Kim Ji Woongတစ်ယောက် ဒီနေ့မနက်ခင်း အိပ် ရာနိုးလာတာနဲ့ စိတ်လက်ပျော်ရွှင်ပြီးလန်းဆန်းလို့နေသည်၊ သူမျှော်လင့်နေရတဲ့ နေ့လေး မဟုတ်လား၊ ကလေးလေးဆီကို သွားရမယ့်နေ့၊ ကလေးလေးနဲ့ ပြန်ဆုံရမယ့် ဒီနေ့အတွက်Ji Woong တက် ကြွနေခဲ့တယ်၊
" Ji Woong Hyung ကျွန်တော့်ကို ဒီည နမ်ဆန်တာဝါကို လိုက်ပို့ပေးလို့ ရလား "
" ဒီညတော့ မရဘူး Ricky သဘက်ခါညကျရင် လိုက်ပို့ပေးမယ် အဆင်ပြေလား "
သဘက်ခါဆို ကလေးလေးကို ဒီခေါ်လာတာနဲ့ ကွက်တိကျလိမ့်မည်၊ အဲ့အခါကျ ကလေးလေးနဲ့ အတူတူနမ်ဆန်ကို သွားလို့ရမည်၊ သူ့အတွက် အချက်နဲ့ သူတော့ အံဝင်ခွင်ကျဖြစ်နေခဲ့သည်၊
Ricky တစ်ယောက် ထူးဆန်းနေမိသည်၊ Ji Woong Hyung ရဲ့ပုံစံက ဒီနေ့ပျော်ရွှင်နေသလို၊
" ပြေပါတယ် "
" ဒါဆို သွားလိုက်ဦးမယ် ဘိုင့် "
Ricky ကို နှုတ်ဆက်ပြီးတာနဲ့ သူတန်းထွက်လာခဲ့သည်၊ ကားမောင်းနေတဲ့လမ်းတစ်လျှောက်ကလေး လေးနဲ့ ပြန်တွေ့ရင်ဆိုတဲ့ စိတ်ကူးနဲ့တင် သူပျော်ရွှင်နေခဲ့သည်၊
တွေ့ပါပြီ ကိုယ်တို့ရဲ့အပြာရောင်အိမ်လေး၊အိမ်ရှေ့ ကားရပ်ပြီး အိမ်ထဲကို လှမ်းကြည့်လိုက်တော့ ကလေးလေးကို တွေ့လိုက်ရသလို ဒါပေမယ့် တစ်ယောက်တည်းတော့ မဟုတ်၊ တစ်ခြားလူတစ်ယောက်နဲ့ပါ အတူတူရှိနေသည်၊ နီးကပ်နေတဲ့ ကလေးလေးနဲ့ တခြားသူ ထိုအခြေအနေက သူ့စိတ်ကို ပူလောင်စေသည်၊
" အဲ့တာ ဘာဖြစ်နေတာလဲ "
အနောက်ကနေကြားလိုက်ရတဲ့ ရင်းနှီးတဲ့ အသံတစ်ခု၊ Jongwoo လှည့်ကြည့်ဖို့ရာ တွန့်ဆုတ်နေမိသည်၊ တကယ်လို့ တကယ်လို့သာ သူဖြစ်နေခဲ့ပါလျှင်
" ကိုကို "
ထင်မှတ်ထားခဲ့သလိုပဲ ထိုသူဟာ ကိုကိုဖြစ်နေခဲ့ပါသည်၊ ကိုကိုက ဘယ်လိုလုပ်
သူ့စိတ်တွေ ဆောက်တည်ရာမရ ဖြစ်သွားရပါ သည်၊ ချက်ချင်းပဲ သူ့ကမ္ဘာကြီးက မှောင်မိုက်သွားသလိုမျိုး၊ ဦးနှောက်တစ်ခုလုံးက ဗလာကျင်း ဖြစ်သွားရသည်၊ ကိုကိုရဲ့မျက်နှာပေါ်မှာ ဒေါသတွေ အထင်းသားပေါ်လို့နေတယ် ၊ Jay ကို မြင်လိုက်တာနဲ့ တစ်ပြိုင်နက်
" Jay Chang !?? "
ကိုကိုက ဘယ်လိုလုပ် Jay ကို သိနေရတာလဲ
Jongwoo ခြေထောက်တွေက ရပ်တည်နိုင်ဖို့ရာ အားမရှိတော့ပါ၊ သူချက်ချင်းပဲ မြေပြင်ပေါ်သို့ ပုံလျှက်သွား ကျသွားရပါသည်၊
