Zawgyi
"ကြၽန္ေတာ္...ကြၽန္ေတာ္ ေရခဲမုန႔္ စားမယ္... တစ္ပတ္ႏွစ္ခါ!" ေလာ့ရွန္ဟြာ ဘာေျပာမလဲမသိတာေၾကာင့္ ပါးစပ္ဖ်ားကေနထြက္လာတဲ့အရာသာေျပာလိုက္ေတာ့သည္၊
"မရဘူး" ခ်က္ခ်င္းေလသံမာသြားတဲ့ေလာ့က်န္းေပ့ေၾကာင့္ ေလာ့ရွန္ဟြာခႏၶာကိုယ္ေလးဟာ တုန္လႈပ္သြားေတာ့သည္၊ထိုေနာက္မွာ မေက်မနပ္ေလးနဲ႕ေခါင္းေမာ့ကာ ၾကည့္လိုက္ၿပီး
"ဒယ္ဒီက ဒါေလးသာ မျဖည့္ဆည္းေပးခ်င္ဘူးလား...ရွန္ေလးေတာင္းဆိုတာက ကိစၥေသးေသးေလးကို... "ေလသံတိုးတိုးေလးနဲ႕သာ ျပန္ေျပာလာေတာ့သည္၊ေလသံမာသြားလို႔ ဒယ္ဒီဆူမွာလည္း ေလာ့ရွန္ဟြာမွာ ေၾကာက္ေနရေသးသည္၊ဒါေပမယ့္ နဂါးမွန္းသိေအာင္ အေမာက္ေသးေသးေလးကိုေတာ့ မသိမသာေလး ေထာင္ခ်င္ေသးသည္၊
"ေရခဲမုန႔္က မင္းကို ဖ်ားနာေစလိမ့္မယ္... ကိုယ္သေဘာမတူဘူး"
"ကမၻာမွာ ကေလးေတြအမ်ားႀကီး တစ္ပတ္မွာ ေရခဲမုန႔္ေတြ အမ်ားႀကီးစားတာ ဘာမွမျဖစ္ပါဘူး...ဟြန႔္"
"အဲ့တာ အျခားသူေတြရဲ႕ကေလးေတြေလ၊ မင္းက ကိုယ့္ကေလးငယ္ေလ... ကိုယ့္ကေလးငယ္ကို ဘာထိခိုက္နာက်င္မႈမွ မျဖစ္ေစရဘူး"
"ေရခဲမုန႔္စားတာ...မနာက်င္ေစ...ပါဘူး"
"သေရစာဆိုတာ လြန္လြန္ၾကဴးၾကဴးစားရင္ မင္းရဲ႕အူလမ္းေၾကာင္းနဲ႕အစာအိမ္ကို ဆိုးဝါးေစတယ္...အဲ့က်ရင္ ကေလးငယ္ နာက်င္ရလိမ့္မယ္ ဆရာဝန္က ကုသေပးနိုင္ရင္ေတာင္ ကိုယ္ကေတာ့ ကေလးငယ္မ်က္ႏွာေပၚမွာ နာက်င္မႈ အနည္းငယ္ေတာင္ မျမင္နိုင္ဘူး"
ေလာ့ရွန္ဟြာမ်က္ႏွာဟာ နီရဲသြားေတာ့သည္၊ထိုေနာက္မွာ ေလာ့က်န္းေပ့ရင္ခြင္ထဲ မွီထားလိုက္ၿပီး ၿပဳံးၿပဳံးေလးျဖင့္ ျပန္ေျဖလိုက္သည္၊
"ဒယ္ဒီကို မနိုင္ဘူး"
ေလာ့က်န္းေပ့ကလည္း ၿပဳံးသြားၿပီး ကေလးငယ္ရဲ႕ဆံပင္မ်ားကို ဖြဖြေလးပုတ္ေပးေနေတာ့သည္၊ဒါေပမယ့္ သူ႕စကားေတြဟာ အမွန္တကယ္ပင္ ဒီကေလးငယ္ေပၚမွာ သူရဲ႕စြဲလမ္းစိတ္ဟာ တေျဖးေျဖးေၾကာက္စရာေကာင္းေနေတာ့သည္၊ ကေလးငယ္သာ တစ္ခုခုျဖစ္ခဲ့ရင္ဆိုတဲ့အေတြးနဲ႕တင္ သူဟာ႐ူးသြပ္သြားနိုင္သည္၊
"ဒါေပမယ့္ ကြၽန္ေတာ္စိတ္ဆိုးေနတုန္းပဲ!" ေလာ့ရွန္ဟြာက ရတဲ့အခြင့္အေရးလက္လြတ္စရာလား၊ဒီအခြင့္အေရးကို အသုံးခ်ၿပီး ဒယ္ဒီနဲ႕ရင္းႏွီးေအာင္လုပ္ပစ္မည္၊
