူလှမ်းခဲ့တာပါ၊ ‌ဒါကို ဖောက်ပြန်တယ်လို့တော့ ခေါင်းစဉ်တပ်လို့ ရမယ် မထင်မိပါဘူး၊ ဘာလို့လဲဆို တစ်နှစ်ကျော် နှစ်နှစ်နီးပါး ထားခဲ့ခံရတဲ့ သူ့အတွက် အဲ့ဒီစကားက လွန်းလွန်းရာ ကျပါလိမ့်မယ်၊ သူဘာကို ယုံ ကြည်ပြီး စောင့်နေရမှာလဲဆိုတာ သူမသိခဲ့ရဘဲနဲ့ Kim Ji Woong က မလိမ်တတ်ဘူးဆိုတဲ့ တစ်ချက်ကို လက်ကိုင်ထားပြီး သူ့စိတ်ကို ဖြေသိပ်နေခဲ့ရတာပါ၊

Kim Ji Woong နဲ့ ပြန်ဆုံတဲ့ အချိန်မှာတော့ သူဘယ်လိုခံစားနေရလဲဆိုတာ ဖော်မပြတတ်လောက်အောင်ထိပါ၊ ခံစားချက်တွေ အကုန်လုံး ရောထွေးသွားရတာပါ၊ နောက်ဆုံးမှာ ပြန်လာတဲ့ချစ်သူကြောင့် ‌ဝမ်းသာရမလား၊ အချိန်ကြာမှ သူ့ဆီပြန်လာခဲ့လို့ ဝမ်းနည်းရမလားဆိုတာ ရေရေရာရာ မသိတော့တာပါ၊ အခြေအနေကို ပိုဆိုးစေတာက သူ့စိတ်ထဲကိုရောက်နေပြီဖြစ်တဲ့ Jay Chang ကြောင့်ပါ၊

အဓိကပြောချင်တာကတော့ ဇာတ်ကောင်တိုင်းမှာ သူ့အကြောင်းပြချက်နဲ့သူရှိနေပြီး ဘယ်သူကမှ အမုန်းခံရဖို့ရာ နာကျင်ဖို့ရာ မထိုက်တန်ပါဘူး၊

_____________________________________________

Self - harm ရဲ့ အဓိပ္ပာယ်ကိုတော့ သိပြီးသား ဖြစ်ကြမှာပါ၊ ဒါပေမယ့် ထပ်ရှင်းပြပေးပါ့မယ်၊

စကားလုံးနဲ့ဖော်ပြဖို့ရာ ခက်ခဲတဲ့ အရာတွေ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကနေ Physical ပိုင်းဆိုင်ရာ နာကျင်မှုအဖြစ် ပြောင်းလဲလိုက်တာမျိုးပါ၊ သူ့ကိုလွှမ်းမိုးနေတဲ့ အတွေးတွေ ခံစားချက်တွေကို လျော့ချခြင်တဲ့ အခါမျိုး၊ စိတ်ဒဏ်ရာဖြစ်ပေါ်စေတဲ့ အမှတ်တရတွေကနေ လွှတ်မြောက်ချင်တဲ့ အခါမျိုး၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ချင်တဲ့ အခါမျိုးတွေမှာ ကိုယ့်ကိုကိုယ် နာကျင်အောင်ပြုလုပ်တတ်ကြတာပါ၊ သူတို့ ကြုံတွေခဲ့တဲ့ အရာတွေ သူတို့ ခံစားချက်တွေကြောင့် သူတို့ကိုယ် သူတို့ အပြစ်ပေးတာမျိုးဆိုလဲ ဟုတ်ပါတယ်၊

Continue Reading

You'll Also Like

1.3K 309 9
you know what's most fascinating?
243K 6K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...
12K 465 49
Title : Desharow Merman(德萨罗人鱼) Author : 深海先生 Artist : Houby E Trans : Mosh Scans Genre : Yaoi, Sci-fic, Thriller, Romance, Fantasy
3.6K 360 5
Heejay x Omegaverse (Burmese ) __________ This is just fan fiction. It's just my imagination. Start Date- 23.06.2022 End Date-