" ကလေးလေး "
" Hyung "
တစ်ပြိုင်နက်တည်း ကြားလိုက်ရတဲ့ အသံနှစ်ခု၊ သူ့အတွက် ဘယ်ခေါ်သံက စိတ်သက်သာရာ ရစေသနည်း၊
" အဆင်ပြေရဲ့လား ကိုယ့်ကလေးလေး "
ကိုကိုက သူ့ကို ချက်ချင်းပဲ ပွေ့ချီလိုက်သည်၊ ထို့ နောက် သူတို့ နောက်ကို လိုက်လာဖို့ရာ ဟန်ပြင်နေသော Jay အား
" မင်း လိုက်မလာခဲ့နဲ့ "
Ji Woong Hyung က စကားကြောင့် Jay နေရာမှာတင်ပဲ ရပ်နေမိသည်၊ သူက Hyung ရဲ့ ပိုင်ရှင် မဟုတ်လား Hyungချစ်ရတဲ့သူ Hyung ရဲ့ချစ်သူတစ်ယောက်၊ Jayစိတ်ထဲမှာတော့ တင်းကြပ်လို့နေသည်၊ သူ့မှာ ဘာအခွင့်အရေးမှ ရှိမနေခဲ့ပါ၊
ထိုအဖြစ်အပျက်အစအဆုံးကို စောင့်ကြည့်နေသူတစ်ဦးရှိလို့နေသည်၊
" ပြဿနာကို ကျွန်မတို့ ဖြေရှင်းစရာမလိုတော့ဘူးထင်ထယ် ဥက္ကဌကြီး "
____________________________________________
" ကလေလေး အဆင်ပြေရဲ့လား ရေတွေစိုရွှဲနေတာ အဝတ်အစား အရင်လဲလိုက်ဦးနော် "
" ကိုကို "
မျက်ရည်တွေ Jongwoo မျက်ဝန်းထဲမှာ မျက်ရည် များ ပြည့်လို့နေသည်၊ ကိုကိုကို ဒီလိုမျိုး ပြန်မြင်တွေ့နေရတာကို သူမယုံနိုင်၊ ဘယ်နှရက် ဘယ်နှလ ဘယ်နှနှစ် သူဒီအချိန်ကို စောင့်ခဲ့ရသလဲ၊
ကိုကိုဟာ အရင်တိုင်း ဩဇာအာဏာအပြည့်ရှိပြီး ကြည့်လို့ကောင်းနေတုန်းပါ၊ သူ့စိတ်တွေ မွန်းကြပ်နေတဲ့ကြားကမှ၊ ရက်ပေါင်းများစွာ ကြာခဲ့ပြီဆိုပေမယ့် အရှင်သခင်မှန်း သိတဲ့သူ့ရဲ့ နှလုံးသားဟာ ကိုကို့အတွက် အသက်ဝင်နေခဲ့ပါသည်၊
" ကလေးလေး လာ ကိုကို့ကို ဖက်ပါဦး "
သူ့အား လက်များဆန့်တန်းပေးလာသော ကိုကို၊သူဘယ်လိုလုပ် ဒီရင်ခွင်ထဲကို တိုးဝင်ရဲမှာလဲ သူ့အတွက် ထိုက်တန်ရဲ့လား၊ သူခြေလှမ်းတွေ လှမ်းဖို့ရာ တွန့်ဆုတ်နေခဲ့သည်၊ သူဘယ်လို အင်အားမျိုးနဲ့ ကိုကို့ဆီကို လျှောက်သွားရမည်နည်း၊
ကိုကို့ကို မြင်လိုက်တာနဲ့ ဘာလို့ ဘာကြောင့်မို့ သူ့ကို ထားခဲ့ရသလဲ၊ ဘာဖြစ်လို့ သူ့ဆီပြန်မလာခဲ့တာလဲ၊ ဘာကြောင့် အခုချိန်မှ ပြန်လာရတာလဲ၊ အရင်က သိချင်ခဲ့ဖူးတဲ့ မေးခွန်းများဟာ ကြက်ပျောက် ငှက်ပျောက်ဖြစ်သွားရသည်၊
ကိုကိုဟာ သူ့အလာကိုစောင့်မနေတော့ ချက်ချင်း ပဲ သူ့ကို ပွေ့ဖက်လိုက်သည်၊ ရင်ပြင်ကျယ်ကျယ်ဟာ တစ်ချိန်က သူ့အတွက်နားခိုရာ ဖြစ်ခဲ့သည် မဟုတ်လား၊