"ေဟာဗ်ာ... ကဲကဲ စိတ္ဆိုးေျပေအာင္ ကိုယ္က ဘာလုပ္ေပးရမလဲ"ေလာ့က်န္းေပ့စကားေၾကာင့္ ေလာ့ရွန္ဟြာ ဟိုေတြး၊ဒီေတြးေတြးလိုက္သည္၊ဘယ္လိုကိစၥမ်ိဳးက လူႏွစ္ေယာက္ကို ပိုရင္ႏွီးခ်င္တာလဲ၊
[Moon: ႐ုပ္ရွင္ၾကည့္၊ညစာစားေလ Host]
'အဲ့တာက အတြဲေတြၾကားက ခ်ိန္းေတြ႕တာႀကီးေလ'
[Moon:Hostက ေလာ့က်န္းေပ့ကို ျမဴဆြယ္ရမွာပဲေလ... ဘာလဲ ကေလးကစားကြင္းသြားခ်င္ေနတာလား]Moonစကားေၾကာင့္ ေလာ့ရွန္ဟြာမ်က္ေမွာင္ၾကဳတ္သြားေတာ့သည္၊ထိုေနာက္မွာေတာ့ ေလာ့က်န္းေပ့ကို ေမာ့ၾကည့္လိုက္ၿပီး
"ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ၾကည့္ၾကမယ္...အျပင္ဘက္မွာေနာ္..." ေလာ့ရွန္ဟြာစကားေၾကာင့္ ေလာ့က်န္းေပ့ဟာအနည္းငယ္အံ့ၾသသြားေပမယ့္ ေခါင္းညိတ္လက္ခံလိုက္သည္၊သူလည္း ကေလးငယ္နဲ႕အတူ အခ်ိန္ေတြကုန္ဆုံးခ်င္တာကိုး၊
"ၿမိဳ႕ထဲက ႐ုပ္ရွင္႐ုံဧရိယာကိုေမာင္း" ေလာ့က်န္းေပ့ဟာ ယာဥ္ေမာင္းသူကို အမိန႔္ေပးေစခိုင္းလိုက္ခ်ိန္မွာ ဒရိုင္ဘာဟာ ဖုန္းတစ္လုံးကို စာပို႔လိုက္ၿပီး ကားကိုစတင္ေမာင္းေတာ့သည္၊
'Moon သူဘယ္သူဆီပို႔တာလဲဆိုတာ ၾကည့္ေပးပါဗ်'
ေလာ့ရွန္ဟြာစကားေၾကာင့္ system Moonကလည္းခ်က္ခ်င္းစုံစမ္းလိုက္ၿပီးေနာက္မွာ အခ်က္အလက္ေတြကိုေဖာ္ျပလာေတာ့သည္၊ကားဒရိုင္ဘာဟာ က်န္းလင္းရွတို႔နဲ႕ပတ္သတ္ေနၿပီး က်န္းလင္းရွအေမနဲ႕ပတ္သတ္ဖူးသူျဖစ္သည္၊ဒါေၾကာင့္ က်န္းလင္းရွဘက္ကေန ကားဒရိုင္ဘာကို အကူညီေတာင္းတဲ့ခ်ိန္မွာ ထိုလူဟာေတြေဝမႈမရွိကူညီေပးခဲ့သည္၊
အခု ဆက္သြယ္ကာစာပို႔လိုက္တဲ့သူကလည္း က်န္းလင္းရွဆီသာျဖစ္သည္၊က်န္းလင္းရွဟာ ေလာ့က်န္းေပ့ရွိတဲ့ေနရာတိုင္းမွာ ေနာက္ပိုင္းရွိေနတတ္တာ မဆန္းက်ယ္ေတာ့ေပ၊ေလာ့ရွန္ဟြာၿပဳံးလိုက္ၿပီး ကားဒရိုင္ဘာကို မ်က္လုံးေမွးစင္းရင္းၾကည့္လိုက္သည္၊
ထိုလူဟာ ေလာ့အိမ္ေတာ္ရဲ႕သစၥာခံအေစာင့္ျဖစ္ခဲ့ေသာ္လည္း သခင့္မ်က္ႏွာမေထာက္ သစၥာေဖာက္လာမွေတာ့ သူကလည္း ဘာအားနာေနစရာလိုေတာ့မွာလဲ၊
(A/N:အစပိုင္းမွာ ပါတဲ့ကားဒရိုင္နဲ႕လက္ရွိကားဒရိုင္ဘာက လူမတူပါ)
ေလာ့အိမ္ေတာ္ကကားဟာ ႐ုပ္ရွင္႐ုံဧရိယာရဲ႕ကားရပ္တဲ့ေနရာမွာ ရပ္တန႔္လိုက္ၿပီးေနာက္မွာ ကားဒရိုင္ဘာဟာ ကားေပၚကေနဆင္းကာ ကားတံခါးဖြင့္ေပးလာေတာ့သည္၊ေလာ့က်န္းေပ့ဟာ ကားထဲကေန အရင္ဆုံးထြက္လိုက္ၿပီးေနာက္မွာ ေလာ့ရွန္ဟြာဆီ လက္ကမ္းလိုက္သည္၊ ေလာ့ရွန္ဟြာဟာ ေပ်ာ္ေပ်ာ္ႀကီးကို ေလာ့က်န္းေပ့ရဲ႕လက္ဝါးထဲ သူ႕လက္ေလးထည့္လိုက္ၿပီးေနာက္မွာ ေလာ့က်န္းေပ့ရဲ႕ဗလႂကြက္သားမ်ားနဲ႕တည္ေဆာက္ထားတဲ့လက္ေမာင္းကို အားရပါးရဖက္တြယ္လိုက္ေတာ့သည္၊
"ကိုယ္တို႔ ဘာကားၾကည့္က်မလဲ"ေလာ့ရွန္ဟြာက ဘာကားၾကည့္ရမလဲမသိေပ၊ကိုယ္တိုင္ကလည္း ႐ုပ္ရွင္ၾကည့္ရသည္ကို သိပ္ဝါသနာမပါလွေပ၊ဒါေပမယ့္ တစ္ခုခုေတာ့ ေ႐ြးရမွာေပါ့၊
[Moon: အခ်စ္ကားၾကည့္ေနရင္ ရိုလို႔ရသလို၊သရဲကားၾကည့္ရင္း 'အား ဒယ္ဒီ'ဆိုၿပီး ခုန္အုပ္ဖက္နိုင္တာေၾကာင့္ Systemမွာ သရဲကားကို recommendေပးပါတယ္]
"ဒီကားၾကည့္ရတာ ေကာင္းမဲ့ပုံပဲ" သရဲကားလို႔ထင္ရတဲ့ေၾကာက္စရာေကာင္းတဲ့ေၾကာ္ျငာကို ေလာ့ရွန္ဟြာလက္ညိုွးထိုးကာေျပာလိုက္သည္၊ေလာ့က်န္းေပ့ဟာလည္း မ်က္ခုံးတစ္ခ်က္ပင့္သြားၿပီး လက္မခံတဲ့အသံနဲ႕ေျပာလိုက္သည္၊
"ဒီလိုကားေတြက ကေလးေတြအတြက္ မသင့္ေတာ္ဘူး"
"ဟိဟိ ဒယ္ဒီ သရဲေၾကာက္လို႔မလား" ေလာ့ရွန္ဟြာဟာ ဒီအတိုင္းစေနာက္လိုက္ျခင္းတာျဖစ္သည္၊တိတ္ဆိတ္ေနတဲ့ေလာ့က်န္းေပ့ေၾကာင့္ သူဟာလွည့္ကာၾကည့္လာေတာ့သည္၊ေလာ့က်န္းေပ့ရဲ႕နားထင္မွာ အနည္းငယ္ေခြၽးစို႔ေနသလိုပင္၊ႏြေရာသီမဟုတ္တာေတာင္ ဘာေၾကာင့္ေခြၽးစို႔ေနပါလိမ့္။
"မေၾကာက္ပါဘူး ၾကည့္တာေပါ့"ေလာ့က်န္းေပ့ရဲ႕အသံဟာ သာမန္တိုင္းပင္ေပမယ့္ အဖ်ားေတာ့နည္းနည္းခတ္သြားသည္၊ထိုေနာက္မွာေတာ့ ေလာ့ရွန္ဟြာရဲ႕လက္ကိုဆြဲကာ လက္မွတ္ျဖတ္လိုက္ေတာ့သည္၊
"စီနီယာေလာ့" အေနာက္ကေန ခ်ိဳၿပီးတည္ၿငိမ္သိမ့္ေမြ႕လွတဲ့ေယာက်္ားတစ္ေယာက္အသံၾကားတာေၾကာင့္ ေလာ့ရွန္ဟြာလွည့္ၾကည့္လိုက္ေတာ့ ထင္တဲ့အတိုင္း က်န္းလင္းရွျဖစ္ေနေတာ့သည္၊က်န္းလင္းရွဟာ ေလာ့ရွန္ဟြာကိုလွည့္ပင္မၾကည့္ေပ၊သူရဲ႕လွပတဲ့မ်က္လုံးမ်ားဟာ ေလာ့က်န္းေပ့ကိုသာ ေတာက္ပစြာၾကည့္ေနေတာ့သည္၊
"ဒယ္ဒီ ဟိုမွာ ေပါက္ေပါက္ဆုပ္!" ေလာ့ရွန္ဟြာဟာ ေလာ့က်န္းေပ့လက္ေမာင္းကိုဆြဲကာ ေပါက္ေပါက္ဆုပ္စက္ဘက္ကိုသြားေတာ့သည္၊သူဟာ က်န္းလင္းရွဘက္လွည့္လိုက္ၿပီး ေလွာင္ၿပဳံးၿပဳံးျပဖို႔ပင္ မေမ့ေခ်၊
'ေလာ့ရွန္ဟြာ!!!'စီနီယာေလာ့က ငါ့သေဘာက်သြားမွာကို မင္းကေၾကာက္လန႔္ေနတယ္ေပါ့၊ဒါေပမယ့္ စီနီယာေလာ့က မင္းကို ခ်စ္လာမွာမဟုတ္ဘူး၊ငါက မင္းထက္ဘယ္ေနရာမဆိုသာလြန္ၿပီးသား၊