" လွမ်းနေခဲ့တာ ကိုယ့်ကလေးလေး "
သူကျန်ရှိနေခဲ့တဲ့ ရက်တွေမှာ သူလည်း ကိုကို့ကို ရူးမတတ်လွမ်းဆွတ်ခဲ့ရသည် မဟုတ်လား၊ ဒါပေမယ့် ခုချိန်မှာတော့ သူပြောမထွက်နိုင်တော့ပါ၊
" ကိုယ့်မှာ ကလေးလေးကို ပြောစရာ စကားတွေ အများကြီး ရှိတယ် "
" ကိုကို "
" ပြောလေ ကလေးလေး "
" ကျွန်တော်လေ "
သူဘာစကားမှ ပြောမထွက်နိုင်ဘဲ အားစေးမိနေခဲ့သည်၊ ဒါကို ကိုကိုက နားလည်စွာဖြင့်
" ပင်ပန်းနေရောပေါ့ ဒီမှာနားနေဦးနော် ကလေးလေး ကိုကို ဟိုဘက်ကို ခဏသွားလိုက်ဦးမယ် "
ကိုကိုပြောတဲ့ ဟိုဘက်ဆိုတာ ဘယ်ကိုပြောသည်နည်း၊ မဟုတ်မှ Jay ဆီကိုလား
_____________________________________________
" Jay Chang "
" ရောက်လာပြီလား "
" တွေ့ရတာ ဝမ်းသာပါတယ် Kim Ji Woong ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော် "
စတွေ့ကတည်းက စိတ်ထဲ ဘဝင်မကျလှတဲ့ ဒီကောင်လေး၊ အပြုံးတုတွေနဲ့ Jay Chang ရဲ့ မျက်နှာထားဟာ သူ့ကိုအတော်လေး စိတ်ရှုတ်စေသည်၊
" မင်း ငါ့ကို သိနေခဲ့တယ် မဟုတ်လား "
" ဆိုပါတော့ "
အဲ့ဒီ အချိန်ကတည်းက ကလေးလေးကိုလည်း သိနေပြီးသားပေါ့၊ အဲ့တာကြောင့် သူ့ကိုလည်း မချေမငံ ဆက်ဆံခဲ့တာ မဟုတ်လား
" မင်းဒီကို ရောက်တာ ဘယ်လောက်ကြာပြီလဲ "
" ၅ လကျော်လောက်တော့ရှိမယ်ထင်တယ် "
" မင်းနဲ့ ကလေးလေးနဲ့ ဘယ်လိုပတ်သက်တာလဲ "
" အဟက် ခင်များက ဘယ်လိုထင်လို့လဲ "
Kim Ji Woong တကယ် သူ့စိတ်များကို မနည်း ထိန်းချုပ်ထားရသည်၊ ဒီကောင်လေးက သူ့ရဲ့ ဒေါသကို တမင်လာဆွနေသလိုပင်၊
" သေချာပြောရရင်တော့ မရင်းနှီးဘူးဆိုပါတော့ "
မင်းနဲ့ငါနဲ့ ရင်းနှီးတာလည်း မဟုတ်ဘူးလို့ အမြဲပြောတဲ့ Hyung ရဲ့ စကားအရပေါ့
" ဘာပဲပြောပြော ကလေးလေးကို ဒီကနေ ပြန်ခေါ်သွားမှာ "
" မတားပါဘူး ခင်များ သဘောပေါ့ "
ဟုတ်ပါသည် Jayမှာ တကယ်ပဲတားခွင့်မရှိပါ၊ ကိုယ်ချစ်ရတဲ့သူက တစ်ခြားသူ့နောက်ပါသွားမည်ကို ရင်နာနာနဲ့ ကြည့်နေရုံသာ၊ သူဘာကိုမှ မတတ်နိုင်၊
" ဒါပေမယ့် တစ်ခုတော့ ကျွန်တော် ပြောလိုက်ချင်တယ်၊ ဒေါ်ကြီးကိုသတိထားပေးပါ Hyung အတွက် အန္တရာယ်များလို့ "