က်န္းလင္းရွ သူရဲ႕စိတ္ကိုျပန္ထိန္းလိုက္ၿပီး ေလာ့က်န္းေပ့ရွိရာကို ထပ္မံသြားေတာ့သည္။ထိုေနာက္မွာ ေလာ့က်န္းေပ့ရဲ႕လက္ေမာင္းကို လွမ္းဆြဲလိုက္ေတာ့သည္။
"စီနီယာေလာ့...ဟိုေန႕က... " က်န္းလင္းရွ သူရဲ႕လက္ကေန ခံစားေနရတဲ့ေတာင့္တင္းတဲ့လက္ေမာင္းႂကြက္သားေၾကာင့္ ရင္ေတြခုန္ကာ မ်က္ႏွာဟာနီရဲလာေတာ့သည္။သူပိုင္ဆိုင္မဲ့ေယာက်္ားဟာ အရာအားလုံးၿပီးျပည့္စုံလွသည္။
"မင္းဘယ္သူလဲ" ေအးစက္တဲ့ေယာက်္ားအသံေၾကာင့္ က်န္းလင္းရွဟာ ေလာ့က်န္းေပ့လက္ကို လႊတ္လိုက္မိသည္။ထိုေနာက္မွာ သူဟာ မ်က္ႏွာငယ္ေလးနဲ႕ေမာ့ၾကည့္ကာ ေျပာလာေတာ့သည္၊
"ကြၽန္ေတာ္ က်န္းလင္းရွေလ... စီနီယာေလာ့ မမွတ္မိဘူးလားဟင္"
ေလာ့ရွန္ဟြာဟာ သူရဲ႕ဒယ္ဒီကို ျမဴဆြယ္ေနတဲ့အလွေလးကိုၾကည့္လိုက္ၿပီး မေက်မနပ္ျဖစ္သြားေတာ့သည္၊အဆိုးဆုံးက အဲ့အလွေလးဟာ အရင္ဘဝက သူရဲ႕ဒယ္ဒီ့ခ်စ္သူျဖစ္ခဲ့ၿပီး ေပ်ာ္႐ႊင္ေအာင္ေပါင္းဖက္ခဲ့ရေသးသည္။
"ဒယ္ဒီ...ရွန္ေလး ေလးေနၿပီ..." ေလာ့ရွန္ဟြာ ေပါက္ေပါက္ဆုပ္ဗူးႀကီးနဲ႕အေအးဗူးႏွစ္ဗူးကိုကိုင္ထားရင္း ေျပာလာေတာ့သည္၊ေလာ့က်န္းေပ့ဟာ ေလာ့ရွန္ဟြာဆီကေန စားစရာဗူးေတြယူလိုက္ၿပီးေနာက္မွာေတာ့ က်န္းလင္းရွဘက္လွည့္ကာ ေျပာလိုက္သည္။
"မင္းလိုလူကို ငါမွတ္ထားမယ္မထင္နဲ႕... ၿပီးေတာ့ ငါတို႔ခ်ိန္းေတြ႕ေနတာေၾကာင့္ မႏွောင့္ယွက္နဲ႕" ေလာ့က်န္းေပ့ဟာေျပာလိုက္ၿပီးေနာက္မွာ ထြက္သြားေတာ့သည္၊ေလာ့ရွန္ဟြာဟာ က်န္းလင္းရွကို ၾကည့္လိုက္ၿပီး ၿပဳံးလိုက္သည္။
"ခင္ဗ်ားတို႔ က်န္းမိသားစုက ဒယ္ဒီအေမြေတြကို သိပ္မက္ေမာေနပုံရတယ္ေနာ္...ေဆာရီးပဲ ကြၽန္ေတာ္ရွိေနသ၍ ဒယ္ဒီကေလ ခင္ဗ်ားကို လွည့္ကို ၾကည့္မွာမဟုတ္ဘူး"
ေလာ့ရွန္ဟြာဟာ ေျပာၿပီးေနာက္မွာထြက္သြားေတာ့သည္၊ထိုစကားဟာ တကယ္ကိုပင္ က်န္းလင္းရွရဲ႕စိတ္ကို အနိုင္ပိုင္းခ်နိဳင္သည္၊က်န္းလင္းရွရဲ႕အတိတ္ဘဝကလည္း ေလာ့ရွန္ဟြာေၾကာင့္ ေလာ့က်န္းေပ့ဟာ သူ႕ကို ေခြးတစ္ေကာင္လိုသာဆက္ဆံခဲ့သည္၊ေလာ့ရွန္ဟြာကလြဲ၍ ဘယ္သူ႕ကိုမွလည္း အေရးမေပးခဲ့ေပ၊
'ငါက ဘာလို႔ျပန္လည္ေမြးဖြားလာတာလဲ! ငါေမြးဖြားလာတာက ထိုေယာက်္ားကို ငါရဲ႕အပိုင္လုပ္ဖို႔ပဲေလ...'