" မင်းဘာတွေပြောနေတာလဲ အာဂျီးမားက ငါတို့ အိမ်တော်ကလူ "
" ခင်များ မသိသေးတာတွေ အများကြီးပါ "
ခုမှတွေ့တဲ့ ဒီကောင်လေးကိုသူဘာအကြောင်းကြောင့်နဲ့ ယုံရမည်နည်း၊ အာဂျီးမားက သူတို့ဆီမှာ နှစ်အတော်ကြာ နေခဲ့တဲ့သူ Ji Woong အယုံကြည်ရဆုံး သူတစ်ယောက် ဒါကြောင့်မို့ ကလေးလေးနဲ့အတူ ထားဖို့ သူဆုံးဖြတ်ခဲ့တာပေါ့၊
" ငါက မင်းစကားကို ဘာလို့ ယုံရမှာလဲ "
Jay ဒေါသထွက်လာရတယ်၊ သူ့စိတ်ထဲတင်းကြပ်နေတဲ့ အရာသမျှထွက်ပြောလိုက်မိတော့ သည်၊
" ဒီနှစ်ပိုင်းတွေမှာ Hyung ဘယ်လိုရှင်သန်ခဲ့လဲ ခင်များသိလား၊ ခင်များကတော့ အဲ့ဒီမှာ ကောင်း ကောင်း ရှင်သန်နေပေမယ့် Hyungကကျဘယ်လို အခက်အခဲတွေ ဖြစ်ခဲ့ရလဲဆိုတာ ခင်များသိလား "
" ခင်များကတော့ ကောင်းလိုက်တာ ပစ်ထားချင်တဲ့ အချိန် ပစ်ထားပြီး ပြန်လိုချင်တဲ့အချိန်ကျမှ ပြန်လာခေါ်တယ်ပေါ့ အဲ့လိုမျိုးရလား Hyung က ခင်များရဲ့ အရုပ်တစ်ရုပ်မဟုတ်ဘူးဗျ၊ လူ ခံစားတတ်တဲ့ နာကျင်တတ်တဲ့ နှလုံးသားရှိတဲ့လူဆိုတာကို ခင်များသိရဲ့လား"
" မင်းက ဘာတွေ သိလို့ ငါကို လာအော်နေရတာလဲ Jay Chang "
Jay ရဲ့ အင်္ကျီကော်လံစကို ဆွဲကိုင်ထားသော Kim Ji Woong နှစ်ယောက်လုံးရဲ့ မျက်ဝန်းများမှာ မီးတောက်လို့နေသည်၊
" သေချာတာကတော့ ခင်များထက် ပိုသိတယ် "
" ဒီနှစ်ပိုင်းတွေမှာ ခင်များ Hyungကို တစ်ခါလေးတောင် ဆက်သွယ်ခဲ့ရဲ့လား၊ ပြန်လာမယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် စောင့်နေခဲ့ရတဲ့ လူကအရူးလား ခင်များမို့ ကိုယ်ချင်းမစာ၊ ခင်များက Hyung ကို ဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခဲ့တာ၊ ခင်များကြောင့် အရာအားလုံး ခင်များကြောင့် Hyung က Hyung ကလေ "
ပြောရင်း Jay မျက်ရည်ကျမိပါသည်၊ သူမရှိတဲ့ အချိန် သူဒီကို ရောက်မလာသေးခင် အချိန်တွေမှာ Hyungက ဘယ်လိုမျိုးရှင်သန်နေခဲ့ရလဲဆိုတာ တွေးကြည့်ရုံနဲ့တင် သူရင်နာရပါသည်၊
ထိုအခါမှ သူ့အင်္ကျီကော်လံစကို လွတ်ပေးပြီး သူ့အိမ်ထဲကနေထွက်သွားတော့သည်၊ မုန်းဖို့ကောင်း ပါသည်၊ Kim Ji Woongက Jayအတွက်တော့မုန်းစရာကောင်းတဲ့ သူတစ်ယောက်၊ သူချစ်ရတဲ့သူကို နာကျင်အောင် လုပ်တဲ့ ထိုလူကို Jay မုန်းမိတာ မဆန်းဘူးထင်ပါ သည်၊