'ေလာ့ရွန္ဟြာ! မင္းက ေလာ့အိမ္ေတာ္ရဲ႕မ်ိဳးရိုးနာမည္ခံယူထား႐ုံနဲ႕ ေလာ့အိမ္ေတာ္ကို ပိုင္ဆိုင္ရမယ္မထင္နဲ႕ ငါကမွ ေလာ့အိမ္ေတာ္နဲ႕ေလာ့က်န္းေပ့ရဲ႕သက္ဆိုင္မႈပဲ!'
-*-*-*-*-*-*-*-*-
Chapter -51ေမွ်ာ္
-*-*-
Unicode
"ကျွန်တော်...ကျွန်တော် ရေခဲမုန့် စားမယ်... တစ်ပတ်နှစ်ခါ!" လော့ရှန်ဟွာ ဘာပြောမလဲမသိတာကြောင့် ပါးစပ်ဖျားကနေထွက်လာတဲ့အရာသာပြောလိုက်တော့သည်၊
"မရဘူး" ချက်ချင်းလေသံမာသွားတဲ့လော့ကျန်းပေ့ကြောင့် လော့ရှန်ဟွာခန္ဓာကိုယ်လေးဟာ တုန်လှုပ်သွားတော့သည်၊ထိုနောက်မှာ မကျေမနပ်လေးနဲ့ခေါင်းမော့ကာ ကြည့်လိုက်ပြီး
"ဒယ်ဒီက ဒါလေးသာ မဖြည့်ဆည်းပေးချင်ဘူးလား...ရှန်လေးတောင်းဆိုတာက ကိစ္စသေးသေးလေးကို... "လေသံတိုးတိုးလေးနဲ့သာ ပြန်ပြောလာတော့သည်၊လေသံမာသွားလို့ ဒယ်ဒီဆူမှာလည်း လော့ရှန်ဟွာမှာ ကြောက်နေရသေးသည်၊ဒါပေမယ့် နဂါးမှန်းသိအောင် အမောက်သေးသေးလေးကိုတော့ မသိမသာလေး ထောင်ချင်သေးသည်၊
"ရေခဲမုန့်က မင်းကို ဖျားနာစေလိမ့်မယ်... ကိုယ်သဘောမတူဘူး"
"ကမ္ဘာမှာ ကလေးတွေအများကြီး တစ်ပတ်မှာ ရေခဲမုန့်တွေ အများကြီးစားတာ ဘာမှမဖြစ်ပါဘူး...ဟွန့်"
"အဲ့တာ အခြားသူတွေရဲ့ကလေးတွေလေ၊ မင်းက ကိုယ့်ကလေးငယ်လေ... ကိုယ့်ကလေးငယ်ကို ဘာထိခိုက်နာကျင်မှုမှ မဖြစ်စေရဘူး"
"ရေခဲမုန့်စားတာ...မနာကျင်စေ...ပါဘူး"
"သရေစာဆိုတာ လွန်လွန်ကြူးကြူးစားရင် မင်းရဲ့အူလမ်းကြောင်းနဲ့အစာအိမ်ကို ဆိုးဝါးစေတယ်...အဲ့ကျရင် ကလေးငယ် နာကျင်ရလိမ့်မယ် ဆရာဝန်က ကုသပေးနိုင်ရင်တောင် ကိုယ်ကတော့ ကလေးငယ်မျက်နှာပေါ်မှာ နာကျင်မှု အနည်းငယ်တောင် မမြင်နိုင်ဘူး"
လော့ရှန်ဟွာမျက်နှာဟာ နီရဲသွားတော့သည်၊ထိုနောက်မှာ လော့ကျန်းပေ့ရင်ခွင်ထဲ မှီထားလိုက်ပြီး ပြုံးပြုံးလေးဖြင့် ပြန်ဖြေလိုက်သည်၊
"ဒယ်ဒီကို မနိုင်ဘူး"
လော့ကျန်းပေ့ကလည်း ပြုံးသွားပြီး ကလေးငယ်ရဲ့ဆံပင်များကို ဖွဖွလေးပုတ်ပေးနေတော့သည်၊ဒါပေမယ့် သူ့စကားတွေဟာ အမှန်တကယ်ပင် ဒီကလေးငယ်ပေါ်မှာ သူရဲ့စွဲလမ်းစိတ်ဟာ တဖြေးဖြေးကြောက်စရာကောင်းနေတော့သည်၊ ကလေးငယ်သာ တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့အတွေးနဲ့တင် သူဟာရူးသွပ်သွားနိုင်သည်၊
"ဒါပေမယ့် ကျွန်တော်စိတ်ဆိုးနေတုန်းပဲ!" လော့ရှန်ဟွာက ရတဲ့အခွင့်အရေးလက်လွတ်စရာလား၊ဒီအခွင့်အရေးကို အသုံးချပြီး ဒယ်ဒီနဲ့ရင်းနှီးအောင်လုပ်ပစ်မည်၊
"ဟောဗျာ... ကဲကဲ စိတ်ဆိုးပြေအောင် ကိုယ်က ဘာလုပ်ပေးရမလဲ"လော့ကျန်းပေ့စကားကြောင့် လော့ရှန်ဟွာ ဟိုတွေး၊ဒီတွေးတွေးလိုက်သည်၊ဘယ်လိုကိစ္စမျိုးက လူနှစ်ယောက်ကို ပိုရင်နှီးချင်တာလဲ၊
[Moon: ရုပ်ရှင်ကြည့်၊ညစာစားလေ Host]
'အဲ့တာက အတွဲတွေကြားက ချိန်းတွေ့တာကြီးလေ'
[Moon:Hostက လော့ကျန်းပေ့ကို မြူဆွယ်ရမှာပဲလေ... ဘာလဲ ကလေးကစားကွင်းသွားချင်နေတာလား]Moonစကားကြောင့် လော့ရှန်ဟွာမျက်မှောင်ကြုတ်သွားတော့သည်၊ထိုနောက်မှာတော့ လော့ကျန်းပေ့ကို မော့ကြည့်လိုက်ပြီး
"ကျွန်တော်တို့ ရုပ်ရှင်ကြည့်ကြမယ်...အပြင်ဘက်မှာနော်..." လော့ရှန်ဟွာစကားကြောင့် လော့ကျန်းပေ့ဟာအနည်းငယ်အံ့သြသွားပေမယ့် ခေါင်းညိတ်လက်ခံလိုက်သည်၊သူလည်း ကလေးငယ်နဲ့အတူ အချိန်တွေကုန်ဆုံးချင်တာကိုး၊
"မြို့ထဲက ရုပ်ရှင်ရုံဧရိယာကိုမောင်း" လော့ကျန်းပေ့ဟာ ယာဉ်မောင်းသူကို အမိန့်ပေးစေခိုင်းလိုက်ချိန်မှာ ဒရိုင်ဘာဟာ ဖုန်းတစ်လုံးကို စာပို့လိုက်ပြီး ကားကိုစတင်မောင်းတော့သည်၊
'Moon သူဘယ်သူဆီပို့တာလဲဆိုတာ ကြည့်ပေးပါဗျ'
လော့ရှန်ဟွာစကားကြောင့် system Moonကလည်းချက်ချင်းစုံစမ်းလိုက်ပြီးနောက်မှာ အချက်အလက်တွေကိုဖော်ပြလာတော့သည်၊ကားဒရိုင်ဘာဟာ ကျန်းလင်းရှတို့နဲ့ပတ်သတ်နေပြီး ကျန်းလင်းရှအမေနဲ့ပတ်သတ်ဖူးသူဖြစ်သည်၊ဒါကြောင့် ကျန်းလင်းရှဘက်ကနေ ကားဒရိုင်ဘာကို အကူညီတောင်းတဲ့ချိန်မှာ ထိုလူဟာတွေဝေမှုမရှိကူညီပေးခဲ့သည်၊
အခု ဆက်သွယ်ကာစာပို့လိုက်တဲ့သူကလည်း ကျန်းလင်းရှဆီသာဖြစ်သည်၊ကျန်းလင်းရှဟာ လော့ကျန်းပေ့ရှိတဲ့နေရာတိုင်းမှာ နောက်ပိုင်းရှိနေတတ်တာ မဆန်းကျယ်တော့ပေ၊လော့ရှန်ဟွာပြုံးလိုက်ပြီး ကားဒရိုင်ဘာကို မျက်လုံးမှေးစင်းရင်းကြည့်လိုက်သည်၊
ထိုလူဟာ လော့အိမ်တော်ရဲ့သစ္စာခံအစောင့်ဖြစ်ခဲ့သော်လည်း သခင့်မျက်နှာမထောက် သစ္စာဖောက်လာမှတော့ သူကလည်း ဘာအားနာနေစရာလိုတော့မှာလဲ၊
(A/N:အစပိုင်းမှာ ပါတဲ့ကားဒရိုင်နဲ့လက်ရှိကားဒရိုင်ဘာက လူမတူပါ)
လော့အိမ်တော်ကကားဟာ ရုပ်ရှင်ရုံဧရိယာရဲ့ကားရပ်တဲ့နေရာမှာ ရပ်တန့်လိုက်ပြီးနောက်မှာ ကားဒရိုင်ဘာဟာ ကားပေါ်ကနေဆင်းကာ ကားတံခါးဖွင့်ပေးလာတော့သည်၊လော့ကျန်းပေ့ဟာ ကားထဲကနေ အရင်ဆုံးထွက်လိုက်ပြီးနောက်မှာ လော့ရှန်ဟွာဆီ လက်ကမ်းလိုက်သည်၊ လော့ရှန်ဟွာဟာ ပျော်ပျော်ကြီးကို လော့ကျန်းပေ့ရဲ့လက်ဝါးထဲ သူ့လက်လေးထည့်လိုက်ပြီးနောက်မှာ လော့ကျန်းပေ့ရဲ့ဗလကြွက်သားများနဲ့တည်ဆောက်ထားတဲ့လက်မောင်းကို အားရပါးရဖက်တွယ်လိုက်တော့သည်၊