_____________________________________________
ဟိုကောင်လေး ပြောစကားကြောင့် သူအတွေးတွေ ရှုတ်ယှက်ခတ်သွားရသည်၊ ကလေးလေးက ဘာတွေဖြစ်ခဲ့လို့ သူကဒီလိုမျိုးပြောရတာလဲ၊ဒေါ် ကြီးကရော ဘာဖြစ်လို့ကလေးလေးအတွက် အန္တရာယ်ဖြစ်စေရတာလဲ၊
ကလေးလေးက သူပေးတဲ့ စာကို မရခဲ့ဘူးလား ဒါပေမယ့်အတွေးထဲ ရုတ်တရက် ဝင်လာတာက ဒီအကြောင်းတွေကို သူကသိနေသည်ထိ ကလေးလေးနဲ့ရင်းနှီးမှု ရှိခဲ့တာလား ဒါတော့ မဖြစ်နိုင်ပါ၊ ကလေးလေးကသူစိမ်းတွေနဲ့ ရင်းနှီးလွယ်တတ်တဲ့ သူမျိုးမှမဟုတ်ဘဲ၊ သူတို့အကြောင်းကိုလည်း ဒီကောင်လေး ကို ပြောပြမည် မဟုတ်၊
" ကလေးလေး "
သူ့ကိုမြင်တာနဲ့ တင်းတင်းကြပ်ကြပ် သိုင်းဖက်လာတဲ့ ကိုကို၊ Jongwoo ကိုကို့ရင်ခွင်ထဲကို မရောက်မှီ စက္ကန့်ပိုင်းလေးအတွင်းမှာ ကိုကိုရဲ့မျက် ဝန်းများမှာ ပူပန်မှုများကိန်းအောင်းနေသည်ကို မြင်လိုက်ရသည်၊
" ကိုကို ဘာလို့လဲ "
" အဆင်ပြေခဲ့ရဲ့လား ကိုယ့်ကလေးလေး "
" ဟင် "
ကိုကိုဟာ ဘာလို့ ဒီမေးခွန်းကိုမေးရသနည်း၊မဟုတ် မှ Jay ပြောလိုက်လို့လား
" ဒီမှာ နေရတဲ့နေ့ရက်တွေမှာ နေရတာ အဆင်ပြေခဲ့ရဲ့လား ကလေးလေးရယ် ကိုယ့်ကို ပြောပါဦး "
" နောက်ပြီး ကိုကိုပေးခဲ့တဲ့ စာရော ရခဲ့ရဲ့လား "
စာ ကိုကိုပေးခဲ့တဲ့စာဆိုတာက၊ မြင်လဲ မမြင်ဖူးသလို သူဘယ်တုန်းကမှ မရခဲ့ဘူးပါ၊
" ဘာကို ပြောတာလဲ ကိုကို "
" ဒေါ်ကြီးကို ကလေးလေးအတွက် ကိုကိုပေးခဲ့တဲ့ စာလေ၊ ကလေးလေး မရခဲ့ဘူးလား "
" ဟင့်အင်း "
ဟိုကောင်လေးပြောတဲ့စကားတွေကို Ji Woong ပြန်မြင်ယောင်လာသည်၊
" ပြန်လာမယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့တင် စောင့်နေခဲ့ရတဲ့ လူကအရူးလား ခင်များမို့ ကိုယ်ချင်းမစာ၊ ခင်များက Hyungကို ဒီအိမ်ကြီးထဲမှာ ပိတ်လှောင်ခဲ့တာ၊ ခင်များကြောင့် အရာအားလုံး ခင်များကြောင့် "
ဒီစကားကို သူထပ်ခါထပ်ခါ ကြားနေရသည်၊ထပ်ပြီးသူပြောခဲ့တဲ့ ကလေးလေး ဘယ်လို နေနေခဲ့ရတာလဲ ဆိုတာတွေ တကယ်ပဲ ကလေးလေးက သူမရှိစဉ်အတောအတွင်း ဘယ်လိုမျိုးရှင်သန်ခဲ့ရလဲ၊
" ကလေးလေးအတွက် သူက အန္တရာယ်ဖြစ်စေခဲ့တာလား "