"ကိုယ်တို့ ဘာကားကြည့်ကျမလဲ"လော့ရှန်ဟွာက ဘာကားကြည့်ရမလဲမသိပေ၊ကိုယ်တိုင်ကလည်း ရုပ်ရှင်ကြည့်ရသည်ကို သိပ်ဝါသနာမပါလှပေ၊ဒါပေမယ့် တစ်ခုခုတော့ ရွေးရမှာပေါ့၊
[Moon: အချစ်ကားကြည့်နေရင် ရိုလို့ရသလို၊သရဲကားကြည့်ရင်း 'အား ဒယ်ဒီ'ဆိုပြီး ခုန်အုပ်ဖက်နိုင်တာကြောင့် Systemမှာ သရဲကားကို recommendပေးပါတယ်]
"ဒီကားကြည့်ရတာ ကောင်းမဲ့ပုံပဲ" သရဲကားလို့ထင်ရတဲ့ကြောက်စရာကောင်းတဲ့ကြော်ငြာကို လော့ရှန်ဟွာလက်ညိုှးထိုးကာပြောလိုက်သည်၊လော့ကျန်းပေ့ဟာလည်း မျက်ခုံးတစ်ချက်ပင့်သွားပြီး လက်မခံတဲ့အသံနဲ့ပြောလိုက်သည်၊
"ဒီလိုကားတွေက ကလေးတွေအတွက် မသင့်တော်ဘူး"
"ဟိဟိ ဒယ်ဒီ သရဲကြောက်လို့မလား" လော့ရှန်ဟွာဟာ ဒီအတိုင်းစနောက်လိုက်ခြင်းတာဖြစ်သည်၊တိတ်ဆိတ်နေတဲ့လော့ကျန်းပေ့ကြောင့် သူဟာလှည့်ကာကြည့်လာတော့သည်၊လော့ကျန်းပေ့ရဲ့နားထင်မှာ အနည်းငယ်ချွေးစို့နေသလိုပင်၊နွေရာသီမဟုတ်တာတောင် ဘာကြောင့်ချွေးစို့နေပါလိမ့်။
"မကြောက်ပါဘူး ကြည့်တာပေါ့"လော့ကျန်းပေ့ရဲ့အသံဟာ သာမန်တိုင်းပင်ပေမယ့် အဖျားတော့နည်းနည်းခတ်သွားသည်၊ထိုနောက်မှာတော့ လော့ရှန်ဟွာရဲ့လက်ကိုဆွဲကာ လက်မှတ်ဖြတ်လိုက်တော့သည်၊
"စီနီယာလော့" အနောက်ကနေ ချိုပြီးတည်ငြိမ်သိမ့်မွေ့လှတဲ့ယောကျ်ားတစ်ယောက်အသံကြားတာကြောင့် လော့ရှန်ဟွာလှည့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း ကျန်းလင်းရှဖြစ်နေတော့သည်၊ကျန်းလင်းရှဟာ လော့ရှန်ဟွာကိုလှည့်ပင်မကြည့်ပေ၊သူရဲ့လှပတဲ့မျက်လုံးများဟာ လော့ကျန်းပေ့ကိုသာ တောက်ပစွာကြည့်နေတော့သည်၊
"ဒယ်ဒီ ဟိုမှာ ပေါက်ပေါက်ဆုပ်!" လော့ရှန်ဟွာဟာ လော့ကျန်းပေ့လက်မောင်းကိုဆွဲကာ ပေါက်ပေါက်ဆုပ်စက်ဘက်ကိုသွားတော့သည်၊သူဟာ ကျန်းလင်းရှဘက်လှည့်လိုက်ပြီး လှောင်ပြုံးပြုံးပြဖို့ပင် မမေ့ချေ၊
'လော့ရှန်ဟွာ!!!'စီနီယာလော့က ငါ့သဘောကျသွားမှာကို မင်းကကြောက်လန့်နေတယ်ပေါ့၊ဒါပေမယ့် စီနီယာလော့က မင်းကို ချစ်လာမှာမဟုတ်ဘူး၊ငါက မင်းထက်ဘယ်နေရာမဆိုသာလွန်ပြီးသား၊
ကျန်းလင်းရှ သူရဲ့စိတ်ကိုပြန်ထိန်းလိုက်ပြီး လော့ကျန်းပေ့ရှိရာကို ထပ်မံသွားတော့သည်။ထိုနောက်မှာ လော့ကျန်းပေ့ရဲ့လက်မောင်းကို လှမ်းဆွဲလိုက်တော့သည်။
"စီနီယာလော့...ဟိုနေ့က... " ကျန်းလင်းရှ သူရဲ့လက်ကနေ ခံစားနေရတဲ့တောင့်တင်းတဲ့လက်မောင်းကြွက်သားကြောင့် ရင်တွေခုန်ကာ မျက်နှာဟာနီရဲလာတော့သည်။သူပိုင်ဆိုင်မဲ့ယောကျ်ားဟာ အရာအားလုံးပြီးပြည့်စုံလှသည်။
"မင်းဘယ်သူလဲ" အေးစက်တဲ့ယောကျ်ားအသံကြောင့် ကျန်းလင်းရှဟာ လော့ကျန်းပေ့လက်ကို လွှတ်လိုက်မိသည်။ထိုနောက်မှာ သူဟာ မျက်နှာငယ်လေးနဲ့မော့ကြည့်ကာ ပြောလာတော့သည်၊
"ကျွန်တော် ကျန်းလင်းရှလေ... စီနီယာလော့ မမှတ်မိဘူးလားဟင်"
လော့ရှန်ဟွာဟာ သူရဲ့ဒယ်ဒီကို မြူဆွယ်နေတဲ့အလှလေးကိုကြည့်လိုက်ပြီး မကျေမနပ်ဖြစ်သွားတော့သည်၊အဆိုးဆုံးက အဲ့အလှလေးဟာ အရင်ဘဝက သူရဲ့ဒယ်ဒီ့ချစ်သူဖြစ်ခဲ့ပြီး ပျော်ရွှင်အောင်ပေါင်းဖက်ခဲ့ရသေးသည်။
"ဒယ်ဒီ...ရှန်လေး လေးနေပြီ..." လော့ရှန်ဟွာ ပေါက်ပေါက်ဆုပ်ဗူးကြီးနဲ့အအေးဗူးနှစ်ဗူးကိုကိုင်ထားရင်း ပြောလာတော့သည်၊လော့ကျန်းပေ့ဟာ လော့ရှန်ဟွာဆီကနေ စားစရာဗူးတွေယူလိုက်ပြီးနောက်မှာတော့ ကျန်းလင်းရှဘက်လှည့်ကာ ပြောလိုက်သည်။
"မင်းလိုလူကို ငါမှတ်ထားမယ်မထင်နဲ့... ပြီးတော့ ငါတို့ချိန်းတွေ့နေတာကြောင့် မနှောင့်ယှက်နဲ့" လော့ကျန်းပေ့ဟာပြောလိုက်ပြီးနောက်မှာ ထွက်သွားတော့သည်၊လော့ရှန်ဟွာဟာ ကျန်းလင်းရှကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"ခင်ဗျားတို့ ကျန်းမိသားစုက ဒယ်ဒီအမွေတွေကို သိပ်မက်မောနေပုံရတယ်နော်...ဆောရီးပဲ ကျွန်တော်ရှိနေသ၍ ဒယ်ဒီကလေ ခင်ဗျားကို လှည့်ကို ကြည့်မှာမဟုတ်ဘူး"
လော့ရှန်ဟွာဟာ ပြောပြီးနောက်မှာထွက်သွားတော့သည်၊ထိုစကားဟာ တကယ်ကိုပင် ကျန်းလင်းရှရဲ့စိတ်ကို အနိုင်ပိုင်းချနိုင်သည်၊ကျန်းလင်းရှရဲ့အတိတ်ဘဝကလည်း လော့ရှန်ဟွာကြောင့် လော့ကျန်းပေ့ဟာ သူ့ကို ခွေးတစ်ကောင်လိုသာဆက်ဆံခဲ့သည်၊လော့ရှန်ဟွာကလွဲ၍ ဘယ်သူ့ကိုမှလည်း အရေးမပေးခဲ့ပေ၊
'ငါက ဘာလို့ပြန်လည်မွေးဖွားလာတာလဲ! ငါမွေးဖွားလာတာက ထိုယောကျ်ားကို ငါရဲ့အပိုင်လုပ်ဖို့ပဲလေ...'
'လော့ရှန်ဟွာ! မင်းက လော့အိမ်တော်ရဲ့မျိုးရိုးနာမည်ခံယူထားရုံနဲ့ လော့အိမ်တော်ကို ပိုင်ဆိုင်ရမယ်မထင်နဲ့ ငါကမှ လော့အိမ်တော်နဲ့လော့ကျန်းပေ့ရဲ့သက်ဆိုင်မှုပဲ!'
-*-*-*-*-*-*-*-*-
Chapter -51မျှော်